ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၇၂)
"ထပ်မတီးကြပါနဲ့တော့" ယွမ်ကျိုးက ကူကယ်ရာမဲ့သော လေသံဖြင့် အော်ဟစ်ဆူညံနေသော အဖွဲ့ကို အော်ပြောသည်။
“နောက်ဆုံးတော့ သူဌေးယွမ် ဆိုင်ဖွင့်ပြီပေါ့" လင်းဟုန်က ယွမ်ကျိုးကို နှုတ်ဆက်သည်။
“အေး" ယွမ်ကျိုးက ခေါင်းညိတ်သည်။
“အိုကေ မင်းတို့တွေ ပြန်လို့ရပြီ" လင်းဟုန်က လက်ခုပ်တီးပြီး ဂီတအဖွဲ့ကို ချက်ချင်း ရပ်တန့်ခိုင်းသည်။
တစ်လောကလုံး ချက်ချင်း တိတ်ဆိတ်သွားသည်။
"လူငယ်လေး အိပ်ရာက နိုးလို့ တော်သေးတယ်။ ဒါပေမဲ့ အခုလို အခြေအနေမျိုးမှာတောင် အိပ်ပျော်နိုင်သေးတယ်နော်။ ငါ့နားနှစ်ဖက် ကန်းတော့မလိုပဲ"
နောက်ဖက်မှာ မတ်တတ်ရပ်နေသော အဘိုးအိုက သူ့နားနှစ်ဖက်ကို လက်ဖြင့် ပွတ်သပ်ပြီး သက်ပြင်းချသည်။
“သူဌေးယွမ်၊ ဒီနေ့ရော ရှောင်လုံပေါင်း ပြင်ဆင်ထားလား" လင်းဟုန်က အသံကျယ်ကျယ်ဖြင့် မေးမြန်းသည်။
“မရဘူး။ နောက်ကျနေပြီ။ လုပ်ဖို့ အချိန်မလောက်ဘူး" ဂီတအဖွဲ့၏အသံ ရပ်တန့်သွားမှ ယွမ်ကျိုးက သက်ပြင်းချကာ စားသောက်ဆိုင်ထဲ ပြန်ဝင်သွားသည်။
ဆူညံသံကို ခဏပဲ နားထောင်ခဲ့ရ၍ ကံကောင်းသွားသည်။ စားသောက်ဆိုင်အတွင်းမှာ ဆူညံသံကို မကြားရ၍ ကံကောင်းသွားသည်။ သို့တည်းမဟုတ်လျှင် နားကန်းသွားနိုင်သည်။
"သူဌေးယွမ်၊ ခင်ဗျား အခုပြင်ဆင်ပေးလို့ မရဘူးလား။ ကျွန်တော် စောင့်နိုင်ပါတယ်" လင်းဟုန်က အော်ဟစ်ပြောသည်။
"အသံတိုးတိုးပြောလို့ မရဘူး။ ငါ့နား ကန်းတော့မယ်"
လူသန်ကြီးTankက တိတ်ဆိတ်ငြိမ်သက်မှုကို သဘောကျသည်။
"ကောင်းပြီလေ။ မင်းက တိတ်တိတ်ဆိတ်ဆိတ်နေရတာကို သဘောကျပေမဲ့ ငါက ဆူညံတဲ့ ပတ်ဝန်းကျင်နဲ့ ကျင့်သားရနေပြီ"
Tank၏သတိပေးချက်ကြောင့် လင်းဟုန်၏အသံက ပုံမှန်ပြောင်းလဲသွားသည်။
"အချိန် မလုံလောက်ဘူး" ယွမ်ကျိုးက သူ့နေရာသူ ပြန်သွားပြီး ချိုသာစွာပြောသည်။
“ကောင်းပြီလေ အဆင်ပြေတယ်။။ဒါဆိုရင်လည်း ဒီမနက်ခင်းမှာ ခေါက်ဆွဲပြုတ်စားလို့လား" လင်းဟုန်က သူ့အကြိုက်ဆုံး ရှောင်လုံပေါင်းကို လွယ်လင့်တကူ စွန့်လွှတ်လိုက်သည်။
လင်းဟုန် အလွယ်တကူ လက်လျှော့လိုက်သည့် အကြောင်းအရင်းက ရှောင်လုံပေါင်း မစားချင်တော့၍ မဟုတ်ပေ။ ယွမ်ကျိုး၏လက်တလော မျက်နှာအမူအရာက အတော်လေး ထိတ်လန့်စရာကောင်း၍ ဖြစ်သည်။ ယွမ်ကျိုးကို အိပ်ရာနိုးသော နည်းလမ်းက လက်သင့်ခံဖွယ် မရှိ၍ သူ့အမှားသူ သိကာ တည်ငြိမ်နေခြင်း ဖြစ်သည်။
