''ခင်ဗျားဘာလာလုပ်တာလဲ..ခင်ဗျားကိုဘယ်သူပေးဝင်လို့လဲ....တံခါးခေါက်ဖို့မသင်ထားပေးဘူးလားခင်ဗျားမိဘတွေက..''
အိပ်ခန်းထဲဝင်လာသောစွဲကိုမြင်တာနဲ့လိုတရကအလိုမကျသလိုပြော၏
''ငါဝင်ခိုင်းလိုက်တာ''
'အဖွား......''
''ဇနီးမယားအရာမြောက်ပြီးသားလူနှစ်ယောက်ကဘာလို့တကွဲစီအိပ်နေရတာလဲ........ဒီနေ့ကစပြီးနှစ်ယောက်အတူတူအိပ်ရမယ်....''
အဖွားကသူမကိုအခန်းထဲတွန်းပို့ပြီးနောက်ပြန်ထွက်သွားလေသည်...
''မင်းမကြိုက်ရင်....ငါ....ကြမ်းမှာဘဲ.....''
''ကျွတ်.....စိတ်ပျက်ဖို့ကောင်းလိုက်တာ....''
လိုတရကသူ့နဖူးသူလက်နဲ့ပြန်ရိုက်ကာ
''ဒီဘက်မှာလာအိပ်''
''ရှင်''
''နားပင်းသွားတာလား''
''မ...မဟုတ်ပါဘူး ''
စွဲ...လိုတရဘေးမှာအသာလေးဝင်လှဲလိုက်မိသည်
''ဒီဘက်တိုးအုံး...တော်ကြာ..ခင်ဗျားအသက်အရွယ်ကြီးနဲ့ခုတင်ပေါ်ကပြုတ်ကျတယ်ဆိုရင်ကျော်မကောင်းကြားမကောင်းတွေဖြစ်ကုန်အုံးမယ်''
ခပ်ကြမ်းကြမ်းစကားဆိုပေမဲ့လည်းစွဲရဲ့ရင်ထဲနွေးသွားရပါသည်.....
ကျောခိုင်းအိပ်နေတဲ့လိုတရရဲ့ကျောပြင်လေးကိုငေးကြည့်ရင်းအိပ်စက်ရတာကတကယ်ကိုစွဲတွက်အဖိုးမဖြတ်နိုင်တဲ့ဆုပါဘဲ....
မင်းနားမှာသာနေခွင့်ရမယ်ဆိုမာနတွေကိုငါစွန့်ပစ်ပြီးသားပါလိုတရရယ်...
''morning အဖွား...''
''morning ''
လိုတရခုံမှာဝင်ထိုင်လိုက်တာနဲ့သူမကကော်ဖီလာငှဲ့ပေးသည်.....
''စွဲလက်ရာနန်းကြီးသုပ်ကတကယ်ကောင်းတယ်..အဖွားတော့စပိန်တောင်မပြန်ချင်တော့ဘူး''
''အဖွားကိုဘယ်သူကအတင်းပြန်ခိုင်းနေလို့လဲ...ဒီမှာဘဲနေလိုက်ရင်ရတာဘဲကို..ဟိုကအလုပ်တွေကမင်းသိုက်လုပ်နေတာဘဲ....''
''ဒါတော့ဒါပေါ့လေ....''
စွဲ..လိုတရတွက်နန်းကြီးသုပ်ပန်းကန်ကိုချပေးလိုက်သည်
''ကျွန်မနန်းကြီးသုပ်မကြိုက်လို့..ပေါင်မုန့်မီးကင်ဘဲလုပ်ပေးပါ''
''ဟုတ်.....''
ထိုမိန်းမမီးဖိုခန်းထဲပြန်ဝင်သွားချိန်....
''စွဲမက်မောခင်ကထင်သလောက်လဲဆိုးတဲ့မိန်းကလေးမဟုတ်ပါဘူး......ငါ့မြေးတွက်သူကအ
သင့်တော်ဆုံးဘဲ.....''
လိုတရကတော့အဖွားရဲ့စကားကိုမကြားချင်ယောင်ဆောင်ကာကော်ဖီကိုသာသောက်နေလိုက်သည်...
''ရှယ်ယာစျေးတွေကဟိုးအောက်ဆုံးကိုကျနေပြီ
ဖေဖေ...ကျွန်တော်တို့ဘာဆက်လုပ်ကြမလဲ...''
