ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရ...

By SN_SwaeNyoe002

94.7K 12.3K 70

ဘာသာပြန်သူ - စွဲညို့အသင်း More

Description
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
တယ်လီဂရမ်ဂရုလေး ကြေညာချက်
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
🥰တယ်လီဂရုလေးပြီးဆုံးပါကြောင်း🥰
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
🌤️May Breeze Promotion🌤️
Part 66
Part 67
Part 68
Part 69
Telegram ကို လာခဲ့နော်
Part 70
Part 71
Part 72
Part 73
Completed Novels in Telegram

Part 56

695 109 2
By SN_SwaeNyoe002

56 01

ရုပ်လွန်ပညာသည်လေး ရုပ်ရှင်ဧကရီ

အခန်း-၅၆

သူမ၏ ကျင့်ကြံမှုသည် အဆင့်ခြောက်ကို ကျော်ဖြတ်သွားပြီးနောက် သူမသည် ပိုဝေးဝေးပျံနိုင်ပြီး ကားသုံးနာရီ မောင်းရသည့် အကွာအဝေးကို သူမ တစ်နာရီ အတွင်း ရောက်သည်။

ကုန်းချင်းယောင်သည် ရိုက်ကူးရေး အဖွဲ့များ ရှိရာ ဟိုတယ်ဆီသို့ တိုက်ရိုက် လျှောက်သွားခဲ့ပြီး အော်ဟစ်သံကိုသာ ကြားခဲ့ရပြီး တစ်စုံတစ်ယောက် လှေကားမှ ခုန်ချ သွားပုံရသည်။ ကုန်းချင်းယောင် အနားယူဖို့ အချိန် မရှိခဲ့ပေ။ ပြီးတော့ တစ်ဖန် သူမ၏ ခန္ဓာကိုယ်ထဲရှိ နက်ရှိုင်းသည့် စွမ်းအင်ဖြင့် တဟုန်ထိုး ပြေးခဲ့ပြီး ပြုတ်ကျသွားသည့်လူကို ခေါ်လာသည်။

ဖန်းကျားယွီကို နေ့လည်က ကုန်းချင်းယောင် သတိပေးခဲ့ သဖြင့် သူမသည် သူမကိုယ်သူမ အာရုံစိုက်ဖို့ သတိပေးသည်။ ဖန်းကျားယွီသည် နေ့ခင်း၌ ရိုက်ကူးရေး ပြီးသွားပြီး ပင်ပန်းနွမ်းနယ် မှုကြောင့် အနည်းငယ် မေ့သွားခဲ့ပြီး သူမ ပြန်ပြီး ကောင်းကောင်း အနားယူရန် စီစဉ် သည်။ သို့သော်လည်း စွန်းဖန်ချောင် ရောက်လာပြီး အစားအတူစားရန် ခေါ်သည်။ စွန်းဖန်ချောင်သည် ဖန်းကျားယွီနှင့် တစ်ချိန်တည်း ပွဲဦးထွက် သရုပ်ဆောင်သည်။ နှစ်ယောက်၌ ကောင်းမွန်သည့် ဆက်ဆံရေး ရှိသည်။ သူတို့သည် ရုပ်ရှင်တွေ များစွာကို တူတူ ရိုက်ကူးခဲ့ပြီး သဟဇာတရှိသော မိတ်ဖက်အဖြစ် သတ်မှတ် ခံခဲ့ရသည်။ 'စုန့်မင်းဆက်၏ဒဏ္ဍာရီ' ၌ စွန်းဖန်ချောင်သည် ခေါင်းဆောင် မင်းသမီး ကျန်းဖေးမုန့်၏ သူငယ်ချင်းအဖြစ် ပါဝင် သရုပ်ဆောင်သည်။

မူလက ဖန်းကျားယွီ ငြင်းချင်ပေမဲ့ စွန်းဖန်ချောင် အတင်း ဝင်လာပြီး သူမကို ဆွဲခေါ် သွားသည်။

"ကျားယွီ နည်းနည်းပိုပြီး တက်ကြွအောင် အတူ ထမင်းစားပြီး အနားယူရုံပါ"

ဖန်းကျားယွီ ၎င်းကို စဉ်းစားနေသည်။ နေ့လည်ခင်းက ကုန်းချင်းယောင် စကားများကြောင့် သူမ ယခုချိန်အထိ ထိတ်လန့်နေဆဲ ဖြစ်သည်။ သို့ပေမဲ့ ကုန်းချင်းယောင် စကားသည် သူမ ဇာတ်လမ်းထဲ၌ အရမ်း နစ်မြှုပ်နေခြင်းကြောင့် ဖြစ်မည်ဟု သူမ တွေးသည်။

