လွမ်းရခက်တဲ့ နွေရက်ကလေးရေ ...

By neneciel_

32.4K 2.4K 233

ကိုကို .. ခင်ဗျားသာ ချစ်တယ်ဆို ဗုဒ္ဓကိုလည်း ကျွန်တော် ချစ်ပေးနိုင်ပါတယ်။ - အန်ဒရီရာ မာရစ်စတယ်လီယို - အန်ဒရီ... More

လွမ်းရခက်တဲ့ နွေရက်ကလေးရေ ...
Part : 1
Part : 2
Part : 3
Part : 4
Part : 5
Part : 6
Part : 7
Part : 8
Part : 9
Part : 10
Part : 11
Part : 12
Part : 13
Part : 14
Part : 16
Part : 17
Part : 18 (FINALE)
Andrea Maristelleo

Part : 15

904 102 13
By neneciel_

ကိုကို .. ငါ အိမ်မပြန်ချင်ဘူး

"ဘာ .."

လွမ်းနွေရဲ့ အသံဟာ သူတို့ရဲ့ ဧည့်ခန်းထဲမှာ ပဲ့တင်ထပ်လျက်။

လွမ်းနွေဟာ အန်ဒရီ့ဆီမှ .. နေ့စဉ်နေ့တိုင်း အပြင်ထွက်ရခြင်းမှာ သူ့ကျောင်းကို လိုက်လာခဲ့တာဖြစ်ကြောင်း၊ ကျောင်းဂိတ်ဝမှာ စောင့်ကြည့်နေပြီး လွမ်းနွေ အိမ်ပြန်လာတာကို စောင့်ကြည့်နေခဲ့တာဖြစ်ကြောင်း ကြားသိလိုက်ရသည့်အခါ .. တုန်လှုပ်မှုတွေက ယခင်ထက် ပိုဆိုးရွားသွားခဲ့၏။

ဒီကောင်လေးဟာ သူ့ကို ဘယ်တော့မှ ပစ်မထားခဲ့။

"ပပ နဲ့ သတင်းနားထောင်လို့ ပပက ပြောပြရင် ကျွန်တော် ကိုကို့ကို စိတ်ပူလို့ပါ"

"..."

" ကျွန်တော် လိုက်လာတာ ကိုကို သိသွားရင် စိတ်ဆိုးမှာလည်း စိုးလို့ .."

"..."

"ငါ ကိုကို့ကို လိုက်နှောက်ယှက်တာမျိုး မဟုတ်ပါဘူး၊ အဲ့လိုမျိုးလည်း မဖြစ်ချင်ဘူး ဒါပေမယ့် ပပလည်း စိတ်ပူနေတာလေ .. ကိုကိုတို့ ကျောင်းဘက်က အခြေအနေမကောင်းဘူးဆိုလို့"

" အန်ဒရီ .. "

လွမ်းနွေက အန်ဒရီဆိုတဲ့ အသံလေး ထွက်လာအောင် မိမိကိုယ်ကိုယ် မနည်းထိန်းလိုက်ရသည်။ သူ့ရဲ့ နှလုံးသားတွေ အခုန်မြန်နေခဲ့တာဟာ အပြင်ကိုခုန်ထွက်လာတော့မလို ..

"ကိုကို ငါ့ကို စိတ်မဆိုးပါနဲ့နော် .. ငါ အိမ်မပြန်ချင်ဘူး .. ကိုကို မမြင်ချင်လို့ မမြင်အောင်နေပေးရမယ်ဆိုလည်း ရတယ်.. ငါ ဟိုဘက်အိမ်မှာ သွားနေမယ် ဒါပေမယ့် ငါ့ကို အိမ်မပြန်ခိုင်းနဲ့"

မျက်နှာငယ်လေးနှင့်ပြောနေရှာသည့်ကောင်ကလေးကို လွမ်းနွေမှာ ဂရုဏာသက်လျက် ပြောစရာစကားများပင် ပျောက်ဆုံးသွားခဲ့လေပြီ။

ဒီကောင်လေးဟာ အသက်ကလေးငယ်ငယ်ကလေးနဲ့ လျှောက်လှမ်းရမယ့် ခရီးရှည်ကြီးရှိနေသေးသည် .. သူ့အတွက် အဲဒီလောက်ထိ မပျော်ဝင်နေသင့်ပါ။

လွမ်းနွေက အန်ဒရီ့ကို လျှော့တွက်မိတာ မှားသွားပုံရလေသည်။

"အန်ဒရီ .. ငါပြောတာကို သေချာနားထောင်"

" ..."

" အခုက ငါတို့တွေအတွက် ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးရမယ့်အချိန် .. မင်းအဲဒါတွေ နားလည်ကိုလည်ရမယ် အန်ဒရီ"

အန်ဒရီဟာ ခေါင်းတဆတ်ဆတ်ခါလို့ ပြိုတော့မလို မျက်ဝန်းတွေနှင့် လွမ်းနွေကို ကြည့်နေဆဲ ..

