ငါ့စေ့စပ်ပွဲ ဖျက်သိမ်းပြီးတဲ့...

By Miracle_Phyu97

290K 31K 160

English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚... More

Description
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Attention
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-40
Chapter-41
Chapter-42
Chapter-43
Chapter-44
Chapter-45
Chapter-46
Chapter-47
Chapter-48
Chapter-49
Ch-50
Ch-51
Ch-52
Ch-53
Ch-54
Ch-55
Ch-56
Ch-57
Ch-58
Ch-59
Ch-60
Ch-61
Ch-62
Ch-63
Ch-64
Ch-65
Ch-66
Ch-67
Ch-68
Ch-69
Ch-70
Ch-71
Ch-72
Ch-73
Ch-74
Ch-75
Ch-76
Ch-77
Ch-78
Ch-79
Ch-80
Ch-81
Ch-82
Ch-83
Ch-84
Ch-85
Ch-86
Ch-87
Ch-88
Ch-89
Ch-90
Ch-91
Ch-92
Ch-93
Ch-94
Ch-95
Ch-96
Ch-97
Ch-98
Ch-99
Ch-100
Ch-101
Ch-102
Ch-103
Ch-104
Ch-105
Ch-106
Ch-107
Ch-108
Ch-109
Ch-110
Ch-111
Ch-112
Ch-113
Ch-114
Ch-115
Ch-116
Ch-117
Ch-118
Ch-119
Ch-120
Ch-121
Ch-122
Ch-123
Ch-124
Ch-125
Ch-127
Ch-128
Ch-129
Ch-130
Ch-131
Ch-132
Ch-133
Ch-134
Ch-135
Ch-136
Ch-137
Ch-138
Ch-139
Ch-140
Ch-141
Ch-142
Ch-143
Ch-144
Ch-145
Ch-146
Ch-147
Ch-148
Ch-149
Ch-150
Ch-151
Ch-152
Ch-153
Ch-154
Ch-155
Ch-156
Ch-157
Ch-158

Ch-126

959 108 0
By Miracle_Phyu97

အခန်း(၁၂၆) - ကပ်ဘေးတစ်ခု

ရှောင်ယွမ်ရှစ်က ခဏတာ လေးလေးနက်နက် တွေးလိုက်မိသည်။

သူက သူ့လူယုံတော်ကို ညွှန်ကြားခဲ့သည်။ “ကျန့်အာကို စောင့်ကြည့်ဖို့ လူတွေကို ဆက်ပြီး စေလွှတ်ထား၊ သူ့ဂုဏ်သိက္ခာကို ဖျက်စီးဖို့ အခွင့်အရေး ဖန်တီးတာ အကောင်းဆုံးပါပဲ။”

သူက သူ့သားဖြစ်သူအတွက် တွေးပေးဟန်ဖြင့် ပြောခဲ့သည်။ “မြို့တော်ကြီးဟာ သွေးထွက်သံယိုတွေ၊ တဖျက်ဖျက်လက်တဲ့ သံမဏီဓားမှာ သွေးစွန်းနေတာတွေ အများကြီး၊ သူ့လို ရွာသားလေးအတွက် မသင့်တော်ပါဘူး၊ သူက နန်ရှီစီရင်စုမြို့မှာ နေပြီး သူဌေးဖြစ်နေတာပဲ သင့်လျော်တယ်။"

အလုပ်ရုံ အနည်းငယ် ဖွင့်ထားတာကြောင့် ၎င်းတို့ကို ကောင်းမွန်စွာ စီမံခန့်ခွဲသင့်ပြီး တော်ဝင်စာမေးပွဲများ ဝင်ရောက် မဖြေဆိုပါက ပိုကောင်းပမေည်။

သူ့ကို ကြိုးကိုင်လို့ မရပေ။ သူ့ကို နောက်ကျောကနေ ဓားနှင့် ထိုးနိုင်သည်။

အောင်မြင်မှုအတွက် ရက်စက်ကြမ်းကြုတ်ပြီး သူ့သားဖြစ်သူရဲ့ အောင်မြင်မှုလမ်းကြောင်းကို ဖြတ်တောက်ပစ်ရမည်။

သူ့လူယုံတော်က ခေါင်းညိတ်ပြလိုက်သည်။ "နားလည်ပါပြီ၊ စစ်သူကြီးက သခင်လေးအတွက် စဥ်းစားပေးနေတာပဲ။"

ရှောင်ယွမ်ရှစ်က ခဏလောက် စဉ်းစားပြီးနောက် ထပ်ပြောခဲ့သည်။ “သက်သေ မချန်ခဲ့နဲ့၊ သေသေချာချာလုပ်၊  ကျန့်အာကို ဒီအကြောင်း မသိစေနဲ့။"

သူယုံကြည်ရသည့် လက်ထောက်တွေက သူတို့ကိုယ်တိုင် မလုပ်သင့်ဘူးလို့ သူက ပြောနေတာ ဖြစ်သည်။

ထိုကိစ္စကို လုပ်ဖို့ တခြားသူရဲ့ ဓားကို ငှားရမည်။

မျက်စိတစ်မှိတ်အတွင်းမှာ ရှောင်ဟန်ကျန့်က ကြီးပြင်းလာခဲ့သည်။

သူက ကောင်းကောင်း လုပ်နေပြီး ရှောင်ယွမ်ရှစ်က အလျင်စလို မပြုရဲပေ။

အစွန်းဆုံးအားဖြင့် သူ့ဂုဏ်သိက္ခာကို ဖျက်စီးပစ်လိုက်တာလောက်သာ ဖြစ်သည်။

အကယ်၍ သူသာ တော်ဝင်စာမေးပွဲကို အောင်မြင်သော်လည်း နာမည်ကောင်း မရှိပါက တော်ဝင်တရားရုံးရှိ အကြီးတန်း အရပ်ဘက် အရာရှိများ၏ အရေးပါသော ရာထူးကို ပေးအပ်ခြင်း ခံရမည်မဟုတ်ပေ။

ထိုအမျိုးသမီးက မြို့တော်သို့ လာရန် ရည်ရွယ်ချက်ရှိရှိဖြင့် သူတို့၏ ဂုဏ်သိက္ခာကို ဖျက်ဆီးရန် ရှောင်မိသားစုဟောင်းမှ လူများကို လှုံ့ဆော်ခဲ့တာ ဖြစ်သည်။

ဒီအကြောင်းကို သူ့သား မသိတာကို သူ မယုံပေ။

ဒီလိုဆိုမှတော့ သူ့အစီအစဥ်တွေကို ထိန်းထားစရာ မလိုပေ။

သူ၏ဂုဏ်သတင်းနှင့် အနာဂတ် ပျက်ဆီးပြီးနောက် သူက နန်ရှီစီရင်စုမြို့တွင် နာခံစွာ နေထိုင်လိမ့်မည်။

သူ့လူယုံတော်က သူ့သခင်ဖြစ်သူ ဘာတွေတွေးနေမှန်း သိလေသည်။ "ဟုတ်ကဲ့ ကျွန်တော် ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ပေးပါ့မယ်။"

သူတို့စကားကြားမှ ကောချွန်းရုရဲ့ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတဲ့ လက်တွေကို ဖြည်းညှင်းစွာ ဖြေလျော့လိုက်ပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။

သူမက အဓိပ္ပါယ်ရှိစွာပြောခဲ့သည်။ "ဟန်ကျန့်ကို သိမ်မွေ့တဲ့ဇနီး ရအောင် ပြောင်းပေးဖို့ ကူညီပေးတာ ပိုကောင်းလိမ့်မယ်၊ ဒါမှ သူ နောက်တစ်ကြိမ် လမ်းလွဲမခံရမှာ။"

ရှစ်ချင်းလျို့ရဲ့ ချုံရှီကြောင့်သာ မဟုတ်ပါက ရှောင်ဟန်ကျန့်က အခုအချိန်တွင် ဖျားနာပြီး သေဆုံးသွားလောက်ပြီ ဖြစ်သည်။

