အစားထိုးခံ အမျိုးသမီး အတွင်းရ...

By NyeinHlaingZin123

13K 1.2K 25

တစ်လ ၆ ပိုင်း။ Unicode Only Name - Suprise Resignation of Female Substitute Secretary Type - web novel Genre... More

Description
1
Paid Gp
2
3
4
5
6
8
9
10
11
12
13
14
15
16
17
18
19
20

7

547 70 3
By NyeinHlaingZin123

Unicode

အစားထိုးခံ အမျိုးသမီး အတွင်းရေးမှူး

အပိုင်း ၇


မှန်နံရံအပြင်ဘက်တွင် စူးထောင်သည် ယောကျာ်းလေး၊မိန်းကလေး လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ပြန်လာခဲ့သည်။

ထိုသူများက စူးထောင်၏ အလုပ်ခုံတွင် ပတ်ပတ်လည်စုဝိုင်းနေကြကာ ဘာတွေများဆွေးနွေးနေကြမှန်းမသိ တစ်ခါတရံ လေးလေးနက်နက်ဖြစ်နေပြီး တစ်ခါတရံတွင် ရယ်မောနေကြ၏။

'အမြဲတမ်းလိုလို တိတ်တိတ်ဆိတ်ဆိတ် နေတတ်တဲ့ ကလေးမလေးက အခုဆိုသူမရဲ့ဝှေ့ယမ်းနေတဲ့ လက်ချောင်းလေးကတောင် တောက်ပလို့နေပြီ။'

'သူမကို လွှတ်ထားသရွေ့တော့ လူတိုင်းက သူမရဲ့အလှကိုသတိပြုမိလာမယ်ဆိုတာ သူသိပါတယ်။'

စူးထောင်သည် အလုပ်ပြီးသွားသည်နှင့် ရေငတ်သလို ခံစားလိုက်ရ၏။ နောက်ဆုံးသော လုပ်ဖော်ကိုင်ဖက်လည်း ထွက်သွားနှင့်နေပြီ။ ရေဖန်ခွက်ကို ကောက်ကိုင်လိုက်သော်လည်း အထဲတွင်ဗလာဖြစ်နေသည်။

စားပွဲပေါ်တွင် အနက်ရောင်ခွက်တစ်ခွက်ပေါ်လာပြီး အငွေ့တထောင်းထောင်းထနေ၏။ စူးထောင်မော့ကြည့်လိုက်သောအခါတွင် ရှဲ့ကျင်၏ နက်နဲသောအကြည့်နှင့် ဆုံသွားသည်။

"နှစ်လယ်အစည်းအဝေးပွဲကို မင်းတက်စရာမလိုတော့ဘူး။"

ထိုစကားတစ်ခွန်းက စူးထောင်၏အသစ်စက်စက် ရည်မှန်းချက်ကို ရေအေးအေးနဲ့ လောင်းချလိုက်သလိုပင်။

   "ဘာလို့လဲ။"

ရှဲ့ကျင်သည် သူမကို တစ်ချက်ကြည့်လိုက်ပြီး ဘာတစ်ခွန်းမှမပြောဘဲ ရုံးခန်းဘက်သို့ ပြန်လှည့်သွား၏။

' မေးခွန်းထုတ်ခံရတာကို သူသဘောမကျပေ။ သူမရဲ့ "ဘာလို့လဲ"ဆိုတဲ့ ရှိးရိုးရှင်းရှင်း မေးခွန်းလေးတစ်ကြောင်းကတောင် သူ့ရဲ့အောက်ထစ်စည်းကို ထိမိနေပြီ။  တခြားသူတစ်ယောက်သာ ဖြစ်ခဲ့ရင် ဒီအချိန်မှာ အထုတ်အပိုးတွေထုတ်ပြီး ကုမ္ပဏီကနေ ထွက်သွားရမှာ။'

'အရင်တုန်းကဆို သူဘာပဲပြော‌ပြော စူးထောင်အကုန်နာခံပေးတယ်။ အခုအချိန်မှာ သူမက သူ့အတွက်နဲ့အရာအားလုံးကို အလျှော့ပေးမယ့် ရှောင်ထောင်လေးလို့ ထင်နေတုန်းပဲလား။'

'နောက်ပြီး သူမအချိန်ပိုဆိုင်းတွေဘယ်လောက်တောင် ဆင်းခဲ့ရသလဲ။ အချက်အလက်တွေ ဘယ်လိုတောင် စစ်ဆေးခဲ့ရသလဲ။ ဒီအခမ်းအနားပွဲအတွက် ဘယ်လောက်တောင် အားစိုက်ထုတ်ခဲ့ရသလဲ။'

ဒါတောင် ဒီငတုံးမက သူ့အတွက် နောက်ဆုံးတာဝန်ကို ထမ်းဆောင်သွားပေးဦးမယ်လို့ တွေးနေသေးတယ်။'

ဥက္ကဌ၏ရုံး‌နေရာတွင် ဖုန်းမြည်လာပြီး ချိန်ရှုးနှင့်ထျန်ရင်ရင်တို့က ရှဲ့ကျင်၏ရုံးခန်းဆီသို့ ဆင့်ခေါ်ခံလိုက်ရ၏။

ဘယ်လောက်မျှပင်မကြာလိုက်ဘဲ ရုံးခန်းကထွက်လာသည်နှင့်တပြိုင်နက် သူမဆီက အခမ်းအနားပွဲအတွက် အချက်အလက်နဲ့ စာရွက်စာတမ်းတွေ တောင်းတော့သည်။

စူးထောင်သည် မျက်လုံးတွေကို မှိတ်လိုက်ပြီး တတ်နိုင်သမျှ တည်ငြိမ်အောင်လုပ်ကာ ခပ်တိုးတိုးလေးပြောလိုက်၏ "ငါ့စားပွဲကို မထိနဲ့။"

ထို့နောက် ရှဲ့ကျင်၏ အနက်ရောင်ခွက်နှင့်အတူ သူ့ရုံးခန်းထဲသို့ ခပ်မြန်မြန်ဝင်သွားတော့သည်။

'ချိန်ရှုးနှင့် ထျန်ရင်ရင်တို့က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ စူးထောင်ရဲ့ခဏတုန်းက ပုံစံ ကြောက်စရာကောင်းသည်ဟု ခံစားလိုက်ရ၏။'

“ဘန်း” ဟူသောအသံနှင့်အတူ ခွက်ကို စားပွဲခုံပေါ်စောင့်ချလိုက်သဖြင့် ရေအနည်းငယ် ဖိတ်စင်သွား‌တော့သည်။

"ဘာလို့  ဒီအခမ်းအနားပွဲအတွက် ကျွန်မကို တာဝန်ခံခွင့် မပေးတာလဲ။ ကျွန်မ ပင်ပင်ပန်းပန်းကြိုးစားထားတဲ့အစီအစဉ်ကို ရှင်ကတခြားသူတွေကို လွဲပေးလိုက်တယ်တဲ့လား။"

စူးထောင်၏ မျက်နှာအမူအရာသည် တည်ငြိမ်နေသော်လည်း အဘွားအိုတစ်ယောက်လိုမျိုး မကျေနပ်မှုကို ထုတ်ပြလိုက်တဲ့ပုံစံက ရှဲ့ကျင်ကို အံ့အားသင့်သွားစေ၏။

နက်မှောင်သော မျက်လုံးများက တဒင်္ဂတာအံ့အားသင့်သွားသလိုဖြစ်သွားပြီး သူမနှင့် ယခုမှပထမဆုံးအကြိမ်တွေ့နေရသလို ခံစားလိုက်ရသည်။

သူမလက်တွေက စားပွဲပေါ်ရိုက်ပုတ်နေစဉ် ရှဲ့ကျင်၏ မျက်လုံးတွေ ဗလာဖြစ်နေသော သူမလက်ကောက်ဝတ်ပေါ်သို့ အကြည့်ရောက်သွား၏။ သူက မျက်မှောင်ကြုတ်ကာ ချောင်းဟမ့်လိုက်ရင်း အက်ကွဲကွဲလေသံနှင့် မေးလာသည်။ “မင်းရဲ့ လက်ကောက်‌ရော”

စူးထောင်သည် သူမ၏အိတ်ကပ်ထဲမှ လက်ကောက်ကိုထုတ်ကာ စားပွဲပေါ် ပစ်တင်လိုက်၏။ "ရော့ ရှင့်ကို ပြန်ပေးမယ်။"

စူးထောင်က အနက်ရောင်တံခါးကို ဆောင့်ပိတ်လိုက်ပြီး သူမ၏အလုပ်တံဆိပ်ကို တင်းမာသောမျက်နှာဖြင့် ချွတ်ကာ ထွက်ခွာရန် ပစ္စည်းများကို စတင်ထုပ်ပိုးတော့သည်။

'သူမ ရက်၃၀အထိ မစောင့်နိုင်တော့ဘူး။'

စူးထောင်က ဥက္ကဌရုံးခန်းတံခါးကို ဆောင့်ပိတ်လိုက်တယ်ဆိုတဲ့သတင်းက အလုပ် group chat ထဲမှာ အလျင်အမြန် ပြန့်နှံ့သွားပြီး တစ်မိနစ်ပင်မကြာလိုက် စူးထောင် တစ်‌ယောက်ပြီးသွားပြီဖြစ်ကြောင်း ကုမ္ပဏီတစ်ခုလုံးနီးပါး သိသွားတော့သည်။

