နတ်ဆိုးဘုရင်ကဇာတ်ညွှန်းအတိုင်...

By keodilan

11.3K 796 53

Short Title:DLOFS Alternate Title:魔尊只想走剧情 Status:Completed Author:Jimo Yao Genre:Adventure, Comedy, Drama, Fa... More

Read First
Description
အပိုင်း(အပိုင်း၁.၁) Unicode
အပိုင်း(အပိုင်း၁.၂) Unicode
အပိုင်း(အပိုင်း၁.၁)Zawgyi
အပိုင်း(အပိုင်း၁.၂)Zawgyi
အပိုင်း(၂.၁) Unicode
အပိုင်း(၂.၂) Unicode
အပိုင်း(၂.၁)Zawgyi
အပိုင်း(၂.၂) Zawgyi
အပိုင်း(၃.၁) Unicode
အပိုင်း(၃.၂) Unicode
အပိုင်း(၃.၁)Zawgyi
အပိုင်း(၃.၂)Zawgyi
အပိုင်း(၄.၁)Unicode
အပိုင်း(၄.၂) unicode
အပိုင်း(၄.၁)zawgyi
အပိုင်း(၄.၂)zawgyi
အပိုငျး(၅)Unicode
အပိုင်း(၅)Zawgyi
အပိုငျး(၆) Unicode
အပိုင်း(၆)Zawgyi
အပိုငျး(၇) Unicode
အပိုင်း(၇)zawgyi
အပိုင်း(၈.၁) Unicode
အပိုင်း(၈.၂) Unicode
အပိုင်း(၈.၁) zawgyi
အပိုင်း(၈.၂) zawgyi
အပိုင်း(၉.၁)/အပိုငျး(၉.၁)
အပိုင်း(၉.၂)/ အပိုငျး(၉.၂)
အပိုင်း(၁၀)zawgyi

အပိုင်း(၁၀) Unicode

184 19 5
By keodilan

Unicode

ဖန်းလိက ရှဲ့ဟိုင်ကို တွေဝေစွာ ကြည့်လိုက်တယ်။

အဖြူရောင်ဝတ်စုံနဲ့ လူက ဝါးအိမ်လေးရဲ့ အပြင်ဘက်မှာ တိတ်ဆိတ်စွာ ရပ်နေခဲ့တယ်။ လေညှင်းလေးက သူ့ရဲ့ အင်္ကျီလက်စလေးကို တိုက်ခတ်နေတယ်။ နေရဲ့ တောက်ပနေတဲ့ အလင်းရောင်လေးက သူ့ရဲ့ အေးစက်နေတဲ့ မျက်နှာကို အလင်းပြန်နေတယ်။ လှပလိုက်တဲ့မြင်ကွင်းလေးပဲ။ သူမြင်မက်ခဲ့တဲ့ အိမ်မက်ဆိုးကြီးကလည်း ပျောက်ကွယ်လို့သွားချေပြီ။ အမှန်တစ်ဝက် အမှားတစ်ဝက်နဲ့ ဒါဟာဆိုရင် အချိန်ခဏလောက်ကို အစစ်အမှန်ကနေ အိပ်မက်ကို ခွဲခြားဖို့တောင် ခက်ခဲသွားခဲ့တယ်။

[Systemက စိုးရိမ်စွာဖြင့် အော်လိုက်တယ် : Host .... Host...အဆင်ပြေရဲ့လား? ] ငါခုလေးတင် အချိန်အတော်ကြာအောင် အော်နေခဲ့ပေမဲ့ host က ကြားပုံမပေါ်ဘူး။ သူက သေလောက်အောင် စိတ်ပူနေတယ်။ ဒါသူ့အမှားပဲ။ သူ host ကို စောစောစီးစီး ရှင်းပြထားသင့်တာ။ မနစ်မြို့စရာ မှတ်ဉာဏ်တွေက အရမ်းကို အန္တရာယ်များတယ်။

ရင်းနှီးနေတဲ့ အသံက သူ့နားထဲကို ဝင်ရောက်လာတယ်။

အို....လက်တွေ့ထဲ ပြန်ရောက်လာနဲ့ပုံပဲ။

ဖန်းလိက မျက်တောင်ခတ်လိုက်တယ်။

ခုလေးတင်ပဲ သူက မတော်တဆနဲ့ အိပ်မက်ဆိုးကြီးဆီ ဆွဲခေါ်သွားခံခဲ့ရတယ်။ အဲ့လောက်ကျယ်လောင်တဲ့ အသံမျိုးသာ မဟုတ်ခဲ့ဘူးဆိုရင် သူအဲ့မှာပဲ ပိတ်မိနေပြီးတော့ ပြန်နိုးလာမှာတောင်မဟုတ်ဘူး။
ဒီမှာ ဘယ်သူမှ ရှိတာမဟုတ်ဘူး။ ဒါကြောင့် ရှဲ့ဟိုင်ကလွဲရင် တခြားသူမဖြစ်နိုင်ဘူး။

ဒါကဆိုရင် သူအားအနည်းဆုံးနဲ့ အကာအကွယ်အမဲ့ဆုံး အချိန်မှာ ဖြစ်ခဲ့တာပဲ။ လမ်းလျှောက်တတ်စအရွယ်ကတောင် သူ့ကို ဓားနဲ့ သတ်ပစ်နိုင်တယ်။ ဒီလို အခွင့်အချိန်အခါကောင်းကိုတောင်မှ ရှဲ့ဟိုင်က သူ့ကို မသတ်ခဲ့တဲ့အပြင် ကယ်ပါကယ်တင်ပေးခဲ့တယ်။

ဘာလို့လဲ?

ဖန်းလိက ရှဲ့ဟိုင်ကို ရှုပ်ထွေးစွာ ကြည့်လိုက်တယ်။ သူက ကွဲအက်နေတဲ့ အသံနဲ့ ပြောလိုက်တယ်။ "မင်း ဘာလို့ ဒီမှာ ရှိနေတာလဲ?"

ရှဲ့ဟိုင်ရဲ့ မျက်လုံးတွေက အေးစက်နေခဲ့ပြီး သူ့ အမူအရာတွေကလည်း မကွဲမပြားတည်ရှိနေတယ်။ ပြီးတော့
သူကပြောလိုက်တယ်။ "အနားယူဖို့အတွက် တိတ်ဆိတ်တဲ့နေရာ ရှာနေရုံပါပဲ။ ဒါက မင်းလာလို့မရတဲ့နေရာ မဟုတ်ဘူးမလား?"

ဖန်းလိက သူ့ရဲ့ အပြုအမူတွေကို ဘယ်တုန်းကမှ မကန့်သတ်ခဲ့ဘူး။ ဒါကြောင့် သူက နတ်ဆိုးနန်းတော်ထဲကို အလွယ်တကူ စူးစမ်းလို့ ရခဲ့တယ်။ ဒီဓားတစ်ချောင်းထဲနဲ့ ထောက်ပံ့ပေးထားတဲ့ အမေ့ခံနေရာလေးမှာတောင် ဘာမှလျှို့ဝှက်ထားတာ မရှိဘူး။

ဒါကဆိုရင် ကောင်းကင်ကို ထိုးဖောက်နိုင်ပြီး ပင်လယ်ရေပြင်ကို ခွဲခြားနိုင်တဲ့ ဂန္ဓဝင် ဓားတစ်လက်မဟုတ်ခဲ့ဘူး။ ဒါက ဒဏ်ရာဒဏ်ချက်တွေနဲ့ ပြည့်နှက်နေတဲ့ အရောင်အဝါနည်းနည်းသာကျန်ရှိတဲ့ သာမန်ဓားတစ်လက်သာသာပဲ။

ဒီလိုဓားမျိုးကို ကြီးမြတ်လှတဲ့ နတ်ဆိုးကြီးက ဘယ်လို တောင် အမြတ်တနိုးနဲ့ သိမ်းထားနိုင်ရတာလဲ?

