Boss & Me [Os]
By I-am-K
1.1K 114 26
သင်္ကြန် လက်ဆောင် Os လေးပါ 👉👈❣️💚 #K #14-4-24{Sun} #05:10PM More
Boss and Me [ Unicode ]
Boss and Me [Zawgyi]
488 21 0
By I-am-K
_
---Boss and Me ---
.
.
.
" သတင်းကောင်း..!!!! သတင်းကောင်းရှိတယ်ဗျို့..!! "
ရုံးခန်းထဲမှာ ပျော်ရွှင်မြူးတူးစွာထွက်လာတဲ့အတွင်းရေးမှူးလေးကြောင့် အကုန်လုံးက စိတ်လှုပ်ရှားစွာဖြင့် လက်သီးများဆုပ်လျက် မျက်လုံးတောက်တောက်ကလေးဖြင့် ‌ပြောလာမဲ့စကားကို စောင့်မျှော်နေကြသည်။
အစာရှာထွက်တဲ့အမေကြီး ပြန်လာသည်ကို စောင့်နေသည့် သားပေါက်လေးတွေအလား...
" ဒီနှစ်သင်္ကြန်မှာ Bossက အကုန်လုံးကို ကမ်းခြေလိုက်ပို့မယ်တဲ့..!!!!!"
"Yeah..!!!!!"
" Yayyy...!!!! "
" ဒါပဲလေ..!!! လိုချင်တာ ဒါ ..!!! "
" Ooohh..!!!! Yeah..!! ဒါမျိုး မင်ဟန်တို့အကြိုက် "
အကုန်လုံးက လက်ခုပ်လက်ဝါးတီးကာ ပျော်ရွှင်နေကြသည်။
ရိပေါ်လည်း သူတို့နဲ့ထပ်တူပျော်ရွှင်မိပါသည်။
တစ်နှစ်ပါတ်လုံး အတူတူမနားမနေကြိုးစားခဲ့ကြခြင်း၊ အိမ်မှာနေရတာတောင် ရှားပြီး တချို့ဆို OTဆင်းရင်း အလုပ်မှာတင် မိုးလင်းခဲ့ရသူတွေချည်းပင်။
ရိပေါ်တို့ရဲ့ Companyက အချိုရည်ထုတ်လုပ်သည့် Companyဖြစ်ပြီး အသီးဖျော်ရည်အမျိုးမျိုးကို ပြည်တွင်းပြည်ပအထိ တင်ပို့သည်။
လိမ္မော်၊စပျစ်၊ပန်းသီး၊သစ်တော်၊နာနတ်၊ဖရဲ စသဖြင့် ပေါများသည့် အသီးများကို ဈေးကွက်အလိုက် ကြိုတင်မှာယူထားရသေးသည်။
အခု မက်မွန်သီးနဲ့ စတော်ဘယ်ရီသီး အရသာနှစ်မျိုးအတွက် ကြိုးပမ်းနေကြရတာ ဖြစ်ပြီး၊ ဒီတစ်ခါလဲ လူကြိုက်များဖို့ မျှော်လင့်ချက်တွေနဲ့ ကြိုးစားနေကြရခြင်း။
မက်မွန်သီးနဲ့ စတော်ဘယ်ရီကို တခြားနိုင်ငံကနေ မှာယူရမှာမို့ အကုန်လုံးက အမှားအယွင်းမရှိအောင် သတိထားနေရတယ်။
ထုတ်ကုန် အသစ်၏ ရလဒ်သည် ထင်ထားတာထက် ပိုမိုကောင်းမွန်တာမျိုး သူဌေးကလဲ အားရကျေနပ်သလို၊ ရှယ်ယာဝင်တွေကပါ သဘောတကျကျ၊ ဆုလာဘ်အနေနဲ့ သင်္ကြန်မှာ မုန့်ဖိုးအပြင် ကမ်းခြေပါ လိုက်ပို့သည်မို့ အကုန်လုံး မပျော်ဘဲ မနေကြတော့.။
သင်္ကြန်အကြိုရက်မတိုင်ခင် ၁ရက်အလိုမှာ စထွက်မှာဖြစ်ပြီး အကြို၊အကျ၊အကြတ်၊အတက်၊နှစ်ဆန်းတစ်ရက်အထိ နေခွင့်ရပြီး နောက် ၅ရက်ကိုတော့ အိမ်မှာ နားခွင့်လဲ ပေးထားသေးသည်မို့ ပင်ပန်းရကျိုးနပ်ပါသည်။
" ကဲ ကဲ အားလုံးပဲ Bossလဲ လိုက်မယ်လို့ သတင်းကြားတယ် .. အဲ့တော့ လွတ်လွတ်လပ်လပ်နေတာလဲ နေ Bossကိုလဲ သွားမရှုပ်ကြနဲ့၊ ဆိုတော့... ဒီနေ့ စောစောပြန်လွှတ်မယ် အားလုံး ထုတ်စရာရှိတာ ထုတ်ပြီး Companyကနေ ဒိုးကြမယ် "
" Okay...!!  ကဲ ညီလေးတို့ ညီမလေး‌တို့ရေ ဒါက ကိုယ်တို့ရဲ့ နောက်ဆုံးရက်နော် ကြိုးကြိုးစားစားလုပ်ကြမယ် "
" ဟုတ်ကဲ့ ဂျာကြီး "  × All
ရိပေါ်လဲ သတင်းကောင်းပြောပြီးပြီမို့ ကိုယ့်စားပွဲရှိရာသို့ လာခဲ့လိုက်သည်။
စစ်စရာရှိတာတွေ အကုန်စစ်ပြီး ရိပေါ်ရဲ့အထက်လူကြီးကို တင်ပြရဦးမည်။
ရိပေါ်ရဲ့ ဘဝအ‌ခြေအနေကတော့ သာမန်ပါပဲ..။
ချမ်းသာတာလဲ မဟုတ်၊ ဆင်းရဲတာလဲမဟုတ်။
အစ်ကိုရယ် အစ်မရယ် သူရယ် သုံးယောက်သာရှိပြီး မိဘတွေကတော့ ဆုံးပါးသွားပြီဖြစ်သည်။
လက်ရှိအစ်မက မလေးမှာ ဖြစ်ပြီး အစ်ကိုကတော့  ကိုရီးယားရောက်နေသည်။
သူကသာ.. ဒီနိုင်ငံမှာကြီးပြီး ဒီနိုင်ငံကနေ မစွန့်ခွာနိုင်ပါ..။
အစ်ကိုနဲ့ အစ်မဆီက ‌ထောက်ပံ့ငွေနဲ့ သူ့ကိုယ်ပိုင်ငွေရယ် ပေါင်းပြီး  သူငယ်ချင်းတစ်ယောက်နဲ့ ဖက်စပ်ကာ Shopping Mall တစ်ခု တည်ထောင်ထားတယ်။
နှစ်ယောက်တည်း စထားပေမဲ့ သူက အကျိုးအမြတ်ကိုသာယူပြီး သူ့သူငယ်ချင်းကိုတော့ အပိုင်ပေးထားလိုက်သည်။
60/40မို့ ရသင့်သလောက်တော့ရပါသည်။
စီးပွားရေးလုပ်ရသည်မှာ စိတ်ရှုပ်သည်မို့ အကုန်လွှဲထားခြင်း။
ဒီအလုပ်ကလဲ Bossရဲ့အတွင်းရေးမှူးဖြစ်သည်။
ဖိုင်တွေစီစစ်ရုံသာ ၊ အောက်ခြေအထိ ဆင်းစရာမလို၍ လုပ်နေခြင်း။
အလုပ်မလုပ်ဘဲ အစ်ကိုတွေအစ်မတွေ ထောက်ပံ့မှုနဲ့တင် သူ တစ်ဘဝစာ စားရုံ လုံလောက်ပါသည်။
" ရိပေါ်  အခြေအနေ ဘယ်လိုလဲ "
" အာ.. အဆင်ပြေပါတယ် Boss သူတို့ အားလုံး ပျော်နေကြပါတယ်  "
" အင်း အဆင်ပြေတာပဲ မနက်ဖြန် မင်းတို့က Companyက ထွက်လာကြ၊ ကိုယ်က အနောက်ကနေ လိုက်ခဲ့မယ် ၊ ကိုယ့်အသိရဲ့ Hotelတစ်ခုကို ရွေးထားတယ် မင်းတို့ အဆင်ပြေမှာပါ  "
" ဟုတ်ကဲ့ Boss.."
