Untitle 🍀

By Nancy_Henituse

88.2K 3.3K 846

ကြိုက်မိတဲ့ Novel တွေ Webtoon တွေ review ရေးမယ်။ ခံစားချက်တွေ ကိုယ့်အမြင်တွေပါမယ် Spoiler တွေလည်းပါနိုင်တယ်။ ... More

After Our Divorce, I Still Wore Your Jacket
Number One Zombie Wife
Mr. Dior
백작가의 망나니가 되었다
Global University Entrance Examination
Kaleidoscope of Death
Thinking of Deer Fei Fei
Hot Retribution
Accidental Mark
외사랑 | 片思い〜報われない恋をした〜
Telling Ghost Stories At My Ex-boyfriend's Wedding
An Accident in Broad Daylight
I Just Want to Be in a Relationship
헤어짐의 방법
A President's Out-of-Body Experience
Cases of Judge Zhang
Very Happy
Outside the Law
Everyone Loves Pei JiYu
Mist
I Can Do It
My Husband is Suffering from a Terminal Illness
Your Memes Are Better Looking Than You
Sha Qing (The Last Killer)
Worship Me, I Can Make You Rich
When a Fanfic Protagonist Transmigrated into the Original Novel
The General's Vampire Omega
Mania | 열광
100 Silent Ways
I Just Crave for Your Pheromones
Sunset Boulevard
Thrive in Catastrophe
Desharow Merman
Flying Ash
Hope You've Been Well
Applaud for Happiness
이런 환생은 원치 않아
누구란 질문에 답은 없다
Yandai Xie Jie No. 10
I Rely on Kisses to Clear Survival Games
First Love Choose Me, I'm Super Sweet
배타적 연애금지구역
운우지정 | Love of Cloud and Rain
Debut or Die | 데뷔 못 하면 죽는 병 걸림
No Money to Divorce
자두사탕러브 | Plum Candy Love
이방인
Cherry Blossoms Upon a Wintry Sword
Devil Venerable Also Wants to Know
No Moral | 노 모럴
페이백 | Payback
After Marrying the Evil God
Reborn into A Slash Game
Have You Ever Met Such a Cold Author
12월
99.99%의 연인
The Missing Piece
Witch, Open Your Eyes
Four O'Clock Flower
Fantasy Farm
The Mechanic
Blank Charge
Replacing the Evil Way
南柯一梦
遥か遠き家
New York Memoirs
모두에게 친절한 너는 왜
I Just Want to Divorce
Could You Not Tease Me?
Married Thrice to Salted Fish
I'm Really Just an Ordinary Person
In the Dark
C Language Cultivation
The Eye Of The Mind
I Ship My Adversary X Me
Top Tier Seduction Formula
Cherish
I Became the Older Brother of the Heroine in an Abusive Nove
Falling Together
I'll Go Over Mountains And Ridges For You
City of Angels
Evil Love Appears
Neck Kiss
Disobedience To Control
Reservoir Dogs
Hui tian

Murderous Lewellyn's Candlelit Dinner

395 15 6
By Nancy_Henituse

အေးမြတဲ့မေတ္တာ ပူပြင်းတဲ့သံယောဇဉ် နက်ရှိုင်းလွန်းတဲ့ တွယ်တာမှု ဒဏ်ရာဟောင်းလိုမျိုး အတောမသတ်စေနိုင်တဲ့နာကျင်မှု... အဲဒီခံစားချက်တွေကို Lewellyn က 'အချစ်' လို့ အမည်တပ်ခဲ့တယ်။

🕯️

Title : Murderous Lewellyn’s Candlelit Dinner | 살인마 르웰린 씨의 낭만적인 정찬
Author : Sumnagi | 숨나기
Artist : MUK_BU | 묵부


🕯️

Shavonne က Ira လမ်းမပေါ်က ဈေးပေါတဲ့တိုက်ခန်းမှာ အခန်းငှားနေတာ။ သူ့အခန်းနံပါတ်က ၃၀၃။

အခန်း ၃၀၂ ကို လူ‌တစ်ယောက်ပြောင်းလာတယ်။ ငယ်တယ် ချောတယ် ပြီးတော့ နည်းနည်းလေးကြောင်တောင်တောင်နိုင်တယ်။ ပြီးရင် အတော်လေးလည်း ချစ်ဖို့ကောင်းတယ်။

