Falling In Love To My Stylist...

By ywz_summery959

17.8K 1.5K 108

YiZhan Start Date - 5.April.2024 End Date - ??? More

Part 1 ♡
Part 2 ♡
Part 3 ♡
Part 5 ♡
Part 6 ♡
Part 7 ♡
Part 8 ♡
Attention ‼️
Part 9 ♡
Part 10 ♡
Part 11 ♡
Part 12 ♡
Part 13 ♡
Part 14 ♡

Part 4 ♡

1.1K 119 10
By ywz_summery959

(Unicode)

မနက်ရှောင်းကျန့်နိုးလာပြီးမျက်လုံးဖွင့်ဖွင့်ချင်ရင်းနှီးနေတဲ့အခန်းကြောင့် ဟိုက်ခွမ်းကောအခန်းကိုရောက်နေတယ်ဆိုတာကိုသိလိုက်ရတယ် ညကအရှိန်ကြောင့် ရှောင်းကျန့်ကထိုးကိုက်နေတဲ့ခေါင်းကိုခါရင် တစ်ကိုယ်ရေးသန့်ရှင်းရေးကိုအရင်လုပ်လုပ်လိုက်တယ် အမူးပြေသံပရာရည်‌တစ်ခွက်လောက်သောက်ပြီးမှ အလုပ်သွားဖို့စဉ်းစားလိုက်ရင် အခန်းပြင်ထွက်လာတော့ ဆိုဖာပေါ်ဖက်အိပ်နေတဲ့အချစ်ငှက်နှစ်ကောင်ကြောင့် ရှောင်းကျန့်ကနှုတ်းခမ်းမဲ့လိုက်မိတယ် တစ်ယောက်ကိုတစ်ယောက်ဖက်ထားလိုက်တာများအမြင်ကိုကပ်တယ်

