Bloody Rose & Red Wine

By Pin_Tyle_San

1.9K 248 70

Dominant Alpha & Enigma Both Zawgyi & Unicode are available. More

Introduction
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30 ( Z )
Part-30 ( U )
Part-31

Part-22

31 4 4
By Pin_Tyle_San

သံုးနာရီၾကာ ေမာင္းနွင္ၿပီးတဲ့ေနာက္မွာေတာ့ ရိုးရိုးသာမန္ နွစ္ထပ္တိုက္ကေလးအေရွ႕မွာ တျဖည္းျဖည္းစက္ရွိန္သတ္သြားသည့္ ကား၏လႈပ္ရွားမႈကို ခံစားလိုက္ရသည္။ တစ္လမ္းလံုးေတာင့္ခံထားရသည့္ မင္းထင္၏တစ္ကိုယ္လံုးလည္း ပူေလာင္အိုက္စပ္ေနကာ ပုခံုးအလယ္မွာကပ္ထားသည့္ tapeကိုလည္း အျမန္ဆြဲခြာပစ္ခ်င္ေနၿပီျဖစ္သည္။

မအီမလည္ခံစားခ်က္ႀကီးကလည္း တရိပ္ရိပ္တက္လာကာ ဒီ့ထက္ပိုဆိုးမလာခင္မွာပဲ ကားအျပင္ကို ထြက္လိုက္ရေတာ့သည္။ ကားေမာင္းသမားကို လာရာလမ္းအတိုင္းျပန္ဖို႔ အခ်က္ျပလိုက္ေတာ့ ခ်က္ခ်င္းပင္ ၿခံေရွ႕ကေနျပန္ေမာင္းထြက္သြားသည္။ လက္ေဗြရာျဖင့္ ၿခံဝင္းတံခါးကိုဖြင့္ကာ နွစ္ထပ္တိုက္အျဖဴေလးထဲ ဝင္သြားလိုက္ေတာ့ အသစ္စက္စက္ ဘိလပ္ေျမရနံ႔က ဆီးႀကိဳသည္။

အျပင္မွာရာသီဥတုက ေနအရွိန္ျဖင့္ ထင္လင္းကာသာသာယာယာရွိေသာ္ျငား တိုက္ရဲ႕ပထမအထပ္မွာေတာ့ ေအးစိမ့္ကာ ေျခာက္ျခားဖြယ္ တိတ္ဆိတ္ေနသည္။ ေျပာင္ေခ်ာေနတဲ့ေႂကြျပားေတြကေန အရိုးထဲထိေအာင္ေအးတဲ့ အထိအေတြ႕ကိုရၿပီး အေရွ႕ကိုဆက္ေလ်ွာက္သြားေလေလ တျဖည္းျဖည္းေမွာင္မိုက္ကာ ပို၍ ေအးစက္လာေလေလျဖစ္သည္။ ေအာက္ထပ္မွာ ဧည့္ခန္း နဲ႔ မီးဖိုခန္းသာရွိတာေၾကာင့္ ဒုတိယထပ္ကို ေလွကားကေန ဆက္တက္ရသည္။

ဒုတိယအထပ္မွာရွိတဲ့ အိပ္ခန္းက်ယ္ႀကီးရဲ႕ အေရွ႕ကိုအေရာက္မွာေတာ့ မင္းထင္ အေတာ္ေလးပင္ပန္းေနၿပီျဖစ္သည္။ ေအာက္ထပ္နဲ႔စာလ်င္ ဒုတိယထပ္ကေတာ့ ဝရံတာက လာတဲ့အလင္းေရာင္ေတြအျပင္ ျပတင္းေပါက္အနည္းငယ္လည္းရွိတာေၾကာင့္ ပို၍လင္းလင္းက်င္းက်င္းရွိသည္ဟု ေျပာနိုင္သည္။ ဒါေတြက မင္းထင္ရဲ႕ လ်ပ္တစ္ပ်က္ သတိထားမိတဲ့အရာေတြသာျဖစ္ၿပီး အခုခ်ိန္မွာေတာ့ ထိုအရာေတြကို ဂရုမစိုက္နိုင္ေသးေပ။

အိပ္ခန္းတံခါးကို လ်ွိဳ႕ဝွက္နံပါတ္ရိုက္ကာဖြင့္လိုက္ေတာ့ အထဲမွာေနာက္ထပ္တံခါးတစ္ခ်ပ္က ထပ္မံပိတ္ဆို႔ထားသည္ကိုေတြ႕လိုက္ရသည္။ စိတ္ထဲမွာေတာ့ ထက္ရိႈင္းကို ခ်ီးက်ဴးေပးလိုက္မိသည္။ အေတာ္ေလး လံုၿခံဳေအာင္လုပ္ထားေပးတာေၾကာင့္ပင္။ ဒုတိယတံခါးကို လက္ေဗြျပန္ရိုက္ထည့္အၿပီးမွာေတာ့ အိပ္ခန္းက်ယ္ႀကီးထဲ ဝင္နိုင္သြားၿပီျဖစ္ကာ ထိုအခါမွပဲသက္ျပင္းခ်နိုင္ေတာ့သည္။

အိပ္ခန္းရဲ႕စားပြဲခံုေပၚ အၾကည့္ေရာက္သြားခ်ိန္မွာေတာ့ သစ္သီးေတြ ၊ႏြားနို႔ဘူးေတြ ၊ေပါင္မုန္႔ ၊ပ်ားရည္ ၊ၾကက္ဥကဒ္ေတြအပါအဝင္ အျခားတစ္ပတ္တာအတြက္ အထားခံသည့္အစားအစာမ်ားကို အစီအရီတင္ေပးထားသည္။ Rutကာလတစ္ေလ်ွာက္လံုး ဒီအခန္းထဲမွာပဲ ေနရမွာျဖစ္တဲ့အတြက္ စားဖို႔ေသာက္ဖို႔ကိုပါ တစ္ခါတည္းျပင္ေပးထားတာျဖစ္သည္။

ခႏၶာကိုယ္ရဲ႕အပူေတြ အနည္းငယ္မ်ွေလ်ာ့လိုေလ်ာ့ျငား ေရခ်ိဳးခန္းထဲခဏဝင္ကာ အေတာ္ၾကာေအာင္ ေရခ်ိဳးၿပီးမွျပန္ထြက္လာလိုက္သည္။ Rutဝင္ခ်ိန္ ခံစားရသက္သာေအာင္ ထိန္းေပးသည့္ေဆးကိုလည္း ေသာက္လိုက္ၿပီး လံုၿခံဳတဲ့အခန္းထဲေရာက္ေနၿပီ ျဖစ္တဲ့အတြက္ ပုခံုးလယ္က Pheomorneေတြကို ပိတ္ဆို႔ထားသည့္ tapeကို ခြာခ်ပစ္လိုက္သည္။

" စိတ္ပ်က္စရာေတြ.. "

တမဟုတ္ခ်င္း အလံုပိတ္ထားသည့္အခန္းတစ္ခုလံုးကို ပ်ံ့နွံ႔သြားသည့္ Pheomorneေတြကိုၾကည့္ကာ မင္းထင္က ခပ္တိုးတိုးေရ႐ြတ္သည္။ ထို႔ေနာက္ ေမြ႔ရာစပ္နားမွာ ထိုင္ခ်လိုက္ကာ ထိုပုခံုးက ဂလင္းေနရာကို စမ္းၾကည့္လိုက္သည္။ ခဏတာထံုထိုင္းကာ တစ္ခ်က္တစ္ခ်က္မွသာ နာက်င္သည္မွလြဲ၍ အျခားေတာ့ ဆိုးဆိုး႐ြား႐ြားႀကီးျဖစ္ေနတာမ်ိဳး မရွိေပ။ ေမြ႔ရာနားမွာ ေထာင္ထားတဲ့ ကိုယ္လံုးေပၚမွန္ခ်ပ္ဆီ ေခါင္းအသာေစာင္းကာ ထိုဂလင္းေနရာကို ၾကည့္မိသည္။

tapeနဲ႔ အၾကာႀကီးကပ္ထားခဲ့တာေၾကာင့္ အနည္းငယ္ မို႔ေမာက္ကာ နီျမန္းျမန္းေလးျဖစ္ေနသည္မွလြဲ၍ အျခားသိသိသာသာ ထင္းေနတာမ်ိဳးမရွိေပ။ သူေပးခဲ့သည့္ အမွတ္အသားအရာလည္း မွိန္ေပ်ာက္သြားၿပီထင္သည္။..
ေမြ႔ရာေပၚလွဲခ်လိုက္ရင္း ခဏေလာက္အိပ္ရန္ စိတ္ကူးမိသည္။ ပူစပ္စပ္ျဖင့္ ပင္ပန္းႏြမ္းနယ္မႈက လႊမ္းမိုးေနၿပီျဖစ္ကာ တစ္ခ်က္တစ္ခ်က္ ဆစ္ခနဲျဖစ္သြားတဲ့ ပုခံုးထက္က ဂလင္းေနရာကိုသာ အာရံုျပဳရင္း လံုးလံုးလ်ားလ်ား အိပ္ေပ်ာ္သြားေတာ့သည္။

ဘယ္အခ်ိန္ထရမယ္ ဆိုၿပီးစိတ္ပူစရာလည္းမလိုသလို Rutကာလမွာ အိပ္ေပ်ာ္ေနျခင္းကသာ အသက္သာဆံုးနည္းလမ္းျဖစ္တာေၾကာင့္ မင္းထင္ အေတာ္ၾကာၾကာေလး အိပ္ျဖစ္ခဲ့သည္။ အိပ္ခန္းထဲက ျပတင္းေပါက္ေတြကို ပိတ္ပစ္လိုက္တာေၾကာင့္ ညဘက္မေရာက္ေသးတာေတာင္ အလင္းထုက အားနည္းေနသည္။ အရာအားလံုးဆိတ္ၿငိမ္ေနကာ ေအးစက္စက္အေငြ႕အသက္တို႔ကို တစ္ဖန္ျပန္ခံစားလိုက္ရသည္။ မ်က္စိသာမွိတ္ထားေသာ္ျငား အစီအစဥ္မက်တဲ့အေတြးတို႔ကေတာ့ ေမ်ာလြင့္ေနရင္း မင္းထင္ရဲ႕ အတိတ္ေတြဆီျပန္သြားေနသည္။

မင္းထင္မွာ မိဘမရွိေပ။ ညီအစ္ကိုလည္းမရွိသလို ေသြးသားေတာ္စပ္ကာ ခိုလံႈရာျဖစ္ေပးနိုင္သည့္သူမ်ိဳး မရွိခဲ့ေပ။ သိတတ္စကတည္းက သိုက္ညႊန္းစက္ေရႊဂိုဏ္းက လူေတြရဲ႕လက္ေပၚမွာပဲ ႀကီးျပင္းခဲ့ကာ မင္းထင္ကိုယ္တိုင္လည္း အသက္ေျခာက္နွစ္မတိုင္ခင္အထိ ဦးသိုက္ညႊန္းကို ဖခင္ရင္းလို႔ထင္ခဲ့ဖူးသည္။