ရှဲ့ဟိုင်က သူ့မျက်လုံးထဲမှာ ဒီဓားက ဘာမှထူးခြားတာကို မတွေ့ခဲ့ရဘူး? ဒါက အကောင်းပကတိဖြစ်နေတာတောင်မှ အဖိုးတန်ပြီး ရှားပါးနေတာတော့ မဟုတ်ဘူး။ ဖျက်ဆီးခံလိုက်ရပြီးနောက် အဲဒါကို အာဟာရဖြည့်စွမ်းပေးမဲ့ ဝိဉာဏ်စွမ်းအား မရှိဘူး။ ခုတော့ ဒါက သံအပိုင်းအစသာသာပဲ။ ဒါပေမဲ့ ဖန်းလိအတွက်တော့ ဒီဓားကဆိုရင် ကြီးကျယ်တဲ့ ထူးခြားမှုတွေ ရှိရမယ်။ သူက ရုတ်တရက် ဒီလူရဲ့ စစ်မှန်တဲ့ ဖက်အခြမ်းကို သိချင်မိသွားတယ်။ ဒါကြောင့် သူက တိတ်တိတ်လေး ဝါးရုံတောထဲမှာ ပုန်းနေလိုက်တယ်။

ဒါပေမဲ့ သူမထင်ထားခဲ့တာက ဖန်းလိက ဒီဓားကို ထိလိုက်တာနဲ့ ချက်ချင်း သူက အိပ်မက်ဆိုးတွေထဲကျရောက်သွားပြီး တဖြည်းဖြည်းနဲ့ ရူးသွပ်သွားတဲ့ လက္ခဏာတွေပါ ပေါ်ပေါက်လာတယ်။

သူသာ အဲ့ဒါကို ဂရုမစိုက်ခဲ့ဘူးဆိုရင် ဖန်းလိက သေသွားလောက်ပြီ။

သူက ထွက်သွားသင့်တယ်။ ဒါမှမဟုတ် သူ့ကို သတ်ဖို့ အခွင့်အရေးကို ယူလိုက်သင့်တယ်။ ဒါမှ အနာဂတ် အန္တရာယ်တွေကို ထာဝရ ရှောင်ကြဉ်နိုင်မှာ။

သို့သော်လည်း သူဖန်းလိရဲ့ နာကျင်မှုတွေကို မြင်တဲ့အခါ သူ့ရဲ့ မျက်လုံးတွေက နီရဲနေပြီး သူ့ရဲ့ဖျော့တော့တဲ့ မျက်နှာက သွေးကြောတွေက ဖောင်းကားလာတယ်။ သူက အတိတ်ကနာကျင်မှုတွေနဲ့ လုံးဝကို လွှမ်းမိုးခံလိုက်ရတယ်။ တစ်ယောက်တည်းနေချင်တဲ့သူကို ဟိုးအောက်ဆုံးထိ ဆွဲခေါ်သွားသလိုပေါ့။ ဒါပေမဲ့ မျှော်လင့်ချက်မဲ့သွားတယ်။ သွားစရာနေရာလည်းမရှိ၊ သူက လုံးဝကို မနိုးထနိုင်တဲ့ အိပ်မက်ထဲမှာ ဖမ်းမိသွားတယ်။ အဆုံးမရှိတဲ့ ငရဲသို့ နစ်မြုပ်သွားပြီး ဘယ်သူကမှ သူ့ကို မကယ်နိုင်ခဲ့ဘူး။ သူ့ဝိဉာဉ်က ပြန့်ကျဲသွားရင်တောင်မှ သူက လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ထွက်လည်း ထွက်သွားမနိုင်ဘူး။


ဒီလူက သူ့ရဲ့ စစ်မှန်တဲ့ ဖုန်းကွယ်ထားတဲ့ ဘက်အခြမ်းကို ဖော်ပြခြင်းအားဖြင့် သူ့ရဲ့ မနှစ်မြို့မှုတွေကို ယူဆောင်သွားခဲ့တယ်။ ဒါပေမဲ့ ဒါက သူတကယ်မြင်ချင်နေတဲ့ အရာလား?

ရှဲ့ဟိုင်က သူ့မျက်လုံးကို ပိတ်လိုက်တယ်။ ပြီးတော့ သူ ဒါကို ရှာမတွေ့ခင်မှာ သူက ဖန်းလိကို အသံပေးပြီးနှိုးလိုက်တယ်။

ဘာကြောင့် မင်း ဒါကို လုပ်ချင်ရတာလဲ?။

ဖြစ်နိုင်တာက သူက ဒီလူကို ဒီလိုမျိုး သီးသန့်ဆန်ပြီး အကူအညီမဲ့နေတာမျိုး မမြင်ချင်တာကြောင့်ဖြစ်ရမယ်။ သူအခု ဘာဖြစ်နေလဲဆိုတာကို ဖြစ်လာစေတာက လူတွေကို အံ့အားသင့်စေအောင် ပြုလုပ်နိုင်တာကိုပေါ့။

ဘာလို့ ဒီနေဥဒီ ဘယ်သူကိုမှကို လာခွင့်မပြုထားတာလဲ?။ ဒါက ဘာလို့လဲဆိုတော့ ဒီနေရာက မှတ်ဉာဏ်တွေက အရမ်းကို နာကျင်ရလို့ဖြစ်မယ်။ အရမ်းနာကျင်ရပေမဲ့ ငါ လက်မလွှတ်နိုင်ဘူး။

ရှဲ့ဟိုင်က သူ့နှုတ်ခမ်းကို စုထားလိုက်တယ်။ ဒီလိုမျိုး တွေးရတာက သူ့အတွက် အရမ်းအန္တရာယ်များမယ်ဆိုတာ သူသိတယ်။ ဒီမှာ ရှိတဲ့ အရာရာတိုင်းက ဒုက္ခတွေ ခံစားနေကြရတာပဲ။ အတိတ်က ဘာပဲဖြစ်နေပါစေ ဆုတ်ယုတ်လာစရာ အကြောင်းမရှိဘူး။ သူက နတ်ဆိုးဖြစ်ဖို့ ရွေးချယ်ခဲ့တဲ့အတွက် သူ့ရွေးချယ်မှုနဲ့ တန်တဲ့ တန်ဖိုးကိုတော့ ပေးဆပ်ရမှာပဲလေ။

ဒါမှန်တယ်။ သူဒီလူအတွက် သနားနေစရာမလိုဘူး။ သူ့အသက်အန္တရယ်အပေါ် အခွင့်အရေးမယူချင်ရုံပဲ။

ရှဲ့ဟိုင်က သူ့ကိုယ်သူ အဲ့လိုပြောနေခဲ့တယ်။

ဒီနေ့ အသုံးဝင်တဲ့ အချက်အလက်မရလိုက်တာက နှမြောစရာပဲ။

ရှဲ့ဟိုင်က နှေးကွေးစွာ အကြည့်လွှဲလိုက်ပြီး ဖန်းလိကို ဆက်ကြည့်နေခြင်း မရှိတော့။ နောက်ပြန်လှည့်ပြီး ဒီကနေ ထွက်သွားလိုက်တယ်။

ဖန်းလိက ရှဲ့ဟိုင် ထွက်သွားတာကို ကြည့်နေလိုက်တယ်။ သူ့ကို ရပ်တန့်ဖို့ ဘာအသံမှ မထွက်ခဲ့ဘူး။