"ကောင်းပြီ"

စွန်းဖန်ချောင်သည် ပျော်ရွှင်စွာ ပြောသည်။

"ကောင်းတယ်"

ဖန်းကျားယွီသည် အခန်းသို့ ပြန်ပြီး မျက်နှာ အရင်သစ်ရန် တွေးခဲ့ပေမဲ့ သူမ လှည့်လိုက်သည့်အချိန် စွန်းဖန်ချောင်၏ မျက်လုံး၌ တင်းမာသည့် အကြည့်များ ပေါ်နေသည်။

အစားစားရန် နေရာသည် ဟိုတယ်၏ ထိပ်ဆုံးထပ်၌ ဖြစ်သည်။ ကံကောင်းထောက်မစွာပင် ညဘက်၌ လူများများ မရှိခဲ့ပေ။ စွန်းဖန်ချောင်သည် အခြားသူများကို နှုတ်ဆက်သည်။ ဒါရိုက်တာနှင့် လက်ထောက် ဒါရိုက်တာ အပြင် မင်းသမီးနှစ်ယောက်၏ လက်ထောက်လည်း ပါသည်။ မူလက ကျီဝမ်ကိုလည်း ခေါ်ပေမဲ့ ကျီဝမ်သည် အခြား လုပ်စရာ ရှိနေသည်။

အစားစားရတာ ပျော်ဖို့ ကောင်းသည်။ သူတို့ ဆယ်နာရီအထိ စကား ပြောနေခဲ့ကြသည်။ စုန့်အန်းရှန်းသည် မစောတော့ဘူးဆိုတာ တွေ့၍ ပြောသည်။

"လူတိုင်း။ အနားယူဖို့ ပြန်သင့်ပြီ။ မနက်ဖန် မနက်ကျ ရိုက်ကူးရေး ရှိတယ်"

လူတိုင်း ထပြန်ရန် ပြင်ဆင်ခဲ့ကြသည်။ ဟိုတယ် အပြင်ဘက်၌ အရေးပေါ်အတွက် လှေကားထစ်တစ်ခု ရှိသည်။ စွန်းဖန်ချောင်သည် လှေကားပေါ်၌ မတ်တပ်ရပ်ခဲ့ပြီး ဖန်းကျားယွီကို လက်ယပ် ခေါ်သည်။ စွန်းဖန်ချောင်သည် အကွာအဝေးတစ်ခုကို ညွှန်ပြသည်။

"ကျားယွီ၊ ကြည့်လိုက်၊ လှတယ်"

ယနေ့၌ ဘာမတော်တဆမှ မရှိဘူးလို့ ဖန်းကျားယွီ ထင်သည်။ ထို့အပြင် လူတိုင်းသည် ယခုလေးတင် စကားစမြည်ပြောကြပြီး ပျော်ရွှင် နေကြသည်။ သူမ၏ သတိသည် ပြေလျော့သွားပြီ ဖြစ်သည်။ သူမသည် အပြင်ကို လှမ်းကြည့်လိုက်ပြီး မြို့တော်ကြီးသည် လင်းထိန်နေသည်။ ၎င်းသည် တကယ်ကို လှသည်။

စွန်းဖန်ချောင် ပြောသည်။

"မလှဘူးလား"

အကြောင်းအရာ တစ်ခုခုကြောင့် ဖန်းကျားယွီသည် ရုတ်တရက် စိတ်မသက်မသာ ခံစားလိုက်ရသည်။ ဤအခိုက်အတန့်၌ သူမသည် သူမကို ရှေ့သို့ တွန်းလိုက်သည့် အင်အားတစ်ရပ်ကို ခံစားလိုက်ရသည်။ လှေကားထစ်မှ သံလက်ရန်းသည် ယခု အခိုက်အတန့်၌ အမှန်တကယ်ပင် ပြုတ်ကျကာ သူမသည်လည်း လွင့်ထွက်သွားသည်။ စွန်းဖန်ချောင်နှင့် လူအုပ်ကြီးသည် သူမ‌ နောက်၌ အော်ဟစ်နေကြသည်။

