တစ်ဦးတည်းသောသတို့သမီး[comple...

By Juno804

71.4K 1.2K 6

လူကြီးချင်းသဘောတူတာကအမြွှာညီအစ်မထဲကအကြီးမနဲ့ပေမယ့် အငယ်မလေးကိုမြင်မြင်ချင်းချစ်မိပြီးအရယူလိုက်တဲ့ကိုကြီး More

Part.1
Part.2
Part.3
Part.4
Part.5
Part.6
Part.7
Part.8
Part.9
Part.10
Part.11
Part.12
Part.14
Part.15
Part.16
Final Part

Part.13

2.9K 50 1
By Juno804

Unicode

အဖေဖြစ်သူကအိမ်ကိုဧည့်သည်လာမှာမို့ဘယ်မှမသွားနဲ့ပြော၍တေးမှာအိမ်ကပ်နေရသည်။

အိမ်ကိုရောက်လာတဲ့ဧည့်သည်ကတစ်ခြားသူမဟုတ်ပဲသူမနဲ့ပြဿနာတက်ဖူးသလိုသူမကိုလည်းကူညီထားဖူးသူပါပဲ။

သူကတေးကိုတွေ့တော့အံ့သြသွားပုံပါပဲ။တေးလည်းအနည်းငယ်အံ့သြသွားပေမယ့်ဟန်ဆောင်နိုင်သည်။

''ကျွန်တော့်နာမည်ကသွေးပါ''

''တေးဖွဲ့သီ''

စကားပြောတာနည်းနည်းလေးမှထောင့်မကျိုးပေမယ့်အဲဒါကပဲသွေးရဲ့မျက်လုံးထဲမှာတစ်မျိုးလေးဖြစ်နေတာပင်။
ဆုံဖူးတာဘယ်နှစ်ခေါက်မှမရှိပေမယ့်မှတ်မှတ်ရရရှိနေတာတော့အမှန်ပင်။

ထိုအခိုက်သူမအဖေဦးထွန်းမြင့်နိုင်ကအိမ်ပေါ်ကဆင်းလာပြီးသွေးဆိုသောအမျိုးသားနဲ့စကားတွေတစ်လေကြီးထိုင်ပြောနေကြ၏။

တေးမှာပျင်းလို့​ေ.သတော့မည်။

သူကဖေဖေနဲ့သာစကားပြောနေပေမယ့်မျက်လုံးကတစ်ချက်တစ်ချက်သူမထံရောက်ရောက်လာ၍တေးမှာမျက်မှောင်အစုံကိုကျုံ့ထားပြီးမကျေနပ်တဲ့အသွင်ကိုတမင်ဆောင်ပြထားရသေးသည်။
ဒါလည်းသူကကြည့်မြဲကြည့်ဆဲပင်။

မုန်းလိုက်ပါဘိ။

သူကတေးတို့ဆီမှာပဲနေ့လည်စာစားသွားပြီးမပြန်ခင်လည်းတေးဆီကဖုန်းနံပါတ်ကိုမရမကတောင်းသွားသေးသည်။

ဘယ်လိုလူမှန်းကိုမသိတာပါ။

___________

တေးအိပ်ရာဝင်မလိုပြင်နေတုန်းကုတင်ဘေးစားပွဲပေါ်ကဖုန်းကမြည်လာ၍ဖုန်းအားလှမ်းယူလိုက်သည်။

''ဟဲလို''

''တေး ကိုယ်ပါ''

''ဘယ်သူ ဪ သွေး''

''မှတ်မိသားပဲ''

''ရှင့်အသံကခွေးချီသွားတောင်မှတ်မိတယ်''

''အဲလောက်ကိုယ့်ကိုသတိထားမိနေတာလား''

''​ေ.သလိုက်လေ ဘာကိစ္စဖုန်းဆက်တာလဲ''

''မင်းပေးလိုက်တဲ့နံပါတ်ကမှန်မမှန်စစ်ဆေးတာလေ''

''အခုစစ်ဆေးပြီးပြီမလား ဒါပဲ''

''နေပါဦး ဖုန်းမချပါသေးနဲ့ဦး''

''ဘာလဲ ဘာပြောမလို့လဲ​ပြော''

အဲလိုဆိုပြန်တော့လည်းသွေးမှာပြောစရာမရှိ။ကိုယ်ကသူမရဲ့ခပ်စွာစွာအသံလေးကိုပဲကြားချင်နေတာလေ။

''ရှင်ပြောစရာမရှိဘူးလား ဘာလဲ ရှင်ကျွန်မကိုကြိုက်နေတာလား အဲဒါကြောင့်ပြောစရာမရှိကြံဖန်ပြီးဖုန်းဆက်တာလား''

''......''

''ဘာလို့အသံတိတ်နေတာလဲ မဟုတ်မှ ကျွန်မပြောတာတစ်ကယ်လား''

''တေး မင်းအကြောင်းကိုကိုယ်ဂဃဏနမသိပေမယ့်အချစ်ဆိုတာမျိုးကလူကောင်းမှချစ်မယ် လူဆိုးဆိုမချစ်ဘူးဆိုပြီးကန့်သတ်ထားတာမျိုးမဟုတ်ဘူးလေ အဲလိုရွေးချယ်ကန့်သတ်နေရင်အချစ်လို့ဘယ်ခေါ်တော့မှာလဲ ဟုတ်တယ်မလား''

''ရှင်ဘာတွေပြောနေတာလဲ''

''ကိုယ်မင်းကိုစိတ်ဝင်စားတယ်တေး''

''ဘာ!''

''မင်းအကြောင်းသေချာမသိပေမယ့်လည်း မင်းကိုစိတ်ဝင်စားနေမိတာ''

''အရူး''

ပြောပြီးတေးဖုန်းချပစ်လိုက်၏။လူချင်းတွေ့ဖူးတာဖြင့်ဒီနေ့နဲ့မှသုံးခါပဲရှိသေးတာကိုသူမအားစိတ်ဝင်စားသတဲ့။
တေးကိုပေါပေါပဲပဲမိန်းမများမှတ်နေသလားမသိ။

🍏🍏🍏

''ကလေးငယ်''

အသံနဲ့အတူကိုကြီးကအခန်းထဲဝင်လာပြီးမှန်တင်ခုံသန့်ရှင်းရေးလုပ်နေသောဖွဲ့နားလာကာ

''အဲဒါဘာလုပ်နေတာလဲကလေးငယ်''

''မှန်တင်ခုံရှင်းနေတာလေ''

''ကျစ် ဘာလို့ကိုယ့်ဘာသာလုပ်နေတာလဲ''

''ဖွဲ့ပျင်းလို့ပါ အိမ်ထဲမှာနေရတာဘာမှလ​ည်းမလုပ်ရဘူး ငြီးငွေ့လာပြီ ဖွဲ့တို့အိမ်မှာဆိုအိမ်အလုပ်လုပ်နေရင်းနဲ့အချိန်ကုန်သွားလို့တော်သေးတယ် ခုဟာကဘာမှလည်းမလုပ်ရဘူး''