ဒီအခြေအနေမှာ ဘယ်ဟာကကောင်းလဲ ဆိုးလဲဆိုတာကို မသိသေးရင်တောင် ရှဲ့ဟိုင်က ဒါအတွက်နောင်တရပြီး သူ့အတွက် နောက်ပြန်လှည့်လာလိမ့်မယ်။

သူ ဒီအကြောင်းကို အချိန်အကြာကြီး စဉ်းစားနေခဲ့တယ်။ သူရှဲ့ဟိုင်ရဲ့ ရှုထောင့်ကနေ ခံစားလို့ရနေတယ်။ ရှဲ့ဟိုင် ဘာလို့ သူ့ကို ဘာမှ မလုပ်တာလဲဆိုတဲ့ ရည်ရွယ်ချက်က တစ်ခုတည်းပဲ။ အဲ့ဒါက ရှဲ့ဟိုင်က ရိုးသားတဲ့ လူကြီးလူကောင်းတစ်ယောက်၊ သူတစ်ပါးရဲ့ အန္တရာယ်အပေါ် အခွင့်အရေးယူပြီး နှောင့်ယှက်မှာ မဟုတ်ဘူး။

ဒါပေမဲ့ ရိုးရိုးသားသားပြောရမယ်ဆိုရင် ရှဲ့ဟိုင် သူ့ကို မသတ်တာကို ဖန်းလိက အံ့ဩသွားတယ်။

သူက မူရင်းဝတ္ထုကို ဖတ်ထားပေမဲ့လည်း သူကသိတယ်လေ။ ရှဲ့ဟိုင်က ဒီမသေမျိုးလောကမှာ လူထောင်ချီက လေစားအားကျရတဲ့ တည်ရှိမှုမျိုး ဖြစ်တယ်ဆိုတာကိုပေါ့။ နတ်ဆိုးတွေကို ဖယ်ရှားပစ်ပြီး သူ့တစ်ဘဝလုံး တာအိုဘဝကို ကာကွယ်ခဲ့တယ်။ ဒါပေမဲ့ ရှဲ့ဟိုင်က လူဆိုးတစ်ယောက်လို့ မဆိုလိုဘူး။ ပြီးတော့ အခြားကိစ္စတွေကောပေါ့။


ဆန့်ကျင်ဘက်အနေနဲ့ သူက နတ်ဆိုးတွေအပေါ် အရမ်းရိုင်းပြီး မျက်တောင်ခတ်ခြင်းမရှိဘဲ နတ်ဆိုးတွေကို သတ်ဖြတ်လေ့ရှိတယ်။ သူက နက်ရှိုင်းတဲ့ စိတ်သဘောထားရှိပြီး ဆုံးဖြတ်ချက်ခိုင်မာတဲ့ လူတစ်ယောက်ဖြစ်တယ်။ အပြင်လောကကြောင့်နဲ့တော့ သူ့ဆုံးဖြတ်ချက်တွေက တိမ်းစောင်းသွားမှာ မဟုတ်ဘူး။

သူက ဘုရားလောင်းလိုမျိုး လူသားတိုင်းကိုတော့ ဘယ်တော့မှ ကယ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ သူက ဓားတစ်ချောင်းတည်းနဲ့ နတ်ဆိုးတွေကို သတ်တဲ့ ****ပဲ။


ခုကြည့်ရတာ ငါထင်တာ မှားသွားတဲ့ပုံပဲ။

ရှဲ့ဟိုင်မှာ အရင်ကတည်းက ဒီလို သဘောထားမျိုးရှိတာပဲ။


အမှန်တရားတွေ၊ ကြင်နာမှုတွေ၊ အလှတရားတွေနဲ့ ပေါင်းစပ်ထားတဲ့ အမျိုးသားဇာတ်ဆောင် shou ဖြစ်ရတာ ထိုက်တန်ပါတယ်။

အခြားနေရာမှာ ထားမယ်ဆိုရင် နစ်နာမှုကို ကြင်နာမှုနဲ့ ပြန်ပေးဆပ်တယ်ဆိုတာ မဖြစ်နိုင်ဘူး။

[ system: host, host, host, မင်းတကယ် အဆင်ပြေရဲ့လား ]

ဖန်းလိက အခုမှပဲ system နဲ့ ချိတ်ဆက်ဖို့ အချိန်ရတော့တယ်။ သူက ပြုံးလိုက်တယ်။ "အဆင်ပြေပါတယ်။"

Systemက သူ့ကိုယ်ပိုင်အမှားအတွက် ပြင်ဆင်ဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ သူ hostကို မကောင်းတဲ့ မှတ်ဉာဏ်တွေ မပေးလိုက်သင့်ဘူး။ မတိုင်ခင်က host အဆင်ပြေနေသေးပေမဲ့လည်း သူက အနာဂတ်မှာ အဆင်ပြေမယ်လို့ မပြောနိုင်ဘူးလေ။ မတော်တဆ ရှဲ့ဟိုင်ရဲ့ အကူအညီ မပါဘဲ ထပ်ဖြစ်ခဲ့မယ်ဆိုရင် host က ပြန်လည်နိုးထလာမှာ မဟုတ်တော့ဘူး။ ဖြစ်နိုင်ချေကို စဉ်းစားကြည့်မယ်ဆိုရင် system က သူ့ကိုယ်သူ စိုးဝါးစွာ အပြစ်တင်လို့ မဆုံးဖြစ်နေတယ်။

[ system: ငါမင်းရဲ့ မှတ်ဉာဏ်ဆိုးတွေကို ပြန်ချိတ်ပိတ်ပေးလို့ရတယ်။ ]

ဖန်းလိက ပြုံးပြီး ခေါင်းခါလိုက်တယ်။ " မလိုပါဘူး။"

ဒါက တကယ့်ကို ငါ့ရဲ့ ပေါ့ဆမှုပဲ။ ဒါပေမဲ့ အိပ်မက်ဆိုးကြီးက သူ့ကို အလွယ်တကူ ဖမ်းနိုင်တာ ဘာကြောင့်လဲဆိုတာက သူမပြင်ဆင်ထားလို့ဘဲ။ ဒီအစိမ်းရောင် ဝါးဓားလေးက မှတ်ဉာဏ်တွေကို ဖွင့်ဖို့ သော့ချက်ဖြစ်လာပြီး အိပ်မက်ဆိုးတွေ တလိပ်လိပ်တက်လာတာက သူ့အသိစိတ်ကို ဝေဝါးသွားစေပြီး လွတ်မြောက်ဖို့ရန် မဖြစ်နိုင်တော့ဘူး။ ဒါပေမဲ့ ဒီလိုကိစ္စမျိုးက ထောင်ချောက်လိုပဲ။ တူညီတဲ့နေရာ၊ တူညီတဲ့ မနှစ်မြို့မှုတွေက ပထမဆုံးအကြိမ်အနေနဲ့ လူတွေကို အံ့အားသင့်စေတယ်။ ဒါပေမဲ့ ကျွမ်းဝင်သွားတဲ့ အချိန်မှာတော့ အသုံးမဝင်တော့ဘူး။

ဒါ့အပြင် နေရာတိုင်းမှာ လူသတ်လိုတဲ့ ရည်ရွယ်ချက်တွေ ပြည့်နေတဲ့ မသေမျိုးကျင့်ကြံရေးလောကပဲလေ။ မှတ်ဉာဏ်က ပိုပြီး အန္တရာယ်များသလား၊ ကမ္ဘာကြီးက သူကိုယ်တိုင်ကပဲ အန္တရာယ်များတာလားဆိုတာကတော့ ပြောဖို့ခက်တယ်။

