ဘာကိစ္စ ယောက္ခမကြီး ဒီ ရောက်နေတုံး!!
"ကျွန်တော် အဖေ့သားကို ဘာမှ မလုပ်ပါဘူးဗျ!! ဘာမှ လုပ်ဘူး ဘာမှ လုပ်ဘူးနော် !! "
ကယောင်ကတန်း ကရားရေလွှတ်ပြောပြီး ကိုးနောင် ပေါ်မှ အမြန် ခုန်ဆင်းလိုက်သော်လည်း ခြေချင်းလိမ်ကာ ပစ်လှဲပြီး ခုံစောင်းနှင့် ဒူးခေါင်း
ဂွပ်ခနဲ တိုက်မိသွားသည်။နာသည်။သို့သော် လက်လေး တကာကာနဲ့ "အဆင်ပြေတယ် အဆင်ပြေတယ်" ဟု ပြောကာ အိမ်ပေါ် ရှက်ရမ်း ရမ်းကာ ပြေးတက်သွားသည်။
"ခမ်းနော့ဝ် မျက်မှန် ကျန်ခဲ့တယ်"
"ရတယ် မယူတော့ဘူး မင်း ယူလိုက်တော့"
နောင်ဘုန်းသိုက်သည်မူ မကြားဝံ့မနာသာနှင့် မမြင်အပ် မမြင်ဝံ့ရာများကို မြင်မိ ကြားမိ၍ လောကကြီးနှင့် connection လွတ်သွားဟန်ရှိသည်။ကော်ဖီခွက်ကို ကိုင်ထားသော လက်များ အနည်းငယ် တုန်နေသည်ကို အဝေးကကြည့်တောင် မြင်နိုင်ပေသည်။
ကိုးနောင်က အသံထွက်သည်ထိ ရယ်လိုက်ကာ
"ကျွန်တော် အမျိုးသားက အဲ့လိုပဲ. . ."
"မင်းတို့ ချစ်ချစ်ခင်ခင် ရှိတာ မြင်ရတော့ ဝမ်းသာပါတယ်"
သို့သော် နောင်ဘုန်းသိုက် ၏ အတွေးထဲတွင်မူ မှောင်မိုက်နေပေ၏။အဲ့ဒီ "နို့တိုက်" ဆိုတဲ့ စကားလုံးကြီးက နားထဲ တဝဲလည်လည်။ဉာဏ်ကိုးနောင်နှင့် အဲ့ဒီ စကားလုံးကြီးက ဘယ်လိုမှ မအက်စပ် မအပ်ရာ။မဟုတ်မှ လွဲရော ဒီက သားလူမိုက်ကြီးက bottom ကြီးလား။
ဉာဏ်ကိုးနောင် သည် နောင်ဘုန်းသိုက် အတွေးတို့ကို မြင်သည့်အလား မျက်တောင် ပုတ်ခတ် ပုတ်ခတ် လုပ်လိုက်သည်။
"မင်းက . . . "
နောင်ဘုန်းသိုက် က လက်ဟန် မူရာနှင့် လုပ်ပြလိုက်ပြီး
"အမြဲတမ်း အဲ့လိုကြီးလား "
ကိုးနောင်က ဖြေရှင်းချက်မဲ့စွာ နှင့် ဆိတ်ဆိတ်သာ။
သူဟာ Psychopath ဖြစ်ပေသည့် အရှက်သိက္ခာ နှင့် လူ လုပ်နေသူ ဖြစ်သည်။
သူ ဆိတ်ဆိတ်နေတာ မြင်တော့ နောင်ဘုန်းသိုက်က ခဏ တွေဝေဟန် ပြုသည်။နောက်မှ သူ့ ပေါင် သူ ပုတ်ကာ ဝါးလုံးကွဲ ထ ရယ်တော့သည်။
"ငါ့ဘဝ တစ်လျှောက်လုံး ဒီလောက် ရယ်ရတဲ့ ကိစ္စ မတွေ့ဖူးသေးဘူး. . . ဟို ကောင်သေးသေးကွေးကွေး နဲ့ မင်းကို တက်အုပ်သွားတာပဲ "
နောင်ဘုန်းသိုက် ရယ်သံ ထဲ ပျော်မြူးခြင်း နှင့် လှောင်ခနဲ့ သံ က ထိန်းမရ သိမ်းမရစွာ။
ကိုးနောင် တစ်ယောက် reaction မဲ့ သွားသည်။
9 နှစ် 10နီးပါးကြာကာမှ သား ဖြစ်သူ အိမ်ကို လာ လည်သော ဖအေ တစ်ယောက်သည် အနည်းငယ်မျှဆိုရင်တောင် အလွမ်းသယ် ရမည့်အစား ဝါးလုံးကွဲ လာရယ်နေသည်။
"ခင်ဗျားက ကျွန်တော့် position ကို သိချင်လို့ ကျွန်တော့်ဆီ တကူးတက လာ လည်တာလား"
နောင်ဘုန်းသိုက်က အရယ်မပျက်သေးဘဲ
"မဟုတ်ဘူး မဟုတ်ဘူး ငါ့ မြေးတွေကို တွေ့ချင်လို့"
"မရှိဘူး ကျောင်းသွားတယ်"
"ဖေကြီးရေ"
ဇာတ်တိုက်ထားတောင် လွဲရင် လွဲနိုင်မည်။ယခုမှ အချိန်ကိုက်ပင် နန်းနွယ်က အသံတဆာဆာ နဲ့ ကိုးနောင် ဆီ လျှောက်လာသည်။
နောင်ဘုန်းသိုက် ကို မြင်သောအခါ ခါးလေးညွှတ်၍ "မင်္ဂလာပါ ဖိုးဖိုး" ဟု နှုတ်ဆက်သည်။
ကိုးနောင် မသိအောင် နောင်ဘုန်းသိုက်သည် ရှိုင်းမိုဟန်က တစ်ဆင့် ကလေးတွေ နဲ့ ရင်းနှီးမှုယူထားသော်လည်း အဆိုပါ လျှို့ဝှက်ကိစ္စကို ကိုးနောင် သိပြီးသား ဖြစ်၏။
နောင်ဘုန်းသိုက်သည် ကိုးနောင်ကို တွေ့ချင်လျှင်တောင် မာန တင်းခံနေ၍ လာမတွေ့၊ အဝေးကနေ လှမ်းကြည့်တာတို့ ပုံချောင်းရိုက်ခိုင်းတာတို့သာ လုပ်တတ်သည်။(မျက်နှာတွေ့လျှင်လည်း မတည့်ပေမယ့် မတွေ့ရလျှင်လည်း မနေနိုင်)
ကိုးနောင်ကလည်း တကူးတက လာတွေ့ဖို့ရာ မအားလပ်တော့ပေ။အငြိုးတွေနှင့် ယိုးမယ် ဖွဲ့ ၊အမုန်းတရား ခံနေတာက တစ်ကြောင်းပေါ့လေ။သို့သော်လည်း နှစ်ကာလကြာညောင်းတာကတစ်ကြောင်း သူလည်း ဖခင်တစ်ယောက်ဖြစ်လာတာတစ်ကြောင်း ကြောင့် ယခု မျက်နှာမြင်တွေ့လိုက်ရသောအခါ အဖေကို ငယ်တုံးကလို အသည်းစွဲအောင် မနာကျည်းနေတော့တာကတော့ အမှန်ပင်။
"မင်း ကို တွေ့ချင်လို့ မဟုတ်ဘူး ငါ့မြေးတွေကို တွေ့ချင်လို့ "
နောင်ဘုန်းသိုက်က နန်းနွယ် ခေါင်းကို ပုတ်ကာ ကလစ်လေး တစ်ချောင်း အိတ်ကပ်ထဲမှ ထုတ်၍ နန်းနွယ် ကို လက်ဆောင်ပေးသည်။
နန်းနွယ်က ကိုးနောင် မျက်နှာရိပ်ကို တစ်ချက် ကြည့်လိုက်သည်။လက်က ယူပြီး ဖြစ်သော်လည်း အထက်အရာရှိ၏ ပါမစ်မရသေး။ကိုးနောင်က ခေါင်းငြိမ့်ပြမှ ပျော်ပျော်ရွှင်ရွှင် ယူသွားသည်။
ကလစ်လေးသာ ဆိုသမင့် တန်ဖိုးကြီးဟန် တူသော်လည်း ကိုးနောင် မယူပါနှင့် ဟု မတားမြစ်တော့။သူ့ မြေးပဲလေ သူ ပေးသင့်တာပေါ့။
ခဏအကြာ ခမ်းနော့ဝ်က ရေမိုးချိုးပြီး အောက်ထပ်ကို ကျော့ကျော့မော့မော့ ရောက်လာသည်။သူ့ရေမွှေးနံ့သည် လူ မလာခင်ကတည်းက ရှေ့တော်ပြေး ကြိုဆိုရေး အရင် ရောက်သည်။
နောင်ဘုန်းသိုက်က မသိမသာ နှာခေါင်း ပိတ်လိုက်သည်။"မင့်ယောက်ျားက ရေမွှေးကို အင်မတန် crazy ဖြစ်တယ် ထင်ပါတယ်" ဟု မှတ်ချက် ပြုသေး၏။
ခမ်းနော့ဝ် က brandစင်စစ် အသားရောင် စပို့ရှပ်လက်တို ကို အညိုဖျော့ရောင် ဘောင်းဘီရှည်နှင့် တွဲဝတ်ထားသည်။ အပြင်အဆင်က လူငယ်ဆန်သည့်အပြင် ခမ်းနော့ဝ် ရုပ်က ကလေးမျက်နှာလေးမို့ ကလေး နှစ်ယောက်အဖေလို့ ထင်ရက်စရာ မရှိ။တက္ကသိုလ်ကျောင်းသားလေးလိုသာ။
သူ စမတ်ကျ နေပါသော်လည်း တစ်စုံတစ်ကိုးကဖြင့် သူ့အား ရယ်ချင်ဟန် မချိုမချဉ် မျက်နှာပေးနှင့် ကြည့်နေ၏။
"အကယ်ဒမီ တက် ယူတော့မယ့် ဒီဇိုင်းနဲ့"
ကိုးနောင်က ခပ်တိုးတိုးရေရွတ်သည်ကို ခမ်းနော့ဝ် ရှင်းလင်းစွာ ကြားလိုက်သည်။
ခနဲ့ချင်သည့် အကြောင်းရင်းကို နားလည်ပါ၏။စိုင်းဆိုင်ခမ်းနော့ဝ် တို့ မည်သည် လေဘေး တိုးသော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကြီးသာ။brand ကို ခန္ဓာပေါ် တင်ရိုး ထုံးစံမရှိ။ရေချိုးဖို့ အင်မတန် ပျင်းကာ ရေမွှေးသာ တစ်နေ့ တစ်ဗူး ကုန်မတတ် စွတ်တတ်သည်။ထို့ကြောင့် ကိုးနောင်သည် ရေမွှေးတင်မက ရေလည်းချိုး ၊brandစုံစုံ နှင့် ရှိုးထုတ်နေသော ခမ်းနော့ဝ်ကို ရယ်ချင်နေတာ ဖြစ်သည်။
ခမ်းနော့ဝ်က ကိုးနောင်ကို ဂြိုဟ်ကြည့် ကြည့်တော့ ကိုးနောင်က မျက်နှာပြန်တည်လိုက်သည်။
"အဖေ နေ့လယ်စာ လေးပါ သုံးဆောင်သွားပါဦး"
ခမ်းနော့ဝ်က လောကွတ်ချော်သည်။
"ကိုယ် ချက်လို့ မပြီးသေးဘူး"
ကိုးနောင်က မကျွေးချင်ဟန်။
"စောင့်တာပေါ့"
နောင်ဘုန်းသိုက်သံက 'မင်း မကျွေးလည်း စားတော့ ဘာဖြစ်လဲ' ဟု အနက်ဆောင်သည့် မေးငေါ့သံ။
ကိုးနောင်က မီးဖိုချောင်ထဲ ဝင်သွားတာမို့ သူ့ နောက် အကုန် လိုက်လာကြသည်။နောင်ဘုန်းသိုက်က အေပရွန်ဝတ်နေသော ကိုးနောင်ကို ကြည့်ကာ
"ဪ မင်းက ချက်ရတာလား"