ရှောင်းကျန့်ကအခန်းထဲကစောင်ကိုပြန်ယူပြီး ကျိုးချန်နဲ့ဟိုက်ခွမ်းကောအပေါ်ခြုံပေးလိုက်ပြီး အလုပ်ကိုသာထွက်လာလိုက်တော့တယ် သံပရာရည်လဲ entertainment ဘေးက coffee shop မှာသာဝယ်သောက်ဖို့ဆုံးဖြတ်လိုက်တယ်

~~~~~~~~~~

ဒေါက်!! ဒေါက်!! ဒေါက်!!

ရှောင်းကျန့်ကအချိန်တော်ကြာတံခါးခေါက်နေပေမယ့် အခန်းထဲကဘယ်သူမှထွက်လာပြီးမဖွင့်ပေးတာကြောင့် မီလီကျဲပြောပြထားတဲ့ ရိပေါ်ရဲ့အခန်း password ကိုနှိပ်ပြီးဝင်လာလိုက်တယ်

ရှောင်းကျန့်အခန်းထဲရောက်တော့ ဆို‌ဖာပေါ်ခြေချိတ်ထိုင်ပြီး ဂိမ်းဆော့နေတဲ့ ရိပေါ်ကိုတွေ့လိုက်ရတာကြောင့် စိတ်အတော်လေးဆိုးသွားရတယ် အခန်းထဲရှိနေရက်နဲ့သူကိုတမင်သက်သက်တံခါလားမဖွင့်ပေးတာဘာသဘောလဲ

"ရောက်လာတာစောသားပဲ နောက်ဆိုရင်ဒီတိုင်းပဲဝင်လာလိုရတယ် လက်နာခံပြီးတံခါးခေါက်မနေနဲ့ ဒီအခန်းထဲမီလီကျဲ ၊ ချန်းမင်းနဲ့မင်းပဲဝင်ခွင့်ရှိတာ"

"ဟုတ်ကဲ့ ကျွန်တော်မှတ်ထားလိုက်ပါမယ်"

"ရော့ ဒါမင်းလိုက်နာမယ်စည်းကမ်းချက်တွေပဲ"

ရှောင်းကျန့်ကဝယ်လာတဲ့သံပရာရည်ခွက်ကိုစားပွဲပေါ်တင်လိုက်ပြီး ရိပေါ်စားပွဲပေါ်တင်လာပေးတဲ့စာရွက်ကိုယူပြီး သေချာဖတ်ကြည့်လိုက်တယ် ဖတ်နေရင်းမှ ရိပေါ်ချမှတ်ထားတဲ့စည်းကမ်းချက်တွေကြောင့်ရှောင်းကျန့်မှာပါးစပ်းအဟောင်းသားနဲ့ ကြောင်အ သွားရတယ် ဘယ်လိုစည်းကမ်းချက်‌ကြီးတွေလဲမသိဘူး ရှောင်းကျန့်Stylist ဖြစ်လာတဲ့တစ်လျှောက်လုံး ဒီလိုအူ‌ကြောင်ကြောင်စည်းကမ်းတွေချက်ချမှတ်တက်တဲ့မင်းသားနဲ့ပထမဆုံးကြုံဖူးချင်ဖြစ်တယ် သူဘဝမှာဒီလိုမျိုးမကြုံဖူးသလို ကြုံတွေ့ရလိမ့်မယ်လိုလဲရှောင်းကျန့်ကမထင်ထားမိဘူး

(Mr.ရှောင်းကျန့်မဖြစ်မနေလိုက်နာရမယ်စည်းကမ်းချက်များ)

(နံပါတ်တစ် 1) သူ(ရိပေါ်)နဲ့၁၀ပေအကွာမှာနေရန် မျက်လုံးချင်းမစုံရန်အတွက်လည်ရှောင်ရန် စိုက်ကြည့်တာမျိုးလဲမလုပ်ရဘူး

(နံပါတ်တစ် 2) မျက်နှာတွင်ဘာမှမချယ်သရန် ရေးမွှေးလဲမစွတ်ရန်

(နံပါတ်တစ် 3) Sexy ကြတဲ့အဝတ်စားမျိုးမဝတ်ရဘူး ချစ်စရာကောင်းနေတာမျိုး ၊ ဆွဲဆောင်မူရှိနေတာမျိုးလည်းမဝတ်ရဘူး ခေါင်းစ ခြေ‌ဆုံး လုံခြုံသောအဝတ်စားများသာဝတ်ရန်

(နံပါတ်တစ် 4) ဘယ်သူရှေ့မှာမှ သွားတွေပေါ်တဲ့အထိမပြုံးရဘူး မရယ်ရဘူး အကြည့်ချင်းစုံတာမျိုးလဲမလုပ်ရတာ မတော်တစစုံခဲ့ရင်တောင် ချက်ချင်းအကြည့်လွဲရန်

(နံပါတ်တစ် 5) မည်သူနဲ့မှရောရောနောနောမနေရရန်နှင့် မည်သူနဲ့မှလည်း skin ship မလုပ်ရန်