ထို့အပြင် ထိုခွေးမက ဖော်စပ်ထုတ်လုပ်နည်းများကို ပေးခဲ့သူလည်း ဖြစ်သည်။

ရှောင်ဟန်ကျန့်ရဲ့ဘေးမှာ အကူအညီပေးနိုင်သည့်လူ မရှိစေချင်တာကြောင့် သူမကို စောစီးစွာ ရှင်းထုတ်ပစ်ရမည်။

သူမက ရှောင်ဟန်ကျန့်ကို အနာဂတ်တွင် ကူညီပေးနိုင်သည့် ဇနီးသည်ကို ရှာမတွေ့စေချင်ပေ။

ထို့ကြောင့် သူမ သူ့ကို ထပ်သတိပေးခဲ့တာဖြစ်သည်။

ရှောင်ယွမ်ရှစ်က ခဏမျှ စဉ်းစားလိုက်သည်။ “ဒါကို မင်းကိုင်တွယ်လို့ ရတယ်။ ငါက လူကြီးတစ်ယောက်ဆိုတော့ ဝင်စွက်ဖက်ဖို့က မကောင်းဘူး။”

ထိုမကောင်းသည့် ချွေးမဖြစ်သူကို ဖယ်ရှားပစ်ဖို့ သူ့လက်ထောက်တွေကို သူ့အတွက် အချောင်ဝင်ခံခိုင်းဖို့ လူရှာဖို့ ညွှန်ကြားထားပြီးပြီ ဖြစ်သည်။

သို့ပေမယ့် သားဖြစ်သူကို ဘယ်လိုမျိုး ဇနီးမယားမျိုးနဲ့ ပြောင်းစေချင်လဲ ဆိုတာကိုတော့ သူ စိတ်ပူစရာ မလိုပါဘူး။

ဒီကိစ္စက သူ့ဇနီးအလှလေး ဖြေရှင်းလိမ့်မည်။

သူမက နန်ရှီစီရင်စုမြို့တွင် တစ်စုံတစ်ဦးအား စေလွှတ် ခိုင်းစေပြီး သူမ၏ ကိုယ်ပိုင်ထင်မြင်ယူဆချက် မရှိသော နူးညံ့သိမ်မွေ့ပြီး အကျင့်ကောင်းရှိသည့် အမျိုးသမီးတစ်ဦးကို ရှာဖွေဖို့ ကူညီပေးလိမ့်မည်။

ထို့နောက် ရှောင်ဟန်ကျန့်အတွက် အောင်သွယ်လုပ်ရန် တစ်စုံတစ်ဦးကို သူမ ရှာပေးလိမ့်မည်။

အမျိုးသမီးခုန်က အလွန်ဉာဏ်တိမ်ပြီး ပြဿနာကိုသာ ဖန်တီးတတ်သည်။

ကောချွန်းရုက သူမ မျက်နှာမှာ နူးညံ့သိမ်မွေ့သည့် အမူအရာ ဆင်မြန်းကာ ပြောလိုက်သည်။ "ကောင်းပြီ၊ ကျွန်မ ဟန်ကျန့်ကို အကျင့်သီလကောင်းတဲ့ ဇနီးတစ်ယောက်ရဖို့ သေချာပေါက် ကူညီပေးပါ့မယ်။"

ရှောင်ယွမ်ရှစ်က သူမကို ဤကဲ့သို့ ပုံစံလေး မြင်လိုက်ရသည့်အခါ သူ့ရင်ထဲတွင် ယားယံလာခဲ့သည်။

သူ့လူယုံတော်တွေကို ထွက်သွားခိုင်းပြီးနောက် သူမကို အိပ်ခန်းထဲ ခေါ်သွားခဲ့လေသည်။

ရှာ့ရှီရွာတွင် ဖြစ်သည်။

လျန့်ယိုရှောင်က လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက ရွာတစ်ဝိုက်တွင် ပတ်သွားခဲ့သည်။

သူက ရှစ်ချင်းလျို့၏နောက်သို့ မကြာခဏ လိုက်သွားကာ ရှောင်မိသားစု၏ အလုပ်ရုံသို့ သွားခဲ့သည်။

ဒီနေ့မှာတော့ သူ့အစေခံကောင်လေးတွေကို သကြားအလုပ်ရုံကို ခေါ်သွားခဲ့သည်။

ရှစ်ချင်းလျို့က သူမ၏ အလုပ်သမားများကို မုန့်ချိုခဲနှင့် နို့သကြားလုံးများ ပြုလုပ်ရန် ဦးဆောင်ခဲ့သည်။

တောင်ပေါ်က နွားတွေက နို့ထွက်နေပြီမို့ အလုပ်သမားတွေကို ညှစ်ခိုင်းခဲ့သည်။

နေ့စဉ်စားသုံးရန် သီးသန့်ခွဲထားသည့် နွားနို့မှလွဲ၍ ကျန်သည့်အားလုံးကို သကြားလုံးအဖြစ် ပြုလုပ်ထားသည်။

ရှောင်ဟန်ကျန့်က ယနေ့တော့ အားလပ်ရက်တစ်ရက်ရကာ နို့သကြားလုံးများပြုလုပ်ရန်အတွက် သူ့ဇနီးနှင့်အတူ လိုက်ပါလာခဲ့သည်။

လျန့်ယိုရှောင်က သူ့ကိုယ်ပိုင်အတွေးများတွင် နစ်မြောနေသည်။

သူက လမ်းလျှောက်လာရင်း မုန့်ချိုခဲတစ်ခုကို ကောက်ယူပြီး ပါးစပ်ထဲကို ပစ်ထည့်လိုက်သည်။

သူ့မျက်လုံးများက တောက်ပလာခဲ့သည်။ "ဒီသကြားလုံးက အရမ်းအရသာရှိတယ်။"

ရှစ်ချင်းလျို့က သူက အစားသရဲဖြစ်ကြောင်း သိထားပြီးပြီဖြစ်သည်။ "ဒါပေါ့ ကောင်းတာပေါ့။"

လျန့်ယိုရှောင်က ဤကျားမ၏ အချက်အပြုတ်အတတ်ပညာက အလွန် ကောင်းမွန်ခြင်း မရှိသော်လည်း အခြားသူများကိုတော့ ဟင်းလျာများကို ပုံစံအမျိုးမျိုးဖြင့် ပြင်ဆင်နိုင်စေအောင် ဦးဆောင်နိုင်ကြောင်း သိလိုက်သည်။

သူက မေးလိုက်သည်။ “ဒီသကြားလုံးတွေကို ဘယ်လိုရောင်းချမှာလဲ။”

“ရွာအဝင်ဝက ဆိုင်တွေမှာ ရောင်းချမယ်။”

ရွာဝင်ပေါက်မှာ ခြံဝင်းနဲ့ ဈေးဆိုင်တွေကို ပြုပြင်ပြီးသွားတော့ တခြားနေရာက လက်ကားရောင်းသူတွေနဲ့ စီရင်စုမြို့တွင်းက ဈေးသည်တွေ စည်ကားနေကြသည်။

လျန့်ယိုရှောင်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ "ဒါက မင်းအတွက် အရမ်း ဒုက္ခရောက်မှာပေါ့၊  မင်း ငါ့ကို ဘာလို့ အကုန်ဝယ်ခွင့်မပေးတာလဲ။"

ရှစ်ချင်းလျို့က သူ့ကို မျက်စောင်းထိုးလိုက်သည်။ "မလုပ်ဘူး။"

အကယ်၍ ဒီလူသာ ထိုသို့လုပ်ပါက မုန့်ချိုခဲတွေနှင့် နို့သကြားလုံးများက အထက်တန်းလွှာအတွက် သီးသန့်ဖြစ်လာမည်ဖြစ်သည်။