ငါ သေတော့မှာလား သို့ပေမဲ့ သူမ ‌ လုံလောက်အောင် မစွမ်းဆောင်နိုင်သေးပေ။ ၎င်းသည် ဖန်းကျားယွီ၏ နောက်ဆုံး အတွေး ဖြစ်သည်။

ဖန်းကျားယွီသည် မျက်လုံးများကို ပိတ်လိုက်ပေမဲ့ သူမ နွေးထွေးသည့် ပွေ့ဖက်မှုကို ခံစားခဲ့ရသည်။ ထို့နောက် ခေါင်းထဲ၌ အေးစက်သည့် အသံကို သူမ ကြားခဲ့ရသည်။

"ထိခိုက်မိသေးလား"

ဖန်းကျားယွီ ခေါင်းထောင်လိုက်ပြီး မမျှော်လင့်စွာပင် တစ်ဖက်က ကုန်းချင်းယောင် ဖြစ်နေသည်။ ဖန်းကျားယွီသည် ထိတ်လန့်စွာ ရပ်သည်။

56 02

"ငါ၊ ငါဘယ်လို အဆင်ပြေမှာလဲ"

ဟိုတယ်သည် ခုနှစ်ထပ် မြင့်ပေမဲ့ သူမသည် ထိခိုက်ဒဏ်ရာ မရဘဲ ထိပ်ဆုံးထပ်မှ ‌ပြုတ်ကျသည်။

ဖန်းကျားယွီ အသိစိတ် ပြန်ဝင်လာပြီး ယခုလေးတင် ဘာဖြစ်သွားသည်ကို သူမ မှတ်မိသည်။

"မင်း ငါ့ကို ကယ်ခဲ့တာလား"

ကုန်းချင်းယောင် မငြင်းခဲ့ပေ။

အဖြစ်အပျက်ကို မြင်သည့် ရိုက်ကူးရေး အဖွဲ့သားများသည် ပြေးဆင်းလာကြသည်။

"ကျားယွီ အဆင်ပြေလား"

စုန့်အန်းရှန်းသည် စိတ်လှုပ်ရှားနေပုံ ရသည်။ ဖန်းကျားယွီ၌ တစ်စုံတစ်ခု ဖြစ်ခဲ့လျှင် သူတို့ ရုပ်ရှင်သည် ပြီးသွားလိမ့်မည် ဖြစ်သည်။ ရုပ်ရှင်သည် စတင်နေပြီ ဖြစ်ပြီ ဖန်းကျားယွီသည် သူ့၏ ထင်မြင်ချက် အတိုင်း အကောင်းဆုံး သရုပ်ဆောင်သည်။ တစ်ခုခု မှားယွင်းသွားခဲ့လျှင် မင်းသမီး အသစ် ပြန်ရှာဖို့ ခက်လိမ့်မည်။

ဖန်းကျားယွီသည် တည်ငြိမ်သည့် မျက်နှာဖြင့် ထလာသည်။

"ဒါရိုက်တာစုန့် မင်းရဲ့ စိုးရိမ်မှုအတွက် ကျေးဇူးတင်ပါတယ်။ ငါ အဆင်ပြေပါတယ်။ ငါ့ကို ကယ်ခဲ့တာ ချင်းယောင်ပဲ"

ကုန်းချင်းယောင် ရုတ်တရက် ပေါ်လာသည်ကို စုန့်အန်းရှန်း ရှာတွေ့သည်။ အပြင်၌ မှောင်ပြီး စုန့်အန်းရှန်းသည် အနည်းငယ် မှုန်ဝါးနေ သော်လည်း တကယ်ကို အဖြူရောင် ပုံရိပ်ကို မြင်သည်။

"မင်း အခုပဲ ပျံလိုက်တာလား"

သူသည် မျက်စိ ပြာသွားသည်ဟု ထင်သည်။

စွန်းဖန်ချောင်သည် ကုန်းချင်းယောင်ကို အာရုံ မစိုက်ဘဲ ဖန်းကျားယွီကို ဂရုတစိုက် ကြည့်သည်။

"ကျားယွီ အဆင်ပြေလား ငါ သေလောက်အောင် လန့်သွားတာ"

ဖန်းကျားယွီသည် စွန်းဖန်ချောင်ကို အာရုံမစိုက်ခဲ့ပေ။ သူမ ယခုလေးတင် သိသိသာသာကို တွန်းချခံခဲ့ရပြီး စွန်းဖန်ချောင်သည် သူမနှင့် အနီးဆုံးဖြစ်သည်။ သူမသည် စုန့်အန်းရှန်းကို ကြည့်ပြီး ပြောသည်။