ဖန်းလိက ပြုတ်ကျနေတဲ့ ဝါးစိမ်းဓားလေးကို ကောက်ဖို့ ကိုင်းညွှတ်လိုက်တယ်။ သူခုချိန်မှာ ထပ်ပြီး ထောက်ချောက်မိသွားမယ်ဆိုရင် ဓားက မတော်တဆ ချော်ကျသွားတယ်။
System က host ကို နောက်ထပ်တစ်ကြိမ် ဆွဲဆောင်ဖို့ ကြိုးစားလုနီးပါးပဲ။ ဒါပေမဲ့ host သာ ဓားကို နောက်ထပ် တစ်ကြိမ် ထိလိုက်မယ်ဆိုရင် သူ့မျက်နှာက ကြောက်လန့်မှုတွေကြောင့် ဖြူဖျော့လာပြီး မေ့လုနီးပါးဖြစ်သွားလိမ့်မယ်။

ဒါပေမဲ့ သူ့ကို အံ့ဩစေတာက ဒီတစ်ကြိမ်မှာတော့ ဖန်းလိက ဘာမှမဖြစ်သွားဘူးဘဲ။ သူက ဓားပေါ်က ဖုန်တွေကို ဂရုတစိုက်နဲ့ နူးနူးညံ့ညံ့ သုတ်လိုက်ပြီး ထားလိုက်တယ်။



System: ?????

ဖန်းလိက မထွက်သွားခင် ဖြည်းဖြည်းချင်းလမ်းလျှောက်လိုက်တယ်။ သူက အထီးကျန်ဖွယ် ဝါးအိမ်လေးကို လှည့်ကြည့်လိုက်တယ်။

ဒီကမ္ဘာကြီးက မင်းကို မျှော်လင့်ချက်မှုန်ဝါးဝါးလေးတောင် မပေးခဲ့ဘူးဆိုရင် မျှော်လင့်ချက်သေးသေးလေးရတာထက် ကမ္ဘာကြီးကို ဉဿုံ ဖျက်ဆီးပစ်လိုက်တာက ပိုကောင်းတယ်။

ငါ့မှတ်ဉာဏ်ထဲက သူ့ကို ကာကွယ်နေတဲ့ သူကို ငါမုန်းတယ်။ သူက သွေးစွန်းနေတဲ့ အဖြူရောင် ဝတ်ထားတာဖြစ်စေ၊ ဒါမှမဟုတ် သီခြားပုံစံဖြစ်နေမယ်ဆိုရင်တောင်ပေါ့။ သူက ခြေတစ်လှမ်းလေးတောင် နောက်မဆုတ်ခဲ့ဘူး။ သူမတ်တပ်ရပ်နေသည့်တိုင်အောင် သူ့ရဲ့နောက်ဆုံးအချိန်ထိ သူ့ကို ကာကွယ်ပေးခဲ့တယ်။ မင်းကမ္ဘာကြီးကို ကြောက်နေဖို့ မလိုဘူး.......


ရှဲ့ဟိုင် ယန်ကျန်းချီးရဲ့ တပည့်တွေရှေ့မှာ ဓားတစ်လက်တည်းနဲ့ နတ်ဆိုးကျင့်ကြံသူထောင်ပေါင်းများစွာကို ရင်ဆိုင်ခဲ့တုန်းကလိုပဲ သွေးစွန်းနေတဲ့ အဖြူရောင် ဝတ်စုံ။ သူက ခြေလှမ်းတစ်ဝက်တောင် နောက်မဆုတ်ခဲ့ဘူး။ သူကာကွယ်ချင်တဲ့ လူတွေကို ကာကွယ်တာထက်တောင် အဆုံးမရှိ****ထဲကို ကျရောက်သွားတယ်။



ရှဲ့ဟိုင်က အဲ့ဒီလူနဲ့ အရမ်းကို တူလွန်းတယ်။



ရှဲ့ဟိုင် သူ့နောက်မှာထားပြီး ကာကွယ်နေတဲ့သူက သူမဟုတ်တာကတော့ သနားစရာပဲ။ သူကတော့ အဲ့ဒီလိုလူမျိုးကို သူ့ဘဝမှာ နောက်ထပ်မတွေ့နိုင်တော့ဘူး။




ရန်ရွှီက ဘာလို့ သူ့ကိုယ်သူ နစ်မြုပ်သွားခွင့်ပြုခဲ့တာကို နားလည်စပြုလာပြီလို့ ဖန်းလိထင်တယ်။




သူက ရှဲ့ဟိုင်ကို ချစ်မိသွားလိမ့်မယ်။ ဒါပေမဲ့ ရေရှည်အချစ်တော့မဟုတ်ဘူးလို့ ဝတ္ထုထဲမှာ ပြောထားတယ်။ အဲ့ဒါက ထင်ယောင်ထင်မှားဖြစ်နေတယ်ဆိုတာကို မသိနိုင်တဲ့ အိပ်မက်ထဲမှာ တဝဲလည်လည်ဖြစ်နေတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ သူက လက်လွှတ်ဖို့ကို တွန့်ဆုတ်နေခဲ့တယ်။



ဒါက သူ့ရဲ့ ဝမ်းနည်းစရာ တိုတောင်းလှတဲ့ ဘဝကို ဖမ်းကိုင်နေရတဲ့ အကြောင်းသာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ သူက ဒါကို မလွှတ်ချနိုင်ဘူး။


သနားစရာပဲ။ သူမဟုတ်ဘူး။ သူလုံးဝကို မဟုတ်ခဲ့ဘူး။

မင်းအတင်းအကြပ် နေချင်တယ်ဆိုရင် မင်းက ရေငတ်နေတဲ့အခါ ရေငတ်ပြေစေဖို့ အဆိပ်ကို သောက်နေတာပဲ။ ဒါဟာ တခြားသူတွေနဲ့ မင်းကိုယ်မင်း လှည့်စားနေတာပဲ။

...............................................................................

System က ခုရက်ပိုင်းအတွင်း အလွန်ကို စိတ်ပူနေခဲ့တယ်။ host က ဘာမှမဖြစ်ဘူးလို့ ပြောနေပေမဲ့လည်း တကယ်ပဲ ဘာမှမဖြစ်ခဲ့တာလား?


System တကယ် စိတ်ပူလွန်နေတယ်ဆိုတာကို ဖန်းလိခံစားနေမိခဲ့တယ်။


ဒီလိုအရေးမပါတဲ့ကိစ္စတွေကို နှိုင်းယှဉ်ရမယ်ဆိုရင် မကြာခင်က ပိုပြီး အရေးပါတဲ့ တာဝန်တွေရှိတွေတယ်။ ဖန်းလိကို အဲ့ဒါတွေက ပျင်းရိစေပြီး စိတ်မရှည်ဖြစ်စေတယ်၊

တုမိန်က နောက်နယ်မြေကို တိုက်ခိုက်လိုက်တယ်။ နောက်ထပ်နယ်မြေချဲ့ထွင်လိုက်ပြန်ပြီ။ နတ်ဆိုးအုပ်စုတွေက ကြိုးတစ်ချောင်းတည်းနဲ့ ပိတ်ဖမ်းထားတယ်။ ဘယ်အမတဂိတ်ကမှ မခုခံနိုင်တာကြောင့် မကြာခင်က သူ့နယ်မြေက ပိုပြီး ကျယ်ပြန့်လာတယ်။


နယ်မြေကျယ်ပြန့်လာတာကြောင့် ပျက်စီးမှုတွေ များလာပြီး ကွဲထွက်လာတာ ပြဿနာတစ်ရပ်ဖြစ်လာတယ်။ ဒီအကြောင်းအရင်းကြောင့်ပဲ နတ်ဆိုးဂိုဏ်းတော်တော်များများက သူ့ရှေ့မှာ အငြင်းပွားလာကြတယ်။ သူဒါတွေကို ဂရုမစိုက်ချင်ပေမဲ့လည်း အကြိမ်များများ စိတ်ရှည်စွာနဲ့ နားထောင်ရုံသာ နားထောင်ခဲ့တယ်။

