[ Unicode ]
" မေမေကလည်း ငုဝါက ရန်ကုန်သင်္ကြန်မှာ သူငယ်ချင်းတွေနဲ့ကဲဖို့ ချိန်းပြီးသွားပြီ.... ကိုကြီးနဲ့ အငယ်ကောင်ကိုပဲ ခေါ်သွားလိုက်လေ "
ထုံးစံအတိုင်း ငုဝါမောင်၏ ငြင်းဆန်သံက မောင်နှမသုံးယောက်ထဲမှာ အရင်ဆုံးထွက်ပေါ်လာသည်။ မောင်နှမသုံးယောက်အား ခေါ်၍ သင်္ကြန်တွင်း မန္တလေးသို့ သွားမည်အကြောင်း ပြောသည်။ ငုဝါမောင်တို့ မောင်နှမသုံးယောက်က ကြမ်းပြင်ပေါ်တွင် ထိုင်ရင်း နားထောင်နေကာ ငုဝါမောင်က အရင်ဆုံး ထငြင်းလေသည်။
ဦးနွေမောင်နဲ့ ဒေါ်မေသင်္ကြန်တို့၏ သားသမီးသုံးယောက်မှာ တစ်မိပေါက် တစ်ယောက်ထွန်းမဟုတ်၊ သုံးယောက်လုံး တစ်မျိုးစီတော့ ထွန်းကြသည်။ ထိုအထဲတွင် အကဲဆုံးကတော့ သမီးလတ် ငုဝါမောင်ဖြစ်သည်။ ဘာလေးဖြစ်ဖြစ် အထွန့်လေး အကွန့်လေး တက်လိုက်ရမှ။
သားကြီး ကံ့ကော်မောင်ကတော့ တည်ငြိမ်အေးဆေးသည်။ သူလုပ်ချင်တာကို တစ်သမတ်တည်း လုပ်တတ်သည်။ သည်နှစ်ဆို တက္ကသိုလ်ပြီးသွားပြီမို့ အလုပ်မှအားကိုးရတော့မည်။ သားငယ်လေး ပိတောက်မောင်ကတော့ ၉ တန်းဖြေပြီး ၁၀ တန်းတက်ရမည့်သူ။ အငယ်ဆုံးလေးကလည်း အနေအေးသည်။ သူ့အစ်ကိုလို တည်ငြိမ်တာမဟုတ်၊ သူ့အစ်မနဲ့ဆို နည်းနည်းမှမဆိုင်။ ဘာကိစ္စကိုမှ သူနဲ့မဆိုင်သလို ဘာသိဘာသာ နေတတ်ကာ အနေအေးလွန်းခြင်းဖြစ်သည်။
သမီးလတ် ငုဝါမောင်ကတော့ တစ်အိမ်လုံး၏ဇော်။ သူ့အစ်ကိုတွေ၊ မောင်တွေနဲ့ လားလားမှမတူ။ အသွက်လွန်နေ၍ လိုက်ထိန်းနေရသည်။ အစ်ကိုတွေ၊ မောင်တွေကြားမှာမို့လို့လားတော့မသိ၊ နေပုံထိုင်ပုံက ယောက်ျားမကျ၊ မိန်းမမကျနှင့်။ တစ်ခါတစ်ခါ သားငယ်နဲ့ သမီးလတ်က စိတ်များမှားနေကြရော့လားဟုတောင် ထင်မိသည်။ ငုဝါမောင်သည် မိန်းကလေးလို ပုံစံသာရှိပြီး စိတ်ကတော့ပွင့်လင်းကာ ယောက်ျားလေးများနဲ့သာ အပေါင်းအသင်းများလေသည်။ သားငယ်လေးကတော့ စကားပြောလျှင်ပင် လေသံတိုးတိုးအေးအေးလေးနဲ့ ပြောတတ်သည်။ တစ်ခါတစ်ခါ ဒေါသထွက်လျှင်တော့ ငုဝါမောင်ပင် လိုက်ထိန်းပေးရသည်။ သို့သော် တော်ရုံတန်ရုံကိစ္စနဲ့တော့ ရန်မဖြစ်တတ်ပေ။ ကံ့ကော်မောင်ကတော့ ညီနဲ့ ညီမကို ထိန်းကျောင်းပေးရင်း၊ လမ်းပြပေးရင်း အစ်ကိုတာဝန် ကျေသူဟု ပြောရမည်။ မောင်နှမသုံးယောက်က တစ်ယောက်ကိုတစ်ယောက် ထိန်းရင်းကျောင်းရင်း အချင်းချင်းအရမ်းချစ်ကြပြီး စည်းလုံးကြသည်မို့ သူတို့မိသားစုလေးက နွေးထွေးစည်ပင်၏။