Boss နဲ့ တရင်းတနှီးရှိသူသည် ဒီအလုပ်မှာ လက်ချိုးရေတွက်‌ရင်တောင် ရသည်။
ဒါကြောင့် Bossနဲ့ တော်ရုံတန်ရုံ ဘယ်သူမှ စကားမပြောရဲကြပေ။
ရိပေါ်ကတော့ အနီးကပ်နေလာတာ ကြာပြီမို့ သိပ်တော့ အခက်အခဲမရှိ၊ စစချင်းတုန်းကဆို ရင်တွေတုန်ပြီး Boss ကတောင် ရေသောက်ခိုင်းရသည်အထိ။
မျက်နှာတည်တည်နေတက်တဲ့ Bossက ဘယ်သူနဲ့မှ အရောတဝင်မရှိလှ၊ လုပ်စရာရှိတာလုပ်ပြီး အေးဆေးနေတက်သည်။
Boss ကိုင်တွယ်သင့်သည့် အောက်ခြေက ပြဿနာအချို့ကို ဖြေရှင်းဖို့ မန်နေဂျာတစ်ယောက်ထားရှိပြီး  တော်တော်လေးအရေးကြီးမှသာ ရိပေါ်က တင်ပြပေးရသည်။
Boss လက်မှတ်ထိုးသင့်သည့် ဖိုင်တွေကို စီစစ်ရသည့် ရိပေါ်သည် တခါလေးမှ မမှားဖူးသည်မို့ အလုပ်အတွင်းရှိ မိုးလေဝသသည် အမြဲတည်ငြိမ်လျက်သာ..။
အမှားရှိလာခဲ့လျှင် ရိပေါ်က ထိုမန်နေဂျာနှင့်သာ စရင်းရှင်းပြီး Bossဆီရောက်လျှင် အကုန်လုံး ချောချောမွေ့မွေ့‌ပင်။
သင်္ကြန်အကြိုနေ့ ရေစိုမှာစိုးလို့ တစ်ရက်ကြိုလာဖြစ်ခဲ့တယ်။
ကားပေါ်မှာ သူ့မုန့်ငါစား ငါ့မုန့်သူစားနဲ့ သီချင်းဆိုသူက ဆို၊ ပျော်ပျော်ရွှင်ရွှင်ပင်။
ရိပေါ်ကတော့ ဘာမှမပြော ကြည့်၍သာ နေသည်။
Bossမပါသည်မို့ အကုန်လုံးက လွတ်လွတ်လပ်လပ်ပင်။
ဂျာကြီးက အကုန်လုံးကို ပျော်ပျော်နေခိုင်းပြီး လွတ်လပ် ခွင့်ပေး‌ထားသည်မို့ အကုန်လုံးက ကဲချင်တိုင်းကဲနေကြတော့သည်။
" ကဲကဲ အားလုံး ကမ်းခြေလဲ ရောက်ပြီဆိုတော့ ကိုယ့်အခန်းကိုယ် ယူထားကြ နှစ်ယောက် တစ်ခန်းနော် မန်နေဂျာနဲ့ ညှိထားတာမို့ အဆင်ပြေကြမှာပါ "
" ဒါနဲ့ တို့ရဲ့အတွင်းရေးမှူးလေးကရော  ဘယ်သူနဲ့ ကျလဲ အတွဲမရှိရင် တို့ဆီ လာနော် "
အမြဲစနောက်နေကျ လီလီက သူ့စတိုင်အတိုင်း စလာပြန်သည်။
ရိပေါ်ကတော့ ခေါင်းသာ ခါရမ်းမိသည်။
" ကျနော်က တစ်ယောက်တည်း တစ်ခန်းတည်းပါပဲခင်ဗျ တစ်ယောက်တည်း အဆင်ပြေတာမို့ အားနာစရာမလိုဘူးနော် "
" ဟွန့်  လူဆိုးလေး တို့လဲ ရတယ် လာချင်လာခဲ့နော်  ဟိဟိ "
မမမေရီကပါ ထဖောက်သည်မို့ အကုန်လုံးက ထရယ်တော့သည်။
ရိပေါ်ကတော့ ‌မျက်နှာကလေး နီရဲကာ ရှက်နေတော့သည်။
Bossဘေးနားမှာ အမြဲနေရပြီး အလုပ်ရှိလူများနဲ့ နည်းနည်းတော့ သိပါသည်။
အလုပ်က အစ်မတွေ အကုန် အိမ်ထောင်သည်တြွေဖစ်ပြီး ပြောရဲဆိုရဲတွေမို့ လူပျိုလေး ရိပေါ်ကို ခနခန စနှောက်တက်ကြသည်။
ထိုအခါ ရိပေါ်ရဲ့ မျက်နှာလေးက နီရဲနေပြီး ရုံးခန်းထဲ ပြေးဝင်လေ့ရှိ၏။
ဒါလေးကိုပဲ သဘောတကျကျ မမတွေက ခနခန စကြပြန်သည်။
အကုန်လုံးက မောင်နှမတွေမို့ ရိပေါ်က တားခြင်းဘာညာတော့မရှိပါ...။
အခန်းကဒ်ထုတ်နေတုန်း ရိပေါ် ရနေကျ မွှေးရနံ့ကြောင့် Bossမှန်း တန်းသိလိုက်သည်။
" ရိပေါ်  မင်းက ကိုယ်နဲ့ တစ်ခန်းတည်း.."
" ဗျ..ဗျာ Bossနဲ့..??? ဘယ်.. ဘယ်လို.."
" အင်း ဟုတ်တယ် ကိုယ့်သူငယ်ချင်းက ဒီအခန်းတောင် မနည်းချန်ထားရတာတဲ့..  တခြားသူတွေနဲ့ မင်းအိပ်ရင် အဆင်မပြေမှာစိုးလို့ ဘာမှမပြောတော့တာ.."
Bossက တခြားသူတွေအတွက်တာ စီစဉ်ခိုင်းထားပြီး သူနဲ့ရိပေါ်အတွက်တော့ သူစီစဉ်လိုက်မည်ဟု ပြောထားသည်မို့ ရိပေါ်ကတော့ ကိုယ်ပိုင် တစ်ခန်းရမယ်ထင်ထားတာဖြစ်သည်။
အခုတော့.. Bossနဲ့ တခန်းတည်း အတူတူနေရမည်မို့ ရိပေါ်ကတော့ မျက်နှာငယ်လေးဖြင့်..။
" ကိုယ်တောင် အဆင်ပြေတာကို  မင်းက အဆင်မပြေလို့လား ??"
မျက်မှောင်ကျုံ့ကာ မေးလာသည့် Boss ကြောင့် ရိပေါ် ခေါင်းခါပြလိုက်သည်။
" မဟုတ်..မဟုတ်ပါဘူး ရပါတယ် အဆင်ပြေပါတယ် "
" ကောင်းပြီ Special roomမို့ အကျယ်ကြီးပါ သိပ်လဲ မကျဉ်းကြပ်လောက်ပါဘူး သွားကြမယ်"
" ဗျာ.. ဟုတ် ဟုတ် "
ခရီးဆောင်အိတ်ကို အနောက်က ယူလာပေးသည်မို့ ရိပေါ်ကတော့ Bossနောက်က ကုပ်ကုပ်ကလေး လိုက်သွားရသည်။
ဘယ်လောက်ပဲ ရင်းနှီးတယ်ပြောပြော ဒါကြီးက မဟုတ်သေးပါဘူး..
အခန်းထဲဝင်တော့ သင်္ကြန်ပရိုမိုးရှင်းမို့ အတွဲတွေအတွက် အခန်းဖြစ်သည်။
ပြင်ဆင်ထားသည်မှာ Honeymoon roomလိုမျိုးမို့ ရိပေါ် မျက်နှာက ရဲကနဲ...။ 
အခန်းတံခါးဖွင့်၍ အထဲဝင်ဝင်ချင်း အပြင်အဆင်များကြောင့် ရိပေါ် ကြောင်အနေမိသည်။
မတ်တက်ရပ်ပြီး ကျောက်ရုပ်လိုရပ်နေတဲ့အတွင်းရေးမှူးကြောင့် သူကိုယ်တိုင် တံခါးပြန်ပိတ်ရန် အနားသို့ တိုးလိုက်သည့်အခါ အတွင်းရေးမှူးလေးက အလန့်တကြားတွန်းလွှတ်လိုက်သည်မို့ သူ အနောက်သို့ အနည်းငယ်ယိုင်သွားရသည်။
" ဝမ်ရိပေါ်..??? "
" Bo.. Boss ဘာလုပ်မလို့လဲ.. ကျနော်.. ကျနော်.."
" ကိုယ်က  မင်းတံခါးမပိတ်လို့ ကိုယ်ပိတ်မလို့လေ ဘာလို့ တွန်းတာလဲ.."
" အာ.. ဟုတ် ဟုတ် ကျနော် ပိတ်လိုက်ပါ့မယ် တောင်းပန်ပါတယ်.. Boss.. ဟို.. သန့်စင်ခန်း သန့်စင်ခန်းထဲ ဝင်လိုက်ဦးမယ်နော်.."
တံခါးကို အမြန်ပိတ်လိုက်ပြီး Bossကို မျက်နှာပူသည်မို့ သန့်စင်ခန်းကို ရှာရသည်။
ဘယ်လိုတောင်လဲ ဝမ်‌ရိပေါ်ရေ..
မင်း ဘယ်လိုဖြစ်ပြီး Bossကို သွားတွန်းရတာလဲကွာ..!!!
မျက်နှာသစ်၍ နီရဲနေတဲ့ သူ့မျက်နှာကို အတင်းရေနဲ့ဆေးချရသည်။
တကယ့်ကို ရှက်စရာကောင်းလိုက်တာ..
.
.
.
အူကြောင်ကြောင်အတွင်းရေးမှူးလေးကြောင့် သူ အနည်းငယ် ပြုံးမိသွားသည်။
ကောင်လေးရှက်မည်စိုး၍ ခနလေး ရှောင်ထွက်လာခဲ့သည်။
သူ့သူငယ်ချင်းနဲ့လဲ မတွေ့ရတာကြာပြီမို့ နှုတ်ဆက်စကားပြောဦးမှပါလေ...။ 
____
သင်္ကြန်အကြိုနေ့...!!