အဲဒီသူ့အိမ်နီးချင်းရဲ့နာမည်က Lewellyn တဲ့။ Lewellyn က ထူးထူးဆန်းဆန်းတွေ လုပ်တတ်တယ်။ လှေကားရင်းမှာ ကြက်သွန်နီတွေ ထိုင်ခွာနေတာမျိုး.. မျက်လုံးတွေဆို ရဲရဲနီလို့လေ။

တစ်ရက်မှာ Lewellyn က သူ့အခန်းမှာ ညစာစားဖို့လာဖိတ်တယ်။ Shavonne လည်း ငြင်းမကောင်းလို့လက်ခံလိုက်ရတာ။

ဒါပေမဲ့ ညစာသွားစားတော့ Lewellyn ရဲ့အိပ်ခန်းထဲမှာ သူမြင်ခဲ့ရတာ... ဖယောင်းတိုင်ပတ်ပတ်လည်ထွန်းထားတဲ့ လူသေအလောင်းတစ်လောင်း ~

🧅

Shavonne အကြောင်းကိုမိတ်ဆက်ရရင်..
Shavonne က မိဘမဲ့လေး။ သူ့အသက် ၂၀ မှာ မိဘမဲ့ကျောင်းကနေထွက်လာတော့ နေစရာ စားစရာမရှိလို့ ရရာအလုပ်ဝင်လုပ်ရင်း  နေစရိတ်စားစရိတ်ငြိမ်းတဲ့ ထောင်စောင့်တောင်လုပ်ခဲ့ဖူးတယ်။

အခု အသက် ၂၉ နှစ်မှာတော့ Ghost writer အနေနဲ့ အသက်မွေးနေပြီ။ တကယ်တမ်းဖြစ်ချင်တာကတော့ စာရေးဆရာပေါ့။

ရှဲဒိုးရေးတဲ့အလုပ်က ဝင်‌ငွေနည်းတော့ ဈေးပေါတဲ့တိုက်ခန်းမှာငှားနေရတာ။ လုံခြုံမှုလည်း မရှိ၊ ညတိုင်း သူ့တံခါးရှေ့လာလာချောင်းတဲ့ Stalker တစ်ယောက် ရှိတယ်။ နောက်ပြီး စာလုံးပေါင်းသတ်ပုံမမှန်တဲ့ စာတိုလေးတွေထားထားသွား‌တဲ့သူလည်း ရှိသေးတာ။

Lewellyn အကြောင်းက သိပ်များများစားစားမရှိဘူး။ Lewellyn က ရွှေရောင်လဲ့နေတဲ့မျက်ဝန်းတွေ ရွှေဝါရောင်ဆံသားတွေနဲ့ အလှဆုံးပြုံးရယ်ပြတတ်တဲ့ ထူးဆန်းတဲ့ကောင်လေး။ တအားရိုးရှင်းတဲ့ Lewellyn ဘဝထဲမှာ သူနှစ်ခြိုက်ရတဲ့ ကြက်သွန်နီတွေနဲ့ သူချစ်ရတဲ့ Shavonne အကြောင်းပဲပြောစရာရှိမှာ။

ဘာလို့လဲဆိုရင် Shavonne ဆိုတဲ့ လူသားက Lewellyn ရဲ့ကမ္ဘာ၊ Lewellyn ရဲ့ကယ်တင်ရှင်၊ Lewellyn ရဲ့နတ်ဘုရားဖြစ်နေလို့ပဲ။

Shavonne ဆိုတဲ့အမည်နာမက Lewellyn ရဲ့ စကြဝဠာကြီးတစ်ခုလုံးကို ကိုယ်စားပြုထားပါတယ်တဲ့။