တာ့လျန်မှ လူများက အနာဂတ်တွင် သူမရဲ့ မိသားစုမှ ထုတ်လုပ်သည့် နို့သကြားလုံများကို မြည်းစမ်းနိုင်လိမ့်မည်ဟု သူမ မျှော်လင့်ထားဆဲ ဖြစ်သည်။

"စိတ်ဝင်စားရင် စာချုပ်ချုပ်ပြီး တချို့ကို ဝယ်ပြီးရင် သင်္ဘောနဲ့ မြို့တော်ကို ပို့ပေးပြီး ရောင်းခိုင်းလို့ ရတယ်။"

ဤနို့ထွက်ပစ္စည်းအကြောင်း လူအများ ပိုမိုသိရှိနိုင်စေရန်အတွက် တချို့ကို မြို့တော်သို့ ပို့ဆောင်ကာ ထိုနေရာက လူတွေကို ဝယ်ယူစေခြင်းက နည်းလမ်းကောင်း ဖြစ်သည်။

ဒီလူက သူမ တစ်နေ့တာလုံး လုပ်ထားသည့် ကုန်ပစ္စည်းတွေကို လက်ဝါးကြီးအုပ်ဖို့ တွေးနေသည်။

ယခင်က ပိုင်ရွှီ ပစ္စည်းများစွာအတွက် ဈေးကွက်ကို လက်ဝါးကြီးအုပ်ခွင့်ပေးရန် သူမအား အကြိမ်ကြိမ် ပြောခဲ့ဖူးပြီး ပရိဘောဂအလုပ်ရုံတစ်ခု တည်ထောင်လိုသော်လည်း သူမ ငြင်းပယ်ခဲ့သည်။

သူမက ပရိဘောဂလုပ်ငန်းတွင် ပါဝင်ရမှာ အလွန်ပျင်းလွန်းလှသည်။

အနည်းဆုံးတော့ အခုလောလောဆယ်တော့ သူမရဲ့ အိမ်ကို ထူးခြားတဲ့ပုံစံလေးဖြင့်  ထိန်းသိမ်းထားချင်သည်။

အနာဂတ်မှာ ဒါမျိုးတွေ ပိုလုပ်ချင်တယ်ဆိုရင်တော့ နောက်တစ်ကြိမ်မှ ပြန်စဉ်းစားမည်။

သူမ ပစ္စည်းတွေကို ဆော့ကစားလိုပါက လက်ကားရောင်းချသူများထံ ပေးပို့ရန် အာရုံစိုက်ဖို့ ရည်ရွယ်ထားသည်။

လျန့်ယိုရှောင်က ဆွံ့အသွားသည်။

တခါတရံမှာ ဒီအမျိုးသမီး ဘာတွေတွေးနေလဲဆိုတာ သူ တကယ် နားမလည်နိုင်ပေ။

အကယ်၍ သူသာ သူမ၏ ကုန်ပစ္စည်းအားလုံးကို ဝယ်ယူပါက ကုန်သည်များစွာထံ အနည်းအကျဉ်း ရောင်းချခြင်း ပြဿနာကို ရှောင်လွှဲနိုင်မည်ဖြစ်သည်။

ရောင်းဈေးလည်း မြင့်နိုင်ပေမယ့် လက်တွေ့မှာတော့ သူမက ငြင်းပယ်ခဲ့သည်။

သူက ဆွံ့အစွာ ပြောခဲ့သည်။ “ကောင်းပြီ ဒါဆို ငါ့ကို တစ်သုတ် အရင်ရောင်း၊ မြို့တော်ကို သင်္ဘောနဲ့ ပို့ပြီး ရောင်းခိုင်းကြည့်မယ်။"

သူက တော်ဝင်ခုံရုံးမှာ ရာထူးရရှိရန် အလွန် စိတ်မ၀င်စားပဲ ပိုက်ဆံကိုသာ ကြိုက်သည်။

ထို့ကြောင့် သူ မြို့တော်မှာရှိသည့်အချိန်တုန်းက ကိုယ်ပိုင်စီးပွားရေးတစ်ခု စတင်လိုကြောင်း သူ့မိသားစုကို ပြောပြခဲ့သည်။

ပြင်ပကမ္ဘာကို ပိုကောင်းအောင် ကြည့်မြင်ချင်သည်။

သို့သော် ငြင်းပယ်ခံရရုံသာမက အရိုက်ခံရလုနီးပါး ဖြစ်ခဲ့သည်။

သူအရှုံးမပေးခဲ့ပေ။ သူက လုပ်ငန်းလိုင်စင်ကို လျှို့ဝှက်လျှောက်ထားခဲ့ပြီး အပြင်ထွက်ရန် ပြင်ဆင်ခဲ့သည်။

သူလျှို့ဝှက်ချက်တွေကို တခြားသူက ရှာဖွေတွေ့ရှိတယ်ဆိုတာ မထင်မိခဲ့ပေ။

သူ့အဘိုးနှင့် အဖေက သူ့ခြေထောက်တွေကို ချိုးမယ်လို့ ပြောခဲ့သည့်အတွက် ခဏလောက် ပုန်းအောင်းဖို့ ထွက်ပြေးခဲ့တာ ဖြစ်သည်။

ရှစ်နွန်ကုန်းရှန် 士农工商 (ရှေးခေတ်တရုတ်များက  စာသင်သားပညာရှင်၊ တောင်သူလယ်သမား၊ လက်သမား၊ ကုန်သည် စသည့်အလုပ်အကိုင်ဖြင့် အဆင့်ခွဲခြားထားခြင်း) တာ့လျန်မှာရှိသည့် ကုန်သည်တွေဟာ အလွန် ဆိုးရွားသည့် အဆင့်အတန်းမှာ မရှိသော်လည်း သူတို့က လူ့အဖွဲ့အစည်း အဆင့်အတန်းရဲ့ အောက်ဆုံးမှာ ရှိနေသည့် အချက်ကိုတော့ မပြောင်းလဲနိုင်ခဲ့ပေ။

သေချာပေါက် သူ့မိသားစုက ကိုယ်ပိုင်ဆိုင်တွေရှိပေမယ့် သူတို့တွေက အိမ်အစေခံနဲ့ ဆိုင်ရှင်တွေကို စီမံခန့်ခွဲဖို့သာ ထားရှိသည်။

မင်းစိုးရာဇာမိသားစုရှိ ကလေးများက သူတို့လက်တွေ ညစ်ပတ်အောင် ကိုယ်တိုင်ဝင်ပါစရာ မလိုပေ။

ထို့ကြောင့် သူ့မိသားစုက သူစီးပွားရေးလုပ်တာက အလွန်ရှက်စရာကောင်းသည်ဟု ခံစားခဲ့ကြရလေသည်။

မူလက သူက အပျော်သဘောဖြင့် စမ်းကြည့်ချင်သော်လည်း သူ့မိသားစုက ပြင်းပြင်းထန်ထန် ကန့်ကွက်ပြီး သူ့ကို တားချင်တာကြောင့် သူပုန်ကန်ချင်သည့် အတွေးတစ်ခု ရှိခဲ့သည်။

မလုပ်ခိုင်းလေလေ ပိုကောင်းအောင် လုပ်ချင်လေလေ ဖြစ်သည်။

ဆိုင်အနည်းငယ် ဖွင့်ပြီး ဘာလုပ်ရမှာလဲ။ တကယ်လို့ လုပ်ချင်ရင် မိသားစုဝင်တွေကို ထိတ်လန့်သွားအောင် ကြီးမားခိုင်မာသည့် လုပ်ငန်းကြီးဖြစ်အောင် လုပ်ရမည်။

ထို့အပြင် သူက လုပ်ငန်းကို ကောင်းမွန်စွာ ချဲ့ထွင်မည်ဆိုပါက သူ့မိသားစုကို ပိုမိုချောမွေ့စွာ အခြေအနေ တိုးမြင့်အောင် လုပ်ဆောင်ပေးနိုင်မည်။

သေချာပေါက် သူ့မိသားစုနောက်ခံကလည်း သူ့ကို အကြီးမားဆုံးသော အကာအကွယ်ပေးနေခြင်း ဖြစ်သည်။

