My happiness(Completed)

By lary2532000

176 7 3

အလင်းနှစ်+ထိပ်တန်းချီ🌻💛 More

My happiness... Part -1 Unicode
My happiness... Part-1 Zawgyi
My happiness... Part-2 Unicode
My happiness... Part-2 Zawgyi
My happiness... Part-3 Unicode
My happiness... Part-4(The end) Unicode
My happiness... Part-4(The end) Zawgyi

My happiness... Part-3 Zawgyi

9 0 0
By lary2532000

ဒီမနက် ငါ အိပ်ရာ‌ နိုးလာတော့ ငါ့ ကောင်လေးက ငါ့ အနားမှာ ရှိမနေခဲ့ဘူး။သူက စာကြည့်စားပွဲမှာ ထိုင်နေပြီး အိမ်စာတွေ လုပ်နေခဲ့တယ်။အဲဒီ အချိန်မှာ ငါ သတိထားမိသွားတာက ငါ့
ကောင်လေးက ငါ့လို စာညံ့တဲ့ ကျောင်းသား မဟုတ်လောက်ဘူး ဆိုတာ‌ပဲ။

"ထိပ်တန်းချီ၊မင်းက စာတော်တာလား"

ငါ မေး‌လိုက်တော့ သူက ငါ့ဘက်ကို လှည့်ပြီး မျက်လုံး တစ်ဖက် မှိတ်ပြလာတယ်။

"ငါ ကြိုးစားနေတာ"

သူ့ အဖြေက ငါ့လို ဉာဏ်ရည်နိမ့်တဲ့ သူအတွက်တော့ ခေါင်းရှုပ်စရာပဲ။

"ဘာလို့လဲ"

ငါ မေးတော့ သူက ပြုံးတယ်။

"မင်း လိုချင်သမျှ ဖြည့်ဆည်းဖို့ဆို ငါက အရာရာမှာ တော်နေမှ ရမယ်"

သူ့ စကားကြောင့် ငါ ဝမ်းနည်းမိသွားတယ်။တကယ်တော့ ငါ သူ့ကို အရမ်းကြီး မမှီခိုချင်ဘူး။သူ ပင်ပန်းပြီး ငါ့ဆီက ထွက်ပြေးသွားမှာ စိုးတယ်။ငါ့ အဖေလိုမျိုးပေါ့။

"ငါ့ အတွက်ချည်း မဟုတ်ဘဲ၊မင်းအတွက်လည်း ရှင်သန်ပါဦး"

ငါ ပြောတော့ သူ့ မျက်နှာလေး ညှိုးကျသွားတယ်။အဲဒီအချိန်မှာ ငါ သိလိုက်တာက ငါ ထပ်ပြီး စကား မှားပြန်ပြီဆိုတာပဲ။ဒါပေမဲ့ သူက အရင်တစ်ခါလို အခန်းအပြင် မထွက်သွားဘူး။စာကြည့်စားပွဲကနေ ငါ ရှိတဲ့ အိပ်ရာပေါ်ကို တန်းတန်းမတ်မတ် လျှောက်လာတယ်။ပြီးတော့ လှဲအိပ်နေတဲ့ ငါ့ကို ထူလိုက်ပြီး ဆိုတယ်။

"မင်းသာ ရှင်သန်နေရင် ငါကလည်း ရှင်သန်နေမှာပဲလေ၊နောက်ကို ခွဲခြားပြီး မပြောနဲ့"

သူ့ စကားဆုံးတော့ ငါ ပြုံးမိတယ်။သူက ငယ်သေးပေမဲ့ ငါ အားကိုးလို့ ရမဲ့ လူမျိုးဆိုတာ အသေအချာပဲ။ငါ သူနဲ့ နည်းနည်းလေးမှကို ခွဲမနေချင်တော့ဘူး။