သူချမှတ်ထားတဲ့စည်းကမ်း‌ချက်တွေကအဓိပါယ်မရှိမှန်းရိပေါ်ကသိပေမယ့် သူအနေနဲ့ရှောင်းကျန့်ကိုသူဘက်စမြင်မြင်ချင်းသဘောကြသွားတာကို လက်မခံနိုင်ဖြစ်နေရချင်ကြောင့် ဒီလိုအူကြောင်ကြောင်စည်းကမ်းချက်တွေကိုထုတ်မိချင်ဖြစ်တယ်

စည်းကမ်းချက်တွေကိုဖတ်လိုက် မျက်မှောင်ကြုပ်လိုက်လုပ်နေတဲ့ရှောင်းကျန့်က တစ်မျိုးလေးချစ်စရာကောင်းနေပြန်တာမို ရိပေါ်မှငေးနေကြည့်မိနေပြန်တယ် *ကျစ်!! စိတ်ရှုပ်စရာပဲ မျက်မှောင်ကြုက်နေတာတောင် သူအမြင်မှာချစ်စရာကောင်းနေတာကမဟုတ်သေးဘူး တကယ်ကိုသူကိုပြုစားပြီးရင်ပြုစားနေတဲ့စုန်းထီကလေးပဲရှောင်းကျန့်က*

"ရိပေါ်အနေနဲ့ကျွန်တော်ကိုသဘောမကြတာရှိရင် ပွင့်ပွင့်ပြောလိုက်ပါလား ဒီလိုအခတ်တွေ့အောင်တော့မလုပ်ပါနဲ့"

"ငါကမင်းကိုသဘောမကြဘူးထင်ရအောင် မင်းကငါသဘောမကြတာတွေဘာလုပ်ထားလို့လဲ"

"1အချက် ကျွန်တော်ကရိပေါ်ရဲ့ Stylist ပါ ရိပေါ်နဲ့ ၁၀ပေအကွာမှနေပြီး ဘယ်လိုပြင်ဆင်ပေးရမှာလဲ ကျွန်တော်လက်တွေကလဲ ၁၀ပေလောက်‌ရှည်မနေဘူး"

"ကိစ္စမရှိဘူး ဝတ်ရမယ်အဝတ်စားပဲထုပ်ပေး ငါဘာသာဝတ်တက်တယ် ကလေးမဟုတ်ဘူး"

ရိပေါ်ရဲ့စကားအဆုံးရှောင်းကျန့်မှာဘာပြန်ပြောရမှန်းမသိဖြစ်သွားရပြီး သက်ပြင်းသာချနေမိတယ် ကိုယ်ဘာသာလုပ်နိုင်နေရင်လဲဘာလို့ Stylist ငှားထားဦးမှာလဲ

"ကောင်းပြီး ဒါဆိုကျန်တဲ့အချက်တွေကိုပဲဆက်ပြာကြတာပေါ့"

"ပြော!!"

"2အချက်ကတော့ထားတော့ ကျွန်တော့မျက်နှာမှာဘာမှမပြင်ဆင်သလို့ ကျွန်တော်ရေးမွှေးလဲမသုံးဘူး"

"မဖြစ်နိုင်တာ မင်းကိုယ်ကဒီလောက်မွေးပျံနေတာဘာမှမသုံးဘူးဆိုတာမဖြစ်နိုင်ဘူး လာလိမ်မနေနဲ့"

ရိပေါ်ကမယုံနိုင်စွာပြောရင် မသိမသာရှောင်းကျန့်အနားတိုးကပ်သွားပြီး ရှောင်းကျန့်ရဲ့ကိုယ်သင်းရနံလေးကို ရှူရှိုက်နေမိတယ် ရေမွှေးနံလား ဘာလားတော့မသိပေမယ့် ရှောင်းကျန့်ကိုယ်ကရတဲ့နို့နံသင်းသင်းလေးကသူစိတ်ကိုတောင်ကြည်လင်သွားစေတယ်

"ယုံတာမယုံတာကရိပေါ်အပိုင်းပါ 3အချက် ကျွန်တော်ရဲ့အဝတ်စားထိလိုက်ပြီးစည်းကမ်းထုပ်တာကတော့ မဟုတ်သေးပါဘူး နောက်ပြီး 4အချက်နဲ့5အချက် ဘယ်သူကိုဖြစ်ဖြစ်ပါ ကျွန်တော်ဘက်ဆန္ဒရှိလိုပြုံးပြချင်ရင်ပြုံးပြမယ် အသားချင်ထိချင်ရင်ထိမယ် ဒါကကျွန်တော်ရဲ့ကိုယ်ရေးကိုယ်တာကိစ္စပါ ရိပေါ်ဘက်ဒီလိုမျိုးစည်းကမ်းချက်တွေထုပ်ပိုင်ခွင့်မရှိဘူးထင်ပါတယ်"

