Unicode>>
ဒဏ်ရာအပြင်းအထန် ရပြီးနောက် ရက်ပေါင်းများစွာ သတိလစ်နေခဲ့သောကြောင့် ချင်ရှောက်ယွီကိုယ်ပေါ်က အဆိပ်ဟာ ၇၀ ရာခိုင်နှုန်းမျှ ဖယ်ရှားပြီးသွားပြီ ဖြစ်သော်ငြား ရှန်ချန်းလင်က စိတ်မချနိုင်ဆဲ။ အကြင်သူ အိပ်ပျော်သွားသည်ကို စောင့်ကြည့်ပေးပြီး ပြီးတာနှင့် မီးဖိုချောင်သို့ ပြေးကာ ဟင်းရည်ပေါင်းနေပြန်သည်။
တကယ်ကို အလိမ္မာအိမ်ပါလေး အဟုတ်ပါပင်!
"ကျီ!"
အမွေးလုံးက ထင်းပုံပေါ်တွင် ထိုင်ကာ အမဲသားကို ကြည့်နေသည်။
မျက်လုံးလေးက ငွတ်မွတ်တောင့်တမှုများနှင့်။
"ခြံဝန်းထဲ သွားနေချည်"
ရှန်ချန်းလင်က သူ့နှုတ်သီးထဲ အသားတစ်တုံး ထည့်ပေးလိုက်သည်။
အမွေးလုံးလေးသည် ရုတ်ခြည်း စိတ်အခြေအနေ လွန်စွာ ကောင်းမွန်းသွားပြီး ခုန်ပေါက်ကာ လှည့်ထွက်သွားတော့သည်။ မီးဖိုချောင်ကနေ ထွက်သွားပြီးနောက် ရှန်ချန်းဖုန်းက ခြံထဲ၌ ရပ်နေသည်နှင့် တိုးသည်။ သို့နှင့် လှုပ်တုပ်လှုပ်တုပ်လေး ပြေးသွားလိုက်သည်။
အတောင်ပံတွေ ကားပြီး မြင့်မြင့်ပစ်ပေး!
ရှန်သူရဲကောင်းကြီးက သေချာပေါက် သူ့ကို အရေးမလုပ်ပေ။
"ကျီ!"
အမွေးလုံးက ခေါင်းကလေးမော့ကာ ချွဲသည်။ ရှန်သူရဲကောင်းကြီးဟာ သူ့ကို အရေးမလုပ်ဆဲပင်။
"ကျီကျီကျီ!"
အမွေးလုံးသည် သူ့ခြေထောက်အပေါ် မှောက်လှဲကာ ကော်လို့ကပ်နေ၏။
ရှန်သူရဲကောင်းကြီးသည် ခါးကိုင်း၍ သူ့နှုတ်သီးကို ညှစ်ထားရန် ပြင်လိုက်သည်!
ထိုစဉ်မှာပင် ဘယ်ဘက်ထောင့်ရှိ အခန်းတံခါးက ကျီကနဲ ပွင့်လာပြီး ယဲ့ကျင်က မျက်လုံးပွတ်သပ်လျက် ထွက်လာသည်။
"မင်း ဇာမဏီလေးနဲ့ ဆော့နေတာလား?"
"ဟုတ်တယ်လေ"
ရှန်ချန်းဖုန်းက အမွေးလုံးကို ချက်ချင်း ရင်ခွင်ထဲ ပွေ့ပိုက်လိုက်သည်။
ကြည့်ရတာ အရမ်းချစ်ပုံပင်!
ယဲ့ကျင်က ဇာမဏီလေးကို သူ့လက်ထဲကနေ လက်ဆင့်ကမ်းယူလိုက်ပြီး ထိုင်ခုံတွေ ထိုင်သည်။
"ဘာလို့ နည်းနည်းလောက် ထပ်မနားတာလဲ"
ရှန်ချန်းဖုန်းက လက်ဖက်ရည်ငှဲ့ပေးပြီး ပြောလိုက်သည်။
"အိပ်တာ နှစ်နာရီတောင် မရှိသေးဘူး"
"အခု အိပ်ရင် ညကျရင်လည်း အိပ်မပျော်ဘဲ နေလိမ့်မယ်"
ယဲ့ကျင်က ဇာမဏီငယ်လေးကို စားပွဲပေါ် တင်၍ -
"ရှောက်ယွီ ဘယ်လိုနေလဲ"
"သူ ဘာမှမဖြစ်ဘူး။ လင်အာက သူ့အတွက် ဟင်းရည်ပေါင်းနေတယ်"
ရှန်ချန်းဖုန်းက ပြောသည်။
"မင်း ညစာ ဘာစားချင်လဲ"
"ငါ တောင်အောက်ဆင်းပြီး ဆေးမြက်ဆေးရွက်တွေ ဝယ်ရဦးမှာ၊ လမ်းကြုံတာ စားလိုက်မယ်"
ယဲ့ကျင်က ဆို၏။
"ပြီးတော့ ကလေးအတွက် အဝတ်အစားတွေ ဝယ်ပေးရဦးမှာ"
"အဲ့တာဆို ကိုကြီးလည်း တောင်အောက်ဆင်း!"
ရှန်ချန်းလင် ကြားသော် မီးဖိုချောင်ထဲကနေ ခေါင်းကလေးပြူထွက်လျက် ပြောလိုက်သည်။ အလွန်လေးနက်သော အကြည့်ဖြင့် သူ့ကိုကြီးကို ကြည့်ကာ -
"ကျွန်တော့်အတွက် ကွေ့ဟွားမုန့်ရော ဝယ်ခဲ့နော်"
ရှန်ချန်းဖုန်း - ..........
"မလိုပါဘူး"
သူ စကားမဆိုတာ မြင်သော် ယဲ့ကျင်က လက်ဖက်ရည်ခွက်ကို ပြန်ချပြီး -
"ငါပဲ မင်းအတွက် ဝယ်လာပေးပါ့မယ်"
"အဲ့လို့မရပါဘူး"
ရှန်ရှောင်ရှို့က ငြင်းဆန်လိုက်သည်။
"တောင်အောက်မှာ အဲ့လောက်ရှုပ်ထွေးနေကြတုန်းပဲကို၊ မတော်တဆ မိစ္ဆာဂိုဏ်းက အကြွင်းအကျန်တွေနဲ့ တွေ့ရင် ဘယ်လိုလုပ်မလဲ"
အန္တရာယ်များလိုက်တာမှနော်!
"ငါ မင်းနဲ့အတူ တောင်အောက်လိုက်ဆင်းမယ်"
ရှန်ချန်းဖုန်းက ပြောလိုက်သည်။
"ဒီနေ့ တောင်အောက်မှာ မီးပုံးပွဲ ရှိနေတာ၊ ငါတို့အတူ သွားကြည့်မယ်လေ"
WELL DONE!
ရှန်ချန်းလင်က ရင်ထဲမှာ သူ့ကိုကြီးကို အပြင်းအထန် ချီးမွမ်းလိုက်သည်။
မီးပုံးပွဲ ကောင်းတယ်!
မီးပုံပွဲ ဘာညာက နားထောင်ရုံနဲ့တင် ကဗျာဆန်နေပြီ!
ယဲ့ကျင်က ထပ်ပြီး ဘာမျှမပြောလာတော့ဘဲ အခန်းထဲ ဝင်ပြီး အဝတ်အစားသွားလဲတော့သည်။
ရှန်ချန်းလင်က မျှော်လင့်ချက် အပြည့် မျက်ဝန်းတစ်စုံဖြင့် သူ့ကိုကြီးကို ကြည့်ကာ ----
သူရဲကောင်းကြီး ကျားယို!
ရှန်ချန်းဖုန်းက နှာခေါင်းကို ပွတ်ကာ အမွေးလုံးလေး၏ ခေါင်းကို လက်ဖြင့် တောက်လိုက်သည်။
မိမိက အလွန်ပင်ပေါ့ပါးနေပြီး နည်းနည်းလေးမျှ စိတ်မလှုပ်ရှားဟန်။ အမွေးလုံးသည် နဂိုက ပန်းပွင့်ဖတ်လေးတွေနှင့် ဆော့နေသည်။
ရုတ်တရက် ဒေါက်ကနဲ အခေါက်ခံလိုက်ရပြီးနောက် ခေါင်းမူးသွားကာ ဟိုယိုင်သည်ယိုင်လေးပင် ဖြစ်သွားပြီး နောက်ဆုံး မူးရမ်းကာ ချာချာလည်ပြီး စားပွဲပေါ် မှောက်လျက် ပစ်လဲသွားတော့သည်။
ဘာတွေဖြစ်သွားပါလိမ့်.........
တကယ်ပဲ အရမ်းအရမ်း မူးဝေပြီး ဘာဆိုဘာမျှ မသိရှာတဲ့ အပြစ်ကင်းသူလေးပါ!
ရှန်ချန်းလင်က နဖူးကို လက်တင်လျက်သာ။
ငါ့သားက အစကတည်းက အရမ်းတုံးပါတယ်ဆို ကိုကြီး ထပ်မတောက်စမ်းပါနဲ့တော့!
စိတ်ညစ်လိုက်တာနော်!