                              🌻🌻🌻
                             
ပထမနှစ်ဝက် ဖြေပြီးတဲ့ အခါမှာတော့  ခွဲမနေချင်ဘူးဆိုတဲ့ ငါလည်း ခွဲနေရတော့ပါပဲ။ဘာလို့လဲဆိုတော့ ငါ့ ‌ကောင်လေးက အတန်းထဲမှာ အဆင့်တစ်ဖြစ်ပြီး ငါကတော့ နောက်ဆုံးက ရေမှ အဆင့်တစ်ဖြစ်နေလို့လေ။ဒါ့ကြောင့် သူက တန်းခွဲ (A) မှာ သွားနေရတော့တယ်။ငါကတော့ တန်းခွဲ (C) မှာပဲ ကိုယ်ပျောက်လူသားအဖြစ်နဲ့ ကျန်နေခဲ့ရပြန်တယ်။

သူကတော့ ငါ့ဆီကို အတန်းချိန်တွေမှာတောင် မယောင်မလည်နဲ့ ရောက်လာတတ်တယ်။အခုလည်း အင်္ဂလိပ် အချိန်ကြီးကို ငါတို့ အခန်းရှေ့မှာ ရောက်လာပြီး ငါ့ကို ကြည့်နေပြန်တယ်။ခဏကြာတော့ ဆရာမ ရိပ်မိသွားပြီး သူ့ကို ဆူတော့တာပဲ။သူကတော့ ဆရာမကို တောင်းပန်ပြီး ငါ့ကို တာ့တာပြကာ ခပ်မိုက်မိုက်စတိုင်လ်နဲ့ ထွက်သွားလေတော့တယ်။

အခြေအနေတွေကို သုံးသပ်ပြီးတာနဲ့ ငါ ဆုံးဖြတ်ချက် တစ်ခုကို အခိုင်အမာ ချလိုက်တယ်။ငါလည်း စာကြိုးစားပြီး တန်းခွဲ (A) ကို သွားနိုင်ရမယ်။ပြီးတော့ သူ့ အနားမှာ နေနိုင်ရမယ်။

                               🌻🌻🌻

နှစ်ပေါင်းများစွာ ညံ့ဖျင်းခဲ့တဲ့ ငါက အခုမှ အပတ်တကုပ်နဲ့ စာကြိုးစားနေရတာဟာ အသက်ရှူရ ခက်စေသလိုပဲ။ကျောင်းနဲ့ အိမ်မှာရော၊ကုန်စုံဆိုင် အထိ စာအုပ်နဲ့ မျက်လုံး ခွာချိန် မရခဲ့ဘူး။ငါ့ အတန်းပိုင်က ငါ့ကို ပြောတယ်။တန်းခွဲ (A) ကို သွားချင်ရင် အဆင့်တစ်ကနေ နှစ်ဆယ်အတွင်း ဝင်ရမယ်တဲ့။ဒါပေမဲ့ ငါ့ အနေအထားနဲ့ နှစ်ဆယ်အတွင်း ဝင်ဖို့ဆိုတာက ကောင်းကင်နဲ့ မြေပြင်လို ကွာဟနေခဲ့တယ်။ငါ တစ်ချိန်တည်းမှာပဲ သတိထားမိသွားတယ်။ငါနဲ့ ငါ့ကောင်လေးတို့ဟာ ကောင်းကင်နဲ့ မြေပြင်လိုပဲဆိုတာ။

ငါ ကုန်စုံဆိုင်ကနေ အိမ်ပြန်တော့ ငါ့ကောင်လေးက အရင်ကလိုပဲ ကင်းတဲမှာ ဆေးလိပ်သောက်ရင်း စောင့်နေခဲ့တယ်။သူ ငါ့ကို မြင်တော့ ဆေးလိပ်ကို မီးသတ်လိုက်ပြီး ငါ့ဆီကို အပြေးလာလေတယ်။သူ့ မျက်နှာချောချောက ဝင်းပနေပေမဲ့ ငါ့ မျက်နှာကတော့ မဲနေသလို ခံစားရတယ်။ဘာလို့လဲဆိုတော့ ငါက သူနဲ့ တစ်ခန်းထဲ နေရဖို့လောက်ထိ တော်မနေလို့ပဲ။နောက်ဆုံးကနေ ရှေ့ဆုံးရောက်ဖို့ဆိုတာ ရုပ်ရှင်တွေထဲကလို လွယ်မနေဘူးလေ။

