The Criminal & Habibi
By Sundi_Minie
37.8K 5.4K 1.1K
Fiction နဲ့ပတ်သတ်တာ သဘောမကျခဲ့သည်ရှိသော် စာရေးသူကို တိုက်ရိုက်လာပြောပေးပါ Jeon Jungkook♡KimTaehyung Sundi Min... More
Bakari
Part 2
Note
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Aarik
Part 17
အချစ် ဆုံးရှုံးမှု
Part 18
Part 1
5.7K 386 65
By Sundi_Minie
အရင်ဆုံး ပြောချင်တာက title ဖတ်တာနဲ့ ဇာတ်လမ်း Vibe ကိုသိမှာပါ... Inter မှာက ဒီလို Arabic vibe က ကြိုက်ကြပင်မဲ့ ဒီမှာတော့ မသိတာမို့ ရေးချင်စိတ်ကော ဖတ်ချင်တဲ့ ကလေးတစ်ချို့ကြောင့် Try ပေးတာပါ...
ဆိုတော့ ကိုယ်က Sensitive ဖြစ်သူဆို မကြိုက်ရင် မဖတ်ပါနဲ့နော်...ကိုယ်က ကိုယ့် Fic ကော ကိုယ့်စိတ်ကော အထိမခံရဲသူမို့ ဒါက Arabic Fic ဖြစ်ကြောင်း ပြောပြတာပါ...
...
အိမ်ကနေ စိတ်တိုတိုနဲ့ ထွက်လာခဲ့တာဖြစ်သည်။ အိမ်စီးဖိနပ်ပါးပါးအဖြူလေးနဲ့ ညအိပ်ဝတ်စုံလေးနှင့်။ ကားကိုလည်းမစစ်ဘဲ ဒီတိုင်းသာ ယူလာခဲ့တာဖြစ်သည်။
 အလုပ်ကိုသာ ဦးစားပေးနေတဲ့ ဒယ်ဒီ့ကို စိတ်တိုတိုလွန်းလို့ညကြီး ထွက်လာခဲ့တာ။ ည ၁၂ နာရီထိုးရင် 18နှစ်ပြည့် မွေးနေ့ကို ရောက်ပြီ။ ဒါကို ကျွန်တော့်မွေးနေ့အတွက် ဒယ်ဒီက အမှတ်မရသလို ဒီတိုင်းလက်ဆောင်လေးတစ်ခုတောင် မစီစဉ်ပေးထားဘဲ သူ့အလုပ်ထဲဘဲ ခေါင်းစိုက်နေတာ။
ဘာဝန်ကြီးချုပ်ရဲ့ သားမှလည်း မဖြစ်ချင်ဘူး။ ချမ်းလည်းမချမ်းသာချင်ဘူး။ ဒီတိုင်းသာမန်မိသားစုနဲ့ မိဘရဲ့ အရေးပေးမှုကို ကျွန်တော်က လိုချင်တာ။ 
စိတ်ရူပ်စိတ်တိုမှုတွေနဲ့ ကားကို အရှိန်ဖြင့် မောင်းလာတာက မြို့ပြင်အထိ။ 18 နှစ်ပြည့်ပြီမို့ ယာဉ်မောင်းလိုင်စင်က မနက်ဖြန်ဆိုရမှာ ဆိုပင်မဲ့အဲ့လောက်အထိ သည်းခံပြီး အိမ်ထဲမှာ ဝမ်းနည်းမှုတွေနဲ့ ကျွန်တော်မနေနိုင်ဘူး။ 
ရုတ်တရက် ကားအရှေ့သို့ ဖြတ်ဝင်လာသည့် အရှိန်နှင့်လာသည့် ဆိုင်ကယ်တစ်စီး။ 
အလန့်တကြားဖြင့် ကားကို ဆွဲချပစ်လိုက်တော့ လမ်းဘေးသို့ကျကာ ထိုးရပ်သွားသည်။ 
ထိတ်လန့်မှုတွေနဲ့အတူ ရင်ထဲကတွင် တုန်ရင်သွားလျက်။