" မင္းရဲ႕နာမည္က မင္းထင္ေမာ္ကြန္း။ မင္းထင္သိုက္ညႊန္းမဟုတ္ဘူး ငါတို႔သိုက္ညႊန္းမ်ိဳးဆက္ရဲ႕ေသြး မင္းဆီမွာမရွိဘူး။ မင္းက ထားတဲ့အတိုင္းေန ေစတဲ့အတိုင္းလုပ္ရင္ရၿပီ "

ကေလးအ႐ြယ္သာ ရွိေသးေသာ္ျငား ထိုအခ်ိန္ကတည္းက ဦးေနရိန္သိုက္ညႊန္းရဲ႕စကားေတြက မင္းထင္ရဲ႕စိတ္ထဲ စြဲသြားခဲ့သည္။ မိဘအရင္းေတြ ဘယ္မွာလဲ ဆိုတာကိုလည္း မသိခ်င္ေပ။ သိဖို႔လည္းမရဲတာေၾကာင့္ လံုးဝအမွတ္မရေအာင္ စိတ္ထဲက ထုတ္ထားခဲ့သည္။ ဦးေနရိန္သိုက္ညႊန္းရဲ႕ လက္ေအာက္မွာ လုပ္ကိုင္ေနရင္း တျဖည္းျဖည္းအ႐ြယ္ေရာက္လာခ်ိန္မွာေတာ့ ဂိုဏ္းတစ္ခုလံုးရဲ႕ကိစၥအဝဝေတြထဲက သံုးပံုနွစ္ပံုက မင္းထင္လက္ထဲေရာက္လာခဲ့ၿပီျဖစ္သည္။

ဦးေနရိန္သိုက္ညႊန္းက မင္းထင္ရဲ႕ပညာေရးကိုေတာ့ အထူးေမ်ွာ္မွန္းခဲ့သည္။ အေကာင္းဆံုးေက်ာင္းေတြမွာထားၿပီး အျမင့္ဆံုးပညာေရးရလဒ္ေတြ ရယူေစသည္။ မင္းထင္ကိုယ္တိုင္ကလည္း ပညာေရးနဲ႔ပတ္သက္ၿပီး အခက္အခဲမရွိခဲ့တာေၾကာင့္ ဦးေနရိန္သိုက္ညႊန္းရဲ႕အလိုက်ပင္ ျဖည့္ဆည္းေပးနိုင္ခဲ့သည္။ သို႔ေသာ္ ေပြလီနက္နဲတဲ့ ဦးေနရိန္သိုက္ညႊန္းရဲ႕ အႀကံအစည္ႀကီးကို သိသြားခ်ိန္မွာေတာ့ မင္းထင္ရဲ႕ခႏၶာကိုယ္တစ္ခုလံုး ေရခဲျပင္လႊာေအာက္က သမုဒၵရာဝဲႀကီးထဲ နစ္မြန္းသြားသလို ခံစားလိုက္ရသည္။

ဦးေနရိန္သိုက္ညႊန္းရဲ႕သမီးျဖစ္သူ ဧကရီသိုက္ညႊန္းက မင္းထင္နဲ႔ တစ္နွစ္မ်ွသာကြာသည္။ သို႔ေသာ္ တစ္နွစ္မွာတစ္ခါေတာင္ မေတြ႕ဖူးၾကေပ။ မင္းထင္ရဲ႕ဘြဲ႕ဒီဂရီေတြ ၊ပညာေရးရလဒ္ေတြက ဧကရီသိုက္ညႊန္းရဲ႕ေမြးလာမဲ့ ကေလးျဖစ္သူအတြက္ ရည္႐ြယ္ထားတာျဖစ္သည္။ မင္းထင္ရဲ႕နာမည္နဲ႔ ကိုယ္ေရးအခ်က္အလက္ေတြထဲကို ဧကရီသိုက္ညႊန္းရဲ႕ကေလးက အစားဝင္ေရာက္လာမွာပင္။ ဧကရီသိုက္ညႊန္းရဲ႕ မေမြးလာေသးတဲ့ကေလးရဲ႕ဘဝ အဆင္ေျပေစဖို႔အတြက္ မင္းထင္ရဲ႕ ရွားပါးတဲ့ကိုယ္ရည္ကိုယ္ေသြးေတြကို အသံုးခ်ခံျဖစ္ေစမည့္သေဘာပင္။

သို႔ေသာ္ မင္းထင္ သေဘာတူခဲ့သည္။ သိုက္ညႊန္းစက္ေရႊဂိုဏ္းက ထြက္နိုင္ရန္အတြက္ မင္းထင္ရဲ႕ပညာေရးမွတ္တမ္းေတြကို အကုန္ေပးခဲ့ရမည့္ အေပးအယူတစ္ခုျဖင့္ အျခားဘာကိုမွဂရုမစိုက္ေတာ့ေပ။ ထိုအခ်ိန္ေတြတုန္းက မင္းထင္အေနနဲ႔ ဂိုဏ္းကေန ထြက္ခ်င္ခဲ့သည့္ဆႏၵတစ္ခုသာ ရွိခဲ့တာေၾကာင့္လည္း ျဖစ္နိုင္သည္။ ေန႔ရက္ေတြ တစ္ရက္ၿပီးတစ္ရက္ျဖတ္သန္းလာရတဲ့အခါ မင္းထင္ရဲ႕ လြတ္ေျမာက္ခ်င္သည့္ဆႏၵတို႔က ပိုၿပီးခိုင္မာလာခဲ့သည္။

ဦးေနရိန္သိုက္ညႊန္းမွာ စိတ္ခံစားခ်က္မရွိေပ။ ဘယ္ေလာက္ပဲ အၾကာႀကီးသူ႔ေဘးနားမွာ ရပ္တည္ေပးခဲ့ပါေစ မေျပာပေလာက္တဲ့အမွားတစ္ခုေၾကာင့္ ေန႔ခ်င္းညခ်င္းေပ်ာက္ကြယ္သြားသူေတြကို မင္းထင္ျမင္ခဲ့ဖူးသည္။ ဆယ္ေက်ာ္သက္အ႐ြယ္တစ္ေယာက္ရဲ႕ အေတြးေတြက အမ်ားႀကီးမခိုင္မာေနရင္ေတာင္ ဦးေနရိန္သိုက္ညႊန္းကို မယံုၾကည္သင့္မွန္း အလိုလိုသိေနသည္။ တကယ္တမ္းလည္း မင္းထင္ စိတ္အာရံုရဲ႕မွန္းဆခ်က္ေတြက မွန္ကန္ေနခဲ့သည္။

ထိုတုန္းကသာ သိပ္နက္နက္နဲနဲမေတြးခဲ့ေသာ္ျငား ယခု ကိုယ္တိုင္ ဂိုဏ္းတစ္ခုရဲ႕ေခါင္းေဆာင္ျဖစ္လာသည့္အခါမွ လူတစ္ေယာက္ကို အျပတ္ရွင္းလိုက္ဖို႔က ဘယ္ေလာက္လြယ္ကူမွန္း သိလာသည္။ မင္းထင္သာ သိုက္ညႊန္းစက္ေရႊဂိုဏ္းမွ မထြက္လာခဲ့လ်င္ အခုခ်ိန္အထိ အသက္ရွိေနဦးမလားမေျပာတတ္ေပ။ မင္းထင္ရဲ႕အခ်က္အလက္မွတ္တမ္းေတြကို ဧကရီသိုက္ညႊန္းရဲ႕ ကေလးအပိုင္ျဖစ္ေစၿပီး မင္းထင္ကိုေတာ့ Gangကေန ေအးေဆးေပးထြက္ခိုင္းမယ္ တဲ့လား။ ဦးေနရိန္သိုက္ညႊန္းလို လူမ်ိဳးကေလ...။

မင္းထင္အတြက္ စစ္ရိပ္ေမာ္ကြန္းက ဘယ္ေတာ့မွ အမွားတစ္ခုမဟုတ္ခဲ့ေပ။မင္းထင္ဆီ မေတာ္တဆလမ္းလြဲေရာက္လာတဲ့ ဘုရားသခင္က ေပးပို႔လိုက္သည့္ဆုလာဘ္ငယ္ေလးပင္။ မင္းထင္ရဲ႕ဆံုးျဖတ္ခ်က္ေတြအတြက္ တြန္းအားျဖစ္ေစခဲ့ၿပီး ဒီေနရာအထိေရာက္လာတာေတြအားလံုးက ဒီကေလးအတြက္ပင္ျဖစ္သည္။ တစ္နည္းအားျဖင့္ ဒီကေလးကသာလ်င္ မင္းထင္ရဲ႕ဘဝကိုကယ္တင္ခဲ့တာ ၊တြန္းလွန္ရဲတဲ့သတၱိကိုေပးခဲ့တာ ျဖစ္သည္။

ေခါင္းတစ္ခုလံုးက အံုခဲေနကာ ကိုယ္တြင္းက တရိပ္ရိပ္ျပန္တက္လာသည့္ အပူဓာတ္ေတြနွင့္ အေမွာင္ရိပ္လႊမ္းေနသည့္အခန္းရဲ႕ အေအးဓာတ္တို႔က မသက္မသာျဖစ္ေစသည္။ ကိုယ္တေစာင္းအေနအထားျဖင့္လွဲကာ မ်က္စိလည္းမဖြင့္နိုင္ဘဲ စိတ္ခံစားလြယ္ေနသည့္အေျခအေနမ်ိဳးျဖစ္တာေၾကာင့္ မင္းထင္ ကိုယ့္ကိုယ္ကိုယ္မထိန္းခ်ဳပ္နိုင္ေပ။ ဘဝတစ္ေလ်ွာက္လံုးကို ျပန္ျမင္ေယာင္ၾကည့္မိၿပီး ေမ်ွာ္လင့္ခ်က္ေတြကုန္ဆံုးသြားသကဲ့လို႔ ပင္ပန္းဆင္းရဲခဲ့တဲ့ကာလေတြက အခုခ်ိန္မွာေတာ့ မ်က္ရည္ေတြအျဖစ္ေျပာင္းလဲသြားၿပီျဖစ္သည္။

