ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၇၃)
လင်းဟုန်က တံခါးရိုက်ချိုးမည့်အတွေးကို မကြာခဏ တွေးဖူးသော်လည်း အတွေးကို စွန့်လွှတ်လိုက်သည်။
"ဘာလို့ လက်လျှော့လိုက်တာလဲ" ကျီလျန် မေးမြန်းသည်။
"သူ အိမ်ထဲမှာ သေနေတယ်လို့ တွေးမိလို့။ အပြင်ဘက်မှာ ဆူညံနေတာကို အိပ်ပျော်နိုင်တယ်" လင်းဟုန်က မခံချိ မခံသာ ပြောဆိုသည်။
“သူဌေးယွမ်ရဲ့သည်းခံနိုင်စွမ်းက တော်တော်မြင့်မားတာပဲ"
Tankက ကန်းလုနီးပါးဖြစ်နေသော နားနှစ်ဖက်ကို ပွတ်သပ်ပြီး အထင်ကြီးလေးစားဟန်ဖြင့် စကားပြောသည်။
"တကယ်ပြောတာပါ" ရေဘဝဲကလည်း ဆူညံသံများဖြင့် ကျင့်သား မရပေ။
"သည်းခံနိုင်စွမ်း မြင့်မားတာတော့ မဖြစ်နိုင်ဘူး။ ကောင်းကောင်း အိပ်ပျော်အောင် နားကန်းနေသလားပဲ"
“အမှန်ပဲ သွားကြမယ်" လင်းဟုန်က ဂီတအဖွဲ့ကို ရပ်တန့်ရန် လက်ဟန်အမူအရာပြသည်။
“ဟမ်၊ မနက်စာ မစားတော့ဘူးလား" ရေဘဝဲက စပ်စပ်စုစု မေးမြန်းသည်။
"သူက အိပ်ရာ မထသေးဘူးလေ။ မနက် ၈နာရီဝန်းကျင်မှပဲ ပြန်လာတော့မယ်" ကျီလျန်က အရင်ဆုံးပြောသည်။
"မင်း ပြောတာ မှန်တယ်။ အရမ်းစောသေးတယ်" ရေဘဝဲက ခေါင်းညိတ် သဘောတူသည်။
“သွားကြမယ်" ထိုစကားကိုပြောပြီးနောက် လင်းဟုန် ဦးဆောင်ကာ ပြန်သွားသည်။
တချို့လူများက သူတို့ပစ္စည်းများကို သိမ်းဆည်းကာ ကားမောင်းထွက်သွားသည်။ ဂီတအဖွဲ့ကလည်း အခကြေးငွေ ရရှိပြီးသား ဖြစ်၍ ဂီတတူရိယာများကို သယ်ဆောင်ကာ အသီးသီး လူစုခွဲကြသည်။
စားသောက်ဆိုင်ပတ်ဝန်းကျင် နေထိုင်သူများသာ အတင်းပြော ကျန်ခဲ့သည်။
"စားသောက်ဆိုင်ကို ဘယ်လိုထင်လဲ။ ဒီလိုပဲ ဆက်လုပ်နေမှာလား"
ညအိပ်ဝတ်စုံနှင့် အဘိုးအိုက သူ့ဘေးနားက အိမ်နီးနားချင်းကို မေးမြန်းသည်။
“နတ်ဘုရားတွေပဲ သိလိမ့်မယ်။ ဒါပေမဲ့ ငါတို့ မနက်စောစော ထရင် ၃၀၀ယွမ်ရမယ်။ တကယ်ကို ကောင်းမွန်တဲ့ အပေးအယူပဲ" စတိုင်ကျသော အိမ်နီးနားချင်း အဘွားအိုက ပြုံးကာ စကားပြောသည်။
"စားသောက်ဆိုင်ရဲ့သူဌေးက အံ့ဩစရာကောင်းတယ်။ ကြော်ငြာစရာတောင် မလိုအပ်ဘဲ လူတော်တော်များများကို ဆွဲဆောင်နိုင်တယ်" ညအိပ်ဝတ်စုံနှင့် အဘွားအိုက အထင်ကြီးလေးစားဟန်ဖြင့် စကားပြောသည်။
“အမှန်ပဲ။ စားသောက်ဆိုင် ဝင်ပေါက်မှာ တန်းစီစောင့်နေတဲ့ လူတွေကို ခဏခဏ မြင်မိတယ်။ ဒီဆိုင်က ဟင်းပွဲတွေက တကယ် အရသာ ရှိတာလား" အညိုရောင်ဆံပင်ကောက်ကောက်အဘွားအိုက စပ်စုသော အမူအရာဖြင့် စကားပြောသည်။
