'LOTUS KILLER' {Ongoing}

By Mary_koe552005

145K 11.3K 1.2K

အမှောင် အောက်က ‌ကျားရဲ တစ်ကောင်ရဲ့မျက်ဝန်းလို သွေးဆာ နေတဲ့ မျက်လုံး စိမ်းစိမ်း တောက်တောက်တွေ သွေးညှီနံ့ ဟောင်... More

1
2
3
4
5
6
7
8
9
10
11
12
Character solution
13
14
15
16
17
18
19
20
21
22
23
24
Coe Naung Art
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
Just Memories

46

793 68 4
By Mary_koe552005

ရဲတွေ အိမ်ရောက်လာသောအခါ ကိုးနောင်က တံခါး ဖွင့်ပေးသည်။တစ်ချိန်တည်းမှာပင် ခမ်းနော့ဝ်က လှေကားပေါ်မှ ဆင်းလာသည်။ဖြစ်ရပ်တစ်ခုလုံးက သွေးပျက်စရာပေမင့် ခမ်းနော့ဝ်က ထင်မှတ်မထားလောက်အောင် တည်ငြိမ်ကာ သေသပ်လွန်းသည်။ဘာဆို ဘာမှ မဖြစ်ခဲ့သည့် သာမန်လိုသာ။ခပ်ပြုံးပြုံးနှင့် ရဲတွေကို ပင် နေရာထိုင်ခင်း လောကဝတ်ပြုနေသည်။

ရဲ သုံးယောက်က ဧည့်ခန်းဝယ် ဝင်ထိုင်လိုင်ကြသည်။ရဲမျက်နှာတွေက အနည်းငယ် တင်းသည်။

"ကျုပ်တို့ နည်းနည်းလေး မေးမြန်းစရာ ရှိလို့ လာခဲ့တာပါ"

"ရပါတယ် မေးပါခင်ဗျ"

"ဒေါက်တာ တို့ ဆေးရုံက ဒေါက်တာမင်းခန့်ရာဇာ က လွန်ခဲ့တဲ့ တစ်လက အဆက်အသွယ်မရဘဲ ပျောက်ဆုံးသွားခဲ့ပါတယ်"

ခမ်းနော့ဝ်က အံ့ဩဟန် ပြုသည်။

"ဘယ်လို ဖြစ်ရသလဲဗျာ"

"ကျုပ်တို့ စုံစမ်းနေကြဆဲပါ ဒေါက်တာ စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းပါဝင်ပေးပါ"

"ရပါတယ် ကျွန်တော် သိသလောက် ပြောပြပါ့မယ်"

"ကိုမင်းခန့်ရာဇာနဲ့ သိတာ ကြာပြီလား"

"ကြာပြီပေါ့ဗျာ ကျွန်တော် အိမ်ထောင်မကျခင်ကတည်းကပါပဲ"

"ရင်နှီးကြသလား"

"ရင်နှီးပါတယ် မင်းခန့်ရာဇာက လူရည်မွန်လေးပါ"

"စိတ်ဝမ်းကွဲဖူးတာ ရန်ဖြစ်ဖူးတာ ရှိဖူးလား"

ခမ်းနော့ဝ်က ပြုံးပြီး

"မရှိပါဘူး"

"သူ နောက်ဆုံး တွေ့ခဲ့တာ ဒေါက်တာနဲ့ပါ အဲ့ကတည်းက သူ ပျောက်သွားတာပဲ အဲ့နေ့တုံးက ဒေါက်တာ နေ့လယ် သုံးနာရီလောက်ကတည်းက ဆေးရုံကို လာတယ် ဆေးရုံကနေ ည 11မှ ပြန်လာတယ် ကြားထဲ ဒေါက်တာ ဘာလုပ်နေလဲ ကြားသလောက် ဆေးရုံက ပိတ်ထားတာပါ ဆေးရုံမှာ ဘာများ လုပ်စရာ ရှိလို့ ကြာနေတာလဲ ကိုမင်းခန့်ရာဇာလည်း အဲ့ဒီ ဆေးရုံမှာပါပဲ"

"မဟုတ်ပါဘူး ခမ်းနော့ဝ်က ကျွန်တော်နဲ့ တူတူ လေးနာရီ ငါးနာရီ လောက်ကတည်းက ပြန်လာတာပါ ကျွန်တော်ကိုယ်တိုင် သူ့ကို သွားကြိုခဲ့တာပါဗျာ"

ကိုးနောင်က ခမ်းနော့ဝ် ဘေး ဝင်ထိုင်ကာ ရဲ အရာရှိများရှေ့ ‌ကော်ဖီခွက် သုံးခွက် ချပေးလိုက်သည်။

ရဲအရာရှိက ကိုးနောင်က စူးစမ်းသလို ကြည့်သော်

"ဉာဏ်ကိုးနောင်ပါ ဒေါက်တာ စိုင်းဆိုင်ခမ်းနော့ဝ် အမျိုးသားပါ"

ရဲသုံးယောက်မျက်နှာ အံ့ဩမှုဖြင့် သူတို့ နှစ်ယောက်ကို ခပ်စိမ်းစိမ်းကြည့်တော့

"လိင်တူစုံတွဲက ခင်ဗျားတို့တွက် ပြဿနာ ရှိလို့လား"

"စိတ်မရှိပါနဲ့ ‌ကျုပ်တို့လည်း ခေတ်မီပါတယ်"

"ကော်ဖီလေး သုံးဆောင်ပါဦး"

"လုံခြုံရေးကတော့ ဒေါက်တာကို ည ဆယ်တစ်လောက်က မြင်တယ်လို့ ထွက်ဆိုထားပါတယ်"

"အမြင်မှားကောင်းမှား နိုင်ပါတယ်ဗျ. . .အဲ့နေ့တုံးကတော့ ကျွန်တော်တို့ ဆေးရုံက ပြန်လာပြီး ကိုမင်းရှင်မော် ဆီမှာ ညစာ စားနေတာပါ"

ကိုးနောင်က ဖော်ရွေကြည်လင်သော အပြုံးကို ပန်ဆင်ကာ အမူအရာက လူကြီးလူကောင်းဟန်နှင့် ပြောသည်။ရဲတွေရဲ့ မျက်နှာတင်းတင်းက မင်းရှင်မော်နာမည် ကြားပြီးနောက် ပြေပျော့သွားသည်။မင်းရှင်မော် နာမည်အလွဲသုံးစားလုပ်ရတာ အကျိုးရှိသည်။

"ခင်ဗျားတို့ အလီဘိုင် စစ်ချင်တယ်ဆို ကိုမင်းရှင်မော်ကို သွားမေးနိုင်ပါတယ်"

"ရတယ် ရတယ် မလိုဘူး"

"ဒေါက်တာတို့က ကိုမင်းရှင်မော်နဲ့ ရင်းနှီးလား"

"ရင်းနှီးပါတယ် . . ကျွန်တော်က ကိုမင်းရှင်မော်အဘွားရဲ့ personal doctorဆိုပါစို့ "

ခမ်းနော့ဝ်က ဝင်ဖြေသည်။

"ဪ ဘာပဲဖြစ်ဖြစ် ကျုပ်တို့က တာဝန်အရ စုံစမ်းမေးမြန်းရတာပါ. . ကိုမင်းခန့်ရာဇာ က အဲ့နေ့ကတည်းက လုံးဝ အဆက်မသွယ်မရ ပျောက်ခြင်းမလှ ပျောက်သွားတာမို့ မိသားစုဝင်တွေက အင်မတန် စိတ်ပူပန်နေကြတယ်"

ထိုစဉ် ရဲတွေရဲ့ မျက်လုံးက နံရံမှာ ချိတ်ထားတဲ့ တရားသူကြီးဆီ ရောက်သွားသည်။ထိုစဉ်ချက်ချင်း အံ့ဩဝမ်းသာမှု နဲ့ လေးစားမှုက ပေါ်‌လာသည်။

ကိုးနောင်က နံရံကို နောက်လှည့်ကြည့်၍

"ကျွန်တော့် ညီလေး လေ (X )မြို့နယ်တရားသူကြီးပါ. . ."

"ဆရာဘုန်းဆတ်နွယ်က ကိုဉာဏ်ကိုးနောင် ညီလား
တကယ်ကို ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပဲ ဆရာက ကျုပ်တို့ကို အရမ်း ကူညီတတ်တာ စိတ်ရင်းလည်း သိပ်ကောင်းပါ့ဗျာ. . ."

"အဲ့တာကြောင့် ထင်ပါတယ် ကိုဉာဏ်ကိုးနောင်က ဆရာနဲ့ ဆင်ပါတယ်လို့ . . .တကယ်ကို ညီအစ်ကိုနှစ်ယောက်လုံးက ရုပ်ဖြောင့်တာပဲ တွေ့ရတာ ဝမ်းသာပါတယ်ဗျာ. . ."

ဉာဏ်ကိုးနောင်က ရယ်မောကာပင်

"တွေ့ရတာ ဝမ်းသာပါတယ် ရေစက်ပါလို့ တွေ့ရတယ် ထင်ပါတယ်"

"ဟုတ်ကဲ့ပါဗျာ"

ခဏအကြာ ရဲ သုံးယောက်က ပြန်ရန် ထသည်။

"မသေချာရင် CCTV စစ်ကြည့်ပါလား. . ."

"မစစ်ရိုးရှိပါ့မလား ကိုကိုးနောင်ရာ CCTV က အဲ့နေ့ မတိုင်ခင် တစ်ပတ်ကတည်းက ပျက်နေတာဗျ"

"ဪ . . .စိတ်မကောင်းစရာပေါ့"

မင်းခန့်ရာဇာ က အကြံနှင့် အကုန် ဖျက်ထားခဲ့ပုံပင်။ခက်သည်ကား သူ့ လည်ကွင်းကို ကြိုးကွင်းသလို ဖြစ်သွားခဲ့သည်။

++++

ထမင်းစားခန်းထဲ ငြိမ်သက်တိတ်ဆိတ်နေသည်။

မျက်နှာချင်းဆိုင် ထမင်းစားနေပေမယ့် သူတို့ စကားမပြောဖြစ်ကြ။

"ဉာဏ်ကိုးနောင်"

ခမ်းနော့ဝ် က သမုဒ္ဒရာအောက်ခြေမှာ ပျက်ကျနေတဲ့ လှေငယ်လို စိတ်ပျက်စွာ ခေါ်တော့ ကိုးနောင်က အမူအရာမဲ့စွာ သူ့ကို ကြည့်လာသည်။ပြီး ချက်ချင်း မျက်လွှာချသွားကာ အသားတစ်တုံးကို ခက်ရင်းနဲ့ ထိုးကာ ပါးစပ်လှုပ်ရုံ ဖြည်းဖြည်းနှေးနှေး စားလိုက်သည်။

"ဘယ်ကတည်းကလဲ"

"11နှစ် ကတည်းက"

"ဘယ်နှယောက် သတ်ခဲ့တာလဲ"

"အတိအကျ မမှတ်မိတော့ဘူး 80နီးပါးပဲ"

ခမ်းနော့ဝ်က သက်ပြင်းချကာ

"ဟ့ . . .80 80 80. . ဘယ်လိုခံစားရလဲ"

"ပျော်တယ် . . .လူတွေ နာကျင်နေတာမြင်ရင်"

"Psychopath လား"

"ထင်တာပဲ"

ခမ်းနော့ဝ်က ခပ်လှောင်လှောင် တစ်ချက်ရယ်လိုက်ပြီး

"Psychopath တွေက အချစ်မရှိဘူး သူတို့ အချစ်က တစ်ဖက်သူကို manipulate လုပ်ထားတဲ့ အချစ်တဲ့ . . .ဆိုတော့ ဒီ အိမ်ထောင်သက် တစ်ခုလုံးမှာ ငါ့ဘက်ကပဲ မင်းကို တစ်ဖက်သတ်ချစ်နေခဲ့တာများလား"

ဉာဏ်ကိုးနောင်က ထိုင်နေရာမှ ဝုန်းကနဲ ထရပ်ကာ ကျောက်စားပွဲကို လက်နဲ့ ဝုန်းခနဲ မြည်တဲ့ထိ ရိုက်ပစ်သည်။မျက်လုံးတွေ စူးစူးရဲရဲနိုင်စွာ မေးကြောတွေ ထောင်လျက်။သို့သော် ခဏတွင်းပင် ကိုးနောင်က သက်ပြင်းရှည်ကြီး ချလိုက်ပြီး ပြန်ထိုင်သည်။

"ကိုယ်က ဟန်ဆောင်ပြီး မင်း နဲ့ အတူနေရအောင် မင်းက သမ္မတလည်း မဟုတ် millionaire လည်း မဟုတ်"

"နှိမ်တာကွာ"

"နောက်ဆုံးတော့လည်း ကိုယ်က မင်းတွက် ရွံစရာကောင်ပါပဲ. . ."

ကိုးနောင်က ခပ်တိုးတိုးရေရွတ်သည်။

ကိုးနောင်က ရင်ထဲ နာကျင်သည်။သူ့ ဘက်မှ ဘုရားတောင် မရှိတောင် ခမ်းနော့ဝ်က အမြဲရှိမယ် ယုံကြည်ထားခဲ့သည်။သူ အရမ်း မျှော်လင့်ထားမိသည်။သူ လို မကောင်းတဲ့ကောင်၊အသည်းနှလုံးမရှိတဲ့ကောင် နား ဘယ်သူ က နေချင်ပြီး အချစ်နှင့် ထွေးပွေ့ချင်ပါ့မည်နည်း။အောင့်တက်လာတဲ့ နှလုံးက နာကျင်မှုကို ကိုးနောင် လျစ်လျူရှူကာ ထမင်းကို ဟန်မပျက် ဆက်စားသည်။

ကိုးနောင် တွေးခဲ့ဖူးသည်။ခမ်းနော့ဝ်က သူ့ကို မလိုချင်တော့ဘူး လမ်းခွဲဖို့ ပြောခဲ့ပါလျှင် သိပ်ကို ခံရခက်စွာ ဒေါသထွက်လိမ့်မည်ဟု။
တကယ်တမ်း ခမ်းနော့ဝ်မျက်နှာမှာ သူ့ အပေါ် စိတ်ပျက်မှုနှင့် သူ့ လုပ်ရပ်များက ရွံရှာကာ သူနှင့် ဝေးဝေး ထွက်သွားလိုမှုကို ခံစားမိသောအခါ ဒေါသအစား ဝမ်းနည်းမှုသာ ရင်ထဲ ဆို့တက်လာသည်။

"အေးပေါ့ မင်းက ရွံစရာကောင်"

စကားဝိုင်း က တိတ်ဆိတ်သွားသည်။

ခမ်းနော့ဝ်က ထမင်းကို ဆက်မစားလိုဟန်နဲ့ ဇွန်းကို ဆောင့်ချလိုက်ပြီး ခေါင်းကို လက်နဲ့ ဖွလိုက်သည်။ပြီး မတ်တပ်ထသည်။ပြီးတော့ ကိုးနောင်ကို ကျောခိုင်း ထွက်သွားသည်။

ကိုးနောင် နှလုံးက တဒိတ်ဒိတ်ခုန်လာပြီး မျက်တောင်ဖျားတွေက လှုပ်ခတ်လာသည်။ခမ်းနော့ဝ်က သူ့မျက်နှာတောင် မမြင်ချင်တော့ဘူးပဲ။ကျလုဆဲ မျက်ရည်ကို ခေါင်းငုံ့ကာ အတင်းထိန်းလိုက်သည်။

သို့သော် မရ။

မျက်ရည်က ပါးပေါ် စီးကျလာသည်။ကိုးနောင်က ခေါင်းငုံ့ချလိုက်သည်။ပုခုံးတွေ တသိမ့်သိမ့်တုန်လာသည်။

ခမ်းနော့ဝ် ပါးစပ်ကနေ "ကွာရှင်းရအောင်" လို့ ပြောခဲ့ရင်. . .ဟင့်အင်း လုံးဝ မကွာနိုင်ဘူး။ခမ်းနော့ဝ်က သမ္မတမဟုတ်ပေမယ့် ကမ္ဘာ့ကျိကျိတက် millionaire မဟုတ်ပေမယ့် ကိုးနောင်ရဲ့ . . .ကိုးနောင်ရဲ့။

++++

နှစ်ရက်တိတိ သူတို့ နှစ်ယောက်ကြားဝယ် ပြောသော စကားသည် တစ်ခွန်း စီ သာ။

"အဖေက ဖိန်းနွှဲခါ သူ့အိမ်လာခဲ့" နှင့် " အင်း သွားတာပေါ့"  ပဲ ဖြစ်၏။

ဟုတ်ပါတယ်လေ။စိုင်းဆိုင်ခမ်းနော့ဝ်က သူနဲ့ ဘယ် စကားပြောချင်ပါတော့မလဲ။

ခမ်းနော့ဝ် ကို ကြည့်လိုက်လျှင် အမြဲ စိတ်ရှုပ်နေပုံ ပေါက်သည်။ထမင်း ဟင်းတွေ ဖွယ်ရာစွာ ပြင်ဆင်ပေးထားလည်း မစား။ည အိပ်ရင်လည်း လူးလွန့်နေကာ ကိုးနောင် အိပ်ခန်းအပြင် ထွက်ပေး ပြန်တော့ ကိုးနောင်ကို မဲ့တဲ့တဲ့ ကြည့်ကာ ကျောပေးသွားသည်။

ဘဝမှာ ဒီအခြေအနေလောက် ကိုးနောင် အခက်မတွေ့ဖူး‌ပေ။သို့သော် ကိုးနောင် က လည်း တစ်ချိန်လုံး ရုပ်တည်နဲ့သာနေပြီး မျက်လုံးစိမ်းများက ဆောင်းလေ လို သုန်မှုန်စွာ။

စစ်အေးတိုက်ပွဲက ကိုးနောင်ကို နာကျင်စေသည်။ထို့ကြောင့် နောင်ဘုန်းသိုက် အိမ် သွားဖို့သာ စိတ်စောနေမိသည်။မကြာခင်ပင် အထုပ်အပိုးတွေ ပြင်ပြီးနောက် လေးယောက်သား နောင်ဘုန်းသိုက် အိမ်ထွက်ခဲ့ကြသည်။

