Unicode>>
အခန်း (၂၈) မင်းတမင်လုပ်တာ!
【ငါအိမ်ပြန်မယ်】
ထိုဘက်တွင် ရှောင်းကျမ်အား ဟွားထန်က ဧည့်ခန်းသို့ ခေါ်ဆောင်သွားခဲ့ပြီး တစ်ဖက်တွင်တော့ ချင်ရှောက်ယွီသည် စားပွဲထိုးအား ရေနွေးနှစ်ပုံး ပို့ခိုင်းနေသည်။
" ဘာလုပ်ဖို့လဲ? "
ရှန်ချန်းလင်က နားမလည်စွာ မေးလိုက်သည်။
" ရေချိုးဖို့ပေါ့ "
ချင်ရှောက်ယွီက ခပ်အေးအေးဖြင့် အင်္ကျီများ ချွတ်နေသည်။
ရှန်ချန်းလင် - "......."
နေ့ခင်းကြောင်တောင်ကြီး ဘာရေချိုးမှာလဲ.. ပြီးတော့ ဧည့်သည်ကဖြင့် ဧည့်ခန်းထဲမှာ စောင့်နေတယ်လေ!
" မြင်းကို အပြင်းနှင်ခဲ့ရတော့ တစ်ကိုယ်လုံး ဖုန်တွေချည်းပဲလေ "
ချင်ရှောက်ယွီက ရင်ဘတ်ထဲမှ စာလိပ်အစုတ်ကို စားပွဲပေါ်လှမ်းတင်လိုက်တော့သည်။
သို့မှသာ ရှန်ချန်းလင်သည်လည်း ရုတ်တရက် အနှီပိုးဟပ်အား သတိရသွားပြီး တည်ကြည်လေးနက်စွာ ပြောလိုက်၏။
" အင်း.. ဟုတ်တယ်.. မင်းများများလေး ရေချိုးသန့်စင်သင့်တယ် "
" အတူတူ? "
ချင်ရှောက်ယွီက ဖိတ်ခေါ်၏။
သည်လိုကိစ္စမျိုးကို ဘာကိစ္စ အတူတူ စည်စည်ကားကား လုပ်နေရမှာလဲ!
ရှန်ချန်းလင်က ယတိပြတ် ငြင်းဆန်၏။ သူက တုတ်ချောင်းတိုလေးတစ်ခုဖြင့် ထိုစာလိပ်ကို ထိုးကြည့်လိုက်သည်------- အမှန်တကယ်တော့ သူက ထိုအရာကို စိတ်ဝင်စားလို့ ကြည့်ကြည့်ချင်လှပြီ.. ဒါကြောင့် ပိုးကောင်ကို အရင် နှင်ထုတ်ချင်းခြင်းသာ။
" မင်းက ဘာလုပ်နေတာလဲ? "
ချင်ရှောက်ယွီက ရေနွေးပုံးထဲတွင် စိမ်ရင်း နားမလည်စွာ မေးလာသည်။
ရှန်ချန်းလင်သည် အေးဆေးတည်ငြိမ်စွာဖြင့် ဖြေပေးလိုက်တော့၏။
" ခုနက ဆရာလီ ငါ့ကို ပေးတုန်းက အထဲမှာ ပိုးဟပ်တစ်ကောင်ညပ်နေတယ်လေ "
ချင်ရှောက်ယွီ မျက်နှာမှာ ရုတ်ခြည်း စိမ်းပုပ်သွား၏။
" ဒါပေမဲ့ အခုမတွေ့တော့ပါဘူး "
ရှန်ချန်းလင်က လက်သင့်သလို စာရွက်များကို လှန်ကြည့်လိုက်ရင်း ပထမဆုံး တစ်ရွက်ကို ဖွင့်ရန် ပြင်လိုက်သည်။
ထိုစဉ် ချင်ရှောက်ယွီသည် လက်ဝါးသိုင်းဖြင့် ခုနက ဝတ်ခဲ့သော ဝတ်ရုံများအားလုံးကို ပြတင်းပေါက်မှ လွှင့်ပစ်လိုက်တော့သည်။
ဝါး! ! !
လမ်းမပေါ်၌ရှိသော ပြည်သူများမှာ ထိုမြင်ကွင်းကြောင့် အံ့အားသင့် ကြက်သေသေသွားရတော့သည်။
သူများသာမန်လူတွေဆို အဝတ်အစားတွေကို အလွန်ဆုံးမှ ခုတင်အောက်ကိုပဲ လွှင့်ပစ်တာလေ!
ပြတင်းပေါက်ကနေ အပြင်ထိ လွှင့်ပစ်တာ ဘယ်လို Level မျိုးလဲ! ! ! !
တကယ်ပဲ ... အသေးစိတ်တောင် မစဉ်းစားကြည့်ရဲတော့ဘူးနော်.........
သေချာပေါက် အရမ်း ပြင်းပြတက်ကြွနေကြမှာပဲ....
" မင်းဆံပင်တွေထဲထိတောင် တက်ရင်တက်သွားလောက်ပြီနော် "
ချင်ရှောက်ယွီ၏ ရှားရှားပါးပါး ဟန်မဆောင်နိုင်အောင် မူပျက်သွားခြင်းကို တွေ့ရသော် ရှန်ရှောင်ရှို့က အကြင်နာတရားမဲ့စွာ ဆက်စ,တော့၏။
သို့ရာ ချင်ရှောက်ယွီက အားပါးတရ ပြုံးလိုက်ပြီး ဆို၏။
" ကိစ္စမရှိပါဘူး.. ဘာပဲဖြစ်ဖြစ် ကိုယ်လည်း တစ်လမ်းလုံး မင်းကိုပွေ့ပြီး ပြန်လာတာပဲ.. ဒါမျိုးကိုမှ အေးအတူပူအမျှ လို့ခေါ်တာပေါ့ "
ရှန်ချန်းလင် - "........."
" ကြည့်စမ်း.. မင်းပခုံးပေါ်မှာ ဘာကြီးလဲ? "
ချင်ရှောက်ယွီက အံ့အားသင့်ဟန်ဖြင့်။
မင်းနှမတဲ့မှ!
ရှန်ချန်းလင်သည်လည်း ရေချိုးဖို့ ပုံးတောင်းတော့သည်။
ဘယ်လိုလုပ်ပြီး သူက သည်လောက် အမြင်ကပ်ဖို့ကောင်းရတာလဲ!
စိတ်ရှုပ်တယ်! !
ချင်ရှောက်ယွီသည် ရေပုံးထဲတွင် ရေစိမ်နေရင်း သူတစ်ယောက် ကပျာကယာဖြင့် ရှိသမျှ အင်္ကျီကို ဆွဲချွတ်နေသည်ကို ကြည့်နေ၏။ အင်မတန်ပင် စိတ်ချမ်းသာနေပုံ။
" ဟိုဘက်လှည့်! "
ရှန်ချန်းလင်က ဒေါသမျက်လုံးများဖြင့် ကြည့်ကာ ပြော၏။
ချင်ရှောက်ယွီသည်လည်း မျက်လုံးများကို မှိတ်ပေးလိုက်ပြီး အရှက်မရှိစွာဖြင့် မျက်လုံးတစ်ဖက်အား မှေးဖွင့်၍ ကြည့်သေးသည်။
ရှန်ချန်းလင်သည် ကိုယ်လုံးတီးဖြင့် ရေပုံးထဲသို့ ဝင်ပြီးနောက် အမိန့်ပေးလိုက်သည်။
" ငါ့အဝတ်အစားတွေရော လွှင့်ပစ်လိုက်! "
ချင်ရှောက်ယွီက ခိုင်းတဲ့အတိုင်း လုပ်ပေးလိုက်သည်။
ထို့ကြောင့်ပင် လမ်းမထက်ရှိ ပြည်သူပြည်သား အပေါင်းမှာ ပို၍ စိတ်လှုပ်ရှား တက်ကြွလာတော့သည်။ သူတို့သည် မိမိဘာသာ ဦးနှောက်ထဲတွင် ဖြည့်စွက်စဉ်းစားလိုက်သေး၏။
" ရှန်သခင်လေးက အင်္ကျီတွေ ဝတ်ထားဆဲဖြစ်နေတုန်းမှာ.. ဂိုဏ်းချုပ်ချင်က အကုန်ချွတ်ပြီးသွားပြီဆိုတော့..." အဲ့အချိန်အပိုင်းအခြားလေး အတွင်းမှာ သူတို့ လုပ်နေမဲ့ကိစ္စက .... တော်တော်လေး အံ့ချီးဖွယ်ကိစ္စပဲ ဖြစ်မှာပါ! !
" ဟက်ချိုး! "
ရှန်ချန်းလင်က နှာချေလိုက်သဖြင့် ချင်ရှောက်ယွီက မျက်မှောင်ကြုတ်၍ မေးသည်။
" ထပ်ပြီး အအေးမိတာလား? "
" မဟုတ်ဘူး "
ရှန်ချန်းလင်က ခေါင်းခါသည်။
" နှာခေါင်းယားလို့ "
" အဲ့တာဆိုရင်တော့ ဟုတ်ပါပြီ "
ချင်ရှောက်ယွီက သက်ပြင်းချလိုက်မိသည်။ ထို့နောက် "မသိမသာပေါ့ပေါ့ပါးပါးဟန်ဖြင့်" မေးလိုက်သည်။
" အရင်က ရှန်သခင်မ မင်းကို ပေးတယ်ဆိုတဲ့ ဆေးလေ.. မင်း ဘယ်နှလုံး သောက်ပြီးသွားပြီလဲ "
" ဘယ်လောက်မှ မသောက်ရသေးဘူးလေ "
ရှန်ချန်းလင်က နည်းနည်းစဉ်းစားလိုက်ပြီး -
" အခုထိဆို တစ်လုံး နှစ်လုံးပဲ ရှိသေးတယ် "
" ဟွားထန်ကပြောတယ်.. အဲ့ဆေးက အရမ်းပြင်းတယ်တဲ့.. နည်းနည်းပဲ စားတာ ကောင်းလိမ့်မယ် "
ချင်ရှောက်ယွီက ပြောလိုက်သည်။
" ပြီးတော့ ခန္ဓာကိုယ်တွင်းက ဟန်အဆိပ်ကိုတော့ ငွေအပ်စိုက်ပြီး ဖိနှပ်လို့ရတယ်တဲ့ "
" အပ်စိုက်ကုရမှာလား? "
ရှန်ချန်းလင်၏ နောက်ကျောတစ်ခုလုံး ထုံကျဉ်သွားရတော့သည်။
" ကြောက်လို့လား? "
ချင်ရှောက်ယွီက ပြုံးစစဖြင့် မေးလိုက်သည်။
ရှန်ချန်းလင် - "......"