HR ဌာနရဲ့ ဝန်ထမ်းတွေသပ်သပ်ရှိတဲ့ group chatထဲမှာ messagesများဖြင့် နစ်မြုပ်နေပြီး ထိုသတင်းကိုမြင်တွေ့ပြီးသောအခါ သူတို့ထဲမှတစ်ယောက်က“အိုင်းယား ကျွန်တော်မြန်မြန်လုပ်ရမယ်၊ နုတ်ထွက်စာမူကြမ်းအမြန်ရေးဖို့လိုတယ်"  ဟု ရေရွတ်လိုက်၏။

သူနဲ့အလုပ်ကိစ္စ ဆွေးနွေးနေတဲ့ ကျင်းချွေ့ဝမ်က သူ့‌ခေါင်းကို ခပ်ပြင်းပြင်းရိုက်လိုက်ပြီး "ဘာတွေလိုက်ပတွတ်ပတွတ် ရွတ်နေတာလဲဟမ် လက်ထဲက အလုပ်ကိုပဲ အာရုံစိုက်ထား"

ဆယ်မိနစ်လောက်ပင်မကြာလိုက်ဘဲ groupက နောက်တဖန်ဆူလာပြန်၏။

' စူးထောင်က ဥက္ကဌရဲ့ရုံးခန်းတံခါးကို  ဆောင့်ပိတ်လိုက်ပေမယ့် သူမကအဆင်ပြေနေရုံတင်မကဘူး လွှဲပြောင်းခံထိထားတဲ့ အခမ်းအနားပွဲအတွက်တာဝန်တွေက အခုသူမဆီပြန်ရောက်နေပြီ။'

'ပြောရရင် စူးထောင်က ဥက္ကဌကို ပေါက်ကွဲပြလိုက်တာနဲ့ ဥက္ကဌက အလျော့ပေးလိုက်တာများလား။'

group chatထဲတွင်၊ #စူးထောင်ကတကယ်မိုက်တာပဲ#က လူပြောအများဆုံး၊ရှာ‌ဖွေမှုအများဆုံးဖြစ်နေသည်။

ကျင်းချွေ့ဝမ်သည် ရုံးခန်းထဲမှ တမင်တကာထွက်လာပြီး HRဝန်ထမ်း၏ ပခုံးကိုလက်ဖြင့် ပုတ်ကာ ရိုးရိုးသားသားပြောလိုက်၏။ "လူငယ်လေး၊ မှတ်ထားပါ၊ ပြဿနာတစ်ခုကို အကဲဖြတ်ချင်ရင် အပြင်ပိုင်းကို ကြည့်ရုံနဲ့မရဘူး။'

မနက်ဖြန်ဟာဆိုရင်တော့ နှစ်လယ်အစည်းအဝေးအခမ်းအနားကျင်းပမည့်ရက်ပင်။

——----

ပွဲကျင်းပမည့်နေရာအား ဆုံးဖြတ်ပြီးနောက် စူးထောင်နှင့်အတူ ဌာနသုံးခုမှ အကြီးအကဲများက နေရာချရန် ထိုနေရာသို့ သွားရောက်ခဲ့ကြသည်။

ကျင်းချွေ့ဝမ်မှာလည်း စိတ်ပျက်လက်ပျက် အကြည့်ဖြင့် လိုက်လာပါ၏။ သူဟာ စူးထောင်ရဲ့နောက်ကို လိုက်နေရပြီး ဗီဒီယိုအတိုလေးများကို အချိန်နှင့်တပြေးညီရိုက်ကာ သူ့သူဌေးဆီသို့ ပို့ပေးရမည်ဖြစ်သည်။

'သူ့လိုချောမောပြီး အကျင့်စာရိတ္တကောင်းတဲ့လူက ဘယ်လိုပြီး ပါပါရာဇီလိုလို stalker လိုလို ဖြစ်လာမှန်း သူနားမလည်တော့ဘူး။'

ည11နာရီလောက်တွင် စူးထောင်သည် အခြားဌာနနှစ်ခုမှ အကြီးအကဲများကို ဦးဆောင်နေသေးပြီး ကြည့်ရတာ ညလုံးပေါက်အလုပ်ဆက်လုပ်ဦးမည့်ပုံပင်။

'ပြောရရင် စူးထောင်က တည်ငြိမ်ငြိမ်နဲ့နည်းစနစ်ကျကျ အလုပ်ကိုလုပ်နိုင်တယ်လို့ဆိုရမယ်။သူမ အဲဒီမှာရှိ‌နေသရွေ့ လူတိုင်းက မှီခိုစရာရှာတွေ့သွားသလိုမျိုး အရာအားလုံးကို တဆင့်ပြီးတဆင့် ပြီးမြောက်အောင် လုပ်ဆောင်သွားကြမှာ။'

'အရင်ကပြောကြတာတော့ အတွင်းရေးမှူးချင်က တော်တော်လေး အရည်အချင်းရှိတယ်တဲ့။

'ပြင်းပြင်းထန်ထန် ကွပ်ကဲနိုင်တယ်လို့ လူသိများကြတဲ့ အတွင်းရေးမှူးချင်နဲ့ ယှဉ်လိုက်ရင် စူးထောင်ရဲ့တခြားလူတွေနဲ့ တိုက်ရိုက်ပူးပေါင်းပြီး စီစဉ်ညွန်ကြားတဲ့လုပ်ဆောင်မှုတွေက ပို‌ကောင်းတယ်။'

'အထူးသဖြင့် သူမက အမြဲလိုလို တည်ငြိမ်တဲ့အမူအရာရှိနေပြီး‌တော့ အကျပ်အတည်း တစ်ခုခုနဲ့ရင်ဆိုင်ရရင်တောင်မှ အမူအရာက တစ်ချက်မှမပြောင်းသွားဘဲ တခြားသူတွေကို သူမဘာတွေ တွေးနေလဲဆိုတာ ဖတ်လို့မရအောင်ဖြစ်သွားစေပြီး ဘယ်အရာကမှ သူမကိုမတားဆီနိုင်သလိုမျိုး ခံစားရစေတယ်။'

'တကယ်ကို စစ်မှန်တဲ့ ခေါင်းဆောင်တစ်ယောက်ပါပဲ။'

ကျင်းချွေ့ဝမ်သည် စူးထောင်နှင့် တခြားသူများက ဒီည ညလုံးပေါက် အလုပ်လုပ်သွားနိုင်ကြောင်း သူ့အထက်လူကြီးထံ စာပို့လိုက်သည်။ သူဆက်နေရန်လိုသေးလားဟု ယဉ်ယဉ်ကျေးကျေး မေးခဲ့သော်လည်း ပြန်စာမရခဲ့ပေ။

သူအလွန်အိပ်ငိုက်နေသဖြင့် ခပ်ကျယ်ကျယ် သမ်းဝေလိုက်ရင်း ခန်းမထောင့်တွင်ခဏမှိန်းနေလိုက်၏။

ခဏအကြာတွင် သူ့ဖုန်းကမြည်လာတော့ ထိုသည်မှာ သူ့ဌေးကခေါ်နေတာဖြစ်ပြီး သူဟာ ကြောက်ကြောက်လန့်လန့်နှင့်ပင် မှိန်းနေရာမှထလိုက်သည်။

ဖုန်းကို တုန်တုန်လှုပ်လှုပ်နဲ့ ဖြေလိုက်သောအခါ သူ့သူဌေးကိုယ်တိုင်က ခန်းမသို့ လာနေပြီဖြစ်သည်။

'သွားပြီ သူဌေးက လူကိုယ်တိုင်ရောက်လာပြီဆိုတော့  ဒီညတော့ သူကိုယ်တိုင် ရှင်းပြရတော့မယ်ထင်တယ်။'

'ဒီလိုအခြေအနေမျိုး ရောက်မယ်မှန်းတာ ကြိုသိခဲ့ရင် စူးထောင်ကို ယွမ်‌ငွေ ၁၃၀၀အတွက်နဲ့ ပြဿနာရှာခဲ့မှာမဟုတ်ဘူး။'

"ဒါရိုက်တာကျင်း အကူအညီတောင်းစရာတစ်ခုရှိလို့။ ကျွန်မတို့ အပြင်ဘက်က ပစ္စည်းတွေငှားထားတာ အဲဒါငွေသားပဲ လက်ခံဆိုလို့လေ။ ရှင့်မှာ ငွေသားရှိလား။ ကျွန်မတို့ကို နည်းနည်းလောက် ချေးပေးပါဦး။"

ကြော်ငြာဖြန့်‌ဝေရေးဌာနမှ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ငွေချေးရန် တစ်စုံတစ်ဦးကို အပူတပြင်းလိုက်ရှာနေပြီး တိုက်ဆိုင်စွာပင် ကြမ်းပြင်မှာရှိနေသော ကျင်းချွေ့ဝမ်ကိုတွေ့သွား၏။

"ဘယ်လောက်လိုလို့လဲ" ကျင်းချွေ့ဝမ်က သူ့ပိုက်ဆံအိတ်ကို ထုတ်လိုက်သည်။

"၁၃၀၀"

"… မရှိဘူး!"

