"What your name "
"Nyan Coe Naung"
"What do you know about Lafaso disappearance?
အပြာရောင် ဝတ်စုံနဲ့ မျက်နှာတင်းတင်း ရဲအရာရှိ က ဓာတ်ပုံ တစ်ပုံကို စားပွဲပေါ်တင်၍ ကိုးနောင်ရှေ့ချပေးလိုက်သည်။
"No I don't"
"I'll ask you again.DID YOU KNOW SOMETHING"
"No,I didn't"
အထက်ပါ စကားများသည် လန်ဒန် ရဲစခန်းဝယ် စစ်ဆေးစုံစမ်းရေးမှု တစ်ခု ဖြစ်ပြီး ယခု လက်ရှိ အချိန်ကာလနှင့်ယှဉ်လျှင် လွန်ခဲ့သော ဆယ်စုနှစ်ကျော်က ဖြစ်သည်။
ရဲအရာရှိများရှေ့မှ နုနယ်သော ကောင်လေးသည် ဉာဏ်ကိုးနောင် ဟု ခေါ်တွင်ပြီး သူသည် လန်ဒန်မြို့ (xxx) university မှ ဘွဲ့ရခါနီး final CS ကျောင်းသားလေး ဖြစ်သည်။သူ့ အသက်သည် 22နှစ် ဖြစ်ပြီး လန်ဒန် ရဲများ သူ့အား ဖမ်းစီးရသည့် အကြောင်းရင်းမှာ ပြင်သစ် စုံထောက် လေဖာဆို ပျောက်ဆုံးမှုတွင် သံသယ ရှိ၍ ဖြစ်၏။
လေဖာဆို သည် KTV တစ်ခုမှာ ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး သူနှင့် နောက်ဆုံး တွေ့ခဲ့သူသည် ဉာဏ်ကိုးနောင် ဖြစ်သည်။
ဉာဏ်ကိုးနောင် က မျက်လွှာချလိုက်သည်။သူ့ရဲ့အေးစက်စက်နှင့် မထုံတတ်တေးအမူရာက မျက်နှာပေါ်ဝယ် အထင်သား။သို့သော်လည်း ထိုပုံစံကိုက ကလေးဆန်ဟန် ပေါက်နေပြန်၏။သူ့ကို ကြည့်လေ ရဲမှူး တစ်ယောက် စိတ်ရှုပ်ထွေးကာ တွေဝေရလေ။
"မုသား ဖော်စက်နဲ့ စစ်လိုက်ရမလား Sir"
"မလုပ်နဲ့ အဲ့လောက် မလိုအပ်ဘူး။ဒီလူငယ်က ထူးချွန်ကျောင်းသားဆို။ပြီးတော့ ရာဇဝတ်မှု မှတ်တမ်းလည်း မရှိဘူး နည်းနည်းပါးပါး စစ်ဆေးပြီး လွှတ်ပေးလိုက်ပါ"
"ဒါမဲ့ "
"ဒီအမှုက အရေးကြီးတယ်ဆိုတာ ငါ သိတယ် ဒါကြောင့် မလိုအပ်ဘဲ အချိန်တွေ မဖြုန်းဘဲ နေကြရအောင် နည်းနည်းပါးပါး စစ်မေးပြီး လွှတ်လိုက်တော့"
အဆိုပါ ကိစ္စ ဖြစ်ပွားပြီးနောက် ဉာဏ်ကိုးနောင်ကို သံသယတရားခံစာရင်းမှ ပယ်ဖျက်ပေးလိုက်ကြ၏။သူတို့ အကြောင်းပြချက်က ရှင်းပါ၏။ဒီရှုပ်ထွေးလှသော လူပျောက်မှုကြီးတွင် လေထိသည်နှင့် လွင့်ဝဲတော့မလို နုနယ်သော ကောင်လေး တစ်ယောက်သည် ဘယ်လိုမှ ပါဝင် ပက်သတ် နိုင်လိမ့်မည် မဟုတ်။
လေဖာဆို ၏ အကြောင်း ပြန်ပြောင်း ကောက်ရပါလျှင် အဆိုပါစုံထောက် သည် မည်သည့်အစိုးရ အမှုထမ်းမှ မဟုတ်ဘဲ သာမန် အလွတ်တန်း စုံထောက်တစ်ဦးသာ ဖြစ်သည်။ဇနီးနှင့် သားတစ်ယောက် ရှိသည်။အမှုတစ်ခုကို စုံစမ်းရန် လန်ဒန် ရောက်ရှိခြင်းဖြစ်ပြီး သူ စုံစမ်း နေသော အမှုသည် တိုက်ဆိုင်စွာ နာမည်ကျော် Lotus killerအမှုများ ဖြစ်သည်။
သို့သော် သူ ပျောက်သွားသည်။လွန်ခဲ့သော တစ်လကျော်၊ ရက်နှင့်တွက် 45ရက် က မည်သည့်အဆက်သွယ်မှ လုပ်မရဘဲ ပျောက်ခြင်းမလှ ပျောက်သွားခဲ့သည်။Lotus killer သတ်ပါသည်ဟု စွပ်စွဲရအောင်လည်း သူ သေသည် ရှင်သည် မည်သူမှ မသိ။
အနှီ လေဖာဆို ပျောက်ဆုံးမှုသည်ကလည်း အတော်ဂယက်ထပါ၏။သူ ၏ ဆက်နွယ်မှုသည် Lotus killerပေါ် တိုက်ရိုက် သက်ရောက်မှု ရှိနေသည်။ထို့ကြောင့် အမှုတွင် ပါဝင် ဆက်စပ်နေသူများအား သံသယ တရားခံအဖြစ် ဖမ်းဆီးထိန်းသိမ်းခဲ့ကြသည်။
သို့သော် ကိုးနောင်ကိုမူ သက်သေမရှိ၍ ပြန်လွှတ်ပေးလိုက်၏။
ထပ်ဆင့် သို့သော် ဉာဏ်ကိုးနောင် နောက် ရဲတွေ စုံထောက်တွေက CCTVလို 24နာရီ စောင့်ကြည့်နေကြသည်။
ဉာဏ်ကိုးနောင် ဟု စွပ်စွဲရန် မည်သည့်သက်သေ အထောက်အထားမှ မရှိပါသော်လည်း အစိမ်းရောင် မျက်ဝန်းများနှင့် 193cm အရပ်မောင်း သည် သံသယ တရားခံ ဆိုသော အဆင့်ထက် ကွင်းဆက် လူသတ်သမားLotus killer ပုံစံနှင့် သွား ညှိနေ၏။
Social ပေါ်တွင်ပါ ကိုးနောင်နှင့် အမည်မသိ ထိုလူသတ်သမားကို တွဲလျက် "Can the beautiful man be the beast" "The young man is a psychopath" "Is he Lotus killer" စသော ခေါင်းစဉ် အစုံအလင်နှင့် ဖော်ပြခဲ့ကြသည်။ထို့ကြောင့် ကိုးနောင် က social ပေါ်တွင် နည်းနည်း အုံကြွသလို ဖြစ်လာသော်လည်း လူအများစုကမူ သိပ်ပြီး စိတ်မဝင်စားကြပေ။အကြောင်းမှာ ကိုးနောင် အသက် က 22နှစ် ဖြစ်ပြီး ထိုစုံပလုံသော ရက်စက်မှုအပေါင်း ပြည့်နှက်နေသည့် လူသတ်မှုစုစုတို့ ဖြစ်ခဲ့စဉ် ကာလဝယ် သူ့အသက်သည် ဆယ်ကျော်သက် လေးသာ ရှိသေးသည်။ထို့ကြောင့် ဆယ်ကျော်သက်ကလေးတစ်ယောက်သည် Lotus killerမဖြစ်နိုင် ဟု မှန်းဆကြပြန်သည်။
သို့သော် မကြာခင်ပင် ရဲဌာန တစ်ခုလုံး မျောက်မီးခဲ ကိုင်သလို လှုပ်ရှားသွားကြ၏။
ဖြစ်စဉ်အစ က ကိုးနောင် နောက်ကို ကြက် အမေ နောက် ကြက်ပေါက်ကလေးများ တကောက်ကောက်လိုက်သလို လိုက်နေကြသော ရဲတွေ ၏ အပျင်းပြေစကားဝိုင်းက စ၏။
ည 10နာရီ ကိုးနောင် အိမ်နား၊ အနည်းငယ် ဆိတ်ကွယ်ရာ အရပ်၌ ကားရပ်ကာ အရပ်ဝတ် ရဲသုံးယောက်သည် ကိုးနောင်ကို နောက်ယောင်ခံနေကြသည်။ ရဲ သုံးယောက်အနက် တစ်ယောက်သော ရဲသာလျှင် ဉာဏ်ကိုးနောင် သည် တရားခံဟု ယုံကြည်မှတ်ယူသူဖြစ်သည်။ကျန်နှစ်ယောက်က တာဝန်အရသာ။သူတို့မှာ ကိုးနောင် ကျောင်းက ပြန်လာကတည်းက စောင့်ကြည့်နေကြခြင်းပင်။
"အရေးအကြောင်း စကားစတော့မယ်ဆို ငါ နာမည် မေ့ပြန်ပြီ"
"မင်းပြောချင်တာ Nyan Coe Naung မလား"
"Right သူများတွေ ဘယ်လိုပဲ သူက တရားခံ မဟုတ်ဘူးပြောပြော ငါ လုံးဝ ဆဠမ အာရုံရနေတယ် သူ့မျက်လုံးမှာ လုံးဝ အကြောက်အလန့်မရှိဘူး"
"သာမန်ပါပဲကွာ မင်းဟာမင်း မူးနေတာ"
"Wtf မင်းတို့ Lotus killer က London မှာ ဘာ အမှုမှမရှိတာနဲ့ပဲ မင်းတို့က အဲ့ကောင် ခြေငြိမ်မယ် ထင်နေတာလား"
"မထင်ပါဘူး Lotus killerက အဲ့ကလေး လေး မဖြစ်နိုင်ရုံဘဲ"
"သူက ကလေး မဟုတ်ဘူးဟ လူတစ်ယောက်ကို ရုပ်လေး ကြည့်ရုံနဲ့ မဆုံးဖြတ်ရဘူးကွ သူ့မှာ ဝှက်ဖဲ တွေ အများကြီးရှိလောက်တယ် ငါ့မိတ်ဆွေက လေဖာဆို နဲ့ ရင်းနှီးတယ် လေဖာဆို က Lotus killerအမှုကိုပဲ တောက်လျှောက် မစားမအိပ်ဘဲ လိုက်တာ ဘယ်လိုပဲနေနေ 80%သော သူ ပျောက်ဆုံးရတဲ့ အကြောင်းရင်းက lotus killerကြောင့်ပဲ"
"ငါ ကြားတာတော့ လေဖာဆိုက အရက်စွဲနေပြီး စိတ်နဲ့ လူနဲ့ တောင် မကပ်ဘူးဆို ပွေတယ်လို့လဲ ကြားတယ်"
ထိုစဉ် အနောက်က ရဲက ကားရှေ့ခန်းက ဖြစ်နိုင်တယ် နှင့် မဖြစ်နိုင်ဘူး ငြင်းခုံနေကြသော ရဲနှစ်ယောက်ကို ရေသန့်ဘူးခွံ နဲ့ ကောက်ပေါက် လိုက်ပြီး
"တော်ကြပါတော့် အိပ်ချင်ရတဲ့ ကြားထဲ"
"ဘာပဲ ဖြစ်ဖြစ် ငါ ပြောချင်တာက . . ."
ရှေ့ဆက်၍ ငြင်းရန် စကားစလိုက်သော်လည်း တစ်ဝက်နဲ့ ရပ်သွားသည်။
သူတို့ ကားရှေ့ဝယ် လူတစ်ယောက် ရပ်နေ၏။
တိတိကျကျ ဆိုရသော် အနက်ရောင် သားမွှေးLong coat ကို မီးခိုးရောင် ဆွယ်တာနဲ့ တွဲစပ်ဝတ်ထားသော လူငယ်တစ်ယောက်။ဖြူလွလွ မျက်နှာက စက္ကူဖြူတစ်ရွက်လို၊နီနီဖျော့ဖျော့နှုတ်ခမ်းတွေက စက္ကူပေါ်က နှင်းဆီနီလေးလို။အစိမ်းရောင်မျက်ဝန်းများက ညယံမှာ လင်းတဲ့ကြယ်လို စူးရှလျက်။လေတိုက်တော့ ဆံပင်တွေက လေမှာ ယိမ်းက နေ၏။
ရဲက ယောင်ပြီး ကား မီးထိုးမိသွားတော့ ရှေ့က လူငယ်က အလင်းစူးသွား၍ မျက်လုံးကို လက်နဲ့ အသာလေး ကာလိုက်သည်။
"Jesus ! What the hell !! သူက . . .သူက ဘာကိစ္စ ဒီရောက်နေတာလဲ ငါတို့ အဲ့လောက် သိသာနေလို့လား"
"ဒီကောင် ချောတာတော့ အတော် ချောတယ်"
ကိုးနောင်က ကားဆီ တဖြည်းဖြည်းလျှောက်လာကား မှန်ကို ခေါက်လိုက်သည်။
ရဲ က ကိုယ်ဟန်ဖို့ကာ ကားမှန် ဖွင့်ပေးလိုက်တော့ မျက်နှာလှလှလေးနှင့် ပက်ပင်းတိုးသည်။
"ခင်ဗျား တို့ ကျွန်တော့်နောက် လိုက်ရတာ ပင်ပန်းနေမှာပေါ့ ညစာ မစားရသေးဘူးထင်တယ် "
ရဲ ရဲ့ လက်ထဲကို ထည့်ပေးလိုက်သော ပေါင်မုန့်တစ်ချို့နှင့် နွားနို့ဗူးငယ်တွေ။
"သိပ် အများကြီး မဟုတ်ပေမယ့် ဗိုက်ဝစေမှာပါ . . . ကောင်းသော ညလေး ဖြစ်ပါစေနော် "
"ကျေး . . .ကျေး ဇူး ပါ ကောင်းကောင်း စားပါ့မယ်"
ယောင်ပြီး ယူမိရုံမက ခေါင်းငုံ့ပြီး ကျေးဇူးပါလို့ ပြောမိသွားသော ရဲကို တစ်ဖက် ရဲက မသိမသာ လက်တို့သည်။
"ကျွန်တော့်ကို ခွင့်ပြုပါဦးဗျ"
ကျောပြင်သွယ်သွယ် တဖြည်းဖြည်း ပျောက်ကွယ်ကာမှ ရဲက ကားမှန်ကို တင်လိုက်သည်။
"ငါ ပြောတယ်နော် ဒီကောင် လုံးဝ အကြောက်အလန့်မရှိဘူးလို့ "
"ခဏ က ကျ မင်းပဲ ကျေးဇူးပါဆို"
"လူမှုရေးအရလေ"
"တော်စမ်းပါ. . . မင်းတို့ နှစ်ကောင်ကွာ. . ငါ့ကို ပေါင်မုန့်ပေး ဗိုက်ဆာတယ်"
နောက်ခန်းက ရဲက ရှေ့ခန်း က ရဲ နှစ်ယောက်လက်ထဲက ပေါင်မုန့်ကို လုယူပြီး ဖောက်လိုက်ကာ ကိုက်စားလိုက်သည်။
"မင်း စားလိုက်တာလား!!! ဒီကောင်လေးကျွေးတာ မင်း မို့ စားရဲတယ်"
"ဗိုက်ဆာတယ်ဟ! ငါ စဉ်းစားနေတာ Nyan Coe Naung က တစ်ယောက် ယောက်နဲ့ အတော်တူတယ်"
"ဘယ်သူတုံး မင်းဖေလား"
"တစ်ဆိတ် တိတ်တိတ်နေစမ်းပါ. . .အက်ဒန်ဝင်သီယာ နဲ့ တူတာ၊ မင်းတို့ အက်ဒန်ကို အပြင်မှာ မြင်ဖူးတာပဲ၊သူ့ မျက်လုံးနဲ့ အဲ့ကောင်လေး မျက်လုံး တစ်ထေရာတည်းပဲ၊ အကြောက်အလန့်မရှိဘူး၊ ဗလာဖြစ်နေသလိုမျိုး၊ လူတစ်ယောက်မှာ ညာလို့မရတာ မျက်လုံးတွေပဲ. . ."
"Oh!! သူက အက်ဒန်ရဲ့ တရားမဝင် သားနေမှာ"
"မဖြစ်နိုင်ဘူး အက်ဒန်မှာ သမီးတစ်ယောက်ပဲ ရှိတာ ၊ရို့စ်မာလီ တဲ့ . . . ပြီးတော့ ရို့စ်မာလီမှာ လဲ သားတစ်ယောက်ရှိတယ် သတင်းအရ သူ့ အမျိုးသားက အာရှသား၊ မြန်မာ လား တရုတ်လားတော့ မသိ. . ."