ခေါင်းထဲကို အပ်စိုက်တာ ကြောက်ဖို့ကောင်းတာပေါ့ဟ! !
မင်းက လူတိုင်းကို မင်းလို မှတ်နေလို့လား!
အရေခွံထူပြီး အသားပေါတဲ့ကောင်!
" ဂိုဏ်းချုပ် "
ဟွားန်က အခန်းအပြင်ဘက်မှ တံခါးခေါက်၏။
" ရှောင်းဒုသခင်လေးက တစ်လမ်းလုံး တိုက်ခိုက်ပြီး သည်ဘက်ကို လာနေပါပြီ "
" ဂိုဏ်းထဲက အဆင့်မြင့်သိုင်းသမားတွေ အကုန်ခေါ်ပြီး သိုင်းသွားပြိုင်ခိုင်းချေ.. ပညာရတာပေါ့.. တိုက်လို့မနိုင်တော့ရင် ထွက်ပြေးခိုင်းလိုက် "
ချင်ရှောက်ယွီက ဆိုလေသည်။
" ဒါကို လေ့ကျင့်တယ်ပဲ သဘောထားလိုက် "
ရှန်ချန်းလင်မှာ ချက်ချင်းပင် လေးစားသွားသော မျက်လုံးများဖြင့် သူ့ကို ကြည့်လိုက်မိသည်။
သူရဲကောင်းကြီး.. မင်း အတွက်အချက် တော်လိုက်တာနော်... သူများကို free training တောင် ပေးခိုင်းလိုက်သေးတယ်!
" ဟုတ်ကဲ့ "
ဟွားထန်က ချက်ချင်း ပြန်ဖြေပြီး တစ်ချက်ထပ်မံ သတိပေးသွား၏။
" ဂိုဏ်းချုပ်.. အကောင်းဆုံးကတော့ စောစောစီးစီး ကြိုတင်ပြင်ဆင်ထားလိုက်ပါနော်.. ကျွန်မတို့တွေက အကြာကြီး တားထားနိုင်မှာ မဟုတ်ဘူး "
ဓားသံလက်နက်သံများက တဖြည်းဖြည်းချင်း နီးကပ်လာရာ ရှန်ချန်းလင်သည် ကပျာကယာဖြင့် အင်္ကျီသွားယူဝတ်ဖို့ လုပ်လိုက်၏။
သူကတော့ လုံးဝ လုံးဝ ရေချိုးနေတဲ့အချိန် တံခါးဖျက်ပြီး အဝင်မခံလာနိုင်ပါဘူးနော်!
သို့ရာ နောက်တစ်စက္ကန့်တွင် ချင်ရှောက်ယွီက ပျံသန်းလိုက်ပြီး ရှန်ချန်းလင်၏ ရေပုံးထဲသို့ ဝင်ထိုင်လိုက်၏။
ရေစက်ရေပေါက်လေးများက အရပ်လေးမျက်နှာသို့ လွင့်စင်လျက်။ ရှန်ချန်းလင်မှာ အံ့သြသွားရပြီး -
" မင်းဘာလုပ်မလို့လဲ? "
" သရုပ်ဆောင်ရဦးမယ်လေ "
ချင်ရှောက်ယွီက ခပ်ညစ်ညစ် ပြုံးလိုက်သည်။
" ငါက ဘာလို့ မင်းနဲ့ ..... အွတ် "
သူ့နှုတ်ခမ်းလေးဟာ ပြင်းပြင်းထန်ထန် နမ်းရှိုက်ပိတ်ဆို့ ခံလိုက်ရတော့သည်။ ရှန်ချန်းလင်သည် ရုတ်တရက် လန့်ဖျပ်သွားပြီး ရုန်းကန်သော်လည်း ခါးကို တင်းတင်းပွေ့ထားသည်လေ။
လူဆိုးကောင်! ငါမင်းနဲ့ အသက်ချင်းလဲပစ်မှာနော်!
ရှန်ချန်းလင်က ရင်ထဲတွင် အော်ဟစ်နေပြီး လက်က အားဖြင့် တွန်းထုတ်၏။
" တကယ်ပဲ ဇနီးလေးကို မနိုင် နိုင်ပါလားနော် "
ချင်ရှောက်ယွီက သူ့ကို ရင်ခွင်ထဲ ဆွဲထည့်ကာ ဖက်ထားလိုက်သည်။ မျက်လုံးထဲတွင်တော့ စိန်ခေါ်လိုသော ပြုံးရိပ်များဖြင့်။
ရှောင်းကျမ်က ခြေထောက်ဖြင့် တံခါးကို တစ်ချက်တည်း ကန်ဖွင့်လိုက်ရာ အထဲက မြင်ကွင်းကြောင့် မင်သက်သွားမိတော့လေသည်။
ဟွားထန်ကလည်း အထဲသို့ တစ်ချက် ဝေ့ကြည့်လိုက်ပြီး စိတ်ထဲတွင် "သြော်" ကနဲ ။
ထပ်ပြီး အမြတ်ထွက်သွားပြန်ပြီ! !
" ဟွန်း! "
ယောင်းချန်ကတော့ နဂိုအတိုင်းပင် စိတ်တိုနေသည့်မျက်နှာဖြင့်။
ဖန့်ယန်က သူ့ကို ကြည့်လျက်ဖြင့် -
" မင်းက ဘာကိစ္စ တစ်နေကုန် တဟွန်းဟွန်း တဟမ်းဟမ်းနဲ့ ဖြစ်နေတာလဲကွ.. ငါဆို အခု ကြင်ယာတော်လေးက မဆိုးဘူးထင်တာပဲ "
ယောင်းချန်က မျက်နှာကြီး မည်းပုပ်လျက်သာ လှည့်ထွက်သွားတော့သည်။
သူ့အမြင်အား လက်မခံသည်မှာ အသိအသာပင်။
ရှန်ချန်းလင်သည် တံခါးဝကို နောက်ကျောပေးလျက်ရှိပြီး တုတ်တုတ်မျှ မလှုပ်ဘဲ တုတ်ချောင်းတစ်ချောင်းပမာ တောင့်တင်းနေသည်----- သည်တစ်ခါတွင်တော့ ချင်ရှောက်ယွီက အကြောပိတ်ထားခြင်း မဟုတ်ပါလေ။ သူသည် တံခါးဝရှိ လူအုပ်ကြီးထံ၌ အကြည့်မခံနိုင်သောကြောင့်သာ ဖြစ်၏။
ရေလေးချိုးတာတောင် စိတ်အေးလက်သာ မချိုးရဘူး.. တကယ်ပဲ ငိုလိုက်ချင်တယ်!
" ဒုသခင်လေးက ဘာကိစ္စများ ရှိလို့လဲ.. အခုချက်ချင်း ပြောမှရမှာလား? "
ချင်ရှောက်ယွီသည် လက်ဖြင့် ပဝါတစ်ထည်ကို လှမ်းယူပြီး ရှန်ချန်းလင်၏ ကျောပြင်အား ဖုံးကွယ်ခြုံလွှားပေးလိုက်တော့သည်။
သူ့လည်တိုင် ညှပ်ရိုးများတွင် ရှန်ရှောင်ရှို့၏ မျက်နှာလေး အပ်ထားပြီး နားနှစ်ဖက်က ရဲရဲနီနေပေ၏။
ရေချိုးပုံးသည် နဂိုကတည်းကမှ သေးငယ်သည်ဖြစ်ရာ .. ထို့အပြင် ချင်ရှောက်ယွီအရပ်က အလွန်မြင့်မားသောကြောင့် နှစ်ယောက်သားသည် အင်မတန်မှ ကျပ်ကျပ်သိပ်သိပ်ဖြစ်နေသည်။ ထို့ကြောင့်မို့ မထိသင့်သော နေရာများမှာလည်း နည်းနည်းလေး လှုပ်လိုက်ရုံဖြင့် အလုံးစုံ ထိတွေ့နေပေ၏။
ရှက်လိုက်တာလို့! ! !
ငိုး ! မင်းကတော့ သည်လိုအချိန်ကြီးမှာ မာ မလာနဲ့နော်! ! ! ! ! ! !
အဲ့တာဆို တိရစ္ဆာန်ကောင်ပဲ! ! ! !
" ရှောင်းဒုသခင်လေးက ဘယ်အချိန်ထိများ ကြည့်နေဦးမလို့လဲ? "
ချင်ရှောက်ယွီက အေးစက်စက် မေးသည်။
ရှောင်းကျမ်၏ မျက်နှာသွေးရောင်သည် ပြာရာမှ ခရမ်း၊ ခရမ်းရာမှ အဖြူ၊ အဖြူကမှ အစိမ်း၊ ထို့နောက် တစ်မျက်နှာလုံးမည်းပုပ်လျက် ရှိနေသည်။
" မင်းအရင်ထွက်သွားလိုက်လို့ မရဘူးလား! "
ရှန်ချန်းလင်သည် တကယ်ပင် သည်းမခံနိုင်ချေ။ ထို့ကြောင့် နောက်လှည့်ပြီး ဒေါကန်ကန်ဖြင့် ကြည့်ပစ်လိုက်သည်-------
သူနဲ့ငါနဲ့က ထပ်ပြီး ပွတ်မိထိမိနေရရင် ပြဿနာတက်တော့မှာကွ သိရဲ့လား!