ဒီနတ်ဆိုးက ဘုရင်းမင်းမြတ်တမျှ။ ဒါပေမဲ့ အင်ပါယာရဲ့ တကယ့်တာဝန်က ပိုခက်တယ်။ ပြီးတော့ အားနည်းတဲ့ ဘုရင်သာလျှင် သက်တောင့်သက်သာနဲ့ ရှင်သန်နိုင်တယ်။

ဖန်းလိက " လက်အောက်ခံနိုင်ငံနဲ့ အားနည်းတဲ့ ဘုရင်" အဖြစ် ဆက်လက်လုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။


ရှောင်ကြဉ်ရမဲ့ အကောင်းဆုံးနည်းလမ်းက သိမ်မွေ့မှုကို မွေ့လျော်ဖို့ပဲ။ ဖန်းလိက မကြာခင်က ရှဲ့ဟိုက်ဘက်ကို သဘောအရမ်းကျခဲ့တယ်။ နောက်ဆုံးအကြိမ်ဖြစ်ပျက်သွားခဲ့တုန်းက ရှဲ့ဟိုင်အပေါ်ထားတဲ့ ဖန်းလိရဲ့ အာရုံစိုက်မှုက တိုးလာတယ်။ ရှဲ့ဟိုင် ချိပ်စည်းကို မဖြည်နိုင်ခင်မှာ သူတို့တွေ ငြိမ်းချမ်းစွာ အတူတကွနေရလိမ့်မယ်။

ငါက လူကောင်းတစ်ယောက်ရဲ့ အတွင်းစိတ်ကို ဗီလိန်ရဲ့ နှလုံးသားနဲ့ တိုင်းတာနေခဲ့တယ်။

မူရင်းဝတ္ထုရဲ့ ဇာတ်ကြောင်းတိုးတက်မှု ဖြစ်စဉ်အရ Xမြင်ကွင်းများစွာရဲ့ အတွေ့အကြုံရပြီးတဲ့နောက်မှာ ရန်ရွှီရဲ့ စိတ်က ပထမဆုံး ပျောက်ကွယ်သွားပြီး နှလုံးသား နောက် တစ်လှမ်းပြီး တစ်လှမ်း ကျဆုံးခဲ့တယ်။ ငါတော့ ကြယ်တွေလတွေကို မြင်ရဖို့ မစောင့်နိုင်တော့ဘူး။ အလှလေးပြုံးဖို့အတွက်ပေါ့။
[T/N- ကြယ်တွေလတွေမြင်ဖို့မစောင့်နိုင်ဘူးဆိုတာက ဟိုဟာလေ...သိတယ်မလား? ဟုတ်ပါတယ်
အဲ့ဒါပါပဲ။]

ဖန်းလိ ပထမဆုံး ဒီစာအုပ်ကို ဖတ်တုန်းက သူ့တဏှာတွေနဲ့ စွဲလမ်းမှုကြောင့် တစ်စုံတစ်ယောက်ကို ချစ်သွားဖို့ဆိုတာက အကျိုးအကြောင်းဆီလျော်မှုမရှိဘဲ မဖြစ်နိုင်ဘူးလို့ပဲ သူခံစားခဲ့ရတယ်။ ပြီးတော့ သူ့နှလုံးသားလေးတောင် လှုပ်ရှားသွားရတယ်။

နောက်ဆုံးအကြိမ်တုန်းက သူ အိပ်မက်ဆိုးထဲမှာ ပိတ်မိတဲ့ အတွေ့အကြုံရပြီးတဲ့နောက်မှာ ဖန်းလိက မနှစ်မြို့မှုရဲ့ ခံစားချက်ကို နားလည်လာခဲ့တယ်။ ပြီးတော့ ဘာလို့ ရှဲ့ဟိုင်ဖြစ်နေရတာလဲဆိုတာကော နားလည်လာခဲ့တယ်။ ဘာလို့လဲဆိုတော့ ရှဲ့ဟိုင်က ဒီလူနဲ့ တူတယ်လေ။


ဒီစာအုပ်ထဲက ကမ္ဘာက အစစ်အမှန်အဖြစ်သို့ ပြောင်းသွားတယ်။ စာရွက်ပေါ်က ဇာတ်ကောင်တွေကလည်း လူအစစ်တွေအဖြစ်ပြောင်းသွားတယ်။ မူလကအကြောင်းအရင်းမရှိခဲ့တဲ့ နေရာတွေကလည်း အလိုအလျောက်ကို ပြီးပြည့်စုံသွားတယ်။ စိတ်ဝင်စားစရာပဲ။

ဒီနေ့က ဖန်းလိ ပြဿနာတွေကို ဆွေးနွေးရမဲ့ နေ့ပဲ။ သူရှဲ့ဟိုင်ကို သူနဲ့အတူ နန်းဆောင်ကို ခေါ်သွားပြီး သူ့ဘေးမှာထားပြီး အတူတူပါဝင်ဖို့ကို တုန့်ဆိုင်းမနေခဲ့ဘူး။

ပလ္လင်အောက်မှာ ရှိနေတဲ့ နတ်ဆိုးအုပ်စုတွေကလည်း ဘာမှမတတ်နိုင်ခဲ့ဘူး။ ဆူညံသာပြုလုပ်နိုင်ခဲ့တယ်။ အရှင်...ဒါမဖြစ်နိုင်ဘူး။ ဒါက ဂုဏ်ပြုစားသောက်ပွဲအခါသမယ မဟုတ်ဘူးလေ။ စားသောက်ပွဲက အချစ်တော်လေးကို ခေါ်လာပြီး ကစားတာက အဆင်ပြေပေမဲ့....။ သူတို့က နတ်ဆိုးဂိုဏ်းအတွင်း ကိစ္စရပ်တွေကို ဆွေးနွေးကြတယ်။ ဘုန်းတော်ကြီးကို နတ်ဆိုးပလ္လင်ပေါ်မှာ ထိုင်ခွင့်ပြုတယ်။ ဘယ်လောက်တောင် အမြင်မတင့်တယ်လိုက်သလဲ။

ရှဲ့ဟိုင်က ခါတိုင်းနှင့် မထူးခြားဘဲ။

သူ့လက်ကို ဖန်းလိက တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး တစ်ဖက်သူရဲ့ လက်ချောင်းတွေက အနည်းငယ်အေးစက်နေတာကို ခံစားရတယ်။ အချိန်တွေအကြာကြီး ကိုင်ထားခံရပြီးနောက်မှာတော့ အေးစက်နေတာက ရပ်တန့်သွားတယ်။ အနွေးဓာတ်ကို ရလာလို့ ဖြစ်မယ်။ ဒီလူက သူနဲ့အတူတူစားတယ်၊ နေတယ်။ အစတုန်းကတော့ ငါ အနည်းငယ် သတိထားနေမိတယ်။ ဒါပေမဲ့ အခုတော့ ကိစ္စမရှိတော့လေဖြစ်လာတယ်။ မင်း စိတ်အေးလာတာများလား?