ခႏၶာကိုယ္ကို ပုစြန္ထုတ္ေကြး ေကြးလိုက္ကာ မ်က္နွာကို ေခါင္းအံုးထဲနွစ္ထားလိုက္ရင္း ရိႈက္သံသဲ့သဲ့နွင့္အတူ မ်က္ရည္တစ္စက္က ေပါက္ကနဲက်သည္။ ၾကည္လဲ့လဲ့မ်က္ရည္စက္က နွာတံေပၚကေန ေဘးတိုက္လိမ့္ဆင္းသြားရင္း ေခါင္းအံုးရဲ႕မ်က္နွာျပင္လႊာအေရာက္မွာေတာ့ စိုစြတ္ေပ်ာက္ကြယ္သြားသည္။ စစ္ရိပ္ေမာ္ကြန္း စရွိလာကတည္းက မင္းထင္ တစ္ေယာက္တည္း မၾကာခဏမ်က္ရည္က်ေလ့ရွိသည္။ အမူအယာမရွိဘဲ ေနလာခဲ့တဲ့ ဆယ့္ကိုးနွစ္တာလံုးအတြက္ စုငိုေနသည့္အတိုင္းပင္။

သူ႔ထက္ငါအၿပိဳင္ အလုအယက္တိုးထြက္ၾကတဲ့ Pheomorneေတြကလည္း အခန္းတစ္ခုလံုးထဲ ေနရာလြတ္မရွိ ပ်ံ့နွံ႔ေနေလသည္။ အခ်ိန္ေတြတေ႐ြ႕ေ႐ြ႕ကုန္လြန္လာသည္နွင့္အမ်ွ Rutအရွိန္က တျဖည္းျဖည္းတက္လာကာ ေအးသြားလိုက္ ၊ပူလာလိုက္ျဖင့္ မင္းထင္ရဲ႕ အသက္ရွဴနႈန္းေတြျပင္းေနသည္။ မသက္မသာခံစားေနရမႈေၾကာင့္ စိတ္တို႔ကလည္းရႈပ္ေထြးၾကမ္းတမ္းေနကာ ျမင္ျမင္သမ်ွကို ဖ်က္ဆီးပစ္ခ်င္လာသည္။

လြန္ခဲ့သည့္ငါးနွစ္ဝန္းက်င္ေလာက္ကမွ စတင္ခံစားခဲ့ရသည့္ Pheomorneေတြ မူမမွန္သည့္ျဖစ္စဥ္မ်ိဳးကလည္း ယခုအခါ Rutနွင့္ေပါင္းၿပီး ပို၍ျပင္းထန္လာသလိုပင္။အဆံုးသတ္မွာေတာ့ မင္းထင္ နွံုးခ်ိသြားကာ အခ်ိန္အေတာ္ေလးၾကာသည္အထိ အိပ္ေပ်ာ္သြားေတာ့သည္။ မင္းထင္ရဲ႕ဘဝမွာ လူသားအဆန္ဆံုးလို႔ခံစားခဲ့ရတဲ့ကာလ အခိုက္အတန္႔တစ္ခုကို အိမ္မက္အေနျဖင့္ ျပန္သြားျဖစ္ခဲ့သည္။

စြမ္းရည္ျမင့္ထိပ္တန္းေက်ာင္းသား ၊တစ္ေက်ာင္းလံုးရဲ႕ ေလးစားအားက်ျခင္းကို ခံရတဲ့စီနီယာ ၊ေက်ာင္းသားေရးရာ အမႈေဆာင္ဥကၠဠတျဖစ္လည္း အစားထိုးဆရာအျဖစ္ ဆရာဆရာမေတြရဲ႕ ယံုၾကည္ကိုးစားျခင္းကိုပါ ခံခဲ့ရသူတစ္ဦး။ Professor ဦးေအာင္သိန္းကေတာင္ ဆယ္စုနွစ္တစ္နွစ္မွာ တစ္ေယာက္ေတြ႕ရဖို႔ မလြယ္ကူသည့္ေက်ာင္းသား ဟုမွတ္ခ်က္ေပးခံခဲ့ရသူျဖစ္သည္။

အထက္တန္းေအာင္ျမင္လာသည္အထိ လူေနမႈပတ္ဝန္းက်င္နဲ႔ မထိေတြ႕ဘဲ အိမ္မွာပဲ ဆရာေခၚသင္ၾကားခဲ့ရတဲ့မင္းထင္အတြက္ ပထမဆံုးလူမႈနယ္ပယ္မွာ ေျခခ်ဖူးတာျဖစ္ၿပီး ထိုကဲ့သို႔ ခ်ီးက်ဴးစကားေတြက မင္းထင္ရဲ႕စိတ္ကို အနည္းနဲ႔အမ်ား ရိုက္ခတ္ေစသည္။ ေကာင္းမြန္တဲ့စကားေတြကို မနွစ္သက္သည့္လူမရွိသလို မင္းထင္သည္လည္း အျပင္ပိုင္းမွာ ထုတ္ေဖာ္မျပရင္ေတာင္ အတြင္းစိတ္ထဲမွာေတာ့ ဘယ္တုန္းကမွမရရွိခဲ့ဖူးတဲ့ အသိအမွတ္ျပဳမႈေတြကို နွစ္ၿခိဳက္ခဲ့သည္။

ေရႊေရာင္လႊမ္းခဲ့သည့္ ကာလေတြပင္။ ဒါေတြအားလံုးရဲ႕ ျမစ္ဖ်ားခံရာက မင္းထင္၏ Dominant Alphaအမ်ိဳးအစားေၾကာင့္ပင္။ ထိုျဖစ္တည္မႈသာမရွိလ်င္ မင္းထင္သည္လည္း အလွပန္းအိုးသာသာပင္ ျဖစ္ေနေခ်လိမ့္မည္။ အဆင္းသာရွိၿပီး အတြင္းထဲမွာေတာ့ ဘာမွမရွိသလို ဒီအရာေတြအားလံုးရဲ႕ အရင္းခံကလည္း Dominant Alphaဆိုသည့္ အမ်ိဳးအစားရဲ႕ပံ့ပိုးေပးမႈေၾကာင့္သာျဖစ္သည္။

မင္းထင္သာ အမ်ိဳးအစားအျမင့္ဆံုးျဖစ္တဲ့ Dominant Alphaမဟုတ္ခဲ့လ်င္ ဦးေနရိန္သိုက္ညႊန္းရဲ႕ေ႐ြးခ်ယ္ပ်ိဳးေထာင္ျခင္းကို ခံခဲ့ရမွာမဟုတ္သလို ဤကဲ့သို႔ ခ်ီးက်ဴးေျမာက္စားျခင္းေတြကလည္း ရွိလာလိမ့္မည္မဟုတ္ေပ။ ထို႔ေၾကာင့္လည္း မင္းထင္ ကိုယ့္ကိုယ္ကိုယ္ ဂုဏ္ယူမိသည္။ အရွားပါးဆံုး နဲ႔ စြမ္းေဆာင္ရည္အျမင့္ဆံုး Dominant Alphaဆိုသည့္ျဖစ္တည္မႈက မင္းထင္တြင္ရွိေနသည္။

သို႔ေသာ္ျငား မထင္မွတ္ထားတဲ့ညတစ္ညမွာ မင္းထင္ရဲ႕ဘဝ ဂြၽမ္းထိုးေမွာက္ခံုျဖစ္ခဲ့သည္။ စိတ္ပညာရွင္ေတြဆီက အိပ္ေမြ႔ခ်ကုထံုးမ်ိဳးစံုနဲ႔ ေဖ်ာက္ဖ်က္တာေတာင္ မေျပေပ်ာက္နိုင္သည္အထိ မင္းထင္ရဲ႕နာက်ည္းမႈက ထိုညမွာ စြဲက်န္ရစ္ခဲ့သည္။ ျပဳလုပ္ခဲ့တဲ့သူကိုလည္း အတိအလင္းမွတ္မိေနခဲ့ကာ ထို႔ေၾကာင့္လည္း ပိုနာက်င္ရသည္။

'ဘာလို႔ ကိုယ့္အေပၚ ဒီလိုလုပ္ရက္ရတာလဲ' ဟူသည့္ေမးခြန္းက စိတ္နွလံုးသားထဲမွာ အၿမဲတမ္းရစ္ဝဲေနကာ အမုန္းအျဖစ္ အနည္က်သြားတတ္သည္။ သို႔ေသာ္ျငား စိတ္နာဖို႔ကိုေတာ့ မႀကိဳးစားနိုင္ေခ်။ ဘဝတစ္ခုလံုးကိုေခ်မြခဲ့တာေတာင္ နားလည္ေပးဖို႔ႀကိဳးစားေနနိုင္ေသးသည္။ တစ္ခ်ိန္က မင္းထင္သိခဲ့ဖူးတဲ့ လူငယ္ေလးက မင္းထင္အေပၚ အေၾကာင္းမဲ့ ဒီလိုမျပဳမူေလာက္မွန္း ရူးမိုက္စြာယံုၾကည္ေနမိသည္။

ဒီRutကာလက ဘယ္ေလာက္အထိ ၾကာျမင့္ဦးမလဲ မသိေခ်။ တတ္နိုင္သမ်ွအျမန္ဆံုး အဆံုးသတ္ေစခ်င္ေနၿပီျဖစ္သည္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

" အခုလက္ရွိ ေအာက္ေျခအဖြဲ႕ဝင္ေတြၾကားထဲ ေျပာေနတဲ့အေၾကာင္းအရာေတြက အမွန္ပဲလား။ ပိုင္ျမတ္ဘုန္းေသာ္ "

" ..... "

တိုင္းရဲခ်ဳပ္မွဴးႀကီးရဲ႕အေမးစကားကို ၾကားေသာ္ျငား အေရွ႕က မ်က္နွာတည္ျဖင့္ထိုင္ေနတဲ့ ထိုလူငယ္ေလးကေတာ့ ဘာမွမတံု႔ျပန္ေပ။ ရဲအဖြဲ႕ဝင္နွစ္ဦးနွင့္အတူ အသြင္ယူေထာက္လွမ္းသည့္ မစ္ရွင္ၿပီးကတည္းက Rosa śangreဂိုဏ္းေခါင္းေဆာင္ နဲ႔ ပိုင့္ရဲ႕ၾကားက ပတ္သက္မႈအေၾကာင္းအရာေတြက ပ်ံ့နွ႔ံလာတာပင္။

က်န္ရွိေနေသးသည့္ မစ္ရွင္တာဝန္ေတြမွာ မလိုလားအပ္တဲ့ျပႆနာေတြ ျဖစ္မလာေစဖို႔အတြက္ တိုင္းရဲခ်ဳပ္မွဴးႀကီးက တကူးတက ပိုင္ျမတ္ဘုန္းေသာ္နဲ႔ နွစ္ေယာက္တည္းေခၚေတြ႕ရတာျဖစ္သည္။ ထိုေန႔ညၿပီးကတည္းက တူေတာ္ေမာင္ရဲ႕ အျပဳအမူေတြက ပိုမိုေအးစက္လာကာ သူေတာင္ခပ္လန္႔လန္႔ျဖစ္လာသည္။ တကယ္ပဲ Rosa śangreရဲ႕ဂိုဏ္းေခါင္းေဆာင္နဲ႔ အခန္းထဲမွာ ဘာေတြျဖစ္ခဲ့ၾကသလဲမသိေခ်။

