Falling In Love To My Stylist...

By ywz_summery959

17.5K 1.5K 108

YiZhan Start Date - 5.April.2024 End Date - ??? More

Part 1 ♡
Part 2 ♡
Part 4 ♡
Part 5 ♡
Part 6 ♡
Part 7 ♡
Part 8 ♡
Attention ‼️
Part 9 ♡
Part 10 ♡
Part 11 ♡
Part 12 ♡
Part 13 ♡
Part 14 ♡

Part 3 ♡

1.4K 133 5
By ywz_summery959

(Unicode)

အမှတ်တမဲ့စိတ်ထဲကတွေးမိလိုက်တဲ့အတိုင်း ပြောထုပ်လိုက်မိပြီးမှ ရိပေါ်က ရှက်ကိုးရှက်ကန်းဖြစ်သွားရတယ် ဘယ်လိုလုပ်ပြီး ဒဲ့ကြီးပြောထုပ်လိုက်မိတာလဲမသိဘူး ရှက်လိုသေရချည်ရဲ့

"ကျေးဇူးတင်ပါတယ် ရိပေါ်လဲအရမ်းကိုမှခန့်ညားလွန်းတဲ့ယောက်ျားတစ်ယောက်ပါပဲ"

"ကိုယ့်ကိုကိုယ်သိတယ်"

"ဟုတ်ပါပြီး ဒါဆိုရိပေါ်အဝတ်စားလဲဖို့ကျွန်တော်ကူညီပေးမယ်"

"အင်း"

ကိုယ့်ကိုကိုယ် ယုံကြည့်မူရှိလွန်းတဲ့ ရိပေါ်ကိုကြည့်ပြီး ရှောင်းကျန့်မှာမရယ်မိအောင်ထိန်းထားရင် ရိပေါ်ကိုအဝတ်စားကူလဲပေးလိုက်တယ်

သူ့ဝတ်စုံကိုအသေးစိတ်ကအစဂရုတစိုက်ပြင်ပေးနေတဲ့ရှောင်းကျန့်ကို ရိပေါ်ကမျက်တောင်မခတ်တန်းစိုက်ကြည့်နေမိတယ် မွေးပျံလွန်းနေတဲ့ရှောင်းကျန့်ရဲ့ကိုယ်သင်းရနံကိုလဲ ရိပေါ်ကလောဘတကြီးရူရှိုက်နေမိတယ် နောက်ပြီးသူနှလုံးသားကလဲအရမ်းကိုအခုန်မြန်နေတယ် မဟုတ်မှလွဲရောသူ့ ရှောင်းကျန့်ကိုကြွေသွားတာများလား

သူ့လိုထိပ်တန်း super star တစ်ယောက်က သာမန် Stylist တစ်ယောက်ကိုကြွေသွားတာတဲ့လား မဖြစ်နိုင်လိုက်တာ ဒီအကြောင်းသာသူ့ fanတွေသိရင် ရင်ထုမနာဖြစ်ကုန်ကြတော့မယ် sexy ကျပြီးချစ်စရာကောင်းလွန်းတဲ့ ရှောင်းကျန့်ကလူမဖြစ်နိုင်ဘူး သူ့ကိုပြုစားမယ့်စုန်းလေးပဲနေမှာ မဖြစ်ဘူး ဒီ Stylistကောင်နဲ့သူဝေးဝေးနေမှာဖြစ်မှာပါ

ရိပေါ်ကသူအတွေးနဲ့သူယောက်ယက်ခတ်သွားရပြီး အဝတ်လဲအခန်းထဲကနေအပြင်ကိုပြန်ပြေးထွက်လာမိလိုက်တယ် ဒီရှောင်းကျန့်ဆိုတဲ့လူစီကနေ သူအပြုစားခံရလို့မဖြစ်ဘူး ချောလှပါတယ်ဆိုတဲ့မင်းသမီးတွေကိုတောင် တစ်စက္ကန့်ထက်ပိုမကြည့်ခဲ့တဲ့သူက သူရဲ့Stylistဆိုတဲ့လူကိုကြွေသွားတယ်ဆိုတဲ့သတင်းသာတကယ်ထွက်သွားကြည့် သူ fanတွေရင်ကွဲရချည်ရဲ့ အဲဒီထက်ပိုဆိုးတာက သူ့ကgayမဟုတ်တဲ့အပြင် သူ့ရဲ့Stylistကလည်းယောက်ျားလေးတစ်ယောက်ဖြစ်နေတာပဲ

ရုတ်တရက်ကြီးအပြင်ကိုပြေးထွက်သွားတဲ့ ရိပေါ်ကိုကြည့်ပြီး ရှောင်းကျန့်မှာ ကြောင်အ ရက်သာအခန်းထဲကျန်ခဲ့ရတယ် အခုရိပေါ်ရဲ့ပုံစံက screen ပေါ်မှာမြင်တွေ့ရတဲ့ပုံစံနဲ့လုံးဝတစ်ခြားစီပဲ သူကိုလဲမျက်မှောင်ကြုတ်ပြီးစိုက်ကြည့်နေလိုက်တာများ ကျောရိုးပါချမ်းတယ် ဒီပုံစံအတိုင်းသာဆို entertainmentနဲ့ 5နှစ်စာ စာချုပ် ချုပ်လိုက်မိတာ ရှောင်းကျန့်တို့မှားပြီးထင်တယ် ရှောင်းကျန့်ကနှာခေါင်းရှုံ့လိုက်ရင်းမနက်ဖြန် ရိပေါ် Vlog အတွက်ဝတ်ရမယ် အဝတ်အစား အသုံးဆောင်ပစ္စည်းတွေကိုတစ်ခါထဲပြင်ဆင်ထားလိုက်ဖို့စဉ်းစားလိုက်တယ်