ကျင်းချွေ့ဝမ်က ထိုငွေပမာဏကိုကြားရသောအခါ ဒေါသတကြီးဖြင့် ကျိန်ဆဲပြီး ထွက်ခွာသွားတော့သည်။

ကျင်းချွေ့ဝမ်သည် ရှဲ့ကျင်ကို ကြိုဆိုဖို့ ခန်းမတံခါးဝတွင် ကို့ယို့ကားယားဖြစ်စွာနှင့်ရပ်နေပြီး စူးထောင်ဆီသို့ ဦးတည်လိုက်၏။

စူးထောင်သည် ဈေးကွက်ရှာဖွေရေးဌာနဒါရိုက်တာနှင့် ဘာကိုဆွေးနွေးနေသည်မသိ အဖြူရောင်လက်သေးသေးလေးက မီးရောင်များကို ညွှန်ပြပြီး စင်မြင့်ပေါ်၌ သူမ၏အကြည့်က အနည်းငယ် လေးနက်နေသည်။

ခဏအကြာတွင် အခြားလုပ်ဖော်ကိုင်ဖက်တစ်ဦးက သူမဆီအပြေးလာခဲ့ပြီး သူမက စကားအနည်းငယ် ပြန်ပြောပြီးနောက် သူမလက်ထဲတွင်ရှိသည့် စာရွက်စာတမ်းကို ငုံ့ကြည့်လိုက်သည်။

ရှဲ့ကျင်က သူမအနောက်တွင် ရပ်နေပြီး သူမကိုခဏလောက် စိုက်ကြည့်ပြီးနောက် ကျင်းချွေ့ဝမ်အား သူ့ကားထဲရှိ အရာများကို သွားယူခိုင်းလိုက်၏။

သိပ်ပင်မကြာလိုက် ရှဲ့ကျင်းဝမ်သည် လက်နှစ်ဘက်လုံးတွင် အိတ်ကြီးအိတ်ငယ်များကို ကိုင်ထားရင်း ရှဲ့ကျင်၏ ညွှန်ကြားချက်များ အောက်တွင် နားရွက်တက်ချိတ်မတတ် အပြုံးမျက်နှာနှင့် လျှောက်လာခဲ့၏။

"အတွင်းရေးမှူးစူး ဥက္ကဌက လူတိုင်းကို ညစာစားဖို့ ဖိတ်လိုက်တယ်ဗျ။"

'နောက်ကျတဲ့အထိ အလုပ်လုပ်ပြီးနောက်မှာ ညဘက်အဆာပြေ စားရတာလောက် ပိုလန်းဆန်းတာ မရှိတော့ဘူး။ နောက်ပြီး ဒါကသူဌေးက ကိုယ်တိုင်ကိုယ်ကျ ဖိတ်ခေါ်ထားတဲ့အပြင် အဲဒီအစားအစာတွေပေါ်မှာ အဆင့်မြင့်ဟိုတယ်ရဲ့ logo လည်းပါနေသေးတယ်။ ဒါကတကယ့်ကို စိတ်ဓာတ်တက်ကြွသွားစေတာပဲ။

လူတိုင်းက ထမင်းဘူးများကို တစ်လုံးပြီးတစ်လုံးဖွင့်ကာ "ဝိုး!!! ခရုတွေ၊ ပင်လယ်ကဏန်းတွေ၊ ပုဇွန်တုတ်ကြီးတွေ၊ဂုံးကြီးကြီးတွေ" ဟုအသံကျယ်ကျယ်ဖြင့် အော်ပြောနေကြ၏။

စူးထောင် - "..."

စူးထောင် လှည့်ကြည့်လိုက်သောအခါ အနက်ရောင်ဝတ်စုံဝတ်ထားသော အရပ်မြင့်မြင့်ရှဲ့ကျင်က သူမနောက်တည့်တည့်တွင် ရပ်နေသည်။ နှစ်ယောက်သား လေထဲတွင် အကြည့်ဆုံသွားပြီး စူးထောင်က ခပ်မြန်မြန်ပင် အကြည့်လွှဲလိုက်ကာ ခန်းမအပြင်အဆင်ကို ဆက်လက်စစ်ဆေးနေလိုက်၏။

'ဒီကောင် သူမကိုညှဉ်းပန်းနှိပ်စက်ဖို့ ဒီကိုရောက်နေမှန်း သံသယဖြစ်စရာတောင် မလိုဘူး။'

စူးထောင်ဟာ ခေါင်းငုံ့ပြီး မီးမောင်း၏မော်ဒယ်ကို စစ်ဆေးကာ မီးမောင်းထိုးပြပေးမည့်ဆရာများအား နောက်ဆုံးအကြိမ် အတည်ပြုရန်အတွက် မီးလုံးအားလုံးကို ဖွင့်ခိုင်းလိုက်သည်။

သူမသည် စေ့စေ့စပ်စပ်နှင့် အရာအားလုံးကို perfect ဖြစ်အောင် သေချာစေချင်နေ၏။

ရုတ်တရက် စိန်လက်ကောင်တစ်ကွင်းက သူမရှေ့တွင်ပေါ်လာသည်။ လက်ကောက်က အလင်းအောက်တွင် ပြိုးပြိုးပြက်ပြက်လက်နေပြီး ရောင်ပြန်ဟပ်နေကာ မျက်စိကျိန်းလောက်စရာပင်။

စူးထောင် မော့ကြည့်လိုက်သောအခါ  လက်ကောက်နောက်ရှိ ရှဲ့ကျင်ကို တွေ့လိုက်ရ၏။ သူ၏ချောမွတ်နေသော အသားအရေပေါ်တွင် စိန်အလင်းတန်းများကျ‌ရောက်နေကာ သူ့မျက်နှာအသွင်အပြင်ကို ပို၍နူးညံ့သိမ်မွေ့သွားစေသည်။

သူ့ရဲ့သဘာဝအတိုင်းနီ‌ဆွေးနေသည့်နှုတ်ခမ်းများက ပွင့်ဟလာကာ စူးထောင်သာ ကြားနိုင်သောအသံဖြင့်ပြောလိုက်၏။ "လက်ကောက်ပြန်ဝတ်ထားလိုက်။နောက်တစ်ခါထပ်ချွတ်ဖို့ ခွင့်မပြုဘူး။"

စူးထောင်သည် လက်ကောက်ထံမှ အကြည့်လွှဲလိုက်ကာ မီးမောင်းထိုးခြင်းကိုပဲ ဆက်လက်စစ်ဆေးနေသည်။

ရှဲ့ကျင်သည် ရုတ်တရက် စူးထောင်ရဲ့လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်ကာ အတင်းဆွဲခေါ်သွား၏။ ရှဲ့ကျင်၏ ခြေတံရှည်ရှည်များက အလျင်အမြန်ပင် ရွေ့လျားနေပြီး စူးထောင်မှာ သူ့နောက်သို့ အမီလိုက်ရကာ မြေပြင်ပေါ်သို့ ပြုတ်ကျမသွားစေရန် ထိန်းနေရသည်။

စူးထောင်ဟာ ကားပါကင်အနားထိ ဆွဲခေါ် ခံနေရသဖြင့် မောမောပန်းပန်းနှင့် သူ့ကိုလှမ်းပြောလိုက်၏။

   "ဖြေးဖြေးသွား။"

'ရုတ်တရက် ရှဲ့ကျင်ရပ်ပြီး လှည့်ကြည့်လိုက်တော့ ရလာဒ်အနေနဲ့  သူ့နောက်အမီ‌လိုက်နေရတဲ့ စူးထောင်က သူ့ရင်ဘတ်ကို ဆောင့်မိသွားတော့တယ်။'

စူးထောင်ဟာ သူမနဖူးကိုအုပ်ထားရင်း သူ့ကို မော့ကြည့်လိုက်၏။ သူမရဲ့ပါးပြင်တွေက မောပန်းမှုကြောင့် ပန်းရောင်သန်းနေသည်။"ရှင်ကျွန်မကို ဘယ်တွေခေါ်သွားနေတာလဲ။"

   "အိမ်ပြန်မယ်။"

စူးထောင်သည် သူမလက်ကို ခပ်ပြင်းပြင်း ခါချလိုက်သော်လည်း သူကခပ်တင်းတင်း ဆုပ်ကိုင်ထားသောကြောင့် "လွှတ်" ဟုသာ အမိန့်ပေးနိုင်၏။

"ရှောင်ထောင်လေး" ရှဲ့ကျင်က သူမကို သူ၏နွေးနေသောရင်ဘတ်ထဲကို ဆွဲသွင်းလိုက်ပြီး သူ့ရဲ့အသံခက်အက်အက်က ရင်ဘတ်ကနေတဆင့် သူမနားထဲကို ရောက်လာသည်။ "ထပ်ပြီးပြဿနာရှာမယ်ဆိုရင် ကိုယ် မင်းကိုတကယ် ခွင့်လွှတ်တော့မှာမဟုတ်ဘူးနော်။"

သူ့ရင်ခွင်ထဲတွင် ခပ်တင်းတင်ဖက်ထားခံထားရသော စူးထောင်က သူမရဲ့ဒေါသကို မျိုသိပ်လိုက်ရင်း တည်တည်ငြိမ်ငြိမ်နှင့် " ကျွန်မ ပြဿနာရှာနေတာ မဟုတ်ဘူး။"