သူ၏ ကိုကြီးနှင့် မရီးအလောင်းအလျာတို့ အပြင်ထွက်သွားကြသည်အထိ စောင့်ကြည့်ပြီးမှ ရှန်ချန်းလင်က မီးဖိုချောင်သို့ ပြန်၍ ဟင်းရည်ပေါင်းသည်။ မီးဖိုက ပွက်ပွက်ဆူနေပြီး ရင်ထဲ၌ အလွန်ပင် နွေးထွေးစရာကောင်းပါ၏။
ကလေးက တံခါးပေါက်ဝကနေ ကြည့်နေသည်။
"အယ်... မင်း လက်နက်ရွေးပြီးပြီပေ့ါ"
ရှန်ချန်းလင်က လက်ကမ်းပေးကာ သူ့ကို ခေါ်လိုက်သည်။
"အွန်း"
ရှန်ရှောင်ဟန်က အလွန်ပင် တက်ကြွနေ၏။ ခါးမှာလည်း ကျောက်စိမ်းဓားတစ်လက် ချိတ်ထားကာ ကြည့်လိုက်ရုံနှင့် သေသပ်ပြီး ချစ်စရာကောင်းသည်။
"ကျွန်တော့်ရှစ်ဖူရော?"
"မင်းရှစ်ဖူ?"
ရှန်ချန်းလင်က ကြောင်သွားပြီးမှ မည်သူ့ကို ပြောမှန်း သတိရကာ -
"ကိုကြီးယဲ့နဲ့အတူ တောင်အောက်ဆင်းသွားတယ်၊ အရမ်းမိုးချုပ်မှ ပြန်လာလောက်မှာ"
အသေအချာ အတိအကျ ပြောရရင် ညလုံးမပေါက်ရင် ပြန်မလာတဲ့သဘောပေါ့ကွာ။
မီးပုံးပွဲမှာ ချိန်းတွေ့ကြရင်း တစ်ဘဝစာ လက်တွဲပေါင်းဖက်သွားတဲ့ ချစ်သူတွေ သိပ်များလွန်းတယ်လေ။
အထူးသဖြင့် အဲ့လိုနေရာမျိုးက တွေးကြည့်ရုံနဲ့တောင် ဟိုဒင်းထက်ကဗျာဆန်သေးတယ်!
"အော"
ကလေးက မျှော်လင့်ချက်မဲ့သွားလျက် -
"ကျွန်တော်က သိုင်းလေ့ကျင့်ချင်တာ"
"ခဏတာလေးကို လောစရာ မလိုပါဘူးကွာ"
ရှန်ချန်းလင်က သစ်သီးကို ရေဆေးပေးလိုက်ပြီး -
"ဒီလိုကိစ္စမျိုးက လောလို့မရဘူး။"
ကလေးက စကားနားထောင်လျက် ခေါင်းညိတ်သည်။ သူက ထပ်မံ၍ ဂရုတစိုက်ဖြင့် မေးလာသည်။
"ဂိုဏ်းချုပ်ချင် ဘယ်လိုနေလဲဟင်?"
"သူ ဘာမှမဖြစ်ဘူး။ များများအနားယူဖို့ပဲ လိုတာ"
ရှန်ချန်းလင်က ဆို၏။
"အဲ့တာကြောင့် မင်းရော ဇာမဏီလေးရော မဆူညံရဘူးနော်"
"ဟုတ်"
ကလေးက အင်မတန် သိတတ်ပေ၏။ သို့ရာ ကလေးက ပြောချင်နေသေးပုံပင်။
"ဘာပြောချင်သေးလို့လဲ?"
ရှန်ချန်းလင်က မေးလိုက်သည်။
"ကျွန်တော် ကိစ္စတစ်ခု မေးချင်တာပါ"
ရှန်ရှောင်ဟန်က အလွန်ပင် မတင်မကျဖြစ်နေဟန်။
"အင်း၊ မေးလေ"
ရှန်ချန်းလင်က သူ့ဘေးက ခုံမှာ ဝင်ထိုင်လိုက်၏။
"ကျွန်တော် မေးချင်တာက တကယ်လို့ ရှစ်ဖူတစ်ယောက် ရှိနေပြီဆိုရင် နောက်ထပ်တခြားရှစ်ဖူတစ်ယောက်ဆီက ပညာသင်ယူလို့ရနိုင်သေးလား?"
ရှန်ရှောင်ဟန်က အတော်လေးကို ဂရုတစိုက်မေးလာခြင်းပင်။
ရှန်ချန်းလင်သည် သူ့ပါးကလေးကို ညှစ်ကာ -
"မင်းက ရှောက်ယွီရဲ့ သိုင်းပညာကို သင်ချင်နေသေးတုန်းပဲ၊ ဟုတ်တယ်ဟုတ်"
ကလေးက အားနာဟန်ဖြင့် ခေါင်းညိတ်သည်။
"တခြားဂိုဏ်းဂဏတွေဆိုရင်တော့ မရရင် မရလောက်ဘူး။ ဒါပေမဲ့ ဒီမှာတော့ သေချာပေါက် ရတယ်"
ရှန်ချန်းလင်က ခိုင်ခိုင်မာမာ ပြောသည်။
ဒါက ကိုယ့်အိမ်သားတွေအချင်းချင်းကြီးလေ!
"တကယ်လား"
ကလေးက ရုတ်ခြည်း မျက်လုံးလေးများ လက်လာသည်။
"တကယ် ရတာပေါ့နော်၊ ကျွန်တော့်ကို မလိမ်ပါဘူးနော်"
"သေချာတာပေါ့"
ရှန်ချန်းလင်က သူ့ပါးကလေးကို ညှစ်ကာ -
"မင်းက ရှောက်ယွီဆီကနေ ဘာသင်ချင်တာလဲ?"
ကလေးက ပျော်ရွှင်စွာဖြင့် ပြောလာ၏။
"ဝသန်မိုး ရွာသွန်းဖြိုးသိုင်း"
ရှန်ချန်းလင် - ......
အဲ့တာကြောင့် ပြည်သူတွေကြားက ပုံပြင်တွေက လူကို အသေသတ်နိုင်တယ်လို့ ပြောတာပေါ့!
"ရလားဟင်?"
ကလေးက အင်မတန် မျှော်လင့်လျက် မေးသည်။
"အဲ့တာတွေက လျှောက်ပြောနေတာ"
ရှန်ချန်းလင်က စိတ်ရှည်လက်ရှည်ဖြင့် သူ့ကို ရှင်းပြသည်။
"ဒါပေမဲ့ အကုန်လုံးက တကယ်လို့ ပြောကြတယ်ရော။ ကိုယ်တိုင် မြင်ဖူးတဲ့လူတောင် ရှိတယ်တဲ့"
ကလေးက အင်္ကျီကို ခါပြီး မတ်တပ်ထရပ်ကာ လက်ဖြင့် မိုးကောင်းကင်သို့ ညွှန်လျက် -
"ဒီလိုမျိုး"
စကားအဆုံးတွင် ကောင်းကင်မှ မိုးခြိမ်းသံတစ်ချက် ဆူညံစွာ ထွက်ပေါ်လာတော့သည်။
"မင်းကြည့်"
ရှန်ရှောင်ရှို့က အလွန်တင်တည်းစွာဖြင့် ပြောလိုက်သည်။
"မင်း အခုပဲ တတ်မြောက်သွားပြီ"
ကလေး - ............
......
"မိုးခြိမ်းနေပြီ"
ရှန်ချန်းဖုန်းက ကောင်းကင်အရောင်ကို မော့ကြည့်ကာ -
"ကြည့်ရတာ ချက်ချင်းပဲ ရွာတော့မဲ့ပုံပဲ။ အရင်ဆုံး တည်းခိုဆောင် တစ်ခုခုမှာ အစားပဲ အရင်သွားစားကြမယ်လေ"
"မင်းဘာသာပဲ တည်းခိုဆောင်သွား"
ယဲ့ကျင်က တခြားတစ်ဖက်သို့ လှည့်ထွက်ကာ -
"ငါက ခေါက်ဆွဲဆိုင်သွားမယ်"
"ငါ့ကို စောင့်ဦးလေ"
ရှန်ချန်းဖုန်းက လမ်းဘေးဆိုင်ကနေ ထီးတစ်လက် အမြန်ဝယ်ကာ ကပျာကယာ လိုက်သွားတော့လေသည်။ ခေါက်ဆွဲဆိုင်လေးသည် လမ်းထောင့်ချိုးတွင် ရှိပြီး မိုးရိပ်အငွေ့အသက်များ ရှိသောကြောင့် လူသူနည်းပါးနေ၏။
နှစ်ယောက်သား ထိုင်ပြီး ဘယ်လောက်မျှ မကြာဘဲ အမှန်တကယ် မိုးရွာချလာတော့သည်။
ယဲ့ကျင်က ခေါင်းငုံ့၍သာ စားနေပြီး သူ့ကို တစ်ချက်မကြည့်။ ခေါက်ဆွဲဆိုင်၏ ပိုင်ရှင်က လင်မယားတစ်တွဲ ဖြစ်သည်။
တစ်ဖက်ကလည်း ရယ်ရယ်မောမောဖြင့် ချက်ပြုတ်ရင်း တစ်ဖက်ကလည်း မေးလာ၏။
"စကားများထားတာလား?"
ယဲ့ကျင် - ........
