Unicode>>
အခန်း (၂၄) ခရီးစဉ်ခေတ္တရပ်နားမည်!
【ဂိုဏ်းချုပ်က တကယ် သန်စွမ်းတာပဲနော်】
ရေချိုးပြီးသွားသော် ရှန်ချန်းလင်သည် ဂျုံယိုကို တစ်ပန်းကန်ကြီး စားလိုက်ပြီး ပူပူစပ်စပ် ငါးဟင်းချိုတစ်ပွဲကိုပါ သောက်လိုက်သေးသည်။ ထို့နောက် တစ်ဆက်တည်းမှာပင် ချင်ရှောက်ယွီ၏ အိပ်ရာပေါ်တစ်ခါတည်း ဆွဲတင်ခံလိုက်ရတော့သည်။
" မငိုက်သေးဘူးလို့ "
ရှန်ချန်းလင်က ငြင်းဆန်ဖို့ ကြိုးစားသည်။
" မငိုက်သေးလည်း အိပ်ရမယ်! "
ချင်ရှောက်ယွီက သူ့ကိုယ်စား စောင်ပါဆွဲခြုံပေးလိုက်သည်။
" ဘာလို့လဲလို့? "
ရှန်ချန်းလင်က လက်နှစ်ဖက်ကို မရမက ဆန့်ထုတ်နေဆဲ။ အင်မတန်မှ ပုန်ကန်ဆန့်ကျင်လိုသည့်ဟန်။
ချင်ရှောက်ယွီမှာ သူ့ကြောင့် ရယ်ပင်ရယ်မိတော့သည်။ ပြီးမှ လက်မောင်းကနေ ကိုင်ပြီး စောင်ထဲ အတင်းပြန်ထည့်ပေးပြီး ပြောလိုက်သည်။
" နဂိုကတည်းက ဟန်အဆိပ်မဖြေရသေးဘူးလေကွာ.. အခု ထပ်ပြီး မိုးမိလာတယ်၊ စောင်ထဲမှာ သေသေချာချာလေး နေပြီး ချွေးထုတ်ရမှာမို့ပေါ့ "
ရှန်ချန်းလင်က မျက်မှောင်ကြုတ်၍ ပြန်မေးလာသည်။
" ဟန်အဆိပ်က ဆောင်းတွင်းရောက်မှ ထတာ မဟုတ်ဘူးလား? "
" အအေးမိရင်းလည်း ထမှာပဲ၊ ဆောင်းတွင်းဆိုရင် ပိုပြီး ခပ်စိပ်စိပ်ဖြစ်တာပဲ ရှိတာ "
ချင်ရှောက်ယွီက ခုတင်ဘေးတွင် ထိုင်ရင်း ရှင်းပြသည်။
" အဲ့တာကြောင့် မဆော့နဲ့တော့နော် "
ရှန်ချန်းလင်ကမူ အနှီစကားကြောင့် အကြီးအကျယ် စိတ်ထိခိုက်သွားရပြန်သည်။
ဘာလို့ ငါ့ကျမှ အမြဲကံဆိုး!
" အိပ်တော့ "
ချင်ရှောက်ယွီက အဝတ်အစားများ ဝတ်ထားလျက်ပင် သူ့နံဘေးတွင် မှီထိုင်လိုက်သည်။
" မင်းမပြောရသေးဘူးနော်.. ဖုန့်ကျိုရဲ့က ဘာလို့ ငါ့ကို လုသွားချင်နေတာလဲဆိုတာ "
ဘယ်လိုပဲ ဖြစ်ဖြစ် အိပ်မပျော်သောကြောင့် ရှန်ချန်းလင်က ကိုယ်တိုင် စကားရှာ၍ မေးလိုက်သည်။
အဲ့တာအပြင် သည်ကိစ္စရဲ့ ကာယကံရှင် သက်ဆိုင်သူအနေနဲ့ သေချာပေါက် တိတိကျကျ သိထားရမဲ့ အခွင့်အရေးရှိကိုရှိတယ်!
" ကိုယ်ဘယ်လိုလုပ်သိမှာလဲ "
ချင်ရှောက်ယွီသည် နှုတ်ခမ်းထောင့်များ ကော့ညွတ်လျက်ရှိသည်။
" သူ လုယူချင်တာက မင်းကိုလေ.. ကိုယ့်ကိုမှ မဟုတ်တာ၊ ဖြစ်နိုင်တာကတော့.... မင်းကို မြင်မြင်ချင်း ချစ်မိသွားလို့များလား? "
ရှန်ချန်းလင် " ....... "
အစ်ကိုကြီး.. ခင်ဗျားက ဘယ်သူ့လာ အရူးလုပ်နေတာလဲ။
" ရှေ့ဆက်မဲ့ ခရီးမှာ သိပ်တော့ ငြိမ်သက်အေးချမ်းမယ် မထင်ဘူး "
ချင်ရှောက်ယွီက စနောက်သည့် လေသံများကို သိမ်းဆည်းလိုက်ပြီး ဆိုသည်။
" ဒါပေမဲ့ အရမ်းတော့ စိတ်ပူစရာ မလိုပါဘူး၊ ကိုယ် လူတွေ ပိုလွှတ်ထားပြီး မင်းကို ကာကွယ်ပေးမှာပါ "
" ဒီနေ့လာတဲ့နှစ်ယောက်က မိစ္ဆာဂိုဏ်းရဲ့ ထိပ်သီးသိုင်းသမားတွေလို့ ယူဆလို့ရလား? "
ရှန်ချန်းလင်က မေးသည်။
" သေချာပေါက် မယူဆနိုင်ဘူးပေါ့ "
ချင်ရှောက်ယွီက ခေါင်းခါသည်။
" ချန်နျန်က မိစ္ဆာလမ်းစဉ်ကို မှီခိုပြီးနေရတာ၊ သူ့ရဲ့ တချို့အကွက်တွေကတော့ စွမ်းတော့စွမ်းပါရဲ့။ ဒါပေမဲ့ အဲ့ဒီ ပိုင်လျန်ဟွားကတော့.. ကြည့်ရင် သုံးစားရမဲ့ပုံနဲ့ တကယ်က နည်းနည်းလေးမှ သုံးစားမရဘူး "
" မင်းက သူ့ကို သုံးစားရတဲ့ပုံပေါက်တယ်လို့ ထင်သေးတယ်ပေါ့? "
ထိုသူ့၏ ဟာလာဟောင်းလောင်း ဝဲကားနေသော အပေါ်ဝတ်ရုံကြီးကို ပြန်အောက်မေ့ကာ ရှန်ချန်းလင်မှာ ထပ်မံ၍ ရယ်ချင်လာပြန်သည်။
" သဝန်တိုနေတာလား? "
ချင်ရှောက်ယွီ၏ နှုတ်ခမ်းဖျားများက ကော့တက်လာသည်။
" အိပ်မက်မက်နေလိုက် "
ရှန်ချန်းလင်က သူ့ကို ခြေထောက်ဖြင့် ကန်ထုတ်လိုက်ပြီး စောင်ဖြင့် ကိုယ်ကို လုံးပတ်ကာ နံရံထောင့်သို့ တိုးကပ်သွားလိုက်တော့သည်။
တကယ်ပါပဲ.. အဲ့လူနဲ့ သူနဲ့ လက်စုံကျပြီး ပြောလို့ရတဲ့စကားဆိုတာကို မရှိဘူး!
" ဂိုဏ်းချုပ် "
ငယ်သားတစ်ဦးက လာရောက်သတင်းပို့သည်။
" လက်ဝဲရံ ပြန်လာပါပြီခင်ဗျ၊ ပြီးတော့ အဖြူရောင်ဝတ်ရုံနဲ့ ယောကျ်ားတစ်ယောက်ကို ဖမ်းလာသေးတယ် "
အယ်.. အယ်..
ရှန်ချန်းလင်က နားရွက်ကလေးများ ထောင်လာ၏။
ကြာပန်းဖြူလေး အဖမ်းခံလိုက်ရပြီလား?
" ဧည့်ခန်းကို ခေါ်သွားလိုက်၊ ငါချက်ချင်း ဆင်းလာခဲ့မယ် "
ချင်ရှောက်ယွီက ဆိုလိုက်သည်။
" ဒါပေမဲ့ အဲ့ဒီအဖြူရောင်ဝတ်ရုံနဲ့ လူက ဘာကြောင့်မှန်းမသိ၊ တောက်လျှောက် မျက်ရည်တွေ မိုးရွာသလို ဖြိုင်ဖြိုင်ကျနေတယ်ဗျ "
လက်အောက်ငယ်သား၏ စကားသံထဲတွင် နားမလည်နိုင်ခြင်းများစွာပါရှိနေသည်။
" ခွီး "
ရှန်ချန်းလင်က အသံထွက်အောင် ရယ်လိုက်မိသည်။
ကြာပန်းဖြူဆိုတဲ့ နာမည်က တကယ်ကို အလကားခေါ်တာ မဟုတ်ဘူးဘဲ။
ရုတ်တရက် မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျလာတဲ့ နည်းဗျူဟာဆိုတာ ပန်းနုသွေးမဲ့လူတိုင်းမှာ ရှိကိုရှိရမယ်လေ!
" ကောင်းကောင်း အနားယူတော့နော် "
ချင်ရှောက်ယွီက သူ့မျက်နှာလေးကို ညှစ်ကာဖြင့် ဆိုသည်။
" ကိုယ် မင်းအတွက် စိတ်ငြိမ်ဆေး အမွေးနံ့သာလေး ထွန်းညှိပေးခဲ့ရမလား? "
သေချာပေါက် မလိုပါဘူးနော်!
ရှန်ချန်းလင်က ယတိပြတ် ခေါင်းခါ၏။
ငါ့မှာ အရေးကြီးကိစ္စ လုပ်စရာရှိသေးတယ်ကွ!