"မြန်မာ သေချာတယ် . . "
ရှေ့ခန်းက ရဲက ဝင်ထောက်သည်။
"Nyan Coe Naung လည်း မြန်မာ ကပဲ ငါတို့ နည်းနည်းပါးပါး သူ့မျိုးရိုးကို နောက်ကြောင်းလိုက်ကြမလား "
"ဒါမဲ့ ဉာဏ်ကိုးနောင် မိဘ နှစ်ပါးစလုံးက မြန်မာတွေပဲ နိုင်ငံခြားသား တစ်ယောက်မှ မပါဘူး"
"ဘယ်အာရှက ောက် လုံးကြီး စိမ်းနေလို့တုံး"
"အချို့ အာရှသားတွေလည်း မျက်လုံးစိမ်းကြတာပဲ"
"မင့် ဘိုးအေ က အင်္ဂါဂြိုဟ်က လှမ်းကြည့်တောင် ကပြားရုပ်ကြီးမှန်း သိသာကြီး"
"သူ့ကို မြန်မာပြည်က မွေးစား ထားတာလားမှ မသိတာ . . . ရို့စ်မာလီ ဘာလို့ သေသွားလဲ. . . သူ့ဖေ ရဲ့ လူသတ်ခန်းကြီးကို မြင်ပြီး ရူးသွားတာလေ ပြီး Sucide သွားတာ အဲ့တာနဲ့ အက်ဒန်က သူ့မြေးကို ကလေးအဖေဆီ ပို့လိုက်တာ "
"အက်ဒန် နောက်ဆုံး ကြိုးမိန့်ကျချိန်မှာ သူ့ မြေး လာတွေ့ဖူးတယ် ၊ အက်ဒန် ကိုယ်တိုင် ပြောတာ အဲ့တာ ငါ့မြေးဆိုပြီးတော့ . . . ငါ့သူငယ်ချင်းက အဲ့က ထောင်မှူး. . Wait! Nyan Coe Naung ပုံ သူ့ဆီ ပို့လိုက်ပြီး ငါ ခုမေးလိုက်မယ်"
ခဏအကြာ တစ်ဖက် ထောင်မှူးဆီက စာ ပြန်လာသည်။
" ဟုတ်တယ်တဲ့!!! "
"အမှုက ဇာတ်ရှိန်တက်လာပြီ တကယ် ဒီထက်ပိုပြီး သေချာရင်တော့ ငါတို့ အဲ့ကောင်လေးကို သတိကြီးကြီး ထားဖို့လိုပြီ . . .ဝင်သီယာ သွေးက လူသတ်သမားတွေပဲ"
ထိုစကားဝိုင်းလေးမှသည် တဖြည်းဖြည်း ကျယ် ကျယ် လာကာ ဉာဏ်ကိုးနောင် ဒုတိယအကြိမ် ထပ်မံ ဖမ်းဆီးခံရလေ၏။
သို့သော် သူက အေးဆေးသာ။အမှုစစ်တိုင်း ကော်ဖီကိုပဲ အရသာခံသောက်နေ၏။
ရဲမှူးက ကိုးနောင် မျက်လုံးကို တည့်တည့်ကြည့်ကာ လေသံပြတ်နှင့်
"မင်းက မြန်မာပြည်ကပေါ့. . .ကြားဖူးတာကတော့မြန်မာ နိုင်ငံဆိုတာ အရမ်းလှပြီး မြန်မာလူမျိုးတွေက မလိမ်မညာဘဲ အရမ်းကြင်နာသနားတတ်တယ်တဲ့. . .ဆိုတော့ ဒီက Nyan Coe Naung လည်း မြန်မာပီသစွာနဲ့ မလိမ်မညာ မကွယ်မလျှိုဘဲ အမှန်အတိုင်း ဝန်ခံဖို့ မျှော်လင့်ပါရဲ့. . .ကိုယ် နိုင်ငံကို သိက္ခာ မချနဲ့ပေါ့. . ."
ကိုးနောင်က ခေါင်းငြိမ့်ပြသည်။မြစိမ်းရောင် မျက်ဝန်းများက တည်ငြိမ်ကာ ကိုယ်နေဟန်ထားကသက်တောင့်သက်သာနှင့်ပင်။
"လေဖာဆိုကို သိလား"
ကိုးနောင် က မျက်လွှာချထားရာမှ လှန်တင်ကာ ခေါင်းကို အသာငြိမ့်ပြသည်။
"ဘယ်လိုသိတာလဲ"
"ကျွန်တော် ပထမတစ်ခါတည်းက ဖြေပြီးပြီ ထင်တယ်"
"ကျေးဇူးပြုပြီး ထပ်ဖြေပေးပါ"
"စာကြည့်တိုက်မှာ"
"ဘယ်လို ဆက်ဆံရေးမျိုးလဲ"
"ဒီတိုင်း လမ်းမှာ တွေ့လို့ စကားပြောရုံဆိုတော့ လမ်းကြုံအသိမိတ်ဆွေလို့ ပြောရမလား"
"သူ မင်းနဲ့ တွေ့ပြီး နောက် ၆နာရီနေတော့ ပျောက်သွားတယ် မင်း အဲ့၆နာရီမှာ ဘာလုပ်နေသလဲ"
"ကျွန်တော် အိမ်မှာပါ assignment လုပ်နေတာ"
"စာ အတော်ကြိုးစားတာပဲ မင်းက အထက်တန်းအောင်တုံးက the whole Burma first ဆို"
"မဟုတ်ပါဘူး ကျွန်တော်က တိုင်းဒေသကြီး မှာပဲ ပထမရခဲ့တာပါ"
"ဘာပဲဖြစ်ဖြစ် ထူးချွန်ကျောင်းသားပဲ စကားမစပ် မင်း လက် ခဏ ကိုင်ပါရစေ"
ရဲအရာရှိက ကိုးနောင် လက်ကို ဆွဲယူသွားပြီး လက်ဖဝါးကို အသာဖိပွတ်လိုက်သည်။
"လက်လေးက နုနုလေးလို့ ထင်ထားပေမယ့် အတော် ကြမ်းထော်နေတာပဲ စစ်သားလက်လိုမျိုးလေ လက်နက်တွေ ဘာတွေ အသုံးပြုဖူးတယ်ထင်တယ်"
ကိုးနောင်က လက်ကို အသာ ပြန်ဆွဲယူလိုက်ပြီး သွားမပေါ်ဘဲ ပြုံးလိုက်သည်။
"ကျွန်တော် ဓားကိုင်ရတာ ကြိုက်တယ်"
"ဓား တင်ပဲလား ပုဆိန်ရော မကြိုက်ဘူးလား"
"Sirက ကျွန်တော်ကို Lotus killerလို့ပါ သံသယ ဝင်နေတာလား"
"နည်းနည်းပေါ့ . . .မင်းက အက်ဒန်ဝင်သီယာရဲ့ မြေးဆိုတော့ ငါတို့ ရဲလောက ကြီး တစ်ခုလုံး သတိထားရမယ့် မိုင်းမြေလေး ပေါ့ . . .အက်ဒန်ဝင်သီယာဆိုတာ ငါတို့တွက်အိပ်မက်ဆိုး ဖြစ်ခဲ့တာလေ၊ လူတွေကို အရှင်လတ်လတ်စမ်းသပ်ပြီး အရှင်လတ်လတ်တောင် ကိုက်စားပစ်ခဲ့တာ! ဧရာမဘီလူးလို!!"
နောက်ဆုံးကြောင်းကို ရဲအရာရှိက ဖိပြောလိုက်ကာ ကိုးနောင် မျက်လုံးကို တည့်တည့်စိုက်ကြည့်ပြီး အံကြိတ်လိုက်သည်။
ကိုးနောင်က လက်ပိုက်လိုက်ပြီး ခြေချိတ်ထိုင်လိုက်သည်။နှုတ်ခမ်းက မထီတရီ ပြုံးလျက်။
"ကျွန်တော်က အက်ဒန်ဝင်သီယာရဲ့ မြေးဖြစ်တာနဲ့ သံသယဝင်စရာ လူတစ်ယောက် ဖြစ်သွားရောလား လေဖာဆိုက Lotus killer အမှုကို စုံစမ်းတာနဲ့ သူပျောက်ဆုံးမှုက Lotus killerနဲ့ တိုက်ရိုက် သက်ဆိုင်သွားရောလား"
"Maybe"
ကိုးနောင်က မချိုမချဉ်ရုပ်နဲ့ စ သလို လုပ်ကာ
"ပြီးတော့ Lotus killerက ကျွန်တော့်လို ချောမယ် ထင်လို့လား"
"မထင်ပါဘူး မင်းက ပဲ အချောဆုံး အိုကေ"
"အာ အမှုစစ်မယ်ဆိုရင်လည်း မြန်မြန်လေး စစ်ပေးပါ ကျွန်တော် နောက်တစ်ပတ် Final စာမေးပွဲ ရှိတယ်"
"ဘာပူနေတာလဲ မင်းက ထူးချွန်ကျောင်းသားပဲဟာ အေးဆေးပေါ့ စာမလုပ်လဲ အောင် အောင် ဖြေနိုင်မှာပါ"
ကိုးနောင်ကို စခန်းမှာပဲ ဖမ်းချုပ်ထားပြီး ဘယ်မှသွားလာခွင့်မပြုပေ။ကိုးနောင်က စာအုပ်တစ်အုပ်ကို စိတ်ဝင်တစား ဖတ်ရင်းက နေ့လည်စာ အဖြစ် လာကျွေးသော စွပ်ပြုတ်ပွဲကို တစ်ချက်မြည်းလိုက်ရင်း သူ့ကို ကမ္မဌာန်းရှူသလို တစိမ့်စိမ့် ထိုင်စောင့်ကြည့်နေသော အစောင့်ရဲကို ပြောလိုက်သည်။
"ဆား ပေါ့တယ် ကျွန်တော့်ကို ဆားခပ်ပေးပါ့လား"
"မင်းက Hotel ရောက်နေတယ် ထင်နေတာလား"
ကိုးနောင်က မျက်လွှာ အသာချကာ စာအုပ်ကို ပြန်ဖတ်လိုက်သည်။
မှိန်ဖျော့သွားသော မျက်ဝန်းတို့ကြောင့် အစောင့်ရဲက သက်ပြင်းအသာချကာ ဆားဗူး ယူ၍ တစ်ဇွန်းခပ်ကာ စွပ်ပြုတ် ထဲ ထည့်ပေးလိုက်သည်။
"ကျေနပ်ပြီလား"
"အွန်း"
ရဲအရာရှိတွေ က ပျော်ပွဲစားထွက်သလို စွပ်ပြုတ်ကို သောက်လိုက် စာအုပ်လေး ဖတ်လိုက် လုပ်နေသော ဉာဏ်ကိုးနောင်ကို စိတ်လေသလို ကြည့်ကြရင်း ခေါင်းချင်းဆိုင်လိုက်သည်။
"သူ့ အိမ် တစ်ခုလုံး အကုန် နှံ့စပ်စပ်ရှာပြီးပြီ မြေတွေပါ တူးခဲ့သေးတယ် ဘာမှထူးခြားတာ မရှိဘူး စာအုပ်တွေနဲ့ စာအုပ်တွေပဲ ရှိတယ်"
"လျှို့ဝှက်ခန်း ဘာညာ"
"မရှိဘူး ရှင်လင်းနေတာပဲ"
"သူ့ အခန်းဖော်ဟောင်းမက်ရှလေ ဒေါ်နယ်ဆင်ကိုပါ စုံစမ်းမေးမြန်းခဲ့သေးတယ် . . . ဘာမှ မထူးဘူး"
" . . . ကျစ်. . . ငါတို့ လေဖာဆို ပျောက်ဆုံးမှုကိုပဲ အရင်ဆုံး စုံစမ်းရအောင် Lotus killerမှုနဲ့ ရောထွေးမနေဘဲကို သီးသန့်စီ "
"ဒီကောင်လေးက လေဖာဆို နဲ့ ပတ်သက်ကောင်း ပက်သတ်လိမ့်မယ် Lotus killerတော့ မဖြစ်နိုင်ဘူး"
"စုံစမ်းရင် ရုပ်ကို မကြည့်နဲ့ ဒီကောင့် ရုပ်ကို ကြည့်ရင် တွေဝေစေတယ် လူတစ်ယောက်ကို ချက်ချင်း ညှို့နိုင်ပြီး အလိုလိုနေရင်း အချက်အလက်တွေ မှားကုန်တယ် အဲ့တာ သူ့power လို့ တောင် ပြောရမလားပဲ"
"မုသားဖော်စက် သုံးလိုက်တော့"
တစ်ယောက်တစ်ပေါက် အကြံပေးပြီးနောက် မုသားဖော်စက် သုံးလိုက်သော်လည်း အဖြေအားလုံးသည် ဉာဏ်ကိုးနောင် ဘက် လိုက်နေ၏။
"အကြိမ် 200ပြည့်ဖို့ 3ခါပဲ လိုတော့တယ် ခင်ဗျားတို့ ခဏ ခဏ မေးရတာ မမောသေးဘူးလား ကျွန်တော် တော့ ဖြေရတာ မောလို့ ရေတစ်ခွက်လောက်"
ဉာဏ်ကိုးနောင် ဖမ်းဆီး ထိန်းသိမ်းခံရတာ 73နာရီ ပြည့်သောအခါ ရဲစခန်းရှေ့ ဆန္ဒပြ လူအုပ်ကြီး ရောက်ချလာ၏။ဉာဏ်ကိုးနောင် ကို ပြန်လွှတ်ပေးရန် ဆိုင်းဘုတ် ကိုင်ကာ ဆန္ဒပြကြသည်။
အဆိုပါ လူအုပ်ကြီးသည် ဉာဏ်ကိုးနောင်၏ တက္ကသိုလ်မှ သူငယ်ချင်း အသိုင်းဝိုင်းများ ဖြစ်ကြသည် ။လူအုပ်ကို ဦးဆောင်သူမှာ အယ်မလီယာဆိုသော မိန်းမလှလေး ဖြစ်သည်။
အယ်မလီယာက သတင်းထောက်တွေရှေ့ ဤ စွပ်စွဲခံ သနားစရာ ကောင်လေးဉာဏ်ကိုးနောင်သည် တစ်ချိန်က သူမအား အသက်စွန့် ကယ်တင်ခဲ့ဖူးကြောင်း အားပေါင်အာရင်းသန်သန် ဖောက်သည်ချခဲ့ပြီး နားထောင်သူ သတင်းထောက်အပေါင်းက ခေါင်းလေးတငြိမ့်ငြိမ့်။
အချိန်သာ တရွေ့ရွေ့ ကုန်၏။လူအုပ်ကြီးက ဇွဲလျှော့မည့်ဟန်မရှိ။ထင်မထားလောက်အောင် ဉာဏ်ကိုးနောင်ဆိုသော အေးတိအေးစက် ရေခဲပန်းပုရုပ်လေးက လူချစ်လူခင် များလှ၏။
Lotus killerဆိုသော လှုပ်စိစိ အသံကြား၍ London ကို ထောက်လှန်ရေးလာကြသော နိုင်ငံတကာ ရဲအပေါင်းသည်ပင် အယ်မလီယာ ရဲ့ စကားလုံးတွေကြား တွေဝေမိန်းမောသွား၏။
ထိုနေ့ ညနေ ၌ပင် ရဲစခန်း သို့ လူ နှစ်ယောက် ရောက်ချလာသည်။တစ်ယောက်က ရဲချုပ်ကြီး ဖြစ်ပြီး နောက်တစ်ယောက်သည်ကား လွှမ်းမိုးချုပ်ကိုင်လိုဟန် ဩဇာအပြည့်နှင့် USရဲ့ အချမ်းသာဆုံး သူဌေး နောင်ဘုန်းသိုက်တည်း။ထိုလူ လာသော အခါ ရဲတွေခဗျာ မည်သို့ပင် မတတ်နိုင်ဘဲ ကိုးနောင်ကို အမှုမှ ကွင်းလုံးကျွတ် လွှတ်ပေးလိုက်ရ၏။သွေးတက်စရာ သိလိုက်ရသည့် အမှန်တရားကား ထိုကျိကျိတက် နာမည်ကျော် နောင်ဘုန်းသိုက်က အက်ဒန်ဝင်သီယာရဲ့ သမက်ဖြစ်နေခြင်းပင်။သူတို့၏ ရှုပ်ထွေးထွေး မိသားစု အရေးများကြား ရဲတွေသည် မျက်စိအလွန်လည်လှ၏။
တစ်ဆက်တည်းမှာပင် ဉာဏ်ကိုးနောင် အကြောင်း ထွေလီထွေလာရေးသားထားသော သတင်းပေါင်းစုံသည် တိကနဲ ဆိုသလို ပျောက်ပျက်သွား၏။
++++
ခွက်ကနဲ ထိုးချလိုက်တဲ့ ထိုးချက်၊ဆက်ကနဲ ပူတက်လာတဲ့ နှုတ်ခမ်းဟာ သွေးခပ်စို့စို့။တစ်ဆက်တည်း အံကြိတ်သလို ရွဲ့သလို ကြည့်လာတဲ့ အေးစက်စက် အကြည့်။
ကိုးနောင်က ပါးစပ်ထဲက သွေးကို ဗြစ်ကနဲ ထွေးထုတ်လိုက်ပြီး ဟက်ကနဲ ရယ်သည်။
"မင်း အတော် ပြဿနာရှာတယ်"
"ရှာတော့"
"ဒီကောင် !!"
