Unicode
''ဒေါက် ဒေါက်''
''ဝင်ခဲ့''
ဂျာကြီးတစ်ယောက်သူ့ရုံးခန်းထဲအမောတကောပြေးဝင်လာပြီးမှ
''ဘော့စ် အပြင်မှာပြဿနာတက်နေပြီ ကျွန်ျတာ်ရှင်းပေးလို့ကိုမရတော့တာ''
ဘာပြဿနာဆိုတာမသိရသေးပေမယ့်သူချက်ချင်းပဲစားပွဲမှထလာလိုက်၏။
လော်ဘီကိုသွားနေတဲ့လမ်းမှာဂျာကြီးက
''အရိပ်နဲ့မေကြည်တို့သန်ရှင်းရေးလုပ်တဲ့အခန်းမှာနေသွားတဲ့ဧည့်သည်တွေကသူတို့လက်စွပ်ကျန်ခဲ့တယ်ဆိုပြီးပြန်လာရှာတာ လက်စွပ်ကသိန်းသုံးရာလောက်တန်တယ်တဲ့ ကျွန်တော်တို့အဲ့အခန်းကိုပြန်ရှာပေးပြီးပြီ ဒါပေမယ့်လက်စွပ်ကမတွေ့ဘူး အရိပ်တို့ကလည်းမတွေ့ဘူးတဲ့ ပြီးတော့မေကြည်ကလည်းနေသိပ်မကောင်းလို့အဲ့အခန်းမှာဆယ်မိနစ်လောက်ပဲသန့်ရှင်းရေးလုပ်ခဲ့တာတဲ့ အရိပ်ပဲအဲ့အခန်းမှာကျန်ခဲ့တာ အခုအဲဒီ့ဧည့်သည်ကအရိပ်နဲမေကြည့်ကိုသူခိုးဆိုပြီးစွပ်စွဲနေတယ် သူဌေးကိုခေါ်ပေးချည်းပဲဇွတ်ပြောနေတာ အရိပ်တို့ကိုလည်း ကိုယ်ထိလက်ရောက်ပါကျူးလွန်ချင်နေသေးတာ''
''ဘာ!!''
သူတို့လော်ဘီကိုရောက်သွားတော့
''ဒီမှာ မဟုတ်တာလုပ်တာချင်းအတူတူသိန်းသုံးရာလေးနဲ့နာမည်ပျက်မခံနေဘူး ကျွန်မဘဝကိုပြောင်းလဲပေးနိုင်မယ့်ပမာဏလည်းမဟုတ်ပဲကျွန်မကဘာကိစ္စရှင့်လက်စွပ်အစုတ်ပလုတ်ကိုယူထားရမှာလဲ''
''အောင်မာ သန့်ရှင်းရေးအဆင့်ကများလူပါးဝလို့''
''ဟုတ်တယ် ကျွန်မကသန့်ရှင်းရေးအဆင့်ပဲ အခုအိမ်သာထက်ညစ်ပတ်နေတဲ့ရှင့်ပါးစပ်ကိုသန့်ရှင်းရေးလုပ်ပေးချင်နေတယ်သိလား''
''ဘာ!!''
ထိုအမျိုးသမီးကဒေါသမီးဟုန်းဟုန်းတောက်သွားပြီးမှ
''နင်..နင်''
လေထဲမြောက်တက်သွားတဲ့လက်ကြောင့်အရိပ်မျက်လုံးကိုပိတ်လိုက်မိသည်။
''လက်မပါနဲ့လေ''
အသံကြောင့်အရိပ်မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ကုဋေကထိုအမျိုးသမီးရဲ့လက်ကောက်ဝတ်ကိုဖမ်းဆုပ်ထားပေးလိုက်ခြင်းပင်။
''နင်ကဘယ်သူလဲ''
''ကျွန်တော်ကဒီဟိုတယ်ပိုင်ရှင်ပါ''
''ဪ ကောင်းသားပဲ ဒီမှာ နင်တို့ဘယ်လိုဝန်ထမ်းတွေကိုခန့်ထားတာလဲ ပစ္စည်းခိုးတဲ့အပြင်စကားပြောတာကလည်းအဆင့်မရှိကြဘူး နင်တို့ဟိုတယ်ကိုbad reviewရေးပစ်မယ်ကြည့်ထား''
''ခင်ဗျားလက်စွပ်ကဒီမှာကျန်ခဲ့တာသေချာလို့လား''
''ငါသေချာရှာကြည့်ပြီးပြီ လုံးဝမတွေ့ဘူး''
ထိုစဥ်အမျိုးသားတစ်ယောက်ကထိုနေရာသို့အမောတကောရောက်လာပြီးထိုအမျိုးသမီးအားဘာတွေကပ်ပြောလိုက်လဲမသိ။
ထိုအမျိုးသမီးကမျက်စိပျက်မျက်နှာပျက်ဖြင့်
''ကဲ ခုကိစ္စကဘယ်လိုလုပ်မှာလဲ ငါ့ကိုပြန်လျော်ပေးနော် မဟုတ်လို့ကနင်တို့ဟိုတယ်ကိုနာမည်ဖျက်ပစ်မယ်''
ကုဋေကဟက်ခနဲပြုံးလိုက်ပြီး
''ခင်ဗျားထက်အရင်ကျွန်တော်တို့ကတရားစွဲမှာနော် လိမ်လည်မှုနဲ့အသရေဖျက်မှုအတွက်''
''ဘာ ဘာကိုလဲ ငါတို့ကဘာလိမ်နေလို့လဲ''
''လက်စွပ်ပြန်တွေ့ပြီဆိုတာကျုပ်သိတယ်နော် ခင်ဗျားကမထူးဇာတ်ခင်း ကိုယ့်အမှားကိုဖုံးပြီးချော်လဲရောထိုင်လုပ်ချင်နေတာလား''
ထိုမိန်းမကမျက်လုံးကိုဟိုဟိုဒီဒီကစားရင်းဖြင့်
''မင်း...မင်းဘာတွေလာပြောနေတာလဲ ငါ့ကိုလာမစွပ်စွဲနဲ့''
''အဟင်း ဂျာကြီး ရဲစခန်းကိုဖုန်းဆက်လိုက်တော့''
ထိုစကားကြားမှထိုမိန်းမကပြာပြာသလဲနှင့်
''အဲ ရပ်လိုက်နော် အေး ဟုတ်တယ် ငါ့လက်စွပ်ပြန်တွေ့ပြီ ရပြီလား လာသွားမယ်ယောကျ်ား''
''ရပ်လိုက်''
ကုဋေ့ရုပ်ကအတော်လေးသွေးအေးနေတာကြောင့်အရိပ်ပါကြည့်ရင်းလန့်လာရသလိုပင်။
''ကျုပ်ဝန်ထမ်းကိုတောင်းပန်သွား''
''ဘာ ငါကဘာကိစ္စတောင်းပန်ရမှာလဲ ဒီလိုအဆင့်နိမ့်ကိုများ''
ကုဋေကအင်္ကျီလက်ကကြယ်သီးတွေကိုဖြုတ်ကာအပေါ်ကိုခေါက်တင်ပြီးမှ
''တောင်းပန်မှာလား ဒါမှမဟုတ် မဟုတ်မမှန်စွပ်စွဲမှု အသရေဖျက်မှုနဲ့တရားစွဲခံမှာလား ဒီမှာcctvတွေအပြည့်ပဲနော် ပြီးတော့ကျုပ်လက်သီးကလည်းယောကျ်ားတွေမိန်းမတွေရွေးနေမှာမဟုတ်ဘူး''
ပြောပြီးကုဋေကသူ့လက်ဆစ်တွေနဲ့ဇက်ကိုချိုးကာတစ်ခုခုလုပ်ဖို့ပြင်ဆင်နေဟန်ကြောင့်ထိုအမျိုးသမီးကတံထွေးတစ်ချက်မြိုချကာ
''တောင်းပန်တယ် ရပြီလား''
''သေချာတောင်းပန်''
''တောင်းပန်ပါတယ် အထင်မှားမိသွားတာပါ''
