Unicode
ဧပရယ်ဖူး...
''ဧပရယ် ငါတို့ဒီနှစ်သင်္ကြန်ကိုမဏ္ဍပ်ထိုင်ကြရအောင်''
''ဟုတ်တယ် နင်သင်္ကြန်လည်တာလည်းငါတစ်ခါမှမမြင်ဖူးဘူး''
သူငယ်ချင်းမတွေရဲ့စကားအားဧပရယ်မျက်နှာငယ်လေးနဲ့နားထောင်နေရင်းမှ
''ငါဒီနှစ်လည်းဥပုသ်စောင့်ရမှာပဲဟ''
''ဟင်းးး လုပ်ပြန်ပြီ နင်သင်္ကြန်ရဲ့အရသာကိုသိရဲ့လား''
''အေးလေဟယ် နင့်ဘဝကြီးကငြီးငွေ့စရာကြီး''
သူတို့ပြောလည်းပြောချင်စရာပါပဲ။သူမအပျိုဖော်ဝင်ပါပြီဆိုကတည်းကသင်္ကြန်ရောက်တိုင်းဥပုသ်စောင့်နေရတာမလား။
သူမအစ်ကိုတွေကသူမသင်္ကြန်တွင်းလျှောက်လည်တာကိုနည်းနည်းလေးမှမကြိုက်ကြပါ။
မိဘတွေမရှိတော့တဲ့သူမကအစ်ကိုနှစ်ယောက်နဲ့အဖွားရဲ့အုပ်ထိန်းမှုအောက်မှာငြိမ်ဝပ်ပိပြားစွာကြီးပြင်းလာရတဲ့ခပ်အေးအေးခပ်နုံနုံ လူတောမတိုးတဲ့မိန်းကလေးပါပဲ။
အသက်20ရောက်နေပြီဆိုပေမယ့်အခုထိကိုယ်ပိုင်ဆုံးဖြတ်ချက်မရသေးသူဆိုလည်းမမှားပေ။
သူမကခုထိကလေးတစ်ယောက်လိုသာဖြစ်နေတုန်း။
_________________
မင်းညီစေ...
''ကို...ဒီနှစ်သင်္ကြန်ကိုသဲနဲ့အတူလျှောက်လည်မယ်မလားဟင်''
''မလည်ပါဘူး လည်လို့မရတော့ဘူး''
''ဘာလို့လဲကိုရဲ့''
''မင်းကအခုငါ့ကောင်မလေးမဟုတ်တော့လို့လေ ငါမင်းနဲ့တွဲရတာပျင်းလာပြီး အဲတော့ဒီမှာပဲဇာတ်လမ်းဖြတ်ကြတာပေါ့ ဘိုင့်ဘိုင်''
''ဟာ''
တစ်ဖက်ကဘာမှမပြောရသေးခင်မှာပဲ သူစားပွဲပေါ်ကမျက်မှန်ကိုကောက်တပ်ပြီးဆိုင်ထဲမှထွက်လာခဲ့လိုက်၏။
ဒါပဲလေ။သူ့အတွက်ကရည်းစားရဖို့လည်းလွယ်တယ် ဖြတ်ဖို့လည်းလွယ်တယ်။
ဒီလောကကြီးမှာသူ့နှလုံးသားကိုကိုင်လှုပ်နိုင်တဲ့မိန်းကလေးကရှိရောရှိနေပါ့မလား။
သူတွေ့လိုက်သမျှကအတွင်းစိတ်ကတစ်မျိုးအပြင်ကအပြုအမူတွေကတစ်မျိုးတွေချည်းပင်။
___________________
မင်းညီရဲ့ကားလေးကရပ်ကွက်တစ်ခုထဲသို့မောင်းဝင်လာစဥ်သူ့မြင်ကွင်းထဲသို့ပုံရိပ်လေးတစ်ခုကပြေးဝင်လာတာကြောင့်သူကားကိုပါထိုးရပ်ပစ်လိုက်၏။