"လူနှစ်ယောက် တစ်ခုတင်တည်း အိပ်တာ ဘယ်လိုလုပ်ပြီး ရန်မဖြစ်မှာလဲ"
အဒေါ်ကြီးက အလွန်ပင် အတွေ့အကြုံ ရှိဟန်။
"ကျုပ်တို့နှစ်ယောက်လိုပေါ့။ မနေ့ညကပဲ စကားများတယ်၊ ဒီနေ့ ပြန်ပြီး ချစ်ချစ်ခင်ခင်ပဲ မဟုတ်လား"
"ကျွန်တော်တို့က မဟုတ်ဘူး"
ယဲ့ကျင်က တူကို ချလိုက်သည်။
အဒေါ်ကြီးသည် 'အိုက်ယိုး စိတ်ကောက်မနေပါနဲ့တော့ ငါတို့အားလုံး နားလည်ပါတယ်' ဟူသော အကြည့်မျိုးဖြင့် သူ့ကို ကြည့်နေသည်။
ယဲ့ကျင်က ရှန်ချန်းဖုန်းကို တစ်ချက်ကြည့်ကာ -
လောင်ဇီဘာသာ ခေါက်ဆွဲလေး အေးအေးဆေးဆေး စားချင်တာတောင် မရဘူး၊ အတင်း မရမက လိုက်လာတာ!
ရှန်သူရဲကောင်းကြီးဟာ အပြစ်မဲ့သော်ငြား လက်မြှောက်၍ အညံ့ခံရလေသည်။ အဒေါ်ကြီးက ချက်ချင်း ရယ်မောလျက် ပြောလာသည်။
"ကြည့်စမ်းပါဦး ဒီသူရဲကောင်းကြီးက မင်းကို ဘယ်လောက်တောင် ချစ်လိုက်သလဲ"
ယဲ့ကျင်၏ ခေါင်းထဲတွင် တဝုန်းဝုန်း မြည်လျက် ခေါင်းငုံ့ကာ ခေါက်ဆွဲသာ သွတ်သွင်းလိုက်တော့သည်။
နွေဥတု၏ မိုးဟာ စနစ်မကျစွာ ရွာချင်သလို ရွာတတ်သည်။
နဂိုက မိုးတဖွဲဖွဲလေး ကျနေရာမှ ရုတ်ခြည်း သည်းထန်စွာ ရွာလာပြီး လေပြင်းများနှင့်အတူ ပဲစေ့လောက် ရှိသော မိုးစက်ပေါက်များ တရစပ်ကျဆင်းလာတော့၏။
လမ်းဘေးဆိုင်လေးဟာ ခံနိုင်စွမ်းမရှိတာကြောင့် လင်မယားနှစ်ဦးကလည်း အမြန်ဆုံး ဆိုင်သိမ်းကာ အိမ်ပြန်ပြေးကြတော့သည်။ မည်သည့်နေရာမျှ မိုးခိုစရာ မရှိတော့သောအခြေအနေတွင် ရှန်ချန်းဖုန်းက ယဲ့ကျင်ကို ခါးကနေ ပွေ့၍ ချီလိုက်ပြီး ခြေထောက်တွင် အားထည့်ကာ ပျံသန်း၍ အနီးဆုံး တည်းခိုဆောင်သို့ ခေါ်သွားလိုက်လေ၏။
သို့နှင့် တည်းခိုဆောင်အတွင်း၌ မိုးခိုနေကြသော ပြည်သူပြည်သားများဟာ 'ရှန်သူရဲကောင်းကြီးမှ တောင်သခင်ယဲ့အား ပွေ့၍ မီးဟုန်းဟုန်းတောက်လောင်နေသည်ပမာ ဆန္ဒဇောများဖြင့် တည်းခိုဆောင်၏ အကောင်းစားအခန်းထဲ ဝင်ရောက်သွားခြင်း' ဖြစ်စဉ်ကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ကြရတော့သည်။
သည်လို အသည်းယားဖို့ကောင်းပြီး အချစ်တွေ ပြည့်နှက်နေတဲ့ မြင်ကွင်းမျိုး!
အားလုံးကလည်း တောင်သခင်ယဲ့ဟာ ပျံ့နှံ့နေသော ဒဏ္ဍာရီများထဲကလို မဟုတ်ကြောင်း သဘောတူလာကြသည်!
မာနကြီး အေးတိအေးစက် မဟုတ်ရပါဘူးနော်!
နူးညံ့ပြီးရှက်တတ်လိုက်တာမှ!
ပြီးတော့ ရှန်သူရဲကောင်းကြီးရဲ့ ခုနတုန်းက အမူအရာဆို စကားနဲ့တောင် ဖော်ပြဖို့ မလွယ်ဘူး!
ကြည့်လိုက်တာနဲ့ အောင့်ထားတာ တော်တော်ကြာပြီဆိုတာ သိနိုင်တယ်!
"မျက်လုံးတွေတောင် စိမ်းနေပြီနော်!"
ပတ်ပတ်လည်က ပြည်သူလုထုက ဆွေးနွေးကြသည်။ ဤသို့ဖြင့် အသစ်အသစ်သော ထူးခြားဆန်းပြား ဒဏ္ဍာရီတစ်ပုဒ်ဟာ ဟိုးလေးတကျော် ပျံ့ပွားသွားတော့သည်။
ပြည်သူတို့အကြားရှိ စာအုပ်များ၏ ခေါင်းစဉ်ကလည်း "ဒေါသတစ်ချက်တွင် နေကိုးလုံးအား မြားပစ်ခွင်းသူ ဂိုဏ်းချုပ်ချင်" မှ တစ်ဆင့် "မိုးခြိမ်းတောင်ထွဋ် ပြဿဒ်နန်း၌ ထာဝရ စောင့်ဆိုင်းလေနေသော တောင်သခင်ယဲ့" အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
တကယ်ကို ရင်ထဲ သိပ်သိပ်ထိတာပဲ။
အားလုံးသည် ညလုံးပေါက် အနှီစာအုပ်ကို ဖတ်လိုက်ပြီးနောက် ငိုရလွန်းလို့ မျက်လုံးတွေတောင် ကန်းတော့မည်ဖြစ်ကြောင်း ဖောက်သည်ချကြလေသည်။
သေချာပေါက်ပေါ့၊ စာအုပ်ဆိုင်ပိုင်ရှင်တွေဟာလည်း ထိုကိစ္စကြောင့် မကြာခဏ အထိုးအနှက် ခံရလေသည်။
အဘယ့်ကြောင့်ဆိုသော် ပုံပြင်ဇာတ်လမ်းများဟာ အလွန်ပင် အကန့်အသတ်ရှိတာကြောင့် ပြည်သူအပေါင်း၏ လိုအပ်ချက်နှင့် လိုက်ဖက်အောင် ပြင်ဆင်ရာတွင် နဂိုရှိသော ဇာတ်လမ်းကို လူနာမည်ပြောင်း၍ အသစ်ထပ်ရိုက်နှိပ်ပြီး ထုတ်ရခြင်းပင်။ ထိုအခါ ဟာကွက်များက မတော်တဆ ထွက်ပေါ်တတ်သည်မှာလည်း မလွဲဧကန်။
ထို့ကြောင့် စာအုပ်ထဲတွင် ဤကဲ့သို့သော အခြေအနေမျိုး မကြာမကြာ ထွက်ပေါ်တတ်သည်။
"ရှန်သခင်လေးသည် တုန်ယင်နေသော အမြီးလုံးလေးဖြင့်ခုတင်ထက်၌ တဟင့်ဟင့် ငိုကြွေးနေရှာ၏၊ အဆုံးမှာ ရှန်သူရဲကောင်းကြီးဟာ တိရစ္ဆာန်သားရဲတစ်ကောင်ပမာ ညှို့မှိုင်းသော အပြုံးညစ်တစ်ခုဖြင့် ရယ်ချလိုက်သည်!" ဟူသော မြင်ကွင်းမျိုး!
ညီအစ်ကိုအရင်း ဘာညာ အကြိုက်က အရမ်းကို အရသာပြင်းသွားပြီလေနော်!
ပြည်သူတွေရဲ့ အကြိုက်ကလည်း အမြဲတမ်း ပြင်းပြင်းစပ်စပ်တွေဆိုပေမဲ့လည်း ဒါကြီးကတော့ အရမ်းများသွားပြီလေ!
ညီကိုဘာညာက တကယ်ပဲ လူကို လန့်သေစေနိုင်တယ်ဟ!
သို့နှင့် စာအုပ်ဆိုင်ရှင်များဟာ မကြာခဏ နှာခေါင်းသွေးယိုပြီး မျက်နှာဖူးယောင်ကြရပါသည်။
ဟိုဒင်းထက်တောင် သနားစရာကောင်းသေးတယ်!!!
ဒါပေါ့... ဒါတွေအားလုံးက သည့်နောက်ပိုင်းမှ ဖြစ်ကြတာပေါ့။
တကယ်တမ်းတွင် နှစ်ဦးသားက ဧည့်ခန်းအဆောင်သို့ ရောက်သွားကြပြီးနောက် အားလုံးထင်ထားသလို ပူပြင်းတောက်လောင်စွာ ခန္ဓာကိုယ်၏ ဆန္ဒရမ္မက်များကို ဖြည့်စွက်နေဖို့လည်း မလိုနေခဲ့ပါပေ!
ဖီလာအားဖြင့် တစ်ခါတည်း ချိုးရေတောင်လိုက်သည်။
"အအေးဓာတ်တွေကို ဖယ်ရှားရမယ်"
ရှန်ချန်းဖုန်းက ဆိုသည်။
"အင်္ကျီက အကုန်စိုနေပြီ၊ အအေးပတ်လိမ့်မယ်"
ယဲ့ကျင်က လေကာတံခါးချပ်ကို ဆွဲလိုက်ပြီး -
"လောင်ဇီကို ကြည့်ရဲလို့ကတော့ မင်းကို သေအောင်ဆွဲထိုးမယ်မှတ်!"