"အလင်းနှစ်၊ငါတို့ နီးဖို့အတွက် မင်း ကြိုးစားနေစရာ မလိုပါဘူးကွာ၊ငါကပဲ ကြိုးစားမယ်"

ငါ့ကောင်လေးရဲ့ စကားက အဓိပ္ပါယ်တွေ အများကြီး ရှိနေသလိုပဲ။ဒါပေမဲ့ ငါ မစဉ်းစားနိုင်ခဲ့ဘူး။ငါက ဉာဏ်ရည်နိမ့်တယ်လေ။ဒါ့ကြောင့် သူ့ကို မျက်နှာသေနဲ့ ခေါင်းညိတ်ပြရုံပဲ တတ်နိုင်ခဲ့တယ်။သူကတော့ ထုံးစံအတိုင်း ငါ့ ပခုံးကို ဖက်ပြီး သူညည်းနေကျဖြစ်တဲ့ ကိုဇော်ပိုင်ရဲ့ "မင်းအတွက်ဆိုရင်" ဆိုတဲ့ သီချင်းကို ညည်းနေတော့တာပါပဲ။

                                🌻🌻🌻

ငါ ဒီညနေ ကျောင်းဆင်းတော့ ထုံးစံအတိုင်း ငါ့ကောင်လေးက ငါ့ကို ကျောင်းဂိတ်ပေါက်ဝက စောင့်တယ်။ဒါပေမဲ့ အရင်နေ့တွေနဲ့ မတူဘဲ သူ့ လက်ထဲမှာ စွန်တစ်ခုနဲ့ ရစ်လုံးကို တွေ့ရ‌တယ်။

"ငါတို့ စွန်လွှတ်ရအောင်"

သူက သူ့ ပါးချိုင့်ခွက်လေးနဲ့ အတူ ပြုံးရင်း ဆိုတယ်။ငါ သူ့ကို ပြန်ပြုံးပြရင်း သူ့ လက်တစ်ဖက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်တယ်။

ငါတို့ စွန်လွှတ်တဲ့ နေရာရောက်တော့ သူကပဲ ဦးဆောင်ပြီး စွန်ကို အမြင့်ဆုံး တစ်နေရာရောက်အောင် လွှတ်တင်ပေးတယ်။အခု ဒီနေရာမှာ ငါတို့နဲ့ အတူ တစ်ခြားကလေးတွေလည်း ရှိတယ်။သူက ငါ့လက်ထဲကို ရစ်လုံး ထည့်ပေးပြီး ငါ့ ဘေးနားမှာ မတ်တပ်ရပ်တယ်။

"မင်း စွန် အမြဲ လွှတ်ချင်နေတာကို ငါ သိတယ်၊တကယ်တော့... မင်း ဆန္ဒတွေ အားလုံးကို ငါ သိတယ်၊ ဒါပေမဲ့လေ အဲဒီ အထဲမှာ ငါ အမြဲ မေးချင်နေတာ တစ်ခု ရှိတယ် သိလား၊အဲဒါက မင်း ဘာလို့များ မနက်အစောကြီးကို ဘာဘယ်လ်တီး‌ သောက်ချင်နေတာလဲဆိုတာပဲ"

သူ့ စကားဆုံးတော့ ငါ ပြုံးမိတယ်။ငါလည်း တကယ် မသိဘူး။မနက်အစောကြီးမှာ အဲဒါကို သောက်ချင်နေခဲ့တာလည်းဆိုတာ။ဖြစ်နိုင်တာက ငါ့ဘဝက ပူလောင်ခဲ့ရတော့ အေးတာတွေကို မက်မောခဲ့တာ ဖြစ်လောက်တယ်။