နံကပ်အဝတ်ဘီဒိုတွေကိုတစ်ခုချင်းသေချာလိုက်ကြည့်မိလိုက်တော့ အင်္ကျီဆိုရင်လဲ suits,Long coats, T-shirt, Jacket, Hoodie သူအမျိုးစားနဲ့‌သူနေရာအလိုက်စနစ်တကျထားထားပြီး ဘောင်းဘီဆိုရင်လဲ အတို အရှည်ခွဲထားတဲ့အပြင် အမျိုးစားအလိုက်သူနေရာနဲ့သူစနစ်တကျထားထာတာကိုတွေ့လိုက်ရတော့ ရှောင်းကျန့်ကပြုံးမိသွားတယ် ရိပေါ်ကလူပုံစံကသာအချိုးမပြေတာ စည်းကမ်းတော့ရှိသားပဲ

Necktie တွေကိုလည်း သူအရောင်နဲ့သူအစဉ်လိုက် လေးထောင့်ခွက်လေးတွေထဲတစ်ခုချင်းထည့်ထားပြီး ခါးပတ်တွေကိုလဲ သူတံဆိတ်နဲ့သူထိုအတိုင်းပဲ Accessories တွေဆိုရင်လည်း Accessories ချည်းသီးသန့်ထည့်လို့ရတဲ့အံဆွဲထဲနေရာတကျရယ် Rolex Brand နာရီတွေဆိုမှာလည်းအလုံးပေါင်းတစ်ရာကျော်ရှိပြီး အမျိုးစားလိုက်အံဆွဲထဲခွဲထည့်ထားတာဖြစ်တယ် အခန်းထဲသေချာပတ်ကြည့်ပြီးနောက် ရှောင်းကျန့်သိလိုက်ရတာက ရိပေါ်က ခေါင်းစခြေဆုံး Louis Vuitton , GUCCI , CHANEL , MAZE , PRADA အစရှိတဲ့မျိုးစုံသောတံဆိတ်တွေကိုသာသုံးတယ်ဆိုတာပဲ ရိပေါ်ဒီလောက်ထိသုံးဖြုန်းနိုင်တာကလဲမစမ်းပါဘူး မွေးထဲကရွေဇွန်းကိုက်ပြီးမွေးလာတဲ့အပြင် Debut ပြီး 5နှစ်အကြာမှာပဲ ရိပေါ်ရဲ့ကိုယ်ပိုင် ပိုင်ဆိုင်မူက 90 million ထိရှိသည်ဟု နာမည်ကြီးမင်းသား/မင်းသမီးတွေရဲ့ပိုင်ဆိုင်မူအကြောင်း ဖော်ပြတဲ့သတင်းတစ်ခုကနေရှောင်းကျန့်တွေ့ဖူးတယ် ရိပေါ်ကချမ်းသာကြွယ်ဝမူ ‌ရုပ်ရည်ချောမူတို့ဖြင့်အဖက်ဖက်ပြည့်စုံနေပြီး လူးတိုင်းအားကျတဲ့သူမျိုးဆိုပေမယ့် စိတ်က‌တော့မှန်ပုံမရဘူးလို့ရှောင်းကျန့်ကတွေးမိပြီးရယ်လိုက်မိတယ်

အချိန်ခဏကြာ ရှောင်းကျန့်ကအခန်းထဲလှည့်ပတ်ကြည့်နေရင်း တွေးနေတာတွေကိုရပ်တန့်လိုက်ပြီးမနက်ဖြန်အတွက်အကုန်ပြင်ဆင်ပြီးတာနဲ့အခန်းထဲကပြန်ထွက်လာလိုက်တယ်

"မနက်ဖြန်အတွက်ကျွန်တော်အားလုံးစီစဉ်ပြီးသွားပါပြီး ဒီနေ့တော့ကျွန်တော်ကိုခွင့်ပြုပါဦးနော် မနက်ဖြန်မှပဲတရားဝင်အလုပ်စဆင်းပါမယ်နော်"

"အင်း"

"See You ကျန့်ကော"

"See You ချန်းမင်း"