"စိတ်ချပါ"
ရှန်ချန်းဖုန်းက စားပွဲ၌သာ ထိုင်လျက် -
"ငါ မင်းကို စောင့်နေပေးမယ်"
ရေချိုးတာ ဘာစောင့်ပေးစရာလိုလဲ!
ယဲ့ကျင်က စိတ်ထဲကနေ ဝေဖန်နေသည်။ ထို့နောက် လျင်မြန်စွာ ချွတ်ချပြီး ရေပုံးထဲ ဝင်လိုက်၏။
ရေ၏ အပူချိန်က အနေတော်ပဲမို့ စိမ်လိုက်သော် အင်မတန် နေလို့ကောင်းသည်။
ယဲ့ကျင်က ရေပုံးကို မှီလျက် တဘက်ဖြင့် ကိုယ်ကို တိုက်နေသည်။
ရှန်ချန်းဖုန်းသည် စားပွဲဘေး၌ ထိုင်ကာ အတွင်းအားဖြင့် သူ့အင်္ကျီကို ခြောက်သွေ့အောင် လုပ်ပေးပြီးနောက် ဂန္ဓမာပန်းခြောက် လက်ဖက်ရည်ကြမ်းတစ်အိုးမှာ၍ အေးအေးဆေးဆေး ထိုင်သောက်နေတော့သည်။
"ဟတ်ချိုး!"
ယဲ့ကျင်က နှာချေလိုက်သည်။
"အအေးမိသွားပြီ?"
ရှန်ချန်းဖုန်းက မေးလာ၏။
"ဘာမှမဖြစ်ဘူး"
ယဲ့ကျင်က မတ်တပ်ထရပ်ကာ ပုံးထဲက အပြင်သို့ ထွက်ရန် ပြင်လိုက်စဉ် ခေါင်းပေါ်ကနေ လေကို ဖြတ်တိုက်လာသော အသံတစ်သံကို ရုတ်ခြည်းကြားလိုက်ရသည်။
"သတိထား!"
သူတောင် မတုံ့ပြန်ရသေးခင်တွင် ရှန်ချန်းဖုန်းက လေကာ တံခါးချပ်ကို ဆောင့်ကန်ထုတ်လိုက်ပြီး သူ့အနားသို့ ပျံသန်းကာ သူ့ကို ရေပုံးထဲကနေ ပွေ့ချီလိုက်ကာ ညာဘက်လက်မောင်းဖြင့် သိုင်းဖက်လျက် ရင်ခွင်ထဲ ထည့်လိုက်သည်။
ကျောက်ခဲတစ်လုံးက ရေပုံးထဲသို့ ပြုတ်ကျလာပြီး အရပ်လေးမျက်နှာသို့ ရေစက်များ ပက်စင်သွားသည်။
ယဲ့ကျင် - .......
ရှန်ချန်းဖုန်း - .......
"ရှန် ချန်း ဖုန်း"
ယဲ့ကျင်က ဒေါသထောင်းထောင်းထလျက် ခေါ်သည်။
မီးဝင်းဝင်းတောက်နေသည့်အလား!
"ကိုယ်က တစ်ယောက်ယောက် ချုံခိုပြီး အလစ်တိုက်တယ် ထင်လို့"
ရှန်သူရဲကောင်းကြီးဟာ သူ့ကို ဖက်ထားလျက်နှင့် လှုပ်တောင် မလှုပ်ရဲပေ။
အင်္ကျီ မ.... မဝတ်ထားရသေးဘူး!
"သူများ အလစ်တိုက်ရင်တောင် လောင်ဇီက ကိုယ့်ဘာသာကိုယ် မရှောင်တတ်ဘူးလား!"
ယဲ့ကျင်က လက်သီးဖြင့် ထိုးလိုက်သည်။
ရှက်စိတ်ကနေ ဒေါသဖြစ်ကာ -
"ဘာကြည့်နေတာလဲ!"
ရှန်ချန်းဖုန်းက ချက်ချင်း မျက်စိမှိတ်လိုက်သည်။
ယဲ့ကျင်က သူ့ကို တွန်းထုတ်၍ အဝတ်အစားများကို ပိုက်ကာ ခုတင်လိုက်ကာ၏ အနောက်သို့ ပြေးသွားတော့၏။
"ကြည့်ရတာ ငှက်ကြီးကြီး တစ်ကောင်က အသိုက်လုပ်ဖို့ ကျောက်ခဲချီလာရင်း လမ်းတစ်ဝက်မှာ ပြုတ်ကျလာတာဖြစ်မယ်"
ရှန်ချန်းဖုန်းက မျက်စိမှိတ်ထားဆဲပင်။
"ငါ တမင်သက်သက် မင်း ရေချိုးတာကို ကြည့်တာ မဟုတ်ပါဘူးကွာ"
"ပါးစပ်ပိတ်ထား!"
ယဲ့ကျင်က အကြမ်းပတမ်းပင် ခေါင်းအုံးတစ်လုံး ပစ်ထုတ်လိုက်သည်။
ရှန်သူရဲကောင်းကြီးဟာ ပင်ကိုယ်အစွမ်းအစဖြင့်ပင် ရှောင်တိမ်းနိုင်လိုက်သည်။
"မင်း ရှောင်ရဲသေးတယ်!"
ယဲ့ကျင်က ပိုဒေါသထွက်သွား၏။
ရှန်သူရဲကောင်းကြီးလည်း ကြမ်းပေါ်တွင် ပွစာကြဲနေသော အပိုင်းအစများကို ကြည့်လျက် ခေါင်းကိုက်စွာပင် တွေးမိသည်။
မရှောင်ရင် ခေါင်းမှာပန်းတွေ ပွင့်သွားမှာပေါ့......
"အပြင်မှာ လျှောက်ပြောရဲလို့ကတော့ မင်း သေပြီပဲ!"
ယဲ့ကျင်က အံကြိတ်လျက် ကြိမ်းမောင်းကာ တစ်ဖက်က ခါးစည်းကြိုးကို ချည်ရင်း တစ်ဖက်က ခုတင်အောက်သို့ ဆင်းသည်။
ရှန်ချန်းဖုန်းကလည်း မတတ်နိုင်စွာဖြင့် -
"ငါက အရူးမှ မဟုတ်တာ၊ ဘာလို့ မင်းရေချိုးတဲ့ကိစ္စကို နေရာအနှံ့လိုက်ပြောနေမှာလဲကွာ"
ယဲ့ကျင်က ဖိနပ်စီးပြီးနောက် -
"ဇာမဏီတောင်ကို ပြန်မယ်"
"မိုးတိတ်သွားပြီ..."
ရှန်ချန်းဖုန်းက သူ့နောက်ကနေ လှမ်းဆွဲခေါ်ကာ-
"ငါတို့.... မီးပုံးပွဲတော်ကို အတူတူ သွားကြည့်ကြမလား?"
-
13.04.2024
နှစ်သစ်မင်္ဂလာ သင်္ကြန်အခါတော်လေးမှာ စာဖတ်သူအပေါင်း ကိုယ်စိတ်နှလုံး အေးချမ်းကြပါစေ။ ဘေးအန္တရာယ် ကင်းဝေးကြပါစေ။ အခက်အခဲ အားလုံး နှစ်ဟောင်းမှာ ကျန်ခဲ့ပြီး နှစ်သစ်ကစ ပျော်ရွှင်ချမ်းမြေ့ကြပါစေ ဆုတောင်းပါတယ်ရှင်။
🐥🌼🌿
-
.
.
Zawgyi>>
အခန္း (၁၁၇) အေမြးလုံးေလးဟာဘာမွ်ကိုမသိနားမလည္ရွာ!
ဒဏ္ရာအျပင္းအထန္ ရၿပီးေနာက္ ရက္ေပါင္းမ်ားစြာ သတိလစ္ေနခဲ့ေသာေၾကာင့္ ခ်င္ေရွာက္ယြီကိုယ္ေပၚက အဆိပ္ဟာ ၇၀ ရာခိုင္ႏႈန္းမွ် ဖယ္ရွားၿပီးသြားၿပီ ျဖစ္ေသာ္ျငား ရွန္ခ်န္းလင္က စိတ္မခ်နိဳင္ဆဲ။ အၾကင္သူ အိပ္ေပ်ာ္သြားသည္ကို ေစာင့္ၾကည့္ေပးၿပီး ၿပီးတာႏွင့္ မီးဖိုေခ်ာင္သို႔ ေျပးကာ ဟင္းရည္ေပါင္းေနျပန္သည္။
တကယ္ကို အလိမၼာအိမ္ပါေလး အဟုတ္ပါပင္!
"က်ီ!"
အေမြးလုံးက ထင္းပုံေပၚတြင္ ထိုင္ကာ အမဲသားကို ၾကည့္ေနသည္။
မ်က္လုံးေလးက ငြတ္မြတ္ေတာင့္တမႈမ်ားႏွင့္။
"ၿခံဝန္းထဲ သြားေနခ်ည္"
ရွန္ခ်န္းလင္က သူ႕ႏႈတ္သီးထဲ အသားတစ္တုံး ထည့္ေပးလိုက္သည္။
အေမြးလုံးေလးသည္ ႐ုတ္ျခည္း စိတ္အေျခအေန လြန္စြာ ေကာင္းမြန္းသြားၿပီး ခုန္ေပါက္ကာ လွည့္ထြက္သြားေတာ့သည္။ မီးဖိုေခ်ာင္ကေန ထြက္သြားၿပီးေနာက္ ရွန္ခ်န္းဖုန္းက ၿခံထဲ၌ ရပ္ေနသည္ႏွင့္ တိုးသည္။ သို႔ႏွင့္ လႈပ္တုပ္လႈပ္တုပ္ေလး ေျပးသြားလိုက္သည္။
အေတာင္ပံေတြ ကားၿပီး ျမင့္ျမင့္ပစ္ေပး!
