Unicode
"ကိုယ့်ရဲ့ ဗိမ္မာန်က ရေနတ်ဘုရားရဲ့ဗိမ္မာန်ဆောင်လောက်တော့ မကျယ်ဘူး ~"
"မကျယ်လည်း နေတတ်ပါတယ် ~ နားမပူရင် ပြီးရော ~ အဲ့ဒီလူကြီးက တအားဇီဇာကြောင်တာဗျ ~ ဟိုဟာလည်း မလုပ်နဲ့ ဒီဟာလည်းမလုပ်နဲ့ဆိုပြီး အမြဲ ပိတ်ပင်နေတာ ~"
တရွေ့ရွေ့လှမ်းလာတဲ့ ခြေလှမ်းတွေက ဖြည်းဖြည်းမှန်မှန်လေးဖြစ်သည့်အလျောက် တစ်စတစ်စလွင့်နေတဲ့ မကျေနပ်သံလေးကပါ ပျံ့နေသည်။စင်္ကြန်တစ်လျှောက် တိတ်ဆိတ်နေကာ ဂျောင်ကုတို့လူ့ပြည်နဲ့ လားလားမှမဆိုင်။အာ့ကြောင့် ဂျောင်ကုအသံချည်းသာ။မတိုးမကျယ်မို့ သိပ်တော့ အာရုံမထားကြပါ။
လူကြီးဆီမှာတွေ့ခဲ့သလို သံချပ်ကာနဲ့သူတွေက အစောင့်သဖွယ် နေရာတိုင်းနီးပါး ပြည့်နေကာ အရမ်းကိုမှ ပနံ့သင့်သည့် နတ်သမီးလေးတွေလည်း ဟိုသွားဒီသွားဖြင့် စည်တော့စည်သည်။ဂျောင်ကုကိုလည်း လှည့်ကြည့်လှည့်ကြည့်နဲ့ ပြုံးပြလာတာမို့ ပြန်ပြုံးလိုက်ရသေးသည်။
မျက်ဝန်းဝိုင်းတွေက လဲ့နေပြီး မျက်နှာနုနုကပါ ပန်းသွေးကိုကြွနေမလားမသိ။တကယ်ဘဲ ကောင်းကင်ဘုံဆိုသည့်အတိုင်း နတ်သမီးလေးတွေက ပြစ်မျိုးမဲ့မထင်။ဂျောင်ကုသာ နတ်ဘုရားဖြစ်ကြည့် ဒီလိုနတ်သမီးလေးတွေ တစ်ဖက် လေးငါးရာနဲ့ သံစားပစ်လိုက်မှာ။ခက်သည်က...
ဟွန်း ! ဒီနှလုံးသားကလည်း ဟိုနတ်ဘုရားဂွစာ အချေကြီးကိုမှ ချစ်မိရတယ်လို့ !
ချစ်ပါလား ဒီလိုအလှလေးတွေ !
ရင်ထဲကိုအေးနေရောဗျာ ! ကျန်ခဲ့တဲ့ ဟိုလူကြီးနဲ့ကွာပ!
"ဘာလဲ သဘောကျလို့လား ?"
"ဟာ မဟုတ်ပါဘူး ~ ယောကျ်ားလေးဆိုတော့ သိတယ်မလား ~ လှတာလေးမြင်ရင် မနေနိုင်ဘူးလေ ~ အဟမ်း !"
ဘယ်လောက်အတွေးများမိလဲမသိ ဘေးကနတ်သားပါ သတိထားမိတဲ့ဟန်ပင်။ဂျောင်ကုမှာ ချောင်းဟန့်လိုက်ရင်း အရှက်ပြေပြောရသည်။အတူနေကြမယ့်သူမို့ first expression တော့ ကောင်းမှရမယ်လေ။ထိုနတ်သားက လူကြီးလိုမဟုတ် အေးအေးလူလူသာ။ဝတ်ထားသည့် အဖြူရောင်နဲ့လိုက်ဖက်စွာ အေးချမ်းသည်။ထိုနတ်သားက ဂျောင်ကုပြောတာကို ဟုတ်ဟုတ် မဟုတ်ဟုတ် ခေါင်းလေးသာ အသာညိတ်ရင်း ပြုံးသည်။
"အဟွန်း ! မင်းက အလှကြိုက်သားပဲကွ !"
"နှလုံးသားက အဲ့အလှအပတွေကိုကျော်ပြီး သိပ်ဇီဇာကြောင်တဲ့အဖိုးကြီးကို ချစ်မိနေတော့လည်း ခက်သား ~"
မျက်နှာလေးညှိုးကျသွားကာ ခပ်မှိန်မှိန်လေသံနဲ့ ပြောလာတော့ မင်က အလျင်မြန်ပဲ အကဲခက်မိသည်။ဒီကလေးက ကင်မ့်ကို ချစ်နေတာဖြစ်မည်။မင့်အထင် ကင်မ်က ငြင်းလိုက်ပုံပဲ။အစောကလည်းအော်ကြတော့ နားစွန်းနားဖျားကြားလိုက်မိသေးသည်။
နှစ်ယောက်သားကတော့ တစ်မျိုးစီတွေးပြီး ဟုတ်နေတာပဲ။မင်က ဆက်မေးရင်မကောင်းတာမို့ စကားအသွားအလာကို ပြောင်းဖို့ပြင်ရသည်။
"ဒါဖြင့် အစောက စကားပြန်ဆက်ပါဦးကွ ~"
"အော် ဒီလိုဗျာ ~ တစ်ခုလောက် မှားလုပ်မိတာနဲ့ ပုံကြီးကို သိပ်ချဲ့တာလေ ~ ပြီးတော့ ဘာပြောတယ်မှတ်လဲ ?"
"ဘာပြောသလဲ ?"
"ဟေ့ ပေါက်စ မင်း အတော်ဆိုးနေပါ့လား ' တဲ့ ! အဘိုးကြီးကျနေရောပဲ !"
မင် မရယ်ဘဲမနေနိုင်တော့။ကင်မ်က အရင်ကထိုသို့မဟုတ်ပါလေ။ဖာသိဖာသာနေတတ်လွန်းသူက ဒီလိုမျိုး ပြောတတ်သည်ပေါ့။တကယ်ပဲ ကင်မ်က ဒီကလေးနဲ့မှ ပြောင်းလဲလာခဲ့သည်။မင် မြင်သလောက်မဟုတ်ဘဲ ကွယ်ရာမှာဆို ကင်မ်ဟာ ဒီကလေးကို ဘယ်လောက်တောင် ဂရုစိုက်နေမလဲ။
"အဟက် ! ခု ဂျောင်ကု အတင်းပြောနေတာ ကောင်းကင်ဘုံရဲ့ ရေနတ်ဘုရားနော် ~"
"မကြောက်ပါဘူး ~ ကျွန်တော့်မှာ ဖေဖေရှိတယ် ~ ဖေဖေ့နားကပ်နေမှာပေါ့ ~ ပြီးတော့ ဒီက နတ်သားကလည်း ကာကွယ်ပေးထားပေါ့ ~"
"တတ်နိုင်လိုက်တာကွာ ~ "
ဒီကလေးက လူကောင်လေးထွားပေမယ့် မျက်နှာနုနုလေးကြောင့် အတော်လေးချစ်ဖို့ကောင်းတာ မင် လက်ခံရတော့မည်။ထပ်ပြီး စကားတတ်တာကိုရောပေါ့။အရင်က မင်နဲ့ ကင်မ် တစ်ခါတစ်ရံဆင်းကြည့်တိုင်း တွေ့ရတဲ့ ဂျစ်ကန်ကန်လေးမဟုတ်တော့ဘဲ တကယ့်အစစ်မှန်ကို ဖော်ပြလာပုံရသည်။ဒီကောင်းကင်ဘုံမှာ သက်တမ်းအငယ်ဆုံးဖြစ်နေတော့ ပိုဆိုးသည်။
စကားလေးနဲ့ လူကိုဘယ်လိုသိမ်းသွင်းရမလဲ ကောင်းကောင်းသိတဲ့ ဒီကလေးက ကင်မ်နဲ့တော့ တကျပ်ကျပ်ပေါ့။မင် တွေးသာတွေးနေတာ။နှစ်ယောက်သားက ခွဲရောခွဲနိုင်ပါ့မလား။မင့် ဗိမ္မာန်ဆောင်တော့ ရေနတ်ဘုရားရဲ့ ခြေရာတွေ ထပ်နေတော့မှာပဲ။
"ဒီဗိမ္မာန်ဆောင်ထဲမှာ စိတ်ကြိုက်သာနေ ~ တစ်ခုခု လိုတာရှိရင် ကိုယ့်ကိုပြော ~ "
"လိုတာကတော့ ကျွန်တော် အခု ဗိုက်ဆာနေပြီ ~ ဟိုအဆောင်မှာ လူကြီးနဲ့ ရန်ဖြစ်ခဲ့ရလို့ စားထားတာတွေလည်း ကုန်ပြီထင်တယ် ~"
"ဟုတ်ပြီ ~ ခဏပဲစောင့် !"
ဂျောင်ကုတို့ စကားတပြောပြောနဲ့မို့ နေရမည့်နေရာသို့ မကြာပဲ ရောက်လာသလိုခံစားရသည်။နတ်သားပြောသလို လူကြီးနေတဲ့အဆောင်နဲ့ယှဉ်ရင် သေးသယောင်ရှိကာ ခမ်းနားမှုလည်းမတူ။ကောင်းကင်ဘုံမှာလည်း ရာထူးအနိမ့်မြင့်ရှိသည်ပေါ့။သို့ပေမယ့် ရေကျသံတစ်သွင်သွင်နဲ့ စိမ်းစိုစိုနေရာလေးမို့ ဂျောင်ကုနှစ်ခြိုက်သည်။
နတ်သားမင်ကလည်းသဘောကောင်းသည်။လူကြီးကမှ ဟိုဟာမကိုင် ဒီဟာမကိုင်နဲ့။ဟိုမသွားနဲ့ ဒီမသွားနဲ့တဲ့။နတ်သားမင်ကတော့ ဂျောင်ကုစိတ်ကြိုက်သာပြောသည်။လွတ်လပ်သည့်နေရာကို ဂျောင်ကုပိုသဘောကျသည်။ဂျောင်ကုလည်း ငယ်တော့တာမှ မဟုတ်တာ။ကိုယ်နဲ့ အကျွမ်းတဝင်မရှိလျှင် စူးစမ်းတတ်ပေမယ့် အတိုင်းအတာတစ်ခုထိသာ။
ဂျောင်ကု အဆောင်ထဲ ပတ်ပတ်လည်ကို လျှောက်ပတ်ကြည့်ရင်း နတ်သားမင်ကိုသာစောင့်နေလိုက်သည်။ထိုမျှနဲ့မပြီး မကြည့်ခဲ့ရသည့် အဆောင်အပြင်ကိုပါ လိုက်ကြည့်နေလိုက်သည်။စောစောက မီးအန္တရာယ်ကြုံခဲ့တာမို့ အခုတော ဘာတစ်ခုမှ လိုက်မကိုင်တော့ပေ။
"နတ်သားမင်တို့ ကောင်းကင်ဘုံက အရမ်းမိုက်တာပဲ !"
ဂျောင်ကု မြင်ကွင်းရှေ့က အပင်ကြီးကို မျက်နှာတစ်ဆုံးမော့ကြည့်နေမိသည်။ပင်စည်က သာမန်မြင်ဖူးနေကျထက်ပိုပြီးသက်တမ်းရှည်တာကို ပြနေသည်။ပန်းပွင့်ဆိုတာမရှိ သစ်ရွက်တွေချည်းဆိုပေမယ့် ထိုအရွက်တွေဟာ ပန်းနုရောင်တွေချည်းသာ။တလွင့်လွင့်လှုပ်ခပ်နေပြီး အရွက်လေးတွေက ညောင်ရွက်ပုံစံလေးတွေ။ဒီလိုအပင်မျိုး ဂျောင်ကု ပထမဆုံးမြင်ဖူးခြင်းသာ။
"ချည်ကြိုးအနီလေးတွေကလည်း အများကြီးပဲ ~ အာ မကိုင်မိစေနဲ့ ~ တော်ကြာ မီးထပ်လောင်ရင် ကောင်းကင်ဘုံကနေ ကန်ချခံရလိမ့်မယ်~"
ဂျောင်ကု ကိုယ့်စိတ်ကို အတော်ထိန်းရသည်။အရွက်လေးတွေနဲ့ ချိတ်ဆက်နေသည့် အနီရောင်၊အဖြူရောင်၊စသည့် ချည်ကြိုးလေးတွေက ပင်စည်နှင့်ထိ ကပ်လုမတက်ပင်။ကိုင်ကြည့်ချင်ပေမယ့် နှုတ်ကနေ အလိုလိုသတိပေးနေရသည်။
ကြာကြာဆက်နေလို့မဖြစ်။မဟုတ်ရင် ဂျောင်ကုစိတ်နဲ့ ဒီကောင်းကင်ဘုံပါ မီးလောင်လိမ့်မည်။အတွေးနဲ့အတူ ခေါင်းတညိတ်ညိတ် တစ်ခါခါလုပ်ကာ နောက်သို့ပြန်လှည့်လာလိုက်သည်။ထိုစဉ် သတိမထားမိသည်မို့ ကျယ်ပြန့်တဲ့ ရင်ခွင်နဲ့ ဂျောင်ကုပခုံးလေးဟာ ထိပ်တိုက်ဆုံမိသည်။
ဘုတ် !
"အင့် !"
"ဘယ်သူလဲ ?"
မျက်ဝန်းအိမ်တွေက ကျယ်ပြီး ရှည်ကာ စူးရဲသည်။စိမ်းရင့်ရောင် ဝတ်ရုံဖြင့် လက်နှစ်ဖက် နောက်ပစ်ထားသည့်သူက လူကြီးလို နတ်ဘုရားလားမသိ။ကြည်လင်ကာ ချိုမြမြအသံက ဂျောင်ကုနားထဲတွင် မနှစ်မြို့စရာ။ဖြူဝင်းသော အသာရည်နဲ့ လိုက်ဖက်စွာ ခန့်ညားသော်လည်း ဂျောင်ကုစိတ်ထဲ ဘာကိုဘဝင်မကျမှန်းမသိ။
သဘာဝရဲ့ အနောက်ဓာတ်ကလေးဆိုတာမျိုးပေါ့ !
"သိချင်ရင် စုံစမ်းကြည့်လေ ! မေးတိုင်းဖြေစရာလား !"
ဇူးစ်ရဲ့ မျက်ခုံးတွေ ပင့်တက်ကာ မသိမသာပြုံးမိသွားသည်။တကယ့်ကို အကြောက်အလန့်မရှိတာပဲ ဒီကလေး။ကလေးမျက်နှာလေးနဲ့မှ မလိုက် အကြောလေးက တင်းသည်။ဇူးစ်းအား ပေကပ်ကပ်လေးကြည့်က ရဲပြပြနှုတ်ခမ်းလေးက စူထားသေးသည်။ပါးလေးတွေက ဖောင်းအိနေပြီး ငါးပူတင်းလေးလိုလို ဘာလိုလိုနဲ့။ဇူးစ်ကိုလည်း သိမည့်ပုံမပေါ်။
"ဇူးစ် ! အဲ့တာ ကျွန်တော့်ဗိမ္မာန်ဆောင်က အကူလေးပါ ~ ဘာပြသနာရှိလို့လဲ ~ "
"အသစ်ရောက်တာလား ~ မမြင်ဖူးလို့ ~"
"ဟုတ်ပါတယ် ~ အာ့ကြောင့် အမှားပြုမိရင် နားလည်ပေးပါအုံး ~"
"ရပါတယ် ~"
ဇူးစ်နဲ့ ထိုကလေးရဲ့ အကြည့်တို့က ပြိုင်နေသည်။တစ်ခွန်း တစ်ပါဒမှ မပြောပေမယ့် ထိုကလေးက ဇူးစ်ကို ဘဝင်မကျတာသိသာသည်။ကြားထဲ နတ်သားမင်က ဖြတ်ဝင်ကာ ညှိနှိုင်းတော့ ဇူးစ်ရဲ့ ပုံရိပ်အတိုင်း အေးအေးချမ်းချမ်းပဲ လက်ခံကာ ခွင့်လွှတ်ရမှာပေါ့။
ပုံမှန်ဆို ဇူးစ်ဟာ မျက်နှာဖုံးအတိုင်းပြုံးပြခဲ့ပေမယ့် မထီမဲ့မြင်ပြုသူကို အလွှတ်တော့ပေးခဲ့တာမဟုတ်။တစ်နည်းနည်းနဲ့ ပညာပေးပေမယ့် ဒီကလေးကိုတော့ ထိုသို့စိတ်မျိုးဖြင့် ကြံရွယ်စိတ်မရှိပါ။အမှန်ဆို ဇူးစ်ကြုံဖူးသမျှထဲ ဒီလောက် ဇက်ဇက်ကြဲတာ ပထမဆုံးမဟုတ်လား။
"ဒါဆို ခွင့်ပြုပါအုံး ~"
"ဘယ်သူလဲ နတ်သားမင် ~ "
"အဲ့တာ မိုးနတ်သား ဇူးစ်တဲ့ ~ ရေနတ်ဘုရားရဲ့ အဖေတူ အမေကွဲ အစ်ကို ~"
လှည့်ထွက်သွားတဲ့ အစိမ်းရောင်ကျောပြင်အဆုံးမှာ ဂျောင်ကုသိလိုရာမေးတော့သည်။တကယ်ပဲ ဒါက လူကြီးရဲ့ အစ်ကိုပေါ့။ညီအစ်ကိုတွေ ရုပ်ချောကြပေမယ့် အကျင့်တူပုံမရ။လူကြီးက အမြဲတည်တင်းနေပေမယ့် ဖြောက့်မတ်သည်။ဒီနတ်သားကျ အပြုံးလှလှလေးပေမယ့် စိတ်ထဲတစ်ခုခုဖုံးကွယ်ထားသလိုပဲ။ပြီးတော့ အကြည့်တွေ။အဲ့မျက်ဝန်းတွေကို ဂျောင်ကုမုန်းသည်။
"ကျွန်တော် အဲ့နတ်သားအကြည့်တွေကို မကြိုက်ဘူး ~ "
"အေး မင်းနဲ့ ကိုယ် အတူတူပဲ !"