ချင်ရှောက်ယွီ ထွက်သွားသည်အထိ မနည်းအောင့်အီးစောင့်ပြီးသော် ရှန်ချန်းလင်က ချက်ချင်းပဲ ခုတင်ပေါ်က ထထိုင်လိုက်သည်။ ထို့နောက် အင်္ကျီထဲမှာ ခုနက အဘိုးကြီး ပေးလိုက်သော အိတ်ကလေးကို ထုတ်ယူလိုက်၏။
ဘာကြီးလဲလို့ သိချင်နေတာ လေးငါးနာရီတောင် ရှိနေပြီ! တစ်လျှောက်လုံး ထုတ်ကြည့်ဖို့ အခွင့်အရေး မရဘူးဖြစ်နေတာ လူကို စိတ်ညစ်နေရော!
ဧကန္တ.. အချိန်စက်ဝန်းယန္တရားကြီးကို ဖွင့်လှစ်ပေးမဲ့ သော့များလား? ရှန်ချန်းလင်သည် ဂရုတစိုက်ဖြင့် ကြိုးချည်ထားသည်ကို ဖြေလိုက်သည်။ စိတ်လှုပ်ရှားလွန်း၍ လက်များက တဆတ်ဆတ် တုန်ယင်နေ၏။ အကယ်လို့ နောက်တစ်စက္ကန့်နေရင် ဟိုဘက်လောကကို ပြန်ရောက်သွားနိုင်မယ်ဆို ဘယ်လောက်ကောင်းလိမ့်မလဲ။ ပြီးရင် ဒီရှည်လျားထွေးပြားလှတဲ့ ဖြစ်အင်ကြီးတစ်ခုလုံးက အင်မတန် ကြာရှည်တဲ့ အိပ်မက်ကလေးဖြစ်နေရော! အိပ်မက်ကနေ နိုးလာရင် အရင်ကအတိုင်းပဲ တီဗွီရှိမယ်၊ ကွန်ပျူတာရှိမယ်၊ လေယာဉ်ပျံရှိမယ်၊ ပီအက်စ်ပီ ရှိဦးမယ်။ ဒါ့အပြင် အဆိပ်မိတာတွေလည်း မရှိသလို ထူးထူးဆန်းဆန်း လူတွေက လျှို့ဝှက်လုပ်ကြံတာမျိုးလည်း ရှိမှာ မဟုတ်ဘူး။ ဒီ့ထက်ပိုကောင်းတာတောင် ဒီလောက်မကောင်းနိုင်တော့ဘူး!
ထိုသို့သော မျှော်လင့်ချက်များ အပြည့်ဖြင့် အိတ်ကို ဖွင့်ချလိုက်သော် အပြာရောင် ပုလဲလုံး တစ်လုံးက တလိမ့်လိမ့် လျောထွက်လာလေ၏။
ရှန်ချန်းလင် " ........ "
တစ်မိနစ်တိတိကြာသွားသော်ငြား ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်နေဆဲ။ အချိန်စက်ယန္တရားတံခါးကြီးလည်း မရှိသလို အမည်းရောင်းတွင်းနက်ကြီးလည်း မပေါ်လာချေ။ စားပွဲထက်ရှိ မီးလျှံက ညင်သာစွာ လှုပ်ခတ်နေပြီး ဤသည်ထက် ပို၍ ပုံမှန်ကျသော သဘာဝကျသော အရာမရှိတော့ချေပြီ။
ပြန်လည်း ပြန်မရောက်သွားဘူးရော်......... ရှန်ချန်းလင်မှာ မျှော်လင့်ချက်မဲ့သွားရတော့သည်။ လက်လှမ်း၍ အနှီပုလဲလုံးကို ယူလိုက်တော့၏။
ရင်ထဲအသည်းထဲ အရိုးထဲ အထိတောင် အေးစက်သွားရပြီ။
ဤအရာသည် အရင်က ရှိသော နှင်းသလင်းပြာ၊ ကျောက်စိမ်းမျက်ရှင်တို့နှင့် ပုံဏ္ဍာန်အနည်းငယ် ဆင်သလိုလို? ရှန်ချန်းလင်၏ ခေါင်းထဲတွင် လက်ကနဲ အတွေးတစ်ခု ပေါ်လာ၏။ သူသည် ခြေဗလာဖြင့် ခုတင်ပေါ်က ခုန်ဆင်းကာ ထိုသစ်သားသေတ္တာလေးအား ဆင်းယူလိုက်သည်။ ထို့နောက် အနှီ အပြာရောင်ပုလဲလုံးကိုပါ ထည့်လိုက်လေသည်။
ထိုအခါ ကျောက်စိမ်းမျက်ရှင်က လေးငါးပတ်လောက် လိမ့်နေပြီး ခွပ်ကနဲ ထိုအပြာရောင်ပုလဲလုံးနှင့် ပူးကပ်သွားတော့၏။
ဧကန္တ.. တစ်စုံစာပြည့်အောင် စုဆောင်းနိုင်ရင် နတ်နဂါးတို့ဘာတို့လို တန်ခိုးကြီးစွမ်းအင်တွေကို ဆင့်ခေါ်နိုင်ပြီး မိမိကို ဟိုဘက်ကမ္ဘာပြန်ပို့နိုင်မှာလား?
သို့သော်ငြား ရှန်ချန်းလင်သည် ဤသို့ တွေးလိုက်မိသော သူ့ကိုယ်သူ စိတ်ပျက်မိရသည်။ အမှန်တကယ်ကို မန့်ဟွ အဖတ်များသွားပြီ ဖြစ်ချေသည်။
သို့ရာ မည်သို့ပင် ဖြစ်စေကာမူ အဘိုးကြီးက သူ့ကို ပုံမှန်လူမဟုတ်ကြောင်း သိမြင်နေသည်ဆိုမှတော့ ၄င်းအတွေးသည်လည်း အနည်းနှင့်အများတော့ ဖြစ်နိုင်ချေရှိမည်ပင်။
ရှန်ချန်းလင်သည် လက်ကို အားစိုက်ပြီး ထိုအလုံးနှစ်လုံးကို ခွာလိုက်သည်။ ထို့နောက် ပိတ်စလေးဖြင့် အထပ်ထပ် ရစ်ပတ်ပေးပြီးမှ မတူညီသော သေတ္တာတစ်ခုဆီထဲသို့ ထည့်လိုက်တော့၏----- တစ်ခါတည်းနှင့် အများကြီး သင်ယူလိုက်ရသည်လေ... အရင်တစ်ခါက အတူတူထားရင် မြွေခေါ်နိုင်တယ်ဆို၊ ဒီတစ်ခါ အတူတူထားမိလို့ရှိရင် ဘာထူးထူးဆန်းဆန်းတွေကို သွားခေါ်မိနေမယ် မသိနိုင်ဘူး!
အခုချိန်ထိ ဘာတွေက ဘာတွေမှန်းမသိသေးပေမဲ့လည်း အနည်းဆုံးတော့ တိုးတက်လာသည့်အခြေအနေဟု မှတ်ယူရပေမည်....... ရှန်ချန်းလင်သည် ခုတင်ပေါ်တွင် ဝမ်းလျားမှောက်လျက် ကိုယ့်ကိုယ်ကိုယ် နှစ်သိမ်းနေ၏။
ဘယ်နှစ်ဘယ်လဘယ်သက္ကရာဇ်ကို ရောက်မှ ပြန်သွားနိုင်မှာလည်း မသိဘူးနော်!
ထိုအချိန် ဧည့်ခန်းထဲတွင်မူ အုံးအုံးကြွက်ကြွက် လူတစ်စုက ချင်ရှောက်ယွီကို စောင့်စားနေကြသည်။ ဖန့်ယန်က အိပ်ချင်မူးတူးဖြင့် အပေါ်ထပ်ကနေ ဆင်းလာရာ အောက်ကအခြေအနေကို မြင်ပြီး ရုတ်ခြည်း လန့်ဖျပ်သွားရတော့၏။
" မင်းတို့ အပြင်သွားထားကြတာလား? "
" နင်က အခုမှ ထတာလား? "
ဟွားထန်က သူ့ကို အထင်မကြီးသည့်ဟန်ဖြင့် ကြည့်လေသည်။ နေ့လယ်ခင်းတစ်ရေးတစ်မော အိပ်တာကို ၇ နာရီ ၊ ၈ နာရီကြာအောင် အိပ်နိုင်တယ်တဲ့။ အဟုတ်ကို ဗရုတ်သုတ်ခတွေကြားက ဗရုတ်သုတ်ခတစ်ယောက်ပါပဲ။
" ဒါက ဘယ်သူကြီးလဲ၊ ဘာလို့ ချည်တုပ်ထားရတာလဲ? "
ဖန့်ယန်က အီလည်လည်ဖြင့် အခန်းထောင့်တွင် ကပ်နေသော ပိုင်လျန်ဟွားကို ကြည့်၍ မေးခြင်း။
နံဘေးတွင်ရှိသော ငယ်သားတစ်ဦးက ချက်ချင်း အရှေ့ထွက်ကာ ထိုလူ၏ အင်္ကျီကို ဆွဲဖြန့်ကာ ဖန့်ယန်အား ထိုလူ့နာမည်ကို ပြပေးလေသည်။
" ဖွီး "
ဖန့်ယန်က အားမနာတမ်း ရယ်ချလိုက်တော့သည်။
" ကောင်စုတ်လေး! "
ကြာပန်းဖြူလေး၏ တစ်မျက်လုံးတွင် ဒေါသထောင်းထောင်းထွက်လျက်ရှိသည်။
" မင်းပဲ ပြောကြည့်စမ်းပါဦးကွာ.. မင်း ယောကျ်ားတစ်ယောက်ဖြစ်ရဲ့နဲ့ ဘာကိစ္စ သည်လောက်ကြီး ထိုင်ငိုနေရတာလဲ "
ဖန့်ယန်က တမင် အကျင့်ယုတ်၍ မေးသည်။ ထို့အပြင် ဘေးနားတွင် ရပ်နေသော ယောင်းချန်ကိုပါ ဆွဲခေါ်၍ ဆိုလိုက်သည်။
" မင်း သူ့ကို ကြည့်လိုက်၊ သူဆို ပိန်ညှောင်နေတာမှ ပဲတောင့်လေးလိုပဲ၊ ဒါပေမဲ့ သူဘယ်တုန်းကမှ မငိုဘူး "
ယောင်းချန်က အေးတိအေးစက်ဖြင့်။
" ယောကျ်ားဆိုတာ မငိုရဘူး "
" သေချာတာပေါ့! "
ဖန့်ယန်က အားတက်သရော ခေါင်းညိတ်သည်။
" လှုပ်တောင် မလှုပ်ရသေးဘူး ငိုနေပြီဆို အဲ့တာ မိန်းကလေးငယ်လေးတွေပဲကွ၊ ဘယ်လိုလုပ် ယောကျ်ားရင့်မာကြီးနဲ့တူမှာလဲ! "
" ကြင်ယာတော်လေးကတော့ မကြာမကြာ ငိုတယ်လေ "
ယောင်းချန်က သတိပေး၏။
ဖန့်ယန် " ........ "
ထိုစဉ် ချင်ရှောက်ယွီက အပေါ်ထပ်ကနေ ဆင်းလာတော့သည်။ သို့သော် အနှီစကားကို ကြားသော် ခြေလှမ်းများက တုန့်ကနဲ။ မျက်နှာက မရယ်မပြုံးဖြင့် သူတို့ စိုက်ကြည့်နေသည်။
" ငါခုနက ပြောတာက.. လျှောက်ပြောတာ "
ဖန့်ယန်၏ကျောပြင်သည် တောင့်တင်းလျက်ရှိသည်။ ထို့ကြောင့် သူက ပြောမိပြောရာတွေ အကုန်လျှောက်ပြောတော့သည်။
" တကယ်တော့ ငါကိုယ်တိုင်လည်း ကိစ္စရှိရှိ၊ မရှိရှိ၊ အားရင်း ငိုလိုက်တာပဲ၊ ငိုလိုက်ရင် ကောင်းသွားရော၊ ခန္ဓာကိုယ် ကျန်းမာရေးအတွက်လည်း ကောင်းတယ်၊ အသက်လည်းရှည်စေတယ် "
ဟွားထန်က သူ့ကို သနားစဖွယ် ကြည့်နေလေသည်။
နင် ဒီ့ထက်နည်းနည်းလောက် ပိုအရှက်ကွဲခံလိုက်ပါဦးလား ဟမ်!