ေမးေတာ့လည္း မေျဖ။အတူပါသြားတဲ့ ရဲဝန္ထမ္းနွစ္ေယာက္ရဲ႕ စကားအခ်ိဳ႕အရေတာ့ ဒီေကာင္ေလးနဲ႔ အလြန္ရင္းနွီးခဲ့တဲ့ သူတစ္ေယာက္ျဖစ္မွန္း သိလိုက္ရသည္။ ဒါေတြသာအမွန္ဆိုလ်င္ေတာ့ ပိုင္ျမတ္ဘုန္းေသာ္ကို ဒီအမႈcaseအတြက္ တာဝန္ေပးလို႔မျဖစ္ေတာ့ေပ။ ခံစားခ်က္ေတြက အႏၲာရယ္အမ်ားဆံုးျဖစ္တာေၾကာင့္ပင္။ သို႔ေသာ္ ဒီRosa śangreအမႈကို ကိုင္တြယ္ကာ တာဝန္ခံမည့္သူ ရွားသည္။

လုပ္မည့္သူရွိလ်င္ေတာင္ ေအာင္ျမင္နိုင္ဖို႔ရာကလည္း မေသခ်ာေပ။ အၿမဲတမ္းအမွားအယြင္းမရွိေအာင္ စိစပ္ေသခ်ာစြာ လုပ္ေဆာင္နိုင္သည့္ ပိုင္ျမတ္ဘုန္းေသာ္ ကိုင္တာေၾကာင့္ေရာ ၊ထိုေကာင္ေလးရဲ႕ေနာက္ဆံုးေသာ caseျဖစ္တာေၾကာင့္ပါ ဝမ္းသာလို႔မဆံုးေသး။ ေခတ္စကားနွင့္ေျပာရရင္ မိလႅာကားတိုက္သြားသလိုပင္။

" ကြၽန္ေတာ္ ဒီcaseကို ဆက္တာဝန္ယူမွာပါ။ ဘာေတြပဲေျပာေျပာ ဂရုမစိုက္ပါဘူး။ Rosa śangreအမႈကေနလည္း လံုးဝ မနႈတ္ထြက္ေပးနိုင္ဘူး "

" တရားလမ္းအတိုင္းသြားေနခ်ိန္ ခံစားခ်က္ေတြ ေရာႁပြန္းလာတဲ့အခါ မင္းရဲ႕တာဝန္ဝတၱရားေတြကလည္း အေနာက္ကိုေရာက္သြားမွာပဲ။ ငါေျပာတာကို မင္းသေဘာေပါက္မွာပါ။ငါကေတာ့ မင္းကို ဒီcase ဆက္မယူေစခ်င္ေတာ့ဘူး "

" ကြၽန္ေတာ္တို႔ၾကားမွာ ဦးငယ္တို႔မသိတဲ့ အျခင္းအရာေတြအမ်ားႀကီးရွိတယ္။ ဒီအဖြဲ႕အစည္းကို အထင္ေသးတဲ့ စကားမ်ိဳးမဟုတ္ေပမဲ့ ကြၽန္ေတာ္ ေထာင္တာမွမဟုတ္ရင္ မစ္စတာ ရိုမန္လို လူမ်ိဳးက ဘယ္ေတာ့မွညႊတ္ကြင္းထဲဆင္းမွာမဟုတ္ဘူး။ "

တိုင္းရဲခ်ဳပ္မွဴးႀကီးက သက္ျပင္းေလးေလးခ်ကာ ဆံပင္ေတြႀကဲေနတဲ့ သူ႔ငယ္ထိပ္ကို ပြတ္ရင္းအေတြးခ်ဲ့ေနသည္။ တကယ္တမ္း ပိုင္ျမတ္ဘုန္းေသာ္ကို ထုတ္လိုက္ရင္ေတာင္ သူ႔ေနရာမွာအစားဝင္နိုင္မဲ့ သူနဲ႔လက္ရည္တူသည့္လူမရွိေပ။ မိမိတို႔အဓိကအလိုရွိသည့္ Rosa śangre gangရဲ႕ ေခါင္းေဆာင္ျဖစ္သူနဲ႔လည္း ထူးျခားတဲ့ပတ္သက္မႈတစ္ခုရွိတာေၾကာင့္ ဒီcaseမွာ သူ႔ကို လံုးဝဖယ္ထုတ္လိုက္၍မရေပ။

ေျပာရလ်င္ ထိုပတ္သက္မႈအေၾကာင္းအရာေတြအေပၚအေျခခံၿပီး အလိုရွိသူရဲ႕ စိတ္ေနစိတ္ထား ၊ေနာက္ခံဇစ္ျမစ္ ၊သဲလြန္စေတြ နဲ႔အျခားေသာ မိမိတို႔အတြက္ မ်ားစြာအသံုးခ်နိုင္မည့္ အခ်က္အလက္ေတြအမ်ားႀကီး ေပၚထြက္လာနိုင္ေသးသည္။ ထိုအရာေတြနဲ႔ အဓိကသက္ဆိုင္သူျဖစ္ခဲ့တဲ့ ပိုင္ျမတ္ဘုန္းေသာ္ကို ဆက္တာဝန္ေပးမွပင္ ရလိမ့္မည္။

" KISAအဖြဲ႕ဝင္ေတြ တာဝန္ကနႈတ္ထြက္တာပဲျဖစ္ျဖစ္ ရပ္နားတာပဲျဖစ္ျဖစ္ သူတို႔ရဲ႕ရဲစြမ္းသတၱိ နဲ႔ စြန္႔စားႀကိဳးပမ္းခဲ့မႈေတြအတြက္ နိုင္ငံေတာ္ဘက္ကေန သူတို႔ဆႏၵတစ္ခုကို ျဖည့္စည္းေပးတယ္မလား။ ဦးငယ္ "

" အင္း.. အတိုင္းအတာတစ္ခုအထိ ခ်ီးျမႇင့္ေပးနိုင္တဲ့ဘယ္ဆုကိုမဆို နိုင္ငံေတာ္က လုပ္ေပးပါတယ္။ ဒါေပမဲ့ KISAက လူေတာ္ေတာ္မ်ားမ်ားက တကယ့္လူေတြခ်ည္းပဲ။ ေတာ္ရံုမလြယ္တဲ့ဟာမ်ိဳးကိုမွ ႀကံႀကံဖန္ဖန္ေတာင္းတတ္တာ "

လြန္ခဲ့တဲ့နွစ္ေတြတုန္းက ဘုရင့္နန္းေတာ္ထဲက အေလးအျမတ္ထားတဲ့ တကယ့္အသံုးအေဆာင္ေတြကိုမွ တက္ေတာင္းလို႔ ေတာ္ဝင္ရံုးေတာ္ဘက္ကေန သတ္မွတ္ခ်က္ေတြ ထထုတ္ရေသးသည္။ ၾကာလာတဲ့အခါမွာေတာ့ ျပည္သူေတြၾကားထဲ KISAကလူေတြ ဘာဆုကိုေတာင္းလိုက္ပါတယ္ ဆိုသည့္သတင္းက စိတ္ဝင္စားစရာတစ္ခုလိုျဖစ္လာသည္။ သတင္းစာေတြအထိ အက်ယ္တဝင့္ေရးၾကသလို ပ်င္းေနၾကတဲ့ျပည္သူေတြအတြက္လည္း ေဆြးေႏြးလို႔မၿပီးနိုင္ေအာင္ပင္။

" ဘာလဲ မင္းက ဘာလိုခ်င္လို႔လဲ.. "

" ...... "

သူ႔အေျဖၾကားၿပီးတာနဲ႔ ၿငိမ္သက္သြားတဲ့ တူေတာ္ေမာင္ကို မသကၤာစြာျဖင့္ေမးရေသးသည္။KISAက လူေတြရဲ႕ ဦးေနွာက္က သိပ္ပံုမွန္မဟုတ္ၾကေပ။ အမႈကိစၥႀကီးေတြမွာ ေတြးေခၚတာေတြမ်ားၿပီး ထိကုန္ၾကတာလားမေျပာတတ္ေပ။ တိုင္းရဲခ်ဳပ္မွဴးအဆင့္ေရာက္ေနတာေတာင္ သူ႔ဘဝမွာအေၾကာက္ဆံုးအရာ နွစ္ခုရွိသည္။ တစ္ခုက တနလၤာေန႔ျဖစ္ၿပီး တစ္ခုက ဒီေကာင္ေလးပင္။

" သိပ္လည္း အႀကီးႀကီးေတြမေတာင္းပါနဲ႔ကြာ။ မင္းလည္း ေတာ္ဝင္မိသားစုက ဆက္ခံသူသခင္ေလးပဲဟာ.. ၿပီးေတာ့ အဲ့ဆုေတြက နိုင္ငံေတာ္ဘ႑ာထဲကေန ေပးထားရတာ "

" စိတ္မပူပါနဲ႔။ ကြၽန္ေတာ္လိုခ်င္တဲ့အရာက ပိုက္ဆံနဲ႔ဆိုင္တာမ်ိဳး မဟုတ္ဘူး "

'ဒါေပမဲ့ ဘာလို႔စိတ္မေအးသလို ခံစားေနရတာပါလိမ့္'။... သူ႔စကားၾကားၿပီးမွပဲ ပိုက္ဆံနဲ႔ဆိုင္တဲ့တစ္ခုခုကိုသာ ေတာင္းေစခ်င္ေတာ့သည္။ ဘာေတြမ်ားေတြးထားသလဲ မသိေပ။

" ဒီCaseက မင္းရဲ႕ ေထာက္လွမ္းေရးရဲစံုေထာက္ တစ္ေယာက္အေနနဲ႔ ေနာက္ဆံုးတာဝန္ယူရတာပဲ။ ၿပီးေတာ့ ေခါင္းေဆာင္တစ္ဦးအေနနဲ႔လည္းျဖစ္တယ္။ မင္းရဲ႕ ဦးေလးတစ္ေယာက္အေနနဲ႔ေရာ ၊အထက္လူႀကီးတစ္ေယာက္အေနနဲ႔ပါ မင္းေအာင္ျမင္မယ္ဆိုတာ ယံုၾကည္တယ္။ "

စကားအဆံုးမွာေတာ့ တိုင္းရဲခ်ဳပ္မွဴးက မတ္တပ္ရပ္လိုက္ကာ အေလးျပဳဟန္ျဖင့္ လက္ကိုနွဖူးထက္လႊဲတင္လိုက္သည္။ မဆိုင္းမတြပင္ ပိုင္ျမတ္ဘုန္းေသာ္သည္လည္း ကိုယ္ဟန္မတ္အေလးျပဳကာ လက္ကိုျပန္ခ်လိုက္ၿပီး အခန္းထဲကထြက္ရန္ျပင္သည္။  ေက်ာခိုင္းကာ အခန္းအျပင္ဘက္ကို ဦးတည္လိုက္ခ်ိန္မွာပဲ အေနာက္ပါးက ဦးငယ္ရဲ႕စကားသံက လိုက္ပါလာသည္။

" ခံစားခ်က္ကို ကိုယ့္တာဝန္ဝတၱရားထက္ အေလးမေပးမိေစနဲ႔။ ပိုင္ျမတ္ဘုန္းေသာ္.. "

စကားအဆံုးမွာ ပိုင့္ရဲ႕ေက်ာျပင္က တံု႔ခနဲရပ္ဆိုင္းသြားသည္။ ထို႔ေနာက္ စကၠန္႔အနည္းငယ္စာေလာက္ အခ်ိန္ယူၿပီးကာမွ စကားသံတစ္ခြန္းျဖင့္ ျပန္တံု႔ျပန္ခဲ့ၿပီးေနာက္ အခန္းထဲက ထြက္သြားေတာ့သည္။

" ဒီတာဝန္ဝတၱရားေတြကို ေ႐ြးခ်ယ္ခဲ့ရတဲ့အေၾကာင္းအရင္းက သူပါပဲ... "

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~🌹🍷

Unicode.