စကားလေး က တစ်ခွန်းသာ ဖြစ်သော်လည်း အဓိပ္ပာယ်နှင့် အနက်ဖွင့်ဆိုချက်ကား ရှည်လျားလှ၏။နောင်ဘုန်းသိုက် ရုပ်နှင့်အသံ အနေအထားအရ ကိုယ့်သားကို ထမင်း ချက်ခိုင်းလို့ သားမက်ကို အပြစ်တင်တဲ့ အနက်သဘောမျိုးထက် မင်းက ယောက်ျားချင်းတောင် အလိမ္မာ အိမ်ပါ အိမ်ထောင်ရှင်မလေးနေရာကပေါ့ ဆိုသည့် ခနော်ခနဲ့ ဟန်သာ။
ကိုးနောင်က ပါးစောင်ကို လျှာနဲ့ထိုးကာ စကားစစ်ထိုးရန် စကားလုံးတွေ စီလိုက်သည်။ကိုယ့် အိမ်ကို ဘာလုပ်လုပ်ပေါ့။
ထို့နောက် ပြောရန် ပါးစပ် ဟရုံ ရှိသေး ခမ်းနော့ဝ်က တရားခွင် ရှေ့က ရှေ့နေ့ လေသံနှင့် ဖြတ်ပြောသည်။
" ကျွန်တော် က ကိုးနောင် လက်ရာ မစားရရင် မနေနိုင်ဘူးဗျ. . .အဖေ့ သား က ဟင်းချက် သိပ်ကောင်းတာ အဲ့တော့ ကျွန်တော်က သန့်ရှင်းရေးပိုင်း တာဝန်ယူပြီး သူက ချက်ပြုတ်ရေးပိုင်း တာဝန်ယူရုံပါဗျာ အိမ်ထောင်သည်တွေ ဆိုတော့ ဒီလိုပါပဲလေ"
နောင်ဘုန်းသိုက်က "ဪ " ဟု ကြားသူ မြင်ပြင်းကတ်လောက်အောင် သံရှည်ဆွဲသည်။
ကိုးနောင်က စဉ်းနှီတုံးပေါ်က ဝက်သားကို ဆက်လှီးလိုက်သည်။ထက်သော ဓားအောက် သွေးစက်လတ် အသားနီနီတွေက လူးလှိမ့်စွာ။
"ဟဲ့ အာ့တာ ဘာသားတုံး"
နောင်ဘုန်းသိုက် မရည်ရွယ်ပါပဲ ပါးစပ်မှ လွှတ်ကနဲ မေးမိသွားသည်။ကိုးနောင်က မချိုမချဉ် ပြုံးလိုက်သည်။
"အဖေ ထင်တဲ့ အသား"
နောင်ဘုန်းသိုက် မျက်နှာပျက်သွားသည်။ချစ်သား ပေးသော trauma ကြောင့် နှစ်ပေါင်းများစွာ မြန်မာထမင်းဟင်း မစားခဲ့တာ ကြာပြီ။
ကြားမှ ခမ်းနော့ဝ်က အူလည်လည်နှင့် ကြောင်နေသည်။ဝက်သားကြီး ကို မြင်ရဲ့သားနဲ့ ဘာတွေ ပြောနေကြတာလဲ။
"ဝက်သားကြီးလေ . . . ကိုးနောင် မြန်မြန် လှီးမှာဖြင့် လှီးစမ်းပါ ကြည့်မကောင်း ရှူမကောင်း"
"အွန်း"
ထိုစဉ် အပေါက်ဝမှ ရှည်မျောမျော သဏ္ဍာန်တစ်ခုက ဝင်လာသည်။ပြောင်းဆိုးလာဟန်ရှိသော လိမ္မော်ရောင် ဆံပင်က အဝေးမှ တင် ထင်းနေသည်။ ရှိုင်းမိုဟန် ဖြစ်သည်။သူ့ လိမ္မော် ဆံပင်ရောင်က လူတိုင်းနှင့် သိပ်မလိုက်သော်လည်း ရှိုင်းမိုဟန်က အသားစွတ်စွတ်ဖြူသူမို့ တစ်မျိုး ကြည့်ကောင်းနေသည်။
အနှီ blamer နောင်ဘုန်းသိုက်ကို ဒီငရှိုင်းကောင် ပင့်လာတာ ဖြစ်သည်။ပြုံးတုံ့တုံ့ မျက်နှာနှင့် မီးဖိုချောင်ထဲ ဆိုက်ရောက်လာသည်။ဖိနပ်စီးပြီး ဝင်လာတာကြောင့် ပြောင်လက်နေအောင် သုတ်ထားတဲ့ ကြမ်းခင်းဟာ ဖိနပ်ရာ တွေ အတန်းလိုက်။
ခမ်းနော့ဝ် နှလုံးသားလေးထဲမှ ထုချင် ရိုက်ချင်စိတ်တွေ ထွန်းပေါက်လာချေပြီ။မင်း က တော့ ဘာရယ်မဟုတ် လျှောက်လိုက်တာ၊ငါက တစ်နေကုန် ပြန်သုတ်ရတော့မယ်! ။
ရှိုင်းမိုဟန်က ခုံတစ်ခုံပေါ် ကျကျနန ထိုင်လိုက်သည်။
"အိမ်ရှေ့မှာ အဘွားကြီးတစ်ယောက် တွေ့ခဲ့တယ် ဘယ်သူလဲ"
ကိုးနောင်က ဝက်သားတုံးကို ဒယ်အိုးထဲ ထည့်လိုက်သည်။ ရှဲခနဲ မြည်သံက နားစူးစွာ။
"အိမ်အကူ"
"တော်တော်အိုနေပြီဟာ. . .ကျွန်တော် အသစ် ရှာပေးရမလား"
ရှိုင်းမိုဟန်က သူ့ပုံစံတိုင်း လက်သန်းနှင့် နားထင်ကို ကုတ်ကာ ပြုံးစစ လေး မေးပြန်သည်။သို့သော် သူ့ အကြည့်များက ပုံမှန်ထက် ပိုပြီး စူးရဲရဲ။ကိုးနောင် နောက်ကျောကို ပေါက်ထွက်မတတ် စိုက်ကြည့်နေတာ ကိုးနောင် ခံစားရသည်။
"မလိုဘူး"
"ကြည့်ရတာ ကိုကိုးနောင် သူနဲ့ ပတ်သက်ပြီး ကိစ္စ တစ်ခုခု ရှိလို့ ထင်တယ်. . . နို့ ဘယ်သူက အဲ့လောက် အိုနေတဲ့ အဘွားကြီးကို အိမ်အကူ ခန့်မှာလဲ"
ရှိုင်းမိုဟန် ခြံထဲတွင် အဘွားအိုတစ်ယောက် သစ်ပင် ရေလောင်းနေတာ တွေ့ခဲ့သည်။သို့သော် ရှိုင်းမိုဟန်၏ ဆဠမ ဉာဏ်အရ ဘယ်လိုကြည့်ကြည့် ထိုအဘွားအိုမှာ အဘွားအို မဟုတ်ပေ။ထိုအမျိုးသမီးကြီး ၏ ရှုံ့တွနေသော မျက်နှာကြောများသည် သာမန်အိုမင်းခြင်းထက် တမင် အပ်နှင့် ဆွဲချုပ်ထားပုံ ရသည်။ပြီး ထိုထက် ဆိုးသည်ကား လည်ပင်းရိုးနားမှ ချုပ်ရိုးကြောင်းကြီးများနှင့် ထိုအမျိုးသမီးကြီး ၏ ကြောက်ရွံတုန်လှုပ်နေတဲ့ မျက်လုံးတွေ။
ဘယ်လို အရှုပ်တွေပဲ လုပ်လုပ် ဉာဏ်ကိုးနောင်ကိစ္စ ဆိုပေမယ့် ဉာဏ်ကိုးနောင် ပြဿနာတက်ရင် ဆတ်နွယ်က ကြားထဲက ပင်ပန်းနေရှာလေမည် မို့ ရှိုင်းမိုဟန် က မဆီမဆိုင် ဝင် ရှင်းပေးရန် သုံးသပ်ခဲ့သည်။
ရှိုင်းမိုဟန် မေးခွန်းကို ကိုးနောင် ပြန် မဖြေမီ စကားစ ပြတ်ထွက်သွားသည်။အကြောင်းမှာ နန်းနွယ်တစ်ယောက် ဖိုးဖိုးကို ကော်ဖီ ဖျော်တိုက်မယ် ဆိုပြီး ရေနွေးထည့်ကာ အထည့်မတော်၍ လက် အပူလောင်လေသည်။
တစ်အိမ်လုံး အာရုံမှာ နန်းနွယ် ဆီ ရောက်သွားသည်။
ထိုစဉ် ခဏ ရှိုင်းမိုဟန်က ကိုးနောင် အနားကပ်ကာ တိုးသော လေသံနှင့်
"ကိုခမ်းနော့ဝ်တို့ ဆေးရုံက ဆရာဝန်တစ်ယောက် လွန်ခဲ့တဲ့ တစ်လလောက်က ပျောက်သွားတယ် . . နာမည်ရ ဆရာဝန်ဆိုတော့ ရဲတွေ ခြေချင်းလိမ်နေပြီ. . .ရဲတွေက ကိုခမ်းနော့ဝ်ကို သံသယ ရှိနေတယ် ခု ရက်ပိုင်း သတိထားနေ"
"ဘာလို့ ငါ့ကို လာပြောပြနေတာလဲ"
ရှိုင်းမိုဟန်က မျက်လုံးတစ်ဖက်မှိတ်ကာ fly kiss လုပ်ပြလိုက်ပြီး
"ဆတ်နွယ် မျက်နှာကြောင့်လေ ပြောလတ်စ နဲ့ နောက်တစ်ခု ပါ ပြောပြဦးမယ် သဘက်ခါ ရဲတွေ ဒီကို ရောက်လာလိမ့်မယ်. . .Top secret နော်"
ကိုးနောင်က ညင်သာစွာ ပြုံးလိုက်သည်။သို့သော် မျက်လုံးတွေက အသက်မပါ။
"ကျေးဇူး"
++++
11နာရီခွဲလို့ 15မိနစ်လွန်သွားတောင် ဟင်းက သေချာ မနပ်သေးတာမို့ ကိုးနောင် စိတ်လေသွားသည်။ဒီတိုင်း ဆို ကိုးနွယ် တစ်ယောက် နေ့လယ်စာ လွတ်တော့မှာ စိုး၍ ကြက်ဥကိုသာ အမြန် မာဆလာနှင့် ခလောက်၊ကြက်ဥလိပ်သဖွယ် ကြော်လိုက်သည်။ထမင်းကို ဆီဆမ်း ဆားဖြူးကာ နယ်လိုက်ပြီး ဆုပ် ဆုပ် လုပ်ကာ ချိုင့်ထဲ လှလှလေး ထည့်ပေးလိုက်သည်။ကိုးနွယ် ထမင်းချိုင့် ပြင်ပေးရတာ အလုပ် အလွန်ရှုပ်ပါသည်။ထမင်း ကို ထမင်းတိုင်း ထည့်ပေးလျှင် ထမင်းက ဆွဲဆောင်မှု မရှိ၍ မစားချင် တဲ့။တကယ်လည်း မ စားလာပေ။
ထို့ကြောင့် ကိုးနောင်မှာ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ထမင်းကို တစ်နေ့ တစ်မျိုး ပုံမရိုးအောင် ပြောင်းကာ ထည့်ပေးရသည်။ထိုအခါမှ မောင်မင်းကြီးသားက စားလေသည်။
ထို့နောက် ဆိတ်သားခြောက်ဖုတ်ထောင်းကို ထမင်းထောင့်မှာ ကပ်ကာ တစ်ခါတည်း ရေပြုတ်ပြီး သုပ်ထားသော ပုဇွန်ခြောက်သေးသေးလေးတွေကို ထည့်ပေးလိုက်သည်။
ပြီး ကံကောင်းစွာ နပ်သွားသော နူးအိနေသည့် ဝက်သားစွပ်ပြုတ်ကို လောင်းထည့်ပေးလိုက်သည်။
လက်ကိုင်ပုဝါသန့်သန့်လေးကို အောက်ခံထားထမင်းချိုင့်ကို အနီရောင်ခြင်းထဲ သပ်သပ်ရပ်ရပ်ထည့်လိုက်သည်။ပြီး ovaltine အဖြူကို ထပ်ဖျော်ကာ ဓာတ်ဗူးထဲ ထည့်လိုက်သည်။ထပ်ဆင့် ချိုင့်ထဲ အစုံစုံသော မုန့်ပဲ သရေစာတွေ ထည့်လိုက်သည်။
"မင့် သား တစ်ယောက်စာလား တစ်ကျောင်းလုံး စာ လား. . ."