ရွန္သူရဲေကာင္းႀကီးက ေသခ်ာေပါက္ သူ႕ကို အေရးမလုပ္ေပ။
"က်ီ!"
အေမြးလုံးက ေခါင္းကေလးေမာ့ကာ ခြၽဲသည္။ ရွန္သူရဲေကာင္းႀကီးဟာ သူ႕ကို အေရးမလုပ္ဆဲပင္။
"က်ီက်ီက်ီ!"
အေမြးလုံးသည္ သူ႕ေျခေထာက္အေပၚ ေမွာက္လွဲကာ ေကာ္လို႔ကပ္ေန၏။
ရွန္သူရဲေကာင္းႀကီးသည္ ခါးကိုင္း၍ သူ႕ႏႈတ္သီးကို ညွစ္ထားရန္ ျပင္လိုက္သည္!
ထိုစဥ္မွာပင္ ဘယ္ဘက္ေထာင့္ရွိ အခန္းတံခါးက က်ီကနဲ ပြင့္လာၿပီး ယဲ့က်င္က မ်က္လုံးပြတ္သပ္လ်က္ ထြက္လာသည္။
"မင္း ဇာမဏီေလးနဲ႕ ေဆာ့ေနတာလား?"
"ဟုတ္တယ္ေလ"
ရွန္ခ်န္းဖုန္းက အေမြးလုံးကို ခ်က္ခ်င္း ရင္ခြင္ထဲ ေပြ႕ပိုက္လိုက္သည္။
ၾကည့္ရတာ အရမ္းခ်စ္ပုံပင္!
ယဲ့က်င္က ဇာမဏီေလးကို သူ႕လက္ထဲကေန လက္ဆင့္ကမ္းယူလိုက္ၿပီး ထိုင္ခုံေတြ ထိုင္သည္။
"ဘာလို႔ နည္းနည္းေလာက္ ထပ္မနားတာလဲ"
ရွန္ခ်န္းဖုန္းက လက္ဖက္ရည္ငွဲ႕ေပးၿပီး ေျပာလိုက္သည္။
"အိပ္တာ ႏွစ္နာရီေတာင္ မရွိေသးဘူး"
"အခု အိပ္ရင္ ညက်ရင္လည္း အိပ္မေပ်ာ္ဘဲ ေနလိမ့္မယ္"
ယဲ့က်င္က ဇာမဏီငယ္ေလးကို စားပြဲေပၚ တင္၍ -
"ေရွာက္ယြီ ဘယ္လိုေနလဲ"
"သူ ဘာမွမျဖစ္ဘူး။ လင္အာက သူ႕အတြက္ ဟင္းရည္ေပါင္းေနတယ္"
ရွန္ခ်န္းဖုန္းက ေျပာသည္။
"မင္း ညစာ ဘာစားခ်င္လဲ"
"ငါ ေတာင္ေအာက္ဆင္းၿပီး ေဆးျမက္ေဆး႐ြက္ေတြ ဝယ္ရဦးမွာ၊ လမ္းႀကဳံတာ စားလိုက္မယ္"
ယဲ့က်င္က ဆို၏။
"ၿပီးေတာ့ ကေလးအတြက္ အဝတ္အစားေတြ ဝယ္ေပးရဦးမွာ"
"အဲ့တာဆို ကိုႀကီးလည္း ေတာင္ေအာက္ဆင္း!"
ရွန္ခ်န္းလင္ ၾကားေသာ္ မီးဖိုေခ်ာင္ထဲကေန ေခါင္းကေလးျပဴထြက္လ်က္ ေျပာလိုက္သည္။ အလြန္ေလးနက္ေသာ အၾကည့္ျဖင့္ သူ႕ကိုႀကီးကို ၾကည့္ကာ -
"ကြၽန္ေတာ့္အတြက္ ေကြ႕ဟြားမုန႔္ေရာ ဝယ္ခဲ့ေနာ္"
ရွန္ခ်န္းဖုန္း - ..........
"မလိုပါဘူး"
သူ စကားမဆိုတာ ျမင္ေသာ္ ယဲ့က်င္က လက္ဖက္ရည္ခြက္ကို ျပန္ခ်ၿပီး -
"ငါပဲ မင္းအတြက္ ဝယ္လာေပးပါ့မယ္"
"အဲ့လို႔မရပါဘူး"
ရွန္ေရွာင္ရွို႔က ျငင္းဆန္လိုက္သည္။
"ေတာင္ေအာက္မွာ အဲ့ေလာက္ရႈပ္ေထြးေနၾကတုန္းပဲကို၊ မေတာ္တဆ မိစာၦဂိုဏ္းက အႂကြင္းအက်န္ေတြနဲ႕ ေတြ႕ရင္ ဘယ္လိုလုပ္မလဲ"
အႏၲရာယ္မ်ားလိုက္တာမွေနာ္!
"ငါ မင္းနဲ႕အတူ ေတာင္ေအာက္လိုက္ဆင္းမယ္"
ရွန္ခ်န္းဖုန္းက ေျပာလိုက္သည္။
"ဒီေန႕ ေတာင္ေအာက္မွာ မီးပုံးပြဲ ရွိေနတာ၊ ငါတို႔အတူ သြားၾကည့္မယ္ေလ"
WELL DONE!
ရွန္ခ်န္းလင္က ရင္ထဲမွာ သူ႕ကိုႀကီးကို အျပင္းအထန္ ခ်ီးမြမ္းလိုက္သည္။
မီးပုံးပြဲ ေကာင္းတယ္!
မီးပုံပြဲ ဘာညာက နားေထာင္႐ုံနဲ႕တင္ ကဗ်ာဆန္ေနၿပီ!
ယဲ့က်င္က ထပ္ၿပီး ဘာမွ်မေျပာလာေတာ့ဘဲ အခန္းထဲ ဝင္ၿပီး အဝတ္အစားသြားလဲေတာ့သည္။
ရွန္ခ်န္းလင္က ေမွ်ာ္လင့္ခ်က္ အျပည့္ မ်က္ဝန္းတစ္စုံျဖင့္ သူ႕ကိုႀကီးကို ၾကည့္ကာ ----
သူရဲေကာင္းႀကီး က်ားယို!
ရွန္ခ်န္းဖုန္းက ႏွာေခါင္းကို ပြတ္ကာ အေမြးလုံးေလး၏ ေခါင္းကို လက္ျဖင့္ ေတာက္လိုက္သည္။
မိမိက အလြန္ပင္ေပါ့ပါးေနၿပီး နည္းနည္းေလးမွ် စိတ္မလႈပ္ရွားဟန္။ အေမြးလုံးသည္ နဂိုက ပန္းပြင့္ဖတ္ေလးေတြႏွင့္ ေဆာ့ေနသည္။
႐ုတ္တရက္ ေဒါက္ကနဲ အေခါက္ခံလိုက္ရၿပီးေနာက္ ေခါင္းမူးသြားကာ ဟိုယိုင္သည္ယိုင္ေလးပင္ ျဖစ္သြားၿပီး ေနာက္ဆုံး မူးရမ္းကာ ခ်ာခ်ာလည္ၿပီး စားပြဲေပၚ ေမွာက္လ်က္ ပစ္လဲသြားေတာ့သည္။
ဘာေတြျဖစ္သြားပါလိမ့္.........
တကယ္ပဲ အရမ္းအရမ္း မူးေဝၿပီး ဘာဆိုဘာမွ် မသိရွာတဲ့ အျပစ္ကင္းသူေလးပါ!
ရွန္ခ်န္းလင္က နဖူးကို လက္တင္လ်က္သာ။
ငါ့သားက အစကတည္းက အရမ္းတုံးပါတယ္ဆို ကိုႀကီး ထပ္မေတာက္စမ္းပါနဲ႕ေတာ့!
စိတ္ညစ္လိုက္တာေနာ္!
သူ၏ ကိုႀကီးႏွင့္ မရီးအေလာင္းအလ်ာတို႔ အျပင္ထြက္သြားၾကသည္အထိ ေစာင့္ၾကည့္ၿပီးမွ ရွန္ခ်န္းလင္က မီးဖိုေခ်ာင္သို႔ ျပန္၍ ဟင္းရည္ေပါင္းသည္။ မီးဖိုက ပြက္ပြက္ဆူေနၿပီး ရင္ထဲ၌ အလြန္ပင္ ေႏြးေထြးစရာေကာင္းပါ၏။
ကေလးက တံခါးေပါက္ဝကေန ၾကည့္ေနသည္။
"အယ္... မင္း လက္နက္ေ႐ြးၿပီးၿပီေပ့ါ"
ရွန္ခ်န္းလင္က လက္ကမ္းေပးကာ သူ႕ကို ေခၚလိုက္သည္။
"အြန္း"
ရွန္ေရွာင္ဟန္က အလြန္ပင္ တက္ႂကြေန၏။ ခါးမွာလည္း ေက်ာက္စိမ္းဓားတစ္လက္ ခ်ိတ္ထားကာ ၾကည့္လိုက္႐ုံႏွင့္ ေသသပ္ၿပီး ခ်စ္စရာေကာင္းသည္။
"ကြၽန္ေတာ့္ရွစ္ဖူေရာ?"