စစ်အေးတိုက်ပွဲကြား ကိုးနွယ်ဟာ ဝင် မရှုပ်ပါလေ။ထိုနည်းတူစွာ နန်းနွယ်ကလည်း အန္တရာယ်စက်ကွင်းမှ ဝေးဝေးသာ နေ၏။ကံကောင်းစွာ နန်းနွယ် ရှင်မာန်accကို ရလာသည်။ရှင်မာန့် ကို ဟေး ဟိုင်းနေရတာနဲ့ အိမ်တွင်းရေးကို စိတ်မဝင်စားအား။

နောင်ဘုန်းသိုက် က ရန်ကုန်က luxury condoကို ရောင်းပြီး မန္တလေးချမ်းမြသာစည်မြို့နယ်မှာ Europe style luxury ဆန်ဆန် တိုက်အသစ်အကြီးအကျယ် ဆောက်ထားသည်။နောင်ဘုန်းသိုက် company က ဆောက်လုပ်ရေးလုပ်ငန်း company ဖြစ်သည့်အပြင် ကိုယ်တိုင်ကလည်း ဆောက်လုပ်ရေး အင်ဂျင်နီယာတစ်ယောက် ဖြစ်တာမို့ အိမ်က မြင်တာနဲ့ပင် အတိုင်းထက်လွန် သဘောကျစရာပင်။အိမ်က သုံးထပ် ရှိပြီး သုံးထပ်အပေါ်ဆုံးကို အမိုးဖွင့်ထားသည်။

အိမ်ပတ်ဝန်းကျင်က အနေအထားမဆိုးလှပါ။လမ်းထောင့်မှာ ဆောက်ထားတာက တစ်ကြောင်း၊ကြီးမားတာကတစ်ကြောင်း တစ်အိမ်တည်းသီးသန့်ကွဲထွက်နေသယောင်။

သူတို့ ရောက်လာတော့ နောင်ဘုန်းသိုက်က ဆီးကြိုသည်။သူ့ဘေး ဆတ်နွယ် ရပ်နေကာ ဆတ်နွယ်ဘေး ရှိုင်းမိုဟန်က အိမ်မြှောင်လို တွယ်ကာ ရပ်နေသည်။ရှိုင်းမိုဟန်က ဆယ်နှစ်ရာသီ စပ်ဖြီးဖြီး ဖြစ်နေပြီး သူ တည်ငြိမ်စွာ ခန့်ခန့်ညားညားနေသည့်အချိန်ကို ကမ္ဘာပျက်မှသာ ရောက်မည် ထင်သည်။

ရှိုင်းမိုဟန်ကို မြင်တော့ ကိုးနောင်က သိသာစွာ စိတ်အလိုမကျဟန် ပြသော်လည်း ရှိုင်းမိုဟန်က သူ့အိတ်အထုပ်တွေ ကူသယ်ပေးနေတော့ မျက်နှာက နည်းနည်းကြည်ပေးရသည်။

သို့သော် ဆယ်နွယ်က ရှိုင်းမိုဟန် လက်ထဲမှ အထုပ်တွေ အကုန်ဆွဲယူသွားသည်။

"အဖေ ကျွန်တော့်မိသားစုတွက် ပထမထပ် တစ်ထပ် လုံးပေး"

"ယူ ယူ"

"ကျေးဇူး"

နန်းနွယ်က နောင်ဘုန်းသိုက်ကို ခုန် ပြေးဖက်ရာ နောင်ဘုန်းသိုက် နောက်လှန်လဲ မတတ်ဖြစ်သွားသည်။

"ဖိုးဖိုး မီးကို ချီ ချီ. . ."

"ဖိုး မချီနိုင်ပါဘူး ငါ့ မြေးပုဂ္ဂိုလ်ကြီးကို"

နန်းနွယ်က နှုတ်ခမ်းစူကာ နောင်ဘုန်းသိုက်ကို ပေကပ်ကပ် လုပ်ပြပြီး

"မီးကို ဝတယ်လို့ ပြောချင်တာလား"

"မပြောရဲပါဘူးဗျာ"

"မပြောရဲလို့ စိတ်ထဲကနေ ကြိတ်ပြောနေတာမလား သိပါတယ် ဖိုးက မီးကို မချစ်ပါဘူး"

"ဖိုး က ငါ့မြေးတွေကို အချစ်ဆုံးပါဗျာ ကျေနပ်ပြီလားဗျာ"

"ကျေနပ်ဘူး"

နန်းနွယ်က စူပုတ်ပုတ်တမင်လုပ်ကာ လက်ဖြန့်တော့ နောင်ဘုန်းသိုက်က အလိုက်တသိ တစ်သောင်းတန်တစ်ရွက် ထုတ်ပေးသည်။

"အနွယ်ရေ "

နောက်က ခမ်းနော့ဝ်က ဆူသလို အော်တော့ နန်းနွယ်က မျက်နှာငယ်နဲ့

"တစ်ထောင်ပဲ ပေးလည်း ရပါတယ်"

နောင်ဘုန်းသိုက်က တစ်ထောင် ထုတ်ပေးတော့ မရွှင်မပြ ယူသွားသည်။ခမ်းနော့ဝ် ကျောပေးသွားတော့ ချက်ချင်း အဖိုးဖြစ်သူ လက်ထဲမှ တစ်သောင်းကို ဘတ်ကနဲ ယူသွားပြီး fly kiss လုပ်သွားသေးသည်။တကယ့် အရှုပ်ထုတ်မလေး။

ကိုးနွယ်က နန်းနွယ်ရဲ့ 'မီး' ဆိုသော အသုံးနှုန်းကြီးကို အတော်လေး အူယားမိသည်။ရုပ်ကြမ်းကြီးနဲ့ နွဲ့နေသလိုခံစားရ၏။

အိမ်နောက်ဖေးမှာ ရေကူးကန်ကြီးရှိသည်။

"အငယ် ဘာလို့ ရေကူးကန်ကို နောက်မှာ ဆောက်တာလဲဟင်. . အရှေ့မှာ ဆောက်လို့ရသားနဲ့ "

နန်းနွယ်က ဆတ်နွယ် လက်ကို ဘယ်လွှဲလိုက် ညာလွှဲလိုက် ဆွဲကာ မေးတော့ တရားသူကြီး ဖြေတာ ရိုးရှင်းပါသည်။

"ဆောက်ချင်လို့ ဆောက်တာ" တဲ့ ။

++++

ကိုးနောင်တို့ နောင်ဘုန်းသိုက် ဆီ ရောက်လာတာ နံနက် 10။

ဆတ်နွယ်နဲ့ ရှိုင်းမိုဟန် အလစ်တွင် ကိုးနောင်က နောင်ဘုန်းသိုက်ဆီချဉ်းကပ်ကာ

"အငယ်နဲ့ ရှိုင်းမိုဟန်ကို သဘောတူလိုက်တာလား"

"မတူလို့မရတော့ဘူးလေ ကဲသဲ‌ပြနေတာ မင့်ညီပဲ"

"ဒါမဲ့"

"မင့် ထက် ငါ့က ပိုသွေးတက်သေး. . .တားမှ မရတာ ပူမ‌နေပါနဲ့ ပြတ်မှာ"

"မပြတ်လောက်ဘူး"

ကိုးနောင် ပူတာထက် နောင်ဘုန်းသိုက်က ပို ပူပါ၏။ဘယ်နှယ့် ကိုယ့် သား‌‌ရွှေဥမြတ်ရှူရတနာကို ကျီးချီသွားသလို ရင်မှာ ကလိကကျိနှင့် ခံရခက်သည်။

အရင်က ပို ပူသည်။နောင်ဘုန်းသိုက် ပိုင်ဆိုင်မှု သန်းချီ ရှိသော်လည်း အမွေဆက်ခံမဲ့သူ မရှိ။ဆတ်နွယ်ကလည်း အားနေ လှူဖို့လောက်သာ တွေးနေကာ ဉာဏ်ကိုးနောင်ကလည်း သူ့ အမွေ မယူဟု ယတိပြတ် ဆိုသည်။

တစ်ချိန် သူ သေခဲ့သော် သူ့ ပိုက်ဆံတွေ ဘုန်းကြီးကျောင်း ရောက်ရင် ရောက် မရောက်ရင် ရှိုင်းမိုဟန် လက်ထဲ ရောက်ဖို့ ရှိနေသည်။အကြောင်းမှာ ကနေဦး အမွေခံစာချုပ်အရ နောင်ဘုန်းသိုက်နှင့် ကလျာမွန်သား ဘုန်းဆတ်နွယ်ကသာ အကုန် ပိုင်ဆိုင်ရမှာ ဖြစ်သည်။နောက်မှသာ စာချုပ်မှာ ဉာဏ်ကိုးနောင် နာမည် ထည့်ခဲ့တာ ဖြစ်သည်။သို့သော် ကိုးနောင်ကော ဆတ်နွယ်ကော က သူ့စီးပွားရေးမှာ စိတ်မဝင်စားတာမို့ အကယ်၍ ရှိုင်းမိုဟန်နဲ့ ဆတ်နွယ်သာ ဖြစ်ခဲ့ရင် နောင်ဘုန်းသိုက် တစ်သက်လုံး ရှာထားသမျှ စည်းစိမ်အဝဝတို့သည် ရှိုင်းမိုဟန် လက်ထဲ ရောက်မှာ မလွဲဧကန်။

သူ့မှာ ဒီအကြောင်းတွေပြီး ည တိုင်း အိပ်မပျော်။

ကံကောင်းစွာ မြေးလေးနှစ်ယောက် ရှိလို့ တော်ပါသေးသည်။ပိုင်ဆိုင်သမျှသည် မြေးလေးတွေ အတွက်သာ။

ခဏအကြာ နောင်ဘုန်းသိုက်က အလုပ်မှာ ကိစ္စရှိလို့ ဆို၍ ထွက်သွားသည်။မသွားခင်
"ထမင်း ချက်ထား" လို့ မှာ သွား သေးသည်။

ကိုးနောင်တို့က ပစ္စည်းတွေ နေရာချနှင့် အလုပ်များနေသလို နန်းနွယ်နဲ့ ကိုးနွယ်က ရေကူးကန်ထဲ တဗွမ်းဗွမ်း ခုန်ဆင်းနေကြသည်။

ဆတ်နွယ်နဲ့ ရှိုင်းမိုဟန်က သုံးလွှာထပ် တက်သွားကြသည်။အခန်းတံခါးပိတ်လိုက်တာနဲ့ တစ်ပြိုက်နက်ထဲ

"ဆတ်နွယ် မင့် ဖေက သက်သက်လုပ်တာ"

"ဘာကိုလဲ"

"ငါမှ ထမင်း မချက်တတ်တာ"

"မင်း ချက်စရာမလိုပါဘူး ကိုကို ချက်လိမ့်မယ်"

"တကယ်"

"အင်း"

ရှိုင်းမိုဟန်က မြူးတူးစွာ အိပ်ရာပေါ် လူးလိမ့်နေပြီး နောက် သူ့ ဘေးက နေရာကို ဆတ်နွယ်ကို ပုတ်ပြသည်။ဆတ်နွယ်က ဂရုမစိုက်ဘဲ ရေချိုးခန်းထဲ သာ ဝင်သွားသည်။

ရှိုင်းမိုဟန်က စောင်တွေကို လုံးထွေးအောင်ကန်ထုတ်ပစ်လိုက်တော့ ဆတ်နွယ်က ပါးချိုင့်ထင်းအောင် ပြုံးကာ

"ရေချိုးခန်းထဲ ဝင်ခဲ့"

"တကယ်"

"အင်း"

++++

"အဲ့လိုကြီး ချောင်း နားထောင်တာ သူများ privacy ကို ချိုးဖောက်တာနဲ့ တူတယ်နော်"

ကိုးနောင်က ကျစ်ခနဲ စုတ်သတ်လိုက်ပြီး

"ဘာလဲ မင်း ကိစ္စမဟုတ်ဘူး"

"စကားကြမ်းကြမ်း ပြောတာ ကလေးတစ်ယောက်ကို စိတ်ဒဏ်ရာ ရစေနိုင်တယ်"

ကိုးနောင်က ဆတ်နွယ် အခန်းနံရံနား ချောင်းကပ်နားထောင်နေရာမှ ဖယ်ခွာလိုက်သည်။ပြီး ကိုယ်ဟန်ဖို့ကာ အင်္ကျီကို သပ်သပ်ရပ်ရပ် ပြင်ဝတ်သည်။

"နားထောင်လည်း ကြားရတာလည်း မဟုတ်ဘဲနဲ့"

"ဉာဏ်ကိုးနွယ် ငါ့ နောက်ကို ဘာလို့ တစ်ချိန်လုံး လိုက်နေတာလဲ"

"အင်္ကျီလျှော်ခိုင်းမို့လေ ဖေကြီးနောက်လည်း မလိုက်ချင်နေပါဘူး"

ကိုးနွယ်က ရေညှစ်ထားတဲ့ သူ့ရှပ်သေးသေးလေးကို ကိုးနောင်ရှေ့ မြှောက်ပြသည်။

"ပေး ပေး အဲ့ အင်္ကျီ"

"ဘောင်းဘီရော လျှော်ပေးဦး"

"ပေး ပေး. . မွေးထားတော့လည်း ငါ့ တာဝန်ပါပဲ"

"ဖေဖေမွေးတာပါ ဖေကြီး မွေးတာ မဟုတ်ပါဘူး"

"ငါ့ ရှယ်ယာပါတယ်. . .မင့်က မင့်ဖေကျ သွား မလျှော်ခိုင်းဘူး ငါ့ကျ လျှော်ခိုင်းတယ်"

"ဖေ ပင်ပန်းမှာ မကြည့်ရက်ဘူး"

"ငါ ပင်ပန်းမှာကျ ကြည့်ရက်တယ်ပေါ့"

ကိုးနွယ် က ခေါင်းငြိမ့်ပြသည်။ပြီး ရုပ်တည်လေးနဲ့

"စတာနော် စိတ်မဆိုးနဲ့"

"ငါ့ကို စ စရာများ ထင်နေလား. . ."

"ဖေကြီး စိတ်ညစ်နေတယ် ထင်လို့ ပျော်အောင် စပေးတာ"

"ကျေးဇူးပဲ နည်းနည်းမှ ပျော်စရာကောင်းမနေဘူး"

ကိုးနွယ် မှုန်ကုပ်ကုပ် ဖြစ်သွားသည်။

"ဒါဆို ပျော်သွားအောင် မုန့်ဖိုးပေးမယ်လေ ရော့ ငါးထောင် ယူလိုက်"

ကိုးနွယ်က နန်းနွယ် တစ်ဝက်ခွဲပေးလိုက်သော ငါးထောင်ကို ကိုးနောင် လက်ထဲ ထည့်ပေးလိုက်သည်။

"မလိုချင်ပါဘူး"

"ရော့ သနားလို့ ပေးတာ ယူလိုက်"

ကိုးနောင် ရယ်ရခက် ငိုရခက်သွားသည်။

"ယူလိုက် သားမှာ များကြီးရှိသေးတယ် "

ကိုးနောင်က ကိုးနွယ် စိတ်ကို အနည်းငယ် အံ့ဩသွားသည်။Psychopathတွေမှာ ကြင်နာထောက်ထားခြင်းမှ မရှိတာ။

ဒီကောင်လေး ငယ်သေးလို့များလား။

ကိုးနွယ် မျက်လုံးစိမ်းလေးများက ကြည်ကြည်လင်လင်လေး ဖြစ်သည်။သူ ငယ်တုံးကလည်း ဒီလို ကြည်လင်လင် မျက်လုံးလေး ရှိသည်။ပြီးတော့ သတ်ဖြတ်ချင်စိတ်က မျက်လုံးလှလှလေးတွေကို ကန်းသွားစေသည်။

ဒီကြောက်စရာစိတ်ကို သတိရမိပြန်တော့ လူသတ်သမားကို မုန်းတဲ့ ခမ်းနော့ဝ် ကို သတိရမိပြန်သည်။Lotus killerကို လူတိုင်းကြောက်တာ မဆန်းပါလေ။မကြောက်တာမှ ဆန်းတာ ဖြစ်သည်။

"ကိုးနွယ်"

"ဗျာ"

"အဲ့ပိုက်ဆံ ငါ့ မပေးဘဲနဲ့ အခြား. . အမ်း. .  အခြားဆင်းရဲသားတွေကို လှူလိုက်လေ"

"လှူတယ်ဆိုတာ ဘာလဲ"

"လှူတယ်ဆိုတာ ပေးကမ်းတာ မင်းမှာ ရှိတဲ့ အရာကို အခြားသူကို ပေးတာ"

ကိုးနောင်က ကိုးနွယ်ရှေ့ ဒူးထောက်ထိုင်ချလိုက်ပြီး ကိုးနွယ် မျက်လုံးတွေကို သေသေချာချာကြည့်သည်။အလှူအတန်း၊အပေးအကမ်း သနားကြင်နာဓာတ်ကို ကိုးနောင် မသိပေ။သို့သော် သူ ဖတ်ဖူးသမျှ စာထဲမှာ ရေးထားသော အကြောင်းတွေ ကို ပြန် ပြောပြသည်။

"အခြားသူတွေကို ဘာလို့ ပေးတာလဲ သူတို့ကို ပေးလို့ သားက ဘာ ပြန်ရမှာမို့လဲ"

ကိုးနောင် ငိုင်သည်။အေးစက်စက်နဲ့ မထီတရီ မျက်ဆံစိမ်းတွေက လှုပ်ရှားသွားသည်။အဖြေ ကို သူ မသိ။လှူရင် ဘာရမလဲတော့ စာပေကျမ်းဂန်ထဲ လှူခြင်း အကျိုးတရားတွေ ဖတ်ဖူးပါသည်။သို့သော် လက်တွေ့ဆန်တဲ့ အဖြေတစ်ခုကို ကိုးနွယ်တွက် ပေးရမယ်ဆိုလျှင်

"ပျော်ရွှင်မှု ကို ရမယ်. . . မင်း နားလည်အောင် ပြောရရင် မရှိတဲ့သူကို မင်းက လှူလိုက်တယ်ဆိုပါစို့ အဲ့လူ ပျော်သွားမယ် ဒါဆို သူပျော်နေတာကြည့်ပြီး မင်းပါ ကြည်နူးရမယ်"

"နားမလည်ဘူး"

ကိုးနောင် ကိုယ်တိုင်လည်း နားမလည်ခဲ့ပေ။အလှူအတန်း အပေးအကမ်းများစွာ လုပ်ဖူးပေမယ့် လှူပြီးနောက် ပီတိသောမနဿ တွေ မခံစားခဲ့ရ။သို့သော် သားကို ဒီတိုင်း ပြောပြလို့ မဖြစ်။