🕯️

ဇာတ်လမ်းကို မြို့တော်မှာဖြစ်ပွားနေတဲ့ကွင်းဆက်လူသ|တ်မှုတွေ  ညတိုင်း အခန်းရှေ့ရောက်လာတတ်တဲ့ Shavonne ရဲ့ Stalker နဲ့  မသင်္ကာစရာထူးဆန်းတဲ့အိမ်နီးချင်း Lewellyn တို့နဲ့ စပြီးဖွင့်ထားတာ။ အဲဒီကနေ Lewellyn ရဲ့ရင်နာစရာအတိတ်ကိုဖွင့်ပြလိုက်တဲ့အခါရောက်တော့ တအားရှော့ခ်ရခဲ့တာ။ ကြက်သွန်နီကို စွဲလမ်းရတဲ့အကြောင်းပြချက်ကလည်း ကြေကွဲစရာအတိ။ တဖြည်းဖြည်းနဲ့ ဇာတ်ကွက်ကိုဖြည်ချသွားတဲ့အခါ တနင့်တပိုးကျန်ရစ်ခဲ့အောင် စာရေးသူက တအားတော်တာ။ Mystery vibe လည်း အပြည့်အဝရသလို Romance ပိုင်းမှာလည်း နည်းနည်းလေးမှလျော့မသွားဘူး။ ရိုလာကိုစတာစီးနေရသလို စိတ်လှုပ်ရှားဖို့ကောင်းပြီး ရှော့ခ်ရစရာတွေလည်း အများကြီးကြုံရတာ။ Lewellyn ရဲ့ဇာတ်လမ်းက သောက်ရမ်း Tragic ဖြစ်လွန်းပြီး Shavonne ရဲ့ခံစားချက်နဲ့ ရွေးချယ်မှုကိုသိရတဲ့အချိန် ရတဲ့ခံစားချက်ကလေ လှိုက်ခနဲ့ သိမ့်ခနဲ့ဖြစ်ကျန်ရစ်တာ။ နန်စီကတော့ ငိုရင်းထိုင်ဖတ်ခဲ့တာပဲ။

ဒိုင်ယာလော့ခ်တိုင်းက တအားကိုနင့်နဲ‌လွန်းလို့ကြွေနေရတာ။ ထပ််ပြီးသဘောကျမိတာတစ်ခုက Shavonne ရော Lewellyn ရောရဲ့ pov ကနေ ရေးထားတာပဲ။ နှစ်ယောက်လုံးရဲ့ခံစားချက်တွေကိုသိရတော့ ပိုကြေကွဲရတာပါပဲ။ တစ်ယောက်က ရူးရူးမိုက်မိုက်ချစ်ပြီး တစ်ယောက်က အသက်နဲ့ရင်းချစ်တာ။ သွေးနံ့တွေလှိုင်လှိုင်ထနေတဲ့ သူတို့နှစ်ဦးရဲ့အချစ်ခရီးက အဆုံးသတ်မှာ အလှဆုံး‌ပုံပေါ်လာတာလို့ဆိုရမယ်ပေါ့။

ဒီ Murderous Lewellyn’s Candlelit Dinner ကလေ K Novel တွေနဲ့ Manhwa တွေရဲ့ Psychological/ Mystery Genre တွေ ထဲမှာ Best of the Best ပါပဲ။ အစကနေ ဇာတ်သိမ်းပိုင်းထိ တစ်နေရာလေးမှ ပစ်ရက်စရာမရှိလို့ Novel မဟုတ်တောင် Manhwa လေးကိုဖြစ်ဖြစ် ဖတ်ကြည့်စေချင်ပါတယ်။ 아주 나무 완전 엄청 정말 진짜 ကောင်းလို့ပါနော် ~

𓍯𓂃𓏧

ငါ့ရဲ့အရေပြားတွေစုတ်ပြဲလို့ အသွေးအသားတွေကွာကျပြီး အရိုးတွေကြေမွသွားရင်တောင်.. Shavonne ရဲ့လက်ကို အစဉ်ထာဝရ ဆုပ်ကိုင်ထားနိုင်ဖို့ ဆုတောင်းမိတယ်။

ဘာလို့လဲဆိုရင်.. Shavonne ဆိုတာ Lewellyn ကမ္ဘာကြီးထဲက တစ်ခုတည်းသော တည်မြဲခြင်းကိန်းသေဖြစ်နေလို့။

↬Lewellyn

𓍯𓂃𓏧

မိုးကောင်းကင်ကို မော့ကြည့်မိတဲ့အခါတိုင်း ဒီကောင်းကင်ကျယ်ကြီးအောက် တစ်ကြိမ်တစ်ခါမှမရပ်ဖူးတဲ့ သနားစရာ Lewellyn အကြောင်းတွေးမိနေမှာ။

နေနဲ့လကိုငေးကြည့်မိတဲ့အခါတိုင်း ဒါတွေကိုတစ်ခါမှမြင်တွေ့ခွင့်မရတဲ့ သူ့အကြောင်းတွေးမိနေမှာ။

ကမ္ဘာမြေကြီးကိုငုံ့ကြည့်မိတဲ့အခါတိုင်း ခြေဖဝါးအောက် မြေပြင်ကိုခံစားထိတွေ့ခွင့်မရတဲ့ သူ့အကြောင်းတွေးမိနေတော့မှာ။

↬Shavonne

Manhwa cover 💗

.