မဏ္ဍပ်ကိုယ်ဆီ ထိုးထားကြတာလဲ ရှိသလို ရေပတ်ခံကြသည့် သူများလဲရှိသည်။
မုန့်လုံးရေပေါ်လုပ်ရန် Hotelဘက်က စီစဉ်ပေးတာလဲရှိပြီး၊ မှာယူရင်လဲ ရပါသည်။
လူကုံထံအသိုင်းအဝိုင်းတွေချည်းသာမို့ အကုန်လုံးက သန့်သန့်ပြန့်ပြန့်တွေချည်းသာ..။
Djတွေဖွင့် ကကြသည့်အဖွဲ့က သပ်သပ်ရှိပြီး ရေပတ်သည့်အဖွဲ့က သပ်သပ်ဖြစ်သည်။
ရိ‌ပေါ်တို့ အလုပ်က လူတွေကတော့ မဏ္ဍပ်သပ်သပ်လုပ်ထားတာဖြစ်ပြီး မုန့်လုံးရေပေါ်ကို ကိုယ့်ဖာသာ လုပ်စားကြသည်။
" ဂျာကြီး ရေက ဆူပြီလား ဒီမှာ စူးတို့ လီရာတို့က ပြီးပြီနော် "
" အေးပါ ဒီမှာ ဆူနေပါပြီ မင်းတို့သာ နိုင်အောင် လုံးထားကြ "
"  အစ်ကိုမင်ဟန်တို့က အုန်းသီးခြစ်လေ  ဘယ်တွေလျှောက်ငေးနေတာလဲ "
မေရီက အော်တော့ မင်ဟန်တို့အုပ်စုက ကောင်မလေးတွေကို ငမ်းနေရာမှ လှည့်ကြည့်လာသည်။
" အင်းပါ..!  ဒီမှာ ခြစ်နေတာပဲကို "
ရိပေါ်ကတော့ မုန့်အနှစ်တွေကိုနယ်ပေးသူဖြစ်သည်။
တကိုယ်လုံးဂျုံမှုန့်တွေကြောင့်ဖွေးနေကြပြီး စားကြသည်က နည်းနည်း စနောက်နေကြသည်က များသည်။
Bossကတော့ ခပ်ဝေးဝေးမှာ ထိုင်ပြီး ကြည့်နေရုံသာ..။
Boss ကို လူရှိန်သည်မို့ တစ်ယောက်တည်းနေလဲ ဘယ်သူမှ ရေမလောင်းရဲကြပေ..။
အေးအေးဆေးဆေးသာဖြစ်သည်။
ရိပေါ်တို့ကတော့ အချင်းချင်း စတိလောက်တော့ ပတ်ပြီးကြပြီဖြစ်သည်။
တအားစိုရွဲအောင်တော့ မပက်ကြပေ.. ။
မုန့်လုပ်ဘာညာနဲ့ အအေးပတ်မည်စိုး၍ဖြစ်သည်။
ထုံးစံအတိုင်း ငရုပ်သီးကိုတော့ မထည့်မဖြစ် ထည့်ထားပြီး သပ်သပ်ဖယ်ထားလိုက်သည်။
ပြီးမှ အားလုံးဝိုင်းစားမည်မို့ ရောထည့်လိုက်မှာဖြစ်သည်။
" ကဲ ကဲ ရပြီ လာစားလို့ရပါပြီ.."
ပန်းကန်အကြီးကြီးထဲ ထည့်ကာ အုန်းသီးအဖွေးသားဖြင့် ခရင်းများတက်ထားသည်။
တစ်ယောက်တစ်ဇွန်းဖြင့် ဝိုင်းစားလိုက်ကြသည်မှာ ဘယ်သူမှ ငရုပ်သီးမမိသည်မို့ အကုန်လုံးက ထူးဆန်းနေမိသည်။
Bossအတွက် ဖယ်ထားတဲ့ပန်းကန်နဲ့ ငရုပ်သီးပါသည့် ပန်းကန်သည် ပုံစံအတူတူပဲမို့ မှားသွားတာများလား..?????!!!
" ဂျာကြီး..??!!! ဧကန္တ Boss.. Bossအတွက် ဖယ်ထားတဲ့ပန်းကန်က..??? "
" ဟင်.!!! "
ထိုမှသာ အကုန်လုံးက ဟင်ကနဲ ဟာကနဲဖြင့် ..
" ဘယ်လိုလုပ်ကြမလဲ... "
"  ရိပေါ် ဘယ်လိုလုပ်ကြမလဲ  Bossက ခနလေးတင် ပန်းကန်ယူပြီး အခန်းထဲ သွားတာဆိုတော့ စားနေလောက်ပြီ.."
" ဘာ..ဘာလုပ်ရမှာလဲ တားရမှာပေါ့..!!"
ရိပေါ် အမြန်ထကာ ပြေးကာလိုက်ရသည်။
Boss က နဂိုကတည်းက ခြေလှမ်းမြန်သူမို့ အခန်းထဲတောင် ရောက်နေမလားပဲ.. ။ 
အခန်းတံခါးခေါက်မနေတော့ဘဲ ဒုန်းကနဲ ဆွဲဖွင့်လိုက်သည့်အခါ အကျီချွတ်နေတဲ့ Boss..။
ကြည့်ရတာ သူခုနတွေ့ခဲ့တဲ့ ကလေးလေးတွေ ရေပတ်လိုက်တာထင်သည်။
လူကြီးတွေရှိန်ပေမဲ့ ကလေးတွေကတော့ ကလေးအတွေးမို့ လူတွေ့ရင်  ရေပတ်မှာ အသေအချာပင်။
မုန့်လုံးရေပေါ် ပန်းကန်ကို ရှာလိုက်သည့်အခါ စားပွဲပေါ်မှာ တင်ထားလျက်သားဖြစ်သည်။
" ဝမ်ရိပေါ်.. "
" ဟို.. Boss.. ပန်းကန်လေး ပြန်ပေးပါလား "
" ကိုယ် စားတောင်မစားရသေးဘူး "
" ဟူးး.. တော်သေးတာပေါ့..  မစားပါနဲ့နော် အဲ့ဒါက မကောင်းဘူး အသစ်လာပေးပါ့မယ် "
" ဘာဖြစ်လို့လဲ.. ကိုယ်ကြည့်တာ ဒါက ကောင်းပါတယ်.." 
အကျီချွတ်ထားလျက်သားဖြင့် ပန်းကန်ကို ကိုင်ကာ တစ်ခု ယူစားလိုက်သည်မို့  ရိပေါ် အလန့်တကြားဖြင့်...။
" Boss. မဝါးနဲ့..!!! ထွေးထုတ်လိုက်..!! "
" အမ်.. ဘာလို့လဲ.."
" အထဲမှာ ငရုပ်သီးတွေပါတယ် ပန်းကန်မှားသွားတာ Bossရဲ့..!! "
" အာ... .."
မဝါးနဲ့ပြောတာတောင် ဝါးစားလိုက်သည်မို့ ရိပေါ် အလျင်အမြန် ရေယူလိုက်ရသည်။
တအားပူစပ်နေမှာပဲမို့
"  Boss ရေသောက်လိုက်နော် "
ရေသန့်ဘူးကို ဖွင့်နေတာ မပွင့်တော့ပေ..။
Bossကို ရေခွက်ကိုင်ခိုင်းထားရုံသာ။
" ဪ ငါ့နှယ့် ဖွင့်လို့ကို မရဘူး.."
Bossက ရေခွက်ကို ချလိုက်ပြီး ဖွင့်နေတဲ့ ရေဘူးကို ဆွဲယူလိုက်သည်။
Bossတအားစပ်နေသည့်ပုံမို့ ရိပေါ်လဲ အားနာလှသည်။
ရေဘူးက ဖွင့်မရသည်က တစ်ကြောင်း စိတ်တိုလာသည်။
" ရိပေါ်.."
" ဗျာ... "
" ကိုယ်ထင်တာ စပ်မစပ်ဆိုတာ မင်းလဲ စားကြည့်သင့်တယ် "
" ဗျ .. ဗျာ..  "
" ဒီလိုလေ.."
Bossက နောက်တစ်လုံးကို ထပ်စားလိုက်ပြီး သူ့ကို လက်က ဆောင့်ဆွဲလိုက်သည်။
ရုတ်တရက်မို့ Bossရင်ဘက်နဲ့ သူ့ခေါင်းက ပြေးစောင့်သွား၏။
အလန့်တကြားမော့ကြည့်မိတော့..
တေ့ဆိုင်သွားတဲ့နှုတ်ခမ်းလွှာနှစ်ခု..။
ပါးစပ်ထဲဝင်လာတဲ့ မုန့်လုံးရေပေါ်ကို ဝါးတောင်မစားမိ အလုံးလိုက်မျိုချမိလိုက်သည်။
Bossရဲ့ ရင်ဘက်ကို တွန်းထားရင်း ထစ်ထစ်ငေါ့ငေါ့ဖြင့်..
" ဟို.. Boss.. ခပ်စားလို့လဲ ရ.."