"နားမလည်လည်းကွာ ပုံသေသာ မှတ်ထားလိုက်
မင်း အမြဲတမ်း လှူတန်း ပေးကမ်းနေရမယ်၊ အမြဲတမ်း မှတ်ထားရမှာက  မင်း ပိုင်သမျှ သုံးပုံတစ်ပုံကို သူများကို ဝေမျှ လှူတန်းရမယ် ပေးကမ်းရမယ်. . "

"ဘာလို့လဲ"

"ကမ္ဘာကြီးက မင်း အပိုင်မဟုတ်ဘူး ကိုးနွယ်. . .လူသား တစ်ယောက် ဖြစ်လာပြီဆို လူ ပီသရမယ် မင်းရဲ့ လက်က အမြဲတမ်း သူများကို ကူညီဖေးမပြီး ပေးကမ်းတဲ့ လက်ပဲ ဖြစ်ရမယ် သူများကို နှိပ်စက်ညှင်းဆဲပြီး သူများဉစ္စာကို လုယူတဲ့ လက်မဖြစ်ရဘူး အဲ့တာ မင်းခေါင်းထဲမှာ အမြဲတမ်း မှတ်ထားနော်"

ကိုးနောင် မွေးကတည်းက လူစိတ်မရှိသောသူ ဖြစ်သည်။သူ လုပ်ခဲ့သမျှ အမှုပေါင်းသောင်းခြောက်ထောင် အတွက် နောင်တရစိတ်လည်း မရှိ။ဝမ်းလည်းမနည်း။သို့သော် သူ မှားမှန်းတော့ သူ အတပ်သိနေသည်။ထို့ကြောင့် ကိုးနွယ်မှာ သူ့သွေးတွေ အပြည့်ရှိပေမယ့် သူ့ရဲ့ မကောင်းတဲ့ အမွေကို မဆက်ခံစေချင်။သူ ကောက်ကောက်သွားတိုင်း သား လုပ်သူ ကောက်ကောက် မလိုက်စေရ။အရက်သမား သား ဘုရား ဖြစ်ရမည်။

Psychopath ဦီးနှောက် ဖြစ်စေဦး။ကိုးနွယ်က ကလေးပဲ ရှိသေးသည်။ဒီအချိန်မှာ သေချာ ပုံသွင်းရင် ရနိုင်သေးသည်။

ကိုးနောင် က လူတော် ပေမယ့် လူကောင်း မဟုတ်။
ကိုးနွယ်ကျရင် တော်လည်း တော်ရမည် ကောင်းလည်း ကောင်းရမည်။

ကိုးနွယ်က နားမလည်ပေမယ့် ခေါင်းငြိမ့်သည်။

"ကိုးနွယ် ငါ့ စကားနားထောင်"

ထိုစဉ် လျှပ်တစ်ပြတ် အိမ်ပေါ်တက်လာသော ခြေသံကြားရသည်။ခမ်းနောဝ်က ကိုးနောင်ဆီ ခြေသံ ပြင်းပြင်းနှင့်လျှောက်လာကာ

"ကိုးနောင် ငါတို့ စကား ခဏ ပြောရအောင်"

++++

ခမ်းနော့ဝ်က ကိုးနောင်ကို အိပ်ခန်းဆီ ခေါ်သွားကာ တံခါး လော့ခ်ချလိုက်သည်။

စိုင်းဆိုင်ခမ်းနော့ဝ်က တော်တော်လေး စိတ်ညစ်နေပုံ ပေါ်ကာ သူ့ကိုယ်ဆီမှ အရက်နံ့ပင် ခပ်သဲ့သဲ့ရ၏။မျက်လုံးအစုံက ရီဝေထိုင်းမှိုင်းနေကာ ပါးပြင်ကိုလည်း မလိုအပ်ပဲ ခဏ ခဏ ပွတ်သည်။

ကိုးနောင်က ကုတင်ပေါ် ထိုင်လိုက်ပြီး မလိုအပ်ပါဘဲ မျက်နှာသေထားမိသည်။အကယ်၍ စိုင်းဆိုင်ခမ်းနော့ဝ်က သူ့ကို လမ်းခွဲစကား ပြောခဲ့ရင် ထိုင် ငိုမနေချင်၍ ဖြစ်သည်။

"ဉာဏ်ကိုးနောင် မင်း Psycho test စစ်ဖူးလား"

ထင်မှတ်မထားတဲ့ ခမ်းနော့ဝ် စကားကြောင့် ကိုးနောင် က ခပ်အမ်းအမ်း ဖြစ်သွားသည်။

"အင်း"

"Psychopath မှန်း သေရော သေချာလို့လား"

"အင်း"

"တကယ်လား"

"အင်း"

" ပြန် စစ် မှားနေနိုင်တာပဲ"

"ဘာဖြစ်လို့လဲ"

"မင်း သတ်ခဲ့တဲ့ လူတွေ အတွက် နောင်တရလား"

"မရဘူး"

"အချိန်တွေသာ နောက်ပြန်ဆုတ်လို့ရရင် မင်း သူတို့ကို လွှတ်ပေးမှာလား မသတ်ဘဲ နေခဲ့မှာလား"

ကိုးနောင်က ဆိတ်ဆိတ်ပဲ နေသည်။

"ဘာလို့ အဲ့တာတွေ မေးနေတာလဲ"

"Psychopath မှာ ခံစားချက် မရှိဘူး အချစ်မရှိဘူး သူတို့ရဲ့ အချစ်က manipulate လုပ်ထားပြီး လိုချင်တာ ရအောင် ယူတဲ့ အမျိုးအစား. . ."

ကိုးနောင်ရဲ့ စိမ်းသော မျက်လုံးတွေက ခပ်စိမ်းစိမ်း  နိုင်စွာ ခမ်းနော့ဝ်ကို ကြည့်သည်။

"အဲ့တော့"

"ဉာဏ်ကိုးနောင် ငါ့ကို ချစ်လား"

'ချစ်' 'ချစ်' 'ချစ်'။အဲ့ဒီ ချစ်။ဘာသာစကား အမျိုးမျိုးပြောင်းသွားပေမယ့် အဲ့ဒီအချစ်က ခံစားချက် တစ်မျိုးတည်း ရှိသည်။ကိုးနောင် ပါးစပ် လျှာဖျားကနေ သူ သတ်ချင်တဲ့ လူအတော်များကို ဆွဲဆောင်ချင်ရုံနှင့် ချစ်တယ် ပြောခဲ့ဖူးသည်။ရင်ထဲက မလာသလို စိတ်ထဲကလည်း မပါ။

Psychopath က ချစ်တတ်လို့လား။

"ဉာဏ်ကိုးနောင် ဖြေလေ ငါ့တို့ အိမ်ထောင်သက်တစ်လျှောက်လုံး ငါ့ဘက်ကပဲ ချစ်တယ်၊ချစ်တယ် ပြောခဲ့တာ မင်း ဘက်က ငါ့ကို ချစ်တယ် တစ်ခွန်း ထွက်ဖူးသလား. . .အများဆုံး မင်း ပြောမှ သဘောကျတယ်ပဲ. . .မင်း သားသမီးတွေသာ တဖွဖွ ချစ်သမီးလေး ချစ်သားလေးနဲ့ နုယွပြနေတာ ငါ့အပေါ် အဲ့သလို ချစ်စကား တီတီတာခဲ့သလား ငါကသာ အရူးမ လင်တာရူးသလို နွားစိတ်ပေါက်နေတာ . . ငါက ဘယ်လောက်ထိ မင်း တွက် အရေးပါလဲ "

"ဘာလို့ ခုမှ မေးတာလဲ ကိုယ် အကြောင်း မင်း အစောကြီးကတည်းက သိတာပဲ"

"ငါ သိတယ် . . . ဒါမဲ့ ငါ မသိချင်ယောင်ဆောင်ခဲ့တာ မင်း ဘက်ကနေ ငါ့ကို မချစ်ဘဲ ဟန်ဆောင်နေပါတယ်လို့ ထ ပြီး ဖြေနေမှာ ကြောက်လို့ ပါးစပ်ပိတ်နေတာ ခုတော့ မရဘူး ငါ ခံမစားနိုင်တော့ဘူး အရမ်း ပူလောင်တယ် Psychopath ကို ချစ်ရတာ ဝဋ်ကြွေး အတော်ကြီးတယ်"

အချစ်နဲ့ ပတ်သက်၍ ကိုးနောင် ကလေးရမှ နည်းနည်း ခံစားတတ်တာ ဖြစ်သည်။သူ့ ကလေးတွေကို မြင်တိုင်း သူ့ရင်ထဲ အနွေးစီးကြောင်းတွေ ဖြတ်စီးလာတတ်သည်။ဒါကို မေတ္တာလို့ ခေါင်းစဉ် တပ်ရရင် ခမ်းနော့ဝ် အပေါ်ရော။

ကိုးနောင် မစဉ်းစားခဲ့။မတွေးတောခဲ့ပေ။
ခမ်းနော့ဝ် က သူ့အိမ်ထောင်ဘက်။ခမ်းနော့ဝ် ပျော်အောင် သူ အမြဲလုပ်ပေးချင်ခဲ့ပြီး ခမ်းနော့ဝ် ပျော်ရင် သူ ပျော်တယ်လို့ပဲ ခံယူထားသည်။

ခမ်းနော့ဝ် တွက် အသေးစိတ် ခံစားချက်ကို ကိုးနောင် မစဉ်းစားပေးခဲ့။ချစ်တယ်ထိ
နက်နက်ရှိုင်းရှိုင်း သူ မတွေးခဲ့မိ။

ခု ခမ်းနော့ဝ်က မေးနေလေပြီ။ချစ်လားတဲ့။

"ကိုယ့် ဦးနှောက်ကိုက အလုပ်မလုပ်တာ ကိုယ် ဘယ်တတ်နိုင်ပါ့မလဲ. . .ဒါမဲ့ မချစ်တတ်ပေမယ့် ကိုယ် မင်းအပေါ် ချစ်တယ် ထင်တာပဲ"

"ထင် တာ ပဲ. . .အာ. . . ဉာဏ်ကိုးနောင် မင်းကွာ"

ကိုးနောင်က အပြစ်ပြုမိသလို ခေါင်းငုံ့ထားသည်။ခမ်းနော့ဝ် ပေါ် ထားတဲ့ ခံစားချက်တွေက အခြားသူတွေနဲ့ မတူပေ။

ခမ်းနော့ဝ် နဲ့ပဲ အတူ နေချင်တယ်။
အတူ အိပ်ချင်တယ်။အတူ စားသောက်ပြီး ပျော်စရာ ရွှင်စရာ အကုန် ဝေမျှချင်တယ်။ရုပ်ရှင်အတူ ကြည့်ချင်တယ်။ကလေး အတူ ထိန်းချင်တယ်။နေ့ရက်တိုင်း တူတူ ဖြတ်သန်းသွားချင်ပြီး ကာကွယ်စောင့်ရှောက်သွားချင်တယ်။ဒါတွေ အကုန် အချစ်ကို ကိုယ်စားပြုလေသလား။

"မင်း ကိုယ့်ကို မုန်းချင်လည်း ရပါတယ် ကိုယ်နဲ့ တန်ပါတယ်"

ခမ်းနော့ဝ်က ကိုးနောင်ဆီ တဖြည်းဖြည်း ချင်းလျှောက်လာပြီး ကိုးနောင် ဘေး ခြေစုံရပ်သည်။ပြီး ခါးကိုင်းပြီး ကိုးနောင်ပုခုံးပေါ် လက်တင်လာသည်။

ရုတ်တရက် ခမ်းနော့ဝ်က ကိုးနောင် မျက်နှာကို ဆွဲယူကာ သူနဲ့ မျက်လုံးချင်း ဆုံစေသည်။

"ငါ့ မျက်နှာကို ကြည့် "

ကိုးနောင် မေးရိုးကို အားပါပါ ဖျစ်ညှစ်လိုက်ပြီး

"ဉာဏ်ကိုးနောင် မင်း ောက်ခေါင်းထဲမှာ မသေမချင်း မှတ်ထား. . .ငါ ဆိုတဲ့ စိုင်းဆိုင်ခမ်းနော့ဝ်က မင်း ငါ့ကို ချစ်သည် ဖြစ်စေ မချစ်သည် ဖြစ်စေ ငါက မင်းကို သေအောင် ချစ်တယ်ကွ နားလည်လား. . .မင်းဟာမင်း psychopath ဦးနှောက်နဲ့ မွေးလာလို့ အချစ်ရှိရှိ မရှိရှိ ငါ ဂရုမစိုက်ဘူး. . .တစ်နေ့ စိတ်ဖောက်ပြီး ငါ အနားက ထွက်ပြေးဖို့ ကြိုးစားရဲ ကြိုးစားကြည့် မင်း ခြေထောက်တွေ ရိုက်ချိုးပစ်မှာ မင်းက နည်းနည်း လူကောင်ပိုထွား‌ပေမယ့်ပေါ့"

ကိုးနောင်က မျက်လုံးပြူးစွာနှင့် "ဟမ်" ဟု အာမေဍိတ် သံ ပြုသည်။

"ခမ်း ခမ်း ခမ်းနော့ဝ် . . .ဘာတွေ ပြောနေတာလဲ"

"ဘာတွေ ပြောရမှာလဲ  မင်း lotus killer မှန်း သိတဲ့ နေ့ကစပြီး မနေ့ညထိ . . .မဟုတ်ဘူး. . . နံနက်ထိ ငါ့မှာ Psychopath တွေက အချစ်မရှိဘူး မင်း ငါ့ကို မချစ်ဘူး ‌ဆိုပြီး တိတ်တိတ်လေး ကြေကွဲနေရတာ ရူးမလိုပဲ ခုမှ ခက်ခက်ခဲခဲ ဆုံးဖြတ်လိုက်ရတာ မင်း ကြိုက်ကြိုက် မကြိုက်ကြိုက် ချစ်ချစ် မချစ်ချစ် ငါ ကတော့ ကြိုက်တယ်  ချစ်တယ် မကျေနပ်လည်း လဲသေလိုက်"

"ဟမ်"

"ဘာ ဟမ် တုံး"

"ကိုယ်ထင်တာက မင်းက ကိုယ့်ကို ရွံသွားပြီ ကိုယ့် လုပ်ရပ်တွေကြောင့် မုန်းသွားပြီ ဆိုပြီး"

"တစ်ယောက်တည်း ဇာတ်လမ်းတွေ ရေးနေတာလား"

"အွန်း"

"အဲ့တာကြောင့် မျက်ရည်တွေ ဝဲနေတာလား"

"အွန်း"

"ငါ ထင်တာ ငါ့အပေါ် မချစ်ဘဲ ချစ်ဟန်ဆောင်ခဲ့လို့ အားနာလို့ မျက်ရည်ကျတာလားလို့"

"ပရမ်းပတာ. . ."

"တော်ပြီ. .ဒီအကြောင်းကို ဆက်မပြောချင်ဘူး"

"တကယ်တော့ ခမ်းနော့ဝ် ကိုယ်ကို မချစ်ဘဲ မုန်းသွားမှာ ကြောက်နေခဲ့တာ တကယ် ကြောက်ခဲ့တာ. . .ခမ်းနော့ဝ်သာ ကိုယ့်ကို ကွာရှင်းဖို့ ပြောရင် ကိုယ် ဘာလုပ်မိမလဲ မသိဘူး"

ခမ်းနော့ဝ် က အနည်းငယ် ရွှင်လန်းလာပြီး

"ငါ က မင်း ထားသွားမှာ ကြောက်နေခဲ့တာ. . .ငါ့ဘဝ မင်း မရှိလို့ မဖြစ်ဘူး ကိုးနောင်. . .ဒီအခြေအနေ မိသားစုကြီးတောင် ထူထောင်ထားတာ ငါ ဘယ်အကြောင်းကြောင့်နဲ့မှ အပျက်မခံနိုင်ဘူး"

ကိုးနောင်က ခမ်းနော့ဝ် ကို ဖက်ကာ ခမ်းနော့ဝ် နှုတ်ခမ်းကို ဖွဖွလေး နမ်းသည်။

"ခမ်းနော့ဝ်ကို ချစ်တယ် ချစ်တယ် ချစ်တယ်"

"မယုံဘူး ခုမှ လာ မပြောနဲ့"

"ကိုယ် တောင်းပန်ပါတယ်"

"မလိုဘူး တောင်းပန်ချင် ငါတို့ နှစ်ယောက်လုံး မင်းခန့်ရာဇာကို ထိုင်ကန်တော့ရမှာ"

"မလုပ်နိုင်ပါဘူး သူက အရင် စ မှားတာကို"

"မင်း စိတ်က ရက်စက်တယ်ကွ ကိုးနောင်ရ သူများအသတ် သတ်လို့ မင်းပျော်ရမယ် ‌ဆိုတောင် ငါ့နဲ့ သားသမီးတွေ မျက်နှာထောက်ပြီး နောက်တစ်ခါ ဒီလို ဘယ်တော့မှ ထပ်မလုပ်တော့ဘူး ကတိပေး"

ကိုးနောင်က ခေါင်းငြိမ့်သည်။ပြီး ခေါင်းခါသည်။

"ဉာဏ်ကိုးနောင် မူယာမာယာတွေ မလုပ်စမ်းနဲ့ ကတိကို ဖြောင့်ဖြောင့်မတ်မတ် တည်တည်ကြည်ကြည်ပေး"

ကိုးနောင်က လက်သုံးချောင်းထောင်ပြီး

"ကျွန်တော် ဉာဏ်ကိုးနောင်သည် ယနေ့မှ စ ဘာအကြောင်းကိစ္စပဲ ရှိရှိ သက်ရှိတစ်ဦးတစ်ယောက် တစ်ကောင်ကိုမှ သတ်ဖြတ်ခြင်း မပြုတော့ပါ ဘဝတစ်လျှောက်လုံး ပါဏာတိပါကာကံကို အသက်တမျှ တတ်စွမ်းသမျှ စောင့်ထိန်းသွားပါမည် ကျေနပ်ပြီလား"

"စိတ်နဲ့ ဗီဇက ထိန်းရ ဖျောက်ရခက်ပေမယ့် လူက ချွန်းအုပ်ရင် ထိန်းလို့ရပါတယ်"

"အွန်း ကိုယ် တရားနာဖူးတယ် နန်းနွယ် မွေးပြီကတည်းက ကိုယ် တကယ် ဘယ်သူမှ ဒုက္ခမပေးဘဲ နေခဲ့ပါတယ်"