" သတ်ချင်ရင် သတ်ပစ်လိုက်၊ စော်ကားခွင့်မရှိဘူးကွ! "
ကြာပန်းဖြူလေးက နံရံထောင့်ကနေ လှမ်းအော်သည်။
" မင်းတို့တွေ ငါ့ကို သတ်ပစ်လိုက်ပါတော့! "
" ပါးစပ်ပိတ်ထားစမ်းပါ! "
ဟွားထန်က ထိုသူ့ဗိုက်တည့်တည့်ကို သုံးလက်မလောက် ချိုင့်ဝင်သွားအောင် ကန်လိုက်သည်။
ဖန့်ယန်ကတော့ သူ့ခြေထောက်ကို သူပြန်သိမ်းလိုက်တော့သည်။
ယောင်းချန် " ........ "
ကြာပန်းဖြူသည် ယခင်ကထက် သည်းသည်းမည်းမည်း ငိုကြွေးတော့လေ၏။
" သူ့ကို တိတ်တိတ်နေခိုင်း လိုက်စမ်းပါ "
ချင်ရှောက်ယွီက စိတ်ရှုပ်စွာဖြင့် ပြောလိုက်သည်။
" မရလောက်ဘူးရှင့် "
ဟွားထန်က မကြည်မသာဖြင့် ဆိုသည်။
" ခုနတုန်းက ချန်နျန်က ဘာမှန်းမသိတဲ့ အဆိပ်မှုန့်တွေ ပက်လိုက်တာ.. တိုက်တိုက်ဆိုင်ဆိုင် လေကလည်း အတိုက်နဲ့ အဲ့အမှုန့်တွေ အကုန် သူ့မျက်နှာပေါ် ကပ်သွားပြီးကတည်းက ဒီလိုပုံစံဖြစ်သွားတာပဲ၊ သူတစ်လမ်းလုံးလည်း ငိုပြီးသွားပြီရှင် "
ချင်ရှောက်ယွီ " ....... "
ဖန့်ယန်၏ မျက်လုံးထဲတွင် စာနာခြင်းများ အပြည့်။ ဒီကလေး ကံဆိုးလိုက်တာနော်။
ကြာပန်းဖြူ၏ မျက်ရည်မိုးသည်လည်း မစဲတမ်း သည်းမည်းစွာ သွန်းဖြိုးဆဲဖြစ်ရာ ရေအိုင်တောင် ဖြစ်တော့ပေမည်။
" သူ့ကို အနောက်ဘက် ခြံဝန်းထဲမှာ အရင်တုပ်နှောင်ထားလိုက်တော့.. ဘယ်အချိန် အငိုရပ်လဲ.. ရပ်တဲ့အချိန်ကျမှ ငါ့ကို လာခေါ် "
ချင်ရှောက်ယွီက ချက်ချင်း ပြန်လှည့်ထွက်ကာ အပေါ်ထပ်သို့ တက်သွားရင်း ပြောသည်။
" ဟွားထန်က ငါနဲ့လိုက်ခဲ့၊ ကျန်တဲ့လူတွေ စောစော အနားယူတော့၊ မနက်ဖြန်မနက် ခရီးဆက်မယ်! "
အားလုံးက အသီးသီး အမိန့်နာခံလျက် လူစုခွဲသွားကြတော့သည်။ ဖန့်ယန်က ယောင်းချန်ကို ဆွဲ၍ အပြစ်တင်နေသည်။
" တိုက်ကြခိုက်ကြစရာရှိတာကို ဘာလို့ ငါ့ကို မခေါ်ရတာလဲ? "
" ငါက ဘယ်လိုလုပ်သိမှာလဲ "
ယောင်းချန်က သူ့လက်ကို ဖယ်ထုတ်ကာ ပြောသည်။
" သိချင်ရင် မင်းဘာသာ ဂိုဏ်းချုပ်ကို သွားမေးပါ့လား? "
ဖန့်ယန်၏ မျက်နှာထက်တွင် "စိတ်ညစ်တယ်" ဟူသော စာလုံးနှစ်လုံးရေးထားသည့်နှယ်။ ပြောတော့ဖြင့် လွယ်တာပေါ့။ မတော်လို့ သူစိတ်မကြည်တဲ့အချိန် သွားမေးမိရင် ငါက အဖွဲ့ခေါင်းဆောင်တောင် လုပ်ရမှာ မဟုတ်တော့ဘူးလေ။
သည်လို အေးစက်ချောမောခံ့ညား စိတ်မမှန်တဲ့ အကြီးအကဲမျိုးရှိတဲ့ဒုက္ခကို ဘယ်သူက နားလည်နိုင်မှာလဲ!
*****
" ဂိုဏ်းချုပ် "
ဟွားထန်က ချင်ရှောက်ယွီနှင့်အတူ အခန်းလွတ်တစ်ခန်းထဲသို့ ဝင်လာလိုက်သည်။
" ချန်နျန်က ထွက်ပြေးသွားပြီလား? "
ချင်ရှောက်ယွီက မေးသည်။
" ဟုတ်ကဲ့ "
ဟွားထန်က ဖြေ၏။
" သူမှာ ဒဏ်အသေးစားရသွားပါသေးတယ်၊ အရမ်းတော့ မပြင်းထန်ပါဘူး "
" ဖုန့်ကျိုရဲ့ သဲလွန်စရော ဘာတွေ တွေ့ရသေးလဲ? "
ချင်ရှောက်ယွီက ဆက်မေးသည်။
" မတွေ့ရပါဘူး "
ဟွားထန်က ခေါင်းခါ၏။
" ဒါပေမဲ့ ရှောင်ဝူက ချန်နျန်နောက်ကနေ တိတ်တဆိတ် နောက်ယောင်ခံလိုက်သွားပါပြီ.. အကယ်လို့ ဖုန့်ကျိုရဲ့သာ သူ့ရဲ့ မိစ္ဆာဂိုဏ်းကနေ ထွက်ခွာလာပြီဆိုရင် ကျွန်မတို့ သူရှိမဲ့ တည်နေရာကို အမြန်ဆုံးရှာတွေ့နိုင်တော့မှာပါ "
ချင်ရှောက်ယွီက ခေါင်းညိတ်သည်။
" ပင်ပန်းသွားပြီ၊ သွားနားတော့ "
" ဂိုဏ်းချုပ် "
ဟွားထန်က တွေးဆဆဖြင့် ပြောလသည်။
" ကျွန်မမှာ မေးစရာကိစ္စလေး ရှိပါတယ် "
" တကယ်လို့ ရှန်ချန်းလင်နဲ့ ပတ်သတ်ပြီး မေးမှာဆိုရင် ငါ မဖြေချင်ဘူး "
ချင်ရှောက်ယွီ၏ လေသံက အနည်းငယ် အေးစက်မာကျောနေခဲ့သည်။
" ......... ကျွန်မ မှားမှန်းသိပါပြီ "
ဟွားထန်က အလိုလို ပါးစပ်ပိတ်သွားပြီး အခန်းထဲကနေ ထွက်သွားတော့သည်။
ချင်ရှောက်ယွီသည် ပြတင်းပေါက်နံဘေးတွင် ထိုင်နေပြီး မျက်နှာချင်းဆိုင်ရှိ မီးရောင် တဖျတ်ဖျတ် လက်နေသော တည်းခိုဆောင်လေးကို ငေးကြည့်နေသည်။ မျက်ဆန်သည် ပကတိ မည်းနက်လျက် မင်ရောင်နှယ် ဆွေးပျံ့လျက်ရှိပေသည်။
*****
ဒုတိယနေ့ မနက်တွင် အားလုံး အစောကြီး ထ၍ ပြင်ဆင်စရာရှိတာ ပြင်ဆင်ကြလေသည်။ အစားအသောက်များ စားသောက်ပြီးစီး၍ သွားဖို့ အသင့်ပြင်နေကြချေပြီ။
" လင်အာ "
ချင်ရှောက်ယွီက သူ့ကို ပုတ်နှိုးလိုက်သည်။
" အိပ်ရာထတော့လေ "
" အွမ်းးး "
ရှန်ချန်းလင်က စောင်ထဲသို့သာ ပို၍ တိုးဝင်သွားသည်။
" ခေါင်းမူးတယ် "
" ဒီဆင်ခြေလေးက အရင်တစ်ခေါက်ကလည်း သုံးပြီးသွားပြီနော် "
ချင်ရှောက်ယွီက အယုံအကြည်မရှိဘဲ လက်လှမ်း၍ စောင်ကို ဆွဲလှန်သည်။
" တကယ်မူးနေတာ "
ရှန်ချန်းလင်က အားမရှိစွာဖြင့် မျက်လုံးဖွင့်ကြည့်ကာ ထပ်ပြောသည်။
ချင်ရှောက်ယွီသည်လည်း တုန့်ကနဲ ဖြစ်သွားပြီး နဖူးပြင်ကိုသာ လက်လှမ်း၍ စမ်းကြည့်လိုက်တော့သည်။
ချစ်ချစ်တောက် ကိုယ်ပူနေသည်မှာ လန့်စရာတောင် ကောင်း၏!