"ဒါရိုက်တာစုန့် အခန်းထဲမှာ စကားခန ပြောရအောင်"

မထွက်ခွာခင် ဖန်းကျားယွီသည် အစွန်၌ ရပ်နေသည့် သူမ၏ လက်ထောက် ရှောင်ချင်ကို ခေါ်ခဲ့ပြီး သူမနားထဲသို့ စကား အချို့ ပြောသည်။

ဒီနေရာသည် စကားပြောလို့ ကောင်းသည့်‌ နေရာ မဟုတ်မှန်း စုန့်အန်းရှန်း သိသောကြောင့် သူ ပြောသည်။

"ပထမထပ်က ကော်ဖီဆိုင်ကို သွားကြစို့"

လူအချို့သည် သူတို့၏ ကိုယ်ပိုင်အခန်းသို့ ပြန်သွားကြပြီး လက်ဖက်ရည်တစ်အိုးကို မှာခဲ့ကြသည်။

ဖန်းကျားယွီသည် ကုန်းချင်းယောင်ကို ထိုင်ရန် ကြင်နာစွာ ဖိတ်ခေါ်သည်။ ထို့နောက် ကုန်းချင်းယောင် ဘေး၌ ထိုင်သည်။

စုန့်အန်းရှန်းသည် မျက်နှာချင်းဆိုင်၌ ထိုင်သည်။ စွန်းဖန်ချောင်နှင့် အခြားသူများကိုတော့ ဖန်းကျားယွီ စကားမပြောခဲ့ပေ။ စွန်းဖန်ချောင်သည် ဖန်းကျားယွီ၏ မျက်နှာကို မြင်လိုက်ပြီး ဂရုစိုက်သည့် စကား အချို့ကို ပြော၍ ဘေး၌ ထိုင်သည်။ ၎င်းစကားသည် ဖန်းကျားယွီကို မအီမသာ ဖြစ်စေပေမဲ့ သူမ မျက်နှာ၌ မဖော်ပြခဲ့ပေ။

တံခါးကို တင်းတင်း ပိတ်ထားသည်ကို ဖန်းကျားယွီ မြင်၍ သူမ တိုက်ရိုက် ပြောသည်။

"ငါ အခုလေးတင် တွန်းချခံခဲ့ရတာ"

ထိုစကားလုံးများကို ပြောပြောချင်း လူတိုင်း၏ အမူအရာများသည် ပြောင်းသွားသည်။ အကယ်၍ ဖန်းကျားယွီသာ တမင်တကာ တွန်းချခံခဲ့ရလျှင် ၎င်းသည် လူသတ်မှု ဖြစ်သည်။

စွန်းဖန်ချောင်၏ အမူအရာသည် အနည်းငယ် သဘာဝ မကျသော်လည်း မကြာခင်မှာပင် ပုံမှန် ပြန်ဖြစ်သွားသည်။

စုန့်အန်းရှန်း ပြန်တုံ့ပြန်ပြီး မေးသည်။

"တစ်စုံတစ်ယောက်က မင်းကို တွန်းချတယ်ဆိုတာ သေချာလား"

သံလက်ရန်းက ဖန်းကျားယွီနှင့်အတူ ကျိုးကျသောကြောင့် တွန်းအားသည် အလွန် ပြင်းထန်လောက်မည်။ သို့သော်လည်း ထိုအချိန်၌ သူ ရှင်းရှင်းလင်းလင်း မမြင်ခဲ့ပေ။ ဖန်းကျားယွီ၏ တည်နေရာကို မြင်ကြည့်လျှင် တရားခံသည် စွန်းဖန်ချောင် ဖြစ်နိုင်သည်။ အကြောင်းမှာ ထိုအချိန်၌ ဖန်းကျားယွီနှင့် အနီးစပ်ဆုံးမှာ စွန်းဖန်ချောင် ဖြစ်သည်။

စုန်အန်းရှန်းသည် သူမကို ကြည့်နေသည်ကို စွန်းဖန်ချောင် မြင်၍ သူမ ရုတ်တရက် ထပြောသည်။

"ငါ မဟုတ်ဘူး"

