Unicode
အမျိုးသားဇာတ်လိုက်၏ မိခင်အဖြစ် ကူးပြောင်းသွားခြင်း
အပိုင်း ၁၅
တင်းရှသည် စားပွဲပေါ်တွင် ထွက်နေသော ဗိုက်ကို တည့်တည့်မတ်မတ်ထားထိုင်ကာ စာရင်းစာအုပ်ငယ်ကိုတစ်ရွက်ပြီးတစ်ရွက်လှန်၍ ပြောခဲ့သည်။ “ငွေစာရင်းရှင်းပြီး ပိုက်ဆံဘယ်လောက်ရလဲ ကြည့်ရအောင်။”
ရှောင်ကျွင်းက ဒီလိုအသေးစိတ်ပြီး ပျင်းစရာကောင်းတဲ့အလုပ်မျိုးကို မကြိုက်တာကြောင့် ထိုင်ခုံကိုဆွဲပြီး တင်းရှဘေးတွင် ၀င်ထိုင်ကာ သူတို့မိသားစုလေးရဲ့ အသုံးစရိတ်နှင့် ဝင်ငွေကို ဂရုတစိုက် တွက်ချက်ကာမျက်မှောင်ကြုတ်ပြီး ဘောပင်ကိုက်နေသော သူမကို ကြည့်နေခဲ့သည်။
ရှောင်ကျွင်းသည် တင်းရှ စာရေးသည့်ပုံစံနှင့် အလွန်ရင်းနှီးသူဖြစ်သည်။ အကြောင်းမှာ လွန်ခဲ့သော ဆယ်နှစ်တာကာလအတွင်း တင်းရှ နာမည်မကြီးသော ရွာကျောင်းတွင် စာရေးနေသောအချိန်မှာ လျှို့ဝှက်ကြည့်ရှုခဲ့သည်မှာ မရေမတွက်နိုင်သော အကြိမ်များစွာရှိသောကြောင့်ဖြစ်သည်။
အဲဒီတုန်းက သူ့အမေဆီက စွန့်ပစ်ခံခဲ့ရပြီးသူက ပိန်ပိန်သေးသေး ညစ်ပတ်နေသည်။ တခြားမိသားစုတွေရဲ့ သားသမီးတွေက သူ့ကို ရှောင်ဖယ်၍ ကျောက်ခဲတွေနဲ့ ပစ်ပေါက်ပြီး သူ့ကို ဘယ်သူကမှ မလိုချင်ဘူးဆိုပြီး “အမှိုက်” လို့ ခေါ်ကြသည်။
လူကြီးတွေက သူ့ကို အပေါ်ယံပဲ ကြင်နာတတ်ပေမယ့် သူက သူ့မိဘတွေဆီ ခက်ခဲတဲ့ ကံကြမ္မာကိုယူဆောင်လာတဲ့ ကြမ္မာဆိုးလို့ နောက်ကွယ်မှာ လျှို့ဝှက်စွာ ခေါ်ဝေါ်ကြသည်။
ရှောင်ကျွင်းသည် ထိုအချိန်က နားမလည်ဘဲ တစ်ခုခုမှားနေသလို ခံစားလိုက်သည်။ သူရဲ့ ရခဲလှတဲ့ ပစ္စည်းတွေကို တခြားသူတွေက လုယူသွားတဲ့အခါတောင်မှ သူ့ကို ခွင့်လွှတ်ပြီး သူနဲ့ ကစားမယ်လို့ တိတ်တဆိတ် မျှော်လင့်ခဲ့သည်။
မှောင်မိုက်ပြီး ကျယ်ပြောလှတဲ့ အခန်းထဲမှာ တစ်ယောက်တည်း နေရတာ ကြောက်စရာကောင်းသည်။
ရှောင်ကျွင်းက ထိုအတွေးကို တွေးမိကာ ပြုံးလိုက်ပြီး ငယ်ငယ်က သူကတော်တော်ရယ်ရတယ်လို့ ခံစားလိုက်ရသည်။
ဘယ်သူကမှ မလိုချင်တဲ့ ယုန်ကလေး၊ မင်းကို ဘယ်သူက ဂရုစိုက်လဲ။
တင်းရှ မော့ကြည့်လိုက်ကာ "ဘာကိစ္စရှိလို့လဲ" သူမက ရှောင်ကျွင်းကို စိတ်ရှုပ်ထွေးစွာကြည့်ကာ "ခုနက တစ်ခုခုပြောခဲ့သေးလား"ဟုမေးသည်။
"မဟုတ်ဘူး"
ရှောင်ကျွင်းက ကြင်နာစွာ သူမခေါင်းပုတ်၍ "မြန်မြန် တွက်ပါ၊ မင်းပြီးရင် မနက်ဖြန် ကိုယ်တို့ ဈေးသွားဝယ်မယ် မှတ်မိတယ်မလား"ဟုပြောသည်။
တင်းရှ သည် ပင်ပန်းနွမ်းနယ်စရာကောင်းသော တွက်ချက်မှုများကို ဆက်လက်အာရုံစိုက်သည်ကိုကြည့်ကာ သူ၏ တစ်ချိန်က အမှတ်ရစရာများကြောင့် အေးစက်သော အကြည့်သည် နွေးထွေးလာသည်။