"မင်း လျှောက် လုပ် လှီးခုတ်နေတဲ့ အလောင်းတွေကကော"

ကိုးနောင်က တံတွေးတစ်ချက် မြိုချလိုက်ပြီး

"ဝယ်ထားတာ"

"ဝယ်ထားတယ်"

"အွန်း ( . . .)ဆေးရုံက ဆေးရုံအုပ်ကြီး သမီးက မက်ရှလေ သူငယ်ချင်း၊အဲ့ အလောင်းတွေ ရအောင် သူ ကူညီပေးတာ အချို့သူတွေကျ ခန္ဓာကိုယ်လှူထားတာတွေ ရှိတယ်လေ အဲ့တာတွေ ကိုယ်က မတရား ပိုက်ဆံနဲ့ ပေးဝယ်ထားတာ အခြားသူ ဘယ်သူမှ အဲ့လို လုပ်လို့ မရပါဘူး ကိုယ်က အလိုက် ကောင်းလို့ပါ"

"ငါ့အိမ်က သင်္ချိုင်းကုန်းကြီး ကျနေတာပဲ
အဲ့လောက် ဆိုးသွမ်းနေတာ သရဲ မခြောက်ဖူးလား မင်းကို"

"ခြောက်တယ် ကိုယ်မှ မကြောက်တတ်တာ"

အေဗလင် သေသွားတုံးက ကိုးနောင် ဆီ မကျွတ်ဘဲ ကပ်လာဖူးသည်။ဖြစ်ချင်တော့ ကိုးနောင်က သူ့ အသည်း တစ်ဝက်ကို ချက်ပြီး ဘာဂါကြားညှပ်ပြီး လန်ဒန်ထိ သယ်လာခဲ့သဖြင့် အသည်းကနေ စွဲလာတယ် ထင်သည်။ညကျ အဆောင် တံခါးကို ကျွီခနဲ ဖွင့်လာသည်။ပြီး ကိုယ်မပါ ခေါင်းကြီး ဝင်လာသည်။

ကိုးနောင် ပထမ လန့်သွားပေမယ့် ပြန်အိပ်ကာ "ပြန်ရင် တံခါးပိတ်သွား" လို့ လေသံမာမာနဲ့ ဟောက်လိုက်ရာ ခဏအကြာ တကယ် တံခါးပိတ်သံ ကြားရသည်။အေဗလင်က တော်တော်နဲ့ မကျွတ်။မက်ရှလေ ပင်လျှင် ခဏ ခဏ ခြောက်ခံရသည်။ခြောက်ပုံ ခြောက်နည်းကတော့ မက်ရှလေ ရေချိုးနေတုံး မှန်ထဲက ပေါ်လာတာတို့ ကိုးနောင် အိပ်နေတုံး မျက်နှာကို အေးစက်စက် ထိတွေ့တာတို့ ဖြစ်သည်။သို့သော် နှစ်ယောက်လုံးက အကြောက်အလန့်ဆိုတာ ပေါင်စားထားတာမို့ ဘာမှ မဖြစ်ခဲ့။ကြာတော့ သူ မခြောက်ရင်ကို "ဟို သရဲ ဘယ်မှာတုံး" တွေ ဖြစ်ကုန်သည်။

"မင်း ကတော့ မကြောက်တတ်ပေမယ့် ငါကတော့ ကြောက်တယ် သရဲနဲ့ ပိုးဟပ် အကြောက်ဆုံးပဲ"

"ပိုးဟပ်က ဘာဖြစ်တုံး ခမ်းနော့ဝ် ပုရစ်ကြော်တောင် စားနေတာပဲ"

"ပုရစ်နဲ့ ပိုးဟပ် တူလား မင်းရော ဘာထူးလဲ သရဲကျ မကြောက်ဘူး အမြင့်ကျ ကြောက်တယ် ကျိုက်ထီးရိုးသွားတုံးက ကေဗယ် အတူစီးရအောင်ပါဆို ဖင်ပြဲအောင်ကို အော်နေတာ"

"ဖင်ပြဲအောင်တော့ မအော်ပါဘူး"

"အဲ့ထက်တောင် ဆိုးသေး ချက်ချင်းကိုပဲ မူးလဲတော့မလို ဆေးရုံပဲ သွားရတော့မလို"

ကိုးနောင်က ခမ်းနော့ဝ် ခါးကို ဖက်၍ ဗိုက်ကို တိုးဝှေ့နေသည်။

"ကိုယ့် ကို မုန်းဘူးပေါ့ ခမ်းနော့ဝ်က"

"မင်း ရုပ်ကို ကျေးဇူးတင်"

ကိုးနောင် မျက်နှာချက်ချင်း ပျက်သွားသည်။

"ကိုယ့်ကို ရုပ်ကြည့်ပြီး ကြိုက်တာလား"

"ဟုတ်တယ်"

"တကယ်လို့ ကိုယ်က ရုပ်ဆိုးနေရင် ခမ်းနော့ဝ်က မကြိုက်ဘူးပေါ့"

"မကြိုက်ဘူး"

ကိုးနောင်က ချက်ချင်း ထ သွားသည်။သူ ထွက်သွားတော့ ခမ်းနော့ဝ်က တဟားဟား အော် ရယ်သည်။

"ပဘာဝတီကလည်း စတာပါဗျာ"

ကိုးနောင်က လက်တစ်ခါ ခါ နှင့် အခန်းပြင် ထွက်ဟန်ပြင်သည်။

"ခမ်းနော့ဝ်က ကိုယ့် ရုပ်ကိုပဲ ချစ်တာပါ ကိုယ် သိပါတယ်"

"ပဘာဝတီရဲ့ ဒရမ်မာတွေ စပြီ"

"ကိုယ်က ရုပ်ဆိုးကြီး ဖြစ်သွားရင် ခမ်းနော့ဝ်က
ကိုယ့်ကို တစ်ချက်တောင် လှည့်ကြည့်မှာ မဟုတ်ပါဘူး"

"ဒါပေါ့ ဒါပေါ့"

"ခမ်းနော့ဝ်!!"

"ဘာလဲ မင်းပြောတာ မှန်တာပဲလေ"

"မဟုတ်ဘူးလို့ ငြင်းကွာ"

"ကိုးနောင်ရာ မင်း တစ်နေ့တစ်နေ့ သုံးတဲ့ skincare တွေ ဘာတွေ သုံးမှန်းကို မသိတော့အောင် များလိုက်တာများ. . . မျက်နှာဂလိုးအောင် အစိုဓာတ်ဖြည့်အောင် . .အာ . . .ဗွက်ချာပေါက်အောင် သုံးလိုက်တဲ့ စကင်းကဲ. .သောက်လိုက်တဲ့ collagen ဒါနဲ့များ မင်းက ရုပ်ဆိုးမလား"

"အဲ့တာ ခမ်းနော့ဝ် အဲ့လို လှမှ ချစ်မယ် ပြောလို့လေ"

"အယ်"

"တကယ်လို့ ကိုယ်က အကြောင်းကိစ္စ တစ်ခုခုကြောင့် ရုပ်ဆိုးသွားရင် ခမ်းနော့ဝ်က ချစ်ဦးမှာလားပြော. . ."

"ချစ်မှာ ချစ်မှာဟာ. . . မပြောမချင်း မင်းက ရစ်နေမှာ"

"စိတ်ရှည်လက်ရှည် ပြောပြပါဆို
စိုင်းဆိုင်ခမ်းနော့ဝ် မင်း ကိုယ့်ကို အနိုင်မကျင့်နဲ့"

"ဟုတ်ပြီ ဟုတ်ပြီ. . . အစက မင်း ကို ချောလို့ လှလို့ ကြိုက်တာ မှန်တယ်ကွာ အေ့လေ လူတိုင်း လှတာ ကြိုက်ကြတာပဲ ငါလည်း ကြိုက်တယ်၊ဒီကြားထဲမှာ မင်းက သာမန်ထက် ပိုပြီး ထူးထူးခြားခြားဆိုတော့ ပို စိတ်ဝင်စားမိတာပေါ့"

"ယောက်ျားတွေ အကုန် တူတူပဲ"

"မင်းလည်း ယောက်ျားပဲ အပိုမပြောနဲ့. . .ငါ ပြောတာ ဆက် နားထောင်ဦး၊နောက်တော့ မင်း နဲ့ လည်း ယူပြီးရော ငါ ရင်ထဲ နောက် အတွေးဝင်လာတယ်. . .ဒီ ယောက်ျားက ငါ့ ယောက်ျားပဲ ငါ့ သစ္စာတွေ မေတ္တာတွေ ထာဝရပေးချင်တဲ့ ယောက်ျားပဲ ဆိုပြီး ခံစားလာရတာ . . . လှတာလေး တစ်ခုပဲ ငါ မက်ရင် မင်းတွက် အလကား ကလေးတောင် ဗိုက်နာခံ မွေးပေးမနေဘူး"

ကိုးနောင်က ပြုံးချင်ချင် ဖြစ်သွားသည်။

"ပြုံးလိုက်တော့ ကျေနပ်သွားပြီမလား"

"အင်း ကျေနပ်တယ်"

"အဖေက ထမင်း ချက်ထားဆို ကိုးနောင် သွားချက်လိုက်ဦး ငါ ကူပေးမယ်လေ"

"မလိုပါဘူး အငယ် ချက်လိမ့်မယ်"

ရုတ်တရက် ခမ်းနော့ဝ် ဖုန်းက ကောက်မြည်လာတာ မို့ ဖုန်းကိုင်လိုက်သည့်ခါ ဖုန်းက ချက်ချင်း ကျသွားသည်။

ထပ်ခေါ်ဖို့ ပြင်ပေမယ့် နောက်တစ်လုံးက ချက်ချင်း တန်းဝင်လာသည်။ဖုန်းကိုင်လိုက်ရာ တစ်ဖက်မှ လုံးဝ ထင်မှတ်မထားသော အသံကြောင့် ခမ်းနော့ဝ် ပြုံးရွှင်သွားသည်။

"ဦးငယ် မတွေ့ရတောင် ကြာပြီ"

++++

အလင်းဖျဖျလဲ့သော အခန်းထဲဝယ် ဆယ်ကျော်သက် ကောင်လေး တစ်ယောက်က တည်ငြိမ်စွာ ထိုင်နေသည်။မထီတရီ စိန်ခေါ်လိုသည့်အပြုံးက နှုတ်ခမ်းမှာ ချိတ်ဆွဲလျက်။လက်မှ နဂါးပုံ တက်တူးက ဝံ့ကြွားစွာ။သူ့ ဘေးဝယ် ဂျပန်ရိုးရာ အင်္ကျီဝတ်ဆင်ထားသော ဆူမိုနပန်းသမားလောက်နီးနီး ခန့်ညားဝံ့ထွားနေသော လူသန်ကြီး တစ်ဦးက အစောင့်အကြပ်သဖွယ် ရပ်လျက်ရှိနေသည်။

"ဖုန်းက ဝင်ပေမယ့် ပြန်ကျသွားပါတယ် ခေါင်းဆောင်"

အနက်ရောင် suit ဝတ်ဆင်ထားသော အမျိုးသားက ရိုကျိုးစွာနှင့် ထိုခေါင်းဆောင်ဟုဆိုသော ဆယ်ကျော်သက်လူငယ်ကို ပြောသည်။တစ်ဖန် ဆက်လက်၍ ဓာတ်ပုံ တစ်ပုံကို ခေါင်းဆောင်ငယ်ရှေ့ ချပေးလိုက်ပြီး

"Lotus killerရဲ့ နာမည်အရင်းက Nyan Coe Naungပါ မြန်မာနိုင်ငံ မန္တလေးမြို့မှာ နေထိုင်ပါတယ် သူ့မှာ လိင်တူအမျိုသားတစ်ယောက်၊သားတစ်ယောက် သမီးတစ်ယောက် ရှိပါတယ်"

"အာ့ ဟား စိတ်ဝင်စားစရာပဲ"

ခေါင်းဆောင်ငယ်က ဓာတ်ပုံကို စေ့စေ့ ကြည့်သည်။ဓာတ်ပုံထဲဝယ် မျက်လုံးစိမ်းများနှင့်ပြစ်မျိုးမှဲ့မထင် ချောမောလှပသော အမျိုးသားနှင့် သူ့ဘေးဝယ် မျက်မှန်နဲ့ ချစ်စရာ အမျိုးသားတစ်ယောက်။သူတို့ နှင့်အတူ ကလေးနှစ်ယောက်။

ခေါင်းဆောင်ငယ်က အော်ရယ်မောသည်။ပြီး သူ့ ရှေ့က လိုက်ကာကို ဆွဲဖွင့်လိုက်တော့ နဂါးနက် ဂိုဏ်းသားများက ရိုကျိုးစွာ ဦးညွှတ်လာသည်။ဓာတ်ပုံကို ဂိုဏ်သားများရှေ့ ကြမ်းပြင်ပေါ် ပစ်ချလိုက်ပြီး

"သေချာကြည့်ထားကြ အဲ့တာ Lotus killer ပဲ ငါတို့ အဖိုး အဖေ ဦးလေး တစ်မျိုးလုံးကို သတ်သွားတဲ့ ရန်သူတော်ကြီးပဲ. . .မင်း တို့ထဲက ဘယ်သူမဆို Lotus killerခေါင်းကို ငါ့ရှေ့မှာ ဖြတ်နိုင်ခဲ့ရင် ယန်း 1သန်း ပေးမယ်. . .ခု သူ့ သားနဲ့ သမီးကို ဖမ်းခေါ်လာခဲ့ Lotus killerဘယ်လို ဆွေ့ဆွေ့ခုန်မလဲ ကြည့်ကြတာပေါ့"

"ခေါင်းဆောင် ခုချက်ချင်း မန္တလေးကို သွားမလို့လား"

ခေါင်းဆောင်ငယ်က ပြုံးသည်။

မကြာခင်ပင် အနက်ရောင် ဝတ်၊လက်ဖျံမှာ ဂျပန်ရိုးရာ နဂါးနက်ပုံ ဆင်တူ ထိုးထားသော လူ အယောက် ငါးဆယ်သည် မြန်မာနိုင်ငံတွင်းသို့ မသိမသာ ကွက်ကြား ကွက်ကြား နေရာစုံမှ ဝင်လာကြလေတော့သည်။

_________

12.12a.m
14.4.2024(Sunday)
Mary_Koe
6253


Zawgyi

ရဲေတြ အိမ္ေရာက္လာေသာအခါ ကိုးေနာင္က တံခါး ဖြင့္ေပးသည္။တစ္ခ်ိန္တည္းမွာပင္ ခမ္းေနာ့ဝ္က ေလွကားေပၚမွ ဆင္းလာသည္။ျဖစ္ရပ္တစ္ခုလုံးက ေသြးပ်က္စရာေပမင့္ ခမ္းေနာ့ဝ္က ထင္မွတ္မထားေလာက္ေအာင္ တည္ၿငိမ္ကာ ေသသပ္လြန္းသည္။ဘာဆို ဘာမွ မျဖစ္ခဲ့သည့္ သာမန္လိုသာ။ခပ္ၿပဳံးၿပဳံးႏွင့္ ရဲေတြကို ပင္ ေနရာထိုင္ခင္း ေလာကဝတ္ျပဳေနသည္။

ရဲ သုံးေယာက္က ဧည့္ခန္းဝယ္ ဝင္ထိုင္လိုင္ၾကသည္။ရဲမ်က္ႏွာေတြက အနည္းငယ္ တင္းသည္။

"က်ဳပ္တို႔ နည္းနည္းေလး ေမးျမန္းစရာ ရွိလို႔ လာခဲ့တာပါ"

"ရပါတယ္ ေမးပါခင္ဗ်"

"ေဒါက္တာ တို႔ ေဆး႐ုံက ေဒါက္တာမင္းခန႔္ရာဇာ က လြန္ခဲ့တဲ့ တစ္လက အဆက္အသြယ္မရဘဲ ေပ်ာက္ဆုံးသြားခဲ့ပါတယ္"

ခမ္းေနာ့ဝ္က အံ့ဩဟန္ ျပဳသည္။

"ဘယ္လို ျဖစ္ရသလဲဗ်ာ"

"က်ဳပ္တို႔ စုံစမ္းေနၾကဆဲပါ ေဒါက္တာ စုံစမ္းစစ္ေဆးမႈမွာ ပူးေပါင္းပါဝင္ေပးပါ"

"ရပါတယ္ ကြၽန္ေတာ္ သိသေလာက္ ေျပာျပပါ့မယ္"

"ကိုမင္းခန႔္ရာဇာနဲ႕ သိတာ ၾကာၿပီလား"

"ၾကာၿပီေပါ့ဗ်ာ ကြၽန္ေတာ္ အိမ္ေထာင္မက်ခင္ကတည္းကပါပဲ"

"ရင္ႏွီးၾကသလား"

"ရင္ႏွီးပါတယ္ မင္းခန႔္ရာဇာက လူရည္မြန္ေလးပါ"

"စိတ္ဝမ္းကြဲဖူးတာ ရန္ျဖစ္ဖူးတာ ရွိဖူးလား"

ခမ္းေနာ့ဝ္က ၿပဳံးၿပီး

"မရွိပါဘူး"

"သူ ေနာက္ဆုံး ေတြ႕ခဲ့တာ ေဒါက္တာနဲ႕ပါ အဲ့ကတည္းက သူ ေပ်ာက္သြားတာပဲ အဲ့ေန႕တုံးက ေဒါက္တာ ေန႕လယ္ သုံးနာရီေလာက္ကတည္းက ေဆး႐ုံကို လာတယ္ ေဆး႐ုံကေန ည 11မွ ျပန္လာတယ္ ၾကားထဲ ေဒါက္တာ ဘာလုပ္ေနလဲ ၾကားသေလာက္ ေဆး႐ုံက ပိတ္ထားတာပါ ေဆး႐ုံမွာ ဘာမ်ား လုပ္စရာ ရွိလို႔ ၾကာေနတာလဲ ကိုမင္းခန႔္ရာဇာလည္း အဲ့ဒီ ေဆး႐ုံမွာပါပဲ"

"မဟုတ္ပါဘူး ခမ္းေနာ့ဝ္က ကြၽန္ေတာ္နဲ႕ တူတူ ေလးနာရီ ငါးနာရီ ေလာက္ကတည္းက ျပန္လာတာပါ ကြၽန္ေတာ္ကိုယ္တိုင္ သူ႕ကို သြားႀကိဳခဲ့တာပါဗ်ာ"