''ကလေးငယ်ကဘာလုပ်ချင်သေးလဲ ကဲလာပါ ပင်ပင်ပန်းပန်းအလုပ်တွေလျှောက်မလုပ်နဲ့ လူကဖြင့်မပေါ့မပါးကြီးနဲ့ကို''

ပြောရင်းသူဖွဲ့အားကုတင်ရှိရာဆီခေါ်လာ၏။

''ဒီအလုပ်ကဘယ်မှာများပင်ပန်းသွားလို့လဲ ပြီးတော့ဖွဲ့ဗိုက်ကဘယ်လိုမှတောင်မနေသေးတာကို''

''ဘယ်လိုပဲဖြစ်ဖြစ်ပါ ကိုကြီးကစိတ်ပူလို့ပြောနေရတာ အလုပ်သာသွားနေရတာ စိတ်ကချတာမဟုတ်ဘူး တစ်ချိန်လုံးစိတ်ပူနေရတာ ခွာညိုတစ်ယောက်ကလည်းမှာထားရဲ့သားနဲ့ကို''

''ခွာညိုကအန်တီခေါ်လို့သွားတာပါ အဲ့မတိုင်ခင်ကဖွဲ့အနားမှာတစ်ချိန်လုံးကပ်နေတာ''

ထိုစဥွ

''ဒေါက် ဒေါက်''

''ဝင်ခဲ့''

သူဝင်ခွင့်ပြုလိုက်တာနဲ့ငွေဇင်ကအခန်းထဲဝင်လာပြီး

''အစ်ကိုလေးနဲ့မမလေးတို့အဝတ်အစားတွေမီးပူတိုက်ပြီးပြီ ဗီရိုထဲတစ်ခါတည်းထည့်ပေးခဲ့ရမလား''

မှိုင်းက

''ဒါဆိုငါတို့ကကိုယ့်ဘာသာထည့်ရမှာလား''

''ဟို ခါတိုင်းမမလေးကသူ့ဘာသာပဲဗီရိုထဲထည့်လို့မေးကြည့်တာပါ''

''ဒီမှာ ငါ့မိန်းမကကိုယ်ဝန်ဆောင်နေတာနော် နင်တို့ကတောင်အစစအရာရာသေချာဂရုစိုက်ပြီးလုပ်ပေးရမှာလေ''

ဖွဲ့ကိုကြီးလက်ကိုကိုင်၍မပြောဖို့တားမြစ်ပြီးငွေဇင့်အား

''ဗီရိုထဲတစ်ခါတည်းထည့်ပေးနော်ငွေဇင်''

''ဟုတ်မမလေး''

မှိုင်းကဆက်၍

''တစ်လက်စတည်းမှန်တင်ခုံပါတစ်ခုတည်းရှင်းသွားလိုက်ဦး''

''ဟုတ်ကဲ့အစ်ကိုလေး''

သူတို့နဲ့ကွယ်တာနဲ့ငွေဇင့်မျက်နှာကချက်ချင်းတင်းမာသွားရ၏။
လွမ်းဖွဲ့တေးကအမြဲသူတော်ကောင်းယောင် စိတ်ထားကောင်းချင်ယောင်ဆောင်သည်။
အစ်ကိုလေးအကဲပိုအောင်ဟန်ဆောင်ကောင်းလွန်းလှ၏။

ဘယ်လောက်အမြင်ကပ်စရာကောင်းလိုက်လဲ။

သူမမှန်တင်ခုံရှင်းနေရင်းနဲ့မှန်ထဲကနေတစ်ဆင့်အစ်ကိုလေးနဲ့စကားတွေပြောကာရယ်မောနေသောဖွဲ့ကိုကြည့်ကာအလိုလိုနေရင်းဒေါသထွက်လာရတာပင်။

အဲ​ဒီ့အပြုံးတွေကိုတစ်ကယ်မမြင်ချင်တော့ဘူး။

သူ့ဗိုက်ထဲကကလေးသာမရှိတော့ရင်...

🍏🍏🍏

ငွေဇင်ကဖွဲ့ကိုမကြည်သမျှအားဒေါ်ခင်သက်ထားရှေ့မှာမျက်ရည်လေးကလယ်ကလယ်နဲ့ဖွဲ့ကိုလုံးဝအပြစ်မြင်တာမျိုးမဟုတ်ပဲသွယ်ဝိုက်သောနည်းနဲ့ချွန်တွန်းလုပ်တတ်သည်။

''မမလေးကိုငွေဇင်ကသေချာဂရုစိုက်ပါတယ် ဒါပေမယ့်မမလေးကငွေဇင့်ကိုဆိုအမြဲဆူပူမာန်မဲပြီးအကောင်းမမြင်ဘူး''

''မမလေးကလုံးဝမထင်ထားလောက်အောင်စိတ်အရမ်းကြီးတယ်နော် အဲဒါမေမေကြီးသိလား''

စသဖြင့်အမြဲလိုလိုချွန်တွန်းလုပ်နေကျ။

ဒေါ်ခင်သက်ထားကလည်းဘာမှမပြောပဲနားထောင်သူသက်သက်ပင်။
ငွေဇင့်စိတ်ထဲဒေါ်ခင်သက်ထား လွမ်းဖွဲ့တေးအားအမြင်ကပ်သွားဖို့သာကြံစည်နေ၏။

သမီးချွေးမတွေအဆင်မပြေတဲ့အချိန်သူမကကြားဝင်ပြီးသူမကိုဒေါ်ခင်သက်ထားချစ်လာအောင်လုပ်မယ်ဆိုတဲ့အတွေးနဲ့ပါ။

နောက်ဆုံးသူမ မျှော်လင့်ထားသလိုဖြစ်လာမယ့်နေ့ရောက်​လာပြီပင်။

''ငွေဇင် ဖွဲ့ကိုထမင်းလေးခူးပေးပါလားဟင်''

''ဟို မမလေး ငွေဇင်လည်းခူးပေးချင်ပါတယ် ဒါပေမယ့်လေ ဇာတ်လမ်းကကောင်းနေတော့''

ဖွဲ့ပြုံးလိုက်ရင်း..