" ကိုယ်က ကိုယ့်စားမိတဲ့မုန့်က စပ်မစပ်သိစေချင်ရုံပါ .."
Boss က သူလုပ်တာ မှန်တယ်ဆိုတဲ့ သဘောနှင့် ခပ်ပြုံးပြုံးဆိုလာသည်။
ရိပေါ်ကတော့ အူကြောင်ကြောင်ဖြင့်  အခုထိ ရင်ခွင်ထဲက မထွက်‌ရသေးပါ..။
" ကြည့်ရတာ မင်းမစားမိလိုက်ဘူးထင်တယ်.. ‌ဒါဖြင့် နောက်တစ်ခုပေါ့.."
ထပ်မံစားလိုက်ပြီး သူ့ကို ခွံကျွေးလာပြန်သည့် Boss...။
နှစ်ကြိမ်နှစ်ခါတိုင်တိုင် ထိကပ်လာတဲ့ နှုတ်ခမ်းပါးတစ်စုံက သိပ်နူးညံ့လွန်းတယ်..။
Boss က တမင်လုပ်နေတာများလား..
မသိဘဲ လုပ်နေတာတော့ မဖြစ်နိုင်..။
ကြောင်ကြောင်အအနဲ့ပင် ဝါးစားမိတော့ အစပ်အရသာအစား ထျန်းလျက်အရသာ ခပ်ချိုချိုကိုသာ ရလိုက်သည်။
ဆိုတော့... သူ အလိမ်ခံလိုက်ရတာပေါ့..!!!!
အကုန်လုံးက ပေါင်းလိမ်လိုက်ခြင်းပင်။
Bossက ခပ်ပြုံးပြုံးပင်၊ သူ့ကို လွှတ်ပေးလိုက်သည်။
ရိပေါ်ကတော့ ငိုမဲ့မဲ့..။
မကောင်းတဲ့သူတွေ..!! Bossလဲ မကောင်းဘူး..
မဟုတ်ဘူးပြောရင် ရတာကို မကောင်းတဲ့Boss .
အစုတ်ပလုတ်Boss...!!!
ဂျာကြီးတို့အုပ်စုကတော့ ရိပေါ်ထွက်သွားကာမှ စားထားသမျှ ပြန်ထွေးသူက ထုတ်ဖြင့် ရေတွေအတင်းသောက်ရင်း ရယ်နေကြတော့သည်။
ထပ်ပြီး ဝမ်ရိပေါ်လေး လီလီရဲ့လှည့်ကွက်ထဲ မိသွားပြန်ပြီဖြစ်သည်။
နောက်ဆုံး ရလဒ်အနေနဲ့  ‌ဝမ်ရိပေါ်ကလေးကတော့ နှစ်ခါတိတိ Boss ရဲ့ နမ်းခြင်းမမည်တဲ့ နမ်းခြင်းကို ခံလိုက်ရပါသည်။
.
.
.
အကြို၊အကျ၊အကြတ်နေ့အထိ သင်္ကြန်မုန့်အမျိုးမျိုးလုပ်စားဖြစ်ကြသည်..။
ညဆို Partyအမျိုးမျိုးလုပ်ကြပြီး ဖိတ်ကြားသည့်ပွဲ‌ တွေပါ တက်ရသည်။ အုပ်စုလိုက်ကြီး ပတ်ကဲကြသေးသည်။
အကြတ်နေ့ညက Bossနဲ့အတူ ပွဲတစ်ခုတက်ရသည်။
လုပ်ငန်းတူ ပါတနာတစ်ယောက်ရဲ့စေ့စပ်ပွဲမို့ အဖော်လိုသည်။
ရှုပ်ရှုပ်ယှက်ယှက်မကြိုက်သည့် Bossက ရိပေါ်ကိုသာ အဖော်ခေါ်၏။
သိပ်ပြီးထူးဆန်းမနေပါ..၊
လုပ်ငန်းတူတွေမို့ အနည်းငယ်သောက်ရတာမျိုးရှိ၏..။
ရိပေါ်ကတော့ အနားမှာ နေရင်း Bossအခြေအနေကိုသာ အရိပ်တကြည့်ကြည့်၊ တစ်ခုခုဖြစ်ရင် ခေါင်းခံရမှာ ရိပေါ်သာ..။
တော်တော်လေး သောက်လိုက်ရသည်မို့ Bossရဲ့ခြေလှမ်းတွေက သိပ်မမှန်ပေ..။
" Boss ရရဲ့လား ကျနော်တွဲ‌ပေးရမလား .."
မငြင်းသည့် Bossက အတော်လေး မူးနေပုံပင်..။
ရိပေါ်လဲ မနိုင်တနိုင်တွဲပြီး ခေါ်လာရသည်။
Bossက သိပ်မသောက်နိုင်ဘူး..
ဒါကြောင့် သူ့ကို ခေါ်တာနေမယ်.. မိန်းကလေးသာဆို အခွင့်ကောင်းယူပြီး Bossရဲ့ဇနီးနေရာ ယူလိုက်ရောပေါ့..။
‌ဘော့စ်မှာ ငါလေး ရှိတာ ကံကောင်းတယ်မှတ်..။
အခန်းထဲ ဝင်ပြီး ဘော့စ်ရဲ့ ကိုယ်အလေးကြီးကို မွေ့ယာပေါ် ဘုန်းကနဲ ပစ်ချလိုက်သည်။
ဟိုကထွက်ကတည်းက ထိန်းထားရသည်မို့ တော်တော်လေး လေးပါသည်။
" အင့်..!! အမေ့ "
ချက်ချင်း Boss ရဲ့ရင်ခွင်အောက်ရောက်သွားသည့် ရိပေါ်။
Boss မျက်လုံးတွေက အနည်းငယ်နီနေပြီး ရီဝေဝေ။
ရိပေါ်ရဲ့ မူပိုင်အတိုင်း ရင်ဘက်ကို အတင်းတွန်းထား၏..။
" ရိပေါ် မင်းက ချစ်ဖို့ကောင်းတယ်.."
" ဗျ..ဗျာ.. "
Alcohol အနံ့ရယ် Boss ရဲ့ ရေမွေးအနံ့တွေကြောင့် ရိပေါ်ပင် နည်းနည်းရီရီဝေဝေဖြင့် မူးလာသယောင်.။
ထို့နောက် လည်တိုင်ပေါ်ကျရောက်လာတဲ့ Bossရဲ့နှုတ်ခမ်းပါး..။
အစပိုင်းမှာ နှုတ်ခမ်းပါးနှင့် ပွတ်တိုင်လိုက်..၊ နှာတံချွန်ချွန်ဖြင့် တိုးဝေ့နမ်းနေပေမဲ့  ငြိမ်ကျသွားသည့် Bossကြောင့် အိပ်ပျော်သွားပုံပင်..။
အပေါ်က အဖိခံထားရသည်မို့ လေးလံလွန်းတဲ့ ခန္ဓာကိုယ်ကြီးကို တွန်းထုတ်ပေမဲ့ မရ..။
အားသုံးပြီး တွန်းလိုက်တော့ အောက်ဘက်သို့အနည်းငယ် ကျသွားပေမဲ့ သူ့ကို ဖက်ထားတာတော့ မလွှတ်ပေ..။
ရိပေါ်လဲ ဘယ်လိုမှမရသည့်အဆုံး ဒီတိုင်းသာ အိပ်လိုက်တော့သည်။
အဆိုးလေး အိပ်ပျော်သွားမှ ပွင့်လာတဲ့ မျက်ဝန်းတစ်စုံ..။
နှုတ်ခမ်းပါးတွေက ပြုံးယောင်သန်းနေပြီး အတော်လေး ကြည့်ကောင်းသည့်အမျိုးသားပင်..။
အင်း.. သူကတော့ X Life Companyရဲ့ ပိုင်ရှင် ရှောင်းကျန့်..။
ဒီကောင်လေးက တကယ်ပဲ တုံးအတာလားပဲ..
သူ့လိုလူက ဘယ်လိုလုပ် အရက်မူးမှာတဲ့လဲ..
အူကြောင်ကြောင်အတွင်းရေးမှူးလေးကြောင့် အနည်းငယ် ပြုံးမိသွားသည်။
ဒီပိတ်ရက်တွေမှာ အတွင်းရေးမှူးလေးရဲ့ နှလုံးသားလေးကို ခိုးယူရမည်။
သူ့ကိုယ်ပိုင် နှလုံးသားကတော့ အတွင်းရေးမှူးလေးလက်ထဲ အပ်နှံထားပြီးဖြစ်၏။
အင်း.. ဘယ်ချိန်ကများ စခဲ့တာပါလိမ့်..?
ပထမဆုံး စတွေ့ခဲ့တဲ့ နေ့ကလေးကများလား
ကျစ်ကျစ်လစ်လစ်လုံးတုံးတုံးလေးနဲ့ ပျိုမဒီတွေ ကြိုက်တဲ့Typeလေးပဲ..။
ဖွေးအုနေတဲ့အသားအရေလေးတွေက မိန်းကလေးတွေ ဘယ်ပြိုင်ရဲမလဲ..
