အပိုင်း ၂ အကြီးဆုံးသမီး

By phyolay1991

86.2K 7.5K 57

Eldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင... More

အပိုင်း ၂ အကြီးဆုံးအသမီး
အပိုင်း ၂ အကြီးဆုံးသမီး
အပိုင်း ၂ အကြီးဆုံးသမီး
အပိုင်း ၂ အကြီးဆုံးသမီး
အပိုင်း ၂ အကြီးဆုံးသမီး
အပိုင်း ၂ အကြီးဆုံးသမီး
အပိုင်း ၂ အကြီးဆုံးသမီး
အပိုင်း ၂ အကြီးဆုံးသမီး
အပိုင်း ၂ အကြီးဆုံးသမီး
အပိုင်း ၂ အကြီးဆုံးသမီး
အပိုင်း ၂ အကြီးဆုံးသမီး
အပိုင်း ၂ အကြီးဆုံးသမီး
အပိုင်း ၂ အကြီးဆုံးသမီး
အပိုင်း ၂ အကြီးဆုံးသမီး
အပိုင်း ၂ အကြီးဆုံးသမီး
အပိုင်း ၂ အကြီးဆုံးသမီး
အပိုင်း ၂ အကြီးဆုံးသမီး
အပိုင်း ၂ အကြီးဆုံးသမီး
အပိုင်း ၂ အကြီးဆုံးသမီး
အပိုင်း ၂ အကြီးဆုံးသမီး
အပိုင်း ၂ အကြီးဆုံးသမီး
အပိုင်း ၂ အကြီးဆုံးသမီး
အပိုင်း ၂ အကြီးဆုံးသမီး
အပိုင်း ၂ အကြီးဆုံးသမီး
အပိုင်း ၂ အကြီးဆုံးသမီး
အပိုင်း ၂ အကြီးဆုံးသမီး
အပိုင်း ၂ အကြီးဆုံးသမီး
အပိုင်း ၂ အကြီးဆုံးသမီး
အပိုင်း ၂ အကြီးဆုံးသမီး
အပိုင်း ၂ အကြီးဆုံးသမီး
အပိုင်း ၂ အကြီးဆုံးသမီး
အပိုင်း ၂ အကြီးဆုံးသမီး
အပိုင်း ၂ အကြီးဆုံးသမီး
အပိုင်း ၂ အကြီးဆုံးသမီး
အပိုင်း ၂ အကြီးဆုံးသမီး
အပိုင်း ၂ အကြီးဆုံးသမီး
အပိုင်း ၂ အကြီးဆုံးသမီး
အပိုင်း ၂ အကြီးဆုံးသမီး
အပိုင်း ၂ အကြီးဆုံးသမီး
အပိုင်း ၂ အကြီးဆုံးသမီး
အပိုင်း ၂ အကြီးဆုံးသမီး
အပိုင်း ၂ အကြီးဆုံးသမီး
အပိုင်း ၂ အကြီးဆုံးသမီး
အပိုင်း ၂ အကြီးဆုံးသမီး
အပိုင်း ၂ အကြီးဆုံးသမီး
အပိုင်း ၂ အကြီးဆုံးသမီး
အပိုင်း ၂ အကြီးဆုံးသမီး
အပိုင်း ၂ အကြီးဆုံးသမီး
အပိုင်း ၂ အကြီးဆုံးသမီး
အပိုင်း ၂ အကြီးဆုံးသမီး
အပိုင်း ၂ အကြီးဆုံးသမီး
အပိုင်း ၂ အကြီးဆုံးသမီး
အပိုင်း ၂ အကြီးဆုံးသမီး
အပိုင်း ၂ အကြီးဆုံးသမီး
အပိုင်း ၂ အကြီးဆုံးသမီး
အပိုင်း ၂ အကြီးဆုံးသမီး
အပိုင်း ၂ အကြီးဆုံးသမီး
အပိုင်း ၂ အကြီးဆုံးသမီး
အပိုင်း ၂ အကြီးဆုံးသမီး
အပိုင်း ၂ အကြီးဆုံးသမီး
အပိုင်း ၂ အကြီးဆုံးသမီး
အပိုင်း ၂ အကြီးဆုံးသမီး
အပိုင်း ၂ အကြီးဆုံးသမီး
အပိုင်း ၂ အကြီးဆုံးသမီး
အပိုင်း ၂ အကြီးဆုံးသမီး
chapter 253
chapter 254
chapter 255
chapter 256
chapter 257
chapter 258
chapter 259
chapter 260
chapter 261
chapter 262
chapter 263
chapter 264
chapter 265
chapter 266
chapter 267
chapter 268
chapter 269
chapter 270
chapter 271
chapter 272
chapter 273
chapter 274
chapter 275
chapter 276
chapter 277
chapter 278
chapter 279
chapter 280
chapter 281
chapter 282
chapter 283
chapter 284
chapter 285
chapter 286
chapter 287
chapter 288
chapter 289
chapter 290
chapter 291
chapter 292
chapter 293
chapter 294
chapter 295
chapter 296
chapter 297
chapter 298
chapter 299
chapter 300

