"ကျွန်တော် မသိဘူး ကိုဈာန်"
"ကိုဈာန့်လို လူမျိုးကကျွန်တော့်အကြောင်းကို အခုလိုမျိုး တကူးတကစုံစမ်းနေရတာကော ဘာကြောင့်လဲ "
ရစ် တုန်ချင်နေတဲ့သူ့အသံတွေကို ထိန်းထားရသည်။
"ကျွန်တော့်ကို ဘာတွေဒုက္ခပေးချင်လို့လဲ "
"ဒါမှမဟုတ် ကိုဈာန့်က ကျွန်တော်နဲ့ ပထမဆုံးပြသာနာတက်ခဲ့တဲ့ကိစ္စကို အခဲမကြေသေးလို့လာ"
" ဘာလို့လဲကျွန်တော်ကို...."
ရစ် သူကိုယ်တိုင်မသိလိုက်ပါဘဲနဲ့ သူ့ပါးပြင်ထက်၌ကျဆင်းသွားသည့်မျက်ရည်တွေကို လာသုတ်ပေးသည့် အခါမှ သူငိုနေမှန်း သတိထားမိသွားသည်။ဘာဖြစ်လို့ မျက်ရည်လွယ်နေရတာလဲကွာ။
"ကျစ် ဘာလို့ ဒီလောက်တောင် အငိုသန်ရတာကွာ "
"...."
"မင်းကိုထိခိုက်စေဖို့ ကိုယ်စုံစမ်းခဲ့တာမဟုတ်ဘူး ဇူဇံ"
"ကိုယ်တောင်းပန်ပါ ကိုယ်မထင်မှတ်ဘဲသိခဲ့ရလို့ပါ"
ဈာန် သူ့အရှေ့ကကောင်လေး အထင်လွဲမှာဆိုးလို့ အသဲအသန် ဖြေရှင်းချက်ပေးနေမိသည်။သူ့တစ်သက်နဲ့တစ်ကိုယ် သူလုပ်ချင်ရာကိုသာ လုပ်ခဲ့ပြီး ဘယ်သူ့ကိုမှလည်း ဖြေရှင်းချက်မပေးတက်ပေ။
"ကိုယ်မင်းကို ဘာလို့ဒုက္ခပေးရမှာလဲ "
"ကိုယ့်ဘ၀မှာကိုယ့်ကို မလိမ့်တပတ်လုပ်တဲ့ သူကိုလက်လွှတ်ပေးရိုး ထုံးစံမရှိဘူး"
"မင်းကချွင်းချက်ဘဲ ဇူဇံ"
"ဒါပေမဲ့ ကိုယ်မကျေနပ်တာက တစ်ခုပဲရှိတယ်"
"ကိုယ့်ဘ၀ထဲကို ကလေးလေးနှစ်ယောက်နဲ့ မသိမသာ ၀င်လာပြီးတော့ "
" ကိုယ့်နှလုံးသားကို ခိုးယူသွားတဲ့ ဇူဇံဇူးရစ်ကိုတော့ လွှတ်မထားဘူး"
"....."
"ကိုယ်မင်းကိုချစ်တယ် ဇူဇံ ..."
"ကိုယ် မင်း ကို ချစ် တယ် မြတ် နိုး တယ် ဇူ ဇံ ဇူး ရစ်"
"ကလေးလေးတွေကိုလည်း ကိုယ့်ရဲ့ကလေးတွေချစ်နိုင်တယ်"
"ကလေးတွေ အဖေကဘယ်သူဘဲဖြစ်နေပါစေ ကိုယ်ဂရုမစိုက်ဘူး ဇူဇံ "
"ကိုယ်မင်းကို ချစ်တယ် ...."
"ကိုယ့်ဘက်ကနေ ဇူဇံကို ချစ်ပေးနေမှာမို့လို့ ဇူဇံကကိုယ့်အချစ်တွေကို ခံယူပါ "
"ကိုယ့်ဘက်ကနေ ဇူဇံရှိရာကို လျှောက်လှမ်းလာမှာမို့လို့ ဇူဇံကရပ်မြဲတိုင်းရပ်နေပေးပါ...."
စကားတွေ အများကြီးပြောနေတဲ့ လူကြီးဟာ စဝ်ခွန်းမဟာသက္ကရာဇ်ဈာန်မှ ဟုတ်ရဲ့လားဆိုတာကို ရစ်ပြန်စဉ်းစားမလိုတောင် ဖြစ်နေပြီး။
ထိုလူကြီးပြောတဲ့ စကားလုံးတွေဟာ ရစ်ရင်ဘက်ထဲမှာ ရထားအစီးတစ်ရာလောက် ခုတ်မောင်းနေသလိုခံစားရပေမယ့် အပြင်ဘက်တွင် မျက်နှာအမူအရာကိုတော့ တစ်ချက်မပြတ်ခပ်တည်တည် အနေအထားကို မနည်းထိန်းထားနေရသည်။
ရစ်ကို ချစ်စကားတွေဆိုသည့် လူကြီးဟာ ရစ်တစ်ခါမှ မမြင်ဖူးခဲ့သည့် သွားစွယ်ချွန်ချွန်တွေအပြင် ဘယ်ဘက်ပါးပြင်ပေါ်တွင် ပါးချိုင့်တစ်ခုပေါ်လွင်အောင် ပြုံးပြလာခဲ့သည်။
"ကျွန်တော် ....."
