ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ...

Par jellyflower1

28.6K 3.1K 15

Male Lead pr ဇာတ်လမ်းအကျဥ်း အရှေ့ဘက်နဲ့ဝေးတဲ့မြေမှာ မီချယ်လင် ကြယ်သုံးပွင့်အဆင့်သတ်မှတ်ချက်ကို အကြိမ်ကြိမ်ငြင... Plus

အညွှန်း
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အခန်း(၁၇)
Announcement
အခန်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
ပိတ်ရက်မှာ စာဖတ်ရင်း နားမယ်ဆိုရင်
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အခန်း(၂၆)
အခန်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အခန်း(၃၆)
အခန်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
Gpအသစ် ဖွင့်ခြင်း
အပိုင်း(၅၈)
အပိုင်း(၅၉)
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
VIP Gp3 အသစ် memberလက်ခံပေးနေပါပြီ
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အထူးလျှော့ဈေးဗျို့ လက်မလွှတ်သင့်ဘူးနော်
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
Gp 4 ဝယ်ယူနိုင်ပါပြီ
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)
အပိုင်း(၉၄)
အပိုင်း(၉၅)
စာစဉ်(၁၅) အပိုင်း(၂၁၁ မှ ၂၂၅ အထိ)
အပိုင်း(၉၆)

အပိုင်း(၆၈)

182 19 0
Par jellyflower1

ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၆၈)

စနစ်က ယွမ်ကျိုး၏အတွေးကို ပြန်လည်ဖြေကြားပေးသည်။
“ကျပန်းဟင်းလျာတွေထဲက တစ်ခုခုပေါ့”

“ဒါဆိုရင် ကံစမ်းမဲနှိုက်ရင် ရှိပြီသား ဟင်းပွဲတွေ ပေါ်လာရင် ဘယ်လိုလုပ်မလဲ” ယွမ်ကျိုးက သူ အစိုးရိမ်ဆုံး မေးခွန်းကို မေးမြန်းသည်။

စနစ် “ မင်း ပထမဆုံးမဲကျသွားတဲ့ ဟင်းပွဲအပေါ် မူတည်တယ်။ နောက်ပိုင်းကျရင် သူနဲ့တူတဲ့ အစိတ်အပိုင်းတွေပဲ ထပ်ကျဖို့ အခွင့်အလမ်းများတယ်”

“ဒါဆိုရင် ဟင်းပွဲတိုင်းရဲ့ပါဝင်တဲ့ ပမာဏက အတူတူပဲလား” ယွမ်ကျိုးက တွေးတွေးဆဆဖြင့် ဆက်မေးမြန်းသည်။

စနစ် “ မင်း ကံစမ်းမဲနှိုက်လိုက်တိုင်း မတူဘူး။ တစ်ပိုင်းချင်းစီရဲ့အရွယ်အစားက ခြားနားတယ်”

ယွမ်ကျိုးက သူ့စိုးရိမ်စိတ်ကို ရှင်းလင်းပြီးနောက် ဟင်းချက်ရန် ပြင်ဆင်သည်။ ထို့အပြင် သူ့အကြံအစည်ကိုလည်း အကောင်အထည်ဖော်ရန် စဉ်းစားထားသည်။

ထို့ကြောင့် သူ့ပုံမှန်လေးနက်သောမျက်နှာပေါ်တွင် အပြုံးလေး ဆင်မြန်းလိုက်သည်။

ဤအပြုအမူက ပုံမှန်ဖောက်သည်များကို အလွန်အမင်း တုန်လှုပ်သွားစေသည်။

“သူဌေးယွမ် ဘယ်လိုဖြစ်သွားတာလဲ ထူးခြားနေတယ်နော်” ပုံမှန်ဖောက်သည်တစ်ယောက်က သူ့ဘေးနားက သူစိမ်းကို မေးမြန်းသည်။