" ဟွားထန်ကို အမြန်သွားခေါ်လာခဲ့! "
ချင်ရှောက်ယွီက အခန်းအပြင်ဘက်ရှိ ငယ်သားများကို မှာကြားလိုက်သည်။
" ဘာလို့ လက်ဝဲရံကို ခေါ်တာလဲ? "
ရှန်ချန်းလင်က ကွဲအက်နေသောအသံဖြင့် မေးလာ၏။
" သူက သမားတော်မျိုးဆက်လေ.. ဒီလောကရဲ့ ထိပ်သီး ဆေးသမားတော် ဆယ်ပါးနဲ့ ယှဉ်နိုင်တယ် "
ချင်ရှောက်ယွီက ရေနွေးတစ်ပန်းကန် ငှဲ့ပေးပြီး သူ့ကို ထူပေးကာ သောက်စေသည်။
" ဖြည်းဖြည်းသောက် "
" ဂိုဏ်းချုပ် "
ဟွားထန် ဝင်လာသည်နှင့် ထိုသို့သော မြင်ကွင်းကို မြင်ရသည့်အတွက် အတော်လေး နေရခက်သွားသည်ပင်။
" လင်အာ ဖျားနေပြီ.. မြန်မြန်လာပြီး သူ့ကို ကြည့်ပေးလိုက် "
ချင်ရှောက်ယွီက နေရာဖယ်ပေး၏။
ဟွားထန်က ခုတင်ဘေး၌ ထိုင်၍ ရှန်ချန်းလင်အား သွေးကြောစမ်းသပ်ပေးလိုက်သည်။ ထို့နောက် မျက်နှာ အမူအရာက အနည်းငယ် အခက်တွေ့နေပုံဖြစ်လာ၏။
" ဘာဖြစ်လို့လဲ? "
ချင်ရှောက်ယွီက မေးသည်။
ရှန်ချန်းလင်သည်လည်း အတူတူ စိတ်လှုပ်ရှားလာမိသည်။
အဲ့လိုအမူအရာကြီး မလုပ်နဲ့လေ!
ကြောက်လို့သေတော့မှာပဲဟ! !
မဟုတ်မှလွဲ ဟန်အဆိပ် ထလာတာများလား?
" ကျွန်မ တစ်ခုလောက်များ မေးလို့ရမလား? "
ဟွားထန်က အင်မတန် ပြောရခက်နေသည့်ဟန်ဖြင့်။
" မေး "
ချင်ရှောက်ယွီက ခေါင်းညိတ်သည်။
" မနေ့ညက....... ဂိုဏ်းချုပ်နဲ့ သခင်လေးတို့... အတူနေကြသေးလား? "
ဟွားထန်၏နှုတ်ထွက်စကားက လန့်ဖျပ်စရာပါပင်။
" အဟွတ် အဟွတ် "
ရှန်ချန်းလင်မှာ မိမိပါးစပ်ထဲက သွားရည်ဖြင့် ပြန်သီးရတော့သည်။
ငိုးး! ! သည်လို မေးခွန်းမျိုးက အလွယ်တကူ မေးစရာလား! !
သေချာပေါက် မအိပ်ဘူးပေါ့! ! ! ! !
ချင်ရှောက်ယွီက ရယ်ချင်သည်ကို ထိန်းရင်း ခေါင်းခါပြလိုက်သည်။
" အဲ့တာဆိုရင်တော့ ကိစ္စမရှိပါဘူး "
ဟွားထန်က သက်ပြင်းချလျက် ဆိုသည်။
" ရိုးရိုး အအေးမိတာပါ၊ တစ်ရက်နှစ်ရက်လောက် အနားယူလိုက်ရင် သက်သာပျောက်ကင်းသွားနိုင်ပါတယ်ရှင့် "
ချင်ရှောက်ယွီက ခေါင်းညိတ်ပြီး မှာကြားလိုက်သည်။
" အဲ့တာဆို အားလုံးကို ပြောလိုက်တော့.. နောက်ထပ် နှစ်ရက်နေမှ ခရီးစဉ် စတင်မယ်လို့ "
ဟွားထန်သည်လည်း အမိန့်ကို နာခံပြီး အပြင်သို့ ထွက်လာရာ အပေါက်ဝတွင် ဖန့်ယန်နှင့် တည့်တည့် တိုးပေသည်။
" ဘာဖြစ်တာလဲ? "
ဖန့်ယန်က အလွန်စိတ်ပူနေသည်။
" ဘာမှမဖြစ်ပါဘူး၊ ရှန်သခင်လေးက နည်းနည်း အဖျားရှိနေရုံပဲ "
ဟွားထန်က ပြောသည်။
" ငါ ဆေးသွားပြင်လိုက်ဦးမယ်၊ နင်က ညီနောင်တွေကို ခရီးစဉ် ခေတ္တရပ်နားမယ်လို့ အကြောင်းကြားလိုက်၊ နောက်နှစ်ရက်နေမှ ထွက်ခွာမယ်တဲ့! "
သည်လိုဖြင့် ဖန့်အဖွဲ့ခေါင်းဆောင်သည်လည်း ခြံဝန်းအလယ်တွင်ရပ်၍ ကျယ်လောင်စွာ အော်ပြောလိုက်တော့သည်။
" အားလုံး ပြန်သွားပြီး အနားယူကြတော့၊ ဒီနေ့ ငါတို့ မသွားဖြစ်တော့ဘူး! "
" ဘာလို့လဲကွ! "
အားလုံးက စုဝေးလာပြီး နားမလည်နိုင် ဖြစ်သွားကြသည်။
ကြင်ယာတော် ဖျားနာနေမကောင်းခြင်းဟူသည် မကောင်းသော ကိစ္စတစ်ရပ်ပင် မဟုတ်ပါလား။ ထို့ကြောင့် ဖန့်အဖွဲ့ခေါင်းဆောင်သည် နာကျင်ကြေကွဲစွာဖြင့် ပြောလိုက်၏။
" ဘာလို့လဲဆိုတော့ ရှန်သခင်လေး ဖျားနေလို့ကွာ "
အားလုံးစိတ်ထဲတွင် ရုတ်ခြည်း နားလည်သွားကြပြီး တညီတညာတည်း "သြော်" ကနဲ အသံပြုလိုက်မိကြ၏။
ဖျားတာကိုး.....
ငါတို့အားလုံး သဘောပေါက်ပါတယ်!
ဂိုဏ်းချုပ်က တကယ် သန်စွမ်းတာပဲနော်! !
-
28.11.2021
-
.
.
Zawgyi>>
အခန္း (၂၄) ခရီးစဥ္ေခတၱရပ္နားမည္!
【ဂိုဏ္းခ်ဳပ္က တကယ္ သန္စြမ္းတာပဲေနာ္】
ေရခ်ိဳးၿပီးသြားေသာ္ ရွန္ခ်န္းလင္သည္ ဂ်ဳံယိုကို တစ္ပန္းကန္ႀကီး စားလိုက္ၿပီး ပူပူစပ္စပ္ ငါးဟင္းခ်ိဳတစ္ပြဲကိုပါ ေသာက္လိုက္ေသးသည္။ ထို႔ေနာက္ တစ္ဆက္တည္းမွာပင္ ခ်င္ေရွာက္ယြီ၏ အိပ္ရာေပၚတစ္ခါတည္း ဆြဲတင္ခံလိုက္ရေတာ့သည္။
" မငိုက္ေသးဘူးလို႔ "
ရွန္ခ်န္းလင္က ျငင္းဆန္ဖို႔ ႀကိဳးစားသည္။
" မငိုက္ေသးလည္း အိပ္ရမယ္! "
ခ်င္ေရွာက္ယြီက သူ႕ကိုယ္စား ေစာင္ပါဆြဲၿခဳံေပးလိုက္သည္။
" ဘာလို႔လဲလို႔? "
ရွန္ခ်န္းလင္က လက္ႏွစ္ဖက္ကို မရမက ဆန႔္ထုတ္ေနဆဲ။ အင္မတန္မွ ပုန္ကန္ဆန႔္က်င္လိုသည့္ဟန္။
ခ်င္ေရွာက္ယြီမွာ သူ႕ေၾကာင့္ ရယ္ပင္ရယ္မိေတာ့သည္။ ၿပီးမွ လက္ေမာင္းကေန ကိုင္ၿပီး ေစာင္ထဲ အတင္းျပန္ထည့္ေပးၿပီး ေျပာလိုက္သည္။
" နဂိုကတည္းက ဟန္အဆိပ္မေျဖရေသးဘူးေလကြာ.. အခု ထပ္ၿပီး မိုးမိလာတယ္၊ ေစာင္ထဲမွာ ေသေသခ်ာခ်ာေလး ေနၿပီး ေခြၽးထုတ္ရမွာမို႔ေပါ့ "
ရွန္ခ်န္းလင္က မ်က္ေမွာင္ၾကဳတ္၍ ျပန္ေမးလာသည္။
" ဟန္အဆိပ္က ေဆာင္းတြင္းေရာက္မွ ထတာ မဟုတ္ဘူးလား? "
" အေအးမိရင္းလည္း ထမွာပဲ၊ ေဆာင္းတြင္းဆိုရင္ ပိုၿပီး ခပ္စိပ္စိပ္ျဖစ္တာပဲ ရွိတာ "
ခ်င္ေရွာက္ယြီက ခုတင္ေဘးတြင္ ထိုင္ရင္း ရွင္းျပသည္။
" အဲ့တာေၾကာင့္ မေဆာ့နဲ႕ေတာ့ေနာ္ "
ရွန္ခ်န္းလင္ကမူ အႏွီစကားေၾကာင့္ အႀကီးအက်ယ္ စိတ္ထိခိုက္သြားရျပန္သည္။
ဘာလို႔ ငါ့က်မွ အၿမဲကံဆိုး!
