"ကျောင်းမှာ မနက်ဖန် ဘောကန်ပွဲရှိလို့...အဲ့ဒါကျွန်တော် သွားချင်လို့..."
ရတု မော်ကွန်းမျက်နှာကို မကြည့်ရဲ။ တစ်ခုခုလုပ်ဖို့ ခွင့်ေတာင်းတိုင်းတဲ့အချိန်ဆို ရတု အရစ်ခံရတာများသည်။
"မသွားရဘူး မောင်... မင်းအခြားကောင်တွေကိုကြည့်ရင် မကြိုက်ဘူး. .."
"ကျွန်တော် ဘောလုံးပွဲကြည့်ရတာ ကြိုက်တယ်ဆိုတာ အကိုလဲသိသားနဲ့ ကျွန်တော့သူငယ်ချင်းတွေကန်မှာ အားပေးရမှာ ဒီတစ်ခေါက်တော့ ကျွန်တော်တကယ်သွားချင်တယ်..."
"ဟော...မင်းယောကျာ်းထက်အရေးကြီးလား အဲ့ဘောပွဲက..."
"ကျစ်!*"
ရတု လက်ထဲက လွယ်အိတ်ကို ခုံပေါ်သို့ ဘုန်းခနဲ ပစ်ချလိုက်တော့သည်။
"စိတ်မဆိုးပါနဲ့...အကိုကစိတ်မချလို့.."
"ဖယ်.."
ရတု ခါးသို့ဖက်လာသော လက်များကို တွန်းထုတ်လိုက်သည်။
"သွားချင်ရင်လည်း သွားပါ...နောက်တော့မကျနဲ့...ဟုတ်ပြီလား..."
ရတု မယုံကြည်နိုင်စွာ အကို့မျက်နှာကိုထပ်ကြည့်မိလိုက်သည်။
"သွားပါ ... သွားပါ... အကိုလဲ မနက်ဖန်သွားစရာရှိတယ်..."
ရတု အခုမှပဲ နေလို့ကောင်းသွားလေတော့သည်။ သူငယ်ချင်းတွေပွဲမို့ မကြည့်လိုက်ရလျှင် အကို့ကိုစိတ်ခုနေရဦးမည်။
"အင်း... ကျွန်တော် စောစောပြန်ခဲ့မယ်.. "
"ကိုယ့်ယောကျာ်း ဘယ်သွားမလဲမမေးတော့ဘူးလား"
ရတုကို မေးငေါ့ကာပြောလာသောစကားမှာ ၁၆နှစ်သားလေးလိုပင်။
"ဘယ်သွားမှာလဲ..."
"တော်ပါပြီကွာ ..မောင်...မင်း...သွေးအေးနေပြီလား...အကို့ကို..."
စလာပါပြီ။ အကိုပြောနေကျ ထေ့ငေါ့သောစကားတွေ။ ရတုထပ်မကြားချင်တော့ပါ။
"အကို အလုပ်ကိစ္စနဲ့ပဲ သိလို့မမေးတာပါ...ကျွန်တော် ပင်ပန်းလာလို့ အပေါ်တက်တော့မယ်..."
"နေဦး...မင်းအမ မနက်ကဖုန်းဆက်တယ်...မင်းကို အိမ်ပြန်လာဖို့တဲ့..."
ရတု အိမ်ကိုမပြန်တာလပိုင်းပင်ရှိတော့မည်။
"အကို ဘာပြောလိုက်လဲ..."
"မအားဘူးပြောလိုက်တယိ...ဖြစ်နိုင်ရင်မင်း အမကို စကားတောင်ပြောချင်တာမဟုတ်ဘူး... လာတောင်မပတ်သက်စေချင်ဘူး..."
ရတု သူ့အမကို အဲ့လိုပြောတော့မခံချင်ပါ။ လောကမှာ ဘယ်သူကမှလဲ ကိုယ့်မိသားစုကို ထိခိုက်ရင်မကြိုက်ဘူးမလား။ အကို့စိတ်ကိုတစ်ခါတလေတော့နားမလည်။ ဓာတ်ပြားဟောင်းပြန်ပြန်ဖွင့်သလိုပင်။
"ကျွန့်တော့်အမလေ ဘယ်လိုဖြစ်ဖြစ်အကိုမပတ်သက်ချင်ရင်တောင် ကျွန်တာ်ကတော့ ပတ်သက်နေရမှာပဲ..."