ဉီးသူရိန်ရဲ့အသံကကြောက်ရွံမှုတွေပါနေ၏
''မင်းလေသံကိုပြန်မာလိုက်သူရိန်....ဒီလောက်နဲ့ငါတို့လုပ်ငန်းတွေပြိုလဲရိုးလား.......သမီးငယ်ကုမ္ပဏီကိုဟိုကောင်မဆီထိုးကျွေးခဲ့တာအကုန်အလကားဖြစ်မှာပေါ့.......''
ဉီးမင်းထင်ကနားထင်ကိုလက်ညိုးနဲ့ထောက်ကာတစ်စုံတစ်ခုကိုစဉ်းစားနေ၏...
''လိုတရက...မြို့သစ်နားကမြေကွက်ကိုစိတ်ဝင်စားနေတယ်ပြောတယ်''
''ဟုတ်တယ် အဖေ.....''
''အဲ့မြေကွက်ကမင်းဝယ်ထားတာမလား''
''ကျွန်တော့်တပည့်ကျော်စိုးနာမည်နဲ့ဝယ်ထားတာပါ''
''ကောင်းပြီ......ကျော်စိုးကိုလိုတရဆီဖုန်းဆက်ခိုင်းလိုက်...မြေကွက်ကိစ္စစကားပြောစရာရှိတယ်လို့''
''အဖေကသူနဲ့တွေ့မလို့လား'
''ဝေးပါသေးရဲ့ကွာ...အဲ့ဟာမလေးသူထင်ရာတွေလုပ်နေရင်ဘာဖြစ်နိုင်လဲဆိုတာနမူနာတစ်ကွက်ပြချင်လို့...''
''ကျွန်တော်စီစဉ်လိုက်ပါ့မယ်အဖေ''
''ကောင်းပြီ.......ဒါနဲ့...သမီးငယ်သတင်းဘာရလဲ''
''ညီမလေးကလိုတရရဲ့အိမ်မှာဘဲရှိနေပါတယ်...ကျွန်တော့်လူတွေလွှတ်ပြီးပြန်ခေါ်လိုက်ရမလား''
''နေပါစေ...ထားထားလိုက်......သမီးငယ်အဲ့မှာရှိနေလေလိုတရတွက်အားနည်းချက်ပိုများလေဘဲ....''
''အဖေဘာကိုပြောချင်တာလဲ''
''သူတို့နှစ်ယောက်စပိန်မှာဘာဖြစ်ခဲ့လဲမင်းသိပါတယ်''
ဉီးသူရိန်သည်ထိုအခါမှသဘောပေါက်ကာခေါင်းတညိမ့်ညိမ့်နဲ့ပြုံးလေသည်
''မင်းတပည့်တွေကိုအဆင်သင့်လုပ်ခိုင်းထားလိုက်''
''ဟုတ်ကဲ့အဖေ''
...................
မြေကွက်အရောင်းအဝယ်တွက်လိုတရမှာမိုဘီကိုပင်မခေါ်ဘဲတစ်ယောက်ထဲကားမောင်းလာစဉ်
''ကျွီ''
လမ်းမပေါ်လဲကျနေသောလူတစ်ယောက်ကြောင့်ကားကိုဘရိတ်နင်းလိုက်ရသည်
''ဒီမှာ....''
ထိုလူကိုသွားကြည့်ရန်ကားပေါ်ကအဆင်းတွင်ပင်
လိုတရမျက်နှာကိုလူတစ်ယောက်ကဖျတ်ရိုက်လေသည်
ရုတ်တရက်မို့လိုတရသည်မူးသွားကာဟန်ချက်မပျက်သွားအောင်ထိန်းလိုက်ရသည်.....
ထိုလူကလိုတရကိုနောက်တစ်ချက်ထပ်ရိုက်ရန်အရှိန်ယူချိန်တွင်လိုတရသည်ခြေထောက်ဖြင့်ထိုလူရဲ့လက်ကိုကန်ချိုးလိုက်သည်...
''အား..''
ထိုလူလဲသွားသော်လည်းသူနဲ့ပါလာသောလူနှစ်ယောက်ကျန်သေး၍လိုတရမှာခေါင်းကဒဏ်ရာကိုဂရုမစိုက်နိုင်ဘဲထိုလူများကိုဖြေရှင်းရ၏...
''ဇွပ်''
ရုတ်တရက်စူးခနဲခံစားမှုကဝမ်းဗိုက်ဆီမှဖြစ်သည်
ဒူးတွေခွေယိုင်လာပြီးနောက်မှာတော့လိုတရဘာကိုမှမသိနိုင်တော့ပါ...