ယာဉ်မောင်းလိုင်စင်လည်းမပါသလို တစ်ခုခုဖြစ်သည်နှင့် ဒယ်ဒီရဲ့နာမည်နဲ့အတူ ပိုပြီးဆိုးသွားမှာ။ ကားစက်နှိုးကြည့်လိုက်သော်လည်း လုံးဝနှိုးလို့မရပေ။ 
ပြီးတော့ မြို့ပြင်မှာ။ လူက ပြတ်သေးတယ်။ ညဘက်ကြီးလည်းဖြစ်တယ်။ 
ကြောက်စိတ်လေးဟာလည်း ကိန်းအောင်းလာသည်။
ဆိုင်ကယ်သမားကိုလည်း စိတ်တိုကာ ကားပေါ်ကနေ ဆင်းလိုက်တော့ ဆိုင်ကယ်သမားကလည်း တစ်ဖက်ကနေ သူ့ဆိုင်ကယ်ကိုရပ်လျက် ကျွန်တော့်ကိုလှမ်းကြည့်သည်။
"ဟေ့လူ...ဆိုင်ကယ်ကို လူလိုမမောင်းတတ်ဘူးလား"
ဆိုင်ကယ် Helmet အောက်ကနေ သူ့မျက်ဝန်း။ သိပ်ကို စူးရဲတာဘဲ။ 
"ခင်ဗျားကြောင့် ကျွန်တော့်ကား စက်နှိုးလို့မရတော့ဘူး...ဘာပြန်လုပ်ပေးမှာလဲ"
ထိုအခါ ဘာမှကျွန်တော့်အား မတုံ့ပြန်ဘဲ အနားသို့ရောက်လာသည်။
"ပြင်တတ်တယ်...ပြင်ပေးမယ်...ရလား"
"ပြင်မရရင်ကော...ခင်ဗျားက ဘာလုပ်ပေးမှာလဲ"
"အဟွန်း...လျော်ကြေးတောင်းချင်နေတာလား"
ပိုက်ဆံကဘာလုပ်လို့ရမှာလဲ။ ကိုယ်တိုင်လည်း ပြင်နိုင်တယ်။ ဒါပင်မဲ့ သူ့ကြောင့် ဖြစ်တာမို့  ကျွန်တော်က မကျေနပ်တာ။ အဲ့တာကို သိစေချင်တာ။
"လူလိုသိစေချင်တာဗျ"
ထိုလူက ကျွန်တော့်ကို ပြန်ပြီး မတုံ့ပြန်ဘဲ ကားရှေ့ဖုံးကို ဖွင့်ကြည့်သည်။ ထို့နောက် ကားထဲကိုနိုက်၍ စစ်ပေးသည်။
ဖုန်းကလည်း ကားထဲမှာမို့ သူ့အနားက ပြန်ခွာလိုက်ကာ ကားတံခါးကို ဖွင့်ကာ ဖုန်းကို ကုန်းယူလိုက်ပြီး ပြန်ထလိုက်သည့်အချိန်တွင် နှာခေါင်းကို အုပ်ခံလိုက်ရသည့် ခံစားချက်နဲ့အတူ ရုန်းကန်ပင်မဲ့ လက်လေးတွေဟာလည်း ချုပ်တီးခြင်းခံလိုက်ရသည်။ တစ်ဆက်တည်း ဆေးနံ့ခပ်စိမ်းစိမ်းရနံ့ကိုပါ ရလိုက်ပြီး ရုန်းနေရင်းမှ မူးဝေလာကာ အိပ်ချင်စိတ်ချက်ချင်းဖြစ်သွားလျက် ခန္ဓာကိုယ်လေးဟာလည်း ပျော့ခွေသွားတော့သည်။
ဒါဟာ ပြန်ပေးဆွဲခံလိုက်ရတာလား။
"Boss..."
"ကားသွားယူ"
ပီပီသသ ထွက်လာသည့် အာရဗစ်ဘာသာစကား။ ဆိုင်ကယ် Helmet ကိုချွတ်လိုက်ကာ မှီတွဲကာ ပျော့ခွေနေသည့်ခန္ဓာကိုယ်လေးကို ပွေ့လိုက်သည်။
"မင်းဆိုင်ကယ်နဲ့ သွား..."
တပည့်နှစ်ယောက်ပါလာကာ တစ်ယောက်က ကားသွားယူခြင်းကြောင့်နောက်တစ်ယောက်ကို ဆိုင်ကယ်နဲ့လာရန်မှာပြီး သူက ကားနဲ့ ဒီကောင်လေးကို ခေါ်သွားမှာဖြစ်သည်။
"ရဲတွေ..."