ဤလူသည် ယွမ်ကျိုး၏စားသောက်ဆိုင်သို့ ပထမဆုံးအကြိမ် ရောက်ဖူးသူ ဖြစ်သည်။ သူက တိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်ကြည့်ခဲ့သော ပရိသတ်လည်း ဖြစ်သည်။ သူ့ဘေးနားကလူက စစ်တိုက်ရန် ပြင်ဆင်နေသော အမူအရာ ပြုလုပ်နေ၍ သူက စပ်စပ်စုစု မေးမြန်းသည်။
“ခင်ဗျား ဘာဖြစ်နေတာလဲ။ သူဌေးယွမ်က ပြုံးရုံ ပြုံးနေတာလေ ထူးဆန်းလို့လား”

“ဘာလဲ။ မင်းက ဒီဆိုင်ကို ပထမဆုံးအကြိမ် ရောက်ဖူးတာလား ဟုတ်လား” ပုံမှန်ဖောက်သည်က ယုံကြည်မှုအပြည့်ဖြင့် မေးမြန်းသည်။

“ဟုတ်တယ်။ မန်မန်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ပြီး ဒီစားသောက်ဆိုင်မှာ လာစားတာလေ” တိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်ကြည့်ခဲ့သော ပရိသတ်က ပုံမှန်ဖောက်သည်၏ သံသယကို အတည်ပြုပေးသည်။၏

“သူဌေးယွမ်က ဘယ်တော့မှ မပြုံးဘူး။ ဒီဆိုင်ကို အမြဲလာဖြစ်ပေမဲ့ သူ ပြုံးတာကို မမြင်ဖူးဘူး။ ဒီအခြေအနေကို မင်းရော ဘယ်လိုထင်လဲ”
ပုံမှန်ဖောက်သည်က လျှို့ဝှက်စွာ ပြောဆိုသည်။

“သူ့ဘာသာသူ စိတ်ကောင်းဝင်နေလို့ ဖြစ်မှာပေါ့” တိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်ကြည့်ခဲ့သော ပရိသတ်က ဂရုမစိုက်ဟန် ပြောသည်။

“ရိုးအလိုက်တာနော်။ သူဌေးယွမ်က ဖောက်သည်တွေကို အလျှော့ပေးလိုက်တဲ့ သဘောလည်း ဖြစ်ကောင်းဖြစ်မှာပါ” ထိုစဉ် တစ်စုံတစ်ယောက်က စကားဖြတ်ပြောသည်။

တခြားတစ်ဖက်တွင်မူ လင်းဟုန်က ယွမ်ကျိုး စိတ်အနှောင့်အယှက်ဖြစ်စေသော စကားမျိုး သူ ပြောမိမည်ကို စိုးရိမ်၍ ယွမ်ကျိုးကို သတိကြီးစွာ စောင့်ကြည့်နေသည်။

တိုက်ဆိုင်စွာဖြင့် ယွမ်ကျိုး၏အကြားအာရုံက သူတို့ပြောသမျှ စကားလုံးတိုင်းကို ရှင်းရှင်းလင်းလင်း ကြားနိုင်သည်။ ယခုတော့ ယွမ်ကျိုးက မနက်ခင်းမှာ ဆက်အိပ်သင့်လား စဉ်းစားနေသည်။ မနက်ခင်း စောစောထပြီး စီးပွားရေးလုပ်ကိုင်ရခြင်းက တကယ်ကို ပင်ပန်းသည်။

ထို့နောက် ယွမ်ကျိုးက ခံစားချက်ကင်းမဲ့သော ပုံမှန်အမူအရာ ပြန်ပြောင်းလဲသွားသည်။

“ကျွန်တော် လန့်ဖျပ်သွားတာပဲ။ နောက်ဆုံးတော့ သူဌေးယွမ်ရဲ့စိတ်အခြေအနေက ပုံမှန်ပြန်ဖြစ်သွားပြီ”
သူတို့စကားဝိုင်းထဲ ဝင်ပြောလာသော အမျိုးသားက ရုတ်တရက် ထအော်သည်။

