သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်...

By lanni_ways

48.7K 6.9K 492

စာရေးသူ - ယွီရှောက်လန်ရှန်း ဇာတ်ဆောင် - ရှန်ချန်းလင် x ချင်ရှောက်ယွီ - ယဲ့ကျင်... More

Hey~!
Intro
FYI
အခန်း (၁) ဝုန်းဝုန်းဒိုင်းဒိုင်းအချိန်နောက်ပြန်ခရီးသွားလိုက်ရပြီ
အခန်း(၂) ကိုယ်ဝန်ကိုမထိခိုက်စေနဲ့!
အခန်း(၃) ဘေးခြံထဲမှာလူတစ်ယောက်ကြိုးဆွဲချသေမလို့တဲ့
အခန်း (၄) ဘိုးဘေးလေးတစ်ယောက်ကိုမှပြန်ရွေးလာခဲ့တယ်
အခန်း (၅) ငါအလှပြင်ချင်တယ်!
အခန်း (၆) ကြွက်တက်တာက ကိစ္စကြီးတစ်ခုပဲဟ!
အခန်း (၇) နတ်မျိုးနွယ် သားရဲတိရစ္ဆာန်
အခန်း(၈) တက်ကြွကြိုးစားစွာသင်ယူရှာသည့်သခင်လေးရှန်
အခန်း(၉) အရှုပ်ထုပ်ကောင်
အခန်း (၁၀) သတ္တိကောင်းလိုက်တဲ့မကောင်းဆိုးဝါး!
အခန်း(၁၁) အပေါ်ထပ်ကနေခုန်ချလိုက်မိတယ်!
အခန်း(၁၂) မကောင်းတဲ့ကောင်!
အခန်း (၁၃)သရုပ်ဆောင်မင်းသား၏မပြီးနိုင်မစီးနိုင်သောအခန်းကဏ္ဍများ!
အခန်း (၁၄) လူ့လောက၏သုခဘုံ
အခန်း (၁၅) နှင်းသလင်းပြာ!
အခန်း(၁၇) ထွက်ခွာခြင်း
အခန်း (၁၉) ဝဋ်ကြွေးတွေပါတဲ့!
အခန်း(၂၀) နှင်းသလင်းပြာကို အမြန်ပြန်ပို့လိုက်စမ်း
အခန်း (၂၁) ချန်းမုတောင်
အခန်း (၂၃) အားလုံးက လူလုဖို့လာကြတာလား!
အခန်း (၂၄) ခရီးစဉ်ခေတ္တရပ်နားမည်!
အခန်း (၂၅) ဆေးမှာပြဿနာရှိနေတယ်!
အခန်း (၂၆) ရင်းနှီးတဲ့လူနဲ့လာဆုံနေတာပဲ!
အခန်း (၂၇) လက်ဆောင်လေးတစ်ခုပေးမယ်!
အခန်း (၂၈) မင်းတမင်လုပ်တာ!
အခန်း (၂၉) ကူပိုးကောင်!
အခန်း (၃၀) တကယ်ပဲ သည်းသည်းလှုပ်ချစ်တာနော်!
အခန်း (၃၁) နည်းနည်းလေးမှ ရိုးသားမှုမရှိဘူး!
အခန်း (၃၃) စုတ်ပြတ်သတ်နေတဲ့ရပ်နားစခန်း!
အခန်း (၃၄) တိတ်တဆိတ်အဆိပ်ခတ်ခြင်း!
အခန်း (၃၅) ချုံဟွားတောင်ကြား!
အခန်း (၃၆) သေရည်မူးနေတယ်!
အခန်း (၃၇) ဇနီးလေးက ကိုယ်နဲ့အတူ စမ်းကြည့်ပေးပါလား!
အခန်း (၃၈) တကယ်မျက်စိကျိန်းပြီးကန်းတော့မှာပဲ!
အခန်း (၃၉) ကြီးမားကျယ်ဝန်းကာနက်ရှိုင်းလွန်းသောခြံဝန်းကြီး
အခန်း (၄၀) လျှို့ဝှက်ဆန်းကြယ်စွာ မည်သူမျှ မသိလိုက်ပါဘဲနှင့်!
အခန်း (၄၂) တစ်ယောက်ထပ်ပျောက်သွားပြန်ပြီ!
အခန်း (၄၃) ကျုချင်းလန်!
အခန်း (၄၅) လီပေါ်ဟောက်!
အခန်း (၄၆) ဝတုတ်ကလေး!
အခန်း (၄၇) ဟွန်း!
အခန်း (၄၈) ပဟေဠိဆန်ဆန်ပွဲလေးတစ်ခု!
အခန်း (၁၁၁) ရှန်သခင်လေးကအင်မတန်ချစ်စရာကောင်းတယ်!
အခန်း (၁၁၂) မဟာတိုက်ပွဲ!
အခန်း (၁၁၃) အဆုံးသတ်!
အခန်း (၁၁၄) ပြဿနာအခက်အလက်များ!
အခန်း (၁၁၄) အဆက်
အခန်း (၁၁၅) ဂိုဏ်းချုပ်ချင်ဟာကုသိုလ်ကံကြီးပြီးအသက်ပြင်းသူပင်!
အခန်း (၁၁၆) သတိပြန်ရလာတော့ကောင်းလိုက်တာ!
အခန်း (၁၁၇) အမွေးလုံးလေးဟာဘာမျှကိုမသိနားမလည်ရှာ!
အခန်း (၁၁၈) ရှင်းလင်းသွားရပြီ!
အခန်း (၁၁၈) အဆက်
အခန်း (၅၁) ချစ်သူစုံတွဲအနေအထား
အခန်း (၅၃) လူပျောက်သွားပြီ!
အခန်း (၅၄) ကိုယ့်ကိုယ်ကိုယ်အားကိုးပြီး‌အားသွန်ခွန်စိုက်သရုပ်ဆောင်မယ်!
အခန်း (၅၅) အဆီအသားတွေအများကြီးရှိပေမဲ့ပွတ်သပ်နေမဲ့လူမရှိဘူး!
အခန်း (၅၆) မလွယ်လိုက်တာမှ!
အခန်း(၅၇) ကိုယ်မင်းကိုပြောပြပါ့မယ်!
အခန်း (၅၈) အဲသည့်ဘယ်သူနဲ့ တွေ့ တွေ့ တွေ့ တယ်!
အခန်း (၁၁၉) အမွေးလုံးက အိပ်ချင်ရုံလေးပါပဲဟာ!

အခန်း (၃၂) ကြယ်စဉ်ကိုးနွယ် ပုလဲသွယ်နက္ခတ်!

463 64 1
By lanni_ways

Unicode>>

 အခန်း (၃၂) ကြယ်စဉ်ကိုးနွယ် ပုလဲသွယ်နက္ခတ်!

【သူများက လိုချင်လို့ပါဆို!】

ရှန်ချန်းလင်၏ မျက်လုံးများ နီရဲလျက် ဒေါသဟုန်းဟုန်း တောက်နေသည့်ပုံကို ကြည့်ကာ ချင်ရှောက်ယွီသည် အင်မတန် ချစ်စရာ ကောင်းလွန်းသည်ဟု ခံစားမိလေ၏။ ထို့ကြောင့်ပင် မထိန်းနိုင်ဘဲ ပြုံးလိုက်မိတော့သည်။

ရှန်ရှောင်ရှို့သည် ရုတ်ခြည်း အဆပေါင်းများစွာ ပိုလို့တောင် ဒေါသထွက်သွားရတော့သည်ပင်။

ဘယ်လိုလုပ်ပြီး ဒီလောက် အရှက်မရှိတဲ့လူမျိုး ရှိနေသေးတာလဲ! ရင်ထဲမှာ အားနာသမှု မရှိဘူးဆိုရင်တောင် ထားဦး.. အခုတော့ ရယ်ပါ ရယ်ရဲသေးတယ်! !

သို့ဖြင့် သူသည် ဆန္ဒပြပုန်ကန်သည့်အနေဖြင့် ဂိုဏ်းချုပ်ချင်အား ခုတင်ပေါ်မှ ကန်ချလိုက်တော့သည်။

" ဒီနေ့ည မင်း ကြမ်းပေါ်မှာ အိပ်! "

" ကြမ်းပေါ်ဆင်းအိပ်ရင် စိတ်မဆိုးတော့ဘူးလား? "

ချင်ရှောက်ယွီက မေးသည်။

ရှန်ချန်းလင်က ဟွန်းကနဲ လုပ်ပြီး-

" အဲ့တာက မသေချာသေးဘူး! "

ငါ စိတ်ဆိုးတဲ့ အချိန်အပိုင်းအခြားကလည်း တစ်ခါတလေကျရင် တအား ကြာတတ်တယ်!

" ဒါမှမဟုတ်.. ကိုယ် မင်းကို အပြင်ခေါ်သွားပေးမယ်လေ? "

ချင်ရှောက်ယွီက ခုတင်အစွန်းနားသို့ တိုးကပ်ကာ မေးသည်။

" မသွားဘူး! "

ရှန်ချန်းလင်သည် ခြေတစ်ဖက်တည်းဖြင့် သူ့မျက်နှာကို ပိတ်ကန်လိုက်၏။ ချင်ရှောက်ယွီက ရယ်ရခက် ငိုရခက်ဖြင့် ထပ်ပြောသည်။

" စိတ်ဝင်စားဖို့ကောင်းတာတွေ ကြည့်ခွင့်ရမှာနော် "

" အခုချိန်မှာ ဘာများ ကြည့်လို့ရမှာလဲ? "

ရှန်ချန်းလင်က သံသယ မကင်းစွာဖြင့် ပြောသည်။

ညကြီးသန်းခေါင်သန်းလွဲမှာ အပြင်ထွက်တယ်ဆိုကလည်းက ခိုးကြောင်ခိုးဝှက် မသမာသူတွေ!

မဟုတ်မှလွဲ သူရဲကောင်း မင်းက သူများအိမ် သွားချောင်းမလို့လား! တကယ်သာ ဆိုရင်တော့ အကြမ်းဖက်သမားကို နှာဘူးပေါင်းလိုက်သလိုပဲ!