"ကိုယ့်ဘက်က ဇူဇံအဆင်ပြေမယ့်အချိန်ကို စောင့်နေမှာပါ"
"မင်းလေးစိတ်တိုင်းကျ ကိုယ်ကအနားကနေ တစ်ဖဝါးမှမခွာဘဲ ချစ်ပေးနေမှာ"
ရစ် ဘာမှမပြောရသေးခင် ရစ်စိတ်ထဲကစကားတွေ ကြားနေသည့်အလား ပြောလာတဲ့လူကြီးကို စိတ်ထဲကနေ တစ်မှတ်ပေးမိသည်။
"ပြွတ်...."
"....."
"ခုနကတစ်မှတ်ကိုနုတ်ပစ်မယ်"
ရစ် စိတ်ထဲကနေ ပြန်ပြောလိုက်သည်။အလကားလူကြီး လူကိုအသားယူသွားပြီ။
စိတ်ထဲကနေ စိတ်မနိုင်ခဲမရဖြစ်နေသည့် ရစ်ဟာ ဈာန်အရှေ့မှာတော့ မထုံတတေးမျက်နှာနှင့်သာရှိနေခဲ့ပြီး လာရာလမ်းကိုသာ နောက်ပြန်လှည့်သွားလိုက်သည်။
ပါးနှစ်ဖက်အပြင် နားရွက်ထိပ်ကလေးတစ်လျှောက် နီရဲနေသည့်ကိုတော့ ဈာန်မှအပ ကာယကံရှင်ကိုယ်တိုင်တောင်သတိမမူခဲ့ပေ။
ဈာန်ကတော့ ရစ်ရဲ့ပါးအိအိလေးကို နမ်းလျှပ်တစ်ပြတ် နမ်းလိုက်ရသည့်အတွက် အပျော်ကြီးပျော်နေခဲ့ပြီး သူတို့နှစ်ယောက်စလုံး အိမ်အပေါ်ထပ်ကနေ လှမ်းကြည့်နေသည့်သူတစ်ဦးလည်း ရှိနေခဲ့သေးသည်။
.......
"ရစ်ရေ အောက်ထပ်မှာ သားဈာန်ရောက်နေတယ် ဧည့်ခံလိုက်အုံး"
"သူကဘာလာလုပ်တာတုန်း...."
"ကိုယ်က လူမမာသတင်းလာမေးတာပါ"
မေမေ့အနောက်က အခန်းထဲကိုလိုက်လာတဲ့ လူကြောင့် ရစ်မျက်နှာပူသွားသည်။
နေမကောင်းတာတစ်ပတ်နီးပါးရှိနေသည့်အပြင် အခန်းထဲကအခန်းပြင်တောင်မထွက်နိုင်တဲ့အထိ ရစ်ဟာအိပ်ယာပေါ် ဗုန်းဗုန်းလဲနေခဲ့သည်။
သားနှင့်သမီးကိုတောင် အဖျားကူးမှာဆိုး၍ မေမေနဲ့အတူတူသိပ်ထားရသည်။ အလုပ်ပင်ပန်းတာအပြင် စိတ်ပင်ပန်းတာကော ရာသီအကူးအပြောင်းကာလမှာ တုပ်ကွေးမိတာကြောင့် ရစ်တစ်ယောက်အိပ်ယာထဲတွင်သာ တစ်ပတ်လောက် အနားယူလိုက်ရသည်။
"ကဲ သားတို့စကားပြောကြနှင့် မေမေရစ်အတွက် ခေါက်ဆွဲလုပ်ပေးမယ်"
ဒေါ်သဇင်နွယ်ကတော့ အခန်းထဲကနေသွားတောင် အခန်းတံခါးကို သေသေချာချာပိတ်ပေးသွားခဲ့သည်။
မေမေကတောါ သူ့သားလေးကို မြေခွေးအိုကြီးလက်ထဲကိုအသေချာထည့်ပေးနေတာဘဲ ဆိုပြီး ခပ်ချဉ်ချဉ်တွေးမိသွားသည်။
"ကျွန်တော့်ဆီကို ဘာလို့လာတာလဲ..."
"ကိုယ့်ချစ်ရသူက နေမကောင်းတော့လည်း ကိုယ်ကလာကြည့်ရတာပေါ့"
ခပ်ခပ်တည်ဖြင့်ရစ်အနားကိုလာကာ လက်ကလည်းရစ်နဖူးစမ်းရင်းဆိုလာသည့် ဈာန့်ကို ရစ်ကြည်နေမိသည်။
အိပ်ယာထဲမှာစောင်ကို ခေါင်းပေါ်ယုံသာခြုံထားသည့်ရစ်ဟာ အဖျားအရှိန်တွေကြောင့် မျက်နှာနီရဲရဲလေးဖြစ်နေသည်။
ရစ်မျက်နှာရဲရဲလေးဖြစ်မေရသည်မှာ အဖျားကြောင့် မဟုတ်ရင်တောင် သူ့ကြောင့်မျက်နှာရဲနေသည်မှာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
"ကျွန်တော့်ကို လာကြည့်တာ တစ်ရက်ဆိုတော်ရောပေါ့"
"အခုကနေ့စဉ်နေ့တိုင်းဖြစ်နေပြီ..."