ဝန်ကြီးရဲ့ သားကို ပြန်ပေးဆွဲလိုက်တာမို့ မကြာခင် ဝန်ကြီးရဲ့သားပျောက်သွားခြင်းအပေါ် ကိုးရီးယားတစ်နိုင်ငံလုံး ဂယက်ထတော့မှာမို့ Aarik က စိုးရိမ်နေတာ။ 
"အာရဗီယန်းလူမျိုးတစ်ယောက်ကို တိတိကျကျ စစ်ပါ့မလား Aarik...လေယာဉ်အဆင်သင့်လုပ်ခိုင်းထားလိုက်....ငါ့ကိုလူတစ်ယောက်ကို မဖမ်းနိုင်ပါဘူး"
ထို့နောက် ကားပေါ်သို့ တက်ကာ ကားနောက်တွင် မေ့မျောနေသည့် ခန္ဓာကိုယ်လေးကို လက်တွေခြေထောက်တွေအား  ကြိုးတုတ်လိုက်ကာ ကားရှေ့ခန်းတွင် ထိုင်သည်။ ထို့နောက် မှောင်ခိုဝယ်ထားသည့် အိမ်အကြီးကြီးရှိရာသို့ ဦးတည်လိုက်ခိုင်းရင်း အဆင်သင့်ရပ်စောင့်နေသည့် လေယာဉ်စီကိုသွားရန်ဖြစ်သည်။
အိမ်သို့ရောက်သည်နှင့်အဝတ်အစားကိုပင်မလဲကာ ချက်ချင်းကားပေါ်က တစ်ယောက်ကို ပွေ့ချီလိုက်ပြီး လေယာဉ်ပေါ်သို့ ချက်ချင်းတက်ကာ ကိုးရီးယားနိုင်ငံမှ ထွက်ခွာသွားတော့သည်။
ထိုနောက်နေ့ မနက်တွင် သတင်းအစီအစဉ်တွေကအစ သတင်းစာရဲ့ ခေါင်းကြီးပိုင်းတွင် ကိုးရီးယားနိုင်ငံရဲ့ ဝန်ကြီးချုပ်ရဲ့ တစ်ဦးတည်းသောသား Kim Taehyung ပျောက်ဆုံးမှုဟာ ပွလောရိုက်စွာဖြင့် ကြီးစိုးသွားတော့လေသည်။ 
...
ခြေထောက်က တင်းကျပ်နေမှု။ ပြီးတော့ ပူစပ်စပ်ဖြင့် ခေါင်းဟာ နှောက်ကျိကျိ ခံစားလိုက်ရပြန်သည်။ 
အလင်းရောင်စူးစူးကြောင့် ပွင့်ခါစ မျက်ဝန်းလေးဟာ ပြန်ပိတ်သွားပြီး တစ်ဆက်တည်း မှတ်ဉာဏ်တွေဟာလည်းနောက်ပြန်ဆုတ်သွားသည်။
ထိုအခါမှ အလန့်တကြား ထထိုင်လိုက်တော့ ခေါင်းက မိုက်ခနဲ။ ရောက်နေတာက တဲအိမ်သေးသေးလေးထဲ။ ဘေးပတ်ပတ်လည်ကို ကြည့်ကာဖြင့် နေရာက သိပ်ကို ထူးဆန်းနေသေးသည်။
ထိုအခါ အိပ်နေသည့် ကုတင်ပေါ်မှ ထကာ ကျွန်တော်သည် မတ်တပ်ရပ်လျက် ဒီထူးဆန်းသည့်နေရာကို စူးစမ်းမိသည်။
ခြေထောက်မှာလည်း သံကြိုးဖြင့် ခတ်ခံထားလျက်ရှိသည်။
ဒါက ဘာလဲ။ ကျွန်တော် ပြန်ပေးဆွဲခံလိုက်ရတာလား။ တကယ်ကြီး ပြန်ပေးဆွဲခံလိုက်ရတာပေါ့။
ထို့နောက် အလန့်တကြားဖြင့် တဲကနေ ပြေးထွက်လာမိတော့ အပြင်ရောက်သည်နှင့် တစ်စုံတစ်ယောက်က ကျွန်တော့်လက်ကို နောက်ကနေ လှမ်းဆွဲထားသည်။
"မင်းဖိနပ်မပါဘူး...သဲတွေက ပူတယ်"
ထိုအခါ ကိုယ့်ခြေထောက်ကိုလည်း ပြန်ငုံ့ကြည့်လျက်။ အရိပ်ထဲမှာဆိုပင်မဲ့ ရာသီဥတုက ပူတော့ သဲတွေက အနည်းငယ်တော့ ပူနေသည်။
"ကျွန်တော်ဘယ်ရောက်နေတာလဲ...ခင်ဗျားကျွန်တော့်ကို ဘယ်ခေါ်လာတာလဲလို့"
ထိုလူက မျက်နှာကို အဝတ်ဖြင့်အုပ်ထားကာ မျက်ဝန်းဟာလည်း နက်မှောင်နေသည်။ ကျွန်တော်ဟာ တစ်ချက်မျှ ငေးကြည့်မိလျက် ဒါဟာ မနေ့ညက တွေ့ခဲ့တဲ့ဆိုင်ကယ်သမားဘဲမလား။
သူ့မျက်ဝန်းကိုတော့ ကျွန်တော်သေချာကို မှတ်မိနေတာ။
"ခင်ဗျားက မနေ့ညက ဆိုင်ကယ်နဲ့လူမလား...ခင်ဗျားမျက်နှာ ကျွန်တော့်ကိုပြ"
"ဘာအတွက်ပြရမှာလဲ...ထားသလိုနေ...အပိုတွေသိပ်မပြောနဲ့"
သူကများ ကျွန်တော့်ကို ပြန်ဟောက်နေသေးသည်။ စိတ်မထိန်းစွာဖြင့် သူ့မျက်နှာပေါ်က အဝတ်ကိုဆွဲဖယ်ရန်ပြင်လိုက်သော်လည်း သူကနောက်ဆုတ်ကာဖြင့်ရှောင်သွားကာ ကျွန်တော့်ကို နောက်ကနေ လူတစ်ယောက်က လက်တွေကို ချုပ်ကိုင်လိုက်သည်။
"အာရဗီယန်း ယောကျာ်းလေးတစ်ယောက်ရဲ့ ဘကရီအဝတ်ကို ဆွဲမဖယ်သင့်ဘူး...အထူးသဖြင့် မျက်နှာကိုအုပ်ထားတဲ့အချိန်"
"သူနားမလည်ဘူး Aaran..."