ကိုးေနာင္က ခမ္းေနာ့ဝ္ ေဘး ဝင္ထိုင္ကာ ရဲ အရာရွိမ်ားေရွ႕ ‌ေကာ္ဖီခြက္ သုံးခြက္ ခ်ေပးလိုက္သည္။

ရဲအရာရွိက ကိုးေနာင္က စူးစမ္းသလို ၾကည့္ေသာ္

"ဉာဏ္ကိုးေနာင္ပါ ေဒါက္တာ စိုင္းဆိုင္ခမ္းေနာ့ဝ္ အမ်ိဳးသားပါ"

ရဲသုံးေယာက္မ်က္ႏွာ အံ့ဩမႈျဖင့္ သူတို႔ ႏွစ္ေယာက္ကို ခပ္စိမ္းစိမ္းၾကည့္ေတာ့

"လိင္တူစုံတြဲက ခင္ဗ်ားတို႔တြက္ ျပႆနာ ရွိလို႔လား"

"စိတ္မရွိပါနဲ႕ ‌က်ဳပ္တို႔လည္း ေခတ္မီပါတယ္"

"ေကာ္ဖီေလး သုံးေဆာင္ပါဦး"

"လုံၿခဳံေရးကေတာ့ ေဒါက္တာကို ည ဆယ္တစ္ေလာက္က ျမင္တယ္လို႔ ထြက္ဆိုထားပါတယ္"

"အျမင္မွားေကာင္းမွား နိုင္ပါတယ္ဗ်. . .အဲ့ေန႕တုံးကေတာ့ ကြၽန္ေတာ္တို႔ ေဆး႐ုံက ျပန္လာၿပီး ကိုမင္းရွင္ေမာ္ ဆီမွာ ညစာ စားေနတာပါ"

ကိုးေနာင္က ေဖာ္ေ႐ြၾကည္လင္ေသာ အၿပဳံးကို ပန္ဆင္ကာ အမူအရာက လူႀကီးလူေကာင္းဟန္ႏွင့္ ေျပာသည္။ရဲေတြရဲ႕ မ်က္ႏွာတင္းတင္းက မင္းရွင္ေမာ္နာမည္ ၾကားၿပီးေနာက္ ေျပေပ်ာ့သြားသည္။မင္းရွင္ေမာ္ နာမည္အလြဲသုံးစားလုပ္ရတာ အက်ိဳးရွိသည္။

"ခင္ဗ်ားတို႔ အလီဘိုင္ စစ္ခ်င္တယ္ဆို ကိုမင္းရွင္ေမာ္ကို သြားေမးနိုင္ပါတယ္"

"ရတယ္ ရတယ္ မလိုဘူး"

"ေဒါက္တာတို႔က ကိုမင္းရွင္ေမာ္နဲ႕ ရင္းႏွီးလား"

"ရင္းႏွီးပါတယ္ . . ကြၽန္ေတာ္က ကိုမင္းရွင္ေမာ္အဘြားရဲ႕ personal doctorဆိုပါစို႔ "

ခမ္းေနာ့ဝ္က ဝင္ေျဖသည္။

"ဪ ဘာပဲျဖစ္ျဖစ္ က်ဳပ္တို႔က တာဝန္အရ စုံစမ္းေမးျမန္းရတာပါ. . ကိုမင္းခန႔္ရာဇာ က အဲ့ေန႕ကတည္းက လုံးဝ အဆက္မသြယ္မရ ေပ်ာက္ျခင္းမလွ ေပ်ာက္သြားတာမို႔ မိသားစုဝင္ေတြက အင္မတန္ စိတ္ပူပန္ေနၾကတယ္"

ထိုစဥ္ ရဲေတြရဲ႕ မ်က္လုံးက နံရံမွာ ခ်ိတ္ထားတဲ့ တရားသူႀကီးဆီ ေရာက္သြားသည္။ထိုစဥ္ခ်က္ခ်င္း အံ့ဩဝမ္းသာမႈ နဲ႕ ေလးစားမႈက ေပၚ‌လာသည္။

ကိုးေနာင္က နံရံကို ေနာက္လွည့္ၾကည့္၍

"ကြၽန္ေတာ့္ ညီေလး ေလ (X )ၿမိဳ႕နယ္တရားသူႀကီးပါ. . ."

"ဆရာဘုန္းဆတ္ႏြယ္က ကိုဉာဏ္ကိုးေနာင္ ညီလား
တကယ္ကို ကမၻာႀကီးက က်ဥ္းက်ဥ္းေလးပဲ ဆရာက က်ဳပ္တို႔ကို အရမ္း ကူညီတတ္တာ စိတ္ရင္းလည္း သိပ္ေကာင္းပါ့ဗ်ာ. . ."

"အဲ့တာေၾကာင့္ ထင္ပါတယ္ ကိုဉာဏ္ကိုးေနာင္က ဆရာနဲ႕ ဆင္ပါတယ္လို႔ . . .တကယ္ကို ညီအစ္ကိုႏွစ္ေယာက္လုံးက ႐ုပ္ေျဖာင့္တာပဲ ေတြ႕ရတာ ဝမ္းသာပါတယ္ဗ်ာ. . ."

ဉာဏ္ကိုးေနာင္က ရယ္ေမာကာပင္

"ေတြ႕ရတာ ဝမ္းသာပါတယ္ ေရစက္ပါလို႔ ေတြ႕ရတယ္ ထင္ပါတယ္"

"ဟုတ္ကဲ့ပါဗ်ာ"

ခဏအၾကာ ရဲ သုံးေယာက္က ျပန္ရန္ ထသည္။

"မေသခ်ာရင္ CCTV စစ္ၾကည့္ပါလား. . ."

"မစစ္ရိုးရွိပါ့မလား ကိုကိုးေနာင္ရာ CCTV က အဲ့ေန႕ မတိုင္ခင္ တစ္ပတ္ကတည္းက ပ်က္ေနတာဗ်"

"ဪ . . .စိတ္မေကာင္းစရာေပါ့"

မင္းခန႔္ရာဇာ က အႀကံႏွင့္ အကုန္ ဖ်က္ထားခဲ့ပုံပင္။ခက္သည္ကား သူ႕ လည္ကြင္းကို ႀကိဳးကြင္းသလို ျဖစ္သြားခဲ့သည္။

++++

ထမင္းစားခန္းထဲ ၿငိမ္သက္တိတ္ဆိတ္ေနသည္။

မ်က္ႏွာခ်င္းဆိုင္ ထမင္းစားေနေပမယ့္ သူတို႔ စကားမေျပာျဖစ္ၾက။

"ဉာဏ္ကိုးေနာင္"

ခမ္းေနာ့ဝ္ က သမုဒၵရာေအာက္ေျခမွာ ပ်က္က်ေနတဲ့ ေလွငယ္လို စိတ္ပ်က္စြာ ေခၚေတာ့ ကိုးေနာင္က အမူအရာမဲ့စြာ သူ႕ကို ၾကည့္လာသည္။ၿပီး ခ်က္ခ်င္း မ်က္လႊာခ်သြားကာ အသားတစ္တုံးကို ခက္ရင္းနဲ႕ ထိုးကာ ပါးစပ္လႈပ္႐ုံ ျဖည္းျဖည္းႏွေးႏွေး စားလိုက္သည္။

"ဘယ္ကတည္းကလဲ"

"11ႏွစ္ ကတည္းက"

"ဘယ္ႏွေယာက္ သတ္ခဲ့တာလဲ"

"အတိအက် မမွတ္မိေတာ့ဘူး 80နီးပါးပဲ"

ခမ္းေနာ့ဝ္က သက္ျပင္းခ်ကာ

"ဟ့ . . .80 80 80. . ဘယ္လိုခံစားရလဲ"

"ေပ်ာ္တယ္ . . .လူေတြ နာက်င္ေနတာျမင္ရင္"

"Psychopath လား"

"ထင္တာပဲ"

ခမ္းေနာ့ဝ္က ခပ္ေလွာင္ေလွာင္ တစ္ခ်က္ရယ္လိုက္ၿပီး

"Psychopath ေတြက အခ်စ္မရွိဘူး သူတို႔ အခ်စ္က တစ္ဖက္သူကို manipulate လုပ္ထားတဲ့ အခ်စ္တဲ့ . . .ဆိုေတာ့ ဒီ အိမ္ေထာင္သက္ တစ္ခုလုံးမွာ ငါ့ဘက္ကပဲ မင္းကို တစ္ဖက္သတ္ခ်စ္ေနခဲ့တာမ်ားလား"

ဉာဏ္ကိုးေနာင္က ထိုင္ေနရာမွ ဝုန္းကနဲ ထရပ္ကာ ေက်ာက္စားပြဲကို လက္နဲ႕ ဝုန္းခနဲ ျမည္တဲ့ထိ ရိုက္ပစ္သည္။မ်က္လုံးေတြ စူးစူးရဲရဲနိုင္စြာ ေမးေၾကာေတြ ေထာင္လ်က္။သို႔ေသာ္ ခဏတြင္းပင္ ကိုးေနာင္က သက္ျပင္းရွည္ႀကီး ခ်လိဳက္ၿပီး ျပန္ထိုင္သည္။

"ကိုယ္က ဟန္ေဆာင္ၿပီး မင္း နဲ႕ အတူေနရေအာင္ မင္းက သမၼတလည္း မဟုတ္ millionaire လည္း မဟုတ္"

"ႏွိမ္တာကြာ"

"ေနာက္ဆုံးေတာ့လည္း ကိုယ္က မင္းတြက္ ႐ြံစရာေကာင္ပါပဲ. . ."

ကိုးေနာင္က ခပ္တိုးတိုးေရ႐ြတ္သည္။

ကိုးေနာင္က ရင္ထဲ နာက်င္သည္။သူ႕ ဘက္မွ ဘုရားေတာင္ မရွိေတာင္ ခမ္းေနာ့ဝ္က အၿမဲရွိမယ္ ယုံၾကည္ထားခဲ့သည္။သူ အရမ္း ေမွ်ာ္လင့္ထားမိသည္။သူ လို မေကာင္းတဲ့ေကာင္၊အသည္းႏွလုံးမရွိတဲ့ေကာင္ နား ဘယ္သူ က ေနခ်င္ၿပီး အခ်စ္ႏွင့္ ေထြးေပြ႕ခ်င္ပါ့မည္နည္း။ေအာင့္တက္လာတဲ့ ႏွလုံးက နာက်င္မႈကို ကိုးေနာင္ လ်စ္လ်ဴရႉကာ ထမင္းကို ဟန္မပ်က္ ဆက္စားသည္။

ကိုးေနာင္ ေတြးခဲ့ဖူးသည္။ခမ္းေနာ့ဝ္က သူ႕ကို မလိုခ်င္ေတာ့ဘူး လမ္းခြဲဖို႔ ေျပာခဲ့ပါလွ်င္ သိပ္ကို ခံရခက္စြာ ေဒါသထြက္လိမ့္မည္ဟု။
တကယ္တမ္း ခမ္းေနာ့ဝ္မ်က္ႏွာမွာ သူ႕ အေပၚ စိတ္ပ်က္မႈႏွင့္ သူ႕ လုပ္ရပ္မ်ားက ႐ြံရွာကာ သူႏွင့္ ေဝးေဝး ထြက္သြားလိုမႈကို ခံစားမိေသာအခါ ေဒါသအစား ဝမ္းနည္းမႈသာ ရင္ထဲ ဆို႔တက္လာသည္။

"ေအးေပါ့ မင္းက ႐ြံစရာေကာင္"

စကားဝိုင္း က တိတ္ဆိတ္သြားသည္။

ခမ္းေနာ့ဝ္က ထမင္းကို ဆက္မစားလိုဟန္နဲ႕ ဇြန္းကို ေဆာင့္ခ်လိဳက္ၿပီး ေခါင္းကို လက္နဲ႕ ဖြလိုက္သည္။ၿပီး မတ္တပ္ထသည္။ၿပီးေတာ့ ကိုးေနာင္ကို ေက်ာခိုင္း ထြက္သြားသည္။

ကိုးေနာင္ ႏွလုံးက တဒိတ္ဒိတ္ခုန္လာၿပီး မ်က္ေတာင္ဖ်ားေတြက လႈပ္ခတ္လာသည္။ခမ္းေနာ့ဝ္က သူ႕မ်က္ႏွာေတာင္ မျမင္ခ်င္ေတာ့ဘူးပဲ။က်လဳဆဲ မ်က္ရည္ကို ေခါင္းငုံ႕ကာ အတင္းထိန္းလိုက္သည္။

သို႔ေသာ္ မရ။

မ်က္ရည္က ပါးေပၚ စီးက်လာသည္။ကိုးေနာင္က ေခါင္းငုံ႕ခ်လိဳက္သည္။ပုခုံးေတြ တသိမ့္သိမ့္တုန္လာသည္။

ခမ္းေနာ့ဝ္ ပါးစပ္ကေန "ကြာရွင္းရေအာင္" လို႔ ေျပာခဲ့ရင္. . .ဟင့္အင္း လုံးဝ မကြာနိုင္ဘူး။ခမ္းေနာ့ဝ္က သမၼတမဟုတ္ေပမယ့္ ကမၻာ့က်ိက်ိတက္ millionaire မဟုတ္ေပမယ့္ ကိုးေနာင္ရဲ႕ . . .ကိုးေနာင္ရဲ႕။

++++

ႏွစ္ရက္တိတိ သူတို႔ ႏွစ္ေယာက္ၾကားဝယ္ ေျပာေသာ စကားသည္ တစ္ခြန္း စီ သာ။

"အေဖက ဖိန္းႏႊဲခါ သူ႕အိမ္လာခဲ့" ႏွင့္ " အင္း သြားတာေပါ့"  ပဲ ျဖစ္၏။

ဟုတ္ပါတယ္ေလ။စိုင္းဆိုင္ခမ္းေနာ့ဝ္က သူနဲ႕ ဘယ္ စကားေျပာခ်င္ပါေတာ့မလဲ။

ခမ္းေနာ့ဝ္ ကို ၾကည့္လိုက္လွ်င္ အၿမဲ စိတ္ရႈပ္ေနပုံ ေပါက္သည္။ထမင္း ဟင္းေတြ ဖြယ္ရာစြာ ျပင္ဆင္ေပးထားလည္း မစား။ည အိပ္ရင္လည္း လူးလြန႔္ေနကာ ကိုးေနာင္ အိပ္ခန္းအျပင္ ထြက္ေပး ျပန္ေတာ့ ကိုးေနာင္ကို မဲ့တဲ့တဲ့ ၾကည့္ကာ ေက်ာေပးသြားသည္။

ဘဝမွာ ဒီအေျခအေနေလာက္ ကိုးေနာင္ အခက္မေတြ႕ဖူး‌ေပ။သို႔ေသာ္ ကိုးေနာင္ က လည္း တစ္ခ်ိန္လုံး ႐ုပ္တည္နဲ႕သာေနၿပီး မ်က္လုံးစိမ္းမ်ားက ေဆာင္းေလ လို သုန္မႈန္စြာ။

စစ္ေအးတိုက္ပြဲက ကိုးေနာင္ကို နာက်င္ေစသည္။ထို႔ေၾကာင့္ ေနာင္ဘုန္းသိုက္ အိမ္ သြားဖို႔သာ စိတ္ေစာေနမိသည္။မၾကာခင္ပင္ အထုပ္အပိုးေတြ ျပင္ၿပီးေနာက္ ေလးေယာက္သား ေနာင္ဘုန္းသိုက္ အိမ္ထြက္ခဲ့ၾကသည္။

စစ္ေအးတိုက္ပြဲၾကား ကိုးႏြယ္ဟာ ဝင္ မရႈပ္ပါေလ။ထိုနည္းတူစြာ နန္းႏြယ္ကလည္း အႏၱရာယ္စက္ကြင္းမွ ေဝးေဝးသာ ေန၏။ကံေကာင္းစြာ နန္းႏြယ္ ရွင္မာန္accကို ရလာသည္။ရွင္မာန႔္ ကို ေဟး ဟိုင္းေနရတာနဲ႕ အိမ္တြင္းေရးကို စိတ္မဝင္စားအား။

ေနာင္ဘုန္းသိုက္ က ရန္ကုန္က luxury condoကို ေရာင္းၿပီး မႏၱေလးခ်မ္းျမသာစည္ၿမိဳ႕နယ္မွာ Europe style luxury ဆန္ဆန္ တိုက္အသစ္အႀကီးအက်ယ္ ေဆာက္ထားသည္။ေနာင္ဘုန္းသိုက္ company က ေဆာက္လုပ္ေရးလုပ္ငန္း company ျဖစ္သည့္အျပင္ ကိုယ္တိုင္ကလည္း ေဆာက္လုပ္ေရး အင္ဂ်င္နီယာတစ္ေယာက္ ျဖစ္တာမို႔ အိမ္က ျမင္တာနဲ႕ပင္ အတိုင္းထက္လြန္ သေဘာက်စရာပင္။အိမ္က သုံးထပ္ ရွိၿပီး သုံးထပ္အေပၚဆုံးကို အမိုးဖြင့္ထားသည္။

အိမ္ပတ္ဝန္းက်င္က အေနအထားမဆိုးလွပါ။လမ္းေထာင့္မွာ ေဆာက္ထားတာက တစ္ေၾကာင္း၊ႀကီးမားတာကတစ္ေၾကာင္း တစ္အိမ္တည္းသီးသန႔္ကြဲထြက္ေနသေယာင္။

သူတို႔ ေရာက္လာေတာ့ ေနာင္ဘုန္းသိုက္က ဆီးႀကိဳသည္။သူ႕ေဘး ဆတ္ႏြယ္ ရပ္ေနကာ ဆတ္ႏြယ္ေဘး ရွိုင္းမိုဟန္က အိမ္ျမႇောင္လို တြယ္ကာ ရပ္ေနသည္။ရွိုင္းမိုဟန္က ဆယ္ႏွစ္ရာသီ စပ္ၿဖီးၿဖီး ျဖစ္ေနၿပီး သူ တည္ၿငိမ္စြာ ခန႔္ခန႔္ညားညားေနသည့္အခ်ိန္ကို ကမၻာပ်က္မွသာ ေရာက္မည္ ထင္သည္။

ရွိုင္းမိုဟန္ကို ျမင္ေတာ့ ကိုးေနာင္က သိသာစြာ စိတ္အလိုမက်ဟန္ ျပေသာ္လည္း ရွိုင္းမိုဟန္က သူ႕အိတ္အထုပ္ေတြ ကူသယ္ေပးေနေတာ့ မ်က္ႏွာက နည္းနည္းၾကည္ေပးရသည္။

သို႔ေသာ္ ဆယ္ႏြယ္က ရွိုင္းမိုဟန္ လက္ထဲမွ အထုပ္ေတြ အကုန္ဆြဲယူသြားသည္။

"အေဖ ကြၽန္ေတာ့္မိသားစုတြက္ ပထမထပ္ တစ္ထပ္ လုံးေပး"

"ယူ ယူ"

"ေက်းဇူး"

နန္းႏြယ္က ေနာင္ဘုန္းသိုက္ကို ခုန္ ေျပးဖက္ရာ ေနာင္ဘုန္းသိုက္ ေနာက္လွန္လဲ မတတ္ျဖစ္သြားသည္။

"ဖိုးဖိုး မီးကို ခ်ီ ခ်ီ. . ."