" မကြည့်ရင် နောင်တရမှာနော် "

ချင်ရှောက်ယွီက ခုတင်ဘေးနားတွင် ထိုင်သည်။

" တကယ်လို့ အဲ့ဟာက ကြည့်မကောင်းဘူးဆိုရင် အခန်းပြန်ရောက်ရင် ပြန်စိတ်ဆိုးလိုက်.. ဘယ်လိုလဲ? "

" ........ "

ရှန်ချန်းလင်သည် တွေဝေသွားရသည်။ ချင်ရှောက်ယွီက သူ့ကို အင်္ကျီဝတ်ပေးလိုက်သည်။ ရှန်ချန်းလင်က စိတ်ဆိုးဆိုးနှင့်ပင် -

" ဒါ မင်းအတွက် နောက်ဆုံးသော.. တစ်ခုတည်းသော အခွင့်အရေးနော်! "

" အင်း "

ချင်ရှောက်ယွီက လေးလေးနက်နက် ဖြေသည်။

" အဲ့တာကြောင့်မို့ ကိုယ် သေချာ တန်ဖိုးထားမှာ "

" ဧကန္တ သိုင်းလောကထိပ်သီး လျှို့ဝှက်သိုင်းကျမ်းများ ခိုးမလို့လား? "

ရှန်ချန်းလင်က အတွေးနယ်ပယ်များကို ဖြန့်ကျက်ကြည့်လိုက်သည်။

" ကိုယ်က အဲ့လို အောက်တန်းကျတဲ့အလုပ်တွေ လုပ်မဲ့လူနဲ့ တူလို့လား? "

ချင်ရှောက်ယွီက မေးသည်။

မင်းက တူတာ မဟုတ်ဘူးလေ.. မင်းကိုယ်က အဲ့လိုလူပဲကို! ! !

ရှန်ချန်းလင်က မိမိ၏ နီရဲတွတ်နေသော တင်ပါးကို အသာအယာ ပွတ်ကြည့်ပြီး မျက်ဝန်းများက ပို၍ ဒေါသထွက်လာပြန်ပုံပင်။

" မင်းကို ဆေးကူလိမ်းပေးရမလား? "

ချင်ရှောက်ယွီက ရယ်ချင်တာကို ထိန်းပြီး မေးသည်။

မင်းနှမကိုပဲ ကူလိမ်း!

ရှန်ချန်းလင်သည် ခါးကိုင်း၍ ဖိနပ်ကို သေချာစီးလိုက်သည်။

တင်ပါးဆိုတဲ့အမျိုးက မင်းကြည့်ချင်တိုင်း ကြည့်လို့ရမဲ့အမျိုးလား!

နှစ်ဦးသားသည် အဝတ်အစားများ သေချာပြန်ဝတ်ပြီးသော် တည်းခိုခန်း၏ နံရံကို ကျော်၍ အပြင်ခုန်ထွက်သွားကြတော့၏။ ယနေ့အတွက် အစောင့်အကြပ် တာဝန်ကျသော ငယ်သားများကမူ ရင်တသသ တွေးမိကြလေသည်။

ဂိုဏ်းချုပ်နဲ့ ကြင်ယာတော်လေးက အမှန်တကယ်ကို သိပ်ချစ်ကြတာပဲ.. ဒီလို တည်းခိုခန်းထဲမှာ ကြည်နူးပူးကပ်နေရတာတောင် အားမရလို့ ညကြီး သန်းခေါင် အပြင်ထွက်သွားကြပြန်ပြီ!

မဟုတ်မှလွဲ.. မိုးကောင်းကင်နဲ့ မြေကြီးပဲ ရှိတဲ့ ဟင်းလင်းပြင်မှာ ချစ်ရည်လူးကြမှာများလား?

အားရား အမေရေ.. ဒီလိုကိစ္စမျိုးက တွေးကြည့်လို့တောင် မရဘူး!

" မြို့ပြင်ထွက်ရမှာလား? "

ရှန်ချန်းလင်သည် ဦးရာတည်က သိပ်မမှန်ဟု ခံစားလိုက်ရသည်။

" မြို့ပြင်မှာမှ ရှုခင်းကောင်းကောင်း ရှိတာ "

ချင်‌ရှောက်ယွီက ဖြေသည်။

" ရှုခင်း? "

ရှန်ချန်းလင်က မျက်လုံးများ ပြူးသွားလျက်။

" ပန်းပင် မြက်ပင်တွေ? "

ချင်ရှောက်ယွီက ခေါင်းညိတ်သည်။

" အင်း သိပ်မကွာဘူး "

မင်းဘိုးအေ.. ရူးများရူးနေလား!

ရှန်ချန်းလင်သည် လမ်းခုလတ်၌ပင် နောက်ပြန်လှည့်တော့သည်-----

ညကြီးမင်းကြီး ဘယ်နားက ရှုခင်းကို သွားကြည့်မှာလဲ! စောင်ကို ပိုက်ပြီး အိပ်ရတာကမှ အရသာရှိဦးမယ်!

" ဘယ်လိုလုပ်ပြီး လမ်းတစ်ဝက်ကနေ လှည့်ပြန်ရတာလဲကွာ "

ချင်ရှောက်ယွီက သူ့ကို လက်လှမ်းဆွဲရသည်။

" မင်း ခုဏက ငါ့ကို ရှုခင်းသွားကြည့်ဖို့ ခေါ်သွားမှာလို့မှ မပြောဘဲနဲ့! "

ရှန်ချန်းလင်က ငြင်းဆန်၏။

" အဲ့တာဆို မင်းက ကိုယ် ဘယ်ကို ခေါ်သွားမယ်လို့ ထင်နေတာလဲ? "

ရှန်ချန်းလင်က ပွင့်လင်းစွာပြောသည်။

" အတွဲချောင်းဖို့ "

ချင်ရှောက်ယွီ - "......"

" အနည်းဆုံးတော့ စိတ်လှုပ်ရှားစရာလေးရှိဦးမှပေါ့? "

ရှန်ချန်းလင်က သမ်းလိုက်သည်။

" ရှုခင်းက ဘာများ ကြည့်ကောင်းလို့လဲ "

" အဲ့တာဆို ရှုခင်း ကြည့်ပြီးရင် မင်းကို အတွဲသွားချောင်းဖို့ ခေါ်သွားပေးမယ် "

သူရဲကောင်းချင်သည် သူ့လက်ကို ဆွဲကိုင်ကာ အရှေ့သာ ဆက်သွားတော့၏။

" ငါ့ကို ပြန်လွှတ်ပေး...... "

ရှန်ချန်းလင်သည် လက်တစ်ဖက်တည်းဖြင့် အနားက သစ်ပင်ကိုသာ ဆွဲဖက်ထားတော့လေသည်။ ချင်ရှောက်ယွီသည် ယတိပြတ်ပဲ သူ့ကို ခါးကနေ ချီကာ သိုင်းပညာဖြင့် ပျံသန်းသွားလိုက်တော့သည်။

မင်း ဒီလူရမ်းကား.....

ရှန်ချန်းလင်မှာ ငိုချင်မိတော့သည်။

ချီမယ်ဆိုလည်း ကောင်းကောင်းချီထားလေ.. ပခုံးပေါ်မှာ ဒီလို ပစ်တင်ထားလို့ ဘယ်ရမလဲ! ဗိုက်အောင့်တယ်လို့!

ခေတ္တကြာပြီးနောက်တွင် ချင်ရှောက်ယွီက ငြိမ်သက်စွာ ဆင်းသက်လိုက်ပြီး သူ့ကိုလည်းချပေးလာသည်။

" အဟွတ်ဟွတ် "

ရှန်ချန်းလင်သည် မျက်နှာတစ်ခုလုံး နီရဲနေပြီး ဘေးနားက တိုင်ကို ထောက်ကာ အသက်မနည်းရှူနေရသည်။

ချင်ရှောက်ယွီက ကောင်းကင်ကို မော့ကြည့်ရင်း - ဟုတ်သားပဲ.. ခုဏက အရမ်းလောသွားတာနဲ့ ကိုယ်ဟန်အနေအထားကို မပြင်ပေးလိုက်မိဘူး....

" ငါ မင်းနဲ့ သေခန်းပြတ်ပဲ "

ရှန်ချန်းလင်သည် အားမရှိစွာဖြင့် ပြော၏။ ချင်ရှောက်ယွီလည်း စိတ်မကောင်းစွာဖြင့် ကျောကုန်းကို ပုတ်ပေးနေလိုက်တော့သည်။

" ဒါကြီးက ဘယ်လို အစုတ်အပြတ်နေရာကြီးလဲ "

လေတစ်ချက် ဖြူးကနဲ တိုက်သွားရာ ရှန်ချန်းလင်တစ်ယောက် တုန်တက်သွားရတော့သည်။

" ကြယ်ဆွတ်စင် "

ချင်ရှောက်ယွီသည် သူ့အစား ဆံပင်များကို သေသပ်အောင် ပြင်ဆင်ပေးလိုက်၏။

သို့ဖြင့် ရှန်ချန်းလင်က ဘေးပတ်ပတ်လည်ကို ခေါင်းထောင် ကြည့်လိုက်သည်။ ထို့နောက် "ဝုန်း" ကနဲ ကြမ်းပြင်ပေါ် ထိုင်ကျသွားတော့၏------ ခြေထောက်များ ပျော့ခွေသွားခြင်းသာ!

" ဘာဖြစ်သွားတာလဲ? "

ချင်ရှောက်ယွီ ထိတ်လန့်သွားရသည်။

" ငါ့ကို မြန်မြန်အောက်ပြန်ချပေး! "

ရှန်ချန်းလင်၏ မျက်နှာသည် သွေး‌ရောင်ကင်းမဲ့ကာ ဖြူစုတ်လျက်။

လူဆိုးကောင်... ငါအမြင့်ကြောက်တယ်ဟ! အား! အား! အား! အား!

ဒါကြီးက ဘယ်လို အဆောက်အဦး အစုတ်အပြတ်ကြီးလဲ!

ရှေးခတ်ကလူတွေ လုပ်ပြီး ဘာလို့ ဝါးပင်လို ဖြောင့်တန်းနေတဲ့ မျှော်စင်မျိုးကို ဆောက်နိုင်ရတာလဲ! ဒါသိပ္ပံနည်းလမ်းမကျဘူး!

" ဘာမှ ကြောက်စရာ မရှိဘူးရယ် "

ချင်ရှောက်ယွီက သူ့ကို တွဲထူလိုက်သည်။

" ကိုယ် ရှိနေတယ်လေ.. မင်း ပြုတ်မကျသွားပါဘူး "

ရှန်ချန်းလင်သည် သူ့ရင်ခွင်ထဲသို့ အတင်းတိုးဝင်ပြီး မျက်လုံးကို လုံးဝ မဖွင့်တော့ချေ။

" မကြောက်နဲ့နော် "

ချင်ရှောက်ယွီက သူ့ကျောပြင်ကို ပုတ်ပေးနေသည်။

" ကျွေးယင်နန်းကလည်း တောင်ထွဋ်အစွန်းမှာပဲ.. မင်း အခုကတည်းက ဖြည်းဖြည်းချင်း ကျင့်သားရအောင် လုပ်ထားမှရမယ်လေ "

" ဘယ်သူက မင်းနဲ့ ပြန်လိုက်မယ် ပြောလို့လဲ! "

ရှန်ချန်းလင်က အော်ဟစ်တော့လေသည်။

" ငါက နန်ဟိုင်ကို သွားပြီးရင် နေလတောင်ထွဋ်စံအိမ်ကိုပဲ ပြန်မှာ.. ငါ့ကို အောက်ပြန်ချီပြီး ပို့ပေး မြန်မြန်! "

အနှီစကားကို ကြားသော် ချင်ရှောက်ယွီ၏ မျက်ခုံးတန်းများက တွန့်ကွေးသွားရတော့သည်။ သူက တစ်ခုခု ပြောလိုက်ချင်သေးသော်လည်း ရှန်ချန်းလင်သည် တစ်ကိုယ်လုံး တုန်ယင်လာပြီ ဖြစ်၏။

ဒါ ဘယ်လို ကိုးရို့ကားရား ရောဂါလဲ.....