တင်းရှနဲ့တွေ့တာကလွဲလို့ သူ့ကလေးဘဝ အတွေ့အကြုံတွေက ကောင်းမွန်တဲ့အမှတ်တရတွေ မရှိခဲ့ပါဘူး။
တင်းရှ နဲ့တွေ့တဲ့နေ့က သူဗိုက်အလွန်ဆာလောင်ခဲ့သည်။ ထိုနှစ်တွင် စပါးရိတ်သိမ်းမှု ဆိုးရွားခဲ့ပြီး ရွာတွင် မည်သူမျှသူ့ကို ကျွေးမွေးရန် အပိုရိက္ခာမရှိခဲ့ပေ။
သူ့ဗိုက်ပြည့်ဖို့အတွက် တောရိုင်းဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေရှာဖို့ ရွာနောက်ကတောင်ကုန်းတွေကို တက်ရသည်။
ဒါပေမယ့် ရွာသူရွာသားတွေက မြေအလွှာကို ခြစ်ထုတ်ပြီး စားသောက်စရာတွေ အကုန် တူးယူပြီးသွားပြီဖြစ်သည်။
သူသည် ဆာလောင်မှုကြောင့် မူးဝေလာသည်။
နောက်ဆုံးတော့ သူ သည်းမခံနိုင်တော့ဘဲ တောင်စောင်းမှာ ထိုင်ရင်း မျက်ရည်တွေ ကျလာသည်။
လှပပြီး ဖြူစင်သန့်ရှင်းသော ကလေးမလေးကို ဆွဲဆောင်နိုင်လောက်အောင် ဝမ်းနည်းစွာ ငိုကြွေးနေပေမည်။
တင်းရှက "နင်ဘာလို့ ငိုနေတာလဲ၊ တစ်ယောက်ယောက်က နင့်ကို အနိုင်ကျင့်လို့လား" လို့ မေးသည်။
ယောက်ျားလေးမှာလည်း မာနရှိသည်။ ရှောင်ကျွင်းသည် သူ့မျက်ရည်များကို သုတ်လိုက်ပြီး မငိုတော့ဘဲအသံရပ်သွားခဲ့သည်။
သူစကားမစပြောနိုင်ခင်မှာ သူ့ဗိုက်က ကျယ်လောင်စွာ အသံမြည်လာခဲ့သည်။
တင်းရှ ရုတ်တရက် နားလည်လိုက်သည်။"နင်ဗိုက်ဆာနေပြီ!"
အိတ်ကပ်ထဲမှ သန့်ရှင်းသော လက်ကိုင်ပဝါဖြင့် ထုပ်ထားသော တစ်ခုခုကို ထုတ်ယူလိုက်သည်။ အထုပ်ထုတ်လိုက်သောအခါ တောက်ပြောင်၍ အနံ့မွှေးပြီး စွဲမက်ဖွယ်ကောင်းသော ရွှေရောင်ထမင်းကိတ်မုန့်တစ်ခုထွက်လာသည်။ ရှောင်ကျွင်း တံတွေးမျိုချလုနီးပါးဖြစ်၏။
တင်းရှ သည် သူ့ဘေးတွင်ထိုင်ပြီး တူညီသောအရွယ်အစား နှစ်ပိုင်းခွဲကာ ရှောင်ကျွင်းကို တစ်ပိုင်းပေးလိုက်သည်။
သူက ဆာလောင်နေသဖြင့် ငြင်းပယ်ရကောင်းမှန်းမသိပေ။ ထမင်းကိတ်က အရမ်းမွှေးပြီး နူးညံ့တယ်လို့ပဲ ခံစားရရသည်။ သူ့ပါးစပ်ထဲ ထည့်လိုက်ပြီး အလျင်အမြန် စားလိုက်သည်။
သူစားတာ အရမ်းမြန်တာကိုမြင်တော့ တင်းရှ က သူအရမ်းဗိုက်ဆာနေပြီဆိုတာ သိလိုက်ရသဖြင့် ချီတုံချတုံဖြင့် ကျန်တစ်ဝက်ကိုလည်း ပေးခဲ့သည်။
သူနှစ်တုံးစားပြီးမှသာ ဆာလောင်မွတ်သိပ်မှု အနည်းငယ် လျော့ပါးသွားသည်။ ထိုအခါမှ ရှောင်ကျွင်းရှက်သွားသည်။
တင်းရှ က ပြုံးပြီး "အရသာရှိလား? ငါကိုယ်တိုင်လုပ်ထားတာ" ဟု မေးသည်။
ရှောင်ကျွင်းက သူ့ပါးစပ်ထဲက အရသာကို မြည်းစမ်းနေတုန်း "အရသာရှိတယ်၊ ဒါပေမယ့် ငါ့ဗိုက်မတင်းစေဘူး။ ဒါက ပေါင်းထားတဲ့ ပေါင်မုန့်ကြီးဆိုရင် ငါ ဗိုက်အပြည့်စားနိုင်တယ်"
တင်းရှ သည် တခဏတာ မှင်တက်ကာအနည်းငယ် ဒေါသထွက်သွားသည်။ "နင်တကယ်ပဲ..."