ယွမ်ကျိုးက သုန်မှုန်နေသော အမူအရာဖြင့် မကျေမနပ် ကျိန်ဆဲနေလျှင်ပင် လင်းဟုန် ရင်ဆိုင်နိုင်သေးသည်။ ယခုတော့ ဘာမှမဖြစ်သလို ပြုမူနေ၍ လင်းဟုန်က ရှောင်လုံပေါင်းနှင့် ပတ်သက်ပြီး ဆက်မမေးမြန်းရဲခြင်း ဖြစ်သည်။
"သူဌေးယွမ်၊ ခင်ဗျားက ရှောင်လုံပေါင်း ပြင်ဆင်ဖို့ ဘယ်နှနာရီ အိပ်ရာထတတ်လဲ"
ဝူဟိုင်းက ရုတ်တရက် မေးမြန်းသည်။
“၆နာရီ" ယွမ်ကျိုးက မေးခွန်းကို ရိုးရိုးရှင်းရှင်း လျင်လျင်မြန်မြန် ပြန်ဖြေသဟစည်။
“အိုကေ ခေါက်ဆွဲပြုတ် နဲ့ အမဲသားနုပ်နုပ်စင်း ပေးပါ" ဝူဟိုင်းက သူ့ဟင်းပွဲကို အော်ဒါတင်သည်။
ထိုနည်းတူစွာ အဘိုးအိုကလည်း ဒုတိယအကောင်းဆုံး ရွေးချယ်မှု ဖြစ်သည့် ခေါက်ဆွဲပြုတ်ကို အော်ဒါတင်သည်။
"ကောင်းပြီ။ ခဏစောင့်ပေးပါ" ယွမ်ကျိုးက ဟင်းပွဲ စတင်ပြင်ဆင်ရန် လှည့်ထွက်လာခဲ့သည်။
တခြားတစ်ဖက်တွင်မူ ဝူဟိုင်းက လင်းဟုန်ကို မျက်နှာရိပ်မျက်နှာကဲပြကာ တီးတိုးပြောသည်။
"မင်း အခုတော့ သဘောပေါက်ပြီလား"
"အွန်း၊ ငါ နားလည်ပြီ။ ဒါပေမဲ့ သူက ငါ့ကို နာမည်ပျက်စာရင်းထဲ ထည့်မလား" ဝူဟိုင်း ပါးစပ်ဟလိုက်သည်နှင့် ဆိုလိုရင်းကို လင်းဟုန် သဘောပေါက်သည်။ သို့သော်လည်း သူက အကျိုးဆက်ကို ရှင်းရှင်းလင်းလင်း သိထားရန် လိုအပ်သည်။
“မစိုးရိမ်ပါနဲ့။ ငါ့လေ့လာချက်အရ သူဌေးယွမ်က မော်ကြွားတတ်တဲ့ အကျင့်လေးပဲ ရှိတာပါ။ သူ့ကို ဆင်ခြေပေးရ လွယ်ကူပါတယ်။ တစ်ခါတုန်းက တခြားဆိုင်ကနေ ကြက်ဥထမင်းကြော် ဝယ်လာတဲ့ ကောင်လေးကိုတောင် သူ့ဆိုင်မှာ စားခွင့်ပေးတယ်။ ငါတို့က သူ့စည်းမျဉ်းကို မဖောက်ဖျက်သရွေ့ အရာအားလုံး အဆင်ပြေတယ်" ဝူဟိုင်းက သူ့ကို ယုံကြည်ပြီး သူ့အကြံဉာဏ်ကို လိုက်နာဟူသော အမူအရာကို ပြသသည်။
"ကောင်းပြီ အဆင်ပြေတယ်။ ငါ ထပ်ကြိုးစားကြည့်မယ်" လင်းဟုန်က ဝူဟိုင်း၏အကြံအစည်ကို လက်ခံသဘောတူလိုက်သည်။
ယွမ်ကျိုးက သူတို့ပြောသော အကြောင်းအရာများကို အကုန်ကြားသော်လည်း ပြုံးရုံပြုံးနေလိုက်သည်။ သူ့စိတ်ထဲ တွေးမိသည့် အချက်က
"မင်းတို့ ဘယ်လောက်ပဲ ချမ်းသာ ချမ်းသာ ငါ့ကို အိပ်ရာက နှိုးလို့ မရဘူး"