အရိပ် ထိုမိန်းမရဲ့တောင်းပန်စကားကိုပင်မကြားနိုင်ပဲကုဋေ့အားစိုက်ကြည့်နေမိသည်။
ဒီကောင်လေးရဲ့ခုလိုကြွတ်ဆတ်ဆတ်ပုံစံကအတော်လေးကြည့်ကောင်းလိုက်တာလို့လည်းအရိပ်စိတ်ထဲတွေးမိ၏။
ပြဿနာအားလုံးရှင်းပြီးတော့မှကုဋေကသူမအားလူရှင်းတဲ့တစ်နေရာကိုခေါ်လာပြီးမှ
''ခင်ဗျားကိုဘာမှာထားလဲ ကျုပ်ခိုင်းတာကလွဲရင်ဘာမှမလုပ်နဲ့လို့မှာမထားဘူးလား''
''ဒါကခေါင်းဆောင်ကခိုင်းနေတာကိုး ငါကငြင်းလို့ဖြစ်မလား''
''ခင်ဗျားကိုလစာပေးနေတာဘယ်သူလဲ''
''နင်လေ''
''အင်းလေ အဲတော့ကျုပ်စကားကပဲအရေးပါရမှာမဟုတ်ဘူးလား''
''ကဲပါ ပြီးတာကပြီးသွားပြီပဲဟာ ထားလိုက်ပါတော့''
''အဒေါ်ကြီး''
''ဘာလဲ''
''ခင်ဗျားဒီမှာမလုပ်တော့နဲ့''
''ဟမ်! ဘာဖြစ်လို့လဲ ငါ့ကိုအလုပ်ထုတ်လိုက်တာလား''
''မဟုတ်ဘူး ကျွန်တော့်အိမ်မှာလာလုပ်ရမှာ''
''ဘယ်လို''
''ဟုတ်တယ် ဒီမှာထက်စာရင်ကျုပ်အိမ်မှာကခင်ဗျားသိပ်ပင်ပန်းမှာမဟုတ်ဘူးလေ''
''ငါမလုပ်နိုင်ဘူး''
''အဲဒါကတော့ခင်ဗျားသဘောပါပဲ ကျုပ်ကခင်ဗျားစဥ်းစားလို့ရအောင်ပြောတာ''
''ကျေးဇူးပဲ''
''အင်း''
အရိပ်စိတ်ထဲမှာအဲတုန်းကထိသူ့အိမ်မှာအလုပ်သွားလုပ်ဖို့စိတ်ကူးမရှိသေးပါ။
သို့သော်အဆိုးရွားဆုံးအခြေအနေတစ်ခုကသူမထံသို့ရောက်လာပြီးနောက်မှာသူမစိတ်ကလုံးဝပြောင်းလဲသွားရလေသည်။
''ဘယ်လိုဒေါ်လေး အိမ်ပိုင်ရှင်ကအိမ်လခကိုငါးသောင်းတောင်တိုးလိုက်တယ်''
''ဟုတ်တယ် နောက်တစ်ပတ်ဆိုရင်ဒေါ်လေးတို့ခြောက်လစာထပ်တင်ရတော့မှာ ချက်ချင်းကြီးသုံးသိန်းကဘယ်ကသွားရှာမှာလဲ စစ်မာန်လေးကလည်းမူကြိုအပ်ရတော့မှာ အိမ်ပိုင်ရှင်ကခြောက်လစာထပ်မတင်ရင်အိမ်ငှားအသစ်တင်မှာတဲ့''
အရိပ်စိတ်ဓာတ်အကြီးအကျယ်ကျသွားရသည်။
လစာကြိုထုတ်ဖို့ကလည်းလုံးဝမဖြစ်နိုင်။
''ဒေါ်လေးတို့ဘယ်လိုလုပ်ကြမလဲငါ့တူမ''
''အရိပ်ကြံပါ့မယ်''
ထိုအချိန်အရိပ်အတွေးထဲပေါ်လာတာကကုဋေ့မျက်နှာကိုပါ။
''ခဏလေးနော်ဒေါ်လေး အရိပ်ဖုန်းသွားပြောဦးမယ်''
ပြောပြီးသူမဖုန်းကိုယူကာခြံထဲဆင်းခဲ့လိုက်သည်။
သူမကုဋေ့ကိုဘယ်ကနေဘယ်လိုစပြောရမလဲစဥ်းစားရင်းနဲ့ဖုန်းခေါ်ဖို့ရာတွေဝေနေမိ၏။
''သူကစိတ်ရင်းတော့ကောင်းရှာပါတယ် ဘာမှတော့မပြောလောက်ပါဘူး''
အရိပ်နှုတ်ကတီးတိုးရေရွတ်ရင်းသူ့ထံသို့ဖုန်းခေါ်လိုက်တော့သည်။
သူကချက်ချင်းပဲဖုန်းကိုင်ကာ
''ပြောအဒေါ်ကြီး''
''ဟို ကုဋေ ငါပြောစရာလေးရှိလို့''
''ပြောလေ''
''ဟိုလေ ငါလစာသုံးသိန်းလောက်ကြိုထုတ်လို့ရမလား''
''ဘာရယ် အဒေါ်ကြီး ခင်ဗျားအလုပ်ဝင်တာမှတစ်ပတ်တောင်မပြည့်သေးဘူးလေ လာနောက်နေတာလား''
''ငါအတည်ပြောနေတာ အခုအိမ်ငှားစာချုပ်ကပြည့်သွားပြီ ခြောက်လစာထပ်တိုးရမှာ အဲဒါအခုမှအိမ်ပိုင်ရှင်ကအနားနီးမှငါးသောင်းတိုးပစ်လိုက်လို့ ငါတို့ဆီမှာအခုကကိုးသိန်းပဲရှိတယ်''
''ဘာ ဘာ အဲ့အိမ်စုတ်ကိုတစ်လတစ်သိန်းခွဲပေါ့ အခုဆိုနှစ်သိန်းနဲ့ပေးနေရတော့မှာပေါ့ အဲ့စုတ်ချာနေတဲ့အိမ်ကိုလေ အဒေါ်ကြီးခင်ဗျားအရူးပဲ''
''ဟဲ့ နင်ပြောတာနည်းနည်းပိုနေပြီ အဲလောက်လည်းမဟုတ်ပါဘူး''
''ထားပါ လစာတော့တိုးမပေးနိုင်ဘူး ခင်ဗျားတို့လည်းအဲ့အိမ်မှာနေမနေနဲ့တော့ ကျုပ်ပြောသလိုကျုပ်အိမ်မှာသာလာနေကျ အိမ်မှာကကျုပ်နဲ့ကျုပ်အစ်ကိုနှစ်ယောက်ပဲနေတာ နေစရာလည်းရမယ် အကုန်စားရိတ်ငြိမ်း ဒါကိုခင်ဗျားကဘာဈေးကိုင်နေတာလဲ''
''ဒါပေမယ့်''
''ဒီမှာအဒေါ်ကြီး အခက်အခဲကြုံလာရင်မာနဆိုတာဘာမှသုံးစားမရဘူးမှတ်ထား နေရာလွဲပြီးမာနထားရင် ကိုယ့်ဆီရောက်လာမယ့်အခွင့်အရေးကိုဆုံးရှုံးရတတ်တယ်''
''ငါမာနထားနေတာမဟုတ်ပါဘူး ခုကငါ့အဒေါ်နဲ့ငါ့သားရောဆိုတော့နည်းနည်းအခက်တွေ့နေတာပါ''
''ခင်ဗျားတို့ကကျုပ်ခေါင်းပေါ်တက်ထိုင်နေကြမှာမို့လို့လား''
''နင်ဟာလေ စကားပြောရင်အမြဲရို.က်ပေါက်''
''အပိုတွေပြောမနေနဲ့ လာမှာလားမလာဘူးလားပဲပြော''
''ငါဒေါ်လေးနဲ့တိုင်ပင်လိုက်ဦးမယ်''
''ပြီးတာပဲ လာမယ်ဆိုလည်းခင်ဗျားဆီကပစ္စည်းစုတ်တွေသယ်မလာနဲ့ ကျုပ်အိမ်မှာအစုံရှိတယ် အဝတ်အစားလောက်သာယူခဲ့''
''နင်...''