တိုးဝင်နေတဲ့ အသံတွေကြောင့် လေထုထဲ ပျောက်ကွယ်ကာ ရှိနေဆဲအရိပ်ကပြုံးသည်။တဖြည်းဖြည်း ပြန်ပေါ်လာသည့် အငွေ့ဟာ အစိမ်းရောင်ဝတ်ရုံနဲ့အတူ ထင်ဟပ်လာသည်။
ဇူးစ်က မသိပဲနေလိမ့်မလား။ဖခင်နဲ့မတူတဲ့ ထိုကလေးက အမူအရာအရပါ မတူပေမယ့် ဇူးစ်က မမြင်ဖူးစရာမရှိ။ကင်မ်ပုံသွင်းထားတဲ့ ကလေးက ဇူးစ်အတွက် အများကြီးအသုံးဝင်မှာ။ဇူးစ်က အထိခိုက်ခံပါ့မလား။
"အဟက် ! မင်းဘယ်သူလဲ မသိရအောင် ဇူးစ်က သိပ်တုံးအ နေတာမှ မဟုတ်တာ ~ ကင်မ်က သိပ်ကို သွက်နေတာပဲ ~"
ပါးနပ်လွန်းတဲ့ ညီက သိမြင်မှာစိုးလို့ ဒီလို ချောင်ကျတဲ့ ဗိမ္မာန်မှာ လာထားသော်လည်း ကံကောင်းစွာ ဇူးစ်ရှေ့ရောက်လာခဲ့သည်။
စိတ်မကောင်းစရာပဲ ဂျွန်ဂျောင်ကု !
မင်း မနှစ်သက်ပေမယ့် ကိုယ်ကတော့ မင်းနဲ့ ကစားရအုံးမယ် !
~~~~~~~~~~~~~~
"အဟမ်း ! အဟမ်း !"
"ချောင်းဆိုးရင်လည်း ခြောက်ပေအကွာမှာ သွားဆိုး ~ ပိုးတွေ ကူးကုန်မယ် ~"
ရင်းနှီးနေတဲ့ ကိုယ့်သင်းနံ့က လေနဲ့အတူ ပါလာသလို ချောင်းဟန့်သံက ကပ်လာတဲ့အခါ နောက်လှည့်မကြည့်ဘဲ ခပ်အောင့်အောင့်ပြောလိုက်သည်။မကျေနပ်လည်း မတတ်နိုင်။ဆူတုန်းက ဆူပြီး ခုကျ သူမဟုတ်တဲ့အတိုင်း လာခေါ်နေတာမသိရင်ခက်မယ်။
ကြိုက်တာက ကြိုက်တာပဲ! ဒါမျိုးတော့ ချေသင့်ချေရမှာပဲလေ!
ဂျောင်ကုတုန်းကလည်း ပက်ပက်စက်စက်အချေခံရတာ!ရတုန်း အခွင့်ရေးလေးကိုလက်လွှတ်လို့မရ!
"ကတိပေးထားတဲ့အတိုင်း လေ့ကျင့်ဖို့ လာခေါ်တာ ~"
"ကောင်းပါပြီ ရေနတ်ဘုရားကြီး ~"
ဟန်လုပ်အပြုံးလို့ဆိုရမလား။ဂျောင်ကုဟာ တစ်ဖက်သို့လှည့်ကာ ခေါင်းညိတ်ရင်း ရှေ့က အရင်ထွက်သွားလိုက်သည်။ဘယ်မှာလေ့ကျင်းမှန်းတော့မသိ။ဒါမဲ့ မေးလည်းမမေးချင်။တော်ကြာ ဂျောင်ကုက ပြန်ခေါ်ချင်တယ်ဆိုပြီး ထင်နေမှာ။အဲ့တော့ ဒီတိုင်းယောင်လည်လည်ပေါ့။မနေနိုင်ရင့် သူ့ဘာသာ ခေါ်။
"အဲ့ ဘက်မဟုတ်ဘူး ! ဒီဘက် လိုက်ခဲ့ !"
"ပြီးပြီဆိုတော့ ကျွန်တော်သွားလိုက်ပါအုံးမယ် ~"
အသံတိတ်စစ်က ပိုပြင်းထန်တယ်တဲ့။ကင်မ် တစ်ခါလောက်ဆူလိုက်မိတာ ခုထိမပြီးမစီးနိုင်။မခေါ်မပြောတဲ့အဆင့်မဟုတ်တော့ဘဲ အရေးကိုမလုပ်တဲ့အဆင့်။ကင်မ့်ကို စိတ်ကိုမဝင်စားတော့တာ။စိတ်ကျင့်စဉ်ကျင့်တော့လည်း ' ဟုတ်ပြီ ' ' ကောင်းပါပြီ 'ကမတက်။ယဉ်ကျေးပြပြီး တကယ့်ရေနတ်ဘုရားလို လာဆက်ဆံတာ။
လူ့ပြည်က ကလေးတွေ အဲ့လောက်အမှတ်သည်းခြေကြီးရသလား !
"အဟမ်း ရော့ !"
ကင်မ်က အင်္ကျီလက်ရှည်ရဲ့အတွင်းအိပ်ထဲကနေ တစ်စုံတစ်ရာကို ထုတ်ပေးလိုက်သည်။ထိုအရာသည်က ပန်းသေးသေးလေးဖြစ်သည်။သာမန် မြင်နေကျပန်းမျိုးမဟုတ်။ကင်မ့် စွမ်းအားနဲ့အတူ စိုက်ပျိုးထားတဲ့ ကြွေပန်းဖြစ်သည်။ကြာပွင့်သဏ္ဍန်အလားတူပြီး ပွင့်ဖက်များသည် စမ်းရေကဲ့သို့ ကြည်လင်စိမ်းမြနေကာ ဝတ်ဆံတို့သည်က နီရဲစိုရွှန်းနေသည်။ထိုပန်းငယ်အား ကင်မ်တစ်ညလုံးလုံး စိုက်ပျိုးခဲ့ပြီး ယူလာခြင်းသာ။
ထွက်သွားတော့မည့် ဟာလေးက ကင်မ့်ကိုရော ပန်းကိုပါ တစ်ချက်ဆီမျှသာ ကြည့်သည်။ထူးဆန်းသည့် အမူအရာမျိုးမပြသလို တည်တန့်တန့်ကလေးသာ။မကြာပါ တစ်ဖက်သို့ ပြန်လည့်ရင်း...
"ကျွန်တော် ပန်းမကြိုက်ဘူး ~ ပန်းကြိုက်တဲ့ ရေနတ်ဘုရားကြီးရဲ့ နတ်သမီးကိုသာ ပေးလိုက်ပါ ~"
"စိတ်ကောက်နေတာ ဟုတ်သလား ?"
ဟုတ်တယ်လေ။သိပ်ဟုတ်တာပေါ့။
သိသိရဲ့နဲ့ လာမေးနေတယ်။ချော့ရမှာကို ဘာလဲ ပန်းကြီးပေးပြီး။လုံးဝကို ရိုလို့မရတာ။
ဂျောင်ကု ပန်းလေးကိုကြိုက်သည်။တစ်ခါမှမမြင်ဖူးဘူးလေ။နဂိုတည်းက ပန်းလေးတွေကို နှစ်ခြိုက်သူမို့ ဘာပန်းနေနေ ကြိုက်ပြီးသား။သို့သော်လူကြီးကို အမြင်ကတ်လို့ ပြောချပစ်လိုက်တာ။ဒီကြားထဲ ဟိုနတ်သမီးဆိုလား စိတ်ထဲရောက်လာတော့ သဝန်တိုစိတ်က ထိန်းမရပြန်။ထိုအခါ လူကြီးက ဂျောင်ကုကိုကြည့်ရင်း သက်ပြင်းချလာကာ...
"ပန်းပေးတာမို့ အရှုံးပေးတာပဲ ~ အဲ့တာကြောင့် မကြိုက်လည်း လက်ခံပေး ဟုတ်သလား ~"
"အထက်စီးဆန်လိုက်တာ ~ ရူးနေလို့ လက်ခံရမှာလား ~"
"ဒီလောက်ပဲ တတ်နိုင်တယ် ~ မရစ်နဲ့တော့ ~"
"ဟုတ်ကဲ့ ကျွန်တော်မျိုးက အရမ်းကို အရစ်ရှည်မိသွားတယ် ~ ဒါဆို နတ်သားမင် စောင့်နေလို့ သွားလိုက်ပါအုံးမယ် ~"
လက်လေးနှစ်ဖက်ကို အရှေ့ကို စုပြီး ခါးကိုင်းချရင်း အရိုသေပေးသလိုလုပ်ကာ လှည့်ပြန်သွားသည့်သူကြောင့် ကင်မ့်မှာ ဘာမှလုပ်ချိန်မရလိုက်။
"ဘာလို့ အဲ့လောက်တောင် ခက်ရတာလဲ ~ "
အထက်စီးဆန်တယ်ဆိုပဲ !
ဒါကင်မ့်အတွက် ပထမဆုံးကြိုးစားကာ တောင်းပန်ခြင်းလေ။ဘာကို ဘဝင်မကျဖြစ်စေသလဲ နားမလည်။တကယ်ပဲ လူတွေ့ရဲ့ စိတ်က ခန့်မှန်းရသိပ်ကိုခက်သည်။အထူးသဖြင့်ပေါက်စ။ဒီကောင်လေး စိတ်ကျေနပ်အောင် ဘာလုပ်ပေးရမလဲ တကယ်မသိတော့ချေ။ရေရွတ်သံကလည်း တိုးလျှိုပျောက်ကွယ်သွားကာ ကြံရာမရဖြစ်သွားရသည်။
"ဘာ အရှုံးပေးတယ် ဟုတ်လား ~ အဲ့မျက်နှာကြီးက ဘယ်နားက အလျှော့ပေးနေတာနဲ့ တူလို့လဲ ~ တစ်ခါလောက်ငြင်းတာနဲ့ ထပ်မတောင်းပန်ဘဲနဲ့များ ~"
ခပ်ဆောင့်ဆောင့် ခြေလှမ်းတွေက မြန်ဆန်နေသည်။နှာမှုတ်သံလေးနဲ့အတူ မချေမငံထွက်ကျလာသည့် စကားစုလေးတွေနဲ့ လှုပ်လီလှုပ်လဲ့ဖြစ်နေသည့် နှုတ်ခမ်းပါးတို့က စုချွန်ချွန်။
နောက်ကလိုက်လာပါလား။ထားခဲ့တာနဲ့ ရှေ့ကိုရောက်မလာဘူး။ဝီရိယက မရှိချက်။ပန်းလေးတစ်ပွင့်ပေးပြီး စကားစုတစ်စုလောက်နဲ့ကို ဂျောင်ကုက ကျေနပ်ရမယ်ပေါ့။ရူးနေလား။ထိုတင်မဟုတ် အေးစက်စက်မျက်နှာကြီးက ဘယ်နားကကြည့်ကြည့်တောင်းပန်နေတာနဲ့ကိုမတူ။တကယ်ချစ်လွန်းလို့သာ။
မဟုတ်ရင် ဒီလူကြီးအပေါ် သတ်မှတ်ချက်က လုံးဝသုံညပဲ !
မချော့တတ်တဲ့ ဘဲကြီးတွေတော့ ဝေးဝေးရှောင်ပဲ !
"မကောင်းတဲ့ နတ်ဘုရား !"
~~~~~~~~~~~~
ခြောက်ကပ်သည်။တိတ်ဆိတ်သည်။အေးဆေး ငြိမ်သက်သည်။ဒါဟာ တစ်ချိန်ကလိုချင်ခဲ့တဲ့ အခြေအနေပါပဲ။သို့သော် ယခုမူ ကွဲပြားခြင်းတွေ ပေါ်ထွက်လာကာ လိုအပ်ချက်တွေ စုပြုံလာသည်။ခပ်ဆာဆာအသံလေးနဲ့အတူ ချွဲတတ်သည့် အသံလေးအား မကြားရသည့်အခါ၊လိုတာမရလျှင် ဆူပုတ်နေတတ်သည့် ရှစ်ခေါက်ချိုးမျက်နှာလေးအား မမြင်ရသည့်အခါ၊အငြိမ်မနေ တကဲကဲနဲ့ပြာယာခက်နေသည့် အပြုအမူလေးတွေမမြက်ရသည့်အခါ ဘဝင်မကျမှုတွေကြီးစိုးလာသည်။
သတိရသည်။လွမ်းသည်လို့ ဝန်မခံချင်ပေမယ့် အမှန်တရားတစ်ခုသာ ဖြစ်နေသည်။ကိုယ့်အပေါ် အလိုမကျကာ အဝေးထွက်သွားမှာမျိုး မလိုချင်။ကိုယ့်ထက်ပိုပြီး အခြားသူကို အားကိုးကာ ခင်တွယ်သွားမှာမျိုးလည်း မလိုချင်။အတ္တကြီးသူ လောဘကြီးသူတစ်ယောက်မဟုတ်သော်ငြား ထိုကလေးနဲ့ ပတ်သတ်လာလျှင်တော့ တစ်စ တစ်စ ကိန်းဝပ်လာကာ ထုထည်သည် ကြီးမားလာပြီဖြစ်သည်။
"ဟိုကလေး ဘယ်မလဲ ?"
"အနောက်ဥယျာဉ်ထဲမှာ အလုပ်ရှုပ်နေလေရဲ့ ~"
မနေနိုင်မိတဲ့အဆုံး ကင်မ်ဟာ ထိုကလေးရှိရာသို့သာ ခြေဦးတည့်မိလာသည်။တစ်ခါတစ်လေ တွေးမိသည်က ကင်မ့်ရဲ့ လက်တစ်ကမ်းမှာ ထားနေခြင်းသည် ကိုယ့်ကိုယ်ကို အပြစ်ပေးခြင်းများသလားလို့ပင်။
ကင်မ်ဟာ ဟန်မဆောင်နိုင်စွာ ဦးတည်မေးမိတော့ မင်က ပြုံးသည်။ကင်မ့်မျက်ဝန်းများသည် ထိုအပြုံးကို တုံ့မပြန်အား။မင့်အနောက်တည့်တည့်ကို ငေးမျှော်ကြည့်နေမိသည်။တရိပ်ရိပ်နဲ့ တိုးဝင်လာသည့် အနီရောင်ပုံရိပ်လေးကို မြင်သည့်အခါ ကင်မ့်အကြည့်တို့သည် ပျော့ပျောင်းသွားသည်။
"နတ်သားမင် ! နတ်သားမင် ! ဒီမှာ ကျွန်တော်လုပ်ထားတဲ့ ပန်းသရဖူလေး !"
"ဒါလည်း ဂျောင်ကုက လုပ်တတ်တယ်ပေါ့ ~"
"ဟီး ! မေမေသင်ပေးထားတာ ! ပန်းလေးတွေကလည်း ချစ်စရာလေးလေ !"
ကင်မ့်ကို တွေ့ရဲ့သားနဲ့ မသိချင်ယောင်ဆောင်ကာ မင်နဲ့သာ ကမ္ဘာတည်နေသည်။ပြီးတော့ လက်ထဲရှိ အရာလေး။မျိုးစုံသော အပွင့်ပန်းလေးတွေကို သီကုံးကာ သရဖူလို အဝိုင်းလေးလုပ်ထားသည်က ကင်မ့်အာရုံကို ထပ်ဖမ်းစားသည်။
ကင်မ်ပေးတုန်းကကျ မကြိုက်ပါဘူးတဲ့ !