တစ်ချိန်လုံး ငြိမ်ကာ ကိုးနောင် လုပ်သမျှ မျက်စိဒေါက်ထောက် ကြည့်နေသော နောင်ဘုန်းသိုက် ထံမှ blame သံ ထွက်လာသည်။
"သားငယ်က အစားနည်းတယ်လေ အများကြီး ထည့်ပေးရင် သူ ချိုင့်လေးနေဦးမယ်"
သူ့ ဘက်လိုက်ကာ ပြောမပေးသော ခမ်းနော့ဝ်ကို ကိုးနောင်က မျက်စောင်းထိုးသည်။နန်းနွယ်ကမူ ဝက်သားစွတ်ပြုတ်ကို ခုံခုပြီး နှိုက်မြည်းနေရင်းမှ
"ကိုးကိုးက အစားနည်းတယ် . . .ဒါမဲ့ ဆက်တိုက် ထမင်းရော မုန့်ရော ဖြည်းဖြည်းချင်း စားတာ. . . သူ နံနက် ကျောင်းရောက်ရောက်ချင်း ထမင်းချိုင့် ဖွင့်စားတယ်၊ မုန့်စားကျောင်း ဆင်းရင် ထပ်စားတယ် နေ့လယ် ကျလည်း ထပ်စားတယ် အတန်းထဲလည်း ဆရာ မလာခင် စားတယ် စာသင်နေလည်း ခိုးစားတယ် ပါးစပ်ကို အမြဲ လှုပ်နေတာ"
ကိုးနွယ် မှာ ဒီလို အကျင့် မရှိမှန်း ခမ်းနော့ဝ် မသိပေ။သူ့ သားလေး တကယ် လုံးဝ မစားဘူးထင်ပြီး ဆေးဝယ်တိုက်ဖို့ တောင် လုပ်နေတာ ဖြစ်သည်။
ကိုးနောင်က နာရီ ကြည့်လိုက်သည်။
12ထိုးဖို့ 5မိနစ် ။
ရှိုင်းမိုဟန်ကြည့်ပြီး အလွန်ချိုသာပျော့ပျောင်းသော အသံနှင့် ခေါ်လိုက်သည်။
"ရှိုင်းမိုဟန်ရေ"
သို့သော် ရှိုင်းမိုဟန် မှာ ဓားဆယ်စင်း အစိုက်ခံရတာထက် ပို ရင်ထိတ်သွားသည်။စားပွဲပေါ်က ထမင်းချိုင့်ကို ကြည့်ကာမှ နည်းနည်း သက်ပြင်းချနိုင်သွား၏။
"ထမင်းချိုင့် ပို့ပေးရမှာလား"
ပြောရင်းပင် ဆွေ့ကနဲ ဆွဲယူသွားကာ ထွက်သွားသည်။
ခမ်းနော့ဝ်မှာ ဖြင့် ရှိုင်းမိုဟန် လမ်းသွားရာ တစ်လျှောက် ထင်းကျန်နေသည့် ခြေရာကြီးများကို ကြည့်ရင်း ထိုင် ငိုချင်စိတ်သာ ပေါက်ပေသည်။
ရှိုင်းမိုဟန် ပြန်ရောက်လာသောအခါ နောင်ဘုန်းသိုက် ပါ ပြန်သွားလေသည်။ခမ်းနော့ဝ် က နေ့လယ်စာ စားသွားရန် ပြောသော်လည်း တကယ်တမ်းကျ နောင်ဘုန်းသိုက်က ခေါင်းခါ လက်ခါနှင့် လုံးဝ မစားပေ။
ခမ်းနောဝ့် က ကိုးနောင်ကို လှမ်းကြည့်တော့ ကိုးနောင်က "မသိဘူးလေ" ဆိုသော အထာနှင့် ပုခုံးတွန့်ပြသည်။
++++
မိန်း တက္ကသိုလ် နားက ကော်ဖီဆိုင်တွင် ရှိုင်းမိုဟန် ထိုင်လိုက်သည်။မိန်းပတ်ဝန်းကျင်က မန္တလေး၏ အရှုပ်ဆုံးနေရာတစ်ခုတောင် ဆိုရပေမယ့် ဒီကော်ဖီဆိုင်လေးက ဆိတ်ငြိမ်၏။
ထိုစဉ် မြင်သည့် ယောက်ျားတိုင်း လှိုက်ဖိုတုန်တက် သွားလောက်အောင် အလှထူးသည့် နိုင်ငံခြားသား မိန်းမ တစ်ယောက် တံခါးဝမှ ဝင်လာသည်။အဖြူ လက်အပွ အရှည် နှင့် ဒူးအောက် နီညို စကပ်ကို ဝတ်ဆင်ထားသည်။သူ(မ) အရပ်မှာ အတော်လေး မြင့်လှပြီး သာမန်မိန်းကလေးများထက်ကို ထွားကြိုင်းသည်။သို့သော် မျက်နှာလေးက မိန်းကလေးရှုံးအောင် လှပသည်။
သူ(မ)က ရှိုင်းမိုဟန်ဆီ လျှောက်လှမ်းလာပြီး ပေါင်ပေါ်တက်ထိုင်လိုက်သည်။ပြီး နှုတ်ခမ်းစူကာ မွ ခနဲ ရှိုင်းမိုဟန် ပါးကို နမ်းလိုက်သော်လည်း ရှိုင်းမိုဟန်က ရှောင်လိုက်သည်။
"ရှိကြီးခိုးပါတယ် 69ရယ် မိန်းမ ပုံစံကြီး ကျွန်တော်မျိုး ရှေ့ ဝတ် ဝတ် မလာစမ်းပါနဲ့"
အဆိုပါ နံပါတ် 69ထံမှ ရယ်သံ တစ် ခစ် ခစ်လေး ထွက်လာပြီး သူက ရှိုင်းမိုဟန်နားကို ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
"လိမ္မော်ဆံပင်ရောင် ပြောင်းလိုက်တော့ တို့ကိုကိုက ပို ခန့်သွားပြီ ဘာစားမလဲ တို့ကို စားမလား. . ."
အသံသည်ကား လုံးဝ ဉဿုံ ဩရှမာကျောသော ယောက်ျားသံကြီးသာ။
"ဝေါ့ . . .အလကားပေးတောင် မယူဘူး"
69က ရှိုင်းမိုဟန်ကို အာဘွားဆိုပြီး ထပ်နမ်းရန် မျက်နှာကြီးတိုးကပ်လာသောအခါ ရှိုင်းမိုဟန်က တွန်းချလိုက်သည်။
"ဒါ မြန်မာနိုင်ငံ နော် အမေရိကန် မဟုတ်ဘူး မိန်းမလို ဝတ်ထားလည်း မိန်းမ အိန္ဒြေလေး ဘာလေးနဲ့လည်း နေပါဦး"
ထိုသို့ပြောကာမှ သာ 69က တစ်ဖက် ထိုင်ခုံကူးသွားသည်။
"အဆင်ပြေခဲ့လား အရောင်းအဝယ်က"
69က အတုတပ်ထားသော ဆံပင်လိမ်လိမ်တွေကို လက်ညှိုးနဲ့ ကစားနေရင်း ဖြေလာသည်။
"ပြေမှ ပြေ . . . "
"ပြေရင်လည်း မြန်မြန် လစ်တော့လေ ဖင်ခေါင်းယားလို့ မြို့လယ်ခေါင်ကြီး လာနေတာလား"
69က နှုတ်ခမ်းနီတောင့်တစ်ခုကို ထုတ်ကာ ရှိုင်းမိုဟန် ရှေ့ ယမ်းပြပြီး
"နှုတ်ခမ်းနီ လာဝယ်တာ"
"ဟမ်!"
ရှိုင်းမိုဟန် မှာ အာမေဍိတ်သံ ကျယ်ကြီးပင် ထွက်သွားမိသည်။သူ့ရှေ့မှ အနှီလူဆိုးသည် နှုတ်ခမ်းနီတောင့်လေး တစ်ခုဝယ်ဖို့ စစ်ဆေးရေးကြမ်းသည့်နေရာ၊လူမိုက်တစ်ယောက်အနေနဲ့ လာကို မလာသင့်သော ဒီ မန္တလေး မြို့လယ် ခေါင်ကြီး ကို ရောက်လာသည်။
"ငါ ကြိုက်လို့လေ"
"ဘယ်လို ကောင်ကြီးတုံး"
ဤနေရာတွင် Death ဂိုဏ်းအကြောင်း အသေးစိတ် တင်ပြရန် ရှိ၏။Death ဂိုဏ်း သည် အလွန်လျှို့ဝှက်သော ဂိုဏ်းတစ်ခု ဖြစ်သည်။အရောင်းအဝယ် အကုန်လုပ်သည်။မူးယစ်ဆေး၊လက်နက်၊ကြေးစား လူသတ်၊အလောင်းဖျောက် အကုန် တာဝန်ယူပေးသည်။သို့သော် လူကုန်ကူးခြင်း၊ကျွန်ပြုခြင်း၊ပြည်တန်ဆာလိင် ရောင်းဝယ်ခြင်းကို အထူး ရှောင်ရှားသည်။သူတို့သည် လူပဲ သတ်လိုက်မည် လူ လူခြင်း ကျွန်ပြုခြင်းကို ရှုံ့ချသည်။
အစုံသုပ် ရောင်းဝယ်သော်လည်း တကယ့် အကြီးအကျယ် ရောင်းဝယ်မှုကတော့ သတင်းအချက်အလက်များသာ။အရင် ခေါင်းဆောင်လက်ထက်တုံးကတော့ လက်နက်မှောင်ခိုပေမယ့် ခု ခေါင်းဆောင်ကတော့ ခိုးရ ဝှက်ရ လိမ်ရလှည့်ရတာကိုသာ ကြိုက်နှစ်သက်၍ လက်နက်ထက် သတင်းအချက်အလက်ကို ပို ဦးစားပေးသည်။သတင်းဆိုသည်မှာလည်း သေးသေးစိပ်စိပ် ရက်ကွက်ထဲက သတင်းငယ်ကအစ၊ နိုင်ငံရေးအထိကရုန်းဖြစ်စေမည့် အကြီးအကျယ် သတင်းအဆုံး စုံစမ်းရောင်းသည်။လူသတ် လူပျောက် ပစ္စည်းပျောက်၍ ဘယ်သူဘယ်ဝါတရားခံဖြစ်ကြောင်း သိချင်လည်းတာဝန်ခံ လိုက်ရှာပေးသည်။ထို့ကြောင့် သူတို့ဂိုဏ်းသည် ရဲတွေနှင့် ချစ်ချစ်ခင်ခင် ရှိလှတာမို့ ပြဿနာကြီးမှ မဟုတ်၍ ထောက်လှမ်းရေးရဲတွေက လျှော်ပေးသည်။
ယေဘုံယျအားဖြင့် ကြည့်လျှင် သူတို့ ဂိုဏ်းသည် အခြားလူဆိုးများနည်းတူ ရက်စက်ပြီး အမှောင်ကျသည်။သို့သော် အတွင်းကျကျအားဖြင့်တော့မူ သူတို့ ဂိုဏ်းသည် ကြောက်ရွံ့ရက်စက်ဖွယ်ကောင်းသည်ထက် အပြုံးချိုချိုလေးနှင့် လူလည်ကျကာ သူခိုးကျင့် သူခိုးကြံ လူလိမ်လူညာ ဂိုဏ်းသာ ဖြစ်သည်။
သူတို့ ဂိုဏ်းရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံးအချက် သုံးချက် ရှိသည်။သူတို့သည် ပိုက်ဆံကြောင့် ဒီလို အလုပ်တွေ လုပ်နေခြင်းမဟုတ်ပေ။ဘိုးဘွား စဉ်ဆက်ကတည်းကလုပ်လာသော အလုပ်ဖြစ်၍ မျိုးရိုးမတိမ်ကောအောင် ထိန်းရုံသာ။(ရှိုင်းမိုဟန်တစ်ယောက်ကသာ ငွေမျက်နှာ တစ်ကမ္ဘာ)
သို့သော် လူလိမ်တွေမို့ ငွေ ရှာကျွမ်းကြသည်။
ဒုတိယက တစ်ဂိုဏ်လုံးက ဂိုဏ်းဝင်များသည် နာမည် အစား နံပါတ်များကိုသာ အသုံးပြုကြ၏။
နောက်ထပ် ထူးခြားချက်မှာ သူတို့ က အခြားဂိုဏ်းတွေလို အုပ်စုဖွဲ့ mafia style နေခြင်းမဟုတ်။ရှိုင်းမိုဟန် တစ်ယောက်သာ ချိုပေါက်ပြီး company တက်ထောင်ကာ တပည့်တပန်းအသိုင်းအဝန်းနှင့် နေသူ ဖြစ်သည်။ကျန်တဲ့ ခေါင်းဆောင်များနှင့် ဂိုဏ်းဝင်များကမူ တစ်ကိုယ်တည်းသာ ဖြစ်သလို နေချင်သလို နေကြသည်။လမ်းဘေးမျာလည်း အိပ်ချင် အိပ်နေသလို တောင်းစားချင်လည်း တောင်းစားနေသလို အောင်လက်မှတ်အတု လုပ်ပြီး uni life ဆိုပြီး တက္ကသိုလ် တက်ရင်လည်းတက်နေကြသည်။အကောင်ကြီးကြီး အမြီးရှည်ရှည်တွေနဲ့ ပေါင်းပြီး ဒုစရိုက် လုပ်နေကြသလို ထိုအကောင်ကြီးကြီးများထဲကပင် လိမ်စားရင် စားနေကြသည့် အရှုပ်ထုတ်တွေ ဖြစ်သည်။
တစ်ခါတစ်လေ ကိုယ့်အချင်း ချင်း လမ်းမှာ တွေ့တောင် မမှတ်မိ။အဆက်သွယ်က ရှိချင်လည်း ရှိသည် မရှိရင်လည်း မရှိ။Groupဖွဲ့ထားပေမယ့် ကန္တာရလို ခြောက်ကပ်နေသည်။သို့သော် ရှိုင်းမိုဟန် ရှိသည့်တွက်တော့ သူတို့ အဆက်အသွယ်ပျက်မှာ ပူစရာမလို။ရှိုင်းမိုဟန် က Death ဂိုဏ်းတွက် တာဝါတိုင်ကြီးလိုပင်။ပြီးရင် ပိုက်ဆံထုတ်သည့် ငွေထုတ် ATMစက်ကြီးလို။
လူဆိုးဂိုဏ်းများကြား Deathဂိုဏ်း ကျော်ကြားသည့် ဂုဏ်ပုဒ်များမှာ 'မရောင်ရာ ဆီလူး ဂိုဏ်း'၊ 'သူခိုးဂျပိုးဂိုဏ်း'၊ 'BBCဂိုဏ်း' ဖြစ်သည်။
အလွန်ပြဿနာ မီးထွန်းရှာပြီး တစ်ဂိုဏ်းလုံး အလွန်လျှာရှည်ကြသည်။
လူဆိုးဂိုဏ်းချင်း ချင်း ပွဲဖြစ်ရင် မဆိုင်ပါဘဲ မီးဝင်ရှို့ တက်၊ မီးလောင်ရာ လေပင့်တက်သည်။
နားလည်အောင် ဉပမာ ပြရရင် Aဂိုဏ်း နှင့် Bဂိုဏ်း နောင်ချိန် ဖိုက်ကြပြီ ဆိုပါစို့။Deathဂိုဏ်းက Aကို လည်း ညှောင့်ပေးသည် Bကိုလည်း ညှောင့်ပေးသည် နှစ်ဖက်လုံး အသေအကြေ မ သတ် သတ်အောင် သွေးထိုးလှုံဆော်သည်။ပြီးရင် ကြားမှ အမြတ်ထုတ်သည်။
နောက်ထပ်ထပ်မံ ဉပမာတစ်ခုပေးရရင် ရဲတွေက O ဂိုဏ်းကို စုံစမ်းဖမ်းနေသည် ဆိုပါစို့။Deathဂိုဏ်းက မဆီမဆိုင် အားအားယားယား ရဲတွေကို သတင်းအလကားလိုက်ပေးသည်။ရဲတွေ ဘက် မပေးချင်ရင် Oဂိုဏ်းဘက်မှ နေ၍ ရဲတွေကို စမုံကူတုံးပေးသည်။
လိုက်ရှုပ်ပြီးလျှင်တော့ ခြေရာလက်ရာပါမကျန် အကုန်ဖျောက်ပြီး ပျောက်သွားကြသည်။
ရှိုင်းမိုဟန်က ဆေးလိပ်ကို နှုတ်ခမ်းမှာခဲလိုက်သည်။ထိုဆေးလိပ်ကို 69က လုယူကာ သူ့ နှုတ်ခမ်းဝယ် ခဲလိုက်သည်။
"Indirect kiss "
"ရွံ့စရာ "
Death ဂိုဏ်းထဲတွင် ခေါင်းဆောင် လေးယောက်ရှိသည်။125သည် အမှူးအကြီးဆုံး ဖြစ်ပြီး 118(ရှိုင်းမိုဟန်)က ဒု နေရာမှာ ရှိသည်။69က တတိယ နေရာတွင် ရှိသည်။
ရှိုင်းမိုဟန် တစ်ယောက်ပဲ မြန်မာ သွေးစစ်ပြီး ကျန်သူများက စပ်တစ်ဝက် မစပ်တစ်ဝက်။သို့သော် အားလုံးကတော့ မြန်မာ စကားပီပီသသ ပြောတတ်ကြသည်။
69၏ ထူခြားချက် မှာ မိန်းကလေးလို ဝတ်စားတတ်ခြင်းဖြစ်သည်။ဝတ်ရသည့်အကြောင်းကတော့ မိန်းကလေးလို ဝတ်ရင် အစစ်အဆေး သိပ်မရှိလို့ ဖြစ်သည် ဟူ၍။
အားနေယားနေရင် ပါးစပ်ကလေးက flirt စကားလေး ပြောနေမှ နေသာထိုင်သာ ရှိသူ ဖြစ်ပြီး တစ်ဂိုဏ်းလုံးကို ပတ် flirt ရုံမက နယ်ကျူးပြီး သူများဂိုဏ်းဆီ ကြေးစားလိုက်အသည်းခွဲပေးသည်။အယွလွန်ချက်က ရဲတွေကိုပါ ဟန်ဆောင်ပန်ဆောင် သွား flirt သူ ဖြစ်သည်။သို့ကြောင့်လည်း ရဲတွေ ထံမှ လျှို့ဝှက်သတင်းတွေ ခဏ ခဏ သယ်ဆောင်လာတတ်သည်။
69က နှုတ်ခမ်းနီ ဆိုးနေလျက် ပါးစပ်ကို အပေါ်အောက် ထိကာ 'ဘောက် ဘောက်' လုပ်နေသည်။ပြီး "မင်း ဒေါ်လာနှစ်သိန်း နဲ့ အဆိပ် ရောင်းလိုက်တယ်ဆို. . . သတင်းကြားတယ်" ဆို၍ နှုတ်ခမ်းနီ အဆိုး မပြတ်ဘဲ ပြောသည်။
"အွန်း"
"125က အဆိပ်ပိုင်ရှင် ကို သိချင်လို့တဲ့"
"ရှာနေတယ် 555ကိုပါ ကူရှာခိုင်း"
"555က မအားဘူးတဲ့ Black pink concert ရောက်နေတယ်. . ."