အရိပ်ဘာမှမပြောခင်သူကအရင်ဦးအောင်ဖုန်းချသွားလေသည်။
''ခွေးလိုကောင် အမြဲအစုတ်အစုတ်နဲ့ အစုတ်ကိုပါးစပ်ကမချဘူး''
အခုလောလောဆယ်သူမကုဋေ့ကိုမေတ္တာထိုင်ပို့နေလို့မဖြစ်သေးပါ။
သူမဒေါ်လေးနဲ့အကျိုးအကြောင်းပြောပြီးတိုင်ပင်ရဦးမည်။
🍀🍀
ဒေါ်လေးနဲ့တိုင်ပင်အပြီးမှာဒေါ်လေးကလည်းလက်ခံခိုင်းတာကြောင့်အရိပ်တို့သုံးယောက်ကုဋေ့အိမ်မှာနေဖို့ဖြစ်လာခဲ့လေ၏။
အဖြူရောင်နဲ့ရွှေရောင်ကိုသုံးကာဆေးခြယ်ထားသောအိမ်ကြီးကိုကြည့်ပြီးအရိပ်အံ့သြမှင်သက်သွားရသည်။
ပိုက်ဆံရှိတဲ့သူတွေကတစ်ကယ်မတူဘူးပဲ။
အရိပ်ဘဲလ်တီးမလို့လုပ်တုန်းခြံတံခါးကအလိုလိုပွင့်သွားတာကြောင့်အရိပ်ရောဒေါ်လေးပါကြောင်အမ်းအမ်းဖြစ်သွားရပြီးအိမ်မကြီးကိုလှမ်းကြည့်လိုက်ရာ ကုဋေကရီမုခ်လိုအရာလေးတစ်ခုကိုကိုင်ပြီးဝရန်တာမှာလက်ထောက်ရပ်နေတာကြောင့်ခြံတံခါးကိုဖွင့်ပေးလိုက်တဲ့သူကကုဋေဆိုတာတန်းသိလိုက်လေသည်။
''ငါ့တူမ သူတို့ကြည့်ရတာတော်တော်အဆင့်အတန်းမြင့်ပုံပဲ ဒေါ်လေးတို့နဲ့ဖြစ်ပါ့မလား''
''လာပါဒေါ်လေးရယ်''
သူမသားလေးလက်ကိုဆွဲကာခြံထဲသို့ဝင်ခဲ့လိုက်၏။
အိမ်ထဲရောက်တော့လည်းအပြင်အဆင်ကတစ်ကယ်ခမ်းနားလွန်းကာပရိဘောဂတွေအသုံးအဆောင်တွေကတစ်ကယ်ကိုအကောင်းဆုံးဆိုတာတွေချည်းပင်။
သားလေးကသူမအားမော့ကြည့်ကာ
''မေမေ သားသားတို့ကကာတွန်းကားထဲရောက်နေတာလား သားသားနဲ့မေမေကြည့်တဲ့ကာတွန်းကလည်းဒီလိုကြီးပဲနော်မေမေ''
ထိုစဥ်ကုဋေကလှေကားအတိုင်းဆင်းလာပြီး
''ဟုတ်တယ် အခုသားသားရောက်နေတာနန်းတော်ကြီးလေ ဦးဦးကတော့ဘုရင်ကြီးပေါ့''
''ဟင်း ဘုရင်ကြီးခေါင်းပေါ်မှာသရဖူလည်းမပါဘူး''
''အဲဒါကအရမ်းလေးလို့ခဏဖြုတ်ထားတာ''
အရိပ်ကသူ့အားမျက်စောင်းလှမ်းခဲပြီး
''ကလေးကိုစမနေနဲ့''
''ခင်ဗျားသားလေးကချစ်ဖို့ကောင်းလို့ပါ ကဲလာ ထိုင်ကြ''
သူမတို့လည်းဧည့်ခန်းထဲမှာဝင်ထိုင်လိုက်ပကြပြီးအရိပ်မှစ၍
''ဒေါ်လေး သူကကုဋေစည်းတဲ့ အရိပ်ရဲ့အလုပ်ရှင် ကုဋေ သူကငါ့အဒေါ် ဒေါ်မြသွေးတဲ့''
''ဟုတ်ကဲ့ပါ ကျွန်တော်တို့ကတော့မိဘတွေမရှိတော့ဘူး ညီအစ်ကိုနှစ်ယောက်ပဲရှိတယ် ကျွန်တော့်အစ်ကိုကအခုအပြင်ခဏသွားလို့မရှိသေးဘူး''
ကုဋေကကလေးကိုကြည့်ကာ
''မင်းနာမည်ကရောဘယ်သူတုန်းကွ''
''စစ်မာန်ပါဦးဦး''
''ဒီအိမ်ကြီးကိုကြိုက်လား''
''အရမ်းကြိုက်တယ် သားသားတို့အိမ်ထက်အများကြီးပိုလှတယ် ကြီးလည်းကြီးတယ်''
''အဟင်း ဒါဆိုမင်းဒီအိမ်မှာနေတော့ နေမှာလား''
''နေမှာပေါ့ဦးဦးရ''
သူတော်ရုံဆိုကလေးဆိုတဲ့အမျိုးကအာရုံနောက်အောင်လုပ်တတ်ကြတာမို့ကလေးမချစ်တတ်ပေမယ့်အဒေါ်ကြီးရဲ့ကလေးကျမှသူစတွေ့ကတည်းကချစ်နေ၏။
''ကဲပါ ကျွန်တော်အောက်ထပ်မှာခင်ဗျားတို့နေဖို့အခန်းစီစဥ်ထားတယ် သန့်ရှင်းရေးတော့မလုပ်ရသေးဘူး''
''ရတယ် ငါတို့တူဝရီးကိုယ့်ဘာသာလုပ်လိုက်မယ်''
''အင်း ဟုတ်ပြီလေ အဲဒါဆိုကျွန်တော်လည်းဟိုတယ်သွားဖို့ပြင်တော့မယ် ကျွန်တော်မရှိတုန်းကျွန်တော့်အစ်ကိုပြန်လာရင်လည်းဘာမှနေရကြပ်မနေနဲ့ ကိုကြီးကိုအားလုံးပြောပြီးသား''
''အင်းပါ''
သူခေါင်းတစ်ချက်ညိတ်ပြပြီးနေရာမှထကာစစ်မာန်လေးရဲ့ဆံပင်လေးတွေကိုဖွပြီးအိမ်ပေါ်သို့တက်လာခဲ့လိုက်သည်။
''ကဲဒေါ်လေး အရိပ်တို့လုပ်ငန်းစရအောင်''