ထို့အတွက်ကြောင့် ရှစ်ချင်းလျို့ အိမ်မှာရှိသည့် ပစ္စည်းကောင်းများကို သူရှာဖွေတွေ့ရှိပြီးကတည်းက သူမျက်စိကျခဲ့သည်။

ဤကျားမထုတ်လုပ်သသည့် နို့သကြားလုံးနှင့် မုန့်ချိုခဲသည် သူ တစ်ခါမှ မမြင်ဖူးသော အရာ ဖြစ်သည်။

မြို့တော်ကလူတွေလည်း ဒီထုတ်ကုန်တွေကို မမြင်ဖူးပေ။

အရသာကောင်းရုံသာမက ခန္ဓာကိုယ်ကိုလည်း  အာဟာရဖြည့်ပေးနိုင်ကြောင်း ရှစ်ချင်းလျို့က ပြောခဲ့သည်။

သူက မြို့တော်ရှိ စျေးကွက်ကို ဦးစွာစမ်းသပ်ရန်အတွက် ပထမတစ်သုတ်ကို ဝယ်ရောင်းပြီး သူ့မိသားစုဝင်များ မည်သို့တုံ့ပြန်မည်ကိုလည်း ကြည့်ရှုနိုင်မည်။

သူ့ကိုယ်သူ သက်ပြင်းချနေသလိုမျိုး သက်ပြင်းချလိုက်သည်။  "ဘာလို့ ငါကြိုက်သမျှက လုပ်ဖို့ ခက်ခဲနေရတာလဲ။"

ရှစ်ချင်းလျို့က သူ့သက်ပြင်းချသံကိုကြားသည့်အခါ အလားတူ ခံစားလိုက်ရလေသည်။

သူမလည်း မော်ဒန်ခေတ်တုန်းက စိုက်ပျိုးရေးပညာကို လေ့လာဖို့ မိသားစု၏ အထောက်အပံ့ကို မရရှိခဲ့ပေ။

သူမကိုယ်တိုင် ရုန်းကန်မှုကာ ကြိုးစားအားထုတ်မှုခဲ့ကြောင့်သာ မဟုတ်ပါက သူမလည်း စီးပွားရေးပညာကို ဖိအားပေး သင်ယူခဲ့နေရလောက်ပြီဖြစ်သည်။

"ရှင့်ကိုယ်ရှင် နာမည်တပ်နိုင်သရွေ့ ရှင့်ရဲ့ စွမ်းဆောင်ရည်တွေကို တခြားသူတွေက အသိအမှတ်ပြုတဲ့နေ့ တစ်နေ့တော့ ရှိလိမ့်မယ်။"

တာ့လျန်ကို မကြာသေးမီကမှ စတင်တည်ထောင်ခဲ့ပြီး ယခင်စစ်ပွဲက နိုင်ငံတစ်ခုလုံး၏ စီးပွားရေးကို ထိခိုက်ခဲ့သည်။

ထို့ကြောင့် ဧကရာဇ်မင်းပသစ် နန်းတက်ပြီးနောက် ကုန်သည်များ၏ အဆင့်အတန်းကို မြှင့်တင်ကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးရှိသော မူဝါဒများစွာကို ထုတ်ပြန်ခဲ့သည်။

ဥပမာအားဖြင့်၊ ကုန်သည်များ၏ ၀တ်စားဆင်ယင်မှုတွင် ကန့်သတ်ချက် မရှိဘဲ သူတို့၏ သားမြေးများသည် တော်စာမေးပွဲတွင် ပါဝင်နိုင်ပြီး နိုင်ငံ့ဝန်ထမ်းအဖြစ် ဝင်ရောက်တာဝန်ထမ်းဆောင်နိုင်သည်။

ရှစ်နွန်ကုန်းရှန် 士农工商 (ရှေးခေတ်တရုတ်များက  စာသင်သားပညာရှင်၊ တောင်သူလယ်သမား၊ လက်သမား၊ ကုန်သည် စသည့် အလုပ်အကိုင်ဖြင့် အဆင့်ခွဲခြားထားခြင်း) စာသင်သားပညာရှင်များမှလွဲ၍ တောင်သူလယ်သမားများနှင့် လက်သမားတွေက တကယ်ပဲ ကုန်သည်တွေထက် အဆင့်အတန်း ပိုမြင့်တာလား။

ဒါဟာ စကားလုံး သက်သက်သာ ဖြစ်သည်။ အာဏာအပြင် ပိုက်ဆံပိုရှိသည့်လူက ပိုမြင့်မားသည့် အဆင့်အတန်းကို ပိုင်ဆိုင်တာ မဟုတ်လား။

ကုန်သည်မိသားစု၏ ကျွန်အများစုက လယ်သမားမိသားစုမှ မွေးဖွားလာကြသည်။

ပိုင်ရွှီ၏ အဆင့်အတန်းနှင့် သူ့မိသားစုနောက်ခံကြောင့် သူကြီးကြီးမားမားလုပ်ချင်ရင် သူ့ကိုယ်သူ  နှိမ့်ချတာ ပိုကောင်းပါသည်။ မဟုတ်ရင် လူတွေက သူ နစ်မြှုပ်သွားသည်အထိ သူ့ကို ပစ်မှတ်ထားနိုင်သည်။

လျန့်ယိုရှောင်တွင် ထိုကဲ့သို့သော အခြေအနေနှင့်ပတ်သက်ကာ စိုးရိမ်ပူပန်စရာမရှိတာကြောင့် ရှစ်ချင်းလျို့ ပိုမိုရည်မှန်းချက်ကြီးသော လုပ်ငန်းတစ်ခုစတင်ရန် သူ့အစီအစဉ်ကို ထောက်ခံခဲ့သည်။ သူမ လိုတာရှိရင် သူပြန်ကူညီနိုင်ရင်လည်း ကောင်းသည့် ကိစ္စ ဖြစ်သည်။

လျန့်ယိုရှောင်က ထိုစကားကိုကြားသည့်အခါ သူတို့က တစ်ကယ့်ကို စိတ်တူသည့် မိတ်ဆွေတွေဖြစ်ကြောင်း ခံစားလိုက်ရသည်။

ထိုအချိန်မှာပဲ ရှစ်မိသားစုရဲ့ တတိယသားက ခိုးကြောင်ခိုးဝှက် ဝင်လာခဲ့သည်။ "မိန်းကလေး ကပ်ဘေးတော့ ဆိုက်ပြီ။"

Zawgyi

အခန္း(၁၂၆) - ကပ္ေဘးတစ္ခု

ေ႐ွာင္ယြမ္႐ွစ္က ခဏတာ ေလးေလးနက္နက္ ေတြးလိုက္မိသည္။

သူက သူ႕လူယုံေတာ္ကို ၫႊန္ၾကားခဲ့သည္။ “က်န္႔အာကို ေစာင့္ၾကည့္ဖို႔ လူေတြကို ဆက္ၿပီး ေစလႊတ္ထား၊ သူ႕ဂုဏ္သိကၡာကို ဖ်က္စီးဖို႔ အခြင့္အေရး ဖန္တီးတာ အေကာင္းဆုံးပါပဲ။”

သူက သူ႕သားျဖစ္သူအတြက္ ေတြးေပးဟန္ျဖင့္ ေျပာခဲ့သည္။ “ၿမိဳ႕ေတာ္ႀကီးဟာ ေသြးထြက္သံယိုေတြ၊ တဖ်က္ဖ်က္လက္တဲ့ သံမဏီဓားမွာ ေသြးစြန္းေနတာေတြ အမ်ားႀကီး၊ သူ႕လို ႐ြာသားေလးအတြက္ မသင့္ေတာ္ပါဘူး၊ သူက နန္႐ွီစီရင္စုၿမိဳ႕မွာ ေနၿပီး သူေဌးျဖစ္ေနတာပဲ သင့္ေလ်ာ္တယ္။"