" အိပ္ေတာ့ "
ခ်င္ေရွာက္ယြီက အဝတ္အစားမ်ား ဝတ္ထားလ်က္ပင္ သူ႕နံေဘးတြင္ မွီထိုင္လိုက္သည္။
" မင္းမေျပာရေသးဘူးေနာ္.. ဖုန႔္က်ိဳရဲ႕က ဘာလို႔ ငါ့ကို လုသြားခ်င္ေနတာလဲဆိုတာ "
ဘယ္လိုပဲ ျဖစ္ျဖစ္ အိပ္မေပ်ာ္ေသာေၾကာင့္ ရွန္ခ်န္းလင္က ကိုယ္တိုင္ စကားရွာ၍ ေမးလိုက္သည္။
အဲ့တာအျပင္ သည္ကိစၥရဲ႕ ကာယကံရွင္ သက္ဆိုင္သူအေနနဲ႕ ေသခ်ာေပါက္ တိတိက်က် သိထားရမဲ့ အခြင့္အေရးရွိကိုရွိတယ္!
" ကိုယ္ဘယ္လိုလုပ္သိမွာလဲ "
ခ်င္ေရွာက္ယြီသည္ ႏႈတ္ခမ္းေထာင့္မ်ား ေကာ့ၫြတ္လ်က္ရွိသည္။
" သူ လုယူခ်င္တာက မင္းကိုေလ.. ကိုယ့္ကိုမွ မဟုတ္တာ၊ ျဖစ္နိုင္တာကေတာ့.... မင္းကို ျမင္ျမင္ခ်င္း ခ်စ္မိသြားလို႔မ်ားလား? "
ရွန္ခ်န္းလင္ " ....... "
အစ္ကိုႀကီး.. ခင္ဗ်ားက ဘယ္သူ႕လာ အ႐ူးလုပ္ေနတာလဲ။
" ေရွ႕ဆက္မဲ့ ခရီးမွာ သိပ္ေတာ့ ၿငိမ္သက္ေအးခ်မ္းမယ္ မထင္ဘူး "
ခ်င္ေရွာက္ယြီက စေနာက္သည့္ ေလသံမ်ားကို သိမ္းဆည္းလိုက္ၿပီး ဆိုသည္။
" ဒါေပမဲ့ အရမ္းေတာ့ စိတ္ပူစရာ မလိုပါဘူး၊ ကိုယ္ လူေတြ ပိုလႊတ္ထားၿပီး မင္းကို ကာကြယ္ေပးမွာပါ "
" ဒီေန႕လာတဲ့ႏွစ္ေယာက္က မိစာၦဂိုဏ္းရဲ႕ ထိပ္သီးသိုင္းသမားေတြလို႔ ယူဆလို႔ရလား? "
ရွန္ခ်န္းလင္က ေမးသည္။
" ေသခ်ာေပါက္ မယူဆနိုင္ဘူးေပါ့ "
ခ်င္ေရွာက္ယြီက ေခါင္းခါသည္။
" ခ်န္န်န္က မိစာၦလမ္းစဥ္ကို မွီခိုၿပီးေနရတာ၊ သူ႕ရဲ႕ တခ်ိဳ႕အကြက္ေတြကေတာ့ စြမ္းေတာ့စြမ္းပါရဲ႕။ ဒါေပမဲ့ အဲ့ဒီ ပိုင္လ်န္ဟြားကေတာ့.. ၾကည့္ရင္ သုံးစားရမဲ့ပုံနဲ႕ တကယ္က နည္းနည္းေလးမွ သုံးစားမရဘူး "
" မင္းက သူ႕ကို သုံးစားရတဲ့ပုံေပါက္တယ္လို႔ ထင္ေသးတယ္ေပါ့? "
ထိုသူ႕၏ ဟာလာေဟာင္းေလာင္း ဝဲကားေနေသာ အေပၚဝတ္႐ုံႀကီးကို ျပန္ေအာက္ေမ့ကာ ရွန္ခ်န္းလင္မွာ ထပ္မံ၍ ရယ္ခ်င္လာျပန္သည္။
" သဝန္တိုေနတာလား? "
ခ်င္ေရွာက္ယြီ၏ ႏႈတ္ခမ္းဖ်ားမ်ားက ေကာ့တက္လာသည္။
" အိပ္မက္မက္ေနလိုက္ "
ရွန္ခ်န္းလင္က သူ႕ကို ေျခေထာက္ျဖင့္ ကန္ထုတ္လိုက္ၿပီး ေစာင္ျဖင့္ ကိုယ္ကို လုံးပတ္ကာ နံရံေထာင့္သို႔ တိုးကပ္သြားလိုက္ေတာ့သည္။
တကယ္ပါပဲ.. အဲ့လူနဲ႕ သူနဲ႕ လက္စုံက်ၿပီး ေျပာလို႔ရတဲ့စကားဆိုတာကို မရွိဘူး!
" ဂိုဏ္းခ်ဳပ္ "
ငယ္သားတစ္ဦးက လာေရာက္သတင္းပို႔သည္။
" လက္ဝဲရံ ျပန္လာပါၿပီခင္ဗ်၊ ၿပီးေတာ့ အျဖဴေရာင္ဝတ္႐ုံနဲ႕ ေယာက်္ားတစ္ေယာက္ကို ဖမ္းလာေသးတယ္ "
အယ္.. အယ္..
ရွန္ခ်န္းလင္က နား႐ြက္ကေလးမ်ား ေထာင္လာ၏။
ၾကာပန္းျဖဴေလး အဖမ္းခံလိုက္ရၿပီလား?
" ဧည့္ခန္းကို ေခၚသြားလိုက္၊ ငါခ်က္ခ်င္း ဆင္းလာခဲ့မယ္ "
ခ်င္ေရွာက္ယြီက ဆိုလိုက္သည္။
" ဒါေပမဲ့ အဲ့ဒီအျဖဴေရာင္ဝတ္႐ုံနဲ႕ လူက ဘာေၾကာင့္မွန္းမသိ၊ ေတာက္ေလွ်ာက္ မ်က္ရည္ေတြ မိုး႐ြာသလို ၿဖိဳင္ၿဖိဳင္က်ေနတယ္ဗ် "
လက္ေအာက္ငယ္သား၏ စကားသံထဲတြင္ နားမလည္နိုင္ျခင္းမ်ားစြာပါရွိေနသည္။
" ခြီး "
ရွန္ခ်န္းလင္က အသံထြက္ေအာင္ ရယ္လိုက္မိသည္။
ၾကာပန္းျဖဴဆိုတဲ့ နာမည္က တကယ္ကို အလကားေခၚတာ မဟုတ္ဘူးဘဲ။
႐ုတ္တရက္ မ်က္ရည္ေတြ ပိုးပိုးေပါက္ေပါက္ က်လာတဲ့ နည္းဗ်ဴဟာဆိုတာ ပန္းႏုေသြးမဲ့လူတိုင္းမွာ ရွိကိုရွိရမယ္ေလ!
" ေကာင္းေကာင္း အနားယူေတာ့ေနာ္ "
ခ်င္ေရွာက္ယြီက သူ႕မ်က္ႏွာေလးကို ညွစ္ကာျဖင့္ ဆိုသည္။
" ကိုယ္ မင္းအတြက္ စိတ္ၿငိမ္ေဆး အေမြးနံ႕သာေလး ထြန္းညွိေပးခဲ့ရမလား? "
ေသခ်ာေပါက္ မလိုပါဘူးေနာ္!
ရွန္ခ်န္းလင္က ယတိျပတ္ ေခါင္းခါ၏။
ငါ့မွာ အေရးႀကီးကိစၥ လုပ္စရာရွိေသးတယ္ကြ!
ခ်င္ေရွာက္ယြီ ထြက္သြားသည္အထိ မနည္းေအာင့္အီးေစာင့္ၿပီးေသာ္ ရွန္ခ်န္းလင္က ခ်က္ခ်င္းပဲ ခုတင္ေပၚက ထထိုင္လိုက္သည္။ ထို႔ေနာက္ အကၤ်ီထဲမွာ ခုနက အဘိုးႀကီး ေပးလိုက္ေသာ အိတ္ကေလးကို ထုတ္ယူလိုက္၏။
ဘာႀကီးလဲလို႔ သိခ်င္ေနတာ ေလးငါးနာရီေတာင္ ရွိေနၿပီ! တစ္ေလွ်ာက္လုံး ထုတ္ၾကည့္ဖို႔ အခြင့္အေရး မရဘူးျဖစ္ေနတာ လူကို စိတ္ညစ္ေနေရာ!