" မရဘူး.. သုံးယောက်လုံးကို ခေါ်သွားမှာ... နွယ်တို့ကလည်း တစ်မိသားစုလုံးကို ခေါ်နေတာ "
" မေမေကလည်း.... "
" အလတ်မ ထပ်ငြင်းဖို့မကြံနဲ့တော့... သုံးယောက်လုံး မန္တလေးကို လိုက်ရမယ် "
ဒေါ်မေသင်္ကြန်၏ တစ်ချက်လွတ်အမိန့်အောက်မှာ တစ်ယောက်မှငြင်းဆန်ခွင့် မရတော့။ အမေဖြစ်သူ ထွက်သွားတော့ ငုဝါမောင်တစ်ယောက် စူပုတ်ကာ စိတ်ပျက်လက်ပျက်နဲ့ ကြမ်းပြင်ပေါ် ထိုင်ချလိုက်သည်။
" ဘယ်လိုလဲ.... ငါတို့ ဆန္ဒပြကြမလား "
ပိတောက်မောင်ဘက်ကို လှည့်ပြီး အဖော်စပ်သည်။
" မေမေက သွားဆိုသွားလိုက်ပေါ့... ငြင်းလို့ရမှာလည်း မဟုတ်ဘဲနဲ့ "
" ဟာ.... ကိုကြီးကရော "
ကံ့ကော်မောင်က ရုပ်တည်တည်နဲ့ ဘာမှမဖြစ်သလိုကြည့်သည်။ မန္တလေးဆိုလည်း မန္တလေးပေါ့။ တစ်ခုပဲ သူလည်း မသွားချင်ပေ။ သို့သော်လည်း သူ့အမေ၏ပုံစံက ငြင်းလို့ရမည့်ပုံစံမဟုတ်။
" ကိုကြီးက မိန်းမရမှာဆိုတော့ လိုက်ရတာ မြတ်တာပေါ့ "
" အလတ်မ ပါးစပ်ပိတ်ထားလိုက်တော့... နားငြီးတယ် "
တစ်ယောက်မှ ငါ့ဘက်မပါကြဘူး..။ ငါ ရန်ကုန်သင်္ကြန်မှာကဲဖို့ အားမွေးထားတာဆို..! ဘယ်လိုလုပ်ရမလဲ!!
=======================================
[ Zawgyi ]
" ေမေမကလည္း ငုဝါက ရန္ကုန္သၾကၤန္မွာ သူငယ္ခ်င္းေတြနဲ႕ကဲဖို႔ ခ်ိန္းၿပီးသြားၿပီ.... ကိုႀကီးနဲ႕ အငယ္ေကာင္ကိုပဲ ေခၚသြားလိုက္ေလ "
ထုံးစံအတိုင္း ငုဝါေမာင္၏ ျငင္းဆန္သံက ေမာင္ႏွမသုံးေယာက္ထဲမွာ အရင္ဆုံးထြက္ေပၚလာသည္။ ေမာင္ႏွမသုံးေယာက္အား ေခၚ၍ သၾကၤန္တြင္း မႏၱေလးသို႔ သြားမည္အေၾကာင္း ေျပာသည္။ ငုဝါေမာင္တို႔ ေမာင္ႏွမသုံးေယာက္က ၾကမ္းျပင္ေပၚတြင္ ထိုင္ရင္း နားေထာင္ေနကာ ငုဝါေမာင္က အရင္ဆုံး ထျငင္းေလသည္။
ဦးႏြေေမာင္နဲ႕ ေဒၚေမသၾကၤန္တို႔၏ သားသမီးသုံးေယာက္မွာ တစ္မိေပါက္ တစ္ေယာက္ထြန္းမဟုတ္၊ သုံးေယာက္လုံး တစ္မ်ိဳးစီေတာ့ ထြန္းၾကသည္။ ထိုအထဲတြင္ အကဲဆုံးကေတာ့ သမီးလတ္ ငုဝါေမာင္ျဖစ္သည္။ ဘာေလးျဖစ္ျဖစ္ အထြန႔္ေလး အကြန႔္ေလး တက္လိုက္ရမွ။
သားႀကီး ကံ့ေကာ္ေမာင္ကေတာ့ တည္ၿငိမ္ေအးေဆးသည္။ သူလုပ္ခ်င္တာကို တစ္သမတ္တည္း လုပ္တတ္သည္။ သည္ႏွစ္ဆို တကၠသိုလ္ၿပီးသြားၿပီမို႔ အလုပ္မွအားကိုးရေတာ့မည္။ သားငယ္ေလး ပိေတာက္ေမာင္ကေတာ့ ၉ တန္းေျဖၿပီး ၁၀ တန္းတက္ရမည့္သူ။ အငယ္ဆုံးေလးကလည္း အေနေအးသည္။ သူ႕အစ္ကိုလို တည္ၿငိမ္တာမဟုတ္၊ သူ႕အစ္မနဲ႕ဆို နည္းနည္းမွမဆိုင္။ ဘာကိစၥကိုမွ သူနဲ႕မဆိုင္သလို ဘာသိဘာသာ ေနတတ္ကာ အေနေအးလြန္းျခင္းျဖစ္သည္။