''အဲ့တာလေးလိုက်တယ်သမီး''
လိုတရရဲ့အဖွားကဘာမှမပြောဘဲစိန်ပွဲစားတွေခေါ်ကာစွဲတွက်လက်ဝတ်လက်စားတွေရွေးပေးတာ
ကြောင့်ထပ်ပြီးအားနာရပြန်သည်....
''တတကလည်းနောက်ကျလိုက်တာကွယ်...သူရောက်လာရင်လက်အတိုင်းယူပြီးလက်ထပ်လက်စွပ်အပ်ရမှာကို...''
''ရှင်......''
''ဟုတ်တယ်လေသမီးရဲ့.....ဇနီးမယားနှစ်ယောက်မှာလက်ထပ်လက်စွပ်ရှိသင့်တာပေါ့..''
ထိုအခိုက်မှာဘဲမိုဘီကအိမ်ထဲပြေးဝင်လာကာ
''မမလေး........ဓားထိုးခံရလို့.....ဆေး...ဆေးရုံမှာတဲ့''
''ဘာ....''
မိုဘီကိုကားမောင်းခိုင်း၍စွဲနဲ့လိုတရအဖွားမှာဆေးရုံကိုသွားရသည်..
''ဟိုလေ....သူဘာမှမဖြစ်လောက်ဘူးမလား....''
အေးစက်နေသောလက်ဖျားများကိုဆုပ်နယ်ရင်းကားမောင်းနေသောမိုဘီကိုမဝံ့မရဲလှမ်းမေးလိုက်သည်
''အခုထိတော့သတိမလည်သေးဘူးလို့ပြောတာပါဘဲ''
''ရှင်......''
စွဲမျက်နှာပျက်သွားသည်ကိုသတိထားမိသွားသောလိုတရရဲ့အဖွားက
''ဘာမှဆိုးဆိုးရွားရွားတော့ဖြစ်မယ်မထင်ပါဘူးသမီးရယ်..စိတ်ကိုအေးအေးထားပါ''
ဆေးရုံအောက်ထပ်တွင်ရဲတွေနဲ့ရှုပ်နေ၏
''အန်တီတို့အပေါ်တက်နှင့်ပါဗျ....ကျွန်တော်အမှုတွက်ရှင်းစရာလေးတွေလုပ်လိုက်ပါအုံးမယ်''
စွဲတို့အပေါ်ထပ်ကိုရောက်သော်ကောင်တာမှာမေးမြန်းပြီးလိုတရရှိရာအခန်းထဲဝင်လာခဲ့သည်
''အို.......''
''ဘုရား....''
ခုတင်ပေါ်ကလိုတရဟာခေါင်းမှာပတ်တီးစည်းထားရကာ...လက်တဖက်ကိုလည်းပတ်တီးစည်းထားရ၏
အနည်းငယ်ဟနေသောအင်္ကျီဝမ်းဗိုက်နားမှနေ၍ဗိုက်ကဒဏ်ရာကိုပတ်တီးစည်းထားကြောင်းလှမ်းမြင်နေရသည်...
''ငါ့မြေးရဲ့အတိတ်အကုသိုလ်ကံကလည်းကြီးလိုက်တာကွယ်''.
စွဲကတော့ဘာစကားမှမဆိုနိုင်ဘဲလိုတရရဲ့လက်ချောင်းလေးများကိုသာအသာယာထိကိုင်ရင်းငေးနေမိသည်...
........................
ဒီနေ့နဲ့ဆိုလိုတရသတိမလည်တာ၃ရက်ပြည့်ပြီ...
တာဝန်ခံဆရာဝန်ကတော့ဒီနေ့မှသတိမလည်ရင်ဉီးနှောက်ကိုဓာတ်မှန်ပြန်ရိုက်ရမယ်လို့မှာသွားလေသည်
''အန်တီစွဲ...အိမ်ပြန်နားလိုက်ပါအုံး...''
မိုဘီကအဖွားထည့်ပေးလာပုံရသောထမင်းချိုင့်နဲ့စားစရာခြင်းကိုဆွဲကာအခန်းထဲဝင်လာရင်းပြော၏
''နေပါစေ...စွဲ..သူ့နားနေချင်လို့ပါ.......''