ထိုနေ့က သူ့ကိုမြင်မြင်ချင်း ‌မဝံ့မရဲဟန်နဲ့ စကားတွေထစ်နေတဲ့ကောင်လေး။
ရေသောက်ခိုင်းရသည်အထိ၊
သူကပဲ ဆိုးခဲ့လို့လား..
အာ နည်းနည်းလေးပဲ စိုက်ကြည့်မိသွားတာကို ...
မြင်မြင်ချင်းအချစ်လို့ဆိုရမလားပဲ... ဟက်*
အင်ကျီကို ချွတ်ပြီး ပေါ့ပေါ့ပါးပါးသာ ဝတ်စားလိုက်သည်။
အိပ်ပျော်နေတဲ့ကောင်လေးကို ထုံးစံအတိုင်း ဖက်ကာ အိပ်လိုက်သည်။
ဒါကတော့ အရင်ညတွေတည်းက လုပ်ဖြစ်တဲ့ အလေ့အထလေးပေါ့..။
ပြီးတော့ စိတ်ရှိသမျှ နမ်းရှိုက်မိတာရောပဲ..။
ခေါင်းလုံးလူံးလေးကစပြီး တစ်ကိုယ်လုံးအနှံ့ ခြေဆန့်နေမိသည်မှာလည်း အတူတူစအိပ်ဖြစ်တဲ့ ညကတည်းကပင်..။
.
.
.
ဒီနေ့ သင်္ကြန်အတက်နေ့.. နောက်ဆုံးနေ့မို့ ပတ်ကဲရန်စဉ်းစားထားသည်။
ရိပေါ်က အဖြူရောင်လေး ဝတ်ထားပြီး  Bossကိုတော့ မတွေ့ရ..။
မနက်က အနက်ရောင်ဝတ်ထားတာတော့ တွေ့လိုက်ရသေးသည်။
လူတွေ့သည်နှင့် ရေအတင်းလောင်းကျသည့် မမတွေညီမလေးတွေကြောင့် ရိပေါ်မှာ ပြုံးပြုံးလေးဖြင့်သာ..။
" ဟယ် မောင်လေး မမ ရေလောင်းမယ်နော် "
" ဆင်လိုက်တာအေ.."
" ဒါမျိုး အယောက်တရာဆိုရင် ငါလေး သေရင်သေပါစေ အအေးပတ်ခံပြီး လောင်းပစ်ဦးမှာ.."
စနောက်ကြသည့်မမတွေကြောင့် ရိပေါ် ရေစိုသည်ကတကြောင်း၊ စနောက်ခံရ၍ မျက်နှာကလေးများ နီရဲနေတော့သည်။
" အယ် ကလေးရှက်သွားပြီ.."
" အို.. မျက်နှာနီ‌နေတာလေးက အသက်..."
" မမရေ ရှိသမျှအဆင်တွေ ချိုင်းကြားနှစ်ဖက်ထဲ ထည့်ညှပ်ထားလို့ရရင်ကောင်းမယ် "
" သင်္ကြန် အိမ်အပြန် လက်ဆောင်ဆိုပြီး အမေ့အတွက် သားမက်ကလေး ခေါ်သွားလိုက်ချင်တယ်.. ခိခိ "
ကြာကြာနေရင် ရိပေါ်မျက်နှာ ပေါက်ထွက်တော့မည်..။
ဒီတစ်ခါ မဏ္ဍပ်က Hotel က လုပ်ပေးထားတာဖြစ်ပြီး ဂျာကြီးတို့အုပ်စုကို တွေ့လိုက်ရသည်မို့ အနားသွားလိုက်သည်။
Boss ကတော့ လူကြီးပိုင်းတွေ ထိုင်နေတဲ့ နေရာမှာ ခပ်ချောချောအစ်ကိုကြီးနဲ့ အတူတူထိုင်နေသည်။
စကားပြောနေပုံအရ ရင်းနှီးပုံရသည်။  Boss ရဲ့ သူငယ်ချင်းဆိုသူဖြစ်လိမ့်မည်။
" ရိပေါ်လေး လာလာ တစ်ခွက် ချလိုက်တော့ "
" ဟုတ်တယ် လာ လာ မပြင်းဘူး ဒါက ပျော့တယ် "
ရိပေါ်လဲ သောက်လို့ကောင်းသည်မို့ တစ်ခွက်ပြီးတစ်ခွက်သောက်နေတော့သည်။
တစ်ခွက်တည်းနဲ့ မမူးပေ၊ တစ်ခွက်ပြီးတစ်ခွက်သောက်လိုက်ရင် နည်းနည်းတော့ ထွေစေသည်။
တအားပြင်းသည်တော့မဟုတ်..။ ရွေးသောက်လို့လဲ ရ၏။
" ဒါက ပြင်းတယ် မထိနဲ့ ရိပေါ် "
ဂျာကြီးက တားလာသည်မို့ ခပ်ထွေထြွေဖစ်နေသည့် ရိပေါ်က တားမရ၊ အတင်းယူသောက်သည်။
ထို့‌နောက် ကဖို့သပ်သပ်နေရာပေးထားသည့် နေရာတွင် တက်ကနေသည်။
အကုန်လုံးက မူးနေကြသည်မို့ သူ့လူ ကိုယ့်လူမသိကြတော့။
တွဲကကြတော့သည်။
ရိပေါ်လဲ မူးနေပြီမို့ ခပ်လန်းလန်းအစ်မကြီးတွေနဲ့ တွဲကနေတော့သည်။
ထိုမြင်ကွင်းအား မမှိတ်မသုန်စိုက်ကြည့်နေသူမှာ Boss ဖြစ်၏။
ရိပေါ်ပုခုံးကို ကိုင်ကာ တွဲကနေသည့် အမျိုးသမီးကို ကြည့်ရင်း ငမူးလေးကို အသည်းတွေယားလာသည်။
ဘယ်လိုတောင် မူးနေရတာလဲ..
ငချန်းရဲ့လူကို ခေါ်ကာ ရိပေါ်ကို လက်ညိုးထိုးပြပြီး ခေါ်လာရန် ပြောလိုက်သည်။
ထိုကောင်လေးကလဲ သိပ်မကြာ၊ ရိပေါ်ကို  ခေါ်လာခဲ့၏။
အဆိုးလေးက အငြိမ်မနေဘဲ ရုန်းကန်နေသေးသည်။
"Boss.. ဘာလုပ်တာလဲ ဒီမှာ ဆော့လို့မဝသေးဘူးဆို..!!"
လက်ကနေ ‌ဆွဲခေါ်လာခဲ့တော့ အသံသေးသေးလေးဖြင့် အော်လာသည်။
" များနေပြီ နားရမယ် "
" မနားဘူးဗျာ မနားဘူးဆို ဆော့မယ် ဆော့ဦးမှာလို့.."
အခန်းထဲရောက်တာတောင် အပြင်ထွက်မယ်တကဲကဲ...။
ကလေးလို ဂျီကျနေသည့်ရိပေါ်ကြောင့် သူ စိတ်မရှည်စွာဖြင့် ..
မွေ့ယာပေါ် မှောက်ရပ်ကလေး မှောက်ထားလိုက်ပြီး
" ဆိုးတယ်ပေါ့.. ဖြောင်း* ဆိုးဦးမှာလား "
ရေကြောင့် ကပ်နေသည့် တင်လုံးလုံးလေးကို ဖြောင်းကနဲ မြည်အောင်ရိုက်လိုက်တော့ ငြိမ်ကုပ်သွားသည်။
အိတုံတုံလေးမို့ ရိုက်လို့တော့ ကောင်းသည်။
ထပ်ဆိုးရင် ထပ်ရိုက်ရန်ကြံပေမဲ့ အဆိုးလေးက ငြိမ်နေသည်မို့ သူ့မှာ ရိုက်ရခက်..။
" ဟင့်.* Boss အနိုင်ကျင့်တယ်.."
" မင်းက ဆိုးလို့ပါ.. "
" မဆိုးပါဘူးနော်.."
" ဟုတ်လို့လား  "
စူးစိုက်ကြည့်မိတော့  သူ့မျက်လုံးများအား လက်ကလေးများနှင့် ကာထား၏။
" မကြည့်နဲ.. အဟိ "
သူလည်တိုင်ကို ဖက်ထားပြီး တခိခိရယ်နေတဲ့ ကောင်‌လေးက အသိတွေတောင် မရှိတော့သည့်ပုံပင်..။
" Boss.. ဘာလို့ အဲ့လောက်ချောနေရတာလဲ.."
ရှောင်းကျန့်က အလိုက်သင့်ပင် ခါးကလေးကို ထိန်းထား၏..။
လက်ချောင်းသွယ်သွယ်လေးက သူ့မျက်နှာအနှံ့ထိတွေ့လာ၏..။
" မဆိုးနဲ့ ရိပေါ် ကိုယ် သည်းမခံနိုင်ရင် အထိနာမှာ မင်းနော် .."
" ဘာလဲ Bossက ဘာလုပ်ချင်လို့လဲ.. ရိပေါ်က Bossကို ချစ်လို့ စတာလေ.. ခနလေး ထိကြည့်တာကို အူတိုနေတာ ဟွန့် "
နှုတ်ခမ်းထော်ထော်လေးဖြင့် မျက်နှာချင်းထိကပ်မတက်အနေအထားဖြင့် ရန်တွေ့နေတဲ့ကောင်လေး..။
" ရိပေါ် မဆိုးနဲ့.."