အပိုင်း ၂ အကြီးဆုံးသမီး

612 54 1
By phyolay1991

Chapter 250
Part 250January 16, 2023

အားကောင်းလှသော နောက်ခံသီချင်းများနှင့် ရှည်လျားသော စာတန်းထိုးများ ကျလာပြီးနောက် ပြင်းထန်သော လက်ခုပ်သံများ ပေါ်ထွက်လာလေသည်။မီးများဖွင့်လိုက်သောအခါ အမှောင်ထုလည်း ပျောက်ကွယ်သွားလေသည်။အားလုံးသည် သူတို့ မျက်နှာပေါ်မှ မျက်ရည်များအား သုတ်နေကြလေသည်။ ကျန်းဟယ်လင်း တင်သာမဟုတ် ကျမ်းဟွမ်ပင် မျက်လုံးများ နီရဲနေလေသည်။ ရှုလီချန်မှာမူ ခွေးတစ်ကောင်ကဲ့သို့ တောက်လျောက် ငိုနေလေသည်။

ယခင်ဘဝတွင် သူမသည် ထိုကားအား အကြိမ်များစွာ ကြည့်ခဲ့ပြီးနောက် တစ်ကြိမ်သာ ငိုခဲ့လေသည်။ယွဲ့စုန်၏ မျက်လုံးများ သည်ပင် နီရဲနေလေသည်။ကျန်းယန်ရှန့်တစ်ယောက်သာ မငိုထားသည်မှာ သိသာသော်လည်း သူမမျက်နှာမှာ အနည်းငယ် သုန်မှုန်နေလေသည်။ဤသည်မှာ သူမ သွေးအေးခြင်းမဟုတ်။ယခင်ဘဝက သူမ ရှုလီချန်နှင့်  (၁၀)ကြိမ်လုံး လိုက်ကြည့်ဖူးသောကြောင့် ဖြစ်ပေသည်။

ကျမ်းဟွမ်က သူ့မှာ တစ်ရှုး ပါမလာခဲ့သဖြင့် ကျန်းယန့်ရှန်အား တောင်းလိုက်ရာ ကျန်းယန်ရှန့်က အိတ်ထဲမှ ထုတ်ပေးလိုက်လေသည်။

ရှုလီချန်က ပြောလိုက်သည်။



"အမှန်အတိုင်းပြောရရင် အဲ့ဒီအခန်းမှာတုန်းက ငါမငိုချင်ခဲ့ပါဘူး…ဒါရိုက်တာရှယ့် ရဲ့"ငါသာ သူရဲကောင်းဆန်ပြလိုက်မယ်ဆို သူများတွေမျက်ရည်ကျတဲ့အထိ လုပ်နိုင်ကြလိမ့်မယ်" ဆိုတဲ့စကားကြောင့်သာ…ငါ စိတ်ပါပြီး..မျက်ရည်တွေက သူ့အလိုလိုကျလာတာပဲ…ဒါရိုက်တာရှယ်က တစ်ကယ်ကောင်းကောင်းပြောခဲ့တာပဲ…"

ကျမ်းဟွမ်က မျက်ရည်များအား သုတ်ပြီးနောက် အမေရှုအား ပြောလေသည်။

"ရှောင်ရှု ကောင်းကောင်းလုပ်နိုင်ခဲ့တာပဲ…သူကသရုပ်ဆောင်လုပ်ချင်တယ်လို့ပြောတုန်းက …နောက်နေတာပဲလို့ထင်ခဲ့တာ …အခုတော့ အဆင်ပြေသွားပါပြီ…"   

အမေရှုသည်လည်း သူမ၏ မျက်လုံးအား တစ်ရှုးနှင့်တို့ကာ ပြုံး၍ပြောလေသည်။

"သူသဘောကျတာကို သူလုပ်လို့ရပါတယ်…ကျွန််မက သူ့ကို ပံ့ပိုးပေးမှာပါ…"