“ဟုတ်တယ်။ အမှန်ပဲ။ ငါလည်း သူဌေးယွမ် ရူးများသွားသလား တွေးနေမိတာ” တခြားသောဖောက်သည်ကလည်း သူ့ရင်ဘတ်သူ ပုတ်ပြီး စကားဆက်ပြောသည်။

ထိုစဉ် ယွမ်ကျိုးက ဤဖောက်သည်နှစ်ယောက် ပြောသောစကားများကို ရှင်းရှင်းလင်းလင်း ကြားသွား၍ မနက်ဖြန် ၂ရက်ဆက်တိုက် ဆက်အိပ်ရန် ဆုံးဖြတ်ခဲ့သည်။

ဆုံးဖြတ်ချက်ချခဲ့သည့်တိုင် မစ်ရှင်မပြီးမြောက်သေးသော စကားလုံးကို တွေးမိပြီး စိတ်မအေးရပေ။ ထို့အပြင်  မဲနှိုက်ခြင်းဖြင့် ရရှိလာမည့် ဟင်းပွဲအမျိုးအစားများကိုလည်း အတော်လေး သိချင်မိသည်။

"ဒါက မင်းတို့ပြောနေတဲ့ နာမည်ကြီး ကြက်ဥထမင်းကြော်လား" ယွမ်ကျိုးက သူ့ဘာသာသူအတွေးထဲ နစ်မြောနေစဉ် ‌ကျယ်လောင်သော အော်သံက သူ့အတွေးကို နှောင့်ယှက်သွားသည်။

သူခေါင်းမော့ပြီး ကြည့်လိုက်သောအခါ အသံပိုင်ရှင်က Bamboo Eating Panda ဖြစ်နေသည်။ သူ့ဘေးနားတွင်ရှိသော ပန်းကန်နှစ်ချပ်တွင် ယခင်က ကြက်ဥထမင်းကြော်နှင့် အမဲသားနှပ်နှပ်စင်းကို အပြည့်ဖြည့်ထားသော်လည်း ယခုတော့ ပန်းကန်လွတ်ဖြစ်နေသည်။ ဤလူက ကျန်နေသေးတဲ့ ထမင်းကြော်အနည်းငယ်နှင့် အမဲသားနုပ်နုပ်စဥ်းတို့ကို ရောနယ်ပြီး ကုန်စင်အောင် စားလိုက်ခြင်း ဖြစ်နိုင်သည်။ ပန်းကန်ချပ်များသည် အသစ်ဝယ်လာသကဲ့သို့ သန့်ရှင်းတောက်ပြောင်နေသည်။

"ခေါက်ဆွဲစွပ်ပြုတ်အချိုက ပိုကောင်းတယ်လို့ ခံစားမိတယ်" လင်းဟုန်က ပလုပ်ပလောင်းဖြင့် ခွန်းတုံ့ပြန်သည်။

"မင်း ကြက်ဥထမင်းကြော်နဲ့အမဲသားနုပ်နုပ်စဥ်းကို ရောစားကြည့်ပြီးရင် ဘယ်ဟင်းပွဲက ပိုကောင်းလဲ သိသွားမှာပါ"

ထို့နောက် Bamboo Eating Pandaက သူ့ပါးစပ်ကို သုတ်ပြီးနောက် တခြားဟင်းလျာများကို ဆက်လက်မြည်းစမ်းရန် စကားပြောခြင်းကို ရပ်တန့်လိုက်သည်။ ‌

"နောက်မှ စကားဆက်ပြောကြမယ်" လင်းဟုန်က ခေါက်ဆွဲကို မြိုချပြီး စွပ်ပြုတ်ရည်များကို ပလုပ်ပလောင်းမြိုချလိုက်သည်။