''ဟုတ်ပါပြီ ဆက်ကြည့်''

ပြောပြီးဖွဲ့ မီးဖိုခန်းထဲဝင်လာပြီးပန်းကန်စင်ကပန်းကန်ပြားတစ်ချပ်ကိုယူ​လိုက်စဥ်လက်ကချော်ပြီးပန်းကန်ကကြမ်းပြင်ပေါ်ကျပြီးအစိတ်အစိတ်အမြွှာမြွှာကွဲသွားတော့သည်။

ထိုအခိုက်ငွေဇင်ရောက်လာပြီး

''ဟင် မမလေးပန်းကန်ကိုခွဲပစ်တာလား''

''အမ် မဟုတ်''

ဒီနေ့အိမ်မှာရှိနေတဲ့ဒေါ်ခင်သက်ထားကလည်းအပေါ်ထပ်ကဆင်းလာပြီးမီးဖိုခန်းထဲကအသံကိုကြား၍ခြေလှမ်းတွေအားမီးဖိုခန်းဆီဦးတည်လိုက်၏။

ငွေဇင်မျက်လုံးထောင့်ကမြင်လိုက်ရတဲ့အရိပ်ကြောင့်ချက်ချင်းပဲ

''မမလေးဘာလို့ခုလိုလုပ်တာလဲ ငွေဇင့်ကိုမကျေနပ်ရင်ပြောပါ အခုလိုလုပ်စရာမလိုပါဘူး မမလေးကိုခုလိုပုံစံလို့မထင်ထားမိဘူး အဟင့်''

''ဘာတွေဖြစ်နေကြတာလဲ''

ငွေဇင် ဒေါ်ခင်သက်ထားအားလှည့်ကြည့်ပြီး

''မမလေးပေါ့ ငွေဇင့်ကိုမကျေနပ်တာနဲ့ပဲပန်းကန်တွေခွဲပစ်နေတယ်''

ဖွဲ့ကပျာကယာနဲ့

''မဟုတ်ဘူးအန်တီ အဲလိုလုံးဝမဟုတ်ပါဘူး ပန်းကန်ကမတော်တဆလက်ထဲကချော်ကျသွားတာပါ ငွေဇင်ပြောသလိုမဟုတ်ပါဘူး''

ဒေါ်ခင်သက်ထားက

''သူကမင်းကိုဘာအတွက်မကျေနပ်တာလဲ''

''ငွေဇင်ကထမင်းမခူးပေးလို့တဲ့''

''ဘာ!!'

ဒေါ်ခင်သက်ထားအသံကြောင့်ငွေဇင်မသိမသာပြုံးလိုက်မိပေမယ့်လည်း

''မင်းကဘာကိစ္စငါ့ချွေးမခိုင်းတာကိုမလုပ်တာလဲ''

''ရှင်''

''မင်းကဒီအိမ်ကအလုပ်သမား ငါ့ချွေးမကမင်းရဲ့အလုပ်ရှင် ဒါကိုသူခိုင်းတာမင်းဘာလို့မလုပ်တာလဲ''

ဖွဲ့တစ်ကယ်ပဲ​ကြောင်အမ်းအမ်းလေးဖြစ်သွား၏။
အန်တီကသူမအပေါ်နိုင့်ထက်စီးနင်းမလုပ်ပေမယ့်လုံးဝလည်းမနွေးထွေးတာကြောင့်သူမဘက်ကပါမယ်လို့မထင်ထားမိဘူးလေ။

''ပြီးတော့မင်းရဲ့စကားအသွားအလာကိုငါမကြိုက်ဘူးနော် မင်းလေသံကအလုပ်ရှင်ကိုပြောရမယ့်လေသံမဟုတ်ဘူး ငါ့ချွေးမပန်းကန်တစ်ချပ်မကလို့တစ်အိမ်လုံးမှာရှိသမျှပန်းကန်တွေအကုန်ခွဲလည်းမင်းဘာမှဝင်စွက်စရာမလိုဘူး မင်းကိုယ့်နေရာကိုယ့်အဆင့်ကိုသိရင်ကောင်းမယ်''

ငွေဇင်ကိုယ့်​ေ.သတွင်းကိုယ်တူးမိတာပင်။

''ခွာညိုဘယ်မလဲ''

''သူရေချိုးနေတာပါအန်တီ''

ဖွဲ့ဝင်ဖြေလိုက်၏။

အချိန်ကိုက်ဆိုသလိုပဲခွာညိုရောက်လာပြီး

''မေမေကြီးခွာညို့ကိုရှာနေတာလား''

''အေး နင့်မမလေးကိုသွားတွဲခေါ်စမ်း ပန်းကန်ကွဲစတွေနင်းမိမယ်သတိထား နင်မမလေး​ခြေထောက်လည်းမစူးစေနဲ့''

ဒေါ်ခင်သက်ထားလည်းမျက်နှာလေးညှိုးငယ်နေသောဖွဲ့ကိုကြည့်ကာအားမလိုအားမရဖြစ်ရသည်။

ကိုယ့်အလုပ်သမားကကိုယ့်ကိုစွပ်စွပ်စွဲစွဲပြောနေတာကိုသူကအကြောက်အကန်ရှင်းပြနေသေးတာ။

ဘယ်လောက်တောင်နုံလိုက်'အ'လိုက်တဲ့ကလေးလဲ။
အဲဒါကြောင့်သားကသူ့မိန်းမကိုတစ်စက်လေးမှစိတ်မချတာ။
မွေးလာတဲ့ကလေးကတော့သူတို့သွေးပါမှဖြစ်မည်။

သူ့အမေသွေးပါပြီးအရာရာမှာပျော့ညံ့နေရင်ခက်ရချည်သေး။

🍏🍏🍏

ဖြစ်သွားတဲ့ကိစ္စပေါ်မှာထုံးစံအတိုင်းငွေဇင့်ဒေါသကဖွဲ့အပေါ်မှာစုပြုံကျနေသည်။

''ဒေါက် ဒေါက်''

တံခါးခေါက်သံနဲ့အတူတံခါးဖွင့်သံပါကြားလိုက်၍ဖွဲ့နဲ့ခွာညိုတို့ပြိုင်တူလှည့်ကြည့်လိုက်ကြ၏။

''ဪ ငွေဇင် လာလေ ဒီမှာဖွဲ့မဝတ်တော့တဲ့အဝတ်အစားတွေခွာညို့ကိုပေးနေတာ ငွေဇင်လည်းလာယူလို့ရတယ်နော်''

ငွေဇင်ဟန်ဆောင်ပန်ဆောင်ပြုံးရင်းနဲ့ဖွဲ့အနားရောက်လာပြီး

''ခုနကကိစ္စမမလေးကိုတောင်းပန်ပါတယ်နော်''

''ရပါတယ်ငွေဇင်ရယ် ဘာမှစိတ်ထဲမထားနဲ့''

''ဟုတ်ကဲ့''

ငွေဇင့်မျက်လုံးကဗီရိုထဲမှာချိတ်ထားတဲ့ဂါဝန်အဖြူလေးကိုမြင်သွားပြီး

''ဟယ် အဲ့ဂါဝန်လေးလှလိုက်တာ မမလေး ငွေဇင်ဒါလေးလိုချင်တယ်''

ငွေဇင်ပြောပြောဆိုဆိုနဲ့ထိုဝတ်စုံလေးကိုလက်လှမ်းလိုက်စဥ်ခွာညိုကကုတင်ပေါ်မှာထိုင်နေရင်းမှထရပ်ပြီးငွေဇင့်လက်ကိုရို.က်ချကာ