အခုကျ ချစ်စရာလေးဆိုပြီး ဒီလိုဟာတွေထိပါလုပ်နေတာ။ကင်မ့်ရင်ထဲ အတိုင်းဆမဲ့စွာ ပူလာသည်။ပြင်းထန်သည့် လှိုင်းလုံးပုတ်ခတ်သံလို တဝုန်းဝုန်းထလာသည်။
သိလိုက်တာက ထိုပေါက်စဟာ ကင်မ်ပေးတဲ့ ကြွေပန်းကို မလိုချင်၍သာ !
"ပြောတော့ မကြိုက်ဘူးဆို ~"
ကင်မ်က ကြိတ်မှိတ်တတ်သူမဟုတ်ပါ။မကျေနပ်လျှင် တည့်တိုးသာ ဖြေရှင်းတတ်သူမို့ ပေါက်စ လက်ကောက်ဝတ်အား ဆွဲကိုင်ကာ မေးလိုက်သည်။လေသံဟာ မာထန်တာမျိုးမဟုတ်သော်လည်း နဂိုရှိင်းကိုက တည်နေတာမို့ ကင်မ့်ကို မျက်မှောင်ကျုံ့ကြည့်လာကာ မည်သည်မှတုံ့မပြန်။
"မေးနေတယ်လေ ! အကြီးကမေးရင် ပြန်ဖြေရမယ်မလား ! သိပ်ဆိုးနေတော့တာပဲ ဟုတ်သလား !"
"မဖြေဘူး ဆိုမှတော့ စကားမပြောချင်လို့ ~ ခုလည်း ဘာလာလုပ်ပြန်ပြီလဲ ~"
"ကိုယ်သွားချင်တဲ့ ဘယ်နေရာမဆို စိတ်ရှိသမျှ သွားနိုင်တယ် နားလည်သလား ~"
"သွားပေါ့ ဘာလုပ်ရမှာလဲ ?"
နှစ်ယောက်သားက တစ်ယောက်မှ အကြောမခံ။ဂျောင်ကုက ကလေးမို့ထားအုံး။မကြီးမငယ်နဲ့ သက်တမ်းထောင်ချီနေတဲ့နတ်ဘုရားကပါ ဘာထဖြစ်မှန်းမသိ။အဲ့လိုပုံစံနဲ့တော့ တည့်ပါလိမ့်မယ် နှစ်ယောက်သား။ကင်မ်ကလည်း ကင်မ်ပဲ။ကလေးကို အလျှော့ပေးပြီး ချော့လိုက်ရင် ပြီးနေပြီကို အဲ့လိုမဟုတ်။ခု ဟိုက ဥပေက္ခာပြုတော့ မနေတတ်။ကိုယ့် ဒုက္ခ ကိုယ်ရှာနေတာ။
မင်က နှစ်ယောက်သားကြားကနေ သက်ပြင်းသာ အခါခါချရင်း ဝင်ပါရတော့သည်။မဟုတ်ရင် ရန်ပွဲက ဆက်လာမှာ။
"အော် ဂျောင်ကု ဒီပန်းသရဖူလေးက ဘယ်သူ့ကိုပေးမလို့လဲ ~"
"အခုက အစမ်းလေ့ကျင်းတုန်းပဲ ရှိသေးတာ ~ ဖေဖေနဲ့ တွေ့ရင် ပေးရအောင်လို့လေ ~ ဒါမဲ့ ဒါလေးကိုတော့ နတ်သားမင်အတွက် လက်ဆောင်ပေးမယ်လေ ~ ပိုတတ်သွားရင် နောက်တစ်ခု ထပ်လုပ်ပေးမယ် ~"
နတ်သားမင်ရဲ့ အသံကြည်ကြည်လေးက တိုးဝင်လာတော့ ဂျောင်ကုက လူကြီးကို မျက်စောင်းထိုးပစ်လိုက်သည်။တစ်ပြိုင်တည်းဆိုသလို နတ်သားမင်ဘက် လှည့်သွားတဲ့ အပြုံးလေးက ချစ်စဖွယ်အတိ။သဘောကောင်းလွန်းပြီး အလိုလိုက်တတ်သည့် နတ်သားမင်ရဲ့ ဦးခေါင်းထက် ဂျောင်ကုယူလာတဲ့ ပန်းသရဖူလေးကို အသာတင်ပေးလိုက်သည်။
"ဘယ်လိုလဲ ကိုယ်နဲ့ လိုက်ရဲ့လား ?"
ဖြူဝင်းနေသော အသားရည်နဲ့ အကြည်ဓာတ်လေးက တော်တော်ချောသည်။ဂျောင်ကုရဲ့ ပန်းသရဖူနဲ့လည်း အင်မတန်ကြည့်ကောင်းသည်။ဂျောင်ကု သဘောတကျဖြင့် သွားတန်းဖြူဖြူပေါ်သည်အထိ ရယ်ကာ လက်မလေးထောင်ပြလိုက်သည်။
"အရမ်း လိုက်တယ်ဗျ ~"
"အဟမ်း !"
"မသွားသေးဘူးလား !"
ချောင်းတဟန့်ဟန့်နဲ့သူကြောင့် ဂျောင်ကုက ပြုံးနေရာမှ ပေကပ်ကပ်လေးပြန်ကြည့်ကာ ပြောပစ်လိုက်သည်။ထိုအခါ လူကြီးက နတ်သားမင်းဦးခေါင်းထက်ရှိ ပန်းသရဖူကို မေးဆက်ကာ ညွှန်ပြလာလျက်။
"ကိုယ့်အတွက်လည်း လုပ်ပေး ~ အဲ့ထက်ပိုလှအောင် ~"
"ဟွန့် ဝေးသေး ! ရေနတ်ဘုရားရဲ့ နတ်သမီးလှလှလေးကိုပဲ သွားလုပ်ခိုင်းချည် !"
"ဘာရယ် !"
"ကျွန်တော်က သိပ်စိတ်ညစ်စရာကောင်းပြီး ပြသနာရှာတဲ့ကောင်မို့ ကြီးမြတ်လှတဲ့ ရေနတ်ဘုရားအတွက် မလုပ်ပေးဝံ့လို့ပါ !"
ဟားး ! ဒီပေါက်စ ခုထိ အငြိုးမပြေ။ကင်မ် ပြောလိုက်မိတဲ့စကားတစ်ခွန်းကို မှတ်ထားပြီး သတိရတိုင်း ထည့်ပြောနေတာ။ခုလည်း ထပ်ရွဲ့သွားပြီး ဥယျာဉ်ထဲ ပြန်ဝင်သွားပြန်ပြီ။
ကင်မ်မနေနိုင်လို့ လိုက်လာခဲ့မိကာမှ နှစ်ယောက်သားကြည်နူးနေတာမပြီးနိုင်။ကင်မ်ကတော့ အပိုသူလိုဖြစ်သွားသည်။ဒါက ကင်မ့်ကို ခံပြင်းစေသည်။ကင်မ်က ဟိုးမွေးကတည်းက အရေးပေးခံရတဲ့သူဖြစ်ခဲ့တာ။ခု ဒီလိုဆက်ဆံခံရတာကို လုံးဝအသားမကျ။တကယ်ပဲ ကင်မ် ဝဋ်လည်လေသလား။တစ်မိသားစုလုံးရဲ့ အချစ်ကို စုရထားတဲ့သူကို ကင်မ်က ဆူလိုက်မိတဲ့ အခု ကင်မ်ခံစားနေရသလို ပေါက်စက ခံစားသွားရမည်ပေါ့။
အဲ့နေ့က ကင်မ်ကြောင့် ဒီပေါက်စကလေး မျက်ရည်ကျရသည်။ဒါဟာ ကင်မ့်အသည်းတို့ မွကြေသလို ခံစားရစသည်။တကယ်ပဲ ကင်မ်လွန်မိသွားတာ။ကင့်မ်ကို ယုံပြီး လိုက်လာတဲ့ပေါက်စရဲ့ ခံစားချက်ကို ထည့်မတွက်မိခဲ့။ဒါ ကင်မ့်ရဲ့ မဟာအမှားကြီးသာ။
ကင်မ် တွေတွေကြီးရပ်နေမိကာ သုံးသပ်နေမိသည်။ကင်မ့်ရှေ့က အဖြူရောင်အရိပ်လေး ရုတ်ချည်းရွေးလျားသွားသည့်အခါ ကင်မ်ရဲ့ မသိစိတ်က အလိုလိုပြုလိုက်မိသည့် အရာတစ်ခု။
"ဘာလုပ်တာလဲ ကင်မ် !"
"နည်းနည်းလေးမှ ကြည့်မကောင်းဘူး မင် ! ငါ ယူလိုက်မယ် ဟုတ်သလား !"
ဟုတ်ပါရဲ့။ကင်မ့်ဘဝတစ်လျှောက် ပထမဆုံးအကြိမ်ပြုလုပ်ခြင်း။ဒါဟာ သူများအပိုင်ကို လုယူခြင်းသာ။ကင်မ့်အတွက် မဟုတ်တာတောင် ကင်မ်ဟာ လိုချင်တပ်မက်ပါသည်။ဒီလူသားရဲ့ ဦးစားပေးအဖြစ်သာ ရှိနေခဲ့ချင်တာမို့ ဒီလူသားက သူ့ကို မရွေးချယ်ခဲ့သည့်အခါ ကင်မ့်ဟာ လောဘတက်လာမိသည်။
ကင်မ့်ကို ချစ်တယ်လို့ဖွင့်ပြောပြီး ကင်မ့်နှုတ်ဖျားက ငြင်းခဲ့သူကို ကင်မ်ဟာ ပိုင်ဆိုင်လာချင်မိသည်။
"မ ထိ နဲ့ !"
ကတ္တီပါသား အနီရဲရဲထက် တင့်တယ်စွာ ခစားနေသည့်အရာ။စိန် ပတ္တမြားစသည့် အဖိုးတန် ကျောက်မြတ်ရတနာမဟုတ်ပါဘဲ သာမန်ပန်းပွင့်လေးတို့ဖြင့် ဖန်တီးထားသည့် မသေမသပ် သရဖူလေး။
ဝုန်း!
သန့်ရှင်းရေးပြုလုပ်နေသူဟာ ထိုအရာအား ထိတွေ့လုဆဲဆဲမှာပင် ကျယ်လောင်ကာ ခက်ထန်သည့် အသံက ဟိန်းထွက်လာသည်။တစ်ပြိုင်နက်တည်းဆိုသလို လွင့်ထွက်သွားသည် ကိုယ်ဟာ ကြမ်းပြင်တွင် ပက်လက်လန်လျက်။အတွင်းအားအချို့
တိုက်ခိုက်ခံလိုက်ရသည့် ထိုသူသည့် ချက်ချင်းကုန်းထလာကာ ဒူးထောက်အရိုအသေပေးလာသည်။
"ကျွန်တော်မျိုး ဘာအမှားများ ပြုမိလို့ပါသလဲ ရေနတ်ဘုရား ?"
"အဲ့ဒီပစ္စည်းကို ထပ်ထိရင် လက်ကို ဖြတ်ပစ်မယ် ! "
အမေးနဲ့အဖြေ လွဲမှားစွာထွက်လာသည်။ရာထူးအရ ကြီးသူမို့ ပြန်ပြောဖို့မရဲ။သူသည် ထိုပစ္စည်းအား ထိပင် မထိရသေးသည်တိုင် ရေနတ်ဘုရားက ဒေါသကြီးစွာတုံ့ပြန်လာတာ။ဒါဟာ သူ့အမှားမဟုတ်သော်ငြား ရေနတ်ဘုရားရဲ့ တန်ဖိုးထားရာကို မမေးမမြန်းဘဲ ပြုမူမိသည်မို့ စောဒက တက်ခွင့်မရှိပါ။ထိုအတိုင်းသာ တရွေ့ရွေ့နောက်ဆုတ်ရင်း ပြန်ထွက်လာလိုက်သည်။
"ကျစ် ! ကြွေကုန်ပြီကွာ !"
တည်မြဲခြင်း သဘောမို့ ပန်းပွင့်ငယ်တို့ဟာ အချိန်တစ်ခု သူ့ရဲ့သက်တမ်းကုန်လွန်လာတဲ့အခါ နွမ်းပါးရစမြဲ။ပွင့်ဖက်တို့ဟာ တစ်လွှာ နှစ်လွှာမျှ ကြွေလာသလို ဝါညိုညိုအရောင်သို့ ကူးပြောင်လာသည့်အခါ ကင်မ်က မထိရက်မကိုင်ရက်ဖြစ်စွာ ရေရွက်သည်။
ကင်မ်သည် ပန်းတို့ကို အသက်ပြန်သွင်းနိုင်သည်အထိ မစွမ်းဆောင်နိုင်ပေ။သို့သော် ပန်းတိုင်းပြည်ရှိ နတ်သမီးတွေတော့ တတ်နိုင်သည်။ထို့ကြောင့် ဒီပန်းလေးတွေ မခြောက်သွေ့ခင်တော့ အသက်ပြန်သွင်းရမည်သာ။
"သူမကို အကူညီတောင်းရမယ် ~"
~~~~~~~~~~~~~
အချိန်တစ်ခုထိ ကြာညောင်းလာခဲ့သည်။လူ့ပြည်သက်တမ်းအရ နှစ်အချို့ကုန်လွန်လာခဲ့သော်လည်း ကောင်းကင်ဘုံတွင်တော့ ရက်ပိုင်းမျှသာ။ကောင်းကင်ဘုံတွင် စည်းမျဉ်းအရ နေထိုင်နေသည့် လူသားသည်လည်း လူ့ပြည်သက်တမ်း ရပ်တန့်ကုန်ကာ နေထိုင်ရာ ကောင်းကင်ဘုံရဲ့ နှုန်းအတိုင်း လည်ပတ်နေသည်။
ထို့အတူ နတ်သားစင်စစ်မဟုတ်သည့်အပြင် ထူးခြားသည့် အတွင်းဓာတ်အားက အချိန်နဲ့အမျှ ဖောက်ပြန်လာသည်အခါ မေ့မျောလုမတက် နာကျင်ပူလောင်ဝေဒနာကို ခံစားလာရသည်။
"အင့် ပူတယ် ~ "
အစိတ်အပိုင်း တစ်ခုချင်းစီအား မီးမြိုက်သကဲ့သို့ တမြေ့မြေ့လောင်ကျွမ်းကာ ပူလောင်လာသည်။သွေးကြောတွေပေါက်ထွက်ကာ အသားစတွေထဲအထိ တစ်ဆစ်ဆစ်နာကျင်လွန်းလှသည်။လူးလှိမ့်နေမိလျက် လည်ချောင်းပေါက်ကွဲမတက် ဝေဒနာပြင်းကို ခံစားနေရသည်။သတ်ပစ်လိုက်ပါဟု ပြောရလောက်တဲ့အထိ ပြင်းထန်သည်။
"ရေ ! ရေ ပေးပါ ~ လူကြီး~"
ဂျောင်ကု အသံပင်မထွက်နိုင်တော့သလို မြေ့မြေ့ကလေးသာ လှုပ်ရှားနိုင်တော့သည်။မျက်ရည်များကအစ ပူလောင်ကာ မျက်ဝန်းထောင့်မှ စီးဆင်းလာသည်။ပိတ်ကျလုမတက် မျက်ဝန်းတွေက အရောင်ဖျော့ဖျော့။ခုချိန်တောင်းဆိုမိသည်က တစ်ဦးတည်းသော အားကိုးရာပင်။
"ပေါက်စ ! ကလေးလေး !"
"ကင်မ် ! "
ကင်မ့်ဦးတည်ရာသည် ကုတင်ကျယ်ကြီးထက် ပက်လက်လေးဖြစ်နေသည့် အနီရောင်ကိုယ်ငယ်လေးဆီသာ။ဘေးတွင်ဝင်ထိုင်ရင်း သွေးရောင်ဖျော့နေသည့် လက်ကလေးအား ယူကာ သွေးကြောစမ်းလိုက်သည်။ထို့နောက်ချွေးစေးတို့သာမက မျက်ရည်များ ခိုကပ်နေသည့် မျက်နှာဥဥကို ခပ်ဖွဖွလေးထိတွေ့မိသည်။အတင်းကာရော အောက်နှုတ်ခမ်းပါးအား ဖိကြိတ်ထားကာ တောင့်ခံနေသည်။တစ်စက်စက်တုန်ယင်နေသည့် မျက်ခမ်းစပ်တွေက ရဲတောက်နေလျက်။
"လူကြီး ~ ကျွန်တော့် တစ်ကိုယ်လုံး ပူတယ် ~ ပျောက်အောင်လုပ်ပေးပါ ~ အင့် !"