ယွမ်ကျိုး၏စားသောက်ဆိုင်တွင် စားသုံးသူဖောက်သည်များသည် ဟင်းလျာများ တည်ခင်းသည်နှင့် စကားမပြောဘဲ ဟင်းလျာ၏အရသာကို မြည်းစမ်းခြင်းက ပုံမှန်အခြေအနေဖြစ်သည်။ သို့သော်ငြားလည်း သူတို့နောက်မှာ စောင့်နေသော လူအုပ်ကြီးရှိနေသည်။ သူတို့စကားပြောချင်သည့်တိုင် နောက်မှာ တန်းစီစောင့်နေသော ဖောက်သည်များကို အားနာသင့်သည်။

နေ့လည်ခင်းတွင် တန်းစီစောင့်သော ဖောက်သည်များသည် ညနေခင်းတွင် တန်းစီစောင့်သောဖောက်သည်များထက် အရေအတွက်နည်းပါးသောကြောင့် အချိန်ကန့်သတ်ထားနိုင်ခြင်း ဖြစ်သည်။ သို့သော်လည်း ယနေ့က ပုံမှန်နေ့များနှင့် ခြားနားသည်။ တိုက်ရိုက်ထုတ်လွှင့်မှုကြောင့် ရောက်လာသောဖောက်သည်များသည် စားသောက်ဆိုင်ဝင်ပေါက်တွင် ပြည့်နှက်နေသည်။

"အားနာပါတယ်။ နေ့လည်ခင်း ဆိုင်ဖွင့်ချိန် ပြည့်ခါနီးပါပြီ။ ဧည့်သည်တွေ ထပ်လက်မခံတော့ပါဘူး"

"အကြင်နာတရားကင်းမဲ့လှချည်လား။ ငါတို့ ဘာမှမစားရသေးဘူးလေ" တစ်စုံတစ်ယောက်က မကျေမနပ်ထအော်သည်။

"ငါလဲ မစားရသေးဘူး။ ဒီကို တစ်ခါ လာဖို့အတွက် တစ်ပတ်လုံး အငတ်ခံထားရတာ" ဆံပင်တိုတိုနှင့်မိန်းကလေးက မကျေမနပ် ပြောဆိုသည်။

"သူဌေးယွမ်၊ ခင်ဗျားဆိုင်ကို  ဒီနေ့ အချိန်တိုးပြီး ဖွင့်လို့မရဘူးလား။ ကြည့်ပါဦး၊ ခင်ဗျားရဲ့ဆိုင်က ဟင်းလျာတွေကို မစားရသေးတဲ့လူတွေ အများကြီးရှိသေးတယ်" သက်လတ်ပိုင်းအမျိုးသားက ပြောသည်။

"အားနာပါတယ်၊ ဒါက စည်းမျဉ်းပါ" ယွမ်ကျိုးက တည်ငြိမ်သောအမူအရာဖြင့် ပေါ့ပေါ့ပါးပါးပြောသည်။ ယွမ်ကျိုးကိုယ်တိုင်လည်း သိပ်မကျေနပ်ပေ။ သူ့ရဲ့ပင်တိုင်ဖောက်သည်များကို မောင်းထုတ်ပစ်ရသည့်အပြင် ငွေများကိုလည်း ဆုံးရှုံးရသည်။

"သူဌေးယွမ်ကို အရမ်းမုန်းတယ်။ ရက်စက်လိုက်တာ။ ဒီဆိုင်ကို တစ်ခါလာဖို့တောင်
ငါတို့အတွက် လွယ်ကူတာမဟုတ်ဘူး" ဖောက်သည်များက ညည်းညူပြောဆိုကာ ထွက်သွားကြသည်။

"သူဌေးယွမ်က ဘယ်အချိန်မှ သံလိုက်အိမ်မြှောင် အကျင့်ကို ဖျောက်မှာလဲ"