"ဪ အလုပ်ကြီး ကိုင်ကြီးတွေ လုပ်နေရှာတာပဲ"
"စကားမစပ် ငါ ဒီနှုတ်ခမ်းနီရောင်နဲ့ လိုက်လား"
69က မျက်လုံးတစ်ဖက်မှိတ်ကာ ပြတော့ ရှိုင်းမိုဟန် က ခေါင်းရမ်းသည်။
"ဒါကြောင့် မင်း ကောင်က ပြန်မကြိုက်တာ အလှအပကို မခံစားတတ်ဘူး"
ရှိုင်းမိုဟန်က ကော်ဖီသောက်နေရာမှ သီးသွားသည်။
"သီးမနေနဲ့ မင်းကို တစ်ဂိုဏ်းလုံးက အဂ္ဂမဟာ လင်တာရူးလို့ ခေါ်နေကြပြီ. . .125တောင် မင်း ကို တော်တော်ဖြစ်နေတာပဲ ပြောနေတာ"
"ပြော ပြောပါစေ အဲ့ လူပျိုကြီးက အချစ်ကြောင်း ဘာမှ မသိဘူး . . .ခု အဲ့အဆိပ်ပိုင်ရှင်ကို စုံစမ်းခိုင်းတယ် ဆိုတာလည်း ဘာမှ မဟုတ်ဘူး အလကား သက်သက် စပ်စုတာ. . .ငါက သာ စီးပွားရေးအရ တွက်ပြီး အဆိပ်တွေ အပိုင်သိမ်းဖို့ လုပ်နေတာ. . ."
69က ဆိုင် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး
"ဆိုင် လေးက လှသားပဲ"
"လှမှာပေါ့ ငါ့ ဆိုင်လေ"
"ဪ မင့် ဆိုင်လား ငါ့ကို တစ်ခု ကူညီစမ်းပါ ဓာတ်ပုံရိုက်ပေး"
"ဘာလုပ်မို့တုံး"
"Instagram မှာ တင်ဖို့ . . ."
"ဟမ် !"
"ငါ့မှာ Instagram accရှိတယ် follower 20Kရှိတယ်နော် . . . အပျင်းပြေ model လေး ဘာလေး လုပ်မို့"
"အဲ့လိုနဲ့ ဂျေးအောင်း သွားဦးမယ်"
"ငါ့ အဆက်ဟောင်းက ထောင်မှူးလေ"
ထို့နောက် 69ကို pose အမျိုးမျိုးနဲ့ ဓာတ်ပုံ ရိုက်ပြီးတဲ့နောက် ဆိုင်ထဲမှ ထွက်လာသည်။69က ရှိုင်းမိုဟန် လက်ကို လာတွဲသည်။69က အဲ့လို လူတိုင်းကို လိုက် ပူးကပ်နေကြမို့ ရှိုင်းမိုဟန်က သူ့အပြုအမူတွက် သိပ် ထူးထွေ ခံစားမနေ။
"ဘာလာလုပ်တာတုံး ဒီကို "
69က မခို့တရို့ ပြုံးရင်း
"လူ တစ်ယောက် ဒီမှာ ရောက်နေတယ် အသံကြားလို့ အကြွေးရှင်းစရာ ရှိတယ်. . ."
"ကူပေးရဦးမလား"
"မလိုဘူး ကူချင် ငါ့ Instagram ကိုသာ လာ followနော် 118လေး"
နှစ်ယောက်သား ဟားတိုက် ရယ်မောလိုက်ကြသည်။
ရှိုင်းမိုဟန်ရဲ့ဂျစ်ကန်ကန်ပုံစံနှင့် လှပသော အမျိုးသမီးသည် အဝေးမှ ကြည့်လျှင် ချစ်ကြည်နူးတဲ့ စုံတွဲလို။
++++
"ဖောက်!"
Colaဗူးခွံကို ပြားကပ်တဲ့ထိ ကျယ်လောင်စွာ ဖိချေသံက ကော်ဖိီဆိုင်ထဲက လူအပေါင်းကို ထိတ်ခနဲ့ ဖြစ်သွားစေသည်။
လူအပေါင်းတို့၏ အာရုံက ကော်ဖီဆိုင် ထောင့်စွန့်မှာ ထိုင်ကာ ပြတင်းပေါက်ကို ကြည့်နေသော လူရွယ်တစ်ယောက်ဆီ စုပြုံရောက်လာသည်။
လူရွယ်၏ ချောမော ခန့်ထည်သော မျက်နှာသည် အေးစက်တင်းမာနေသည်။ဓားရိုး သဖွယ်ထက်သော မျက်ခုံးတို့က တင်းတင်းကျုံ့ထားသည်။
ဦးလေးဖြစ်သူ၏ ခက်ထန်သော မျက်နှာထားကြောင့် ပေါက်ပေါက်ဖောက် စကားအလွန်များသော မိနန်းနွယ် က ပါးစပ်ပိတ်လျက်။
ဘေးက ကိုးနွယ် လား။ပတ်ဝန်းကျင် အနေအထားထက် သူ့ ကော်ဖီ ခါးတယ် ဆို၍ သကြား ထည့် ဖို့သာ အာရုံများနေသည်။
"အငယ် စိတ်တိုရင် အသေကြောက်ဖို့ ကောင်းတယ်ရော်"
နန်းနွယ်က လက်တို့ပြီး ကိုးနွယ်ကို တိုးတိုးလေးပြောတော့ ကိုးနွယ်က ဆတ်နွယ်ကို ကြည့်သည်။အငယ် ဒေါသ ထွက်ရင် ထန်းပင်ထက် ကြောက်ဖို့ကောင်းကြောင်း ကိုးနွယ် သတိထားမိသည်။
တစ်ဖန် တစ်ဖက် လမ်းက ရှိုင်းမိုဟန်ကို လှမ်းကြည့်ကာ 'ကျွတ် ကျွတ် ' ဟု သနားဟန် ရေရွတ်သည်။
"ကိုးကိုးရေ ငါတို့တော့ ဒီနေ့ ကစားကွင်း မသွားရတော့ဘူး"
ဆတ်နွယ် က ကစားကွင်းလိုက်ပို့မယ် ဟု ကတိပေးခဲ့ခြင်း ဖြစ်ပြီး ရှိုင်းမိုဟန် ကျေးဇူးတော်ကြောင့် သူတို့ မောင်နှမ အိမ်ကိုသာ ပြန်ပို့ ခံရတော့မည်။
_______________________________
12.59p.m
13.1.2024(Saturday)
Mary_Koe
4511
Zawgyi
ဘာကိစၥ ေယာကၡမႀကီး ဒီ ေရာက္ေနတုံး!!
"ကြၽန္ေတာ္ အေဖ့သားကို ဘာမွ မလုပ္ပါဘူးဗ်!! ဘာမွ လုပ္ဘူး ဘာမွ လုပ္ဘူးေနာ္ !! "
ကေယာင္ကတန္း ကရားေရလႊတ္ေျပာၿပီး ကိုးေနာင္ ေပၚမွ အျမန္ ခုန္ဆင္းလိုက္ေသာ္လည္း ေျခခ်င္းလိမ္ကာ ပစ္လွဲၿပီး ခုံေစာင္းႏွင့္ ဒူးေခါင္း
ဂြပ္ခနဲ တိုက္မိသြားသည္။နာသည္။သို႔ေသာ္ လက္ေလး တကာကာနဲ႕ "အဆင္ေျပတယ္ အဆင္ေျပတယ္" ဟု ေျပာကာ အိမ္ေပၚ ရွက္ရမ္း ရမ္းကာ ေျပးတက္သြားသည္။
"ခမ္းေနာ့ဝ္ မ်က္မွန္ က်န္ခဲ့တယ္"
"ရတယ္ မယူေတာ့ဘူး မင္း ယူလိုက္ေတာ့"
ေနာင္ဘုန္းသိုက္သည္မူ မၾကားဝံ့မနာသာႏွင့္ မျမင္အပ္ မျမင္ဝံ့ရာမ်ားကို ျမင္မိ ၾကားမိ၍ ေလာကႀကီးႏွင့္ connection လြတ္သြားဟန္ရွိသည္။ေကာ္ဖီခြက္ကို ကိုင္ထားေသာ လက္မ်ား အနည္းငယ္ တုန္ေနသည္ကို အေဝးကၾကည့္ေတာင္ ျမင္နိုင္ေပသည္။
ကိုးေနာင္က အသံထြက္သည္ထိ ရယ္လိုက္ကာ
"ကြၽန္ေတာ္ အမ်ိဳးသားက အဲ့လိုပဲ. . ."