" အယ် ...ဒီဟာက ရိပေါ် ခိုးကြည့်နေကျ မှဲ့နက်ကလေး.. အဟီး ရိပေါ် တအားသဘောကျတာ သိလား ရိပေါ်မှာလဲ ပါတယ် ဒီမှာ တွေ့လား "
လည်ပင်းနဲ့ဂုတ်စပ်ကြားက မှဲ့ကလေးကို မမြင်မှာစိုး၍ လာပြသည့် ကောင်လေး..။
ပေါက်စလေး အန္တရာယ်ကို ဖိတ်ခေါ်နေတာ..။
" ပြီးတော့ ဒီမှာရောပဲ.. "
ဝမ်းဗိုက်‌ဘေးပေါ်က မှဲ့ကလေးကို အကျီလှန်ကာ ပြလာသေးသည်။
ဒီအဆိုးအဆာလေးကြောင့်  ရှောင်းကျန့်သမာဓိအားတွေ ကျိုးကုန်တော့မှာပဲ... ။
အခါကြီးရက်ကြီးမှာ ပေါက်ကရလုပ်၍ မဖြစ်ပြန်..။
စိတ်ကိုလျော့ရင်း ရေတွေချည်း ဇွတ်သောက်ပစ်လိုက်သည်..။
သင်္ကြန်ပြီးရင်တော့ အာ,မ မခံဘူး  ဝမ်ရိပေါ်လေး..
.
.
_
နှစ်ဆန်းတစ်ရက်နေ့မှာတော့ Hotel က လုပ်ပေးတဲ့ တရားပွဲတွင် ကုသိုလ်ယူလိုက်တော့သည်။
ပိတောက်ပန်းတွေ ဝေဝေဆာဆာဖြင့် ကုသိုလ်ယူနေကြသည်မှာ ပျော်ဖို့ကောင်းလှ၏..။
ရိပေါ်ကတော့ Boss နဲ့ မတွေ့အောင် ရှောင်နေမိသည်..။
အကုန်လုံးတော့ မမှတ်မိ၊ တချို့တလေတော့ မှတ်မိသည်။
သူ မှတ်မိသမျှကလဲ သူက Boss ကို အတင်းဖက်ထားပြီး အင်ကျီတွေ လှန်ပြလို့ပြနဲ့ အတော်လေး သရုပ်ပျက်ခဲ့သည်။
တခန်းတည်းအတူတူနေရ၍ မျက်နှာချင်းမဆိုင်မိအောင် နေရသည်မှာ အတော်လေး ခက်လှ၏..။
" ရိပေါ် အပြန် ကိုယ်နဲ့ ပြန်လိုက်ခဲ့ရမယ် "
" ဗျာ.. ဟို.. ဟို.. ကျနော် "
" တစ်ခုခု အဆင်မပြေတာ ရှိလို့လား "
" ရှိ.. မရှိ... ဟို မဟုတ်.. "
"  ဝမ်ရိပေါ်  မင်းကြည့်ရတာ ပင်ပန်းနေသလို.. ဒီလိုလုပ် အပြန် ကိုယ်နဲ့ပဲ လိုက်ခဲ့ပါ ပြီးရင် ကိုယ် မင်းကို ဆေးခန်းဝင်ပြပေးမယ် "
" ဗျာ.. Boss ကျနော်လေ.. ဘာမှမဖြစ်ဘူး.. အတည်ပါ .."
" ကိုယ့်စေတနာကို အသိအမှတ်မပြုတာလား.."
" အဲ့လိုလဲ.. မဟုတ်ရပါဘူး Boss.."
" ဒါဆို  သွားကြမယ်လေ  သူတို့က မန်နေဂျာနဲ့ လွှတ်ထားလို့ရပါတယ်.."
Acကြောင့်  အေးစိမ့်စိမ့်ဖြစ်နေသည့် Boss ရဲ့ ကားထဲ ရိပေါ်ရယ် Boss ရယ် နှစ်ယောက်တည်းသာဖြစ်သည်။
ဒီလောက်ဝေးတဲ့ခရီးကို ဘာလို့ Boss က Driver ခေါ်မလာတာလဲ စဉ်းစားမရ..။
နေ့လည်နားဖို့ ခပ်သန့်သန့်စားသောက်ဆိုင်တစ်ခုကို ရွေးလိုက်သည်မို့ ရိပေါ်ကတော့ ခပ်ကုပ်ကုပ်သာ လိုက်လာခဲ့သည်။
အစုံအလင်မှာပေးထားသည့် Bossသည် အတော်လေး ပေါနေသလားပဲ..
ဒီလောက်များတဲ့ဟင်းတွေကို နှစ်ယောက်တည်း ဘယ်လိုလုပ်ကုန်မှာတဲ့လဲ..
တခါတလေ Bossရဲ့ စီးပွားရေးအမြင်တွေ ဘယ်‌ရောက်ကုန်မှန်းကို မသိဘူး..
တကယ်ပါပဲ.. Bossအစား ရင်လေးတယ် ဟူးးး
" ရိပေါ် ဒီဆိုင်က ကိုယ့်အပိုင်ထဲက တစ်ခုပဲ.. အားမနာနဲ့ စား "
ရိပေါ်အတွေးတွေကို သိနေသလို စကားစလာတဲ့ Boss..။
ဪ.. အဲ့လိုလား ..
ရိပေါ်လဲ စားပြီးသောက်ပြီးလို့ ခနနားရန် စားသောက်ဆိုင်ရဲ့ နားနေခန်းသို့ တက်လာခဲ့ကြသည်။
ဆိုင်ရှင်မို့  အသီးသီးနှုတ်ဆက်လာကြသည်။
Boss က အကုန်လုံးကို အသိအမှတ်ပြုရုံသာ ခေါင်းငြိမ်ပြ၏.။
Viewကတော့ အတော်လှသည်။
ဥယျာဉ်အသေးစားလေးသဖွယ် လုပ်ပေးထားပြီး အပေါ်က အပူကာတက်‌ထားသည်မို့ သိပ်တော့ မပူပေ..။
နေ့လည်နေ့ခင်းလဲ အထိုက်အလျောက်‌တော့ အနည်းငယ်ပူသည်မို့ သောက်စရာတစ်ခုစီစဉ်ခိုင်းလိုက်၏..။
" ရိပေါ်.. "
" ဗျာ.. Boss"
" ကိုယ် မင်းကို ပြောပြစရာတစ်ခုရှိလို့ အတူခေါ်လာခဲ့တာ.."
" ဗျာ.. ဟုတ် "
ဒီနေ့ Bossက အညိုရောင်ခပ်မှိုင်းမှိုင်းလေး ဝတ်ထားတယ်..။
ကြည့်ရတာ ခံစားချက်တွေ သိပ်မကောင်းဘူးထင်တယ်...။
အလေးအနက် နားထောင်နေလိုက်တော့.. ဘာမှမပြောသေးဘူး သူ့ကို ငေးကြည့်နေသည်။
ထို့နောက် သူရှိရာသို့  တိုးကပ်လာပြီး သူ့လက်ကို ငြင်သာစွာ ကိုင်လိုက်သည်။
" ဟို.. ဟို Boss.."
" ရိပေါ် မလန့်ပါနဲ့.. ကိုယ် မင်းကို ခွင့်တောင်းစရာရှိတယ်..
ကိုယ့်ကို  ရှေ့‌လျှောက် မင်းရဲ့ဘဝစာမျက်နှာတွေမှာ ပါဝင်ခွင့်ပေးနိုင်မလား...."
လက်ကို ခပ်တင်းတင်းဆုပ်ကိုင်ပြီး စူးရှသည့်မျက်ဝန်းတစ်စုံက သူ့ကို စိုက်ကြည့်လာ၏။
" ဟို.. Boss.. မနောက်ပါနဲ့ ကျနော်.. ဟို.. ပြောချင်တာက.. ဒါက.. "
မျက်နှာကလေး နီရဲနေပြီး မယုံနိုင်သေးဟန် ကောင်ကလေးကြောင့် ရှောင်းကျန့်  ဟင်းကနဲ သက်ပြင်းချလိုက်ပြီး..အသာပြုံးပြလိုက်သည်..။
ထို့နောက် လက်ကလေးကို ခပ်ဖွဖွဆုပ်ကိုင်ပြီး သူ့ရဲ့ဝဲဘက်ရင်အုံပေါ် တင်ပေးလိုက်သည်..။
" ကိုယ် မင်းကို သိပ်ချစ်တယ်. ရိပေါ်....ကိုယ့်ကို ပြန်ချစ်ပေးပါလို့ အတင်းမတိုက်တွန်းချင်ဘူး  ..
ရိပေါ်ကို  တကယ် ချစ်လားမချစ်လားဆိုတာ လုပ်ရပ်တွေနဲ့ သက်သေပြပါ့မယ် .."
"....."
"  ရိပေါ် ကိုယ့်ကို လေ့လာလို့ရပါတယ်  ချက်ချင်းကြီး အဖြေမပေးခိုင်းပါဘူး.. "
" ဗျာ.. ဟုတ်ကဲ့.."