သူက သူ့ကို လုံးဝမထိတာက လွဲရင် ဒီလူက သူ့ကို နာနာခံခံနဲ့ အလွန်အမင်းကို ဆက်ဆံတယ်။ တခါတလေဆိုရင် ဒီလူက သူ့ကို ကြိုက်နေတဲ့ ပုံရိပ်မျိုးတောင် ပေးလေ့ရှိတယ်။


ဒါပေမဲ့ အဲ့ဒါတွေ အကုန်လုံးက အတုတွေဆိုတာ သူသိတာပေါ့။

ရှဲ့ဟိုင်က သူ့ရဲ့မျက်လုံးတွေကို နှိမ့်ချလိုက်ပြီး စူးစမ်းတဲ့ အကြည့်တွေကို ရင်ဆိုင်လိုက်တယ်။


ဟက်, ဒါက ဖန်းလိရဲ့ ရည်ရွယ်ချက်ပဲ။ သူက သူ့ရဲ့ အားနည်းချက်ဆိုတာကို တုမိန်မြင်အောင်လို့ပေါ့။ ဒီရည်ရွယ်ချက်ကြောင့် သူဒါကို လုပ်ဖို့ မတုန့်ဆိုင်းနေသင့်ဘူး။ ရှဲ့ဟိုင်က သူ့နှုတ်ခမ်းထောင့်တွေကို ဆတ်ခနဲ မဲ့လိုက်ပြီး သူ့ရဲ့ မျက်လုံးထဲက အေးစက်မှုတွေကို ဖုံးကွယ်ဖို့ သူ့မျက်လုံးတွေကို မှေးလိုက်တယ်။

မင်းက ငါ့ကို အသုံးချနေတဲ့အတွက်ကြောင့် ဘာလို့ အချင်းချင်း အသုံးမချရမှာလဲ?

ဖန်းလိက သူ့ရဲ့ မေးစေ့ကို လက်တစ်ဖက်နဲ့ ထောက်လိုက်တယ်။ သူ့ရဲ့ လက်အောက်ငယ်သားတွေ ပြောတာကို စိတ်မရှည်စွာ နားထောင်နေတယ်။

ရန်မိုဂိုဏ်းခေါင်းဆောင်က ပြောလိုက်တယ်။ "ဒီတစ်ကြိမ်မှာ ကျွန်တော်မျိုးတို့က ဝမ်းယဲ့စီရင်စုနယ်မြေ-၁၂ခုကို တိုက်ခိုက်ခဲ့တယ်။ အမတဘုန်းတော်ကြီး ၇၉၂ယောက်ကို ဖမ်းဆီးရမိခဲ့ပါတယ်။ အရှင် သူတို့ကို ဘယ်လိုများ စီရင်မလဲဆိုတာ ကျွန်တော်မျိုး သိခွင့်ရှိမလား?"

ရန်မိုဂိုဏ်းခေါင်းဆောင်က သူ့စိတ်ထဲမှာ ဒါကို ပြင်ဆင်ထားပြီးသား။ အဲ့ဒီ အခြေတည်အဆင့်အထက်က လူတွေက ဝိဉာဉ်သန့်စင်ခြင်းအဆင့်၊ ရွှေအမြုတေအဆင့်က လူတွေက ရုပ်သေးတွေအဖြစ် သဘောထားခံရတယ်။ ပြီးတော့ ကျန်တဲ့လူတွေက ကျွန်တွေအဖြစ် ဆက်ဆံခံရတယ်။ အဲ့ဒါက မီးပြင်းဖို သန့်စင်တာဖြစ်စေ ဆေးဖော်စပ်တာဖြစ်စေ သူတို့ အားလုံးက ကျွမ်းကျင်တဲ့ ပညာရှင်တွေပဲ။ ငါတို့ရဲ့ မီးတောက်နတ်ဆိုးဂိုဏ်းက ဒီအချိန်မှာ အားတွေအများကြီး စိုက်ထုတ်ထားတယ်။ ဘာလို့ ငါတို့ ဆုငွေပို မရရမှာလဲ။

အဲ့ဒါနဲ့ ဘယ်လိုဆက်စပ်နေတာလဲ?

ဖန်းလိက အနည်းငယ် ရှက်ရွံ့မှုကို ခံစားလိုက်ရပြီး မျက်မှောင်ကျုံ့လိုက်တယ်။


ရှဲ့ဟိုင်က ရုတ်တရက် ပြောလိုက်တယ်။ သူ့ရဲ့ အသံက အေးစက်နေပြီး မထူးခြားပါပဲ။ သူရဲ့ အမူအရာကလည်း အေးစက်နေဆဲ။ "အပြစ်ကင်းတဲ့ လူတွေကို လက်လွှတ်စပယ် သတ်ခြင်းက ကောင်းကင်ဘုံရဲ့ ဉပဒေနဲ့ ဆန့်ကျင်နေတယ်။"

အပြစ်မဲ့တွေကို လက်လွှတ်စပယ် သတ်ခြင်းတဲ့၊ ဘာတဲ့ ကောင်းကင်ဘုံရဲ့ စည်းမျဉ်ကို ချိုးဖောက်ခြင်းတဲ့လား။ အောက်မှာရှိတဲ့နတ်ဆိုး အုပ်စုတွေက ရှဲ့ဟိုင်ကို အရူးတစ်ယောက်ကို ကြည့်သလို ကြည့်နေကြပြီး ခွက်ထိုးခွက်လန် ရယ်မောနေကြတယ်။ သူဒါကို ပြောဖို့ ရူးမနေမှာကို ငါစိုးရိမ်မိနေတယ်။ ပြီးတော့ သူက ဒီကိုတောင် ကြည့်မနေဘူး။ သူတို့တွေက ဘယ်သူတွေလဲ။ မင်း ယုရီကျွင်းကို လေးစားနေဆဲလို့ မင်းတကယ် ထင်နေတာလား? မင်းက ကစားခံနေရတဲ့ အိမ်မွေးတိရစ္ဆာန် အပြင် မပိုဘူး။ လုံးဝကိုယ့်အဆင့်ကိုယ် မသိတာပဲ။

ရန်မိုဂိုဏ်းခေါင်းဆောင်က လှောင်ပြောင်သရော်လိုက်တယ်။ အရှင် စကားပြောနေတဲ့ အချိန်မှာ သူ့အချစ်တော်လေးက ကြားဝင်ပြောလိုက်တယ်။ အရှင့်ရဲ့ ဘယ်လောက်ပဲ အချစ်ခံရပါစေ၊ အရှင်က သူ့ကို စိတ်ကြီးဝင်ခွင့်တော့ပြုမှာ မဟုတ်ဘူး။


ရှဲ့ဟိုင်က ဆင်ခြင်တုံတရားမဲ့လိုက်တာလို့ လူတိုင်းက ထင်နေကြတယ်။


ဖန်းလိရဲ့ မျက်လုံးတွေက ပြုံးယောင်ယောင်ဖြစ်နေတယ်။ သူတို့အတွက်တော့ ဒီလိုပြောဖို့က မသင့်လျော်ပေမဲ့ ရှဲ့ဟိုင်အတွက်တော့ ပိုပြီးတော့တောင် မသင့်လျော်နိုင်သေးတယ်။ အဲ့ဒါက သူအိပ်ပျော်နေဆဲမှာ တစ်ယောက်ယောက်က သူ့ကို ခေါင်းအုံးနဲ့ ပစ်ပေါက်လိုက်သလိုပဲ။ သူက သူ့အစာအိမ်ထဲက သန်ကောင်များလား?/

[ T/N-ကိုယ်ထင်ကပေါ့နော်၊ ရှဲ့ဟိုင်ကိုပြောတဲ့ကောင်က တုမိန်ရဲ့ ဘက်တော်သားဖြစ်ပြီး ဘက်လိုက်ပြီးက ကပ်တွယ်တယ်ဆိုတဲ့ သဘော။ ]