ဧကႏၲ.. အခ်ိန္စက္ဝန္းယႏၲရားႀကီးကို ဖြင့္လွစ္ေပးမဲ့ ေသာ့မ်ားလား? ရွန္ခ်န္းလင္သည္ ဂ႐ုတစိုက္ျဖင့္ ႀကိဳးခ်ည္ထားသည္ကို ေျဖလိုက္သည္။ စိတ္လႈပ္ရွားလြန္း၍ လက္မ်ားက တဆတ္ဆတ္ တုန္ယင္ေန၏။ အကယ္လို႔ ေနာက္တစ္စကၠန႔္ေနရင္ ဟိုဘက္ေလာကကို ျပန္ေရာက္သြားနိုင္မယ္ဆို ဘယ္ေလာက္ေကာင္းလိမ့္မလဲ။ ၿပီးရင္ ဒီရွည္လ်ားေထြးျပားလွတဲ့ ျဖစ္အင္ႀကီးတစ္ခုလုံးက အင္မတန္ ၾကာရွည္တဲ့ အိပ္မက္ကေလးျဖစ္ေနေရာ! အိပ္မက္ကေန နိုးလာရင္ အရင္ကအတိုင္းပဲ တီဗြီရွိမယ္၊ ကြန္ပ်ဴတာရွိမယ္၊ ေလယာဥ္ပ်ံရွိမယ္၊ ပီအက္စ္ပီ ရွိဦးမယ္။ ဒါ့အျပင္ အဆိပ္မိတာေတြလည္း မရွိသလို ထူးထူးဆန္းဆန္း လူေတြက လွ်ို႔ဝွက္လုပ္ႀကံတာမ်ိဳးလည္း ရွိမွာ မဟုတ္ဘူး။ ဒီ့ထက္ပိုေကာင္းတာေတာင္ ဒီေလာက္မေကာင္းနိုင္ေတာ့ဘူး!
ထိုသို႔ေသာ ေမွ်ာ္လင့္ခ်က္မ်ား အျပည့္ျဖင့္ အိတ္ကို ဖြင့္ခ်လိဳက္ေသာ္ အျပာေရာင္ ပုလဲလုံး တစ္လုံးက တလိမ့္လိမ့္ ေလ်ာထြက္လာေလ၏။
ရွန္ခ်န္းလင္ " ........ "
တစ္မိနစ္တိတိၾကာသြားေသာ္ျငား ပတ္ဝန္းက်င္တစ္ခုလုံးက တိတ္ဆိတ္ေနဆဲ။ အခ်ိန္စက္ယႏၲရားတံခါးႀကီးလည္း မရွိသလို အမည္းေရာင္းတြင္းနက္ႀကီးလည္း မေပၚလာေခ်။ စားပြဲထက္ရွိ မီးလွ်ံက ညင္သာစြာ လႈပ္ခတ္ေနၿပီး ဤသည္ထက္ ပို၍ ပုံမွန္က်ေသာ သဘာဝက်ေသာ အရာမရွိေတာ့ေခ်ၿပီ။
ျပန္လည္း ျပန္မေရာက္သြားဘူးေရာ္......... ရွန္ခ်န္းလင္မွာ ေမွ်ာ္လင့္ခ်က္မဲ့သြားရေတာ့သည္။ လက္လွမ္း၍ အႏွီပုလဲလုံးကို ယူလိုက္ေတာ့၏။
ရင္ထဲအသည္းထဲ အရိုးထဲ အထိေတာင္ ေအးစက္သြားရၿပီ။
ဤအရာသည္ အရင္က ရွိေသာ ႏွင္းသလင္းျပာ၊ ေက်ာက္စိမ္းမ်က္ရွင္တို႔ႏွင့္ ပုံ႑ာန္အနည္းငယ္ ဆင္သလိုလို? ရွန္ခ်န္းလင္၏ ေခါင္းထဲတြင္ လက္ကနဲ အေတြးတစ္ခု ေပၚလာ၏။ သူသည္ ေျခဗလာျဖင့္ ခုတင္ေပၚက ခုန္ဆင္းကာ ထိုသစ္သားေသတၱာေလးအား ဆင္းယူလိုက္သည္။ ထို႔ေနာက္ အႏွီ အျပာေရာင္ပုလဲလုံးကိုပါ ထည့္လိုက္ေလသည္။
ထိုအခါ ေက်ာက္စိမ္းမ်က္ရွင္က ေလးငါးပတ္ေလာက္ လိမ့္ေနၿပီး ခြပ္ကနဲ ထိုအျပာေရာင္ပုလဲလုံးႏွင့္ ပူးကပ္သြားေတာ့၏။
ဧကႏၲ.. တစ္စုံစာျပည့္ေအာင္ စုေဆာင္းနိုင္ရင္ နတ္နဂါးတို႔ဘာတို႔လို တန္ခိုးႀကီးစြမ္းအင္ေတြကို ဆင့္ေခၚနိုင္ၿပီး မိမိကို ဟိုဘက္ကမာၻျပန္ပို႔နိုင္မွာလား?
သို႔ေသာ္ျငား ရွန္ခ်န္းလင္သည္ ဤသို႔ ေတြးလိုက္မိေသာ သူ႕ကိုယ္သူ စိတ္ပ်က္မိရသည္။ အမွန္တကယ္ကို မန႔္ဟြ အဖတ္မ်ားသြားၿပီ ျဖစ္ေခ်သည္။
သို႔ရာ မည္သို႔ပင္ ျဖစ္ေစကာမူ အဘိုးႀကီးက သူ႕ကို ပုံမွန္လူမဟုတ္ေၾကာင္း သိျမင္ေနသည္ဆိုမွေတာ့ ၄င္းအေတြးသည္လည္း အနည္းႏွင့္အမ်ားေတာ့ ျဖစ္နိုင္ေခ်ရွိမည္ပင္။
ရွန္ခ်န္းလင္သည္ လက္ကို အားစိုက္ၿပီး ထိုအလုံးႏွစ္လုံးကို ခြာလိုက္သည္။ ထို႔ေနာက္ ပိတ္စေလးျဖင့္ အထပ္ထပ္ ရစ္ပတ္ေပးၿပီးမွ မတူညီေသာ ေသတၱာတစ္ခုဆီထဲသို႔ ထည့္လိုက္ေတာ့၏----- တစ္ခါတည္းႏွင့္ အမ်ားႀကီး သင္ယူလိုက္ရသည္ေလ... အရင္တစ္ခါက အတူတူထားရင္ ေႁမြေခၚနိုင္တယ္ဆို၊ ဒီတစ္ခါ အတူတူထားမိလို႔ရွိရင္ ဘာထူးထူးဆန္းဆန္းေတြကို သြားေခၚမိေနမယ္ မသိနိုင္ဘူး!
အခုခ်ိန္ထိ ဘာေတြက ဘာေတြမွန္းမသိေသးေပမဲ့လည္း အနည္းဆုံးေတာ့ တိုးတက္လာသည့္အေျခအေနဟု မွတ္ယူရေပမည္....... ရွန္ခ်န္းလင္သည္ ခုတင္ေပၚတြင္ ဝမ္းလ်ားေမွာက္လ်က္ ကိုယ့္ကိုယ္ကိုယ္ ႏွစ္သိမ္းေန၏။
ဘယ္ႏွစ္ဘယ္လဘယ္သကၠရာဇ္ကို ေရာက္မွ ျပန္သြားနိုင္မွာလည္း မသိဘူးေနာ္!
ထိုအခ်ိန္ ဧည့္ခန္းထဲတြင္မူ အုံးအုံးႂကြက္ႂကြက္ လူတစ္စုက ခ်င္ေရွာက္ယြီကို ေစာင့္စားေနၾကသည္။ ဖန႔္ယန္က အိပ္ခ်င္မူးတူးျဖင့္ အေပၚထပ္ကေန ဆင္းလာရာ ေအာက္ကအေျခအေနကို ျမင္ၿပီး ႐ုတ္ျခည္း လန႔္ဖ်ပ္သြားရေတာ့၏။
" မင္းတို႔ အျပင္သြားထားၾကတာလား? "
" နင္က အခုမွ ထတာလား? "
ဟြားထန္က သူ႕ကို အထင္မႀကီးသည့္ဟန္ျဖင့္ ၾကည့္ေလသည္။ ေန႕လယ္ခင္းတစ္ေရးတစ္ေမာ အိပ္တာကို ၇ နာရီ ၊ ၈ နာရီၾကာေအာင္ အိပ္နိုင္တယ္တဲ့။ အဟုတ္ကို ဗ႐ုတ္သုတ္ခေတြၾကားက ဗ႐ုတ္သုတ္ခတစ္ေယာက္ပါပဲ။
" ဒါက ဘယ္သူႀကီးလဲ၊ ဘာလို႔ ခ်ည္တုပ္ထားရတာလဲ? "
ဖန႔္ယန္က အီလည္လည္ျဖင့္ အခန္းေထာင့္တြင္ ကပ္ေနေသာ ပိုင္လ်န္ဟြားကို ၾကည့္၍ ေမးျခင္း။
နံေဘးတြင္ရွိေသာ ငယ္သားတစ္ဦးက ခ်က္ခ်င္း အေရွ႕ထြက္ကာ ထိုလူ၏ အကၤ်ီကို ဆြဲျဖန႔္ကာ ဖန႔္ယန္အား ထိုလူ႕နာမည္ကို ျပေပးေလသည္။
" ဖြီး "
ဖန႔္ယန္က အားမနာတမ္း ရယ္ခ်လိဳက္ေတာ့သည္။
" ေကာင္စုတ္ေလး! "
ၾကာပန္းျဖဴေလး၏ တစ္မ်က္လုံးတြင္ ေဒါသေထာင္းေထာင္းထြက္လ်က္ရွိသည္။
" မင္းပဲ ေျပာၾကည့္စမ္းပါဦးကြာ.. မင္း ေယာက်္ားတစ္ေယာက္ျဖစ္ရဲ႕နဲ႕ ဘာကိစၥ သည္ေလာက္ႀကီး ထိုင္ငိုေနရတာလဲ "
ဖန႔္ယန္က တမင္ အက်င့္ယုတ္၍ ေမးသည္။ ထို႔အျပင္ ေဘးနားတြင္ ရပ္ေနေသာ ေယာင္းခ်န္ကိုပါ ဆြဲေခၚ၍ ဆိုလိုက္သည္။
" မင္း သူ႕ကို ၾကည့္လိုက္၊ သူဆို ပိန္ေညွာင္ေနတာမွ ပဲေတာင့္ေလးလိုပဲ၊ ဒါေပမဲ့ သူဘယ္တုန္းကမွ မငိုဘူး "
ေယာင္းခ်န္က ေအးတိေအးစက္ျဖင့္။
" ေယာက်္ားဆိုတာ မငိုရဘူး "
" ေသခ်ာတာေပါ့! "
ဖန႔္ယန္က အားတက္သေရာ ေခါင္းညိတ္သည္။
" လႈပ္ေတာင္ မလႈပ္ရေသးဘူး ငိုေနၿပီဆို အဲ့တာ မိန္းကေလးငယ္ေလးေတြပဲကြ၊ ဘယ္လိုလုပ္ ေယာက်္ားရင့္မာႀကီးနဲ႕တူမွာလဲ! "
" ၾကင္ယာေတာ္ေလးကေတာ့ မၾကာမၾကာ ငိုတယ္ေလ "
ေယာင္းခ်န္က သတိေပး၏။
ဖန႔္ယန္ " ........ "
ထိုစဥ္ ခ်င္ေရွာက္ယြီက အေပၚထပ္ကေန ဆင္းလာေတာ့သည္။ သို႔ေသာ္ အႏွီစကားကို ၾကားေသာ္ ေျခလွမ္းမ်ားက တုန႔္ကနဲ။ မ်က္ႏွာက မရယ္မၿပဳံးျဖင့္ သူတို႔ စိုက္ၾကည့္ေနသည္။
" ငါခုနက ေျပာတာက.. ေလွ်ာက္ေျပာတာ "
ဖန႔္ယန္၏ေက်ာျပင္သည္ ေတာင့္တင္းလ်က္ရွိသည္။ ထို႔ေၾကာင့္ သူက ေျပာမိေျပာရာေတြ အကုန္ေလွ်ာက္ေျပာေတာ့သည္။
" တကယ္ေတာ့ ငါကိုယ္တိုင္လည္း ကိစၥရွိရွိ၊ မရွိရွိ၊ အားရင္း ငိုလိုက္တာပဲ၊ ငိုလိုက္ရင္ ေကာင္းသြားေရာ၊ ခႏၶာကိုယ္ က်န္းမာေရးအတြက္လည္း ေကာင္းတယ္၊ အသက္လည္းရွည္ေစတယ္ "
ဟြားထန္က သူ႕ကို သနားစဖြယ္ ၾကည့္ေနေလသည္။
နင္ ဒီ့ထက္နည္းနည္းေလာက္ ပိုအရွက္ကြဲခံလိုက္ပါဦးလား ဟမ္!