"မင္းရွစ္ဖူ?"
ရွန္ခ်န္းလင္က ေၾကာင္သြားၿပီးမွ မည္သူ႕ကို ေျပာမွန္း သတိရကာ -
"ကိုႀကီးယဲ့နဲ႕အတူ ေတာင္ေအာက္ဆင္းသြားတယ္၊ အရမ္းမိုးခ်ဳပ္မွ ျပန္လာေလာက္မွာ"
အေသအခ်ာ အတိအက် ေျပာရရင္ ညလုံးမေပါက္ရင္ ျပန္မလာတဲ့သေဘာေပါ့ကြာ။
မီးပုံးပြဲမွာ ခ်ိန္းေတြ႕ၾကရင္း တစ္ဘဝစာ လက္တြဲေပါင္းဖက္သြားတဲ့ ခ်စ္သူေတြ သိပ္မ်ားလြန္းတယ္ေလ။
အထူးသျဖင့္ အဲ့လိုေနရာမ်ိဳးက ေတြးၾကည့္႐ုံနဲ႕ေတာင္ ဟိုဒင္းထက္ကဗ်ာဆန္ေသးတယ္!
"ေအာ"
ကေလးက ေမွ်ာ္လင့္ခ်က္မဲ့သြားလ်က္ -
"ကြၽန္ေတာ္က သိုင္းေလ့က်င့္ခ်င္တာ"
"ခဏတာေလးကို ေလာစရာ မလိုပါဘူးကြာ"
ရွန္ခ်န္းလင္က သစ္သီးကို ေရေဆးေပးလိုက္ၿပီး -
"ဒီလိုကိစၥမ်ိဳးက ေလာလို႔မရဘူး။"
ကေလးက စကားနားေထာင္လ်က္ ေခါင္းညိတ္သည္။ သူက ထပ္မံ၍ ဂ႐ုတစိုက္ျဖင့္ ေမးလာသည္။
"ဂိုဏ္းခ်ဳပ္ခ်င္ ဘယ္လိုေနလဲဟင္?"
"သူ ဘာမွမျဖစ္ဘူး။ မ်ားမ်ားအနားယူဖို႔ပဲ လိုတာ"
ရွန္ခ်န္းလင္က ဆို၏။
"အဲ့တာေၾကာင့္ မင္းေရာ ဇာမဏီေလးေရာ မဆူညံရဘူးေနာ္"
"ဟုတ္"
ကေလးက အင္မတန္ သိတတ္ေပ၏။ သို႔ရာ ကေလးက ေျပာခ်င္ေနေသးပုံပင္။
"ဘာေျပာခ်င္ေသးလို႔လဲ?"
ရွန္ခ်န္းလင္က ေမးလိုက္သည္။
"ကြၽန္ေတာ္ ကိစၥတစ္ခု ေမးခ်င္တာပါ"
ရွန္ေရွာင္ဟန္က အလြန္ပင္ မတင္မက်ျဖစ္ေနဟန္။
"အင္း၊ ေမးေလ"
ရွန္ခ်န္းလင္က သူ႕ေဘးက ခုံမွာ ဝင္ထိုင္လိုက္၏။
"ကြၽန္ေတာ္ ေမးခ်င္တာက တကယ္လို႔ ရွစ္ဖူတစ္ေယာက္ ရွိေနၿပီဆိုရင္ ေနာက္ထပ္တျခားရွစ္ဖူတစ္ေယာက္ဆီက ပညာသင္ယူလို႔ရနိုင္ေသးလား?"
ရွန္ေရွာင္ဟန္က အေတာ္ေလးကို ဂ႐ုတစိုက္ေမးလာျခင္းပင္။
ရွန္ခ်န္းလင္သည္ သူ႕ပါးကေလးကို ညွစ္ကာ -
"မင္းက ေရွာက္ယြီရဲ႕ သိုင္းပညာကို သင္ခ်င္ေနေသးတုန္းပဲ၊ ဟုတ္တယ္ဟုတ္"
ကေလးက အားနာဟန္ျဖင့္ ေခါင္းညိတ္သည္။
"တျခားဂိုဏ္းဂဏေတြဆိုရင္ေတာ့ မရရင္ မရေလာက္ဘူး။ ဒါေပမဲ့ ဒီမွာေတာ့ ေသခ်ာေပါက္ ရတယ္"
ရွန္ခ်န္းလင္က ခိုင္ခိုင္မာမာ ေျပာသည္။
ဒါက ကိုယ့္အိမ္သားေတြအခ်င္းခ်င္းႀကီးေလ!
"တကယ္လား"
ကေလးက ႐ုတ္ျခည္း မ်က္လုံးေလးမ်ား လက္လာသည္။
"တကယ္ ရတာေပါ့ေနာ္၊ ကြၽန္ေတာ့္ကို မလိမ္ပါဘူးေနာ္"
"ေသခ်ာတာေပါ့"
ရွန္ခ်န္းလင္က သူ႕ပါးကေလးကို ညွစ္ကာ -
"မင္းက ေရွာက္ယြီဆီကေန ဘာသင္ခ်င္တာလဲ?"
ကေလးက ေပ်ာ္႐ႊင္စြာျဖင့္ ေျပာလာ၏။
"ဝသန္မိုး ႐ြာသြန္းၿဖိဳးသိုင္း"
ရွန္ခ်န္းလင္ - ......
အဲ့တာေၾကာင့္ ျပည္သူေတြၾကားက ပုံျပင္ေတြက လူကို အေသသတ္နိုင္တယ္လို႔ ေျပာတာေပါ့!
"ရလားဟင္?"
ကေလးက အင္မတန္ ေမွ်ာ္လင့္လ်က္ ေမးသည္။
"အဲ့တာေတြက ေလွ်ာက္ေျပာေနတာ"
ရွန္ခ်န္းလင္က စိတ္ရွည္လက္ရွည္ျဖင့္ သူ႕ကို ရွင္းျပသည္။
"ဒါေပမဲ့ အကုန္လုံးက တကယ္လို႔ ေျပာၾကတယ္ေရာ။ ကိုယ္တိုင္ ျမင္ဖူးတဲ့လူေတာင္ ရွိတယ္တဲ့"
ကေလးက အကၤ်ီကို ခါၿပီး မတ္တပ္ထရပ္ကာ လက္ျဖင့္ မိုးေကာင္းကင္သို႔ ၫႊန္လ်က္ -
"ဒီလိုမ်ိဳး"
စကားအဆုံးတြင္ ေကာင္းကင္မွ မိုးၿခိမ္းသံတစ္ခ်က္ ဆူညံစြာ ထြက္ေပၚလာေတာ့သည္။
"မင္းၾကည့္"
ရွန္ေရွာင္ရွို႔က အလြန္တင္တည္းစြာျဖင့္ ေျပာလိုက္သည္။
"မင္း အခုပဲ တတ္ေျမာက္သြားၿပီ"
ကေလး - ............
......
"မိုးၿခိမ္းေနၿပီ"
ရွန္ခ်န္းဖုန္းက ေကာင္းကင္အေရာင္ကို ေမာ့ၾကည့္ကာ -
"ၾကည့္ရတာ ခ်က္ခ်င္းပဲ ႐ြာေတာ့မဲ့ပုံပဲ။ အရင္ဆုံး တည္းခိုေဆာင္ တစ္ခုခုမွာ အစားပဲ အရင္သြားစားၾကမယ္ေလ"
"မင္းဘာသာပဲ တည္းခိုေဆာင္သြား"
ယဲ့က်င္က တျခားတစ္ဖက္သို႔ လွည့္ထြက္ကာ -
"ငါက ေခါက္ဆြဲဆိုင္သြားမယ္"
"ငါ့ကို ေစာင့္ဦးေလ"
ရွန္ခ်န္းဖုန္းက လမ္းေဘးဆိုင္ကေန ထီးတစ္လက္ အျမန္ဝယ္ကာ ကပ်ာကယာ လိုက္သြားေတာ့ေလသည္။ ေခါက္ဆြဲဆိုင္ေလးသည္ လမ္းေထာင့္ခ်ိဳးတြင္ ရွိၿပီး မိုးရိပ္အေငြ႕အသက္မ်ား ရွိေသာေၾကာင့္ လူသူနည္းပါးေန၏။
ႏွစ္ေယာက္သား ထိုင္ၿပီး ဘယ္ေလာက္မွ် မၾကာဘဲ အမွန္တကယ္ မိုး႐ြာခ်လာေတာ့သည္။
ယဲ့က်င္က ေခါင္းငုံ႕၍သာ စားေနၿပီး သူ႕ကို တစ္ခ်က္မၾကည့္။ ေခါက္ဆြဲဆိုင္၏ ပိုင္ရွင္က လင္မယားတစ္တြဲ ျဖစ္သည္။
တစ္ဖက္ကလည္း ရယ္ရယ္ေမာေမာျဖင့္ ခ်က္ျပဳတ္ရင္း တစ္ဖက္ကလည္း ေမးလာ၏။
"စကားမ်ားထားတာလား?"
ယဲ့က်င္ - ........