ရှောင်းကျမ်၏ နားထင်ရှိ သွေးကြောများသည် ဖုဖောင်း၍ နေသည်။
အခန်းကိုတောင် ဖြိုချပစ်လိုက်ချင်နေမှန်း သိသာလှ၏။
" လင်အာကိုယ်ပေါ်မှာ ဟန်အဆိပ်ရှိတယ်.. တကယ်လို့ သည်ရေတွေ ပြန်အေးသွားတဲ့အထိ ဒီတိုင်းပဲ နေနေရရင် သူက ထပ်ပြီး အအေးမိနိုင်တယ် "
ချင်ရှောက်ယွီက စိတ်တိုနေသည်။
" မင်းက သူ နာကျင်ခံစားရတာကို ကြည့်ရက်တယ်ဆိုရင် အဲ့မှာ တစ်သက်လုံးရပ်နေလိုက် "
ရှောင်းကျမ်သည် အေးစက်စက်ဖြင့် ဟွန်းကနဲသာ ပြုလိုက်ပြီး နေရာကနေ မလှုပ်ဆဲပင်။
ထိုစဉ် ရှန်ချန်းလင်မှာ ရှေ့တလောက ခံစားခဲ့ရသော အရိုးခိုက်မတတ် နာကျင်မှုများကို ပြန်လည် အမှတ်ရသွားပြီး တုန်လှုပ်သွားမိလေ၏။
ချင်ရှောက်ယွီသည် ရေအောက်ကနေ သူ့လက်ကို ကိုင်ပြီး အတွင်းအားများ ဖြည်းဖြည်းချင်း သွင်းပေးနေ၏။ နောက်ထပ်တစ်ခါ အအေးပတ်သွားပြီး ဟန်အဆိပ်ထကြွခြင်းကို ကာကွယ်ရန်ပင်။
" ရှန်ချန်းလင်! "
ရှောင်းကျမ်က အံကြိတ်၍ ခေါ်လိုက်သည်။
" ငါမင်းကို နောက်တစ်ခါ ထပ်မေးမယ်.. ငါနဲ့ လိုက်မှာလား မလိုက်ဘူးလား? "
ငိုး! ငါက မင်းဘယ်သူလဲဆိုတာတောင် မမှတ်မိတာကို!
ရှန်ချန်းလင်က ပြတ်ပြတ်သားသား ငြင်းဆန်၏။
" ကောင်းပြီ.. မင်း သည်နေ့ သည်အချိန်မှာ ကိုယ့်ကို ဘယ်လို ဆက်ဆံခဲ့တယ်ဆိုတာကို မှတ်ထားလိုက်တော့ "
ရှောင်းကျမ်က ဒေါသထွက်နေသည်။
" အနှေးနဲ့အမြန် ကိုယ့်ကို ပြန်ခေါ်သွားပေးပါလို့ မင်းဘာသာ ဒူးထောက်တောင်းပန်နေစေရမယ်သာ မှတ်! "
" မင်းဘာသာ နွေမိုးဆောင်း နေ့စဉ်ရက်ဆက် အိပ်မက်သွားမက်နေလိုက်တော့! "
ရှန်ချန်းလင်သည် သာမန်အားဖြင့် မည်သို့ပင် သဘောကောင်းသူ ဖြစ်ပါစေ ယခုတော့ အမှန်တကယ်ကို စိတ်တိုသွားပြီဖြစ်ပေသည်။
မင်းနှမကြီး ဒူးထောက်!
" ဧည့်သည်ကို ပြန်ပို့လိုက် "
ချင်ရှောက်ယွီ၏ အသံက အေးခဲနေသည်။
" ဒုသခင်လေး.. ကြွပါ "
ဟွားထန်က လမ်းဖယ်ပေးလိုက်သည်။
ရှောင်းကျမ်သည်လည်း ဒေါသတကြီးဖြင့် ထွက်ခွာသွားတော့၏။
ချင်ရှောက်ယွီသည် လက်ဝါးသိုင်းဖြင့် တံခါးကို ပြန်ပိတ်လိုက်သော် အခန်းထဲတွင် တိတ်ဆိတ်မှုက နေရာယူသွားတော့သည်။
ရှန်ချန်းလင် သူ့ကို ခေါင်းမော့ကြည့်လိုက်ပြီး မျက်လုံးထဲတွင် အမျက်ဒေါသငွေ့ရည်များ လဲ့နေပေ၏။
" လင်အာ....... "
စကားတစ်ခွန်းပင် မဆုံးခင်၌ ချင်ရှောက်ယွီ၏ မျက်နှာပေါ်သို့ လက်သီးတစ်ချက်က တိတိပပ ကျရောက်လာသည်။
..........
" တကယ်စိတ်ဆိုးသွားပြီလား? "
ခေတ္တကြာသော် ချင်ရှောက်ယွီကပဲ အရင် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
" ထွက်သွား! "
ရှန်ချန်းလင်က သူ့ကို ကြည့်ပင် မကြည့်တော့ချေ။
ချင်ရှောက်ယွီသည် လက်တစ်ဖက်တည်းဖြင့် ပုံးအနားသတ်ကို ထောက်ကာ အားဖြင့် ခုန်ထွက်ဖို့ ကြိုးစားလိုက်သော်လည်း မထင်မှတ်ထားဘဲ အားပါလွန်း၍ ပုံးက ကျွီကနဲ မြည်လျက်... တဒင်္ဂအတွင်း၌...... လေးငါးခြောက်စိတ်ကွဲသွားတော့၏.....
" အား! ! ! "
ရှန်ချန်းလင်က အလန့်တကြား အော်ဟစ်လိုက်မိပြီး လေးဘက်လေးတံသို့ ပျံ့နှံ့သွားသော ရေများနှင့်အတူ ကြမ်းပြင်ပေါ်သို့ ဖင်ထိုင်လျက် ပစ်ကျသွားတော့သည်။ ဗိုက်သားလေးများက ကောင်းကင်ကို မော့ကြည့်လျက်။
" လင်အာ! ! ! "
ချင်ရှောက်ယွီသည် ဤတစ်ခါကတော့ အမှန်တကယ်ကို မတော်တဆ လုပ်မိခြင်းပင်။ ယခုကဲ့သို့ အခြေအနေ ဖြစ်ပွားသွားသော် မျက်လုံးပြူးမျက်ဆန်ပျာဖြစ်လျက် ကပျာကယာ ကြမ်းပေါ်ကနေ ဆွဲထူပေးမိလေသည်။
" မင်း တမင်လုပ်တာ! "
ရှန်ချန်းလင်သည် ပဝါတစ်ထည်ယူ၍ ကိုယ့်ကိုယ်ကိုယ် ပတ်လွှားလိုက်ပြီး ခြေထောက်မြှောက်ကာ တစ်ချက်တည်း ကန်ချလိုက်တော့သည်။
" ကိုယ်က ဘာလို့ သည်လိုကိစ္စမျိုးကို တမင်လုပ်ရမှာလဲကွာ! "
ချင်ရှောက်ယွီသည်လည်း အလျဉ်းသင့်ရာ ဝတ်ရုံတစ်ထည်ကို ဆွဲယူ၍ ကိုယ်ပေါ်လွှားထားလိုက်သည်။
" ငါ မင်းနဲ့ မသေမချင်း တိုက်ပွဲဝင်ပစ်မယ်! ! ! "
ရှန်ချန်းလင်က စိတ်ဆိုးစွာ အော်ဟစ်လေသည်။ ချင်ရှောက်ယွီလည်း မတတ်နိုင်စွာပင် သူ့လက်သီးများကို ဖမ်းဆုပ်လျက် -
" မဆော့နဲ့တော့.. မြန်မြန် ရေခြောက်အောင် သုတ်ပြီး အင်္ကျီဝတ်ရအောင် "
ရှန်ချန်းလင်ကမူ သူ့လက်များကို ကိုက်ခဲလာ၏။ သို့နှင့် ချင်ရှောက်ယွီမှာ သူ့ရဲ့ အကြောကို ခဏပိတ်လိုက်ရတော့သည်။
ရှန်ချန်းလင် - "......."
" ကိုယ်နဲ့ အသက်ချင်းလဲပစ်ချင်လည်း.. အင်္ကျီ အရင်ဝတ်မှရမယ် "
ချင်ရှောက်ယွီသည် လက်မောင်းထက်ရှိ သွားရာကို ကြည့်ပြီး ရင်ထဲ ပူလောင်လာ၏။ တစ်ခါတည်း ခါးကနေ ပွေ့ချီသွားပြီး ခုတင်ပေါ်တင်ပေးကာ နောက်ထပ် တဘက်များ ယူ၍ ရေခြောက်အောင် သုတ်သပ်ပေးလိုက်သည်။ ထို့နောက် သန့်ရှင်းသော အင်္ကျီတစ်စုံရွေးပြီး သေချာဝတ်ပေးလိုက်၏။ ပြီးမှ ခုတင်ဘေး၌ ထိုင်ကာ သူ့ကို စိုက်ကြည့်လိုက်တော့လေသည်။
မေငိုး! မင်းကများ ငါ့ကို စိုက်ကြည့်ရဲသေးတယ်!
ရှန်ချန်းလင်သည်လည်း စိတ်တိုတိုဖြင့် ပြန်စိုက်ကြည့်ပေးလိုက်တော့၏။
မင်းလို အောက်တန်းကျ အရှက်မရှိ လူယုတ်မာကောင် တစ်နေ့တစ်နေ့ ငါ့ကို အသုံးချဖို့ပဲ သိတဲ့ လူဆိုးကောင်! ! ! !
" မင်းကလွဲလို့ ဘယ်သူမှ ကိုယ့်အပေါ် သည်လို မဆက်ဆံရဲဘူး "
ချင်ရှောက်ယွီက သူ့ခေါင်းကိုသာ ခေါက်၍ ပြောလိုက်ချင်တော့သည်။
ရှန်ချန်းလင်၏ မျက်နှာလေးသည် ဒေါသထွက်ရလွန်း၍ နီရဲနေချေပြီ။
အကြောပိတ်ထားပြီး ကျုပ်က မင်းနဲ့ ဘယ်လို ရန်ဖြစ်ရမှာလဲ! ! !
မင်း သည့်ထက် ပိုပြီး အရှက်မရှိလိုက်ပါဦး! ! !
