(Unicode)🥟
အိမ်ပြတင်းပေါက်မှ ကျရောက်လာတဲ့ နေရောင်ခြည်နွေးနွေးကြောင့် ငြိမ့်နိုးလာခဲ့သည်။ပုံမှန်မဟုတ်တာ တစ်ခုက ငြိမ့်ကိုယ်လုံးလေး ဒီနေ့မှ နေရတာပို၍ နွေးနေသည်။လေးလံနေသည့် မျက်လုံးတွေကို တင်းကာ ဖွင့်လိုက်တော့ ငြိမ့်လန့်ကာ မျက်လုံးလေးများပြူးကျယ်သွားသော်လည်း အသံလဲမထွက်မိသလို၊ လှုပ်လဲမလှုပ်မိပါ။ငြိမ့်တစ်ကိုယ်လုံး မင်းတော်ဝင်မှိုင်းရင်ခွင်ထဲရောက်နေပြီး ငြိမ့်နှဖူးနှင့် သူ့နှုတ်ခမ်းထိလုနီးပါး အနေအထားထိ ပူးကပ်နေသည်။
မျက်လုံးအစုံက ခပ်ငြိပ့်ငြိပ့်စေ့ပိတ်ထားသည်တောင်မှ ဆွဲဆောင်မှု့က အပြည့်ပင်။
ငြိမ့် ကိုယ်ငြိမ့်တောင် သတိမထားမိလိုက်ခင် လက်တွေက တောင်ဝင်မှိုင်း၏နှုတ်ခမ်းပေါ်သို့ရောက်နေပြီ။ငြိမ့်နှင့် ထိုလူက ဘေးစောင်းလျက် မျက်နှာချင်းဆိုင်အနေအထား။
ဒုတ်! ဒုတ်! ဒုတ်!
စည်းချက်မညီသော နှလုံးခုန်သံတွေကြား ငြိမ့်ဘာလုပ်ရမယ်မှန်းမသိ။
ချောသည်။မင်းတော်ဝင်မှိုင်းဆိုသူသည် ငြိမ့်ကို ရင်ခုန်အောင် လုပ်နိုင်သည့် ပထမဆုံး သူဖြစ်လိမ့်မည်။
"ကြည့်လို့ဝပြီလား"
"အင်း....မ၀သေးဖူး....."
"အဟက်!"
ဟက် ခနဲရယ်သံ သဲ့သဲ့ကြားမှ ငြိမ့်အသိလေးဝင်လာသလို ခန္ဓာကိုယ်လေး ဆတ်ခနဲဖြစ်သွားသော်လည်း ဘယ်အရာက ဆွဲဆောင်ထားလည်းမသိလောက်အောင် ထိုလူကိုသာ ကြည့်နေမိသည်။
"အင်း....အ့ဆို ဆက်ကြည့်"
ထိုလူ၏၀င်သက်ထွက်သက်နွေးနွေးတိုင်းက ငြိမ့်နှဖူးကိုလာလာဟပ်ကာ အသည်းနှလုံးကိုလာကျီဇယ်နေသလိုပင်။
ဒုတ်! ဒုတ်! ဒုတ်!
"မင်း ရင်တွေခုန်နေတာပဲ နှောင်းငြိမ့်မြူ"
နှောင်းငြိမ့်မြူ နှလုံးခုန်သံဘယ်လောက် ကျယ်သလဲဆိုရင် တောင်ဝင် သူ့နှလုံးခုန်သံကြောင့် နိုးလာရခြင်းသာဖြစ်သည်။
"ဟမ်!...ဘာ!"
ဒုန်း!
အ့!
"မင်း...နှောင်းငြိမ့်မြူ မင်းငါ့ကို နာအောင် လုပ်တာ ဒါနဲ့ဆို ၃ခါရှိပြီနော်!"
ရှက်ရမ်း ရမ်းကာ ဆတ်ခနဲ မော့လိုက်တာကြောင့် တော်ဝင် မေးစေ့နှင့် နှောင်းငြိမ့်မြူ၏နှဖူးက ဒုန်းခနဲ မိတ်ဆတ်သွားတာကြောင့် တော်ဝင် အိပ့်ချင်နေသေးသည့်စိတ်တွေတောင် ကြက်ပျောက် ငှက်ပျောက်။
စောက်ကလေး!