ဖန်းလိက မတ်တပ်ရပ်လိုက်ပြီး အောက်လူတွေကို နည်းနည်းလေးတောင်မှ မကြည့်ဘူး။ သူ့ရဲ့ မျက်လုံးတွေက ကြင်နာမှုတွေနဲ့ ပြည့်နှက်နေပြီး ချစ်ရည်ရွှမ်းနေတယ်။ ပြီးတော့ ရှဲ့ဟိုင်ကို ပြောလိုက်တယ်။ " ကောင်းပါပြီ။ မင်းသဘောအတိုင်းပါပဲ။"

ပြီးနောက်သူက သူ့ခေါင်းကို မီးတောက်နတ်ဆိုးဂိုဏ်း ခေါင်းဆောင်ရှေ့ကို သုံမှုန်နေတဲ့ မျက်နှာနဲ့ လှည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်တယ်။ " မင်း မကြားဘူးလား၊ သခင်ယုရီက မပျော်ရင် ဒီက လူတွေ အားလုံးကို ဟိုလူဒီလူ ခွဲနေမှာ မဟုတ်ဘူး။"

ရန်မိုဂိုဏ်းခေါင်းဆောင်က ဖန်းလိကို တအံ့တဩ ငေးကြည့်နေတယ်။ သူ အာရုံချောက်ချားပြီး မှားကြားလိုက်တယ်လို့ မခံစားရဘူး။


ရှိနေတဲ့ လူတိုင်းက အချိန်ခဏလောက်ကြာအောင် မိန်းမောသွားရတယ်။ ပြီးတော့ သူတို့ရဲ့ စိတ်ထဲမှာ စိုးဝါးတဲ့ အတွေးတွေ တွေးမိသွားကြတယ်။ ဖြစ်နိုင်တာက ရူးနေတဲ့သူက ရှဲ့ဟိုင်မဟုတ်ဘဲ သူ့အရှင်များလား?

ရှဲ့ဟိုင်ရဲ့ စကားလေးကြောင့်နဲ့ သူတို့ကို အဆက်အဆံမလုပ်တော့ဘူးပေါ့? အကျဉ်းသားတွေက သူတို့ရဲ့ သတ်ခြင်းကို ခံရပြီး သူတို့လူတွေလည်းပဲ အများကြီးသေကုန်တယ်။ ဒီလိုမျိုး ငါတို့ လက်လွှတ်လိုက်လို့ ဘယ်ဖြစ်မလဲ။ လူတိုင်းက မနှစ်မြို့၊ မကျေနပ်တဲ့ အမူအရာတွေ ဖြစ်ကုန်ကြတယ်။

ဖန်းလိက သူတို့ကို ချေပဖို့ အခွင့်အရေးတစ်ခုတောင် ပေးလိုခြင်းမရှိဘူး။ သူ့အသံကကျောချမ်းဖွယ်ရာကောင်းနေပြီး၊ သူ့ရဲ့ အေးစက်တဲ့အကြည့်ကလည်း စူးစိုက်နေပြီး စကားကို တစ်လုံးချင်းစီ ပြောလိုက်တယ်။ "ဘာလဲ? မင်းတို့က ဒီအရှင်ရဲ့ ဆုံးဖြတ်ချက်ကို ငြင်းဝံ့တာလား? မတ်တပ်ရပ်ကြစမ်း"

ဒီမြင်ကွင်းက လုံးဝကို ပြောစရာစကားတောင် မဲ့တယ်။

ဘယ်သူကမှ မတ်တပ်မရပ်ခဲ့ကြဘူး။

ဖန်းလိက ကျေနပ်စွာ ကိုင်းညွှတ်ခဲ့တယ်။ ဒါကောင်းတယ်။ ဘယ်သူကမှ ပထမဆုံး သားကောင်းမဖြစ်ချင်ဘူးလေ။

ဒီမတော်တဆကြောင့် ရှဲ့ဟိုင်အပေါ်ထားတဲ့ လူတိုင်းရဲ့အကြည့်ဟာ ပြောင်းလဲကုန်တယ်။ အထင်သေးတာနည်းသွားပြီး ရင်းနှီးတဲ့ပုံနဲ့ ဆက်ဆံလာတယ်။ ပိုပြီး မုန်းတီးပြီး ပိုပြီးဆော့ ကြောက်လာကြတယ်။နှီးတဲ့ပုံနဲ့ ဆက်ဆံလာတယ်။ ပိုပြီး မုန်းတီးပြီး ပိုပြီးဆော့ ကြောက်လာကြတယ်။

ခဏကြာပြီးနောက် ရေနက်ဂိုဏ်းခေါင်းဆောင်က တုန်ချိတုန်ချိနဲ့ မတ်တပ်ရပ်ပြီး ဦးညွှတ်ကာ လည်ချောင်းရှင်းလိုက်တယ်။ ထို့နောက်ပြောလိုက်တယ်။ "နန်းတော်မှာ အစေခံတွေ နည်းနေတယ်လို့ ကျွန်တော်မျိုး ကြားခဲ့တယ်။ ဒါကြောင့် ကျွန်တော်မျိုးရဲ့ လက်အောက်ငယ်သားတွေက ရှစ်ဆယ့်ရှစ်ယောက်သော ငယ်ရွယ်တဲ့ အမျိုးသမီး၊ အမျိုးသားတွေကို စုဆောင်းခဲ့ပါတယ်။ သူတို့ကလှပတဲ့ရုပ်ရည်ကြောင့် ကျွန်တော်မျိုး သူတို့ကို အရှင့်ကို ခစားဖို့အတွက် နန်းတော်ကို စေလွှတ်ချင်ပါတယ်ဘုရား။"

ရှဲ့ဟိုင်က သူ့မျက်ခုံးတွေကို ပင့်တင်လိုက်ပြီး "မလိုဘူး။ အရှင့်ဘေးမှာ ငါရှိနေရုံနဲ့တင် လုံလောက်ပြီ။"

လူတိုင်း-"......" ရူးသွားပြီ။ လုံးဝကို ရူးသွားပြီပဲ။ အရှင်က ဘာမှမပြောသေးဘူး။

ဖန်းလိက လုံးဝကို အံ့သြသွားတယ်။ သူက ရှဲ့ဟိုင်ကို လှုပ်ရှားတဲ့ အကြည့်ကြည့်လိုက်တယ်။ သူတို့က ဒီလိုမျိုးကို အချင်းချင်း နားလည်ကြတာပဲ။ သူက ရုတ်တရက်ကို စိတ်မရှည်စွာနဲ့ ရေနက်ဂိုဏ်းချုပ်ကို ပြောလိုက်တယ်။ " မင်းမကြာဘူးလား? အားလုံးကို ပြန်ခိုင်းလိုက်။ အနာဂတ်မှာ ဒီလို မလိုအပ်တဲ့အပိုအလုပ်တွေ မလုပ်နဲ့။ ငါ့ဘေးမှာ လူတွေ မပြတ်လတ်ဘူး။"

လူတိုင်း-"..." အကြီးအကျယ် မိန်းမောနေကြတယ်။

ဖန်းလိ- "တခြားရှိသေးလား?"