" ဂိုဏ်းချုပ် "
ဟွားထန်က အပြင်ဘက်မှ ခေါ်လာသည်။
" လျှို့ဝှက်တပ်သားတွေက ခုဏကပဲ သတင်းပို့လာပါတယ်.. ရှောင်းကျမ်က မြို့အပြင်ဘက်ကို ဦးတည်ပြီး ထွက်သွားပါပြီတဲ့ "
" သိပြီ၊ သွားတော့ "
ချင်ရှောက်ယွီက လက်ဝှေ့ရမ်းကာ သူ့၏ အကြောများကို ဖြေပေးလိုက်သည်။
" ကြားလိုက်တယ်မလား... သွားပြီတဲ့! "
သွားချင်သွားပေါ့.. ငါနဲ့ ဘာဆိုင်လို့လဲ!
ရှန်ချန်းလင်သည် ချက်ချင်း ထထပ်ပြီး အင်္ကျီများ သေချာစွာ ဝတ်လိုက်သည်။ ထို့နောက် အိတ်တစ်လုံးရှာယူကာ ပစ္စည်းများ စတင်သိမ်းဆည်းတော့လေသည်။
ချင်ရှောက်ယွီ - "........"
အထုပ်အပိုးများကို သိမ်းဆည်းပြီးသော် ရှန်ချန်းလင်သည် ငွေလက်မှတ်များကိုပါ ရင်ဘတ်ထဲသို့ ထိုးထည့်လိုက်သည်။ ထို့နောက် ခေတ္တမျှ စဉ်းစားနေပြီး လမုန့်နှစ်ခုကို ကောက်ထည့်လိုက်သေးသည်။ ပြီးလျှင် အထုပ်ကိုဆွဲ၍ အပြင်ဘက်သို့ ဦးတည်ကာ ထွက်သွားတော့၏။
ချင်ရှောက်ယွီမှာတော့ နားထင်ရှိ သွေးကြောများပင် နှစ်ခါမျှ ဆတ်ကနဲ ခုန်သွားတော့သည်။
" မင်း.. ပြန်လာခဲ့စမ်း! "
ရှန်ချန်းလင်က တိတိပပ ဆုံးဖြတ်ထားပုံပင်။ ခေါင်းတောင် ပြန်မလှည့်ကြည့်ချေ။
ချင်ရှောက်ယွီလည်း နောက်ကနေ လိုက်သွားရုံသာ တတ်နိုင်တော့ပြီး ကိုယ်တိုင်ကိုယ်ကျ ပြန်ဆွဲခေါ်လာရလေသည်။
" ငါ့ကိုလွှတ်! "
ရှန်ချန်းလင်သည် နီးစွေးနေသော မျက်လုံးများဖြင့် သူ့ကို မော့ကြည့်သည်။
" လူဆိုးကောင်! "
ချင်ရှောက်ယွီပင်လျှင် ခေါင်းတွေ မူးလာသည်အထိ ဒေါသထွက်လာတော့သည်။
" လက်လွှတ်! ငါအိမ်ပြန်မယ်! "
ရှန်ချန်းလင်က ဇွတ်အတင်း တွန်းဖယ်နေ၏။ ချင်ရှောက်ယွီသည် လူတစ်ကိုယ်လုံးကို ပြတင်းပေါက် ဘောင်ပေါ်သို့ ဆွဲမတင်လိုက်ပြီး အသံခပ်အုပ်အုပ်ဖြင့် ဆူလိုက်လေသည်။
" မင်း ဘယ်ဟာကြောင့်နဲ့ အဲ့လောက် စိတ်ကောက်သွားပြီး မကျေနပ်နိုင်နေတာလဲ "
ငါက ရူးနေလို့ မင်းကို စိတ်ကောက်ရမှာလား! မင်းပဲ ငါ့ကို တစ်လမ်းလုံး အသုံးချနေတာ.. အနိုင်ကျင့်နေတာ.. အသိအသာကြီး!
ရှန်ချန်းလင်သည် ရုတ်ခြည်း မျက်ရည်များဝဲတက်လာ၏။ လက်ဖဝါးများပင် အေးစက်လာသည်။
" ကိုယ်ပြောပြနေတယ်လေ.. ခုဏက တမင်လုပ်တာ မဟုတ်ပါဘူးလို့ဆို "
ရှန်ချန်းလင်၏ မူးမေ့သွားတော့မည့်မတတ် မျက်နှာဖျော့ဖျော့လေးကို မြင်သော် ချင်ရှောက်ယွီလည်း လေသံကို အများကြီး လျော့လိုက်ကာ နူးညံ့သွားရတော့သည်။
" အဲ့တာဆို ခုဏက ရေချိုးတုန်းကရော? "
ရှန်ချန်းလင်သည် သူ့လက်များကို ဖယ်ထုတ်လိုက်ပြီး မေး၏။
" အဲ့တာလည်း တမင်မဟုတ်ပါဘူးလို့တော့ လာမပြောနဲ့ "
" ...... "
ချင်ရှောက်ယွီမှာ သူ့အမေးကြောင့် ရပ်တန့်သွားရတော့သည်။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူသည် အမှန်တကယ်ကို ရှန်ချန်းလင်ကို အသုံးချ၍ ရှောင်းကျမ်၏ ဒေါသကို ဆွချင်ခဲ့သည်ပင်။
ရှန်ချန်းလင်က ဆက်လက်ပြီးတော့ ဒေါမောနှင့်သာ ကြည့်နေလေသည်။
" ဟုတ်ပါတယ်.. အဲ့ကိစ္စကတော့ ကိုယ်မှားသွားပါတယ် "
ချင်ရှောက်ယွီက အလျော့ပေးလိုက်ပြီး လက်လှမ်း၍ သူ့မျက်ရည်များကို သုတ်ပေးဖို့ ကြိုးစားလိုက်သည်။
" နောက်တစ်ခါ ထပ်မဖြစ်စေရဘူးနော် "
ရှန်ချန်းလင်က သူ့ကို ခေါင်းစောင်း၍ ရှောင်ထွက်လိုက်သည်။ ဤတောင်းပန်ခြင်းအား လက်မခံနိုင်သေးသည်မှာ အသိအသာ။
" ဘယ်လိုလုပ်ပေးမှ စိတ်ဆိုးပြောမှာလဲကွာ.. ဟင်? "
ချင်ရှောက်ယွီက မေးသည်။
ရှန်ချန်းလင်က သူ့ကို တွန်းထုတ်ပြီး တစ်ယောက်တည်း တိတ်တဆိတ်ပင် ခုတင်ထက်၌ ပြန်ထိုင်နေလိုက်လေသည်။
ချင်ရှောက်ယွီသည် သူ့ရှေ့၌ ဒူးထောက်ထိုင်လိုက်ပြီး မျက်နှာကို မော့ကြည့်ကာ -
" ဒါမှမဟုတ်..ကိုယ်တို စားကောင်းသောက်ဖွယ် တစ်နပ်လောက် သွားစားကြမလား? "
" ထွက်သွား! "
ရှန်ချန်းလင်သည် ထိုသူနှင့် စကားမပြောချင်ပေ။
ချင်ရှောက်ယွီမှာ နောက်ဆုံးတော့ ကြမ်းပေါ်၌ တင်ပျဉ်ခွေ ထိုင်ချလိုက်တော့သည်။ ထို့နောက် စတင်ချော့မော့ရန် ပြင်လိုက်တုန်းမှာပဲ ဦးခေါင်းထက်သို့ ရှန်ချန်းလင် လွှင့်ပစ်လိုက်သော စောင်ထုပ်ကြီး ထိမှန်သွားတော့၏။
အုပ်မိသွားတာများ.. တကယ်ကို.... အရမ်းစိတ်ကြီးတယ်!
__________________
14.12.2021
__________________
.
.
Zawgyi>>
အခန္း (၂၈) မင္းတမင္လုပ္တာ!
【ငါအိမ္ျပန္မယ္】
ထိုဘက္တြင္ ေရွာင္းက်မ္အား ဟြားထန္က ဧည့္ခန္းသို႔ ေခၚေဆာင္သြားခဲ့ၿပီး တစ္ဖက္တြင္ေတာ့ ခ်င္ေရွာက္ယြီသည္ စားပြဲထိုးအား ေရေႏြးႏွစ္ပုံး ပို႔ခိုင္းေနသည္။
" ဘာလုပ္ဖို႔လဲ? "
ရွန္ခ်န္းလင္က နားမလည္စြာ ေမးလိုက္သည္။
" ေရခ်ိဳးဖို႔ေပါ့ "
ခ်င္ေရွာက္ယြီက ခပ္ေအးေအးျဖင့္ အကၤ်ီမ်ား ခြၽတ္ေနသည္။
ရွန္ခ်န္းလင္ - "......."
ေန႕ခင္းေၾကာင္ေတာင္ႀကီး ဘာေရခ်ိဳးမွာလဲ.. ၿပီးေတာ့ ဧည့္သည္ကျဖင့္ ဧည့္ခန္းထဲမွာ ေစာင့္ေနတယ္ေလ!
" ျမင္းကို အျပင္းႏွင္ခဲ့ရေတာ့ တစ္ကိုယ္လုံး ဖုန္ေတြခ်ည္းပဲေလ "
ခ်င္ေရွာက္ယြီက ရင္ဘတ္ထဲမွ စာလိပ္အစုတ္ကို စားပြဲေပၚလွမ္းတင္လိုက္ေတာ့သည္။
သို႔မွသာ ရွန္ခ်န္းလင္သည္လည္း ႐ုတ္တရက္ အႏွီပိုးဟပ္အား သတိရသြားၿပီး တည္ၾကည္ေလးနက္စြာ ေျပာလိုက္၏။
" အင္း.. ဟုတ္တယ္.. မင္းမ်ားမ်ားေလး ေရခ်ိဳးသန႔္စင္သင့္တယ္ "
" အတူတူ? "
ခ်င္ေရွာက္ယြီက ဖိတ္ေခၚ၏။
သည္လိုကိစၥမ်ိဳးကို ဘာကိစၥ အတူတူ စည္စည္ကားကား လုပ္ေနရမွာလဲ!