ရုပ်ရှင်ပြီးဆုံးသွားသော်လည်း နောက်ပိုင်းအစီအစဉ်များ ရှိနေသေးသည်။ထုတ်လုပ်သူအပါအဝင် ဒါရိုက်တာနှင့် အဓိက သရုပ်ဆောင်အချို့သည် စင် ပေါ်တွင် နေရာယူလိုက်ကြလေသည်။အများဆုံး ရင်းနှီးမြှုပ်နှံသူသည်လည်း စင်ပေါ်တွင် စကားပြောလေသည်။ ရုပ်ရှင်နှင့် ရုပ်မြင်သံကြား ကုမ္ပဏီများသည် ယွမ် (၁၅၀) မီလျံ ရင်းနှီး မြှုပ်နှံကြသည်။

စတိတ်ပေါ်သို့ အပြုံးနှင့်တက်လာသော သူသည် သူ၏ ရင်းနှီးမြှုပ်နှံမှုအား အလွန်ကျေနပ်လျက် ရှိပေသည် ။    ပွဲဦးထွက်ပွဲ လုံးဝပြီးဆုံးသွားသောအခါ ပွဲကြည့်ပရိတ်သတ်များအား မီဒီယာများမှ အင်တာဗျူးကြလေသည် ။ ဒါရိုက်တာ၊ သရုပ်ဆောင်များနှင့်အတူ ဓာတ်ပုံ တွဲရိုက်ရန် လူပေါင်းများစွာရောက်လာကြလေသည်။ရှုလီချန်သည်လည်း အသိအမှတ်ပြုခံရပြီး လူအများသည် သူနှင့်အဖွဲ့လိုက်ဓာတ်ပုံ ရိုက်ရန် စိတ်ပါလက်ပါ လာရောက်ကြလေသည်။ ရှုလီချန်သည် ထိုနေရာတွင် ရပ်လိုက်သော်လည်း သူ့တွင် ကြောက်လန့်နေမှု မရှိပေ။ သူ့မျက်လုံးများသည် ပျံဝဲနေလျက်ရှိကာ ကိုယ်နေဟန်ထားသည် တစ်ကယ့် နာမည်ကြီးတစ်ယောက်ကဲ့သို့ ဖြစ်နေလေသည်။

ရှုလီချန်မှာ ဖျော်ဖြေရေးနယ်ပယ် နှင့် အထူးသင့်လျော်သည်ဟု ကျန်းယန်ရှန့် ခံစားရလေသည်။ကျန်းဟွမ်က သူမအား မေးလိုက်လေသည်။

"ခဏနေ ရုပ်ရှင်အဖွဲ့ဝင်တွေနဲ့ ညစာစားမလား…"

"အဖေပဲ သမီးအစားတက်လိုက်ပါ…ဟယ်ဟယ်ကို သမီး မုန့်စျေးတန်းခေါ်သွားဖို့ ပြောထားတယ်…"

ကျန်းဟယ်လင်းသည် သူမ၏ နီရဲနေသော နှာခေါင်းအား တစ်ရှုးနှင့် ထပ်သုတ်လိုက်ကာ ပြောလေသည်။

"အစ်မ…မြန်မြန်သွားရအောင်…ဗိုက်ဆာလို့သေတော့မယ်…"

ရှုလီချန်သည် ပရိတ်သတ်များအား ရှောင်ရှားကာ သူ့အမေအနားသို့ ကပ်ကာ ပြောလိုက်လေသည်။

"သားလည်း သွားမှာမဟုတ်ဘူးနော် …သူတို့ညီအစ်မနဲ့လိုက်သွားမလို့…"

"အေး လိုက်သွားလေ…ကောင်းကောင်း ပျော်ခဲ့ကြ..."

အမေရှု ခေါင်းညိမ့်လိုက်သည်။

ယွဲ့စုန့် ရောက်လာကာ ပြောလိုက်သည်။

"သွားကြစို့…"

"ဟေး…ယွဲ့စုန်…မင်းလည်း အန်ကယ်တို့နဲ့မလိုက်ဘူးလား…"

ကျန်းဟွမ်က လှမ်းမေးလိုက်သည်။

"ကျွန်တော်လည်း လီချန်တို့နဲ့ လိုက်သွားမလို့…"

ရှုလီချန် အပေါ် ကျန်းဟွမ်၏ အမြင်သည် ပြောင်းလဲသွားပြီ ဖြစ်​ပေသည်။

"အေး…မင်းတို့လူငယ်လေးတွေ သွားပြီးပျော်လာခဲ့ကြ…ဒီစိတ်အနှောင့်အယှက်ဖြစ်တာတွေကို လုပ်ဖို့ မိဘတွေပဲ လုပ်ရတော့မှာပေါ့…"   