ချင်ရှောက်ယွီသည် ရင်ထဲမှာပဲ သက်ပြင်းတစ်ချက် ချလျက် သူ့ကို ပွေ့ပြီး အောက်သို့ ဆင်းသက်လိုက်တော့၏။

ရှန်ချန်းလင်သည် ဒူးခေါင်းကို ပိုက်၍ ၁၅ မိနစ်စာမျှ ငုတ်တုတ်ကလေး ထိုင်နေပြီးမှ ဖြည်းဖြည်းချင်း ပြန်လည် တည်ငြိမ်လာတော့သည်။

" ဘာဖြစ်သွားသေးလဲ? "

ချင်ရှောက်ယွီက သူ့မျက်နှာလေးကို ညှစ်ကာ မေးသည်။ ရှန်ချန်းလင်သည် သူ့လက်ကို ရှောင်ထွက်လိုက်ပြီး စိတ်ဆိုးနေသေးကြောင်းကို ပြ၏။

" ကိုယ်က မင်းကို ဘယ်လိုလုပ် ပြုတ်ကျသွားစေပါ့မလဲကွာ "

ချင်ရှောက်ယွီက သူ့နဖူးစပ်က ချွေးအေးများကို သုတ်ပေးရင်း ဆိုသည်။

" ဘာလို့ အမြင့်ကြောက်တာလဲ? "

ရှန်ချန်းလင်သည် ရှူးရှူးရှဲရှဲဖြင့် ထရပ်လိုက်ပြီး -

" ငါ အိမ်ပြန်မယ်! "

ဆေးမှားစားထားလို့သာ မင်းနဲ့အတူ အပြင်ထွက်လာမိတာပဲ!

ချင်ရှောက်ယွီသည် သူ့မေးစေ့ကို ကိုင်ကာ သူ့၏ ဘယ်ဘက်အရပ်သို့ ညင်သာစွာ လှည့်ပေးလိုက်၏။

နှစ်ယောက်သားသည် ဤအချိန်တွင် တောင်ကမို့လေး တစ်ခုပေါ်တွင် ရပ်နေခြင်း ဖြစ်၏။ ထို့ကြောင့်ပင် ခေါင်းလှည့်လိုက်သည်နှင့် ပန်းခရမ်းရောင်ရှိသော ပန်းပင်လယ်ကြီးအား ဟိုးမိုးကုပ်စက်ဝိုင်းအထိ အနားသတ်မရှိသည့်အလား တွေ့မြင်လိုက်ရတော့သည်။ ကြည်စင်လင်းလဲ့နေသော ‌ငွေလမင်း၏ လရောင်နုနုသည် ငွေချည်မျှင်လေးများ ဖြာထွက်နေသည့်ပမာ ပန်းခင်းကြီးအပေါ် ဖြာဆင်းနေ၏။ လေပြေညင်းတို့ ဆော်သွေးလေတိုင်း ပန်းရနံ့သည် ထုံသင်းမွှေးကြိုင်နေပြီး ရေလှိုင်းများသဖွယ် အသံတိတ် ယိမ်းနွဲ့နေလေသည်။ တိတ်ဆိတ်ငြိမ်သက်ကာ လှပကြည်နူးဖွယ် ရှုမြင်ကွင်းတစ်ခု ဧကန်ပင်။

အဆုံးမရှိဟုပင် ထင်ရသော ပန်းပင်လယ်ကြီးအား ငေးကြည်ရင်း ရှန်ချန်းလင်သည် အနည်းငယ် အံ့အားသင့်သွားမိတော့သည်။

" ခုနက ကြယ်ဆွတ်မျှော်စင်ပေါ်မှာ ကြည့်ရင် ဒီထက် အဝေးကြီးထိ မြင်ရတယ် "

ချင်ရှောက်ယွီက သူ့နားရွက်အနားသို့ ကပ်ကာ ဆိုသည်။

" ဒါပေမဲ့ ဒီကနေ ကြည့်တာလည်း မဆိုးပါဘူး "

" ......... ယောကျ်ားလေးတွေ လုပ်ပြီး ဘာပန်းအလှအပ ကြည့်နေမှာလဲ "

ရှန်ချန်းလင်က အင်းအင်းအဲအဲဖြင့်။

" ပန်းအပြင် တခြားကြည့်စရာ ရှိသေးတယ် "

ချင်ရှောက်ယွီက ခပ်ဖွဖွ ပြုံးကာ အနားရှိ ကျောက်ခဲတစ်လုံးကို ကောက်ယူလိုက်ပြီး အတွင်းအားဖြင့် အနှီပန်းမာလာ ပင်လယ်ကြီးထဲ အထိရောက်အောင် ပစ်သွင်းလိုက်တော့သည်။

တဒင်္ဂအတွင်းတွင် ပန်းခင်းထဲမှ ပိုးစုန်းကြူးများက ကောင်းကင်သို့ တစ်ပြုံလိုက်ကြီး ပျံသန်းမြင့်တက်လာတော့လေသည်။ လေဟာနယ်ထဲတွင် ပိုးစုန်းကြူးပေါင်းထောင်သောင်းက ဟိုယိမ်းသည်နွဲ့ ဝဲပျံနေကြပြီး တလက်လက်တောက်နေ‌သော မှုန်ရီဝိုးတဝါး မြင်ကွင်းကို ဖြစ်ပေါ်စေ၏။ အိပ်မက်ကမ္ဘာထဲကထက်တောင် ပို၍ စိတ်ကူးယဉ်ဆန်ဆန် လှပရီဝေနေပေသည်။

ရှန်ချန်းလင်၏ မျက်ဝန်းထဲတွင် တစ်မုဟုတ်ချင်း အံ့သြဝမ်းသာမှုများ ပြည့်လျှံသွားတော့သည်။ ဤရှုခင်းသည် ကွန်ပျူတာ effect ဖြင့်ပင် ဖန်တီးလို့ မထွက်နိုင်အောင် လှပလွန်းပြီး အစစ်အမှန် တွေ့မြင်နေရခြင်း ဖြစ်သည်။

" စိတ်မဆိုးတော့ဘူးလား? "

ချင်ရှောက်ယွီက မေးသည်။

" ဆိုးတယ်! "

ရှန်ချန်းလင်က အင်မတန် ခေါင်းမာစွဲမြဲစွာပင်။

" တကယ်လို့ စိတ်မဆိုးတော့ဘူးဆိုရင် ကိုယ် မင်းကို ပန်းခင်းထဲအထိ ခေါ်သွားပေးမယ်လေ "

ချင်ရှောက်ယွီက ညှိနှိုင်းပါ၏။

ရှန်ချန်းလင်သည် စိတ်ထဲ၌ ချိန်ဆကြည့်မိသည်။

" နောက်ပိုင်း မင်းက နေလတောင်ထွဋ်စံအိမ်ကို ပြန်သွားမှာဆိုလည်း နန်ဟိုင်ထိ ခရီးက တစ်နှစ်ခွဲလောက် သွားရမှာပဲ "

ချင်ရှောက်ယွီက ဆိုသည်။

" အဲ့တာကြောင့် ကိုယ်တို့နှစ်ယောက် ပြေပြေလည်လည်လေး အတူတူ ခရီးဆက်ရင်ရော? "

" အဲ့တာဆို မင်းနောက်ဆို ငါ့ကို မရိုက်ရဘူး! "

ရှန်ချန်းလင်သည် ဤကိစ္စရပ် အပေါ် မကျေနပ်နိုင်သေး။

ချင်ရှောက်ယွီက ခေါင်းညိတ်သည်။

" မင်းသာ လိမ်လိမ်မာမာလေး နေပြီး တဇွတ်ထိုးမလုပ်ရင် ကိုယ် မင်းကို မရိုက်တော့ဘူး "

" ငါ တဇွတ်ထိုးလုပ်လည်း မင်း ငါ့ကို မရိုက်ရပါဘူး! "

ရှန်ချန်းလင်သည် ထိုသူ့မျက်နှာကို ဆွဲညှစ်လိုက်ပြီး ဆိုသည်။

" ယောကျ်ားကောင်းဆိုတာ လက်မပါရဘူး ပါးစပ်ကပဲ ပြောရတယ်.. အရိုင်းအစိုင်းတွေကမှသာ လက်ပါတာလေ.. ငါတို့က လိုက်လျောညီထွေ တရားနည်းလမ်းတကျ နေရမှာပေါ့! "

ချင်ရှောက်ယွီသည် ရယ်ချင်သည်ကို ထိန်းပြီး ဖြေ၏။

" ကောင်းပါပြီ "

" ပြီးတော့ ငါ့ကို ခုဏကလိုမျိုး နေရာတွေကို လျှောက်မခေါ်သွားရဘူး! "

ရှန်ချန်းလင်က ဒေါသတကြီး လက်မြှောက်၍ တစ်ဖက်က ဝါးဖြင့်လုပ်ထားသော မိုးမြင့်မျှော်စင်ကြီးကို လက်ညှိုးထိုးပြ၏။

မင်းမေတဲ့မှ.. ကြောက်စရာကောင်းချက်!

" အင်း "

ချင်ရှောက်ယွီက အင်မတန် ပြတ်သားပေါ့ပါးသည်။

" နောက်ဆို ဟိုပျံသည်ပျံ မလုပ်ခင်မှာ ငါကို အရင်အသိပေးရယ် "

" ဟုတ်ပြီ "

" မနက်ဖြန်မနက်စာကို ယန်ချွမ်းခေါက်ဆွဲကို အစပ်ထည့်ပြီး ဖက်ထုပ်ဟင်းချိုနဲ့ စားချင်တယ် "

" ဟုတ်ပြီ "

" ယောင်းချန်က အမြဲတမ်း ငါ့ကို ဟင်းဟင်းဟွန်းဟွန်းနဲ့ လုပ်နေတယ် "

" ကိုယ် မင်းအစား ပိတ်ထိုးလိုက်မယ် "

" ဖန့်ယန်က မကြာမကြာ ငါ့နောက်ကွယ်မှာ ကြင်ယာတော်လေးဆိုပြီး အသံကျယ်ကြီး ထ,ထ အော်တတ်တယ်! "

" သူနဲ့ယောင်းချန်ကို အတူတူ ပိတ်ထိုးလိုက်မယ် "

" ဟွားထန်ကျယ်ကျဲကတော့ အရမ်းကောင်းပါတယ် "

" အင်း.. ရာထူးတိုးပေးလိုက်မယ် "

သူရဲကောင်း.. မင်းက တောင်းဆိုသမျှ သဘောတူနေတာပါလား!