ရွန္ခ်န္းလင္က ယတိျပတ္ ျငင္းဆန္၏။ သူက တုတ္ေခ်ာင္းတိုေလးတစ္ခုျဖင့္ ထိုစာလိပ္ကို ထိုးၾကည့္လိုက္သည္------- အမွန္တကယ္ေတာ့ သူက ထိုအရာကို စိတ္ဝင္စားလို႔ ၾကည့္ၾကည့္ခ်င္လွၿပီ.. ဒါေၾကာင့္ ပိုးေကာင္ကို အရင္ ႏွင္ထုတ္ခ်င္းျခင္းသာ။
" မင္းက ဘာလုပ္ေနတာလဲ? "
ခ်င္ေရွာက္ယြီက ေရေႏြးပုံးထဲတြင္ စိမ္ရင္း နားမလည္စြာ ေမးလာသည္။
ရွန္ခ်န္းလင္သည္ ေအးေဆးတည္ၿငိမ္စြာျဖင့္ ေျဖေပးလိုက္ေတာ့၏။
" ခုနက ဆရာလီ ငါ့ကို ေပးတုန္းက အထဲမွာ ပိုးဟပ္တစ္ေကာင္ညပ္ေနတယ္ေလ "
ခ်င္ေရွာက္ယြီ မ်က္ႏွာမွာ ႐ုတ္ျခည္း စိမ္းပုပ္သြား၏။
" ဒါေပမဲ့ အခုမေတြ႕ေတာ့ပါဘူး "
ရွန္ခ်န္းလင္က လက္သင့္သလို စာ႐ြက္မ်ားကို လွန္ၾကည့္လိုက္ရင္း ပထမဆုံး တစ္႐ြက္ကို ဖြင့္ရန္ ျပင္လိုက္သည္။
ထိုစဥ္ ခ်င္ေရွာက္ယြီသည္ လက္ဝါးသိုင္းျဖင့္ ခုနက ဝတ္ခဲ့ေသာ ဝတ္႐ုံမ်ားအားလုံးကို ျပတင္းေပါက္မွ လႊင့္ပစ္လိုက္ေတာ့သည္။
ဝါး! ! !
လမ္းမေပၚ၌ရွိေသာ ျပည္သူမ်ားမွာ ထိုျမင္ကြင္းေၾကာင့္ အံ့အားသင့္ ၾကက္ေသေသသြားရေတာ့သည္။
သူမ်ားသာမန္လူေတြဆို အဝတ္အစားေတြကို အလြန္ဆုံးမွ ခုတင္ေအာက္ကိုပဲ လႊင့္ပစ္တာေလ!
ျပတင္းေပါက္ကေန အျပင္ထိ လႊင့္ပစ္တာ ဘယ္လို Level မ်ိဳးလဲ! ! ! !
တကယ္ပဲ ... အေသးစိတ္ေတာင္ မစဥ္းစားၾကည့္ရဲေတာ့ဘူးေနာ္.........
ေသခ်ာေပါက္ အရမ္း ျပင္းျပတက္ႂကြေနၾကမွာပဲ....
" မင္းဆံပင္ေတြထဲထိေတာင္ တက္ရင္တက္သြားေလာက္ၿပီေနာ္ "
ခ်င္ေရွာက္ယြီ၏ ရွားရွားပါးပါး ဟန္မေဆာင္နိုင္ေအာင္ မူပ်က္သြားျခင္းကို ေတြ႕ရေသာ္ ရွန္ေရွာင္ရွို႔က အၾကင္နာတရားမဲ့စြာ ဆက္စ,ေတာ့၏။
သို႔ရာ ခ်င္ေရွာက္ယြီက အားပါးတရ ၿပဳံးလိုက္ၿပီး ဆို၏။
" ကိစၥမရွိပါဘူး.. ဘာပဲျဖစ္ျဖစ္ ကိုယ္လည္း တစ္လမ္းလုံး မင္းကိုေပြ႕ၿပီး ျပန္လာတာပဲ.. ဒါမ်ိဳးကိုမွ ေအးအတူပူအမွ် လို႔ေခၚတာေပါ့ "
ရွန္ခ်န္းလင္ - "........."
" ၾကည့္စမ္း.. မင္းပခုံးေပၚမွာ ဘာႀကီးလဲ? "
ခ်င္ေရွာက္ယြီက အံ့အားသင့္ဟန္ျဖင့္။
မင္းႏွမတဲ့မွ!
ရွန္ခ်န္းလင္သည္လည္း ေရခ်ိဳးဖို႔ ပုံးေတာင္းေတာ့သည္။
ဘယ္လိုလုပ္ၿပီး သူက သည္ေလာက္ အျမင္ကပ္ဖို႔ေကာင္းရတာလဲ!
စိတ္ရႈပ္တယ္! !
ခ်င္ေရွာက္ယြီသည္ ေရပုံးထဲတြင္ ေရစိမ္ေနရင္း သူတစ္ေယာက္ ကပ်ာကယာျဖင့္ ရွိသမွ် အကၤ်ီကို ဆြဲခြၽတ္ေနသည္ကို ၾကည့္ေန၏။ အင္မတန္ပင္ စိတ္ခ်မ္းသာေနပုံ။
" ဟိုဘက္လွည့္! "
ရွန္ခ်န္းလင္က ေဒါသမ်က္လုံးမ်ားျဖင့္ ၾကည့္ကာ ေျပာ၏။
ခ်င္ေရွာက္ယြီသည္လည္း မ်က္လုံးမ်ားကို မွိတ္ေပးလိုက္ၿပီး အရွက္မရွိစြာျဖင့္ မ်က္လုံးတစ္ဖက္အား ေမွးဖြင့္၍ ၾကည့္ေသးသည္။
ရွန္ခ်န္းလင္သည္ ကိုယ္လုံးတီးျဖင့္ ေရပုံးထဲသို႔ ဝင္ၿပီးေနာက္ အမိန႔္ေပးလိုက္သည္။
" ငါ့အဝတ္အစားေတြေရာ လႊင့္ပစ္လိုက္! "
ခ်င္ေရွာက္ယြီက ခိုင္းတဲ့အတိုင္း လုပ္ေပးလိုက္သည္။
ထို႔ေၾကာင့္ပင္ လမ္းမထက္ရွိ ျပည္သူျပည္သား အေပါင္းမွာ ပို၍ စိတ္လႈပ္ရွား တက္ႂကြလာေတာ့သည္။ သူတို႔သည္ မိမိဘာသာ ဦးေႏွာက္ထဲတြင္ ျဖည့္စြက္စဥ္းစားလိုက္ေသး၏။
" ရွန္သခင္ေလးက အကၤ်ီေတြ ဝတ္ထားဆဲျဖစ္ေနတုန္းမွာ.. ဂိုဏ္းခ်ဳပ္ခ်င္က အကုန္ခြၽတ္ၿပီးသြားၿပီဆိုေတာ့..." အဲ့အခ်ိန္အပိုင္းအျခားေလး အတြင္းမွာ သူတို႔ လုပ္ေနမဲ့ကိစၥက .... ေတာ္ေတာ္ေလး အံ့ခ်ီးဖြယ္ကိစၥပဲ ျဖစ္မွာပါ! !
" ဟက္ခ်ိဳး! "
ရွန္ခ်န္းလင္က ႏွာေခ်လိဳက္သျဖင့္ ခ်င္ေရွာက္ယြီက မ်က္ေမွာင္ၾကဳတ္၍ ေမးသည္။
" ထပ္ၿပီး အေအးမိတာလား? "
" မဟုတ္ဘူး "
ရွန္ခ်န္းလင္က ေခါင္းခါသည္။
" ႏွာေခါင္းယားလို႔ "
" အဲ့တာဆိုရင္ေတာ့ ဟုတ္ပါၿပီ "
ခ်င္ေရွာက္ယြီက သက္ျပင္းခ်လိဳက္မိသည္။ ထို႔ေနာက္ "မသိမသာေပါ့ေပါ့ပါးပါးဟန္ျဖင့္" ေမးလိုက္သည္။
" အရင္က ရွန္သခင္မ မင္းကို ေပးတယ္ဆိုတဲ့ ေဆးေလ.. မင္း ဘယ္ႏွလုံး ေသာက္ၿပီးသြားၿပီလဲ "
" ဘယ္ေလာက္မွ မေသာက္ရေသးဘူးေလ "
ရွန္ခ်န္းလင္က နည္းနည္းစဥ္းစားလိုက္ၿပီး -
" အခုထိဆို တစ္လုံး ႏွစ္လုံးပဲ ရွိေသးတယ္ "
" ဟြားထန္ကေျပာတယ္.. အဲ့ေဆးက အရမ္းျပင္းတယ္တဲ့.. နည္းနည္းပဲ စားတာ ေကာင္းလိမ့္မယ္ "
ခ်င္ေရွာက္ယြီက ေျပာလိုက္သည္။
" ၿပီးေတာ့ ခႏၶာကိုယ္တြင္းက ဟန္အဆိပ္ကိုေတာ့ ေငြအပ္စိုက္ၿပီး ဖိႏွပ္လို႔ရတယ္တဲ့ "
" အပ္စိုက္ကုရမွာလား? "
ရွန္ခ်န္းလင္၏ ေနာက္ေက်ာတစ္ခုလုံး ထုံက်ဥ္သြားရေတာ့သည္။
" ေၾကာက္လို႔လား? "
ခ်င္ေရွာက္ယြီက ၿပဳံးစစျဖင့္ ေမးလိုက္သည္။
ရွန္ခ်န္းလင္ - "......"
ေခါင္းထဲကို အပ္စိုက္တာ ေၾကာက္ဖို႔ေကာင္းတာေပါ့ဟ! !
မင္းက လူတိုင္းကို မင္းလို မွတ္ေနလို႔လား!
အေရခြံထူၿပီး အသားေပါတဲ့ေကာင္!