" သတ္ခ်င္ရင္ သတ္ပစ္လိုက္၊ ေစာ္ကားခြင့္မရွိဘူးကြ! "
ၾကာပန္းျဖဴေလးက နံရံေထာင့္ကေန လွမ္းေအာ္သည္။
" မင္းတို႔ေတြ ငါ့ကို သတ္ပစ္လိုက္ပါေတာ့! "
" ပါးစပ္ပိတ္ထားစမ္းပါ! "
ဟြားထန္က ထိုသူ႕ဗိုက္တည့္တည့္ကို သုံးလက္မေလာက္ ခ်ိဳင့္ဝင္သြားေအာင္ ကန္လိုက္သည္။
ဖန႔္ယန္ကေတာ့ သူ႕ေျခေထာက္ကို သူျပန္သိမ္းလိုက္ေတာ့သည္။
ေယာင္းခ်န္ " ........ "
ၾကာပန္းျဖဴသည္ ယခင္ကထက္ သည္းသည္းမည္းမည္း ငိုေႂကြးေတာ့ေလ၏။
" သူ႕ကို တိတ္တိတ္ေနခိုင္း လိုက္စမ္းပါ "
ခ်င္ေရွာက္ယြီက စိတ္ရႈပ္စြာျဖင့္ ေျပာလိုက္သည္။
" မရေလာက္ဘူးရွင့္ "
ဟြားထန္က မၾကည္မသာျဖင့္ ဆိုသည္။
" ခုနတုန္းက ခ်န္န်န္က ဘာမွန္းမသိတဲ့ အဆိပ္မႈန႔္ေတြ ပက္လိုက္တာ.. တိုက္တိုက္ဆိုင္ဆိုင္ ေလကလည္း အတိုက္နဲ႕ အဲ့အမႈန႔္ေတြ အကုန္ သူ႕မ်က္ႏွာေပၚ ကပ္သြားၿပီးကတည္းက ဒီလိုပုံစံျဖစ္သြားတာပဲ၊ သူတစ္လမ္းလုံးလည္း ငိုၿပီးသြားၿပီရွင္ "
ခ်င္ေရွာက္ယြီ " ....... "
ဖန႔္ယန္၏ မ်က္လုံးထဲတြင္ စာနာျခင္းမ်ား အျပည့္။ ဒီကေလး ကံဆိုးလိုက္တာေနာ္။
ၾကာပန္းျဖဴ၏ မ်က္ရည္မိုးသည္လည္း မစဲတမ္း သည္းမည္းစြာ သြန္းၿဖိဳးဆဲျဖစ္ရာ ေရအိုင္ေတာင္ ျဖစ္ေတာ့ေပမည္။
" သူ႕ကို အေနာက္ဘက္ ၿခံဝန္းထဲမွာ အရင္တုပ္ေႏွာင္ထားလိုက္ေတာ့.. ဘယ္အခ်ိန္ အငိုရပ္လဲ.. ရပ္တဲ့အခ်ိန္က်မွ ငါ့ကို လာေခၚ "
ခ်င္ေရွာက္ယြီက ခ်က္ခ်င္း ျပန္လွည့္ထြက္ကာ အေပၚထပ္သို႔ တက္သြားရင္း ေျပာသည္။
" ဟြားထန္က ငါနဲ႕လိုက္ခဲ့၊ က်န္တဲ့လူေတြ ေစာေစာ အနားယူေတာ့၊ မနက္ျဖန္မနက္ ခရီးဆက္မယ္! "
အားလုံးက အသီးသီး အမိန႔္နာခံလ်က္ လူစုခြဲသြားၾကေတာ့သည္။ ဖန႔္ယန္က ေယာင္းခ်န္ကို ဆြဲ၍ အျပစ္တင္ေနသည္။
" တိုက္ၾကခိုက္ၾကစရာရွိတာကို ဘာလို႔ ငါ့ကို မေခၚရတာလဲ? "
" ငါက ဘယ္လိုလုပ္သိမွာလဲ "
ေယာင္းခ်န္က သူ႕လက္ကို ဖယ္ထုတ္ကာ ေျပာသည္။
" သိခ်င္ရင္ မင္းဘာသာ ဂိုဏ္းခ်ဳပ္ကို သြားေမးပါ့လား? "
ဖန႔္ယန္၏ မ်က္ႏွာထက္တြင္ "စိတ္ညစ္တယ္" ဟူေသာ စာလုံးႏွစ္လုံးေရးထားသည့္ႏွယ္။ ေျပာေတာ့ျဖင့္ လြယ္တာေပါ့။ မေတာ္လို႔ သူစိတ္မၾကည္တဲ့အခ်ိန္ သြားေမးမိရင္ ငါက အဖြဲ႕ေခါင္းေဆာင္ေတာင္ လုပ္ရမွာ မဟုတ္ေတာ့ဘူးေလ။
သည္လို ေအးစက္ေခ်ာေမာခံ့ညား စိတ္မမွန္တဲ့ အႀကီးအကဲမ်ိဳးရွိတဲ့ဒုကၡကို ဘယ္သူက နားလည္နိုင္မွာလဲ!