"မင်း အခမ်းအနားပွဲကို တာဝန်ယူဖို့ ကိုယ်သဘောတူထားပြီးပြီလေ။ ဘာလို့ စိတ်ဆိုးနေသေးလဲ" ရှဲ့ကျင်က သူခပ်တင်းတင်း ပွေ့ဖက်ထားတဲ့ စူးထောင်ကို ခေါင်းငုံ့ပြီးကြည့်လိုက်၏။

သူ၏လေသံကို နူးနူးညံ့ညံ့ဖြစ်အောင်နှိမ့်လိုက်ကာ "လက်ကောက်ကိုဝတ်လိုက်ပြီး ကိုယ်နဲ့အတူ အိမ်ပြန်လိုက်ခဲ့ပါ။"

'စူးထောင်က သူပြောတဲ့စကားရဲ့အဓိပ္ပာယ်က ဒီလိုမျိုးလို့ ခံစားလိုက်ရတယ် - ခွေးလည်ပတ်ကိုတပ်ပြီး ငါနဲ့အိမ်အတူအိမ်ပြန်လိုက်ခဲ့။'

'စကားနားမထောင်သောခွေးကလေးကို အပြစ်တင်နေတဲ့ပိုင်ရှင်ရဲ့လေသံနဲ့ ကွာနေတာများရှိလား။'

' တခြားသဘောဆိုလို ချင်တာမဟုတ်ပါဘူး။'

အချိန်တော်တော်ကြာတိတ်ဆိတ်ပြီးတဲ့နောက် ရှဲ့ကျင်က စူးထောင်ရဲ့တုန့်ပြန်သံကိုမကြားရသေးပေ။ သူခေါင်းကိုငုံ့ကြည့်လိုက်တော့ စူးထောင်တစ်ယောက် မြေပြင်ကို တွေတွေကြီးငေးမောနေတာကို တွေ့လိုက်ရသည်။'

"ဘာတွေစဉ်းစားနေတာလဲ။ စကားပြောဦးလေ။"

"ကျွန်မ စကားပြောလို့ရလား" ဟု စူးထောင်ကပြန်မေးလိုက်သည်။

"ကိုယ် မင်းကို ဘယ်တုန်းက စကားပြောခွင့်ပိတ်ပင်ထားလို့လဲ" ရှဲ့ကျင်က သူမမျက်နှာကို လှမ်းကိုင်လိုက်ရင်း နူးညံ့သည့်အထိအတွေ့ကြောင့် ပြန်မလွှတ်လိုက်ချင်သလို ခံစားလိုက်ရ၏။ သူမကို မထိတွေ့ရတာ ဘယ်နှစ်ရက်တောင်ရှိနေပြီလဲ။

"ဒါဆို ကျွန်မကိုလွှတ်ပေး" စူးထောင်က သူမရဲ့မျက်နှာကိုအတင်းဆွဲထုတ်ရင်း လေသံကလည်းပြောင်းသွားသည်။

ရှဲ့ကျင်က တုံ့ဆိုင်းသွားပြီး သူမရဲ့ပါးပြင်ကို တွန့်ဆုတ်စွာ လွှတ်လိုက်သော်လည်း ကိုင်ထားသည့်သူမရဲ့လက်ကိုတော့ မလွှတ်လိုက်ပေ။

"လက်ကိုလွှတ် ကျွန်မထွက်မပြေးဘူး" စူးထောင်ဟာ ကူကယ်ရာမဲ့စွာဖြင့်ရေရွတ်လိုက်သည်။ " ကျွန်မက ခွေးလည်းမဟုတ်ဘူးလေ"

သူမနဖူးကိုရိုက်လိုက်ပြီး တိတ်ဆိတ်နေသောညသန်းခေါင်၌ သူမ၏နောက်ဆုံးစာကြောင်းကို ရှင်းရှင်းလင်းလင်း ကြားလိုက်၏။

ရှဲ့ကျင်သည်က သူမကို မကျေမနပ်မျက်စောင်းထိုးလိုက်ကာ "ဘာလို့ ကိုယ့်ကိုယ်ကိုယ် ခွေးတစ်ကောင်လို့ ပြောတာလဲ။"

"ရှင်က ကျွန်မကိုကန်ထုတ်ထားပြီးတော့ အခုပြန်လာခေါ်နေပြန်ပြီ။ ဒီတော့ ကျွန်မနဲ့ခွေးကြားက ဘာတွေကွာလို့လဲ"

စူးထောင်သည် နောက်တစ်ကြိမ် နဖူးအရိုက်ခံလိုက်ရပြန်သည်။ စူး‌ထောင်ဟာ သူမရဲ့နဖူးကို အုပ်လိုက်ရင်း မျက်မှောင်ကြုတ်ကာ ဒေါသတကြီး သူ့ကို စိုက်ကြည့်နေလေသည်။

"အိုးးး ငါတို့အိမ်ရဲ့ ရှောင်ထောင်လေးက လူတွေကိုတောင် ခပ်စူးစူး စိုက်ကြည့်တတ်နေပြီလား။" ရှဲ့ကျင်က တစ်ခုခုကိုသဘောကျသွားသလိုမျိုး ရုတ်တရက်ပြုံးလိုက်ကာ"ဒါက မင်းကိုယ့်ကို နုတ်ထွက်မယ်ဆိုပြီး အရင်ခြိမ်းခြောက်ထားတာလေ။ ဒါကြောင့် ကိုယ်မင်းကိုအပြစ်ပေးလိုက်တာ။"

' စူးထောင်ဟာ ရှဲ့ကျင်နဲ့သူမက မျဉ်းတစ်ကြောင်းထဲမှာ ရှိမနေသလို ခံစားလိုက်ရတယ်။'

'သူမရဲ့ရည်ရွယ်ချက်ရောက်ဖို့ နုတ်ထွက်စာတင်ပြီး ခြိမ်းခြောက်နေတယ်လို့ သူထင်နေသေးတာလား။ ဒါပေမယ့် သူမက တကယ်ပဲနုတ်ထွက်ပြီး သူ့ကိုထားသွားချင်နေတာလေ။'

"နုတ်ထွက်စာနဲ့‌ ပက်သက်ပြီးပြောရရင် ရှင်ခွင့်ပြု၊မပြုပြု ကျွန်မတကယ်လုပ်မှာ။ နောက်ပြီး ဒီလက်ကောက်ကို ကျွန်မဘယ်တော့မှ ထပ်မဝတ်တော့ဘူး။ တခြားသူရဲ့လက်ကောက်နဲ့ တူညီနေတဲ့ဟာမျိုး မဝတ်ချင်ဘူး။"

'အစက ဒီလက်ကောက်ကို စိတ်ကြိုက်တစ်ကွင်းထဲပဲ သူလုပ်ထားပေးတာလို့ထင်နေတာ။ မထင်ထားမိတာက ဒီလက်ကောက်က ပုံစံတူအများကြီးရှိနေတာပဲ။'

'သူမက သူမတစ်ယောက်ထဲပဲပိုင်တဲ့ သီးသန့်အရာကိုလိုချင်တာ။'



••••••••••

Zawgyi

အစားထိုးခံ အမ်ိဳးသမီး အတြင္းေရးမႉး

အပိုင္း ၇


မွန္နံရံအျပင္ဘက္တြင္ စူးေထာင္သည္ ေယာက်ာ္းေလး၊မိန္းကေလး လုပ္ေဖာ္ကိုင္ဖက္မ်ားႏွင့္အတူ ျပန္လာခဲ့သည္။

ထိုသူမ်ားက စူးေထာင္၏ အလုပ္ခုံတြင္ ပတ္ပတ္လည္စုဝိုင္းေနၾကကာ ဘာေတြမ်ားေဆြးေႏြးေနၾကမွန္းမသိ တစ္ခါတရံ ေလးေလးနက္နက္ျဖစ္ေနၿပီး တစ္ခါတရံတြင္ ရယ္ေမာေနၾက၏။

'အၿမဲတမ္းလိုလို တိတ္တိတ္ဆိတ္ဆိတ္ ေနတတ္တဲ့ ကေလးမေလးက အခုဆိုသူမရဲ႕ေဝွ႔ယမ္းေနတဲ့ လက္ေခ်ာင္းေလးကေတာင္ ေတာက္ပလို႔ေနၿပီ။'

'သူမကို လႊတ္ထားသေ႐ြ႕ေတာ့ လူတိုင္းက သူမရဲ႕အလွကိုသတိျပဳမိလာမယ္ဆိုတာ သူသိပါတယ္။'

စူးေထာင္သည္ အလုပ္ၿပီးသြားသည္ႏွင့္ ေရငတ္သလို ခံစားလိုက္ရ၏။ ေနာက္ဆုံးေသာ လုပ္ေဖာ္ကိုင္ဖက္လည္း ထြက္သြားႏွင့္ေနၿပီ။ ေရဖန္ခြက္ကို ေကာက္ကိုင္လိုက္ေသာ္လည္း အထဲတြင္ဗလာျဖစ္ေနသည္။

စားပြဲေပၚတြင္ အနက္ေရာင္ခြက္တစ္ခြက္ေပၚလာၿပီး အေငြ႕တေထာင္းေထာင္းထေန၏။ စူးေထာင္ေမာ့ၾကည့္လိုက္ေသာအခါတြင္ ႐ွဲ႕က်င္၏ နက္နဲေသာအၾကည့္ႏွင့္ ဆုံသြားသည္။