56 03

ထိုသို့ အမြန် ငြင်းဆိုခြင်းသည် အနည်းငယ် သံသယ ဖြစ်ဖွယ် ကောင်းသည်။ စွန်းဖန်ချောင် ထိုင်ပြီး ဖြည်းဖြည်း ပြောသည်။

"ငါ ကျားယွီနဲ့ သူငယ်ချင်းကောင်း ဖြစ်လာတာ နှစ်‌တွေ ကြာပြီ။ ငါ သူမကို ဘယ်လိုလုပ် ထိခိုက်စေမှာလဲ ဒါ့အပြင် အဲအချိန် ငါ အရှေ့ကို လျှောက်နေတာ။ ငါ ဘယ်လို လှည့်လာပြီး သူမကို တွန်းလို့ ရမှာလဲ ကျားယွီ ငါ ဘယ်လိုလုပ် မင်းကို ထိခိုက်စေမှာလဲ"

သူမ အသံသည် ရိုးရိုးသားသား ဖြစ်သောကြောင့် သူမ အမှားလုပ်ခဲ့သလားဆိုတာ ဖန်းကျားယွီ သိချင်သည်။

စုန့်အန်းရှန်း ပြောသည်။

"ဟုတ်တယ်။ သူမ ကျားယွီကို တွန်းချဖို့ ဘာ အကြောင်းမှ မရှိဘူး"

ဖန်းကျားယွီ၏ လက်ထောက် ပြန်ရောက် လာသည့်အချိန် သူမ တိုက်ရိုက် ပြောသည်။

"အစ်မ ကျားယွီ၊ သံ လက်ရန်းမှာ ဘာ ပျက်စီးမှုမှ မရှိဘူး"

သွယ်ဝိုက်သော အားဖြင့် တမင် ရည်ရွယ် ထားခြင်း မဟုတ်ပေ။

ဒီလိုဆို ဆိုလိုသည်က ဖန်းကျားယွီက တိုက်တိုက်ဆိုင်ဆိုင် ရုတ်တရက် ပြုက်ကျသည်လား။

စွန်းဖန်ချောင် ထိုအရာကို ကြား၍ သူမ ပြင်းပြင်းထန်ထန် ပြောသည်။

"ကျားယွီ ငါ မင်းကို ထိခိုက်စေဖို့ တကယ် ဘယ်တော့မှ မတွေးခဲ့ဘူး။ ဘာလို့ ငါ့ကို အဲလောက် သံသယဝင်နေတာလဲ ငါ့ကို တကယ် ဝမ်းနည်းစေတယ်"

ဖန်းကျားယွီ ပြောသည်။

"ငါ တွန်းချခံရတယ်လို့ပဲ ငါ ပြောခဲ့တာပါ။ ပြီးတော့ မင်း လုပ်တာလို့ ငါ မပြောခဲ့ဘူး။ မင်းကို အထင်လွဲစေတာ ငါ့ အမှားပါ"

သူမ‌ လေသံသည် ခုနကထက် ပိုပျော့ပြောင်းနေသည်။

ဖန်းကျားယွီသည် ရိုးသားသည့် လူတစ်ယောက် ဖြစ်သည်။ ကုန်းချင်းယောင် ပြောသည်။

"ဘယ်သူကမှ လက်ရန်းကို မပျက်စီးစေ ခဲ့ဘူးဆိုရင် လက်ရန်းမှာ တပ်ထားတဲ့ ဝက်အူတွေက ဘယ်လိုလဲ"

ထိုစကား ထွက်လာချင်းပင် စွန်းဖန်ချောင်၏ မျက်နှာသည် ပြောင်းသွားခဲ့ပြီး ကျယ်လောင်စွာ ပြောသည်။

"မင်း ဘာလုပ်နေတာလဲ မင်း ကြားဝင်စရာ ဘာအကြောင်းမှ မရှိဘူး"

ထိုအရာကို ကြားသည့်အချိန် စွန်းဖန်ချောင်သည် မပျော်မရွှင် ဖြစ်သွားသည်။ သူမ အမုန်းဆုံး အရာသည် လူသိများသူများ နာမည်ကြီးနေခြင်း ဖြစ်သည်။ ထို့အပြင် သူတို့ကဲ့သို့ လူမျိုးများကို မင်းသား မင်းသမီးများကို ကြယ်ပွင့်ကဲ့သို့ အသိအမှတ် မပြုပေ။