"လူႏွစ္ေယာက္ တစ္ခုတင္တည္း အိပ္တာ ဘယ္လိုလုပ္ၿပီး ရန္မျဖစ္မွာလဲ"
အေဒၚႀကီးက အလြန္ပင္ အေတြ႕အႀကဳံ ရွိဟန္။
"က်ဳပ္တို႔ႏွစ္ေယာက္လိုေပါ့။ မေန႕ညကပဲ စကားမ်ားတယ္၊ ဒီေန႕ ျပန္ၿပီး ခ်စ္ခ်စ္ခင္ခင္ပဲ မဟုတ္လား"
"ကြၽန္ေတာ္တို႔က မဟုတ္ဘူး"
ယဲ့က်င္က တူကို ခ်လိဳက္သည္။
အေဒၚႀကီးသည္ 'အိုက္ယိုး စိတ္ေကာက္မေနပါနဲ႕ေတာ့ ငါတို႔အားလုံး နားလည္ပါတယ္' ဟူေသာ အၾကည့္မ်ိဳးျဖင့္ သူ႕ကို ၾကည့္ေနသည္။
ယဲ့က်င္က ရွန္ခ်န္းဖုန္းကို တစ္ခ်က္ၾကည့္ကာ -
ေလာင္ဇီဘာသာ ေခါက္ဆြဲေလး ေအးေအးေဆးေဆး စားခ်င္တာေတာင္ မရဘူး၊ အတင္း မရမက လိုက္လာတာ!
ရွန္သူရဲေကာင္းႀကီးဟာ အျပစ္မဲ့ေသာ္ျငား လက္ျမႇောက္၍ အညံ့ခံရေလသည္။ အေဒၚႀကီးက ခ်က္ခ်င္း ရယ္ေမာလ်က္ ေျပာလာသည္။
"ၾကည့္စမ္းပါဦး ဒီသူရဲေကာင္းႀကီးက မင္းကို ဘယ္ေလာက္ေတာင္ ခ်စ္လိုက္သလဲ"
ယဲ့က်င္၏ ေခါင္းထဲတြင္ တဝုန္းဝုန္း ျမည္လ်က္ ေခါင္းငုံ႕ကာ ေခါက္ဆြဲသာ သြတ္သြင္းလိုက္ေတာ့သည္။
ေႏြဥတု၏ မိုးဟာ စနစ္မက်စြာ ႐ြာခ်င္သလို ႐ြာတတ္သည္။
နဂိုက မိုးတဖြဲဖြဲေလး က်ေနရာမွ ႐ုတ္ျခည္း သည္းထန္စြာ ႐ြာလာၿပီး ေလျပင္းမ်ားႏွင့္အတူ ပဲေစ့ေလာက္ ရွိေသာ မိုးစက္ေပါက္မ်ား တရစပ္က်ဆင္းလာေတာ့၏။
လမ္းေဘးဆိုင္ေလးဟာ ခံနိုင္စြမ္းမရွိတာေၾကာင့္ လင္မယားႏွစ္ဦးကလည္း အျမန္ဆုံး ဆိုင္သိမ္းကာ အိမ္ျပန္ေျပးၾကေတာ့သည္။ မည္သည့္ေနရာမွ် မိုးခိုစရာ မရွိေတာ့ေသာအေျခအေနတြင္ ရွန္ခ်န္းဖုန္းက ယဲ့က်င္ကို ခါးကေန ေပြ႕၍ ခ်ီလိုက္ၿပီး ေျခေထာက္တြင္ အားထည့္ကာ ပ်ံသန္း၍ အနီးဆုံး တည္းခိုေဆာင္သို႔ ေခၚသြားလိုက္ေလ၏။
သို႔ႏွင့္ တည္းခိုေဆာင္အတြင္း၌ မိုးခိုေနၾကေသာ ျပည္သူျပည္သားမ်ားဟာ 'ရွန္သူရဲေကာင္းႀကီးမွ ေတာင္သခင္ယဲ့အား ေပြ႕၍ မီးဟုန္းဟုန္းေတာက္ေလာင္ေနသည္ပမာ ဆႏၵေဇာမ်ားျဖင့္ တည္းခိုေဆာင္၏ အေကာင္းစားအခန္းထဲ ဝင္ေရာက္သြားျခင္း' ျဖစ္စဥ္ကို မ်က္ျမင္ကိုယ္ေတြ႕ ႀကဳံလိုက္ၾကရေတာ့သည္။
သည္လို အသည္းယားဖို႔ေကာင္းၿပီး အခ်စ္ေတြ ျပည့္ႏွက္ေနတဲ့ ျမင္ကြင္းမ်ိဳး!
အားလုံးကလည္း ေတာင္သခင္ယဲ့ဟာ ပ်ံ့ႏွံ႕ေနေသာ ဒ႑ာရီမ်ားထဲကလို မဟုတ္ေၾကာင္း သေဘာတူလာၾကသည္!
မာနႀကီး ေအးတိေအးစက္ မဟုတ္ရပါဘူးေနာ္!
ႏူးညံ့ၿပီးရွက္တတ္လိုက္တာမွ!
ၿပီးေတာ့ ရွန္သူရဲေကာင္းႀကီးရဲ႕ ခုနတုန္းက အမူအရာဆို စကားနဲ႕ေတာင္ ေဖာ္ျပဖို႔ မလြယ္ဘူး!
ၾကည့္လိုက္တာနဲ႕ ေအာင့္ထားတာ ေတာ္ေတာ္ၾကာၿပီဆိုတာ သိနိုင္တယ္!
"မ်က္လုံးေတြေတာင္ စိမ္းေနၿပီေနာ္!"
ပတ္ပတ္လည္က ျပည္သူလုထုက ေဆြးေႏြးၾကသည္။ ဤသို႔ျဖင့္ အသစ္အသစ္ေသာ ထူးျခားဆန္းျပား ဒ႑ာရီတစ္ပုဒ္ဟာ ဟိုးေလးတေက်ာ္ ပ်ံ့ပြားသြားေတာ့သည္။
ျပည္သူတို႔အၾကားရွိ စာအုပ္မ်ား၏ ေခါင္းစဥ္ကလည္း "ေဒါသတစ္ခ်က္တြင္ ေနကိုးလုံးအား ျမားပစ္ခြင္းသူ ဂိုဏ္းခ်ဳပ္ခ်င္" မွ တစ္ဆင့္ "မိုးၿခိမ္းေတာင္ထြဋ္ ျပႆဒ္နန္း၌ ထာဝရ ေစာင့္ဆိုင္းေလေနေသာ ေတာင္သခင္ယဲ့" အျဖစ္သို႔ ေျပာင္းလဲသြားေတာ့သည္။
တကယ္ကို ရင္ထဲ သိပ္သိပ္ထိတာပဲ။
အားလုံးသည္ ညလုံးေပါက္ အႏွီစာအုပ္ကို ဖတ္လိုက္ၿပီးေနာက္ ငိုရလြန္းလို႔ မ်က္လုံးေတြေတာင္ ကန္းေတာ့မည္ျဖစ္ေၾကာင္း ေဖာက္သည္ခ်ၾကေလသည္။
ေသခ်ာေပါက္ေပါ့၊ စာအုပ္ဆိုင္ပိုင္ရွင္ေတြဟာလည္း ထိုကိစၥေၾကာင့္ မၾကာခဏ အထိုးအႏွက္ ခံရေလသည္။
အဘယ့္ေၾကာင့္ဆိုေသာ္ ပုံျပင္ဇာတ္လမ္းမ်ားဟာ အလြန္ပင္ အကန႔္အသတ္ရွိတာေၾကာင့္ ျပည္သူအေပါင္း၏ လိုအပ္ခ်က္ႏွင့္ လိုက္ဖက္ေအာင္ ျပင္ဆင္ရာတြင္ နဂိုရွိေသာ ဇာတ္လမ္းကို လူနာမည္ေျပာင္း၍ အသစ္ထပ္ရိုက္ႏွိပ္ၿပီး ထုတ္ရျခင္းပင္။ ထိုအခါ ဟာကြက္မ်ားက မေတာ္တဆ ထြက္ေပၚတတ္သည္မွာလည္း မလြဲဧကန္။
ထို႔ေၾကာင့္ စာအုပ္ထဲတြင္ ဤကဲ့သို႔ေသာ အေျခအေနမ်ိဳး မၾကာမၾကာ ထြက္ေပၚတတ္သည္။
"ရွန္သခင္ေလးသည္ တုန္ယင္ေနေသာ အၿမီးလုံးေလးျဖင့္ခုတင္ထက္၌ တဟင့္ဟင့္ ငိုေႂကြးေနရွာ၏၊ အဆုံးမွာ ရွန္သူရဲေကာင္းႀကီးဟာ တိရစာၦန္သားရဲတစ္ေကာင္ပမာ ညွို႔မွိုင္းေသာ အၿပဳံးညစ္တစ္ခုျဖင့္ ရယ္ခ်လိဳက္သည္!" ဟူေသာ ျမင္ကြင္းမ်ိဳး!
ညီအစ္ကိုအရင္း ဘာညာ အႀကိဳက္က အရမ္းကို အရသာျပင္းသြားၿပီေလေနာ္!
ျပည္သူေတြရဲ႕ အႀကိဳက္ကလည္း အၿမဲတမ္း ျပင္းျပင္းစပ္စပ္ေတြဆိုေပမဲ့လည္း ဒါႀကီးကေတာ့ အရမ္းမ်ားသြားၿပီေလ!
ညီကိုဘာညာက တကယ္ပဲ လူကို လန႔္ေသေစနိုင္တယ္ဟ!
သို႔ႏွင့္ စာအုပ္ဆိုင္ရွင္မ်ားဟာ မၾကာခဏ ႏွာေခါင္းေသြးယိုၿပီး မ်က္ႏွာဖူးေယာင္ၾကရပါသည္။
ဟိုဒင္းထက္ေတာင္ သနားစရာေကာင္းေသးတယ္!!!