''အဲဒါကိုသွားမထိနဲ့ အဲဒါအစ်ကိုလေးကမမလေးကိုပထမဆုံးဝယ်ပေးထားတဲ့လက်ဆောင်''

ငွေဇင်မျက်နှာမှာဒေါသထွက်နေတဲ့အရိပ်အယောင်မပေါ်အောင်မနည်းထိန်းနေရသည်။

''ငါမသိလို့ပါ အဲ ခုမှသတိရတယ် ခုနကရွာကနင့်အမေဖုန်းဆက်တယ် ငါပြောဖို့မေ့နေတာ ဘာအရေးကြီးနေလဲမသိဘူး နင်သွားပြီးပြန်ဆက်လိုက်ဦး''

''ရတယ် ပြီးမှဆက်လိုက်မယ်''

''အရေးကြီးတယ်ထင်တယ်နော်''

''ဒါပေမယ့်မမလေးက''

ခွာညို့စကားအသွားအလာကိုနားထောင်လိုက်တာနဲ့ဘာဆိုတာသိပြီးသား။

''ဟဲ့ ငါတစ်ယောက်လုံးရှိနေတာကိုနင်ကဘာတွေစိတ်ပူနေတာလဲ ပြီးတော့မမလေးကကလေးလည်းမဟုတ်ဘူး''

''ဟုတ်သားပဲခွာညိုရယ် သွားသွား ရတယ်''

''ဒါပေမယ့်''

''သွားပါ''

''ဟုတ်ဟုတ်မမ​လေး''

ခွာညိုအခန်းထဲကထွက်သွားတာနဲ့ငွေဇင်ကဖွဲ့နားကပ်ထိုင်ပြီး

''မမလေး ခွာညို့ကိုသိပ်မယုံနဲ့နော် သူကလေ အစ်ကိုလေးကိုကြိုက်နေတာ''

''ဟမ် မဟုတ်တာ ငွေဇင်ဘာတွေပြောနေတာလဲ''

''တစ်ကယ်ပြောတာမမလေးရဲ့ သူကလေမမလေးဆီကနေအစ်ကိုလေးကိုလုချင်နေတာ''

ဖွဲ့ခေါင်းကိုအသာရမ်းလိုက်ပြီး

''ဖွဲ့မယုံဘူး ခွာညိုကအဲလိုလူမဟုတ်ဘူး''

ပြောပြီးဖွဲ့ကမတ်တပ်ထရပ်လိုက်တော့ငွေဇင်က

''မမ​လေးဘယ်လဲ''

''အပေါ့သွားမလို့''

''ခွာညိုအရင်ဝင်လို့ရလား မအောင့်နိုင်တော့လို့''

''ရပါတယ် ဝင်လေ''

''ဟုတ်မမလေး''

ပြောပြီးငွေဇင်ရေချိုးခန်းဘက်ကူးလာခဲ့၏။
သူတို့ရေချိုးခန်းကသူမတို့အခန်းရဲ့သုံးပုံနှစ်ပုံစာလောက်တောင်ရှိသည်။

ဘိုထိုင်ကရေချိုခန်းထဲမှာပဲသပ်သပ်မှန်အကာနဲ့ကန့်ထားပြီးတစ်ခန်းလုံးကလည်းပစ္စည်းအကောင်းစားတွေနဲ့ချည်းပဲ။

''လွမ်းဖွဲ့တေး နင့်ဘဝကအရမ်းပြီးပြည့်စုံလွန်းမနေဘူးလား''

သူမလက်နှစ်ဖက်ကိုပိုက်ကာရေချိုးခန်းရဲ့ပတ်ပတ်လည်ကိုလိုက်ကြည့်ပြီးမှနံရံမှာချိတ်ထားတဲ့စင်လေးပေါ်ကနေရေချိုးဆပ်ပြာဘူးလားလှမ်းယူပြီးအဖုံးဖွင့်ကာရေချိုးခန်းရဲ့အဝင်စပ်နားကနေသွန်ချပစ်လိုက်၏။

ပြီးတာနဲ့အဖုံးကိုကပျာကယာပိတ်ပြီးအခန်းထဲမှမြန်မြန်ထွက်လာခဲ့လိုက်သည်။

''မမလေးသွားလို့ရပြီနော်''

''အင်း''

ခဏလေးပါပဲ။ဖွဲ့ရေချိုးခန်းထဲဝင်သွားတဲ့တစ်ခဏလေးအတွင်းမှာပဲဖွဲ့ရဲ့အော်သံအားကြားလိုက်ရလေသည်။

''အားး!!''

ငွေဇင်ခပ်မဲ့မဲ့ပြုံးရင်းလက်ပိုက်ကာမခိုးမခန််ဖြင့်

''အဲမှာ​ေ.သလိုက်''

ထိုစဥွ

''ဟဲ့ ငါ့ကိုငါ့အမေတို့ဖုန်းမဆက်ပါဘူးတဲ့''

အသံနဲ့အတူခွာညိုအခန်းထဲဝင်လာမှငွေဇင်လည်းချက်ချင်းအမူအရာပြောင်းကာရေချိုးခန်းတံခါးကိုဆွဲဖွင့်၍ဖွဲ့အားဆွဲထူကာ

''မမလေး! မမလေးရရဲ့လား''

ဖွဲ့ကြမ်းပေါ်ကိုဖင်ထိုင်လျက်လဲကျတာမို့သူမခါးထဲကအဆမတန်နာကျင်သွားရပြီးသူမခန္ဓာကိုယ်အောက်ပိုင်းကလည်းသွေးအနည်းငယ်ဆင်းလာတာမို့ဖွဲ့မျက်ဝန်းမှမျက်ရည်တွေစီးကျလာရ၏။

''မဟုတ်ဘူး''

ခွာညိုရေချိုးခန်းထဲဝင်လာချိန်မြင်လိုက်ကတဲ့မြင်ကွင်းကရင်ဝကိုဆောင့်ကန်လိုက်သလိုပင်။

''မမလေး!! အမလေးလုပ်ကြပါဦး မမလေး''

ခွာညိုမမလေးအားငွေဇင့်ဆီမှလက်လွှဲခေါ်လိုက်ပြီး

''ဘယ်လိုဖြစ်တာလဲမမလေးရယ် ဟဲ့ငွေဇင် နင်ဘာလုပ်​နေတာလဲ မေမေကြီးကိုသွားခေါ် ပြီးရင်ဆေးရုံကားခေါ် မြန်မြန်သွား!''