ရှန်ရှောင်ရှို့ မျက်ရည်များ ဝဲတက်လာ၏။

" အဲ့တာဆို အခု သွားလို့ရပြီလား? "

ချင်ရှောက်ယွီက သူ့ဘက်ကို လက်ကမ်းပေးကာ နှုတ်ခမ်းများက ကွေးညွတ်နေသည်မှာ အင်မတန် ချောမောခံ့ညားလှပေ၏။

ရှန်ချန်းလင်သည် သူ့ကို မမြင်ချင်ယောင်ဆောင်၍ ကိုယ့်ဘာသာပဲ တည့်တည့်သွားလိုက်သည်။ နည်းနည်းလေးမှ မျက်နှာသာ မပေးဘူး။

ငွေမျှင်တန်းများသဖွယ် လရောင်က ယိမ်းနွဲ့နေသည်။ လယ်ကွင်းကြီး၏ အလယ်က လမ်းကျဉ်းလေးထဲတွင် နှစ်‌ဦးသားသည် ပြေးလွှားရိုက်ပုတ်ကာ ဆော့ကစားရင်း ပန်းခင်းကြီးထံသို့ ဦးတည်ကာ ပြေးသွားကြတော့သည်။

" သိပ်ကို အဆင်ပြေနေကြတာပဲကွာ "

ခပ်လှမ်းလှမ်းရှိ သစ်ကိုင်းပေါ်တွင် ထိုင်နေသော လျှို့ဝှက်တပ်သားများက ကွာစေ့စားရင်း မျက်ရည်လေးများ ဝေ့သီနေကြသည်။ ဂိုဏ်းချုပ်တစ်ယောက် ချုပ်ကွက်တွေ ထုတ်သုံးလိုက်တာနဲ့ အခြေအနေက သာမန်နှင့်မတူတော့ပါတကား။

ညကြီးသန်းခေါင် နှစ်ဦးသား လက်အတူတွဲပြီး ပန်းလေးတွေ ကြည့်ရင်း လရောင်ကို ခံစားကြတယ်တဲ့.. ဒီထက်ပိုပြီး သာယာကြည်နူးဖို့ကောင်းတာ ရှိဦးမလား!

" ဒီကိစ္စကိုသာ တခြားသူတွေ သိသွားလို့ကတော့... ဘယ် တော်ရုံနဲ့ ပြီးမလဲ "

တပ်သား (၁) က စုတ်သပ်သည်။

" အဲ့တာပြောတာပေါ့.. ဖြစ်နိုင်တာကတော့ ဒီပန်းပင်လယ်ကြီးတစ်ခုလုံးတောင် အမှုန့်ဖြစ်သွားလောက်တယ်! "

တပ်သား (၂) က ထောက်ခံသည်။

" ဒါမှမဟုတ်.. ငါတို့ ဒီအချစ်ဇာတ်လမ်းကို ပုံပြောဆရာဆီ ရောင်းလိုက်ကြမလား? "

တပ်သား (၃) က အကြံပြု၏။

" သေချာပေါက် ငွေစတွေ အများကြီးရမှာကွ! "

" ကောင်းတာတော့ ကောင်းပါတယ်.. ဒါပေမဲ့ ဂိုဏ်းချုပ်သိသွားရင် စိတ်ဆိုးလောက်မလားနော်? "

" ......... ငါတွေ ပြောလို့ လူတွေ သိသွားတာလို့ သူသိချင်မှ သိမှာပေါ့ကွ! "

" အဲ့တာဆို ဘယ်သူပြောလို့ သိနိုင်ဦးမှာလဲ! "

" ........ "

စကားက ထိုနေရာသို့ ရောက်သော် တပ်သားများ အားလုံးသည် မျက်နှာချင်းဆိုင်အရပ်ရှိ သစ်ပင်ကြီး တစ်ပင်သို့ လှမ်းကြည့်လိုက်မိတော့သည်------- ၄င်းသစ်ပင်ပေါ်တွင် နေလ‌တောင်ထွဋ်မှ လျှို့ဝှက်တပ်သားများ ရှိနေသည်။ သူတို့သည် တစ်လမ်းလုံး မျက်နှာတည်ကြီးများဖြင့် မည်းချိပ်လျက် အတူ ခရီးနှင်လာကြသူဖြစ်သည်။ သူတို့ပုံစံက သူများက သူတို့နဲ့ စကားနှစ်ခွန်းလောက် လာပြောမှာတောင် ကြောက်နေသည့်ပုံပင်။

" တကယ်လို့ သူတို့လုပ်တာလို့ ပြောရင် ဂိုဏ်းချုပ်က ယုံပါ့မလား? "

" ယုံရင် သရဲပူးနေလို့ပဲဟေ့... မင်းက ဂိုဏ်းချုပ်ကို ကြင်ယာတော်လေးလိုမျိုး အူကြောင်ကြောင်လေး ထင်လို့လား "

" မင်းပဲ ပြောကြည့်.. နေလတောင်ထွဋ်စံအိမ်က လူတွေက ဘာလို့ အဲ့လောက်တောင် ပျင်းစရာကောင်းရတာလဲ... မိုးလင်းမိုးချုပ် ရုပ်တည်ကြီးတွေနဲ့ မည်းပုပ်နေတာပဲ "

" အဲ့တာပြောတာ.. ငါတို့က သူတို့ဆီက ပိုက်ဆံချေးနေတာလည်း မဟုတ် "

" အခုထိ နာမည်ဘယ်လိုခေါ်လဲတောင် မပြောပြပါဘူးဆို... ဧကန္တ နာမည်က အရမ်းများ နားထောင်ရဆိုးလို့လား? "

..............

ဤသို့ လက်အောက်ငယ်သားများက အသေအကြေ အတင်းပြော ဝေဖန်နေချိန်တွင် ရှန်ချန်းလင်နှင့် ချင်ရှောက်ယွီသည် ပန်းခင်းထဲတွင် အေးချမ်းသာယာစွာ ထိုင်နေကြပြီး ပျားရည်စမ်းခရီးထွက်လာသည့်အလားပင်။

" မင်း ငါ့ကို အဲ့ဒီစာအုပ်အကြောင်း မပြောပြရသေးဘူး "

ရှန်ချန်းလင်သည် တောက်လျှောက် ဤကိစ္စကို မှတ်ထား၏။

" ပုလဲကိုးလုံးက ဘယ်လိုဖြစ်တာလဲ? "

" ဒဏ္ဍာရီလာပုံပြင်ပါပဲ "

ချင်ရှောက်ယွီက ဆိုသည်။

" နှင်းသလင်းပြာ ၊ ကျောက်စိမ်းမျက်ရှင် ၊ မြစိမ်းပြာကျောက်၊ ချော်ရည်ခဲကျောက်၊ ရွှေမျက်လုံးကျောက်၊ သန္တာကျောက်ဝါ၊ ခရမ်းနီဇာမဏီကျောက်၊ ဆည်းဆာနီရောင်ပုလဲလုံး နဲ့ ကျောက်စိမ်းနက် ဆိုတဲ့ ရှေးကမ္ဘာဦးတည်က ကျန်ရစ်ခဲ့တဲ့ ဝိဉာဉ်ကျောက် ကိုးမျိုးရှိတယ်.. နဂိုက ကြယ်တာရာ ကိုးခုက အဲ့ဒီ ကျောက်ကိုးလုံးနဲ့ ဆက်နွယ်ထားတာတဲ့.. နောက်ပိုင်းမှာ လူ့ပြည်လူ့လောကဆီ အဲ့ဒီကျောက်တွေ ရောက်လာတာတဲ့.. စာအုပ်ထဲမှာတော့ အဲ့ဒီကျောက်ကိုးလုံးနဲ့ ပတ်သတ်တဲ့ ဇာတ်လမ်းတစ်ခုဆီ ရေးထားတာပဲ "

" အဲ့တာတွေ အကုန်စုစည်းမိသွားရင် ဘာဖြစ်လာနိုင်လဲ? "

ရှန်ချန်းလင်က မေးသည်။

" ဘယ်သူသိမှာလဲ? နတ်ဒေဝါ နဂါးမင်းကို ဆင့်ခေါ်နိုင်မှာများလား? "

ချင်ရှောက်ယွီက ပြောသည်။

ရှန်ချန်းလင် - "........"

သူရဲကောင်း မင်းက တွေ့ကရာ မန့်ဟွထဲက ဇာတ်လမ်းတွေ လာမပြောနဲ့လေ.. ဒါကြီးက ငါ့ကို ဟိုဘက်ခေတ်ပြန်ရောက်သွားစေသလို ခံစားရတယ်ကွ!

" မင်းလည်း ဒီရှေးဝိဉာဉ်ကျောက်တွေ နဲ့ ရေစက်ပါတယ် ပြောရမယ်.. မသိလိုက်၊ မသိဘာသာနဲ့ နှစ်လုံးတောင် ပိုင်ဆိုင်ထားတယ် "

ချင်ရှောက်ယွီသည် သူ့အင်္ကျီကော်လံအား ခပ်တင်းတင်း စေ့ပေးလိုက်သည်။

" အေးလား? အေးရင် ကိုယ်တို့ ပြန်သွားကြစို့ "

" တခြားကျန်သေးတဲ့ကျောက်တွေကရော ဘယ်နားမှာတဲ့လဲ? "

အတိအကျ သေသေချာချာ မသိနိုင်သေးပေမဲ့ ရှန်ချန်းလင်တွင် ခံစားချက်တစ်ခု ရှိနေသည်။ ဤပုလဲလုံးများနှင့် မိမိ၏ အချိန်နောက်ပြန်ခရီးသွားခြင်းက သေချာပေါက် ပတ်သတ်မှုရှိရမည်။

" စာအုပ်ထဲမှာတော့ ရှာမတွေ့တော့ဘူးလို့ ရေးထားတာပဲ "

ချင်ရှောက်ယွီက ဆိုသည်။

" ကိုယ်လည်း ချော်ရည်ခဲကျောက်က ချုံဟွားတောင်ကြားမှာ ရှိပြီး.. ရွှေမျက်လုံးကျောက်က ချန်းဝုရွှေကျိုက်(ချန်းဝု ရေတာတမံကျေးရွာ) မှာ ရှိတယ်ဆိုတာပဲ သိတယ်.. မင်း စိတ်ဝင်စားလို့လား? "

ရှန်ချန်းလင်က တစ်ခါတည်း ခေါင်းညိတ်ပြလိုက်သည်။

" အကြောင်းပြချက်ကရော? "

ချင်ရှောက်ယွီသည် သူ့ခေါင်းလေးကို ခပ်ဖွဖွ ပွတ်ပေးရင်း မေး၏။

မင်းမေ.. ဘာလို့လဲဆိုတော့ ငါက ဟိုဘက်ကို ပြန်သွားမှာမို့ပေါ့!