အဝတ်လဲခန်းထဲကထွက်လာပြီးနောက် ရှောင်းကျန့်က ဆံပင်ပုံသွင်းနေဆဲဖြစ်တဲ့ ရိပေါ်နဲ့ချန်းမင်းကိုနုတ်ဆက်လို့ လက်ရှိသူ့ နေနေတဲ့တိုက်ခန်းစီကိုပြန်လာလိုက်တယ် မနက်ဖြန်အလုပ်စဆင်းရမယ်ဆိုတော့ ဒီနေ့ပဲ entertainment ဖက်ကပေးတဲ့အခန်းကိုအပြီးပြောင်းလာဖို့ရှောင်းကျန့်ကစဉ်းစားလိုက်တယ်

~~~~~~~~~~

Entertainmentဖက်ကစီစဉ်ပေးတဲ့အခန်းမှာရှောင်းကျန့်ကပြောင်းမနေချင်ပေမယ့် Entertainmentနဲ့လက်ရှိသူနေတဲ့တိုက်ခန်းနဲ့က အရမ်းကိုမှလှမ်းဝေးတာကြောင့် ရှောင်းကျန့်ကပြောင်းနေဖို့လက်ခံလိုက်ချင်ဖြစ်တယ် တခါတလေရုပ်ရှင်ဇာတ်လမ်းတွဲရိုက်ရတဲ့အခါ ရိပေါ်ရဲ့Scheduleကညနက်တဲ့ထိရှိတက်ပြီး Entertainmentနဲ့သူအခန်းကို အချိန်သုံး၊လေးနာရီပေးပြီးသွားရတာမျိုးကိုရှောင်းကျန့်ကမလုပ်ချင်ဘူး နောက်ပြီးသူ့မှာကိုယ်ပိုင်ကားမရှိသေးဘူး ဝယ်ဖို့အတွက်ကြပြန်တော့လဲသူကားမမောင်းတက်ပြန်ဘူး

ရှောင်းကျန့်က တစ်ခေါက်ထဲနဲ့အခန်းအပြီးပြောင်းဖို့စဉ်းစားလိုက်ပြီးသိမ်းစရာရှိတာတွေကိုတစ်ခါထဲအကုန်သိမ်းဆည်းနေလိုက်တယ် လိုအပ်မဲ့ပစ္စည်းအနည်းကျင်းကိုထုပ်ပိုးပြီးနောက် အခန်းထဲကျန်ရှိနေတဲ့ပစ္စည်းတွေကို‌တော့ရှောင်းကျန့်ကအဖြူရောင်ပိုင်းစအကြီးနဲ့ဖုန်းအုပ်လိုက်ရင်း ‌နားရက်တွေရတဲ့အခါကြရင်တော့ သူတိုက်ခန်းမှပဲပြန်နေမယ်လို့ရှောင်းကျန့်ကစဉ်းစားထားလိုက်တယ် အခန်းထဲရှောင်းကျန့်လည်းအကုန်သိမ်းစီးပြီး ရှောင်းကျန့်ခေါ်ထားတဲ့ပစ္စည်းပြောင်းရွေ့ကားနဲ့အတူ ‌ရှောင်းကျန့်ရဲ့ငယ်သူငယ်ချင်းကျိုးချန်လဲရောက်ရှိလာတယ်

ရှောင်းကျန့်နဲ့အတူကျိုးချန်းကပါ Entertainment ထိလိုက်လာတယ် ရှောင်းကျန့်တို့Entertainment ရှေ့ပြန်ရောက်တော့ ceoလွှတ်ထားတဲ့ဝန်ထမ်းကသူ့ကိုအသင့်စောင့်နေပြီး သူ့နေရမယ်အခန်းကိုလိုက်‌ပို့ပေးတယ်
Entertainment ဖက်ကသူ့အတွက်စီစဥ်ပေးထားတဲ့အခန်းက ရိပေါ်ရဲ့အခန်းနဲ့ကပ်ရပ်ဖြစ်နေမယ်လိုရှောင်းကျန့်ကမထင်ထားမိဘူး သူ့လိုဝန်ထမ်းတစ်ယောက်ကိုသူများနဲ့တန်းတူမထားပဲ ဒီလိုထိပ်တန်း မင်းသား/မင်းသမီး‌တွေပဲနေရတဲ့အခန်းမျိုးမှာထားတာက ရှောင်းမားရဲ့မျက်နှာကြောင့်ဆိုတာကိုရှောင်းကျန့်ကဘောပေါက်လိုက်တယ်

ရှောင်းကျန့်နေရမယ့်အခန်းသစ်မှာရှောင်းကျန့်နဲ့ကျိုးချန်ကပစ္စည်းတွေကိုနေရာတကျသေချာပြင်ဆင်ပြီးနောက် အချိန်အားဖြင့်က ညရှစ်နာရီကျော်နေပြီး ကျိုးချန်ကရှောင်းကျန့်အခန်းမှပဲရေချိုးလိုက်ပြီး နှစ်ယောက်သား Entertainment နဲ့သိပ်မဝေးတဲ့ကမ်းနားတန်းကမုန့်ဈေးဆိုင်တွေဘက်ထွက်လာလိုက်ကြတယ်

ရိပေါ်ပွဲကပြန်ထွက်လာတော့ အချိန်အားဖြင့်က ညဆယ့်တစ်နာရီရှိနေပြီး ဒီနေ့တစ်နေ့လုံးလူရောစိတ်ရောအရမ်းပင်ပန်းထားတာကြောင့် ရိပေါ်ကအခန်းစီမြန်မြန်ပြန်ပြီးသာအနားယူချင်နေပြီးဖြစ်တယ်

ကမ်းနားတမ်းလမ်းကဖြတ်လာစဉ်မီးပွိုင့်မိနေတုန်း ဘာရယ်မဟုတ်ရိပေါ်ကအပြင်ဘက်ကိုလှမ်းကြည့်လိုက်စဉ် ဆိုင်ငယ်လေးတစ်ခုရှေ့ကပွဲစားမှာတစ်ယောက်ျားလေးတစ်ယောက်နဲ့အတူအရက်သောက်နေတဲ့ ရှောင်းကျန့်ကိုရိပေါ်ကတွေ့လိုက်ရပြီး မျက်မှောင်ကြုပ်လိုက်မိတယ် တစ်ဖက်လူ‌ကဘာတွေပြောနေမှန်းမသိပေမယ့် သွားတွေပေါ်တဲ့အထိရယ်နေတဲ့ရှောင်းကျန့်ကိုကြည့်ပြီးရိပေါ်ကအတော်လေစိတ်ရှုပ်ထွေးသွားရတယ် အခုသူမြင်နေရတဲ့ငမူးသမားလေးရှောင်းကျန့်ရဲ့ပုံစံကအရမ်းကိုချစ်စရာကောင်းလွန်းနေတယ်

*ကျစ်!!ဒါတမင်သက်သက်ချစ်စရာကောင်းတဲ့ပုံစံလုပ်ပြီးတဖက်လူကိုမြူ‌ဆွယ်နေတာ သိသာနေတာပဲ ဒီလောက်သောက်ရုံနဲ့ဘယ်ကောင်မှမမူးဘူး သူတို့ကိုအာရုံမစိုက်စမ်းနဲ့ရိပေါ်*