အခု ခန်းမဆောင်ကြီးက အချိန်တော်တော်ကြာ တိတ်ဆိတ်နေခဲ့တယ်။ အချိန်အတော်ကြာအောင် ဘယ်သူကမှ အသံမထွက်ရဲကြဘူး။

လူတိုင်းက ထိတ်လန့်နေကြပြီး ဘာကို လပု်ရမှန်းတောင် မသိဖြစ်နေတဲ့အချိန်မှာပဲ တုမိန်က ရုတ်တရက် ခြေလှမ်းလှမ်းလာခဲ့တယ်။ သူက သူ့မျက်ခုံးတွေကို ပင့်ပြီး ဖန်းလိနဲ့ ရှဲ့ဟိုင်ကို ကြည့်လိုက်တယ်။ သူ့ရဲ့ အနက်ရောင်မျက်ဝန်းတွေက ပြင်းထန်တဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကို သယ်ဆောင်လာတယ်။ ပြီးတော့ ဖြည်းဖြည်းချင်းပြောလိုက်တယ်။ "မကြာသေးခင်က ယန်ကျန်းချီးတပည့်တွေက ဖူချုန်တောင်နယ်မြေကို ကျူးကျော်လာပြီး ဖမ်းခံလိုက်ရတယ်။ အရှင်ဘယ်လိုထင်လဲဆိုတာက အကောင်းဆုံးဖြေရှင်းနည်းလားဆိုတာ ကျွန်တော်မျိုးမသိဘူးရော?"

ယန်ကျန်းချီးတပည့်တွေ......

ဖန်းလိက ကောင်းကောင်းမွန်မွန်လုပ်ပြီး အပြုံးတစ်ခုနဲ့ ရှဲ့ဟိုင်ကို တိုက်ရိုက်ကြည့်လိုက်ပြီး "ဘယ်လိုဖြေရှင်းရမလဲဆိုတာ သခင်လေးယုရီဘယ်လိုထင်လဲ?"

ရှဲ့ဟိုင်ရဲ့ စူးရှတဲ့ မျက်ဝန်းတွေက တုမိန်ကို ကြည့်လိုက်တယ်။ သူ့ရဲ့ နှုတ်ခမ်းထောင့်တွေက မဲ့ပြုံးပြုံးလိုက်ပြီး ပေါ့ပါးစွာဆိုလိုက်တယ်။ "သေချာပေါက်ကို လွှတ်ပေးမှာပေါ့"

ဖန်းလိက ဒီစကားကို စောင့်ရုံသာစောင့်နေခဲ့တယ်။ ရှဲ့ဟိုင်က သူ့ကို ကျောခွင့် ပေးမှာမဟုတ်ဘူး။ သူက အနည်းငယ် သတ္တိရှိလာတယ်ဆိုရင်တောင် လေလုံးထွားရဲမှာမဟုတ်ဘူး။ တုမိန်ကိုတောင် ရှော့ဖြစ်သွားစေမှာပဲ။

ဖန်းလိက တုမိန်ကို အေးစက်စွာ စိုက်ကြည့်လိုက်တယ်။ ပြီးတော့ တုန့်ဆိုင်းခြင်းမရှိပြောလိုက်တယ်။ "ရသွားခွင့်ပေးလိုက်။ အနာဂတ်မှာလည်း ယန်ကျန်းချီးရဲ့ တပည့်တွေ ဒီကိုထပ်လာလိမ့်မယ်။ သူတို့တွေ ဒုက္ခမပေးသရွေ့ အဲ့ဒါကို စိတ်ပူစရာမလိုဘူး။ မင်းသိပါတယ်။" ဒါတွေအာလုံးက ရှဲ့ဟိုင်ဟာတွေချည်းပဲ။ ပင်မမိသားစုက မလှုပ်နိုင်ရုံသာမက ကောင်းမွန်တဲ့ကမ်းလှမ်းချက်ကိုပါ ရရှိသွားတယ်။

ပြောပြီးတဲ့နောက် သူကရှဲ့ဟိုင်ကို ထပ်ကြည့်လိုက်တယ်။ သူ့ရဲ့နူးညံ့တဲ့မျက်နှာကို ချက်ချင်းပြောင်းလဲလိုက်တယ်။ ချစ်ရည်ရွှမ်းတဲ့ အပြုံးနဲ့ ပြုံပြလိုက်တယ်။ "ဒီစီစဥ်မှုက ကောင်းတယ်လို့ မင်းထင်လား?"

ရှဲ့ဟိုင်ရဲ့ အမူအရာက အစကနေ အဆုံးအထိပြောင်းလဲသွားခြင်းမရှိဘူး။ ကွဲပြားသွားခြင်းလည်းမရှိဘူး။ အပြုံးလေးတစ်ခုတောင် ပေးခြင်းမရှိဘူး။ ပြန်ဖြေတဲ့အနေနဲ့ လည်ချောင်းထဲက ညည်းသံကိုသာ လုပ်ပြလိုက်တယ်။

ဒါပေမဲ့ ဖန်းလိက သူ့ရဲ့ မကွဲပြားမှုကို စိတ်ထဲမထားဘူး။ သူရဲ့ အရိုးထဲထိအောင် ချစ်တဲ့ပုံစံမျိုးနဲ့ သူ့လက်မောင်းကို ရှဲ့ဟိုင်ရဲ့ ပုခုံးပေါ်တင်လိုက်တယ်။ နူးညံ့စွာပြောလိုက်တယ်။ "ပျော်ပျော်လေးနေကြရအောင်"

အောက်ကလူတွေက အားလုံး လုံးဝကို ကြက်သေသေသွားကြတယ်။ ဒါအတွက် အခြား****အကြောင်းပြချက်များရှိတာလား?

ရူးနေပြီ။ လုံးဝကိုလွတ်နေပြီ။ ပြည့်တန်ဆာသာသာပဲ။ တကယ်ကို အဆံချောင်နေပြီ။

ဒီမှာတာဝန်ရှိတဲ့သူက မင်းရဲ့အရှင်လား ဒါမှမဟုတ် မင်းလား ရှဲ့ဟိုင်?

စာရေးသူမှာ ပြောစရာရှိပါတယ်။

အတွေးမလွန်ကြပါနဲ့ လူတိုင်း။ စာအုပ်အရ ဖန်းလိက လက်ရှိကော အတိတ်မှာကော မပင်ပန်းပါဘူး။

စာရေးသူ: ဟီးဟီး. စာပေကို နှစ်ဆချစ်ရမယ်။ မင်းဒါကို မတွေးနိုင်ဘူးလား?

ရှဲ့ဟိုင်:...........(ကို့ရို့ကားယားနိုင်လိုက်တာ


××××××××××××××
မြန်မာ့နှစ်သစ်ကူးမှာ အားလုံးပဲ ကျန်းကျန်းမာမာနှင့် ဆန္ဒနဲ့ဘဝ တစ်ထပ်တည်းကျပါစေနော်။
ပျော်ရွှင်စရာနှစ်သစ်လေးဖြစ်ကြပါစေ။
အေးချမ်းချမ်းမြေ့ပါစေဗျာ။

Continue Reading

You'll Also Like

1.9K 365 48
🔸အမျိုးအစား : Manhwa 🔸 အဆင့်သတ်မှတ်ချက် : N/A 🔸 အခြေအနေ : ongoing 🔸အမျိုးအစား- အက်ရှင်၊ စွန့်စားခန်း၊ ဒရာမာ၊ စိတ်ကူးယဉ် Synopsis : တစ်နေ့တွင် လျ...
3.7K 478 10
ကျီဝိန်ဟာ ကမ္ဘာ့အဆင့်မီ မုန့်ဖုတ်သမားတစ်ယောက်ဖြစ်ဖို့ စိတ်ပိုင်းဖြတ်ထားခဲ့ပေမယ့် ကံမကောင်းစွာပဲ ဆုပေးပွဲအခမ်းအနားသို့ သွားရာလမ်းမှာ ကားမတော်တဆမှုကြော...
8.3K 1.4K 29
Title -A Cat With A Red Envelope group status in COO- 93 Chapters + 8 extras I don't own this story. Full credits to original author and Eng tranala...
445K 24.5K 166
Featured at Wattpad's Editor Picks list. Luna, an overworked Engineer, had an unfortunate end. Her spirit, feeling wronged, fights Death for a second...