" ဂိုဏ္းခ်ဳပ္ "
ဟြားန္က အခန္းအျပင္ဘက္မွ တံခါးေခါက္၏။
" ေရွာင္းဒုသခင္ေလးက တစ္လမ္းလုံး တိုက္ခိုက္ၿပီး သည္ဘက္ကို လာေနပါၿပီ "
" ဂိုဏ္းထဲက အဆင့္ျမင့္သိုင္းသမားေတြ အကုန္ေခၚၿပီး သိုင္းသြားၿပိဳင္ခိုင္းေခ်.. ပညာရတာေပါ့.. တိုက္လို႔မနိုင္ေတာ့ရင္ ထြက္ေျပးခိုင္းလိုက္ "
ခ်င္ေရွာက္ယြီက ဆိုေလသည္။
" ဒါကို ေလ့က်င့္တယ္ပဲ သေဘာထားလိုက္ "
ရွန္ခ်န္းလင္မွာ ခ်က္ခ်င္းပင္ ေလးစားသြားေသာ မ်က္လုံးမ်ားျဖင့္ သူ႕ကို ၾကည့္လိုက္မိသည္။
သူရဲေကာင္းႀကီး.. မင္း အတြက္အခ်က္ ေတာ္လိုက္တာေနာ္... သူမ်ားကို free training ေတာင္ ေပးခိုင္းလိုက္ေသးတယ္!
" ဟုတ္ကဲ့ "
ဟြားထန္က ခ်က္ခ်င္း ျပန္ေျဖၿပီး တစ္ခ်က္ထပ္မံ သတိေပးသြား၏။
" ဂိုဏ္းခ်ဳပ္.. အေကာင္းဆုံးကေတာ့ ေစာေစာစီးစီး ႀကိဳတင္ျပင္ဆင္ထားလိုက္ပါေနာ္.. ကြၽန္မတို႔ေတြက အၾကာႀကီး တားထားနိုင္မွာ မဟုတ္ဘူး "
ဓားသံလက္နက္သံမ်ားက တျဖည္းျဖည္းခ်င္း နီးကပ္လာရာ ရွန္ခ်န္းလင္သည္ ကပ်ာကယာျဖင့္ အကၤ်ီသြားယူဝတ္ဖို႔ လုပ္လိုက္၏။
သူကေတာ့ လုံးဝ လုံးဝ ေရခ်ိဳးေနတဲ့အခ်ိန္ တံခါးဖ်က္ၿပီး အဝင္မခံလာနိုင္ပါဘူးေနာ္!
သို႔ရာ ေနာက္တစ္စကၠန႔္တြင္ ခ်င္ေရွာက္ယြီက ပ်ံသန္းလိုက္ၿပီး ရွန္ခ်န္းလင္၏ ေရပုံးထဲသို႔ ဝင္ထိုင္လိုက္၏။
ေရစက္ေရေပါက္ေလးမ်ားက အရပ္ေလးမ်က္ႏွာသို႔ လြင့္စင္လ်က္။ ရွန္ခ်န္းလင္မွာ အံ့ၾသသြားရၿပီး -
" မင္းဘာလုပ္မလို႔လဲ? "
" သ႐ုပ္ေဆာင္ရဦးမယ္ေလ "
ခ်င္ေရွာက္ယြီက ခပ္ညစ္ညစ္ ၿပဳံးလိုက္သည္။
" ငါက ဘာလို႔ မင္းနဲ႕ ..... အြတ္ "
သူ႕ႏႈတ္ခမ္းေလးဟာ ျပင္းျပင္းထန္ထန္ နမ္းရွိုက္ပိတ္ဆို႔ ခံလိုက္ရေတာ့သည္။ ရွန္ခ်န္းလင္သည္ ႐ုတ္တရက္ လန႔္ဖ်ပ္သြားၿပီး ႐ုန္းကန္ေသာ္လည္း ခါးကို တင္းတင္းေပြ႕ထားသည္ေလ။
လူဆိုးေကာင္! ငါမင္းနဲ႕ အသက္ခ်င္းလဲပစ္မွာေနာ္!
ရွန္ခ်န္းလင္က ရင္ထဲတြင္ ေအာ္ဟစ္ေနၿပီး လက္က အားျဖင့္ တြန္းထုတ္၏။
" တကယ္ပဲ ဇနီးေလးကို မနိုင္ နိုင္ပါလားေနာ္ "
ခ်င္ေရွာက္ယြီက သူ႕ကို ရင္ခြင္ထဲ ဆြဲထည့္ကာ ဖက္ထားလိုက္သည္။ မ်က္လုံးထဲတြင္ေတာ့ စိန္ေခၚလိုေသာ ၿပဳံးရိပ္မ်ားျဖင့္။
ေရွာင္းက်မ္က ေျခေထာက္ျဖင့္ တံခါးကို တစ္ခ်က္တည္း ကန္ဖြင့္လိုက္ရာ အထဲက ျမင္ကြင္းေၾကာင့္ မင္သက္သြားမိေတာ့ေလသည္။
ဟြားထန္ကလည္း အထဲသို႔ တစ္ခ်က္ ေဝ့ၾကည့္လိုက္ၿပီး စိတ္ထဲတြင္ "ေၾသာ္" ကနဲ ။
ထပ္ၿပီး အျမတ္ထြက္သြားျပန္ၿပီ! !
" ဟြန္း! "
ေယာင္းခ်န္ကေတာ့ နဂိုအတိုင္းပင္ စိတ္တိုေနသည့္မ်က္ႏွာျဖင့္။
ဖန႔္ယန္က သူ႕ကို ၾကည့္လ်က္ျဖင့္ -
" မင္းက ဘာကိစၥ တစ္ေနကုန္ တဟြန္းဟြန္း တဟမ္းဟမ္းနဲ႕ ျဖစ္ေနတာလဲကြ.. ငါဆို အခု ၾကင္ယာေတာ္ေလးက မဆိုးဘူးထင္တာပဲ "
ေယာင္းခ်န္က မ်က္ႏွာႀကီး မည္းပုပ္လ်က္သာ လွည့္ထြက္သြားေတာ့သည္။
သူ႕အျမင္အား လက္မခံသည္မွာ အသိအသာပင္။
ရွန္ခ်န္းလင္သည္ တံခါးဝကို ေနာက္ေက်ာေပးလ်က္ရွိၿပီး တုတ္တုတ္မွ် မလႈပ္ဘဲ တုတ္ေခ်ာင္းတစ္ေခ်ာင္းပမာ ေတာင့္တင္းေနသည္----- သည္တစ္ခါတြင္ေတာ့ ခ်င္ေရွာက္ယြီက အေၾကာပိတ္ထားျခင္း မဟုတ္ပါေလ။ သူသည္ တံခါးဝရွိ လူအုပ္ႀကီးထံ၌ အၾကည့္မခံနိုင္ေသာေၾကာင့္သာ ျဖစ္၏။
ေရေလးခ်ိဳးတာေတာင္ စိတ္ေအးလက္သာ မခ်ိဳးရဘူး.. တကယ္ပဲ ငိုလိုက္ခ်င္တယ္!
" ဒုသခင္ေလးက ဘာကိစၥမ်ား ရွိလို႔လဲ.. အခုခ်က္ခ်င္း ေျပာမွရမွာလား? "
ခ်င္ေရွာက္ယြီသည္ လက္ျဖင့္ ပဝါတစ္ထည္ကို လွမ္းယူၿပီး ရွန္ခ်န္းလင္၏ ေက်ာျပင္အား ဖုံးကြယ္ၿခဳံလႊားေပးလိုက္ေတာ့သည္။
သူ႕လည္တိုင္ ညွပ္ရိုးမ်ားတြင္ ရွန္ေရွာင္ရွို႔၏ မ်က္ႏွာေလး အပ္ထားၿပီး နားႏွစ္ဖက္က ရဲရဲနီေနေပ၏။
ေရခ်ိဳးပုံးသည္ နဂိုကတည္းကမွ ေသးငယ္သည္ျဖစ္ရာ .. ထို႔အျပင္ ခ်င္ေရွာက္ယြီအရပ္က အလြန္ျမင့္မားေသာေၾကာင့္ ႏွစ္ေယာက္သားသည္ အင္မတန္မွ က်ပ္က်ပ္သိပ္သိပ္ျဖစ္ေနသည္။ ထို႔ေၾကာင့္မို႔ မထိသင့္ေသာ ေနရာမ်ားမွာလည္း နည္းနည္းေလး လႈပ္လိုက္႐ုံျဖင့္ အလုံးစုံ ထိေတြ႕ေနေပ၏။
ရွက္လိုက္တာလို႔! ! !
ငိုး ! မင္းကေတာ့ သည္လိုအခ်ိန္ႀကီးမွာ မာ မလာနဲ႕ေနာ္! ! ! ! ! ! !
အဲ့တာဆို တိရစာၦန္ေကာင္ပဲ! ! ! !
" ေရွာင္းဒုသခင္ေလးက ဘယ္အခ်ိန္ထိမ်ား ၾကည့္ေနဦးမလို႔လဲ? "
ခ်င္ေရွာက္ယြီက ေအးစက္စက္ ေမးသည္။
ေရွာင္းက်မ္၏ မ်က္ႏွာေသြးေရာင္သည္ ျပာရာမွ ခရမ္း၊ ခရမ္းရာမွ အျဖဴ၊ အျဖဴကမွ အစိမ္း၊ ထို႔ေနာက္ တစ္မ်က္ႏွာလုံးမည္းပုပ္လ်က္ ရွိေနသည္။
" မင္းအရင္ထြက္သြားလိုက္လို႔ မရဘူးလား! "
ရွန္ခ်န္းလင္သည္ တကယ္ပင္ သည္းမခံနိုင္ေခ်။ ထို႔ေၾကာင့္ ေနာက္လွည့္ၿပီး ေဒါကန္ကန္ျဖင့္ ၾကည့္ပစ္လိုက္သည္-------
သူနဲ႕ငါနဲ႕က ထပ္ၿပီး ပြတ္မိထိမိေနရရင္ ျပႆနာတက္ေတာ့မွာကြ သိရဲ႕လား!