"ႏွစ္လယ္အစည္းအေဝးပြဲကို မင္းတက္စရာမလိုေတာ့ဘူး။"

ထိုစကားတစ္ခြန္းက စူးေထာင္၏အသစ္စက္စက္ ရည္မွန္းခ်က္ကို ေရေအးေအးနဲ႔ ေလာင္းခ်လိုက္သလိုပင္။

   "ဘာလို႔လဲ။"

႐ွဲ႕က်င္သည္ သူမကို တစ္ခ်က္ၾကည့္လိုက္ၿပီး ဘာတစ္ခြန္းမွမေျပာဘဲ ႐ုံးခန္းဘက္သို႔ ျပန္လွည့္သြား၏။

' ေမးခြန္းထုတ္ခံရတာကို သူသေဘာမက်ေပ။ သူမရဲ႕ "ဘာလို႔လဲ"ဆိုတဲ့ ႐ွိး႐ိုး႐ွင္း႐ွင္း ေမးခြန္းေလးတစ္ေၾကာင္းကေတာင္ သူ႕ရဲ႕ေအာက္ထစ္စည္းကို ထိမိေနၿပီ။  တျခားသူတစ္ေယာက္သာ ျဖစ္ခဲ့ရင္ ဒီအခ်ိန္မွာ အထုတ္အပိုးေတြထုတ္ၿပီး ကုမၸဏီကေန ထြက္သြားရမွာ။'

'အရင္တုန္းကဆို သူဘာပဲေျပာ‌ေျပာ စူးေထာင္အကုန္နာခံေပးတယ္။ အခုအခ်ိန္မွာ သူမက သူ႕အတြက္နဲ႔အရာအားလုံးကို အေလွ်ာ့ေပးမယ့္ ေ႐ွာင္ေထာင္ေလးလို႔ ထင္ေနတုန္းပဲလား။'

'ေနာက္ၿပီး သူမအခ်ိန္ပိုဆိုင္းေတြဘယ္ေလာက္ေတာင္ ဆင္းခဲ့ရသလဲ။ အခ်က္အလက္ေတြ ဘယ္လိုေတာင္ စစ္ေဆးခဲ့ရသလဲ။ ဒီအခမ္းအနားပြဲအတြက္ ဘယ္ေလာက္ေတာင္ အားစိုက္ထုတ္ခဲ့ရသလဲ။'

ဒါေတာင္ ဒီငတုံးမက သူ႕အတြက္ ေနာက္ဆုံးတာဝန္ကို ထမ္းေဆာင္သြားေပးဦးမယ္လို႔ ေတြးေနေသးတယ္။'

ဥကၠဌ၏႐ုံး‌ေနရာတြင္ ဖုန္းျမည္လာၿပီး ခ်ိန္႐ႈးႏွင့္ထ်န္ရင္ရင္တို႔က ႐ွဲ႕က်င္၏႐ုံးခန္းဆီသို႔ ဆင့္ေခၚခံလိုက္ရ၏။

ဘယ္ေလာက္မွ်ပင္မၾကာလိုက္ဘဲ ႐ုံးခန္းကထြက္လာသည္ႏွင့္တၿပိဳင္နက္ သူမဆီက အခမ္းအနားပြဲအတြက္ အခ်က္အလက္နဲ႔ စာ႐ြက္စာတမ္းေတြ ေတာင္းေတာ့သည္။

စူးေထာင္သည္ မ်က္လုံးေတြကို မွိတ္လိုက္ၿပီး တတ္ႏိုင္သမွ် တည္ၿငိမ္ေအာင္လုပ္ကာ ခပ္တိုးတိုးေလးေျပာလိုက္၏ "ငါ့စားပြဲကို မထိနဲ႔။"

ထို႔ေနာက္ ႐ွဲ႕က်င္၏ အနက္ေရာင္ခြက္ႏွင့္အတူ သူ႕႐ုံးခန္းထဲသို႔ ခပ္ျမန္ျမန္ဝင္သြားေတာ့သည္။

'ခ်ိန္႐ႈးႏွင့္ ထ်န္ရင္ရင္တို႔က တစ္ေယာက္ကိုတစ္ေယာက္ၾကည့္ကာ စူးေထာင္ရဲ႕ခဏတုန္းက ပုံစံ ေၾကာက္စရာေကာင္းသည္ဟု ခံစားလိုက္ရ၏။'

“ဘန္း” ဟူေသာအသံႏွင့္အတူ ခြက္ကို စားပြဲခုံေပၚေစာင့္ခ်လိုက္သျဖင့္ ေရအနည္းငယ္ ဖိတ္စင္သြား‌ေတာ့သည္။

"ဘာလို႔  ဒီအခမ္းအနားပြဲအတြက္ ကြၽန္မကို တာဝန္ခံခြင့္ မေပးတာလဲ။ ကြၽန္မ ပင္ပင္ပန္းပန္းႀကိဳးစားထားတဲ့အစီအစဥ္ကို ႐ွင္ကတျခားသူေတြကို လြဲေပးလိုက္တယ္တဲ့လား။"

စူးေထာင္၏ မ်က္ႏွာအမူအရာသည္ တည္ၿငိမ္ေနေသာ္လည္း အဘြားအိုတစ္ေယာက္လိုမ်ိဳး မေက်နပ္မႈကို ထုတ္ျပလိုက္တဲ့ပုံစံက ႐ွဲ႕က်င္ကို အံ့အားသင့္သြားေစ၏။

နက္ေမွာင္ေသာ မ်က္လုံးမ်ားက တဒဂၤတာအံ့အားသင့္သြားသလိုျဖစ္သြားၿပီး သူမႏွင့္ ယခုမွပထမဆုံးအႀကိမ္ေတြ႕ေနရသလို ခံစားလိုက္ရသည္။

သူမလက္ေတြက စားပြဲေပၚ႐ိုက္ပုတ္ေနစဥ္ ႐ွဲ႕က်င္၏ မ်က္လုံးေတြ ဗလာျဖစ္ေနေသာ သူမလက္ေကာက္ဝတ္ေပၚသို႔ အၾကည့္ေရာက္သြား၏။ သူက မ်က္ေမွာင္ၾကဳတ္ကာ ေခ်ာင္းဟမ့္လိုက္ရင္း အက္ကြဲကြဲေလသံႏွင့္ ေမးလာသည္။ “မင္းရဲ႕ လက္ေကာက္‌ေရာ”

စူးေထာင္သည္ သူမ၏အိတ္ကပ္ထဲမွ လက္ေကာက္ကိုထုတ္ကာ စားပြဲေပၚ ပစ္တင္လိုက္၏။ "ေရာ့ ႐ွင့္ကို ျပန္ေပးမယ္။"

စူးေထာင္က အနက္ေရာင္တံခါးကို ေဆာင့္ပိတ္လိုက္ၿပီး သူမ၏အလုပ္တံဆိပ္ကို တင္းမာေသာမ်က္ႏွာျဖင့္ ခြၽတ္ကာ ထြက္ခြာရန္ ပစၥည္းမ်ားကို စတင္ထုပ္ပိုးေတာ့သည္။

'သူမ ရက္၃၀အထိ မေစာင့္ႏိုင္ေတာ့ဘူး။'

စူးေထာင္က ဥကၠဌ႐ုံးခန္းတံခါးကို ေဆာင့္ပိတ္လိုက္တယ္ဆိုတဲ့သတင္းက အလုပ္ group chat ထဲမွာ အလ်င္အျမန္ ျပန္႔ႏွံ႔သြားၿပီး တစ္မိနစ္ပင္မၾကာလိုက္ စူးေထာင္ တစ္‌ေယာက္ၿပီးသြားၿပီျဖစ္ေၾကာင္း ကုမၸဏီတစ္ခုလုံးနီးပါး သိသြားေတာ့သည္။

HR ဌာနရဲ႕ ဝန္ထမ္းေတြသပ္သပ္႐ွိတဲ့ group chatထဲမွာ messagesမ်ားျဖင့္ နစ္ျမဳပ္ေနၿပီး ထိုသတင္းကိုျမင္ေတြ႕ၿပီးေသာအခါ သူတို႔ထဲမွတစ္ေယာက္က“အိုင္းယား ကြၽန္ေတာ္ျမန္ျမန္လုပ္ရမယ္၊ ႏုတ္ထြက္စာမူၾကမ္းအျမန္ေရးဖို႔လိုတယ္"  ဟု ေရ႐ြတ္လိုက္၏။

သူနဲ႔အလုပ္ကိစၥ ေဆြးေႏြးေနတဲ့ က်င္းေခြၽ႕ဝမ္က သူ႕‌ေခါင္းကို ခပ္ျပင္းျပင္း႐ိုက္လိုက္ၿပီး "ဘာေတြလိုက္ပတြတ္ပတြတ္ ႐ြတ္ေနတာလဲဟမ္ လက္ထဲက အလုပ္ကိုပဲ အာ႐ုံစိုက္ထား"