ဖန်းကျားယွီသည်လည်း မပျော်မရွှင် ဖြစ်သွားသည်။

"ဖန်ချောင် ချင်းယောင်ကြောင့်သာ မဟုတ်ရင် ငါ ဆေးရုံရောက်နေမှာ"

မမျှော်လင့်စွာပင် စုန့်အန်းရှန်းနှင့် ဖန်းကျားယွီ နှစ်ယောက်လုံးသည် ထိုလူအတွက် ပြောကူနေကြသည်။ စွန်းဖန်ချောင်သည် တကယ်ကို မပျော်မရွှင် ဖြစ်သည်။ ထိုလူက ဘယ်လိုလုပ် ရုတ်တရက် ပေါ်လာသနည်း။ သူမကြောင့်သာ မဟုတ်လျှင် ဖန်းကျားယွီ သေနေသည်မှာ ကြာပြီ ဖြစ်ပြီး သူမ မသေခဲ့လျှင်တောင် အနည်းဆုံး သူမ မသန်မစွမ်း ဖြစ်သွားမည် ဖြစ်သည်။ ထိုအရာကို တွေးလျက် စွန်းဖန်ချောင်သည် ကုန်းချင်းယောင်ကို ခက်ထန်သော အကြည့်ဖြင့် ကြည့်သည်။

ကုန်းချင်းယောင်သည် စွန်းဖန်ချောင်ကို ကြည့်ပြီး စိတ်ရှုပ် မခံခဲ့ပေ။

"အခု ငါ့မေးခွန်းကို ဘယ်သူမှ မဖြေတာကြောင့် ငါ ဆက်ပြောမယ်"

စွန်းဖန်ချောင်သည် အပြစ်ရှာချင်နေဆဲ ဖြစ်ပေမဲ့ ကုန်းချင်းယောင်သည် လက်ချောင်းများကို ဆန့်ထုတ်လိုက်ပြီး လေထဲ၌ ညွှန်ပြသည်ကို သူမ မြင်သည်။ စွန်းဖန်ချောင်သည် ရုတ်တရက် ရွေ့လို့မရသလို စကားပြောလို့လည်း မရတော့ပေ။ ပြီးတော့ သူမ ကြောက်လန့်သည့် အမူအရာကို ပြခဲ့ပေမဲ့ မည်သူမှ သူမ ပြနေသည်ကို အာရုံမစိုက်ခဲ့ကြပေ။ လူတိုင်းသည် ကုန်းချင်းယောင်ကို ကြည့်နေကြသည်။

"သေချာတာပေါ့၊ ဖန်းကျားယွီကို တွန်းချတာ စွန်းဖန်ချောင် ဒါမှမဟုတ် ဒါရိုက်တာစုန့် မဖြစ်နိုင်ဘူး။ လက်ထောက်လည်း ဖြစ်နိုင်တယ်"

ကုန်းချင်းယောင်သည် ဖန်းကျားယွီ နောက်၌ ရပ်နေသည့် လက်ထောက်ကို ကြည့်သည်။

56 04

ဖန်းကျားယွီ ကြောင်တောင်တောင် ဖြစ်သွားသည်။ ထိုအရာအားလုံးကို လုပ်သွားသူသည် သူမ၏ လက်ထောက် ရှောင်ချင် ဖြစ်နိုင်လား ဖန်းကျားယွီသည် ရှောင်ချင်ကို မယုံသင်္ကာ ကြည့်သည်။ ရှောင်ချင်၏ မျက်စိထဲ၌ အံ့ဩမှု အရိပ်ယောင် ဖြတ်ပြေးသွားသည်။ ထို့နောက် သူမ မူလ အမူအရာကို ပြန်ဖြစ်သွားသည်။ ဖန်းကျားယွီသည် ရှောင်ချင် မငြင်းသည်ကို မြင်ပြီး သူမ၏ နှလုံးသားသည် ဖြည်းညှင်းစွာ ‌အေးစက်လာသည်။

"ဒီလိုဆို ဝက်အူကလည်း သူမ လုပ်တာလား"

ကုန်းချင်းယောင် ပြောသည်။

"မဟုတ်ဘူး"

"ရိုက်ကူးရေး အဖွဲ့သားတွေက စွန်းဖန်ချောင်ရဲ့ လှည့်စားမှုကို ခံလိုက်ရပေမဲ့ သူမက အရမ်းတော်တယ်။ သူမက အဲဒါကို သူမကိုယ်တိုင် မလုပ်ခဲ့ဘဲ တခြားလူကို အကူအညီ တောင်းခဲ့တယ်"