ကင်မ်ဟာ ထိုတောင်းဆိုသံ ပျပျကြောင့် တစ်ကိုယ်လုံးဖိန်းတိန်းရှိန်းတိန်းဖြစ်သွားရသည်။ထပ်တူ ထပ်မျှခံစားခြင်းဆိုသည့် အရာကိုပါ တစ်ပါတည်းခံစားလိုက်ရသည့်အခါ ဝေဒနာခံစားနေရသည့် ကလေးရဲ့ နဖူးပြင်ထက် ကင့်မ်ဘယ်ဘက်လက်ဖဝါးကို ထပ်ကာ မျက်ဝန်းတို့မှိတ်ချလိုက်သည်။
"ကောင်းသွားမှာနော် ~ ကိုယ့်ကိုယုံတယ်မလား ~"
"တစ်ဆစ်ဆစ်နဲ့ စပ်ဖျင်းနေတယ် ~ ပြီး ပြီးတော့ မီးလောင်နေသလိုမျိုး ~ ကြောက် ကြောက်တယ် လူကြီး ~"
"ကိုယ်ရှိတယ် ~ ကိုယ်ရှိတာမို့ ကလေးလေးက ဘာမှမဖြစ်စေရဘူး ~ "
အေးစက်စက် ရေလှိုင်းကလေး စီးဝင်လာသလို ဂျောင်ကုခံစားလိုက်ရသည်။လူကြီး လက်ဖဝါးဖယ်သွားသည့်အခါ ဂျောင်ကုရဲ့ အပူဟာလည်း သိသိသာသာလျော့ပါးသွားသည်က သေချာသည်။လူကြီးက ဂျောင်ကုအား နူးညံ့စွာ ကြည့်ရင်း ဆံသားတွေကို တဖွဖွပွတ်သပ်ပေးသည်။မိခင်က ကလေးကို စောင့်ရှောက်ပေးသလိုခံစားရသည်။
တစ်ပြိုင်တည်း သတိရမိသည်က ကျန်ခဲ့သည့် မေမေ။ဂျောင်ကုနေမကောင်းတိုင်း မေမေက တစ်ဖဝါးမခွါပဲ ဂရုစိုက်ပေးသည်။အရာသေးသေးလေးက အစ ကိုယ်တိုင်စီစဉ်ပေးကာ ဂျီကျသမျှကို နားထောင်ပေးရင်း ဖြည့်ဆည်းပေးသည်။နာကျင်မှုကြောင့်မဟုတ်ဘဲ ဂျောင်ကုမျက်တောင်တွေစိုစွတ်လာသည့်အခါ...
"မေမေ့ကို လွမ်းတယ် ~ ဖိုးဖိုးကိုရောလွမ်းတယ် လူကြီး ~"
"ပြန်ချင်လို့လား ~"
"ဖေဖေနဲ့လည်း တွေ့ချင်သေးတယ် ~ ပြီးတော့ လူကြီးနဲ့လည်း မခွဲနိုင်ဘူး ~ ဟင့် အင့် !"
"မငိုရဘူးလေကွာ ~ မောနေမှာပေါ့ ~ အိပ်လိုက်အုံးနော် လိမ္မာတယ်မလား ကလေးလေးက ~ "
ခေါင်းလေး ခပ်ဖြည်းဖြည်းညိတ်လာသည့် ပေါက်စက ဟန်မဆောင်နိုင်အောင် ဝမ်းနည်းပက်လက်ငိုနေရှာသည်။ကင်မ်ဟာ မခေါ်လာသင့်မှန်းသိပေမယ့် ဘာကြောင့်ရယ်မသိ အနားမှားထားနေမိသည်။ကင်မ့်ကြောင့် ပေါက်စ အခုလိုခံစားနေရပေမယ့် တစ်ကိုယ်ကောင်းဆန်စွာ ဆက်ထားနေမိသည်။
ကင်မ်ကို တစ်သက်လုံးမခွဲနိုင်ရင် သိပ်ကောင်းမှာပဲ ဆိုသည့် အတွေးမျိုးဝင်မိသည်အထိပင်။
"အိပ်ရာနိုးရင် နေရာတစ်ခုဆီ ခေါ်သွားပေးမယ် ~ ကောင်းကင်ဘုံမှာ အဲ့နေရာက အလှဆုံးပဲ ~ အိပ်လိုက်နော် ~"
"ကတိ !"
"အင်း ~ ကတိ ~"
လက်မကလေးထုတ်လာသည့်အခါ ကင်မ်က အလိုကျ ထပ်တူကျပေးရသည်။ဒါဟာ ပေါက်စရဲ့ ချစ်စရာအပြုအမူလေးတွေထဲက တစ်ခုဖြစ်သည်။မျက်ဝန်းများမှိတ်ချက နှုတ်ခမ်းထောင့်လေးတွေ တွန့်ချိုးသွားသည့်အခါမှ ကင်မ် သက်ပြင်းချနိုင်ခဲ့သည်။
"လူကြီး ပေါင်ပေါ်မှာ အိပ်ချင်တာ ~"
"ကိုယ်ရှိနေတာမို့ စိတ်ချလက်ချ အနားယူလိုက်နော် ~ အရမ်းပင်ပန်းနေပြီ မဟုတ်လား~"
ကြောက်ရွံ့နေသည့်ကလေးက ကင်မ်ထွက်သွားမည်ကိုပါ စိုးရိမ်နေရှာသည်။ကင်မ့် လက်ကို ကျစ်နေအောင် ဆုပ်ကိုင်ထားပြီး ကင်မ့်ပေါင်ပေါ် ခေါင်းလုံးလေး ပြောင်းတင်လာသည်။ထိုမျှမပြီး ကင်မ့်ရဲ့နောက်လက်တစ်ဖက်ကိုပါ ဆွဲယူကာ ဆံပင်တွေပေါ်တင်ပေးလာသည်။ပွတ်ပေးပါဆိုသည့်သဘောမို့ ကင်မ့်လက်ချောင်းသွယ်တို့ လှုပ်ရှားနေလိုက်သည်။
ကင်မ်မရှိတဲ့အချိန် ဝေဒနာထပ်ခံစားရမည်ကို စိုးနေသည့်ကလေးက မကြာလိုက် အသက်ရှူသံမျှင်းမျှင်းကလေးဖြင့် အိပ်မောကျသွားသည်။ထိုအခါ အနားရှိဆဲမင်က ကင်မ့်ကို ကြည့်လာသည်။
"ကင်မ် ! ကြာကြာနေဖို့ မသင့်တော့ဘူး ! ကိုယ်ထဲက ယန်ဓာတ်က ဖောက်လွဲဖောက်ပြန်ဖြစ်လာပြီ !"
"မဟုတ်ဘူး မင် ! အဲ့တာ ဇာမနီဝိဉာည်စက ဖြစ်နေတာ !"
"ဘယ်လို !"
ကင်မ်က ဂျောင်ကုနဲ့ပက်သတ်ပြီး အစဆုံးသိရုံမက အတွင်းအားအထိပါသိနေသည်။မင့်ရဲ့ အပေါ်ယံအမြင်အရ ယန်ဓာတ်လို့ ထင်ခဲ့မိပေမယ့် မဟုတ်ခဲ့။ကင်မ်သိနေသည့်အတိုင်းအတာတစ်ခုကို မင်ဟာ လိုက်မမှီခဲ့ပါ။ဒါကြောင့် ဂျောင်ကု စ ဖြစ်ဖြစ်ချင်း မင် တတ်သလောက် ထိန်းပေမယ့် အရာမထင်ခဲ့။ကင်မ်နဲ့သာ အဆင်ပြေတာ။ကင်မ်ဟာ ဒီကလေးရဲ့ ကိုယ်ကို တစ်ခုခု ပြောင်းလဲထားပြီးပြီဆိုတာတော့ သေချာသည်။
"ကင်မ် မင်း တစ်ခုခု လုပ်ပြီးပြီမလား ?"
"ပေါက်စကိုယ်ထဲမှာ အစထဲက ယန်ဓာတ်အားကောင်းပြီးသားမို့ ဒီနေရာမှာ နေနိုင်တာ မင် ~ ဒါမယ့် ကိုယ်ထဲက ဝိဉာည်စကို အားနည်းအောင်လို့ ငါ ယင်ဓာတ်နဲ့ ထိန်းထားလိုက်တာ ~ အဲ့တာကြောင့် ဝိဉာည်စက ယင်ဓာတ်ကို မခံနိုင်လို့ ထိုးထွက်ဖို့ လုပ်နေတာ ~"
"ယန်ဓာတ်နဲ့မတည့်ဆုံးက ယင်ဓာတ်လေ ကင်မ်ရာ ~ ခု ဒီကလေးခံစားနေရပြီမလား ~"
မင် အားပျက်စွာ ရေရွတ်လိုက်မိသည်။ယန်ဓာတ်ရှိတဲ့ ကိုယ်ထဲ ယင်ဓာတ်ထည့်သည်တဲ့။ဒါ ဒီကလေးကို သတ်နေတာနဲ့ အတူတူပဲ မဟုတ်လား။ကင်မ် ဘာတွေလုပ်နေပါလိမ့် !
မင် ကင်မ့်ကို တွေဝေစွာကြည့်မိတော့ မမှားယွင်းသည့်ဟန်အတိုင်းသာ။ထို့နောက် ခပ်ရေးလေးပေါ်နေသည့် ဂျောင်ကုရဲ့ လည်ဂုတ်ဆီအကြည့်ရောက်လာကာ...
"အမှတ်သားက ပြောင်းပြီးသွားပြီ မင် ~ အဲ့အမှတ်သားကို ဖုံးဖို့ နည်းလမ်းက ဒါအပြင်မရှိဘူး ~ပေါက်စ နာကျင်ရမှာ သိပေမယ့် ~ အဲ့ဝိဉာည်စ အားမကြီးခင် ဇီဝိန်ထပ်ချုပ်ပေးရမယ် ~"
"ကင်မ် ! မင်း ဘာတွေတွေးနေတာလဲ ! အဲ့ဝိဉာည်စ ဇီဝန်ချုပ်တာနဲ့ ဒီကလေးကလည်း !"
ကင်မ်သိတယ်။ကင်မ် သိပ်သိတာပေါ့။မင်တွေးနေတာဟာ ကျဉ်းကျဉ်းလေးပါ။ကင်မ်က အစအဆုံးကိုတွေးပြီးသား။အဆိုးဆုံးအထိ မြင်ကြည့်ပြီးသား။ဒီကလေးကို ဘယ်နည်းနဲ့မဆို ကာကွယ်မှာ။ကင်မ့်ရဲ့ နည်းလမ်းက အန္တရာယ်များပေမယ့် မလုပ်လို့လည်းမဖြစ်တာမို့ ဆုံးဖြတ်ခဲ့ခြင်းသာ။
ကင်မ် ပေါက်စမျက်နှာရဲရဲလေးကို ငေးကြည့်လိုက်သည်။ဘာမှမသိတဲ့ကလေးကို ဘယ်နည်းနဲ့မှ အထိခိုက်မခံ။မွေးဖွားလာတာ အပြစ်မဟုတ်တဲ့အတွက် ဒီလိုအဆုံးသတ်ဆိုးတွေ ဖြစ်စရာမလို။သေချာပေါက် အဆုံးထိရှင်သန်ရမှာပေါ့။မဖြစ် ဖြစ်အောင်လည်း ကင်မ်လုပ်မှာ!
"ငါ့မှာ နည်းလမ်းရှိတယ် ~ ငါ ပေါက်စကို ဘယ်လိုနည်းနဲ့မဆို ကာကွယ်ပေးမှာ ~"
"အဲ့လောက်ချစ်နေရင်လည်း လက်ခံလိုက်ပါတော့လား ~"
"မင်း သိနေတာလား ?"
အံ့ဩစွာ လှည့်ကြည့်လာသည့် ကင်မ့်မျက်ဝန်းတွေက နူးညံ့နေသလို ရှက်စိတ်လည်း ကိန်းဝပ်နေတာ သိသာသည်။မင်က အသာခေါင်းညိတ်တော့ ငြိမ်ကျသွားသည်။ရှက်နေမှာပေါ့။တစ်ချိန်က ကြွေးကြော်ခဲ့တာလည်း ကင်မ်ပါပဲလေ။အခုတော့ ပြောင်းပြန်ဆိုတော့ ဒီရေနတ်ဘုရားက မျက်နှာမရဲပဲ နေပါတာ့မလား။
မင် ကိုယ်တိုင်လည်း အစက သဘောမကျပါ။လူသားနဲ့ နတ်ဘုရားဆိုတာ တွေးကြည့်လိုပင်မရ။သို့သော် မေတ္တာက ဆန်းကြယ်တယ်မဟုတ်လား။မင် လက်မခံလို့မရတော့။
ထို့အတူ အတူနေလာသည့်အခါ မြင်နေတွေ့နေခံစားနေရသည့် ထိုကလေးရဲ့ စိတ်ကလေးကြောင့် မင် မတားဝံ့တော့ပါ။
"ဂျွန်ဂျောင်ကုက တကယ့် ပါရမီရှင်ပါပဲကွာ ! သုံးလောကရဲ့ အလှဆုံးပန်းနတ်သမီးကို ကျော်ပြီး ရေနတ်ဘုရားကြီးရဲ့ နှလုံးသားကို သိမ်းပိုက်ပစ်တာ !"
"အဟွန်း !"
ပြုံးစစမျက်နှာနဲ့ စနောက်သည့်အခါ ဟွန်းခနဲ ရယ်သံ အက်ရှရှ။ဆွဲဆောင်မှုရှိသည်ထက်ပိုသည့်အကြည့်တို့က အိပ်ပျော်နေသူထံ ကျရောက်လာပြီးနောက် ခပ်တိုးတိုးရေရွက်လိုက်သည်....
"လက်နက်တောင် မလိုဘဲ ဒီကင်မ်ဆာပီရန်က ကျဆုံးသွားတာ !"
To be continued...
___________________
Thanks for reading >> ⭐️ <<
Feedback please 💌
ရှေ့တစ်ပိုင်းမှာ အတာ မေးထားတာလေးကို အခု သဲလွန်စ ချပြလိုက်ပါပြီ။
ကင်မ့်ကာရိုက်တာကို ဆက်ညွှန်းရင် မထင်ထားလောက်အောင်ကို တစ်ကိုယ်ကောင်းဆန်ပါတယ်။အခုပိုင်းမှာ အနည်းငယ်မြင်မိမယ်ထင်တယ်။ဂျောင်ကုကို သူ့အဖေနဲ့တွေ့ပေးဖို့ထက် အနားမှာထားချင်နေတာ။ကျန်နေခဲ့တဲ့ ဂျောင်ကုမေမေနဲ့ဖိုးဖိုးတို့ရဲ့ ခံစားချက်ကို လုံးဝထည့်မတွေးတဲ့အထိ။
Zawgyi
"ကိုယ့္ရဲ့ ဗိမၼာန္က ေရနတ္ဘုရားရဲ့ဗိမၼာန္ေဆာင္ေလာက္ေတာ့ မက်ယ္ဘူး ~"
"မက်ယ္လည္း ေနတတ္ပါတယ္ ~ နားမပူရင္ ၿပီးေရာ ~ အဲ့ဒီလူႀကီးက တအားဇီဇာေၾကာင္တာဗ် ~ ဟိုဟာလည္း မလုပ္နဲ႔ ဒီဟာလည္းမလုပ္နဲ႔ဆိုၿပီး အျမဲ ပိတ္ပင္ေနတာ ~"
တေရြ႕ေရြ႕လွမ္းလာတဲ့ ေျခလွမ္းေတြက ျဖည္းျဖည္းမွန္မွန္ေလးျဖစ္သည့္အေလ်ာက္ တစ္စတစ္စလြင့္ေနတဲ့ မေက်နပ္သံေလးကပါ ပ်ံ႕ေနသည္။စၾကၤန္တစ္ေလၽွာက္ တိတ္ဆိတ္ေနကာ ေဂ်ာင္ကုတို႔လူ႔ျပည္နဲ႔ လားလားမွမဆိုင္။အာ့ေၾကာင့္ ေဂ်ာင္ကုအသံခ်ည္းသာ။မတိုးမက်ယ္မို႔ သိပ္ေတာ့ အာ႐ုံမထားၾကပါ။
လူႀကီးဆီမွာေတြ႕ခဲ့သလို သံခ်ပ္ကာနဲ႔သူေတြက အေစာင့္သဖြယ္ ေနရာတိုင္းနီးပါး ျပည့္ေနကာ အရမ္းကိုမွ ပနံ႔သင့္သည့္ နတ္သမီးေလးေတြလည္း ဟိုသြားဒီသြားျဖင့္ စည္ေတာ့စည္သည္။ေဂ်ာင္ကုကိုလည္း လွည့္ၾကည့္လွည့္ၾကည့္နဲ႔ ျပဳံးျပလာတာမို႔ ျပန္ျပဳံးလိုက္ရေသးသည္။
မ်က္ဝန္းဝိုင္းေတြက လဲ့ေနၿပီး မ်က္ႏွာႏုႏုကပါ ပန္းေသြးကိုႂကြေနမလားမသိ။တကယ္ဘဲ ေကာင္းကင္ဘုံဆိုသည့္အတိုင္း နတ္သမီးေလးေတြက ျပစ္မ်ိဳးမဲ့မထင္။ေဂ်ာင္ကုသာ နတ္ဘုရားျဖစ္ၾကည့္ ဒီလိုနတ္သမီးေလးေတြ တစ္ဖက္ ေလးငါးရာနဲ႔ သံစားပစ္လိုက္မွာ။ခက္သည္က...