ဆယ္မိနစ္ေလာက္ပင္မၾကာလိုက္ဘဲ groupက ေနာက္တဖန္ဆူလာျပန္၏။

' စူးေထာင္က ဥကၠဌရဲ႕႐ုံးခန္းတံခါးကို  ေဆာင့္ပိတ္လိုက္ေပမယ့္ သူမကအဆင္ေျပေန႐ုံတင္မကဘူး လႊဲေျပာင္းခံထိထားတဲ့ အခမ္းအနားပြဲအတြက္တာဝန္ေတြက အခုသူမဆီျပန္ေရာက္ေနၿပီ။'

'ေျပာရရင္ စူးေထာင္က ဥကၠဌကို ေပါက္ကြဲျပလိုက္တာနဲ႔ ဥကၠဌက အေလ်ာ့ေပးလိုက္တာမ်ားလား။'

group chatထဲတြင္၊ #စူးေထာင္ကတကယ္မိုက္တာပဲ#က လူေျပာအမ်ားဆုံး၊႐ွာ‌ေဖြမႈအမ်ားဆုံးျဖစ္ေနသည္။

က်င္းေခြၽ႕ဝမ္သည္ ႐ုံးခန္းထဲမွ တမင္တကာထြက္လာၿပီး HRဝန္ထမ္း၏ ပခုံးကိုလက္ျဖင့္ ပုတ္ကာ ႐ိုး႐ိုးသားသားေျပာလိုက္၏။ "လူငယ္ေလး၊ မွတ္ထားပါ၊ ျပႆနာတစ္ခုကို အကဲျဖတ္ခ်င္ရင္ အျပင္ပိုင္းကို ၾကည့္႐ုံနဲ႔မရဘူး။'

မနက္ျဖန္ဟာဆိုရင္ေတာ့ ႏွစ္လယ္အစည္းအေဝးအခမ္းအနားက်င္းပမည့္ရက္ပင္။

——----

ပြဲက်င္းပမည့္ေနရာအား ဆုံးျဖတ္ၿပီးေနာက္ စူးေထာင္ႏွင့္အတူ ဌာနသုံးခုမွ အႀကီးအကဲမ်ားက ေနရာခ်ရန္ ထိုေနရာသို႔ သြားေရာက္ခဲ့ၾကသည္။

က်င္းေခြၽ႕ဝမ္မွာလည္း စိတ္ပ်က္လက္ပ်က္ အၾကည့္ျဖင့္ လိုက္လာပါ၏။ သူဟာ စူးေထာင္ရဲ႕ေနာက္ကို လိုက္ေနရၿပီး ဗီဒီယိုအတိုေလးမ်ားကို အခ်ိန္ႏွင့္တေျပးညီ႐ိုက္ကာ သူ႕သူေဌးဆီသို႔ ပို႔ေပးရမည္ျဖစ္သည္။

'သူ႕လိုေခ်ာေမာၿပီး အက်င့္စာရိတၱေကာင္းတဲ့လူက ဘယ္လိုၿပီး ပါပါရာဇီလိုလို stalker လိုလို ျဖစ္လာမွန္း သူနားမလည္ေတာ့ဘူး။'

ည11နာရီေလာက္တြင္ စူးေထာင္သည္ အျခားဌာနႏွစ္ခုမွ အႀကီးအကဲမ်ားကို ဦးေဆာင္ေနေသးၿပီး ၾကည့္ရတာ ညလုံးေပါက္အလုပ္ဆက္လုပ္ဦးမည့္ပုံပင္။

'ေျပာရရင္ စူးေထာင္က တည္ၿငိမ္ၿငိမ္နဲ႔နည္းစနစ္က်က် အလုပ္ကိုလုပ္ႏိုင္တယ္လို႔ဆိုရမယ္။သူမ အဲဒီမွာ႐ွိ‌ေနသေ႐ြ႕ လူတိုင္းက မွီခိုစရာ႐ွာေတြ႕သြားသလိုမ်ိဳး အရာအားလုံးကို တဆင့္ၿပီးတဆင့္ ၿပီးေျမာက္ေအာင္ လုပ္ေဆာင္သြားၾကမွာ။'

'အရင္ကေျပာၾကတာေတာ့ အတြင္းေရးမႉးခ်င္က ေတာ္ေတာ္ေလး အရည္အခ်င္း႐ွိတယ္တဲ့။

'ျပင္းျပင္းထန္ထန္ ကြပ္ကဲႏိုင္တယ္လို႔ လူသိမ်ားၾကတဲ့ အတြင္းေရးမႉးခ်င္နဲ႔ ယွဥ္လိုက္ရင္ စူးေထာင္ရဲ႕တျခားလူေတြနဲ႔ တိုက္႐ိုက္ပူးေပါင္းၿပီး စီစဥ္ၫြန္ၾကားတဲ့လုပ္ေဆာင္မႈေတြက ပို‌ေကာင္းတယ္။'

'အထူးသျဖင့္ သူမက အၿမဲလိုလို တည္ၿငိမ္တဲ့အမူအရာ႐ွိေနၿပီး‌ေတာ့ အက်ပ္အတည္း တစ္ခုခုနဲ႔ရင္ဆိုင္ရရင္ေတာင္မွ အမူအရာက တစ္ခ်က္မွမေျပာင္းသြားဘဲ တျခားသူေတြကို သူမဘာေတြ ေတြးေနလဲဆိုတာ ဖတ္လို႔မရေအာင္ျဖစ္သြားေစၿပီး ဘယ္အရာကမွ သူမကိုမတားဆီႏိုင္သလိုမ်ိဳး ခံစားရေစတယ္။'

'တကယ္ကို စစ္မွန္တဲ့ ေခါင္းေဆာင္တစ္ေယာက္ပါပဲ။'

က်င္းေခြၽ႕ဝမ္သည္ စူးေထာင္ႏွင့္ တျခားသူမ်ားက ဒီည ညလုံးေပါက္ အလုပ္လုပ္သြားႏိုင္ေၾကာင္း သူ႕အထက္လူႀကီးထံ စာပို႔လိုက္သည္။ သူဆက္ေနရန္လိုေသးလားဟု ယဥ္ယဥ္ေက်းေက်း ေမးခဲ့ေသာ္လည္း ျပန္စာမရခဲ့ေပ။

သူအလြန္အိပ္ငိုက္ေနသျဖင့္ ခပ္က်ယ္က်ယ္ သမ္းေဝလိုက္ရင္း ခန္းမေထာင့္တြင္ခဏမွိန္းေနလိုက္၏။

ခဏအၾကာတြင္ သူ႕ဖုန္းကျမည္လာေတာ့ ထိုသည္မွာ သူ႕ေဌးကေခၚေနတာျဖစ္ၿပီး သူဟာ ေၾကာက္ေၾကာက္လန္႔လန္႔ႏွင့္ပင္ မွိန္းေနရာမွထလိုက္သည္။

ဖုန္းကို တုန္တုန္လႈပ္လႈပ္နဲ႔ ေျဖလိုက္ေသာအခါ သူ႕သူေဌးကိုယ္တိုင္က ခန္းမသို႔ လာေနၿပီျဖစ္သည္။

'သြားၿပီ သူေဌးက လူကိုယ္တိုင္ေရာက္လာၿပီဆိုေတာ့  ဒီညေတာ့ သူကိုယ္တိုင္ ႐ွင္းျပရေတာ့မယ္ထင္တယ္။'

'ဒီလိုအေျခအေနမ်ိဳး ေရာက္မယ္မွန္းတာ ႀကိဳသိခဲ့ရင္ စူးေထာင္ကို ယြမ္‌ေငြ ၁၃၀၀အတြက္နဲ႔ ျပႆနာ႐ွာခဲ့မွာမဟုတ္ဘူး။'

"ဒါ႐ိုက္တာက်င္း အကူအညီေတာင္းစရာတစ္ခု႐ွိလို႔။ ကြၽန္မတို႔ အျပင္ဘက္က ပစၥည္းေတြငွားထားတာ အဲဒါေငြသားပဲ လက္ခံဆိုလို႔ေလ။ ႐ွင့္မွာ ေငြသား႐ွိလား။ ကြၽန္မတို႔ကို နည္းနည္းေလာက္ ေခ်းေပးပါဦး။"

ေၾကာ္ျငာျဖန္႔‌ေဝေရးဌာနမွ လုပ္ေဖာ္ကိုင္ဖက္တစ္ေယာက္က ေငြေခ်းရန္ တစ္စုံတစ္ဦးကို အပူတျပင္းလိုက္႐ွာေနၿပီး တိုက္ဆိုင္စြာပင္ ၾကမ္းျပင္မွာ႐ွိေနေသာ က်င္းေခြၽ႕ဝမ္ကိုေတြ႕သြား၏။

"ဘယ္ေလာက္လိုလို႔လဲ" က်င္းေခြၽ႕ဝမ္က သူ႕ပိုက္ဆံအိတ္ကို ထုတ္လိုက္သည္။

"၁၃၀၀"

"… မ႐ွိဘူး!"