ငြိမ့် ခပ်မြန်မြန် ခြင်ထောင်အပြင်သို့ထွက်လိုက်ပြီး ရေချိုးရန် သပတ်သာလိုက်ရှာနေသည်။
ဘုရားရေ!ငါ...ယောကျာ်း တစ်ယောက်ကြောင့်ရင်ခုန်နေတာလား!
"........"
"မင်းကို နာအောင် ပြန်လုပ်မှ ငါ့အပြစ်မပြောနဲ့နော် နှောင်းငြိမ့်မြူ!"
ခြင်ထောင်ထဲတွင် ထိသွားသည့် သူ့မေးစေ့အား ပွတ်ကာ ငြိမ့်အား စူးစူးကြည့်ပြီး လှမ်းအော်နေသူကို မျက်စောင်း ဆတ်ဆတ် တစ်ချက်ထိုးပေးလိုက်ကာ အခန်းအပြင်သို့ ထွက်လာလိုက်သည်။
တစ်ဖက်တွင်တော့ ထွက်သွားသည့် ငြိမ့်ကျောပြင်အားကြည့်ကာ တော်ဝင်တစ်ယောက် ပွစိပွစိဖြစ်ကာ ကျန်နေခဲ့ပြီး အခန်းအပြင်ထွက်သွားပြီဖြစ်သည့်နှောင်းငြိမ့်မြူကတော့ အသည်းထဲကလှိုက်ကာဖြစ်ပေါ်လာသည့် အပြုံးချိုချိုလေးတစ်ခုကတော့ကမျက်နှာ လှလှလေးပေါ်တွင် နေရာယူပြီးနေသည်။
ထို အပြုံးလှလှလေးကိုတော့ မင်းတော်ဝင်မှိုင်း ဆိုသူ မမြင်လိုက်ရပါ။
_____________________
"လူလေး....လာကွာ မနက်စား လာစား။မင်း အရီးလေးလက်ရာ"
"ဟုတ်ကဲ့အဘ"
အိမ်ခန်းထဲမှထွက်လာတော့ အရှေ့တွင် ထမင်းဝိုင်းကဆီးကြိုသည်။
"စား...ထည့်စား။အားမနာနဲ့ လူလေး စားသာစား"
"ဟုတ်ကဲ့ပါ အဘ"
တော်ဝင် ထမင်းပန်းကန်ထဲသို့ ဖောဖောသီသီ ဟင်းတွေခပ်ထည့်ပေးနေသော ဒယ်ဒီ့သူငယ်ချင်းအား ပြုံးပြကာ စားလိုက်သည်။
ဒီလို နွေးထွေးမှု့မျိူး မရတာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲ။
"အဘ....သားကိုလဲ ထည့်ပေးလေဗျာ..."
"နှောင်းငြိမ့်...ဧည့်သည်လဲမဟုတ်ပဲနဲ့ ငါ့သားရာ မင်းကလဲ"
"ဟွန်!"
စကားနိုင်ထိုးနေသူများ တော်ဝင် တစ်ချက်ကြည့်လိုက်သည်။မျက်လုံးထောက်နေသည့် ခပ်ရှည်ရှည် ရှေ့ဆံပင်လေးများအား သိမ်းစီးထားကာ စပိုရှပ် အဝါလေးနှင့် ပိုကီမွန်ပုံ jj ဘောင်းဘီအဝါရောင်အားတွဲဝတ်ထားသည်မို့ သူအသားအရောင်နှင့် လင်းဟက်ဟက် ဖြစ်နေသည်။အသားဖြူသူမို့ ပါးမို့မို့လေး၂ဖက်မှာ ခပ်ရဲရဲ။
ငါ၁၈နှစ်လောက်တုန်းက အဲ့လောက်ချစ်ဖို့မကောင်းခဲ့ပါဖူး!
"လူလေးအဖေက အလှူနေ့အတွက် ရွာဉီးကျောင်းကဆရာတော်ဆီသွားတိုင်ပင်တယ်"
"အော်....ဟုတ်ကဲ့ပါ အဘ"
အဘတို့များ မျက်နှာလိုက်ချက်။ကိုယ့်သားကျ ဟင်းမထည့်ပေးဘဲ သူများအိမ်က သားကိုကျ မျက်နှာလုပ်ပြီး ဟိုပြောဒီပြော၊ ဟိုဟာထည့်ဒီဟာထည့်နဲ့!အကျင့်ပုတ်တဲ့အဘ ဟွန့်!
