ညနေပိုင်းတွင် ကျန်စစ်သားမင်းကြီး တည်ထားကိုးကွယ်မှုပြုခဲ့သည့် အာနန္ဒာဂူဘုရားကို ဖူးမြှော်ရန် အလှည့်ရောက်သည်။
' အနုမှာ အာနန္ဒာ ' ဆိုသည့်အတိုင်း အချိုးကျလှပ၍ အနုလက်ရာမြောက်သော ပုဂံခေတ် အနုပညာလက်ရာများကို ချီးကျူးဖွယ်ရာ မြင်တွေ့ရသည့် ဘုရားတစ်ဆူပင်။ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာတွင် ထုလုပ်ကိုးကွယ်ထားသည့် ပွင့်တော်မူပြီးသော ဘုရားရှင်လေးပါတို့၏ ရုပ်တုတော်များကိုလည်း တစ်နေရာတည်းတွင် ဖူးမြှော်ခွင့်ရသည်။
" ဒါကတော့ အရှေ့အရပ်၊ ကောဏာဂမန မြတ်စွာဘုရား၊ ကောဏဂုံမြတ်စွာဘုရားရဲ့ ရုပ်ပွားတော်ပါ... မူလအစကတော့ မလ္လာယုကျွန်းကနေရတဲ့ သရက္ခာန်သားနဲ့ ထုလုပ်ပူဇော်ထားပေမဲ့ အခုကတော့ ရုပ်ပွားတော် မီးသင့်လို့ စံကားသားနဲ့ ပြန်လည်ထုလုပ်ထားရတာပါ "
ဧည့်သည်များက ချစ်ဆုံးနွေ ပြောပြသည်များကို နားထောင်လျှက် ရုပ်ပွားတော်တို့ကို ရှိခိုးဝတ်ပြုကြသည်။ ထို့နောက် တောင်ဘက်အရပ်တွင် ဟိမဝန္တာမှ ထင်ရှူးသားဖြင့် ထုလုပ်ပူဇော်ထားသော ကဿပမြတ်စွာဘုရားရုပ်ပွားတော်၊ အနောက်အရပ်တွင် ပဉ္စလောဟာဖြင့်ပြီးသော ဂေါတမမြတ်စွာဘုရား ရုပ်ပွားတော်။
( ပဉ္စလောဟာဆိုတာ ရွှေ၊ ငွေ၊ ကြေးနီ၊ သံ၊ ခဲ သတ္တု ၅ မျိုးစပ်ပြီး သွန်းလုပ်တာလို့ ပြောကြပါတယ်ဗျ )
" ဂေါတမမြတ်စွာဘုရားရဲ့ ရုပ်ပွားတော်ကလည်း ကျွန်းသားနဲ့ ပြန်ထုလုပ်ထားရတာ.... မူလရုပ်ပွားတော်က ပဉ္စလောဟာနဲ့ သွန်းလုပ်ပူဇော်ထားခဲ့တာတဲ့ "
မြောက်အရပ်တွင်တော့ ဥဿပဲခူးမှရရှိတဲ့ စံကားသားနဲ့ ထုလုပ်ထားတဲ့ ကကုသန္ဓမြတ်စွာဘုရား၊ ကကုဿန်ဘုရား ရုပ်ပွားတော် စံပါယ်တော်မူသည်။ ရပ်တော်မူရုပ်ပွားတော်များမှာ ၈ ပေမြင့်သော ပလ္လင်တော်ပေါ်တွင် ရှိပြီး ၃၁ ပေနဲ့ ၅ လက်မစီရှိပြီး ပုဂံတစ်ဝိုက် ရပ်တော်မူရုပ်ပွားတော်များတွင် ဉာဏ်တော်အမြင့်ဆုံး ရုပ်ပွားတော်များဖြစ်ကြသည်။
ရုပ်ပွားတော် တစ်ဆူပြီးတစ်ဆူ ဖူးမြှော်ပြီး ပုဂံခေတ် ဘာသာရေးအဆင့်မြင့်ပုံ၊ အနုပညာအဆင့်အတန်း၊ ဆောက်လုပ်မှု ဗိသုကာအဆင့်အတန်း၊ တွေးခေါ်မှုများကို စဉ်းစားဆင်ခြင်မိကြသည်။ ဘုရားစင်္ကြံအတွင်း အလင်းပေးထားပုံ၊ လေဝင်လေထွက်ပြတင်းများ၊ ဘုရားဆင်းတုတော်များအပေါ် အလင်းကျရောက်မှု စသည်များအပြင် ပစ္စယာအဆင့်ဆင့်တွင် ၅၅၀ နိပါတ်တော်ဇာတ်များ၊ နတ်ဗြဟ္မာများ မြတ်စွာဘုရားကို လာရောက်ဖူးမြှော်ကြပုံ၊ မာရ်နတ်က မြတ်စွာဘုရားအား တိုက်ခိုက်ရန်လာကြပုံများ စသဖြင့် ပုံဖော်ထားမှုက လှပသေသပ်စွာ၊ အချိုးကျပြေပြစ်စွာ ချီးမွှမ်းဖွယ်ရာအဖြစ် တည်ရှိနေကြသည်။