နောင်ဘုန်းသိုက်က အခန်းထဲက ထောင်ထားတဲ့ ဂေါက်ရိုက်တံကို ဆွဲယူလိုက်ပြီး ကိုးနောင် ခြေထောက်ကို ရိုက်ချိုးချပစ်လိုက်သည်။ရိုက်ချက်က ပြင်းတာကြောင့် ကိုးနောင် ခွေကျသွားသည်။
"ဖြစ်နိုင်ရင်လေ ငါ မင်းကို ဘယ်မှ မသွား ဘာမှ မလုပ်နိုင်တော့အောင် ခြေထောက်တွေကို ရိုက်ချိုးပစ်ချင်တာ. . ."
"ရိုက်လေ သေအောင် သတ်ပလိုက် ဘယ်သူက အသက်ရှင်ချင်နေလို့လဲ"
"မင်း မကောင်းဆိုးဝါး"
"အဲ့တာ ခင်ဗျားသိပြီးသား ပဲ"
"ငါ မင်း ကို ပြောခဲ့တယ် ထင်တယ် အင်္ဂလန်မှာ အေးအေးဆေးဆေးနေပါလို့! မင်းဘယ်လို ကောင်လဲ . . .ငါ့ ဘဝမှာ အမှားဆုံးက မင်းလို ဒုက္ခတုံးကို မွေးထားကျွေးထားမိတာပဲ"
"အဲ့တာကြောင့် သတ်လိုက်လို့!! ကျွန်တော် ပျော်ပျော်ကြီး သေပေးမှာမို့ သတ်ပစ်လိုက်"
နောင်ဘုန်းသိုက်က ကိုးနောင် ခြေထောက်တွေကို မရပ်မနား ဂေါက်တံနဲ့ ရိုက်ချပစ်လိုက်သည်မှာ အဝတ်တွေ ပြဲလန်လို့ အသားအရိုးတွေ ဆုတ်တဲ့ထိ။
သွေးလူးနေတာတောင် အကြည့်က မာကျောဆဲ ဖြစ်သော ကိုးနောင်ကို ကြည့်ရင်း နောင်ဘုန်းသိုက် ကိုယ့်ဆံပင်တွေကို ကိုယ် ဆွဲစုပ်လိုက်သည်။စိတ်ရှုပ်ထွေးဟန်နှင့် ဒေါသတို့က ဟန်မဆောင်နိုင်အောင် အထင်းသား။
"မင်း !! မင်း တကယ်ပဲ အဲ့ကောင်လား . . .မင်း တကယ် ပဲ လူသတ်သမားလား"
ကိုးနောင်က ကြမ်းပေါ် လှဲချလိုက်ရင်း မျက်လုံးကို မှိတ်လိုက်သည်။
"ဟုတ်တယ်လို့ ထင်ရင် ဟုတ်မှာပေါ့ မဟုတ်ဘူးထင်ရင် မဟုတ်တာပေါ့"
"မုသားဖော်စက်ကိုသာ မင်းညာရင် ညာလို့ရမယ် ငါက မင်းအဖေ"
"အဲ့တာဆိုလည်း မေးမနေနဲ့လေ"
နောင်ဘုန်းသိုက်က ဒူးထောက်ကာ ကိုးနောင် ပါးကို ခပ်ဆတ်ဆတ် ပုတ်လိုက်ပြီး
"ငါ့ သား နှစ်ယောက်မှာ တစ်ယောက်က တရားသူကြီးလောင်းလျာ တစ်ယောက်က လူသတ်သမား . . .ဉာဏ်ကိုးနောင် မင်းကို မင်း ပြင်ဖို့ စိတ်ကူးမရှိဘူးလား ဟမ်. . . ငါ သေရင် ငါ့အမွေတွေ မင်းတို့ပဲ ရမှာ"
ကိုးနောင်က အူလှိုက်သည်းလှိုက် အော်ရယ်သည်။
"ကျွန်တော်ရဲ့ သန်းခေါင်စာရင်းအဖေနာမည် နေရာမှာတောင် ခင်ဗျား နာမည် ထည့်ခဲ့သလား၊ထည့်ရဲခဲ့သလား . . .ဆတ်နွယ် အပြင် အခြားသား နောက်တစ်ယောက် ရှိတာ လူသိမှာစိုးလို့ လူရှေ့သူရှေ့ ရောက်ရင် သား လို့တောင် ရဲရဲ ခင်ဗျားခေါ်ခဲ့သလား. . .အမွေ ရဖို့ နေသာသာ ကျွန်တော့်အဖေအရင်းက ခင်ဗျား ဆိုတာ သိတဲ့လူ ကို လက်ချိုးရေလို့ရတယ် . . . ဦးနောင်ဘုန်းသိုက်ရယ် ကျွန်တော်က ခင်ဗျားရဲ့ တရားမဝင်သားပါ ဘယ်နေရာမှ ဘောင်မဝင်တဲ့ ခင်ဗျားရဲ့ သားကြီးပါ"
နောင်ဘုန်းသိုက်က တစ်ချက် ငိုင်သွားသည်။
"ငါ လည်း ဖအေဆိုးဆို မင်းလည်း သားဆိုးပါပဲ . . ခဏနေဆရာဝန် လာလိမ့်မယ် ဒီအတောအတွင်းတော့ ငါ့ဆီမှာနေ . . ."
"ဟက် စိတ်ကြိုက်ကို လုပ်နေတော့တာပဲ"
နောင်ဘုန်းသိုက်က သော့ တစ်ချောင်း ကိုးနောင်ဆီ ပစ်ပေးလိုက်ပြီး
"အခန်းသော့. . .မင်းအိမ်က မင်းရဲ့ ပရမ်းပတာ ပစ္စည်းယုတ် စုတ်တွေ ငါ ရွေ့ထားတယ် . . . မင်း လုပ်ချင်ရာ လုပ်ပြီးရင် ပစ္စည်းတွေ လျှောက်မယူလာနဲ့ ယူလာရင်လည်း တွေ့ကရာနေရာမှာ မထားနဲ့"
"ဘယ်တုံးက ကြိုရွေ့ထားတာလဲ"
"မင်း ပထမ အကြိမ် ဖမ်းခံရကတည်းက နောင်ကျ ဒီလိုဖြစ်မယ်ဆိုတာ ကြိုမြင်ပြီးသား မင်းရဲ့ပစ္စည်းတစ်ဝက်က မက်ရှလေ ဆီမှာ. . .ကိစ္စတွေ ရှင်းလင်းသွားရင် မြန်မာပြည်ကို လိမ်လိမ်မာမာ ပြန်တော့"
"ဘာလို့ ကျွန်တော့်ကို လိုက်ဂရုစိုက်နေတာလဲ ခင်ဗျားမပီသလိုက်တာ. . .ပုံမှန်တိုင်းဆို ခင်ဗျားက ကျွန်တော့်ကို ထောင်ထဲ ထည့်ပစ်ရမှာ"
"လူသတ်သမားရဲ့ အဖေလို့တော့ အခေါ်မခံနိုင်ဘူး ငါ့ဂုဏ်သိက္ခာရှိသေးတယ်"
နောင်ဘုန်းသိုက်က အခန်းထဲက ခြေလှမ်းကျဲနှင့်ထွက်သွားသည်။ကိုးနောင် က ကြမ်းပေါ် သက်တောင့်သက်သာ ဖြစ်အောင် လှဲချလိုက်သည်။
ယခု ချိန် သူ့ခေါင်းထဲ စဉ်းစားနေတာ တစ်ခုပဲ ရှိသည်။
ဗိုက်ဆာသည်။
++++
ကိုးနောင် ဘွဲ့ယူတော့ မက်ရှလေ တစ်ယောက် ပန်းစည်းကြီးနှင့် ရောက်ချလာသည်။
"Congratulation ပါ အလှပဂေးလေး. . . one subject one nightနဲ့ စာမေးပွဲ အောင်သွားတဲ့ တွက် အင်မတန်မှ အံ့ဩဝမ်းသာမိပါတယ်"
ကိုးနောင်ရဲ့ မြင့်သောအရပ်နှင့် အနက်ရောင် ဘွဲ့ဝတ်စုံ သည် စပ်ဟပ်လှ၏။ချောသော မျက်နှာက ထူးခြားခြား ရှင်းသန့်နေကာ တော်ဝင်မင်းသားလေးပမာနှယ်။
"ငါ မြန်မာကို ပြန်တော့မယ်"
"သတိရနေမှာပါ"
"ငါရော"
"Psychopath has no feeling but I love you bro . . .ဘာလိုလိုနှင့် ငါတို့တောင် ရွံ့စရာစကားတွေ ပြောတတ်လာကြပြီပဲ "
"မပြောလို့လည်း မရဘူးလေ နောက်ကို လှည့်ကြည့်လိုက်"
မက်ရှလေ က နောက်သို့ လှည့်ကြည့်လိုက်သောအခါ သူနှင့်ကိုးနောင်ကို မသိမသာ ယောင်တောင်တောင် ကွက်ကြည့် ကြည့်နေသော လူတစ်စု ကို အကဲခတ်မိ၏။
ကိုးနောင်က နှုတ်ခမ်းတွန့်ရုံပြုံးလိုက်သည်။
"ရဲတွေ . . .ငါ့ နောက် တစ်ချိန်လုံး လိုက်နေကြတာ အိမ်သာ တက်ရင်တောင် လိုက်မဝင်ရုံ တစ်မယ်ပဲ"
"ပျော်စရာကြီး"
"ဓာတ်ပုံ ရိုက်ရအောင် . . . မင်း ငါနဲ့ ဝေးဝေးရပ် မင်းက ငါ့ထက် အကုသိုလ် များတယ် တော်ကြာ ငါပါ အဖမ်းခံရလိမ့်မယ်"
"မပူပါနဲ့ ငါ အဖမ်းခံရရင် မင်းကိုလည်း ဆွဲထည့်ပစ်မှာ "
"တအား အချစ်ခံရတယ်လို့ ခံစားနေရပြီ. . ."
လေးနှစ်ကျော်ကြာ တက်ခဲ့တဲ့ တက္ကသိုလ်ကြီးကို နောက်ခံထား၊ကွက်ကြည့် ကြည့်လုပ်နေတဲ့ ရဲတစ်စုပါ ပါဝင်လျက် ကိုးနောင် နှင့်မက်ရှလ က သုံးပေခြားပြီး ဓာတ်ပုံ အမှတ်တရ ဓာတ်ပုံရိုက်ခဲ့လေ၏။
နည်းနည်းတော့ ကြောင်တောင်တောင်နိုင်ပေမယ့်လည်းပေါ့။
"ကိုးနောင်"
မက်ရှလေက ခပ်ဆဆ ခေါ်တော့ ကိုးနောင်က လှည့်ကြည့်သည်။အမြဲပြုံးနေတတ်သော မက်ရှလေ မျက်နှာသည် အနည်းငယ်တည်နေသည်။
"ကားထဲမှာ ပြောရအောင်"
နှစ်ယောက်သား ကားထဲ ဝင်ထိုင်လိုက်သည်။မက်ရှလေက ကားထဲ ဟိုရှာ ဒီရှာလုပ်နေသည်။
"ဘာလုပ်နေတာလဲ"
"အသံဖမ်းစက် ရှိမရှိ ရှာနေတာ"
ခဏကြာမှ ကားစက်နှိုးရင်း တည်ငြိမ်ငြိမ်နဲ့ စကားစသည်။
"အကယ်၍ မင်းနဲ့ငါ နှစ်ယောက်ထဲက တစ်ယောက် အဖမ်းခံခဲ့ရရင် အနည်းဆုံး ပြစ်ဒဏ်တောင်မှ တစ်သက်တစ်ကျွန်းပဲ. . .သိတယ်မလား ကိုယ့်အကြောင်း ကိုတော့"
"သိတယ်"
"ငါ အရင်ဖမ်းခံရခဲ့ရင် မင်းအမှုကိုပါ ငါ ဝန်ခံပေးမယ်. . .မင်းအရင် ဖမ်းခံရရင် ငါ့အမှုကိုပါ ဝန်ခံပေး. . ."
". . ."