သူမပြောစရာစကားရှာချင်ပေမယ့် လောလောဆယ်တော့ တစ်လုံးမှ မစဉ်းစားနိုင်ခဲ့ပေ။ သူမ ဒေါသတကြီးထကာ နောက်ဆုံးတွင် ထွက်သွားခဲ့သည်။
ရှောင်ကျွင်းက သူမဘာကြောင့် စိတ်မချမ်းသာရမှန်း မသိ။ ထမင်းကိတ်က အရမ်းမွှေးတယ်ပြီး သူမက အရမ်းလှတယ်လို့ပဲ ခံစားရသည်။
သူမ က သူမနေ့လယ်စာကိုသူ့ကို စားဖို့ ပေးပြီး သူမဗိုက်ဆာဆာနဲ့ ကျောင်းသွားတက်ခဲ့တာ နောက်ပိုင်းမှာ သိလိုက်ရသည်။
တစ်နှစ်ပြီးတစ်နှစ် မကြာခဏ ဗိုက်ဆာတတ်တဲ့ ရှောင်ကျွင်းက ဆာလောင်မှုက ကမ္ဘာပေါ်မှာ သည်းမခံနိုင်ဆုံးအရာလို့ ခံစားခဲ့ရသည်။ သူမက တကယ်ပဲ သူ့ကို သူမနေ့လည်စာကျွေးသည်။
ရှောင်ကျွင်းက သူမကို ပြန်ဆပ်ရမယ်လို့ ထင်ပေမယ့် သူ့မှာ ဘာမှမရှိသလို ဘယ်လိုပြန်ဆပ်ရမလဲဆိုတာ မသိခဲ့ပေ။ မိမိအသက်ကို ကယ်တင်ပေးသောသူကိုအသက်ပေး၍စောင့်ရှောက်ရမည်ဟု ဆိုခဲ့သောသူများအဆိုကိုသတိရမိသည်။ ရှောင်ကျွင်းက သူမကိုကာကွယ်စောင့်ရှောက်မည်ဟု လျှို့ဝှက် ဆုံးဖြတ်လိုက်သည်။
သူသည် ရွာကျောင်းထဲကို ခိုးဝင်ပြီး သူမ အတန်းထဲတွင်ကျောင်းစာအုပ်ကို ကိုင်ပြီး လိမ္မာရေးခြားရှိစွာ ရွတ်ဆိုတာ၊ တည့်တည့်မတ်မတ်ထိုင်တာ၊ သင်္ချာပုစ္ဆာတွေကို မဖြေရှင်းနိုင်တဲ့အခါ တိတ်တိတ်လေး ငိုနေတာကြည့်၊ ကျစ်ထားသောဆံပင်နှင့်ကျောင်းက ေန အိမ်ပြန်လာတာ ကို အလုပ်များသော စိုက်ပျိုးရာသီများတွင် သူမကိုစောင့်ကြည့်ခဲ့သည်။
သူသည် ဆယ်နှစ်မျှသာ ကြည့်ခဲ့သည်။
တင်းရှ သည် မျက်လုံးကြီးကြီး၊ ဖရဲစေ့မျက်နှာနှင့် ချစ်စရာကောင်းသော မိန်းမပျိုလေးအဖြစ် ကြီးပြင်းလာခဲ့သည်။
ပတ်ဝန်းကျင်မှ လူငယ်များသည် သူမအား တိတ်တဆိတ် သဘောကျကြသော်လည်း သူမ၏ ငြင်းပယ်မှုကြောင့် လျှို့ဝှက်စွာ အသရေဖျက်ကြသည်။
ဒါကြောင့် ရှောင်ကျွင်း ဟာ သူ့ရဲ့ တိုက်ခိုက်စွမ်းရည်ကို လေ့ကျင့်ခဲ့သည်။
သူ့ဒဏ်ရာတွေကို ကုသပေးတဲ့အခါ သူမတင်းရှက "ရှင် ထပ်ပြီး ရန်ဖြစ်တာလား။"
ရှောင်ကျွင်း က သူ့မျက်လုံးထောင့်မှာ ပွန်းပဲ့ဒဏ်ရာတွေရှိတာကိုမမူဘဲ ပြုံးပြီး "သူတို့က ငါ့ထက် ပိုဆိုးတဲ့ ဒဏ်ရာတွေရတာ။ ပြသနာမရှိပါဘူး!"
တင်းရှက သူ့ကို စိုက်ကြည့်ရင်း "အုပ်စုဖွဲ့ပြီး အနိုင်ကျင့်တာလား?"
"မဟုတ်ပါဘူး၊ လူအများနဲ့တစ်ယောက်ရန်ဖြစ်ခဲ့တယ်!" ရှောင်ကျွင်းက မကျေမနပ်နဲ့ ငြင်းဆိုလိုက်သည်။
တင်းရှသည် သူ့ရောင်ရမ်းနေသော မျက်လုံးထောင့်ကို တမင်တကာ ဖိလိုက်သည်။
"အား" ရှောင်ကျွင်း ခုန်ပေါက်လုမတတ်ပင်။
အဲ့အချိန်မှပဲ တင်းရှက ထပ်မဖိတော့ချေ။"သူတို့ပြောတာကို ငါဂရုမစိုက်ပါဘူးလို့ ငါပြောခဲ့တယ်လေ၊ မင်းကိုယ်မင်း နာကျင်အောင်မလုပ်နဲ့"
ရှောင်ကျွင်း - "သူတို့ရဲ့ ပါးစပ်တွေက အညစ်အကြေးတွေလို ညစ်ပတ်နေတာ အဲ့ဒီအပုပ်နံ့ကို ရပ်တန့်အောင် ဆေးကြောရမယ်"
ရှောင်ကျွင်းက နားမထောင်ဘူး ဆိုတာတင်းရှ သိထားပြီး၊ သူမက ဆေးပိုဝယ်ပြီး အိမ်မှာထားတာဘဲတတ်နိုင်သည်။
တင်းရှအထက်တန်းကျောင်းပြီးတဲ့နှစ်မှာ မိထွေးဖြစ်သူက သူမမွေးတဲ့သားလေးကို မြို့ကြီးပြကြီးမှာ ပညာသင်ကြားဖို့ ပိုက်ဆံရှာဖို့အတွက် ရွာမှာ မုဆိုးဖိုနဲ့သူမကိုလက်ထပ်စေချင်ခဲ့သည်။
တင်းရှ သည် ထိုလူကို သိသည်၊ သူသည် အသက်ပိုကြီးရုံသာမက သူ့မိန်းမကိုလည်း ရိုက်နှက်ခဲ့သည်။