ထို့နောက် သူတို့သုံးယောက်သည်  မိဘ နှစ်ဦးမှာ တစ်ယောက်နှင့်တစ်ယောက် ချီးကျူးနေကြသည်ကို ကြားလိုက်လေသည်။သူတို့ထဲမှ တစ်ယောက်က ရှုလီချန်သည် အနာဂတ်တွင် တစ်ကယ့် လက်နက်တစ်ခု ဖြစ်လာနိုင်သည်ဟု ပြောလေသည်။အခြားတစ်ယောက်မှာမူ သမီးလေးသည် ရင်းနှီးမြှုပ်နှံမှုနှင့် ပက်သက်၍အမြင်ရှိသောကြောင့် ထိုသို့သမီး ရှိနေခြင်းကို သဘောကျကြောင်းပြောလေသည်။

ရှုလီချန်က ပခုံးများ လှုပ်ခတ်သွားသည်အထိ ရယ်ကာ ကျန်းယန်ရှန့်အားပြောလိုက်လေသည်။

"နင့်အဖေကို ဘယ်နည်းနဲ့မှ စိတ်ကျေနပ်အောင် လုပ်ပေးလို့မရဘူး…ဒါပေမယ့် နောက်ဆုံးတော့နင့်အဖေကို သရုပ်ဆောင်ပြီး သိမ်းပိုက်လိုက်ပြီ…"   

ဟော်တယ် တည်ရှိရာအနောက်ဖက်တွင် ဘီမြို့ရှိ နာမည်ကြီး လူကူးမျဉ်းကြားရှိပြီး အထဲတွင် နာမည်ကြီးသော မုန့်စျေးတန်းရှိလေသည်။ယွဲ့စုန်နှင့် ရှုလီချန်တို့သည် သေသပ်သော ဝတ်စုံများ ဝတ်ဆင်ထားခဲ့ကြပြီး အပြင်သို့ရောက်သောအခါ သူတို့နှစ်ယောက်လုံး အပေါ်ကုတ်အား ချွတ်ကာ ရှပ်အင်္ကျီကိုသာ ဝတ်ထားလိုက်လေသည်။

တစ်ယောက်က အဖြူရောင် ရှပ်ကိုဝတ်ကာ ၊ အခြားတစ်ယောက်မှာ  အနက်ရောင် ရှပ်ကို ဝတ်ဆင်ထားလေသည် ။   

ကျန်းယန်ရှန့်သည် ခေါင်းငုံ့ကာ ကျန်းဟယ်လင်းအား တစ်ခုခု တီးတိုးပြောလိုက်ရာ ကျန်းဟယ်လင်း မအောင့်နိုင်တော့ပဲ ရယ်မိလေသည်။

"ညီမလေး ဘာတွေရယ်နေတာလဲ…ပြောပါဦး..."

ရှုလီချန်က မေးလိုက်သည်။

ကျန်းဟယ်လင်း သူမ၏ပါးစပ်အား လက်ဖြင့်အုပ်ကာ

"အစ်ကိုကြီးတို့ နှစ်ယောက်က အဖြူနဲ့အမည်း ဖြစ်နေတယ်…အဖြူအမည်း မတည်မြဲခြင်း ဆိုသလိုပဲ…"

(တရုတ်ဟာသ တစ်ခုခုဖြစ်ပေလိမ့်မည်။ ဤကားစကားချပ်)

ယွဲ့စုန့်နှင့် ရှုလီချန်တို့ တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ပြီး နှစ်‌ယောက်သား ခပ်ဝေးဝေးသို့ ဖြည်းဖြည်းချင်း ခွါသွားကြလေသည် ။    ကျန်းဟယ်လင်းမှာမူ အူတက်သည်အထိ ရယ်နေလေသည်။

သူတို့ မုန့်စျေးတန်းသို့ ရောက်သောအခါ  ရှုလီချန်နှင့် ကျန်းဟယ်လင်းတို့သည် ဘေးမဲ့တောထဲသို့လွှတ်ပေးလိုက်သကဲ့သို့ ဖြစ်နေကာ လူထူနေသည့် ဆိုင်တန်းသို့ သွားကြလေသည်။

ကျန်းယန်ရှန့်က ယွဲ့စုန့်အား မေးလိုက်သည်။

" ညီမကို ဘာလို့ ယွမ် ၁၀၀,၀၀၀ လက်ဆောင်ပေးလိုက်ရတာလဲ…"