''အဖွားကအန်တီပါလဲသွားမှာစိုးလို့မှာလိုက်တာ''
စွဲမှာလိုတရသတိမလည်မချင်းအနားမှာမခွာတမ်းပြုစု၏...ရေပတ်တိုက်တာရောဒက်ရာဆေးထည့်တာရောသူဘဲလုပ်ပေး၏....
''ကျွတ်.....''
ခေါင်းထဲကတဆစ်ဆစ်ထိုးကိုက်မှုနဲ့အတူတတမျက်လုံးတွေကိုအားယူကာဖွင့်ကြည့်လိုက်ချိန်ဘေးမှာရှိနေသူဟာ..စွဲမက်မောခင်.......
မိတ်ကပ်မပါပေမဲ့သူမရဲ့မျက်နှာဟာအတော်လေး
ကြည့်လို့ကောင်းနေသည်
တကယ်လို့...ခင်ဗျားသာ..ဉီးမင်းထင်ရဲ့သမီးအနေနဲ့မဟုတ်ခဲ့ရင်....ကျွန်မတို့နှစ်ယောက်ကအပျော်ရွှင်ရဆုံးမိသားစုတစ်ခုကိုတည်ဆောက်ဖြစ်မှာပါ....
ဒါမှမဟုတ်..အဲ့အချက်ကိုခဏလောက်မေ့ထားကြည့်ရမလား.........
''ဟင်....လိုတရ..မင်းသတိရလာပြီ....''
အတွေးမဆုံးခင်မှာဘဲသူမကနိုးသွားလေသည်
''ဘယ်လိုနေလဲဟင်...ဒဏ်ရာကအရမ်းနာနေလား...''
ဒေါ်စွဲမက်မောခင် ရဲ့မျက်ဝန်းထဲမှာလိုတရတွက်စိုးရိမ်မှုတွေကအပြည့်......
''ဘာမှမဖြစ်တော့ဘူး''
''သေချာပါတယ်နော် ''
''အင်း''
''တော်သေးတာပေါ့... မင်းသာတစ်ခုခုဖြစ်သွားရင်..ဘယ်လိုမှဖြေနိုင်မှာမဟုတ်ဘူး...ရူးမှာဘဲ''
''ကျွန်မကိုစိတ်ပူတာလား''
ထိုစကားကြောင့်စွဲမှာမျက်နှာပူသွားကာခေါင်းငုံ့ချလိုက်မိသည်....
လိုတရကစွဲရဲ့မေးဖျားကိုကိုင်ကာခေါင်းကိုမော့စေပြီး
''ကျွန်မကိုချစ်လား''
''မင်းမေးခွန်းမှားနေတယ်လိုတရ''
''ဒါဖြင့်ဘယ်လိုမေးရမှာလဲ''
''ချစ်နေသေးလားလို့မေးရမှာ''
''ကျွန်မကိုချစ်နေသေးလား''
''အင်း''
လိုတရကဘာမှထပ်မပြောဘဲစွဲရဲ့ခါးကိုဆွဲဖက်ကာနှုတ်ခမ်းကိုနမ်းရှိုက်တော့သည်....
''အင့်......''
အတန်ကြာအောင်နမ်းလို့ပြီးမှစွဲကိုလွှတ်တော့သည်
''ဒဏ်ရာတွေထိကုန်တော့မှာဘဲ..မင်းကလေလုပ်လိုက်မှဖြင့်အမြဲအရမ်းဘဲ''
''ဒီမှာလူနာကိုယ်တိုင်ကဘာမှမဖြစ်လို့ဖက်တာပေါ့...''
''မင်းတော်တော်ဆိုး''
လိုတရကစွဲရဲ့ပါးကိုထပ်နမ်းကာ
''မင်းမဟုတ်ဘူး..မောင်.....''
''ဘယ်လို''
''စပိန်မှာတုန်းကအန်တီ.ကျွန်မကိုမောင်လို့ခေါ်တယ်မလား''
''မင်းမှတ်မိတယ်ပေါ့''
''မှတ်မိတယ်...အန်တီနဲ့ပတ်သက်လာရင်အသေးအဖွဲကစ အကုန်မှတ်မိတယ် ''
''မောင်''
''ထပ်ခေါ်ပါအုံး''
''မောင်''
ထိုအခိုက်တန့်ဝယ် လိုတရသည်အမုန်းတရားများကိုမေ့ပစ်ရန်ဆုံးဖြတ်ခဲ့သည်....
သို့သော်..........
Sweetcandy