ရှန်ချန်းလင်၏ရင်ထဲတွင် အော်ဟစ်နေမိသည်။ သို့သော် အပြင်ပန်းကတော့ အင်မတန် ဖြူစင်နူးညံ့စွာ ချင်ရှောက်ယွီကို ကြည့်နေပြီး ချွဲနွဲ့စွာ ပြောလိုက်သည်။

" သူများက လိုချင်လို့ပါဆို..... "

ဟာသလာလုပ်နေတယ်.... ဒီလိုယောကျ်ားတွေကို မြူဆွယ်တဲ့ အတတ်ပညာလောက်ကတော့ ကျွမ်းလိုက်တာမှနော်!

အကျိုးသက်ရောက်မှု ပိုရှိသွားစေရန် သူသည် နောက်ဆုံးအသံလေးကို သံရှည်ဆွဲ၍ပင် ပြောလိုက်သေး၏။

တကယ်ပဲ ဉာဏ်များလိုက်တာနော်! ! !

_________________

16.1.2022

_________________

.

.

Zawgyi>>

 အခန္း (၃၂) ၾကယ္စဥ္ကိုးႏြယ္ ပုလဲသြယ္နကၡတ္!

သူမ်ားက လိုခ်င္လို႔ပါဆို!】

ရွန္ခ်န္းလင္၏ မ်က္လုံးမ်ား နီရဲလ်က္ ေဒါသဟုန္းဟုန္း ေတာက္ေနသည့္ပုံကို ၾကည့္ကာ ခ်င္ေရွာက္ယြီသည္ အင္မတန္ ခ်စ္စရာ ေကာင္းလြန္းသည္ဟု ခံစားမိေလ၏။ ထို႔ေၾကာင့္ပင္ မထိန္းနိုင္ဘဲ ၿပဳံးလိုက္မိေတာ့သည္။

ရွန္ေရွာင္ရွို႔သည္ ႐ုတ္ျခည္း အဆေပါင္းမ်ားစြာ ပိုလို႔ေတာင္ ေဒါသထြက္သြားရေတာ့သည္ပင္။

ဘယ္လိုလုပ္ၿပီး ဒီေလာက္ အရွက္မရွိတဲ့လူမ်ိဳး ရွိေနေသးတာလဲ! ရင္ထဲမွာ အားနာသမႈ မရွိဘူးဆိုရင္ေတာင္ ထားဦး.. အခုေတာ့ ရယ္ပါ ရယ္ရဲေသးတယ္! !

သို႔ျဖင့္ သူသည္ ဆႏၵျပပုန္ကန္သည့္အေနျဖင့္ ဂိုဏ္းခ်ဳပ္ခ်င္အား ခုတင္ေပၚမွ ကန္ခ်လိဳက္ေတာ့သည္။

" ဒီေန႕ည မင္း ၾကမ္းေပၚမွာ အိပ္! "

" ၾကမ္းေပၚဆင္းအိပ္ရင္ စိတ္မဆိုးေတာ့ဘူးလား? "

ခ်င္ေရွာက္ယြီက ေမးသည္။

ရွန္ခ်န္းလင္က ဟြန္းကနဲ လုပ္ၿပီး-

" အဲ့တာက မေသခ်ာေသးဘူး! "

ငါ စိတ္ဆိုးတဲ့ အခ်ိန္အပိုင္းအျခားကလည္း တစ္ခါတေလက်ရင္ တအား ၾကာတတ္တယ္!

" ဒါမွမဟုတ္.. ကိုယ္ မင္းကို အျပင္ေခၚသြားေပးမယ္ေလ? "

ခ်င္ေရွာက္ယြီက ခုတင္အစြန္းနားသို႔ တိုးကပ္ကာ ေမးသည္။

" မသြားဘူး! "

ရွန္ခ်န္းလင္သည္ ေျခတစ္ဖက္တည္းျဖင့္ သူ႕မ်က္ႏွာကို ပိတ္ကန္လိုက္၏။ ခ်င္ေရွာက္ယြီက ရယ္ရခက္ ငိုရခက္ျဖင့္ ထပ္ေျပာသည္။

" စိတ္ဝင္စားဖို႔ေကာင္းတာေတြ ၾကည့္ခြင့္ရမွာေနာ္ "

" အခုခ်ိန္မွာ ဘာမ်ား ၾကည့္လို႔ရမွာလဲ? "

ရွန္ခ်န္းလင္က သံသယ မကင္းစြာျဖင့္ ေျပာသည္။

ညႀကီးသန္းေခါင္သန္းလြဲမွာ အျပင္ထြက္တယ္ဆိုကလည္းက ခိုးေၾကာင္ခိုးဝွက္ မသမာသူေတြ!

မဟုတ္မွလြဲ သူရဲေကာင္း မင္းက သူမ်ားအိမ္ သြားေခ်ာင္းမလို႔လား! တကယ္သာ ဆိုရင္ေတာ့ အၾကမ္းဖက္သမားကို ႏွာဘူးေပါင္းလိုက္သလိုပဲ!

" မၾကည့္ရင္ ေနာင္တရမွာေနာ္ "

ခ်င္ေရွာက္ယြီက ခုတင္ေဘးနားတြင္ ထိုင္သည္။

" တကယ္လို႔ အဲ့ဟာက ၾကည့္မေကာင္းဘူးဆိုရင္ အခန္းျပန္ေရာက္ရင္ ျပန္စိတ္ဆိုးလိုက္.. ဘယ္လိုလဲ? "

" ........ "

ရွန္ခ်န္းလင္သည္ ေတြေဝသြားရသည္။ ခ်င္ေရွာက္ယြီက သူ႕ကို အကၤ်ီဝတ္ေပးလိုက္သည္။ ရွန္ခ်န္းလင္က စိတ္ဆိုးဆိုးႏွင့္ပင္ -

" ဒါ မင္းအတြက္ ေနာက္ဆုံးေသာ.. တစ္ခုတည္းေသာ အခြင့္အေရးေနာ္! "

" အင္း "

ခ်င္ေရွာက္ယြီက ေလးေလးနက္နက္ ေျဖသည္။

" အဲ့တာေၾကာင့္မို႔ ကိုယ္ ေသခ်ာ တန္ဖိုးထားမွာ "

" ဧကႏၲ သိုင္းေလာကထိပ္သီး လွ်ို႔ဝွက္သိုင္းက်မ္းမ်ား ခိုးမလို႔လား? "

ရွန္ခ်န္းလင္က အေတြးနယ္ပယ္မ်ားကို ျဖန႔္က်က္ၾကည့္လိုက္သည္။

" ကိုယ္က အဲ့လို ေအာက္တန္းက်တဲ့အလုပ္ေတြ လုပ္မဲ့လူနဲ႕ တူလို႔လား? "

ခ်င္ေရွာက္ယြီက ေမးသည္။

မင္းက တူတာ မဟုတ္ဘူးေလ.. မင္းကိုယ္က အဲ့လိုလူပဲကို! ! !

ရွန္ခ်န္းလင္က မိမိ၏ နီရဲတြတ္ေနေသာ တင္ပါးကို အသာအယာ ပြတ္ၾကည့္ၿပီး မ်က္ဝန္းမ်ားက ပို၍ ေဒါသထြက္လာျပန္ပုံပင္။

" မင္းကို ေဆးကူလိမ္းေပးရမလား? "

ခ်င္ေရွာက္ယြီက ရယ္ခ်င္တာကို ထိန္းၿပီး ေမးသည္။

မင္းႏွမကိုပဲ ကူလိမ္း!

ရွန္ခ်န္းလင္သည္ ခါးကိုင္း၍ ဖိနပ္ကို ေသခ်ာစီးလိုက္သည္။

တင္ပါးဆိုတဲ့အမ်ိဳးက မင္းၾကည့္ခ်င္တိုင္း ၾကည့္လို႔ရမဲ့အမ်ိဳးလား!

ႏွစ္ဦးသားသည္ အဝတ္အစားမ်ား ေသခ်ာျပန္ဝတ္ၿပီးေသာ္ တည္းခိုခန္း၏ နံရံကို ေက်ာ္၍ အျပင္ခုန္ထြက္သြားၾကေတာ့၏။ ယေန႕အတြက္ အေစာင့္အၾကပ္ တာဝန္က်ေသာ ငယ္သားမ်ားကမူ ရင္တသသ ေတြးမိၾကေလသည္။

ဂိုဏ္းခ်ဳပ္နဲ႕ ၾကင္ယာေတာ္ေလးက အမွန္တကယ္ကို သိပ္ခ်စ္ၾကတာပဲ.. ဒီလို တည္းခိုခန္းထဲမွာ ၾကည္ႏူးပူးကပ္ေနရတာေတာင္ အားမရလို႔ ညႀကီး သန္းေခါင္ အျပင္ထြက္သြားၾကျပန္ၿပီ!

မဟုတ္မွလြဲ.. မိုးေကာင္းကင္နဲ႕ ေျမႀကီးပဲ ရွိတဲ့ ဟင္းလင္းျပင္မွာ ခ်စ္ရည္လူးၾကမွာမ်ားလား?

အားရား အေမေရ.. ဒီလိုကိစၥမ်ိဳးက ေတြးၾကည့္လို႔ေတာင္ မရဘူး!

" ၿမိဳ႕ျပင္ထြက္ရမွာလား? "

ရွန္ခ်န္းလင္သည္ ဦးရာတည္က သိပ္မမွန္ဟု ခံစားလိုက္ရသည္။

" ၿမိဳ႕ျပင္မွာမွ ရႈခင္းေကာင္းေကာင္း ရွိတာ "

ခ်င္‌ေရွာက္ယြီက ေျဖသည္။

" ရႈခင္း? "

ရွန္ခ်န္းလင္က မ်က္လုံးမ်ား ျပဴးသြားလ်က္။

" ပန္းပင္ ျမက္ပင္ေတြ? "

ခ်င္ေရွာက္ယြီက ေခါင္းညိတ္သည္။

" အင္း သိပ္မကြာဘူး "

မင္းဘိုးေအ.. ႐ူးမ်ား႐ူးေနလား!

ရွန္ခ်န္းလင္သည္ လမ္းခုလတ္၌ပင္ ေနာက္ျပန္လွည့္ေတာ့သည္-----

ညႀကီးမင္းႀကီး ဘယ္နားက ရႈခင္းကို သြားၾကည့္မွာလဲ! ေစာင္ကို ပိုက္ၿပီး အိပ္ရတာကမွ အရသာရွိဦးမယ္!

" ဘယ္လိုလုပ္ၿပီး လမ္းတစ္ဝက္ကေန လွည့္ျပန္ရတာလဲကြာ "

ခ်င္ေရွာက္ယြီက သူ႕ကို လက္လွမ္းဆြဲရသည္။

" မင္း ခုဏက ငါ့ကို ရႈခင္းသြားၾကည့္ဖို႔ ေခၚသြားမွာလို႔မွ မေျပာဘဲနဲ႕! "

ရွန္ခ်န္းလင္က ျငင္းဆန္၏။

" အဲ့တာဆို မင္းက ကိုယ္ ဘယ္ကို ေခၚသြားမယ္လို႔ ထင္ေနတာလဲ? "

ရွန္ခ်န္းလင္က ပြင့္လင္းစြာေျပာသည္။

" အတြဲေခ်ာင္းဖို႔ "

ခ်င္ေရွာက္ယြီ - "......"