"ငါ မသိဘူး၊ဒါပေမဲ့ အခု ငါ သိတာ တစ်ခုပဲ ရှိတယ်၊အဲဒါက ငါ မင်းကို သိပ်ချစ်တယ်ဆိုတာပဲ"

ငါ့ စကားဆုံးတော့ ငါ့ ကောင်လေးက ငါ့ ဆံပင်တွေကို ဖွတယ်။

"ငါလည်း မင်းကို သိပ်ချစ်တာပါပဲ"

ဒါပေမဲ့ ငါ သိတယ်။ခုန ငါ ပြောခဲ့တဲ့ စကားတွေက နည်းနည်းလေးမှ ဆက်စပ်မှု ရှိမနေဘူးဆိုတာပဲ။တကယ်ပါ။ချစ်မိသွားရင် ချစ်တဲ့ အကြောင်းပဲ ပြောချင်နေတော့တာ။

                                 🌻🌻🌻

ငါတို့ နှစ်ယောက် စွန်လွှတ်ပြီး ပြန်ရောက်တော့ ငါ့ အမေက ငါတို့ အခန်းရှေ့မှာ မတ်တပ်ရပ်ပြီး စောင့်နေခဲ့တယ်။သူမက ငါတို့ကို မြင်တော့ အံ့ဩနေပုံ ရတယ်။ငါ သူမ အနားကို သွားပြီး သူမနဲ့ စကား ပြောဖို့ လုပ်တော့ သူမက ငါ့ကို ကျော်ပြီး ထိပ်တန်းချီဆီကို တန်းသွားတော့တာပဲ။

"သား ဒီမှာ ဘာလုပ်နေတာလဲ၊ဘယ်လို လုပ်ပြီး ရောက်နေတာလဲ၊မင်း ဖေဖေက မင်းကို အရင် အပတ်ကတောင် ဟင်းတွေ ပို့ပေးသေးတယ်"

ငါ့ ကောင်လေးက ငါ့ အမေ ပြောနေသမျှကို ဂရုမစိုက်ဘဲ ငါ့ မျက်နှာကိုပဲ လှမ်းကြည့်နေခဲ့တယ်။အဲဒီအချိန်မှာ ငါ သဘောပေါက်သွားတယ်။ငါ့ ကောင်လေးက ငါ့ အမေရဲ့ လင်ပါသားဆိုတာပဲ။

အခုအချိန်မှာ ငါ သေချာ သိချင်တာက ငါ့ ကောင်လေး ရောက်လာခဲ့ရတဲ့ အကြောင်းအရင်းပဲ။ပြီးတော့ ငါ့ အကြောင်းတွေကို ဘယ်လို သိပြီး ရောက်လာခဲ့တာလဲဆိုတာရော။ငါ့ အမေဆီကနေ ငါ့ အကြောင်းတွေ သိပြီး ရောက်လာတာတော့ မဖြစ်နိုင်ဘူး။ဘာကြောင့်လဲဆိုတော့ ငါက ဘယ်တုန်းကမှ ငါ ဖြစ်ချင်သမျှ အရာရာကို ငါ့ မိဘတွေကို မပြောဖူးဘူး။နောက်ဆုံးမှာတော့ ငါ့ကောင်လေးကို ငါ့ဆီ ရောက်လာရတဲ့ အကြောင်းအရင်းကို သေချာ မေးဖို့  ဆုံးဖြတ်လိုက်တယ်။

"ထိပ်တန်းချီ၊ မင်း ငါ့ အမေနဲ့ စကားပြောလို့ ပြီးရင် အခန်းထဲ ဝင်ခဲ့နော်"

ငါ လှမ်းပြောလိုက်ပြီး အခန်းထဲကို တန်းဝင်ခဲ့လိုက်တယ်။ဘယ်လိုပဲဖြစ်ဖြစ် အခု ငါ့စိတ်ထဲ နေရတာ အဆင်မပြေဘူးဆိုတာ ငါ့ကိုယ်ကို ငါ သတိထားမိနေတယ်။ဒါကြောင့် ငါ သက်ပြင်းချလိုက်ပြီးတော့ အိပ်ရာထဲ လှဲနေလိုက်တယ်။