"မင္းတို႔ ခ်စ္ခ်စ္ခင္ခင္ ရွိတာ ျမင္ရေတာ့ ဝမ္းသာပါတယ္"
သို႔ေသာ္ ေနာင္ဘုန္းသိုက္ ၏ အေတြးထဲတြင္မူ ေမွာင္မိုက္ေနေပ၏။အဲ့ဒီ "နို႔တိုက္" ဆိုတဲ့ စကားလုံးႀကီးက နားထဲ တဝဲလည္လည္။ဉာဏ္ကိုးေနာင္ႏွင့္ အဲ့ဒီ စကားလုံးႀကီးက ဘယ္လိုမွ မအက္စပ္ မအပ္ရာ။မဟုတ္မွ လြဲေရာ ဒီက သားလူမိုက္ႀကီးက bottom ႀကီးလား။
ဉာဏ္ကိုးေနာင္ သည္ ေနာင္ဘုန္းသိုက္ အေတြးတို႔ကို ျမင္သည့္အလား မ်က္ေတာင္ ပုတ္ခတ္ ပုတ္ခတ္ လုပ္လိုက္သည္။
"မင္းက . . . "
ေနာင္ဘုန္းသိုက္ က လက္ဟန္ မူရာႏွင့္ လုပ္ျပလိုက္ၿပီး
"အၿမဲတမ္း အဲ့လိုႀကီးလား "
ကိုးေနာင္က ေျဖရွင္းခ်က္မဲ့စြာ ႏွင့္ ဆိတ္ဆိတ္သာ။
သူဟာ Psychopath ျဖစ္ေပသည့္ အရွက္သိကၡာ ႏွင့္ လူ လုပ္ေနသူ ျဖစ္သည္။
သူ ဆိတ္ဆိတ္ေနတာ ျမင္ေတာ့ ေနာင္ဘုန္းသိုက္က ခဏ ေတြေဝဟန္ ျပဳသည္။ေနာက္မွ သူ႕ ေပါင္ သူ ပုတ္ကာ ဝါးလုံးကြဲ ထ ရယ္ေတာ့သည္။
"ငါ့ဘဝ တစ္ေလွ်ာက္လုံး ဒီေလာက္ ရယ္ရတဲ့ ကိစၥ မေတြ႕ဖူးေသးဘူး. . . ဟို ေကာင္ေသးေသးေကြးေကြး နဲ႕ မင္းကို တက္အုပ္သြားတာပဲ "
ေနာင္ဘုန္းသိုက္ ရယ္သံ ထဲ ေပ်ာ္ျမဴးျခင္း ႏွင့္ ေလွာင္ခနဲ႕ သံ က ထိန္းမရ သိမ္းမရစြာ။
ကိုးေနာင္ တစ္ေယာက္ reaction မဲ့ သြားသည္။
9 ႏွစ္ 10နီးပါးၾကာကာမွ သား ျဖစ္သူ အိမ္ကို လာ လည္ေသာ ဖေအ တစ္ေယာက္သည္ အနည္းငယ္မွ်ဆိုရင္ေတာင္ အလြမ္းသယ္ ရမည့္အစား ဝါးလုံးကြဲ လာရယ္ေနသည္။
"ခင္ဗ်ားက ကြၽန္ေတာ့္ position ကို သိခ်င္လို႔ ကြၽန္ေတာ့္ဆီ တကူးတက လာ လည္တာလား"
ေနာင္ဘုန္းသိုက္က အရယ္မပ်က္ေသးဘဲ
"မဟုတ္ဘူး မဟုတ္ဘူး ငါ့ ေျမးေတြကို ေတြ႕ခ်င္လို႔"
"မရွိဘူး ေက်ာင္းသြားတယ္"
"ေဖႀကီးေရ"
ဇာတ္တိုက္ထားေတာင္ လြဲရင္ လြဲနိုင္မည္။ယခုမွ အခ်ိန္ကိုက္ပင္ နန္းႏြယ္က အသံတဆာဆာ နဲ႕ ကိုးေနာင္ ဆီ ေလွ်ာက္လာသည္။
ေနာင္ဘုန္းသိုက္ ကို ျမင္ေသာအခါ ခါးေလးၫႊတ္၍ "မဂၤလာပါ ဖိုးဖိုး" ဟု ႏႈတ္ဆက္သည္။
ကိုးေနာင္ မသိေအာင္ ေနာင္ဘုန္းသိုက္သည္ ရွိုင္းမိုဟန္က တစ္ဆင့္ ကေလးေတြ နဲ႕ ရင္းႏွီးမႈယူထားေသာ္လည္း အဆိုပါ လွ်ို႔ဝွက္ကိစၥကို ကိုးေနာင္ သိၿပီးသား ျဖစ္၏။
ေနာင္ဘုန္းသိုက္သည္ ကိုးေနာင္ကို ေတြ႕ခ်င္လွ်င္ေတာင္ မာန တင္းခံေန၍ လာမေတြ႕၊ အေဝးကေန လွမ္းၾကည့္တာတို႔ ပုံေခ်ာင္းရိုက္ခိုင္းတာတို႔သာ လုပ္တတ္သည္။(မ်က္ႏွာေတြ႕လွ်င္လည္း မတည့္ေပမယ့္ မေတြ႕ရလွ်င္လည္း မေနနိုင္)
ကိုးေနာင္ကလည္း တကူးတက လာေတြ႕ဖို႔ရာ မအားလပ္ေတာ့ေပ။အၿငိဳးေတြႏွင့္ ယိုးမယ္ ဖြဲ႕ ၊အမုန္းတရား ခံေနတာက တစ္ေၾကာင္းေပါ့ေလ။သို႔ေသာ္လည္း ႏွစ္ကာလၾကာေညာင္းတာကတစ္ေၾကာင္း သူလည္း ဖခင္တစ္ေယာက္ျဖစ္လာတာတစ္ေၾကာင္း ေၾကာင့္ ယခု မ်က္ႏွာျမင္ေတြ႕လိုက္ရေသာအခါ အေဖကို ငယ္တုံးကလို အသည္းစြဲေအာင္ မနာက်ည္းေနေတာ့တာကေတာ့ အမွန္ပင္။
"မင္း ကို ေတြ႕ခ်င္လို႔ မဟုတ္ဘူး ငါ့ေျမးေတြကို ေတြ႕ခ်င္လို႔ "
ေနာင္ဘုန္းသိုက္က နန္းႏြယ္ ေခါင္းကို ပုတ္ကာ ကလစ္ေလး တစ္ေခ်ာင္း အိတ္ကပ္ထဲမွ ထုတ္၍ နန္းႏြယ္ ကို လက္ေဆာင္ေပးသည္။
နန္းႏြယ္က ကိုးေနာင္ မ်က္ႏွာရိပ္ကို တစ္ခ်က္ ၾကည့္လိုက္သည္။လက္က ယူၿပီး ျဖစ္ေသာ္လည္း အထက္အရာရွိ၏ ပါမစ္မရေသး။ကိုးေနာင္က ေခါင္းၿငိမ့္ျပမွ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ယူသြားသည္။
ကလစ္ေလးသာ ဆိုသမင့္ တန္ဖိုးႀကီးဟန္ တူေသာ္လည္း ကိုးေနာင္ မယူပါႏွင့္ ဟု မတားျမစ္ေတာ့။သူ႕ ေျမးပဲေလ သူ ေပးသင့္တာေပါ့။
ခဏအၾကာ ခမ္းေနာ့ဝ္က ေရမိုးခ်ိဳးၿပီး ေအာက္ထပ္ကို ေက်ာ့ေက်ာ့ေမာ့ေမာ့ ေရာက္လာသည္။သူ႕ေရေမႊးနံ႕သည္ လူ မလာခင္ကတည္းက ေရွ႕ေတာ္ေျပး ႀကိဳဆိုေရး အရင္ ေရာက္သည္။
ေနာင္ဘုန္းသိုက္က မသိမသာ ႏွာေခါင္း ပိတ္လိုက္သည္။"မင့္ေယာက္်ားက ေရေမႊးကို အင္မတန္ crazy ျဖစ္တယ္ ထင္ပါတယ္" ဟု မွတ္ခ်က္ ျပဳေသး၏။
ခမ္းေနာ့ဝ္ က brandစင္စစ္ အသားေရာင္ စပို႔ရွပ္လက္တို ကို အညိုေဖ်ာ့ေရာင္ ေဘာင္းဘီရွည္ႏွင့္ တြဲဝတ္ထားသည္။ အျပင္အဆင္က လူငယ္ဆန္သည့္အျပင္ ခမ္းေနာ့ဝ္ ႐ုပ္က ကေလးမ်က္ႏွာေလးမို႔ ကေလး ႏွစ္ေယာက္အေဖလို႔ ထင္ရက္စရာ မရွိ။တကၠသိုလ္ေက်ာင္းသားေလးလိုသာ။
သူ စမတ္က် ေနပါေသာ္လည္း တစ္စုံတစ္ကိုးကျဖင့္ သူ႕အား ရယ္ခ်င္ဟန္ မခ်ိဳမခ်ဥ္ မ်က္ႏွာေပးႏွင့္ ၾကည့္ေန၏။
"အကယ္ဒမီ တက္ ယူေတာ့မယ့္ ဒီဇိုင္းနဲ႕"
ကိုးေနာင္က ခပ္တိုးတိုးေရ႐ြတ္သည္ကို ခမ္းေနာ့ဝ္ ရွင္းလင္းစြာ ၾကားလိုက္သည္။
ခနဲ႕ခ်င္သည့္ အေၾကာင္းရင္းကို နားလည္ပါ၏။စိုင္းဆိုင္ခမ္းေနာ့ဝ္ တို႔ မည္သည္ ေလေဘး တိုးေသာ ပုဂၢိုလ္ထူး ပုဂၢိုလ္ျမတ္ႀကီးသာ။brand ကို ခႏၶာေပၚ တင္ရိုး ထုံးစံမရွိ။ေရခ်ိဳးဖို႔ အင္မတန္ ပ်င္းကာ ေရေမႊးသာ တစ္ေန႕ တစ္ဗူး ကုန္မတတ္ စြတ္တတ္သည္။ထို႔ေၾကာင့္ ကိုးေနာင္သည္ ေရေမႊးတင္မက ေရလည္းခ်ိဳး ၊brandစုံစုံ ႏွင့္ ရွိုးထုတ္ေနေသာ ခမ္းေနာ့ဝ္ကို ရယ္ခ်င္ေနတာ ျဖစ္သည္။
ခမ္းေနာ့ဝ္က ကိုးေနာင္ကို ၿဂိဳဟ္ၾကည့္ ၾကည့္ေတာ့ ကိုးေနာင္က မ်က္ႏွာျပန္တည္လိုက္သည္။
"အေဖ ေန႕လယ္စာ ေလးပါ သုံးေဆာင္သြားပါဦး"
ခမ္းေနာ့ဝ္က ေလာကြတ္ေခ်ာ္သည္။
"ကိုယ္ ခ်က္လို႔ မၿပီးေသးဘူး"
ကိုးေနာင္က မေကြၽးခ်င္ဟန္။
"ေစာင့္တာေပါ့"
ေနာင္ဘုန္းသိုက္သံက 'မင္း မေကြၽးလည္း စားေတာ့ ဘာျဖစ္လဲ' ဟု အနက္ေဆာင္သည့္ ေမးေငါ့သံ။
ကိုးေနာင္က မီးဖိုေခ်ာင္ထဲ ဝင္သြားတာမို႔ သူ႕ ေနာက္ အကုန္ လိုက္လာၾကသည္။ေနာင္ဘုန္းသိုက္က ေအပ႐ြန္ဝတ္ေနေသာ ကိုးေနာင္ကို ၾကည့္ကာ
"ဪ မင္းက ခ်က္ရတာလား"
စကားေလး က တစ္ခြန္းသာ ျဖစ္ေသာ္လည္း အဓိပၸာယ္ႏွင့္ အနက္ဖြင့္ဆိုခ်က္ကား ရွည္လ်ားလွ၏။ေနာင္ဘုန္းသိုက္ ႐ုပ္ႏွင့္အသံ အေနအထားအရ ကိုယ့္သားကို ထမင္း ခ်က္ခိုင္းလို႔ သားမက္ကို အျပစ္တင္တဲ့ အနက္သေဘာမ်ိဳးထက္ မင္းက ေယာက္်ားခ်င္းေတာင္ အလိမၼာ အိမ္ပါ အိမ္ေထာင္ရွင္မေလးေနရာကေပါ့ ဆိုသည့္ ခေနာ္ခနဲ႕ ဟန္သာ။
ကိုးေနာင္က ပါးေစာင္ကို လွ်ာနဲ႕ထိုးကာ စကားစစ္ထိုးရန္ စကားလုံးေတြ စီလိုက္သည္။ကိုယ့္ အိမ္ကို ဘာလုပ္လုပ္ေပါ့။