အဖြူရောင်ပေါ်မှာပန်းရောင်နဲ့အပြာရောင်အပွင့်နုတ်နုတ်လေးတွေရောယှက်နေသောမြန်မာဝတ်စုံလေးနဲ့တင်ပါးထိရှည်သောပိတုန်းရောင်ဆံနွယ်တွေကိုတစ်ဝက်လေးခွဲစည်းထားကာပိတောက်ပန်းလေးတွေအားမမှီ့တမှီ့လှမ်းခူးနေသောမိန်းကလေးအားသူစိတ်လိုလက်ရငေးကြည့်နေမိသည်။
နောက်ကျောလေးပဲမြင်ရတောင်မှသူဘာလို့ဒီလောက်ရင်ခုန်နေမှန်းမသိ။
ဧပရယ် ရေချိုးပြီးပိတောက်ပန်းပန်ချင်လာတာကြောင့်ခြံရှေ့ကပိတောက်ပင်ကနေပြီးအမှီမကန်းနဲ့ပဲပန်းတွေအားလှမ်းခူးနေမိ၏။
ခြံထဲမှာရှိတဲ့ပန်းခက်တွေကသူမ,ခူးလို့ကုန်သလောက်ရှိနေပြီမို့ခြံပြင်မှာထွက်နေတဲ့ပန်းခက်တွေကိုထွက်ခူးရခြင်းပင်။
အပင်ကယောကျ်ာလေးအရပ်နဲ့ဆိုမှီကောင်းမှီနိုင်ပေမယ့်သူမအရပ်နဲ့ကျတော့ခြေဖျားထောက်ပြီးခူးတာတောင်လက်တစ်ထွာစာလောက်သာလိုနေသည်။
''မှီမယ်ထင်နေတာ နေဦး ခုံသွားယူပြီးခူးမယ်''
နှုတ်ကတီးတိုးရေရွတ်နေတုန်းသူမနောက်မှာလူရိပ်တစ်ခုရောက်လာသလိုခံစားလိုက်ရပြီးတစ်ဆက်တည်းဆိုသလိုသွေးကြောစိမ်းတွေထောင်နေသောဖြူစွတ်စွတ်လက်ဖျံကသူမမျက်နှာဘေးရောက်လာလေ၏။
ဧပရယ်ထိုလူ့အားမော့ကြည့်လိုက်ချိန်မှာစူးရှလွန်းသောသူ့မျက်ဝန်းတွေအကြည့်ချင်းလာဆုံတော့သည်။
မင်းညီသူမမျက်နှာလေးအားစိုက်ကြည့်ရင်းရင်ကခုနကထက်အဆပေါင်းများစွာပိုခုန်လာရ၏။
ပါးမို့မို့လေးထက်မှာဝါညက်ညက်သနပ်ခါးလေးအားညီညီညာညာလေးလိမ်းထားပြီးနှုတ်ခမ်းလေးကလည်းသဘာဝအတိုင်းပန်းသွေးရောက်စိုလက်နေသေးသည်။
မျက်လုံးဝိုင်းလေးတွေနဲ့သူ့အားမော့ကြည့်နေပုံလေးကလည်းဘယ်လိုအသည်းယားဖို့ကောင်းမှန်းမသိ။
သူကြည့်နေတုန်းသူမကခေါင်းငုံ့အကြည့်လွှဲသွားတာကြောင့်မင်းညီပြုံးလိုက်ရင်းသူမအတွက်ပိတောက်ပန်းတွေအားခူးကာသူမရှေ့ကမ်းပေးရင်း
''ရော့ မင်းလိုချင်နေတဲ့ပန်း''
သူမကခေါင်းငုံ့ထားလျက်နဲ့ပဲပန်းကိုယူကာ
''ကျေးဇူးပါနော်''
လူလေးတင်လှတာမဟုတ်ပဲအသံလေးကလည်းချိုသာလွန်းလှပါလားလို့သူ့စိတ်ထဲမှတ်ချက်ပေးမိသည်။
''နာမည်ဘယ်လိုခေါ်လဲ''
''ရှင်''