ေရွာင္းက်မ္၏ နားထင္ရွိ ေသြးေၾကာမ်ားသည္ ဖုေဖာင္း၍ ေနသည္။
အခန္းကိုေတာင္ ၿဖိဳခ်ပစ္လိုက္ခ်င္ေနမွန္း သိသာလွ၏။
" လင္အာကိုယ္ေပၚမွာ ဟန္အဆိပ္ရွိတယ္.. တကယ္လို႔ သည္ေရေတြ ျပန္ေအးသြားတဲ့အထိ ဒီတိုင္းပဲ ေနေနရရင္ သူက ထပ္ၿပီး အေအးမိနိုင္တယ္ "
ခ်င္ေရွာက္ယြီက စိတ္တိုေနသည္။
" မင္းက သူ နာက်င္ခံစားရတာကို ၾကည့္ရက္တယ္ဆိုရင္ အဲ့မွာ တစ္သက္လုံးရပ္ေနလိုက္ "
ေရွာင္းက်မ္သည္ ေအးစက္စက္ျဖင့္ ဟြန္းကနဲသာ ျပဳလိုက္ၿပီး ေနရာကေန မလႈပ္ဆဲပင္။
ထိုစဥ္ ရွန္ခ်န္းလင္မွာ ေရွ႕တေလာက ခံစားခဲ့ရေသာ အရိုးခိုက္မတတ္ နာက်င္မႈမ်ားကို ျပန္လည္ အမွတ္ရသြားၿပီး တုန္လႈပ္သြားမိေလ၏။
ခ်င္ေရွာက္ယြီသည္ ေရေအာက္ကေန သူ႕လက္ကို ကိုင္ၿပီး အတြင္းအားမ်ား ျဖည္းျဖည္းခ်င္း သြင္းေပးေန၏။ ေနာက္ထပ္တစ္ခါ အေအးပတ္သြားၿပီး ဟန္အဆိပ္ထႂကြျခင္းကို ကာကြယ္ရန္ပင္။
" ရွန္ခ်န္းလင္! "
ေရွာင္းက်မ္က အံႀကိတ္၍ ေခၚလိုက္သည္။
" ငါမင္းကို ေနာက္တစ္ခါ ထပ္ေမးမယ္.. ငါနဲ႕ လိုက္မွာလား မလိုက္ဘူးလား? "
ငိုး! ငါက မင္းဘယ္သူလဲဆိုတာေတာင္ မမွတ္မိတာကို!
ရွန္ခ်န္းလင္က ျပတ္ျပတ္သားသား ျငင္းဆန္၏။
" ေကာင္းၿပီ.. မင္း သည္ေန႕ သည္အခ်ိန္မွာ ကိုယ့္ကို ဘယ္လို ဆက္ဆံခဲ့တယ္ဆိုတာကို မွတ္ထားလိုက္ေတာ့ "
ေရွာင္းက်မ္က ေဒါသထြက္ေနသည္။
" အေႏွးနဲ႕အျမန္ ကိုယ့္ကို ျပန္ေခၚသြားေပးပါလို႔ မင္းဘာသာ ဒူးေထာက္ေတာင္းပန္ေနေစရမယ္သာ မွတ္! "
" မင္းဘာသာ ေႏြမိုးေဆာင္း ေန႕စဥ္ရက္ဆက္ အိပ္မက္သြားမက္ေနလိုက္ေတာ့! "
ရွန္ခ်န္းလင္သည္ သာမန္အားျဖင့္ မည္သို႔ပင္ သေဘာေကာင္းသူ ျဖစ္ပါေစ ယခုေတာ့ အမွန္တကယ္ကို စိတ္တိုသြားၿပီျဖစ္ေပသည္။
မင္းႏွမႀကီး ဒူးေထာက္!
" ဧည့္သည္ကို ျပန္ပို႔လိုက္ "
ခ်င္ေရွာက္ယြီ၏ အသံက ေအးခဲေနသည္။
" ဒုသခင္ေလး.. ႂကြပါ "
ဟြားထန္က လမ္းဖယ္ေပးလိုက္သည္။
ေရွာင္းက်မ္သည္လည္း ေဒါသတႀကီးျဖင့္ ထြက္ခြာသြားေတာ့၏။
ခ်င္ေရွာက္ယြီသည္ လက္ဝါးသိုင္းျဖင့္ တံခါးကို ျပန္ပိတ္လိုက္ေသာ္ အခန္းထဲတြင္ တိတ္ဆိတ္မႈက ေနရာယူသြားေတာ့သည္။
ရွန္ခ်န္းလင္ သူ႕ကို ေခါင္းေမာ့ၾကည့္လိုက္ၿပီး မ်က္လုံးထဲတြင္ အမ်က္ေဒါသေငြ႕ရည္မ်ား လဲ့ေနေပ၏။
" လင္အာ....... "
စကားတစ္ခြန္းပင္ မဆုံးခင္၌ ခ်င္ေရွာက္ယြီ၏ မ်က္ႏွာေပၚသို႔ လက္သီးတစ္ခ်က္က တိတိပပ က်ေရာက္လာသည္။
..........
" တကယ္စိတ္ဆိုးသြားၿပီလား? "
ေခတၱၾကာေသာ္ ခ်င္ေရွာက္ယြီကပဲ အရင္ တိတ္ဆိတ္မႈကို ၿဖိဳခြင္းလိုက္သည္။
" ထြက္သြား! "
ရွန္ခ်န္းလင္က သူ႕ကို ၾကည့္ပင္ မၾကည့္ေတာ့ေခ်။
ခ်င္ေရွာက္ယြီသည္ လက္တစ္ဖက္တည္းျဖင့္ ပုံးအနားသတ္ကို ေထာက္ကာ အားျဖင့္ ခုန္ထြက္ဖို႔ ႀကိဳးစားလိုက္ေသာ္လည္း မထင္မွတ္ထားဘဲ အားပါလြန္း၍ ပုံးက ကြၽီကနဲ ျမည္လ်က္... တဒဂၤအတြင္း၌...... ေလးငါးေျခာက္စိတ္ကြဲသြားေတာ့၏.....
" အား! ! ! "
ရွန္ခ်န္းလင္က အလန႔္တၾကား ေအာ္ဟစ္လိုက္မိၿပီး ေလးဘက္ေလးတံသို႔ ပ်ံ့ႏွံ႕သြားေသာ ေရမ်ားႏွင့္အတူ ၾကမ္းျပင္ေပၚသို႔ ဖင္ထိုင္လ်က္ ပစ္က်သြားေတာ့သည္။ ဗိုက္သားေလးမ်ားက ေကာင္းကင္ကို ေမာ့ၾကည့္လ်က္။
" လင္အာ! ! ! "
ခ်င္ေရွာက္ယြီသည္ ဤတစ္ခါကေတာ့ အမွန္တကယ္ကို မေတာ္တဆ လုပ္မိျခင္းပင္။ ယခုကဲ့သို႔ အေျခအေန ျဖစ္ပြားသြားေသာ္ မ်က္လုံးျပဴးမ်က္ဆန္ပ်ာျဖစ္လ်က္ ကပ်ာကယာ ၾကမ္းေပၚကေန ဆြဲထူေပးမိေလသည္။
" မင္း တမင္လုပ္တာ! "
ရွန္ခ်န္းလင္သည္ ပဝါတစ္ထည္ယူ၍ ကိုယ့္ကိုယ္ကိုယ္ ပတ္လႊားလိုက္ၿပီး ေျခေထာက္ျမႇောက္ကာ တစ္ခ်က္တည္း ကန္ခ်လိဳက္ေတာ့သည္။
" ကိုယ္က ဘာလို႔ သည္လိုကိစၥမ်ိဳးကို တမင္လုပ္ရမွာလဲကြာ! "
ခ်င္ေရွာက္ယြီသည္လည္း အလ်ဥ္းသင့္ရာ ဝတ္႐ုံတစ္ထည္ကို ဆြဲယူ၍ ကိုယ္ေပၚလႊားထားလိုက္သည္။
" ငါ မင္းနဲ႕ မေသမခ်င္း တိုက္ပြဲဝင္ပစ္မယ္! ! ! "
ရွန္ခ်န္းလင္က စိတ္ဆိုးစြာ ေအာ္ဟစ္ေလသည္။ ခ်င္ေရွာက္ယြီလည္း မတတ္နိုင္စြာပင္ သူ႕လက္သီးမ်ားကို ဖမ္းဆုပ္လ်က္ -
" မေဆာ့နဲ႕ေတာ့.. ျမန္ျမန္ ေရေျခာက္ေအာင္ သုတ္ၿပီး အကၤ်ီဝတ္ရေအာင္ "
ရွန္ခ်န္းလင္ကမူ သူ႕လက္မ်ားကို ကိုက္ခဲလာ၏။ သို႔ႏွင့္ ခ်င္ေရွာက္ယြီမွာ သူ႕ရဲ႕ အေၾကာကို ခဏပိတ္လိုက္ရေတာ့သည္။
ရွန္ခ်န္းလင္ - "......."
" ကိုယ္နဲ႕ အသက္ခ်င္းလဲပစ္ခ်င္လည္း.. အကၤ်ီ အရင္ဝတ္မွရမယ္ "
ခ်င္ေရွာက္ယြီသည္ လက္ေမာင္းထက္ရွိ သြားရာကို ၾကည့္ၿပီး ရင္ထဲ ပူေလာင္လာ၏။ တစ္ခါတည္း ခါးကေန ေပြ႕ခ်ီသြားၿပီး ခုတင္ေပၚတင္ေပးကာ ေနာက္ထပ္ တဘက္မ်ား ယူ၍ ေရေျခာက္ေအာင္ သုတ္သပ္ေပးလိုက္သည္။ ထို႔ေနာက္ သန႔္ရွင္းေသာ အကၤ်ီတစ္စုံေ႐ြးၿပီး ေသခ်ာဝတ္ေပးလိုက္၏။ ၿပီးမွ ခုတင္ေဘး၌ ထိုင္ကာ သူ႕ကို စိုက္ၾကည့္လိုက္ေတာ့ေလသည္။
ေမငိုး! မင္းကမ်ား ငါ့ကို စိုက္ၾကည့္ရဲေသးတယ္!