ရိပေါ်ကသူ့အတွေးကိုခါထုပ်လိုက်ရင်းမျက်လုံးစုံမှိတ်လို‌သာနေနေလိုက်တယ် သိပ်မကြာခင်မှပဲရိပေါ်ကသူရဲ့သီးသန့်အခန်းကိုပြန်ရောက်လာတယ် ရိပေါ်ကရေချိုးပြီး အနားယူဖို့ အိပ်ယာပေါ်လှဲလိုက်တာနဲ့ မူးနေတဲ့ရှောင်းကျန့်ရဲ့ပုံရိပ်တွေကအစီအရီသူမျက်လုံးထဲမြင်လာရတယ်

ရှောင်းကျန့်ဘာလုပ်လုပ် ဘယ်သူနဲ့ရှိရှိ ဘယ်သူနဲ့သောက်သောက် ဘာဖြစ်နေနေ သူနဲ့မဆိုင်ဘူးဆိုတာသိပေမယ့် ရိပေါ်ကရှောင်းကျန့်ကိုပဲအာရုံစိုက်နေမိတဲ့သူ့စိတ်ကိုသူနားမလည်နိုင်ဖြစ်နေရတယ် တွေ့ဖူးတာကတစ်ကြိမ်ပဲရှိသေးသလို စကားတောင်ရေပတ်ဝင်အောင်ပြောဖူးသေးတာမဟုတ်တဲ့လူတစ်ယောက်ကို သူဒီလောက်ထိအာရုံစိုက်နေမိတာကမဟုတ်သေးပါဘူး သေချာပါတယ်ရှောင်းကျန့်ကသူကိုပြုစားဖို့ကြိုးစားနေတဲ့စုန်းထီးလေးပဲဖြစ်ရမယ်

အိပ်ယာပေါ်ဟိုလှိမ် ဒီလှိမ်ရင်းမနေနိုင်တော့တဲ့အဆုံး ရိပေါ်က ဦးထုပ်ကိုခပ်ငိုက်ငိုက်ဆောင်းလိုက်ပြီး mask တပ်လို့ အပြင်ဝတ်ကုတ်အရှည်တစ်ထည့်နဲ့ကားသော့ဆွဲပြီး ထွက်လာလိုက်တယ်

ရှောင်းကျန့်ထိုင်နေတဲ့ဆိုင်ငယ်လေးရဲ့မလှမ်းမကမ်းမှာရိပေါ်ကကားရပ်လိုက်ပြီး ရှောင်းကျန့်ကိုငေးကြည့်နေမိတယ်

အဖြူရောင် shirt လက်ရှည်ကို အနက်ရောင် Pant ဘောင်းဘီထဲထည့်ဝတ်ထားတဲ့ပုံစံကစမတ်ကြနေပြီး ရင်ဘက်နားမှာပြုတ်နေတဲ့ကြယ်တီးနှစ်လုံးနဲ့မြင်‌နေရတဲ့ပုံစံကလည်း အရမ်းကိုမှ sexy ကြလွန်းနေပြန်တယ် ရှောင်းကျန့်ကတစ်ချိန်ထဲမှာသူကိုခံစားချက်အမျိုးမျိုးပေးပြီးစွဲဆောင်နေတာကရိပေါ်ကိုနည်းနည်းတော့ခံပြင်းမိစေတယ်

တစ်ဖက်ကလူပြောသမျှကိုရယ်ရင်းနဲ့ခေါင်းတညိမ်ညိမ်လုပ်ပြီးနားထောင်နေတဲ့ ရှောင်းကျန့်ရဲ့ပုံစံလေးက သံပတ်ပေးထားတဲ့အရုပ်လေးတိုင်းပဲ ရိပေါ်ကချစ်စရာအရမ်းကောင်းနေတဲ့ငမူးသမားလေးရှောင်းကျန့်ကို‌မျက်တောင်မခတ်တန်းငေးကြည့်မိနေရင်းမှ သူကိုယ်သူတောင်ပြုံးနေမိလို့ ပြုံးမိနေမှန်းမသိဖြစ်တဲ့အထိပြုံးနေမိတယ်

အချိန်တော်ကြာနောက်ထပ်လူနှစ်ယောက်ကရှောင်းကျန့်တို့အနားရောက်လာပြီး ရှောင်းကျန့်တို့ကိုတွဲခေါ်ပြီးထွက်သွားတော့မှသာ ရိပေါ်ကသူအခန်းစီကိုပြန်လာလိုက်တယ် တစ်လမ်းလုံးလဲသူ့ကိုယ်သူဘာဖြစ်နေလဲဆိုတာကိုရိပေါ်ကတွေးနေမိတယ်

🍀🍀🍀🍀🍀🍀🍀🍀🍀🍀

(Zawgyi)

အမွတ္တမဲ့စိတ္ထဲကေတြးမိလိုက္တဲ့အတိုင္း ေျပာထုပ္လိုက္မိၿပီးမွ ရိေပၚက ရွက္ကိုးရွက္ကန္းျဖစ္သြားရတယ္ ဘယ္လိုလုပ္ၿပီး ဒဲ့ႀကီးေျပာထုပ္လိုက္မိတာလဲမသိဘူး ရွက္လိုေသရခ်ည္ရဲ႕

"ေက်းဇူးတင္ပါတယ္ ရိေပၚလဲအရမ္းကိုမွခန႔္ညားလြန္းတဲ့ေယာက္်ားတစ္ေယာက္ပါပဲ"

"ကိုယ့္ကိုကိုယ္သိတယ္"

"ဟုတ္ပါၿပီး ဒါဆိုရိေပၚအဝတ္စားလဲဖို႔ကြၽန္ေတာ္ကူညီေပးမယ္"

"အင္း"

ကိုယ့္ကိုကိုယ္ ယုံၾကည့္မူရွိလြန္းတဲ့ ရိေပၚကိုၾကည့္ၿပီး ေရွာင္းက်န္႔မွာမရယ္မိေအာင္ထိန္းထားရင္ ရိေပၚကိုအဝတ္စားကူလဲေပးလိုက္တယ္

သူ႔ဝတ္စုံကိုအေသးစိတ္ကအစဂ႐ုတစိုက္ျပင္ေပးေနတဲ့ေရွာင္းက်န္႔ကို ရိေပၚကမ်က္ေတာင္မခတ္တန္းစိုက္ၾကည့္ေနမိတယ္ ေမြးပ်ံလြန္းေနတဲ့ေရွာင္းက်န္႔ရဲ႕ကိုယ္သင္းရနံကိုလဲ ရိေပၚကေလာဘတႀကီး႐ူရႈိက္ေနမိတယ္ ေနာက္ၿပီးသူႏွလုံးသားကလဲအရမ္းကိုအခုန္ျမန္ေနတယ္ မဟုတ္မွလြဲေရာသူ႔ ေရွာင္းက်န႔္ကိုေႂကြသြားတာမ်ားလား

သူ႔လိုထိပ္တန္း super star တစ္ေယာက္က သာမန္ Stylist တစ္ေယာက္ကိုေႂကြသြားတာတဲ့လား မျဖစ္ႏိုင္လိုက္တာ ဒီအေၾကာင္းသာသူ႔ fanေတြသိရင္ ရင္ထုမနာျဖစ္ကုန္ၾကေတာ့မယ္ sexy က်ၿပီးခ်စ္စရာေကာင္းလြန္းတဲ့ ေရွာင္းက်န္႔ကလူမျဖစ္ႏိုင္ဘူး သူ႔ကိုျပဳစားမယ့္စုန္းေလးပဲေနမွာ မျဖစ္ဘူး ဒီ Stylistေကာင္နဲ႔သူေဝးေဝးေနမွာျဖစ္မွာပါ