''ကိုယ့်နာမည်ကမင်းညီစေပါ မင်းနာမည်ကရော''
သူမကခေါင်းရမ်းပြပြီး
''မသိတဲ့သူတွေနဲ့မရောရဘူးလို့ဖွားဖွားကမှာထားတယ် ဧပရယ်သွားတော့မယ်နော်''
မင်းညီသွားတွေပေါ်အောင်ရယ်လိုက်ရင်း
''နာမည်ကဧပရယ်တဲ့လား''
''အယ်''
ဧပရယ်ခုမှပဲသတိထားမိတော့၏။မထူးတဲ့အဆုံးသူမကခေါင်းညိတ်ပြကာ
''ဟုတ် ဧပရယ်ဖူးပါ''
''လှတယ်နော်''
''ရှင်''
''ဪ နာမည်ကိုပြောတာပါ''
''ဟုတ် ကျေးဇူးပါ အာ့ဆိုသွားပြီနော်''
ပြောပြီးသူ့ရှေ့ကနေလှည့်ထွက်သွားပြီးခြံထဲဝင်သွားသောသူမအားမင်းညီမျက်စိတစ်ဆုံးလိုက်ကြည့်ရင်း
''ဧပရယ်ဖူး...ဧပရယ်ဖူး ချစ်ဖို့ကောင်းလိုက်တဲ့ကောင်မလေး''
အခုသူမျှော်လင့်ခဲ့ဖူးသောသူ့နှလုံးသားအားကိုင်လှုပ်နိုင်တဲ့မိန်းကလေးကိုသူတွေ့ခဲ့ပြီ။
ဧပရယ်ဖူးဆိုတဲ့နတ်မိမယ်လေးကချက်ချင်းဆိုသလိုပဲသူ့နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာသို့ဝင်ရောက်ခဲ့ချေပြီ။
__________________
Zawgyi
ဧပရယ္ဖူး...
''ဧပရယ္ ငါတို႔ဒီႏွစ္သၾကၤန္ကိုမ႑ပ္ထိုင္ၾကရေအာင္''
''ဟုတ္တယ္ နင္သၾကၤန္လည္တာလည္းငါတစ္ခါမွမျမင္ဖူးဘူး''
သူငယ္ခ်င္းမေတြရဲ႕စကားအားဧပရယ္မ်က္ႏွာငယ္ေလးနဲ႔နားေထာင္ေနရင္းမွ
''ငါဒီႏွစ္လည္းဥပုသ္ေစာင့္ရမွာပဲဟ''
''ဟင္းးး လုပ္ျပန္ၿပီ နင္သၾကၤန္ရဲ႕အရသာကိုသိရဲ႕လား''
''ေအးေလဟယ္ နင့္ဘဝႀကီးကၿငီးေငြ႕စရာႀကီး''
သူတို႔ေျပာလည္းေျပာခ်င္စရာပါပဲ။သူမအပ်ိဳေဖာ္ဝင္ပါၿပီဆိုကတည္းကသၾကၤန္ေရာက္တိုင္းဥပုသ္ေစာင့္ေနရတာမလား။
သူမအစ္ကိုေတြကသူမသၾကၤန္တြင္းေလွ်ာက္လည္တာကိုနည္းနည္းေလးမွမႀကိဳက္ၾကပါ။
မိဘေတြမရွိေတာ့တဲ့သူမကအစ္ကိုႏွစ္ေယာက္နဲ႔အဖြားရဲ႕အုပ္ထိန္းမႈေအာက္မွာၿငိမ္ဝပ္ပိျပားစြာႀကီးျပင္းလာရတဲ့ခပ္ေအးေအးခပ္ႏုံႏုံ လူေတာမတိုးတဲ့မိန္းကေလးပါပဲ။
အသက္20ေရာက္ေနၿပီဆိုေပမယ့္အခုထိကိုယ္ပိုင္ဆုံးျဖတ္ခ်က္မရေသးသူဆိုလည္းမမွားေပ။
သူမကခုထိကေလးတစ္ေယာက္လိုသာျဖစ္ေနတုန္း။
_________________
မင္းညီေစ...
