Part 3 ♡

1.3K 133 5
                                    

(Unicode)

အမှတ်တမဲ့စိတ်ထဲကတွေးမိလိုက်တဲ့အတိုင်း ပြောထုပ်လိုက်မိပြီးမှ ရိပေါ်က ရှက်ကိုးရှက်ကန်းဖြစ်သွားရတယ် ဘယ်လိုလုပ်ပြီး ဒဲ့ကြီးပြောထုပ်လိုက်မိတာလဲမသိဘူး ရှက်လိုသေရချည်ရဲ့

"ကျေးဇူးတင်ပါတယ် ရိပေါ်လဲအရမ်းကိုမှခန့်ညားလွန်းတဲ့ယောက်ျားတစ်ယောက်ပါပဲ"

"ကိုယ့်ကိုကိုယ်သိတယ်"

"ဟုတ်ပါပြီး ဒါဆိုရိပေါ်အဝတ်စားလဲဖို့ကျွန်တော်ကူညီပေးမယ်"

"အင်း"

ကိုယ့်ကိုကိုယ် ယုံကြည့်မူရှိလွန်းတဲ့ ရိပေါ်ကိုကြည့်ပြီး ရှောင်းကျန့်မှာမရယ်မိအောင်ထိန်းထားရင် ရိပေါ်ကိုအဝတ်စားကူလဲပေးလိုက်တယ်

သူ့ဝတ်စုံကိုအသေးစိတ်ကအစဂရုတစိုက်ပြင်ပေးနေတဲ့ရှောင်းကျန့်ကို ရိပေါ်ကမျက်တောင်မခတ်တန်းစိုက်ကြည့်နေမိတယ် မွေးပျံလွန်းနေတဲ့ရှောင်းကျန့်ရဲ့ကိုယ်သင်းရနံကိုလဲ ရိပေါ်ကလောဘတကြီးရူရှိုက်နေမိတယ် နောက်ပြီးသူနှလုံးသားကလဲအရမ်းကိုအခုန်မြန်နေတယ် မဟုတ်မှလွဲရောသူ့ ရှောင်းကျန့်ကိုကြွေသွားတာများလား

သူ့လိုထိပ်တန်း super star တစ်ယောက်က သာမန် Stylist တစ်ယောက်ကိုကြွေသွားတာတဲ့လား မဖြစ်နိုင်လိုက်တာ ဒီအကြောင်းသာသူ့ fanတွေသိရင် ရင်ထုမနာဖြစ်ကုန်ကြတော့မယ် sexy ကျပြီးချစ်စရာကောင်းလွန်းတဲ့ ရှောင်းကျန့်ကလူမဖြစ်နိုင်ဘူး သူ့ကိုပြုစားမယ့်စုန်းလေးပဲနေမှာ မဖြစ်ဘူး ဒီ Stylistကောင်နဲ့သူဝေးဝေးနေမှာဖြစ်မှာပါ

ရိပေါ်ကသူအတွေးနဲ့သူယောက်ယက်ခတ်သွားရပြီး အဝတ်လဲအခန်းထဲကနေအပြင်ကိုပြန်ပြေးထွက်လာမိလိုက်တယ် ဒီရှောင်းကျန့်ဆိုတဲ့လူစီကနေ သူအပြုစားခံရလို့မဖြစ်ဘူး ချောလှပါတယ်ဆိုတဲ့မင်းသမီးတွေကိုတောင် တစ်စက္ကန့်ထက်ပိုမကြည့်ခဲ့တဲ့သူက သူရဲ့Stylistဆိုတဲ့လူကိုကြွေသွားတယ်ဆိုတဲ့သတင်းသာတကယ်ထွက်သွားကြည့် သူ fanတွေရင်ကွဲရချည်ရဲ့ အဲဒီထက်ပိုဆိုးတာက သူ့ကgayမဟုတ်တဲ့အပြင် သူ့ရဲ့Stylistကလည်းယောက်ျားလေးတစ်ယောက်ဖြစ်နေတာပဲ

Falling In Love To My Stylist (ongoing)Waar verhalen tot leven komen. Ontdek het nu