သူတို့သည် တစ်ယောက်နှင့်တစ်ယောက် သိကြသည်မှာမကြာသေးသော်လည်း မည်သို့ပင် ကြည့်စေကာမူ ယွဲ့စုန့်သည် ဆုများအတွက် ကြယ်များအား လိုက်ခြင်းကို ငြီးငွေ့တတ်သူမဟုတ်။

"အားလပ်ရက်တုန်းက ညီမနဲ့ ညီမရဲ့အတန်းဖော်တို့ အပြင်ထွက်ပြီး လူငယ်ဘော်ဒါဆောင် တစ်ခုမှာ တည်းခိုခဲ့ကြတာ အစ်ကိုတွေ့ခဲ့တယ်…အဲ့လို ပတ်ဝန်းကျင်မျိုးက အစ်ကို့အတွက်နည်းနည်းတော့ လက်မခံနိုင်စရာပဲ…"

ယွဲ့စုန်သည် ထိုအချိန်မှ သူ၏ စိုးရိမ်မှုများအား တည်ငြိမ်စွာ ဝန်ခံခဲ့လေသည်

"အစ်ကိုကလည်း ညီမ မိသားစုထဲမှာမိထွေးရှိနေတော့…သူမက ညီမကို ဆိုးဆိုးဝါးဝါး ဆက်ဆံနေမှာ စိုးရိမ်လို့ အဲ့တာကို စမ်းသပ်ဖို့အတွက် အစ်ကိုပိုက်ဆံနည်းနည်းသုံးခဲ့တာ …"

ကျန်းယန်ရှန့်လည်း ထိုကဲ့သို့ ဖြစ်မည်ဟု မျှော်လင့်မထားသဖြင့် သူမ စိတ်ထဲတွင် လှုပ်ရှားသွားရလေသည် ။ 

"ညီမကအသုံးမကျတဲ့သူ မဟုတ်ဘူး…အဲ့တာကြောင့် မိထွေးက ညီမကို အနိုင်ကျင့်လို့မရဘူး…ပြီးတော့ … ညီမက ဇာတ်ကားထဲမှာ ယွမ် သန်း တစ်ချို့ ရင်းနှီးမြှုပ်နှံထားတယ်ဆိုတာ အစ်မမို ဆီကနေ အစ်ကို မသိထားဘူးလား …ညီမမှာ ပိုက်ဆံမရှိဘူးလို့ ဘာလို့ထင်ရတာလဲ…"

"တော်သေးတာပေါ့…”

ယွဲ့စုန့်က ပြောလိုက်လေသည်။   

ညနေစောင်းပင် ရှိပြီဖြစ်သော်လည်း ၊ မြို့ပြကြီး၏ နှလုံးသားထဲတွင် လရောင်မရှိသည့်အပြင် နီယွန်မီးတိုင်များနှင့် ပြည့်နှက်နေလေသည် ။နီယွန်မီးရောင်များသည် ထိုလူငယ်လေး၏ မျက်နှာပေါ်သို့ ကျရောက်နေသဖြင့် သူ့မျက်နှာမှာ လိမ္မော်ရောင်ဖြစ်လိုက်၊အနီရောင် ဖြစ်လိုက် ဖြစ်နေလေသည်။ သူက ကျန်းယန်ရှန့်ကို ရွှန်းရွှန်းစားစား စိုက်ကြည့်နေလေသည်။

"ဒါပေမယ့် စိတ်ပူနေရတာက အစ်ကို့နှလုံးသားကို ရှုပ်ထွေးစေတယ် သိရဲ့လား…"

Xxxxx

Ei Thet Hmue

Continue Reading

You'll Also Like

19.4K 2.9K 188
( Zawgyi Ver) သူမသည် ယခင်ဘဝက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သူမ၏ မိခင်သည် မတရားသဖြင့်သေဆုံးသွားခဲ့သည် ။ အဆိပ်ဝိုင်တစ်ခွက်က သူမကိုသတ်ဖို့မလုံလောက်တော့ တောက်...
69.6K 7.2K 70
Name - Delicate Female Supporting Role A and Tyrant Male Protagonist O Type - Web novel (CN) Genre - Comedy Drama Fantasy Mature Romance Tags - Beaut...
65.9K 6.5K 53
Name - Transmigrating Into The Male Lead's Villainess Older Sister Type - Web novel (CN) Genre - Comedy Romance Slice of Life Supernatural Tags - Aba...
81.6K 7.7K 99
Name - Interstellar Chef Raising a Baby Type - Web nobel (CN) Author(s)- Salted Lobster 盐焗大龙虾...