''ဟုတ်ပြီငါ့တူမ ဒါနဲ့ကောင်လေးကချောချက်ကမှုန်လို့နော် မင်းသားကျလို့ပဲ''
''သူ့ရှေ့သွားပြောလို့မြောက်နေဦးမယ်ဟိုက သွားမယ်လာ''
ဒေါ်လေးပြောလည်းပြောချင်စရာပါ။သူ့ပုံစံကအသက်အရွယ်နဲ့မလိုက်အောင်အရမ်းတည်ငြိမ်ရင့်ကျက်ပြီးအတော်လေးလည်းချော၏။
သူမနဲ့သာအပြောဆိုးပြီးဘုနဲ့ဘောက်ပေမယ့်စိတ်ရင်းလေးကတော့ကောင်းရှာသည်။
ပင်ယံဆင့်ဆိုတဲ့ကလေးမ,ကြွေတာလည်းမပြောနှင့်။
_____________
''ကျွီ''
မင်းစေရာ ပန်းချီအတွက်လိုအပ်တဲ့ဆေးတွေသွားဝယ်ပြီးပြန်အလာ သူခြံထဲကိုကားမောင်းဝင်လာတုန်းတစ်ခုခုကသူ့ကားရှေ့ဖြတ်ဝင်လာတာကြောင့်သူကားကိုအမြန်ဘရိတ်အုပ်လိုက်ရ၏။
''လူလားခွေးလားဟ''
''အီးဟီး မေမေ ဟီး''
''ဟာ''
သူခါးပတ်ကြိုးကိုအမြန်ဖြုတ်ကာကားပေါ်ကဆင်းခဲ့လိုက်တော့ကလေးလေးတစ်ယောက်ကသူ့ကားရှေ့မှာခြေဆင်းထိုင်ကာအော်ဟစ်ငိုယိုနေပြီမို့သူထိုကလေးအားအမြန်ပဲဆွဲပွေ့ကာမတ်တပ်ရပ်စေလိုက်၏။
''ကလေး ဘာဖြစ်သွားသေးလဲ ဦးကားနဲ့တိုက်မိတာလားသား''
''အီးဟီး လက်နာသွားပြီ''
ကလေးကလက်ကလေးထုတ်ကာပြောလာတာကြောင့်သူချက်ချင်းပဲကလေးရဲ့လက်လေးအားဆွဲဖြန့်ကြည့်လိုက်ရာလက်ဖနောင့်ကအနည်းငယ်ပွန်းပဲ့သွားပြီးနီရဲနေလေသည်။
ပြီးတော့လက်ဖဝါးအလည်တည့်တည့်ကမှဲ့နက်လေး။
''သားလိုပဲဦးမှာလည်းမှဲ့ပါတယ် ဒီမှာကြည့်''
သူလက်ဖဝါးကိုဖြန့်ပြတော့ကလေးကချက်ချင်းအငိုတိတ်သွားပြီးသူ့လက်ဖဝါးကိုပြူးပြဲကြည့်ကာ
''တူတူပဲ သားသားနဲ့ဦးဦးနဲ့တူတူပဲ''
ထိုစဥြ
''သား''
အသံလာရာကိုစေရာလှမ်းကြည့်လိုက်တော့မိန်းကလေးတစ်ယောက်ကသူတို့ထံပြေးလာပြီးကလေးနားထိုင်ချကာ
''ဘာဖြစ်တာလဲသား''
''လက်ကြီးနာနာဖြစ်သွားပြီ''
အရိပ် စေရာ့ကိုကြည့်ကာ
''ဟို...''
စေရာကတစ်ခုခုသဘောပေါက်သွားဟန်ဖြင့်
''သူကကိုယ့်ကားရှေ့ပြေးဝင်လာတာ တိုက်တော့မတိုက်မိဘူးနော် ဒါနဲ့မင်းကကိုယ့်ညီပြောထားတဲ့အလုပ်သမားအသစ်လား''
''ဟုတ်ပါတယ် ကျွန်မနာမည်အရိပ်စစ်ပါ''
''မင်းစေရာပါ''
''ဟုတ်ကဲ့''
''ကလေးလက်ကနည်းနည်းပွန်းသွားတယ် ဆေးလိမ်းပေးလိုက်ဦးနော်''
''ဟုတ်ကဲ့ပါ လာသား သွားရအောင်''
ကလေးလက်ကိုဆွဲကာထွက်ခွာသွားသောသူမရဲ့ကျောပြင်အားလိုက်ကြည့်ရင်းသူ့စိတ်ထဲတစ်မျိုးတစ်မည်ခံစားသွားရ၏။
တစ်ကယ်ကိုအမည်ဖော်လို့မရတဲ့ခံစားချက်ကြီးပင်။
🍀🍀
Zawgyi
''ေဒါက္ ေဒါက္''
''ဝင္ခဲ့''
ဂ်ာႀကီးတစ္ေယာက္သူ႔႐ုံးခန္းထဲအေမာတေကာေျပးဝင္လာၿပီးမွ
''ေဘာ့စ္ အျပင္မွာျပႆနာတက္ေနၿပီ ကြၽန္်တာ္ရွင္းေပးလို႔ကိုမရေတာ့တာ''
ဘာျပႆနာဆိုတာမသိရေသးေပမယ့္သူခ်က္ခ်င္းပဲစားပြဲမွထလာလိုက္၏။
ေလာ္ဘီကိုသြားေနတဲ့လမ္းမွာဂ်ာႀကီးက
''အရိပ္နဲ႔ေမၾကည္တို႔သန္ရွင္းေရးလုပ္တဲ့အခန္းမွာေနသြားတဲ့ဧည့္သည္ေတြကသူတို႔လက္စြပ္က်န္ခဲ့တယ္ဆိုၿပီးျပန္လာရွာတာ လက္စြပ္ကသိန္းသုံးရာေလာက္တန္တယ္တဲ့ ကြၽန္ေတာ္တို႔အဲ့အခန္းကိုျပန္ရွာေပးၿပီးၿပီ ဒါေပမယ့္လက္စြပ္ကမေတြ႕ဘူး အရိပ္တို႔ကလည္းမေတြ႕ဘူးတဲ့ ၿပီးေတာ့ေမၾကည္ကလည္းေနသိပ္မေကာင္းလို႔အဲ့အခန္းမွာဆယ္မိနစ္ေလာက္ပဲသန္႔ရွင္းေရးလုပ္ခဲ့တာတဲ့ အရိပ္ပဲအဲ့အခန္းမွာက်န္ခဲ့တာ အခုအဲဒီ့ဧည့္သည္ကအရိပ္နဲေမၾကည့္ကိုသူခိုးဆိုၿပီးစြပ္စြဲေနတယ္ သူေဌးကိုေခၚေပးခ်ည္းပဲဇြတ္ေျပာေနတာ အရိပ္တို႔ကိုလည္း ကိုယ္ထိလက္ေရာက္ပါက်ဴးလြန္ခ်င္ေနေသးတာ''
''ဘာ!!''