သုံးနာရီကြာ မောင်းနှင်ပြီးတဲ့နောက်မှာတော့ ရိုးရိုးသာမန် နှစ်ထပ်တိုက်ကလေးအရှေ့မှာ တဖြည်းဖြည်းစက်ရှိန်သတ်သွားသည့် ကား၏လှုပ်ရှားမှုကို ခံစားလိုက်ရသည်။ တစ်လမ်းလုံးတောင့်ခံထားရသည့် မင်းထင်၏တစ်ကိုယ်လုံးလည်း ပူလောင်အိုက်စပ်နေကာ ပုခုံးအလယ်မှာကပ်ထားသည့် tapeကိုလည်း အမြန်ဆွဲခွာပစ်ချင်နေပြီဖြစ်သည်။

မအီမလည်ခံစားချက်ကြီးကလည်း တရိပ်ရိပ်တက်လာကာ ဒီ့ထက်ပိုဆိုးမလာခင်မှာပဲ ကားအပြင်ကို ထွက်လိုက်ရတော့သည်။ ကားမောင်းသမားကို လာရာလမ်းအတိုင်းပြန်ဖို့ အချက်ပြလိုက်တော့ ချက်ချင်းပင် ခြံရှေ့ကနေပြန်မောင်းထွက်သွားသည်။ လက်ဗွေရာဖြင့် ခြံဝင်းတံခါးကိုဖွင့်ကာ နှစ်ထပ်တိုက်အဖြူလေးထဲ ဝင်သွားလိုက်တော့ အသစ်စက်စက် ဘိလပ်မြေရနံ့က ဆီးကြိုသည်။

အပြင်မှာရာသီဥတုက နေအရှိန်ဖြင့် ထင်လင်းကာသာသာယာယာရှိသော်ငြား တိုက်ရဲ့ပထမအထပ်မှာတော့ အေးစိမ့်ကာ ခြောက်ခြားဖွယ် တိတ်ဆိတ်နေသည်။ ပြောင်ချောနေတဲ့ကြွေပြားတွေကနေ အရိုးထဲထိအောင်အေးတဲ့ အထိအတွေ့ကိုရပြီး အရှေ့ကိုဆက်လျှောက်သွားလေလေ တဖြည်းဖြည်းမှောင်မိုက်ကာ ပို၍ အေးစက်လာလေလေဖြစ်သည်။ အောက်ထပ်မှာ ဧည့်ခန်း နဲ့ မီးဖိုခန်းသာရှိတာကြောင့် ဒုတိယထပ်ကို လှေကားကနေ ဆက်တက်ရသည်။

ဒုတိယအထပ်မှာရှိတဲ့ အိပ်ခန်းကျယ်ကြီးရဲ့ အရှေ့ကိုအရောက်မှာတော့ မင်းထင် အတော်လေးပင်ပန်းနေပြီဖြစ်သည်။ အောက်ထပ်နဲ့စာလျင် ဒုတိယထပ်ကတော့ ဝရံတာက လာတဲ့အလင်းရောင်တွေအပြင် ပြတင်းပေါက်အနည်းငယ်လည်းရှိတာကြောင့် ပို၍လင်းလင်းကျင်းကျင်းရှိသည်ဟု ပြောနိုင်သည်။ ဒါတွေက မင်းထင်ရဲ့ လျပ်တစ်ပျက် သတိထားမိတဲ့အရာတွေသာဖြစ်ပြီး အခုချိန်မှာတော့ ထိုအရာတွေကို ဂရုမစိုက်နိုင်သေးပေ။

အိပ်ခန်းတံခါးကို လျှို့ဝှက်နံပါတ်ရိုက်ကာဖွင့်လိုက်တော့ အထဲမှာနောက်ထပ်တံခါးတစ်ချပ်က ထပ်မံပိတ်ဆို့ထားသည်ကိုတွေ့လိုက်ရသည်။ စိတ်ထဲမှာတော့ ထက်ရှိုင်းကို ချီးကျူးပေးလိုက်မိသည်။ အတော်လေး လုံခြုံအောင်လုပ်ထားပေးတာကြောင့်ပင်။ ဒုတိယတံခါးကို လက်ဗွေပြန်ရိုက်ထည့်အပြီးမှာတော့ အိပ်ခန်းကျယ်ကြီးထဲ ဝင်နိုင်သွားပြီဖြစ်ကာ ထိုအခါမှပဲသက်ပြင်းချနိုင်တော့သည်။

အိပ်ခန်းရဲ့စားပွဲခုံပေါ် အကြည့်ရောက်သွားချိန်မှာတော့ သစ်သီးတွေ ၊နွားနို့ဘူးတွေ ၊ပေါင်မုန့် ၊ပျားရည် ၊ကြက်ဥကဒ်တွေအပါအဝင် အခြားတစ်ပတ်တာအတွက် အထားခံသည့်အစားအစာများကို အစီအရီတင်ပေးထားသည်။ Rutကာလတစ်လျှောက်လုံး ဒီအခန်းထဲမှာပဲ နေရမှာဖြစ်တဲ့အတွက် စားဖို့သောက်ဖို့ကိုပါ တစ်ခါတည်းပြင်ပေးထားတာဖြစ်သည်။

ခန္ဓာကိုယ်ရဲ့အပူတွေ အနည်းငယ်မျှလျော့လိုလျော့ငြား ရေချိုးခန်းထဲခဏဝင်ကာ အတော်ကြာအောင် ရေချိုးပြီးမှပြန်ထွက်လာလိုက်သည်။ Rutဝင်ချိန် ခံစားရသက်သာအောင် ထိန်းပေးသည့်ဆေးကိုလည်း သောက်လိုက်ပြီး လုံခြုံတဲ့အခန်းထဲရောက်နေပြီ ဖြစ်တဲ့အတွက် ပုခုံးလယ်က Pheomorneတွေကို ပိတ်ဆို့ထားသည့် tapeကို ခွာချပစ်လိုက်သည်။

" စိတ်ပျက်စရာတွေ.. "

တမဟုတ်ချင်း အလုံပိတ်ထားသည့်အခန်းတစ်ခုလုံးကို ပျံ့နှံ့သွားသည့် Pheomorneတွေကိုကြည့်ကာ မင်းထင်က ခပ်တိုးတိုးရေရွတ်သည်။ ထို့နောက် မွေ့ရာစပ်နားမှာ ထိုင်ချလိုက်ကာ ထိုပုခုံးက ဂလင်းနေရာကို စမ်းကြည့်လိုက်သည်။ ခဏတာထုံထိုင်းကာ တစ်ချက်တစ်ချက်မှသာ နာကျင်သည်မှလွဲ၍ အခြားတော့ ဆိုးဆိုးရွားရွားကြီးဖြစ်နေတာမျိုး မရှိပေ။ မွေ့ရာနားမှာ ထောင်ထားတဲ့ ကိုယ်လုံးပေါ်မှန်ချပ်ဆီ ခေါင်းအသာစောင်းကာ ထိုဂလင်းနေရာကို ကြည့်မိသည်။

tapeနဲ့ အကြာကြီးကပ်ထားခဲ့တာကြောင့် အနည်းငယ် မို့မောက်ကာ နီမြန်းမြန်းလေးဖြစ်နေသည်မှလွဲ၍ အခြားသိသိသာသာ ထင်းနေတာမျိုးမရှိပေ။ သူပေးခဲ့သည့် အမှတ်အသားအရာလည်း မှိန်ပျောက်သွားပြီထင်သည်။..
မွေ့ရာပေါ်လှဲချလိုက်ရင်း ခဏလောက်အိပ်ရန် စိတ်ကူးမိသည်။ ပူစပ်စပ်ဖြင့် ပင်ပန်းနွမ်းနယ်မှုက လွှမ်းမိုးနေပြီဖြစ်ကာ တစ်ချက်တစ်ချက် ဆစ်ခနဲဖြစ်သွားတဲ့ ပုခုံးထက်က ဂလင်းနေရာကိုသာ အာရုံပြုရင်း လုံးလုံးလျားလျား အိပ်ပျော်သွားတော့သည်။

ဘယ်အချိန်ထရမယ် ဆိုပြီးစိတ်ပူစရာလည်းမလိုသလို Rutကာလမှာ အိပ်ပျော်နေခြင်းကသာ အသက်သာဆုံးနည်းလမ်းဖြစ်တာကြောင့် မင်းထင် အတော်ကြာကြာလေး အိပ်ဖြစ်ခဲ့သည်။ အိပ်ခန်းထဲက ပြတင်းပေါက်တွေကို ပိတ်ပစ်လိုက်တာကြောင့် ညဘက်မရောက်သေးတာတောင် အလင်းထုက အားနည်းနေသည်။ အရာအားလုံးဆိတ်ငြိမ်နေကာ အေးစက်စက်အငွေ့အသက်တို့ကို တစ်ဖန်ပြန်ခံစားလိုက်ရသည်။ မျက်စိသာမှိတ်ထားသော်ငြား အစီအစဉ်မကျတဲ့အတွေးတို့ကတော့ မျောလွင့်နေရင်း မင်းထင်ရဲ့ အတိတ်တွေဆီပြန်သွားနေသည်။

မင်းထင်မှာ မိဘမရှိပေ။ ညီအစ်ကိုလည်းမရှိသလို သွေးသားတော်စပ်ကာ ခိုလှုံရာဖြစ်ပေးနိုင်သည့်သူမျိုး မရှိခဲ့ပေ။ သိတတ်စကတည်းက သိုက်ညွှန်းစက်ရွှေဂိုဏ်းက လူတွေရဲ့လက်ပေါ်မှာပဲ ကြီးပြင်းခဲ့ကာ မင်းထင်ကိုယ်တိုင်လည်း အသက်ခြောက်နှစ်မတိုင်ခင်အထိ ဦးသိုက်ညွှန်းကို ဖခင်ရင်းလို့ထင်ခဲ့ဖူးသည်။