“ထားလိုက်ပါတော့။ ဈေးအရမ်းကြီးတယ်လို့ သတင်းကြားတယ်။ ဟင်းပွဲတစ်ပွဲကို ယွမ် ၁၀၀ကျော်တယ်" ညအိပ်ဝတ်စုံနှင့် အဘွားအိုက သေချာစုံစမ်းထားသည်။
“နင်က အဲဒီဆိုင်ကို အရင်တုန်းက ရောက်ဖူးလို့လား" ဆံပင်ကောက်ထားသော အဘွားအိုက စပ်စပ်စုစု မေးမြန်းသည်။
"ဟင့်အင်း၊ တစ်ခါမှ မသွားဖူးပါဘူး။ ငါ့သားရဲ့လုပ်ဖော်ကိုင်ဖက် တစ်ယောက် ပြောတာပဲ။ ဟင်းပွဲတွေက တော်တော် အရသာရှိတယ်လို့ ပြောတာပဲ။ ဒါကြောင့်လည်း ဈေးကြီးတာလေ"
ညအိပ်ဝတ်စုံနှင့် အဘွားအိုက ကပ်စေးနဲ မဟုတ်၍ သူက အကြောင်းပြချက်ကို ချက်ချင်း ပြောသည်။
"အို့စ် တကယ်လား။ စားသောက်ဆိုင်က သန့်ရှင်းရဲ့လား" ဆံပင်ကောက်ကောက် အဘွားအိုက သန့်ရှင်းသပ်ရပ်ရေးကို ပို၍ဦးစားပေးသည်။ ယနေ့ခေတ်တွင် အရသာရှိသော ဟင်းပွဲများ အမှန်တကယ် များပြားသော်လည်း မည်သို့သော ပါဝင်ပစ္စည်းများကို အသုံးပြုထားလဲ သေချာ မသိရပေ။
"သန့်ရှင်းမယ့်ပုံပါပဲ။ ဒါကြောင်မို့လည်း လူချမ်းသာတွေ အများကြီး နေ့တိုင်းလာတာပေါ့။ သူတို့တွေက ချေးများတယ်မလား" အဘွားအိုက စကားပြောနေစဉ် လင်းဟုန်၏ကားကို လက်ညိုးထိုးပြသည်။
"အချိန်အားလပ်ရင် အဲဒီဆိုင်ရဲ့ဟင်းချက် လက်ရာကို မြည်းစမ်းကြည့်ဦးမယ်" ဆံပင်ကောက်ကောက် အဘွားအိုက သူ့ရင်ထဲက ဆန္ဒကို ထုတ်ပြောသည်။
မနက် ၈နာရီအချိန်တွင် ယွမ်ကျိုးက နှိုးစက်အကူအညီ မယူဘဲ အလိုအလျောက် အိပ်ရာမှ နိုးလာပြီး မျက်လုံးပိတ်ကာ အိမ်သာထဲသွားပြီး ရှူးပေါက်သည်။ ထို့နောက် တစ်ကိုယ်ရည် သန့်ရှင်းရေးကို လုပ်ဆောင်သည်။
"ဒုန် ဒုန် ဒုန်"
အောက်ထပ်သို့ဆင်းလာချိန် ယွမ်ကျိုးက စနစ်၏ အရံမစ်ရှင်ကို လက်ခံရရှိသည်။
စနစ်က ဖော်ပြသည်။ "ကျွမ်းကျင်စားဖိုမှူးက စားပွဲထိုး လုပ်တာထက် ဟင်းချက်တာကို အာရုံစိုက်သင့်တယ်"
[အရံမစ်ရှင်] “ကိုယ်တိုင် စားပွဲထိုးလုပ်နေရ ပန်းကန်သိမ်းနေရတဲ့ စားဖိုမှူးက ကျွမ်းကျင်စားဖိုမှူး မဖြစ်ထိုက်ဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ သင့်လျော်တဲ့ နည်းလမ်းရှာကြံပါ"
[မစ်ရှင်ဆုလာဘ်] “ကြက်ဥခွံကဲ့သို့ ပါးလွှာသော ကြွေရည်သုတ် ခွက်တစ်စုံ"
“ကြက်ဥခွံကဲ့သို့ ပါးလွှာသော ကြွေရည်သုတ် ခွက်က ဘာလဲဟ" ယွမ်ကျိုးက အောက်ထပ်သို့ဆင်းလာစဉ် သူ့စိတ်ထဲ မေးမြန်းလိုက်သည်။
စနစ်က ဖော်ပြသည်။