ရိေပၚကသူအေတြးနဲ႔သူေယာက္ယက္ခတ္သြားရၿပီး အဝတ္လဲအခန္းထဲကေနအျပင္ကိုျပန္ေျပးထြက္လာမိလိုက္တယ္ ဒီေရွာင္းက်န္႔ဆိုတဲ့လူစီကေန သူအျပဳစားခံရလို႔မျဖစ္ဘူး ေခ်ာလွပါတယ္ဆိုတဲ့မင္းသမီးေတြကိုေတာင္ တစ္စကၠန႔္ထက္ပိုမၾကည့္ခဲ့တဲ့သူက သူရဲ႕Stylistဆိုတဲ့လူကိုေႂကြသြားတယ္ဆိုတဲ့သတင္းသာတကယ္ထြက္သြားၾကည့္ သူ fanေတြရင္ကြဲရခ်ည္ရဲ႕ အဲဒီထက္ပိုဆိုးတာက သူ႔ကgayမဟုတ္တဲ့အျပင္ သူ႔ရဲ႕Stylistကလည္းေယာက္်ားေလးတစ္ေယာက္ျဖစ္ေနတာပဲ

႐ုတ္တရက္ႀကီးအျပင္ကိုေျပးထြက္သြားတဲ့ ရိေပၚကိုၾကည့္ၿပီး ေရွာင္းက်န္႔မွာ ေၾကာင္အ ရက္သာအခန္းထဲက်န္ခဲ့ရတယ္ အခုရိေပၚရဲ႕ပုံစံက screen ေပၚမွာျမင္ေတြ႕ရတဲ့ပုံစံနဲ႔လုံးဝတစ္ျခားစီပဲ သူကိုလဲမ်က္ေမွာင္ၾကဳတ္ၿပီးစိုက္ၾကည့္ေနလိုက္တာမ်ား ေက်ာ႐ိုးပါခ်မ္းတယ္ ဒီပုံစံအတိုင္းသာဆို entertainmentနဲ႔ 5ႏွစ္စာ စာခ်ဳပ္ ခ်ဳပ္လိုက္မိတာ ေရွာင္းက်န႔္တို႔မွားၿပီးထင္တယ္ ေရွာင္းက်န္႔ကႏွာေခါင္းရႈံ႕လိုက္ရင္းမနက္ျဖန္ ရိေပၚ Vlog အတြက္ဝတ္ရမယ္ အဝတ္အစား အသုံးေဆာင္ပစၥည္းေတြကိုတစ္ခါထဲျပင္ဆင္ထားလိုက္ဖို႔စဥ္းစားလိုက္တယ္

နံကပ္အဝတ္ဘီဒိုေတြကိုတစ္ခုခ်င္းေသခ်ာလိုက္ၾကည့္မိလိုက္ေတာ့ အက်ႌဆိုရင္လဲ suits,Long coats, T-shirt, Jacket, Hoodie သူအမ်ိဳးစားနဲ႔‌သူေနရာအလိုက္စနစ္တက်ထားထားၿပီး ေဘာင္းဘီဆိုရင္လဲ အတို အရွည္ခြဲထားတဲ့အျပင္ အမ်ိဳးစားအလိုက္သူေနရာနဲ႔သူစနစ္တက်ထားထာတာကိုေတြ႕လိုက္ရေတာ့ ေရွာင္းက်န္႔ကၿပဳံးမိသြားတယ္ ရိေပၚကလူပုံစံကသာအခ်ိဳးမေျပတာ စည္းကမ္းေတာ့ရွိသားပဲ

Necktie ေတြကိုလည္း သူအေရာင္နဲ႔သူအစဥ္လိုက္ ေလးေထာင့္ခြက္ေလးေတြထဲတစ္ခုခ်င္းထည့္ထားၿပီး ခါးပတ္ေတြကိုလဲ သူတံဆိတ္နဲ႔သူထိုအတိုင္းပဲ Accessories ေတြဆိုရင္လည္း Accessories ခ်ည္းသီးသန႔္ထည့္လို႔ရတဲ့အံဆြဲထဲေနရာတက်ရယ္ Rolex Brand နာရီေတြဆိုမွာလည္းအလုံးေပါင္းတစ္ရာေက်ာ္ရွိၿပီး အမ်ိဳးစားလိုက္အံဆြဲထဲခြဲထည့္ထားတာျဖစ္တယ္ အခန္းထဲေသခ်ာပတ္ၾကည့္ၿပီးေနာက္ ေရွာင္းက်န္႔သိလိုက္ရတာက ရိေပၚက ေခါင္းစေျခဆုံး Louis Vuitton , GUCCI , CHANEL , MAZE , PRADA အစရွိတဲ့မ်ိဳးစုံေသာတံဆိတ္ေတြကိုသာသုံးတယ္ဆိုတာပဲ ရိေပၚဒီေလာက္ထိသုံးျဖဳန္းႏိုင္တာကလဲမစမ္းပါဘူး ေမြးထဲကေ႐ြဇြန္းကိုက္ၿပီးေမြးလာတဲ့အျပင္ Debut ၿပီး 5ႏွစ္အၾကာမွာပဲ ရိေပၚရဲ႕ကိုယ္ပိုင္ ပိုင္ဆိုင္မူက 90 million ထိရွိသည္ဟု နာမည္ႀကီးမင္းသား/မင္းသမီးေတြရဲ႕ပိုင္ဆိုင္မူအေၾကာင္း ေဖာ္ျပတဲ့သတင္းတစ္ခုကေနေရွာင္းက်န္႔ေတြ႕ဖူးတယ္ ရိေပၚကခ်မ္းသာႂကြယ္ဝမူ ‌႐ုပ္ရည္ေခ်ာမူတို႔ျဖင့္အဖက္ဖက္ျပည့္စုံေနၿပီး လူးတိုင္းအားက်တဲ့သူမ်ိဳးဆိုေပမယ့္ စိတ္က‌ေတာ့မွန္ပုံမရဘူးလို႔ေရွာင္းက်န္႔ကေတြးမိၿပီးရယ္လိုက္မိတယ္

အခ်ိန္ခဏၾကာ ေရွာင္းက်န္႔ကအခန္းထဲလွည့္ပတ္ၾကည့္ေနရင္း ေတြးေနတာေတြကိုရပ္တန႔္လိုက္ၿပီးမနက္ျဖန္အတြက္အကုန္ျပင္ဆင္ၿပီးတာနဲ႔အခန္းထဲကျပန္ထြက္လာလိုက္တယ္

"မနက္ျဖန္အတြက္ကြၽန္ေတာ္အားလုံးစီစဥ္ၿပီးသြားပါၿပီး ဒီေန႔ေတာ့ကြၽန္ေတာ္ကိုခြင့္ျပဳပါဦးေနာ္ မနက္ျဖန္မွပဲတရားဝင္အလုပ္စဆင္းပါမယ္ေနာ္"

"အင္း"

"See You က်န႔္ေကာ"

"See You ခ်န္းမင္း"

အဝတ္လဲခန္းထဲကထြက္လာၿပီးေနာက္ ေရွာင္းက်န္႔က ဆံပင္ပုံသြင္းေနဆဲျဖစ္တဲ့ ရိေပၚနဲ႔ခ်န္းမင္းကိုႏုတ္ဆက္လို႔ လက္ရွိသူ႔ ေနေနတဲ့တိုက္ခန္းစီကိုျပန္လာလိုက္တယ္ မနက္ျဖန္အလုပ္စဆင္းရမယ္ဆိုေတာ့ ဒီေန႔ပဲ entertainment ဖက္ကေပးတဲ့အခန္းကိုအၿပီးေျပာင္းလာဖို႔ေရွာင္းက်န႔္ကစဥ္းစားလိုက္တယ္