ခဏကြာတော့ အခန်းထဲကို ငါ့ ကောင်လေး ဝင်လာတယ်။သူက ငါ့ဘေးနားမှာ ဝင်လှဲပြီး ငါ့ကို သူ့ ရင်ခွင်ထဲ ဆွဲသွင်းတယ်။

"အလင်းနှစ်၊တကယ်တော့ မင်း အမေက ငါ့ မိထွေးမှန်း ငါသိတယ်၊ဒါပေမဲ့ မင်းဆီကို ငါ ရောက်လာတာက သူ့ကြောင့် မဟုတ်ပါဘူး၊တကယ်တော့ ငါ စာအုပ်အဟောင်း ဝယ်တဲ့ ဆိုင်ကနေ မင်းရဲ့ မှတ်စုစာအုပ်ကို ရခဲ့တာ၊အဲဒီအထဲမှာ မင်းနဲ့ ပတ်သက်တာတွေ အကုန်ရှိခဲ့တာလေ၊မင်း နာမည်၊အတန်း၊အသက်၊နေရပ်လိပ်စာ၊မင်းမိဘအကြောင်း၊ပြီးတော့... မင်း ဆုတောင်းတွေ"

အခုတော့ ငါ ကောင်းကောင်းကြီးကို သဘောပေါက်သွားပြီ။ငါ့ ကောင်လေးက ငါ့ အမေ ရောင်းလိုက်တဲ့ ငါ့ စာအုပ်ကို ရခဲ့တာပဲ။

"မင်း သိလား၊အဲဒီ စာအုပ်ထဲက မင်းကို အပြင်မှာ တွေ့ရတော့ ငါ့ လက်တွေ တုန်နေတော့တာပဲ၊ပြီးတော့... မင်း ကြိုက်တဲ့ နေကြာတွေကို မင်းကို ပေးတုန်းက မင်း ငါ့ကို စိတ်ဆိုးမလားဆိုပြီး ကြောက်နေခဲ့တာ၊အခုရော မင်း ငါ့ကို စိတ်ဆိုးနေပြီလား၊ငါ အစောကြီးတည်းက မင်းကို ရှင်းပြသင့်ခဲ့တာကို"

သူ့ စကားဆုံးတော့ ငါ သူ့ကို စကားပြန်ပြောဖို့ထက် သူ့ ရင်ခွင်ထဲ တိုးနေဖို့ပဲ သိတော့တယ်။သူ့လို ချစ်တတ်တဲ့ သူမျိုး ငါ့မှာမှ ထပ်မရှိနိုင်တော့တာလေ။အခုလိုမျိုး ငါ့ဆီကို ရောက်လာရတဲ့ အကြောင်းအရင်းကို သိလိုက်ရတော့ ငါ သူ့ကို ပိုပြီး ချစ်မိသွားပြီ ထင်တယ်။

"ထိပ်တန်းချီ၊မင်း ငါ့ အမေကို မုန်းလား၊သူက မင်းဆီကနေ မင်း အဖေကို လုယူထားတာလေ"

ငါ မေးတော့ သူက ငါ့ နဖူးကို အရင် နမ်းပြီးမှ ဖြေတယ်။

"ငါ ချစ်ရတဲ့ မင်းကို မွေးထုတ်ပေးထားတာလေ၊ငါက မုန်းလို့ ဖြစ်ပါ့မလား"

ဒီလောက်ဆို ငါ စိတ်အေးရပါပြီ။ငါ သူ့ နဖူးကို ပြန်နမ်းလိုက်ပြီး သူ့ကို ပြုံးပြီး ကြည့်နေလိုက်တယ်။မှတ်စု စာအုပ်လေးကနေ ငါ့ကို ရှာခဲ့တဲ့ ဒီကောင်လေးကို ငါ ဘယ်လိုနည်းနဲ့မှ မစွန့်ပစ်နိုင်ဘူး။