အလုပ္႐ုံ အနည္းငယ္ ဖြင့္ထားတာေၾကာင့္ ၎တို႔ကို ေကာင္းမြန္စြာ စီမံခန္႔ခြဲသင့္ၿပီး ေတာ္ဝင္စာေမးပြဲမ်ား ဝင္ေရာက္ မေျဖဆိုပါက ပိုေကာင္းပေမည္။

သူ႕ကို ႀကိဳးကိုင္လို႔ မရေပ။ သူ႕ကို ေနာက္ေက်ာကေန ဓားႏွင့္ ထိုးႏိုင္သည္။

ေအာင္ျမင္မႈအတြက္ ရက္စက္ၾကမ္းၾကဳတ္ၿပီး သူ႕သားျဖစ္သူရဲ႕ ေအာင္ျမင္မႈလမ္းေၾကာင္းကို ျဖတ္ေတာက္ပစ္ရမည္။

သူ႕လူယုံေတာ္က ေခါင္းညိတ္ျပလိုက္သည္။ "နားလည္ပါၿပီ၊ စစ္သူႀကီးက သခင္ေလးအတြက္ စဥ္းစားေပးေနတာပဲ။"

ေ႐ွာင္ယြမ္႐ွစ္က ခဏေလာက္ စဥ္းစားၿပီးေနာက္ ထပ္ေျပာခဲ့သည္။ “သက္ေသ မခ်န္ခဲ့နဲ႔၊ ေသေသခ်ာခ်ာလုပ္၊  က်န္႔အာကို ဒီအေၾကာင္း မသိေစနဲ႔။"

သူယုံၾကည္ရသည့္ လက္ေထာက္ေတြက သူတို႔ကိုယ္တိုင္ မလုပ္သင့္ဘူးလို႔ သူက ေျပာေနတာ ျဖစ္သည္။

ထိုကိစၥကို လုပ္ဖို႔ တျခားသူရဲ႕ ဓားကို ငွားရမည္။

မ်က္စိတစ္မွိတ္အတြင္းမွာ ေ႐ွာင္ဟန္က်န္႔က ႀကီးျပင္းလာခဲ့သည္။

သူက ေကာင္းေကာင္း လုပ္ေနၿပီး ေ႐ွာင္ယြမ္႐ွစ္က အလ်င္စလို မျပဳရဲေပ။

အစြန္းဆုံးအားျဖင့္ သူ႕ဂုဏ္သိကၡာကို ဖ်က္စီးပစ္လိုက္တာေလာက္သာ ျဖစ္သည္။

အကယ္၍ သူသာ ေတာ္ဝင္စာေမးပြဲကို ေအာင္ျမင္ေသာ္လည္း နာမည္ေကာင္း မ႐ွိပါက ေတာ္ဝင္တရား႐ုံး႐ွိ အႀကီးတန္း အရပ္ဘက္ အရာ႐ွိမ်ား၏ အေရးပါေသာ ရာထူးကို ေပးအပ္ျခင္း ခံရမည္မဟုတ္ေပ။

ထိုအမ်ိဳးသမီးက ၿမိဳ႕ေတာ္သို႔ လာရန္ ရည္႐ြယ္ခ်က္႐ွိ႐ွိျဖင့္ သူတို႔၏ ဂုဏ္သိကၡာကို ဖ်က္ဆီးရန္ ေ႐ွာင္မိသားစုေဟာင္းမွ လူမ်ားကို လႈံ႕ေဆာ္ခဲ့တာ ျဖစ္သည္။

ဒီအေၾကာင္းကို သူ႕သား မသိတာကို သူ မယုံေပ။

ဒီလိုဆိုမွေတာ့ သူ႕အစီအစဥ္ေတြကို ထိန္းထားစရာ မလိုေပ။

သူ၏ဂုဏ္သတင္းႏွင့္ အနာဂတ္ ပ်က္ဆီးၿပီးေနာက္ သူက နန္႐ွီစီရင္စုၿမိဳ႕တြင္ နာခံစြာ ေနထိုင္လိမ့္မည္။

သူ႕လူယုံေတာ္က သူ႕သခင္ျဖစ္သူ ဘာေတြေတြးေနမွန္း သိေလသည္။ "ဟုတ္ကဲ့ ကြၽန္ေတာ္ ကိုယ္တိုင္ကိုယ္က် ေဆာင္႐ြက္ေပးပါ့မယ္။"

သူတို႔စကားၾကားမွ ေကာခြၽန္း႐ုရဲ႕ တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္ထားတဲ့ လက္ေတြကို ျဖည္းညႇင္းစြာ ေျဖေလ်ာ့လိုက္ၿပီး သက္ျပင္းတစ္ခ်က္ခ်လိုက္သည္။

သူမက အဓိပၸါယ္႐ွိစြာေျပာခဲ့သည္။ "ဟန္က်န္႔ကို သိမ္ေမြ႕တဲ့ဇနီး ရေအာင္ ေျပာင္းေပးဖို႔ ကူညီေပးတာ ပိုေကာင္းလိမ့္မယ္၊ ဒါမွ သူ ေနာက္တစ္ႀကိမ္ လမ္းလြဲမခံရမွာ။"

႐ွစ္ခ်င္းလ်ိဳ႕ရဲ႕ ခ်ံဳ႐ွီေၾကာင့္သာ မဟုတ္ပါက ေ႐ွာင္ဟန္က်န္႔က အခုအခ်ိန္တြင္ ဖ်ားနာၿပီး ေသဆုံးသြားေလာက္ၿပီ ျဖစ္သည္။

ထို႔အျပင္ ထိုေခြးမက ေဖာ္စပ္ထုတ္လုပ္နည္းမ်ားကို ေပးခဲ့သူလည္း ျဖစ္သည္။

ေ႐ွာင္ဟန္က်န္႔ရဲ႕ေဘးမွာ အကူအညီေပးႏိုင္သည့္လူ မ႐ွိေစခ်င္တာေၾကာင့္ သူမကို ေစာစီးစြာ ႐ွင္းထုတ္ပစ္ရမည္။

သူမက ေ႐ွာင္ဟန္က်န္႔ကို အနာဂတ္တြင္ ကူညီေပးႏိုင္သည့္ ဇနီးသည္ကို ႐ွာမေတြ႕ေစခ်င္ေပ။

ထို႔ေၾကာင့္ သူမ သူ႕ကို ထပ္သတိေပးခဲ့တာျဖစ္သည္။

ေ႐ွာင္ယြမ္႐ွစ္က ခဏမွ် စဥ္းစားလိုက္သည္။ “ဒါကို မင္းကိုင္တြယ္လို႔ ရတယ္။ ငါက လူႀကီးတစ္ေယာက္ဆိုေတာ့ ဝင္စြက္ဖက္ဖို႔က မေကာင္းဘူး။”

ထိုမေကာင္းသည့္ ေခြၽးမျဖစ္သူကို ဖယ္႐ွားပစ္ဖို႔ သူ႕လက္ေထာက္ေတြကို သူ႕အတြက္ အေခ်ာင္ဝင္ခံခိုင္းဖို႔ လူ႐ွာဖို႔ ၫႊန္ၾကားထားၿပီးၿပီ ျဖစ္သည္။

သို႔ေပမယ့္ သားျဖစ္သူကို ဘယ္လိုမ်ိဳး ဇနီးမယားမ်ိဳးနဲ႔ ေျပာင္းေစခ်င္လဲ ဆိုတာကိုေတာ့ သူ စိတ္ပူစရာ မလိုပါဘူး။

ဒီကိစၥက သူ႕ဇနီးအလွေလး ေျဖ႐ွင္းလိမ့္မည္။

သူမက နန္႐ွီစီရင္စုၿမိဳ႕တြင္ တစ္စုံတစ္ဦးအား ေစလႊတ္ ခိုင္းေစၿပီး သူမ၏ ကိုယ္ပိုင္ထင္ျမင္ယူဆခ်က္ မ႐ွိေသာ ႏူးညံ့သိမ္ေမြ႕ၿပီး အက်င့္ေကာင္း႐ွိသည့္ အမ်ိဳးသမီးတစ္ဦးကို ႐ွာေဖြဖို႔ ကူညီေပးလိမ့္မည္။