တင်းရှက သူမထွက်သွားရမယ်ဆိုတာ သိတယ်၊ မဟုတ်ရင် သူမဘဝ ပျက်စီးသွားလိမ့်မယ်။
သူမသည် သူမ၏အိမ်ထောင်စုစာရင်းကို လျှို့ဝှက်ထုတ်ယူပြီး အိမ်ထောင်စုခွဲလိုက်သည်။ ထို့နောက် ရွာတံခါးတွင် အိတ်တစ်လုံး ကိုင်ဆောင်ထားသော ရှောင်ကျွင်းသည် အတွေးနစ်ဝင်နေသည့်အမူအရာဖြင့် ဆေးလိပ်သောက်နေသည်ကို တွေ့လိုက်ရသည်။
တင်းရှက သူ့ဆီ လျှောက်သွားပြီးသူမ စကားတစ်လုံးမှမပြောခင် မျက်ရည်တွေ ပါးပြင်ပေါ် စီးကျသွားခဲ့သည်။
ရှောင်ကျွင်းသည် စီးကရက်ကို လွှင့်ပစ်လိုက်သည်။ ဆေးလိပ်နံ့သင်းနေတဲ့ သူ့လက်ချောင်းကြမ်းတွေက သူမမျက်ရည်တွေကို ညင်သာစွာ သုတ်လိုက်ပြီး သူမကိုသူ့ရင်ခွင်ထဲဆွဲသွင်းလိုက်သည်။ "မငိုပါနဲ့ ငါမင်းကို သူတို့နဲ့ဝေးရာခေါ်သွားပေးမယ်"
သူတို့သည် ညသန်းခေါင် ရထားကို ချက်ချင်းစီးကာ ကြုံရာလက်မှတ်များကို ဝယ်ကြသည်။
ရထားက လူပြည့်ကျပ်နေ၍ ရှောင်ကျွင်းသည် တင်းရှကို ဖက်လိုက်ပြီး သူ့ရင်ခွင်ထဲတွင် အိပ်စေလိုက်သည်။
သူသည် ဝံပုလွေသားပေါက်လေးလို လုံးလုံးလျားလျား မရင်းနှီးသောကမ္ဘာကြီးကို စူးစူးစိုက်စိုက်ကြည့်ရင်း အိပ်ငိုက်မနေရဲပေ။
သူတို့နှင့်အတူ လိုက်ပါလာသည့် တစ်ခုတည်းသောအရာမှာ ရှောင်ကျွင်း၏ ဆေးလိပ်နံ့ဖြစ်ပြီး ထိုအနံ့သည် တဖြည်းဖြည်း ပြင်းထန်လာသည်။
နန်ကျင်း မြို့သို့ ရောက်သောအခါမှ သက်ပြင်းချနိုင်ခဲ့သည်။
လူစည်ကားသော ဘူတာရုံရောက်မှ ရထားပေါ်က ဆင်းကာ ဘယ်နေရာသွားရမည်မသိဘဲလမ်းပျောက်နေကြသည်။ ရှောင်ကျွင်း ကြက်ဥမှုန့်နှင့်တူသော အဖြူရောင်အရည်ခွက်များ ကိုင်ဆောင်ထားသည့် အမျိုးသမီးငယ်များစွာကို တွေ့လိုက်ရသည်။ လှည့်ကြည့်လိုက်တော့ သူတို့ဘေးက ဆိုင်မှာ ရောင်းနေတာ တွေ့လိုက်ရသည်။ တင်းရှကို ထိုင်ခိုင်းပြီး နို့ချိုလို့ ခေါ်တဲ့ မုန့်ဝယ်လိုက်သည်။
တင်းရှမျက်နှာတွင် ကြည်နူးမှုနှင့် အပြစ်ပုံချမှုခံစားချက်နှစ်ခုပုံပေါ်နေသည်။
သူတို့နှစ်ဦးသည် နူးညံ့အေးမြသော တို့ဟူးနှင့်တူသော်လည်း သူ့ထက်ပို၍အရသာရှိပြီး ချိုမြိန်သော မုန့်တစ်ခွက်ကို မျှဝေစားကြသည်။
ပဲနီအရသာက အချိုဓါတ်နဲ့ပြည့်စုံနေသည်။
ရှောင်ကျွင်းက သူအတိတ်ကိုပြန်သတိရတာကို ရပ်ပြီး မီးဖိုချောင်ကို သွားလိုက်သည်။
တင်းရှမော့ကြည့်လိုက်သောအခါ ရှောင်ကျွင်း၏ ပါးစပ်ထောင့်တွင် နွေးထွေးညင်သာသော အပြုံးကို တွေ့လိုက်ရပြီး သူကသူမကို နို့ချို တစ်ခွက် ကမ်းပေးလိုက်သည်။
"ဒါကို မှတ်မိသေးလား"
••••••••
Zawgyi
အမ်ိဳးသားဇာတ္လိုက္၏ မိခင္အျဖစ္ ကူးေျပာင္းသြားျခင္း
အပိုင္း ၁၅
တင္း႐ွသည္ စားပြဲေပၚတြင္ ထြက္ေနေသာ ဗိုက္ကို တည့္တည့္မတ္မတ္ထားထိုင္ကာ စာရင္းစာအုပ္ငယ္ကိုတစ္႐ြက္ၿပီးတစ္႐ြက္လွန္၍ ေျပာခဲ့သည္။ “ေငြစာရင္း႐ွင္းၿပီး ပိုက္ဆံဘယ္ေလာက္ရလဲ ၾကည့္ရေအာင္။”
ေ႐ွာင္ကြၽင္းက ဒီလိုအေသးစိတ္ၿပီး ပ်င္းစရာေကာင္းတဲ့အလုပ္မ်ိဳးကို မႀကိဳက္တာေၾကာင့္ ထိုင္ခုံကိုဆြဲၿပီး တင္း႐ွေဘးတြင္ ၀င္ထိုင္ကာ သူတို႔မိသားစုေလးရဲ႕ အသုံးစရိတ္ႏွင့္ ဝင္ေငြကို ဂ႐ုတစိုက္ တြက္ခ်က္ကာမ်က္ေမွာင္ၾကဳတ္ၿပီး ေဘာပင္ကိုက္ေနေသာ သူမကို ၾကည့္ေနခဲ့သည္။