"ကမ္ဘာကြီးက အရမ်းတွေ ဖြူစင်သန့်ရှင်းနေရင် ကြည့်လို့မကောင်းတော့ဘူး. . .မင်း နဲ့ ငါ တစ်ယောက် ကျန်မှ ဖြစ်မယ်"
"ငါ့ကို ငါ အရမ်း ယုတ်မာတယ် ခံစားနေရပြီ"
"ယုတ်မာတာပဲလေ"
ဉာဏ်ကိုးနောင်က ကားမှန် ပြင်ဘက်ကို လက်ထုတ်ကြည့်လိုက်သည်။
ဘယ်ချိန်ကာမှ ဒီလက်သည် သွေးမစွန်းဘဲ နေနိုင်လေမည် မသိ။
++++
လူသတ်ရတဲ့ ခံစားချက်နဲ့ အဖေ ဖြစ်ရတဲ့ ခံစားချက် ဘယ်ဟာ ပို ခံစားလို့ ကောင်းလဲ။
နှစ်ခုလုံး ကောင်းပါတယ်။ပထမ တစ်ခုက စိတ်လှုပ်ရှားပြီး သွေးကြောထဲထိ စိမ့်ကနဲ အားအင်ပြည့်ဝသွားသလိုဆို အဖေ ဖြစ်ရတဲ့ ခံစားချက်က ဆင်နှာခေါင်းထဲ ကြွက်ဝင်သလို၊မာန်ဟိန်းနေတဲ့ ကျားပါးစပ်ထဲ ပုရွတ်ဆိတ်ကိုက်သလို ယားကျိကျိပဲ။
ကောင်းပါတယ်။
ဒါပေမယ့် ကိုယ့် သားက ဗိုက်ပေါ် တက်ခုန်နေရင်တော့ မကောင်းဘူးပေါ့။
"ကိုးနွယ်! ဖယ်"
ကိုးနောင် မျက်လုံးပွင့်လာသော အခါ ကိုးနွယ်က ဗိုက်ပေါ် တက်ထိုင်နေရာမှ ထ လိုက်သည်။
နံနက်ခင်း နေက စူးရှရှနှင့် အခန်းထဲကို ဖောက်ဝင်နေသည်။နံဘေးတွင် ခမ်းနော့ဝ်က အိပ်နေဆဲ။ခြေထောက်တစ်ချောင်းက ကိုးနောင်ပေါင်ပေါ် ခွထားကာ လက်က ကိုးနောင် ရင်ဘတ် ပေါ်။ရိုးရိုးတင်ထားသည် မဟုတ်၊အင်္ကျီ အတွင်းကို လက်လျှို တင်ထားခြင်း။
ကိုးနွယ်က ခမ်းနော့ဝ် အိပ်နေတာ မနှိုးစေလိုဟန်နှင့် အသံတိတ်ဆိတ်ငြိမ်စွာ သူ့လက်ပတ်နာရီသေးသေးလေးကို ညွှန်ပြ၏။အချိန်ကား ၈နာရီ ထိုးတော့မည်။
ဒီ ကောင်လေး မတရားပေ။သူ့ကျ ဗိုက်ပေါ် တက်ခုန်နေပြီးတော့။
ကိုးနောင် အိပ်ရာထ နောက်ကျ သွားသည်။ပုံမှန်တိုင်းဆို အမြဲတမ်း ၆နာရီ ထတတ်သည်။သို့သော် မနေ့က ၅နာရီမှ အိပ်တာမို့။တစ်ချက် သန်းဝေလိုက်ကာ ထထိုင်လိုက်ပြီး အကြောဆန့်လိုက်သည်။
သူ လုပ်သမျှကို ကိုးနွယ်က မျက်လုံးပေကလပ် ပေကလပ်နှင့် လိုက်ကြည့်နေသည်။သူ ပြန်ကြည့်တော့ မျက်လုံးချင်း မဆုံလိုဟန် ပတ်ကနဲ မျက်ဆန် လွှဲသွား၏။
ကိုးနောင်က ဘေးက ကပိုကရို အိပ်နေသော ခမ်းနော့ဝ် ကို တစ်ချက်ကြည့်လိုက်သည်။နဂိုဖောင်းသည့် ပါးလေးများက အိပ် စောင်းနေသောအခါ ပိုဖောင်းဟန် ရှိသည်။
ချစ်စရာကောင်းလိုက်တာ။
ကိုးနောင်က ခမ်းနော့ဝ်ကို အုပ်မိုးကာ ခမ်းနော့ဝ် ပါးကို အုပ်နမ်း၏။
တစ်ယောက်ယောက်စိုက်ကြည့်နေသလို ခံစားရ၍ လှည့်ကြည့်သောအခါ ကိုးနွယ်က မျက်နှာသေနှင့် နှာခေါင်းရှုံ့လျက် သူ့အား ကြည့်နေ၏။
"သား ဘာမှ မစားရသေးဘူးနော်"
"ကျွေးမှာပါ မင်း လည်း အငတ်မထားပါဘူး"
ကိုးနောင်သည် ကိုးနွယ်၏ အဖြူအစိမ်းဝတ်စုံ အပြည့်အစုံ ဝတ်ထားသော်လည်း တစ်စစီ ပုံပန်းမကျသည်ကို သတိထားမိသွားရာ အင်္ကျီကို ပြန်ပြင်ပေးဖို့ လက်လှမ်းလိုက်ပါသော်လည်း လက်သည် ကိုးနွယ်ပေါက်စ၏ ဖြတ်ရိုက် ပုတ်ထုတ်ခြင်းကို ခံလိုက်ရ၏။
"သားရဲ့ ကိုယ်ရေး ကိုယ်တာ ကို ဝင်မပါပါနဲ့. . . နိုး. . သားက ကိုယ် ခြေထောက်ကိုပေါ် ရပ်တည်ဖို့ ကြိုးစားနေတာ"
ကိုးနောင်မှာ စောစောစီးစီး ခေါင်းကိုက်သွားသည်။ဒါ ဘယ်ဂြိုဟ်က ဂြိုဟ်သားကြီးတုံး။
"ကြိုက်သလိုသာ လုပ်တော့ မပြောတော့ဘူး ကြိုက်သလိုလုပ်"
ကိုးနွယ်က သူ့ ဘောင်းဘီအိတ်ကပ် သေးသေးထဲထိုးထည့်ထားသော ခွင့်စာ ထုတ်လိုက်သည်။
"နန်းနွယ်က ကျောင်းမသွားဘူးလား ဘာလို့လဲ ဖျားနေတာလား"
"နိုး မကြီး က ကျောင်း သွားရမှာ စိတ်မပါလို့တဲ့ ခွင့်စာမှာ လက်မှတ်ထိုးပေးပါတဲ့"
စွံ့အသွားရသည်မှာ ဒီ အဖေသာ ဖြစ်၏။
"ဪ"
"သားက တော့ အိမ်မှာနေရမှာ ပျင်းလို့ ကျောင်းသွားမှာ"
"ဘယ်မှာတုံး မင့် အမ ပညာတတ်ကြီး"
"အိပ်ရာထဲမှာလေ လာ မဆူနဲ့တဲ့ သူ အခု စိတ်ပင်ပန်းနေလို့ တဲ့ "
"ငါ့ သားနဲ့သမီး တော့ ပညာတတ်ကြီး တွေ ဖြစ်မှာ တောင်စိုးရတယ်"
ကိုးနောင် အိမ်အောက်ထပ်အရောက် မီးဖိုထဲ ဝင်ကာ ovaltine ဖျော်ရန်ပြင်လိုက်စဉ် ခုံပေါ်တွင် ကျကျနနထိုင်နေသော ကိုးနွယ်မှ
"အနီကြိုက်ဘူး အဖြူ"
ကိုးနောင်က ဟူးခနဲ လေပူတွေ မှုတ်ထုတ်လိုက်ကာ အဖြူကိုသာ ထည့်လိုက်၏။ဓာတ်ဘူးထဲက ရေနွေးကို ထည့်ရန်ပြင်စဉ် အသံပိစိနဲ့ သတိပေးစာ ထပ်ရောက်လာပြန်သည်။
"ရေနွေးကို ဓာတ်ဘူးထဲက ထည့်နဲ့နော် အသစ် ပြန်တည်ပေး "
မွေး မိတဲ့ ငါကိုက မှားတာပါ။ကိုးနောင်က ရေနွေး အသစ် ပြန်တည်လိုက်သည်။
မီးကင်ထားသော ပေါင်မုန့်ကို ထောပတ်သုတ်ပေးနေစဉ်လည်း
"သား က ထောပတ်များကြီး ကြိုက်ဘူးနော်"
ကိုးနောင်ရဲ့ သည်းခံနိုင်မှုကို ဒီကလေး လာစမ်းနေပုံ။
ပိုက်ဆံအိတ်ထဲက 1ထောင်တန် ကို ထုတ်ကာ ကိုးနွယ် ထံကမ်းလိုက်ပြီး
"ရော့ မုန့်ဈေတန်းမှာပဲ ဝယ်စားလိုက်တော့ စိတ်ကြိုက်စား . . .ပြီးတော့ နေ့လယ်စာ ပါ ဝယ်စားလိုက် ခုချိန် မှ ထမင်း အိုး တည်ရင်လည်း မင်း ကျောင်းချိန်မမှီတော့ဘူး"
"1ထောင်တည်း"
"ဘာလို့လဲ များနေလို့လား 5ရာပဲ ယူ"
ကိုးနွယ် က 1ထောင်ကို ဘတ်ကနဲ ယူကာ ကျစ်ကနဲ ဆုတ်ထားလိုက်သည်။
"နံနက်စာရော နေ့လယ်စာရော 1ထောင်တည်းနဲ့ လောက်ဘူးလေ"
"ငါ့တုံးက ဆိုရင် တစ်ရာတည်းနဲ့ တစ်ပတ်လုံး လောက်အောင် သုံးခဲ့ရတာ"
ကိုးနွယ်က မျက်မှောင်သေးသေးကုတ်ကာ နှုတ်ခမ်းစူထွက်လာသည်။
"အာ့တာ ဖေကြီးတို့ ခေတ်ကလေ သားတို့ ခေတ်မှာ 1ထောင်နဲ့ ချိုချဉ်တောင် စားရဘူး ကုန်ဈေးနှုန်းတွေ တက်နေပြီ"
ကိုးနောင်က ကိုးနွယ် ခေါင်းကို မနာအောင် ပုတ်လိုက်ပြီး
"လျှာမရှည်နဲ့ 1ထောင် ထပ်ပေးမယ် နားကိုညီးတယ် ငါ အမုန်းဆုံး ကလေးတွေကလေ မင်းလိုမျိုး ဆရာကြီးstyleနဲ့ ကလေးတွေပဲ ကြည့်လို့ကို မရဘူး"
"ကြည့်နဲ့"
"မကြည့်ပါဘူး"
ကိုးနွယ်က ပေါင်မုန့်ကို ထောပတ် သူ့ ဘာသာသူ သုတ်ကာ ညင်သာစွာ စားလိုက်၏။
"မုန့်ဈေတန်းက သန့်ဘူး . . . နေ့လည် ထမင်းချက်ပြီး လာပို့ "
"ခဏက 1ထောင် ပြန်ပေး"
"ပေးပြီးသား ပစ္စည်း ပြန်တောင်းရင် မျက်စိစွန်တတ်တယ်"
"စွန် စွန်"
"မ . ပေး . ဘူး. . သွားပြီ ခဏနေ အငယ်လာခေါ်တော့မှာ တော့တာ "
ကိုးနွယ်က ကိုးနောင် လက်ကို ဖွဖွ ပုတ်ကာ "စိတ်လျှော့ စိတ်လျှော့ " ဟု က ပြောသွားသေး၏။ထိုမျှမက "ည ဘက်တွေ နောက်ကျတဲ့ထိ နေနဲ့ ဖေကြီး ဖျားလိမ့်မယ်" ဟု က မှာတမ်းခြွေသေး၏။
"အင်း"
"လိမ္မာတယ် တော်တယ် သား စကားနားထောင် အကျိုးမယုတ်ဘူး"
အကျိုးမယုတ်ဘူး တဲ့။ဒီစကား ဘယ်သူထဲက တတ်လာသည်မသိ။
ကိုးနွယ် ကို သူ့ သား အဖြစ်သာ မွေးခဲ့တာ သိပ် ကံကောင်းသည်။အကယ်၍ ကိုးနွယ်သာ ကိုးနောင် အဖေဖြစ် မွေးလာခဲ့ရင် နောင်ဘုန်းသိုက်ထက်တောင် ကိုးနောင်ကို ဆရာ လုပ်လောက်မည်။
++++
ခမ်းနော့ဝ် အိပ်ရာက ထလာသောအခါ နံနက် 11။
သို့သော် လူက မလန်း၊ဆက် အိပ်ချင်နေဆဲ။ဆက်အိပ် ရမှာ ပျင်း၍သာ ထလာခြင်း ဖြစ်သည်။
မီးဖိုချောင်ထဲ ဝင်လာကာ လှန်လှော ရှာဖွေကြည့်တော့ အပိုင်းပိုင်း လှီးဖြတ်ထားတဲ့ ဝက်သားတုံးတွေ ဟာ ကပိုကရို ဖရိုဖရဲ။အုပ်ဆောင်းထဲတွင်တော့ သူ့ တွက်ကြော်ထားပုံရသော သီးစုံ ကြက်ဉမွှေ ထမင်းကြော် လေး က စံမြန်းနေလျက်။
ဧည့်ခန်းကို လှမ်းအကြည့် ကိုးနောင် ၏ ပုခုံးစွန်းကို မြင်ရ၏။ကိုးနောင်က အင်္ကျီပြာနုနု ပါးပါးလေးကို ဝတ်ထားပြီး ဘောင်းဘီက နက်ပြာရောင် ဝတ်ထားသည်။ကိုးနောင်က ငြိမ်သက်စွာ ထိုင်နေချက်ကတော့ လုံးဝ မလှုပ်မရှက်။
ခမ်းနော့ဝ် ရဲ့ အိပ်ချင်မူးတူးစိတ်သည် အလုံးစုံမပြယ်သေးပေး။ယိုင်တိ ယိုင်တိုင် ကိုးနောင် ဆီလျှောက်သွားကာ ကိုးနောင် ပေါင်ပေါ် မျက်နှာချင်းဆိုင် တက်ထိုင်တော့ ကိုးနောင် က မျက်လုံးအနည်းငယ် ပြူးသွားသလိုပင်။
ကိုးနောင်လည်တိုင်ကို စုပ်ကိုက်နမ်းကာ ရင်ခွင်ထဲ ခေါင်းဝှေ့တော့ ကိုးနောင်က မတွန်းထုတ်စဖူး တွန်း၏။
"ခမ်းနော့ဝ် . . ."
တိုးတိုးကြိတ်ကြိတ်ခေါ်သံ အဆုံး ခမ်းနော့ဝ် အပြုအမူက ပိုကဲလာသည်။ကိုးနောင် ရင်အုပ်ကို သွားနဲ့ ကိုက်ကာ လက်က ပွတ်နေပြီး
"နို့တိုက် "
ကိုးနောင်က ခမ်းနော့ဝ် ခေါင်းကို တွန်းကာ ခေါင်းရမ်းပြသည်။ခမ်းနော့ဝ် မျက်မှောင်သေးသေးကျုတ်ကာ ကိုးနောင် ပေါ် ကလေး ဂျီကျသလို တွန့်တွန့်လူးပြသည်။
"နို့တိုက် နို့တိုက် နို့တိုက် လို့ မင်းပဲ မနေ့ညက ပြောတော့ နံနက်ကျ တိုက်မယ်ဆို နို့တိုက် နို့တိုက်"
"ခမ်းနော့ဝ် ရေ"
"ဘာလဲ"
ခမ်းနော့ဝ်လက်က ကိုးနောင် အင်္ကျီအောက်တောင် ရောက်နေပြီ ဖြစ်သည်။
ကိုးနောင်က ခမ်းနော့ဝ်ကို တွန်းလွှတ်၏။ကိုးနောင် မျက်နှာက စတော်ဘယ်ရီလို ရဲမှည့်နေလေပြီ။ဘယ်နှယ့် ဒီယောက်ျား ဘယ်ချိန်ကတည်းက အဲ့သလောက် အရှည်သည်းတဲ့ အပျိုလေး လို ဖြစ်သွားတာတုံး။
"အဟမ်း အဟမ်း!!!"
ခမ်းနော့ဝ် ကြောင်သွားသည်။ဒါ ဘယ်က ချောင်းဟန့်သံကြီး တုံး။
နောက်သို့ ဖြည်းညင်းစွာ လှည့်ကြည့်လိုက်သောအခါ ခမ်းနော့ဝ် အပေါ် မေးရိုး နှင့် အောက်မေးရိုးဆက်သွယ်မှုဧရိယာ ပြင်ပ ရောက်သည်ထိ အမေးတွေ ဇင်း ဖြစ်ကုန်သည်။
အား အား !! နောင်ဘုန်းသိုက်ကြီးဟ။
______________________________
1.11am
4.1.2024(Wed)
5668
Mary_koe
Zawgyi
"What your name "
"Nyan Coe Naung"
"What do you know about Lafaso disappearance?