သူတို႔ေလာ္ဘီကိုေရာက္သြားေတာ့
''ဒီမွာ မဟုတ္တာလုပ္တာခ်င္းအတူတူသိန္းသုံးရာေလးနဲ႔နာမည္ပ်က္မခံေနဘူး ကြၽန္မဘဝကိုေျပာင္းလဲေပးႏိုင္မယ့္ပမာဏလည္းမဟုတ္ပဲကြၽန္မကဘာကိစၥရွင့္လက္စြပ္အစုတ္ပလုတ္ကိုယူထားရမွာလဲ''
''ေအာင္မာ သန္႔ရွင္းေရးအဆင့္ကမ်ားလူပါးဝလို႔''
''ဟုတ္တယ္ ကြၽန္မကသန္႔ရွင္းေရးအဆင့္ပဲ အခုအိမ္သာထက္ညစ္ပတ္ေနတဲ့ရွင့္ပါးစပ္ကိုသန္႔ရွင္းေရးလုပ္ေပးခ်င္ေနတယ္သိလား''
''ဘာ!!''
ထိုအမ်ိဳးသမီးကေဒါသမီးဟုန္းဟုန္းေတာက္သြားၿပီးမွ
''နင္..နင္''
ေလထဲေျမာက္တက္သြားတဲ့လက္ေၾကာင့္အရိပ္မ်က္လုံးကိုပိတ္လိုက္မိသည္။
''လက္မပါနဲ႔ေလ''
အသံေၾကာင့္အရိပ္မ်က္လုံးကိုဖြင့္ၾကည့္လိုက္ေတာ့ကုေဋကထိုအမ်ိဳးသမီးရဲ႕လက္ေကာက္ဝတ္ကိုဖမ္းဆုပ္ထားေပးလိုက္ျခင္းပင္။
''နင္ကဘယ္သူလဲ''
''ကြၽန္ေတာ္ကဒီဟိုတယ္ပိုင္ရွင္ပါ''
''ဪ ေကာင္းသားပဲ ဒီမွာ နင္တို႔ဘယ္လိုဝန္ထမ္းေတြကိုခန႔္ထားတာလဲ ပစၥည္းခိုးတဲ့အျပင္စကားေျပာတာကလည္းအဆင့္မရွိၾကဘူး နင္တို႔ဟိုတယ္ကိုbad reviewေရးပစ္မယ္ၾကည့္ထား''
''ခင္ဗ်ားလက္စြပ္ကဒီမွာက်န္ခဲ့တာေသခ်ာလို႔လား''
''ငါေသခ်ာရွာၾကည့္ၿပီးၿပီ လုံးဝမေတြ႕ဘူး''
ထိုစဥ္အမ်ိဳးသားတစ္ေယာက္ကထိုေနရာသို႔အေမာတေကာေရာက္လာၿပီးထိုအမ်ိဳးသမီးအားဘာေတြကပ္ေျပာလိုက္လဲမသိ။
ထိုအမ်ိဳးသမီးကမ်က္စိပ်က္မ်က္ႏွာပ်က္ျဖင့္
''ကဲ ခုကိစၥကဘယ္လိုလုပ္မွာလဲ ငါ့ကိုျပန္ေလ်ာ္ေပးေနာ္ မဟုတ္လို႔ကနင္တို႔ဟိုတယ္ကိုနာမည္ဖ်က္ပစ္မယ္''
ကုေဋကဟက္ခနဲၿပဳံးလိုက္ၿပီး
''ခင္ဗ်ားထက္အရင္ကြၽန္ေတာ္တို႔ကတရားစြဲမွာေနာ္ လိမ္လည္မႈနဲ႔အသေရဖ်က္မႈအတြက္''
''ဘာ ဘာကိုလဲ ငါတို႔ကဘာလိမ္ေနလို႔လဲ''
''လက္စြပ္ျပန္ေတြ႕ၿပီဆိုတာက်ဳပ္သိတယ္ေနာ္ ခင္ဗ်ားကမထူးဇာတ္ခင္း ကိုယ့္အမွားကိုဖုံးၿပီးေခ်ာ္လဲေရာထိုင္လုပ္ခ်င္ေနတာလား''
ထိုမိန္းမကမ်က္လုံးကိုဟိုဟိုဒီဒီကစားရင္းျဖင့္
''မင္း...မင္းဘာေတြလာေျပာေနတာလဲ ငါ့ကိုလာမစြပ္စြဲနဲ႔''
''အဟင္း ဂ်ာႀကီး ရဲစခန္းကိုဖုန္းဆက္လိုက္ေတာ့''
ထိုစကားၾကားမွထိုမိန္းမကျပာျပာသလဲႏွင့္
''အဲ ရပ္လိုက္ေနာ္ ေအး ဟုတ္တယ္ ငါ့လက္စြပ္ျပန္ေတြ႕ၿပီ ရၿပီလား လာသြားမယ္ေယာက်္ား''
''ရပ္လိုက္''
ကုေဋ့႐ုပ္ကအေတာ္ေလးေသြးေအးေနတာေၾကာင့္အရိပ္ပါၾကည့္ရင္းလန္႔လာရသလိုပင္။
''က်ဳပ္ဝန္ထမ္းကိုေတာင္းပန္သြား''
''ဘာ ငါကဘာကိစၥေတာင္းပန္ရမွာလဲ ဒီလိုအဆင့္နိမ့္ကိုမ်ား''
ကုေဋကအက်ႌလက္ကၾကယ္သီးေတြကိုျဖဳတ္ကာအေပၚကိုေခါက္တင္ၿပီးမွ
''ေတာင္းပန္မွာလား ဒါမွမဟုတ္ မဟုတ္မမွန္စြပ္စြဲမႈ အသေရဖ်က္မႈနဲ႔တရားစြဲခံမွာလား ဒီမွာcctvေတြအျပည့္ပဲေနာ္ ၿပီးေတာ့က်ဳပ္လက္သီးကလည္းေယာက်္ားေတြမိန္းမေတြေ႐ြးေနမွာမဟုတ္ဘူး''
ေျပာၿပီးကုေဋကသူ႔လက္ဆစ္ေတြနဲ႔ဇက္ကိုခ်ိဳးကာတစ္ခုခုလုပ္ဖို႔ျပင္ဆင္ေနဟန္ေၾကာင့္ထိုအမ်ိဳးသမီးကတံေထြးတစ္ခ်က္ၿမိဳခ်ကာ
''ေတာင္းပန္တယ္ ရၿပီလား''
''ေသခ်ာေတာင္းပန္''
''ေတာင္းပန္ပါတယ္ အထင္မွားမိသြားတာပါ''
အရိပ္ ထိုမိန္းမရဲ႕ေတာင္းပန္စကားကိုပင္မၾကားႏိုင္ပဲကုေဋ့အားစိုက္ၾကည့္ေနမိသည္။
ဒီေကာင္ေလးရဲ႕ခုလိုႂကြတ္ဆတ္ဆတ္ပုံစံကအေတာ္ေလးၾကည့္ေကာင္းလိုက္တာလို႔လည္းအရိပ္စိတ္ထဲေတြးမိ၏။
ျပႆနာအားလုံးရွင္းၿပီးေတာ့မွကုေဋကသူမအားလူရွင္းတဲ့တစ္ေနရာကိုေခၚလာၿပီးမွ
''ခင္ဗ်ားကိုဘာမွာထားလဲ က်ဳပ္ခိုင္းတာကလြဲရင္ဘာမွမလုပ္နဲ႔လို႔မွာမထားဘူးလား''
''ဒါကေခါင္းေဆာင္ကခိုင္းေနတာကိုး ငါကျငင္းလို႔ျဖစ္မလား''
''ခင္ဗ်ားကိုလစာေပးေနတာဘယ္သူလဲ''