ယွမ်ကျိုးက ဆိုင်တံခါးပိတ်က အပေါ်ထပ်သို့ တက်ပြီးနောက် မစ်ရှင်အသစ် ပြီးမြောက်နိုင်သော နည်းလမ်းကို ကြံရွယ်နေသည်။

ပုံမှန်အားဖြင့် သူ့ဆိုင်မှာ ဖောက်သည်တော်တော်များများ ရှိသည်။ သို့သော်ငြားလည်း ဖောက်သည်အများစုက တစ်လလျှင် နှစ်ကြိမ်ခန့်သာ လာလေ့ရှိသည်။

သို့သော်လည်း မစ်ရှင်တိုးတက်မှု အခြေအနေကို ကြည့်ပြီး အနည်းငယ်သာ ကြိုးစားအားထုတ်ရမည် ဖြစ်၍ ကျေနပ်မိသည်။

ယွမ်ကျိုးက အိပ်ရာပေါ်မှာ လှဲလျောင်းနေစဉ် အောက်ထပ်မှ အော်သံကို ကြားရသည်။

"သူဌေးယွမ်၊ သူဌေးယွမ် တံခါးဖွင့်စမ်းပါ" အောက်ထပ်မှ စိုးရိမ်တကြီး အော်သံကို ထပ်တလဲလဲ ကြားရသည်။ နားဆူလွန်း၍ ယွမ်ကျိုးက အိပ်ရာပေါ်မှ ချက်ချင်းထသည်။

သူက အိပ်ချင်မူးတူးဖြင့် မတ်တတ်ထရပ်ကာ ပြတင်းပေါက် တံခါးကို ဖွင့်လိုက်သည်။ ဝင်ပေါက်မှာ စုရုံးနေသော လူအုပ်စုကြီးကို မြင်တွေ့ရသည်။ သူ့မစ်ရှင်ကို ပြီးမြောက်အောင် ကူညီပေးမည့် သူများဖြစ်၍ စိတ်ကြည်လင်သွားသည်။

ယွမ်ကျိုးက ရေမိုးချိုးသန့်စင်ပြီးနောက် အောက်ထပ်သို့ ဆင်းလာသည်။ အသက်ခပ်ပြင်းပြင်းရှုပြီးနောက် စားသောက်ဆိုင်တံခါးကို ဖွင့်လိုက်သည်။

"ဒီ‌ကနေ့ မင်းတို့အားလုံး စောလှချည်းလား" ယွမ်ကျိုးက ဖောက်သည်များကို အရင်ဆုံး နှုတ်ဆက်လိုက်သည်။

"မစောတော့ဘူး သူဌေးယွမ်၊ ညနေ ငါးနာရီခွဲနေပြီ" ဝူဟိုင်းက စားသောက်ဆိုင်ထဲသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်ဝင်လာသည်။

"ဟုတ်တယ်"

သူ့နောက်မှ လင်းဟုန် လိုက်ပါလာသည်။ တခြားသူအားလုံးလည်း ဆက်တိုက် ဝင်ရောက်လာသည်။

"သူဌေးယွမ်၊ ရှောင်လုံပေါင်း ရလား" လင်းဟုန်က မနက်ခင်းမှာ အထူးရောင်းချသော ရှောင်လုံပေါင်းကို မေးမြန်းလာသည်။

"အားနာပါတယ်။ အဲဒီဟင်းလျာက မနက်ခင်း သီးသန့်ပါ"
ယွမ်ကျိုးက မီနူးပေါ်မှ ရှောင်လုံပေါင်းအမည်နောက်က သေးငယ်သော စကားလုံးကို ညွှန်ပြသည်။

"ဒါဆိုရင် ကြက်ဥထမင်းကြော်၊ အမဲသားနုပ်နုပ်စင်း နဲ့ ခေါက်ဆွဲပြုတ်ပေးပါ"
နေ့လည်ခင်းတုန်းက အစားအသောက် အများကြီး စားမိ၍ ရင်ပြည့်သွားသည်။ ထို့ကြောင့် ညနေခင်းတွင် လျှော့စားမည့် အတွေးဖြင့် မတူညီသော ဟင်းလျာနှစ်မျိုးကို ပိုင်ပိုင်နိုင်နိုင် အော်ဒါတင်ခဲ့သည်။

...