"ငါသိတယ် .. ကိုကို ငါ့ကို အိမ်ပြန်ခိုင်းမှာကို ငါသိလို့ .."

" အန်ဒရီ .. မင်းမဆိုးနဲ့၊ ငါမင်းကို မမုန်းမိစေနဲ့"

ထိုစကားတွေကို အလွယ်လေးထွက်လာခဲ့တဲ့ လွမ်းနွေက သူ့ကိုယ်သူ အထူးအဆန်းဖြစ်လို့နေခဲ့သည်။

သူ မမုန်းနိုင်ပါဘူး .. ဒီကောင်လေးကို ချစ်လို့တောင် မဝတာလေ။

"သားနွေရယ် .. ကလေးကို နားလည်အောင်ပြောမှပေါ့ .."

မိခင်ဖြစ်သူက သူတို့နှစ်ယောက်ကြား ဝင်ရတော့သည်။

"သားငယ်လေး ပပတို့ဆီမှာ နိုင်ငံရေးအခြေအနေက ဘယ်လိုလာမလဲ မသိသေးဘူး၊ သားငယ်လေးက ဧည့်သည်လေ အိမ်ပြန်ရမယ် .. အခြေအနေတွေကောင်းသွားတဲ့အခါ ပြန်လာလို့ရတာပဲ မဟုတ်ဘူးလား၊ ပပ ပြောတာ နားလည်တယ်မဟုတ်လား"

အန်ဒရီက အဆိုးလေးဖြစ်၏။ ခေါင်းမညိတ်၊ ခေါင်းမခါ။

"ပပရယ် .. ငါ ကိုကို့ကို စိတ်မချဘူး"

ဆယ်ကျော်သက်ကလေးဟာ ဘယ်လိုစိတ်လေးနဲ့များ ဒီစကားကို ထုတ်ပြောရပါသလဲ။ လွမ်းနွေဟာ ဒီကောင်လေးကို ဘယ်လိုပြောရမှန်းပင် နားမလည်နိုင်တော့ပါ။

"မေမေ .. အန်တီမြစိန်ဆီ ဖုန်းခေါ် ပြောလိုက်ပါ"

လွမ်းနွေက ထိုစကားကိုဆိုကာ အခန်းထဲဝင်လို့ တံခါးကို ဝုန်းခနဲ ပိတ်ချလိုက်တော့သည်။

- - -

သည်းထန်စွာ ရွာချလာသည့် မိုးတွေဟာ သူ့ရဲ့ စိတ်အခြေအနေအတိုင်း ..

ပြတင်းပေါက်ကို တဗြောင်းဗြောင်းလာရောက်ထိခတ်နေသည့် မိုးစက်တွေကြောင့် အခန်းတွင်း ဆူညံသံတို့ကို ဖြစ်စေ၏။ မဟုတ်လျှင် သက်ပြင်းချသံတွေဟာ တစ်ပါးသူကြားသွားမှာ စိုးသည့်အလား ကန့်သတ်ခံထားရသည်မဟုတ်လား။

"သားနွေ .."

မိခင်ဖြစ်သူ၏ တံခါးခေါက်သံကြောင့် လွမ်းနွေ မျက်နှာကို လက်နှင့် ခပ်ကြမ်းကြမ်းပွတ်ပစ်လိုက်ကာ ..

"လာပြီ မေမေ"

"သားနွေ .. အန်ဒရီက ဘယ်ထွက်သွားမှန်းမသိဘူး အခုထိလည်း ပြန်မလာသေးဘူး မေမေလည်းမှေးခနဲအိပ်ပျော်သွားလို့ ခုမှ မိုးသံနဲ့နိုးလာတာ .. အန်ဒရီလေးရဲ့ အခန်းတံခါးဖွင့်ထားပြီး လူမရှိဘူး အိမ်ထဲလည်း မေမေလိုက်ကြည့်ပြီးပြီ"

လွမ်းနွေက မေမေ့ကိုတောင် ဘာမှပြန်မပြောနိုင်တော့ဘဲ ပြေးထွက်လာခဲ့တော့၏။

"သားနွေ ထီးယူသွားအုံး"

မင်းကတော့ ငါ့ကို စိတ်ပူအောင်လုပ်ပြီ အန်ဒရီ။

လွမ်းနွေက ထီးကိုယူလာခဲ့သော်လည်း လက်ထဲမှာသာ ကိုင်ထားမိပြီး ထုတ်မဆောင်းဖြစ်ခဲ့။ ထုတ်စောင်းဖို့လည်း စိတ်နဲ့ကိုယ်မကပ်နိုင်ဘဲ ထိုကလေးကို အမြန်တွေ့ရဖို့သာ အရေးကြီးနေခဲ့သည်။ ရင်ထဲမှာ ပူနေတာတွေက မိုးရေထိနေတာတောင် မအေးနိုင်ခဲ့ပေ။