အျပာေရာင္ ဝတ္စုံနဲ႕ မ်က္ႏွာတင္းတင္း ရဲအရာရွိ က ဓာတ္ပုံ တစ္ပုံကို စားပြဲေပၚတင္၍ ကိုးေနာင္ေရွ႕ခ်ေပးလိုက္သည္။
"No I don't"
"I'll ask you again.DID YOU KNOW SOMETHING"
"No,I didn't"
အထက္ပါ စကားမ်ားသည္ လန္ဒန္ ရဲစခန္းဝယ္ စစ္ေဆးစုံစမ္းေရးမႈ တစ္ခု ျဖစ္ၿပီး ယခု လက္ရွိ အခ်ိန္ကာလႏွင့္ယွဥ္လွ်င္ လြန္ခဲ့ေသာ ဆယ္စုႏွစ္ေက်ာ္က ျဖစ္သည္။
ရဲအရာရွိမ်ားေရွ႕မွ ႏုနယ္ေသာ ေကာင္ေလးသည္ ဉာဏ္ကိုးေနာင္ ဟု ေခၚတြင္ၿပီး သူသည္ လန္ဒန္ၿမိဳ႕ (xxx) university မွ ဘြဲ႕ရခါနီး final CS ေက်ာင္းသားေလး ျဖစ္သည္။သူ႕ အသက္သည္ 22ႏွစ္ ျဖစ္ၿပီး လန္ဒန္ ရဲမ်ား သူ႕အား ဖမ္းစီးရသည့္ အေၾကာင္းရင္းမွာ ျပင္သစ္ စုံေထာက္ ေလဖာဆို ေပ်ာက္ဆုံးမႈတြင္ သံသယ ရွိ၍ ျဖစ္၏။
ေလဖာဆို သည္ KTV တစ္ခုမွာ ေပ်ာက္ဆုံးခဲ့ျခင္းျဖစ္ၿပီး သူႏွင့္ ေနာက္ဆုံး ေတြ႕ခဲ့သူသည္ ဉာဏ္ကိုးေနာင္ ျဖစ္သည္။
ဉာဏ္ကိုးေနာင္ က မ်က္လႊာခ်လိဳက္သည္။သူ႕ရဲ႕ေအးစက္စက္ႏွင့္ မထုံတတ္ေတးအမူရာက မ်က္ႏွာေပၚဝယ္ အထင္သား။သို႔ေသာ္လည္း ထိုပုံစံကိုက ကေလးဆန္ဟန္ ေပါက္ေနျပန္၏။သူ႕ကို ၾကည့္ေလ ရဲမႉး တစ္ေယာက္ စိတ္ရႈပ္ေထြးကာ ေတြေဝရေလ။
"မုသား ေဖာ္စက္နဲ႕ စစ္လိုက္ရမလား Sir"
"မလုပ္နဲ႕ အဲ့ေလာက္ မလိုအပ္ဘူး။ဒီလူငယ္က ထူးခြၽန္ေက်ာင္းသားဆို။ၿပီးေတာ့ ရာဇဝတ္မႈ မွတ္တမ္းလည္း မရွိဘူး နည္းနည္းပါးပါး စစ္ေဆးၿပီး လႊတ္ေပးလိုက္ပါ"
"ဒါမဲ့ "
"ဒီအမႈက အေရးႀကီးတယ္ဆိုတာ ငါ သိတယ္ ဒါေၾကာင့္ မလိုအပ္ဘဲ အခ်ိန္ေတြ မျဖဳန္းဘဲ ေနၾကရေအာင္ နည္းနည္းပါးပါး စစ္ေမးၿပီး လႊတ္လိုက္ေတာ့"
အဆိုပါ ကိစၥ ျဖစ္ပြားၿပီးေနာက္ ဉာဏ္ကိုးေနာင္ကို သံသယတရားခံစာရင္းမွ ပယ္ဖ်က္ေပးလိုက္ၾက၏။သူတို႔ အေၾကာင္းျပခ်က္က ရွင္းပါ၏။ဒီရႈပ္ေထြးလွေသာ လူေပ်ာက္မႈႀကီးတြင္ ေလထိသည္ႏွင့္ လြင့္ဝဲေတာ့မလို ႏုနယ္ေသာ ေကာင္ေလး တစ္ေယာက္သည္ ဘယ္လိုမွ ပါဝင္ ပက္သတ္ နိုင္လိမ့္မည္ မဟုတ္။
ေလဖာဆို ၏ အေၾကာင္း ျပန္ေျပာင္း ေကာက္ရပါလွ်င္ အဆိုပါစုံေထာက္ သည္ မည္သည့္အစိုးရ အမႈထမ္းမွ မဟုတ္ဘဲ သာမန္ အလြတ္တန္း စုံေထာက္တစ္ဦးသာ ျဖစ္သည္။ဇနီးႏွင့္ သားတစ္ေယာက္ ရွိသည္။အမႈတစ္ခုကို စုံစမ္းရန္ လန္ဒန္ ေရာက္ရွိျခင္းျဖစ္ၿပီး သူ စုံစမ္း ေနေသာ အမႈသည္ တိုက္ဆိုင္စြာ နာမည္ေက်ာ္ Lotus killerအမႈမ်ား ျဖစ္သည္။
သို႔ေသာ္ သူ ေပ်ာက္သြားသည္။လြန္ခဲ့ေသာ တစ္လေက်ာ္၊ ရက္ႏွင့္တြက္ 45ရက္ က မည္သည့္အဆက္သြယ္မွ လုပ္မရဘဲ ေပ်ာက္ျခင္းမလွ ေပ်ာက္သြားခဲ့သည္။Lotus killer သတ္ပါသည္ဟု စြပ္စြဲရေအာင္လည္း သူ ေသသည္ ရွင္သည္ မည္သူမွ မသိ။
အႏွီ ေလဖာဆို ေပ်ာက္ဆုံးမႈသည္ကလည္း အေတာ္ဂယက္ထပါ၏။သူ ၏ ဆက္ႏြယ္မႈသည္ Lotus killerေပၚ တိုက္ရိုက္ သက္ေရာက္မႈ ရွိေနသည္။ထို႔ေၾကာင့္ အမႈတြင္ ပါဝင္ ဆက္စပ္ေနသူမ်ားအား သံသယ တရားခံအျဖစ္ ဖမ္းဆီးထိန္းသိမ္းခဲ့ၾကသည္။
သို႔ေသာ္ ကိုးေနာင္ကိုမူ သက္ေသမရွိ၍ ျပန္လႊတ္ေပးလိုက္၏။
ထပ္ဆင့္ သို႔ေသာ္ ဉာဏ္ကိုးေနာင္ ေနာက္ ရဲေတြ စုံေထာက္ေတြက CCTVလို 24နာရီ ေစာင့္ၾကည့္ေနၾကသည္။
ဉာဏ္ကိုးေနာင္ ဟု စြပ္စြဲရန္ မည္သည့္သက္ေသ အေထာက္အထားမွ မရွိပါေသာ္လည္း အစိမ္းေရာင္ မ်က္ဝန္းမ်ားႏွင့္ 193cm အရပ္ေမာင္း သည္ သံသယ တရားခံ ဆိုေသာ အဆင့္ထက္ ကြင္းဆက္ လူသတ္သမားLotus killer ပုံစံႏွင့္ သြား ညွိေန၏။
Social ေပၚတြင္ပါ ကိုးေနာင္ႏွင့္ အမည္မသိ ထိုလူသတ္သမားကို တြဲလ်က္ "Can the beautiful man be the beast" "The young man is a psychopath" "Is he Lotus killer" စေသာ ေခါင္းစဥ္ အစုံအလင္ႏွင့္ ေဖာ္ျပခဲ့ၾကသည္။ထို႔ေၾကာင့္ ကိုးေနာင္ က social ေပၚတြင္ နည္းနည္း အုံႂကြသလို ျဖစ္လာေသာ္လည္း လူအမ်ားစုကမူ သိပ္ၿပီး စိတ္မဝင္စားၾကေပ။အေၾကာင္းမွာ ကိုးေနာင္ အသက္ က 22ႏွစ္ ျဖစ္ၿပီး ထိုစုံပလုံေသာ ရက္စက္မႈအေပါင္း ျပည့္ႏွက္ေနသည့္ လူသတ္မႈစုစုတို႔ ျဖစ္ခဲ့စဥ္ ကာလဝယ္ သူ႕အသက္သည္ ဆယ္ေက်ာ္သက္ ေလးသာ ရွိေသးသည္။ထို႔ေၾကာင့္ ဆယ္ေက်ာ္သက္ကေလးတစ္ေယာက္သည္ Lotus killerမျဖစ္နိုင္ ဟု မွန္းဆၾကျပန္သည္။
သို႔ေသာ္ မၾကာခင္ပင္ ရဲဌာန တစ္ခုလုံး ေမ်ာက္မီးခဲ ကိုင္သလို လႈပ္ရွားသြားၾက၏။
ျဖစ္စဥ္အစ က ကိုးေနာင္ ေနာက္ကို ၾကက္ အေမ ေနာက္ ၾကက္ေပါက္ကေလးမ်ား တေကာက္ေကာက္လိုက္သလို လိုက္ေနၾကေသာ ရဲေတြ ၏ အပ်င္းေျပစကားဝိုင္းက စ၏။
ည 10နာရီ ကိုးေနာင္ အိမ္နား၊ အနည္းငယ္ ဆိတ္ကြယ္ရာ အရပ္၌ ကားရပ္ကာ အရပ္ဝတ္ ရဲသုံးေယာက္သည္ ကိုးေနာင္ကို ေနာက္ေယာင္ခံေနၾကသည္။ ရဲ သုံးေယာက္အနက္ တစ္ေယာက္ေသာ ရဲသာလွ်င္ ဉာဏ္ကိုးေနာင္ သည္ တရားခံဟု ယုံၾကည္မွတ္ယူသူျဖစ္သည္။က်န္ႏွစ္ေယာက္က တာဝန္အရသာ။သူတို႔မွာ ကိုးေနာင္ ေက်ာင္းက ျပန္လာကတည္းက ေစာင့္ၾကည့္ေနၾကျခင္းပင္။
"အေရးအေၾကာင္း စကားစေတာ့မယ္ဆို ငါ နာမည္ ေမ့ျပန္ၿပီ"
"မင္းေျပာခ်င္တာ Nyan Coe Naung မလား"
"Right သူမ်ားေတြ ဘယ္လိုပဲ သူက တရားခံ မဟုတ္ဘူးေျပာေျပာ ငါ လုံးဝ ဆဠမ အာ႐ုံရေနတယ္ သူ႕မ်က္လုံးမွာ လုံးဝ အေၾကာက္အလန႔္မရွိဘူး"
"သာမန္ပါပဲကြာ မင္းဟာမင္း မူးေနတာ"
"Wtf မင္းတို႔ Lotus killer က London မွာ ဘာ အမႈမွမရွိတာနဲ႕ပဲ မင္းတို႔က အဲ့ေကာင္ ေျခၿငိမ္မယ္ ထင္ေနတာလား"
"မထင္ပါဘူး Lotus killerက အဲ့ကေလး ေလး မျဖစ္နိုင္႐ုံဘဲ"
"သူက ကေလး မဟုတ္ဘူးဟ လူတစ္ေယာက္ကို ႐ုပ္ေလး ၾကည့္႐ုံနဲ႕ မဆုံးျဖတ္ရဘူးကြ သူ႕မွာ ဝွက္ဖဲ ေတြ အမ်ားႀကီးရွိေလာက္တယ္ ငါ့မိတ္ေဆြက ေလဖာဆို နဲ႕ ရင္းႏွီးတယ္ ေလဖာဆို က Lotus killerအမႈကိုပဲ ေတာက္ေလွ်ာက္ မစားမအိပ္ဘဲ လိုက္တာ ဘယ္လိုပဲေနေန 80%ေသာ သူ ေပ်ာက္ဆုံးရတဲ့ အေၾကာင္းရင္းက lotus killerေၾကာင့္ပဲ"
"ငါ ၾကားတာေတာ့ ေလဖာဆိုက အရက္စြဲေနၿပီး စိတ္နဲ႕ လူနဲ႕ ေတာင္ မကပ္ဘူးဆို ေပြတယ္လို႔လဲ ၾကားတယ္"
ထိုစဥ္ အေနာက္က ရဲက ကားေရွ႕ခန္းက ျဖစ္နိုင္တယ္ ႏွင့္ မျဖစ္နိုင္ဘူး ျငင္းခုံေနၾကေသာ ရဲႏွစ္ေယာက္ကို ေရသန႔္ဘူးခြံ နဲ႕ ေကာက္ေပါက္ လိုက္ၿပီး
"ေတာ္ၾကပါေတာ့္ အိပ္ခ်င္ရတဲ့ ၾကားထဲ"
"ဘာပဲ ျဖစ္ျဖစ္ ငါ ေျပာခ်င္တာက . . ."
ေရွ႕ဆက္၍ ျငင္းရန္ စကားစလိုက္ေသာ္လည္း တစ္ဝက္နဲ႕ ရပ္သြားသည္။
သူတို႔ ကားေရွ႕ဝယ္ လူတစ္ေယာက္ ရပ္ေန၏။
တိတိက်က် ဆိုရေသာ္ အနက္ေရာင္ သားေမႊးLong coat ကို မီးခိုးေရာင္ ဆြယ္တာနဲ႕ တြဲစပ္ဝတ္ထားေသာ လူငယ္တစ္ေယာက္။ျဖဴလြလြ မ်က္ႏွာက စကၠဴျဖဴတစ္႐ြက္လို၊နီနီေဖ်ာ့ေဖ်ာ့ႏႈတ္ခမ္းေတြက စကၠဴေပၚက ႏွင္းဆီနီေလးလို။အစိမ္းေရာင္မ်က္ဝန္းမ်ားက ညယံမွာ လင္းတဲ့ၾကယ္လို စူးရွလ်က္။ေလတိုက္ေတာ့ ဆံပင္ေတြက ေလမွာ ယိမ္းက ေန၏။
ရဲက ေယာင္ၿပီး ကား မီးထိုးမိသြားေတာ့ ေရွ႕က လူငယ္က အလင္းစူးသြား၍ မ်က္လုံးကို လက္နဲ႕ အသာေလး ကာလိုက္သည္။
"Jesus ! What the hell !! သူက . . .သူက ဘာကိစၥ ဒီေရာက္ေနတာလဲ ငါတို႔ အဲ့ေလာက္ သိသာေနလို႔လား"
"ဒီေကာင္ ေခ်ာတာေတာ့ အေတာ္ ေခ်ာတယ္"
ကိုးေနာင္က ကားဆီ တျဖည္းျဖည္းေလွ်ာက္လာကား မွန္ကို ေခါက္လိုက္သည္။
ရဲ က ကိုယ္ဟန္ဖို႔ကာ ကားမွန္ ဖြင့္ေပးလိုက္ေတာ့ မ်က္ႏွာလွလွေလးႏွင့္ ပက္ပင္းတိုးသည္။
"ခင္ဗ်ား တို႔ ကြၽန္ေတာ့္ေနာက္ လိုက္ရတာ ပင္ပန္းေနမွာေပါ့ ညစာ မစားရေသးဘူးထင္တယ္ "
ရဲ ရဲ႕ လက္ထဲကို ထည့္ေပးလိုက္ေသာ ေပါင္မုန႔္တစ္ခ်ိဳ႕ႏွင့္ ႏြားနို႔ဗူးငယ္ေတြ။
"သိပ္ အမ်ားႀကီး မဟုတ္ေပမယ့္ ဗိုက္ဝေစမွာပါ . . . ေကာင္းေသာ ညေလး ျဖစ္ပါေစေနာ္ "
"ေက်း . . .ေက်း ဇူး ပါ ေကာင္းေကာင္း စားပါ့မယ္"
ေယာင္ၿပီး ယူမိ႐ုံမက ေခါင္းငုံ႕ၿပီး ေက်းဇူးပါလို႔ ေျပာမိသြားေသာ ရဲကို တစ္ဖက္ ရဲက မသိမသာ လက္တို႔သည္။
"ကြၽန္ေတာ့္ကို ခြင့္ျပဳပါဦးဗ်"
ေက်ာျပင္သြယ္သြယ္ တျဖည္းျဖည္း ေပ်ာက္ကြယ္ကာမွ ရဲက ကားမွန္ကို တင္လိုက္သည္။
"ငါ ေျပာတယ္ေနာ္ ဒီေကာင္ လုံးဝ အေၾကာက္အလန႔္မရွိဘူးလို႔ "
"ခဏ က က် မင္းပဲ ေက်းဇူးပါဆို"
"လူမႈေရးအရေလ"
"ေတာ္စမ္းပါ. . . မင္းတို႔ ႏွစ္ေကာင္ကြာ. . ငါ့ကို ေပါင္မုန႔္ေပး ဗိုက္ဆာတယ္"
ေနာက္ခန္းက ရဲက ေရွ႕ခန္း က ရဲ ႏွစ္ေယာက္လက္ထဲက ေပါင္မုန႔္ကို လုယူၿပီး ေဖာက္လိုက္ကာ ကိုက္စားလိုက္သည္။
"မင္း စားလိုက္တာလား!!! ဒီေကာင္ေလးေကြၽးတာ မင္း မို႔ စားရဲတယ္"
"ဗိုက္ဆာတယ္ဟ! ငါ စဥ္းစားေနတာ Nyan Coe Naung က တစ္ေယာက္ ေယာက္နဲ႕ အေတာ္တူတယ္"
"ဘယ္သူတုံး မင္းေဖလား"
"တစ္ဆိတ္ တိတ္တိတ္ေနစမ္းပါ. . .အက္ဒန္ဝင္သီယာ နဲ႕ တူတာ၊ မင္းတို႔ အက္ဒန္ကို အျပင္မွာ ျမင္ဖူးတာပဲ၊သူ႕ မ်က္လုံးနဲ႕ အဲ့ေကာင္ေလး မ်က္လုံး တစ္ေထရာတည္းပဲ၊ အေၾကာက္အလန႔္မရွိဘူး၊ ဗလာျဖစ္ေနသလိုမ်ိဳး၊ လူတစ္ေယာက္မွာ ညာလို႔မရတာ မ်က္လုံးေတြပဲ. . ."
"Oh!! သူက အက္ဒန္ရဲ႕ တရားမဝင္ သားေနမွာ"
"မျဖစ္နိုင္ဘူး အက္ဒန္မွာ သမီးတစ္ေယာက္ပဲ ရွိတာ ၊ရို႔စ္မာလီ တဲ့ . . . ၿပီးေတာ့ ရို႔စ္မာလီမွာ လဲ သားတစ္ေယာက္ရွိတယ္ သတင္းအရ သူ႕ အမ်ိဳးသားက အာရွသား၊ ျမန္မာ လား တ႐ုတ္လားေတာ့ မသိ. . ."