ဟြန္း ! ဒီႏွလုံးသားကလည္း ဟိုနတ္ဘုရားဂြစာ အေခ်ႀကီးကိုမွ ခ်စ္မိရတယ္လို႔ !
ခ်စ္ပါလား ဒီလိုအလွေလးေတြ !
ရင္ထဲကိုေအးေနေရာဗ်ာ ! က်န္ခဲ့တဲ့ ဟိုလူႀကီးနဲ႔ကြာပ!
"ဘာလဲ သေဘာက်လို႔လား ?"
"ဟာ မဟုတ္ပါဘူး ~ ေယာက်္ားေလးဆိုေတာ့ သိတယ္မလား ~ လွတာေလးျမင္ရင္ မေနနိုင္ဘူးေလ ~ အဟမ္း !"
ဘယ္ေလာက္အေတြးမ်ားမိလဲမသိ ေဘးကနတ္သားပါ သတိထားမိတဲ့ဟန္ပင္။ေဂ်ာင္ကုမွာ ေခ်ာင္းဟန့္လိုက္ရင္း အရွက္ေျပေျပာရသည္။အတူေနၾကမယ့္သူမို႔ first expression ေတာ့ ေကာင္းမွရမယ္ေလ။ထိုနတ္သားက လူႀကီးလိုမဟုတ္ ေအးေအးလူလူသာ။ဝတ္ထားသည့္ အျဖဴေရာင္နဲ႔လိုက္ဖက္စြာ ေအးခ်မ္းသည္။ထိုနတ္သားက ေဂ်ာင္ကုေျပာတာကို ဟုတ္ဟုတ္ မဟုတ္ဟုတ္ ေခါင္းေလးသာ အသာညိတ္ရင္း ျပဳံးသည္။
"အဟြန္း ! မင္းက အလွႀကိဳက္သားပဲကြ !"
"ႏွလုံးသားက အဲ့အလွအပေတြကိုေက်ာ္ၿပီး သိပ္ဇီဇာေၾကာင္တဲ့အဖိုးႀကီးကို ခ်စ္မိေနေတာ့လည္း ခက္သား ~"
မ်က္ႏွာေလးညႇိုးက်သြားကာ ခပ္မွိန္မွိန္ေလသံနဲ႔ ေျပာလာေတာ့ မင္က အလ်င္ျမန္ပဲ အကဲခက္မိသည္။ဒီကေလးက ကင္မ့္ကို ခ်စ္ေနတာျဖစ္မည္။မင့္အထင္ ကင္မ္က ျငင္းလိုက္ပုံပဲ။အေစာကလည္းေအာ္ၾကေတာ့ နားစြန္းနားဖ်ားၾကားလိုက္မိေသးသည္။
ႏွစ္ေယာက္သားကေတာ့ တစ္မ်ိဳးစီေတြးၿပီး ဟုတ္ေနတာပဲ။မင္က ဆက္ေမးရင္မေကာင္းတာမို႔ စကားအသြားအလာကို ေျပာင္းဖို႔ျပင္ရသည္။
"ဒါျဖင့္ အေစာက စကားျပန္ဆက္ပါဦးကြ ~"
"ေအာ္ ဒီလိုဗ်ာ ~ တစ္ခုေလာက္ မွားလုပ္မိတာနဲ႔ ပုံႀကီးကို သိပ္ခ်ဲ့တာေလ ~ ၿပီးေတာ့ ဘာေျပာတယ္မွတ္လဲ ?"
"ဘာေျပာသလဲ ?"
"ေဟ့ ေပါက္စ မင္း အေတာ္ဆိုးေနပါ့လား ' တဲ့ ! အဘိုးႀကီးက်ေနေရာပဲ !"
မင္ မရယ္ဘဲမေနနိုင္ေတာ့။ကင္မ္က အရင္ကထိုသို႔မဟုတ္ပါေလ။ဖာသိဖာသာေနတတ္လြန္းသူက ဒီလိုမ်ိဳး ေျပာတတ္သည္ေပါ့။တကယ္ပဲ ကင္မ္က ဒီကေလးနဲ႔မွ ေျပာင္းလဲလာခဲ့သည္။မင္ ျမင္သေလာက္မဟုတ္ဘဲ ကြယ္ရာမွာဆို ကင္မ္ဟာ ဒီကေလးကို ဘယ္ေလာက္ေတာင္ ဂ႐ုစိုက္ေနမလဲ။
"အဟက္ ! ခု ေဂ်ာင္ကု အတင္းေျပာေနတာ ေကာင္းကင္ဘုံရဲ့ ေရနတ္ဘုရားေနာ္ ~"
"မေၾကာက္ပါဘူး ~ ကၽြန္ေတာ့္မွာ ေဖေဖရွိတယ္ ~ ေဖေဖ့နားကပ္ေနမွာေပါ့ ~ ၿပီးေတာ့ ဒီက နတ္သားကလည္း ကာကြယ္ေပးထားေပါ့ ~"
"တတ္နိုင္လိုက္တာကြာ ~ "
ဒီကေလးက လူေကာင္ေလးထြားေပမယ့္ မ်က္ႏွာႏုႏုေလးေၾကာင့္ အေတာ္ေလးခ်စ္ဖို႔ေကာင္းတာ မင္ လက္ခံရေတာ့မည္။ထပ္ၿပီး စကားတတ္တာကိုေရာေပါ့။အရင္က မင္နဲ႔ ကင္မ္ တစ္ခါတစ္ရံဆင္းၾကည့္တိုင္း ေတြ႕ရတဲ့ ဂ်စ္ကန္ကန္ေလးမဟုတ္ေတာ့ဘဲ တကယ့္အစစ္မွန္ကို ေဖာ္ျပလာပုံရသည္။ဒီေကာင္းကင္ဘုံမွာ သက္တမ္းအငယ္ဆုံးျဖစ္ေနေတာ့ ပိုဆိုးသည္။
စကားေလးနဲ႔ လူကိုဘယ္လိုသိမ္းသြင္းရမလဲ ေကာင္းေကာင္းသိတဲ့ ဒီကေလးက ကင္မ္နဲ႔ေတာ့ တက်ပ္က်ပ္ေပါ့။မင္ ေတြးသာေတြးေနတာ။ႏွစ္ေယာက္သားက ခြဲေရာခြဲနိုင္ပါ့မလား။မင့္ ဗိမၼာန္ေဆာင္ေတာ့ ေရနတ္ဘုရားရဲ့ ေျခရာေတြ ထပ္ေနေတာ့မွာပဲ။
"ဒီဗိမၼာန္ေဆာင္ထဲမွာ စိတ္ႀကိဳက္သာေန ~ တစ္ခုခု လိုတာရွိရင္ ကိုယ့္ကိုေျပာ ~ "
"လိုတာကေတာ့ ကၽြန္ေတာ္ အခု ဗိုက္ဆာေနၿပီ ~ ဟိုအေဆာင္မွာ လူႀကီးနဲ႔ ရန္ျဖစ္ခဲ့ရလို႔ စားထားတာေတြလည္း ကုန္ၿပီထင္တယ္ ~"
"ဟုတ္ၿပီ ~ ခဏပဲေစာင့္ !"
ေဂ်ာင္ကုတို႔ စကားတေျပာေျပာနဲ႔မို႔ ေနရမည့္ေနရာသို႔ မၾကာပဲ ေရာက္လာသလိုခံစားရသည္။နတ္သားေျပာသလို လူႀကီးေနတဲ့အေဆာင္နဲ႔ယွဥ္ရင္ ေသးသေယာင္ရွိကာ ခမ္းနားမွုလည္းမတူ။ေကာင္းကင္ဘုံမွာလည္း ရာထူးအနိမ့္ျမင့္ရွိသည္ေပါ့။သို႔ေပမယ့္ ေရက်သံတစ္သြင္သြင္နဲ႔ စိမ္းစိုစိုေနရာေလးမို႔ ေဂ်ာင္ကုႏွစ္ၿခိဳက္သည္။
နတ္သားမင္ကလည္းသေဘာေကာင္းသည္။လူႀကီးကမွ ဟိုဟာမကိုင္ ဒီဟာမကိုင္နဲ႔။ဟိုမသြားနဲ႔ ဒီမသြားနဲ႔တဲ့။နတ္သားမင္ကေတာ့ ေဂ်ာင္ကုစိတ္ႀကိဳက္သာေျပာသည္။လြတ္လပ္သည့္ေနရာကို ေဂ်ာင္ကုပိုသေဘာက်သည္။ေဂ်ာင္ကုလည္း ငယ္ေတာ့တာမွ မဟုတ္တာ။ကိုယ္နဲ႔ အကၽြမ္းတဝင္မရွိလၽွင္ စူးစမ္းတတ္ေပမယ့္ အတိုင္းအတာတစ္ခုထိသာ။
ေဂ်ာင္ကု အေဆာင္ထဲ ပတ္ပတ္လည္ကို ေလၽွာက္ပတ္ၾကည့္ရင္း နတ္သားမင္ကိုသာေစာင့္ေနလိုက္သည္။ထိုမၽွနဲ႔မၿပီး မၾကည့္ခဲ့ရသည့္ အေဆာင္အျပင္ကိုပါ လိုက္ၾကည့္ေနလိုက္သည္။ေစာေစာက မီးအႏၲရာယ္ၾကဳံခဲ့တာမို႔ အခုေတာ ဘာတစ္ခုမွ လိုက္မကိုင္ေတာ့ေပ။
"နတ္သားမင္တို႔ ေကာင္းကင္ဘုံက အရမ္းမိုက္တာပဲ !"
ေဂ်ာင္ကု ျမင္ကြင္းေရွ႕က အပင္ႀကီးကို မ်က္ႏွာတစ္ဆုံးေမာ့ၾကည့္ေနမိသည္။ပင္စည္က သာမန္ျမင္ဖူးေနက်ထက္ပိုၿပီးသက္တမ္းရွည္တာကို ျပေနသည္။ပန္းပြင့္ဆိုတာမရွိ သစ္ရြက္ေတြခ်ည္းဆိုေပမယ့္ ထိုအရြက္ေတြဟာ ပန္းႏုေရာင္ေတြခ်ည္းသာ။တလြင့္လြင့္လွုပ္ခပ္ေနၿပီး အရြက္ေလးေတြက ေညာင္ရြက္ပုံစံေလးေတြ။ဒီလိုအပင္မ်ိဳး ေဂ်ာင္ကု ပထမဆုံးျမင္ဖူးျခင္းသာ။
"ခ်ည္ႀကိဳးအနီေလးေတြကလည္း အမ်ားႀကီးပဲ ~ အာ မကိုင္မိေစနဲ႔ ~ ေတာ္ၾကာ မီးထပ္ေလာင္ရင္ ေကာင္းကင္ဘုံကေန ကန္ခ်ခံရလိမ့္မယ္~"
ေဂ်ာင္ကု ကိုယ့္စိတ္ကို အေတာ္ထိန္းရသည္။အရြက္ေလးေတြနဲ႔ ခ်ိတ္ဆက္ေနသည့္ အနီေရာင္၊အျဖဴေရာင္၊စသည့္ ခ်ည္ႀကိဳးေလးေတြက ပင္စည္ႏွင့္ထိ ကပ္လုမတက္ပင္။ကိုင္ၾကည့္ခ်င္ေပမယ့္ ႏွုတ္ကေန အလိုလိုသတိေပးေနရသည္။
ၾကာၾကာဆက္ေနလို႔မျဖစ္။မဟုတ္ရင္ ေဂ်ာင္ကုစိတ္နဲ႔ ဒီေကာင္းကင္ဘုံပါ မီးေလာင္လိမ့္မည္။အေတြးနဲ႔အတူ ေခါင္းတညိတ္ညိတ္ တစ္ခါခါလုပ္ကာ ေနာက္သို႔ျပန္လွည့္လာလိုက္သည္။ထိုစဥ္ သတိမထားမိသည္မို႔ က်ယ္ျပန့္တဲ့ ရင္ခြင္နဲ႔ ေဂ်ာင္ကုပခုံးေလးဟာ ထိပ္တိုက္ဆုံမိသည္။
ဘုတ္ !
"အင့္ !"
"ဘယ္သူလဲ ?"
မ်က္ဝန္းအိမ္ေတြက က်ယ္ၿပီး ရွည္ကာ စူးရဲသည္။စိမ္းရင့္ေရာင္ ဝတ္႐ုံျဖင့္ လက္ႏွစ္ဖက္ ေနာက္ပစ္ထားသည့္သူက လူႀကီးလို နတ္ဘုရားလားမသိ။ၾကည္လင္ကာ ခ်ိဳျမျမအသံက ေဂ်ာင္ကုနားထဲတြင္ မႏွစ္ၿမိဳ႕စရာ။ျဖဴဝင္းေသာ အသာရည္နဲ႔ လိုက္ဖက္စြာ ခန့္ညားေသာ္လည္း ေဂ်ာင္ကုစိတ္ထဲ ဘာကိုဘဝင္မက်မွန္းမသိ။
သဘာဝရဲ့ အေနာက္ဓာတ္ကေလးဆိုတာမ်ိဳးေပါ့ !
"သိခ်င္ရင္ စုံစမ္းၾကည့္ေလ ! ေမးတိုင္းေျဖစရာလား !"
ဇူးစ္ရဲ့ မ်က္ခုံးေတြ ပင့္တက္ကာ မသိမသာျပဳံးမိသြားသည္။တကယ့္ကို အေၾကာက္အလန့္မရွိတာပဲ ဒီကေလး။ကေလးမ်က္ႏွာေလးနဲ႔မွ မလိုက္ အေၾကာေလးက တင္းသည္။ဇူးစ္းအား ေပကပ္ကပ္ေလးၾကည့္က ရဲျပျပႏွုတ္ခမ္းေလးက စူထားေသးသည္။ပါးေလးေတြက ေဖာင္းအိေနၿပီး ငါးပူတင္းေလးလိုလို ဘာလိုလိုနဲ႔။ဇူးစ္ကိုလည္း သိမည့္ပုံမေပၚ။
"ဇူးစ္ ! အဲ့တာ ကၽြန္ေတာ့္ဗိမၼာန္ေဆာင္က အကူေလးပါ ~ ဘာျပသနာရွိလို႔လဲ ~ "
"အသစ္ေရာက္တာလား ~ မျမင္ဖူးလို႔ ~"
"ဟုတ္ပါတယ္ ~ အာ့ေၾကာင့္ အမွားျပဳမိရင္ နားလည္ေပးပါအုံး ~"
"ရပါတယ္ ~"
ဇူးစ္နဲ႔ ထိုကေလးရဲ့ အၾကည့္တို႔က ၿပိဳင္ေနသည္။တစ္ခြန္း တစ္ပါဒမွ မေျပာေပမယ့္ ထိုကေလးက ဇူးစ္ကို ဘဝင္မက်တာသိသာသည္။ၾကားထဲ နတ္သားမင္က ျဖတ္ဝင္ကာ ညႇိႏွိုင္းေတာ့ ဇူးစ္ရဲ့ ပုံရိပ္အတိုင္း ေအးေအးခ်မ္းခ်မ္းပဲ လက္ခံကာ ခြင့္လႊတ္ရမွာေပါ့။
ပုံမွန္ဆို ဇူးစ္ဟာ မ်က္ႏွာဖုံးအတိုင္းျပဳံးျပခဲ့ေပမယ့္ မထီမဲ့ျမင္ျပဳသူကို အလႊတ္ေတာ့ေပးခဲ့တာမဟုတ္။တစ္နည္းနည္းနဲ႔ ပညာေပးေပမယ့္ ဒီကေလးကိုေတာ့ ထိုသို႔စိတ္မ်ိဳးျဖင့္ ႀကံရြယ္စိတ္မရွိပါ။အမွန္ဆို ဇူးစ္ၾကဳံဖူးသမၽွထဲ ဒီေလာက္ ဇက္ဇက္ၾကဲတာ ပထမဆုံးမဟုတ္လား။
"ဒါဆို ခြင့္ျပဳပါအုံး ~"
"ဘယ္သူလဲ နတ္သားမင္ ~ "
"အဲ့တာ မိုးနတ္သား ဇူးစ္တဲ့ ~ ေရနတ္ဘုရားရဲ့ အေဖတူ အေမကြဲ အစ္ကို ~"
လွည့္ထြက္သြားတဲ့ အစိမ္းေရာင္ေက်ာျပင္အဆုံးမွာ ေဂ်ာင္ကုသိလိုရာေမးေတာ့သည္။တကယ္ပဲ ဒါက လူႀကီးရဲ့ အစ္ကိုေပါ့။ညီအစ္ကိုေတြ ႐ုပ္ေခ်ာၾကေပမယ့္ အက်င့္တူပုံမရ။လူႀကီးက အျမဲတည္တင္းေနေပမယ့္ ေျဖာက့္မတ္သည္။ဒီနတ္သားက် အျပဳံးလွလွေလးေပမယ့္ စိတ္ထဲတစ္ခုခုဖုံးကြယ္ထားသလိုပဲ။ၿပီးေတာ့ အၾကည့္ေတြ။အဲ့မ်က္ဝန္းေတြကို ေဂ်ာင္ကုမုန္းသည္။
"ကၽြန္ေတာ္ အဲ့နတ္သားအၾကည့္ေတြကို မႀကိဳက္ဘူး ~ "
"ေအး မင္းနဲ႔ ကိုယ္ အတူတူပဲ !"