ရစ်ကတော့ နေမကောင်းလျင် ကလေးတစ်ယောက်လို ဂျီကျ ဂျစ်ကျချင်နေသည့်ကြောင့် ဈာန့်ကို မသိလိုက်ပါဘဲ စတင်ဂျစ်ကျနေသည်။
တကယ်လည်း ဈာန်ဟာ ရစ်နေမကောင်းသည့်နေ့ကတည်းက အကြောင်းအမျိုးမျိုးပြကာ အိမ်ရောက်လာတက်သည်။
"ကိုယ့်ဖုန်းကိုလက်ခံရင်တော့ အခုလိုမျိုးဘယ်လာပါ့မလဲ "
ရစ် တမင်ဖုန်းမကိုင်ချင်လို့သာ ထိုလူကြီးဖုန်းဆက်သမျှကိုချပြစ်ခဲ့သသည်။ စာပို့သမျှကိုမမြင်ချင်ယောင်ဆောင်နေခဲ့သည်။တကယ်တော့ ရစ်နေမကောင်းရတာ ထိုလူကြီးရဲ့ပယောဂမကင်းပါ။
စိတ်ပင်ပန်းလာတိုင်း နေမကောင်းဖြစ်တက်သည့် ရစ်ဟာ အလုပ်ပင်ပန်းတာတွေကြောင့် အခုလိုဖြစ်ရချင်းဖြစ်သည်။ရစ် စိတ်ဆိုးပါသည်။အခုတလောလည်း ထိုလူကြီးကိုမြင်တိုင်း ရင်ဘက်ထဲကအလိုက်ကန်းဆိုးမသိ ခုန်ပေါက်နေတဲ့ အကောင်ပေါက်ကြောင့် ရစ်စိတ်ညစ်မိသည်။
"ကိုယ့်မှာ မအားတဲ့ကြားက မင်းလေးဆီကို လာဖို့အတွက် ဘယ်လောက်တောင် အလုပ်များလိုက်ရသလဲ..."
"ခင်များက ငြိုငြင်တာမလား ...."
"မငြိုငြင်ရပါဘူးကွာ..."
"ကိုယ်ကမင်းအတွက်ဆို ဘယ်လောက်ဘဲအလုပ်များနေပါစေ "
"အချိန်ပိုတစ်ခုရအောင် လုပ်နိုင်တယ်ဆိုတာကိုပြောပါကွာ "
ဈာန်ကတော့ ရစ်ရဲ့ ကလေးဆန်ဆန် ဂျစ်တိုက်မှုတွေကို အပြုံးမပျက် လျှောက်လဲချက်ပေးရပြန်သည်။နေမကောင်းသည့်တိုင် သူလာသည့်အချိန်တိုင်း ကလေးတစ်ယောက်လို ဂျစ်တစ်တစ်လုပ်နေသည့်ကောင်လေးကို ဈာန်ချစ်ရပါသည်။
ကလေးတွေနဲ့အပြိုင် နေမကောင်းတဲ့ကြားက စိတ်ဆိုးစိတ်ကောက်လုပ်နိုင်သည့် ကောင်လေးဟာ တကယ့်ကိုအဆိုးအဆာလေးပေ။
နေမကောင်းသည့်ကောင်လေးကို ဂရုစိုက်ချင်သည့်စိတ်က စိုးမိုးလွန်းအားကြီးနေတော့ အလုပ်မှာအာရုံသိပ်မစိုက်နိုင်ပေ။အလုပ်သည်သာဘ၀လို့ သတ်မှတ်ထားသည့် ကိုယ်ဟာ ထိုကောင်လေးကြောင့် အလုပ်လုပ်ရာမှာအလွှဲလွှဲအမှားမှား ဖြစ်နေခဲ့တယ်ဆိုတာကိုတော့မပြောပြချင်ပါ။
Theint
3/1/2023
အပျင်းကြီးနေတဲ့ မယ်သိမ့်လေးက ဒီနေ့အပိုင်းကိုတင်ပေးလိုက်ပါပြီ။ဒီဇာတ်လမ်းအတွက်အပိုင်းလေးကသိပ်မများတဲ့အတွက်မကြာခင်မှာနှုတ်ဆက်ရပါတော့မယ်။
နောက်ထပ်လာမယ့်အပိုင်းက သိပ်မများတော့တာမို့လို့ သည်းခံပြီးဖတ်ပေးကြပါအုံး။
ဒီကအမြွှာလေးတွေကို Accident Season 2 မှာ ပြန်လည်ဖတ်ရှုလို့ရပါတယ်ရှင့်။