"စားလို့ကောင်းရဲ့လား လူလေး"
တော်ဝင်၏မျက်နှာအားကြည့်ကာ အဖြေအား မျှော်နေသူအဘအား လက်မထောင်ပြကာ
"ဟုတ်ကဲ့ စားလို့ကောင်းတယ်အဘ ရှယ်ဘဲ"
"တော်သေးတာပေါ့...အမေက သားခံတွင်းမတွေ့မှာ ဆိုးနေတာ"
အိမ်နောက်ဖေးမှ ထွက်လာကာ ပြောလိုက်သော အန်တီလေးနှောင်းစိန်၏စကားကြောင့် တော်ဝင်ရင်ဘတ်ထဲ လှိုက်ခနဲဖြစ်သွားရသည်။
"သား စားချင်တာရှိရင် အမေ့ကို ပြောလို့ရတယ်နော်သား။အားမနာနဲ့"
"......."
"ဟို....အမေလို့ သုံးတာမကြိုက်ရင် အရီးလေး...."
"မဟုတ်ပါဖူး....ကြိုက်ပါတယ်။ကျေးဇူးပြုပြီး...ကျွန်တော်ကို သားလို့ပဲခေါ်ပြီး ကိုယ့်ကိုကိုယ် အမေလိုပဲ သုံးနှုန်းပေးပါနော်"
တော်ဝင် တွန့်ဆုတ်မနေပဲ ခပ်မြန်မြန်သာ ဖြတ်ပြောလိုက်သည်။မိသားစုဆိုပြီး အမည်ခံကာ နွေးထွေးမှု့ မရှိ၊ ကြင်နာမှု့မရှိသည့် မိသားစုထဲမှာ တော်ဝင်အားခဲပြီးရှင်သန်လာခဲ့သည်။မင်းတော်ဝင်မှိုင်း ဆိုတဲ့ကောင်က အရုပ်မှမဟုတ်ဘဲ။တစ်ခါတစ်လေ မိသားစုဆီကရတဲ့ နွေးထွေးမှု့လေးကိုတော့ လိုချင်တတ်မက်မိပါသည်။နှောင်းငြိမ့်မြူရဲ့ မိသားစုကရတဲ့ ရှားရှားပါးပါး နွေးထွေးမှု့လေးတစ်ခုကို တော်ဝင် ဘယ်လို တွန်းထုတ်နိုင်ပါ့မလဲ။
မေကြီးအားနူးညံ့ညံ့ ကြည့်ကာ ပြောနေသူကြောင့် ငြိမ့်ထမင်းဆက်မစားဘဲ ထိုလူမျက်လုံးကိုသာ ဖတ်ကြည့်နေမိသည်။သူ့မျက်လုံးအစုံမှာ ၀မ်းနည်းနေသည့် အရိပ့်အယောင်မှာ အထင်းသား။
ခဗျားမှာ....ဘာစိတ်ဒဏ်ရာတွေများ ရှိနေတာများလဲ အကို!ကျွန်တော်တော့...ကိုယ်နဲ့ဘာမှမဆိုင်တဲ့ ခဗျားအပေါ်ကို လောဘတွေတတ်ပြီး ခဗျားရဲ့အကြောင်းကို ပိုသိချင်လာပြီထင်တယ်။
____________________
တစ်ပိုင်းကို နည်းနည်းဆီရေးပြီး မြန်မြန်လေးUpပေးမယ်နော် ဒါဒါလေးတို့။
ကိုယ် အားရှိအောင် ကြယ်လေးတွေလဲ နှိပ့်ပေးပါအုံးနော်။💝💖
____________________
17.4.2024
____________________
(Zawgyi)🥟
အိမ္ျပတင္းေပါက္မွ က်ေရာက္လာတဲ့ ေနေရာင္ျခည္ႏြေးႏြေးေၾကာင့္ ၿငိမ့္နိုးလာခဲ့သည္။ပုံမွန္မဟုတ္တာ တစ္ခုက ၿငိမ့္ကိုယ္လုံးေလး ဒီေန႕မွ ေနရတာပို၍ ႏြေးေနသည္။ေလးလံေနသည့္ မ်က္လုံးေတြကို တင္းကာ ဖြင့္လိုက္ေတာ့ ၿငိမ့္လန႔္ကာ မ်က္လုံးေလးမ်ားျပဴးက်ယ္သြားေသာ္လည္း အသံလဲမထြက္မိသလို၊ လႈပ္လဲမလႈပ္မိပါ။ၿငိမ့္တစ္ကိုယ္လုံး မင္းေတာ္ဝင္မွိုင္းရင္ခြင္ထဲေရာက္ေနၿပီး ၿငိမ့္ႏွဖူးႏွင့္ သူ႕ႏႈတ္ခမ္းထိလုနီးပါး အေနအထားထိ ပူးကပ္ေနသည္။
မ်က္လုံးအစုံက ခပ္ၿငိပ့္ၿငိပ့္ေစ့ပိတ္ထားသည္ေတာင္မွ ဆြဲေဆာင္မႈ႕က အျပည့္ပင္။
ၿငိမ့္ ကိုယ္ၿငိမ့္ေတာင္ သတိမထားမိလိုက္ခင္ လက္ေတြက ေတာင္ဝင္မွိုင္း၏ႏႈတ္ခမ္းေပၚသို႔ေရာက္ေနၿပီ။ၿငိမ့္ႏွင့္ ထိုလူက ေဘးေစာင္းလ်က္ မ်က္ႏွာခ်င္းဆိုင္အေနအထား။
ဒုတ္! ဒုတ္! ဒုတ္!