သမီးလတ္ ငုဝါေမာင္ကေတာ့ တစ္အိမ္လုံး၏ေဇာ္။ သူ႕အစ္ကိုေတြ၊ ေမာင္ေတြနဲ႕ လားလားမွမတူ။ အသြက္လြန္ေန၍ လိုက္ထိန္းေနရသည္။ အစ္ကိုေတြ၊ ေမာင္ေတြၾကားမွာမို႔လို႔လားေတာ့မသိ၊ ေနပုံထိုင္ပုံက ေယာက္်ားမက်၊ မိန္းမမက်ႏွင့္။ တစ္ခါတစ္ခါ သားငယ္နဲ႕ သမီးလတ္က စိတ္မ်ားမွားေနၾကေရာ့လားဟုေတာင္ ထင္မိသည္။ ငုဝါေမာင္သည္ မိန္းကေလးလို ပုံစံသာရွိၿပီး စိတ္ကေတာ့ပြင့္လင္းကာ ေယာက္်ားေလးမ်ားနဲ႕သာ အေပါင္းအသင္းမ်ားေလသည္။ သားငယ္ေလးကေတာ့ စကားေျပာလွ်င္ပင္ ေလသံတိုးတိုးေအးေအးေလးနဲ႕ ေျပာတတ္သည္။ တစ္ခါတစ္ခါ ေဒါသထြက္လွ်င္ေတာ့ ငုဝါေမာင္ပင္ လိုက္ထိန္းေပးရသည္။ သို႔ေသာ္ ေတာ္႐ုံတန္႐ုံကိစၥနဲ႕ေတာ့ ရန္မျဖစ္တတ္ေပ။ ကံ့ေကာ္ေမာင္ကေတာ့ ညီနဲ႕ ညီမကို ထိန္းေက်ာင္းေပးရင္း၊ လမ္းျပေပးရင္း အစ္ကိုတာဝန္ ေက်သဴဟု ေျပာရမည္။ ေမာင္ႏွမသုံးေယာက္က တစ္ေယာက္ကိုတစ္ေယာက္ ထိန္းရင္းေက်ာင္းရင္း အခ်င္းခ်င္းအရမ္းခ်စ္ၾကၿပီး စည္းလုံးၾကသည္မို႔ သူတို႔မိသားစုေလးက ႏြေးေထြးစည္ပင္၏။
" မရဘူး.. သုံးေယာက္လုံးကို ေခၚသြားမွာ... ႏြယ္တို႔ကလည္း တစ္မိသားစုလုံးကို ေခၚေနတာ "
" ေမေမကလည္း.... "
" အလတ္မ ထပ္ျငင္းဖို႔မႀကံနဲ႕ေတာ့... သုံးေယာက္လုံး မႏၱေလးကို လိုက္ရမယ္ "
ေဒၚေမသၾကၤန္၏ တစ္ခ်က္လြတ္အမိန႔္ေအာက္မွာ တစ္ေယာက္မွျငင္းဆန္ခြင့္ မရေတာ့။ အေမျဖစ္သူ ထြက္သြားေတာ့ ငုဝါေမာင္တစ္ေယာက္ စူပုတ္ကာ စိတ္ပ်က္လက္ပ်က္နဲ႕ ၾကမ္းျပင္ေပၚ ထိုင္ခ်လိဳက္သည္။
" ဘယ္လိုလဲ.... ငါတို႔ ဆႏၵျပၾကမလား "
ပိေတာက္ေမာင္ဘက္ကို လွည့္ၿပီး အေဖာ္စပ္သည္။
" အေမက သြားဆိုသြားလိုက္ေပါ့... ျငင္းလို႔ရမွာလည္း မဟုတ္ဘဲနဲ႕ "
" ဟာ.... ကိုႀကီးကေရာ "
ကံ့ေကာ္ေမာင္က ႐ုပ္တည္တည္နဲ႕ ဘာမွမျဖစ္သလိုၾကည့္သည္။ မႏၱေလးဆိုလည္း မႏၱေလးေပါ့။ တစ္ခုပဲ သူလည္း မသြားခ်င္ေပ။ သို႔ေသာ္လည္း သူ႕အေမ၏ပုံစံက ျငင္းလို႔ရမည့္ပုံစံမဟုတ္။
" ကိုႀကီးက မိန္းမရမွာဆိုေတာ့ လိုက္ရတာ ျမတ္တာေပါ့ "
" အလတ္မ ပါးစပ္ပိတ္ထားလိုက္ေတာ့... နားၿငီးတယ္ "
တစ္ေယာက္မွ ငါ့ဘက္မပါၾကဘူး..။ ငါ ရန္ကုန္သၾကၤန္မွာကဲဖို႔ အားေမြးထားတာဆို..! ဘယ္လိုလုပ္ရမလဲ!!
=======================================