" မင်းရဲ့နာမည်က မင်းထင်မော်ကွန်း။ မင်းထင်သိုက်ညွှန်းမဟုတ်ဘူး ငါတို့သိုက်ညွှန်းမျိုးဆက်ရဲ့သွေး မင်းဆီမှာမရှိဘူး။ မင်းက ထားတဲ့အတိုင်းနေ စေတဲ့အတိုင်းလုပ်ရင်ရပြီ "

ကလေးအရွယ်သာ ရှိသေးသော်ငြား ထိုအချိန်ကတည်းက ဦးနေရိန်သိုက်ညွှန်းရဲ့စကားတွေက မင်းထင်ရဲ့စိတ်ထဲ စွဲသွားခဲ့သည်။ မိဘအရင်းတွေ ဘယ်မှာလဲ ဆိုတာကိုလည်း မသိချင်ပေ။ သိဖို့လည်းမရဲတာကြောင့် လုံးဝအမှတ်မရအောင် စိတ်ထဲက ထုတ်ထားခဲ့သည်။ ဦးနေရိန်သိုက်ညွှန်းရဲ့ လက်အောက်မှာ လုပ်ကိုင်နေရင်း တဖြည်းဖြည်းအရွယ်ရောက်လာချိန်မှာတော့ ဂိုဏ်းတစ်ခုလုံးရဲ့ကိစ္စအဝဝတွေထဲက သုံးပုံနှစ်ပုံက မင်းထင်လက်ထဲရောက်လာခဲ့ပြီဖြစ်သည်။

ဦးနေရိန်သိုက်ညွှန်းက မင်းထင်ရဲ့ပညာရေးကိုတော့ အထူးမျှော်မှန်းခဲ့သည်။ အကောင်းဆုံးကျောင်းတွေမှာထားပြီး အမြင့်ဆုံးပညာရေးရလဒ်တွေ ရယူစေသည်။ မင်းထင်ကိုယ်တိုင်ကလည်း ပညာရေးနဲ့ပတ်သက်ပြီး အခက်အခဲမရှိခဲ့တာကြောင့် ဦးနေရိန်သိုက်ညွှန်းရဲ့အလိုကျပင် ဖြည့်ဆည်းပေးနိုင်ခဲ့သည်။ သို့သော် ပွေလီနက်နဲတဲ့ ဦးနေရိန်သိုက်ညွှန်းရဲ့ အကြံအစည်ကြီးကို သိသွားချိန်မှာတော့ မင်းထင်ရဲ့ခန္ဓာကိုယ်တစ်ခုလုံး ရေခဲပြင်လွှာအောက်က သမုဒ္ဒရာဝဲကြီးထဲ နစ်မွန်းသွားသလို ခံစားလိုက်ရသည်။

ဦးနေရိန်သိုက်ညွှန်းရဲ့သမီးဖြစ်သူ ဧကရီသိုက်ညွှန်းက မင်းထင်နဲ့ တစ်နှစ်မျှသာကွာသည်။ သို့သော် တစ်နှစ်မှာတစ်ခါတောင် မတွေ့ဖူးကြပေ။ မင်းထင်ရဲ့ဘွဲ့ဒီဂရီတွေ ၊ပညာရေးရလဒ်တွေက ဧကရီသိုက်ညွှန်းရဲ့မွေးလာမဲ့ ကလေးဖြစ်သူအတွက် ရည်ရွယ်ထားတာဖြစ်သည်။ မင်းထင်ရဲ့နာမည်နဲ့ ကိုယ်ရေးအချက်အလက်တွေထဲကို ဧကရီသိုက်ညွှန်းရဲ့ကလေးက အစားဝင်ရောက်လာမှာပင်။ ဧကရီသိုက်ညွှန်းရဲ့ မမွေးလာသေးတဲ့ကလေးရဲ့ဘဝ အဆင်ပြေစေဖို့အတွက် မင်းထင်ရဲ့ ရှားပါးတဲ့ကိုယ်ရည်ကိုယ်သွေးတွေကို အသုံးချခံဖြစ်စေမည့်သဘောပင်။

သို့သော် မင်းထင် သဘောတူခဲ့သည်။ သိုက်ညွှန်းစက်ရွှေဂိုဏ်းက ထွက်နိုင်ရန်အတွက် မင်းထင်ရဲ့ပညာရေးမှတ်တမ်းတွေကို အကုန်ပေးခဲ့ရမည့် အပေးအယူတစ်ခုဖြင့် အခြားဘာကိုမှဂရုမစိုက်တော့ပေ။ ထိုအချိန်တွေတုန်းက မင်းထင်အနေနဲ့ ဂိုဏ်းကနေ ထွက်ချင်ခဲ့သည့်ဆန္ဒတစ်ခုသာ ရှိခဲ့တာကြောင့်လည်း ဖြစ်နိုင်သည်။ နေ့ရက်တွေ တစ်ရက်ပြီးတစ်ရက်ဖြတ်သန်းလာရတဲ့အခါ မင်းထင်ရဲ့ လွတ်မြောက်ချင်သည့်ဆန္ဒတို့က ပိုပြီးခိုင်မာလာခဲ့သည်။

ဦးနေရိန်သိုက်ညွှန်းမှာ စိတ်ခံစားချက်မရှိပေ။ ဘယ်လောက်ပဲ အကြာကြီးသူ့ဘေးနားမှာ ရပ်တည်ပေးခဲ့ပါစေ မပြောပလောက်တဲ့အမှားတစ်ခုကြောင့် နေ့ချင်းညချင်းပျောက်ကွယ်သွားသူတွေကို မင်းထင်မြင်ခဲ့ဖူးသည်။ ဆယ်ကျော်သက်အရွယ်တစ်ယောက်ရဲ့ အတွေးတွေက အများကြီးမခိုင်မာနေရင်တောင် ဦးနေရိန်သိုက်ညွှန်းကို မယုံကြည်သင့်မှန်း အလိုလိုသိနေသည်။ တကယ်တမ်းလည်း မင်းထင် စိတ်အာရုံရဲ့မှန်းဆချက်တွေက မှန်ကန်နေခဲ့သည်။

ထိုတုန်းကသာ သိပ်နက်နက်နဲနဲမတွေးခဲ့သော်ငြား ယခု ကိုယ်တိုင် ဂိုဏ်းတစ်ခုရဲ့ခေါင်းဆောင်ဖြစ်လာသည့်အခါမှ လူတစ်ယောက်ကို အပြတ်ရှင်းလိုက်ဖို့က ဘယ်လောက်လွယ်ကူမှန်း သိလာသည်။ မင်းထင်သာ သိုက်ညွှန်းစက်ရွှေဂိုဏ်းမှ မထွက်လာခဲ့လျင် အခုချိန်အထိ အသက်ရှိနေဦးမလားမပြောတတ်ပေ။ မင်းထင်ရဲ့အချက်အလက်မှတ်တမ်းတွေကို ဧကရီသိုက်ညွှန်းရဲ့ ကလေးအပိုင်ဖြစ်စေပြီး မင်းထင်ကိုတော့ Gangကနေ အေးဆေးပေးထွက်ခိုင်းမယ် တဲ့လား။ ဦးနေရိန်သိုက်ညွှန်းလို လူမျိုးကလေ...။

မင်းထင်အတွက် စစ်ရိပ်မော်ကွန်းက ဘယ်တော့မှ အမှားတစ်ခုမဟုတ်ခဲ့ပေ။မင်းထင်ဆီ မတော်တဆလမ်းလွဲရောက်လာတဲ့ ဘုရားသခင်က ပေးပို့လိုက်သည့်ဆုလာဘ်ငယ်လေးပင်။ မင်းထင်ရဲ့ဆုံးဖြတ်ချက်တွေအတွက် တွန်းအားဖြစ်စေခဲ့ပြီး ဒီနေရာအထိရောက်လာတာတွေအားလုံးက ဒီကလေးအတွက်ပင်ဖြစ်သည်။ တစ်နည်းအားဖြင့် ဒီကလေးကသာလျင် မင်းထင်ရဲ့ဘဝကိုကယ်တင်ခဲ့တာ ၊တွန်းလှန်ရဲတဲ့သတ္တိကိုပေးခဲ့တာ ဖြစ်သည်။

ခေါင်းတစ်ခုလုံးက အုံခဲနေကာ ကိုယ်တွင်းက တရိပ်ရိပ်ပြန်တက်လာသည့် အပူဓာတ်တွေနှင့် အမှောင်ရိပ်လွှမ်းနေသည့်အခန်းရဲ့ အအေးဓာတ်တို့က မသက်မသာဖြစ်စေသည်။ ကိုယ်တစောင်းအနေအထားဖြင့်လှဲကာ မျက်စိလည်းမဖွင့်နိုင်ဘဲ စိတ်ခံစားလွယ်နေသည့်အခြေအနေမျိုးဖြစ်တာကြောင့် မင်းထင် ကိုယ့်ကိုယ်ကိုယ်မထိန်းချုပ်နိုင်ပေ။ ဘဝတစ်လျှောက်လုံးကို ပြန်မြင်ယောင်ကြည့်မိပြီး မျှော်လင့်ချက်တွေကုန်ဆုံးသွားသကဲ့လို့ ပင်ပန်းဆင်းရဲခဲ့တဲ့ကာလတွေက အခုချိန်မှာတော့ မျက်ရည်တွေအဖြစ်ပြောင်းလဲသွားပြီဖြစ်သည်။

ခန္ဓာကိုယ်ကို ပုစွန်ထုတ်ကွေး ကွေးလိုက်ကာ မျက်နှာကို ခေါင်းအုံးထဲနှစ်ထားလိုက်ရင်း ရှိုက်သံသဲ့သဲ့နှင့်အတူ မျက်ရည်တစ်စက်က ပေါက်ကနဲကျသည်။ ကြည်လဲ့လဲ့မျက်ရည်စက်က နှာတံပေါ်ကနေ ဘေးတိုက်လိမ့်ဆင်းသွားရင်း ခေါင်းအုံးရဲ့မျက်နှာပြင်လွှာအရောက်မှာတော့ စိုစွတ်ပျောက်ကွယ်သွားသည်။ စစ်ရိပ်မော်ကွန်း စရှိလာကတည်းက မင်းထင် တစ်ယောက်တည်း မကြာခဏမျက်ရည်ကျလေ့ရှိသည်။ အမူအယာမရှိဘဲ နေလာခဲ့တဲ့ ဆယ့်ကိုးနှစ်တာလုံးအတွက် စုငိုနေသည့်အတိုင်းပင်။