" အာနန္ဒာဘုရားက ဂူပုထိုးပုံစံမျိုး တည်ထားပြီး အိန္ဒိယဂူဘုရားတွေနဲ့ ရှေးဂရိပိရမစ်တို့နဲ့ တည်ဆောက်ပုံသဘောမျိုးနဲ့ တူတယ်... အာနန္ဒာဘုရားကို ထီးလှိုင်ရှင် ကျန်စစ်သားမင်းကြီးက ဘုရားရှင်ရဲ့ အနန္တပညာကို ရည်မှန်းပြီး အနန္ဒာဘုရားလို့ ဘွဲ့အမည်ပေးခဲ့ပေမဲ့ အခုနောက်ပိုင်း အချိန်တွေကြာလာတော့ အာနန္ဒာဆိုပြီး အမည်တွင်လာတော့တာ "
ဧည့်သည်များက အာနန္ဒာဘုရားရှိ ကျန်စစ်သားမင်းကြီး၏ ရုပ်တုကို အာရုံစိုက်နေကြသလို ငုဝါမောင်ကလည်း ဘယ်ပန်းပုလက်ရာရှင်၏ ဖန်တီးမှုလဲမသိ၊ လက်ရာမြောက် ပန်းပုယမင်းရုပ်လေး၏ အလှတရားကို အသေးစိတ် ခွဲခြမ်းလေ့လာနေသည်။ အကြည့်တစ်ချက်မှာ အသားပဲ့ပါမည်ဆိုလျှင် ချစ်ဆုံးနွတွေင် အသားအစိုင်ဟူ၍ ရှိတော့မည်မဟုတ်။
ချစ်ဆုံးနွေ စိတ်ထဲမသိုးမသန့်ဖြစ်တာကြောင့် ကြည့်မိကြည့်ရာ ကြည့်လိုက်တော့ ငုဝါမောင်၏ ရှုစားနေမှုကို တိုက်ရိုက်တွေ့လိုက်ရသည်။ မိန်းကလေးချင်းဆိုသော်လည်း ချစ်ဆုံးနွေ ရှက်သွေးလွှမ်းမိပါသည်။ သည်လိုအကြည့်မျိုးတွေက ကြက်သီးထစရာပင်။
=======================================
" မနက်ဖြန်နဲ့ သဘက်ခါကျရင် နွရေဲ့ မြင်းကပါရွာကို အလည်ခေါ်သွားမယ်... မနက်ဖြန်ကျရင် အဖွားမွေးနေ့မို့ စတုဒိသာရှိတော့ အားလုံးကိုဖိတ်ပါတယ်ရှင့်... မနက်ကျရင် နွေ စောစောလေး လာခေါ်မယ် "
ဧည့်သည်တွေကို ဟိုတယ်ပြန်ပို့ပေးပြီးနောက် ဖိတ်ခဲ့သည်။ ချစ်ဆုံးနွေ တစ်ခုပဲ စိတ်ရှုပ်မိသည်။ ငုဝါမောင်က သူနဲ့ပါလာသည်လေ။ အတင်းကိုလိုက်လာခြင်း ဖြစ်သည်။ မိုးမှောင်နေပြီမို့ ဟိုတယ်မှာပဲ အိပ်ပါဟူ၍ ငုဝါမောင်က ပြောသော်ငြား မြင်းလှည်းသမားနဲ့ အသိလည်းဖြစ်၊ လမ်းလည်းကြုံသဖြင့် မိုးအနည်းငယ်မှောင်နေသော်လည်း ပြန်လာသည်။ ထိုအခါ ငုဝါမောင်ကပါ တစ်ပါတည်းလိုက်လာသည်။
" မနက်ဖြန်အလှူဆိုတော့ မောင်ကူညီပေးမယ်လေ "
ဟူ၍ မရမက ကပ်ပါလာသည်ကို ချစ်ဆုံးနွလေည်း တားမရပေ။
" မြေးလေး... ပြန်လာပြီလား "
ပိန်ပိန်ပါးပါးနဲ့ ဆံပင်အနည်းငယ်ဖြူနေပြီဖြစ်သော အဘွားအိုတစ်ယောက်က ဝိုင်းဝသို့ လာကြိုသည်။ အသက်အားဖြင့် ၆၀ ကျော်၊ ၇၀ နီးပါးဖြစ်လောက်သည်။
" မြေးလေး... ဟိုမှာ ညဉ်းသူငယ်ချင်းမတွေ ရောက်နေပြီ "
" ဟုတ်ကဲ့ "
ချစ်ဆုံးနွရေဲ့ အဘွားက အနောက်ရှိ အိတ်ထုတ်အသွယ်သွယ် လက်ထဲမှာ သယ်ထားတဲ့ ငုဝါမောင်ကို စူးစမ်းသလိုမျက်လုံးနဲ့ ကြည့်သည်။ ချစ်ဆုံးနွေ မယူပါဘူးဟု အတန်တန်ပြောပါသော်လည်း မပါပါအောင် သယ်ယူလာသည့် အိတ်ထုတ်တွေက လက်ထဲမှာအပြည့်။