ေ႐ွာင္ကြၽင္းသည္ တင္း႐ွ စာေရးသည့္ပုံစံႏွင့္ အလြန္ရင္းႏွီးသူျဖစ္သည္။ အေၾကာင္းမွာ လြန္ခဲ့ေသာ ဆယ္ႏွစ္တာကာလအတြင္း တင္း႐ွ နာမည္မႀကီးေသာ ႐ြာေက်ာင္းတြင္ စာေရးေနေသာအခ်ိန္မွာ လွ်ိဳ႕ဝွက္ၾကည့္႐ႈခဲ့သည္မွာ မေရမတြက္ႏိုင္ေသာ အႀကိမ္မ်ားစြာ႐ွိေသာေၾကာင့္ျဖစ္သည္။
အဲဒီတုန္းက သူ႕အေမဆီက စြန္႔ပစ္ခံခဲ့ရၿပီးသူက ပိန္ပိန္ေသးေသး ညစ္ပတ္ေနသည္။ တျခားမိသားစုေတြရဲ႕ သားသမီးေတြက သူ႕ကို ေ႐ွာင္ဖယ္၍ ေက်ာက္ခဲေတြနဲ႔ ပစ္ေပါက္ၿပီး သူ႕ကို ဘယ္သူကမွ မလိုခ်င္ဘူးဆိုၿပီး “အမိႈက္” လို႔ ေခၚၾကသည္။
လူႀကီးေတြက သူ႕ကို အေပၚယံပဲ ၾကင္နာတတ္ေပမယ့္ သူက သူ႕မိဘေတြဆီ ခက္ခဲတဲ့ ကံၾကမၼာကိုယူေဆာင္လာတဲ့ ၾကမၼာဆိုးလို႔ ေနာက္ကြယ္မွာ လွ်ိဳ႕ဝွက္စြာ ေခၚေဝၚၾကသည္။
ေ႐ွာင္ကြၽင္းသည္ ထိုအခ်ိန္က နားမလည္ဘဲ တစ္ခုခုမွားေနသလို ခံစားလိုက္သည္။ သူရဲ႕ ရခဲလွတဲ့ ပစၥည္းေတြကို တျခားသူေတြက လုယူသြားတဲ့အခါေတာင္မွ သူ႕ကို ခြင့္လႊတ္ၿပီး သူနဲ႔ ကစားမယ္လို႔ တိတ္တဆိတ္ ေမွ်ာ္လင့္ခဲ့သည္။
ေမွာင္မိုက္ၿပီး က်ယ္ေျပာလွတဲ့ အခန္းထဲမွာ တစ္ေယာက္တည္း ေနရတာ ေၾကာက္စရာေကာင္းသည္။
ေ႐ွာင္ကြၽင္းက ထိုအေတြးကို ေတြးမိကာ ျပဳံးလိုက္ၿပီး ငယ္ငယ္က သူကေတာ္ေတာ္ရယ္ရတယ္လို႔ ခံစားလိုက္ရသည္။
ဘယ္သူကမွ မလိုခ်င္တဲ့ ယုန္ကေလး၊ မင္းကို ဘယ္သူက ဂ႐ုစိုက္လဲ။
တင္း႐ွ ေမာ့ၾကည့္လိုက္ကာ "ဘာကိစၥ႐ွိလို႔လဲ" သူမက ေ႐ွာင္ကြၽင္းကို စိတ္႐ႈပ္ေထြးစြာၾကည့္ကာ "ခုနက တစ္ခုခုေျပာခဲ့ေသးလား"ဟုေမးသည္။
"မဟုတ္ဘူး"
ေ႐ွာင္ကြၽင္းက ၾကင္နာစြာ သူမေခါင္းပုတ္၍ "ျမန္ျမန္ တြက္ပါ၊ မင္းၿပီးရင္ မနက္ျဖန္ ကိုယ္တို႔ ေဈးသြားဝယ္မယ္ မွတ္မိတယ္မလား"ဟုေျပာသည္။
တင္း႐ွ သည္ ပင္ပန္းႏြမ္းနယ္စရာေကာင္းေသာ တြက္ခ်က္မႈမ်ားကို ဆက္လက္အာ႐ုံစိုက္သည္ကိုၾကည့္ကာ သူ၏ တစ္ခ်ိန္က အမွတ္ရစရာမ်ားေၾကာင့္ ေအးစက္ေသာ အၾကည့္သည္ ေႏြးေထြးလာသည္။
တင္း႐ွနဲ႔ေတြ႕တာကလြဲလို႔ သူ႕ကေလးဘဝ အေတြ႕အၾကဳံေတြက ေကာင္းမြန္တဲ့အမွတ္တရေတြ မ႐ွိခဲ့ပါဘူး။
တင္း႐ွ နဲ႔ေတြ႕တဲ့ေန႔က သူဗိုက္အလြန္ဆာေလာင္ခဲ့သည္။ ထိုႏွစ္တြင္ စပါးရိတ္သိမ္းမႈ ဆိုး႐ြားခဲ့ၿပီး ႐ြာတြင္ မည္သူမွ်သူ႕ကို ေကြၽးေမြးရန္ အပိုရိကၡာမ႐ွိခဲ့ေပ။
သူ႕ဗိုက္ျပည့္ဖို႔အတြက္ ေတာ႐ိုင္းဟင္းသီးဟင္း႐ြက္နဲ႔ သစ္သီးဝလံေတြ႐ွာဖို႔ ႐ြာေနာက္ကေတာင္ကုန္းေတြကို တက္ရသည္။
ဒါေပမယ့္ ႐ြာသူ႐ြာသားေတြက ေျမအလႊာကို ျခစ္ထုတ္ၿပီး စားေသာက္စရာေတြ အကုန္ တူးယူၿပီးသြားၿပီျဖစ္သည္။
သူသည္ ဆာေလာင္မႈေၾကာင့္ မူးေဝလာသည္။
ေနာက္ဆုံးေတာ့ သူ သည္းမခံႏိုင္ေတာ့ဘဲ ေတာင္ေစာင္းမွာ ထိုင္ရင္း မ်က္ရည္ေတြ က်လာသည္။
လွပၿပီး ျဖဴစင္သန္႔႐ွင္းေသာ ကေလးမေလးကို ဆြဲေဆာင္ႏိုင္ေလာက္ေအာင္ ဝမ္းနည္းစြာ ငိုေႂကြးေနေပမည္။
တင္း႐ွက "နင္ဘာလို႔ ငိုေနတာလဲ၊ တစ္ေယာက္ေယာက္က နင့္ကို အႏိုင္က်င့္လို႔လား" လို႔ ေမးသည္။
ေယာက်္ားေလးမွာလည္း မာန႐ွိသည္။ ေ႐ွာင္ကြၽင္းသည္ သူ႕မ်က္ရည္မ်ားကို သုတ္လိုက္ၿပီး မငိုေတာ့ဘဲအသံရပ္သြားခဲ့သည္။
သူစကားမစေျပာႏိုင္ခင္မွာ သူ႕ဗိုက္က က်ယ္ေလာင္စြာ အသံျမည္လာခဲ့သည္။
တင္း႐ွ ႐ုတ္တရက္ နားလည္လိုက္သည္။"နင္ဗိုက္ဆာေနၿပီ!"