"အဲဒီ ကျေးဇူးရှင် မှတ်စုလေး ဘယ်မှာလဲ"

ငါ သူ့ကို မေးတော့ ငါ့ ဆံပင်တွေကို ဖွရင်း ဖြေတယ်။

"မင်း ဆုတောင်းတွေထဲက တစ်နေရာမှာ မင်းကို ပြန်ပေးမယ်လေ၊အခုတော့ မပြောပြဘူး"

ငါ သူ့ကို ခေါင်းညိတ်ပြလိုက်တယ်။ဘာပဲဖြစ်ဖြစ် မှတ်စုစာအုပ်လေးက ငါ့ကောင်လေးဆီမှာ ရှိနေတာ ပိုကောင်းတယ်လို့ ငါထင်တယ်။ငါ့ဆီမှာဆို အဲဒါက ထပ်ပျောက်သွားနိုင်တာပဲလေ။

"အွန်း၊မင်းပဲ သိမ်းထားပါ၊ငါ့မှာက မင်း ရှိနေရင် ရပြီ"

                               🌻🌻🌻

ဒီနေ့ ငါတို့ရဲ့ အတန်းခေါင်းဆောင်က ငါ့ကို ဘောလုံး အသင်းထဲ ထည့်ခဲ့တယ်။လူတိုင်းရဲ့ ချဉ်ဖက် ဖြစ်နေတဲ့ ငါ့ကို ထည့်တာက အကြံကောင်း မဟုတ်မှန်း ငါ သဘောပေါက်တယ်။

ငါ ဘောလုံးကွင်းထဲကို လေ့ကျင့်ဖို့ ရောက်တော့ လူတိုင်းက ငါ့ကို မျက်မှောင်ကြုတ်ပြီး ကြည့်ကြတယ်။ငါ လျစ်လျူရှုလိုက်ပြီး နည်းပြ ပြောတဲ့အတိုင်း လေ့ကျင့်ဖို့ ဆုံးဖြတ်လိုက်တယ်။ငါတို့ လေ့ကျင့်ချိန် ပြီးဆုံးတော့ ကျောင်းဆင်းချိန်တောင် လွန်သွားလေပြီ။ငါ နည်းပြကို နှုတ်ဆက်လိုက်ပြီး လွယ်အိတ်ယူဖို့ အတန်းထဲကို အမြန် ပြန်ပြေးလိုက်တယ်။ငါတို့ အတန်းထဲမှာ ငါ့ လွယ်အိတ်က လွဲရင် ဘယ်သူမှ မရှိတော့ဘူး။

ငါ လွယ်အိတ်ကို ယူပြီး အခန်းထဲက ထွက်ဖို့ အလုပ်မှာ အခန်းတံခါးက အပိတ်ခံလိုက်ရပြီပဲ ဖြစ်တယ်။ငါ သိသားပဲ။ငါ့ကို ဘောလုံးအသင်းထဲ ထည့်တာက အကြံကောင်း မဟုတ်ဘူးဆိုတာ။ငါ အခန်းတံခါးကို ထုရိုက်ပြီး အကူအညီ တောင်းကြည့်ပေမဲ့ ဘယ်သူကမှ ရောက်မလာခဲ့ဘူး။ဒါကြောင့် ငါ့ ကောင်လေး ငါ့ကို လာရှာမှာကို စောင့်နေရုံပဲ တတ်နိုင်တော့တယ်။

                                🌻🌻🌻

#Lary

Continue Reading

You'll Also Like

127K 7.3K 50
ပုံကတော့ Pinterest ကပါ😁။Own creation လေးပါ။ ဖြေးဖြေးလေး up သွားမှာပါ။အရေးအသား မပြေမပြစ် ဖြစ်ခဲ့ရင် Lary ကိုသာ လာသတ်ကြပါ။ ဝါရင့် စာရေးဆရာကြီးတွေရဲ့ f...
3.8M 160K 62
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
1M 91.2K 40
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
726K 60.2K 33
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...