ရိပေါ်အဖြစ်ကိုကြည့်ပြီး ရှောင်းကျန့်အနည်းငယ် ပြုံးမိသွားသည်..။
ရိပေါ်စိတ်ထဲမှာ သူနဲ့ ရိပေါ်တို့က  သူဌေးနဲ့အလုပ်သမား ဆက်ဆံရေးသာဖြစ်သည်။
ရုတ်တရက်ကြီး ဖွင့်ပြောခံလိုက်ရသည်မှာ ရိပေါ်ကို ဘာမှစဉ်းစားမရအောင် ဦးနှောက်တစ်ခုလုံး ဗလာ‌ဖြစ်စေခဲ့သည်။
အချိန်လိုမှာ အသေအချာပင်..။
လက်နုနုလေးကို ဖျစ်ညစ်လိုက်ပြီး အသာနမ်းရှုံလိုက်သည်။
ရိပေါ်ကိုယ်ကလေးက တွန့်ကနဲ..။
*အသည်းယားလိုက်တာကွာ.. *
" ဒါနဲ့  ဒီရက်ပိတ်ရက်မှာ ဘာလုပ်ဖို့ရှိလဲ.."
" ထွေထွေထူးထူးတော့ မရှိဘူး Boss... အိမ်မှာပဲ နေဖြစ်မယ် ထင်တယ် "
ခေါင်းကလေးငုံ့ကာ ခပ်တိုးတိုးဖြေလာတဲ့ကလေးလေး..။
နားရွက်ကလေးများ နီရဲနေပြီး ရှောင်းကျန့် ပြေးကိုက်ချင်မိသည်အထိ .. အသည်းယားနေပြီဖြစ်သည်။
" ဪ.. ဒါဖြင့် ကိုယ်လဲ ပျင်းတာနဲ့ ရိပေါ်ဆီ လိုက်နေလို့ ရမလား.."
" ဗျာ ..????!! "
" ရိပေါ်လဲ ထွေထွေထူးထူးမှ လုပ်စရာမရှိဘဲ ကိုယ်လဲ အားနေမဲ့အတူတူ နှစ်ယောက်စလုံး အချိန်ယူလို့ရအောင်ပါ..."
" ဗျာ.. ဟို.. Boss အဆင်ပြေပါ့မလား..."
" ၄/၅ရက်လောက်အတူတူအိပ်ပြီးမှကို ဘာအဆင်မပြေစရာရှိမှာလဲ ပြီးတော့ ကိုယ်က ရိပေါ်ကို ချစ်နေတဲ့သူဆိုတော့ အကုန်လုံး အဆင်ပြေမှာ အသေအချာပဲလေ.. ရိပေါ်ဘက်က အဆင်မပြေလို့လား.. "
" မဟုတ်.. မဟုတ်ပါဘူး.."
" ဒါဆို တခါတည်း လိုက်ခဲ့မယ်လေ ဖြစ်တယ်မလား အာ.. နားနေတာကြာပြီဆိုတော့ ပြန်ကြစို့.. လာ "
သူ့ဖာသာ ပြောချင်ရာပြောပြီး တဇွတ်ထိုးလုပ်တက်တဲ့ Boss ကြောင့် ရိပေါ် ပြောချိန်ပင်မရ‌လိုက်တော့..။
အသွားတုန်းက ခပ်ခွာခွာသွားကြသည့် နှစ်ယောက်သား၊
ပြန်လဲဆင်းလာရော တစ်ယောက်လက်တစ်ယောက်ဆွဲထားသည်မို့ ဝန်ထမ်းတွေက မသိမသာ ချောင်းကြည့်နေကြသည်..။
ရိပေါ်က သတိထားမိသည်မို့ လက်ကို အတင်း ခွာချပေမဲ့ ရှောင်းကျန့်က မလွှတ်သည့်အပြင် ခပ်ဖွဖွနမ်းလိုက်သေး၏..။
အရှက်သည်းတဲ့ရိပေါ်လေးကတော့ ထုံးစံအတိုင်း မျက်နှာကလေးများ နီရဲလို့နေသည်။
.
.
" Boss အဝတ်အစားတွေကရော.."
" မပူပါနဲ့ ကိုယ် Driver ခေါ်ထားတယ် သူ လာပို့လိမ့်မယ်."
ကိုယ့်အိမ်ရာလို ပြုမူနေသည့် Boss ကြောင့် ရိပေါ် ဧည့်ခန်းထဲမှာ ငြိမ်ကုပ်နေမိသည်။
ရိပေါ် သောက်ဖို့ ရေခပ်ပေးပြီး လက်ထဲ ထည့်ပေးလာ၏.။
"  ရိပေါ်..  ကိုယ့်ကို Boss လို့မဟုတ်ဘဲ တခြားပြောင်းခေါ်ကြည့်ပါလား "
" ဗျာ.. ဘယ်လိုလဲ.."
" ကိုကို လို့လေ.."
ဖွီးးး..!!! အဟွတ်* အဟွတ်*
ရိပေါ် ရေသောက်ရာမှ သီးသွားသည်မို့ ရှောင်းကျန့်မှာ ကျောကလေးကို ခပ်ဖွဖွပုတ်ပေးလာ၏..။
"ရိပေါ်က ကလေးလားကွာ  ကြည့်ပါလား ရေသောက်တာတောင် သီးနေပြန်ပြီ "
" နောက်ဆို ကိုကိုလို့ပဲ ခေါ်နော်.."
" ဟုတ်.. ဟုတ် "
" ရိပေါ်က ချစ်ဖို့ကောင်းတယ်.. ဒီညစာ ဘာစားချင်လဲ ကိုယ် လုပ်ကျွေးမယ်လေ.."
" မဟုတ်တာ Boss... ဟို.. ကိုကိုက ဧည့်သည်ပဲ ကျနော် ချက်ကျွေးပါ့မယ်  "
" အင်း ဟုတ်ပြီလေ  ဒါဖြင့် ကိုကိုက နောက်ရက်တွေမှပေါ့  .."
ရိပေါ်နဲ့ ဘော့စ်သည် အတွဲတွေ မဟုတ်ပေမဲ့ ဘော့စ်ကတော့ ရိပေါ်ကို သူ့ရဲ့တရားဝင်ချစ်သူလို့ သဘောထား၏။
တခါတလေ ရိပေါ် ဟင်းချက်နေတုန်း အနောက်မှ လာဖက်တက်သည်။
ရိပေါ်က မနေတက်၍ တွန်းမိသလိုဖြစ်ရင် စိတ်ကောက်တက်သည်။
ထိုအခါများဆို ရိပေါ် ဘာလုပ်လို့ဘာကိုင်ရမလဲမသိ၊ ကလေးဆိုးကြီးလို မျက်နှာကြီး ဆူပုပ်နေတက်သည်..။
" ဟို.. ကိုကို "
" ပြော.."
" စိတ်..စိတ်မကောက်ပါနဲ့နော်.. ရိပေါ်က.. အနေသားမကျ.. "
" မသိဘူး မသိဘူး ရိပေါ် ကိုကို့ကို တွန်းတယ်.."
" မဟုတ်.. အဲ့လိုမဟုတ်ပါဘူး.. "
" လာ ပေါင်ပေါ် လာထိုင်.."
သူလုပ်ခိုင်းတာမလုပ်ရင် ဆက်ကောက်မှာ စိုး၍ ရိပေါ် အနားတိုးသွား၏..။
ဆက်ကနဲ ဆွဲယူလိုက်သည်မှာ တားမရ၊ဆီးမရ၊ အခုလဲ လူကို တစ်ကိုယ်လုံး သိမ်းကြုံးဖက်ထားပြန်၏..။
ကလေးဆိုးကြီးကိုဖြင့် ရိပေါ် မနိုင်တော့ပါ....။
" ကိုကိုတို့ ဈေးသွားကြမလား ဒီနေ့ ကိုကို ချက်ကျွေးမယ် "
" ဟုတ်.. "
ဈေးတွေ အစုံအလင်ဝယ်ပြီးတော့  ငွေရှင်းရန် စောင့်နေတုန်း..။
" ဟာ ရိပေါ် မင်းကွာ မတွေ့တာတောင် ကြာပြီ ဘာတွေလုပ်နေတာလဲ.."
ရင်းနှီးတဲ့အသံကြောင့် လှည့်ကြည့်မိတော့ ဖန်ရှင်း ..။
သူ့ရဲ့တစ်‌ဦးတည်းသော သူငယ်ချင်း ၊
တွေ့လိုက်တိုင်း ဟိုကောင်က လက်မောင်းကို ‌ထိုးနေကျမို့ လှမ်းထိုးလိုက်သည့်အခါ ကိုကိုက တားထား၏..။
" အယ်.."
" ဟို.. ကိုကို ဒါ ကျနော့်သူငယ်ချင်း  ဖန်ရှင်းတဲ့.."
" စကားပြောရင် လက်မပါနဲ့ ကောင်လေး.."