သူ့ထက်ငါအပြိုင် အလုအယက်တိုးထွက်ကြတဲ့ Pheomorneတွေကလည်း အခန်းတစ်ခုလုံးထဲ နေရာလွတ်မရှိ ပျံ့နှံ့နေလေသည်။ အချိန်တွေတရွေ့ရွေ့ကုန်လွန်လာသည်နှင့်အမျှ Rutအရှိန်က တဖြည်းဖြည်းတက်လာကာ အေးသွားလိုက် ၊ပူလာလိုက်ဖြင့် မင်းထင်ရဲ့ အသက်ရှူနှုန်းတွေပြင်းနေသည်။ မသက်မသာခံစားနေရမှုကြောင့် စိတ်တို့ကလည်းရှုပ်ထွေးကြမ်းတမ်းနေကာ မြင်မြင်သမျှကို ဖျက်ဆီးပစ်ချင်လာသည်။

လွန်ခဲ့သည့်ငါးနှစ်ဝန်းကျင်လောက်ကမှ စတင်ခံစားခဲ့ရသည့် Pheomorneတွေ မူမမှန်သည့်ဖြစ်စဉ်မျိုးကလည်း ယခုအခါ Rutနှင့်ပေါင်းပြီး ပို၍ပြင်းထန်လာသလိုပင်။အဆုံးသတ်မှာတော့ မင်းထင် နှုံးချိသွားကာ အချိန်အတော်လေးကြာသည်အထိ အိပ်ပျော်သွားတော့သည်။ မင်းထင်ရဲ့ဘဝမှာ လူသားအဆန်ဆုံးလို့ခံစားခဲ့ရတဲ့ကာလ အခိုက်အတန့်တစ်ခုကို အိမ်မက်အနေဖြင့် ပြန်သွားဖြစ်ခဲ့သည်။

စွမ်းရည်မြင့်ထိပ်တန်းကျောင်းသား ၊တစ်ကျောင်းလုံးရဲ့ လေးစားအားကျခြင်းကို ခံရတဲ့စီနီယာ ၊ကျောင်းသားရေးရာ အမှုဆောင်ဥက္ကဠတဖြစ်လည်း အစားထိုးဆရာအဖြစ် ဆရာဆရာမတွေရဲ့ ယုံကြည်ကိုးစားခြင်းကိုပါ ခံခဲ့ရသူတစ်ဦး။ Professor ဦးအောင်သိန်းကတောင် ဆယ်စုနှစ်တစ်နှစ်မှာ တစ်ယောက်တွေ့ရဖို့ မလွယ်ကူသည့်ကျောင်းသား ဟုမှတ်ချက်ပေးခံခဲ့ရသူဖြစ်သည်။

အထက်တန်းအောင်မြင်လာသည်အထိ လူနေမှုပတ်ဝန်းကျင်နဲ့ မထိတွေ့ဘဲ အိမ်မှာပဲ ဆရာခေါ်သင်ကြားခဲ့ရတဲ့မင်းထင်အတွက် ပထမဆုံးလူမှုနယ်ပယ်မှာ ခြေချဖူးတာဖြစ်ပြီး ထိုကဲ့သို့ ချီးကျူးစကားတွေက မင်းထင်ရဲ့စိတ်ကို အနည်းနဲ့အများ ရိုက်ခတ်စေသည်။ ကောင်းမွန်တဲ့စကားတွေကို မနှစ်သက်သည့်လူမရှိသလို မင်းထင်သည်လည်း အပြင်ပိုင်းမှာ ထုတ်ဖော်မပြရင်တောင် အတွင်းစိတ်ထဲမှာတော့ ဘယ်တုန်းကမှမရရှိခဲ့ဖူးတဲ့ အသိအမှတ်ပြုမှုတွေကို နှစ်ခြိုက်ခဲ့သည်။

ရွှေရောင်လွှမ်းခဲ့သည့် ကာလတွေပင်။ ဒါတွေအားလုံးရဲ့ မြစ်ဖျားခံရာက မင်းထင်၏ Dominant Alphaအမျိုးအစားကြောင့်ပင်။ ထိုဖြစ်တည်မှုသာမရှိလျင် မင်းထင်သည်လည်း အလှပန်းအိုးသာသာပင် ဖြစ်နေချေလိမ့်မည်။ အဆင်းသာရှိပြီး အတွင်းထဲမှာတော့ ဘာမှမရှိသလို ဒီအရာတွေအားလုံးရဲ့ အရင်းခံကလည်း Dominant Alphaဆိုသည့် အမျိုးအစားရဲ့ပံ့ပိုးပေးမှုကြောင့်သာဖြစ်သည်။

မင်းထင်သာ အမျိုးအစားအမြင့်ဆုံးဖြစ်တဲ့ Dominant Alphaမဟုတ်ခဲ့လျင် ဦးနေရိန်သိုက်ညွှန်းရဲ့ရွေးချယ်ပျိုးထောင်ခြင်းကို ခံခဲ့ရမှာမဟုတ်သလို ဤကဲ့သို့ ချီးကျူးမြောက်စားခြင်းတွေကလည်း ရှိလာလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့်လည်း မင်းထင် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမိသည်။ အရှားပါးဆုံး နဲ့ စွမ်းဆောင်ရည်အမြင့်ဆုံး Dominant Alphaဆိုသည့်ဖြစ်တည်မှုက မင်းထင်တွင်ရှိနေသည်။

သို့သော်ငြား မထင်မှတ်ထားတဲ့ညတစ်ညမှာ မင်းထင်ရဲ့ဘဝ ဂျွမ်းထိုးမှောက်ခုံဖြစ်ခဲ့သည်။ စိတ်ပညာရှင်တွေဆီက အိပ်မွေ့ချကုထုံးမျိုးစုံနဲ့ ဖျောက်ဖျက်တာတောင် မပြေပျောက်နိုင်သည်အထိ မင်းထင်ရဲ့နာကျည်းမှုက ထိုညမှာ စွဲကျန်ရစ်ခဲ့သည်။ ပြုလုပ်ခဲ့တဲ့သူကိုလည်း အတိအလင်းမှတ်မိနေခဲ့ကာ ထို့ကြောင့်လည်း ပိုနာကျင်ရသည်။

'ဘာလို့ ကိုယ့်အပေါ် ဒီလိုလုပ်ရက်ရတာလဲ' ဟူသည့်မေးခွန်းက စိတ်နှလုံးသားထဲမှာ အမြဲတမ်းရစ်ဝဲနေကာ အမုန်းအဖြစ် အနည်ကျသွားတတ်သည်။ သို့သော်ငြား စိတ်နာဖို့ကိုတော့ မကြိုးစားနိုင်ချေ။ ဘဝတစ်ခုလုံးကိုချေမွခဲ့တာတောင် နားလည်ပေးဖို့ကြိုးစားနေနိုင်သေးသည်။ တစ်ချိန်က မင်းထင်သိခဲ့ဖူးတဲ့ လူငယ်လေးက မင်းထင်အပေါ် အကြောင်းမဲ့ ဒီလိုမပြုမူလောက်မှန်း ရူးမိုက်စွာယုံကြည်နေမိသည်။

ဒီRutကာလက ဘယ်လောက်အထိ ကြာမြင့်ဦးမလဲ မသိချေ။ တတ်နိုင်သမျှအမြန်ဆုံး အဆုံးသတ်စေချင်နေပြီဖြစ်သည်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

" အခုလက်ရှိ အောက်ခြေအဖွဲ့ဝင်တွေကြားထဲ ပြောနေတဲ့အကြောင်းအရာတွေက အမှန်ပဲလား။ ပိုင်မြတ်ဘုန်းသော် "

" ..... "

တိုင်းရဲချုပ်မှူးကြီးရဲ့အမေးစကားကို ကြားသော်ငြား အရှေ့က မျက်နှာတည်ဖြင့်ထိုင်နေတဲ့ ထိုလူငယ်လေးကတော့ ဘာမှမတုံ့ပြန်ပေ။ ရဲအဖွဲ့ဝင်နှစ်ဦးနှင့်အတူ အသွင်ယူထောက်လှမ်းသည့် မစ်ရှင်ပြီးကတည်းက Rosa śangreဂိုဏ်းခေါင်းဆောင် နဲ့ ပိုင့်ရဲ့ကြားက ပတ်သက်မှုအကြောင်းအရာတွေက ပျံ့နှံ့လာတာပင်။

ကျန်ရှိနေသေးသည့် မစ်ရှင်တာဝန်တွေမှာ မလိုလားအပ်တဲ့ပြဿနာတွေ ဖြစ်မလာစေဖို့အတွက် တိုင်းရဲချုပ်မှူးကြီးက တကူးတက ပိုင်မြတ်ဘုန်းသော်နဲ့ နှစ်ယောက်တည်းခေါ်တွေ့ရတာဖြစ်သည်။ ထိုနေ့ညပြီးကတည်းက တူတော်မောင်ရဲ့ အပြုအမူတွေက ပိုမိုအေးစက်လာကာ သူတောင်ခပ်လန့်လန့်ဖြစ်လာသည်။ တကယ်ပဲ Rosa śangreရဲ့ဂိုဏ်းခေါင်းဆောင်နဲ့ အခန်းထဲမှာ ဘာတွေဖြစ်ခဲ့ကြသလဲမသိချေ။

မေးတော့လည်း မဖြေ။အတူပါသွားတဲ့ ရဲဝန်ထမ်းနှစ်ယောက်ရဲ့ စကားအချို့အရတော့ ဒီကောင်လေးနဲ့ အလွန်ရင်းနှီးခဲ့တဲ့ သူတစ်ယောက်ဖြစ်မှန်း သိလိုက်ရသည်။ ဒါတွေသာအမှန်ဆိုလျင်တော့ ပိုင်မြတ်ဘုန်းသော်ကို ဒီအမှုcaseအတွက် တာဝန်ပေးလို့မဖြစ်တော့ပေ။ ခံစားချက်တွေက အန္တာရယ်အများဆုံးဖြစ်တာကြောင့်ပင်။ သို့သော် ဒီRosa śangreအမှုကို ကိုင်တွယ်ကာ တာဝန်ခံမည့်သူ ရှားသည်။

လုပ်မည့်သူရှိလျင်တောင် အောင်မြင်နိုင်ဖို့ရာကလည်း မသေချာပေ။ အမြဲတမ်းအမှားအယွင်းမရှိအောင် စိစပ်သေချာစွာ လုပ်ဆောင်နိုင်သည့် ပိုင်မြတ်ဘုန်းသော် ကိုင်တာကြောင့်ရော ၊ထိုကောင်လေးရဲ့နောက်ဆုံးသော caseဖြစ်တာကြောင့်ပါ ဝမ်းသာလို့မဆုံးသေး။ ခေတ်စကားနှင့်ပြောရရင် မိလ္လာကားတိုက်သွားသလိုပင်။