"ဖိုး မခ်ီနိုင္ပါဘူး ငါ့ ေျမးပုဂၢိုလ္ႀကီးကို"

နန္းႏြယ္က ႏႈတ္ခမ္းစူကာ ေနာင္ဘုန္းသိုက္ကို ေပကပ္ကပ္ လုပ္ျပၿပီး

"မီးကို ဝတယ္လို႔ ေျပာခ်င္တာလား"

"မေျပာရဲပါဘူးဗ်ာ"

"မေျပာရဲလို႔ စိတ္ထဲကေန ႀကိတ္ေျပာေနတာမလား သိပါတယ္ ဖိုးက မီးကို မခ်စ္ပါဘူး"

"ဖိုး က ငါ့ေျမးေတြကို အခ်စ္ဆုံးပါဗ်ာ ေက်နပ္ၿပီလားဗ်ာ"

"ေက်နပ္ဘူး"

နန္းႏြယ္က စူပုတ္ပုတ္တမင္လုပ္ကာ လက္ျဖန႔္ေတာ့ ေနာင္ဘုန္းသိုက္က အလိုက္တသိ တစ္ေသာင္းတန္တစ္႐ြက္ ထုတ္ေပးသည္။

"အႏြယ္ေရ "

ေနာက္က ခမ္းေနာ့ဝ္က ဆူသလို ေအာ္ေတာ့ နန္းႏြယ္က မ်က္ႏွာငယ္နဲ႕

"တစ္ေထာင္ပဲ ေပးလည္း ရပါတယ္"

ေနာင္ဘုန္းသိုက္က တစ္ေထာင္ ထုတ္ေပးေတာ့ မ႐ႊင္မျပ ယူသြားသည္။ခမ္းေနာ့ဝ္ ေက်ာေပးသြားေတာ့ ခ်က္ခ်င္း အဖိုးျဖစ္သူ လက္ထဲမွ တစ္ေသာင္းကို ဘတ္ကနဲ ယူသြားၿပီး fly kiss လုပ္သြားေသးသည္။တကယ့္ အရႈပ္ထုတ္မေလး။

ကိုးႏြယ္က နန္းႏြယ္ရဲ႕ 'မီး' ဆိုေသာ အသုံးႏႈန္းႀကီးကို အေတာ္ေလး အူယားမိသည္။႐ုပ္ၾကမ္းႀကီးနဲ႕ ႏြဲ႕ေနသလိုခံစားရ၏။

အိမ္ေနာက္ေဖးမွာ ေရကူးကန္ႀကီးရွိသည္။

"အငယ္ ဘာလို႔ ေရကူးကန္ကို ေနာက္မွာ ေဆာက္တာလဲဟင္. . အေရွ႕မွာ ေဆာက္လို႔ရသားနဲ႕ "

နန္းႏြယ္က ဆတ္ႏြယ္ လက္ကို ဘယ္လႊဲလိုက္ ညာလႊဲလိုက္ ဆြဲကာ ေမးေတာ့ တရားသူႀကီး ေျဖတာ ရိုးရွင္းပါသည္။

"ေဆာက္ခ်င္လို႔ ေဆာက္တာ" တဲ့ ။

++++

ကိုးေနာင္တို႔ ေနာင္ဘုန္းသိုက္ ဆီ ေရာက္လာတာ နံနက္ 10။

ဆတ္ႏြယ္နဲ႕ ရွိုင္းမိုဟန္ အလစ္တြင္ ကိုးေနာင္က ေနာင္ဘုန္းသိုက္ဆီခ်ဥ္းကပ္ကာ

"အငယ္နဲ႕ ရွိုင္းမိုဟန္ကို သေဘာတူလိုက္တာလား"

"မတူလို႔မရေတာ့ဘူးေလ ကဲသဲ‌ျပေနတာ မင့္ညီပဲ"

"ဒါမဲ့"

"မင့္ ထက္ ငါ့က ပိုေသြးတက္ေသး. . .တားမွ မရတာ ပူမ‌ေနပါနဲ႕ ျပတ္မွာ"

"မျပတ္ေလာက္ဘူး"

ကိုးေနာင္ ပူတာထက္ ေနာင္ဘုန္းသိုက္က ပို ပူပါ၏။ဘယ္ႏွယ့္ ကိုယ့္ သား‌‌ေ႐ႊဥျမတ္ရႉရတနာကို က်ီးခ်ီသြားသလို ရင္မွာ ကလိကက်ိႏွင့္ ခံရခက္သည္။

အရင္က ပို ပူသည္။ေနာင္ဘုန္းသိုက္ ပိုင္ဆိုင္မႈ သန္းခ်ီ ရွိေသာ္လည္း အေမြဆက္ခံမဲ့သူ မရွိ။ဆတ္ႏြယ္ကလည္း အားေန လႉဖို႔ေလာက္သာ ေတြးေနကာ ဉာဏ္ကိုးေနာင္ကလည္း သူ႕ အေမြ မယူဟု ယတိျပတ္ ဆိုသည္။

တစ္ခ်ိန္ သူ ေသခဲ့ေသာ္ သူ႕ ပိုက္ဆံေတြ ဘုန္းႀကီးေက်ာင္း ေရာက္ရင္ ေရာက္ မေရာက္ရင္ ရွိုင္းမိုဟန္ လက္ထဲ ေရာက္ဖို႔ ရွိေနသည္။အေၾကာင္းမွာ ကေနဦး အေမြခံစာခ်ဳပ္အရ ေနာင္ဘုန္းသိုက္ႏွင့္ ကလ်ာမြန္သား ဘုန္းဆတ္ႏြယ္ကသာ အကုန္ ပိုင္ဆိုင္ရမွာ ျဖစ္သည္။ေနာက္မွသာ စာခ်ဳပ္မွာ ဉာဏ္ကိုးေနာင္ နာမည္ ထည့္ခဲ့တာ ျဖစ္သည္။သို႔ေသာ္ ကိုးေနာင္ေကာ ဆတ္ႏြယ္ေကာ က သူ႕စီးပြားေရးမွာ စိတ္မဝင္စားတာမို႔ အကယ္၍ ရွိုင္းမိုဟန္နဲ႕ ဆတ္ႏြယ္သာ ျဖစ္ခဲ့ရင္ ေနာင္ဘုန္းသိုက္ တစ္သက္လုံး ရွာထားသမွ် စည္းစိမ္အဝဝတို႔သည္ ရွိုင္းမိုဟန္ လက္ထဲ ေရာက္မွာ မလြဲဧကန္။

သူ႕မွာ ဒီအေၾကာင္းေတြၿပီး ည တိုင္း အိပ္မေပ်ာ္။

ကံေကာင္းစြာ ေျမးေလးႏွစ္ေယာက္ ရွိလို႔ ေတာ္ပါေသးသည္။ပိုင္ဆိုင္သမွ်သည္ ေျမးေလးေတြ အတြက္သာ။

ခဏအၾကာ ေနာင္ဘုန္းသိုက္က အလုပ္မွာ ကိစၥရွိလို႔ ဆို၍ ထြက္သြားသည္။မသြားခင္
"ထမင္း ခ်က္ထား" လို႔ မွာ သြား ေသးသည္။

ကိုးေနာင္တို႔က ပစၥည္းေတြ ေနရာခ်ႏွင့္ အလုပ္မ်ားေနသလို နန္းႏြယ္နဲ႕ ကိုးႏြယ္က ေရကူးကန္ထဲ တဗြမ္းဗြမ္း ခုန္ဆင္းေနၾကသည္။

ဆတ္ႏြယ္နဲ႕ ရွိုင္းမိုဟန္က သုံးလႊာထပ္ တက္သြားၾကသည္။အခန္းတံခါးပိတ္လိုက္တာနဲ႕ တစ္ၿပိဳက္နက္ထဲ

"ဆတ္ႏြယ္ မင့္ ေဖက သက္သက္လုပ္တာ"

"ဘာကိုလဲ"

"ငါမွ ထမင္း မခ်က္တတ္တာ"

"မင္း ခ်က္စရာမလိုပါဘူး ကိုကို ခ်က္လိမ့္မယ္"

"တကယ္"

"အင္း"

ရွိုင္းမိုဟန္က ျမဴးတူးစြာ အိပ္ရာေပၚ လူးလိမ့္ေနၿပီး ေနာက္ သူ႕ ေဘးက ေနရာကို ဆတ္ႏြယ္ကို ပုတ္ျပသည္။ဆတ္ႏြယ္က ဂ႐ုမစိုက္ဘဲ ေရခ်ိဳးခန္းထဲ သာ ဝင္သြားသည္။

ရွိုင္းမိုဟန္က ေစာင္ေတြကို လုံးေထြးေအာင္ကန္ထုတ္ပစ္လိုက္ေတာ့ ဆတ္ႏြယ္က ပါးခ်ိဳင့္ထင္းေအာင္ ၿပဳံးကာ

"ေရခ်ိဳးခန္းထဲ ဝင္ခဲ့"

"တကယ္"

"အင္း"

++++

"အဲ့လိုႀကီး ေခ်ာင္း နားေထာင္တာ သူမ်ား privacy ကို ခ်ိဳးေဖာက္တာနဲ႕ တူတယ္ေနာ္"

ကိုးေနာင္က က်စ္ခနဲ စုတ္သတ္လိုက္ၿပီး

"ဘာလဲ မင္း ကိစၥမဟုတ္ဘူး"

"စကားၾကမ္းၾကမ္း ေျပာတာ ကေလးတစ္ေယာက္ကို စိတ္ဒဏ္ရာ ရေစနိုင္တယ္"

ကိုးေနာင္က ဆတ္ႏြယ္ အခန္းနံရံနား ေခ်ာင္းကပ္နားေထာင္ေနရာမွ ဖယ္ခြာလိုက္သည္။ၿပီး ကိုယ္ဟန္ဖို႔ကာ အကၤ်ီကို သပ္သပ္ရပ္ရပ္ ျပင္ဝတ္သည္။

"နားေထာင္လည္း ၾကားရတာလည္း မဟုတ္ဘဲနဲ႕"

"ဉာဏ္ကိုးႏြယ္ ငါ့ ေနာက္ကို ဘာလို႔ တစ္ခ်ိန္လုံး လိုက္ေနတာလဲ"

"အကၤ်ီေလွ်ာ္ခိုင္းမို႔ေလ ေဖႀကီးေနာက္လည္း မလိုက္ခ်င္ေနပါဘူး"

ကိုးႏြယ္က ေရညွစ္ထားတဲ့ သူ႕ရွပ္ေသးေသးေလးကို ကိုးေနာင္ေရွ႕ ျမႇောက္ျပသည္။

"ေပး ေပး အဲ့ အကၤ်ီ"

"ေဘာင္းဘီေရာ ေလွ်ာ္ေပးဦး"

"ေပး ေပး. . ေမြးထားေတာ့လည္း ငါ့ တာဝန္ပါပဲ"

"ေဖေဖေမြးတာပါ ေဖႀကီး ေမြးတာ မဟုတ္ပါဘူး"

"ငါ့ ရွယ္ယာပါတယ္. . .မင့္က မင့္ေဖက် သြား မေလွ်ာ္ခိုင္းဘူး ငါ့က် ေလွ်ာ္ခိုင္းတယ္"

"ေဖ ပင္ပန္းမွာ မၾကည့္ရက္ဘူး"

"ငါ ပင္ပန္းမွာက် ၾကည့္ရက္တယ္ေပါ့"

ကိုးႏြယ္ က ေခါင္းၿငိမ့္ျပသည္။ၿပီး ႐ုပ္တည္ေလးနဲ႕

"စတာေနာ္ စိတ္မဆိုးနဲ႕"

"ငါ့ကို စ စရာမ်ား ထင္ေနလား. . ."

"ေဖႀကီး စိတ္ညစ္ေနတယ္ ထင္လို႔ ေပ်ာ္ေအာင္ စေပးတာ"

"ေက်းဇူးပဲ နည္းနည္းမွ ေပ်ာ္စရာေကာင္းမေနဘူး"

ကိုးႏြယ္ မႈန္ကုပ္ကုပ္ ျဖစ္သြားသည္။

"ဒါဆို ေပ်ာ္သြားေအာင္ မုန႔္ဖိုးေပးမယ္ေလ ေရာ့ ငါးေထာင္ ယူလိုက္"

ကိုးႏြယ္က နန္းႏြယ္ တစ္ဝက္ခြဲေပးလိုက္ေသာ ငါးေထာင္ကို ကိုးေနာင္ လက္ထဲ ထည့္ေပးလိုက္သည္။

"မလိုခ်င္ပါဘူး"

"ေရာ့ သနားလို႔ ေပးတာ ယူလိုက္"

ကိုးေနာင္ ရယ္ရခက္ ငိုရခက္သြားသည္။

"ယူလိုက္ သားမွာ မ်ားႀကီးရွိေသးတယ္ "

ကိုးေနာင္က ကိုးႏြယ္ စိတ္ကို အနည္းငယ္ အံ့ဩသြားသည္။Psychopathေတြမွာ ၾကင္နာေထာက္ထားျခင္းမွ မရွိတာ။

ဒီေကာင္ေလး ငယ္ေသးလို႔မ်ားလား။

ကိုးႏြယ္ မ်က္လုံးစိမ္းေလးမ်ားက ၾကည္ၾကည္လင္လင္ေလး ျဖစ္သည္။သူ ငယ္တုံးကလည္း ဒီလို ၾကည္လင္လင္ မ်က္လုံးေလး ရွိသည္။ၿပီးေတာ့ သတ္ျဖတ္ခ်င္စိတ္က မ်က္လုံးလွလွေလးေတြကို ကန္းသြားေစသည္။

ဒီေၾကာက္စရာစိတ္ကို သတိရမိျပန္ေတာ့ လူသတ္သမားကို မုန္းတဲ့ ခမ္းေနာ့ဝ္ ကို သတိရမိျပန္သည္။Lotus killerကို လူတိုင္းေၾကာက္တာ မဆန္းပါေလ။မေၾကာက္တာမွ ဆန္းတာ ျဖစ္သည္။

"ကိုးႏြယ္"

"ဗ်ာ"

"အဲ့ပိုက္ဆံ ငါ့ မေပးဘဲနဲ႕ အျခား. . အမ္း. .  အျခားဆင္းရဲသားေတြကို လႉလိုက္ေလ"

"လႉတယ္ဆိုတာ ဘာလဲ"

"လႉတယ္ဆိုတာ ေပးကမ္းတာ မင္းမွာ ရွိတဲ့ အရာကို အျခားသူကို ေပးတာ"

ကိုးေနာင္က ကိုးႏြယ္ေရွ႕ ဒူးေထာက္ထိုင္ခ်လိဳက္ၿပီး ကိုးႏြယ္ မ်က္လုံးေတြကို ေသေသခ်ာခ်ာၾကည့္သည္။အလႉအတန္း၊အေပးအကမ္း သနားၾကင္နာဓာတ္ကို ကိုးေနာင္ မသိေပ။သို႔ေသာ္ သူ ဖတ္ဖူးသမွ် စာထဲမွာ ေရးထားေသာ အေၾကာင္းေတြ ကို ျပန္ ေျပာျပသည္။

"အျခားသူေတြကို ဘာလို႔ ေပးတာလဲ သူတို႔ကို ေပးလို႔ သားက ဘာ ျပန္ရမွာမို႔လဲ"

ကိုးေနာင္ ငိုင္သည္။ေအးစက္စက္နဲ႕ မထီတရီ မ်က္ဆံစိမ္းေတြက လႈပ္ရွားသြားသည္။အေျဖ ကို သူ မသိ။လႉရင္ ဘာရမလဲေတာ့ စာေပက်မ္းဂန္ထဲ လႉျခင္း အက်ိဳးတရားေတြ ဖတ္ဖူးပါသည္။သို႔ေသာ္ လက္ေတြ႕ဆန္တဲ့ အေျဖတစ္ခုကို ကိုးႏြယ္တြက္ ေပးရမယ္ဆိုလွ်င္

"ေပ်ာ္႐ႊင္မႈ ကို ရမယ္. . . မင္း နားလည္ေအာင္ ေျပာရရင္ မရွိတဲ့သူကို မင္းက လႉလိုက္တယ္ဆိုပါစို႔ အဲ့လူ ေပ်ာ္သြားမယ္ ဒါဆို သူေပ်ာ္ေနတာၾကည့္ၿပီး မင္းပါ ၾကည္ႏူးရမယ္"

"နားမလည္ဘူး"

ကိုးေနာင္ ကိုယ္တိုင္လည္း နားမလည္ခဲ့ေပ။အလႉအတန္း အေပးအကမ္းမ်ားစြာ လုပ္ဖူးေပမယ့္ လႉၿပီးေနာက္ ပီတိေသာမနႆ ေတြ မခံစားခဲ့ရ။သို႔ေသာ္ သားကို ဒီတိုင္း ေျပာျပလို႔ မျဖစ္။

"နားမလည္လည္းကြာ ပုံေသသာ မွတ္ထားလိုက္
မင္း အၿမဲတမ္း လႉတန္း ေပးကမ္းေနရမယ္၊ အၿမဲတမ္း မွတ္ထားရမွာက  မင္း ပိုင္သမွ် သုံးပုံတစ္ပုံကို သူမ်ားကို ေဝမွ် လႉတန္းရမယ္ ေပးကမ္းရမယ္. . "

"ဘာလို႔လဲ"