''နင္ေလ''
''အင္းေလ အဲေတာ့က်ဳပ္စကားကပဲအေရးပါရမွာမဟုတ္ဘူးလား''
''ကဲပါ ၿပီးတာကၿပီးသြားၿပီပဲဟာ ထားလိုက္ပါေတာ့''
''အေဒၚႀကီး''
''ဘာလဲ''
''ခင္ဗ်ားဒီမွာမလုပ္ေတာ့နဲ႔''
''ဟမ္! ဘာျဖစ္လို႔လဲ ငါ့ကိုအလုပ္ထုတ္လိုက္တာလား''
''မဟုတ္ဘူး ကြၽန္ေတာ့္အိမ္မွာလာလုပ္ရမွာ''
''ဘယ္လို''
''ဟုတ္တယ္ ဒီမွာထက္စာရင္က်ဳပ္အိမ္မွာကခင္ဗ်ားသိပ္ပင္ပန္းမွာမဟုတ္ဘူးေလ''
''ငါမလုပ္ႏိုင္ဘူး''
''အဲဒါကေတာ့ခင္ဗ်ားသေဘာပါပဲ က်ဳပ္ကခင္ဗ်ားစဥ္းစားလို႔ရေအာင္ေျပာတာ''
''ေက်းဇူးပဲ''
''အင္း''
အရိပ္စိတ္ထဲမွာအဲတုန္းကထိသူ႔အိမ္မွာအလုပ္သြားလုပ္ဖို႔စိတ္ကူးမရွိေသးပါ။
သို႔ေသာ္အဆိုး႐ြားဆုံးအေျခအေနတစ္ခုကသူမထံသို႔ေရာက္လာၿပီးေနာက္မွာသူမစိတ္ကလုံးဝေျပာင္းလဲသြားရေလသည္။
''ဘယ္လိုေဒၚေလး အိမ္ပိုင္ရွင္ကအိမ္လခကိုငါးေသာင္းေတာင္တိုးလိုက္တယ္''
''ဟုတ္တယ္ ေနာက္တစ္ပတ္ဆိုရင္ေဒၚေလးတို႔ေျခာက္လစာထပ္တင္ရေတာ့မွာ ခ်က္ခ်င္းႀကီးသုံးသိန္းကဘယ္ကသြားရွာမွာလဲ စစ္မာန္ေလးကလည္းမူႀကိဳအပ္ရေတာ့မွာ အိမ္ပိုင္ရွင္ကေျခာက္လစာထပ္မတင္ရင္အိမ္ငွားအသစ္တင္မွာတဲ့''
အရိပ္စိတ္ဓာတ္အႀကီးအက်ယ္က်သြားရသည္။
လစာႀကိဳထုတ္ဖို႔ကလည္းလုံးဝမျဖစ္ႏိုင္။
''ေဒၚေလးတို႔ဘယ္လိုလုပ္ၾကမလဲငါ့တူမ''
''အရိပ္ႀကံပါ့မယ္''
ထိုအခ်ိန္အရိပ္အေတြးထဲေပၚလာတာကကုေဋ့မ်က္ႏွာကိုပါ။
''ခဏေလးေနာ္ေဒၚေလး အရိပ္ဖုန္းသြားေျပာဦးမယ္''
ေျပာၿပီးသူမဖုန္းကိုယူကာၿခံထဲဆင္းခဲ့လိုက္သည္။
သူမကုေဋ့ကိုဘယ္ကေနဘယ္လိုစေျပာရမလဲစဥ္းစားရင္းနဲ႔ဖုန္းေခၚဖို႔ရာေတြေဝေနမိ၏။
''သူကစိတ္ရင္းေတာ့ေကာင္းရွာပါတယ္ ဘာမွေတာ့မေျပာေလာက္ပါဘူး''
အရိပ္ႏႈတ္ကတီးတိုးေရ႐ြတ္ရင္းသူ႔ထံသို႔ဖုန္းေခၚလိုက္ေတာ့သည္။
သူကခ်က္ခ်င္းပဲဖုန္းကိုင္ကာ
''ေျပာအေဒၚႀကီး''
''ဟို ကုေဋ ငါေျပာစရာေလးရွိလို႔''
''ေျပာေလ''
''ဟိုေလ ငါလစာသုံးသိန္းေလာက္ႀကိဳထုတ္လို႔ရမလား''
''ဘာရယ္ အေဒၚႀကီး ခင္ဗ်ားအလုပ္ဝင္တာမွတစ္ပတ္ေတာင္မျပည့္ေသးဘူးေလ လာေနာက္ေနတာလား''
''ငါအတည္ေျပာေနတာ အခုအိမ္ငွားစာခ်ဳပ္ကျပည့္သြားၿပီ ေျခာက္လစာထပ္တိုးရမွာ အဲဒါအခုမွအိမ္ပိုင္ရွင္ကအနားနီးမွငါးေသာင္းတိုးပစ္လိုက္လို႔ ငါတို႔ဆီမွာအခုကကိုးသိန္းပဲရွိတယ္''
''ဘာ ဘာ အဲ့အိမ္စုတ္ကိုတစ္လတစ္သိန္းခြဲေပါ့ အခုဆိုႏွစ္သိန္းနဲ႔ေပးေနရေတာ့မွာေပါ့ အဲ့စုတ္ခ်ာေနတဲ့အိမ္ကိုေလ အေဒၚႀကီးခင္ဗ်ားအ႐ူးပဲ''
''ဟဲ့ နင္ေျပာတာနည္းနည္းပိုေနၿပီ အဲေလာက္လည္းမဟုတ္ပါဘူး''
''ထားပါ လစာေတာ့တိုးမေပးႏိုင္ဘူး ခင္ဗ်ားတို႔လည္းအဲ့အိမ္မွာေနမေနနဲ႔ေတာ့ က်ဳပ္ေျပာသလိုက်ဳပ္အိမ္မွာသာလာေနက် အိမ္မွာကက်ဳပ္နဲ႔က်ဳပ္အစ္ကိုႏွစ္ေယာက္ပဲေနတာ ေနစရာလည္းရမယ္ အကုန္စားရိတ္ၿငိမ္း ဒါကိုခင္ဗ်ားကဘာေဈးကိုင္ေနတာလဲ''
''ဒါေပမယ့္''
''ဒီမွာအေဒၚႀကီး အခက္အခဲႀကဳံလာရင္မာနဆိုတာဘာမွသုံးစားမရဘူးမွတ္ထား ေနရာလြဲၿပီးမာနထားရင္ ကိုယ့္ဆီေရာက္လာမယ့္အခြင့္အေရးကိုဆုံးရႈံးရတတ္တယ္''
''ငါမာနထားေနတာမဟုတ္ပါဘူး ခုကငါ့အေဒၚနဲ႔ငါ့သားေရာဆိုေတာ့နည္းနည္းအခက္ေတြ႕ေနတာပါ''
''ခင္ဗ်ားတို႔ကက်ဳပ္ေခါင္းေပၚတက္ထိုင္ေနၾကမွာမို႔လို႔လား''
''နင္ဟာေလ စကားေျပာရင္အၿမဲ႐ို.က္ေပါက္''
''အပိုေတြေျပာမေနနဲ႔ လာမွာလားမလာဘူးလားပဲေျပာ''
''ငါေဒၚေလးနဲ႔တိုင္ပင္လိုက္ဦးမယ္''
''ၿပီးတာပဲ လာမယ္ဆိုလည္းခင္ဗ်ားဆီကပစၥည္းစုတ္ေတြသယ္မလာနဲ႔ က်ဳပ္အိမ္မွာအစုံရွိတယ္ အဝတ္အစားေလာက္သာယူခဲ့''
''နင္...''