ထို႔ေနာက္ ေ႐ွာင္ဟန္က်န္႔အတြက္ ေအာင္သြယ္လုပ္ရန္ တစ္စုံတစ္ဦးကို သူမ ႐ွာေပးလိမ့္မည္။

အမ်ိဳးသမီးခုန္က အလြန္ဉာဏ္တိမ္ၿပီး ျပႆနာကိုသာ ဖန္တီးတတ္သည္။

ေကာခြၽန္း႐ုက သူမ မ်က္ႏွာမွာ ႏူးညံ့သိမ္ေမြ႕သည့္ အမူအရာ ဆင္ျမန္းကာ ေျပာလိုက္သည္။ "ေကာင္းၿပီ၊ ကြၽန္မ ဟန္က်န္႔ကို အက်င့္သီလေကာင္းတဲ့ ဇနီးတစ္ေယာက္ရဖို႔ ေသခ်ာေပါက္ ကူညီေပးပါ့မယ္။"

ေ႐ွာင္ယြမ္႐ွစ္က သူမကို ဤကဲ့သို႔ ပုံစံေလး ျမင္လိုက္ရသည့္အခါ သူ႕ရင္ထဲတြင္ ယားယံလာခဲ့သည္။

သူ႕လူယုံေတာ္ေတြကို ထြက္သြားခိုင္းၿပီးေနာက္ သူမကို အိပ္ခန္းထဲ ေခၚသြားခဲ့ေလသည္။

႐ွာ့႐ွီ႐ြာတြင္ ျဖစ္သည္။

လ်န္႔ယိုေ႐ွာင္က လြန္ခဲ့သည့္ ရက္အနည္းငယ္ကတည္းက ႐ြာတစ္ဝိုက္တြင္ ပတ္သြားခဲ့သည္။

သူက ႐ွစ္ခ်င္းလ်ိဳ႕၏ေနာက္သို႔ မၾကာခဏ လိုက္သြားကာ ေ႐ွာင္မိသားစု၏ အလုပ္႐ုံသို႔ သြားခဲ့သည္။

ဒီေန႔မွာေတာ့ သူ႕အေစခံေကာင္ေလးေတြကို သၾကားအလုပ္႐ုံကို ေခၚသြားခဲ့သည္။

႐ွစ္ခ်င္းလ်ိဳ႕က သူမ၏ အလုပ္သမားမ်ားကို မုန္႔ခ်ိဳခဲႏွင့္ ႏို႔သၾကားလုံးမ်ား ျပဳလုပ္ရန္ ဦးေဆာင္ခဲ့သည္။

ေတာင္ေပၚက ႏြားေတြက ႏို႔ထြက္ေနၿပီမို႔ အလုပ္သမားေတြကို ညႇစ္ခိုင္းခဲ့သည္။

ေန႔စဥ္စားသုံးရန္ သီးသန္႔ခြဲထားသည့္ ႏြားႏို႔မွလြဲ၍ က်န္သည့္အားလုံးကို သၾကားလုံးအျဖစ္ ျပဳလုပ္ထားသည္။

ေ႐ွာင္ဟန္က်န္႔က ယေန႔ေတာ့ အားလပ္ရက္တစ္ရက္ရကာ ႏို႔သၾကားလုံးမ်ားျပဳလုပ္ရန္အတြက္ သူ႕ဇနီးႏွင့္အတူ လိုက္ပါလာခဲ့သည္။

လ်န္႔ယိုေ႐ွာင္က သူ႕ကိုယ္ပိုင္အေတြးမ်ားတြင္ နစ္ေျမာေနသည္။

သူက လမ္းေလွ်ာက္လာရင္း မုန္႔ခ်ိဳခဲတစ္ခုကို ေကာက္ယူၿပီး ပါးစပ္ထဲကို ပစ္ထည့္လိုက္သည္။

သူ႕မ်က္လုံးမ်ားက ေတာက္ပလာခဲ့သည္။ "ဒီသၾကားလုံးက အရမ္းအရသာ႐ွိတယ္။"

႐ွစ္ခ်င္းလ်ိဳ႕က သူက အစားသရဲျဖစ္ေၾကာင္း သိထားၿပီးၿပီျဖစ္သည္။ "ဒါေပါ့ ေကာင္းတာေပါ့။"

လ်န္႔ယိုေ႐ွာင္က ဤက်ားမ၏ အခ်က္အျပဳတ္အတတ္ပညာက အလြန္ ေကာင္းမြန္ျခင္း မ႐ွိေသာ္လည္း အျခားသူမ်ားကိုေတာ့ ဟင္းလ်ာမ်ားကို ပုံစံအမ်ိဳးမ်ိဳးျဖင့္ ျပင္ဆင္ႏိုင္ေစေအာင္ ဦးေဆာင္ႏိုင္ေၾကာင္း သိလိုက္သည္။

သူက ေမးလိုက္သည္။ “ဒီသၾကားလုံးေတြကို ဘယ္လိုေရာင္းခ်မွာလဲ။”

“႐ြာအဝင္ဝက ဆိုင္ေတြမွာ ေရာင္းခ်မယ္။”

႐ြာဝင္ေပါက္မွာ ျခံဝင္းနဲ႔ ေဈးဆိုင္ေတြကို ျပဳျပင္ၿပီးသြားေတာ့ တျခားေနရာက လက္ကားေရာင္းသူေတြနဲ႔ စီရင္စုၿမိဳ႕တြင္းက ေဈးသည္ေတြ စည္ကားေနၾကသည္။

လ်န္႔ယိုေ႐ွာင္က အနည္းငယ္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ "ဒါက မင္းအတြက္ အရမ္း ဒုကၡေရာက္မွာေပါ့၊  မင္း ငါ့ကို ဘာလို႔ အကုန္ဝယ္ခြင့္မေပးတာလဲ။"

႐ွစ္ခ်င္းလ်ိဳ႕က သူ႕ကို မ်က္ေစာင္းထိုးလိုက္သည္။ "မလုပ္ဘူး။"

အကယ္၍ ဒီလူသာ ထိုသို႔လုပ္ပါက မုန္႔ခ်ိဳခဲေတြႏွင့္ ႏို႔သၾကားလုံးမ်ားက အထက္တန္းလႊာအတြက္ သီးသန္႔ျဖစ္လာမည္ျဖစ္သည္။

တာ့လ်န္မွ လူမ်ားက အနာဂတ္တြင္ သူမရဲ႕ မိသားစုမွ ထုတ္လုပ္သည့္ ႏို႔သၾကားလုံမ်ားကို ျမည္းစမ္းႏိုင္လိမ့္မည္ဟု သူမ ေမွ်ာ္လင့္ထားဆဲ ျဖစ္သည္။

"စိတ္ဝင္စားရင္ စာခ်ဳပ္ခ်ဳပ္ၿပီး တခ်ိဳ႕ကို ဝယ္ၿပီးရင္ သေဘၤာနဲ႔ ၿမိဳ႕ေတာ္ကို ပို႔ေပးၿပီး ေရာင္းခိုင္းလို႔ ရတယ္။"

ဤႏို႔ထြက္ပစၥည္းအေၾကာင္း လူအမ်ား ပိုမိုသိ႐ွိႏိုင္ေစရန္အတြက္ တခ်ိဳ႕ကို ၿမိဳ႕ေတာ္သို႔ ပို႔ေဆာင္ကာ ထိုေနရာက လူေတြကို ဝယ္ယူေစျခင္းက နည္းလမ္းေကာင္း ျဖစ္သည္။

ဒီလူက သူမ တစ္ေန႔တာလုံး လုပ္ထားသည့္ ကုန္ပစၥည္းေတြကို လက္ဝါးႀကီးအုပ္ဖို႔ ေတြးေနသည္။