Zawgyi

.

ေအးျမတဲ့ေမတၱာ ပူျပင္းတဲ့သံေယာဇဥ္ နက္ရွိုင္းလြန္းတဲ့ တြယ္တာမႈ ဒဏ္ရာေဟာင္းလိုမ်ိဳး အေတာမသတ္ေစနိုင္တဲ့နာက်င္မႈ... အဲဒီခံစားခ်က္ေတြကို Lewellyn က 'အခ်စ္' လို႔ အမည္တပ္ခဲ့တယ္။

🕯️

Title : Murderous Lewellyn’s Candlelit Dinner | 살인마 르웰린 씨의 낭만적인 정찬
Author : Sumnagi | 숨나기
Artist : MUK_BU | 묵부


🕯️

Shavonne က Ira လမ္းမေပၚက ေဈးေပါတဲ့တိုက္ခန္းမွာ အခန္းငွားေနတာ။ သူ႕အခန္းနံပါတ္က ၃၀၃။

အခန္း ၃၀၂ ကို လူ‌တစ္ေယာက္ေျပာင္းလာတယ္။ ငယ္တယ္ ေခ်ာတယ္ ၿပီးေတာ့ နည္းနည္းေလးေၾကာင္ေတာင္ေတာင္နိုင္တယ္။ ၿပီးရင္ အေတာ္ေလးလည္း ခ်စ္ဖို႔ေကာင္းတယ္။

အဲဒီသူ႕အိမ္နီးခ်င္းရဲ႕နာမည္က Lewellyn တဲ့။ Lewellyn က ထူးထူးဆန္းဆန္းေတြ လုပ္တတ္တယ္။ ေလွကားရင္းမွာ ၾကက္သြန္နီေတြ ထိုင္ခြာေနတာမ်ိဳး.. မ်က္လုံးေတြဆို ရဲရဲနီလို႔ေလ။

တစ္ရက္မွာ Lewellyn က သူ႕အခန္းမွာ ညစာစားဖို႔လာဖိတ္တယ္။ Shavonne လည္း ျငင္းမေကာင္းလို႔လက္ခံလိုက္ရတာ။

ဒါေပမဲ့ ညစာသြားစားေတာ့ Lewellyn ရဲ႕အိပ္ခန္းထဲမွာ သူျမင္ခဲ့ရတာ... ဖေယာင္းတိုင္ပတ္ပတ္လည္ထြန္းထားတဲ့ လူေသအေလာင္းတစ္ေလာင္း ~

🧅

Shavonne အေၾကာင္းကိုမိတ္ဆက္ရရင္..
Shavonne က မိဘမဲ့ေလး။ သူ႕အသက္ ၂၀ မွာ မိဘမဲ့ေက်ာင္းကေနထြက္လာေတာ့ ေနစရာ စားစရာမရွိလို႔ ရရာအလုပ္ဝင္လုပ္ရင္း  ေနစရိတ္စားစရိတ္ၿငိမ္းတဲ့ ေထာင္ေစာင့္ေတာင္လုပ္ခဲ့ဖူးတယ္။

အခု အသက္ ၂၉ ႏွစ္မွာေတာ့ Ghost writer အေနနဲ႕ အသက္ေမြးေနၿပီ။ တကယ္တမ္းျဖစ္ခ်င္တာကေတာ့ စာေရးဆရာေပါ့။