ထို႔ေနာက္ ေျပာရန္ ပါးစပ္ ဟ႐ုံ ရွိေသး ခမ္းေနာ့ဝ္က တရားခြင္ ေရွ႕က ေရွ႕ေန႕ ေလသံႏွင့္ ျဖတ္ေျပာသည္။
" ကြၽန္ေတာ္ က ကိုးေနာင္ လက္ရာ မစားရရင္ မေနနိုင္ဘူးဗ်. . .အေဖ့ သား က ဟင္းခ်က္ သိပ္ေကာင္းတာ အဲ့ေတာ့ ကြၽန္ေတာ္က သန႔္ရွင္းေရးပိုင္း တာဝန္ယူၿပီး သူက ခ်က္ျပဳတ္ေရးပိုင္း တာဝန္ယူ႐ုံပါဗ်ာ အိမ္ေထာင္သည္ေတြ ဆိုေတာ့ ဒီလိုပါပဲေလ"
ေနာင္ဘုန္းသိုက္က "ဪ " ဟု ၾကားသူ ျမင္ျပင္းကတ္ေလာက္ေအာင္ သံရွည္ဆြဲသည္။
ကိုးေနာင္က စဥ္းႏွီတုံးေပၚက ဝက္သားကို ဆက္လွီးလိုက္သည္။ထက္ေသာ ဓားေအာက္ ေသြးစက္လတ္ အသားနီနီေတြက လူးလွိမ့္စြာ။
"ဟဲ့ အာ့တာ ဘာသားတုံး"
ေနာင္ဘုန္းသိုက္ မရည္႐ြယ္ပါပဲ ပါးစပ္မွ လႊတ္ကနဲ ေမးမိသြားသည္။ကိုးေနာင္က မခ်ိဳမခ်ဥ္ ၿပဳံးလိုက္သည္။
"အေဖ ထင္တဲ့ အသား"
ေနာင္ဘုန္းသိုက္ မ်က္ႏွာပ်က္သြားသည္။ခ်စ္သား ေပးေသာ trauma ေၾကာင့္ ႏွစ္ေပါင္းမ်ားစြာ ျမန္မာထမင္းဟင္း မစားခဲ့တာ ၾကာၿပီ။
ၾကားမွ ခမ္းေနာ့ဝ္က အူလည္လည္ႏွင့္ ေၾကာင္ေနသည္။ဝက္သားႀကီး ကို ျမင္ရဲ႕သားနဲ႕ ဘာေတြ ေျပာေနၾကတာလဲ။
"ဝက္သားႀကီးေလ . . . ကိုးေနာင္ ျမန္ျမန္ လွီးမွာျဖင့္ လွီးစမ္းပါ ၾကည့္မေကာင္း ရႉမေကာင္း"
"အြန္း"
ထိုစဥ္ အေပါက္ဝမွ ရွည္ေမ်ာေမ်ာ သ႑ာန္တစ္ခုက ဝင္လာသည္။ေျပာင္းဆိုးလာဟန္ရွိေသာ လိေမၼာ္ေရာင္ ဆံပင္က အေဝးမွ တင္ ထင္းေနသည္။ ရွိုင္းမိုဟန္ ျဖစ္သည္။သူ႕ လိေမၼာ္ ဆံပင္ေရာင္က လူတိုင္းႏွင့္ သိပ္မလိုက္ေသာ္လည္း ရွိုင္းမိုဟန္က အသားစြတ္စြတ္ျဖဴသူမို႔ တစ္မ်ိဳး ၾကည့္ေကာင္းေနသည္။
အႏွီ blamer ေနာင္ဘုန္းသိုက္ကို ဒီငရွိုင္းေကာင္ ပင့္လာတာ ျဖစ္သည္။ၿပဳံးတုံ႕တုံ႕ မ်က္ႏွာႏွင့္ မီးဖိုေခ်ာင္ထဲ ဆိုက္ေရာက္လာသည္။ဖိနပ္စီးၿပီး ဝင္လာတာေၾကာင့္ ေျပာင္လက္ေနေအာင္ သုတ္ထားတဲ့ ၾကမ္းခင္းဟာ ဖိနပ္ရာ ေတြ အတန္းလိုက္။
ခမ္းေနာ့ဝ္ ႏွလုံးသားေလးထဲမွ ထုခ်င္ ရိုက္ခ်င္စိတ္ေတြ ထြန္းေပါက္လာေခ်ၿပီ။မင္း က ေတာ့ ဘာရယ္မဟုတ္ ေလွ်ာက္လိုက္တာ၊ငါက တစ္ေနကုန္ ျပန္သုတ္ရေတာ့မယ္! ။
ရွိုင္းမိုဟန္က ခုံတစ္ခုံေပၚ က်က်နန ထိုင္လိုက္သည္။
"အိမ္ေရွ႕မွာ အဘြားႀကီးတစ္ေယာက္ ေတြ႕ခဲ့တယ္ ဘယ္သူလဲ"
ကိုးေနာင္က ဝက္သားတုံးကို ဒယ္အိုးထဲ ထည့္လိုက္သည္။ ရွဲခနဲ ျမည္သံက နားစူးစြာ။
"အိမ္အကူ"
"ေတာ္ေတာ္အိုေနၿပီဟာ. . .ကြၽန္ေတာ္ အသစ္ ရွာေပးရမလား"
ရွိုင္းမိုဟန္က သူ႕ပုံစံတိုင္း လက္သန္းႏွင့္ နားထင္ကို ကုတ္ကာ ၿပဳံးစစ ေလး ေမးျပန္သည္။သို႔ေသာ္ သူ႕ အၾကည့္မ်ားက ပုံမွန္ထက္ ပိုၿပီး စူးရဲရဲ။ကိုးေနာင္ ေနာက္ေက်ာကို ေပါက္ထြက္မတတ္ စိုက္ၾကည့္ေနတာ ကိုးေနာင္ ခံစားရသည္။
"မလိုဘူး"
"ၾကည့္ရတာ ကိုကိုးေနာင္ သူနဲ႕ ပတ္သက္ၿပီး ကိစၥ တစ္ခုခု ရွိလို႔ ထင္တယ္. . . နို႔ ဘယ္သူက အဲ့ေလာက္ အိုေနတဲ့ အဘြားႀကီးကို အိမ္အကူ ခန႔္မွာလဲ"
ရွိုင္းမိုဟန္ ၿခံထဲတြင္ အဘြားအိုတစ္ေယာက္ သစ္ပင္ ေရေလာင္းေနတာ ေတြ႕ခဲ့သည္။သို႔ေသာ္ ရွိုင္းမိုဟန္၏ ဆဠမ ဉာဏ္အရ ဘယ္လိုၾကည့္ၾကည့္ ထိုအဘြားအိုမွာ အဘြားအို မဟုတ္ေပ။ထိုအမ်ိဳးသမီးႀကီး ၏ ရႈံ႕တြေနေသာ မ်က္ႏွာေၾကာမ်ားသည္ သာမန္အိုမင္းျခင္းထက္ တမင္ အပ္ႏွင့္ ဆြဲခ်ဳပ္ထားပုံ ရသည္။ၿပီး ထိုထက္ ဆိုးသည္ကား လည္ပင္းရိုးနားမွ ခ်ဳပ္ရိုးေၾကာင္းႀကီးမ်ားႏွင့္ ထိုအမ်ိဳးသမီးႀကီး ၏ ေၾကာက္႐ြံတုန္လႈပ္ေနတဲ့ မ်က္လုံးေတြ။
ဘယ္လို အရႈပ္ေတြပဲ လုပ္လုပ္ ဉာဏ္ကိုးေနာင္ကိစၥ ဆိုေပမယ့္ ဉာဏ္ကိုးေနာင္ ျပႆနာတက္ရင္ ဆတ္ႏြယ္က ၾကားထဲက ပင္ပန္းေနရွာေလမည္ မို႔ ရွိုင္းမိုဟန္ က မဆီမဆိုင္ ဝင္ ရွင္းေပးရန္ သုံးသပ္ခဲ့သည္။
ရွိုင္းမိုဟန္ ေမးခြန္းကို ကိုးေနာင္ ျပန္ မေျဖမီ စကားစ ျပတ္ထြက္သြားသည္။အေၾကာင္းမွာ နန္းႏြယ္တစ္ေယာက္ ဖိုးဖိုးကို ေကာ္ဖီ ေဖ်ာ္တိုက္မယ္ ဆိုၿပီး ေရႏြေးထည့္ကာ အထည့္မေတာ္၍ လက္ အပူေလာင္ေလသည္။
တစ္အိမ္လုံး အာ႐ုံမွာ နန္းႏြယ္ ဆီ ေရာက္သြားသည္။
ထိုစဥ္ ခဏ ရွိုင္းမိုဟန္က ကိုးေနာင္ အနားကပ္ကာ တိုးေသာ ေလသံႏွင့္
"ကိုခမ္းေနာ့ဝ္တို႔ ေဆး႐ုံက ဆရာဝန္တစ္ေယာက္ လြန္ခဲ့တဲ့ တစ္လေလာက္က ေပ်ာက္သြားတယ္ . . နာမည္ရ ဆရာဝန္ဆိုေတာ့ ရဲေတြ ေျခခ်င္းလိမ္ေနၿပီ. . .ရဲေတြက ကိုခမ္းေနာ့ဝ္ကို သံသယ ရွိေနတယ္ ခု ရက္ပိုင္း သတိထားေန"
"ဘာလို႔ ငါ့ကို လာေျပာျပေနတာလဲ"
ရွိုင္းမိုဟန္က မ်က္လုံးတစ္ဖက္မွိတ္ကာ fly kiss လုပ္ျပလိုက္ၿပီး
"ဆတ္ႏြယ္ မ်က္ႏွာေၾကာင့္ေလ ေျပာလတ္စ နဲ႕ ေနာက္တစ္ခု ပါ ေျပာျပဦးမယ္ သဘက္ခါ ရဲေတြ ဒီကို ေရာက္လာလိမ့္မယ္. . .Top secret ေနာ္"
ကိုးေနာင္က ညင္သာစြာ ၿပဳံးလိုက္သည္။သို႔ေသာ္ မ်က္လုံးေတြက အသက္မပါ။
"ေက်းဇူး"
++++
11နာရီခြဲလို႔ 15မိနစ္လြန္သြားေတာင္ ဟင္းက ေသခ်ာ မနပ္ေသးတာမို႔ ကိုးေနာင္ စိတ္ေလသြားသည္။ဒီတိုင္း ဆို ကိုးႏြယ္ တစ္ေယာက္ ေန႕လယ္စာ လြတ္ေတာ့မွာ စိုး၍ ၾကက္ဥကိုသာ အျမန္ မာဆလာႏွင့္ ခေလာက္၊ၾကက္ဥလိပ္သဖြယ္ ေၾကာ္လိုက္သည္။ထမင္းကို ဆီဆမ္း ဆားျဖဴးကာ နယ္လိုက္ၿပီး ဆုပ္ ဆုပ္ လုပ္ကာ ခ်ိဳင့္ထဲ လွလွေလး ထည့္ေပးလိုက္သည္။ကိုးႏြယ္ ထမင္းခ်ိဳင့္ ျပင္ေပးရတာ အလုပ္ အလြန္ရႈပ္ပါသည္။ထမင္း ကို ထမင္းတိုင္း ထည့္ေပးလွ်င္ ထမင္းက ဆြဲေဆာင္မႈ မရွိ၍ မစားခ်င္ တဲ့။တကယ္လည္း မ စားလာေပ။
ထို႔ေၾကာင့္ ကိုးေနာင္မွာ ဟုတ္ေသာ္ရွိ မဟုတ္ေသာ္ရွိ ထမင္းကို တစ္ေန႕ တစ္မ်ိဳး ပုံမရိုးေအာင္ ေျပာင္းကာ ထည့္ေပးရသည္။ထိုအခါမွ ေမာင္မင္းႀကီးသားက စားေလသည္။
ထို႔ေနာက္ ဆိတ္သားေျခာက္ဖုတ္ေထာင္းကို ထမင္းေထာင့္မွာ ကပ္ကာ တစ္ခါတည္း ေရျပဳတ္ၿပီး သုပ္ထားေသာ ပုဇြန္ေျခာက္ေသးေသးေလးေတြကို ထည့္ေပးလိုက္သည္။
ၿပီး ကံေကာင္းစြာ နပ္သြားေသာ ႏူးအိေနသည့္ ဝက္သားစြပ္ျပဳတ္ကို ေလာင္းထည့္ေပးလိုက္သည္။
လက္ကိုင္ပုဝါသန႔္သန႔္ေလးကို ေအာက္ခံထားထမင္းခ်ိဳင့္ကို အနီေရာင္ျခင္းထဲ သပ္သပ္ရပ္ရပ္ထည့္လိုက္သည္။ၿပီး ovaltine အျဖဴကို ထပ္ေဖ်ာ္ကာ ဓာတ္ဗူးထဲ ထည့္လိုက္သည္။ထပ္ဆင့္ ခ်ိဳင့္ထဲ အစုံစုံေသာ မုန႔္ပဲ သေရစာေတြ ထည့္လိုက္သည္။
"မင့္ သား တစ္ေယာက္စာလား တစ္ေက်ာင္းလုံး စာ လား. . ."