''ကို...ဒီႏွစ္သၾကၤန္ကိုသဲနဲ႔အတူေလွ်ာက္လည္မယ္မလားဟင္''
''မလည္ပါဘူး လည္လို႔မရေတာ့ဘူး''
''ဘာလို႔လဲကိုရဲ႕''
''မင္းကအခုငါ့ေကာင္မေလးမဟုတ္ေတာ့လို႔ေလ ငါမင္းနဲ႔တြဲရတာပ်င္းလာၿပီး အဲေတာ့ဒီမွာပဲဇာတ္လမ္းျဖတ္ၾကတာေပါ့ ဘိုင့္ဘိုင္''
''ဟာ''
တစ္ဖက္ကဘာမွမေျပာရေသးခင္မွာပဲ သူစားပြဲေပၚကမ်က္မွန္ကိုေကာက္တပ္ၿပီးဆိုင္ထဲမွထြက္လာခဲ့လိုက္၏။
ဒါပဲေလ။သူ႔အတြက္ကရည္းစားရဖို႔လည္းလြယ္တယ္ ျဖတ္ဖို႔လည္းလြယ္တယ္။
ဒီေလာကႀကီးမွာသူ႔ႏွလုံးသားကိုကိုင္လႈပ္ႏိုင္တဲ့မိန္းကေလးကရွိေရာရွိေနပါ့မလား။
သူေတြ႕လိုက္သမွ်ကအတြင္းစိတ္ကတစ္မ်ိဳးအျပင္ကအျပဳအမူေတြကတစ္မ်ိဳးေတြခ်ည္းပင္။
___________________
မင္းညီရဲ႕ကားေလးကရပ္ကြက္တစ္ခုထဲသို႔ေမာင္းဝင္လာစဥ္သူ႔ျမင္ကြင္းထဲသို႔ပုံရိပ္ေလးတစ္ခုကေျပးဝင္လာတာေၾကာင့္သူကားကိုပါထိုးရပ္ပစ္လိုက္၏။
အျဖဴေရာင္ေပၚမွာပန္းေရာင္နဲ႔အျပာေရာင္အပြင့္ႏုတ္ႏုတ္ေလးေတြေရာယွက္ေနေသာျမန္မာဝတ္စုံေလးနဲ႔တင္ပါးထိရွည္ေသာပိတုန္းေရာင္ဆံႏြယ္ေတြကိုတစ္ဝက္ေလးခြဲစည္းထားကာပိေတာက္ပန္းေလးေတြအားမမွီ႔တမွီ႔လွမ္းခူးေနေသာမိန္းကေလးအားသူစိတ္လိုလက္ရေငးၾကည့္ေနမိသည္။
ေနာက္ေက်ာေလးပဲျမင္ရေတာင္မွသူဘာလို႔ဒီေလာက္ရင္ခုန္ေနမွန္းမသိ။
ဧပရယ္ ေရခ်ိဳးၿပီးပိေတာက္ပန္းပန္ခ်င္လာတာေၾကာင့္ၿခံေရွ႕ကပိေတာက္ပင္ကေနၿပီးအမွီမကန္းနဲ႔ပဲပန္းေတြအားလွမ္းခူးေနမိ၏။
ၿခံထဲမွာရွိတဲ့ပန္းခက္ေတြကသူမ,ခူးလို႔ကုန္သေလာက္ရွိေနၿပီမို႔ၿခံျပင္မွာထြက္ေနတဲ့ပန္းခက္ေတြကိုထြက္ခူးရျခင္းပင္။
အပင္ကေယာက်္ာေလးအရပ္နဲ႔ဆိုမွီေကာင္းမွီႏိုင္ေပမယ့္သူမအရပ္နဲ႔က်ေတာ့ေျခဖ်ားေထာက္ၿပီးခူးတာေတာင္လက္တစ္ထြာစာေလာက္သာလိုေနသည္။
''မွီမယ္ထင္ေနတာ ေနဦး ခုံသြားယူၿပီးခူးမယ္''
ႏႈတ္ကတီးတိုးေရ႐ြတ္ေနတုန္းသူမေနာက္မွာလူရိပ္တစ္ခုေရာက္လာသလိုခံစားလိုက္ရၿပီးတစ္ဆက္တည္းဆိုသလိုေသြးေၾကာစိမ္းေတြေထာင္ေနေသာျဖဴစြတ္စြတ္လက္ဖ်ံကသူမမ်က္ႏွာေဘးေရာက္လာေလ၏။