ရုပ်တည်တည်နဲ့ ဖိဟောက်လိုက်သည်မို့ ‌ဖန်ရှင်းကတော့ အကြောင်သား ခေါင်းကလေး ငြိမ့်ပြ၏..။
ရိပေါ်ကတော့ ခိုးရယ်နေမိသည်။
ရိပေါ်ခိုးရယ်နေတာကို သိတဲ့ ကိုကိုက မကျေမနပ်ဖြစ်နေသည့်ဟန်ဖြင့် ငွေရှင်းပြီး ကောင်တာက ထွက်ထွက်ခြင်း ရိပေါ်ကို နမ်းလိုက်၏..။
" ဟာ ကိုကို အရှက်မရှိ "
" ဘာလဲ ကိုယ့်ချစ်သူ ကိုယ်နမ်းတာ ခွင့်ပြုချက် ယူရဦးမှာလား "
တခါတလေ ရိပေါ်တို့ ကိုကိုရဲ့ဇိုးကနဲဇက်ကနဲ လုပ်တက်တဲ့အကျင့်တွေကို ‌အနေသားကျနေပြီဖြစ်၏..။
အလုပ်ပြန်ဆင်းရတော့.. ရုံးခန်းထဲက အပြင်မထွက်ခိုင်းတော့..။
အထဲမှာသာ နေစေပြီး တခါတလေ အားမရှိတော့ဘူးဆိုပြီး ရိပေါ်ရဲ့ ပါးဖောင်းဖောင်းလေးကို ခနခန လာလာ နမ်းတက်သေးသည်။
" ကိုကိုက ကလေးလေးကို သိပ်ချစ်တယ်"
" ဟုတ် "
" ကလေးလေးရော ကိုယ့်ကို ပြန်မချစ်ချင်ဘူးလား.."
ဟုတ်သား.. အခုထိ ရိပေါ်က ရှောင်းကျန့်ကို ချစ်တယ်လို့ မပြောရသေးပေ..။
ရိပေါ်လဲ ရှောင်းကျန့်ရဲ့နွေးထွေးမှုတွေကြား ပျော်ဝင်နေပြီဖြစ်သည်..။
" မစောင့်နိုင်ဘူးလား "
" အဲ့လိုလဲမဟုတ်ရပါဘူးဗျာ .. ကလေးလေးဆီက ချစ်တယ်ဆိုတဲ့ စကားလေးတော့ ကြားချင်မိတယ်.. ကိုယ့်ဆန္ဒသပ်သပ်ပါပဲ.. "
ဒီညနေ မိုးနံ့နည်းနည်းရသည်..။ ရာသီဥတုက အရင်လို မှန်တော့သည်မဟုတ်..၊ မိုးအုံ့ချင်လဲ အုံ့နေတက်၏..။
ရိပေါ် အလုပ်စောစောဆင်းပြီး ကိုကို့အတွက် ချက်ပြုတ်ထားပြီး ဒီညစာ သူကျွေးမယ်ဟု ပြောခဲ့သည် .။
ကိုကိုကလဲ နှစ်ခါခေါ်စရာမလိုအောင် မငြင်းရှာပေ..။
အလုပ်တွေကို ဒီတိုင်းပစ်ထားခဲ့မယ်လုပ်နေလို့ မနည်းတားယူထားရ၏..။
ချက်လို့ပြုတ်လို့ပြီးတော့ ည၇နာရီကျော်နေပြီဖြစ်သည်။
ရေချိုးရန်ပြင်ဆင်လိုက်ပြီး တင်ထားတဲ့ဟင်းတွေကို အုပ်ထားခဲ့လိုက်သည်။
ရိပေါ် ရေချိုးလို့ပြီးတော့ ကိုကိုက ရောက်နေပြီဖြစ်သည်။
လက်ထဲမှာ ရေတစ်ခွက်ကိုင်ထားသည်မို့ ခုနကမှ ရောက်တာ ဖြစ်လိမ့်မည်။
" ကိုကို ခနနားဦးလေ ရေချိုးပြီးမှ စားကြတာပေါ့.. "
" အင်း ကိုကိုလဲ နည်းနည်းငြီးစီစီဖြစ်နေလို့ ရေချိုးဦးမယ်.."
" ဟုတ် ကျနော် အင်ကျီထုတ်ထားလိုက်မယ်.."
သေချာ ပြင်ဆင်ထားသည်မို့ လက်ရာအတွက် စိတ်ပူစရာမလိုပေ .။
ဒီနေ့ကျ ထူးဆန်းနေသည့် ကလေးလေးကြောင့် ရှောင်းကျန့်သတိထားမိသည်။
ကလေးလေးက သူ့ကို တော်တော်လေး ဂရုစိုက်လာ၏..။
အသီးများကို သေသေသပ်သပ်ခွဲထားပြီး လသာဆောင်ဘက် အတူထွက်လာခဲ့သည်။
လေတ‌ဖြူးဖြူးတိုက်ခတ်နေပြီး အတော်လေး နေလို့ကောင်းသည်။ ထုံးစံအတိုင်း ကိုကိုက သူ့ကို ‌သိုင်းဖက်ထား၏..။
ရိပေါ်က ခုနသာ အဖက်ခံပြီး ခွာပြီး ကိုကို့မျက်နှာကို စိုက်ကြည့်လိုက်သည်..။
" ကိုကို.."
" ဗျာ.."
" ကိုကို ကျွန်တော့်ကို သိပ်ချစ်တာပဲလား .."
" ‌အတိုင်းထက်အလွန်ပဲ..."
" ကိုကိုက ကျွန်တော် ဘဝစာမျက်နှာတွေမှာ ပါဖို့ ခွင့်တောင်းထားတယ်နော်.. အဲ့ဒီအတွက် အဖြေပြန်ပေးချင်တယ်.. ကျွန်တော်ဘဝရဲ့စာမျက်နှာတွေကို လှလှပပ ခြယ်သပေးပါလို့ တောင်းဆိုချင်တယ်.. ဘယ်လိုလဲ.. "
" ဒါဆို.. ကလေးလေးက ကိုကို့ကို ..."
" ချစ်တယ် သိပ်ချစ်တယ် ထပ်တူထပ်မျှ ချစ်တယ် ကိုကို..."
ငြင်သာတဲ့ အနမ်းကလေးအား ခံယူမိလိုက်သည်။
ထိတွေ့နေကျမဟုတ်၍ တစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်းထလာခဲ့သည်။
နူးညံ့တဲ့နှုတ်ခမ်းသားလေးတွေကို စိတ်ရှိတိုင်း စုပ်ယူမိတော့ ခနတော့ တားပြီး နောက်တော့ ခွင့်ပြုပေးလိုက်တဲ့ ရိပေါ်လေးကြောင့် ရှောင်းကျန့် စိတ်ကြိုက် နမ်းရှိုက်မိတော့သည်။
နူးညံ့၏၊ ငြင်သာ၏..။ 
ချစ်ရသူ၏ နှုတ်ခမ်းဖူးဖူးကလေးမို့ ပိုတိုးလို့ မြတ်နိုးရပါသည်..။
မြင်မြင်ချင်း ချစ်မိတဲ့အချစ်က တစ်ခနတာလို့ လူတွေ ပြောလေ့ရှိတယ်..။
ဒီစကားက  ရှောင်းကျန့်အတွက် ဟာသတစ်ခုမျှသာဖြစ်သည်။
သူ့ရဲ့အသည်းဦးကလေးကို ဘယ်လောက်တောင် ချစ်မြတ်နိုးရလိုက်သလဲ...
ပိုင်ဆိုင်ချင်လွန်း၍ ရူးမတက်၊ ကလေးလေးကြောက်မည်စိုး၍ တစ်ဆင့်ချင်း ကျော်ဖြတ်ခဲ့ခြင်း..။
အခုတော့ စိတ်ရောကိုယ်ပါ ပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်၏..။
" ချစ်တယ် ကလေးလေး...  ကိုကို အသက်ရှူနေသမျှ ကာလပတ်လုံး မင်းလေးကိုပဲ ချစ်မြတ်နိုးမယ်.. ရွှတ်* "
ပါးဖောင်းကလေးကို ရွှတ်ကနဲမြည်အောင်နမ်းပြီး ကျီစယ်လိုက်သည့်အခါ ရိပေါ်ကလေးက ရှောင်းကျန့်ရဲ့ လက်မောင်းကို အသာထုရိုက်လိုက်၏..။
" ကိုကိုနော်..."
ဒီည လမသာခဲ့ပါ..။
ဒါပေမဲ့ကြယ်ရောင်စုံတွေကတော့ မှိတ်တုတ်မှိတ်တုတ်ဖြင့် ချစ်သူနှစ်ဦးအား အဖော်ပြုလျက်သား..၊
သူတို့အပြင်  အေးမြတဲ့ လေပြေညင်းတို့လဲ ရှိနေပါသေး၏..။
နွေးထွေးသည့်အချစ်ရပ်ဝန်းကလေးသည် ဤသို့ ဤသို့ဖြင့် အရာရာလှပနေပေတော့သည်..။    ။
_
_
_______________
                  THE END.  
                                      _______________
နှစ်သစ်မင်္ဂလာ သင်္ကြန်အခါသမယမှာ  ပျော်ရွှင်ကြပါစေရှင်❣️✨💚
ယူတို့ရဲ့ [K]
Continue Reading
You'll Also Like
2.7K 179 4
she was a quiet, reserved and selfless young woman that had a strong admiration and fascination for stars, she found them mesmerising, interesting an...
4.3K 580 11
Binthew လေးပေမယ့် ................ ။ ဖတ်ကြည့်ပေးကြပါဦးနော်
328K 9.8K 105
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
8.8K 648 12