"မင်းနဲ့စာချုပ်ချုပ်ထားတာ entertainment ကနဲ့ဆိုပေမယ့် မင်းရဲ့လစာကိုပေးတဲ့သူကငါဆိုတာသိရဲ့လား ငါကမှမင်းရဲ့အလုပ်ရှင်အစစ်ပဲ"

"စည်းကမ်းချက်123ကတော့ ကျွန်တော်လက်ခံပေးလိုရတယ် 4နဲ့5ကတော့ အသိကြလိုက်နာနိုင်မယ်လိုကျွန်တော်အာမ မခံဘူး ကျွန်တော်လဲလူပဲလူမူဆက်ဆံရေးတော့ရှိရဦးမှပေါ့"

"နည်းနည်းလေးအထွက်တက်ရမှဖြစ်မှာလား ငါကမင်းရဲ့သဌေးနော် သဌေးကလုပ်ဆိုရင်လုပ်လိုက် မလုပ်နဲ့ဆိုမလုပ်နဲ့ပေါ့"

"ဘယ်လိုပဲပြောပြော ကျွန်တော်ကရိပေါ်ရဲ့အလုပ်သမားဖြစ်နေပါစေဦးတော့ ရိပေါ်ထက်တော့အသက်ကြီးတာမို့ နည်းနည်းလေးယဉ်ကျေးပေးလိုမရဘူးလားဟင်"

ရှောင်းကျန့်ကဒီလိုကြီးထုပ်မပြောချင်းပေမယ့် ရိပေါ်ပြောနေတဲ့ပုံစံက ဘယ်လိုမှနားထောင်းလိုအဆင်မပြေတာကြောင့်ထုပ်ပြောလိုက်ရတယ် မနေနိုင်လိုထုပ်ပြောပြီးမှရိပေါ်မျက်နှာကိုလဲပြန်အကဲခတ်နေရသေးတယ်

"ဘာ!!! မင်းကငါကိုရိုင်းတယ်လိုပြောချင်းတာလား အဲလိုပြောရအောင် မင်းအသက်ကငါထက်ဘယ်လောက်တောင်ကြီးနေလို့လဲ"

"နောက်လဆိုရင်ကျွန်တော်အသက် 30 ပြည့်ပါပြီး ကျွန်တော်ရိပေါ်ထက် 6နှစ်ကြီးတယ်"

"မဖြစ်....မဖြစ်နိုင်တာ ဒီရုပ်က အသက်30 တဲ့လား လာလိမ်မနေနဲ့"

"ဒီလောက်ဆိုရင် ကျွန်တော်အပေါ်နည်းနည်းလောက်ယဉ်ကျေးပေးလိုရပြီးလား"

မယုံကြည့်နိုင်ဖြစ်နေတဲ့ရိပေါ်ကိုကြည့်ရင် ရှောင်းကျန့်ကသူ့အိတ်ကပ်ထဲက id card ကိုထုပ်ပြလိုက်တယ် သူ id card ကိုယူကြည့်ပြီး ပါးစပ်မပိတ်‌နိုင်တော့တဲ့ထိအံဪနေတဲ့ရိပေါ်ကိုကြည့်ပြီး ရှောင်းကျန့်မှရယ်ချင်နေတဲ့စိတ်ကိုမနည်းထိန်းထားရတယ် ကြည့်ရတာသူကိုအသက်ငယ်တယ်ထင်ပြီး ရိပေါ်ကအာဏာပြချင်နေတဲ့ပုံပဲ

ရှောင်းကျန့်ရဲ့ id card ကိုကြည့်ပြီး ရိပေါ်မှတကယ်မယုံကြည့်နိုင်ဖြစ်နေရတယ် သူခန့်မှန်းထားတဲ့ရှောင်းကျန့်ရဲ့အသက်ကအများဆုံးရှိမှ 20 ၊ 21 နှစ်ပေါ့ ဒါကြောင့်လည်းသူထက်အငယ်ထင်ပြီးစွတ်အာဏာပြနေမိတာ ဝမ်ရိပေါ်တို့ကတော့ကျားရှေ့မောက်ရက်လှဲတာပဲ အခုရှောင်းကျန့်ကသူကိုအရိုင်းအစိုင်းကောင်လိုထင်သွားပြီးလားမသိဘူး အဲလိုထင်ပြီး သူကိုပြန်မကြိုက်ရင်တော့ဒုက္ခပဲ

"ရိပေါ်အခုထိရေမချိုးရသေးဘူးလား ခဏနေရင်ပဲသွားရတော့မှကို"

"အခုပဲချိုးတော့မလိုကျဲ ဒါဆိုကျွန်တော်ရေသွားချိုးလိုက်ဦးမယ်"

"မြန်မြန်ချိုးနော်"