"ကြက်ဥခွံလို ပါးလွှားတဲ့ ခွက်ပါ။ အပေါ်ယံ မျက်နှာပြင်မှာ သစ်ခွပန်းကို ပုံဖော်ထားတယ်"
"လက်ဖက်ရည်ခွက်လား" ယွမ်ကျိုးက ကြွေထည်ပစ္စည်းအကြောင်း နည်းနည်းသိထား၍ မေးမြန်းလိုက်သည်။
စနစ် "ဒီတစ်ခေါက် ဆုလာဘ်အနေနဲ့ ပေးတဲ့ခွက်ကို လက်ဖက်ရည်ခွက် အနေနဲ့ သုံးနိုင်ပါတယ်"
"ဒါဆိုရင် လက်ဖက်ရွက်ကရော ဘယ်ကရမှာလဲ" ယွမ်ကျိုးက အခွင့်ကြုံတုန်း မေးမြန်းလိုက်သည်။
သို့သော်လည်း သူက စနစ်ထံမှ အဖြေရမည့် သဘော မရှိချေ။
ယွမ်ကျိုးက မစ်ရှင်ကို သေချာ စစ်ဆေးကြည့်လိုက်ပြီး စနစ်က သေချာ မညွှန်ကြားထားမှန်း သဘောပေါက်လိုက်သည်။ ထို့ကြောင့် သူကိုယ်တိုင် ဆုံးဖြတ်ချက် ချနိုင်သည့် သဘောဖြစ်သည်။
ယွမ်ကျိုးက သူ့ဖောက်သည်များကို ကိုယ်တိုင် ပန်းကန်သိမ်းခိုင်းရန် ဆုံးဖြတ်လိုက်သည်။
မီးဖိုချောင်လက်ဆေးကန်သို့ ညစ်ပတ်နေသော ပန်းကန်ခွက်ယောက်များကို အလိုအလျောက် သယ်ဆောင်ပေးသော စက်ရှိသည်။ ယခင်ကဆိုလျှင် ယွမ်ကျိုးက ပန်းကန်ခွက်ယောက်များကို ကိုယ်တိုင်သိမ်းဆည်းပြီး စက်ပေါ်တင်ပေးရသည်။ သို့သော်လည်း ဖောက်သည် အရမ်းများလာလျှင် အခက်အခဲဖြစ်သည်။ စားသုံးသူများကိုယ်တိုင် လုပ်ဆောင်လျှင် ပိုအဆင်ပြေသွားလိမ့်မည်။
သူက မေးဖျားလေးကို ပွတ်သပ်ပြီး ဈေးနှုန်စာရင်းမှာ စာသားတချို့ ဖြည့်စွက်ပေးရန် စနစ်ကို တောင်းဆိုခဲ့သည်။
[ဒီကနေ့ကစပြီးတော့ စားသုံးသူတွေက သုံးဆောင်ပြီးရင် ကိုယ် ပန်းကန်ကိုယ် သတ်မှတ်ထားတဲ့ နေရာမှာ သွားထားရပါမယ်]
သေချာအကဲခတ်ကြည့်ပြီးနောက် မကျေနပ်သော ခံစားချက် မခံစားရ၍ ဆိုင်တံခါးကို ဖွင့်လိုက်သည်။
ဝင်ပေါက်အရှေ့ ရောက်နေသူက လင်းဟုန်တို့အဖွဲ့ ဖြစ်သည်။
"သူဌေးယွမ်၊ ခင်ဗျား သေသွားပြီလို့တောင် ထင်နေခဲ့တာ။ ခင်ဗျားကို ကယ်ဆယ်ဖို့ တံခါးရိုက်ချိုးမိတော့မလို့"
လင်းဟုန်က စကားမပြောခင် ယွမ်ကျိုးကို ခေါင်းအစ ခြေအဆုံး အကဲခတ်လိုက်သည်။
“ဟမ် ငါ ကောင်းပါတယ်" ယွမ်ကျိုးက လေးနက်စွာ ပြောသည်။
"ငါ ရှုံးနိမ့်တာကို ဝန်ခံပါတယ်။ ဘယ်တော့မှ ရှောင်လုံပေါင်း ရောင်းမှာလဲ" လင်းဟုန်က ကူကယ်ရာမဲ့ အမူအရာဖြင့် မေးမြန်းသည်။
“ငါ့အချိန်ပေါ် မူတည်တယ်" ထိုစကားကိုပြောပြီးနောက် ယွမ်ကျိုးက သူ့နေရာသူ ပြန်သွားသည်။
“ပြောလေ" လင်းဟုန် သည်းခံနိုင်စွမ်း ကုန်ဆုံးသွားသည်။