"ကမၻာႀကီးက မင္း အပိုင္မဟုတ္ဘူး ကိုးႏြယ္. . .လူသား တစ္ေယာက္ ျဖစ္လာၿပီဆို လူ ပီသရမယ္ မင္းရဲ႕ လက္က အၿမဲတမ္း သူမ်ားကို ကူညီေဖးမၿပီး ေပးကမ္းတဲ့ လက္ပဲ ျဖစ္ရမယ္ သူမ်ားကို ႏွိပ္စက္ညွင္းဆဲၿပီး သူမ်ားဉစၥာကို လုယူတဲ့ လက္မျဖစ္ရဘူး အဲ့တာ မင္းေခါင္းထဲမွာ အၿမဲတမ္း မွတ္ထားေနာ္"

ကိုးေနာင္ ေမြးကတည္းက လူစိတ္မရွိေသာသူ ျဖစ္သည္။သူ လုပ္ခဲ့သမွ် အမႈေပါင္းေသာင္းေျခာက္ေထာင္ အတြက္ ေနာင္တရစိတ္လည္း မရွိ။ဝမ္းလည္းမနည္း။သို႔ေသာ္ သူ မွားမွန္းေတာ့ သူ အတပ္သိေနသည္။ထို႔ေၾကာင့္ ကိုးႏြယ္မွာ သူ႕ေသြးေတြ အျပည့္ရွိေပမယ့္ သူ႕ရဲ႕ မေကာင္းတဲ့ အေမြကို မဆက္ခံေစခ်င္။သူ ေကာက္ေကာက္သြားတိုင္း သား လုပ္သူ ေကာက္ေကာက္ မလိုက္ေစရ။အရက္သမား သား ဘုရား ျဖစ္ရမည္။

Psychopath ဦီးႏွောက္ ျဖစ္ေစဦး။ကိုးႏြယ္က ကေလးပဲ ရွိေသးသည္။ဒီအခ်ိန္မွာ ေသခ်ာ ပုံသြင္းရင္ ရနိုင္ေသးသည္။

ကိုးေနာင္ က လူေတာ္ ေပမယ့္ လူေကာင္း မဟုတ္။
ကိုးႏြယ္က်ရင္ ေတာ္လည္း ေတာ္ရမည္ ေကာင္းလည္း ေကာင္းရမည္။

ကိုးႏြယ္က နားမလည္ေပမယ့္ ေခါင္းၿငိမ့္သည္။

"ကိုးႏြယ္ ငါ့ စကားနားေထာင္"

ထိုစဥ္ လွ်ပ္တစ္ျပတ္ အိမ္ေပၚတက္လာေသာ ေျခသံၾကားရသည္။ခမ္းေနာဝ္က ကိုးေနာင္ဆီ ေျခသံ ျပင္းျပင္းႏွင့္ေလွ်ာက္လာကာ

"ကိုးေနာင္ ငါတို႔ စကား ခဏ ေျပာရေအာင္"

++++

ခမ္းေနာ့ဝ္က ကိုးေနာင္ကို အိပ္ခန္းဆီ ေခၚသြားကာ တံခါး ေလာ့ခ္ခ်လိဳက္သည္။

စိုင္းဆိုင္ခမ္းေနာ့ဝ္က ေတာ္ေတာ္ေလး စိတ္ညစ္ေနပုံ ေပၚကာ သူ႕ကိုယ္ဆီမွ အရက္နံ႕ပင္ ခပ္သဲ့သဲ့ရ၏။မ်က္လုံးအစုံက ရီေဝထိုင္းမွိုင္းေနကာ ပါးျပင္ကိုလည္း မလိုအပ္ပဲ ခဏ ခဏ ပြတ္သည္။

ကိုးေနာင္က ကုတင္ေပၚ ထိုင္လိုက္ၿပီး မလိုအပ္ပါဘဲ မ်က္ႏွာေသထားမိသည္။အကယ္၍ စိုင္းဆိုင္ခမ္းေနာ့ဝ္က သူ႕ကို လမ္းခြဲစကား ေျပာခဲ့ရင္ ထိုင္ ငိုမေနခ်င္၍ ျဖစ္သည္။

"ဉာဏ္ကိုးေနာင္ မင္း Psycho test စစ္ဖူးလား"

ထင္မွတ္မထားတဲ့ ခမ္းေနာ့ဝ္ စကားေၾကာင့္ ကိုးေနာင္ က ခပ္အမ္းအမ္း ျဖစ္သြားသည္။

"အင္း"

"Psychopath မွန္း ေသေရာ ေသခ်ာလို႔လား"

"အင္း"

"တကယ္လား"

"အင္း"

" ျပန္ စစ္ မွားေနနိုင္တာပဲ"

"ဘာျဖစ္လို႔လဲ"

"မင္း သတ္ခဲ့တဲ့ လူေတြ အတြက္ ေနာင္တရလား"

"မရဘူး"

"အခ်ိန္ေတြသာ ေနာက္ျပန္ဆုတ္လို႔ရရင္ မင္း သူတို႔ကို လႊတ္ေပးမွာလား မသတ္ဘဲ ေနခဲ့မွာလား"

ကိုးေနာင္က ဆိတ္ဆိတ္ပဲ ေနသည္။

"ဘာလို႔ အဲ့တာေတြ ေမးေနတာလဲ"

"Psychopath မွာ ခံစားခ်က္ မရွိဘူး အခ်စ္မရွိဘူး သူတို႔ရဲ႕ အခ်စ္က manipulate လုပ္ထားၿပီး လိုခ်င္တာ ရေအာင္ ယူတဲ့ အမ်ိဳးအစား. . ."

ကိုးေနာင္ရဲ႕ စိမ္းေသာ မ်က္လုံးေတြက ခပ္စိမ္းစိမ္း  နိုင္စြာ ခမ္းေနာ့ဝ္ကို ၾကည့္သည္။

"အဲ့ေတာ့"

"ဉာဏ္ကိုးေနာင္ ငါ့ကို ခ်စ္လား"

'ခ်စ္' 'ခ်စ္' 'ခ်စ္'။အဲ့ဒီ ခ်စ္။ဘာသာစကား အမ်ိဳးမ်ိဳးေျပာင္းသြားေပမယ့္ အဲ့ဒီအခ်စ္က ခံစားခ်က္ တစ္မ်ိဳးတည္း ရွိသည္။ကိုးေနာင္ ပါးစပ္ လွ်ာဖ်ားကေန သူ သတ္ခ်င္တဲ့ လူအေတာ္မ်ားကို ဆြဲေဆာင္ခ်င္႐ုံႏွင့္ ခ်စ္တယ္ ေျပာခဲ့ဖူးသည္။ရင္ထဲက မလာသလို စိတ္ထဲကလည္း မပါ။

Psychopath က ခ်စ္တတ္လို႔လား။

"ဉာဏ္ကိုးေနာင္ ေျဖေလ ငါ့တို႔ အိမ္ေထာင္သက္တစ္ေလွ်ာက္လုံး ငါ့ဘက္ကပဲ ခ်စ္တယ္၊ခ်စ္တယ္ ေျပာခဲ့တာ မင္း ဘက္က ငါ့ကို ခ်စ္တယ္ တစ္ခြန္း ထြက္ဖူးသလား. . .အမ်ားဆုံး မင္း ေျပာမွ သေဘာက်တယ္ပဲ. . .မင္း သားသမီးေတြသာ တဖြဖြ ခ်စ္သမီးေလး ခ်စ္သားေလးနဲ႕ ႏုယြျပေနတာ ငါ့အေပၚ အဲ့သလို ခ်စ္စကား တီတီတာခဲ့သလား ငါကသာ အ႐ူးမ လင္တာ႐ူးသလို ႏြားစိတ္ေပါက္ေနတာ . . ငါက ဘယ္ေလာက္ထိ မင္း တြက္ အေရးပါလဲ "

"ဘာလို႔ ခုမွ ေမးတာလဲ ကိုယ္ အေၾကာင္း မင္း အေစာႀကီးကတည္းက သိတာပဲ"

"ငါ သိတယ္ . . . ဒါမဲ့ ငါ မသိခ်င္ေယာင္ေဆာင္ခဲ့တာ မင္း ဘက္ကေန ငါ့ကို မခ်စ္ဘဲ ဟန္ေဆာင္ေနပါတယ္လို႔ ထ ၿပီး ေျဖေနမွာ ေၾကာက္လို႔ ပါးစပ္ပိတ္ေနတာ ခုေတာ့ မရဘူး ငါ ခံမစားနိုင္ေတာ့ဘူး အရမ္း ပူေလာင္တယ္ Psychopath ကို ခ်စ္ရတာ ဝဋ္ေႂကြး အေတာ္ႀကီးတယ္"

အခ်စ္နဲ႕ ပတ္သက္၍ ကိုးေနာင္ ကေလးရမွ နည္းနည္း ခံစားတတ္တာ ျဖစ္သည္။သူ႕ ကေလးေတြကို ျမင္တိုင္း သူ႕ရင္ထဲ အႏြေးစီးေၾကာင္းေတြ ျဖတ္စီးလာတတ္သည္။ဒါကို ေမတၱာလို႔ ေခါင္းစဥ္ တပ္ရရင္ ခမ္းေနာ့ဝ္ အေပၚေရာ။

ကိုးေနာင္ မစဥ္းစားခဲ့။မေတြးေတာခဲ့ေပ။
ခမ္းေနာ့ဝ္ က သူ႕အိမ္ေထာင္ဘက္။ခမ္းေနာ့ဝ္ ေပ်ာ္ေအာင္ သူ အၿမဲလုပ္ေပးခ်င္ခဲ့ၿပီး ခမ္းေနာ့ဝ္ ေပ်ာ္ရင္ သူ ေပ်ာ္တယ္လို႔ပဲ ခံယူထားသည္။

ခမ္းေနာ့ဝ္ တြက္ အေသးစိတ္ ခံစားခ်က္ကို ကိုးေနာင္ မစဥ္းစားေပးခဲ့။ခ်စ္တယ္ထိ
နက္နက္ရွိုင္းရွိုင္း သူ မေတြးခဲ့မိ။

ခု ခမ္းေနာ့ဝ္က ေမးေနေလၿပီ။ခ်စ္လားတဲ့။

"ကိုယ့္ ဦးႏွောက္ကိုက အလုပ္မလုပ္တာ ကိုယ္ ဘယ္တတ္နိုင္ပါ့မလဲ. . .ဒါမဲ့ မခ်စ္တတ္ေပမယ့္ ကိုယ္ မင္းအေပၚ ခ်စ္တယ္ ထင္တာပဲ"

"ထင္ တာ ပဲ. . .အာ. . . ဉာဏ္ကိုးေနာင္ မင္းကြာ"

ကိုးေနာင္က အျပစ္ျပဳမိသလို ေခါင္းငုံ႕ထားသည္။ခမ္းေနာ့ဝ္ ေပၚ ထားတဲ့ ခံစားခ်က္ေတြက အျခားသူေတြနဲ႕ မတူေပ။

ခမ္းေနာ့ဝ္ နဲ႕ပဲ အတူ ေနခ်င္တယ္။
အတူ အိပ္ခ်င္တယ္။အတူ စားေသာက္ၿပီး ေပ်ာ္စရာ ႐ႊင္စရာ အကုန္ ေဝမွ်ခ်င္တယ္။႐ုပ္ရွင္အတူ ၾကည့္ခ်င္တယ္။ကေလး အတူ ထိန္းခ်င္တယ္။ေန႕ရက္တိုင္း တူတူ ျဖတ္သန္းသြားခ်င္ၿပီး ကာကြယ္ေစာင့္ေရွာက္သြားခ်င္တယ္။ဒါေတြ အကုန္ အခ်စ္ကို ကိုယ္စားျပဳေလသလား။

"မင္း ကိုယ့္ကို မုန္းခ်င္လည္း ရပါတယ္ ကိုယ္နဲ႕ တန္ပါတယ္"

ခမ္းေနာ့ဝ္က ကိုးေနာင္ဆီ တျဖည္းျဖည္း ခ်င္းေလွ်ာက္လာၿပီး ကိုးေနာင္ ေဘး ေျခစုံရပ္သည္။ၿပီး ခါးကိုင္းၿပီး ကိုးေနာင္ပုခုံးေပၚ လက္တင္လာသည္။

႐ုတ္တရက္ ခမ္းေနာ့ဝ္က ကိုးေနာင္ မ်က္ႏွာကို ဆြဲယူကာ သူနဲ႕ မ်က္လုံးခ်င္း ဆုံေစသည္။

"ငါ့ မ်က္ႏွာကို ၾကည့္ "

ကိုးေနာင္ ေမးရိုးကို အားပါပါ ဖ်စ္ညွစ္လိုက္ၿပီး

"ဉာဏ္ကိုးေနာင္ မင္း ောက္ေခါင္းထဲမွာ မေသမခ်င္း မွတ္ထား. . .ငါ ဆိုတဲ့ စိုင္းဆိုင္ခမ္းေနာ့ဝ္က မင္း ငါ့ကို ခ်စ္သည္ ျဖစ္ေစ မခ်စ္သည္ ျဖစ္ေစ ငါက မင္းကို ေသေအာင္ ခ်စ္တယ္ကြ နားလည္လား. . .မင္းဟာမင္း psychopath ဦးႏွောက္နဲ႕ ေမြးလာလို႔ အခ်စ္ရွိရွိ မရွိရွိ ငါ ဂ႐ုမစိုက္ဘူး. . .တစ္ေန႕ စိတ္ေဖာက္ၿပီး ငါ အနားက ထြက္ေျပးဖို႔ ႀကိဳးစားရဲ ႀကိဳးစားၾကည့္ မင္း ေျခေထာက္ေတြ ရိုက္ခ်ိဳးပစ္မွာ မင္းက နည္းနည္း လူေကာင္ပိုထြား‌ေပမယ့္ေပါ့"

ကိုးေနာင္က မ်က္လုံးျပဴးစြာႏွင့္ "ဟမ္" ဟု အာေမဍိတ္ သံ ျပဳသည္။

"ခမ္း ခမ္း ခမ္းေနာ့ဝ္ . . .ဘာေတြ ေျပာေနတာလဲ"

"ဘာေတြ ေျပာရမွာလဲ  မင္း lotus killer မွန္း သိတဲ့ ေန႕ကစၿပီး မေန႕ညထိ . . .မဟုတ္ဘူး. . . နံနက္ထိ ငါ့မွာ Psychopath ေတြက အခ်စ္မရွိဘူး မင္း ငါ့ကို မခ်စ္ဘူး ‌ဆိုၿပီး တိတ္တိတ္ေလး ေၾကကြဲေနရတာ ႐ူးမလိုပဲ ခုမွ ခက္ခက္ခဲခဲ ဆုံးျဖတ္လိုက္ရတာ မင္း ႀကိဳက္ႀကိဳက္ မႀကိဳက္ႀကိဳက္ ခ်စ္ခ်စ္ မခ်စ္ခ်စ္ ငါ ကေတာ့ ႀကိဳက္တယ္  ခ်စ္တယ္ မေက်နပ္လည္း လဲေသလိုက္"

"ဟမ္"

"ဘာ ဟမ္ တုံး"

"ကိုယ္ထင္တာက မင္းက ကိုယ့္ကို ႐ြံသြားၿပီ ကိုယ့္ လုပ္ရပ္ေတြေၾကာင့္ မုန္းသြားၿပီ ဆိုၿပီး"

"တစ္ေယာက္တည္း ဇာတ္လမ္းေတြ ေရးေနတာလား"

"အြန္း"

"အဲ့တာေၾကာင့္ မ်က္ရည္ေတြ ဝဲေနတာလား"

"အြန္း"

"ငါ ထင္တာ ငါ့အေပၚ မခ်စ္ဘဲ ခ်စ္ဟန္ေဆာင္ခဲ့လို႔ အားနာလို႔ မ်က္ရည္က်တာလားလို႔"

"ပရမ္းပတာ. . ."

