My happiness... Part-4(The end) Unicode

15 1 1
                                    

ငါ စာသင်ခန်းထဲမှာ ပိတ်မိနေခဲ့ပြီး မနက် မိုးလင်းသွားတဲ့ အထိ ငါ့ကောင်လေး အပါအဝင် တစ်ခြား ဘယ်သူကမှ ငါ့ဆီကို ရောက်မလာခဲ့ဘူး။ငါ တစ်ညလုံး ဗိုက်ဆာဆာနဲ့ အိပ်ခဲ့ရပြီး တစ်ခြားကျောင်းသားတွေ ရောက်လာလို့ တံခါးဖွင့်မှသာ အိမ်ပြန်ခဲ့ရတယ်။ငါ့ စာသင်ခန်းက မြေညီထပ်မှာ မဟုတ်လို့သာ။မဟုတ်ရင် ငါ ညတည်းက ပြတင်းပေါက်က တွယ်ဆင်းပြီးလို့ အိမ်ပြန်ရောက်နေလောက်ပြီ။

ငါ အိမ်ပြန်တဲ့ လမ်းတစ်လျှောက်မှာ တွေးနေမိတာက ငါ့ကောင်လေး ငါ့ကို လာမရှာရတဲ့ အကြောင်းအရင်းပဲ။ငါ တစ်ညလုံး ပျောက်နေတာလေ။တကယ်ဆိုရင် ကျောင်းရှေ့မှာ ငါ့ကို မတွေ့ရင် အခန်းထဲမှာ ပြန်လာပြီး ရှာသင့်တာ မဟုတ်လား။ငါ တွေးရင်းနဲ့ ရင်ပူလာတယ်။

"ထိပ်တန်းချီ မင်း တစ်ခုခု ဖြစ်နေတာလား"

မဟုတ်ရင် ငါ မရှိတဲ့ တစ်ညတာကို သူ ဘယ်လို နေနိုင်မှာတဲ့လဲ။ငါ သိတယ်။သူက ငါ့ကို ချစ်ပြီးတော့ ငါ့ကို အပျောက်ခံတဲ့သူ မဟုတ်ဘူး။

ငါ အိမ်ကို အပြေး ပြန်ခဲ့တယ်။တစ်ညလုံး ဗိုက်အဆာလွန်ပြီး နွမ်းနယ်နေပေမဲ့ ငါ ချစ်ရတဲ့လူဆိုတဲ့ စိတ်နဲ့ အခု ငါ မပင်ပန်းတော့သလိုပဲ။

ငါ အိမ်ပြန်ရောက်တဲ့ အခါ တံခါးက ပွင့်လျက်သား။ဒါပေမဲ့ အခန်းထဲမှာတော့ ငါ့ ကောင်လေးအစား ငါ့ အမေကို တွေ့ရတယ်။သူမက ငါ့ကို‌ တွေ့တော့ သက်ပြင်းချတယ်။ငါကတော့ အခုအချိန်မှာ သူမရဲ့ အမူအရာတွေကို အဓိပ္ပါယ် မဖွင့်နိုင်သေးဘူး။အခန်းကျဉ်းကျဉ်းလေးထဲမှာ မရှိတဲ့ ငါ့ ကောင်လေးကို ကျောင်းမှာ ပြန်ရှာဖို့ ဆုံးဖြတ်လိုက်တယ်။

"ထိပ်တန်းချီကို သူ့အဖေ ပြန်ခေါ်သွားပြီ"

အခန်းဝကနေ ကျောင်းကို ပြန်လှည့်ဖို့ ပြင်နေတဲ့ ငါ့ ခြေလှည်းတွေဟာ ရပ်ဆိုင်းသွားခဲ့ရတယ်။

"အမေ ဘာတွေ ပြောနေတာလဲ"

ငါ တကယ် နားမလည်တာပါ။ထိပ်တန်းချီဆိုတဲ့ အဲဒီကောင်လေး ငါ့ဆီကို ရောက်လာတာ ကြာဖြင့် ကြာနေပြီကို အခုမှ သူ့ အဖေက ဘာလို့ ပြန်ခေါ်ရတာလဲ။

My happiness(Completed)Where stories live. Discover now