အာရဗီဘာသာစကားနဲ့အတူ သူတိုနှစ်ယောက်ရဲ့တုံ့ပြန်မှုတွေ။
"လွှတ်ပေး..ကျွန်တော့်ကို...ကျွန်တော့်ဒယ်ဒီနဲ့ ဖမ်းခိုင်းမှာနော်...ပိုက်ဆံလိုချင်လို့လား...ခင်ဗျားတို့လိုသလောက်တောင်းပေးမယ်"
"အဟွန်း..ပိုက်ဆံလား...ကိုယ့်မှာလည်း မင်းမထင်လောက်အောင် သိပ်ပေါတာမို့ ကိုယ့်ရှေ့နောက်တစ်ခါ ပိုက်ဆံအကြောင်းမပြောနဲ့...."
ထိုလူက ကျွန်တော်နဲ့ဆိုရင် ဟန်ဂုစကားကိုပြောပြီး သူတို့လူအချင်းချင်းကျရင်နောက်ထပ်ဘာသာစကားကို သုံးသည်။ 
"ကျွန်တော်အခုဘယ်ရောက်နေတာလဲ...အဲ့တာခင်ဗျားဖြေပေး"
"UAE နိုင်ငံရဲ့  သဲကန္တာရထဲက ရွာသေးသေးလေးတစ်ခုထဲမှာ...ထွက်ပြေးချင်ရင်လည်း ရတယ်...သုံးရက်လောက်ဆို မင်းအလောင်းက သဲတွေအောက်ထဲရောက်သွားမှာ..."
"ဒီလောက်အဝေးကြီး...ကျွန်တော့်ကို...ဘာကြောင့်...ဘာလို့လဲ..."
ထုရိုက်ရန် ရုန်းလိုက်သော်လည်း နောက်ကနေ ဖမ်းချုပ်ထားသည့်တစ်ယောက်က ကျွန်တော့်အား မလွှတ်ပေးသေး။
ဒေါသထွက်စွာဖြင့် ကျွန်တော့်မျက်နှာဟာ နီးမြန်းလာလျက် ရှေ့က ကျွန်တော့်အား ဖမ်းခေါ်လာသည့် လူကို သတ်ပစ်ချင်လာသည်။
"တအားတွေဆိုးမနေနဲ့...လက်နက်ကိုင်တွေချည်းဘဲ...ကိုယ်ပြောတာရှင်းတယ်မလား"
"ခင်ဗျားက ဘာလူမျိုးလဲ"
"ကိုယ့်ကို ပြန်မေးခွန်းထုတ်နေတာလား...အာရဗီယန်းသွေးတစ်ဝက်...ဟန်ဂုသွေးနှော..."
ဒီတစ်ခါပိုရုန်းလိုက်တော့ နောက်ကတစ်ယောက်က လွှတ်ပေးလာသည်။
"ငါတို့ရဲ့ Ahmad Jeon က သဘောထားကြီးတယ်နော်...မင်းမို့လို သူအများကြီး အလျော့ပေးနေတာ..."
"Ahmad Jeon..."
ကျွန်တော်ဟာ သံယောင်လိုက်ကာဖြင့် ထိုလူ့နာမည်ကို ရေရွတ်လိုက်သည်။ အာရဗီယန်းတစ်ယောက်ဆိုတော့ အာရဗီနာမည်ပေါ့...။
"ဟုတ်တာပေါ့...ငါတို့ဆရာနာမည်က Ahmad Jeon လေ UAE ရဲ့အချမ်းသာဆုံး စာရင်းဝင် သူခိုးတစ်ယောက်ဘဲ..."
"အော်...ခင်ဗျားက သူများပစ္စည်းတွေခိုးရင်း ချမ်းသာလာတာပေါ့...ဟုတ်လား..."