တစ္ခ်ိန္လုံး ၿငိမ္ကာ ကိုးေနာင္ လုပ္သမွ် မ်က္စိေဒါက္ေထာက္ ၾကည့္ေနေသာ ေနာင္ဘုန္းသိုက္ ထံမွ blame သံ ထြက္လာသည္။
"သားငယ္က အစားနည္းတယ္ေလ အမ်ားႀကီး ထည့္ေပးရင္ သူ ခ်ိဳင့္ေလးေနဦးမယ္"
သူ႕ ဘက္လိုက္ကာ ေျပာမေပးေသာ ခမ္းေနာ့ဝ္ကို ကိုးေနာင္က မ်က္ေစာင္းထိုးသည္။နန္းႏြယ္ကမူ ဝက္သားစြတ္ျပဳတ္ကို ခုံခုၿပီး ႏွိုက္ျမည္းေနရင္းမွ
"ကိုးကိုးက အစားနည္းတယ္ . . .ဒါမဲ့ ဆက္တိုက္ ထမင္းေရာ မုန့္ေရာ ျဖည္းျဖည္းခ်င္း စားတာ. . . သူ နံနက္ ေက်ာင္းေရာက္ေရာက္ခ်င္း ထမင္းခ်ိဳင့္ ဖြင့္စားတယ္၊ မုန့္စားေက်ာင္း ဆင္းရင္ ထပ္စားတယ္ ေန႕လယ္ က်လည္း ထပ္စားတယ္ အတန္းထဲလည္း ဆရာ မလာခင္ စားတယ္ စာသင္ေနလည္း ခိုးစားတယ္ ပါးစပ္ကို အၿမဲ လႈပ္ေနတာ"
ကိုးႏြယ္ မွာ ဒီလို အက်င့္ မရွိမွန္း ခမ္းေနာ့ဝ္ မသိေပ။သူ႕ သားေလး တကယ္ လုံးဝ မစားဘူးထင္ၿပီး ေဆးဝယ္တိုက္ဖို႔ ေတာင္ လုပ္ေနတာ ျဖစ္သည္။
ကိုးေနာင္က နာရီ ၾကည့္လိုက္သည္။
12ထိုးဖို႔ 5မိနစ္ ။
ရွိုင္းမိုဟန္ၾကည့္ၿပီး အလြန္ခ်ိဳသာေပ်ာ့ေပ်ာင္းေသာ အသံႏွင့္ ေခၚလိုက္သည္။
"ရွိုင္းမိုဟန္ေရ"
သို႔ေသာ္ ရွိုင္းမိုဟန္ မွာ ဓားဆယ္စင္း အစိုက္ခံရတာထက္ ပို ရင္ထိတ္သြားသည္။စားပြဲေပၚက ထမင္းခ်ိဳင့္ကို ၾကည့္ကာမွ နည္းနည္း သက္ျပင္းခ်နိဳင္သြား၏။
"ထမင္းခ်ိဳင့္ ပို႔ေပးရမွာလား"
ေျပာရင္းပင္ ေဆြ႕ကနဲ ဆြဲယူသြားကာ ထြက္သြားသည္။
ခမ္းေနာ့ဝ္မွာ ျဖင့္ ရွိုင္းမိုဟန္ လမ္းသြားရာ တစ္ေလွ်ာက္ ထင္းက်န္ေနသည့္ ေျခရာႀကီးမ်ားကို ၾကည့္ရင္း ထိုင္ ငိုခ်င္စိတ္သာ ေပါက္ေပသည္။
ရွိုင္းမိုဟန္ ျပန္ေရာက္လာေသာအခါ ေနာင္ဘုန္းသိုက္ ပါ ျပန္သြားေလသည္။ခမ္းေနာ့ဝ္ က ေန႕လယ္စာ စားသြားရန္ ေျပာေသာ္လည္း တကယ္တမ္းက် ေနာင္ဘုန္းသိုက္က ေခါင္းခါ လက္ခါႏွင့္ လုံးဝ မစားေပ။
ခမ္းေနာဝ့္ က ကိုးေနာင္ကို လွမ္းၾကည့္ေတာ့ ကိုးေနာင္က "မသိဘူးေလ" ဆိုေသာ အထာႏွင့္ ပုခုံးတြန႔္ျပသည္။
++++
မိန္း တကၠသိုလ္ နားက ေကာ္ဖီဆိုင္တြင္ ရွိုင္းမိုဟန္ ထိုင္လိုက္သည္။မိန္းပတ္ဝန္းက်င္က မႏၱေလး၏ အရႈပ္ဆုံးေနရာတစ္ခုေတာင္ ဆိုရေပမယ့္ ဒီေကာ္ဖီဆိုင္ေလးက ဆိတ္ၿငိမ္၏။
ထိုစဥ္ ျမင္သည့္ ေယာက္်ားတိုင္း လွိုက္ဖိုတုန္တက္ သြားေလာက္ေအာင္ အလွထူးသည့္ နိုင္ငံျခားသား မိန္းမ တစ္ေယာက္ တံခါးဝမွ ဝင္လာသည္။အျဖဴ လက္အပြ အရွည္ ႏွင့္ ဒူးေအာက္ နီညို စကပ္ကို ဝတ္ဆင္ထားသည္။သူ(မ) အရပ္မွာ အေတာ္ေလး ျမင့္လွၿပီး သာမန္မိန္းကေလးမ်ားထက္ကို ထြားႀကိဳင္းသည္။သို႔ေသာ္ မ်က္ႏွာေလးက မိန္းကေလးရႈံးေအာင္ လွပသည္။
သူ(မ)က ရွိုင္းမိုဟန္ဆီ ေလွ်ာက္လွမ္းလာၿပီး ေပါင္ေပၚတက္ထိုင္လိုက္သည္။ၿပီး ႏႈတ္ခမ္းစူကာ မြ ခနဲ ရွိုင္းမိုဟန္ ပါးကို နမ္းလိုက္ေသာ္လည္း ရွိုင္းမိုဟန္က ေရွာင္လိုက္သည္။
"ရွိႀကီးခိုးပါတယ္ 69ရယ္ မိန္းမ ပုံစံႀကီး ကြၽန္ေတာ္မ်ိဳး ေရွ႕ ဝတ္ ဝတ္ မလာစမ္းပါနဲ႕"
အဆိုပါ နံပါတ္ 69ထံမွ ရယ္သံ တစ္ ခစ္ ခစ္ေလး ထြက္လာၿပီး သူက ရွိုင္းမိုဟန္နားကို ကပ္ကာ တိုးတိုးေလး ေျပာလိုက္သည္။
"လိေမၼာ္ဆံပင္ေရာင္ ေျပာင္းလိုက္ေတာ့ တို႔ကိုကိုက ပို ခန႔္သြားၿပီ ဘာစားမလဲ တို႔ကို စားမလား. . ."
အသံသည္ကား လုံးဝ ဉႆုံ ဩရွမာေက်ာေသာ ေယာက္်ားသံႀကီးသာ။
"ေဝါ့ . . .အလကားေပးေတာင္ မယူဘူး"
69က ရွိုင္းမိုဟန္ကို အာဘြားဆိုၿပီး ထပ္နမ္းရန္ မ်က္ႏွာႀကီးတိုးကပ္လာေသာအခါ ရွိုင္းမိုဟန္က တြန္းခ်လိဳက္သည္။
"ဒါ ျမန္မာနိုင္ငံ ေနာ္ အေမရိကန္ မဟုတ္ဘူး မိန္းမလို ဝတ္ထားလည္း မိန္းမ အိႏၵျေေလး ဘာေလးနဲ႕လည္း ေနပါဦး"
ထိုသို႔ေျပာကာမွ သာ 69က တစ္ဖက္ ထိုင္ခုံကူးသြားသည္။
"အဆင္ေျပခဲ့လား အေရာင္းအဝယ္က"
69က အတုတပ္ထားေသာ ဆံပင္လိမ္လိမ္ေတြကို လက္ညွိုးနဲ႕ ကစားေနရင္း ေျဖလာသည္။
"ေျပမွ ေျပ . . . "
"ေျပရင္လည္း ျမန္ျမန္ လစ္ေတာ့ေလ ဖင္ေခါင္းယားလို႔ ၿမိဳ႕လယ္ေခါင္ႀကီး လာေနတာလား"
69က ႏႈတ္ခမ္းနီေတာင့္တစ္ခုကို ထုတ္ကာ ရွိုင္းမိုဟန္ ေရွ႕ ယမ္းျပၿပီး
"ႏႈတ္ခမ္းနီ လာဝယ္တာ"
"ဟမ္!"
ရွိုင္းမိုဟန္ မွာ အာေမဍိတ္သံ က်ယ္ႀကီးပင္ ထြက္သြားမိသည္။သူ႕ေရွ႕မွ အႏွီလူဆိုးသည္ ႏႈတ္ခမ္းနီေတာင့္ေလး တစ္ခုဝယ္ဖို႔ စစ္ေဆးေရးၾကမ္းသည့္ေနရာ၊လူမိုက္တစ္ေယာက္အေနနဲ႕ လာကို မလာသင့္ေသာ ဒီ မႏၱေလး ၿမိဳ႕လယ္ ေခါင္ႀကီး ကို ေရာက္လာသည္။
"ငါ ႀကိဳက္လို႔ေလ"
"ဘယ္လို ေကာင္ႀကီးတုံး"
ဤေနရာတြင္ Death ဂိုဏ္းအေၾကာင္း အေသးစိတ္ တင္ျပရန္ ရွိ၏။Death ဂိုဏ္း သည္ အလြန္လွ်ို႔ဝွက္ေသာ ဂိုဏ္းတစ္ခု ျဖစ္သည္။အေရာင္းအဝယ္ အကုန္လုပ္သည္။မူးယစ္ေဆး၊လက္နက္၊ေၾကးစား လူသတ္၊အေလာင္းေဖ်ာက္ အကုန္ တာဝန္ယူေပးသည္။သို႔ေသာ္ လူကုန္ကူးျခင္း၊ကြၽန္ျပဳျခင္း၊ျပည္တန္ဆာလိင္ ေရာင္းဝယ္ျခင္းကို အထူး ေရွာင္ရွားသည္။သူတို႔သည္ လူပဲ သတ္လိုက္မည္ လူ လူျခင္း ကြၽန္ျပဳျခင္းကို ရႈံ႕ခ်သည္။
အစုံသုပ္ ေရာင္းဝယ္ေသာ္လည္း တကယ့္ အႀကီးအက်ယ္ ေရာင္းဝယ္မႈကေတာ့ သတင္းအခ်က္အလက္မ်ားသာ။အရင္ ေခါင္းေဆာင္လက္ထက္တုံးကေတာ့ လက္နက္ေမွာင္ခိုေပမယ့္ ခု ေခါင္းေဆာင္ကေတာ့ ခိုးရ ဝွက္ရ လိမ္ရလွည့္ရတာကိုသာ ႀကိဳက္ႏွစ္သက္၍ လက္နက္ထက္ သတင္းအခ်က္အလက္ကို ပို ဦးစားေပးသည္။သတင္းဆိုသည္မွာလည္း ေသးေသးစိပ္စိပ္ ရက္ကြက္ထဲက သတင္းငယ္ကအစ၊ နိုင္ငံေရးအထိက႐ုန္းျဖစ္ေစမည့္ အႀကီးအက်ယ္ သတင္းအဆုံး စုံစမ္းေရာင္းသည္။လူသတ္ လူေပ်ာက္ ပစၥည္းေပ်ာက္၍ ဘယ္သူဘယ္ဝါတရားခံျဖစ္ေၾကာင္း သိခ်င္လည္းတာဝန္ခံ လိုက္ရွာေပးသည္။ထို႔ေၾကာင့္ သူတို႔ဂိုဏ္းသည္ ရဲေတြႏွင့္ ခ်စ္ခ်စ္ခင္ခင္ ရွိလွတာမို႔ ျပႆနာႀကီးမွ မဟုတ္၍ ေထာက္လွမ္းေရးရဲေတြက ေလွ်ာ္ေပးသည္။
ေယဘုံယ်အားျဖင့္ ၾကည့္လွ်င္ သူတို႔ ဂိုဏ္းသည္ အျခားလူဆိုးမ်ားနည္းတူ ရက္စက္ၿပီး အေမွာင္က်သည္။သို႔ေသာ္ အတြင္းက်က်အားျဖင့္ေတာ့မူ သူတို႔ ဂိုဏ္းသည္ ေၾကာက္႐ြံ႕ရက္စက္ဖြယ္ေကာင္းသည္ထက္ အၿပဳံးခ်ိဳခ်ိဳေလးႏွင့္ လူလည္က်ကာ သူခိုးက်င့္ သူခိုးႀကံ လူလိမ္လူညာ ဂိုဏ္းသာ ျဖစ္သည္။
သူတို႔ ဂိုဏ္းရဲ႕ စိတ္ဝင္စားစရာ အေကာင္းဆုံးအခ်က္ သုံးခ်က္ ရွိသည္။သူတို႔သည္ ပိုက္ဆံေၾကာင့္ ဒီလို အလုပ္ေတြ လုပ္ေနျခင္းမဟုတ္ေပ။ဘိုးဘြား စဥ္ဆက္ကတည္းကလုပ္လာေသာ အလုပ္ျဖစ္၍ မ်ိဳးရိုးမတိမ္ေကာေအာင္ ထိန္း႐ုံသာ။(ရွိုင္းမိုဟန္တစ္ေယာက္ကသာ ေငြမ်က္ႏွာ တစ္ကမၻာ)
သို႔ေသာ္ လူလိမ္ေတြမို႔ ေငြ ရွာကြၽမ္းၾကသည္။
ဒုတိယက တစ္ဂိုဏ္လုံးက ဂိုဏ္းဝင္မ်ားသည္ နာမည္ အစား နံပါတ္မ်ားကိုသာ အသုံးျပဳၾက၏။
ေနာက္ထပ္ ထူးျခားခ်က္မွာ သူတို႔ က အျခားဂိုဏ္းေတြလို အုပ္စုဖြဲ႕ mafia style ေနျခင္းမဟုတ္။ရွိုင္းမိုဟန္ တစ္ေယာက္သာ ခ်ိဳေပါက္ၿပီး company တက္ေထာင္ကာ တပည့္တပန္းအသိုင္းအဝန္းႏွင့္ ေနသူ ျဖစ္သည္။က်န္တဲ့ ေခါင္းေဆာင္မ်ားႏွင့္ ဂိုဏ္းဝင္မ်ားကမူ တစ္ကိုယ္တည္းသာ ျဖစ္သလို ေနခ်င္သလို ေနၾကသည္။လမ္းေဘးမ်ာလည္း အိပ္ခ်င္ အိပ္ေနသလို ေတာင္းစားခ်င္လည္း ေတာင္းစားေနသလို ေအာင္လက္မွတ္အတု လုပ္ၿပီး uni life ဆိုၿပီး တကၠသိုလ္ တက္ရင္လည္းတက္ေနၾကသည္။အေကာင္ႀကီးႀကီး အၿမီးရွည္ရွည္ေတြနဲ႕ ေပါင္းၿပီး ဒုစရိုက္ လုပ္ေနၾကသလို ထိုအေကာင္ႀကီးႀကီးမ်ားထဲကပင္ လိမ္စားရင္ စားေနၾကသည့္ အရႈပ္ထုတ္ေတြ ျဖစ္သည္။