"ျမန္မာ ေသခ်ာတယ္ . . "
ေရွ႕ခန္းက ရဲက ဝင္ေထာက္သည္။
"Nyan Coe Naung လည္း ျမန္မာ ကပဲ ငါတို႔ နည္းနည္းပါးပါး သူ႕မ်ိဳးရိုးကို ေနာက္ေၾကာင္းလိုက္ၾကမလား "
"ဒါမဲ့ ဉာဏ္ကိုးေနာင္ မိဘ ႏွစ္ပါးစလုံးက ျမန္မာေတြပဲ နိုင္ငံျခားသား တစ္ေယာက္မွ မပါဘူး"
"ဘယ္အာရွက ောက္ လုံးႀကီး စိမ္းေနလို႔တုံး"
"အခ်ိဳ႕ အာရွသားေတြလည္း မ်က္လုံးစိမ္းၾကတာပဲ"
"မင့္ ဘိုးေအ က အဂၤါၿဂိဳဟ္က လွမ္းၾကည့္ေတာင္ ကျပား႐ုပ္ႀကီးမွန္း သိသာႀကီး"
"သူ႕ကို ျမန္မာျပည္က ေမြးစား ထားတာလားမွ မသိတာ . . . ရို႔စ္မာလီ ဘာလို႔ ေသသြားလဲ. . . သူ႕ေဖ ရဲ႕ လူသတ္ခန္းႀကီးကို ျမင္ၿပီး ႐ူးသြားတာေလ ၿပီး Sucide သြားတာ အဲ့တာနဲ႕ အက္ဒန္က သူ႕ေျမးကို ကေလးအေဖဆီ ပို႔လိုက္တာ "
"အက္ဒန္ ေနာက္ဆုံး ႀကိဳးမိန႔္က်ခ်ိန္မွာ သူ႕ ေျမး လာေတြ႕ဖူးတယ္ ၊ အက္ဒန္ ကိုယ္တိုင္ ေျပာတာ အဲ့တာ ငါ့ေျမးဆိုၿပီးေတာ့ . . . ငါ့သူငယ္ခ်င္းက အဲ့က ေထာင္မႉး. . Wait! Nyan Coe Naung ပုံ သူ႕ဆီ ပို႔လိုက္ၿပီး ငါ ခုေမးလိုက္မယ္"
ခဏအၾကာ တစ္ဖက္ ေထာင္မႉးဆီက စာ ျပန္လာသည္။
" ဟုတ္တယ္တဲ့!!! "
"အမႈက ဇာတ္ရွိန္တက္လာၿပီ တကယ္ ဒီထက္ပိုၿပီး ေသခ်ာရင္ေတာ့ ငါတို႔ အဲ့ေကာင္ေလးကို သတိႀကီးႀကီး ထားဖို႔လိုၿပီ . . .ဝင္သီယာ ေသြးက လူသတ္သမားေတြပဲ"
ထိုစကားဝိုင္းေလးမွသည္ တျဖည္းျဖည္း က်ယ္ က်ယ္ လာကာ ဉာဏ္ကိုးေနာင္ ဒုတိယအႀကိမ္ ထပ္မံ ဖမ္းဆီးခံရေလ၏။
သို႔ေသာ္ သူက ေအးေဆးသာ။အမႈစစ္တိုင္း ေကာ္ဖီကိုပဲ အရသာခံေသာက္ေန၏။
ရဲမႉးက ကိုးေနာင္ မ်က္လုံးကို တည့္တည့္ၾကည့္ကာ ေလသံျပတ္ႏွင့္
"မင္းက ျမန္မာျပည္ကေပါ့. . .ၾကားဖူးတာကေတာ့ျမန္မာ နိုင္ငံဆိုတာ အရမ္းလွၿပီး ျမန္မာလူမ်ိဳးေတြက မလိမ္မညာဘဲ အရမ္းၾကင္နာသနားတတ္တယ္တဲ့. . .ဆိုေတာ့ ဒီက Nyan Coe Naung လည္း ျမန္မာပီသစြာနဲ႕ မလိမ္မညာ မကြယ္မလွ်ိုဘဲ အမွန္အတိုင္း ဝန္ခံဖို႔ ေမွ်ာ္လင့္ပါရဲ႕. . .ကိုယ္ နိုင္ငံကို သိကၡာ မခ်နဲ႕ေပါ့. . ."
ကိုးေနာင္က ေခါင္းၿငိမ့္ျပသည္။ျမစိမ္းေရာင္ မ်က္ဝန္းမ်ားက တည္ၿငိမ္ကာ ကိုယ္ေနဟန္ထားကသက္ေတာင့္သက္သာႏွင့္ပင္။
"ေလဖာဆိုကို သိလား"
ကိုးေနာင္ က မ်က္လႊာခ်ထားရာမွ လွန္တင္ကာ ေခါင္းကို အသာၿငိမ့္ျပသည္။
"ဘယ္လိုသိတာလဲ"
"ကြၽန္ေတာ္ ပထမတစ္ခါတည္းက ေျဖၿပီးၿပီ ထင္တယ္"
"ေက်းဇူးျပဳၿပီး ထပ္ေျဖေပးပါ"
"စာၾကည့္တိုက္မွာ"
"ဘယ္လို ဆက္ဆံေရးမ်ိဳးလဲ"
"ဒီတိုင္း လမ္းမွာ ေတြ႕လို႔ စကားေျပာ႐ုံဆိုေတာ့ လမ္းႀကဳံအသိမိတ္ေဆြလို႔ ေျပာရမလား"
"သူ မင္းနဲ႕ ေတြ႕ၿပီး ေနာက္ ၆နာရီေနေတာ့ ေပ်ာက္သြားတယ္ မင္း အဲ့၆နာရီမွာ ဘာလုပ္ေနသလဲ"
"ကြၽန္ေတာ္ အိမ္မွာပါ assignment လုပ္ေနတာ"
"စာ အေတာ္ႀကိဳးစားတာပဲ မင္းက အထက္တန္းေအာင္တုံးက the whole Burma first ဆို"
"မဟုတ္ပါဘူး ကြၽန္ေတာ္က တိုင္းေဒသႀကီး မွာပဲ ပထမရခဲ့တာပါ"
"ဘာပဲျဖစ္ျဖစ္ ထူးခြၽန္ေက်ာင္းသားပဲ စကားမစပ္ မင္း လက္ ခဏ ကိုင္ပါရေစ"
ရဲအရာရွိက ကိုးေနာင္ လက္ကို ဆြဲယူသြားၿပီး လက္ဖဝါးကို အသာဖိပြတ္လိုက္သည္။
"လက္ေလးက ႏုႏုေလးလို႔ ထင္ထားေပမယ့္ အေတာ္ ၾကမ္းေထာ္ေနတာပဲ စစ္သားလက္လိုမ်ိဳးေလ လက္နက္ေတြ ဘာေတြ အသုံးျပဳဖူးတယ္ထင္တယ္"
ကိုးေနာင္က လက္ကို အသာ ျပန္ဆြဲယူလိုက္ၿပီး သြားမေပၚဘဲ ၿပဳံးလိုက္သည္။
"ကြၽန္ေတာ္ ဓားကိုင္ရတာ ႀကိဳက္တယ္"
"ဓား တင္ပဲလား ပုဆိန္ေရာ မႀကိဳက္ဘူးလား"
"Sirက ကြၽန္ေတာ္ကို Lotus killerလို႔ပါ သံသယ ဝင္ေနတာလား"
"နည္းနည္းေပါ့ . . .မင္းက အက္ဒန္ဝင္သီယာရဲ႕ ေျမးဆိုေတာ့ ငါတို႔ ရဲေလာက ႀကီး တစ္ခုလုံး သတိထားရမယ့္ မိုင္းေျမေလး ေပါ့ . . .အက္ဒန္ဝင္သီယာဆိုတာ ငါတို႔တြက္အိပ္မက္ဆိုး ျဖစ္ခဲ့တာေလ၊ လူေတြကို အရွင္လတ္လတ္စမ္းသပ္ၿပီး အရွင္လတ္လတ္ေတာင္ ကိုက္စားပစ္ခဲ့တာ! ဧရာမဘီလူးလို!!"
ေနာက္ဆုံးေၾကာင္းကို ရဲအရာရွိက ဖိေျပာလိုက္ကာ ကိုးေနာင္ မ်က္လုံးကို တည့္တည့္စိုက္ၾကည့္ၿပီး အံႀကိတ္လိုက္သည္။
ကိုးေနာင္က လက္ပိုက္လိုက္ၿပီး ေျခခ်ိတ္ထိုင္လိုက္သည္။ႏႈတ္ခမ္းက မထီတရီ ၿပဳံးလ်က္။
"ကြၽန္ေတာ္က အက္ဒန္ဝင္သီယာရဲ႕ ေျမးျဖစ္တာနဲ႕ သံသယဝင္စရာ လူတစ္ေယာက္ ျဖစ္သြားေရာလား ေလဖာဆိုက Lotus killer အမႈကို စုံစမ္းတာနဲ႕ သူေပ်ာက္ဆုံးမႈက Lotus killerနဲ႕ တိုက္ရိုက္ သက္ဆိုင္သြားေရာလား"
"Maybe"
ကိုးေနာင္က မခ်ိဳမခ်ဥ္႐ုပ္နဲ႕ စ သလို လုပ္ကာ
"ၿပီးေတာ့ Lotus killerက ကြၽန္ေတာ့္လို ေခ်ာမယ္ ထင္လို႔လား"
"မထင္ပါဘူး မင္းက ပဲ အေခ်ာဆုံး အိုေက"
"အာ အမႈစစ္မယ္ဆိုရင္လည္း ျမန္ျမန္ေလး စစ္ေပးပါ ကြၽန္ေတာ္ ေနာက္တစ္ပတ္ Final စာေမးပြဲ ရွိတယ္"
"ဘာပူေနတာလဲ မင္းက ထူးခြၽန္ေက်ာင္းသားပဲဟာ ေအးေဆးေပါ့ စာမလုပ္လဲ ေအာင္ ေအာင္ ေျဖနိုင္မွာပါ"
ကိုးေနာင္ကို စခန္းမွာပဲ ဖမ္းခ်ဳပ္ထားၿပီး ဘယ္မွသြားလာခြင့္မျပဳေပ။ကိုးေနာင္က စာအုပ္တစ္အုပ္ကို စိတ္ဝင္တစား ဖတ္ရင္းက ေန႕လည္စာ အျဖစ္ လာေကြၽးေသာ စြပ္ျပဳတ္ပြဲကို တစ္ခ်က္ျမည္းလိုက္ရင္း သူ႕ကို ကမၼဌာန္းရႉသလို တစိမ့္စိမ့္ ထိုင္ေစာင့္ၾကည့္ေနေသာ အေစာင့္ရဲကို ေျပာလိုက္သည္။
"ဆား ေပါ့တယ္ ကြၽန္ေတာ့္ကို ဆားခပ္ေပးပါ့လား"
"မင္းက Hotel ေရာက္ေနတယ္ ထင္ေနတာလား"
ကိုးေနာင္က မ်က္လႊာ အသာခ်ကာ စာအုပ္ကို ျပန္ဖတ္လိုက္သည္။
မွိန္ေဖ်ာ့သြားေသာ မ်က္ဝန္းတို႔ေၾကာင့္ အေစာင့္ရဲက သက္ျပင္းအသာခ်ကာ ဆားဗူး ယူ၍ တစ္ဇြန္းခပ္ကာ စြပ္ျပဳတ္ ထဲ ထည့္ေပးလိုက္သည္။
"ေက်နပ္ၿပီလား"
"အြန္း"
ရဲအရာရွိေတြ က ေပ်ာ္ပြဲစားထြက္သလို စြပ္ျပဳတ္ကို ေသာက္လိုက္ စာအုပ္ေလး ဖတ္လိုက္ လုပ္ေနေသာ ဉာဏ္ကိုးေနာင္ကို စိတ္ေလသလို ၾကည့္ၾကရင္း ေခါင္းခ်င္းဆိုင္လိုက္သည္။
"သူ႕ အိမ္ တစ္ခုလုံး အကုန္ ႏွံ႕စပ္စပ္ရွာၿပီးၿပီ ေျမေတြပါ တူးခဲ့ေသးတယ္ ဘာမွထူးျခားတာ မရွိဘူး စာအုပ္ေတြနဲ႕ စာအုပ္ေတြပဲ ရွိတယ္"
"လွ်ို႔ဝွက္ခန္း ဘာညာ"
"မရွိဘူး ရွင္လင္းေနတာပဲ"
"သူ႕ အခန္းေဖာ္ေဟာင္းမက္ရွေလ ေဒၚနယ္ဆင္ကိုပါ စုံစမ္းေမးျမန္းခဲ့ေသးတယ္ . . . ဘာမွ မထူးဘူး"
" . . . က်စ္. . . ငါတို႔ ေလဖာဆို ေပ်ာက္ဆုံးမႈကိုပဲ အရင္ဆုံး စုံစမ္းရေအာင္ Lotus killerမႈနဲ႕ ေရာေထြးမေနဘဲကို သီးသန႔္စီ "
"ဒီေကာင္ေလးက ေလဖာဆို နဲ႕ ပတ္သက္ေကာင္း ပက္သတ္လိမ့္မယ္ Lotus killerေတာ့ မျဖစ္နိုင္ဘူး"
"စုံစမ္းရင္ ႐ုပ္ကို မၾကည့္နဲ႕ ဒီေကာင့္ ႐ုပ္ကို ၾကည့္ရင္ ေတြေဝေစတယ္ လူတစ္ေယာက္ကို ခ်က္ခ်င္း ညွို႔နိုင္ၿပီး အလိုလိုေနရင္း အခ်က္အလက္ေတြ မွားကုန္တယ္ အဲ့တာ သူ႕power လို႔ ေတာင္ ေျပာရမလားပဲ"
"မုသားေဖာ္စက္ သုံးလိုက္ေတာ့"
တစ္ေယာက္တစ္ေပါက္ အႀကံေပးၿပီးေနာက္ မုသားေဖာ္စက္ သုံးလိုက္ေသာ္လည္း အေျဖအားလုံးသည္ ဉာဏ္ကိုးေနာင္ ဘက္ လိုက္ေန၏။
"အႀကိမ္ 200ျပည့္ဖို႔ 3ခါပဲ လိုေတာ့တယ္ ခင္ဗ်ားတို႔ ခဏ ခဏ ေမးရတာ မေမာေသးဘူးလား ကြၽန္ေတာ္ ေတာ့ ေျဖရတာ ေမာလို႔ ေရတစ္ခြက္ေလာက္"
ဉာဏ္ကိုးေနာင္ ဖမ္းဆီး ထိန္းသိမ္းခံရတာ 73နာရီ ျပည့္ေသာအခါ ရဲစခန္းေရွ႕ ဆႏၵျပ လူအုပ္ႀကီး ေရာက္ခ်လာ၏။ဉာဏ္ကိုးေနာင္ ကို ျပန္လႊတ္ေပးရန္ ဆိုင္းဘုတ္ ကိုင္ကာ ဆႏၵျပၾကသည္။
အဆိုပါ လူအုပ္ႀကီးသည္ ဉာဏ္ကိုးေနာင္၏ တကၠသိုလ္မွ သူငယ္ခ်င္း အသိုင္းဝိုင္းမ်ား ျဖစ္ၾကသည္ ။လူအုပ္ကို ဦးေဆာင္သူမွာ အယ္မလီယာဆိုေသာ မိန္းမလွေလး ျဖစ္သည္။
အယ္မလီယာက သတင္းေထာက္ေတြေရွ႕ ဤ စြပ္စြဲခံ သနားစရာ ေကာင္ေလးဉာဏ္ကိုးေနာင္သည္ တစ္ခ်ိန္က သူမအား အသက္စြန႔္ ကယ္တင္ခဲ့ဖူးေၾကာင္း အားေပါင္အာရင္းသန္သန္ ေဖာက္သည္ခ်ခဲ့ၿပီး နားေထာင္သူ သတင္းေထာက္အေပါင္းက ေခါင္းေလးတၿငိမ့္ၿငိမ့္။
အခ်ိန္သာ တေ႐ြ႕ေ႐ြ႕ ကုန္၏။လူအုပ္ႀကီးက ဇြဲေလွ်ာ့မည့္ဟန္မရွိ။ထင္မထားေလာက္ေအာင္ ဉာဏ္ကိုးေနာင္ဆိုေသာ ေအးတိေအးစက္ ေရခဲပန္းပု႐ုပ္ေလးက လူခ်စ္လူခင္ မ်ားလွ၏။
Lotus killerဆိုေသာ လႈပ္စိစိ အသံၾကား၍ London ကို ေထာက္လွန္ေရးလာၾကေသာ နိုင္ငံတကာ ရဲအေပါင္းသည္ပင္ အယ္မလီယာ ရဲ႕ စကားလုံးေတြၾကား ေတြေဝမိန္းေမာသြား၏။
ထိုေန႕ ညေန ၌ပင္ ရဲစခန္း သို႔ လူ ႏွစ္ေယာက္ ေရာက္ခ်လာသည္။တစ္ေယာက္က ရဲခ်ဳပ္ႀကီး ျဖစ္ၿပီး ေနာက္တစ္ေယာက္သည္ကား လႊမ္းမိုးခ်ဳပ္ကိုင္လိုဟန္ ဩဇာအျပည့္ႏွင့္ USရဲ႕ အခ်မ္းသာဆုံး သူေဌး ေနာင္ဘုန္းသိုက္တည္း။ထိုလူ လာေသာ အခါ ရဲေတြခဗ်ာ မည္သို႔ပင္ မတတ္နိုင္ဘဲ ကိုးေနာင္ကို အမႈမွ ကြင္းလုံးကြၽတ္ လႊတ္ေပးလိုက္ရ၏။ေသြးတက္စရာ သိလိုက္ရသည့္ အမွန္တရားကား ထိုက်ိက်ိတက္ နာမည္ေက်ာ္ ေနာင္ဘုန္းသိုက္က အက္ဒန္ဝင္သီယာရဲ႕ သမက္ျဖစ္ေနျခင္းပင္။သူတို႔၏ ရႈပ္ေထြးေထြး မိသားစု အေရးမ်ားၾကား ရဲေတြသည္ မ်က္စိအလြန္လည္လွ၏။
တစ္ဆက္တည္းမွာပင္ ဉာဏ္ကိုးေနာင္ အေၾကာင္း ေထြလီေထြလာေရးသားထားေသာ သတင္းေပါင္းစုံသည္ တိကနဲ ဆိုသလို ေပ်ာက္ပ်က္သြား၏။
++++
ခြက္ကနဲ ထိုးခ်လိဳက္တဲ့ ထိုးခ်က္၊ဆက္ကနဲ ပူတက္လာတဲ့ ႏႈတ္ခမ္းဟာ ေသြးခပ္စို႔စို႔။တစ္ဆက္တည္း အံႀကိတ္သလို ႐ြဲ႕သလို ၾကည့္လာတဲ့ ေအးစက္စက္ အၾကည့္။
ကိုးေနာင္က ပါးစပ္ထဲက ေသြးကို ျဗစ္ကနဲ ေထြးထုတ္လိုက္ၿပီး ဟက္ကနဲ ရယ္သည္။
"မင္း အေတာ္ ျပႆနာရွာတယ္"
"ရွာေတာ့"
"ဒီေကာင္ !!"
