Part 5 Uni

542 40 2
                                    

"ဇူဇူးရေ ငါလာတယ် "

လူမမြင်ခင် အသံအရင်ပေးလာတဲ့ ခမ်းနားထည်ဝါရဲ့အသံဟာ ရစ်နဲ့နားထဲမှာ ပဲတင်သံထပ်လို့နေသည်။လူကချောသလောက် ပေါတောတောနိုင်‌တာလည်း သူ့အပြင်နှစ်ယောက်မရှိပေ။

ရစ်က အနေတည်သလောက် ခမ်းနာဟာ အမြဲမျက်နှာပြောင်တက်သည်။ငယ်သူငယ်ချင်းဖြစ်နေ၍သာ သည်းခံ‌နေရသည်။ တစ်ခါတစ်လေဆိုရင် ခမ်းနားနဲ့ရစ်ဟာ ကလေးကြီးတွေလို စိတ်ဆိုးစိတ်ကောက်ရတဲ့အချိန်တွေရှိခဲ့သေးသည်။

"ခမ်းနားထည်ဝါ မင်းရဲ့ သောက်ပါးစပ်လေးကို ပိတ်ပြီးလာခဲ့"

"ဟွန့် ငါ့သောက်ပါးစပ်ပိတ်ရအောင် မင်းကငါ့ကိုဘယ်နှစ်ပြားပေးထားရလို့လဲ"

ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းခံရတဲ့ ခမ်းနာဟာရစ်နဲ့အပြိုင် စကားကိုကပ်သပ်ပြီးပြောနေလေသည်။

"အိမ်မပြန်ဘဲ ငါ့ရုံးကိုအရင်လာရတာကော ဘာကိစ္စလဲ"

"ငါမကြိုဆိုဘူး သုတထည်၀ါဘဲ မင်းကိုကြိုဆိုမှာ "

ရစ်ရဲ့ စကားကြောင့် ခမ်းနားနှာခေါင်းရှုပ်မိသွားသည်။

"သူလား ကြိုဆိုနေအုံးမယ်"

"တစ်လမ်းလုံး ရေခဲရုပ်ထုမောင်းတဲ့ကား စီးလာရသလားတောင်ထင်ရတယ်"

"ငါအအေးမပတ်တာဘဲကံကောင်း"

"ဟားးးးးးဟားးးးး"

ရစ်ရဲ့ ရီသံကြောင့် ခမ်းနားမှာ ဒေါသထွက်လာရသည်။သုတထည်ဝါတို့က ငယ်ငယ်ကတည်းက အေးခဲတုံးဖင်ခုထိုင်ထားသလားမှတ်သည်။ အခုတော့ရေခဲတောင်ကို ဖင်ခုထိုင်နေတဲ့သူပင်။

အခုလည်း လူကိုလေဆိပ်မှာ လာကြိုတယ်သာပြောတာ စကားတစ်ခွန်းမှမပြောဘဲ သူပို့ပေးခဲ့တဲ့အရင်အိမ်မှာ ကုတ်ကုတ်ကလေးနေခဲ့ရသည်။အခုလည်း ရစ်ရုံးကိုပြန်လိုက်မယ်လို့ စကားကြိုပြောထားလို့သာ ခေါ်လာခဲ့ခြင်းဖြစ်သည်။

"အူတက်ပြီးသေနေမယ် "

ခမ်းနားရဲ့စကား‌ကြောင့် ရယ်တာကို အရှိန်သက်လိုက်ပြီး ကိုယ့်အလုပ်ကိုသာပြန်လုပ်နေလိုက်သည်။

Twins Baby's Father Hikayelerin yaşadığı yer. Şimdi keşfedin