" ကျွန်တော် ဒီcaseကို ဆက်တာဝန်ယူမှာပါ။ ဘာတွေပဲပြောပြော ဂရုမစိုက်ပါဘူး။ Rosa śangreအမှုကနေလည်း လုံးဝ မနှုတ်ထွက်ပေးနိုင်ဘူး "

" တရားလမ်းအတိုင်းသွားနေချိန် ခံစားချက်တွေ ရောပြွန်းလာတဲ့အခါ မင်းရဲ့တာဝန်ဝတ္တရားတွေကလည်း အနောက်ကိုရောက်သွားမှာပဲ။ ငါပြောတာကို မင်းသဘောပေါက်မှာပါ။ငါကတော့ မင်းကို ဒီcase ဆက်မယူစေချင်တော့ဘူး "

" ကျွန်တော်တို့ကြားမှာ ဦးငယ်တို့မသိတဲ့ အခြင်းအရာတွေအများကြီးရှိတယ်။ ဒီအဖွဲ့အစည်းကို အထင်သေးတဲ့ စကားမျိုးမဟုတ်ပေမဲ့ ကျွန်တော် ထောင်တာမှမဟုတ်ရင် မစ်စတာ ရိုမန်လို လူမျိုးက ဘယ်တော့မှညွှတ်ကွင်းထဲဆင်းမှာမဟုတ်ဘူး။ "

တိုင်းရဲချုပ်မှူးကြီးက သက်ပြင်းလေးလေးချကာ ဆံပင်တွေကြဲနေတဲ့ သူ့ငယ်ထိပ်ကို ပွတ်ရင်းအတွေးချဲ့နေသည်။ တကယ်တမ်း ပိုင်မြတ်ဘုန်းသော်ကို ထုတ်လိုက်ရင်တောင် သူ့နေရာမှာအစားဝင်နိုင်မဲ့ သူနဲ့လက်ရည်တူသည့်လူမရှိပေ။ မိမိတို့အဓိကအလိုရှိသည့် Rosa śangre gangရဲ့ ခေါင်းဆောင်ဖြစ်သူနဲ့လည်း ထူးခြားတဲ့ပတ်သက်မှုတစ်ခုရှိတာကြောင့် ဒီcaseမှာ သူ့ကို လုံးဝဖယ်ထုတ်လိုက်၍မရပေ။

ပြောရလျင် ထိုပတ်သက်မှုအကြောင်းအရာတွေအပေါ်အခြေခံပြီး အလိုရှိသူရဲ့ စိတ်နေစိတ်ထား ၊နောက်ခံဇစ်မြစ် ၊သဲလွန်စတွေ နဲ့အခြားသော မိမိတို့အတွက် များစွာအသုံးချနိုင်မည့် အချက်အလက်တွေအများကြီး ပေါ်ထွက်လာနိုင်သေးသည်။ ထိုအရာတွေနဲ့ အဓိကသက်ဆိုင်သူဖြစ်ခဲ့တဲ့ ပိုင်မြတ်ဘုန်းသော်ကို ဆက်တာဝန်ပေးမှပင် ရလိမ့်မည်။

" KISAအဖွဲ့ဝင်တွေ တာဝန်ကနှုတ်ထွက်တာပဲဖြစ်ဖြစ် ရပ်နားတာပဲဖြစ်ဖြစ် သူတို့ရဲ့ရဲစွမ်းသတ္တိ နဲ့ စွန့်စားကြိုးပမ်းခဲ့မှုတွေအတွက် နိုင်ငံတော်ဘက်ကနေ သူတို့ဆန္ဒတစ်ခုကို ဖြည့်စည်းပေးတယ်မလား။ ဦးငယ် "

" အင်း.. အတိုင်းအတာတစ်ခုအထိ ချီးမြှင့်ပေးနိုင်တဲ့ဘယ်ဆုကိုမဆို နိုင်ငံတော်က လုပ်ပေးပါတယ်။ ဒါပေမဲ့ KISAက လူတော်တော်များများက တကယ့်လူတွေချည်းပဲ။ တော်ရုံမလွယ်တဲ့ဟာမျိုးကိုမှ ကြံကြံဖန်ဖန်တောင်းတတ်တာ "

လွန်ခဲ့တဲ့နှစ်တွေတုန်းက ဘုရင့်နန်းတော်ထဲက အလေးအမြတ်ထားတဲ့ တကယ့်အသုံးအဆောင်တွေကိုမှ တက်တောင်းလို့ တော်ဝင်ရုံးတော်ဘက်ကနေ သတ်မှတ်ချက်တွေ ထထုတ်ရသေးသည်။ ကြာလာတဲ့အခါမှာတော့ ပြည်သူတွေကြားထဲ KISAကလူတွေ ဘာဆုကိုတောင်းလိုက်ပါတယ် ဆိုသည့်သတင်းက စိတ်ဝင်စားစရာတစ်ခုလိုဖြစ်လာသည်။ သတင်းစာတွေအထိ အကျယ်တဝင့်ရေးကြသလို ပျင်းနေကြတဲ့ပြည်သူတွေအတွက်လည်း ဆွေးနွေးလို့မပြီးနိုင်အောင်ပင်။

" ဘာလဲ မင်းက ဘာလိုချင်လို့လဲ.. "

" ...... "

သူ့အဖြေကြားပြီးတာနဲ့ ငြိမ်သက်သွားတဲ့ တူတော်မောင်ကို မသင်္ကာစွာဖြင့်မေးရသေးသည်။KISAက လူတွေရဲ့ ဦးနှောက်က သိပ်ပုံမှန်မဟုတ်ကြပေ။ အမှုကိစ္စကြီးတွေမှာ တွေးခေါ်တာတွေများပြီး ထိကုန်ကြတာလားမပြောတတ်ပေ။ တိုင်းရဲချုပ်မှူးအဆင့်ရောက်နေတာတောင် သူ့ဘဝမှာအကြောက်ဆုံးအရာ နှစ်ခုရှိသည်။ တစ်ခုက တနင်္လာနေ့ဖြစ်ပြီး တစ်ခုက ဒီကောင်လေးပင်။

" သိပ်လည်း အကြီးကြီးတွေမတောင်းပါနဲ့ကွာ။ မင်းလည်း တော်ဝင်မိသားစုက ဆက်ခံသူသခင်လေးပဲဟာ.. ပြီးတော့ အဲ့ဆုတွေက နိုင်ငံတော်ဘဏ္ဍာထဲကနေ ပေးထားရတာ "

" စိတ်မပူပါနဲ့။ ကျွန်တော်လိုချင်တဲ့အရာက ပိုက်ဆံနဲ့ဆိုင်တာမျိုး မဟုတ်ဘူး "

'ဒါပေမဲ့ ဘာလို့စိတ်မအေးသလို ခံစားနေရတာပါလိမ့်'။... သူ့စကားကြားပြီးမှပဲ ပိုက်ဆံနဲ့ဆိုင်တဲ့တစ်ခုခုကိုသာ တောင်းစေချင်တော့သည်။ ဘာတွေများတွေးထားသလဲ မသိပေ။

" ဒီCaseက မင်းရဲ့ ထောက်လှမ်းရေးရဲစုံထောက် တစ်ယောက်အနေနဲ့ နောက်ဆုံးတာဝန်ယူရတာပဲ။ ပြီးတော့ ခေါင်းဆောင်တစ်ဦးအနေနဲ့လည်းဖြစ်တယ်။ မင်းရဲ့ ဦးလေးတစ်ယောက်အနေနဲ့ရော ၊အထက်လူကြီးတစ်ယောက်အနေနဲ့ပါ မင်းအောင်မြင်မယ်ဆိုတာ ယုံကြည်တယ်။ "

စကားအဆုံးမှာတော့ တိုင်းရဲချုပ်မှူးက မတ်တပ်ရပ်လိုက်ကာ အလေးပြုဟန်ဖြင့် လက်ကိုနှဖူးထက်လွှဲတင်လိုက်သည်။ မဆိုင်းမတွပင် ပိုင်မြတ်ဘုန်းသော်သည်လည်း ကိုယ်ဟန်မတ်အလေးပြုကာ လက်ကိုပြန်ချလိုက်ပြီး အခန်းထဲကထွက်ရန်ပြင်သည်။  ကျောခိုင်းကာ အခန်းအပြင်ဘက်ကို ဦးတည်လိုက်ချိန်မှာပဲ အနောက်ပါးက ဦးငယ်ရဲ့စကားသံက လိုက်ပါလာသည်။

" ခံစားချက်ကို ကိုယ့်တာဝန်ဝတ္တရားထက် အလေးမပေးမိစေနဲ့။ ပိုင်မြတ်ဘုန်းသော်.. "

စကားအဆုံးမှာ ပိုင့်ရဲ့ကျောပြင်က တုံ့ခနဲရပ်ဆိုင်းသွားသည်။ ထို့နောက် စက္ကန့်အနည်းငယ်စာလောက် အချိန်ယူပြီးကာမှ စကားသံတစ်ခွန်းဖြင့် ပြန်တုံ့ပြန်ခဲ့ပြီးနောက် အခန်းထဲက ထွက်သွားတော့သည်။

" ဒီတာဝန်ဝတ္တရားတွေကို ရွေးချယ်ခဲ့ရတဲ့အကြောင်းအရင်းက သူပါပဲ... "

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~🌹🍷

10.4.2024.
TBC.

Continue Reading

You'll Also Like

335K 33.9K 39
Zawgyi အခ်စ္ဆိုတာ လြယ္လြယ္ကူကူေပါက္ဖြားလာႏိုင္တဲ့ အရာမဟုတ္ဖူး ကိုကို.....ဆံုစည္းမႈ.. အရင္ဆံုး လူႏွစ္ဦးရဲ့ ဆံုစည္းမႈကေနမွ အစျပုတယ္ အဲဒီဆံုေတြ႔ဖို႔ဆ...
535 130 6
လူသားတွေပြောင်းလဲသွားရင်တောင် အချိန်ကာလတွေပြောင်းလဲသွားရင်တောင် အဖြစ်အပျက်တွေပြောင်းလဲသွားရင်တောင် ထာဝရမပြောင်းလဲမဲ့အရာက လူတစ်ယောက်ရဲ့ စစ်မှန်တဲ့အချစ...
90.8K 8K 114
Published : 07.12.21 Genres : Slice of life, Romance, Drama Love stayed away for years. And when Love finally reappeared, I barely recognized him. Lo...
14.7K 2.2K 20
အေဒရီယန်လွမ်း ဆိုတဲ့ ရုပ်ချောချော သရုပ်ဆောင်ချာချာမင်းသားနဲ့ ရဲဆက် ဆိုတဲ့ လက်ရွေးစင် ဘောလုံးသမား တိုက်စစ်မှူးလေးတို့ရဲ့ နတ်သမီးပုံပြင်ဆန်ဆန် ဇာတ်လမ်း...