ေနာင္ဘုန္းသိုက္က အခန္းထဲက ေထာင္ထားတဲ့ ေဂါက္ရိုက္တံကို ဆြဲယူလိုက္ၿပီး ကိုးေနာင္ ေျခေထာက္ကို ရိုက္ခ်ိဳးခ်ပစ္လိုက္သည္။ရိုက္ခ်က္က ျပင္းတာေၾကာင့္ ကိုးေနာင္ ေခြက်သြားသည္။
"ျဖစ္နိုင္ရင္ေလ ငါ မင္းကို ဘယ္မွ မသြား ဘာမွ မလုပ္နိုင္ေတာ့ေအာင္ ေျခေထာက္ေတြကို ရိုက္ခ်ိဳးပစ္ခ်င္တာ. . ."
"ရိုက္ေလ ေသေအာင္ သတ္ပလိုက္ ဘယ္သူက အသက္ရွင္ခ်င္ေနလို႔လဲ"
"မင္း မေကာင္းဆိုးဝါး"
"အဲ့တာ ခင္ဗ်ားသိၿပီးသား ပဲ"
"ငါ မင္း ကို ေျပာခဲ့တယ္ ထင္တယ္ အဂၤလန္မွာ ေအးေအးေဆးေဆးေနပါလို႔! မင္းဘယ္လို ေကာင္လဲ . . .ငါ့ ဘဝမွာ အမွားဆုံးက မင္းလို ဒုကၡတုံးကို ေမြးထားေကြၽးထားမိတာပဲ"
"အဲ့တာေၾကာင့္ သတ္လိုက္လို႔!! ကြၽန္ေတာ္ ေပ်ာ္ေပ်ာ္ႀကီး ေသေပးမွာမို႔ သတ္ပစ္လိုက္"
ေနာင္ဘုန္းသိုက္က ကိုးေနာင္ ေျခေထာက္ေတြကို မရပ္မနား ေဂါက္တံနဲ႕ ရိုက္ခ်ပစ္လိုက္သည္မွာ အဝတ္ေတြ ၿပဲလန္လို႔ အသားအရိုးေတြ ဆုတ္တဲ့ထိ။
ေသြးလူးေနတာေတာင္ အၾကည့္က မာေက်ာဆဲ ျဖစ္ေသာ ကိုးေနာင္ကို ၾကည့္ရင္း ေနာင္ဘုန္းသိုက္ ကိုယ့္ဆံပင္ေတြကို ကိုယ္ ဆြဲစုပ္လိုက္သည္။စိတ္ရႈပ္ေထြးဟန္ႏွင့္ ေဒါသတို႔က ဟန္မေဆာင္နိုင္ေအာင္ အထင္းသား။
"မင္း !! မင္း တကယ္ပဲ အဲ့ေကာင္လား . . .မင္း တကယ္ ပဲ လူသတ္သမားလား"
ကိုးေနာင္က ၾကမ္းေပၚ လွဲခ်လိဳက္ရင္း မ်က္လုံးကို မွိတ္လိုက္သည္။
"ဟုတ္တယ္လို႔ ထင္ရင္ ဟုတ္မွာေပါ့ မဟုတ္ဘူးထင္ရင္ မဟုတ္တာေပါ့"
"မုသားေဖာ္စက္ကိုသာ မင္းညာရင္ ညာလို႔ရမယ္ ငါက မင္းအေဖ"
"အဲ့တာဆိုလည္း ေမးမေနနဲ႕ေလ"
ေနာင္ဘုန္းသိုက္က ဒူးေထာက္ကာ ကိုးေနာင္ ပါးကို ခပ္ဆတ္ဆတ္ ပုတ္လိုက္ၿပီး
"ငါ့ သား ႏွစ္ေယာက္မွာ တစ္ေယာက္က တရားသူႀကီးေလာင္းလ်ာ တစ္ေယာက္က လူသတ္သမား . . .ဉာဏ္ကိုးေနာင္ မင္းကို မင္း ျပင္ဖို႔ စိတ္ကူးမရွိဘူးလား ဟမ္. . . ငါ ေသရင္ ငါ့အေမြေတြ မင္းတို႔ပဲ ရမွာ"
ကိုးေနာင္က အူလွိုက္သည္းလွိုက္ ေအာ္ရယ္သည္။
"ကြၽန္ေတာ္ရဲ႕ သန္းေခါင္စာရင္းအေဖနာမည္ ေနရာမွာေတာင္ ခင္ဗ်ား နာမည္ ထည့္ခဲ့သလား၊ထည့္ရဲခဲ့သလား . . .ဆတ္ႏြယ္ အျပင္ အျခားသား ေနာက္တစ္ေယာက္ ရွိတာ လူသိမွာစိုးလို႔ လူေရွ႕သူေရွ႕ ေရာက္ရင္ သား လို႔ေတာင္ ရဲရဲ ခင္ဗ်ားေခၚခဲ့သလား. . .အေမြ ရဖို႔ ေနသာသာ ကြၽန္ေတာ့္အေဖအရင္းက ခင္ဗ်ား ဆိုတာ သိတဲ့လူ ကို လက္ခ်ိဳးေရလို႔ရတယ္ . . . ဦးေနာင္ဘုန္းသိုက္ရယ္ ကြၽန္ေတာ္က ခင္ဗ်ားရဲ႕ တရားမဝင္သားပါ ဘယ္ေနရာမွ ေဘာင္မဝင္တဲ့ ခင္ဗ်ားရဲ႕ သားႀကီးပါ"
ေနာင္ဘုန္းသိုက္က တစ္ခ်က္ ငိုင္သြားသည္။
"ငါ လည္း ဖေအဆိုးဆို မင္းလည္း သားဆိုးပါပဲ . . ခဏေနဆရာဝန္ လာလိမ့္မယ္ ဒီအေတာအတြင္းေတာ့ ငါ့ဆီမွာေန . . ."
"ဟက္ စိတ္ႀကိဳက္ကို လုပ္ေနေတာ့တာပဲ"
ေနာင္ဘုန္းသိုက္က ေသာ့ တစ္ေခ်ာင္း ကိုးေနာင္ဆီ ပစ္ေပးလိုက္ၿပီး
"အခန္းေသာ့. . .မင္းအိမ္က မင္းရဲ႕ ပရမ္းပတာ ပစၥည္းယုတ္ စုတ္ေတြ ငါ ေ႐ြ႕ထားတယ္ . . . မင္း လုပ္ခ်င္ရာ လုပ္ၿပီးရင္ ပစၥည္းေတြ ေလွ်ာက္မယူလာနဲ႕ ယူလာရင္လည္း ေတြ႕ကရာေနရာမွာ မထားနဲ႕"
"ဘယ္တုံးက ႀကိဳေ႐ြ႕ထားတာလဲ"
"မင္း ပထမ အႀကိမ္ ဖမ္းခံရကတည္းက ေနာင္က် ဒီလိုျဖစ္မယ္ဆိုတာ ႀကိဳျမင္ၿပီးသား မင္းရဲ႕ပစၥည္းတစ္ဝက္က မက္ရွေလ ဆီမွာ. . .ကိစၥေတြ ရွင္းလင္းသြားရင္ ျမန္မာျပည္ကို လိမ္လိမ္မာမာ ျပန္ေတာ့"
"ဘာလို႔ ကြၽန္ေတာ့္ကို လိုက္ဂ႐ုစိုက္ေနတာလဲ ခင္ဗ်ားမပီသလိုက္တာ. . .ပုံမွန္တိုင္းဆို ခင္ဗ်ားက ကြၽန္ေတာ့္ကို ေထာင္ထဲ ထည့္ပစ္ရမွာ"
"လူသတ္သမားရဲ႕ အေဖလို႔ေတာ့ အေခၚမခံနိုင္ဘူး ငါ့ဂုဏ္သိကၡာရွိေသးတယ္"
ေနာင္ဘုန္းသိုက္က အခန္းထဲက ေျခလွမ္းက်ဲႏွင့္ထြက္သြားသည္။ကိုးေနာင္ က ၾကမ္းေပၚ သက္ေတာင့္သက္သာ ျဖစ္ေအာင္ လွဲခ်လိဳက္သည္။
ယခု ခ်ိန္ သူ႕ေခါင္းထဲ စဥ္းစားေနတာ တစ္ခုပဲ ရွိသည္။
ဗိုက္ဆာသည္။
++++
ကိုးေနာင္ ဘြဲ႕ယူေတာ့ မက္ရွေလ တစ္ေယာက္ ပန္းစည္းႀကီးႏွင့္ ေရာက္ခ်လာသည္။
"Congratulation ပါ အလွပေဂးေလး. . . one subject one nightနဲ႕ စာေမးပြဲ ေအာင္သြားတဲ့ တြက္ အင္မတန္မွ အံ့ဩဝမ္းသာမိပါတယ္"
ကိုးေနာင္ရဲ႕ ျမင့္ေသာအရပ္ႏွင့္ အနက္ေရာင္ ဘြဲ႕ဝတ္စုံ သည္ စပ္ဟပ္လွ၏။ေခ်ာေသာ မ်က္ႏွာက ထူးျခားျခား ရွင္းသန႔္ေနကာ ေတာ္ဝင္မင္းသားေလးပမာႏွယ္။
"ငါ ျမန္မာကို ျပန္ေတာ့မယ္"
"သတိရေနမွာပါ"
"ငါေရာ"
"Psychopath has no feeling but I love you bro . . .ဘာလိုလိုႏွင့္ ငါတို႔ေတာင္ ႐ြံ႕စရာစကားေတြ ေျပာတတ္လာၾကၿပီပဲ "
"မေျပာလို႔လည္း မရဘူးေလ ေနာက္ကို လွည့္ၾကည့္လိုက္"
မက္ရွေလ က ေနာက္သို႔ လွည့္ၾကည့္လိုက္ေသာအခါ သူႏွင့္ကိုးေနာင္ကို မသိမသာ ေယာင္ေတာင္ေတာင္ ကြက္ၾကည့္ ၾကည့္ေနေသာ လူတစ္စု ကို အကဲခတ္မိ၏။
ကိုးေနာင္က ႏႈတ္ခမ္းတြန႔္႐ုံၿပဳံးလိုက္သည္။
"ရဲေတြ . . .ငါ့ ေနာက္ တစ္ခ်ိန္လုံး လိုက္ေနၾကတာ အိမ္သာ တက္ရင္ေတာင္ လိုက္မဝင္႐ုံ တစ္မယ္ပဲ"
"ေပ်ာ္စရာႀကီး"
"ဓာတ္ပုံ ရိုက္ရေအာင္ . . . မင္း ငါနဲ႕ ေဝးေဝးရပ္ မင္းက ငါ့ထက္ အကုသိုလ္ မ်ားတယ္ ေတာ္ၾကာ ငါပါ အဖမ္းခံရလိမ့္မယ္"
"မပူပါနဲ႕ ငါ အဖမ္းခံရရင္ မင္းကိုလည္း ဆြဲထည့္ပစ္မွာ "
"တအား အခ်စ္ခံရတယ္လို႔ ခံစားေနရၿပီ. . ."
ေလးႏွစ္ေက်ာ္ၾကာ တက္ခဲ့တဲ့ တကၠသိုလ္ႀကီးကို ေနာက္ခံထား၊ကြက္ၾကည့္ ၾကည့္လုပ္ေနတဲ့ ရဲတစ္စုပါ ပါဝင္လ်က္ ကိုးေနာင္ ႏွင့္မက္ရွလ က သုံးေပျခားၿပီး ဓာတ္ပုံ အမွတ္တရ ဓာတ္ပုံရိုက္ခဲ့ေလ၏။
နည္းနည္းေတာ့ ေၾကာင္ေတာင္ေတာင္နိုင္ေပမယ့္လည္းေပါ့။
"ကိုးေနာင္"
မက္ရွေလက ခပ္ဆဆ ေခၚေတာ့ ကိုးေနာင္က လွည့္ၾကည့္သည္။အၿမဲၿပဳံးေနတတ္ေသာ မက္ရွေလ မ်က္ႏွာသည္ အနည္းငယ္တည္ေနသည္။
"ကားထဲမွာ ေျပာရေအာင္"
ႏွစ္ေယာက္သား ကားထဲ ဝင္ထိုင္လိုက္သည္။မက္ရွေလက ကားထဲ ဟိုရွာ ဒီရွာလုပ္ေနသည္။
"ဘာလုပ္ေနတာလဲ"
"အသံဖမ္းစက္ ရွိမရွိ ရွာေနတာ"
ခဏၾကာမွ ကားစက္ႏွိုးရင္း တည္ၿငိမ္ၿငိမ္နဲ႕ စကားစသည္။
"အကယ္၍ မင္းနဲ႕ငါ ႏွစ္ေယာက္ထဲက တစ္ေယာက္ အဖမ္းခံခဲ့ရရင္ အနည္းဆုံး ျပစ္ဒဏ္ေတာင္မွ တစ္သက္တစ္ကြၽန္းပဲ. . .သိတယ္မလား ကိုယ့္အေၾကာင္း ကိုေတာ့"
"သိတယ္"
"ငါ အရင္ဖမ္းခံရခဲ့ရင္ မင္းအမႈကိုပါ ငါ ဝန္ခံေပးမယ္. . .မင္းအရင္ ဖမ္းခံရရင္ ငါ့အမႈကိုပါ ဝန္ခံေပး. . ."
". . ."