သူတို့နှစ်ယောက် အတူသွားခဲ့ဖူးတဲ့ နေရာတွေလည်း စုံနေပြီဖြစ်သော်လည်း အန်ဒရီ့ကို အခုထိရှာမတွေ့သေး။ လမ်းထိပ် မုန့်ဆိုင်နား၊ ထိုင်ခုံတန်းတွေ၊ ရေအိုင်နား၊ ပြီးတော့ .. အန်ဒရီ သွားတတ်သည့်နေရာလေးတွေက စုံလာခဲ့လေပြီ။

ချမ်းလို့မဟုတ်သော်လည်း တန်ဖိုးထားရတဲ့အရာလေး ပျောက်ဆုံးသွားမှာစိုးသည့် ခံစားချက်လေးကြောင့် ထီးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည့် လွမ်းနွေရဲ့လက်ကလေးတွေဟာ တုန်တုန်ယင်ယင်။ မိုးရေတွေနှင့်အတူ မျက်လုံးအိမ်ထဲမှ မျက်ရည်ကြည်တို့ဟာလည်း စီးဆင်းလာခဲ့လေတော့သည်။

"အန်ဒရီ .."

ကောင်းကောင်းမရပ်နိုင်တော့သည့် ခြေထောက်တွေဟာ ပျော့ခွေလဲတော့မယောင် .. လွမ်းနွေက နေရာမှာတင်ထိုင်ချလိုက်လေ၏။

ရုတ်တရက်ပါပဲ လွမ်းနွေက တစ်ဖက်အိမ်ကို သတိရမိသွားသည်။ " ငါ ဟိုဘက်အိမ်မှာနေပေးမယ်လေ" ဆိုတဲ့ အန်ဒရီ့ရဲ့အသံလေးတွေကို ပြန်ကြားယောင်ပြီး နိုးနိုးကြားကြားဖြစ်သွားစေကာ လမ်းထိပ်မှ အလျင်အမြန်ပြန်ပြေးလာခဲ့တော့၏။

လွမ်းနွေဟာ အခုမှပဲ သက်ပြင်းမောကိုချနိုင်တော့သည်။ သော့ဖွင့်ထားသည့် ခြံတံခါးလေးဟာ သူ့ကိုစီးကြိုနေခဲ့ပါ၏။

မိုးရေတွေနဲ့အတူ စီးကျနေသည့်မျက်ရည်တွေကို လွမ်းနွေက ရှင်းထုတ်လိုက်ရင်း ခြံတံခါးကို တွန်းဖွင့်လို့ အိမ်ထဲသို့သာ ဝင်ခဲ့လိုက်တော့သည်။

- - -

အိုဟောင်းနေပြီဖြစ်သည့် ပရိဘောဂတွေဟာ
အဖြူရောင်ပိတ်စတွေအောက် အစီစီအရီရီ။

ဧည့်ခန်းအလယ်တည့်တည့် အဝတ်ဖြူတွေအုပ်ထားခဲ့ပါသော ထိုင်ခုံဆက်တီလေးပေါ်မှာ ခွေခွေလေးအိပ်နေခဲ့သည့် အန်ဒရီ။

လက်ကို ခေါင်းအုံးလို့ ဘေးမှာလည်း ကျောပိုးအိတ်ကလေးကို ချထားပြန်သေး၏။ လွမ်းနွေက မျက်ရည်တွေကြားကပဲ ပြုံးမိတော့သည်။

အန်ဒရီ .. ငါ့ရဲ့ကလေးလေး။

အိပ်ပျော်နေခဲ့သည့် အန်ဒရီ့ရဲ့ ဘေးမှာ ဆောင့်ကြောင့်ထိုင်လိုက်ရင်း .. သူသိပ်သဘောကျတဲ့ ဆံနွယ်တွေ၊ ပိတောက်ခြောက်ရောင် မျက်ဝန်းလေးနားခိုရာ မျက်ခွံလေးတွေ၊ ပြီးတော့ အသည်းယားစရာကောင်းသည့် ပါးပေါ်က အညိုရောင်အစက်ကလေးတွေကို လေထဲမှာပဲ မှန်းဆလို့ ထိကြည့်နေမိသည်။

ကိုကိုတို့ ဘယ်မှာ စမှားခဲ့တာဖြစ်မလဲ အန်ဒရီရယ် ..

Continue Reading

You'll Also Like

834K 69.5K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
286K 26.3K 53
13 Century နဲ့ လက်ရှိ Modern World အကြားက Time Travel အမျိုးအစားလေးပါ။ မှော်အတတ်ပညာတွေနဲ့ စိတ်ကူးယဉ်ဆန်ဆန် ရေးသားမှာဖြစ်ပြီး Character နှစ်ယောက်စလုံး...
31.3K 584 25
"𝐈 𝐬𝐞𝐞 𝐰𝐡𝐚𝐭 𝐢 𝐥𝐢𝐤𝐞, 𝐢𝐭'𝐬 𝐦𝐢𝐧𝐞"
12.2K 190 17
The formula one world was and will always be luxurious. And obviously, the second generation of the drivers will always get much attention. Specifica...