" အနည္းဆုံးေတာ့ စိတ္လႈပ္ရွားစရာေလးရွိဦးမွေပါ့? "

ရွန္ခ်န္းလင္က သမ္းလိုက္သည္။

" ရႈခင္းက ဘာမ်ား ၾကည့္ေကာင္းလို႔လဲ "

" အဲ့တာဆို ရႈခင္း ၾကည့္ၿပီးရင္ မင္းကို အတြဲသြားေခ်ာင္းဖို႔ ေခၚသြားေပးမယ္ "

သူရဲေကာင္းခ်င္သည္ သူ႕လက္ကို ဆြဲကိုင္ကာ အေရွ႕သာ ဆက္သြားေတာ့၏။

" ငါ့ကို ျပန္လႊတ္ေပး...... "

ရွန္ခ်န္းလင္သည္ လက္တစ္ဖက္တည္းျဖင့္ အနားက သစ္ပင္ကိုသာ ဆြဲဖက္ထားေတာ့ေလသည္။ ခ်င္ေရွာက္ယြီသည္ ယတိျပတ္ပဲ သူ႕ကို ခါးကေန ခ်ီကာ သိုင္းပညာျဖင့္ ပ်ံသန္းသြားလိုက္ေတာ့သည္။

မင္း ဒီလူရမ္းကား.....

ရွန္ခ်န္းလင္မွာ ငိုခ်င္မိေတာ့သည္။

ခ်ီမယ္ဆိုလည္း ေကာင္းေကာင္းခ်ီထားေလ.. ပခုံးေပၚမွာ ဒီလို ပစ္တင္ထားလို႔ ဘယ္ရမလဲ! ဗိုက္ေအာင့္တယ္လို႔!

ေခတၱၾကာၿပီးေနာက္တြင္ ခ်င္ေရွာက္ယြီက ၿငိမ္သက္စြာ ဆင္းသက္လိုက္ၿပီး သူ႕ကိုလည္းခ်ေပးလာသည္။

" အဟြတ္ဟြတ္ "

ရွန္ခ်န္းလင္သည္ မ်က္ႏွာတစ္ခုလုံး နီရဲေနၿပီး ေဘးနားက တိုင္ကို ေထာက္ကာ အသက္မနည္းရႉေနရသည္။

ခ်င္ေရွာက္ယြီက ေကာင္းကင္ကို ေမာ့ၾကည့္ရင္း - ဟုတ္သားပဲ.. ခုဏက အရမ္းေလာသြားတာနဲ႕ ကိုယ္ဟန္အေနအထားကို မျပင္ေပးလိုက္မိဘူး....

" ငါ မင္းနဲ႕ ေသခန္းျပတ္ပဲ "

ရွန္ခ်န္းလင္သည္ အားမရွိစြာျဖင့္ ေျပာ၏။ ခ်င္ေရွာက္ယြီလည္း စိတ္မေကာင္းစြာျဖင့္ ေက်ာကုန္းကို ပုတ္ေပးေနလိုက္ေတာ့သည္။

" ဒါႀကီးက ဘယ္လို အစုတ္အျပတ္ေနရာႀကီးလဲ "

ေလတစ္ခ်က္ ျဖဴးကနဲ တိုက္သြားရာ ရွန္ခ်န္းလင္တစ္ေယာက္ တုန္တက္သြားရေတာ့သည္။

" ၾကယ္ဆြတ္စင္ "

ခ်င္ေရွာက္ယြီသည္ သူ႕အစား ဆံပင္မ်ားကို ေသသပ္ေအာင္ ျပင္ဆင္ေပးလိုက္၏။

သို႔ျဖင့္ ရွန္ခ်န္းလင္က ေဘးပတ္ပတ္လည္ကို ေခါင္းေထာင္ ၾကည့္လိုက္သည္။ ထို႔ေနာက္ "ဝုန္း" ကနဲ ၾကမ္းျပင္ေပၚ ထိုင္က်သြားေတာ့၏------ ေျခေထာက္မ်ား ေပ်ာ့ေခြသြားျခင္းသာ!

" ဘာျဖစ္သြားတာလဲ? "

ခ်င္ေရွာက္ယြီ ထိတ္လန႔္သြားရသည္။

" ငါ့ကို ျမန္ျမန္ေအာက္ျပန္ခ်ေပး! "

ရွန္ခ်န္းလင္၏ မ်က္ႏွာသည္ ေသြး‌ေရာင္ကင္းမဲ့ကာ ျဖဴစုတ္လ်က္။

လူဆိုးေကာင္... ငါအျမင့္ေၾကာက္တယ္ဟ! အား! အား! အား! အား!

ဒါႀကီးက ဘယ္လို အေဆာက္အဦး အစုတ္အျပတ္ႀကီးလဲ!

ေရွးခတ္ကလူေတြ လုပ္ၿပီး ဘာလို႔ ဝါးပင္လို ေျဖာင့္တန္းေနတဲ့ ေမွ်ာ္စင္မ်ိဳးကို ေဆာက္နိုင္ရတာလဲ! ဒါသိပၸံနည္းလမ္းမက်ဘဴး!

" ဘာမွ ေၾကာက္စရာ မရွိဘူးရယ္ "

ခ်င္ေရွာက္ယြီက သူ႕ကို တြဲထူလိုက္သည္။

" ကိုယ္ ရွိေနတယ္ေလ.. မင္း ျပဳတ္မက်သြားပါဘူး "

ရွန္ခ်န္းလင္သည္ သူ႕ရင္ခြင္ထဲသို႔ အတင္းတိုးဝင္ၿပီး မ်က္လုံးကို လုံးဝ မဖြင့္ေတာ့ေခ်။

" မေၾကာက္နဲ႕ေနာ္ "

ခ်င္ေရွာက္ယြီက သူ႕ေက်ာျပင္ကို ပုတ္ေပးေနသည္။

" ေကြၽးယင္နန္းကလည္း ေတာင္ထြဋ္အစြန္းမွာပဲ.. မင္း အခုကတည္းက ျဖည္းျဖည္းခ်င္း က်င့္သားရေအာင္ လုပ္ထားမွရမယ္ေလ "

" ဘယ္သူက မင္းနဲ႕ ျပန္လိုက္မယ္ ေျပာလို႔လဲ! "

ရွန္ခ်န္းလင္က ေအာ္ဟစ္ေတာ့ေလသည္။

" ငါက နန္ဟိုင္ကို သြားၿပီးရင္ ေနလေတာင္ထြဋ္စံအိမ္ကိုပဲ ျပန္မွာ.. ငါ့ကို ေအာက္ျပန္ခ်ီၿပီး ပို႔ေပး ျမန္ျမန္! "

အႏွီစကားကို ၾကားေသာ္ ခ်င္ေရွာက္ယြီ၏ မ်က္ခုံးတန္းမ်ားက တြန႔္ေကြးသြားရေတာ့သည္။ သူက တစ္ခုခု ေျပာလိုက္ခ်င္ေသးေသာ္လည္း ရွန္ခ်န္းလင္သည္ တစ္ကိုယ္လုံး တုန္ယင္လာၿပီ ျဖစ္၏။

ဒါ ဘယ္လို ကိုးရို႔ကားရား ေရာဂါလဲ.....

ခ်င္ေရွာက္ယြီသည္ ရင္ထဲမွာပဲ သက္ျပင္းတစ္ခ်က္ ခ်လ်က္ သူ႕ကို ေပြ႕ၿပီး ေအာက္သို႔ ဆင္းသက္လိုက္ေတာ့၏။

ရွန္ခ်န္းလင္သည္ ဒူးေခါင္းကို ပိုက္၍ ၁၅ မိနစ္စာမွ် ငုတ္တုတ္ကေလး ထိုင္ေနၿပီးမွ ျဖည္းျဖည္းခ်င္း ျပန္လည္ တည္ၿငိမ္လာေတာ့သည္။

" ဘာျဖစ္သြားေသးလဲ? "

ခ်င္ေရွာက္ယြီက သူ႕မ်က္ႏွာေလးကို ညွစ္ကာ ေမးသည္။ ရွန္ခ်န္းလင္သည္ သူ႕လက္ကို ေရွာင္ထြက္လိုက္ၿပီး စိတ္ဆိုးေနေသးေၾကာင္းကို ျပ၏။

" ကိုယ္က မင္းကို ဘယ္လိုလုပ္ ျပဳတ္က်သြားေစပါ့မလဲကြာ "

ခ်င္ေရွာက္ယြီက သူ႕နဖူးစပ္က ေခြၽးေအးမ်ားကို သုတ္ေပးရင္း ဆိုသည္။

" ဘာလို႔ အျမင့္ေၾကာက္တာလဲ? "

ရွန္ခ်န္းလင္သည္ ရႉးရႉးရွဲရွဲျဖင့္ ထရပ္လိုက္ၿပီး -

" ငါ အိမ္ျပန္မယ္! "

ေဆးမွားစားထားလို႔သာ မင္းနဲ႕အတူ အျပင္ထြက္လာမိတာပဲ!

ခ်င္ေရွာက္ယြီသည္ သူ႕ေမးေစ့ကို ကိုင္ကာ သူ႕၏ ဘယ္ဘက္အရပ္သို႔ ညင္သာစြာ လွည့္ေပးလိုက္၏။

ႏွစ္ေယာက္သားသည္ ဤအခ်ိန္တြင္ ေတာင္ကမို႔ေလး တစ္ခုေပၚတြင္ ရပ္ေနျခင္း ျဖစ္၏။ ထို႔ေၾကာင့္ပင္ ေခါင္းလွည့္လိုက္သည္ႏွင့္ ပန္းခရမ္းေရာင္ရွိေသာ ပန္းပင္လယ္ႀကီးအား ဟိုးမိုးကုပ္စက္ဝိုင္းအထိ အနားသတ္မရွိသည့္အလား ေတြ႕ျမင္လိုက္ရေတာ့သည္။ ၾကည္စင္လင္းလဲ့ေနေသာ ‌ေငြလမင္း၏ လေရာင္ႏုႏုသည္ ေငြခ်ည္မွ်င္ေလးမ်ား ျဖာထြက္ေနသည့္ပမာ ပန္းခင္းႀကီးအေပၚ ျဖာဆင္းေန၏။ ေလေျပညင္းတို႔ ေဆာ္ေသြးေလတိုင္း ပန္းရနံ႕သည္ ထုံသင္းေမႊးႀကိဳင္ေနၿပီး ေရလွိုင္းမ်ားသဖြယ္ အသံတိတ္ ယိမ္းႏြဲ႕ေနေလသည္။ တိတ္ဆိတ္ၿငိမ္သက္ကာ လွပၾကည္ႏူးဖြယ္ ရႈျမင္ကြင္းတစ္ခု ဧကန္ပင္။