"ကမၻာႀကီးက အရမ္းေတြ ျဖဴစင္သန႔္ရွင္းေနရင္ ၾကည့္လို႔မေကာင္းေတာ့ဘူး. . .မင္း နဲ႕ ငါ တစ္ေယာက္ က်န္မွ ျဖစ္မယ္"
"ငါ့ကို ငါ အရမ္း ယုတ္မာတယ္ ခံစားေနရၿပီ"
"ယုတ္မာတာပဲေလ"
ဉာဏ္ကိုးေနာင္က ကားမွန္ ျပင္ဘက္ကို လက္ထုတ္ၾကည့္လိုက္သည္။
ဘယ္ခ်ိန္ကာမွ ဒီလက္သည္ ေသြးမစြန္းဘဲ ေနနိုင္ေလမည္ မသိ။
++++
လူသတ္ရတဲ့ ခံစားခ်က္နဲ႕ အေဖ ျဖစ္ရတဲ့ ခံစားခ်က္ ဘယ္ဟာ ပို ခံစားလို႔ ေကာင္းလဲ။
ႏွစ္ခုလုံး ေကာင္းပါတယ္။ပထမ တစ္ခုက စိတ္လႈပ္ရွားၿပီး ေသြးေၾကာထဲထိ စိမ့္ကနဲ အားအင္ျပည့္ဝသြားသလိုဆို အေဖ ျဖစ္ရတဲ့ ခံစားခ်က္က ဆင္ႏွာေခါင္းထဲ ႂကြက္ဝင္သလို၊မာန္ဟိန္းေနတဲ့ က်ားပါးစပ္ထဲ ပု႐ြတ္ဆိတ္ကိုက္သလို ယားက်ိက်ိပဲ။
ေကာင္းပါတယ္။
ဒါေပမယ့္ ကိုယ့္ သားက ဗိုက္ေပၚ တက္ခုန္ေနရင္ေတာ့ မေကာင္းဘူးေပါ့။
"ကိုးႏြယ္! ဖယ္"
ကိုးေနာင္ မ်က္လုံးပြင့္လာေသာ အခါ ကိုးႏြယ္က ဗိုက္ေပၚ တက္ထိုင္ေနရာမွ ထ လိုက္သည္။
နံနက္ခင္း ေနက စူးရွရွႏွင့္ အခန္းထဲကို ေဖာက္ဝင္ေနသည္။နံေဘးတြင္ ခမ္းေနာ့ဝ္က အိပ္ေနဆဲ။ေျခေထာက္တစ္ေခ်ာင္းက ကိုးေနာင္ေပါင္ေပၚ ခြထားကာ လက္က ကိုးေနာင္ ရင္ဘတ္ ေပၚ။ရိုးရိုးတင္ထားသည္ မဟုတ္၊အကၤ်ီ အတြင္းကို လက္လွ်ို တင္ထားျခင္း။
ကိုးႏြယ္က ခမ္းေနာ့ဝ္ အိပ္ေနတာ မႏွိုးေစလိုဟန္ႏွင့္ အသံတိတ္ဆိတ္ၿငိမ္စြာ သူ႕လက္ပတ္နာရီေသးေသးေလးကို ၫႊန္ျပ၏။အခ်ိန္ကား ၈နာရီ ထိုးေတာ့မည္။
ဒီ ေကာင္ေလး မတရားေပ။သူ႕က် ဗိုက္ေပၚ တက္ခုန္ေနၿပီးေတာ့။
ကိုးေနာင္ အိပ္ရာထ ေနာက္က် သြားသည္။ပုံမွန္တိုင္းဆို အၿမဲတမ္း ၆နာရီ ထတတ္သည္။သို႔ေသာ္ မေန႕က ၅နာရီမွ အိပ္တာမို႔။တစ္ခ်က္ သန္းေဝလိုက္ကာ ထထိုင္လိုက္ၿပီး အေၾကာဆန႔္လိုက္သည္။
သူ လုပ္သမွ်ကို ကိုးႏြယ္က မ်က္လုံးေပကလပ္ ေပကလပ္ႏွင့္ လိုက္ၾကည့္ေနသည္။သူ ျပန္ၾကည့္ေတာ့ မ်က္လုံးခ်င္း မဆုံလိုဟန္ ပတ္ကနဲ မ်က္ဆန္ လႊဲသြား၏။
ကိုးေနာင္က ေဘးက ကပိုကရို အိပ္ေနေသာ ခမ္းေနာ့ဝ္ ကို တစ္ခ်က္ၾကည့္လိုက္သည္။နဂိုေဖာင္းသည့္ ပါးေလးမ်ားက အိပ္ ေစာင္းေနေသာအခါ ပိုေဖာင္းဟန္ ရွိသည္။
ခ်စ္စရာေကာင္းလိုက္တာ။
ကိုးေနာင္က ခမ္းေနာ့ဝ္ကို အုပ္မိုးကာ ခမ္းေနာ့ဝ္ ပါးကို အုပ္နမ္း၏။
တစ္ေယာက္ေယာက္စိုက္ၾကည့္ေနသလို ခံစားရ၍ လွည့္ၾကည့္ေသာအခါ ကိုးႏြယ္က မ်က္ႏွာေသႏွင့္ ႏွာေခါင္းရႈံ႕လ်က္ သူ႕အား ၾကည့္ေန၏။
"သား ဘာမွ မစားရေသးဘူးေနာ္"
"ေကြၽးမွာပါ မင္း လည္း အငတ္မထားပါဘူး"
ကိုးေနာင္သည္ ကိုးႏြယ္၏ အျဖဴအစိမ္းဝတ္စုံ အျပည့္အစုံ ဝတ္ထားေသာ္လည္း တစ္စစီ ပုံပန္းမက်သည္ကို သတိထားမိသြားရာ အကၤ်ီကို ျပန္ျပင္ေပးဖို႔ လက္လွမ္းလိုက္ပါေသာ္လည္း လက္သည္ ကိုးႏြယ္ေပါက္စ၏ ျဖတ္ရိုက္ ပုတ္ထုတ္ျခင္းကို ခံလိုက္ရ၏။
"သားရဲ႕ ကိုယ္ေရး ကိုယ္တာ ကို ဝင္မပါပါနဲ႕. . . နိုး. . သားက ကိုယ္ ေျခေထာက္ကိုေပၚ ရပ္တည္ဖို႔ ႀကိဳးစားေနတာ"
ကိုးေနာင္မွာ ေစာေစာစီးစီး ေခါင္းကိုက္သြားသည္။ဒါ ဘယ္ၿဂိဳဟ္က ၿဂိဳဟ္သားႀကီးတုံး။
"ႀကိဳက္သလိုသာ လုပ္ေတာ့ မေျပာေတာ့ဘူး ႀကိဳက္သလိုလုပ္"
ကိုးႏြယ္က သူ႕ ေဘာင္းဘီအိတ္ကပ္ ေသးေသးထဲထိုးထည့္ထားေသာ ခြင့္စာ ထုတ္လိုက္သည္။
"နန္းႏြယ္က ေက်ာင္းမသြားဘူးလား ဘာလို႔လဲ ဖ်ားေနတာလား"
"နိုး မႀကီး က ေက်ာင္း သြားရမွာ စိတ္မပါလို႔တဲ့ ခြင့္စာမွာ လက္မွတ္ထိုးေပးပါတဲ့"
စြံ႕အသြားရသည္မွာ ဒီ အေဖသာ ျဖစ္၏။
"ဪ"
"သားက ေတာ့ အိမ္မွာေနရမွာ ပ်င္းလို႔ ေက်ာင္းသြားမွာ"
"ဘယ္မွာတုံး မင့္ အမ ပညာတတ္ႀကီး"
"အိပ္ရာထဲမွာေလ လာ မဆူနဲ႕တဲ့ သူ အခု စိတ္ပင္ပန္းေနလို႔ တဲ့ "
"ငါ့ သားနဲ႕သမီး ေတာ့ ပညာတတ္ႀကီး ေတြ ျဖစ္မွာ ေတာင္စိုးရတယ္"
ကိုးေနာင္ အိမ္ေအာက္ထပ္အေရာက္ မီးဖိုထဲ ဝင္ကာ ovaltine ေဖ်ာ္ရန္ျပင္လိုက္စဥ္ ခုံေပၚတြင္ က်က်နနထိုင္ေနေသာ ကိုးႏြယ္မွ
"အနီႀကိဳက္ဘူး အျဖဴ"
ကိုးေနာင္က ဟူးခနဲ ေလပူေတြ မႈတ္ထုတ္လိုက္ကာ အျဖဴကိုသာ ထည့္လိုက္၏။ဓာတ္ဘူးထဲက ေရႏြေးကို ထည့္ရန္ျပင္စဥ္ အသံပိစိနဲ႕ သတိေပးစာ ထပ္ေရာက္လာျပန္သည္။
"ေရႏြေးကို ဓာတ္ဘူးထဲက ထည့္နဲ႕ေနာ္ အသစ္ ျပန္တည္ေပး "
ေမြး မိတဲ့ ငါကိုက မွားတာပါ။ကိုးေနာင္က ေရႏြေး အသစ္ ျပန္တည္လိုက္သည္။
မီးကင္ထားေသာ ေပါင္မုန႔္ကို ေထာပတ္သုတ္ေပးေနစဥ္လည္း
"သား က ေထာပတ္မ်ားႀကီး ႀကိဳက္ဘူးေနာ္"
ကိုးေနာင္ရဲ႕ သည္းခံနိုင္မႈကို ဒီကေလး လာစမ္းေနပုံ။
ပိုက္ဆံအိတ္ထဲက 1ေထာင္တန္ ကို ထုတ္ကာ ကိုးႏြယ္ ထံကမ္းလိုက္ၿပီး
"ေရာ့ မုန႔္ေဈတန္းမွာပဲ ဝယ္စားလိုက္ေတာ့ စိတ္ႀကိဳက္စား . . .ၿပီးေတာ့ ေန႕လယ္စာ ပါ ဝယ္စားလိုက္ ခုခ်ိန္ မွ ထမင္း အိုး တည္ရင္လည္း မင္း ေက်ာင္းခ်ိန္မမွီေတာ့ဘူး"
"1ေထာင္တည္း"
"ဘာလို႔လဲ မ်ားေနလို႔လား 5ရာပဲ ယူ"
ကိုးႏြယ္ က 1ေထာင္ကို ဘတ္ကနဲ ယူကာ က်စ္ကနဲ ဆုတ္ထားလိုက္သည္။
"နံနက္စာေရာ ေန႕လယ္စာေရာ 1ေထာင္တည္းနဲ႕ ေလာက္ဘူးေလ"
"ငါ့တုံးက ဆိုရင္ တစ္ရာတည္းနဲ႕ တစ္ပတ္လုံး ေလာက္ေအာင္ သုံးခဲ့ရတာ"
ကိုးႏြယ္က မ်က္ေမွာင္ေသးေသးကုတ္ကာ ႏႈတ္ခမ္းစူထြက္လာသည္။
"အာ့တာ ေဖႀကီးတို႔ ေခတ္ကေလ သားတို႔ ေခတ္မွာ 1ေထာင္နဲ႕ ခ်ိဳခ်ဥ္ေတာင္ စားရဘူး ကုန္ေဈးႏႈန္းေတြ တက္ေနၿပီ"
ကိုးေနာင္က ကိုးႏြယ္ ေခါင္းကို မနာေအာင္ ပုတ္လိုက္ၿပီး
"လွ်ာမရွည္နဲ႕ 1ေထာင္ ထပ္ေပးမယ္ နားကိုညီးတယ္ ငါ အမုန္းဆုံး ကေလးေတြကေလ မင္းလိုမ်ိဳး ဆရာႀကီးstyleနဲ႕ ကေလးေတြပဲ ၾကည့္လို႔ကို မရဘူး"
"ၾကည့္နဲ႕"
"မၾကည့္ပါဘူး"
ကိုးႏြယ္က ေပါင္မုန႔္ကို ေထာပတ္ သူ႕ ဘာသာသူ သုတ္ကာ ညင္သာစြာ စားလိုက္၏။
"မုန႔္ေဈတန္းက သန႔္ဘူး . . . ေန႕လည္ ထမင္းခ်က္ၿပီး လာပို႔ "
"ခဏက 1ေထာင္ ျပန္ေပး"
"ေပးၿပီးသား ပစၥည္း ျပန္ေတာင္းရင္ မ်က္စိစြန္တတ္တယ္"
"စြန္ စြန္"
"မ . ေပး . ဘူး. . သြားၿပီ ခဏေန အငယ္လာေခၚေတာ့မွာ ေတာ့တာ "
ကိုးႏြယ္က ကိုးေနာင္ လက္ကို ဖြဖြ ပုတ္ကာ "စိတ္ေလွ်ာ့ စိတ္ေလွ်ာ့ " ဟု က ေျပာသြားေသး၏။ထိုမွ်မက "ည ဘက္ေတြ ေနာက္က်တဲ့ထိ ေနနဲ႕ ေဖႀကီး ဖ်ားလိမ့္မယ္" ဟု က မွာတမ္းေႁခြေသး၏။
"အင္း"
"လိမၼာတယ္ ေတာ္တယ္ သား စကားနားေထာင္ အက်ိဳးမယုတ္ဘူး"
အက်ိဳးမယုတ္ဘူး တဲ့။ဒီစကား ဘယ္သူထဲက တတ္လာသည္မသိ။
ကိုးႏြယ္ ကို သူ႕ သား အျဖစ္သာ ေမြးခဲ့တာ သိပ္ ကံေကာင္းသည္။အကယ္၍ ကိုးႏြယ္သာ ကိုးေနာင္ အေဖျဖစ္ ေမြးလာခဲ့ရင္ ေနာင္ဘုန္းသိုက္ထက္ေတာင္ ကိုးေနာင္ကို ဆရာ လုပ္ေလာက္မည္။
++++
ခမ္းေနာ့ဝ္ အိပ္ရာက ထလာေသာအခါ နံနက္ 11။
သို႔ေသာ္ လူက မလန္း၊ဆက္ အိပ္ခ်င္ေနဆဲ။ဆက္အိပ္ ရမွာ ပ်င္း၍သာ ထလာျခင္း ျဖစ္သည္။
မီးဖိုေခ်ာင္ထဲ ဝင္လာကာ လွန္ေလွာ ရွာေဖြၾကည့္ေတာ့ အပိုင္းပိုင္း လွီးျဖတ္ထားတဲ့ ဝက္သားတုံးေတြ ဟာ ကပိုကရို ဖရိုဖရဲ။အုပ္ေဆာင္းထဲတြင္ေတာ့ သူ႕ တြက္ေၾကာ္ထားပုံရေသာ သီးစုံ ၾကက္ဉေမႊ ထမင္းေၾကာ္ ေလး က စံျမန္းေနလ်က္။
ဧည့္ခန္းကို လွမ္းအၾကည့္ ကိုးေနာင္ ၏ ပုခုံးစြန္းကို ျမင္ရ၏။ကိုးေနာင္က အကၤ်ီျပာႏုႏု ပါးပါးေလးကို ဝတ္ထားၿပီး ေဘာင္းဘီက နက္ျပာေရာင္ ဝတ္ထားသည္။ကိုးေနာင္က ၿငိမ္သက္စြာ ထိုင္ေနခ်က္ကေတာ့ လုံးဝ မလႈပ္မရွက္။
ခမ္းေနာ့ဝ္ ရဲ႕ အိပ္ခ်င္မူးတူးစိတ္သည္ အလုံးစုံမျပယ္ေသးေပး။ယိုင္တိ ယိုင္တိုင္ ကိုးေနာင္ ဆီေလွ်ာက္သြားကာ ကိုးေနာင္ ေပါင္ေပၚ မ်က္ႏွာခ်င္းဆိုင္ တက္ထိုင္ေတာ့ ကိုးေနာင္ က မ်က္လုံးအနည္းငယ္ ျပဴးသြားသလိုပင္။
ကိုးေနာင္လည္တိုင္ကို စုပ္ကိုက္နမ္းကာ ရင္ခြင္ထဲ ေခါင္းေဝွ႕ေတာ့ ကိုးေနာင္က မတြန္းထုတ္စဖူး တြန္း၏။
"ခမ္းေနာ့ဝ္ . . ."
တိုးတိုးႀကိတ္ႀကိတ္ေခၚသံ အဆုံး ခမ္းေနာ့ဝ္ အျပဳအမူက ပိုကဲလာသည္။ကိုးေနာင္ ရင္အုပ္ကို သြားနဲ႕ ကိုက္ကာ လက္က ပြတ္ေနၿပီး
"နို႔တိုက္ "
ကိုးေနာင္က ခမ္းေနာ့ဝ္ ေခါင္းကို တြန္းကာ ေခါင္းရမ္းျပသည္။ခမ္းေနာ့ဝ္ မ်က္ေမွာင္ေသးေသးက်ဳတ္ကာ ကိုးေနာင္ ေပၚ ကေလး ဂ်ီက်သလို တြန႔္တြန႔္လူးျပသည္။
"နို႔တိုက္ နို႔တိုက္ နို႔တိုက္ လို႔ မင္းပဲ မေန႕ညက ေျပာေတာ့ နံနက္က် တိုက္မယ္ဆို နို႔တိုက္ နို႔တိုက္"
"ခမ္းေနာ့ဝ္ ေရ"
"ဘာလဲ"
ခမ္းေနာ့ဝ္လက္က ကိုးေနာင္ အကၤ်ီေအာက္ေတာင္ ေရာက္ေနၿပီ ျဖစ္သည္။
ကိုးေနာင္က ခမ္းေနာ့ဝ္ကို တြန္းလႊတ္၏။ကိုးေနာင္ မ်က္ႏွာက စေတာ္ဘယ္ရီလို ရဲမွည့္ေနေလၿပီ။ဘယ္ႏွယ့္ ဒီေယာက္်ား ဘယ္ခ်ိန္ကတည္းက အဲ့သေလာက္ အရွည္သည္းတဲ့ အပ်ိဳေလး လို ျဖစ္သြားတာတုံး။
"အဟမ္း အဟမ္း!!!"
ခမ္းေနာ့ဝ္ ေၾကာင္သြားသည္။ဒါ ဘယ္က ေခ်ာင္းဟန႔္သံႀကီး တုံး။
ေနာက္သို႔ ျဖည္းညင္းစြာ လွည့္ၾကည့္လိုက္ေသာအခါ ခမ္းေနာ့ဝ္ အေပၚ ေမးရိုး ႏွင့္ ေအာက္ေမးရိုးဆက္သြယ္မႈဧရိယာ ျပင္ပ ေရာက္သည္ထိ အေမးေတြ ဇင္း ျဖစ္ကုန္သည္။
အား အား !! ေနာင္ဘုန္းသိုက္ႀကီးဟ။
______________________________
1.11am
4.1.2024(Wed)
5668
Mary_koe