စည္းခ်က္မညီေသာ ႏွလုံးခုန္သံေတြၾကား ၿငိမ့္ဘာလုပ္ရမယ္မွန္းမသိ။
ေခ်ာသည္။မင္းေတာ္ဝင္မွိုင္းဆိုသူသည္ ၿငိမ့္ကို ရင္ခုန္ေအာင္ လုပ္နိုင္သည့္ ပထမဆုံး သူျဖစ္လိမ့္မည္။
"ၾကည့္လို႔ဝၿပီလား"
"အင္း....မ၀ေသးဖူး....."
"အဟက္!"
ဟက္ ခနဲရယ္သံ သဲ့သဲ့ၾကားမွ ၿငိမ့္အသိေလးဝင္လာသလို ခႏၶာကိုယ္ေလး ဆတ္ခနဲျဖစ္သြားေသာ္လည္း ဘယ္အရာက ဆြဲေဆာင္ထားလည္းမသိေလာက္ေအာင္ ထိုလူကိုသာ ၾကည့္ေနမိသည္။
"အင္း....အ့ဆို ဆက္ၾကည့္"
ထိုလူ၏၀င္သက္ထြက္သက္ႏြေးႏြေးတိုင္းက ၿငိမ့္ႏွဖူးကိုလာလာဟပ္ကာ အသည္းႏွလုံးကိုလာက်ီဇယ္ေနသလိုပင္။
ဒုတ္! ဒုတ္! ဒုတ္!
"မင္း ရင္ေတြခုန္ေနတာပဲ ႏွောင္းၿငိမ့္ျမဴ"
ႏွောင္းၿငိမ့္ျမဴ ႏွလုံးခုန္သံဘယ္ေလာက္ က်ယ္သလဲဆိုရင္ ေတာင္ဝင္ သူ႕ႏွလုံးခုန္သံေၾကာင့္ နိုးလာရျခင္းသာျဖစ္သည္။
"ဟမ္!...ဘာ!"
ဒုန္း!
အ့!
"မင္း...ႏွောင္းၿငိမ့္ျမဴ မင္းငါ့ကို နာေအာင္ လုပ္တာ ဒါနဲ႕ဆို ၃ခါရွိၿပီေနာ္!"
ရွက္ရမ္း ရမ္းကာ ဆတ္ခနဲ ေမာ့လိုက္တာေၾကာင့္ ေတာ္ဝင္ ေမးေစ့ႏွင့္ ႏွောင္းၿငိမ့္ျမဴ၏ႏွဖူးက ဒုန္းခနဲ မိတ္ဆတ္သြားတာေၾကာင့္ ေတာ္ဝင္ အိပ့္ခ်င္ေနေသးသည့္စိတ္ေတြေတာင္ ၾကက္ေပ်ာက္ ငွက္ေပ်ာက္။
ေစာက္ကေလး!
ၿငိမ့္ ခပ္ျမန္ျမန္ ျခင္ေထာင္အျပင္သို႔ထြက္လိုက္ၿပီး ေရခ်ိဳးရန္ သပတ္သာလိုက္ရွာေနသည္။
ဘုရားေရ!ငါ...ေယာက်ာ္း တစ္ေယာက္ေၾကာင့္ရင္ခုန္ေနတာလား!