ဒီနေ့တော့ နှစ်ယောက်လုံးအတွက် ပြဿဒါးလားတော့မသိ။ အခြေအတင်ဖြစ်ဖို့ကိုပင် ဦးတည်နေမိသည်။
"ငါမပတ်သက်စေချင်ရင် မင်းရှောင်လေ...ငါမသိဘူးမထင်နဲ့ မင်းအမနဲ့မင်းဒီကြားထဲ တွေ့သေးတယ်ဆိုတာ... မင်းအမလုပ်ရပ်တွေကို မင်းမသိဘူးလား..."
"ခင်ဗျားနဲ့မဆိုင်ဘူး..."
ရတု ဒေါသထွက်နေတာကြောင့်ပင် စကားအသုံးအနှုန်းများလဲ ဂရုမစိုက်နိုင်တော့။
"ဟက်! လာမဆွနဲ့နော် မောင်...မင်း မနက်ဖန် ဘောပွဲပါမသွားရဘဲနေလိမ့်မယ်..."
ထို့နောက် ရတုကိုပြောကာ အိမ်ပေါ်ထပ်သို့ တက်သွားလေသည်။
ရတုမှာတော့ အခဲမကျေနိုင်။ အရာရာတိုင်းမှာ အကိုကပဲ ချုပ်ကိုင်နေတော့ အချိန်ကြာလာသည်နှင့်အမျှ စက်ရုပ်နှင့်တူလာတော့သည်။
မိသားစုရေးတွေထိပါ အကိုက ဝင်ရောက်စွက်ဖက်နေသောကြောင့် ရတုစိတ်ပျက်မိသည်။
သူရွေးချယ်ခဲ့တဲ့လမ်းကမှားနေခဲ့တာများလား။ အကို့ကိုချစ်တဲ့စိတ်ကကြောင့် အရာရာသည်းခံနေပေမယ့်လည်း ရတု ထိုအခြေအနေမျိုးကြီးနဲ့မနေချင်တော့ပါ။
သက်ပြင်းရှည်တခုကိုပင်ချမိသည်အထိ စိတ်အာရုံတို့ ထွေးပြားလှပါ၏။
#####
"တင်!*"
Message ဝင်လာတဲ့အသံကြားတော့ ရတု ဖုန်းကိုကောက်ကိုင်လိုက်သည်။ အချိန်အားဖြင့် ည၁၀နာရီခွဲ။
*Hello !! Do U Know Me*
Contact listထဲမရှိတဲ့သူရဲ့ ဖုန်းနံပါတ်ကြောင့် ရတု blockလိုက်တော့သည်။ အရင်ကလဲ သူ့ကိုစာပို့တဲ့သူတွေရှိပေမယ့် ရတု blockသည်အထိတော့မလုပ်ဖြစ်။ အခုက အကိုရှိနေတာကြောင့် မြင်သွားလျှင်လည်း မကောင်းဖြစ်မည်။
လက်ထဲက ဖုန်းကိုခုံပေါ်သို့ပြန်တင်လိုက်ပြီး ရတု ကုတင်ပေါ်တွင် နေရာပြန်ယူလိုက်သည်။
ညဘက်တွေဆို ရတုကစောစောအိပ်တတ်သူမို့ ၁၀နာရီဘောက်ဆို အိပ်တာများသည်။ အကိုကတော့အလုပ်ရှိတာကြောင့် အခုထိ အခန်းထဲသို့ဝင်မလာသေးချေ။ နေ့လည်က စကားများထားတာကြောင့်လည်းပါလိမ့်မည်။
*Ringtone*****
"ဘယ်သူလဲ..."
ရတု ဖုန်းကိုကောက်ကိုင်လိုက်တော့ ခုဏသူblockထားတဲ့နံပါတ်။
"မသိဘူး..."