“ကြည့်ပါဦး လင်းဟုန်ရေ စည်းမျဉ်းအသစ် ထပ်ထည့်ထားတယ်" သူ့သူငယ်ချင်း Tankက ပတ်ဝန်းကျင်ကို ဂရုတစိုက် ရှိတတ်သူ ဖြစ်၍ နံရံပေါ်မှ စာသားကို အရင်ဆုံး သတိထားမိသည်။
“ဖောက်သည်တွေက ကိုယ့်ပန်းကန်ကိုယ် သိမ်းရမှာလား။ သူဌေးယွမ်ကို လက်ဖျားခါတယ်။ ထူးခြားတဲ့ စိတ်နေသဘောထားကို လေးစားမိပါတယ်"
“သူဌေးယွမ် ကျွန်တော်ရဲ့ထူးခြားတဲ့ သူငယ်ချင်းတွေက သေသွားလို့ သူတို့အုတ်ဂူနားက မြက်ပင်တွေက တစ်မီတာ အမြင့်ရှိနေပြီ"
“သူဌေးယွမ်က စားပွဲထိုး ငှားသင့်နေပြီ" လင်းဟုန်က ချက်ချင်း အကြံပြုသည်။
“ဟုတ်တယ်။ ဝန်ထမ်းအလိုရှိကြောင်း ကြေညာထားပေမဲ့ တစ်ယောက်မှ မလာသေးဘူး" ယွမ်ကျိုးက စိတ်အားထက်သန်စွာ ပြောသည်။
“ကောင်းတာပေါ့။ အဆင်ပြေတယ်" လင်းဟုန်က စည်းမျဉ်းအသစ်ကို ဂရုမစိုက်ဟန်ဖြင့် ပခုံးဆက်ခနဲ တွန့်သည်။
ဝူဟိုင်းက ယွမ်ကျိုး စားပွဲထိုးရှာနေသော သတင်းကို နားစွန်းနားဖျား ကြားမိ၍ ပုံမှန်အတိုင်း မေးမြန်းလိုက်သည်။
"သူဌေးယွမ်က အလုပ်သမား ရှာနေတာလား
"ဟုတ်တယ် ငါတကယ် လိုအပ်နေတယ်" ယွမ်ကျိုးက ခေါင်းညိတ်ကာ ပြန်ဖြေသည်။
“တံခါးပေါက်မှာ ကပ်နေကျ စာသားကို မမြင်ပါလား" ဝူဟိုင်းက တံခါးပေါက်နား သွားရောက်စစ်ဆေးကာ ထပ်မံ့ မေးမြန်းသည်။
“စာကပ်ခဲ့ပေမဲ့ ငါကိုယ်တိုင်ပဲ စုတ်ဖြဲလိုက်တာ"
တံခါးပေါက်မှာ ကြော်ငြာကပ်ထားသည်မှာ ၂ရက်ကြာသော်လည်း တစ်ယောက်မှ ရောက်မလာ၍ ယွမ်ကျိုး မျက်မှောင်ကြုတ်မိသည်။
“ဒါပေမဲ့ ဘာလို့ စုတ်ဖြဲပစ်တာလဲ" လင်းဟုန်က တစ်ခါတရံ သူဌေးယွမ်၏အတွေးကို နားမလည်နိုင်ပေ။
သာဓာကဆိုသော် သူဌေးယွမ်က အံ့ဩဖွယ်ကောင်းသော ဟင်းချက်စွမ်းရည်ကို ပိုင်ဆိုင်ထားသော်လည်း လူမသိသူမသိ နေရာလေးတွင် ဆိုင်ဖွင့်ပြီး ထူးဆန်းသော စည်းမျဉ်းများကို ချမှတ်ထားသေးသည်။
သူဌေးယွမ် စိတ်ကောင်းဝင်နေသရွေ့ လင်းဟုန်က ထူးဆန်းသော စည်းမျဉ်းများကို လက်ခံနိုင်သေးသည်။
"အချိန်အားလပ်တော့မှပဲ ဝန်ထမ်းအလိုရှိတဲ့စာ ပြန်ကပ်တော့မယ်"
ယွမ်ကျိုးက ရိုးရှင်းစွာ ပြန်ဖြေသည်။
ယနေ့မှစ၍ ယွမ်ကျိုးက ဆိုင်တံခါးကို မပိတ်တော့ဘဲ အလုပ်လာလျှောက်မည့်သူကို စောင့်ဆိုင်းနေသည်။ တစ်ယောက်တည်း အလုပ်လုပ်ရခြင်းက တကယ်ကို ပင်ပန်းလွန်းသည်။ သူက ဟင်းချက်ပြုတ်ရခြင်းကိုသာ အာရုံစိုက်ချင်သည်။
ခုတလောပြင်ဆင်ထားသော ကြက်ဥထမင်းကြော် နှင့် ခေါက်ဆွဲပြုတ်က ပိုအရသာရှိလာ၍ သူ့ဟင်းချက်စွမ်းရည် တိုးတက်လာသည်ဟု ခံစားမိသည်။
အပိုင်း(၇၃)
ပြီးပါပြီ။း