ယခင္က ပိုင္႐ႊီ ပစၥည္းမ်ားစြာအတြက္ ေဈးကြက္ကို လက္ဝါးႀကီးအုပ္ခြင့္ေပးရန္ သူမအား အႀကိမ္ႀကိမ္ ေျပာခဲ့ဖူးၿပီး ပရိေဘာဂအလုပ္႐ုံတစ္ခု တည္ေထာင္လိုေသာ္လည္း သူမ ျငင္းပယ္ခဲ့သည္။

သူမက ပရိေဘာဂလုပ္ငန္းတြင္ ပါဝင္ရမွာ အလြန္ပ်င္းလြန္းလွသည္။

အနည္းဆုံးေတာ့ အခုေလာေလာဆယ္ေတာ့ သူမရဲ႕ အိမ္ကို ထူးျခားတဲ့ပုံစံေလးျဖင့္  ထိန္းသိမ္းထားခ်င္သည္။

အနာဂတ္မွာ ဒါမ်ိဳးေတြ ပိုလုပ္ခ်င္တယ္ဆိုရင္ေတာ့ ေနာက္တစ္ႀကိမ္မွ ျပန္စဥ္းစားမည္။

သူမ ပစၥည္းေတြကို ေဆာ့ကစားလိုပါက လက္ကားေရာင္းခ်သူမ်ားထံ ေပးပို႔ရန္ အာ႐ုံစိုက္ဖို႔ ရည္႐ြယ္ထားသည္။

လ်န္႔ယိုေ႐ွာင္က ဆြံ႕အသြားသည္။

တခါတရံမွာ ဒီအမ်ိဳးသမီး ဘာေတြေတြးေနလဲဆိုတာ သူ တကယ္ နားမလည္ႏိုင္ေပ။

အကယ္၍ သူသာ သူမ၏ ကုန္ပစၥည္းအားလုံးကို ဝယ္ယူပါက ကုန္သည္မ်ားစြာထံ အနည္းအက်ဥ္း ေရာင္းခ်ျခင္း ျပႆနာကို ေ႐ွာင္လႊဲႏိုင္မည္ျဖစ္သည္။

ေရာင္းေဈးလည္း ျမင့္ႏိုင္ေပမယ့္ လက္ေတြ႕မွာေတာ့ သူမက ျငင္းပယ္ခဲ့သည္။

သူက ဆြံ႕အစြာ ေျပာခဲ့သည္။ “ေကာင္းၿပီ ဒါဆို ငါ့ကို တစ္သုတ္ အရင္ေရာင္း၊ ၿမိဳ႕ေတာ္ကို သေဘၤာနဲ႔ ပို႔ၿပီး ေရာင္းခိုင္းၾကည့္မယ္။"

သူက ေတာ္ဝင္ခုံ႐ုံးမွာ ရာထူးရ႐ွိရန္ အလြန္ စိတ္မ၀င္စားပဲ ပိုက္ဆံကိုသာ ႀကိဳက္သည္။

ထို႔ေၾကာင့္ သူ ၿမိဳ႕ေတာ္မွာ႐ွိသည့္အခ်ိန္တုန္းက ကိုယ္ပိုင္စီးပြားေရးတစ္ခု စတင္လိုေၾကာင္း သူ႕မိသားစုကို ေျပာျပခဲ့သည္။

ျပင္ပကမ႓ာကို ပိုေကာင္းေအာင္ ၾကည့္ျမင္ခ်င္သည္။

သို႔ေသာ္ ျငင္းပယ္ခံရ႐ုံသာမက အ႐ိုက္ခံရလုနီးပါး ျဖစ္ခဲ့သည္။

သူအ႐ႈံးမေပးခဲ့ေပ။ သူက လုပ္ငန္းလိုင္စင္ကို လွ်ိဳ႕ဝွက္ေလွ်ာက္ထားခဲ့ၿပီး အျပင္ထြက္ရန္ ျပင္ဆင္ခဲ့သည္။

သူလွ်ိဳ႕ဝွက္ခ်က္ေတြကို တျခားသူက ႐ွာေဖြေတြ႕႐ွိတယ္ဆိုတာ မထင္မိခဲ့ေပ။

သူ႕အဘိုးႏွင့္ အေဖက သူ႕ေျခေထာက္ေတြကို ခ်ိဳးမယ္လို႔ ေျပာခဲ့သည့္အတြက္ ခဏေလာက္ ပုန္းေအာင္းဖို႔ ထြက္ေျပးခဲ့တာ ျဖစ္သည္။

႐ွစ္ႏြန္ကုန္း႐ွန္ 士农工商 (ေ႐ွးေခတ္တ႐ုတ္မ်ားက  စာသင္သားပညာ႐ွင္၊ ေတာင္သူလယ္သမား၊ လက္သမား၊ ကုန္သည္ စသည့္အလုပ္အကိုင္ျဖင့္ အဆင့္ခြဲျခားထားျခင္း) တာ့လ်န္မွာ႐ွိသည့္ ကုန္သည္ေတြဟာ အလြန္ ဆိုး႐ြားသည့္ အဆင့္အတန္းမွာ မ႐ွိေသာ္လည္း သူတို႔က လူ႕အဖြဲ႕အစည္း အဆင့္အတန္းရဲ႕ ေအာက္ဆုံးမွာ ႐ွိေနသည့္ အခ်က္ကိုေတာ့ မေျပာင္းလဲႏိုင္ခဲ့ေပ။

ေသခ်ာေပါက္ သူ႕မိသားစုက ကိုယ္ပိုင္ဆိုင္ေတြ႐ွိေပမယ့္ သူတို႔ေတြက အိမ္အေစခံနဲ႔ ဆိုင္႐ွင္ေတြကို စီမံခန္႔ခြဲဖို႔သာ ထား႐ွိသည္။

မင္းစိုးရာဇာမိသားစု႐ွိ ကေလးမ်ားက သူတို႔လက္ေတြ ညစ္ပတ္ေအာင္ ကိုယ္တိုင္ဝင္ပါစရာ မလိုေပ။

ထို႔ေၾကာင့္ သူ႕မိသားစုက သူစီးပြားေရးလုပ္တာက အလြန္႐ွက္စရာေကာင္းသည္ဟု ခံစားခဲ့ၾကရေလသည္။

မူလက သူက အေပ်ာ္သေဘာျဖင့္ စမ္းၾကည့္ခ်င္ေသာ္လည္း သူ႕မိသားစုက ျပင္းျပင္းထန္ထန္ ကန္႔ကြက္ၿပီး သူ႕ကို တားခ်င္တာေၾကာင့္ သူပုန္ကန္ခ်င္သည့္ အေတြးတစ္ခု ႐ွိခဲ့သည္။

မလုပ္ခိုင္းေလေလ ပိုေကာင္းေအာင္ လုပ္ခ်င္ေလေလ ျဖစ္သည္။

ဆိုင္အနည္းငယ္ ဖြင့္ၿပီး ဘာလုပ္ရမွာလဲ။ တကယ္လို႔ လုပ္ခ်င္ရင္ မိသားစုဝင္ေတြကို ထိတ္လန္႔သြားေအာင္ ႀကီးမားခိုင္မာသည့္ လုပ္ငန္းႀကီးျဖစ္ေအာင္ လုပ္ရမည္။

ထို႔အျပင္ သူက လုပ္ငန္းကို ေကာင္းမြန္စြာ ခ်ဲ႕ထြင္မည္ဆိုပါက သူ႕မိသားစုကို ပိုမိုေခ်ာေမြ႕စြာ အေျခအေန တိုးျမင့္ေအာင္ လုပ္ေဆာင္ေပးႏိုင္မည္။

ေသခ်ာေပါက္ သူ႕မိသားစုေနာက္ခံကလည္း သူ႕ကို အႀကီးမားဆုံးေသာ အကာအကြယ္ေပးေနျခင္း ျဖစ္သည္။