က်င္းေခြၽ႕ဝမ္က ထိုေငြပမာဏကိုၾကားရေသာအခါ ေဒါသတႀကီးျဖင့္ က်ိန္ဆဲၿပီး ထြက္ခြာသြားေတာ့သည္။

က်င္းေခြၽ႕ဝမ္သည္ ႐ွဲ႕က်င္ကို ႀကိဳဆိုဖို႔ ခန္းမတံခါးဝတြင္ ကို႔ယို႔ကားယားျဖစ္စြာႏွင့္ရပ္ေနၿပီး စူးေထာင္ဆီသို႔ ဦးတည္လိုက္၏။

စူးေထာင္သည္ ေဈးကြက္႐ွာေဖြေရးဌာနဒါ႐ိုက္တာႏွင့္ ဘာကိုေဆြးေႏြးေနသည္မသိ အျဖဴေရာင္လက္ေသးေသးေလးက မီးေရာင္မ်ားကို ၫႊန္ျပၿပီး စင္ျမင့္ေပၚ၌ သူမ၏အၾကည့္က အနည္းငယ္ ေလးနက္ေနသည္။

ခဏအၾကာတြင္ အျခားလုပ္ေဖာ္ကိုင္ဖက္တစ္ဦးက သူမဆီအေျပးလာခဲ့ၿပီး သူမက စကားအနည္းငယ္ ျပန္ေျပာၿပီးေနာက္ သူမလက္ထဲတြင္႐ွိသည့္ စာ႐ြက္စာတမ္းကို ငုံ႔ၾကည့္လိုက္သည္။

႐ွဲ႕က်င္က သူမအေနာက္တြင္ ရပ္ေနၿပီး သူမကိုခဏေလာက္ စိုက္ၾကည့္ၿပီးေနာက္ က်င္းေခြၽ႕ဝမ္အား သူ႕ကားထဲ႐ွိ အရာမ်ားကို သြားယူခိုင္းလိုက္၏။

သိပ္ပင္မၾကာလိုက္ ႐ွဲ႕က်င္းဝမ္သည္ လက္ႏွစ္ဘက္လုံးတြင္ အိတ္ႀကီးအိတ္ငယ္မ်ားကို ကိုင္ထားရင္း ႐ွဲ႕က်င္၏ ၫႊန္ၾကားခ်က္မ်ား ေအာက္တြင္ နား႐ြက္တက္ခ်ိတ္မတတ္ အျပဳံးမ်က္ႏွာႏွင့္ ေလွ်ာက္လာခဲ့၏။

"အတြင္းေရးမႉးစူး ဥကၠဌက လူတိုင္းကို ညစာစားဖို႔ ဖိတ္လိုက္တယ္ဗ်။"

'ေနာက္က်တဲ့အထိ အလုပ္လုပ္ၿပီးေနာက္မွာ ညဘက္အဆာေျပ စားရတာေလာက္ ပိုလန္းဆန္းတာ မ႐ွိေတာ့ဘူး။ ေနာက္ၿပီး ဒါကသူေဌးက ကိုယ္တိုင္ကိုယ္က် ဖိတ္ေခၚထားတဲ့အျပင္ အဲဒီအစားအစာေတြေပၚမွာ အဆင့္ျမင့္ဟိုတယ္ရဲ႕ logo လည္းပါေနေသးတယ္။ ဒါကတကယ့္ကို စိတ္ဓာတ္တက္ႂကြသြားေစတာပဲ။

လူတိုင္းက ထမင္းဘူးမ်ားကို တစ္လုံးၿပီးတစ္လုံးဖြင့္ကာ "ဝိုး!!! ခ႐ုေတြ၊ ပင္လယ္ကဏန္းေတြ၊ ပုဇြန္တုတ္ႀကီးေတြ၊ဂုံးႀကီးႀကီးေတြ" ဟုအသံက်ယ္က်ယ္ျဖင့္ ေအာ္ေျပာေနၾက၏။

စူးေထာင္ - "..."

စူးေထာင္ လွည့္ၾကည့္လိုက္ေသာအခါ အနက္ေရာင္ဝတ္စုံဝတ္ထားေသာ အရပ္ျမင့္ျမင့္႐ွဲ႕က်င္က သူမေနာက္တည့္တည့္တြင္ ရပ္ေနသည္။ ႏွစ္ေယာက္သား ေလထဲတြင္ အၾကည့္ဆုံသြားၿပီး စူးေထာင္က ခပ္ျမန္ျမန္ပင္ အၾကည့္လႊဲလိုက္ကာ ခန္းမအျပင္အဆင္ကို ဆက္လက္စစ္ေဆးေနလိုက္၏။

'ဒီေကာင္ သူမကိုညႇဥ္းပန္းႏွိပ္စက္ဖို႔ ဒီကိုေရာက္ေနမွန္း သံသယျဖစ္စရာေတာင္ မလိုဘူး။'

စူးေထာင္ဟာ ေခါင္းငုံ႔ၿပီး မီးေမာင္း၏ေမာ္ဒယ္ကို စစ္ေဆးကာ မီးေမာင္းထိုးျပေပးမည့္ဆရာမ်ားအား ေနာက္ဆုံးအႀကိမ္ အတည္ျပဳရန္အတြက္ မီးလုံးအားလုံးကို ဖြင့္ခိုင္းလိုက္သည္။

သူမသည္ ေစ့ေစ့စပ္စပ္ႏွင့္ အရာအားလုံးကို perfect ျဖစ္ေအာင္ ေသခ်ာေစခ်င္ေန၏။

႐ုတ္တရက္ စိန္လက္ေကာင္တစ္ကြင္းက သူမေ႐ွ႕တြင္ေပၚလာသည္။ လက္ေကာက္က အလင္းေအာက္တြင္ ၿပိဳးၿပိဳးျပက္ျပက္လက္ေနၿပီး ေရာင္ျပန္ဟပ္ေနကာ မ်က္စိက်ိန္းေလာက္စရာပင္။

စူးေထာင္ ေမာ့ၾကည့္လိုက္ေသာအခါ  လက္ေကာက္ေနာက္႐ွိ ႐ွဲ႕က်င္ကို ေတြ႕လိုက္ရ၏။ သူ၏ေခ်ာမြတ္ေနေသာ အသားအေရေပၚတြင္ စိန္အလင္းတန္းမ်ားက်‌ေရာက္ေနကာ သူ႕မ်က္ႏွာအသြင္အျပင္ကို ပို၍ႏူးညံ့သိမ္ေမြ႕သြားေစသည္။

သူ႕ရဲ႕သဘာဝအတိုင္းနီ‌ေဆြးေနသည့္ႏႈတ္ခမ္းမ်ားက ပြင့္ဟလာကာ စူးေထာင္သာ ၾကားႏိုင္ေသာအသံျဖင့္ေျပာလိုက္၏။ "လက္ေကာက္ျပန္ဝတ္ထားလိုက္။ေနာက္တစ္ခါထပ္ခြၽတ္ဖို႔ ခြင့္မျပဳဘူး။"

စူးေထာင္သည္ လက္ေကာက္ထံမွ အၾကည့္လႊဲလိုက္ကာ မီးေမာင္းထိုးျခင္းကိုပဲ ဆက္လက္စစ္ေဆးေနသည္။

႐ွဲ႕က်င္သည္ ႐ုတ္တရက္ စူးေထာင္ရဲ႕လက္ေကာက္ဝတ္ကို ဆြဲကိုင္လိုက္ကာ အတင္းဆြဲေခၚသြား၏။ ႐ွဲ႕က်င္၏ ေျခတံ႐ွည္႐ွည္မ်ားက အလ်င္အျမန္ပင္ ေ႐ြ႕လ်ားေနၿပီး စူးေထာင္မွာ သူ႕ေနာက္သို႔ အမီလိုက္ရကာ ေျမျပင္ေပၚသို႔ ျပဳတ္က်မသြားေစရန္ ထိန္းေနရသည္။

စူးေထာင္ဟာ ကားပါကင္အနားထိ ဆြဲေခၚ ခံေနရသျဖင့္ ေမာေမာပန္းပန္းႏွင့္ သူ႕ကိုလွမ္းေျပာလိုက္၏။

   "ေျဖးေျဖးသြား။"

'႐ုတ္တရက္ ႐ွဲ႕က်င္ရပ္ၿပီး လွည့္ၾကည့္လိုက္ေတာ့ ရလာဒ္အေနနဲ႔  သူ႕ေနာက္အမီ‌လိုက္ေနရတဲ့ စူးေထာင္က သူ႕ရင္ဘတ္ကို ေဆာင့္မိသြားေတာ့တယ္။'

စူးေထာင္ဟာ သူမနဖူးကိုအုပ္ထားရင္း သူ႕ကို ေမာ့ၾကည့္လိုက္၏။ သူမရဲ႕ပါးျပင္ေတြက ေမာပန္းမႈေၾကာင့္ ပန္းေရာင္သန္းေနသည္။"႐ွင္ကြၽန္မကို ဘယ္ေတြေခၚသြားေနတာလဲ။"

   "အိမ္ျပန္မယ္။"

စူးေထာင္သည္ သူမလက္ကို ခပ္ျပင္းျပင္း ခါခ်လိုက္ေသာ္လည္း သူကခပ္တင္းတင္း ဆုပ္ကိုင္ထားေသာေၾကာင့္ "လႊတ္" ဟုသာ အမိန္႔ေပးႏိုင္၏။

"ေ႐ွာင္ေထာင္ေလး" ႐ွဲ႕က်င္က သူမကို သူ၏ေႏြးေနေသာရင္ဘတ္ထဲကို ဆြဲသြင္းလိုက္ၿပီး သူ႕ရဲ႕အသံခက္အက္အက္က ရင္ဘတ္ကေနတဆင့္ သူမနားထဲကို ေရာက္လာသည္။ "ထပ္ၿပီးျပႆနာ႐ွာမယ္ဆိုရင္ ကိုယ္ မင္းကိုတကယ္ ခြင့္လႊတ္ေတာ့မွာမဟုတ္ဘူးေနာ္။"