"ကိုယ့်ရဲ့ နောက်နာမည်တစ်မျိုးက Jeon Jungkook...မင်းအဖြေကို ပြန်ပေးချင်တာက ခိုးရင်ချမ်းသာလာတာမဟုတ်ဘူး...အစကတည်းက ချမ်းသာတာ...ဘာလို့သူခိုးလုပ်တာလဲဆိုတော့ ကမ္ဘာပေါ်က တန်ဖိုးကြီး အမွေအနှစ်ပစ္စည်းတွေကို ခိုးပြီး စုဆောင်းရတာ ကြိုက်လို့ဘဲ"
UAE ရဲ့ အချမ်းသာဆုံးစာရင်းဝင်ဆိုတော့ သူ့ရဲ့ချမ်းသာမှုက ကျွန်တော့်ထက်ပင်ဘဲ။
"အဲ့ဆို ဘာလို့ကျွန်တော့်ကို ဖမ်းတာလဲ...ခင်ဗျားချမ်းသာပုံက ကျွန်တော်တို့ထက်ချမ်းသာပုံဘဲလေ Ahmad Jeon"
"သေချာတယ် မင်းအဖေမှာ ကိုယ်လိုချင်တဲ့ တန်ဖိုးကြီးပစ္စည်းရှိလို့ဘဲ...အဲ့တာကို မင်းနဲ့လဲလှယ်မှာမို့ ကိုယ်လိုချင်တဲ့ပစ္စည်းရရင် မင်းကို အိမ်ပြန်ပို့ပေးမှာ"
"ဘာပစ္စည်းမို့လို့လဲ"
"မင်းက မင်းအဖေမှာရှိနေတဲ့ ပိုင်ဆိုင်မှုတွေကို သေချာမသိဘူးဘဲလား...မင်းအဖေမှာက တန်ဖိုးကြီးအမွေအနှစ်တစ်ခုရှိတယ်..အဲ့တာကို ကိုယ်လိုချင်တယ်"
ဆက်ပြောစရာစကားတောင်မရှိဖြစ်သွားသည်။ ဘာပစ္စည်းမို့လို့ လိုချင်ရအောင် ကျွန်တော်နဲ့လဲလှယ်ချင်နေရတာလဲ...ဒယ်ဒီ့မှာက ဘာပစ္စည်းများရှိနေလို့လဲ။
"Aaran...သူ့ကို အထဲပြန်ထည့်လိုက်တော့...Aarik နဲ့ကိုယ်သွားစရာရှိတယ်..."
"ခင်ဗျားမျက်နှာ ကျွန်တော့်ကို ပြသင့်တယ်မထင်ဘူးလား Ahmad Jeon..."
"ဘာအတွက်ပြရမှာလဲ...မလိုအပ်ဘူး...လိုချင်တာရတာနဲ့ မင်းကိုပြန်ပို့ပေးမှာလေ"
"ခင်ဗျားမျက်နှာကို မှတ်ထားပြီး ကျွန်တော်အိမ်ပြန်ရောက်တာနဲ့ ဖမ်းခိုင်းမို့ဘဲ...ပြီးတော့ ခင်ဗျားလိုချင်တဲ့ပစ္စည်းကို မျှော်မှန်းမနေနဲ့...ဒယ်ဒီက ခင်ဗျားကို အလွှတ်ပေးမှာတဲ့လား...ဆုတောင်း...ဆုတောင်း...ဆုတောင်း..."
"အင်း...ဘုရားသခင်က ကိုယ့်ရဲ့ဆုတောင်းကို လက်ခံလို့ မင်းကိုရခဲ့ပြီဘဲ...စိတ်မပူပါနဲ့...ဝတ်ပြုတိုင်း ဆုတောင်းနေမြဲ။"
ထိုလူက လှည့်ထွက်သွားသည်။ 
မခံနိုင်မှုတွေဖြင့် နောက်ကနေ ထုရိုက်ရန်ပြင်လိုက်သော်လည်း ရှေ့ကနေ ကာရပ်နေသည့်ကောင်က ကျွန်တော့်ကို အထဲသို့တွန်းလွှတ်တော့သည်။
"အားး...မထိနဲ့...ငါ့ကို အနိုင်ကျင့်နေကြတာ...ဝန်ကြီးချုပ်သားကို အနိုင်ကျင့်ရင် သေဒဏ်ပေးမှာနော်"
"ဒီမှာကောင်လေး...ငါတို့တွေက ဒီနယ်မြေမှာ လက်နက်ကိုင်တွေဘဲ။....ဟုတ်ပြီနော်..."