"........"
"မင္းကို နာေအာင္ ျပန္လုပ္မွ ငါ့အျပစ္မေျပာနဲ႕ေနာ္ ႏွောင္းၿငိမ့္ျမဴ!"
ျခင္ေထာင္ထဲတြင္ ထိသြားသည့္ သူ႕ေမးေစ့အား ပြတ္ကာ ၿငိမ့္အား စူးစူးၾကည့္ၿပီး လွမ္းေအာ္ေနသူကို မ်က္ေစာင္း ဆတ္ဆတ္ တစ္ခ်က္ထိုးေပးလိုက္ကာ အခန္းအျပင္သို႔ ထြက္လာလိုက္သည္။
တစ္ဖက္တြင္ေတာ့ ထြက္သြားသည့္ ၿငိမ့္ေက်ာျပင္အားၾကည့္ကာ ေတာ္ဝင္တစ္ေယာက္ ပြစိပြစိျဖစ္ကာ က်န္ေနခဲ့ၿပီး အခန္းအျပင္ထြက္သြားၿပီျဖစ္သည့္ႏွောင္းၿငိမ့္ျမဴကေတာ့ အသည္းထဲကလွိုက္ကာျဖစ္ေပၚလာသည့္ အၿပဳံးခ်ိဳခ်ိဳေလးတစ္ခုကေတာ့ကမ်က္ႏွာ လွလွေလးေပၚတြင္ ေနရာယူၿပီးေနသည္။
ထို အၿပဳံးလွလွေလးကိုေတာ့ မင္းေတာ္ဝင္မွိုင္း ဆိုသူ မျမင္လိုက္ရပါ။
_____________________
"လူေလး....လာကြာ မနက္စား လာစား။မင္း အရီးေလးလက္ရာ"
"ဟုတ္ကဲ့အဘ"
အိမ္ခန္းထဲမွထြက္လာေတာ့ အေရွ႕တြင္ ထမင္းဝိုင္းကဆီးႀကိဳသည္။
"စား...ထည့္စား။အားမနာနဲ႕ လူေလး စားသာစား"
"ဟုတ္ကဲ့ပါ အဘ"
ေတာ္ဝင္ ထမင္းပန္းကန္ထဲသို႔ ေဖာေဖာသီသီ ဟင္းေတြခပ္ထည့္ေပးေနေသာ ဒယ္ဒီ့သူငယ္ခ်င္းအား ၿပဳံးျပကာ စားလိုက္သည္။
ဒီလို ႏြေးေထြးမႈ႕မ်ိဴး မရတာ ဘယ္ေလာက္ေတာင္ၾကာခဲ့ၿပီလဲ။
"အဘ....သားကိုလဲ ထည့္ေပးေလဗ်ာ..."
"ႏွောင္းၿငိမ့္...ဧည့္သည္လဲမဟုတ္ပဲနဲ႕ ငါ့သားရာ မင္းကလဲ"
"ဟြန္!"
စကားနိုင္ထိုးေနသူမ်ား ေတာ္ဝင္ တစ္ခ်က္ၾကည့္လိုက္သည္။မ်က္လုံးေထာက္ေနသည့္ ခပ္ရွည္ရွည္ ေရွ႕ဆံပင္ေလးမ်ားအား သိမ္းစီးထားကာ စပိုရွပ္ အဝါေလးႏွင့္ ပိုကီမြန္ပုံ jj ေဘာင္းဘီအဝါေရာင္အားတြဲဝတ္ထားသည္မို႔ သူအသားအေရာင္ႏွင့္ လင္းဟက္ဟက္ ျဖစ္ေနသည္။အသားျဖဴသူမို႔ ပါးမို႔မို႔ေလး၂ဖက္မွာ ခပ္ရဲရဲ။
ငါ၁၈ႏွစ္ေလာက္တုန္းက အဲ့ေလာက္ခ်စ္ဖို႔မေကာင္းခဲ့ပါဖူး!
"လူေလးအေဖက အလႉေန႕အတြက္ ႐ြာဉီးေက်ာင္းကဆရာေတာ္ဆီသြားတိုင္ပင္တယ္"
"ေအာ္....ဟုတ္ကဲ့ပါ အဘ"
အဘတို႔မ်ား မ်က္ႏွာလိုက္ခ်က္။ကိုယ့္သားက် ဟင္းမထည့္ေပးဘဲ သူမ်ားအိမ္က သားကိုက် မ်က္ႏွာလုပ္ၿပီး ဟိုေျပာဒီေျပာ၊ ဟိုဟာထည့္ဒီဟာထည့္နဲ႕!အက်င့္ပုတ္တဲ့အဘ ဟြန႔္!