ဖန်းကျားယွီ၏ နှလုံးသားသည် အေးသထက် အေးလာသည်။ တစ်ညနေခင်းထဲ၌ သူမ သူငယ်ချင်း နှစ်ယောက် အထူးသဖြင့် ရှောင်ချင်၏ သစ္စာဖောက်ခြင်းကို ခံခဲ့ရသည်။ သူမ ပွဲဦးစထွက် ကတည်းက ရှောင်ချင်သည် ဖန်းကျားယွီနောက် လိုက်သည်။ နှစ်ယောက်သည် လုပ်ဖော်ကိုင်ဖက် ဖြစ်သော်လည်း ဖန်းကျားယွီသည် ရှောင်ချင်ကို သူငယ်ချင်း အနေနဲ့ သတ်မှတ်သည့်အပြင် မိသားစုဝင် အနေနဲ့လည်း သတ်မှတ်သည်။

အစကနေ အဆုံးထိ ရှောင်ချင် သည် တစ်ခွန်းမှ မငြင်းခဲ့ပေ။

ကုန်းချင်းယောင် စကားပြောပြီး ထွက်သွားတော့မည့် အချိန်၌ ဘေးမှ လုချမ်ချမ်က ပြောသည်။

"ဆရာသခင်၊ အခု နောက်ကျနေပြီ၊ တစ်ညလောက် ဒီမှာ နေရအောင်"

လုချမ်ချမ် အတင်းတုပ်တော့မည်ကို ကုန်းချင်းယောင် သိပေမဲ့ အဆုံး၌ နေသည်။

ဖွင့်ဟ ပြောဆိုချက်ကို အကျဉ်းချုပ်ရန် စုန့်အန်းရှန်းသည် အချိန် အတော်ကြာ ယူလိုက်ရသည်။ သူ ဖန်းကျားယွီကို ကြည့်သည်။ အဆုံး၍ ထိုကိစ္စရပ်သည် ဖန်းကျားယွီ မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းမည့် ‌‌အပေါ် မူတည်နေသည်။

ဖန်းကျားယွီသည် ရှောင်ချင် ကို ကြည့်ပြီး မေးသည်။

"ဘာကြောင့်လဲ"

ရှောင်ချင် သည် ခေါင်းခါပြီး ဘာကြောင့်မှ မဟုတ်ဘူးဟု ပြောသည်။

ဖန်းကျားယွီ ထပ်မေးသည်။

"မင်း အတင်းအကျပ် ခိုင်းခံရတာလား"

ရှောင်ချင် သည် ခေါင်းခါနေဆဲ ဖြစ်သည်။

"အားလုံးက ငါ့ကိုယ်ပိုင် အကြံဉာဏ်တွေပဲ။ ငါ့ကို ဘယ်သူမှ မခြိမ်းခြောက်ခဲ့ဘူး"

ဖန်းကျားယွီသည် စွန်းဖန်ချောင်ကို ကြည့်သည်။

"ဒီလိုဆို နင်လား ဘာလို့ ဒီလို လုပ်ရတာလဲ"

ကုန်းချင်းယောင်သည် စွန်းဖန်ချောင်အား တံဆိပ်ခတ်ထားသည်ကို ပြန်ဖြည်ပေးသည်။ ပြီးတော့ သူမ စရယ်သည်။ သူမ ရယ်ပြီး ငိုသည်။

"ဘာကြောင့်လဲ ငါတို့ အတူတူ ပွဲဦးထွက်လာပေမဲ့ ငါဟာ အချိန်တိုင်း မင်းအတွက် ဇာတ်ပို့ ဖြစ်‌နေတဲ့အချိန် မင်းက အဓိကခေါင်းဆောင် မင်းသမီးနေရာကို မြန်မြန် ရခဲ့တယ်။ အင်တာနက် သုံးသူတွေ ငါ့ကို ဘယ်လိုခေါ်လဲ မင်း သိလား ငါ ကအမြဲ အောက်ဆွဲ ပဲလို့ သူတို့ ခေါ်ကြတာ"

"ငါ မင်းထက် နိမ့်ကျလို့လား"

စွန်းဖန်ချောင်သည် ဖန်းကျားယွီကို လက်ညှိုးထိုးသည်။

"နင် သေမှ အဓိက ဇာတ်ဆောင်နေရာက ငါ့ဟာ ဖြစ်မှာ"