ခြေထောက်တွင်လည်း သံကြိုးခတ်ခံထားရသလို အပေါက်ဝတွင်လည်း ထိုကျန်ခဲ့တဲ့လူက ပိတ်ရပ်နေသည့် ဘယ်လိုမှထွက်ပြေးလို့မရဘူးဆိုတာသိသည်။ အဲ့ထက် လမ်းတောင်မရှိသည့် ဒီ သဲကန္တာရထဲမှာ ဘယ်လိုတောင်သွားရမလဲဆိုတာတောင် ကျွန်တော်က မသိတာ။
ကံတရားက ရက်စက်ချင်တော့ ထွက်သွားတာတောင် ကိုးရီးယားကနေ အာရပ်ဒေသကို ပို့လိုက်တယ်။
မုန်းစရာကောင်းလိုက်တာ...Ahmad Jeon ကော ကျွန်တော့်ရဲ့ ကံတရားကောဘဲ။
ညမှောင်လာတော့ တဲအိမ်ထဲသို့ မီးအိမ်လေးလာထည့်ပေးသည်။
"သူကော"
အင်္ဂလိပ်စကားဖြင့်မေးလိုက်တော့ ကျွန်တော့်ကို တစ်ချက်ကြည့်ကာ မီးတွေလိုက်ညှိပေးသည်။
"ရှိတယ်...ပြီးရင်မင်းကို ညစာစားဖို့လာခေါ်လိမ့်မယ်"
ထို့နောက် Aaran ဆိုသူက ထွက်သွားတော့ မီးအလင်းရောင်မှိန်မှိန်ထဲတွင် ကျွန်တော်ဟာ တစ်ယောက်တည်းကျန်ခဲ့ပြန်သည်။ 
တစ်ခနအကြာတွင် ကျွန်တော်ရှိနေသည့် တဲထိသို့ Ahmad Jeon ကရောက်လာသည်။ 
"ကျွန်တော်ဗိုက်ဆာတယ်...တစ်နေကုန်ဘာမှမစားရသေးဘူး..."
"မင်းအတွက် စားဖို့ ပန်းသီးနဲ့ စပျစ်သီးပို့ခိုင်းထားတာဘဲ...မင်းစားထားတာဘဲ...အဆင်မပြေလို့လား"
"ထမင်းစားနေကျဆိုတော့ အဲ့တာတွေစားရတာ မဝဘူး...ကျွန်တော်ထမင်းစားချင်တယ်...သံကြိုးဖြည်ပေး..."
"မင်းက ဉာဏ်များနေတာဘဲ...ကြိုးက အရှေ့အထိရှည်တာမို့မင်းသွားလာလို့ရပါတယ်...အခု ကိုယ်နဲ့ ညစာစားမယ်"
ကျွန်တော်ဟာ ရပ်ကာ သူ့ကို ကြည့်နေခြင်းကြောင့် ကျွန်တော့်အားတစ်ဖန် မျက်ခုံးပင့်ကာဖြင့် ပြန်ကြည့်နေသေးသည်။ ဒါကြီးက ဘယ်လိုဟာသဖြစ်စရာ အခြေအနေကြီးလဲ။
"သွားမယ်လေ...ကိုယ့်ကိုပွေ့စေချင်ရင်တော့ မင်းအဲ့မှာတင် တစ်ညလုံးအိပ်လိုက်တော့..."
"ဘယ်သူက ခင်ဗျားကို ပွေ့ခိုင်းနေလို့လဲ။...ခင်ဗျားမသွားသေးလို့ ကျွန်တော်ရပ်နေတာလေ"
အပြင်သို့ထွက်လာတော့ အလယ်ထဲတွင် မီးပုံခပ်ကြီးကြီးတစ်ခုရှိနေကာ လူတွေအားလုံးက ဝိုင်းထိုင်နေကြလျက် စကားစမြည်ပြောဆိုနေကြသည်ကို ကျွန်တော်မြင်တွေ့လိုက်ရသည်။
ဒီတိုင်း ညစာစားရင် ကိုယ့်အိမ်မှာကို စားမယ်ထင်လိုက်ပင်မဲ့အခုက အကုန်လုံး ဝိုင်းဖွဲ့စားနေကြတာဖြစ်ပြီး ပျော်ပျော်ရွှင်ရွှင်ဖြင့်လည်း ရှိနေကြသေးသည်။ 
ထို့နောက်နေရာတစ်ခုကိုရောက်တော့ သူက ထိုင်ကာ ကျွန်တော့်လက်ကိုလည်း ဆွဲချလိုက်ပြီး သူ့ဘေးနားတွင် ကျွန်တော့်အား ထိုင်စေသည်။ 
ပန်းကန်လေးနဲ့အတူ အသားခပ်ကြီးကြီးတစ်တုံးပါသေးသည်။ ထမင်းပူပူနဲ့အသားဟင်းက ကျွန်တော့်ဗိုက်ကို ပိုပြီးဆာလောင်စေတော့တာဘဲ။
"စားကြည့်...တခြားသူရဲ့နိုင်ငံရောက်ရင် သူတို့ရဲ့အစားအစာကို စားကြည့်ရတယ်..."