ရွဲဒိုးေရးတဲ့အလုပ္က ဝင္‌ေငြနည္းေတာ့ ေဈးေပါတဲ့တိုက္ခန္းမွာငွားေနရတာ။ လုံၿခဳံမႈလည္း မရွိ၊ ညတိုင္း သူ႕တံခါးေရွ႕လာလာေခ်ာင္းတဲ့ Stalker တစ္ေယာက္ ရွိတယ္။ ေနာက္ၿပီး စာလုံးေပါင္းသတ္ပုံမမွန္တဲ့ စာတိုေလးေတြထားထားသြား‌တဲ့သူလည္း ရွိေသးတာ။

Lewellyn အေၾကာင္းက သိပ္မ်ားမ်ားစားစားမရွိဘူး။ Lewellyn က ေ႐ႊေရာင္လဲ့ေနတဲ့မ်က္ဝန္းေတြ ေ႐ႊဝါေရာင္ဆံသားေတြနဲ႕ အလွဆုံးၿပဳံးရယ္ျပတတ္တဲ့ ထူးဆန္းတဲ့ေကာင္ေလး။ တအားရိုးရွင္းတဲ့ Lewellyn ဘဝထဲမွာ သူႏွစ္ၿခိဳက္ရတဲ့ ၾကက္သြန္နီေတြနဲ႕ သူခ်စ္ရတဲ့ Shavonne အေၾကာင္းပဲေျပာစရာရွိမွာ။

ဘာလို႔လဲဆိုရင္ Shavonne ဆိုတဲ့ လူသားက Lewellyn ရဲ႕ကမၻာ၊ Lewellyn ရဲ႕ကယ္တင္ရွင္၊ Lewellyn ရဲ႕နတ္ဘုရားျဖစ္ေနလို႔ပဲ။

Shavonne ဆိုတဲ့အမည္နာမက Lewellyn ရဲ႕ စၾကဝဠာႀကီးတစ္ခုလုံးကို ကိုယ္စားျပဳထားပါတယ္တဲ့။

🕯️

ဇာတ္လမ္းကို ၿမိဳ႕ေတာ္မွာျဖစ္ပြားေနတဲ့ကြင္းဆက္လူသ|တ္မႈေတြ  ညတိုင္း အခန္းေရွ႕ေရာက္လာတတ္တဲ့ Shavonne ရဲ႕ Stalker နဲ႕  မသကၤာစရာထူးဆန္းတဲ့အိမ္နီးခ်င္း Lewellyn တို႔နဲ႕ စၿပီးဖြင့္ထားတာ။ အဲဒီကေန Lewellyn ရဲ႕ရင္နာစရာအတိတ္ကိုဖြင့္ျပလိုက္တဲ့အခါေရာက္ေတာ့ တအားေရွာ့ခ္ရခဲ့တာ။ ၾကက္သြန္နီကို စြဲလမ္းရတဲ့အေၾကာင္းျပခ်က္ကလည္း ေၾကကြဲစရာအတိ။ တျဖည္းျဖည္းနဲ႕ ဇာတ္ကြက္ကိုျဖည္ခ်သြားတဲ့အခါ တနင့္တပိုးက်န္ရစ္ခဲ့ေအာင္ စာေရးသူက တအားေတာ္တာ။ Mystery vibe လည္း အျပည့္အဝရသလို Romance ပိုင္းမွာလည္း နည္းနည္းေလးမွေလ်ာ့မသြားဘူး။ ရိုလာကိုစတာစီးေနရသလို စိတ္လႈပ္ရွားဖို႔ေကာင္းၿပီး ေရွာ့ခ္ရစရာေတြလည္း အမ်ားႀကီးႀကဳံရတာ။ Lewellyn ရဲ႕ဇာတ္လမ္းက ေသာက္ရမ္း Tragic ျဖစ္လြန္းၿပီး Shavonne ရဲ႕ခံစားခ်က္နဲ႕ ေ႐ြးခ်ယ္မႈကိုသိရတဲ့အခ်ိန္ ရတဲ့ခံစားခ်က္ကေလ လွိုက္ခနဲ႕ သိမ့္ခနဲ႕ျဖစ္က်န္ရစ္တာ။ နန္စီကေတာ့ ငိုရင္းထိုင္ဖတ္ခဲ့တာပဲ။