တစ္ခါတစ္ေလ ကိုယ့္အခ်င္း ခ်င္း လမ္းမွာ ေတြ႕ေတာင္ မမွတ္မိ။အဆက္သြယ္က ရွိခ်င္လည္း ရွိသည္ မရွိရင္လည္း မရွိ။Groupဖြဲ႕ထားေပမယ့္ ကႏၱာရလို ေျခာက္ကပ္ေနသည္။သို႔ေသာ္ ရွိုင္းမိုဟန္ ရွိသည့္တြက္ေတာ့ သူတို႔ အဆက္အသြယ္ပ်က္မွာ ပူစရာမလို။ရွိုင္းမိုဟန္ က Death ဂိုဏ္းတြက္ တာဝါတိုင္ႀကီးလိုပင္။ၿပီးရင္ ပိုက္ဆံထုတ္သည့္ ေငြထုတ္ ATMစက္ႀကီးလို။
လူဆိုးဂိုဏ္းမ်ားၾကား Deathဂိုဏ္း ေက်ာ္ၾကားသည့္ ဂုဏ္ပုဒ္မ်ားမွာ 'မေရာင္ရာ ဆီလူး ဂိုဏ္း'၊ 'သူခိုးဂ်ပိဳးဂိုဏ္း'၊ 'BBCဂိုဏ္း' ျဖစ္သည္။
အလြန္ျပႆနာ မီးထြန္းရွာၿပီး တစ္ဂိုဏ္းလုံး အလြန္လွ်ာရွည္ၾကသည္။
လူဆိုးဂိုဏ္းခ်င္း ခ်င္း ပြဲျဖစ္ရင္ မဆိုင္ပါဘဲ မီးဝင္ရွို႔ တက္၊ မီးေလာင္ရာ ေလပင့္တက္သည္။
နားလည္ေအာင္ ဉပမာ ျပရရင္ Aဂိုဏ္း ႏွင့္ Bဂိုဏ္း ေနာင္ခ်ိန္ ဖိုက္ၾကၿပီ ဆိုပါစို႔။Deathဂိုဏ္းက Aကို လည္း ေညွာင့္ေပးသည္ Bကိုလည္း ေညွာင့္ေပးသည္ ႏွစ္ဖက္လုံး အေသအေၾက မ သတ္ သတ္ေအာင္ ေသြးထိုးလႈံေဆာ္သည္။ၿပီးရင္ ၾကားမွ အျမတ္ထုတ္သည္။
ေနာက္ထပ္ထပ္မံ ဉပမာတစ္ခုေပးရရင္ ရဲေတြက O ဂိုဏ္းကို စုံစမ္းဖမ္းေနသည္ ဆိုပါစို႔။Deathဂိုဏ္းက မဆီမဆိုင္ အားအားယားယား ရဲေတြကို သတင္းအလကားလိုက္ေပးသည္။ရဲေတြ ဘက္ မေပးခ်င္ရင္ Oဂိုဏ္းဘက္မွ ေန၍ ရဲေတြကို စမုံကူတုံးေပးသည္။
လိုက္ရႈပ္ၿပီးလွ်င္ေတာ့ ေျခရာလက္ရာပါမက်န္ အကုန္ေဖ်ာက္ၿပီး ေပ်ာက္သြားၾကသည္။
ရွိုင္းမိုဟန္က ေဆးလိပ္ကို ႏႈတ္ခမ္းမွာခဲလိုက္သည္။ထိုေဆးလိပ္ကို 69က လုယူကာ သူ႕ ႏႈတ္ခမ္းဝယ္ ခဲလိုက္သည္။
"Indirect kiss "
"႐ြံ႕စရာ "
Death ဂိုဏ္းထဲတြင္ ေခါင္းေဆာင္ ေလးေယာက္ရွိသည္။125သည္ အမႉးအႀကီးဆုံး ျဖစ္ၿပီး 118(ရွိုင္းမိုဟန္)က ဒု ေနရာမွာ ရွိသည္။69က တတိယ ေနရာတြင္ ရွိသည္။
ရွိုင္းမိုဟန္ တစ္ေယာက္ပဲ ျမန္မာ ေသြးစစ္ၿပီး က်န္သူမ်ားက စပ္တစ္ဝက္ မစပ္တစ္ဝက္။သို႔ေသာ္ အားလုံးကေတာ့ ျမန္မာ စကားပီပီသသ ေျပာတတ္ၾကသည္။
69၏ ထူျခားခ်က္ မွာ မိန္းကေလးလို ဝတ္စားတတ္ျခင္းျဖစ္သည္။ဝတ္ရသည့္အေၾကာင္းကေတာ့ မိန္းကေလးလို ဝတ္ရင္ အစစ္အေဆး သိပ္မရွိလို႔ ျဖစ္သည္ ဟူ၍။
အားေနယားေနရင္ ပါးစပ္ကေလးက flirt စကားေလး ေျပာေနမွ ေနသာထိုင္သာ ရွိသူ ျဖစ္ၿပီး တစ္ဂိုဏ္းလုံးကို ပတ္ flirt ႐ုံမက နယ္က်ဴးၿပီး သူမ်ားဂိုဏ္းဆီ ေၾကးစားလိုက္အသည္းခြဲေပးသည္။အယြလြန္ခ်က္က ရဲေတြကိုပါ ဟန္ေဆာင္ပန္ေဆာင္ သြား flirt သူ ျဖစ္သည္။သို႔ေၾကာင့္လည္း ရဲေတြ ထံမွ လွ်ို႔ဝွက္သတင္းေတြ ခဏ ခဏ သယ္ေဆာင္လာတတ္သည္။
69က ႏႈတ္ခမ္းနီ ဆိုးေနလ်က္ ပါးစပ္ကို အေပၚေအာက္ ထိကာ 'ေဘာက္ ေဘာက္' လုပ္ေနသည္။ၿပီး "မင္း ေဒၚလာႏွစ္သိန္း နဲ႕ အဆိပ္ ေရာင္းလိုက္တယ္ဆို. . . သတင္းၾကားတယ္" ဆို၍ ႏႈတ္ခမ္းနီ အဆိုး မျပတ္ဘဲ ေျပာသည္။
"အြန္း"
"125က အဆိပ္ပိုင္ရွင္ ကို သိခ်င္လို႔တဲ့"
"ရွာေနတယ္ 555ကိုပါ ကူရွာခိုင္း"
"555က မအားဘူးတဲ့ Black pink concert ေရာက္ေနတယ္. . ."
"ဪ အလုပ္ႀကီး ကိုင္ႀကီးေတြ လုပ္ေနရွာတာပဲ"
"စကားမစပ္ ငါ ဒီႏႈတ္ခမ္းနီေရာင္နဲ႕ လိုက္လား"
69က မ်က္လုံးတစ္ဖက္မွိတ္ကာ ျပေတာ့ ရွိုင္းမိုဟန္ က ေခါင္းရမ္းသည္။
"ဒါေၾကာင့္ မင္း ေကာင္က ျပန္မႀကိဳက္တာ အလွအပကို မခံစားတတ္ဘူး"
ရွိုင္းမိုဟန္က ေကာ္ဖီေသာက္ေနရာမွ သီးသြားသည္။
"သီးမေနနဲ႕ မင္းကို တစ္ဂိုဏ္းလုံးက အဂၢမဟာ လင္တာ႐ူးလို႔ ေခၚေနၾကၿပီ. . .125ေတာင္ မင္း ကို ေတာ္ေတာ္ျဖစ္ေနတာပဲ ေျပာေနတာ"
"ေျပာ ေျပာပါေစ အဲ့ လူပ်ိဳႀကီးက အခ်စ္ေၾကာင္း ဘာမွ မသိဘူး . . .ခု အဲ့အဆိပ္ပိုင္ရွင္ကို စုံစမ္းခိုင္းတယ္ ဆိုတာလည္း ဘာမွ မဟုတ္ဘူး အလကား သက္သက္ စပ္စုတာ. . .ငါက သာ စီးပြားေရးအရ တြက္ၿပီး အဆိပ္ေတြ အပိုင္သိမ္းဖို႔ လုပ္ေနတာ. . ."
69က ဆိုင္ ပတ္ဝန္းက်င္ကို ေဝ့ၾကည့္လိုက္ၿပီး
"ဆိုင္ ေလးက လွသားပဲ"
"လွမွာေပါ့ ငါ့ ဆိုင္ေလ"
"ဪ မင့္ ဆိုင္လား ငါ့ကို တစ္ခု ကူညီစမ္းပါ ဓာတ္ပုံရိုက္ေပး"
"ဘာလုပ္မို႔တုံး"
"Instagram မွာ တင္ဖို႔ . . ."
"ဟမ္ !"
"ငါ့မွာ Instagram accရွိတယ္ follower 20Kရွိတယ္ေနာ္ . . . အပ်င္းေျပ model ေလး ဘာေလး လုပ္မို႔"
"အဲ့လိုနဲ႕ ေဂ်းေအာင္း သြားဦးမယ္"
"ငါ့ အဆက္ေဟာင္းက ေထာင္မႉးေလ"
ထို႔ေနာက္ 69ကို pose အမ်ိဳးမ်ိဳးနဲ႕ ဓာတ္ပုံ ရိုက္ၿပီးတဲ့ေနာက္ ဆိုင္ထဲမွ ထြက္လာသည္။69က ရွိုင္းမိုဟန္ လက္ကို လာတြဲသည္။69က အဲ့လို လူတိုင္းကို လိုက္ ပူးကပ္ေနၾကမို႔ ရွိုင္းမိုဟန္က သူ႕အျပဳအမူတြက္ သိပ္ ထူးေထြ ခံစားမေန။
"ဘာလာလုပ္တာတုံး ဒီကို "
69က မခို႔တရို႔ ၿပဳံးရင္း
"လူ တစ္ေယာက္ ဒီမွာ ေရာက္ေနတယ္ အသံၾကားလို႔ အေႂကြးရွင္းစရာ ရွိတယ္. . ."
"ကူေပးရဦးမလား"
"မလိုဘူး ကူခ်င္ ငါ့ Instagram ကိုသာ လာ followေနာ္ 118ေလး"
ႏွစ္ေယာက္သား ဟားတိုက္ ရယ္ေမာလိုက္ၾကသည္။
ရွိုင္းမိုဟန္ရဲ႕ဂ်စ္ကန္ကန္ပုံစံႏွင့္ လွပေသာ အမ်ိဳးသမီးသည္ အေဝးမွ ၾကည့္လွ်င္ ခ်စ္ၾကည္ႏူးတဲ့ စုံတြဲလို။
++++
"ေဖာက္!"
Colaဗူးခြံကို ျပားကပ္တဲ့ထိ က်ယ္ေလာင္စြာ ဖိေခ်သံက ေကာ္ဖိီဆိုင္ထဲက လူအေပါင္းကို ထိတ္ခနဲ႕ ျဖစ္သြားေစသည္။
လူအေပါင္းတို႔၏ အာ႐ုံက ေကာ္ဖီဆိုင္ ေထာင့္စြန႔္မွာ ထိုင္ကာ ျပတင္းေပါက္ကို ၾကည့္ေနေသာ လူ႐ြယ္တစ္ေယာက္ဆီ စုၿပဳံေရာက္လာသည္။
လူ႐ြယ္၏ ေခ်ာေမာ ခန႔္ထည္ေသာ မ်က္ႏွာသည္ ေအးစက္တင္းမာေနသည္။ဓားရိုး သဖြယ္ထက္ေသာ မ်က္ခုံးတို႔က တင္းတင္းက်ဳံ႕ထားသည္။
ဦးေလးျဖစ္သူ၏ ခက္ထန္ေသာ မ်က္ႏွာထားေၾကာင့္ ေပါက္ေပါက္ေဖာက္ စကားအလြန္မ်ားေသာ မိနန္းႏြယ္ က ပါးစပ္ပိတ္လ်က္။
ေဘးက ကိုးႏြယ္ လား။ပတ္ဝန္းက်င္ အေနအထားထက္ သူ႕ ေကာ္ဖီ ခါးတယ္ ဆို၍ သၾကား ထည့္ ဖို႔သာ အာ႐ုံမ်ားေနသည္။
"အငယ္ စိတ္တိုရင္ အေသေၾကာက္ဖို႔ ေကာင္းတယ္ေရာ္"
နန္းႏြယ္က လက္တို႔ၿပီး ကိုးႏြယ္ကို တိုးတိုးေလးေျပာေတာ့ ကိုးႏြယ္က ဆတ္ႏြယ္ကို ၾကည့္သည္။အငယ္ ေဒါသ ထြက္ရင္ ထန္းပင္ထက္ ေၾကာက္ဖို႔ေကာင္းေၾကာင္း ကိုးႏြယ္ သတိထားမိသည္။
တစ္ဖန္ တစ္ဖက္ လမ္းက ရွိုင္းမိုဟန္ကို လွမ္းၾကည့္ကာ 'ကြၽတ္ ကြၽတ္ ' ဟု သနားဟန္ ေရ႐ြတ္သည္။
"ကိုးကိုးေရ ငါတို႔ေတာ့ ဒီေန႕ ကစားကြင္း မသြားရေတာ့ဘူး"
ဆတ္ႏြယ္ က ကစားကြင္းလိုက္ပို႔မယ္ ဟု ကတိေပးခဲ့ျခင္း ျဖစ္ၿပီး ရွိုင္းမိုဟန္ ေက်းဇူးေတာ္ေၾကာင့္ သူတို႔ ေမာင္ႏွမ အိမ္ကိုသာ ျပန္ပို႔ ခံရေတာ့မည္။
_______________________________
12.59p.m
13.1.2024(Saturday)
Mary_Koe
4511