ဒါေပါ့... ဒါေတြအားလုံးက သည့္ေနာက္ပိုင္းမွ ျဖစ္ၾကတာေပါ့။
တကယ္တမ္းတြင္ ႏွစ္ဦးသားက ဧည့္ခန္းအေဆာင္သို႔ ေရာက္သြားၾကၿပီးေနာက္ အားလုံးထင္ထားသလို ပူျပင္းေတာက္ေလာင္စြာ ခႏၶာကိုယ္၏ ဆႏၵရမၼက္မ်ားကို ျဖည့္စြက္ေနဖို႔လည္း မလိုေနခဲ့ပါေပ!
ဖီလာအားျဖင့္ တစ္ခါတည္း ခ်ိဳးေရေတာင္လိုက္သည္။
"အေအးဓာတ္ေတြကို ဖယ္ရွားရမယ္"
ရွန္ခ်န္းဖုန္းက ဆိုသည္။
"အကၤ်ီက အကုန္စိုေနၿပီ၊ အေအးပတ္လိမ့္မယ္"
ယဲ့က်င္က ေလကာတံခါးခ်ပ္ကို ဆြဲလိုက္ၿပီး -
"ေလာင္ဇီကို ၾကည့္ရဲလို႔ကေတာ့ မင္းကို ေသေအာင္ဆြဲထိုးမယ္မွတ္!"
"စိတ္ခ်ပါ"
ရွန္ခ်န္းဖုန္းက စားပြဲ၌သာ ထိုင္လ်က္ -
"ငါ မင္းကို ေစာင့္ေနေပးမယ္"
ေရခ်ိဳးတာ ဘာေစာင့္ေပးစရာလိုလဲ!
ယဲ့က်င္က စိတ္ထဲကေန ေဝဖန္ေနသည္။ ထို႔ေနာက္ လ်င္ျမန္စြာ ခြၽတ္ခ်ၿပီး ေရပုံးထဲ ဝင္လိုက္၏။
ေရ၏ အပူခ်ိန္က အေနေတာ္ပဲမို႔ စိမ္လိုက္ေသာ္ အင္မတန္ ေနလို႔ေကာင္းသည္။
ယဲ့က်င္က ေရပုံးကို မွီလ်က္ တဘက္ျဖင့္ ကိုယ္ကို တိုက္ေနသည္။
ရွန္ခ်န္းဖုန္းသည္ စားပြဲေဘး၌ ထိုင္ကာ အတြင္းအားျဖင့္ သူ႕အကၤ်ီကို ေျခာက္ေသြ႕ေအာင္ လုပ္ေပးၿပီးေနာက္ ဂႏၶမာပန္းေျခာက္ လက္ဖက္ရည္ၾကမ္းတစ္အိုးမွာ၍ ေအးေအးေဆးေဆး ထိုင္ေသာက္ေနေတာ့သည္။
"ဟတ္ခ်ိဳး!"
ယဲ့က်င္က ႏွာေခ်လိဳက္သည္။
"အေအးမိသြားၿပီ?"
ရွန္ခ်န္းဖုန္းက ေမးလာ၏။
"ဘာမွမျဖစ္ဘူး"
ယဲ့က်င္က မတ္တပ္ထရပ္ကာ ပုံးထဲက အျပင္သို႔ ထြက္ရန္ ျပင္လိုက္စဥ္ ေခါင္းေပၚကေန ေလကို ျဖတ္တိုက္လာေသာ အသံတစ္သံကို ႐ုတ္ျခည္းၾကားလိုက္ရသည္။
"သတိထား!"
သူေတာင္ မတုံ႕ျပန္ရေသးခင္တြင္ ရွန္ခ်န္းဖုန္းက ေလကာ တံခါးခ်ပ္ကို ေဆာင့္ကန္ထုတ္လိုက္ၿပီး သူ႕အနားသို႔ ပ်ံသန္းကာ သူ႕ကို ေရပုံးထဲကေန ေပြ႕ခ်ီလိုက္ကာ ညာဘက္လက္ေမာင္းျဖင့္ သိုင္းဖက္လ်က္ ရင္ခြင္ထဲ ထည့္လိုက္သည္။
ေက်ာက္ခဲတစ္လုံးက ေရပုံးထဲသို႔ ျပဳတ္က်လာၿပီး အရပ္ေလးမ်က္ႏွာသို႔ ေရစက္မ်ား ပက္စင္သြားသည္။
ယဲ့က်င္ - .......
ရွန္ခ်န္းဖုန္း - .......
"ရွန္ ခ်န္း ဖုန္း"
ယဲ့က်င္က ေဒါသေထာင္းေထာင္းထလ်က္ ေခၚသည္။
မီးဝင္းဝင္းေတာက္ေနသည့္အလား!
"ကိုယ္က တစ္ေယာက္ေယာက္ ခ်ဳံခိုၿပီး အလစ္တိုက္တယ္ ထင္လို႔"
ရွန္သူရဲေကာင္းႀကီးဟာ သူ႕ကို ဖက္ထားလ်က္ႏွင့္ လႈပ္ေတာင္ မလႈပ္ရဲေပ။
အကၤ်ီ မ.... မဝတ္ထားရေသးဘူး!
"သူမ်ား အလစ္တိုက္ရင္ေတာင္ ေလာင္ဇီက ကိုယ့္ဘာသာကိုယ္ မေရွာင္တတ္ဘူးလား!"
ယဲ့က်င္က လက္သီးျဖင့္ ထိုးလိုက္သည္။
ရွက္စိတ္ကေန ေဒါသျဖစ္ကာ -
"ဘာၾကည့္ေနတာလဲ!"
ရွန္ခ်န္းဖုန္းက ခ်က္ခ်င္း မ်က္စိမွိတ္လိုက္သည္။
ယဲ့က်င္က သူ႕ကို တြန္းထုတ္၍ အဝတ္အစားမ်ားကို ပိုက္ကာ ခုတင္လိုက္ကာ၏ အေနာက္သို႔ ေျပးသြားေတာ့၏။
"ၾကည့္ရတာ ငွက္ႀကီးႀကီး တစ္ေကာင္က အသိုက္လုပ္ဖို႔ ေက်ာက္ခဲခ်ီလာရင္း လမ္းတစ္ဝက္မွာ ျပဳတ္က်လာတာျဖစ္မယ္"
ရွန္ခ်န္းဖုန္းက မ်က္စိမွိတ္ထားဆဲပင္။
"ငါ တမင္သက္သက္ မင္း ေရခ်ိဳးတာကို ၾကည့္တာ မဟုတ္ပါဘူးကြာ"
"ပါးစပ္ပိတ္ထား!"
ယဲ့က်င္က အၾကမ္းပတမ္းပင္ ေခါင္းအုံးတစ္လုံး ပစ္ထုတ္လိုက္သည္။
ရွန္သူရဲေကာင္းႀကီးဟာ ပင္ကိုယ္အစြမ္းအစျဖင့္ပင္ ေရွာင္တိမ္းနိုင္လိုက္သည္။
"မင္း ေရွာင္ရဲေသးတယ္!"
ယဲ့က်င္က ပိုေဒါသထြက္သြား၏။
ရွန္သူရဲေကာင္းႀကီးလည္း ၾကမ္းေပၚတြင္ ပြစာႀကဲေနေသာ အပိုင္းအစမ်ားကို ၾကည့္လ်က္ ေခါင္းကိုက္စြာပင္ ေတြးမိသည္။
မေရွာင္ရင္ ေခါင္းမွာပန္းေတြ ပြင့္သြားမွာေပါ့......
"အျပင္မွာ ေလွ်ာက္ေျပာရဲလို႔ကေတာ့ မင္း ေသၿပီပဲ!"
ယဲ့က်င္က အံႀကိတ္လ်က္ ႀကိမ္းေမာင္းကာ တစ္ဖက္က ခါးစည္းႀကိဳးကို ခ်ည္ရင္း တစ္ဖက္က ခုတင္ေအာက္သို႔ ဆင္းသည္။
ရွန္ခ်န္းဖုန္းကလည္း မတတ္နိုင္စြာျဖင့္ -
"ငါက အ႐ူးမွ မဟုတ္တာ၊ ဘာလို႔ မင္းေရခ်ိဳးတဲ့ကိစၥကို ေနရာအႏွံ႕လိုက္ေျပာေနမွာလဲကြာ"
ယဲ့က်င္က ဖိနပ္စီးၿပီးေနာက္ -
"ဇာမဏီေတာင္ကို ျပန္မယ္"
"မိုးတိတ္သြားၿပီ..."
ရွန္ခ်န္းဖုန္းက သူ႕ေနာက္ကေန လွမ္းဆြဲေခၚကာ-
"ငါတို႔.... မီးပုံးပြဲေတာ္ကို အတူတူ သြားၾကည့္ၾကမလား?"
-
13.04.2024
ႏွစ္သစ္မဂၤလာ သၾကၤန္အခါေတာ္ေလးမွာ စာဖတ္သူအေပါင္း ကိုယ္စိတ္ႏွလုံး ေအးခ်မ္းၾကပါေစ။ ေဘးအႏၲရာယ္ ကင္းေဝးၾကပါေစ။ အခက္အခဲ အားလုံး ႏွစ္ေဟာင္းမွာ က်န္ခဲ့ၿပီး ႏွစ္သစ္ကစ ေပ်ာ္႐ႊင္ခ်မ္းေျမ့ၾကပါေစ ဆုေတာင္းပါတယ္ရွင္။
🐥🌼🌿
.