အရိပ္ဘာမွမေျပာခင္သူကအရင္ဦးေအာင္ဖုန္းခ်သြားေလသည္။
''ေခြးလိုေကာင္ အၿမဲအစုတ္အစုတ္နဲ႔ အစုတ္ကိုပါးစပ္ကမခ်ဘူး''
အခုေလာေလာဆယ္သူမကုေဋ့ကိုေမတၱာထိုင္ပို႔ေနလို႔မျဖစ္ေသးပါ။
သူမေဒၚေလးနဲ႔အက်ိဳးအေၾကာင္းေျပာၿပီးတိုင္ပင္ရဦးမည္။
🍀🍀
ေဒၚေလးနဲ႔တိုင္ပင္အၿပီးမွာေဒၚေလးကလည္းလက္ခံခိုင္းတာေၾကာင့္အရိပ္တို႔သုံးေယာက္ကုေဋ့အိမ္မွာေနဖို႔ျဖစ္လာခဲ့ေလ၏။
အျဖဴေရာင္နဲ႔ေ႐ႊေရာင္ကိုသုံးကာေဆးျခယ္ထားေသာအိမ္ႀကီးကိုၾကည့္ၿပီးအရိပ္အံ့ၾသမွင္သက္သြားရသည္။
ပိုက္ဆံရွိတဲ့သူေတြကတစ္ကယ္မတူဘူးပဲ။
အရိပ္ဘဲလ္တီးမလို႔လုပ္တုန္းၿခံတံခါးကအလိုလိုပြင့္သြားတာေၾကာင့္အရိပ္ေရာေဒၚေလးပါေၾကာင္အမ္းအမ္းျဖစ္သြားရၿပီးအိမ္မႀကီးကိုလွမ္းၾကည့္လိုက္ရာ ကုေဋကရီမုခ္လိုအရာေလးတစ္ခုကိုကိုင္ၿပီးဝရန္တာမွာလက္ေထာက္ရပ္ေနတာေၾကာင့္ၿခံတံခါးကိုဖြင့္ေပးလိုက္တဲ့သူကကုေဋဆိုတာတန္းသိလိုက္ေလသည္။
''ငါ့တူမ သူတို႔ၾကည့္ရတာေတာ္ေတာ္အဆင့္အတန္းျမင့္ပုံပဲ ေဒၚေလးတို႔နဲ႔ျဖစ္ပါ့မလား''
''လာပါေဒၚေလးရယ္''
သူမသားေလးလက္ကိုဆြဲကာၿခံထဲသို႔ဝင္ခဲ့လိုက္၏။
အိမ္ထဲေရာက္ေတာ့လည္းအျပင္အဆင္ကတစ္ကယ္ခမ္းနားလြန္းကာပရိေဘာဂေတြအသုံးအေဆာင္ေတြကတစ္ကယ္ကိုအေကာင္းဆုံးဆိုတာေတြခ်ည္းပင္။
သားေလးကသူမအားေမာ့ၾကည့္ကာ
''ေမေမ သားသားတို႔ကကာတြန္းကားထဲေရာက္ေနတာလား သားသားနဲ႔ေမေမၾကည့္တဲ့ကာတြန္းကလည္းဒီလိုႀကီးပဲေနာ္ေမေမ''
ထိုစဥ္ကုေဋကေလွကားအတိုင္းဆင္းလာၿပီး
''ဟုတ္တယ္ အခုသားသားေရာက္ေနတာနန္းေတာ္ႀကီးေလ ဦးဦးကေတာ့ဘုရင္ႀကီးေပါ့''
''ဟင္း ဘုရင္ႀကီးေခါင္းေပၚမွာသရဖူလည္းမပါဘူး''
''အဲဒါကအရမ္းေလးလို႔ခဏျဖဳတ္ထားတာ''
အရိပ္ကသူ႔အားမ်က္ေစာင္းလွမ္းခဲၿပီး
''ကေလးကိုစမေနနဲ႔''
''ခင္ဗ်ားသားေလးကခ်စ္ဖို႔ေကာင္းလို႔ပါ ကဲလာ ထိုင္ၾက''
သူမတို႔လည္းဧည့္ခန္းထဲမွာဝင္ထိုင္လိုက္ပၾကၿပီးအရိပ္မွစ၍
''ေဒၚေလး သူကကုေဋစည္းတဲ့ အရိပ္ရဲ႕အလုပ္ရွင္ ကုေဋ သူကငါ့အေဒၚ ေဒၚျမေသြးတဲ့''
''ဟုတ္ကဲ့ပါ ကြၽန္ေတာ္တို႔ကေတာ့မိဘေတြမရွိေတာ့ဘူး ညီအစ္ကိုႏွစ္ေယာက္ပဲရွိတယ္ ကြၽန္ေတာ့္အစ္ကိုကအခုအျပင္ခဏသြားလို႔မရွိေသးဘူး''
ကုေဋကကေလးကိုၾကည့္ကာ
''မင္းနာမည္ကေရာဘယ္သူတုန္းကြ''
''စစ္မာန္ပါဦးဦး''
''ဒီအိမ္ႀကီးကိုႀကိဳက္လား''
''အရမ္းႀကိဳက္တယ္ သားသားတို႔အိမ္ထက္အမ်ားႀကီးပိုလွတယ္ ႀကီးလည္းႀကီးတယ္''
''အဟင္း ဒါဆိုမင္းဒီအိမ္မွာေနေတာ့ ေနမွာလား''
''ေနမွာေပါ့ဦးဦးရ''
သူေတာ္႐ုံဆိုကေလးဆိုတဲ့အမ်ိဳးကအာ႐ုံေနာက္ေအာင္လုပ္တတ္ၾကတာမို႔ကေလးမခ်စ္တတ္ေပမယ့္အေဒၚႀကီးရဲ႕ကေလးက်မွသူစေတြ႕ကတည္းကခ်စ္ေန၏။
''ကဲပါ ကြၽန္ေတာ္ေအာက္ထပ္မွာခင္ဗ်ားတို႔ေနဖို႔အခန္းစီစဥ္ထားတယ္ သန္႔ရွင္းေရးေတာ့မလုပ္ရေသးဘူး''