"ေတာ္ၿပီ. .ဒီအေၾကာင္းကို ဆက္မေျပာခ်င္ဘူး"

"တကယ္ေတာ့ ခမ္းေနာ့ဝ္ ကိုယ္ကို မခ်စ္ဘဲ မုန္းသြားမွာ ေၾကာက္ေနခဲ့တာ တကယ္ ေၾကာက္ခဲ့တာ. . .ခမ္းေနာ့ဝ္သာ ကိုယ့္ကို ကြာရွင္းဖို႔ ေျပာရင္ ကိုယ္ ဘာလုပ္မိမလဲ မသိဘူး"

ခမ္းေနာ့ဝ္ က အနည္းငယ္ ႐ႊင္လန္းလာၿပီး

"ငါ က မင္း ထားသြားမွာ ေၾကာက္ေနခဲ့တာ. . .ငါ့ဘဝ မင္း မရွိလို႔ မျဖစ္ဘူး ကိုးေနာင္. . .ဒီအေျခအေန မိသားစုႀကီးေတာင္ ထူေထာင္ထားတာ ငါ ဘယ္အေၾကာင္းေၾကာင့္နဲ႕မွ အပ်က္မခံနိုင္ဘူး"

ကိုးေနာင္က ခမ္းေနာ့ဝ္ ကို ဖက္ကာ ခမ္းေနာ့ဝ္ ႏႈတ္ခမ္းကို ဖြဖြေလး နမ္းသည္။

"ခမ္းေနာ့ဝ္ကို ခ်စ္တယ္ ခ်စ္တယ္ ခ်စ္တယ္"

"မယုံဘူး ခုမွ လာ မေျပာနဲ႕"

"ကိုယ္ ေတာင္းပန္ပါတယ္"

"မလိုဘူး ေတာင္းပန္ခ်င္ ငါတို႔ ႏွစ္ေယာက္လုံး မင္းခန႔္ရာဇာကို ထိုင္ကန္ေတာ့ရမွာ"

"မလုပ္နိုင္ပါဘူး သူက အရင္ စ မွားတာကို"

"မင္း စိတ္က ရက္စက္တယ္ကြ ကိုးေနာင္ရ သူမ်ားအသတ္ သတ္လို႔ မင္းေပ်ာ္ရမယ္ ‌ဆိုေတာင္ ငါ့နဲ႕ သားသမီးေတြ မ်က္ႏွာေထာက္ၿပီး ေနာက္တစ္ခါ ဒီလို ဘယ္ေတာ့မွ ထပ္မလုပ္ေတာ့ဘူး ကတိေပး"

ကိုးေနာင္က ေခါင္းၿငိမ့္သည္။ၿပီး ေခါင္းခါသည္။

"ဉာဏ္ကိုးေနာင္ မူယာမာယာေတြ မလုပ္စမ္းနဲ႕ ကတိကို ေျဖာင့္ေျဖာင့္မတ္မတ္ တည္တည္ၾကည္ၾကည္ေပး"

ကိုးေနာင္က လက္သုံးေခ်ာင္းေထာင္ၿပီး

"ကြၽန္ေတာ္ ဉာဏ္ကိုးေနာင္သည္ ယေန႕မွ စ ဘာအေၾကာင္းကိစၥပဲ ရွိရွိ သက္ရွိတစ္ဦးတစ္ေယာက္ တစ္ေကာင္ကိုမွ သတ္ျဖတ္ျခင္း မျပဳေတာ့ပါ ဘဝတစ္ေလွ်ာက္လုံး ပါဏာတိပါကာကံကို အသက္တမွ် တတ္စြမ္းသမွ် ေစာင့္ထိန္းသြားပါမည္ ေက်နပ္ၿပီလား"

"စိတ္နဲ႕ ဗီဇက ထိန္းရ ေဖ်ာက္ရခက္ေပမယ့္ လူက ခြၽန္းအုပ္ရင္ ထိန္းလို႔ရပါတယ္"

"အြန္း ကိုယ္ တရားနာဖူးတယ္ နန္းႏြယ္ ေမြးၿပီကတည္းက ကိုယ္ တကယ္ ဘယ္သူမွ ဒုကၡမေပးဘဲ ေနခဲ့ပါတယ္"

"မင္း ေလွ်ာက္ လုပ္ လွီးခုတ္ေနတဲ့ အေလာင္းေတြကေကာ"

ကိုးေနာင္က တံေတြးတစ္ခ်က္ ၿမိဳခ်လိဳက္ၿပီး

"ဝယ္ထားတာ"

"ဝယ္ထားတယ္"

"အြန္း ( . . .)ေဆး႐ုံက ေဆး႐ုံအုပ္ႀကီး သမီးက မက္ရွေလ သူငယ္ခ်င္း၊အဲ့ အေလာင္းေတြ ရေအာင္ သူ ကူညီေပးတာ အခ်ိဳ႕သူေတြက် ခႏၶာကိုယ္လႉထားတာေတြ ရွိတယ္ေလ အဲ့တာေတြ ကိုယ္က မတရား ပိုက္ဆံနဲ႕ ေပးဝယ္ထားတာ အျခားသူ ဘယ္သူမွ အဲ့လို လုပ္လို႔ မရပါဘူး ကိုယ္က အလိုက္ ေကာင္းလို႔ပါ"

"ငါ့အိမ္က သခၤ်ိဳင္းကုန္းႀကီး က်ေနတာပဲ
အဲ့ေလာက္ ဆိုးသြမ္းေနတာ သရဲ မေျခာက္ဖူးလား မင္းကို"

"ေျခာက္တယ္ ကိုယ္မွ မေၾကာက္တတ္တာ"

ေအဗလင္ ေသသြားတုံးက ကိုးေနာင္ ဆီ မကြၽတ္ဘဲ ကပ္လာဖူးသည္။ျဖစ္ခ်င္ေတာ့ ကိုးေနာင္က သူ႕ အသည္း တစ္ဝက္ကို ခ်က္ၿပီး ဘာဂါၾကားညွပ္ၿပီး လန္ဒန္ထိ သယ္လာခဲ့သျဖင့္ အသည္းကေန စြဲလာတယ္ ထင္သည္။ညက် အေဆာင္ တံခါးကို ကြၽီခနဲ ဖြင့္လာသည္။ၿပီး ကိုယ္မပါ ေခါင္းႀကီး ဝင္လာသည္။

ကိုးေနာင္ ပထမ လန႔္သြားေပမယ့္ ျပန္အိပ္ကာ "ျပန္ရင္ တံခါးပိတ္သြား" လို႔ ေလသံမာမာနဲ႕ ေဟာက္လိုက္ရာ ခဏအၾကာ တကယ္ တံခါးပိတ္သံ ၾကားရသည္။ေအဗလင္က ေတာ္ေတာ္နဲ႕ မကြၽတ္။မက္ရွေလ ပင္လွ်င္ ခဏ ခဏ ေျခာက္ခံရသည္။ေျခာက္ပုံ ေျခာက္နည္းကေတာ့ မက္ရွေလ ေရခ်ိဳးေနတုံး မွန္ထဲက ေပၚလာတာတို႔ ကိုးေနာင္ အိပ္ေနတုံး မ်က္ႏွာကို ေအးစက္စက္ ထိေတြ႕တာတို႔ ျဖစ္သည္။သို႔ေသာ္ ႏွစ္ေယာက္လုံးက အေၾကာက္အလန႔္ဆိုတာ ေပါင္စားထားတာမို႔ ဘာမွ မျဖစ္ခဲ့။ၾကာေတာ့ သူ မေျခာက္ရင္ကို "ဟို သရဲ ဘယ္မွာတုံး" ေတြ ျဖစ္ကုန္သည္။

"မင္း ကေတာ့ မေၾကာက္တတ္ေပမယ့္ ငါကေတာ့ ေၾကာက္တယ္ သရဲနဲ႕ ပိုးဟပ္ အေၾကာက္ဆုံးပဲ"

"ပိုးဟပ္က ဘာျဖစ္တုံး ခမ္းေနာ့ဝ္ ပုရစ္ေၾကာ္ေတာင္ စားေနတာပဲ"

"ပုရစ္နဲ႕ ပိုးဟပ္ တူလား မင္းေရာ ဘာထူးလဲ သရဲက် မေၾကာက္ဘူး အျမင့္က် ေၾကာက္တယ္ က်ိဳက္ထီးရိုးသြားတုံးက ေကဗယ္ အတူစီးရေအာင္ပါဆို ဖင္ၿပဲေအာင္ကို ေအာ္ေနတာ"

"ဖင္ၿပဲေအာင္ေတာ့ မေအာ္ပါဘူး"

"အဲ့ထက္ေတာင္ ဆိုးေသး ခ်က္ခ်င္းကိုပဲ မူးလဲေတာ့မလို ေဆး႐ုံပဲ သြားရေတာ့မလို"

ကိုးေနာင္က ခမ္းေနာ့ဝ္ ခါးကို ဖက္၍ ဗိုက္ကို တိုးေဝွ႕ေနသည္။

"ကိုယ့္ ကို မုန္းဘူးေပါ့ ခမ္းေနာ့ဝ္က"

"မင္း ႐ုပ္ကို ေက်းဇူးတင္"

ကိုးေနာင္ မ်က္ႏွာခ်က္ခ်င္း ပ်က္သြားသည္။

"ကိုယ့္ကို ႐ုပ္ၾကည့္ၿပီး ႀကိဳက္တာလား"

"ဟုတ္တယ္"

"တကယ္လို႔ ကိုယ္က ႐ုပ္ဆိုးေနရင္ ခမ္းေနာ့ဝ္က မႀကိဳက္ဘူးေပါ့"

"မႀကိဳက္ဘူး"

ကိုးေနာင္က ခ်က္ခ်င္း ထ သြားသည္။သူ ထြက္သြားေတာ့ ခမ္းေနာ့ဝ္က တဟားဟား ေအာ္ ရယ္သည္။

"ပဘာဝတီကလည္း စတာပါဗ်ာ"

ကိုးေနာင္က လက္တစ္ခါ ခါ ႏွင့္ အခန္းျပင္ ထြက္ဟန္ျပင္သည္။

"ခမ္းေနာ့ဝ္က ကိုယ့္ ႐ုပ္ကိုပဲ ခ်စ္တာပါ ကိုယ္ သိပါတယ္"

"ပဘာဝတီရဲ႕ ဒရမ္မာေတြ စၿပီ"

"ကိုယ္က ႐ုပ္ဆိုးႀကီး ျဖစ္သြားရင္ ခမ္းေနာ့ဝ္က
ကိုယ့္ကို တစ္ခ်က္ေတာင္ လွည့္ၾကည့္မွာ မဟုတ္ပါဘူး"

"ဒါေပါ့ ဒါေပါ့"

"ခမ္းေနာ့ဝ္!!"

"ဘာလဲ မင္းေျပာတာ မွန္တာပဲေလ"

"မဟုတ္ဘူးလို႔ ျငင္းကြာ"

"ကိုးေနာင္ရာ မင္း တစ္ေန႕တစ္ေန႕ သုံးတဲ့ skincare ေတြ ဘာေတြ သုံးမွန္းကို မသိေတာ့ေအာင္ မ်ားလိုက္တာမ်ား. . . မ်က္ႏွာဂလိုးေအာင္ အစိုဓာတ္ျဖည့္ေအာင္ . .အာ . . .ဗြက္ခ်ာေပါက္ေအာင္ သုံးလိုက္တဲ့ စကင္းကဲ. .ေသာက္လိုက္တဲ့ collagen ဒါနဲ႕မ်ား မင္းက ႐ုပ္ဆိုးမလား"

"အဲ့တာ ခမ္းေနာ့ဝ္ အဲ့လို လွမွ ခ်စ္မယ္ ေျပာလို႔ေလ"

"အယ္"

"တကယ္လို႔ ကိုယ္က အေၾကာင္းကိစၥ တစ္ခုခုေၾကာင့္ ႐ုပ္ဆိုးသြားရင္ ခမ္းေနာ့ဝ္က ခ်စ္ဦးမွာလားေျပာ. . ."

"ခ်စ္မွာ ခ်စ္မွာဟာ. . . မေျပာမခ်င္း မင္းက ရစ္ေနမွာ"

"စိတ္ရွည္လက္ရွည္ ေျပာျပပါဆို
စိုင္းဆိုင္ခမ္းေနာ့ဝ္ မင္း ကိုယ့္ကို အနိုင္မက်င့္နဲ႕"

"ဟုတ္ၿပီ ဟုတ္ၿပီ. . . အစက မင္း ကို ေခ်ာလို႔ လွလို႔ ႀကိဳက္တာ မွန္တယ္ကြာ ေအ့ေလ လူတိုင္း လွတာ ႀကိဳက္ၾကတာပဲ ငါလည္း ႀကိဳက္တယ္၊ဒီၾကားထဲမွာ မင္းက သာမန္ထက္ ပိုၿပီး ထူးထူးျခားျခားဆိုေတာ့ ပို စိတ္ဝင္စားမိတာေပါ့"

"ေယာက္်ားေတြ အကုန္ တူတူပဲ"

"မင္းလည္း ေယာက္်ားပဲ အပိုမေျပာနဲ႕. . .ငါ ေျပာတာ ဆက္ နားေထာင္ဦး၊ေနာက္ေတာ့ မင္း နဲ႕ လည္း ယူၿပီးေရာ ငါ ရင္ထဲ ေနာက္ အေတြးဝင္လာတယ္. . .ဒီ ေယာက္်ားက ငါ့ ေယာက္်ားပဲ ငါ့ သစၥာေတြ ေမတၱာေတြ ထာဝရေပးခ်င္တဲ့ ေယာက္်ားပဲ ဆိုၿပီး ခံစားလာရတာ . . . လွတာေလး တစ္ခုပဲ ငါ မက္ရင္ မင္းတြက္ အလကား ကေလးေတာင္ ဗိုက္နာခံ ေမြးေပးမေနဘူး"

ကိုးေနာင္က ၿပဳံးခ်င္ခ်င္ ျဖစ္သြားသည္။

"ၿပဳံးလိုက္ေတာ့ ေက်နပ္သြားၿပီမလား"

"အင္း ေက်နပ္တယ္"

"အေဖက ထမင္း ခ်က္ထားဆို ကိုးေနာင္ သြားခ်က္လိုက္ဦး ငါ ကူေပးမယ္ေလ"

"မလိုပါဘူး အငယ္ ခ်က္လိမ့္မယ္"

႐ုတ္တရက္ ခမ္းေနာ့ဝ္ ဖုန္းက ေကာက္ျမည္လာတာ မို႔ ဖုန္းကိုင္လိုက္သည့္ခါ ဖုန္းက ခ်က္ခ်င္း က်သြားသည္။

ထပ္ေခၚဖို႔ ျပင္ေပမယ့္ ေနာက္တစ္လုံးက ခ်က္ခ်င္း တန္းဝင္လာသည္။ဖုန္းကိုင္လိုက္ရာ တစ္ဖက္မွ လုံးဝ ထင္မွတ္မထားေသာ အသံေၾကာင့္ ခမ္းေနာ့ဝ္ ၿပဳံး႐ႊင္သြားသည္။

"ဦးငယ္ မေတြ႕ရေတာင္ ၾကာၿပီ"

++++

အလင္းဖ်ဖ်လဲ့ေသာ အခန္းထဲဝယ္ ဆယ္ေက်ာ္သက္ ေကာင္ေလး တစ္ေယာက္က တည္ၿငိမ္စြာ ထိုင္ေနသည္။မထီတရီ စိန္ေခၚလိုသည့္အၿပဳံးက ႏႈတ္ခမ္းမွာ ခ်ိတ္ဆြဲလ်က္။လက္မွ နဂါးပုံ တက္တူးက ဝံ့ႂကြားစြာ။သူ႕ ေဘးဝယ္ ဂ်ပန္ရိုးရာ အကၤ်ီဝတ္ဆင္ထားေသာ ဆူမိုနပန္းသမားေလာက္နီးနီး ခန႔္ညားဝံ့ထြားေနေသာ လူသန္ႀကီး တစ္ဦးက အေစာင့္အၾကပ္သဖြယ္ ရပ္လ်က္ရွိေနသည္။

"ဖုန္းက ဝင္ေပမယ့္ ျပန္က်သြားပါတယ္ ေခါင္းေဆာင္"

အနက္ေရာင္ suit ဝတ္ဆင္ထားေသာ အမ်ိဳးသားက ရိုက်ိဳးစြာႏွင့္ ထိုေခါင္းေဆာင္ဟုဆိုေသာ ဆယ္ေက်ာ္သက္လူငယ္ကို ေျပာသည္။တစ္ဖန္ ဆက္လက္၍ ဓာတ္ပုံ တစ္ပုံကို ေခါင္းေဆာင္ငယ္ေရွ႕ ခ်ေပးလိုက္ၿပီး

"Lotus killerရဲ႕ နာမည္အရင္းက Nyan Coe Naungပါ ျမန္မာနိုင္ငံ မႏၱေလးၿမိဳ႕မွာ ေနထိုင္ပါတယ္ သူ႕မွာ လိင္တူအမ်ိဳသားတစ္ေယာက္၊သားတစ္ေယာက္ သမီးတစ္ေယာက္ ရွိပါတယ္"

"အာ့ ဟား စိတ္ဝင္စားစရာပဲ"

ေခါင္းေဆာင္ငယ္က ဓာတ္ပုံကို ေစ့ေစ့ ၾကည့္သည္။ဓာတ္ပုံထဲဝယ္ မ်က္လုံးစိမ္းမ်ားႏွင့္ျပစ္မ်ိဳးမွဲ႕မထင္ ေခ်ာေမာလွပေသာ အမ်ိဳးသားႏွင့္ သူ႕ေဘးဝယ္ မ်က္မွန္နဲ႕ ခ်စ္စရာ အမ်ိဳးသားတစ္ေယာက္။သူတို႔ ႏွင့္အတူ ကေလးႏွစ္ေယာက္။

ေခါင္းေဆာင္ငယ္က ေအာ္ရယ္ေမာသည္။ၿပီး သူ႕ ေရွ႕က လိုက္ကာကို ဆြဲဖြင့္လိုက္ေတာ့ နဂါးနက္ ဂိုဏ္းသားမ်ားက ရိုက်ိဳးစြာ ဦးၫႊတ္လာသည္။ဓာတ္ပုံကို ဂိုဏ္သားမ်ားေရွ႕ ၾကမ္းျပင္ေပၚ ပစ္ခ်လိဳက္ၿပီး

"ေသခ်ာၾကည့္ထားၾက အဲ့တာ Lotus killer ပဲ ငါတို႔ အဖိုး အေဖ ဦးေလး တစ္မ်ိဳးလုံးကို သတ္သြားတဲ့ ရန္သူေတာ္ႀကီးပဲ. . .မင္း တို႔ထဲက ဘယ္သူမဆို Lotus killerေခါင္းကို ငါ့ေရွ႕မွာ ျဖတ္နိုင္ခဲ့ရင္ ယန္း 1သန္း ေပးမယ္. . .ခု သူ႕ သားနဲ႕ သမီးကို ဖမ္းေခၚလာခဲ့ Lotus killerဘယ္လို ေဆြ႕ေဆြ႕ခုန္မလဲ ၾကည့္ၾကတာေပါ့"

"ေခါင္းေဆာင္ ခုခ်က္ခ်င္း မႏၱေလးကို သြားမလို႔လား"

ေခါင္းေဆာင္ငယ္က ၿပဳံးသည္။

မၾကာခင္ပင္ အနက္ေရာင္ ဝတ္၊လက္ဖ်ံမွာ ဂ်ပန္ရိုးရာ နဂါးနက္ပုံ ဆင္တူ ထိုးထားေသာ လူ အေယာက္ ငါးဆယ္သည္ ျမန္မာနိုင္ငံတြင္းသို႔ မသိမသာ ကြက္ၾကား ကြက္ၾကား ေနရာစုံမွ ဝင္လာၾကေလေတာ့သည္။

_________

12.12a.m
14.4.2024(Sunday)
Mary_Koe
6253

Continue Reading

You'll Also Like

16.2K 840 51
Title - Lacuna [ပျောက်ဆုံးနေသော တစ်စိတ်တစ်ပိုင်း] ◾ Lacuna means a missing part ◾ Type - Own Creation, Chinese BL ကြွေကျလာတဲ့ မေပယ်လ်ရွက် တစ်ရွက်ကို...
13.8K 1.6K 5
SEKAI. Fanfiction . SHORT STORY In a Relationship with my baby bear
18.7K 1K 25
Title - Hang the Star in the Sky [ကောင်းကင်ထက်က ကြယ်ကလေး] ★ If you be my star, I'll be your sky ★ Type - Own Creation, Chinese BL အနုပညာလောကထဲက နာမည...
26.5K 2.1K 56
ဘာသာပြန်သူ - စွဲညို့အသင်း စူးမြောင်အာက အပနှင်သူတစ်ဦး ဖြစ်ပြီးတော့ မတော်တဆ ကျောက်စိမ်းလည်ဆွဲလေးကို ဝတ်ဆင်မိရာကနေ တစ္ဆေတစ်ကောင်က သူ့နောက်ကို တကောက်ကောက...