တိုးဝင္ေနတဲ့ အသံေတြေၾကာင့္ ေလထုထဲ ေပ်ာက္ကြယ္ကာ ရွိေနဆဲအရိပ္ကျပဳံးသည္။တျဖည္းျဖည္း ျပန္ေပၚလာသည့္ အေငြ႕ဟာ အစိမ္းေရာင္ဝတ္႐ုံနဲ႔အတူ ထင္ဟပ္လာသည္။
ဇူးစ္က မသိပဲေနလိမ့္မလား။ဖခင္နဲ႔မတူတဲ့ ထိုကေလးက အမူအရာအရပါ မတူေပမယ့္ ဇူးစ္က မျမင္ဖူးစရာမရွိ။ကင္မ္ပုံသြင္းထားတဲ့ ကေလးက ဇူးစ္အတြက္ အမ်ားႀကီးအသုံးဝင္မွာ။ဇူးစ္က အထိခိုက္ခံပါ့မလား။
"အဟက္ ! မင္းဘယ္သူလဲ မသိရေအာင္ ဇူးစ္က သိပ္တုံးအ ေနတာမွ မဟုတ္တာ ~ ကင္မ္က သိပ္ကို သြက္ေနတာပဲ ~"
ပါးနပ္လြန္းတဲ့ ညီက သိျမင္မွာစိုးလို႔ ဒီလို ေခ်ာင္က်တဲ့ ဗိမၼာန္မွာ လာထားေသာ္လည္း ကံေကာင္းစြာ ဇူးစ္ေရွ႕ေရာက္လာခဲ့သည္။
စိတ္မေကာင္းစရာပဲ ဂၽြန္ေဂ်ာင္ကု !
မင္း မႏွစ္သက္ေပမယ့္ ကိုယ္ကေတာ့ မင္းနဲ႔ ကစားရအုံးမယ္ !
~~~~~~~~~~~~~~
"အဟမ္း ! အဟမ္း !"
"ေခ်ာင္းဆိုးရင္လည္း ေျခာက္ေပအကြာမွာ သြားဆိုး ~ ပိုးေတြ ကူးကုန္မယ္ ~"
ရင္းႏွီးေနတဲ့ ကိုယ့္သင္းနံ႔က ေလနဲ႔အတူ ပါလာသလို ေခ်ာင္းဟန့္သံက ကပ္လာတဲ့အခါ ေနာက္လွည့္မၾကည့္ဘဲ ခပ္ေအာင့္ေအာင့္ေျပာလိုက္သည္။မေက်နပ္လည္း မတတ္နိုင္။ဆူတုန္းက ဆူၿပီး ခုက် သူမဟုတ္တဲ့အတိုင္း လာေခၚေနတာမသိရင္ခက္မယ္။
ႀကိဳက္တာက ႀကိဳက္တာပဲ! ဒါမ်ိဳးေတာ့ ေခ်သင့္ေခ်ရမွာပဲေလ!
ေဂ်ာင္ကုတုန္းကလည္း ပက္ပက္စက္စက္အေခ်ခံရတာ!ရတုန္း အခြင့္ေရးေလးကိုလက္လႊတ္လို႔မရ!
"ကတိေပးထားတဲ့အတိုင္း ေလ့က်င့္ဖို႔ လာေခၚတာ ~"
"ေကာင္းပါၿပီ ေရနတ္ဘုရားႀကီး ~"
ဟန္လုပ္အျပဳံးလို႔ဆိုရမလား။ေဂ်ာင္ကုဟာ တစ္ဖက္သို႔လွည့္ကာ ေခါင္းညိတ္ရင္း ေရွ႕က အရင္ထြက္သြားလိုက္သည္။ဘယ္မွာေလ့က်င္းမွန္းေတာ့မသိ။ဒါမဲ့ ေမးလည္းမေမးခ်င္။ေတာ္ၾကာ ေဂ်ာင္ကုက ျပန္ေခၚခ်င္တယ္ဆိုၿပီး ထင္ေနမွာ။အဲ့ေတာ့ ဒီတိုင္းေယာင္လည္လည္ေပါ့။မေနနိုင္ရင့္ သူ႔ဘာသာ ေခၚ။
"အဲ့ ဘက္မဟုတ္ဘူး ! ဒီဘက္ လိုက္ခဲ့ !"
"ၿပီးၿပီဆိုေတာ့ ကၽြန္ေတာ္သြားလိုက္ပါအုံးမယ္ ~"
အသံတိတ္စစ္က ပိုျပင္းထန္တယ္တဲ့။ကင္မ္ တစ္ခါေလာက္ဆူလိုက္မိတာ ခုထိမၿပီးမစီးနိုင္။မေခၚမေျပာတဲ့အဆင့္မဟုတ္ေတာ့ဘဲ အေရးကိုမလုပ္တဲ့အဆင့္။ကင္မ့္ကို စိတ္ကိုမဝင္စားေတာ့တာ။စိတ္က်င့္စဥ္က်င့္ေတာ့လည္း ' ဟုတ္ၿပီ ' ' ေကာင္းပါၿပီ 'ကမတက္။ယဥ္ေက်းျပၿပီး တကယ့္ေရနတ္ဘုရားလို လာဆက္ဆံတာ။
လူ႔ျပည္က ကေလးေတြ အဲ့ေလာက္အမွတ္သည္းေျခႀကီးရသလား !
"အဟမ္း ေရာ့ !"
ကင္မ္က အကၤ်ီလက္ရွည္ရဲ့အတြင္းအိပ္ထဲကေန တစ္စုံတစ္ရာကို ထုတ္ေပးလိုက္သည္။ထိုအရာသည္က ပန္းေသးေသးေလးျဖစ္သည္။သာမန္ ျမင္ေနက်ပန္းမ်ိဳးမဟုတ္။ကင္မ့္ စြမ္းအားနဲ႔အတူ စိုက္ပ်ိဳးထားတဲ့ ေႂကြပန္းျဖစ္သည္။ၾကာပြင့္သ႑န္အလားတူၿပီး ပြင့္ဖက္မ်ားသည္ စမ္းေရကဲ့သို႔ ၾကည္လင္စိမ္းျမေနကာ ဝတ္ဆံတို႔သည္က နီရဲစိုရႊန္းေနသည္။ထိုပန္းငယ္အား ကင္မ္တစ္ညလုံးလုံး စိုက္ပ်ိဳးခဲ့ၿပီး ယူလာျခင္းသာ။
ထြက္သြားေတာ့မည့္ ဟာေလးက ကင္မ့္ကိုေရာ ပန္းကိုပါ တစ္ခ်က္ဆီမၽွသာ ၾကည့္သည္။ထူးဆန္းသည့္ အမူအရာမ်ိဳးမျပသလို တည္တန့္တန့္ကေလးသာ။မၾကာပါ တစ္ဖက္သို႔ ျပန္လည့္ရင္း...
"ကၽြန္ေတာ္ ပန္းမႀကိဳက္ဘူး ~ ပန္းႀကိဳက္တဲ့ ေရနတ္ဘုရားႀကီးရဲ့ နတ္သမီးကိုသာ ေပးလိုက္ပါ ~"
"စိတ္ေကာက္ေနတာ ဟုတ္သလား ?"
ဟုတ္တယ္ေလ။သိပ္ဟုတ္တာေပါ့။
သိသိရဲ့နဲ႔ လာေမးေနတယ္။ေခ်ာ့ရမွာကို ဘာလဲ ပန္းႀကီးေပးၿပီး။လုံးဝကို ရိုလို႔မရတာ။
ေဂ်ာင္ကု ပန္းေလးကိုႀကိဳက္သည္။တစ္ခါမွမျမင္ဖူးဘူးေလ။နဂိုတည္းက ပန္းေလးေတြကို ႏွစ္ၿခိဳက္သူမို႔ ဘာပန္းေနေန ႀကိဳက္ၿပီးသား။သို႔ေသာ္လူႀကီးကို အျမင္ကတ္လို႔ ေျပာခ်ပစ္လိုက္တာ။ဒီၾကားထဲ ဟိုနတ္သမီးဆိုလား စိတ္ထဲေရာက္လာေတာ့ သဝန္တိုစိတ္က ထိန္းမရျပန္။ထိုအခါ လူႀကီးက ေဂ်ာင္ကုကိုၾကည့္ရင္း သက္ျပင္းခ်လာကာ...
"ပန္းေပးတာမို႔ အရွုံးေပးတာပဲ ~ အဲ့တာေၾကာင့္ မႀကိဳက္လည္း လက္ခံေပး ဟုတ္သလား ~"
"အထက္စီးဆန္လိုက္တာ ~ ႐ူးေနလို႔ လက္ခံရမွာလား ~"
"ဒီေလာက္ပဲ တတ္နိုင္တယ္ ~ မရစ္နဲ႔ေတာ့ ~"
"ဟုတ္ကဲ့ ကၽြန္ေတာ္မ်ိဳးက အရမ္းကို အရစ္ရွည္မိသြားတယ္ ~ ဒါဆို နတ္သားမင္ ေစာင့္ေနလို႔ သြားလိုက္ပါအုံးမယ္ ~"
လက္ေလးႏွစ္ဖက္ကို အေရွ႕ကို စုၿပီး ခါးကိုင္းခ်ရင္း အရိုေသေပးသလိုလုပ္ကာ လွည့္ျပန္သြားသည့္သူေၾကာင့္ ကင္မ့္မွာ ဘာမွလုပ္ခ်ိန္မရလိုက္။
"ဘာလို႔ အဲ့ေလာက္ေတာင္ ခက္ရတာလဲ ~ "
အထက္စီးဆန္တယ္ဆိုပဲ !
ဒါကင္မ့္အတြက္ ပထမဆုံးႀကိဳးစားကာ ေတာင္းပန္ျခင္းေလ။ဘာကို ဘဝင္မက်ျဖစ္ေစသလဲ နားမလည္။တကယ္ပဲ လူေတြ႕ရဲ့ စိတ္က ခန့္မွန္းရသိပ္ကိုခက္သည္။အထူးသျဖင့္ေပါက္စ။ဒီေကာင္ေလး စိတ္ေက်နပ္ေအာင္ ဘာလုပ္ေပးရမလဲ တကယ္မသိေတာ့ေခ်။ေရရြတ္သံကလည္း တိုးလၽွိုေပ်ာက္ကြယ္သြားကာ ႀကံရာမရျဖစ္သြားရသည္။
"ဘာ အရွုံးေပးတယ္ ဟုတ္လား ~ အဲ့မ်က္ႏွာႀကီးက ဘယ္နားက အေလၽွာ့ေပးေနတာနဲ႔ တူလို႔လဲ ~ တစ္ခါေလာက္ျငင္းတာနဲ႔ ထပ္မေတာင္းပန္ဘဲနဲ႔မ်ား ~"
ခပ္ေဆာင့္ေဆာင့္ ေျခလွမ္းေတြက ျမန္ဆန္ေနသည္။ႏွာမွုတ္သံေလးနဲ႔အတူ မေခ်မငံထြက္က်လာသည့္ စကားစုေလးေတြနဲ႔ လွုပ္လီလွုပ္လဲ့ျဖစ္ေနသည့္ ႏွုတ္ခမ္းပါးတို႔က စုခၽြန္ခၽြန္။
ေနာက္ကလိုက္လာပါလား။ထားခဲ့တာနဲ႔ ေရွ႕ကိုေရာက္မလာဘူး။ဝီရိယက မရွိခ်က္။ပန္းေလးတစ္ပြင့္ေပးၿပီး စကားစုတစ္စုေလာက္နဲ႔ကို ေဂ်ာင္ကုက ေက်နပ္ရမယ္ေပါ့။႐ူးေနလား။ထိုတင္မဟုတ္ ေအးစက္စက္မ်က္ႏွာႀကီးက ဘယ္နားကၾကည့္ၾကည့္ေတာင္းပန္ေနတာနဲ႔ကိုမတူ။တကယ္ခ်စ္လြန္းလို႔သာ။
မဟုတ္ရင္ ဒီလူႀကီးအေပၚ သတ္မွတ္ခ်က္က လုံးဝသုံညပဲ !
မေခ်ာ့တတ္တဲ့ ဘဲႀကီးေတြေတာ့ ေဝးေဝးေရွာင္ပဲ !
"မေကာင္းတဲ့ နတ္ဘုရား !"
~~~~~~~~~~~~
ေျခာက္ကပ္သည္။တိတ္ဆိတ္သည္။ေအးေဆး ၿငိမ္သက္သည္။ဒါဟာ တစ္ခ်ိန္ကလိုခ်င္ခဲ့တဲ့ အေျခအေနပါပဲ။သို႔ေသာ္ ယခုမူ ကြဲျပားျခင္းေတြ ေပၚထြက္လာကာ လိုအပ္ခ်က္ေတြ စုျပဳံလာသည္။ခပ္ဆာဆာအသံေလးနဲ႔အတူ ခၽြဲတတ္သည့္ အသံေလးအား မၾကားရသည့္အခါ၊လိုတာမရလၽွင္ ဆူပုတ္ေနတတ္သည့္ ရွစ္ေခါက္ခ်ိဳးမ်က္ႏွာေလးအား မျမင္ရသည့္အခါ၊အၿငိမ္မေန တကဲကဲနဲ႔ျပာယာခက္ေနသည့္ အျပဳအမူေလးေတြမျမက္ရသည့္အခါ ဘဝင္မက်မွုေတြႀကီးစိုးလာသည္။
သတိရသည္။လြမ္းသည္လို႔ ဝန္မခံခ်င္ေပမယ့္ အမွန္တရားတစ္ခုသာ ျဖစ္ေနသည္။ကိုယ့္အေပၚ အလိုမက်ကာ အေဝးထြက္သြားမွာမ်ိဳး မလိုခ်င္။ကိုယ့္ထက္ပိုၿပီး အျခားသူကို အားကိုးကာ ခင္တြယ္သြားမွာမ်ိဳးလည္း မလိုခ်င္။အတၱႀကီးသူ ေလာဘႀကီးသူတစ္ေယာက္မဟုတ္ေသာ္ျငား ထိုကေလးနဲ႔ ပတ္သတ္လာလၽွင္ေတာ့ တစ္စ တစ္စ ကိန္းဝပ္လာကာ ထုထည္သည္ ႀကီးမားလာၿပီျဖစ္သည္။
"ဟိုကေလး ဘယ္မလဲ ?"
"အေနာက္ဥယ်ာဥ္ထဲမွာ အလုပ္ရွုပ္ေနေလရဲ့ ~"
မေနနိုင္မိတဲ့အဆုံး ကင္မ္ဟာ ထိုကေလးရွိရာသို႔သာ ေျခဦးတည့္မိလာသည္။တစ္ခါတစ္ေလ ေတြးမိသည္က ကင္မ့္ရဲ့ လက္တစ္ကမ္းမွာ ထားေနျခင္းသည္ ကိုယ့္ကိုယ္ကို အျပစ္ေပးျခင္းမ်ားသလားလို႔ပင္။
ကင္မ္ဟာ ဟန္မေဆာင္နိုင္စြာ ဦးတည္ေမးမိေတာ့ မင္က ျပဳံးသည္။ကင္မ့္မ်က္ဝန္းမ်ားသည္ ထိုအျပဳံးကို တုံ႔မျပန္အား။မင့္အေနာက္တည့္တည့္ကို ေငးေမၽွာ္ၾကည့္ေနမိသည္။တရိပ္ရိပ္နဲ႔ တိုးဝင္လာသည့္ အနီေရာင္ပုံရိပ္ေလးကို ျမင္သည့္အခါ ကင္မ့္အၾကည့္တို႔သည္ ေပ်ာ့ေပ်ာင္းသြားသည္။
"နတ္သားမင္ ! နတ္သားမင္ ! ဒီမွာ ကၽြန္ေတာ္လုပ္ထားတဲ့ ပန္းသရဖူေလး !"
"ဒါလည္း ေဂ်ာင္ကုက လုပ္တတ္တယ္ေပါ့ ~"
"ဟီး ! ေမေမသင္ေပးထားတာ ! ပန္းေလးေတြကလည္း ခ်စ္စရာေလးေလ !"
ကင္မ့္ကို ေတြ႕ရဲ့သားနဲ႔ မသိခ်င္ေယာင္ေဆာင္ကာ မင္နဲ႔သာ ကမၻာတည္ေနသည္။ၿပီးေတာ့ လက္ထဲရွိ အရာေလး။မ်ိဳးစုံေသာ အပြင့္ပန္းေလးေတြကို သီကုံးကာ သရဖူလို အဝိုင္းေလးလုပ္ထားသည္က ကင္မ့္အာ႐ုံကို ထပ္ဖမ္းစားသည္။
ကင္မ္ေပးတုန္းကက် မႀကိဳက္ပါဘူးတဲ့ !