''ရတယ္ ငါတို႔တူဝရီးကိုယ့္ဘာသာလုပ္လိုက္မယ္''
''အင္း ဟုတ္ၿပီေလ အဲဒါဆိုကြၽန္ေတာ္လည္းဟိုတယ္သြားဖို႔ျပင္ေတာ့မယ္ ကြၽန္ေတာ္မရွိတုန္းကြၽန္ေတာ့္အစ္ကိုျပန္လာရင္လည္းဘာမွေနရၾကပ္မေနနဲ႔ ကိုႀကီးကိုအားလုံးေျပာၿပီးသား''
''အင္းပါ''
သူေခါင္းတစ္ခ်က္ညိတ္ျပၿပီးေနရာမွထကာစစ္မာန္ေလးရဲ႕ဆံပင္ေလးေတြကိုဖြၿပီးအိမ္ေပၚသို႔တက္လာခဲ့လိုက္သည္။
''ကဲေဒၚေလး အရိပ္တို႔လုပ္ငန္းစရေအာင္''
''ဟုတ္ၿပီငါ့တူမ ဒါနဲ႔ေကာင္ေလးကေခ်ာခ်က္ကမႈန္လို႔ေနာ္ မင္းသားက်လို႔ပဲ''
''သူ႔ေရွ႕သြားေျပာလို႔ေျမာက္ေနဦးမယ္ဟိုက သြားမယ္လာ''
ေဒၚေလးေျပာလည္းေျပာခ်င္စရာပါ။သူ႔ပုံစံကအသက္အ႐ြယ္နဲ႔မလိုက္ေအာင္အရမ္းတည္ၿငိမ္ရင့္က်က္ၿပီးအေတာ္ေလးလည္းေခ်ာ၏။
သူမနဲ႔သာအေျပာဆိုးၿပီးဘုနဲ႔ေဘာက္ေပမယ့္စိတ္ရင္းေလးကေတာ့ေကာင္းရွာသည္။
ပင္ယံဆင့္ဆိုတဲ့ကေလးမ,ေႂကြတာလည္းမေျပာႏွင့္။
_____________
''ကြၽီ''
မင္းေစရာ ပန္းခ်ီအတြက္လိုအပ္တဲ့ေဆးေတြသြားဝယ္ၿပီးျပန္အလာ သူၿခံထဲကိုကားေမာင္းဝင္လာတုန္းတစ္ခုခုကသူ႔ကားေရွ႕ျဖတ္ဝင္လာတာေၾကာင့္သူကားကိုအျမန္ဘရိတ္အုပ္လိုက္ရ၏။
''လူလားေခြးလားဟ''
''အီးဟီး ေမေမ ဟီး''
''ဟာ''
သူခါးပတ္ႀကိဳးကိုအျမန္ျဖဳတ္ကာကားေပၚကဆင္းခဲ့လိုက္ေတာ့ကေလးေလးတစ္ေယာက္ကသူ႔ကားေရွ႕မွာေျခဆင္းထိုင္ကာေအာ္ဟစ္ငိုယိုေနၿပီမို႔သူထိုကေလးအားအျမန္ပဲဆြဲေပြ႕ကာမတ္တပ္ရပ္ေစလိုက္၏။
''ကေလး ဘာျဖစ္သြားေသးလဲ ဦးကားနဲ႔တိုက္မိတာလားသား''
''အီးဟီး လက္နာသြားၿပီ''
ကေလးကလက္ကေလးထုတ္ကာေျပာလာတာေၾကာင့္သူခ်က္ခ်င္းပဲကေလးရဲ႕လက္ေလးအားဆြဲျဖန္႔ၾကည့္လိုက္ရာလက္ဖေနာင့္ကအနည္းငယ္ပြန္းပဲ့သြားၿပီးနီရဲေနေလသည္။
ၿပီးေတာ့လက္ဖဝါးအလည္တည့္တည့္ကမွဲ႔နက္ေလး။
''သားလိုပဲဦးမွာလည္းမွဲ႔ပါတယ္ ဒီမွာၾကည့္''
သူလက္ဖဝါးကိုျဖန္႔ျပေတာ့ကေလးကခ်က္ခ်င္းအငိုတိတ္သြားၿပီးသူ႔လက္ဖဝါးကိုျပဴးၿပဲၾကည့္ကာ
''တူတူပဲ သားသားနဲ႔ဦးဦးနဲ႔တူတူပဲ''
ထိုစဥျ
''သား''
အသံလာရာကိုေစရာလွမ္းၾကည့္လိုက္ေတာ့မိန္းကေလးတစ္ေယာက္ကသူတို႔ထံေျပးလာၿပီးကေလးနားထိုင္ခ်ကာ
''ဘာျဖစ္တာလဲသား''
''လက္ႀကီးနာနာျဖစ္သြားၿပီ''
အရိပ္ ေစရာ့ကိုၾကည့္ကာ
''ဟို...''
ေစရာကတစ္ခုခုသေဘာေပါက္သြားဟန္ျဖင့္
''သူကကိုယ့္ကားေရွ႕ေျပးဝင္လာတာ တိုက္ေတာ့မတိုက္မိဘူးေနာ္ ဒါနဲ႔မင္းကကိုယ့္ညီေျပာထားတဲ့အလုပ္သမားအသစ္လား''
''ဟုတ္ပါတယ္ ကြၽန္မနာမည္အရိပ္စစ္ပါ''
''မင္းေစရာပါ''
''ဟုတ္ကဲ့''
''ကေလးလက္ကနည္းနည္းပြန္းသြားတယ္ ေဆးလိမ္းေပးလိုက္ဦးေနာ္''
''ဟုတ္ကဲ့ပါ လာသား သြားရေအာင္''
ကေလးလက္ကိုဆြဲကာထြက္ခြာသြားေသာသူမရဲ႕ေက်ာျပင္အားလိုက္ၾကည့္ရင္းသူ႔စိတ္ထဲတစ္မ်ိဳးတစ္မည္ခံစားသြားရ၏။
တစ္ကယ္ကိုအမည္ေဖာ္လို႔မရတဲ့ခံစားခ်က္ႀကီးပင္။
🍀🍀