အိတ္ကပ္ထဲမွ သန္႔႐ွင္းေသာ လက္ကိုင္ပဝါျဖင့္ ထုပ္ထားေသာ တစ္ခုခုကို ထုတ္ယူလိုက္သည္။ အထုပ္ထုတ္လိုက္ေသာအခါ ေတာက္ေျပာင္၍ အနံ႔ေမႊးၿပီး စြဲမက္ဖြယ္ေကာင္းေသာ ေ႐ႊေရာင္ထမင္းကိတ္မုန္႔တစ္ခုထြက္လာသည္။ ေ႐ွာင္ကြၽင္း တံေတြးမ်ိဳခ်လုနီးပါးျဖစ္၏။
တင္း႐ွ သည္ သူ႕ေဘးတြင္ထိုင္ၿပီး တူညီေသာအ႐ြယ္အစား ႏွစ္ပိုင္းခြဲကာ ေ႐ွာင္ကြၽင္းကို တစ္ပိုင္းေပးလိုက္သည္။
သူက ဆာေလာင္ေနသျဖင့္ ျငင္းပယ္ရေကာင္းမွန္းမသိေပ။ ထမင္းကိတ္က အရမ္းေမႊးၿပီး ႏူးညံ့တယ္လို႔ပဲ ခံစားရရသည္။ သူ႕ပါးစပ္ထဲ ထည့္လိုက္ၿပီး အလ်င္အျမန္ စားလိုက္သည္။
သူစားတာ အရမ္းျမန္တာကိုျမင္ေတာ့ တင္း႐ွ က သူအရမ္းဗိုက္ဆာေနၿပီဆိုတာ သိလိုက္ရသျဖင့္ ခ်ီတုံခ်တုံျဖင့္ က်န္တစ္ဝက္ကိုလည္း ေပးခဲ့သည္။
သူႏွစ္တုံးစားၿပီးမွသာ ဆာေလာင္မြတ္သိပ္မႈ အနည္းငယ္ ေလ်ာ့ပါးသြားသည္။ ထိုအခါမွ ေ႐ွာင္ကြၽင္း႐ွက္သြားသည္။
တင္း႐ွ က ျပဳံးၿပီး "အရသာ႐ွိလား? ငါကိုယ္တိုင္လုပ္ထားတာ" ဟု ေမးသည္။
ေ႐ွာင္ကြၽင္းက သူ႕ပါးစပ္ထဲက အရသာကို ျမည္းစမ္းေနတုန္း "အရသာ႐ွိတယ္၊ ဒါေပမယ့္ ငါ့ဗိုက္မတင္းေစဘူး။ ဒါက ေပါင္းထားတဲ့ ေပါင္မုန္႔ႀကီးဆိုရင္ ငါ ဗိုက္အျပည့္စားႏိုင္တယ္"
တင္း႐ွ သည္ တခဏတာ မွင္တက္ကာအနည္းငယ္ ေဒါသထြက္သြားသည္။ "နင္တကယ္ပဲ..."