ဧပရယ္ထိုလူ႔အားေမာ့ၾကည့္လိုက္ခ်ိန္မွာစူးရွလြန္းေသာသူ႔မ်က္ဝန္းေတြအၾကည့္ခ်င္းလာဆုံေတာ့သည္။
မင္းညီသူမမ်က္ႏွာေလးအားစိုက္ၾကည့္ရင္းရင္ကခုနကထက္အဆေပါင္းမ်ားစြာပိုခုန္လာရ၏။
ပါးမို႔မို႔ေလးထက္မွာဝါညက္ညက္သနပ္ခါးေလးအားညီညီညာညာေလးလိမ္းထားၿပီးႏႈတ္ခမ္းေလးကလည္းသဘာဝအတိုင္းပန္းေသြးေရာက္စိုလက္ေနေသးသည္။
မ်က္လုံးဝိုင္းေလးေတြနဲ႔သူ႔အားေမာ့ၾကည့္ေနပုံေလးကလည္းဘယ္လိုအသည္းယားဖို႔ေကာင္းမွန္းမသိ။
သူၾကည့္ေနတုန္းသူမကေခါင္းငုံ႔အၾကည့္လႊဲသြားတာေၾကာင့္မင္းညီၿပဳံးလိုက္ရင္းသူမအတြက္ပိေတာက္ပန္းေတြအားခူးကာသူမေရွ႕ကမ္းေပးရင္း
''ေရာ့ မင္းလိုခ်င္ေနတဲ့ပန္း''
သူမကေခါင္းငုံ႔ထားလ်က္နဲ႔ပဲပန္းကိုယူကာ
''ေက်းဇူးပါေနာ္''
လူေလးတင္လွတာမဟုတ္ပဲအသံေလးကလည္းခ်ိဳသာလြန္းလွပါလားလို႔သူ႔စိတ္ထဲမွတ္ခ်က္ေပးမိသည္။
''နာမည္ဘယ္လိုေခၚလဲ''
''ရွင္''
''ကိုယ့္နာမည္ကမင္းညီေစပါ မင္းနာမည္ကေရာ''
သူမကေခါင္းရမ္းျပၿပီး
''မသိတဲ့သူေတြနဲ႔မေရာရဘူးလို႔ဖြားဖြားကမွာထားတယ္ ဧပရယ္သြားေတာ့မယ္ေနာ္''
မင္းညီသြားေတြေပၚေအာင္ရယ္လိုက္ရင္း
''နာမည္ကဧပရယ္တဲ့လား''
''အယ္''
ဧပရယ္ခုမွပဲသတိထားမိေတာ့၏။မထူးတဲ့အဆုံးသူမကေခါင္းညိတ္ျပကာ
''ဟုတ္ ဧပရယ္ဖူးပါ''
''လွတယ္ေနာ္''
''ရွင္''
''ဪ နာမည္ကိုေျပာတာပါ''
''ဟုတ္ ေက်းဇူးပါ အာ့ဆိုသြားၿပီေနာ္''
ေျပာၿပီးသူ႔ေရွ႕ကေနလွည့္ထြက္သြားၿပီးၿခံထဲဝင္သြားေသာသူမအားမင္းညီမ်က္စိတစ္ဆုံးလိုက္ၾကည့္ရင္း
''ဧပရယ္ဖူး...ဧပရယ္ဖူး ခ်စ္ဖို႔ေကာင္းလိုက္တဲ့ေကာင္မေလး''
အခုသူေမွ်ာ္လင့္ခဲ့ဖူးေသာသူ႔ႏွလုံးသားအားကိုင္လႈပ္ႏိုင္တဲ့မိန္းကေလးကိုသူေတြ႕ခဲ့ၿပီ။
ဧပရယ္ဖူးဆိုတဲ့နတ္မိမယ္ေလးကခ်က္ခ်င္းဆိုသလိုပဲသူ႔ႏွလုံးသားရဲ႕အနက္ရႈိင္းဆုံးေနရာသို႔ဝင္ေရာက္ခဲ့ေခ်ၿပီ။
__________________
4.4.2024