~~~~~~~~~~

Entertainmentဖက္ကစီစဥ္ေပးတဲ့အခန္းမွာေရွာင္းက်န႔္ကေျပာင္းမေနခ်င္ေပမယ့္ Entertainmentနဲ႔လက္ရွိသူေနတဲ့တိုက္ခန္းနဲ႔က အရမ္းကိုမွလွမ္းေဝးတာေၾကာင့္ ေရွာင္းက်န႔္ကေျပာင္းေနဖို႔လက္ခံလိုက္ခ်င္ျဖစ္တယ္ တခါတေလ႐ုပ္ရွင္ဇာတ္လမ္းတြဲ႐ိုက္ရတဲ့အခါ ရိေပၚရဲ႕Scheduleကညနက္တဲ့ထိရွိတက္ၿပီး Entertainmentနဲ႔သူအခန္းကို အခ်ိန္သုံး၊ေလးနာရီေပးၿပီးသြားရတာမ်ိဳးကိုေရွာင္းက်န႔္ကမလုပ္ခ်င္ဘူး ေနာက္ၿပီးသူ႔မွာကိုယ္ပိုင္ကားမရွိေသးဘူး ဝယ္ဖို႔အတြက္ၾကျပန္ေတာ့လဲသူကားမေမာင္းတက္ျပန္ဘူး