''အေးအေး''

''မမလေးသတိထားနော် ''

''ခွာညို ဖွဲ့ရဲ့ကလေး''

''မမလေးရဲ့ကလေးဘာမှမဖြစ်ပါဘူးမမလေးရယ်''

''မဟုတ်ဘူး ဖွဲ့သိနေတယ် ဖွဲ့ရဲ့ကလေး မရှိ''

ပြောနေရင်းဖွဲ့ ခွာညို့လက်ပေါ်မှာပဲသတိလစ်သွားတော့သည်။

''မမ​လေး''

''အမလေး ဖွဲ့''

နားထဲမှာခွာညိုရဲ့စိုးရိမ်တကြီးအော်ခေါ်သံ အန်တီ့ရဲ့ထိတ်လန့်တကြားအော်ခေါ်သံတွေကိုသူမသဲ့သဲ့ကြားလိုက်ရပြီးနောက်ဆုံးသူမလေဟာနယ်ထဲရောက်သွားသလိုအားလုံးကဗလာကျင်းလင်းပင်...။

တစ်ယောက်သောသူကတော့ထိုမြင်ကွင်းအားအားရကျေနပ်စွာရပ်ကြည့်နေ​ခဲ့လေသည်။

🍏🍏🍏

Zawgyi

အေဖျဖစ္သူကအိမ္ကိုဧည့္သည္လာမွာမို႔ဘယ္မွမသြားနဲ႔ေျပာ၍ေတးမွာအိမ္ကပ္ေနရသည္။

အိမ္ကိုေရာက္လာတဲ့ဧည့္သည္ကတစ္ျခားသူမဟုတ္ပဲသူမနဲ႔ျပႆနာတက္ဖူးသလိုသူမကိုလည္းကူညီထားဖူးသူပါပဲ။

သူကေတးကိုေတြ႕ေတာ့အံ့ၾသသြားပုံပါပဲ။ေတးလည္းအနည္းငယ္အံ့ၾသသြားေပမယ့္ဟန္ေဆာင္ႏိုင္သည္။

''ကြၽန္ေတာ့္နာမည္ကေသြးပါ''

''ေတးဖြဲ႕သီ''

စကားေျပာတာနည္းနည္းေလးမွေထာင့္မက်ိဳးေပမယ့္အဲဒါကပဲေသြးရဲ႕မ်က္လုံးထဲမွာတစ္မ်ိဳးေလးျဖစ္ေနတာပင္။
ဆုံဖူးတာဘယ္ႏွစ္ေခါက္မွမရွိေပမယ့္မွတ္မွတ္ရရရွိေနတာေတာ့အမွန္ပင္။

ထိုအခိုက္သူမအေဖဦးထြန္းျမင့္ႏိုင္ကအိမ္ေပၚကဆင္းလာၿပီးေသြးဆိုေသာအမ်ိဳးသားနဲ႔စကားေတြတစ္ေလႀကီးထိုင္ေျပာေနၾက၏။

ေတးမွာပ်င္းလို႔​ေ.သေတာ့မည္။

သူကေဖေဖနဲ႔သာစကားေျပာေနေပမယ့္မ်က္လုံးကတစ္ခ်က္တစ္ခ်က္သူမထံေရာက္ေရာက္လာ၍ေတးမွာမ်က္ေမွာင္အစုံကိုက်ဳံ႕ထားၿပီးမေက်နပ္တဲ့အသြင္ကိုတမင္ေဆာင္ျပထားရေသးသည္။
ဒါလည္းသူကၾကည့္ၿမဲၾကည့္ဆဲပင္။

မုန္းလိုက္ပါဘိ။

သူကေတးတို႔ဆီမွာပဲေန႔လည္စာစားသြားၿပီးမျပန္ခင္လည္းေတးဆီကဖုန္းနံပါတ္ကိုမရမကေတာင္းသြားေသးသည္။

ဘယ္လိုလူမွန္းကိုမသိတာပါ။

___________

ေတးအိပ္ရာဝင္မလိုျပင္ေနတုန္းကုတင္ေဘးစားပြဲေပၚကဖုန္းကျမည္လာ၍ဖုန္းအားလွမ္းယူလိုက္သည္။

''ဟဲလို''

''ေတး ကိုယ္ပါ''

''ဘယ္သူ ဪ ေသြး''

''မွတ္မိသားပဲ''

''ရွင့္အသံကေခြးခ်ီသြားေတာင္မွတ္မိတယ္''

''အဲေလာက္ကိုယ့္ကိုသတိထားမိေနတာလား''

''​ေ.သလိုက္ေလ ဘာကိစၥဖုန္းဆက္တာလဲ''

''မင္းေပးလိုက္တဲ့နံပါတ္ကမွန္မမွန္စစ္ေဆးတာေလ''

''အခုစစ္ေဆးၿပီးၿပီမလား ဒါပဲ''

''ေနပါဦး ဖုန္းမခ်ပါေသးနဲ႔ဦး''

''ဘာလဲ ဘာေျပာမလို႔လဲ​ေျပာ''

အဲလိုဆိုျပန္ေတာ့လည္းေသြးမွာေျပာစရာမရွိ။ကိုယ္ကသူမရဲ႕ခပ္စြာစြာအသံေလးကိုပဲၾကားခ်င္ေနတာေလ။

''ရွင္ေျပာစရာမရွိဘူးလား ဘာလဲ ရွင္ကြၽန္မကိုႀကိဳက္ေနတာလား အဲဒါေၾကာင့္ေျပာစရာမရွိႀကံဖန္ၿပီးဖုန္းဆက္တာလား''

''......''

''ဘာလို႔အသံတိတ္ေနတာလဲ မဟုတ္မွ ကြၽန္မေျပာတာတစ္ကယ္လား''

''ေတး မင္းအေၾကာင္းကိုကိုယ္ဂဃဏနမသိေပမယ့္အခ်စ္ဆိုတာမ်ိဳးကလူေကာင္းမွခ်စ္မယ္ လူဆိုးဆိုမခ်စ္ဘူးဆိုၿပီးကန္႔သတ္ထားတာမ်ိဳးမဟုတ္ဘူးေလ အဲလိုေ႐ြးခ်ယ္ကန္႔သတ္ေနရင္အခ်စ္လို႔ဘယ္ေခၚေတာ့မွာလဲ ဟုတ္တယ္မလား''

''ရွင္ဘာေတြေျပာေနတာလဲ''

''ကိုယ္မင္းကိုစိတ္ဝင္စားတယ္ေတး''

''ဘာ!''