ထို႔အတြက္ေၾကာင့္ ႐ွစ္ခ်င္းလ်ိဳ႕ အိမ္မွာ႐ွိသည့္ ပစၥည္းေကာင္းမ်ားကို သူ႐ွာေဖြေတြ႕႐ွိၿပီးကတည္းက သူမ်က္စိက်ခဲ့သည္။

ဤက်ားမထုတ္လုပ္သသည့္ ႏို႔သၾကားလုံးႏွင့္ မုန္႔ခ်ိဳခဲသည္ သူ တစ္ခါမွ မျမင္ဖူးေသာ အရာ ျဖစ္သည္။

ၿမိဳ႕ေတာ္ကလူေတြလည္း ဒီထုတ္ကုန္ေတြကို မျမင္ဖူးေပ။

အရသာေကာင္း႐ုံသာမက ခႏၶာကိုယ္ကိုလည္း  အာဟာရျဖည့္ေပးႏိုင္ေၾကာင္း ႐ွစ္ခ်င္းလ်ိဳ႕က ေျပာခဲ့သည္။

သူက ၿမိဳ႕ေတာ္႐ွိ ေစ်းကြက္ကို ဦးစြာစမ္းသပ္ရန္အတြက္ ပထမတစ္သုတ္ကို ဝယ္ေရာင္းၿပီး သူ႕မိသားစုဝင္မ်ား မည္သို႔တုံ႔ျပန္မည္ကိုလည္း ၾကည့္႐ႈႏိုင္မည္။

သူ႕ကိုယ္သူ သက္ျပင္းခ်ေနသလိုမ်ိဳး သက္ျပင္းခ်လိုက္သည္။  "ဘာလို႔ ငါႀကိဳက္သမွ်က လုပ္ဖို႔ ခက္ခဲေနရတာလဲ။"

႐ွစ္ခ်င္းလ်ိဳ႕က သူ႕သက္ျပင္းခ်သံကိုၾကားသည့္အခါ အလားတူ ခံစားလိုက္ရေလသည္။

သူမလည္း ေမာ္ဒန္ေခတ္တုန္းက စိုက္ပ်ိဳးေရးပညာကို ေလ့လာဖို႔ မိသားစု၏ အေထာက္အပံ့ကို မရ႐ွိခဲ့ေပ။

သူမကိုယ္တိုင္ ႐ုန္းကန္မႈကာ ႀကိဳးစားအားထုတ္မႈခဲ့ေၾကာင့္သာ မဟုတ္ပါက သူမလည္း စီးပြားေရးပညာကို ဖိအားေပး သင္ယူခဲ့ေနရေလာက္ၿပီျဖစ္သည္။

"႐ွင့္ကိုယ္႐ွင္ နာမည္တပ္ႏိုင္သေ႐ြ႕ ႐ွင့္ရဲ႕ စြမ္းေဆာင္ရည္ေတြကို တျခားသူေတြက အသိအမွတ္ျပဳတဲ့ေန႔ တစ္ေန႔ေတာ့ ႐ွိလိမ့္မယ္။"

တာ့လ်န္ကို မၾကာေသးမီကမွ စတင္တည္ေထာင္ခဲ့ၿပီး ယခင္စစ္ပြဲက ႏိုင္ငံတစ္ခုလုံး၏ စီးပြားေရးကို ထိခိုက္ခဲ့သည္။

ထို႔ေၾကာင့္ ဧကရာဇ္မင္းပသစ္ နန္းတက္ၿပီးေနာက္ ကုန္သည္မ်ား၏ အဆင့္အတန္းကို ျမႇင့္တင္ကာ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ အက်ိဳး႐ွိေသာ မူဝါဒမ်ားစြာကို ထုတ္ျပန္ခဲ့သည္။

ဥပမာအားျဖင့္၊ ကုန္သည္မ်ား၏ ၀တ္စားဆင္ယင္မႈတြင္ ကန္႔သတ္ခ်က္ မ႐ွိဘဲ သူတို႔၏ သားေျမးမ်ားသည္ ေတာ္စာေမးပြဲတြင္ ပါဝင္ႏိုင္ၿပီး ႏိုင္ငံ့ဝန္ထမ္းအျဖစ္ ဝင္ေရာက္တာဝန္ထမ္းေဆာင္ႏိုင္သည္။

႐ွစ္ႏြန္ကုန္း႐ွန္ 士农工商 (ေ႐ွးေခတ္တ႐ုတ္မ်ားက  စာသင္သားပညာ႐ွင္၊ ေတာင္သူလယ္သမား၊ လက္သမား၊ ကုန္သည္ စသည့္ အလုပ္အကိုင္ျဖင့္ အဆင့္ခြဲျခားထားျခင္း) စာသင္သားပညာ႐ွင္မ်ားမွလြဲ၍ ေတာင္သူလယ္သမားမ်ားႏွင့္ လက္သမားေတြက တကယ္ပဲ ကုန္သည္ေတြထက္ အဆင့္အတန္း ပိုျမင့္တာလား။

ဒါဟာ စကားလုံး သက္သက္သာ ျဖစ္သည္။ အာဏာအျပင္ ပိုက္ဆံပို႐ွိသည့္လူက ပိုျမင့္မားသည့္ အဆင့္အတန္းကို ပိုင္ဆိုင္တာ မဟုတ္လား။

ကုန္သည္မိသားစု၏ ကြၽန္အမ်ားစုက လယ္သမားမိသားစုမွ ေမြးဖြားလာၾကသည္။

ပိုင္႐ႊီ၏ အဆင့္အတန္းႏွင့္ သူ႕မိသားစုေနာက္ခံေၾကာင့္ သူႀကီးႀကီးမားမားလုပ္ခ်င္ရင္ သူ႕ကိုယ္သူ  ႏွိမ့္ခ်တာ ပိုေကာင္းပါသည္။ မဟုတ္ရင္ လူေတြက သူ နစ္ျမႇဳပ္သြားသည္အထိ သူ႕ကို ပစ္မွတ္ထားႏိုင္သည္။

လ်န္႔ယိုေ႐ွာင္တြင္ ထိုကဲ့သို႔ေသာ အေျခအေနႏွင့္ပတ္သက္ကာ စိုးရိမ္ပူပန္စရာမ႐ွိတာေၾကာင့္ ႐ွစ္ခ်င္းလ်ိဳ႕ ပိုမိုရည္မွန္းခ်က္ႀကီးေသာ လုပ္ငန္းတစ္ခုစတင္ရန္ သူ႕အစီအစဥ္ကို ေထာက္ခံခဲ့သည္။ သူမ လိုတာ႐ွိရင္ သူျပန္ကူညီႏိုင္ရင္လည္း ေကာင္းသည့္ ကိစၥ ျဖစ္သည္။

လ်န္႔ယိုေ႐ွာင္က ထိုစကားကိုၾကားသည့္အခါ သူတို႔က တစ္ကယ့္ကို စိတ္တူသည့္ မိတ္ေဆြေတြျဖစ္ေၾကာင္း ခံစားလိုက္ရသည္။

ထိုအခ်ိန္မွာပဲ ႐ွစ္မိသားစုရဲ႕ တတိယသားက ခိုးေၾကာင္ခိုးဝွက္ ဝင္လာခဲ့သည္။ "မိန္းကေလး ကပ္ေဘးေတာ့ ဆိုက္ၿပီ။"

Continue Reading

You'll Also Like

50K 5.3K 22
အရင်တစ်ခုက လုံးဝဝင်မရတော့လို့ ခွဲလိုက်တာပါ အရင္တစ္ခုက လုံးဝဝင္မရေတာ့လို႔ ခြဲလိုက္တာပါ
385K 9.4K 83
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
323K 45.3K 84
I don't own this story. Credit to Original Author/s and English Translator/s. Title-In the Apocalpyse,Jiao Jiao Struggled Every Day [JJSED] Author...
4.7M 526K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...