အခုက် ခ်စ္စရာေလးဆိုၿပီး ဒီလိုဟာေတြထိပါလုပ္ေနတာ။ကင္မ့္ရင္ထဲ အတိုင္းဆမဲ့စြာ ပူလာသည္။ျပင္းထန္သည့္ လွိုင္းလုံးပုတ္ခတ္သံလို တဝုန္းဝုန္းထလာသည္။
သိလိုက္တာက ထိုေပါက္စဟာ ကင္မ္ေပးတဲ့ ေႂကြပန္းကို မလိုခ်င္၍သာ !
"ေျပာေတာ့ မႀကိဳက္ဘူးဆို ~"
ကင္မ္က ႀကိတ္မွိတ္တတ္သူမဟုတ္ပါ။မေက်နပ္လၽွင္ တည့္တိုးသာ ေျဖရွင္းတတ္သူမို႔ ေပါက္စ လက္ေကာက္ဝတ္အား ဆြဲကိုင္ကာ ေမးလိုက္သည္။ေလသံဟာ မာထန္တာမ်ိဳးမဟုတ္ေသာ္လည္း နဂိုရွိင္းကိုက တည္ေနတာမို႔ ကင္မ့္ကို မ်က္ေမွာင္က်ဳံ႕ၾကည့္လာကာ မည္သည္မွတုံ႔မျပန္။
"ေမးေနတယ္ေလ ! အႀကီးကေမးရင္ ျပန္ေျဖရမယ္မလား ! သိပ္ဆိုးေနေတာ့တာပဲ ဟုတ္သလား !"
"မေျဖဘူး ဆိုမွေတာ့ စကားမေျပာခ်င္လို႔ ~ ခုလည္း ဘာလာလုပ္ျပန္ၿပီလဲ ~"
"ကိုယ္သြားခ်င္တဲ့ ဘယ္ေနရာမဆို စိတ္ရွိသမၽွ သြားနိုင္တယ္ နားလည္သလား ~"
"သြားေပါ့ ဘာလုပ္ရမွာလဲ ?"
ႏွစ္ေယာက္သားက တစ္ေယာက္မွ အေၾကာမခံ။ေဂ်ာင္ကုက ကေလးမို႔ထားအုံး။မႀကီးမငယ္နဲ႔ သက္တမ္းေထာင္ခ်ီေနတဲ့နတ္ဘုရားကပါ ဘာထျဖစ္မွန္းမသိ။အဲ့လိုပုံစံနဲ႔ေတာ့ တည့္ပါလိမ့္မယ္ ႏွစ္ေယာက္သား။ကင္မ္ကလည္း ကင္မ္ပဲ။ကေလးကို အေလၽွာ့ေပးၿပီး ေခ်ာ့လိုက္ရင္ ၿပီးေနၿပီကို အဲ့လိုမဟုတ္။ခု ဟိုက ဥေပကၡာျပဳေတာ့ မေနတတ္။ကိုယ့္ ဒုကၡ ကိုယ္ရွာေနတာ။
မင္က ႏွစ္ေယာက္သားၾကားကေန သက္ျပင္းသာ အခါခါခ်ရင္း ဝင္ပါရေတာ့သည္။မဟုတ္ရင္ ရန္ပြဲက ဆက္လာမွာ။
"ေအာ္ ေဂ်ာင္ကု ဒီပန္းသရဖူေလးက ဘယ္သူ႔ကိုေပးမလို႔လဲ ~"
"အခုက အစမ္းေလ့က်င္းတုန္းပဲ ရွိေသးတာ ~ ေဖေဖနဲ႔ ေတြ႕ရင္ ေပးရေအာင္လို႔ေလ ~ ဒါမဲ့ ဒါေလးကိုေတာ့ နတ္သားမင္အတြက္ လက္ေဆာင္ေပးမယ္ေလ ~ ပိုတတ္သြားရင္ ေနာက္တစ္ခု ထပ္လုပ္ေပးမယ္ ~"
နတ္သားမင္ရဲ့ အသံၾကည္ၾကည္ေလးက တိုးဝင္လာေတာ့ ေဂ်ာင္ကုက လူႀကီးကို မ်က္ေစာင္းထိုးပစ္လိုက္သည္။တစ္ၿပိဳင္တည္းဆိုသလို နတ္သားမင္ဘက္ လွည့္သြားတဲ့ အျပဳံးေလးက ခ်စ္စဖြယ္အတိ။သေဘာေကာင္းလြန္းၿပီး အလိုလိုက္တတ္သည့္ နတ္သားမင္ရဲ့ ဦးေခါင္းထက္ ေဂ်ာင္ကုယူလာတဲ့ ပန္းသရဖူေလးကို အသာတင္ေပးလိုက္သည္။
"ဘယ္လိုလဲ ကိုယ္နဲ႔ လိုက္ရဲ့လား ?"
ျဖဴဝင္းေနေသာ အသားရည္နဲ႔ အၾကည္ဓာတ္ေလးက ေတာ္ေတာ္ေခ်ာသည္။ေဂ်ာင္ကုရဲ့ ပန္းသရဖူနဲ႔လည္း အင္မတန္ၾကည့္ေကာင္းသည္။ေဂ်ာင္ကု သေဘာတက်ျဖင့္ သြားတန္းျဖဴျဖဴေပၚသည္အထိ ရယ္ကာ လက္မေလးေထာင္ျပလိုက္သည္။
"အရမ္း လိုက္တယ္ဗ် ~"
"အဟမ္း !"
"မသြားေသးဘူးလား !"
ေခ်ာင္းတဟန့္ဟန့္နဲ႔သူေၾကာင့္ ေဂ်ာင္ကုက ျပဳံးေနရာမွ ေပကပ္ကပ္ေလးျပန္ၾကည့္ကာ ေျပာပစ္လိုက္သည္။ထိုအခါ လူႀကီးက နတ္သားမင္းဦးေခါင္းထက္ရွိ ပန္းသရဖူကို ေမးဆက္ကာ ညႊန္ျပလာလ်က္။
"ကိုယ့္အတြက္လည္း လုပ္ေပး ~ အဲ့ထက္ပိုလွေအာင္ ~"
"ဟြန့္ ေဝးေသး ! ေရနတ္ဘုရားရဲ့ နတ္သမီးလွလွေလးကိုပဲ သြားလုပ္ခိုင္းခ်ည္ !"
"ဘာရယ္ !"
"ကၽြန္ေတာ္က သိပ္စိတ္ညစ္စရာေကာင္းၿပီး ျပသနာရွာတဲ့ေကာင္မို႔ ႀကီးျမတ္လွတဲ့ ေရနတ္ဘုရားအတြက္ မလုပ္ေပးဝံ့လို႔ပါ !"
ဟားး ! ဒီေပါက္စ ခုထိ အၿငိဳးမေျပ။ကင္မ္ ေျပာလိုက္မိတဲ့စကားတစ္ခြန္းကို မွတ္ထားၿပီး သတိရတိုင္း ထည့္ေျပာေနတာ။ခုလည္း ထပ္ရြဲ႕သြားၿပီး ဥယ်ာဥ္ထဲ ျပန္ဝင္သြားျပန္ၿပီ။
ကင္မ္မေနနိုင္လို႔ လိုက္လာခဲ့မိကာမွ ႏွစ္ေယာက္သားၾကည္ႏူးေနတာမၿပီးနိုင္။ကင္မ္ကေတာ့ အပိုသူလိုျဖစ္သြားသည္။ဒါက ကင္မ့္ကို ခံျပင္းေစသည္။ကင္မ္က ဟိုးေမြးကတည္းက အေရးေပးခံရတဲ့သူျဖစ္ခဲ့တာ။ခု ဒီလိုဆက္ဆံခံရတာကို လုံးဝအသားမက်။တကယ္ပဲ ကင္မ္ ဝဋ္လည္ေလသလား။တစ္မိသားစုလုံးရဲ့ အခ်စ္ကို စုရထားတဲ့သူကို ကင္မ္က ဆူလိုက္မိတဲ့ အခု ကင္မ္ခံစားေနရသလို ေပါက္စက ခံစားသြားရမည္ေပါ့။
အဲ့ေန႔က ကင္မ္ေၾကာင့္ ဒီေပါက္စကေလး မ်က္ရည္က်ရသည္။ဒါဟာ ကင္မ့္အသည္းတို႔ မြေၾကသလို ခံစားရစသည္။တကယ္ပဲ ကင္မ္လြန္မိသြားတာ။ကင့္မ္ကို ယုံၿပီး လိုက္လာတဲ့ေပါက္စရဲ့ ခံစားခ်က္ကို ထည့္မတြက္မိခဲ့။ဒါ ကင္မ့္ရဲ့ မဟာအမွားႀကီးသာ။
ကင္မ္ ေတြေတြႀကီးရပ္ေနမိကာ သုံးသပ္ေနမိသည္။ကင္မ့္ေရွ႕က အျဖဴေရာင္အရိပ္ေလး ႐ုတ္ခ်ည္းေရြးလ်ားသြားသည့္အခါ ကင္မ္ရဲ့ မသိစိတ္က အလိုလိုျပဳလိုက္မိသည့္ အရာတစ္ခု။
"ဘာလုပ္တာလဲ ကင္မ္ !"
"နည္းနည္းေလးမွ ၾကည့္မေကာင္းဘူး မင္ ! ငါ ယူလိုက္မယ္ ဟုတ္သလား !"
ဟုတ္ပါရဲ့။ကင္မ့္ဘဝတစ္ေလၽွာက္ ပထမဆုံးအႀကိမ္ျပဳလုပ္ျခင္း။ဒါဟာ သူမ်ားအပိုင္ကို လုယူျခင္းသာ။ကင္မ့္အတြက္ မဟုတ္တာေတာင္ ကင္မ္ဟာ လိုခ်င္တပ္မက္ပါသည္။ဒီလူသားရဲ့ ဦးစားေပးအျဖစ္သာ ရွိေနခဲ့ခ်င္တာမို႔ ဒီလူသားက သူ႔ကို မေရြးခ်ယ္ခဲ့သည့္အခါ ကင္မ့္ဟာ ေလာဘတက္လာမိသည္။
ကင္မ့္ကို ခ်စ္တယ္လို႔ဖြင့္ေျပာၿပီး ကင္မ့္ႏွုတ္ဖ်ားက ျငင္းခဲ့သူကို ကင္မ္ဟာ ပိုင္ဆိုင္လာခ်င္မိသည္။
"မ ထိ နဲ႔ !"
ကတၱီပါသား အနီရဲရဲထက္ တင့္တယ္စြာ ခစားေနသည့္အရာ။စိန္ ပတၱျမားစသည့္ အဖိုးတန္ ေက်ာက္ျမတ္ရတနာမဟုတ္ပါဘဲ သာမန္ပန္းပြင့္ေလးတို႔ျဖင့္ ဖန္တီးထားသည့္ မေသမသပ္ သရဖူေလး။
ဝုန္း!
သန့္ရွင္းေရးျပဳလုပ္ေနသူဟာ ထိုအရာအား ထိေတြ႕လုဆဲဆဲမွာပင္ က်ယ္ေလာင္ကာ ခက္ထန္သည့္ အသံက ဟိန္းထြက္လာသည္။တစ္ၿပိဳင္နက္တည္းဆိုသလို လြင့္ထြက္သြားသည္ ကိုယ္ဟာ ၾကမ္းျပင္တြင္ ပက္လက္လန္လ်က္။အတြင္းအားအခ်ိဳ႕
တိုက္ခိုက္ခံလိုက္ရသည့္ ထိုသူသည့္ ခ်က္ခ်င္းကုန္းထလာကာ ဒူးေထာက္အရိုအေသေပးလာသည္။
"ကၽြန္ေတာ္မ်ိဳး ဘာအမွားမ်ား ျပဳမိလို႔ပါသလဲ ေရနတ္ဘုရား ?"
"အဲ့ဒီပစၥည္းကို ထပ္ထိရင္ လက္ကို ျဖတ္ပစ္မယ္ ! "
အေမးနဲ႔အေၿဖ လြဲမွားစြာထြက္လာသည္။ရာထူးအရ ႀကီးသူမို႔ ျပန္ေျပာဖို႔မရဲ။သူသည္ ထိုပစၥည္းအား ထိပင္ မထိရေသးသည္တိုင္ ေရနတ္ဘုရားက ေဒါသႀကီးစြာတုံ႔ျပန္လာတာ။ဒါဟာ သူ႔အမွားမဟုတ္ေသာ္ျငား ေရနတ္ဘုရားရဲ့ တန္ဖိုးထားရာကို မေမးမျမန္းဘဲ ျပဳမူမိသည္မို႔ ေစာဒက တက္ခြင့္မရွိပါ။ထိုအတိုင္းသာ တေရြ႕ေရြ႕ေနာက္ဆုတ္ရင္း ျပန္ထြက္လာလိုက္သည္။
"က်စ္ ! ေႂကြကုန္ၿပီကြာ !"
တည္ျမဲျခင္း သေဘာမို႔ ပန္းပြင့္ငယ္တို႔ဟာ အခ်ိန္တစ္ခု သူ႔ရဲ့သက္တမ္းကုန္လြန္လာတဲ့အခါ ႏြမ္းပါးရစျမဲ။ပြင့္ဖက္တို႔ဟာ တစ္လႊာ ႏွစ္လႊာမၽွ ေႂကြလာသလို ဝါညိဳညိဳအေရာင္သို႔ ကူးေျပာင္လာသည့္အခါ ကင္မ္က မထိရက္မကိုင္ရက္ျဖစ္စြာ ေရရြက္သည္။
ကင္မ္သည္ ပန္းတို႔ကို အသက္ျပန္သြင္းနိုင္သည္အထိ မစြမ္းေဆာင္နိုင္ေပ။သို႔ေသာ္ ပန္းတိုင္းျပည္ရွိ နတ္သမီးေတြေတာ့ တတ္နိုင္သည္။ထို႔ေၾကာင့္ ဒီပန္းေလးေတြ မေျခာက္ေသြ႕ခင္ေတာ့ အသက္ျပန္သြင္းရမည္သာ။
"သူမကို အကူညီေတာင္းရမယ္ ~"
~~~~~~~~~~~~~
အခ်ိန္တစ္ခုထိ ၾကာေညာင္းလာခဲ့သည္။လူ႔ျပည္သက္တမ္းအရ ႏွစ္အခ်ိဳ႕ကုန္လြန္လာခဲ့ေသာ္လည္း ေကာင္းကင္ဘုံတြင္ေတာ့ ရက္ပိုင္းမၽွသာ။ေကာင္းကင္ဘုံတြင္ စည္းမ်ဥ္းအရ ေနထိုင္ေနသည့္ လူသားသည္လည္း လူ႔ျပည္သက္တမ္း ရပ္တန့္ကုန္ကာ ေနထိုင္ရာ ေကာင္းကင္ဘုံရဲ့ ႏွုန္းအတိုင္း လည္ပတ္ေနသည္။
ထို႔အတူ နတ္သားစင္စစ္မဟုတ္သည့္အျပင္ ထူးျခားသည့္ အတြင္းဓာတ္အားက အခ်ိန္နဲ႔အမၽွ ေဖာက္ျပန္လာသည္အခါ ေမ့ေမ်ာလုမတက္ နာက်င္ပူေလာင္ေဝဒနာကို ခံစားလာရသည္။
"အင့္ ပူတယ္ ~ "
အစိတ္အပိုင္း တစ္ခုခ်င္းစီအား မီးၿမိဳက္သကဲ့သို႔ တေျမ့ေျမ့ေလာင္ကၽြမ္းကာ ပူေလာင္လာသည္။ေသြးေၾကာေတြေပါက္ထြက္ကာ အသားစေတြထဲအထိ တစ္ဆစ္ဆစ္နာက်င္လြန္းလွသည္။လူးလွိမ့္ေနမိလ်က္ လည္ေခ်ာင္းေပါက္ကြဲမတက္ ေဝဒနာျပင္းကို ခံစားေနရသည္။သတ္ပစ္လိုက္ပါဟု ေျပာရေလာက္တဲ့အထိ ျပင္းထန္သည္။
"ေရ ! ေရ ေပးပါ ~ လူႀကီး~"
ေဂ်ာင္ကု အသံပင္မထြက္နိုင္ေတာ့သလို ေျမ့ေျမ့ကေလးသာ လွုပ္ရွားနိုင္ေတာ့သည္။မ်က္ရည္မ်ားကအစ ပူေလာင္ကာ မ်က္ဝန္းေထာင့္မွ စီးဆင္းလာသည္။ပိတ္က်လုမတက္ မ်က္ဝန္းေတြက အေရာင္ေဖ်ာ့ေဖ်ာ့။ခုခ်ိန္ေတာင္းဆိုမိသည္က တစ္ဦးတည္းေသာ အားကိုးရာပင္။
"ေပါက္စ ! ကေလးေလး !"