''မင္းအေၾကာင္းေသခ်ာမသိေပမယ့္လည္း မင္းကိုစိတ္ဝင္စားေနမိတာ''

''အ႐ူး''

ေျပာၿပီးေတးဖုန္းခ်ပစ္လိုက္၏။လူခ်င္းေတြ႕ဖူးတာျဖင့္ဒီေန႔နဲ႔မွသုံးခါပဲရွိေသးတာကိုသူမအားစိတ္ဝင္စားသတဲ့။
ေတးကိုေပါေပါပဲပဲမိန္းမမ်ားမွတ္ေနသလားမသိ။

🍏🍏🍏

''ကေလးငယ္''

အသံနဲ႔အတူကိုႀကီးကအခန္းထဲဝင္လာၿပီးမွန္တင္ခုံသန္႔ရွင္းေရးလုပ္ေနေသာဖြဲ႕နားလာကာ

''အဲဒါဘာလုပ္ေနတာလဲကေလးငယ္''

''မွန္တင္ခုံရွင္းေနတာေလ''

''က်စ္ ဘာလို႔ကိုယ့္ဘာသာလုပ္ေနတာလဲ''

''ဖြဲ႕ပ်င္းလို႔ပါ အိမ္ထဲမွာေနရတာဘာမွလ​ည္းမလုပ္ရဘူး ၿငီးေငြ႕လာၿပီ ဖြဲ႕တို႔အိမ္မွာဆိုအိမ္အလုပ္လုပ္ေနရင္းနဲ႔အခ်ိန္ကုန္သြားလို႔ေတာ္ေသးတယ္ ခုဟာကဘာမွလည္းမလုပ္ရဘူး''

''ကေလးငယ္ကဘာလုပ္ခ်င္ေသးလဲ ကဲလာပါ ပင္ပင္ပန္းပန္းအလုပ္ေတြေလွ်ာက္မလုပ္နဲ႔ လူကျဖင့္မေပါ့မပါးႀကီးနဲ႔ကို''

ေျပာရင္းသူဖြဲ႕အားကုတင္ရွိရာဆီေခၚလာ၏။

''ဒီအလုပ္ကဘယ္မွာမ်ားပင္ပန္းသြားလို႔လဲ ၿပီးေတာ့ဖြဲ႕ဗိုက္ကဘယ္လိုမွေတာင္မေနေသးတာကို''

''ဘယ္လိုပဲျဖစ္ျဖစ္ပါ ကိုႀကီးကစိတ္ပူလို႔ေျပာေနရတာ အလုပ္သာသြားေနရတာ စိတ္ကခ်တာမဟုတ္ဘူး တစ္ခ်ိန္လုံးစိတ္ပူေနရတာ ခြာညိဳတစ္ေယာက္ကလည္းမွာထားရဲ႕သားနဲ႔ကို''

''ခြာညိဳကအန္တီေခၚလို႔သြားတာပါ အဲ့မတိုင္ခင္ကဖြဲ႕အနားမွာတစ္ခ်ိန္လုံးကပ္ေနတာ''

ထိုစဥြ

''ေဒါက္ ေဒါက္''

''ဝင္ခဲ့''

သူဝင္ခြင့္ျပဳလိုက္တာနဲ႔ေငြဇင္ကအခန္းထဲဝင္လာၿပီး

''အစ္ကိုေလးနဲ႔မမေလးတို႔အဝတ္အစားေတြမီးပူတိုက္ၿပီးၿပီ ဗီ႐ိုထဲတစ္ခါတည္းထည့္ေပးခဲ့ရမလား''

မႈိင္းက

''ဒါဆိုငါတို႔ကကိုယ့္ဘာသာထည့္ရမွာလား''

''ဟို ခါတိုင္းမမေလးကသူ႔ဘာသာပဲဗီ႐ိုထဲထည့္လို႔ေမးၾကည့္တာပါ''

''ဒီမွာ ငါ့မိန္းမကကိုယ္ဝန္ေဆာင္ေနတာေနာ္ နင္တို႔ကေတာင္အစစအရာရာေသခ်ာဂ႐ုစိုက္ၿပီးလုပ္ေပးရမွာေလ''

ဖြဲ႕ကိုႀကီးလက္ကိုကိုင္၍မေျပာဖို႔တားျမစ္ၿပီးေငြဇင့္အား

''ဗီ႐ိုထဲတစ္ခါတည္းထည့္ေပးေနာ္ေငြဇင္''

''ဟုတ္မမေလး''

မႈိင္းကဆက္၍

''တစ္လက္စတည္းမွန္တင္ခုံပါတစ္ခုတည္းရွင္းသြားလိုက္ဦး''

''ဟုတ္ကဲ့အစ္ကိုေလး''

သူတို႔နဲ႔ကြယ္တာနဲ႔ေငြဇင့္မ်က္ႏွာကခ်က္ခ်င္းတင္းမာသြားရ၏။
လြမ္းဖြဲ႕ေတးကအၿမဲသူေတာ္ေကာင္းေယာင္ စိတ္ထားေကာင္းခ်င္ေယာင္ေဆာင္သည္။
အစ္ကိုေလးအကဲပိုေအာင္ဟန္ေဆာင္ေကာင္းလြန္းလွ၏။

ဘယ္ေလာက္အျမင္ကပ္စရာေကာင္းလိုက္လဲ။

သူမမွန္တင္ခုံရွင္းေနရင္းနဲ႔မွန္ထဲကေနတစ္ဆင့္အစ္ကိုေလးနဲ႔စကားေတြေျပာကာရယ္ေမာေနေသာဖြဲ႕ကိုၾကည့္ကာအလိုလိုေနရင္းေဒါသထြက္လာရတာပင္။

အဲ​ဒီ့အၿပဳံးေတြကိုတစ္ကယ္မျမင္ခ်င္ေတာ့ဘူး။

သူ႔ဗိုက္ထဲကကေလးသာမရွိေတာ့ရင္...

🍏🍏🍏

ေငြဇင္ကဖြဲ႕ကိုမၾကည္သမွ်အားေဒၚခင္သက္ထားေရွ႕မွာမ်က္ရည္ေလးကလယ္ကလယ္နဲ႔ဖြဲ႕ကိုလုံးဝအျပစ္ျမင္တာမ်ိဳးမဟုတ္ပဲသြယ္ဝိုက္ေသာနည္းနဲ႔ခြၽန္တြန္းလုပ္တတ္သည္။

''မမေလးကိုေငြဇင္ကေသခ်ာဂ႐ုစိုက္ပါတယ္ ဒါေပမယ့္မမေလးကေငြဇင့္ကိုဆိုအၿမဲဆူပူမာန္မဲၿပီးအေကာင္းမျမင္ဘူး''

''မမေလးကလုံးဝမထင္ထားေလာက္ေအာင္စိတ္အရမ္းႀကီးတယ္ေနာ္ အဲဒါေမေမႀကီးသိလား''

စသျဖင့္အၿမဲလိုလိုခြၽန္တြန္းလုပ္ေနက်။

ေဒၚခင္သက္ထားကလည္းဘာမွမေျပာပဲနားေထာင္သူသက္သက္ပင္။
ေငြဇင့္စိတ္ထဲေဒၚခင္သက္ထား လြမ္းဖြဲ႕ေတးအားအျမင္ကပ္သြားဖို႔သာႀကံစည္ေန၏။

သမီးေခြၽးမေတြအဆင္မေျပတဲ့အခ်ိန္သူမကၾကားဝင္ၿပီးသူမကိုေဒၚခင္သက္ထားခ်စ္လာေအာင္လုပ္မယ္ဆိုတဲ့အေတြးနဲ႔ပါ။

ေနာက္ဆုံးသူမ ေမွ်ာ္လင့္ထားသလိုျဖစ္လာမယ့္ေန႔ေရာက္​လာၿပီပင္။

''ေငြဇင္ ဖြဲ႕ကိုထမင္းေလးခူးေပးပါလားဟင္''

''ဟို မမေလး ေငြဇင္လည္းခူးေပးခ်င္ပါတယ္ ဒါေပမယ့္ေလ ဇာတ္လမ္းကေကာင္းေနေတာ့''

ဖြဲ႕ၿပဳံးလိုက္ရင္း..