" သူက ငုဝါမောင်တဲ့... သမီးရဲ့မြို့က သူငယ်ချင်း "
" ငုဝါကို မြေးအရင်းလေးလို ချစ်နိုင်ပါတယ်ရှင့် "
ငုဝါမောင်မှာ အဘွားကို သွား ၃၂ ချောင်းလုံးပေါ်အောင် အလှပဆုံးပြုံးပြလျှက် ပြောသည်။
" အေးပါ၊ အေးပါ... ဧည့်သည်ကို အိမ်ထဲခေါ်လိုက်ဦး "
အိမ်ထဲသို့ဝင်သွားပြီးနောက် ချစ်ဆုံးနွကေ သူ့သူငယ်ချင်းတွေနဲ့ စတုဒိသာအတွက် ချက်ကြပြုတ်ကြရန် ပြင်ဆင်ပြီး ငုဝါမောင်ကတော့ ဝယ်လာတဲ့လက်ဆောင်တွေနဲ့ ချစ်ဆုံးနွေ၏ အဘွားကို မျက်နှာလုပ်နေသည်။
" ဒါလေးက အဘွားနဲ့လိုက်လောက်မယ့် လူကြီးဆင်လေး... "
ထိုစဉ် ချစ်ဆုံးနွတေို့ အုပ်စုဘက်မှ ရယ်သံမောသံများကို ကြားမိတော့ စိတ်ထဲတော့ သိပ်မကြိုက်။
" အဘွား... ငုဝါ ဟိုဘက်မှာ သွားကူပေးလိုက်ဦးမယ် "
" အေး.. အေး "
သို့နှင့် ငုဝါမောင်တစ်ယောက် ချက်ပြုတ်နေသည့် မိန်းကလေးအုပ်စုထဲသို့ ရောက်လာကာ ချစ်ဆုံးနွေ၏ဘေးသို့ ဝင်ထိုင်လိုက်တော့သည်။ အတင်းတိုးဝင်လာသည်ဖြစ်၍ အားလုံးအံ့ဩသွားကြသည်။
" မငုဝါမောင်... ဘာဖြစ်လို့ ဒီကိုလာတာလဲ "
" မောင်က ဝိုင်းကူပေးမယ်လို့ ပြောထားတာလေ.... လာကူတာပေါ့ "
" ဧည့်သည်က ဧည့်သည်လိုပဲ နေစမ်းပါရှင် "
" မောင်က ဧည့်သည်လား.. သူစိမ်းလည်းမဟုတ်ဘဲနဲ့.... လုပ်ပါ၊ ဘာကူပေးရမလဲ "
" မိနွမေ မိတ်ဆက်ပေးဦးလေတော့ "
" မောင်ဆိုလား.. အဲ့လိုခေါ်ရမှာလား "
" ဟင့်အင်း၊ ဟင့်အင်း... အဲ့ဒါ နွရေဲ့တစ်ဦးတည်းပိုင် နာမ်စား... ဒီက ညီမတို့၊ အစ်မတို့က ငုဝါလို့ပဲ ခေါ်ပါ "
ချစ်ဆုံးနွေ၏ သူငယ်ချင်းမများ မျက်နှာပေါ်၌ Question-mark တွေ တန်းစီပေါ်လာသည်။ ချစ်ဆုံးနွလေည်း ငုဝါမောင်၏ မဖုံးမဝှက်တမ်း ပြောနေသည့်စကားများကြောင့် ဘယ်လိုဖြေရှင်းရမည်မသိ ကြောင်အသွားသည်။ ဘေးသို့ အဘွားဖြစ်သူကလည်း ရောက်လာသည်။
" အဘွား... "
ငုဝါမောင်လည်း အဘွားကိုတွေ့သွားတော့ အစပိုင်း မှင်သက်သွားပေမဲ့ ခဏနေတော့ ပြုံးပြလိုက်ကာ
" အဘွားမြေးကို ပေးမယ်မဟုတ်လား "
" ညဉ်း ရရင်ယူပေါ့တော်... မိန်းကလေးအချင်းချင်း အံ့ပါ့ "
အဘွားဖြစ်သူက မယုံသလိုလေသံမျိုးနဲ့ ပြောသည်။
" တကယ် ရရင်ယူရမှာလား အဘွား "
ငုဝါမောင်၏ စကားလုံးများကြောင့် ချစ်ဆုံးနွေ၏ မျက်နှာမှာ နီရဲနေလေပြီ။
" ဟဲ့ မိနွမေ... ဘာအဓိပ္ပါယ်တုန်း "
ချစ်ဆုံးနွေ မျက်လုံးလေးအဝိုင်းသားနဲ့ ဘာဖြေရမှန်းမသိ။ ထို့ကြောင့် ငုဝါမောင်က ဝင်ဖြေသည်။
" နွရေဲ့မောင် ဖြစ်ချင်လို့လေ "
=======================================