သူ႕ရင္ခြင္ထဲတြင္ ခပ္တင္းတင္ဖက္ထားခံထားရေသာ စူးေထာင္က သူမရဲ႕ေဒါသကို မ်ိဳသိပ္လိုက္ရင္း တည္တည္ၿငိမ္ၿငိမ္ႏွင့္ " ကြၽန္မ ျပႆနာ႐ွာေနတာ မဟုတ္ဘူး။"

"မင္း အခမ္းအနားပြဲကို တာဝန္ယူဖို႔ ကိုယ္သေဘာတူထားၿပီးၿပီေလ။ ဘာလို႔ စိတ္ဆိုးေနေသးလဲ" ႐ွဲ႕က်င္က သူခပ္တင္းတင္း ေပြ႕ဖက္ထားတဲ့ စူးေထာင္ကို ေခါင္းငုံ႔ၿပီးၾကည့္လိုက္၏။

သူ၏ေလသံကို ႏူးႏူးညံ့ညံ့ျဖစ္ေအာင္ႏွိမ့္လိုက္ကာ "လက္ေကာက္ကိုဝတ္လိုက္ၿပီး ကိုယ္နဲ႔အတူ အိမ္ျပန္လိုက္ခဲ့ပါ။"

'စူးေထာင္က သူေျပာတဲ့စကားရဲ႕အဓိပၸာယ္က ဒီလိုမ်ိဳးလို႔ ခံစားလိုက္ရတယ္ - ေခြးလည္ပတ္ကိုတပ္ၿပီး ငါနဲ႔အိမ္အတူအိမ္ျပန္လိုက္ခဲ့။'

'စကားနားမေထာင္ေသာေခြးကေလးကို အျပစ္တင္ေနတဲ့ပိုင္႐ွင္ရဲ႕ေလသံနဲ႔ ကြာေနတာမ်ား႐ွိလား။'

' တျခားသေဘာဆိုလို ခ်င္တာမဟုတ္ပါဘူး။'

အခ်ိန္ေတာ္ေတာ္ၾကာတိတ္ဆိတ္ၿပီးတဲ့ေနာက္ ႐ွဲ႕က်င္က စူးေထာင္ရဲ႕တုန္႔ျပန္သံကိုမၾကားရေသးေပ။ သူေခါင္းကိုငုံ႔ၾကည့္လိုက္ေတာ့ စူးေထာင္တစ္ေယာက္ ေျမျပင္ကို ေတြေတြႀကီးေငးေမာေနတာကို ေတြ႕လိုက္ရသည္။'

"ဘာေတြစဥ္းစားေနတာလဲ။ စကားေျပာဦးေလ။"

"ကြၽန္မ စကားေျပာလို႔ရလား" ဟု စူးေထာင္ကျပန္ေမးလိုက္သည္။

"ကိုယ္ မင္းကို ဘယ္တုန္းက စကားေျပာခြင့္ပိတ္ပင္ထားလို႔လဲ" ႐ွဲ႕က်င္က သူမမ်က္ႏွာကို လွမ္းကိုင္လိုက္ရင္း ႏူးညံ့သည့္အထိအေတြ႕ေၾကာင့္ ျပန္မလႊတ္လိုက္ခ်င္သလို ခံစားလိုက္ရ၏။ သူမကို မထိေတြ႕ရတာ ဘယ္ႏွစ္ရက္ေတာင္႐ွိေနၿပီလဲ။

"ဒါဆို ကြၽန္မကိုလႊတ္ေပး" စူးေထာင္က သူမရဲ႕မ်က္ႏွာကိုအတင္းဆြဲထုတ္ရင္း ေလသံကလည္းေျပာင္းသြားသည္။

႐ွဲ႕က်င္က တုံ႔ဆိုင္းသြားၿပီး သူမရဲ႕ပါးျပင္ကို တြန္႔ဆုတ္စြာ လႊတ္လိုက္ေသာ္လည္း ကိုင္ထားသည့္သူမရဲ႕လက္ကိုေတာ့ မလႊတ္လိုက္ေပ။

"လက္ကိုလႊတ္ ကြၽန္မထြက္မေျပးဘူး" စူးေထာင္ဟာ ကူကယ္ရာမဲ့စြာျဖင့္ေရ႐ြတ္လိုက္သည္။ " ကြၽန္မက ေခြးလည္းမဟုတ္ဘူးေလ"

သူမနဖူးကို႐ိုက္လိုက္ၿပီး တိတ္ဆိတ္ေနေသာညသန္းေခါင္၌ သူမ၏ေနာက္ဆုံးစာေၾကာင္းကို ႐ွင္း႐ွင္းလင္းလင္း ၾကားလိုက္၏။

႐ွဲ႕က်င္သည္က သူမကို မေက်မနပ္မ်က္ေစာင္းထိုးလိုက္ကာ "ဘာလို႔ ကိုယ့္ကိုယ္ကိုယ္ ေခြးတစ္ေကာင္လို႔ ေျပာတာလဲ။"

"႐ွင္က ကြၽန္မကိုကန္ထုတ္ထားၿပီးေတာ့ အခုျပန္လာေခၚေနျပန္ၿပီ။ ဒီေတာ့ ကြၽန္မနဲ႔ေခြးၾကားက ဘာေတြကြာလို႔လဲ"

စူးေထာင္သည္ ေနာက္တစ္ႀကိမ္ နဖူးအ႐ိုက္ခံလိုက္ရျပန္သည္။ စူး‌ေထာင္ဟာ သူမရဲ႕နဖူးကို အုပ္လိုက္ရင္း မ်က္ေမွာင္ၾကဳတ္ကာ ေဒါသတႀကီး သူ႕ကို စိုက္ၾကည့္ေနေလသည္။

"အိုးးး ငါတို႔အိမ္ရဲ႕ ေ႐ွာင္ေထာင္ေလးက လူေတြကိုေတာင္ ခပ္စူးစူး စိုက္ၾကည့္တတ္ေနၿပီလား။" ႐ွဲ႕က်င္က တစ္ခုခုကိုသေဘာက်သြားသလိုမ်ိဳး ႐ုတ္တရက္ျပဳံးလိုက္ကာ"ဒါက မင္းကိုယ့္ကို ႏုတ္ထြက္မယ္ဆိုၿပီး အရင္ၿခိမ္းေျခာက္ထားတာေလ။ ဒါေၾကာင့္ ကိုယ္မင္းကိုအျပစ္ေပးလိုက္တာ။"

' စူးေထာင္ဟာ ႐ွဲ႕က်င္နဲ႔သူမက မ်ဥ္းတစ္ေၾကာင္းထဲမွာ ႐ွိမေနသလို ခံစားလိုက္ရတယ္။'

'သူမရဲ႕ရည္႐ြယ္ခ်က္ေရာက္ဖို႔ ႏုတ္ထြက္စာတင္ၿပီး ၿခိမ္းေျခာက္ေနတယ္လို႔ သူထင္ေနေသးတာလား။ ဒါေပမယ့္ သူမက တကယ္ပဲႏုတ္ထြက္ၿပီး သူ႕ကိုထားသြားခ်င္ေနတာေလ။'

"ႏုတ္ထြက္စာနဲ႔‌ ပက္သက္ၿပီးေျပာရရင္ ႐ွင္ခြင့္ျပဳ၊မျပဳျပဳ ကြၽန္မတကယ္လုပ္မွာ။ ေနာက္ၿပီး ဒီလက္ေကာက္ကို ကြၽန္မဘယ္ေတာ့မွ ထပ္မဝတ္ေတာ့ဘူး။ တျခားသူရဲ႕လက္ေကာက္နဲ႔ တူညီေနတဲ့ဟာမ်ိဳး မဝတ္ခ်င္ဘူး။"

'အစက ဒီလက္ေကာက္ကို စိတ္ႀကိဳက္တစ္ကြင္းထဲပဲ သူလုပ္ထားေပးတာလို႔ထင္ေနတာ။ မထင္ထားမိတာက ဒီလက္ေကာက္က ပုံစံတူအမ်ားႀကီး႐ွိေနတာပဲ။'

'သူမက သူမတစ္ေယာက္ထဲပဲပိုင္တဲ့ သီးသန္႔အရာကိုလိုခ်င္တာ။'
















Continue Reading

You'll Also Like

5.2M 464K 96
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
814K 8.1K 67
𝐢𝐧𝐜𝐥𝐮𝐝𝐞𝐬 𝐚𝐥𝐥 𝐨𝐟 𝐭𝐡𝐞 𝐛𝐨𝐲𝐬 ✦ .  ⁺   . ✦ .  ⁺   . ✦ don't forget to vote, share and comment. 🤍
1.9K 64 18
•contuation of "my overprotective bestfriends" -- leaving off, sapanaps bestfirends got the courage to ask him out. of crouse with a struggle with a...
699K 101K 38
Yaduvanshi Series #3 it is a book under yaduvanshi series. But it could be read as standalone too. Nitya Raghavendra is a telugu businesswoman earnin...