ေရွာင္းက်န႔္က တစ္ေခါက္ထဲနဲ႔အခန္းအၿပီးေျပာင္းဖို႔စဥ္းစားလိုက္ၿပီးသိမ္းစရာရွိတာေတြကိုတစ္ခါထဲအကုန္သိမ္းဆည္းေနလိုက္တယ္ လိုအပ္မဲ့ပစၥည္းအနည္းက်င္းကိုထုပ္ပိုးၿပီးေနာက္ အခန္းထဲက်န္ရွိေနတဲ့ပစၥည္းေတြကို‌ေတာ့ေရွာင္းက်န႔္ကအျဖဴေရာင္ပိုင္းစအႀကီးနဲ႔ဖုန္းအုပ္လိုက္ရင္း ‌နားရက္ေတြရတဲ့အခါၾကရင္ေတာ့ သူတိုက္ခန္းမွပဲျပန္ေနမယ္လို႔ေရွာင္းက်န႔္ကစဥ္းစားထားလိုက္တယ္ အခန္းထဲေရွာင္းက်န္႔လည္းအကုန္သိမ္းစီးၿပီး ေရွာင္းက်န႔္ေခၚထားတဲ့ပစၥည္းေျပာင္းေ႐ြ႕ကားနဲ႔အတူ ‌ေရွာင္းက်န႔္ရဲ႕ငယ္သူငယ္ခ်င္းက်ိဳးခ်န္လဲေရာက္ရွိလာတယ္

ေရွာင္းက်န္႔နဲ႔အတူက်ိဳးခ်န္းကပါ Entertainment ထိလိုက္လာတယ္ ေရွာင္းက်န႔္တို႔Entertainment ေရွ႕ျပန္ေရာက္ေတာ့ ceoလႊတ္ထားတဲ့ဝန္ထမ္းကသူ႔ကိုအသင့္ေစာင့္ေနၿပီး သူ႔ေနရမယ္အခန္းကိုလိုက္‌ပို႔ေပးတယ္
Entertainment ဖက္ကသူ႔အတြက္စီစဥ္ေပးထားတဲ့အခန္းက ရိေပၚရဲ႕အခန္းနဲ႔ကပ္ရပ္ျဖစ္ေနမယ္လိုေရွာင္းက်န႔္ကမထင္ထားမိဘူး သူ႔လိုဝန္ထမ္းတစ္ေယာက္ကိုသူမ်ားနဲ႔တန္းတူမထားပဲ ဒီလိုထိပ္တန္း မင္းသား/မင္းသမီး‌ေတြပဲေနရတဲ့အခန္းမ်ိဳးမွာထားတာက ေရွာင္းမားရဲ႕မ်က္ႏွာေၾကာင့္ဆိုတာကိုေရွာင္းက်န္႔ကေဘာေပါက္လိုက္တယ္

ေရွာင္းက်န႔္ေနရမယ့္အခန္းသစ္မွာေရွာင္းက်န႔္နဲ႔က်ိဳးခ်န္ကပစၥည္းေတြကိုေနရာတက်ေသခ်ာျပင္ဆင္ၿပီးေနာက္ အခ်ိန္အားျဖင့္က ညရွစ္နာရီေက်ာ္ေနၿပီး က်ိဳးခ်န္ကေရွာင္းက်န႔္အခန္းမွပဲေရခ်ိဳးလိုက္ၿပီး ႏွစ္ေယာက္သား Entertainment နဲ႔သိပ္မေဝးတဲ့ကမ္းနားတန္းကမုန႔္ေဈးဆိုင္ေတြဘက္ထြက္လာလိုက္ၾကတယ္

ရိေပၚပြဲကျပန္ထြက္လာေတာ့ အခ်ိန္အားျဖင့္က ညဆယ့္တစ္နာရီရွိေနၿပီး ဒီေန႔တစ္ေန႔လုံးလူေရာစိတ္ေရာအရမ္းပင္ပန္းထားတာေၾကာင့္ ရိေပၚကအခန္းစီျမန္ျမန္ျပန္ၿပီးသာအနားယူခ်င္ေနၿပီးျဖစ္တယ္

ကမ္းနားတမ္းလမ္းကျဖတ္လာစဥ္မီးပြိဳင့္မိေနတုန္း ဘာရယ္မဟုတ္ရိေပၚကအျပင္ဘက္ကိုလွမ္းၾကည့္လိုက္စဥ္ ဆိုင္ငယ္ေလးတစ္ခုေရွ႕ကပြဲစားမွာတစ္ေယာက္်ားေလးတစ္ေယာက္နဲ႔အတူအရက္ေသာက္ေနတဲ့ ေရွာင္းက်န႔္ကိုရိေပၚကေတြ႕လိုက္ရၿပီး မ်က္ေမွာင္ၾကဳပ္လိုက္မိတယ္ တစ္ဖက္လူ‌ကဘာေတြေျပာေနမွန္းမသိေပမယ့္ သြားေတြေပၚတဲ့အထိရယ္ေနတဲ့ေရွာင္းက်န႔္ကိုၾကည့္ၿပီးရိေပၚကအေတာ္ေလစိတ္ရႈပ္ေထြးသြားရတယ္ အခုသူျမင္ေနရတဲ့ငမူးသမားေလးေရွာင္းက်န႔္ရဲ႕ပုံစံကအရမ္းကိုခ်စ္စရာေကာင္းလြန္းေနတယ္