ရတု ထင်တော့ထင်ပါသည်။ အကိုရှိတဲ့အချိန်ဖြစ်တော့မည်ဆိုတာကိုပင်။
"ကိုင်လိုက်"
အကိုပြောတဲ့ အမိန့်အသံကြောင့် ရတုခြေဖျားများပင်အေးလာတော့သည်။ သူလဲ ဘားမှ မလုပ်ထားပါလျက်နှင့် အကိုအထင်လွဲမည်ကိုကြောက်ရပါသည်။
*အင့်..*
ဖုန်းringtoneသံ မပြီးခင်မှာပဲ သူ့လက်ထဲက ဖုနကို အကိုကဆွဲယူသွားချေပြီ။
"ဟယ်လို..... ရတုသက်ေမာင်လား..."
ချွဲပြစ်ပြစ်အသံနှင့်ပြောလာသော တစ်ဖက်ဖုန်းထဲက မိန်းကလေးအသံကို ရတုတခါမျှပင်မကြားဖူးပါ။
ရတု အကို့မျက်နှာကိုပင်စိုးရိမ်တကြီးကြည်ြနေမိတော့သည်။
"ဘယ်ကလဲ"
တစ်ဖက်ဖုန်းထဲက မိန်းကလေးအသံကတိတ်သွားတော့သည်။ အကိုကအသံခပ်ပျက်ပျက်နှင့် ပြောလိုက်တာကြောင့် ကြောင်သွားသည်ထင်ပါသည်။
"အခုပြောနေတာ ရတုသက်မောင်မဟုတ်ဘူးလား..."
"သူ့လင်...ဘာပြောမလဲ...ပြော..."
ထို့နောက် ထိုမိန်းကလေးမှ ဖုန်းချသွားလေပြီ။
ရတု မျက်နှာများပင်ပူလှပါသည်။ ကျောင်းကတစ်ယောက်ယောက်ဖြစ်နေလျှင် ဆိုသည့်အတွေးက ခေါင်းထဲသို့ရောက်လာလေ၏။
"မင်း အရှုပ်တွေလုပ်ထားတာလား...ဟမ်..."
ရတု ဒီညတော့ အေးဆေး နေလို့မရတော့မှန်းသိလိုက်ပါပြီ။
"ကျွန်တော်...မသိဘူး..."
တကယ်လည်း သူမသိပါ။
"မင်းမသိပဲ မင်းနံပါတ်ဘယ်လိုသိလဲ...ကျောင်းတက်တာတောင်ဘယ်လောက်မှမရှိသေးဘူး...အရှုပ်တွေစလာပြီ..."
*ဖျောင်း!!!*
နံရံသို့ ဖုန်းလေးဟာ လွင့်စင်လျက် မြေပြင်ပေါ်သို့တစ်စဆီ ပြုတ်ကျသွားတော့သည်။
ရတုဘားမှလဲ ပြန်မပြောနိုင်တော့ဘဲ သူ့ဖုန်းလေးကိုသာ စိုက်ကြည့်နေမိသည်။
အကိုဒေါသွက်လျှင် သူကြောက်သည်။
*တောက်!!!*
"ငါ ဒေါသမထွက်ချင်ပဲ ထွက်ရပြန်ပြီ..မင်းဖုန်း မကိုင်နဲ့တော့ ရတု...ငါပြောတာကိုပြောတဲ့တိုင်းလုပ်...မဟုတ်ရင် မင်းကိုလာပတ်သက်တဲ့သူတွေကို ငါသတ်ပစ်မှာနော်..."
အကို့စကားလုံးများက မယုံကြည်နိုင်စွာ။ အရူးတစ်ယောက်လိုပင်။ ရတု မျက်ရည်များဝဲတက်လာတော့သည်။ သူကိုယ်တိုင်ဘားမှမလုပ်ထားသည့်အမှားအတွက် သူဖြေရှင်းချင်မပေးချင်ပါ။ အရင်တုန်းကအကိုပုံစံကို ရတု မမြင်ရတော့။
"ဒါနောက်ဆုံးဖြစ်ပါစေ..မင်း...သတိထားနေ..."
တံခါးကိုပင် ဝုန်းခနဲစွဲပိတ်ပြီး ထွက်သွားသော အကို့ပုံရိပ်က ရတုတွက် ဒဏ်ရာဒဏ်ချက်တစ်ခုလိုပင်။....