"ကင္မ္ ! "
ကင္မ့္ဦးတည္ရာသည္ ကုတင္က်ယ္ႀကီးထက္ ပက္လက္ေလးျဖစ္ေနသည့္ အနီေရာင္ကိုယ္ငယ္ေလးဆီသာ။ေဘးတြင္ဝင္ထိုင္ရင္း ေသြးေရာင္ေဖ်ာ့ေနသည့္ လက္ကေလးအား ယူကာ ေသြးေၾကာစမ္းလိုက္သည္။ထို႔ေနာက္ေခၽြးေစးတို႔သာမက မ်က္ရည္မ်ား ခိုကပ္ေနသည့္ မ်က္ႏွာဥဥကို ခပ္ဖြဖြေလးထိေတြ႕မိသည္။အတင္းကာေရာ ေအာက္ႏွုတ္ခမ္းပါးအား ဖိႀကိတ္ထားကာ ေတာင့္ခံေနသည္။တစ္စက္စက္တုန္ယင္ေနသည့္ မ်က္ခမ္းစပ္ေတြက ရဲေတာက္ေနလ်က္။
"လူႀကီး ~ ကၽြန္ေတာ့္ တစ္ကိုယ္လုံး ပူတယ္ ~ ေပ်ာက္ေအာင္လုပ္ေပးပါ ~ အင့္ !"
ကင္မ္ဟာ ထိုေတာင္းဆိုသံ ပ်ပ်ေၾကာင့္ တစ္ကိုယ္လုံးဖိန္းတိန္းရွိန္းတိန္းျဖစ္သြားရသည္။ထပ္တူ ထပ္မၽွခံစားျခင္းဆိုသည့္ အရာကိုပါ တစ္ပါတည္းခံစားလိုက္ရသည့္အခါ ေဝဒနာခံစားေနရသည့္ ကေလးရဲ့ နဖူးျပင္ထက္ ကင့္မ္ဘယ္ဘက္လက္ဖဝါးကို ထပ္ကာ မ်က္ဝန္းတို႔မွိတ္ခ်လိုက္သည္။
"ေကာင္းသြားမွာေနာ္ ~ ကိုယ့္ကိုယုံတယ္မလား ~"
"တစ္ဆစ္ဆစ္နဲ႔ စပ္ဖ်င္းေနတယ္ ~ ၿပီး ၿပီးေတာ့ မီးေလာင္ေနသလိုမ်ိဳး ~ ေၾကာက္ ေၾကာက္တယ္ လူႀကီး ~"
"ကိုယ္ရွိတယ္ ~ ကိုယ္ရွိတာမို႔ ကေလးေလးက ဘာမွမျဖစ္ေစရဘူး ~ "
ေအးစက္စက္ ေရလွိုင္းကေလး စီးဝင္လာသလို ေဂ်ာင္ကုခံစားလိုက္ရသည္။လူႀကီး လက္ဖဝါးဖယ္သြားသည့္အခါ ေဂ်ာင္ကုရဲ့ အပူဟာလည္း သိသိသာသာေလ်ာ့ပါးသြားသည္က ေသခ်ာသည္။လူႀကီးက ေဂ်ာင္ကုအား ႏူးညံ့စြာ ၾကည့္ရင္း ဆံသားေတြကို တဖြဖြပြတ္သပ္ေပးသည္။မိခင္က ကေလးကို ေစာင့္ေရွာက္ေပးသလိုခံစားရသည္။
တစ္ၿပိဳင္တည္း သတိရမိသည္က က်န္ခဲ့သည့္ ေမေမ။ေဂ်ာင္ကုေနမေကာင္းတိုင္း ေမေမက တစ္ဖဝါးမခြါပဲ ဂ႐ုစိုက္ေပးသည္။အရာေသးေသးေလးက အစ ကိုယ္တိုင္စီစဥ္ေပးကာ ဂ်ီက်သမၽွကို နားေထာင္ေပးရင္း ျဖည့္ဆည္းေပးသည္။နာက်င္မွုေၾကာင့္မဟုတ္ဘဲ ေဂ်ာင္ကုမ်က္ေတာင္ေတြစိုစြတ္လာသည့္အခါ...
"ေမေမ့ကို လြမ္းတယ္ ~ ဖိုးဖိုးကိုေရာလြမ္းတယ္ လူႀကီး ~"
"ျပန္ခ်င္လို႔လား ~"
"ေဖေဖနဲ႔လည္း ေတြ႕ခ်င္ေသးတယ္ ~ ၿပီးေတာ့ လူႀကီးနဲ႔လည္း မခြဲနိုင္ဘူး ~ ဟင့္ အင့္ !"
"မငိုရဘူးေလကြာ ~ ေမာေနမွာေပါ့ ~ အိပ္လိုက္အုံးေနာ္ လိမၼာတယ္မလား ကေလးေလးက ~ "
ေခါင္းေလး ခပ္ျဖည္းျဖည္းညိတ္လာသည့္ ေပါက္စက ဟန္မေဆာင္နိုင္ေအာင္ ဝမ္းနည္းပက္လက္ငိုေနရွာသည္။ကင္မ္ဟာ မေခၚလာသင့္မွန္းသိေပမယ့္ ဘာေၾကာင့္ရယ္မသိ အနားမွားထားေနမိသည္။ကင္မ့္ေၾကာင့္ ေပါက္စ အခုလိုခံစားေနရေပမယ့္ တစ္ကိုယ္ေကာင္းဆန္စြာ ဆက္ထားေနမိသည္။
ကင္မ္ကို တစ္သက္လုံးမခြဲနိုင္ရင္ သိပ္ေကာင္းမွာပဲ ဆိုသည့္ အေတြးမ်ိဳးဝင္မိသည္အထိပင္။
"အိပ္ရာနိုးရင္ ေနရာတစ္ခုဆီ ေခၚသြားေပးမယ္ ~ ေကာင္းကင္ဘုံမွာ အဲ့ေနရာက အလွဆုံးပဲ ~ အိပ္လိုက္ေနာ္ ~"
"ကတိ !"
"အင္း ~ ကတိ ~"
လက္မကေလးထုတ္လာသည့္အခါ ကင္မ္က အလိုက် ထပ္တူက်ေပးရသည္။ဒါဟာ ေပါက္စရဲ့ ခ်စ္စရာအျပဳအမူေလးေတြထဲက တစ္ခုျဖစ္သည္။မ်က္ဝန္းမ်ားမွိတ္ခ်က ႏွုတ္ခမ္းေထာင့္ေလးေတြ တြန့္ခ်ိဳးသြားသည့္အခါမွ ကင္မ္ သက္ျပင္းခ်နိုင္ခဲ့သည္။
"လူႀကီး ေပါင္ေပၚမွာ အိပ္ခ်င္တာ ~"
"ကိုယ္ရွိေနတာမို႔ စိတ္ခ်လက္ခ် အနားယူလိုက္ေနာ္ ~ အရမ္းပင္ပန္းေနၿပီ မဟုတ္လား~"
ေၾကာက္ရြံ႕ေနသည့္ကေလးက ကင္မ္ထြက္သြားမည္ကိုပါ စိုးရိမ္ေနရွာသည္။ကင္မ့္ လက္ကို က်စ္ေနေအာင္ ဆုပ္ကိုင္ထားၿပီး ကင္မ့္ေပါင္ေပၚ ေခါင္းလုံးေလး ေျပာင္းတင္လာသည္။ထိုမၽွမၿပီး ကင္မ့္ရဲ့ေနာက္လက္တစ္ဖက္ကိုပါ ဆြဲယူကာ ဆံပင္ေတြေပၚတင္ေပးလာသည္။ပြတ္ေပးပါဆိုသည့္သေဘာမို႔ ကင္မ့္လက္ေခ်ာင္းသြယ္တို႔ လွုပ္ရွားေနလိုက္သည္။
ကင္မ္မရွိတဲ့အခ်ိန္ ေဝဒနာထပ္ခံစားရမည္ကို စိုးေနသည့္ကေလးက မၾကာလိုက္ အသက္ရွူသံမၽွင္းမၽွင္းကေလးျဖင့္ အိပ္ေမာက်သြားသည္။ထိုအခါ အနားရွိဆဲမင္က ကင္မ့္ကို ၾကည့္လာသည္။
"ကင္မ္ ! ၾကာၾကာေနဖို႔ မသင့္ေတာ့ဘူး ! ကိုယ္ထဲက ယန္ဓာတ္က ေဖာက္လြဲေဖာက္ျပန္ျဖစ္လာၿပီ !"
"မဟုတ္ဘူး မင္ ! အဲ့တာ ဇာမနီဝိဉာည္စက ျဖစ္ေနတာ !"
"ဘယ္လို !"
ကင္မ္က ေဂ်ာင္ကုနဲ႔ပက္သတ္ၿပီး အစဆုံးသိ႐ုံမက အတြင္းအားအထိပါသိေနသည္။မင့္ရဲ့ အေပၚယံအျမင္အရ ယန္ဓာတ္လို႔ ထင္ခဲ့မိေပမယ့္ မဟုတ္ခဲ့။ကင္မ္သိေနသည့္အတိုင္းအတာတစ္ခုကို မင္ဟာ လိုက္မမွီခဲ့ပါ။ဒါေၾကာင့္ ေဂ်ာင္ကု စ ျဖစ္ျဖစ္ခ်င္း မင္ တတ္သေလာက္ ထိန္းေပမယ့္ အရာမထင္ခဲ့။ကင္မ္နဲ႔သာ အဆင္ေျပတာ။ကင္မ္ဟာ ဒီကေလးရဲ့ ကိုယ္ကို တစ္ခုခု ေျပာင္းလဲထားၿပီးၿပီဆိုတာေတာ့ ေသခ်ာသည္။
"ကင္မ္ မင္း တစ္ခုခု လုပ္ၿပီးၿပီမလား ?"
"ေပါက္စကိုယ္ထဲမွာ အစထဲက ယန္ဓာတ္အားေကာင္းၿပီးသားမို႔ ဒီေနရာမွာ ေနနိုင္တာ မင္ ~ ဒါမယ့္ ကိုယ္ထဲက ဝိဉာည္စကို အားနည္းေအာင္လို႔ ငါ ယင္ဓာတ္နဲ႔ ထိန္းထားလိုက္တာ ~ အဲ့တာေၾကာင့္ ဝိဉာည္စက ယင္ဓာတ္ကို မခံနိုင္လို႔ ထိုးထြက္ဖို႔ လုပ္ေနတာ ~"
"ယန္ဓာတ္နဲ႔မတည့္ဆုံးက ယင္ဓာတ္ေလ ကင္မ္ရာ ~ ခု ဒီကေလးခံစားေနရၿပီမလား ~"
မင္ အားပ်က္စြာ ေရရြတ္လိုက္မိသည္။ယန္ဓာတ္ရွိတဲ့ ကိုယ္ထဲ ယင္ဓာတ္ထည့္သည္တဲ့။ဒါ ဒီကေလးကို သတ္ေနတာနဲ႔ အတူတူပဲ မဟုတ္လား။ကင္မ္ ဘာေတြလုပ္ေနပါလိမ့္ !
မင္ ကင္မ့္ကို ေတြေဝစြာၾကည့္မိေတာ့ မမွားယြင္းသည့္ဟန္အတိုင္းသာ။ထို႔ေနာက္ ခပ္ေရးေလးေပၚေနသည့္ ေဂ်ာင္ကုရဲ့ လည္ဂုတ္ဆီအၾကည့္ေရာက္လာကာ...
"အမွတ္သားက ေျပာင္းၿပီးသြားၿပီ မင္ ~ အဲ့အမွတ္သားကို ဖုံးဖို႔ နည္းလမ္းက ဒါအျပင္မရွိဘူး ~ေပါက္စ နာက်င္ရမွာ သိေပမယ့္ ~ အဲ့ဝိဉာည္စ အားမႀကီးခင္ ဇီဝိန္ထပ္ခ်ဳပ္ေပးရမယ္ ~"
"ကင္မ္ ! မင္း ဘာေတြေတြးေနတာလဲ ! အဲ့ဝိဉာည္စ ဇီဝန္ခ်ဳပ္တာနဲ႔ ဒီကေလးကလည္း !"
ကင္မ္သိတယ္။ကင္မ္ သိပ္သိတာေပါ့။မင္ေတြးေနတာဟာ က်ဥ္းက်ဥ္းေလးပါ။ကင္မ္က အစအဆုံးကိုေတြးၿပီးသား။အဆိုးဆုံးအထိ ျမင္ၾကည့္ၿပီးသား။ဒီကေလးကို ဘယ္နည္းနဲ႔မဆို ကာကြယ္မွာ။ကင္မ့္ရဲ့ နည္းလမ္းက အႏၲရာယ္မ်ားေပမယ့္ မလုပ္လို႔လည္းမျဖစ္တာမို႔ ဆုံးျဖတ္ခဲ့ျခင္းသာ။
ကင္မ္ ေပါက္စမ်က္ႏွာရဲရဲေလးကို ေငးၾကည့္လိုက္သည္။ဘာမွမသိတဲ့ကေလးကို ဘယ္နည္းနဲ႔မွ အထိခိုက္မခံ။ေမြးဖြားလာတာ အျပစ္မဟုတ္တဲ့အတြက္ ဒီလိုအဆုံးသတ္ဆိုးေတြ ျဖစ္စရာမလို။ေသခ်ာေပါက္ အဆုံးထိရွင္သန္ရမွာေပါ့။မျဖစ္ ျဖစ္ေအာင္လည္း ကင္မ္လုပ္မွာ!
"ငါ့မွာ နည္းလမ္းရွိတယ္ ~ ငါ ေပါက္စကို ဘယ္လိုနည္းနဲ႔မဆို ကာကြယ္ေပးမွာ ~"
"အဲ့ေလာက္ခ်စ္ေနရင္လည္း လက္ခံလိုက္ပါေတာ့လား ~"
"မင္း သိေနတာလား ?"
အံ့ဩစြာ လွည့္ၾကည့္လာသည့္ ကင္မ့္မ်က္ဝန္းေတြက ႏူးညံ့ေနသလို ရွက္စိတ္လည္း ကိန္းဝပ္ေနတာ သိသာသည္။မင္က အသာေခါင္းညိတ္ေတာ့ ၿငိမ္က်သြားသည္။ရွက္ေနမွာေပါ့။တစ္ခ်ိန္က ေႂကြးေၾကာ္ခဲ့တာလည္း ကင္မ္ပါပဲေလ။အခုေတာ့ ေျပာင္းျပန္ဆိုေတာ့ ဒီေရနတ္ဘုရားက မ်က္ႏွာမရဲပဲ ေနပါတာ့မလား။
မင္ ကိုယ္တိုင္လည္း အစက သေဘာမက်ပါ။လူသားနဲ႔ နတ္ဘုရားဆိုတာ ေတြးၾကည့္လိုပင္မရ။သို႔ေသာ္ ေမတၱာက ဆန္းၾကယ္တယ္မဟုတ္လား။မင္ လက္မခံလို႔မရေတာ့။
ထို႔အတူ အတူေနလာသည့္အခါ ျမင္ေနေတြ႕ေနခံစားေနရသည့္ ထိုကေလးရဲ့ စိတ္ကေလးေၾကာင့္ မင္ မတားဝံ့ေတာ့ပါ။
"ဂၽြန္ေဂ်ာင္ကုက တကယ့္ ပါရမီရွင္ပါပဲကြာ ! သုံးေလာကရဲ့ အလွဆုံးပန္းနတ္သမီးကို ေက်ာ္ၿပီး ေရနတ္ဘုရားႀကီးရဲ့ ႏွလုံးသားကို သိမ္းပိုက္ပစ္တာ !"
"အဟြန္း !"
ျပဳံးစစမ်က္ႏွာနဲ႔ စေနာက္သည့္အခါ ဟြန္းခနဲ ရယ္သံ အက္ရွရွ။ဆြဲေဆာင္မွုရွိသည္ထက္ပိုသည့္အၾကည့္တို႔က အိပ္ေပ်ာ္ေနသူထံ က်ေရာက္လာၿပီးေနာက္ ခပ္တိုးတိုးေရရြက္လိုက္သည္....
"လက္နက္ေတာင္ မလိုဘဲ ဒီကင္မ္ဆာပီရန္က က်ဆုံးသြားတာ !"
To be continued...
___________________
Thanks for reading >> ⭐️ <<
Feedback please 💌
ေရွ႕တစ္ပိုင္းမွာ အတာ ေမးထားတာေလးကို အခု သဲလြန္စ ခ်ျပလိုက္ပါၿပီ။
ကင္မ့္ကာရိုက္တာကို ဆက္ညႊန္းရင္ မထင္ထားေလာက္ေအာင္ကို တစ္ကိုယ္ေကာင္းဆန္ပါတယ္။အခုပိုင္းမွာ အနည္းငယ္ျမင္မိမယ္ထင္တယ္။ေဂ်ာင္ကုကို သူ႔အေဖနဲ႔ေတြ႕ေပးဖို႔ထက္ အနားမွာထားခ်င္ေနတာ။က်န္ေနခဲ့တဲ့ ေဂ်ာင္ကုေမေမနဲ႔ဖိုးဖိုးတို႔ရဲ့ ခံစားခ်က္ကို လုံးဝထည့္မေတြးတဲ့အထိ။