အဆုံးမရွိဟုပင္ ထင္ရေသာ ပန္းပင္လယ္ႀကီးအား ေငးၾကည္ရင္း ရွန္ခ်န္းလင္သည္ အနည္းငယ္ အံ့အားသင့္သြားမိေတာ့သည္။

" ခုနက ၾကယ္ဆြတ္ေမွ်ာ္စင္ေပၚမွာ ၾကည့္ရင္ ဒီထက္ အေဝးႀကီးထိ ျမင္ရတယ္ "

ခ်င္ေရွာက္ယြီက သူ႕နား႐ြက္အနားသို႔ ကပ္ကာ ဆိုသည္။

" ဒါေပမဲ့ ဒီကေန ၾကည့္တာလည္း မဆိုးပါဘူး "

" ......... ေယာက်္ားေလးေတြ လုပ္ၿပီး ဘာပန္းအလွအပ ၾကည့္ေနမွာလဲ "

ရွန္ခ်န္းလင္က အင္းအင္းအဲအဲျဖင့္။

" ပန္းအျပင္ တျခားၾကည့္စရာ ရွိေသးတယ္ "

ခ်င္ေရွာက္ယြီက ခပ္ဖြဖြ ၿပဳံးကာ အနားရွိ ေက်ာက္ခဲတစ္လုံးကို ေကာက္ယူလိုက္ၿပီး အတြင္းအားျဖင့္ အႏွီပန္းမာလာ ပင္လယ္ႀကီးထဲ အထိေရာက္ေအာင္ ပစ္သြင္းလိုက္ေတာ့သည္။

တဒဂၤအတြင္းတြင္ ပန္းခင္းထဲမွ ပိုးစုန္းၾကဴးမ်ားက ေကာင္းကင္သို႔ တစ္ၿပဳံလိုက္ႀကီး ပ်ံသန္းျမင့္တက္လာေတာ့ေလသည္။ ေလဟာနယ္ထဲတြင္ ပိုးစုန္းၾကဴးေပါင္းေထာင္ေသာင္းက ဟိုယိမ္းသည္ႏြဲ႕ ဝဲပ်ံေနၾကၿပီး တလက္လက္ေတာက္ေန‌ေသာ မႈန္ရီဝိုးတဝါး ျမင္ကြင္းကို ျဖစ္ေပၚေစ၏။ အိပ္မက္ကမာၻထဲကထက္ေတာင္ ပို၍ စိတ္ကူးယဥ္ဆန္ဆန္ လွပရီေဝေနေပသည္။

ရွန္ခ်န္းလင္၏ မ်က္ဝန္းထဲတြင္ တစ္မုဟုတ္ခ်င္း အံ့ၾသဝမ္းသာမႈမ်ား ျပည့္လွ်ံသြားေတာ့သည္။ ဤရႈခင္းသည္ ကြန္ပ်ဴတာ effect ျဖင့္ပင္ ဖန္တီးလို႔ မထြက္နိုင္ေအာင္ လွပလြန္းၿပီး အစစ္အမွန္ ေတြ႕ျမင္ေနရျခင္း ျဖစ္သည္။

" စိတ္မဆိုးေတာ့ဘူးလား? "

ခ်င္ေရွာက္ယြီက ေမးသည္။

" ဆိုးတယ္! "

ရွန္ခ်န္းလင္က အင္မတန္ ေခါင္းမာစြဲၿမဲစြာပင္။

" တကယ္လို႔ စိတ္မဆိုးေတာ့ဘူးဆိုရင္ ကိုယ္ မင္းကို ပန္းခင္းထဲအထိ ေခၚသြားေပးမယ္ေလ "

ခ်င္ေရွာက္ယြီက ညွိႏွိုင္းပါ၏။

ရွန္ခ်န္းလင္သည္ စိတ္ထဲ၌ ခ်ိန္ဆၾကည့္မိသည္။

" ေနာက္ပိုင္း မင္းက ေနလေတာင္ထြဋ္စံအိမ္ကို ျပန္သြားမွာဆိုလည္း နန္ဟိုင္ထိ ခရီးက တစ္ႏွစ္ခြဲေလာက္ သြားရမွာပဲ "

ခ်င္ေရွာက္ယြီက ဆိုသည္။

" အဲ့တာေၾကာင့္ ကိုယ္တို႔ႏွစ္ေယာက္ ေျပေျပလည္လည္ေလး အတူတူ ခရီးဆက္ရင္ေရာ? "

" အဲ့တာဆို မင္းေနာက္ဆို ငါ့ကို မရိုက္ရဘူး! "

ရွန္ခ်န္းလင္သည္ ဤကိစၥရပ္ အေပၚ မေက်နပ္နိုင္ေသး။

ခ်င္ေရွာက္ယြီက ေခါင္းညိတ္သည္။

" မင္းသာ လိမ္လိမ္မာမာေလး ေနၿပီး တဇြတ္ထိုးမလုပ္ရင္ ကိုယ္ မင္းကို မရိုက္ေတာ့ဘူး "

" ငါ တဇြတ္ထိုးလုပ္လည္း မင္း ငါ့ကို မရိုက္ရပါဘူး! "

ရွန္ခ်န္းလင္သည္ ထိုသူ႕မ်က္ႏွာကို ဆြဲညွစ္လိုက္ၿပီး ဆိုသည္။

" ေယာက်္ားေကာင္းဆိုတာ လက္မပါရဘူး ပါးစပ္ကပဲ ေျပာရတယ္.. အရိုင္းအစိုင္းေတြကမွသာ လက္ပါတာေလ.. ငါတို႔က လိုက္ေလ်ာညီေထြ တရားနည္းလမ္းတက် ေနရမွာေပါ့! "

ခ်င္ေရွာက္ယြီသည္ ရယ္ခ်င္သည္ကို ထိန္းၿပီး ေျဖ၏။

" ေကာင္းပါၿပီ "

" ၿပီးေတာ့ ငါ့ကို ခုဏကလိုမ်ိဳး ေနရာေတြကို ေလွ်ာက္မေခၚသြားရဘူး! "

ရွန္ခ်န္းလင္က ေဒါသတႀကီး လက္ျမႇောက္၍ တစ္ဖက္က ဝါးျဖင့္လုပ္ထားေသာ မိုးျမင့္ေမွ်ာ္စင္ႀကီးကို လက္ညွိုးထိုးျပ၏။

မင္းေမတဲ့မွ.. ေၾကာက္စရာေကာင္းခ်က္!

" အင္း "

ခ်င္ေရွာက္ယြီက အင္မတန္ ျပတ္သားေပါ့ပါးသည္။

" ေနာက္ဆို ဟိုပ်ံသည္ပ်ံ မလုပ္ခင္မွာ ငါကို အရင္အသိေပးရယ္ "

" ဟုတ္ၿပီ "

" မနက္ျဖန္မနက္စာကို ယန္ခြၽမ္းေခါက္ဆြဲကို အစပ္ထည့္ၿပီး ဖက္ထုပ္ဟင္းခ်ိဳနဲ႕ စားခ်င္တယ္ "

" ဟုတ္ၿပီ "

" ေယာင္းခ်န္က အၿမဲတမ္း ငါ့ကို ဟင္းဟင္းဟြန္းဟြန္းနဲ႕ လုပ္ေနတယ္ "

" ကိုယ္ မင္းအစား ပိတ္ထိုးလိုက္မယ္ "

" ဖန႔္ယန္က မၾကာမၾကာ ငါ့ေနာက္ကြယ္မွာ ၾကင္ယာေတာ္ေလးဆိုၿပီး အသံက်ယ္ႀကီး ထ,ထ ေအာ္တတ္တယ္! "

" သူနဲ႕ေယာင္းခ်န္ကို အတူတူ ပိတ္ထိုးလိုက္မယ္ "

" ဟြားထန္က်ယ္က်ဲကေတာ့ အရမ္းေကာင္းပါတယ္ "

" အင္း.. ရာထူးတိုးေပးလိုက္မယ္ "

သူရဲေကာင္း.. မင္းက ေတာင္းဆိုသမွ် သေဘာတူေနတာပါလား!

ရွန္ေရွာင္ရွို႔ မ်က္ရည္မ်ား ဝဲတက္လာ၏။

" အဲ့တာဆို အခု သြားလို႔ရၿပီလား? "

ခ်င္ေရွာက္ယြီက သူ႕ဘက္ကို လက္ကမ္းေပးကာ ႏႈတ္ခမ္းမ်ားက ေကြးၫြတ္ေနသည္မွာ အင္မတန္ ေခ်ာေမာခံ့ညားလွေပ၏။

ရွန္ခ်န္းလင္သည္ သူ႕ကို မျမင္ခ်င္ေယာင္ေဆာင္၍ ကိုယ့္ဘာသာပဲ တည့္တည့္သြားလိုက္သည္။ နည္းနည္းေလးမွ မ်က္ႏွာသာ မေပးဘူး။

ေငြမွ်င္တန္းမ်ားသဖြယ္ လေရာင္က ယိမ္းႏြဲ႕ေနသည္။ လယ္ကြင္းႀကီး၏ အလယ္က လမ္းက်ဥ္းေလးထဲတြင္ ႏွစ္‌ဦးသားသည္ ေျပးလႊားရိုက္ပုတ္ကာ ေဆာ့ကစားရင္း ပန္းခင္းႀကီးထံသို႔ ဦးတည္ကာ ေျပးသြားၾကေတာ့သည္။

" သိပ္ကို အဆင္ေျပေနၾကတာပဲကြာ "

ခပ္လွမ္းလွမ္းရွိ သစ္ကိုင္းေပၚတြင္ ထိုင္ေနေသာ လွ်ို႔ဝွက္တပ္သားမ်ားက ကြာေစ့စားရင္း မ်က္ရည္ေလးမ်ား ေဝ့သီေနၾကသည္။ ဂိုဏ္းခ်ဳပ္တစ္ေယာက္ ခ်ဳပ္ကြက္ေတြ ထုတ္သုံးလိုက္တာနဲ႕ အေျခအေနက သာမန္ႏွင့္မတူေတာ့ပါတကား။

ညႀကီးသန္းေခါင္ ႏွစ္ဦးသား လက္အတူတြဲၿပီး ပန္းေလးေတြ ၾကည့္ရင္း လေရာင္ကို ခံစားၾကတယ္တဲ့.. ဒီထက္ပိုၿပီး သာယာၾကည္ႏူးဖို႔ေကာင္းတာ ရွိဦးမလား!