အကုန်ုလုံးက လက်နဲ့စားကြတာဖြစ်သည်။ တူနဲ့လည်းမဟုတ်သလို ဇွန်းနဲ့တောင်မဟုတ်ဘဲ လက်နဲ့စားနေကြတာ။
ကျွန်တော့်ရဲ့ ညာလက်ကိုဆွဲယူလိုက်ကာ ကျွန်တော့်လက်ကို ရေလောင်းကာဖြင့် ဆေးပေးလာသည်။ ဒါပေမဲ့ ကျွန်တော်မှ လက်နဲ့မစားတတ်တာလေ။
"မင်းကြည့်ရတာ အခက်တွေ့နေပုံဘဲ...လက်ညိုးနဲ့လက်ခလယ်...လက်မရယ်...လက်သုံးချောင်းကို အသုံးပြုပြီး စားကြည့်..."
ဘေးနားကနေ ခပ်တိုးတိုးဖြင့် ကျွန်တော့်ကို သင်ပြသည်။ တခြားအာရဗီယန်းလူမျိုးတွေက ကျွန်တော့်ကိုမမြင်ဖူးသလိုဖြင့် စူးစမ်းကာဖြင့် ကြည့်နေသေးသည်။
သူပြောသလို ထမင်းကို ထိုသုံးချောင်းဖြင့် ယူကာစားလိုက်တော့ အဆင်ပြေသလိုရှိသွားသည်။
"လက်ချောင်းတွေကို ပေပွနေအောင် မစားရဘူး...ကိုယ်ပြောတာ နားလည်သလား..."
"ကျွန်တော်မှ မစားဖူးတာ...ပေတာတော့ပေမှာပေါ့...ခင်ဗျားလို ကျွန်တော်က အာရဗီယန်းလူမျိုးမှ မဟုတ်တာကို..."
"အဲ့တာမို့ကြောင့် မင်းကို ကိုယ်လမ်းပြပေးနေတယ်မလား..."
မျက်စောင်းထိုးကာဖြင့် အသားကို ဖဲကာ စားလိုက်တော့ မျက်ဝန်းလေးဟာ တောက်ပလာလျက် အရသာရှိစွာဖြင့် ဝါးသည်။ ထိုပုံစံလေးကို Jungkook က ရိပ်မိစွာဖြင့် ပြုံးမိလျက်ရှိသေးသည်။
"ကောင်းလိုက်တာ...အမဲသားလိုဘဲ...အမဲသားလား...ဟင်..."
"အဟွန်း...ကုလားအုတ်သား..."
ဝါးနေရင်းမှ ကျွန်တော့်ရဲ့ ပါးစပ်ဟာ ရပ်သွားပြီး Jungkook ကို မျက်ဝန်းပြူးကာဖြင့် ကြည့်လိုက်သည်။
"လန့်မနေပါနဲ့...အာရပ်မှာ စားအကောင်းဆုံးအသားက ကုလားအုတ်သားဘဲ...သူက အမဲသားလိုဘဲ...ပြီးတော့ အသန့်ရှင်းဆုံး အသားထဲမှာ ပါဝင်တယ်...နွား ဆိတ် သိုး ကုလားအုတ်ဆိုတာ အသန့်ရှင်းဆုံးဖြစ်တယ်...မင်းစိတ်သန့်သန့်ဖြင့် သုံးဆောင်နိုင်တယ်"
ဖြည်းဖြည်းချင်းဝါးလျက် ဆာလောင်နေသည့် ဗိုက်ကို ဖြည့်ရသည်။ဘယ်လိုဘဲပြောပြော အရသာရှိတဲ့ ညစာဖြစ်ခဲ့တာ။
ထို့နောက် ထမင်းစားပြီးတော့ ရေတစ်ခွက်နဲ့အတူ ထမင်းပန်းကန်ကို သိမ်းသွားသည်။ တစ်နေကုန်ရေတော့ မဆာပင်မဲ့ အာရဗီယန်းလူမျိုးတွေက သိပ်ကို ဧည့်ဝတ်ကျေမှန်းကျွန်တော်သိသွားသည်။
တစ်ဖန် ကျွန်တော့်လက်ထဲသို့ အသီးခြောက်လေးနှစ်လုံးထည့်ပေးလာတော့ နားမလည်မှုတွေနဲ့အတူ သူ့ကို ကြည့်လိုက်သည်။
"အရူးလေး...မင်းရောက်နေတာ အာရပ်...ကိုယ်ထားသလိုနေ ကိုယ်ကျွေးတာစား...ဟုတ်ပြီလား..."