''ဟုတ္ပါၿပီ ဆက္ၾကည့္''

ေျပာၿပီးဖြဲ႕ မီးဖိုခန္းထဲဝင္လာၿပီးပန္းကန္စင္ကပန္းကန္ျပားတစ္ခ်ပ္ကိုယူ​လိုက္စဥ္လက္ကေခ်ာ္ၿပီးပန္းကန္ကၾကမ္းျပင္ေပၚက်ၿပီးအစိတ္အစိတ္အႁမႊာႁမႊာကြဲသြားေတာ့သည္။

ထိုအခိုက္ေငြဇင္ေရာက္လာၿပီး

''ဟင္ မမေလးပန္းကန္ကိုခြဲပစ္တာလား''

''အမ္ မဟုတ္''

ဒီေန႔အိမ္မွာရွိေနတဲ့ေဒၚခင္သက္ထားကလည္းအေပၚထပ္ကဆင္းလာၿပီးမီးဖိုခန္းထဲကအသံကိုၾကား၍ေျခလွမ္းေတြအားမီးဖိုခန္းဆီဦးတည္လိုက္၏။

ေငြဇင္မ်က္လုံးေထာင့္ကျမင္လိုက္ရတဲ့အရိပ္ေၾကာင့္ခ်က္ခ်င္းပဲ

''မမေလးဘာလို႔ခုလိုလုပ္တာလဲ ေငြဇင့္ကိုမေက်နပ္ရင္ေျပာပါ အခုလိုလုပ္စရာမလိုပါဘူး မမေလးကိုခုလိုပုံစံလို႔မထင္ထားမိဘူး အဟင့္''

''ဘာေတြျဖစ္ေနၾကတာလဲ''

ေငြဇင္ ေဒၚခင္သက္ထားအားလွည့္ၾကည့္ၿပီး

''မမေလးေပါ့ ေငြဇင့္ကိုမေက်နပ္တာနဲ႔ပဲပန္းကန္ေတြခြဲပစ္ေနတယ္''

ဖြဲ႕ကပ်ာကယာနဲ႔

''မဟုတ္ဘူးအန္တီ အဲလိုလုံးဝမဟုတ္ပါဘူး ပန္းကန္ကမေတာ္တဆလက္ထဲကေခ်ာ္က်သြားတာပါ ေငြဇင္ေျပာသလိုမဟုတ္ပါဘူး''

ေဒၚခင္သက္ထားက

''သူကမင္းကိုဘာအတြက္မေက်နပ္တာလဲ''

''ေငြဇင္ကထမင္းမခူးေပးလို႔တဲ့''

''ဘာ!!'

ေဒၚခင္သက္ထားအသံေၾကာင့္ေငြဇင္မသိမသာၿပဳံးလိုက္မိေပမယ့္လည္း

''မင္းကဘာကိစၥငါ့ေခြၽးမခိုင္းတာကိုမလုပ္တာလဲ''

''ရွင္''

''မင္းကဒီအိမ္ကအလုပ္သမား ငါ့ေခြၽးမကမင္းရဲ႕အလုပ္ရွင္ ဒါကိုသူခိုင္းတာမင္းဘာလို႔မလုပ္တာလဲ''

ဖြဲ႕တစ္ကယ္ပဲ​ေၾကာင္အမ္းအမ္းေလးျဖစ္သြား၏။
အန္တီကသူမအေပၚႏိုင့္ထက္စီးနင္းမလုပ္ေပမယ့္လုံးဝလည္းမေႏြးေထြးတာေၾကာင့္သူမဘက္ကပါမယ္လို႔မထင္ထားမိဘူးေလ။

''ၿပီးေတာ့မင္းရဲ႕စကားအသြားအလာကိုငါမႀကိဳက္ဘူးေနာ္ မင္းေလသံကအလုပ္ရွင္ကိုေျပာရမယ့္ေလသံမဟုတ္ဘူး ငါ့ေခြၽးမပန္းကန္တစ္ခ်ပ္မကလို႔တစ္အိမ္လုံးမွာရွိသမွ်ပန္းကန္ေတြအကုန္ခြဲလည္းမင္းဘာမွဝင္စြက္စရာမလိုဘူး မင္းကိုယ့္ေနရာကိုယ့္အဆင့္ကိုသိရင္ေကာင္းမယ္''

ေငြဇင္ကိုယ့္​ေ.သတြင္းကိုယ္တူးမိတာပင္။

''ခြာညိဳဘယ္မလဲ''

''သူေရခ်ိဳးေနတာပါအန္တီ''

ဖြဲ႕ဝင္ေျဖလိုက္၏။

အခ်ိန္ကိုက္ဆိုသလိုပဲခြာညိဳေရာက္လာၿပီး

''ေမေမႀကီးခြာညိဳ႕ကိုရွာေနတာလား''

''ေအး နင့္မမေလးကိုသြားတြဲေခၚစမ္း ပန္းကန္ကြဲစေတြနင္းမိမယ္သတိထား နင္မမေလး​ေျခေထာက္လည္းမစူးေစနဲ႔''

ေဒၚခင္သက္ထားလည္းမ်က္ႏွာေလးညႇိဳးငယ္ေနေသာဖြဲ႕ကိုၾကည့္ကာအားမလိုအားမရျဖစ္ရသည္။

ကိုယ့္အလုပ္သမားကကိုယ့္ကိုစြပ္စြပ္စြဲစြဲေျပာေနတာကိုသူကအေၾကာက္အကန္ရွင္းျပေနေသးတာ။

ဘယ္ေလာက္ေတာင္ႏုံလိုက္'အ'လိုက္တဲ့ကေလးလဲ။
အဲဒါေၾကာင့္သားကသူ႔မိန္းမကိုတစ္စက္ေလးမွစိတ္မခ်တာ။
ေမြးလာတဲ့ကေလးကေတာ့သူတို႔ေသြးပါမွျဖစ္မည္။

သူ႔အေမေသြးပါၿပီးအရာရာမွာေပ်ာ့ညံ့ေနရင္ခက္ရခ်ည္ေသး။

🍏🍏🍏

ျဖစ္သြားတဲ့ကိစၥေပၚမွာထုံးစံအတိုင္းေငြဇင့္ေဒါသကဖြဲ႕အေပၚမွာစုၿပဳံက်ေနသည္။

''ေဒါက္ ေဒါက္''