"စားလို႔ေကာင္းရဲ႕လား လူေလး"
ေတာ္ဝင္၏မ်က္ႏွာအားၾကည့္ကာ အေျဖအား ေမွ်ာ္ေနသူအဘအား လက္မေထာင္ျပကာ
"ဟုတ္ကဲ့ စားလို႔ေကာင္းတယ္အဘ ရွယ္ဘဲ"
"ေတာ္ေသးတာေပါ့...အေမက သားခံတြင္းမေတြ႕မွာ ဆိုးေနတာ"
အိမ္ေနာက္ေဖးမွ ထြက္လာကာ ေျပာလိုက္ေသာ အန္တီေလးႏွောင္းစိန္၏စကားေၾကာင့္ ေတာ္ဝင္ရင္ဘတ္ထဲ လွိုက္ခနဲျဖစ္သြားရသည္။
"သား စားခ်င္တာရွိရင္ အေမ့ကို ေျပာလို႔ရတယ္ေနာ္သား။အားမနာနဲ႕"
"......."
"ဟို....အေမလို႔ သုံးတာမႀကိဳက္ရင္ အရီးေလး...."
"မဟုတ္ပါဖူး....ႀကိဳက္ပါတယ္။ေက်းဇူးျပဳၿပီး...ကြၽန္ေတာ္ကို သားလို႔ပဲေခၚၿပီး ကိုယ့္ကိုကိုယ္ အေမလိုပဲ သုံးႏႈန္းေပးပါေနာ္"
ေတာ္ဝင္ တြန႔္ဆုတ္မေနပဲ ခပ္ျမန္ျမန္သာ ျဖတ္ေျပာလိုက္သည္။မိသားစုဆိုၿပီး အမည္ခံကာ ႏြေးေထြးမႈ႕ မရွိ၊ ၾကင္နာမႈ႕မရွိသည့္ မိသားစုထဲမွာ ေတာ္ဝင္အားခဲၿပီးရွင္သန္လာခဲ့သည္။မင္းေတာ္ဝင္မွိုင္း ဆိုတဲ့ေကာင္က အ႐ုပ္မွမဟုတ္ဘဲ။တစ္ခါတစ္ေလ မိသားစုဆီကရတဲ့ ႏြေးေထြးမႈ႕ေလးကိုေတာ့ လိုခ်င္တတ္မက္မိပါသည္။ႏွောင္းၿငိမ့္ျမဴရဲ႕ မိသားစုကရတဲ့ ရွားရွားပါးပါး ႏြေးေထြးမႈ႕ေလးတစ္ခုကို ေတာ္ဝင္ ဘယ္လို တြန္းထုတ္နိုင္ပါ့မလဲ။
ေမႀကီးအားႏူးညံ့ညံ့ ၾကည့္ကာ ေျပာေနသူေၾကာင့္ ၿငိမ့္ထမင္းဆက္မစားဘဲ ထိုလူမ်က္လုံးကိုသာ ဖတ္ၾကည့္ေနမိသည္။သူ႕မ်က္လုံးအစုံမွာ ၀မ်းနည်းနေသည့် အရိပ့္အေယာင္မွာ အထင္းသား။
ခဗ်ားမွာ....ဘာစိတ္ဒဏ္ရာေတြမ်ား ရွိေနတာမ်ားလဲ အကို!ကြၽန္ေတာ္ေတာ့...ကိုယ္နဲ႕ဘာမွမဆိုင္တဲ့ ခဗ်ားအေပၚကို ေလာဘေတြတတ္ၿပီး ခဗ်ားရဲ႕အေၾကာင္းကို ပိုသိခ်င္လာၿပီထင္တယ္။
____________________
တစ္ပိုင္းကို နည္းနည္းဆီေရးၿပီး ျမန္ျမန္ေလးUpေပးမယ္ေနာ္ ဒါဒါေလးတို႔။
ကိုယ္ အားရွိေအာင္ ၾကယ္ေလးေတြလဲ ႏွိပ့္ေပးပါအုံးေနာ္။
____________________
17.4.2024
____________________