သူမေျပာစရာစကား႐ွာခ်င္ေပမယ့္ ေလာေလာဆယ္ေတာ့ တစ္လုံးမွ မစဥ္းစားႏိုင္ခဲ့ေပ။ သူမ ေဒါသတႀကီးထကာ ေနာက္ဆုံးတြင္ ထြက္သြားခဲ့သည္။
ေ႐ွာင္ကြၽင္းက သူမဘာေၾကာင့္ စိတ္မခ်မ္းသာရမွန္း မသိ။ ထမင္းကိတ္က အရမ္းေမႊးတယ္ၿပီး သူမက အရမ္းလွတယ္လို႔ပဲ ခံစားရသည္။
သူမ က သူမေန႔လယ္စာကိုသူ႕ကို စားဖို႔ ေပးၿပီး သူမဗိုက္ဆာဆာနဲ႔ ေက်ာင္းသြားတက္ခဲ့တာ ေနာက္ပိုင္းမွာ သိလိုက္ရသည္။
တစ္ႏွစ္ၿပီးတစ္ႏွစ္ မၾကာခဏ ဗိုက္ဆာတတ္တဲ့ ေ႐ွာင္ကြၽင္းက ဆာေလာင္မႈက ကမ႓ာေပၚမွာ သည္းမခံႏိုင္ဆုံးအရာလို႔ ခံစားခဲ့ရသည္။ သူမက တကယ္ပဲ သူ႕ကို သူမေန႔လည္စာေကြၽးသည္။
ေ႐ွာင္ကြၽင္းက သူမကို ျပန္ဆပ္ရမယ္လို႔ ထင္ေပမယ့္ သူ႕မွာ ဘာမွမ႐ွိသလို ဘယ္လိုျပန္ဆပ္ရမလဲဆိုတာ မသိခဲ့ေပ။ မိမိအသက္ကို ကယ္တင္ေပးေသာသူကိုအသက္ေပး၍ေစာင့္ေ႐ွာက္ရမည္ဟု ဆိုခဲ့ေသာသူမ်ားအဆိုကိုသတိရမိသည္။ ေ႐ွာင္ကြၽင္းက သူမကိုကာကြယ္ေစာင့္ေ႐ွာက္မည္ဟု လွ်ိဳ႕ဝွက္ ဆုံးျဖတ္လိုက္သည္။
သူသည္ ႐ြာေက်ာင္းထဲကို ခိုးဝင္ၿပီး သူမ အတန္းထဲတြင္ေက်ာင္းစာအုပ္ကို ကိုင္ၿပီး လိမၼာေရးျခား႐ွိစြာ ႐ြတ္ဆိုတာ၊ တည့္တည့္မတ္မတ္ထိုင္တာ၊ သခ်ၤာပုစၧာေတြကို မေျဖ႐ွင္းႏိုင္တဲ့အခါ တိတ္တိတ္ေလး ငိုေနတာၾကည့္၊ က်စ္ထားေသာဆံပင္ႏွင့္ေက်ာင္းက ေန အိမ္ျပန္လာတာ ကို အလုပ္မ်ားေသာ စိုက္ပ်ိဳးရာသီမ်ားတြင္ သူမကိုေစာင့္ၾကည့္ခဲ့သည္။
သူသည္ ဆယ္ႏွစ္မွ်သာ ၾကည့္ခဲ့သည္။
တင္း႐ွ သည္ မ်က္လုံးႀကီးႀကီး၊ ဖရဲေစ့မ်က္ႏွာႏွင့္ ခ်စ္စရာေကာင္းေသာ မိန္းမပ်ိဳေလးအျဖစ္ ႀကီးျပင္းလာခဲ့သည္။
ပတ္ဝန္းက်င္မွ လူငယ္မ်ားသည္ သူမအား တိတ္တဆိတ္ သေဘာက်ၾကေသာ္လည္း သူမ၏ ျငင္းပယ္မႈေၾကာင့္ လွ်ိဳ႕ဝွက္စြာ အသေရဖ်က္ၾကသည္။
ဒါေၾကာင့္ ေ႐ွာင္ကြၽင္း ဟာ သူ႕ရဲ႕ တိုက္ခိုက္စြမ္းရည္ကို ေလ့က်င့္ခဲ့သည္။
သူ႕ဒဏ္ရာေတြကို ကုသေပးတဲ့အခါ သူမတင္း႐ွက "႐ွင္ ထပ္ၿပီး ရန္ျဖစ္တာလား။"
ေ႐ွာင္ကြၽင္း က သူ႕မ်က္လုံးေထာင့္မွာ ပြန္းပဲ့ဒဏ္ရာေတြ႐ွိတာကိုမမူဘဲ ျပဳံးၿပီး "သူတို႔က ငါ့ထက္ ပိုဆိုးတဲ့ ဒဏ္ရာေတြရတာ။ ျပသနာမ႐ွိပါဘူး!"
တင္း႐ွက သူ႕ကို စိုက္ၾကည့္ရင္း "အုပ္စုဖြဲ႕ၿပီး အႏိုင္က်င့္တာလား?"
"မဟုတ္ပါဘူး၊ လူအမ်ားနဲ႔တစ္ေယာက္ရန္ျဖစ္ခဲ့တယ္!" ေ႐ွာင္ကြၽင္းက မေက်မနပ္နဲ႔ ျငင္းဆိုလိုက္သည္။
တင္း႐ွသည္ သူ႕ေရာင္ရမ္းေနေသာ မ်က္လုံးေထာင့္ကို တမင္တကာ ဖိလိုက္သည္။
"အား" ေ႐ွာင္ကြၽင္း ခုန္ေပါက္လုမတတ္ပင္။
အဲ့အခ်ိန္မွပဲ တင္း႐ွက ထပ္မဖိေတာ့ေခ်။"သူတို႔ေျပာတာကို ငါဂ႐ုမစိုက္ပါဘူးလို႔ ငါေျပာခဲ့တယ္ေလ၊ မင္းကိုယ္မင္း နာက်င္ေအာင္မလုပ္နဲ႔"
ေ႐ွာင္ကြၽင္း - "သူတို႔ရဲ႕ ပါးစပ္ေတြက အညစ္အေၾကးေတြလို ညစ္ပတ္ေနတာ အဲ့ဒီအပုပ္နံ႔ကို ရပ္တန္႔ေအာင္ ေဆးေၾကာရမယ္"
ေ႐ွာင္ကြၽင္းက နားမေထာင္ဘူး ဆိုတာတင္း႐ွ သိထားၿပီး၊ သူမက ေဆးပိုဝယ္ၿပီး အိမ္မွာထားတာဘဲတတ္ႏိုင္သည္။