*က်စ္!!ဒါတမင္သက္သက္ခ်စ္စရာေကာင္းတဲ့ပုံစံလုပ္ၿပီးတဖက္လူကိုျမဴ‌ဆြယ္ေနတာ သိသာေနတာပဲ ဒီေလာက္ေသာက္႐ုံနဲ႔ဘယ္ေကာင္မွမမူးဘူး သူတို႔ကိုအာ႐ုံမစိုက္စမ္းနဲ႔ရိေပၚ*

ရိေပၚကသူ႔အေတြးကိုခါထုပ္လိုက္ရင္းမ်က္လုံးစုံမွိတ္လို‌သာေနေနလိုက္တယ္ သိပ္မၾကာခင္မွပဲရိေပၚကသူရဲ႕သီးသန႔္အခန္းကိုျပန္ေရာက္လာတယ္ ရိေပၚကေရခ်ိဳးၿပီး အနားယူဖို႔ အိပ္ယာေပၚလွဲလိုက္တာနဲ႔ မူးေနတဲ့ေရွာင္းက်န႔္ရဲ႕ပုံရိပ္ေတြကအစီအရီသူမ်က္လုံးထဲျမင္လာရတယ္

ေရွာင္းက်န႔္ဘာလုပ္လုပ္ ဘယ္သူနဲ႔ရွိရွိ ဘယ္သူနဲ႔ေသာက္ေသာက္ ဘာျဖစ္ေနေန သူနဲ႔မဆိုင္ဘူးဆိုတာသိေပမယ့္ ရိေပၚကေရွာင္းက်န႔္ကိုပဲအာ႐ုံစိုက္ေနမိတဲ့သူ႔စိတ္ကိုသူနားမလည္ႏိုင္ျဖစ္ေနရတယ္ ေတြ႕ဖူးတာကတစ္ႀကိမ္ပဲရွိေသးသလို စကားေတာင္ေရပတ္ဝင္ေအာင္ေျပာဖူးေသးတာမဟုတ္တဲ့လူတစ္ေယာက္ကို သူဒီေလာက္ထိအာ႐ုံစိုက္ေနမိတာကမဟုတ္ေသးပါဘူး ေသခ်ာပါတယ္ေရွာင္းက်န႔္ကသူကိုျပဳစားဖို႔ႀကိဳးစားေနတဲ့စုန္းထီးေလးပဲျဖစ္ရမယ္

အိပ္ယာေပၚဟိုလွိမ္ ဒီလွိမ္ရင္းမေနႏိုင္ေတာ့တဲ့အဆုံး ရိေပၚက ဦးထုပ္ကိုခပ္ငိုက္ငိုက္ေဆာင္းလိုက္ၿပီး mask တပ္လို႔ အျပင္ဝတ္ကုတ္အရွည္တစ္ထည့္နဲ႔ကားေသာ့ဆြဲၿပီး ထြက္လာလိုက္တယ္

ေရွာင္းက်န႔္ထိုင္ေနတဲ့ဆိုင္ငယ္ေလးရဲ႕မလွမ္းမကမ္းမွာရိေပၚကကားရပ္လိုက္ၿပီး ေရွာင္းက်န႔္ကိုေငးၾကည့္ေနမိတယ္

အျဖဴေရာင္ shirt လက္ရွည္ကို အနက္ေရာင္ Pant ေဘာင္းဘီထဲထည့္ဝတ္ထားတဲ့ပုံစံကစမတ္ၾကေနၿပီး ရင္ဘက္နားမွာျပဳတ္ေနတဲ့ၾကယ္တီးႏွစ္လုံးနဲ႔ျမင္‌ေနရတဲ့ပုံစံကလည္း အရမ္းကိုမွ sexy ၾကလြန္းေနျပန္တယ္ ေရွာင္းက်န႔္ကတစ္ခ်ိန္ထဲမွာသူကိုခံစားခ်က္အမ်ိဳးမ်ိဳးေပးၿပီးစြဲေဆာင္ေနတာကရိေပၚကိုနည္းနည္းေတာ့ခံျပင္းမိေစတယ္

တစ္ဖက္ကလူေျပာသမွ်ကိုရယ္ရင္းနဲ႔ေခါင္းတညိမ္ညိမ္လုပ္ၿပီးနားေထာင္ေနတဲ့ ေရွာင္းက်န္႔ရဲ႕ပုံစံေလးက သံပတ္ေပးထားတဲ့အ႐ုပ္ေလးတိုင္းပဲ ရိေပၚကခ်စ္စရာအရမ္းေကာင္းေနတဲ့ငမူးသမားေလးေရွာင္းက်န႔္ကို‌မ်က္ေတာင္မခတ္တန္းေငးၾကည့္မိေနရင္းမွ သူကိုယ္သူေတာင္ၿပဳံးေနမိလို႔ ၿပဳံးမိေနမွန္းမသိျဖစ္တဲ့အထိၿပဳံးေနမိတယ္

အခ်ိန္ေတာ္ၾကာေနာက္ထပ္လူႏွစ္ေယာက္ကေရွာင္းက်န႔္တို႔အနားေရာက္လာၿပီး ေရွာင္းက်န႔္တို႔ကိုတြဲေခၚၿပီးထြက္သြားေတာ့မွသာ ရိေပၚကသူအခန္းစီကိုျပန္လာလိုက္တယ္ တစ္လမ္းလုံးလဲသူ႔ကိုယ္သူဘာျဖစ္ေနလဲဆိုတာကိုရိေပၚကေတြးေနမိတယ္

Continue Reading

You'll Also Like

4.1M 170K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
229K 3.9K 78
Jiang Nuan, a charming girl from a rich family, was horrified to find that she had transmigrated into a book called "Rebirth of the Army Wife's Count...
1.4M 35.5K 47
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
1.6M 139K 46
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...