ယွမ်ကျိုးက ဒေါသမထွက်ဘူးဟု ထင်လျှင် မှားသွားလိမ့်မည်။ မီးဖိုချောင်သုံးဓားဖြင့် ခုတ်သတ်ချင်စိတ် ဖြစ်လာသည်။ သူတို့လုပ်ရပ်နှင့် ထိုက်တန်သော အကျိုးဆက်ကို ပြန်လည်ခံစားရန် အရိုးရှင်းဆုံး နည်းလမ်းကို အသုံးပြုလိမ့်မည်။
"အများပြည်သူကို စိတ်အနှောင့်အယှက်ပေးတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းမယ် စဉ်းစားထားလဲ"
အဘိုးအိုက မေးမြန်းသည်။
"မစိုးရိမ်ပါနဲ့ ဒီအနီးအနား ပတ်ဝန်းကျင်က မိသားစုတိုင်းကို ဒီကနေ့အတွက် အိပ်ရာစောစော ထရလို့ လျော်ကြေး ယွမ် ၁၀၀ပေးမယ်။ တစ်နာရီပဲကြာတာလေ ပြဿနာ မဖြစ်နိုင်လောက်ပါဘူး"
လင်းဟုန်က ယုံကြည်မှု အပြည့်ဖြင့် ပြန်ဖြေသည်။
"လင်းဟုန် သေချာရဲ့လား"
Tankက စိုးရိမ်တကြီး မေးမြန်းသည်။
“ပြဿနာမရှိဘူး။ သူဌေးယွမ်တောင် ဒေါသမထွက်ဘူး။ ကြည့်စမ်းပါဦး" လင်းဟုန်က ယွမ်ကျိုး၏မျက်နှာကို မသိမသာ လက်ညိုးထိုးပြသည်။
"အိုကေ ဒါဆိုရင်လည်း သဘောပဲ"
Tankက ပခုံး ဆက်ခနဲတွန့်လိုက်ပြီး လင်းဟုန်ကို ဖျောင်းဖျရန် မကြိုးစားတော့ပေ။
"အစီအစဉ်က တကယ်ကောင်းတယ်လို့ ထင်တယ်" ကျီလျန်က အရှက်အကြောက်ကြီးသော အမူအရာဖြင့် စကားပြောသည်။
"မင်းက ဒီဂီတအဖွဲ့ကို မကြိုက်လို့မလား" ရေဘဝဲက ညှာတာမှုကင်းမဲ့စွာဖြင့် ကျီလျန်၏အတွေးအစစ်အမှန်ကို ထုတ်ဖော်သည်။
“ဒီလို မပြောနဲ့"
မနက်ခင်း နှင့် နေ့လည်ခင်းတွင် အလုပ်ရှုပ်သောကြောင့် စားပွဲထိုး ငှားရမ်းရန် ဆုံးဖြတ်ခဲ့သည်။ သူကိုယ်တိုင် ဟင်းချက်ရသည့်အပြင် သူ့ကိုယ်တိုင် ဟင်းပွဲများကို သွားပို့ရ၍ ဖောက်သည်အရမ်းများလျှင် တကယ် ပင်ပန်းလွန်းသည်။
ယွမ်ကျိုးက အလုပ်ရှုပ်သည့်တိုင် အမွေးဖွခွေးလေးကို အစာကျွေးရန် မမေ့လျော့ခဲ့ပေ။ အစာကျွေးသော အလုပ်ပြီးမှ အိပ်ရာဝင်သည်။
မနက်ခင်း ၆နာရီထိုးခါနီး အချိန်အခါ ဖြစ်သည်။ အိမ်နီချင်းအားလုံးက အိပ်ရာထပြီး ခပ်လှမ်းလှမ်းမှာ စောင့်ကြည့်နေသည်။ မနေ့တုန်းက ဖျော်ဖြေခဲ့သော ဂီတ အဖွဲ့က မနေ့ကအတိုင်း ဖျော်ဖြေသည်။
"ငါသေသွားရင်တောင် မင်းကို ဆက်ချစ်နေမယ်"
သီချင်းဆိုသူက နားဆူလောက်သံ အသံဖြင့် သံကုန်ဟစ်နေသော်လည်း ယွမ်ကျိုးက နှိုးစက် မပေးထား၍ အိပ်ရာမထခဲ့ပေ။
ပုံမှန်အားဖြင့် ယွမ်ကျိုးက တော်ရုံအိပ်မပျော်တတ်ပေ။ အခါ ၁၀၀အထိ ရေတွက်ပြီးမှသာ အိပ်ပျော်တတ်သည်။ သို့သော်လည်း စနစ်က သူ့အိမ်ကို ပြန်လည်ပြုပြင်ပြီးနောက်ပိုင်း တိတ်ဆိတ်လွန်း၍ စောစောစီးစီး အိပ်ပျော်သွားသည်။