ရွန္ခ်န္းလင္သည္လည္း စိတ္တိုတိုျဖင့္ ျပန္စိုက္ၾကည့္ေပးလိုက္ေတာ့၏။
မင္းလို ေအာက္တန္းက် အရွက္မရွိ လူယုတ္မာေကာင္ တစ္ေန႕တစ္ေန႕ ငါ့ကို အသုံးခ်ဖိဳ႕ပဲ သိတဲ့ လူဆိုးေကာင္! ! ! !
" မင္းကလြဲလို႔ ဘယ္သူမွ ကိုယ့္အေပၚ သည္လို မဆက္ဆံရဲဘူး "
ခ်င္ေရွာက္ယြီက သူ႕ေခါင္းကိုသာ ေခါက္၍ ေျပာလိုက္ခ်င္ေတာ့သည္။
ရွန္ခ်န္းလင္၏ မ်က္ႏွာေလးသည္ ေဒါသထြက္ရလြန္း၍ နီရဲေနေခ်ၿပီ။
အေၾကာပိတ္ထားၿပီး က်ဳပ္က မင္းနဲ႕ ဘယ္လို ရန္ျဖစ္ရမွာလဲ! ! !
မင္း သည့္ထက္ ပိုၿပီး အရွက္မရွိလိုက္ပါဦး! ! !
" ဂိုဏ္းခ်ဳပ္ "
ဟြားထန္က အျပင္ဘက္မွ ေခၚလာသည္။
" လွ်ို႔ဝွက္တပ္သားေတြက ခုဏကပဲ သတင္းပို႔လာပါတယ္.. ေရွာင္းက်မ္က ၿမိဳ႕အျပင္ဘက္ကို ဦးတည္ၿပီး ထြက္သြားပါၿပီတဲ့ "
" သိၿပီ၊ သြားေတာ့ "
ခ်င္ေရွာက္ယြီက လက္ေဝွ႕ရမ္းကာ သူ႕၏ အေၾကာမ်ားကို ေျဖေပးလိုက္သည္။
" ၾကားလိုက္တယ္မလား... သြားၿပီတဲ့! "
သြားခ်င္သြားေပါ့.. ငါနဲ႕ ဘာဆိုင္လို႔လဲ!
ရွန္ခ်န္းလင္သည္ ခ်က္ခ်င္း ထထပ္ၿပီး အကၤ်ီမ်ား ေသခ်ာစြာ ဝတ္လိုက္သည္။ ထို႔ေနာက္ အိတ္တစ္လုံးရွာယူကာ ပစၥည္းမ်ား စတင္သိမ္းဆည္းေတာ့ေလသည္။
ခ်င္ေရွာက္ယြီ - "........"
အထုပ္အပိုးမ်ားကို သိမ္းဆည္းၿပီးေသာ္ ရွန္ခ်န္းလင္သည္ ေငြလက္မွတ္မ်ားကိုပါ ရင္ဘတ္ထဲသို႔ ထိုးထည့္လိုက္သည္။ ထို႔ေနာက္ ေခတၱမွ် စဥ္းစားေနၿပီး လမုန႔္ႏွစ္ခုကို ေကာက္ထည့္လိုက္ေသးသည္။ ၿပီးလွ်င္ အထုပ္ကိုဆြဲ၍ အျပင္ဘက္သို႔ ဦးတည္ကာ ထြက္သြားေတာ့၏။
ခ်င္ေရွာက္ယြီမွာေတာ့ နားထင္ရွိ ေသြးေၾကာမ်ားပင္ ႏွစ္ခါမွ် ဆတ္ကနဲ ခုန္သြားေတာ့သည္။
" မင္း.. ျပန္လာခဲ့စမ္း! "
ရွန္ခ်န္းလင္က တိတိပပ ဆုံးျဖတ္ထားပုံပင္။ ေခါင္းေတာင္ ျပန္မလွည့္ၾကည့္ေခ်။
ခ်င္ေရွာက္ယြီလည္း ေနာက္ကေန လိုက္သြား႐ုံသာ တတ္နိုင္ေတာ့ၿပီး ကိုယ္တိုင္ကိုယ္က် ျပန္ဆြဲေခၚလာရေလသည္။
" ငါ့ကိုလႊတ္! "
ရွန္ခ်န္းလင္သည္ နီးေစြးေနေသာ မ်က္လုံးမ်ားျဖင့္ သူ႕ကို ေမာ့ၾကည့္သည္။
" လူဆိုးေကာင္! "
ခ်င္ေရွာက္ယြီပင္လွ်င္ ေခါင္းေတြ မူးလာသည္အထိ ေဒါသထြက္လာေတာ့သည္။
" လက္လႊတ္! ငါအိမ္ျပန္မယ္! "
ရွန္ခ်န္းလင္က ဇြတ္အတင္း တြန္းဖယ္ေန၏။ ခ်င္ေရွာက္ယြီသည္ လူတစ္ကိုယ္လုံးကို ျပတင္းေပါက္ ေဘာင္ေပၚသို႔ ဆြဲမတင္လိုက္ၿပီး အသံခပ္အုပ္အုပ္ျဖင့္ ဆူလိုက္ေလသည္။
" မင္း ဘယ္ဟာေၾကာင့္နဲ႕ အဲ့ေလာက္ စိတ္ေကာက္သြားၿပီး မေက်နပ္နိုင္ေနတာလဲ "
ငါက ႐ူးေနလို႔ မင္းကို စိတ္ေကာက္ရမွာလား! မင္းပဲ ငါ့ကို တစ္လမ္းလုံး အသုံးခ်ေနတာ.. အနိုင္က်င့္ေနတာ.. အသိအသာႀကီး!
ရွန္ခ်န္းလင္သည္ ႐ုတ္ျခည္း မ်က္ရည္မ်ားဝဲတက္လာ၏။ လက္ဖဝါးမ်ားပင္ ေအးစက္လာသည္။
" ကိုယ္ေျပာျပေနတယ္ေလ.. ခုဏက တမင္လုပ္တာ မဟုတ္ပါဘူးလို႔ဆို "
ရွန္ခ်န္းလင္၏ မူးေမ့သြားေတာ့မည့္မတတ္ မ်က္ႏွာေဖ်ာ့ေဖ်ာ့ေလးကို ျမင္ေသာ္ ခ်င္ေရွာက္ယြီလည္း ေလသံကို အမ်ားႀကီး ေလ်ာ့လိုက္ကာ ႏူးညံ့သြားရေတာ့သည္။
" အဲ့တာဆို ခုဏက ေရခ်ိဳးတုန္းကေရာ? "
ရွန္ခ်န္းလင္သည္ သူ႕လက္မ်ားကို ဖယ္ထုတ္လိုက္ၿပီး ေမး၏။
" အဲ့တာလည္း တမင္မဟုတ္ပါဘူးလို႔ေတာ့ လာမေျပာနဲ႕ "
" ...... "
ခ်င္ေရွာက္ယြီမွာ သူ႕အေမးေၾကာင့္ ရပ္တန႔္သြားရေတာ့သည္။
ပြင့္ပြင့္လင္းလင္း ေျပာရလွ်င္ သူသည္ အမွန္တကယ္ကို ရွန္ခ်န္းလင္ကို အသုံးခ်၍ ေရွာင္းက်မ္၏ ေဒါသကို ဆြခ်င္ခဲ့သည္ပင္။
ရွန္ခ်န္းလင္က ဆက္လက္ၿပီးေတာ့ ေဒါေမာႏွင့္သာ ၾကည့္ေနေလသည္။
" ဟုတ္ပါတယ္.. အဲ့ကိစၥကေတာ့ ကိုယ္မွားသြားပါတယ္ "
ခ်င္ေရွာက္ယြီက အေလ်ာ့ေပးလိုက္ၿပီး လက္လွမ္း၍ သူ႕မ်က္ရည္မ်ားကို သုတ္ေပးဖို႔ ႀကိဳးစားလိုက္သည္။
" ေနာက္တစ္ခါ ထပ္မျဖစ္ေစရဘူးေနာ္ "
ရွန္ခ်န္းလင္က သူ႕ကို ေခါင္းေစာင္း၍ ေရွာင္ထြက္လိုက္သည္။ ဤေတာင္းပန္ျခင္းအား လက္မခံနိုင္ေသးသည္မွာ အသိအသာ။
" ဘယ္လိုလုပ္ေပးမွ စိတ္ဆိုးေျပာမွာလဲကြာ.. ဟင္? "
ခ်င္ေရွာက္ယြီက ေမးသည္။
ရွန္ခ်န္းလင္က သူ႕ကို တြန္းထုတ္ၿပီး တစ္ေယာက္တည္း တိတ္တဆိတ္ပင္ ခုတင္ထက္၌ ျပန္ထိုင္ေနလိုက္ေလသည္။
ခ်င္ေရွာက္ယြီသည္ သူ႕ေရွ႕၌ ဒူးေထာက္ထိုင္လိုက္ၿပီး မ်က္ႏွာကို ေမာ့ၾကည့္ကာ -
" ဒါမွမဟုတ္..ကိုယ္တို စားေကာင္းေသာက္ဖြယ္ တစ္နပ္ေလာက္ သြားစားၾကမလား? "
" ထြက္သြား! "
ရွန္ခ်န္းလင္သည္ ထိုသူႏွင့္ စကားမေျပာခ်င္ေပ။
ခ်င္ေရွာက္ယြီမွာ ေနာက္ဆုံးေတာ့ ၾကမ္းေပၚ၌ တင္ပ်ဥ္ေခြ ထိုင္ခ်လိဳက္ေတာ့သည္။ ထို႔ေနာက္ စတင္ေခ်ာ့ေမာ့ရန္ ျပင္လိုက္တုန္းမွာပဲ ဦးေခါင္းထက္သို႔ ရွန္ခ်န္းလင္ လႊင့္ပစ္လိုက္ေသာ ေစာင္ထုပ္ႀကီး ထိမွန္သြားေတာ့၏။
အုပ္မိသြားတာမ်ား.. တကယ္ကို.... အရမ္းစိတ္ႀကီးတယ္!
__________________
14.12.2021
__________________