ညနေခင်းတွင် ယွမ်ကျိုးစားသောက်ဆိုင်၏ ဖွင့်ချိန်က တစ်သမတ်တည်း ဖြစ်သည်။ သို့သော်ငြားလည်း ယနေက သာမန်ထက် ထူးခြားသည်။ အချိန်ပြည့်လုပြည့်ခါနီးအထိ တန်းစီစောင့်နေသော ဖောက်သည်များ ရှိနေသေးသည်။

အနီးအနားရှိ ပုံမှန်ဖောက်သည် နှင့် နေ့လည်ခင်းက လာစားသော ဝမ်မန်၏ပရိသတ်အဖွဲ့တို့ ဖြစ်သည်။

ဖောက်သည်အများစုက မန်မန်၏ ကျော်ကြားမှုကြောင့် ရောက်လာသည်။ သို့တိုင် ယခုတော့ ယွမ်ကျိုး၏ ဟင်းချက်စွမ်းရည်ကို ယုံကြည်လက်ခံသွားသည်။

ဆိုင်ပိတ်ခါနီးအထိ အပြင်ဘက်မှာ စောင့်ဆိုင်းနေသူများ ရှိနေသည်။ ထိုစဉ် လင်းဟုန်က ကမ်းလှမ်းသည်။
"သူဌေးယွမ်၊ ဒီကနေ့ နောက်ကျမှ ဆိုင်ပိတ်ပါလား။ ငါတို့အားလုံး အဆာပြေ စားချင်သေးတယ်"

"မရတော့ဘူး" ဆိုင်ပိတ်ရန် ၅မိနစ်သာ လိုတော့သည်။

"ဘာလို့လဲ ဒီလူတွေအားလုံးကို ငါက ညစာ ဝယ်ကျွေးပါ့မယ်။ ဆိုင်ကို နောက်ကျမှ ပိတ်လို့ရမလား"
လင်းဟုန်က တန်းစီစောင့်နေသော ပရိသတ်များကို လက်ညိုးထိုးပြသည်။

"သူတို့ကို ဒါကာခံချင်ရင် မနက်ဖြန်ဆိုလည်း အဆင်ပြေတာပဲလေ။ မနက်ဖြန် သူတို့ကို ဝယ်ကျွေးမယ် ပြောလိုက်လေ"
ယွမ်ကျိုးက တခြားသူများကို စကားပြောရင်း လင်းဟုန်ကို ထောက်ချောက်ဆင်လိုက်သည်။

"သူဌေးယွမ်၊ ခင်ဗျား ဘာတွေပြောနေတာလဲ ဆိုင်ဖွင့်ချိန်တိုးပေးရင် သူတို့ကို ညစာကျွေးမယ်လို့ ပြောခဲ့တာပါ"
လင်းဟုန်က ယွမ်ကျိုးကို တစ်ခွန်းမကျန် ပြန်ခံပက်သည်။

အပိုင်း(၆၈)

ပြီးပါပြီ။


Continuer la Lecture

Vous Aimerez Aussi

1.2K 197 8
I don't own this novel. It's a fun translation. All Credit to Original Author and English Translator. Chapter_87+11extra
593 87 21
🤎Dazai & Chuuya Fan-fiction🖤 All pictures are not my own, from pinterest and fully credits to the right owners.🤍 Starting date 31.10.21 Ending dat...
2.1K 34 13
"So you really love me?" "Yk I do ma don't act like det" © NARDOOWICKK PRODUCTIONS