*****
" ဂိုဏ္းခ်ဳပ္ "
ဟြားထန္က ခ်င္ေရွာက္ယြီႏွင့္အတူ အခန္းလြတ္တစ္ခန္းထဲသို႔ ဝင္လာလိုက္သည္။
" ခ်န္န်န္က ထြက္ေျပးသြားၿပီလား? "
ခ်င္ေရွာက္ယြီက ေမးသည္။
" ဟုတ္ကဲ့ "
ဟြားထန္က ေျဖ၏။
" သူမွာ ဒဏ္အေသးစားရသြားပါေသးတယ္၊ အရမ္းေတာ့ မျပင္းထန္ပါဘူး "
" ဖုန႔္က်ိဳရဲ႕ သဲလြန္စေရာ ဘာေတြ ေတြ႕ရေသးလဲ? "
ခ်င္ေရွာက္ယြီက ဆက္ေမးသည္။
" မေတြ႕ရပါဘူး "
ဟြားထန္က ေခါင္းခါ၏။
" ဒါေပမဲ့ ေရွာင္ဝူက ခ်န္န်န္ေနာက္ကေန တိတ္တဆိတ္ ေနာက္ေယာင္ခံလိုက္သြားပါၿပီ.. အကယ္လို႔ ဖုန႔္က်ိဳရဲ႕သာ သူ႕ရဲ႕ မိစာၦဂိုဏ္းကေန ထြက္ခြာလာၿပီဆိုရင္ ကြၽန္မတို႔ သူရွိမဲ့ တည္ေနရာကို အျမန္ဆုံးရွာေတြ႕နိုင္ေတာ့မွာပါ "
ခ်င္ေရွာက္ယြီက ေခါင္းညိတ္သည္။
" ပင္ပန္းသြားၿပီ၊ သြားနားေတာ့ "
" ဂိုဏ္းခ်ဳပ္ "
ဟြားထန္က ေတြးဆဆျဖင့္ ေျပာလသည္။
" ကြၽန္မမွာ ေမးစရာကိစၥေလး ရွိပါတယ္ "
" တကယ္လို႔ ရွန္ခ်န္းလင္နဲ႕ ပတ္သတ္ၿပီး ေမးမွာဆိုရင္ ငါ မေျဖခ်င္ဘူး "
ခ်င္ေရွာက္ယြီ၏ ေလသံက အနည္းငယ္ ေအးစက္မာေက်ာေနခဲ့သည္။
" ......... ကြၽန္မ မွားမွန္းသိပါၿပီ "
ဟြားထန္က အလိုလို ပါးစပ္ပိတ္သြားၿပီး အခန္းထဲကေန ထြက္သြားေတာ့သည္။
ခ်င္ေရွာက္ယြီသည္ ျပတင္းေပါက္နံေဘးတြင္ ထိုင္ေနၿပီး မ်က္ႏွာခ်င္းဆိုင္ရွိ မီးေရာင္ တဖ်တ္ဖ်တ္ လက္ေနေသာ တည္းခိုေဆာင္ေလးကို ေငးၾကည့္ေနသည္။ မ်က္ဆန္သည္ ပကတိ မည္းနက္လ်က္ မင္ေရာင္ႏွယ္ ေဆြးပ်ံ့လ်က္ရွိေပသည္။
*****
ဒုတိယေန႕ မနက္တြင္ အားလုံး အေစာႀကီး ထ၍ ျပင္ဆင္စရာရွိတာ ျပင္ဆင္ၾကေလသည္။ အစားအေသာက္မ်ား စားေသာက္ၿပီးစီး၍ သြားဖို႔ အသင့္ျပင္ေနၾကေခ်ၿပီ။
" လင္အာ "
ခ်င္ေရွာက္ယြီက သူ႕ကို ပုတ္ႏွိုးလိုက္သည္။
" အိပ္ရာထေတာ့ေလ "
" အြမ္းးး "
ရွန္ခ်န္းလင္က ေစာင္ထဲသို႔သာ ပို၍ တိုးဝင္သြားသည္။
" ေခါင္းမူးတယ္ "
" ဒီဆင္ေျခေလးက အရင္တစ္ေခါက္ကလည္း သုံးၿပီးသြားၿပီေနာ္ "
ခ်င္ေရွာက္ယြီက အယုံအၾကည္မရွိဘဲ လက္လွမ္း၍ ေစာင္ကို ဆြဲလွန္သည္။
" တကယ္မူးေနတာ "
ရွန္ခ်န္းလင္က အားမရွိစြာျဖင့္ မ်က္လုံးဖြင့္ၾကည့္ကာ ထပ္ေျပာသည္။
ခ်င္ေရွာက္ယြီသည္လည္း တုန႔္ကနဲ ျဖစ္သြားၿပီး နဖူးျပင္ကိုသာ လက္လွမ္း၍ စမ္းၾကည့္လိုက္ေတာ့သည္။
ခ်စ္ခ်စ္ေတာက္ ကိုယ္ပူေနသည္မွာ လန႔္စရာေတာင္ ေကာင္း၏!
" ဟြားထန္ကို အျမန္သြားေခၚလာခဲ့! "
ခ်င္ေရွာက္ယြီက အခန္းအျပင္ဘက္ရွိ ငယ္သားမ်ားကို မွာၾကားလိုက္သည္။
" ဘာလို႔ လက္ဝဲရံကို ေခၚတာလဲ? "
ရွန္ခ်န္းလင္က ကြဲအက္ေနေသာအသံျဖင့္ ေမးလာ၏။
" သူက သမားေတာ္မ်ိဳးဆက္ေလ.. ဒီေလာကရဲ႕ ထိပ္သီး ေဆးသမားေတာ္ ဆယ္ပါးနဲ႕ ယွဥ္နိုင္တယ္ "
ခ်င္ေရွာက္ယြီက ေရေႏြးတစ္ပန္းကန္ ငွဲ႕ေပးၿပီး သူ႕ကို ထူေပးကာ ေသာက္ေစသည္။
" ျဖည္းျဖည္းေသာက္ "
" ဂိုဏ္းခ်ဳပ္ "
ဟြားထန္ ဝင္လာသည္ႏွင့္ ထိုသို႔ေသာ ျမင္ကြင္းကို ျမင္ရသည့္အတြက္ အေတာ္ေလး ေနရခက္သြားသည္ပင္။
" လင္အာ ဖ်ားေနၿပီ.. ျမန္ျမန္လာၿပီး သူ႕ကို ၾကည့္ေပးလိုက္ "
ခ်င္ေရွာက္ယြီက ေနရာဖယ္ေပး၏။
ဟြားထန္က ခုတင္ေဘး၌ ထိုင္၍ ရွန္ခ်န္းလင္အား ေသြးေၾကာစမ္းသပ္ေပးလိုက္သည္။ ထို႔ေနာက္ မ်က္ႏွာ အမူအရာက အနည္းငယ္ အခက္ေတြ႕ေနပုံျဖစ္လာ၏။
" ဘာျဖစ္လို႔လဲ? "
ခ်င္ေရွာက္ယြီက ေမးသည္။
ရွန္ခ်န္းလင္သည္လည္း အတူတူ စိတ္လႈပ္ရွားလာမိသည္။
အဲ့လိုအမူအရာႀကီး မလုပ္နဲ႕ေလ!
ေၾကာက္လို႔ေသေတာ့မွာပဲဟ! !
မဟုတ္မွလြဲ ဟန္အဆိပ္ ထလာတာမ်ားလား?
" ကြၽန္မ တစ္ခုေလာက္မ်ား ေမးလို႔ရမလား? "
ဟြားထန္က အင္မတန္ ေျပာရခက္ေနသည့္ဟန္ျဖင့္။
" ေမး "
ခ်င္ေရွာက္ယြီက ေခါင္းညိတ္သည္။
" မေန႕ညက....... ဂိုဏ္းခ်ဳပ္နဲ႕ သခင္ေလးတို႔... အတူေနၾကေသးလား? "
ဟြားထန္၏ႏႈတ္ထြက္စကားက လန႔္ဖ်ပ္စရာပါပင္။
" အဟြတ္ အဟြတ္ "
ရွန္ခ်န္းလင္မွာ မိမိပါးစပ္ထဲက သြားရည္ျဖင့္ ျပန္သီးရေတာ့သည္။
ငိုးး! ! သည္လို ေမးခြန္းမ်ိဳးက အလြယ္တကူ ေမးစရာလား! !
ေသခ်ာေပါက္ မအိပ္ဘူးေပါ့! ! ! ! !
ခ်င္ေရွာက္ယြီက ရယ္ခ်င္သည္ကို ထိန္းရင္း ေခါင္းခါျပလိုက္သည္။
" အဲ့တာဆိုရင္ေတာ့ ကိစၥမရွိပါဘူး "
ဟြားထန္က သက္ျပင္းခ်လ်က္ ဆိုသည္။
" ရိုးရိုး အေအးမိတာပါ၊ တစ္ရက္ႏွစ္ရက္ေလာက္ အနားယူလိုက္ရင္ သက္သာေပ်ာက္ကင္းသြားနိုင္ပါတယ္ရွင့္ "
ခ်င္ေရွာက္ယြီက ေခါင္းညိတ္ၿပီး မွာၾကားလိုက္သည္။
" အဲ့တာဆို အားလုံးကို ေျပာလိုက္ေတာ့.. ေနာက္ထပ္ ႏွစ္ရက္ေနမွ ခရီးစဥ္ စတင္မယ္လို႔ "
ဟြားထန္သည္လည္း အမိန႔္ကို နာခံၿပီး အျပင္သို႔ ထြက္လာရာ အေပါက္ဝတြင္ ဖန႔္ယန္ႏွင့္ တည့္တည့္ တိုးေပသည္။
" ဘာျဖစ္တာလဲ? "
ဖန႔္ယန္က အလြန္စိတ္ပူေနသည္။
" ဘာမွမျဖစ္ပါဘူး၊ ရွန္သခင္ေလးက နည္းနည္း အဖ်ားရွိေန႐ုံပဲ "
ဟြားထန္က ေျပာသည္။
" ငါ ေဆးသြားျပင္လိုက္ဦးမယ္၊ နင္က ညီေနာင္ေတြကို ခရီးစဥ္ ေခတၱရပ္နားမယ္လို႔ အေၾကာင္းၾကားလိုက္၊ ေနာက္ႏွစ္ရက္ေနမွ ထြက္ခြာမယ္တဲ့! "
သည္လိုျဖင့္ ဖန႔္အဖြဲ႕ေခါင္းေဆာင္သည္လည္း ၿခံဝန္းအလယ္တြင္ရပ္၍ က်ယ္ေလာင္စြာ ေအာ္ေျပာလိုက္ေတာ့သည္။
" အားလုံး ျပန္သြားၿပီး အနားယူၾကေတာ့၊ ဒီေန႕ ငါတို႔ မသြားျဖစ္ေတာ့ဘူး! "
" ဘာလို႔လဲကြ! "
အားလုံးက စုေဝးလာၿပီး နားမလည္နိုင္ ျဖစ္သြားၾကသည္။
ၾကင္ယာေတာ္ ဖ်ားနာေနမေကာင္းျခင္းဟူသည္ မေကာင္းေသာ ကိစၥတစ္ရပ္ပင္ မဟုတ္ပါလား။ ထို႔ေၾကာင့္ ဖန႔္အဖြဲ႕ေခါင္းေဆာင္သည္ နာက်င္ေၾကကြဲစြာျဖင့္ ေျပာလိုက္၏။
" ဘာလို႔လဲဆိုေတာ့ ရွန္သခင္ေလး ဖ်ားေနလို႔ကြာ "
အားလုံးစိတ္ထဲတြင္ ႐ုတ္ျခည္း နားလည္သြားၾကၿပီး တညီတညာတည္း "ေၾသာ္" ကနဲ အသံျပဳလိုက္မိၾက၏။
ဖ်ားတာကိုး.....
ငါတို႔အားလုံး သေဘာေပါက္ပါတယ္!
ဂိုဏ္းခ်ဳပ္က တကယ္ သန္စြမ္းတာပဲေနာ္! !
-
28.11.2021
-