၎င်းသည် အကြောင်းပြချက် ဖြစ်မည်ဟု ဖန်းကျားယွီ မမျှော်လင့်ခဲ့ပေ။ ပြီးတော့ သူမ စိတ်ပျက်သွားသည်။ စွန်းဖန်ချောင် အလုပ်မရှိသည့် အချိန်က ဖန်းကျားယွီသည် အမြဲ သူမအလုပ်ရရန်အတွက် ဒါရိုက်တာတွေဆီ သူမကို ထောက်ခံခဲ့ပေမဲ့ စွန်းဖန်ချောင်သည် ကျေးဇူးကို ဒီလို ပြန်ဆပ်လိမ့်မည်လို့ သူမ မမျှော်လင့်ခဲ့ပေ။

စု့န်အန်းရှန်းသည် အချိန်မှန် ထပြောလိုက်သည်။

"မင်းရဲ့ ဇာတ်ကောင်က ကျားယွီရဲ့ ထောက်ခံပေးမှုကြောင့် ရတာ"

စွန်းဖန်ချောင်‌ ပြောသည်။

56 05

"ဒီလိုဆို သူမသာ မရှိရင် ငါ ခေါင်းဆောင်မင်းသမီး ဖြစ်နိုင်လား"

စုန့်အန်းရှန်း အံ့ဩသွားသည်။ ဖန်းကျားယွီသာ မရှိတော့ရင် သူမသည် စွန်းဖန်ချောင်သာ ဖြစ်နေမည် ဖြစ်သည်။ သူမ၏ သရုပ်ဆောင် စွမ်းရည်သည် မကောင်းပေ။ ပြီးတော့ သူမ၏ ရုပ်ရည်သည် အလယ်အလတ်သာ ဖြစ်သည်။ သို့ပေမဲ့ ၎င်းတို့ကို သူ မပြောခဲ့ပေ။ ထိုအခိုက်အတန့်၌ စွန်းဖန်ချောင်သည် ရူးနေသည်ဟု စုန့်အန်းရှန်း ခံစားမိသည်။ စုန့်အန်းရှန်းသည် ဖန်းကျားယွီကို ကြည့်သည်။

"ဒီကိစ္စကို မင်း ဘယ်လို ဆက်လုပ်မှာလဲ"

ဖန်းကျားယွီသည် မျက်လုံးပိတ်ပြီး ပြောသည်။

"ရဲခေါ်လိုက်"

စွန်းဖန်ချောင်သည် ထိုအရာကို ကြား၍ မြေပေါ်၌ ထိုင်ချသည်။ ရှောင်ချင်သည် ခေါင်းငုံ့ထားပြီး အ‌ပေါ်သို့ မမော့ကြည့်ရဲပေ။

မကြာခင်မှာပင် ရဲများ ရောက်လာသည်။ စွန်းဖန်ချောင်နှင့် ရှောင်ချင်သည် အထမမြောက်သည့် လူသတ်ရန် ကြံစည်သည့် ပြစ်မှုကို ဝန်ခံသည်။

—--

စာရေးဆရာ ပြောစရာရှိသည်။

ဖန်းကျားယွီ : ဘာကြောင့်လဲ

ရှောင်ချင် : ....

ကုန်းချင်းယောင် : လက်ထောက်ရဲ့ နာမည်မှာ ဘာလို့ ' ချင် ' ပါနေတာလဲ

စာရေးသူ : အို၊ လူဆိုးနဲ့ လူကောင်းရဲ့ နာမည်တွေကြာ အဆက်အသွယ်က ဘာလဲ

+++++

Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။

Continue Reading

You'll Also Like

4.7M 527K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...
206K 17.7K 154
ဒီကနေ ၇၀ခုနှစ်များဆီမှစည်းကမ်းကြီးသည့်ဇနီးသည် ကိုအပိုင်း၁၅၇ကနေစဖတ်ပေးကြပါနော် အရင်ကficတစ်ပုဒ်ကိုအပိုင်း၂၀၀ထိတင်လို့ရတယ်အခုနောက်ပိုင်းတစ်ချို့ficတွေက၁...
5.2K 508 7
1990 ခုနှစ်ဆီသို့ ကလေးလေးအဖြစ်ကူးပြောင်းသွားတာမျိုးပါရှင့်။
45.9K 6.4K 102
မပိုင်း၄၅၆ကနေစပြီးဖတ်ပေးကြပါဦး