"ဒါက ဘာသီးလဲ...ကျွန်တော်မစားတတ်ဘူး Ahmad Jeon"
"မင်းဒီမှာနေသည့် ကာလမှာ ထမင်းစားပြီးတိုင်း ဒီအသီးကို အချိုတည်းရမယ်...မင်းကြိုက်သွားမှာပါ...စွန်ပလွံသီးလို့ခေါ်တယ်...မင်းထမင်းစားပြီးတိုင်း မင်းလက်ထဲကို နှစ်လုံးစီ ကိုယ်ထည့်ပေးမယ်"
သူတို့တွေ ဧည့်ဝတ်ကျေမှုက ပြန်ပေးဆွဲခံလိုက်သည်လို့တောင် မထင်မိတော့သည်အထိ။ အခုထက်ထိ သူ့မျက်နှာကို ကျွန်တော့်မှာ မမြင်တွေ့ရပင်မဲ့ တစ်ဆက်တည်းကျွန်တော်သိလိုက်ရသည်က သူကျွန်တော့်ကို နာကျင်အောင်အန္တရာယ်မပေးဘူးဆိုတာပင်။
သူပြောသလို စားလိုက်တော့ သိပ်ချိုသည်။ ချိုလွန်းသည်။ အချိုဓာတ်နဲ့အတူ စိမ့်သည့်အရသာကိုပါရလိုက်သည်။ 
"ခင်ဗျားမျက်နှာ ကျွန်တော့်ကို ပြပါလား..."
ကျွန်တော့်ရဲ့ စကားမှာ ထိုလူက တစ်ဖက်သို့ လှည့်နေရင်းမှ ကျွန်တော့်ကို လှည့်ကြည့်လာသည်။ 
ဒီနေ့ဆို နှစ်ခါရှိသွာပြီ...သူ့မျက်နှာပြဖို့ ကျွန်တော်တောင်းဆိုလိုက်တာ။
"ကိုယ့်ရဲ့ ဘကရီကို မင်းချွတ်နိုင်ရင် ကိုယ့်မျက်နှာကို မင်းငေးကြည့်ခွင့်ရမယ်...ကာဂျဲလ်လေးတော့ မင်းကို တို့မယ်...Habibi..."
...
အိမ်က အကိုရှေ့ရေးတော့ အားမရဘူး...fb မှာအောတာကိုလည်း ဘာတွေတင်တာလဲ ကိုကို နားမလည်လို့ဆိုပြီး တစ်ခုချင်းလာမေးနဲ့
အခန်းထဲလာပြီး နောက်ကနေ လိုက်ရူပ်နေတာ
16.4.2024
By Sundi Minie
...
"လူလိုသိစေချင်တာဗျ"
"Boss..."
"ကားသွားယူ"
"မင်းဆိုင်ကယ်နဲ့ သွား..."
"ရဲတွေ..."
...
"သူနားမလည်ဘူး Aaran..."
"ခင်ဗျားက ဘာလူမျိုးလဲ"
"Ahmad Jeon..."
"ဘာပစ္စည်းမို့လို့လဲ"
"အင်း...ဘုရားသခင်ရဲ့ ကိုယ့်ရဲ့ဆုတောင်းကို လက်ခံလို့ မင်းကိုရခဲ့ပြီဘဲ...စိတ်မပူပါနဲ့...ဝတ်ပြုတိုင်း ဆုတောင်းနေမြဲ။"
"သူကော"
"မင်းအတွက် စားဖို့ ပန်းသီးနဲ့ စပျစ်သီးပို့ခိုင်းထားတာဘဲ...မင်းစားထားဘဲ...အဆင်မပြေလို့လား"
"အဟွန်း...ကုလားအုတ်သား..."
"မင်းဒီမှာနေသည့် ကာလမှာ ထမင်းစားပြီးတိုင်း ဒီအသီးကို အချိုတည်းရမယ်...မင်းကြိုက်သွားမှာပါ...စွန်မလွံသီးလို့ခေါ်တယ်...မင်းထမင်းစားပြီးတိုင်း မင်းလက်ထဲကို နှစ်လုံးစီ ကိုယ်ထည့်ပေးမယ်"
...
16.4.2024
By Sundi Minie
Continue Reading
You'll Also Like
216K 17K 24
"Hey...ugly little one" "Fuck idiot" "Oh... I'll, Love" (2nd) creation
140K 15.2K 25
The Legendary Kim Season II
Fake Love By :)
Fanfiction
137K 3.1K 46
When your PR team tells you that we have to date a girl on the UCONN women basketball team and you can't say no to it... At first you don't think too...
9.3K 682 10
Once married only to divorce and be separated for 10 years. When Gemini gets into an accident and loses all his memories with the exception of Fourth...