တင္း႐ွအထက္တန္းေက်ာင္းၿပီးတဲ့ႏွစ္မွာ မိေထြးျဖစ္သူက သူမေမြးတဲ့သားေလးကို ၿမိဳ႕ႀကီးျပႀကီးမွာ ပညာသင္ၾကားဖို႔ ပိုက္ဆံ႐ွာဖို႔အတြက္ ႐ြာမွာ မုဆိုးဖိုနဲ႔သူမကိုလက္ထပ္ေစခ်င္ခဲ့သည္။
တင္း႐ွ သည္ ထိုလူကို သိသည္၊ သူသည္ အသက္ပိုႀကီး႐ုံသာမက သူ႕မိန္းမကိုလည္း ႐ိုက္ႏွက္ခဲ့သည္။
တင္း႐ွက သူမထြက္သြားရမယ္ဆိုတာ သိတယ္၊ မဟုတ္ရင္ သူမဘဝ ပ်က္စီးသြားလိမ့္မယ္။
သူမသည္ သူမ၏အိမ္ေထာင္စုစာရင္းကို လွ်ိဳ႕ဝွက္ထုတ္ယူၿပီး အိမ္ေထာင္စုခြဲလိုက္သည္။ ထို႔ေနာက္ ႐ြာတံခါးတြင္ အိတ္တစ္လုံး ကိုင္ေဆာင္ထားေသာ ေ႐ွာင္ကြၽင္းသည္ အေတြးနစ္ဝင္ေနသည့္အမူအရာျဖင့္ ေဆးလိပ္ေသာက္ေနသည္ကို ေတြ႕လိုက္ရသည္။
တင္း႐ွက သူ႕ဆီ ေလွ်ာက္သြားၿပီးသူမ စကားတစ္လုံးမွမေျပာခင္ မ်က္ရည္ေတြ ပါးျပင္ေပၚ စီးက်သြားခဲ့သည္။
ေ႐ွာင္ကြၽင္းသည္ စီးကရက္ကို လႊင့္ပစ္လိုက္သည္။ ေဆးလိပ္နံ႔သင္းေနတဲ့ သူ႕လက္ေခ်ာင္းၾကမ္းေတြက သူမမ်က္ရည္ေတြကို ညင္သာစြာ သုတ္လိုက္ၿပီး သူမကိုသူ႕ရင္ခြင္ထဲဆြဲသြင္းလိုက္သည္။ "မငိုပါနဲ႔ ငါမင္းကို သူတို႔နဲ႔ေဝးရာေခၚသြားေပးမယ္"
သူတို႔သည္ ညသန္းေခါင္ ရထားကို ခ်က္ခ်င္းစီးကာ ၾကဳံရာလက္မွတ္မ်ားကို ဝယ္ၾကသည္။
ရထားက လူျပည့္က်ပ္ေန၍ ေ႐ွာင္ကြၽင္းသည္ တင္း႐ွကို ဖက္လိုက္ၿပီး သူ႕ရင္ခြင္ထဲတြင္ အိပ္ေစလိုက္သည္။
သူသည္ ဝံပုေလြသားေပါက္ေလးလို လုံးလုံးလ်ားလ်ား မရင္းႏွီးေသာကမ႓ာႀကီးကို စူးစူးစိုက္စိုက္ၾကည့္ရင္း အိပ္ငိုက္မေနရဲေပ။
သူတို႔ႏွင့္အတူ လိုက္ပါလာသည့္ တစ္ခုတည္းေသာအရာမွာ ေ႐ွာင္ကြၽင္း၏ ေဆးလိပ္နံ႔ျဖစ္ၿပီး ထိုအနံ႔သည္ တျဖည္းျဖည္း ျပင္းထန္လာသည္။
နန္က်င္း ၿမိဳ႕သို႔ ေရာက္ေသာအခါမွ သက္ျပင္းခ်ႏိုင္ခဲ့သည္။
လူစည္ကားေသာ ဘူတာ႐ုံေရာက္မွ ရထားေပၚက ဆင္းကာ ဘယ္ေနရာသြားရမည္မသိဘဲလမ္းေပ်ာက္ေနၾကသည္။ ေ႐ွာင္ကြၽင္း ၾကက္ဥမႈန္႔ႏွင့္တူေသာ အျဖဴေရာင္အရည္ခြက္မ်ား ကိုင္ေဆာင္ထားသည့္ အမ်ိဳးသမီးငယ္မ်ားစြာကို ေတြ႕လိုက္ရသည္။ လွည့္ၾကည့္လိုက္ေတာ့ သူတို႔ေဘးက ဆိုင္မွာ ေရာင္းေနတာ ေတြ႕လိုက္ရသည္။ တင္း႐ွကို ထိုင္ခိုင္းၿပီး ႏို႔ခ်ိဳလို႔ ေခၚတဲ့ မုန္႔ဝယ္လိုက္သည္။
တင္း႐ွမ်က္ႏွာတြင္ ၾကည္ႏူးမႈႏွင့္ အျပစ္ပုံခ်မႈခံစားခ်က္ႏွစ္ခုပုံေပၚေနသည္။
သူတို႔ႏွစ္ဦးသည္ ႏူးညံ့ေအးျမေသာ တို႔ဟူးႏွင့္တူေသာ္လည္း သူ႕ထက္ပို၍အရသာ႐ွိၿပီး ခ်ိဳၿမိန္ေသာ မုန္႔တစ္ခြက္ကို မွ်ေဝစားၾကသည္။
ပဲနီအရသာက အခ်ိဳဓါတ္နဲ႔ျပည့္စုံေနသည္။
ေ႐ွာင္ကြၽင္းက သူအတိတ္ကိုျပန္သတိရတာကို ရပ္ၿပီး မီးဖိုေခ်ာင္ကို သြားလိုက္သည္။
တင္း႐ွေမာ့ၾကည့္လိုက္ေသာအခါ ေ႐ွာင္ကြၽင္း၏ ပါးစပ္ေထာင့္တြင္ ေႏြးေထြးညင္သာေသာ အျပဳံးကို ေတြ႕လိုက္ရၿပီး သူကသူမကို ႏို႔ခ်ိဳ တစ္ခြက္ ကမ္းေပးလိုက္သည္။
"ဒါကို မွတ္မိေသးလား"