" ဒီကိစၥကိုသာ တျခားသူေတြ သိသြားလို႔ကေတာ့... ဘယ္ ေတာ္႐ုံနဲ႕ ၿပီးမလဲ "

တပ္သား (၁) က စုတ္သပ္သည္။

" အဲ့တာေျပာတာေပါ့.. ျဖစ္နိုင္တာကေတာ့ ဒီပန္းပင္လယ္ႀကီးတစ္ခုလုံးေတာင္ အမႈန႔္ျဖစ္သြားေလာက္တယ္! "

တပ္သား (၂) က ေထာက္ခံသည္။

" ဒါမွမဟုတ္.. ငါတို႔ ဒီအခ်စ္ဇာတ္လမ္းကို ပုံေျပာဆရာဆီ ေရာင္းလိုက္ၾကမလား? "

တပ္သား (၃) က အႀကံျပဳ၏။

" ေသခ်ာေပါက္ ေငြစေတြ အမ်ားႀကီးရမွာကြ! "

" ေကာင္းတာေတာ့ ေကာင္းပါတယ္.. ဒါေပမဲ့ ဂိုဏ္းခ်ဳပ္သိသြားရင္ စိတ္ဆိုးေလာက္မလားေနာ္? "

" ......... ငါေတြ ေျပာလို႔ လူေတြ သိသြားတာလို႔ သူသိခ်င္မွ သိမွာေပါ့ကြ! "

" အဲ့တာဆို ဘယ္သူေျပာလို႔ သိနိုင္ဦးမွာလဲ! "

" ........ "

စကားက ထိုေနရာသို႔ ေရာက္ေသာ္ တပ္သားမ်ား အားလုံးသည္ မ်က္ႏွာခ်င္းဆိုင္အရပ္ရွိ သစ္ပင္ႀကီး တစ္ပင္သို႔ လွမ္းၾကည့္လိုက္မိေတာ့သည္------- ၄င္းသစ္ပင္ေပၚတြင္ ေနလ‌ေတာင္ထြဋ္မွ လွ်ို႔ဝွက္တပ္သားမ်ား ရွိေနသည္။ သူတို႔သည္ တစ္လမ္းလုံး မ်က္ႏွာတည္ႀကီးမ်ားျဖင့္ မည္းခ်ိပ္လ်က္ အတူ ခရီးႏွင္လာၾကသူျဖစ္သည္။ သူတို႔ပုံစံက သူမ်ားက သူတို႔နဲ႕ စကားႏွစ္ခြန္းေလာက္ လာေျပာမွာေတာင္ ေၾကာက္ေနသည့္ပုံပင္။

" တကယ္လို႔ သူတို႔လုပ္တာလို႔ ေျပာရင္ ဂိုဏ္းခ်ဳပ္က ယုံပါ့မလား? "

" ယုံရင္ သရဲပူးေနလို႔ပဲေဟ့... မင္းက ဂိုဏ္းခ်ဳပ္ကို ၾကင္ယာေတာ္ေလးလိုမ်ိဳး အူေၾကာင္ေၾကာင္ေလး ထင္လို႔လား "

" မင္းပဲ ေျပာၾကည့္.. ေနလေတာင္ထြဋ္စံအိမ္က လူေတြက ဘာလို႔ အဲ့ေလာက္ေတာင္ ပ်င္းစရာေကာင္းရတာလဲ... မိုးလင္းမိုးခ်ဳပ္ ႐ုပ္တည္ႀကီးေတြနဲ႕ မည္းပုပ္ေနတာပဲ "

" အဲ့တာေျပာတာ.. ငါတို႔က သူတို႔ဆီက ပိုက္ဆံေခ်းေနတာလည္း မဟုတ္ "

" အခုထိ နာမည္ဘယ္လိုေခၚလဲေတာင္ မေျပာျပပါဘူးဆို... ဧကႏၲ နာမည္က အရမ္းမ်ား နားေထာင္ရဆိုးလို႔လား? "

..............

ဤသို႔ လက္ေအာက္ငယ္သားမ်ားက အေသအေၾက အတင္းေျပာ ေဝဖန္ေနခ်ိန္တြင္ ရွန္ခ်န္းလင္ႏွင့္ ခ်င္ေရွာက္ယြီသည္ ပန္းခင္းထဲတြင္ ေအးခ်မ္းသာယာစြာ ထိုင္ေနၾကၿပီး ပ်ားရည္စမ္းခရီးထြက္လာသည့္အလားပင္။

" မင္း ငါ့ကို အဲ့ဒီစာအုပ္အေၾကာင္း မေျပာျပရေသးဘူး "

ရွန္ခ်န္းလင္သည္ ေတာက္ေလွ်ာက္ ဤကိစၥကို မွတ္ထား၏။

" ပုလဲကိုးလုံးက ဘယ္လိုျဖစ္တာလဲ? "

" ဒ႑ာရီလာပုံျပင္ပါပဲ "

ခ်င္ေရွာက္ယြီက ဆိုသည္။

" ႏွင္းသလင္းျပာ ၊ ေက်ာက္စိမ္းမ်က္ရွင္ ၊ ျမစိမ္းျပာေက်ာက္၊ ေခ်ာ္ရည္ခဲေက်ာက္၊ ေ႐ႊမ်က္လုံးေက်ာက္၊ သႏၲာေက်ာက္ဝါ၊ ခရမ္းနီဇာမဏီေက်ာက္၊ ဆည္းဆာနီေရာင္ပုလဲလုံး နဲ႕ ေက်ာက္စိမ္းနက္ ဆိုတဲ့ ေရွးကမာၻဦးတည္က က်န္ရစ္ခဲ့တဲ့ ဝိဉာဥ္ေက်ာက္ ကိုးမ်ိဳးရွိတယ္.. နဂိုက ၾကယ္တာရာ ကိုးခုက အဲ့ဒီ ေက်ာက္ကိုးလုံးနဲ႕ ဆက္ႏြယ္ထားတာတဲ့.. ေနာက္ပိုင္းမွာ လူ႕ျပည္လူ႕ေလာကဆီ အဲ့ဒီေက်ာက္ေတြ ေရာက္လာတာတဲ့.. စာအုပ္ထဲမွာေတာ့ အဲ့ဒီေက်ာက္ကိုးလုံးနဲ႕ ပတ္သတ္တဲ့ ဇာတ္လမ္းတစ္ခုဆီ ေရးထားတာပဲ "

" အဲ့တာေတြ အကုန္စုစည္းမိသြားရင္ ဘာျဖစ္လာနိုင္လဲ? "

ရွန္ခ်န္းလင္က ေမးသည္။

" ဘယ္သူသိမွာလဲ? နတ္ေဒဝါ နဂါးမင္းကို ဆင့္ေခၚနိုင္မွာမ်ားလား? "

ခ်င္ေရွာက္ယြီက ေျပာသည္။

ရွန္ခ်န္းလင္ - "........"

သူရဲေကာင္း မင္းက ေတြ႕ကရာ မန႔္ဟြထဲက ဇာတ္လမ္းေတြ လာမေျပာနဲ႕ေလ.. ဒါႀကီးက ငါ့ကို ဟိုဘက္ေခတ္ျပန္ေရာက္သြားေစသလို ခံစားရတယ္ကြ!

" မင္းလည္း ဒီေရွးဝိဉာဥ္ေက်ာက္ေတြ နဲ႕ ေရစက္ပါတယ္ ေျပာရမယ္.. မသိလိုက္၊ မသိဘာသာနဲ႕ ႏွစ္လုံးေတာင္ ပိုင္ဆိုင္ထားတယ္ "

ခ်င္ေရွာက္ယြီသည္ သူ႕အကၤ်ီေကာ္လံအား ခပ္တင္းတင္း ေစ့ေပးလိုက္သည္။

" ေအးလား? ေအးရင္ ကိုယ္တို႔ ျပန္သြားၾကစို႔ "

" တျခားက်န္ေသးတဲ့ေက်ာက္ေတြကေရာ ဘယ္နားမွာတဲ့လဲ? "

အတိအက် ေသေသခ်ာခ်ာ မသိနိုင္ေသးေပမဲ့ ရွန္ခ်န္းလင္တြင္ ခံစားခ်က္တစ္ခု ရွိေနသည္။ ဤပုလဲလုံးမ်ားႏွင့္ မိမိ၏ အခ်ိန္ေနာက္ျပန္ခရီးသြားျခင္းက ေသခ်ာေပါက္ ပတ္သတ္မႈရွိရမည္။

" စာအုပ္ထဲမွာေတာ့ ရွာမေတြ႕ေတာ့ဘူးလို႔ ေရးထားတာပဲ "

ခ်င္ေရွာက္ယြီက ဆိုသည္။

" ကိုယ္လည္း ေခ်ာ္ရည္ခဲေက်ာက္က ခ်ဳံဟြားေတာင္ၾကားမွာ ရွိၿပီး.. ေ႐ႊမ်က္လုံးေက်ာက္က ခ်န္းဝုေ႐ႊက်ိဳက္(ခ်န္းဝု ေရတာတမံေက်း႐ြာ) မွာ ရွိတယ္ဆိုတာပဲ သိတယ္.. မင္း စိတ္ဝင္စားလို႔လား? "

ရွန္ခ်န္းလင္က တစ္ခါတည္း ေခါင္းညိတ္ျပလိုက္သည္။

" အေၾကာင္းျပခ်က္ကေရာ? "

ခ်င္ေရွာက္ယြီသည္ သူ႕ေခါင္းေလးကို ခပ္ဖြဖြ ပြတ္ေပးရင္း ေမး၏။

မင္းေမ.. ဘာလို႔လဲဆိုေတာ့ ငါက ဟိုဘက္ကို ျပန္သြားမွာမို႔ေပါ့!

ရွန္ခ်န္းလင္၏ရင္ထဲတြင္ ေအာ္ဟစ္ေနမိသည္။ သို႔ေသာ္ အျပင္ပန္းကေတာ့ အင္မတန္ ျဖဴစင္ႏူးညံ့စြာ ခ်င္ေရွာက္ယြီကို ၾကည့္ေနၿပီး ခြၽဲႏြဲ႕စြာ ေျပာလိုက္သည္။

" သူမ်ားက လိုခ်င္လို႔ပါဆို..... "

ဟာသလာလုပ္ေနတယ္.... ဒီလိုေယာက်္ားေတြကို ျမဴဆြယ္တဲ့ အတတ္ပညာေလာက္ကေတာ့ ကြၽမ္းလိုက္တာမွေနာ္!

အက်ိဳးသက္ေရာက္မႈ ပိုရွိသြားေစရန္ သူသည္ ေနာက္ဆုံးအသံေလးကို သံရွည္ဆြဲ၍ပင္ ေျပာလိုက္ေသး၏။

တကယ္ပဲ ဉာဏ္မ်ားလိုက္တာေနာ္! ! !

_________________

16.1.2022

_________________

Continue Reading

You'll Also Like

6.1M 397K 74
Losing this war means captured by the enemy empire and considered as their prostitutes and servants. Dreaming that situation made my heart race even...
257K 5K 113
ahem.... It started when an alien device did what it did And stuck itself upon his wrist with secrets that it hid Now he's got super powers, he's no...
36.9K 1.2K 20
Rimuru goes back in time to save Shizue. And a new story befalls on him.
11.4K 341 8
The third book out of four ( main book Hells Sweet Baker) Y/N is just your average girl living in her home town. She usually keeps to herself and she...