ဒိုင္ယာေလာ့ခ္တိုင္းက တအားကိုနင့္နဲ‌လြန္းလို႔ေႂကြေနရတာ။ ထပ္္ၿပီးသေဘာက်မိတာတစ္ခုက Shavonne ေရာ Lewellyn ေရာရဲ႕ pov ကေန ေရးထားတာပဲ။ ႏွစ္ေယာက္လုံးရဲ႕ခံစားခ်က္ေတြကိုသိရေတာ့ ပိုေၾကကြဲရတာပါပဲ။ တစ္ေယာက္က ႐ူး႐ူးမိုက္မိုက္ခ်စ္ၿပီး တစ္ေယာက္က အသက္နဲ႕ရင္းခ်စ္တာ။ ေသြးနံ႕ေတြလွိုင္လွိုင္ထေနတဲ့ သူတို႔ႏွစ္ဦးရဲ႕အခ်စ္ခရီးက အဆုံးသတ္မွာ အလွဆုံး‌ပုံေပၚလာတာလို႔ဆိုရမယ္ေပါ့။

ဒီ Murderous Lewellyn’s Candlelit Dinner ကေလ K Novel ေတြနဲ႕ Manhwa ေတြရဲ႕ Psychological/ Mystery Genre ေတြ ထဲမွာ Best of the Best ပါပဲ။ အစကေန ဇာတ္သိမ္းပိုင္းထိ တစ္ေနရာေလးမွ ပစ္ရက္စရာမရွိလို႔ Novel မဟုတ္ေတာင္ Manhwa ေလးကိုျဖစ္ျဖစ္ ဖတ္ၾကည့္ေစခ်င္ပါတယ္။ 아주 나무 완전 엄청 정말 진짜 ေကာင္းလို႔ပါေနာ္ ~

𓍯𓂃𓏧

ငါ့ရဲ႕အေရျပားေတြစုတ္ၿပဲလို႔ အေသြးအသားေတြကြာက်ၿပီး အရိုးေတြေၾကမြသြားရင္ေတာင္.. Shavonne ရဲ႕လက္ကို အစဥ္ထာဝရ ဆုပ္ကိုင္ထားနိုင္ဖို႔ ဆုေတာင္းမိတယ္။

ဘာလို႔လဲဆိုရင္.. Shavonne ဆိုတာ Lewellyn ကမၻာႀကီးထဲက တစ္ခုတည္းေသာ တည္ၿမဲျခင္းကိန္းေသျဖစ္ေနလို႔။

↬Lewellyn

𓍯𓂃𓏧

မိုးေကာင္းကင္ကို ေမာ့ၾကည့္မိတဲ့အခါတိုင္း ဒီေကာင္းကင္က်ယ္ႀကီးေအာက္ တစ္ႀကိမ္တစ္ခါမွမရပ္ဖူးတဲ့ သနားစရာ Lewellyn အေၾကာင္းေတြးမိေနမွာ။

ေနနဲ႕လကိုေငးၾကည့္မိတဲ့အခါတိုင္း ဒါေတြကိုတစ္ခါမွျမင္ေတြ႕ခြင့္မရတဲ့ သူ႕အေၾကာင္းေတြးမိေနမွာ။

ကမၻာေျမႀကီးကိုငုံ႕ၾကည့္မိတဲ့အခါတိုင္း ေျခဖဝါးေအာက္ ေျမျပင္ကိုခံစားထိေတြ႕ခြင့္မရတဲ့ သူ႕အေၾကာင္းေတြးမိေနေတာ့မွာ။

↬Shavonne

Manhwa cover 💗

Continue Reading

You'll Also Like

226K 38.8K 63
Novel : tongqiankanshi(铜钱龛世) Author : Mu Su Li 木苏里 English translator : jiaqikangjiaqi Chapters : 102+extra တသီးတသန့်နေရတာသဘောကျ၍တည်ငြိမ်သူဘုန်းတော်က...
20.4K 2.8K 18
သိတယ်မလား မရေးတော့ဝူး အင်တာနက်ရ‌နေသရွေ့ တစ်ရက်တစ်ပိုင်းပါပဲချင်
248K 28.7K 160
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...
181K 8.8K 24
မင်းက ငါ့မိန်းမ ဖြစ်လာမယ့်သူ သားနှစ်ယောက်ထဲမှ သားနှစ်​ယောက် (သားအကြီး seme/ သားအငယ် Uke)ဇာတ်လမ်းဖြစ်ပါသည်။ သားငယ်လေး၏ Semeသည် I124Q(All eyes on me) မ...