အောက်ထပ်မှ အော်ဟစ်ဆူညံသံများက ယွမ်ကျိုး အပေါ် သက်ရောက်မှု လုံးဝ မရှိပေ။
သီချင်းတစ်ပုဒ် အဆုံးသတ်သွားသော်လည်း ယွမ်ကျိုးအိမ်၏ ဒုတိယထပ် ပြတင်းပေါက်ကို တင်းတင်းကျပ်ကျပ် ပိတ်ထားသေးသည်။
"သူဌေးယွမ်က ဘာလို့ အိပ်ရာ မထသေးတာလဲ" လင်းဟုန်က စပ်စပ်စုစု မေးမြန်းသည်။
"ငါ ဘယ်သိပါ့မလဲ။ နားဆို့ပြီး အိပ်နေသလားပဲ" ရေဘဝဲက မယထင်ကြေးပေးသည်။
"နားဆို့ ဟုတ်လား။ သီချင်းနှစ်ပုဒ် ထပ်နားထောင်ခိုင်းမယ်။ ဆက်အိပ်နိုင်မယ်လို့ မထင်ဘူး"
လင်းဟုန်က ဂီတအဖွဲ့ကို အချက်ပြလိုက်ပြီး သီချင်းဆက်ဆိုစေသည်။
သီချင်းသုံးပုဒ် အဆုံးသတ်သွားပြီးနောက် ဒုတိယထပ်မှ တုံ့ပြန်မှုကို မကြားရ၍ လင်းဟုန်က လက်လျှော့ရန် ဆုံးဖြတ်လိုက်သည်။ ယွမ်ကျိုးက မနက် ၈နာရီခွဲအထိ စားသောက်ဆိုင်ဖွင့်မည့် အရိပ်အယောင်ကို မမြင်တွေ့ရပေ။
လင်းဟုန်က ဝင်ပေါက်နားမှာ စိတ်ရှည်ရှည် ဆက်စောင့်နေသည်။
"သူဌေးယွမ်၊ ခင်ဗျားရဲ့နားဆို့က တကယ်ကောင်းလှချည်းလား" ထိုစကားကိုပြောနေစဉ် လင်းဟုန်က ယွမ်ကျိုးကို လက်မထောင်ပြပြီး မနက်စာ စားကာ ထွက်သွားသည်။
လင်းဟုန်က လက်လျှော့လိုက်ပြီဟု ယွမ်ကျိုး ထင်မိသည်။ နေ့စဉ်ရက်ဆက် နားဆူလျှင် အိမ်နီးချင်းများကလည်း သဘောတူလိမ့်မည် မဟုတ်ပေ။ သို့သော်လည်း သူက လင်းဟုန်ကို လျှော့တွက်ခဲ့မိသည်။
လင်းဟုန်က သူ့အစီအစဉ်ကို လုံးဝ လက်မလျှော့ခဲ့ပေ။ နောက်ထပ်ဂီတအဖွဲ့ကိုပင် ငှားရမ်းလိုက်သေးသည်။ အနီးအနား ပတ်ဝန်းကျင် နေထိုင်သူများကို လျော်ကြေးအနေဖြင့် ၂၀၀ယွမ်ပေးလိုက်သေးသည်။ ၂၀၀ယွမ်အကျိုးအမြတ်ရ၍ တစ်နာရီ မနက်စောစော ထရခြင်းက အဆင်ပြေသေးသည်။
မည်သို့ပင်ဆိုစေကာမူ ဆူညံသံက အရမ်းမကြာခဲ့ပေ။
တတိယမြောက်နေ့ မနက် ၆နာရီတွင် အဖွဲ့၂ဖွဲ့ပူးပေါင်းပြီး ဖျော်ဖြေတင်ဆက်သည့်အပြင် ယခင်ထက် ပိုအသံကျယ်သော စက်ပစ္စည်းများကို အသုံးပြုသည်။
အဖွဲ့နှစ်ဖွဲ့က ယှဉ်ပြိုင်နေသကဲ့သို့ အပြိုင်သီဆိုသည်။ ငလျင်လှုပ် သကဲ့သို့ အခြေအနေဖြစ်သည့်တိုင် ဒုတိယထပ်က တုံ့ပြန်မှု မရှိပေ။
"သူဌေးယွမ်က အိပ်နေတာ မဖြစ်နိုင်ဘူး။ သေသွားတာပဲ ဖြစ်ရမယ်" လင်းဟုန်က စိတ်ပျက်အားလျော့စွာ အော်ပြောသည်။
“မင်း တံခါးရိုက်ချိုးတော့မလား"
ကျီလျန်က ပီတီဖြာစွာ သီချင်းနားစွင့်နေစဉ် အကြံဆိုးကို တွေးမိသည်။
အပိုင်း(၇၂)
ပြီးပါပြီ။