ရှောင်းကျန့်ကိုဘယ်လိုတုန့်ပြန်ရမလဲမသိဖြစ်နေတဲ့အချိန်အခန်းထဲဝင်လာတဲ့ ရှင်းမီလီနဲ့ယွီချန်းမင်းကြောင့် ရိပေါ်ကအသက်ရှူ‌ချောင်သွားပြီး ရေချိုးခန်းထဲကိုအမြန်ဝင်လာလိုက်ရတယ်

"Morning ကျန့်အား"

"Morning ကျန့်ကော ‌အစောကြီးရောက်နေတာလား"

"Morning ပါကျဲနဲ့ချန်းမင်း ခဏကမှရောက်တယ် ရောက်ရောက်ချင်းကျဲတို့ရဲ့အချစ်တော်ကြောင့် အခုအမော့ဆိုနေရပြီး"

"ဟင် ဘာဖြစ်လိုလဲကျန့်အား"

ရှင်းမီလီရဲ့အမေးကိုရှောင်းကျန့်ကမျက်နှာဆူပုပ်ရင် စားပွဲပေါ်ချထားတဲ့ ရိပေါ်ရဲ့စည်းကမ်းချက်စာရွက်ကိုယူပြလိုက်တယ် Stylist ဖြစ်လာတဲ့သက်တန်းတစ်လျှောက်ရိပေါ်နဲ့မှပဲထူးထူးဆန်းဆန်းတွေကြုံနေရတော့တယ်

ရှင်းမီလီနဲ့ယွီချန်းမင်းမှာ ရိပေါ်ရဲ့စည်းကမ်းချက်တွေကိုဖတ်ရင် နားမလည်နိုင်ဖြစ်သွားရပြီးမှ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုအသံထွက်ရယ်လိုက်မိကြတယ် မနေ့ထဲကရှောင်းကျန့်ကိုကြည့်နေတဲ့ရိပေါ်ရဲ့အကြည့်တွေကမရိုးသားဘူးလိုထင်နေတာ တကယ်လဲရိုးသားမနေခဲ့ဘူးပဲ

ရှင်းမီလီက 17နှစ်အရွယ်ရိပေါ် Debut တဲ့နှစ်ကစလိုအခုရိပေါ်အသက် 24နှစ်အရွယ်ထိ 7နှစ်လုံးဘေးနားအတူရှိလာခဲ့တဲ့သူဖြစ်တာကြောင့် ရိပေါ်ရဲ့စိတ်ကိုအတွင်းကြကြသိတယ် အခုလည်းသူ(ရိပေါ်)ဘက်ကစပြီးရှောင်းကျန့်ကိုမြင်မြင်ချင်းသဘောကြမိသွားတာကို ရိပေါ်ကလက်မခံနိုင်ဖြစ်နေတယ်ဆိုတာကိုပါ ရှင်းမီလီကသဘောပေါက်တယ် သူမအနေနဲ့ဆိုရင် သူမရဲ့ထိပ်တန်းမင်းသားလေးကို တခြားလူတွေနဲ့ချစ်ကြိုက်သွားမှာထက်စာရင် ရှောင်းကျန့်နဲ့သာချစ်ကြိုက်စေချင်းတယ်

"ချန်းမင်းရေ ငါတို့တော့မကြာခင် ထိပ်တန်းမင်းသားနဲ့သူရဲ့ Stylist တို့ဒိ‌တ်နေပါတယ်ဆိုတဲ့သတင်းတွေကြားရတော့မယ်ထင်တယ်"

🍀🍀🍀🍀🍀🍀🍀🍀🍀🍀

(Zawgyi)



~~~~~~~~~~

ဒေါက်!! ဒေါက်!! ဒေါက်!!





















"ပြော!!"


















"မြန်မြန်ချိုးနော်"


"Morning ကျန့်အား"








Continue Reading

You'll Also Like

1.6M 139K 47
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
115K 5.4K 24
(Unicode) "ကျွန်တော့်အဆောင်ထဲခိုးဝင်ပြီး နမ်းတာအားမရလို့ အခုကျွန်တော်အနောက်ပါနောင်ယောင်ခံလိုက်နေပြန်တယ် ကျွန်တော်လိုကြင်ယာတော်လောင်းတစ်ယောက်စီကဘာလိုခ...
1.4M 35.6K 47
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
4.8M 302K 108
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...