တံခါးေခါက္သံနဲ႔အတူတံခါးဖြင့္သံပါၾကားလိုက္၍ဖြဲ႕နဲ႔ခြာညိဳတို႔ၿပိဳင္တူလွည့္ၾကည့္လိုက္ၾက၏။

''ဪ ေငြဇင္ လာေလ ဒီမွာဖြဲ႕မဝတ္ေတာ့တဲ့အဝတ္အစားေတြခြာညိဳ႕ကိုေပးေနတာ ေငြဇင္လည္းလာယူလို႔ရတယ္ေနာ္''

ေငြဇင္ဟန္ေဆာင္ပန္ေဆာင္ၿပဳံးရင္းနဲ႔ဖြဲ႕အနားေရာက္လာၿပီး

''ခုနကကိစၥမမေလးကိုေတာင္းပန္ပါတယ္ေနာ္''

''ရပါတယ္ေငြဇင္ရယ္ ဘာမွစိတ္ထဲမထားနဲ႔''

''ဟုတ္ကဲ့''

ေငြဇင့္မ်က္လုံးကဗီ႐ိုထဲမွာခ်ိတ္ထားတဲ့ဂါဝန္အျဖဴေလးကိုျမင္သြားၿပီး

''ဟယ္ အဲ့ဂါဝန္ေလးလွလိုက္တာ မမေလး ေငြဇင္ဒါေလးလိုခ်င္တယ္''

ေငြဇင္ေျပာေျပာဆိုဆိုနဲ႔ထိုဝတ္စုံေလးကိုလက္လွမ္းလိုက္စဥ္ခြာညိဳကကုတင္ေပၚမွာထိုင္ေနရင္းမွထရပ္ၿပီးေငြဇင့္လက္ကို႐ို.က္ခ်ကာ

''အဲဒါကိုသြားမထိနဲ႔ အဲဒါအစ္ကိုေလးကမမေလးကိုပထမဆုံးဝယ္ေပးထားတဲ့လက္ေဆာင္''

ေငြဇင္မ်က္ႏွာမွာေဒါသထြက္ေနတဲ့အရိပ္အေယာင္မေပၚေအာင္မနည္းထိန္းေနရသည္။

''ငါမသိလို႔ပါ အဲ ခုမွသတိရတယ္ ခုနက႐ြာကနင့္အေမဖုန္းဆက္တယ္ ငါေျပာဖို႔ေမ့ေနတာ ဘာအေရးႀကီးေနလဲမသိဘူး နင္သြားၿပီးျပန္ဆက္လိုက္ဦး''

''ရတယ္ ၿပီးမွဆက္လိုက္မယ္''

''အေရးႀကီးတယ္ထင္တယ္ေနာ္''

''ဒါေပမယ့္မမေလးက''

ခြာညိဳ႕စကားအသြားအလာကိုနားေထာင္လိုက္တာနဲ႔ဘာဆိုတာသိၿပီးသား။

''ဟဲ့ ငါတစ္ေယာက္လုံးရွိေနတာကိုနင္ကဘာေတြစိတ္ပူေနတာလဲ ၿပီးေတာ့မမေလးကကေလးလည္းမဟုတ္ဘူး''

''ဟုတ္သားပဲခြာညိဳရယ္ သြားသြား ရတယ္''

''ဒါေပမယ့္''

''သြားပါ''

''ဟုတ္ဟုတ္မမ​ေလး''

ခြာညိဳအခန္းထဲကထြက္သြားတာနဲ႔ေငြဇင္ကဖြဲ႕နားကပ္ထိုင္ၿပီး

''မမေလး ခြာညိဳ႕ကိုသိပ္မယုံနဲ႔ေနာ္ သူကေလ အစ္ကိုေလးကိုႀကိဳက္ေနတာ''

''ဟမ္ မဟုတ္တာ ေငြဇင္ဘာေတြေျပာေနတာလဲ''

''တစ္ကယ္ေျပာတာမမေလးရဲ႕ သူကေလမမေလးဆီကေနအစ္ကိုေလးကိုလုခ်င္ေနတာ''

ဖြဲ႕ေခါင္းကိုအသာရမ္းလိုက္ၿပီး

''ဖြဲ႕မယုံဘူး ခြာညိဳကအဲလိုလူမဟုတ္ဘူး''

ေျပာၿပီးဖြဲ႕ကမတ္တပ္ထရပ္လိုက္ေတာ့ေငြဇင္က

''မမ​ေလးဘယ္လဲ''

''အေပါ့သြားမလို႔''

''ခြာညိဳအရင္ဝင္လို႔ရလား မေအာင့္ႏိုင္ေတာ့လို႔''

''ရပါတယ္ ဝင္ေလ''

''ဟုတ္မမေလး''

ေျပာၿပီးေငြဇင္ေရခ်ိဳးခန္းဘက္ကူးလာခဲ့၏။
သူတို႔ေရခ်ိဳးခန္းကသူမတို႔အခန္းရဲ႕သုံးပုံႏွစ္ပုံစာေလာက္ေတာင္ရွိသည္။

ဘိုထိုင္ကေရခ်ိဳခန္းထဲမွာပဲသပ္သပ္မွန္အကာနဲ႔ကန္႔ထားၿပီးတစ္ခန္းလုံးကလည္းပစၥည္းအေကာင္းစားေတြနဲ႔ခ်ည္းပဲ။

''လြမ္းဖြဲ႕ေတး နင့္ဘဝကအရမ္းၿပီးျပည့္စုံလြန္းမေနဘူးလား''

သူမလက္ႏွစ္ဖက္ကိုပိုက္ကာေရခ်ိဳးခန္းရဲ႕ပတ္ပတ္လည္ကိုလိုက္ၾကည့္ၿပီးမွနံရံမွာခ်ိတ္ထားတဲ့စင္ေလးေပၚကေနေရခ်ိဳးဆပ္ျပာဘူးလားလွမ္းယူၿပီးအဖုံးဖြင့္ကာေရခ်ိဳးခန္းရဲ႕အဝင္စပ္နားကေနသြန္ခ်ပစ္လိုက္၏။

ၿပီးတာနဲ႔အဖုံးကိုကပ်ာကယာပိတ္ၿပီးအခန္းထဲမွျမန္ျမန္ထြက္လာခဲ့လိုက္သည္။

''မမေလးသြားလို႔ရၿပီေနာ္''

''အင္း''

ခဏေလးပါပဲ။ဖြဲ႕ေရခ်ိဳးခန္းထဲဝင္သြားတဲ့တစ္ခဏေလးအတြင္းမွာပဲဖြဲ႕ရဲ႕ေအာ္သံအားၾကားလိုက္ရေလသည္။

''အားး!!''

ေငြဇင္ခပ္မဲ့မဲ့ၿပဳံးရင္းလက္ပိုက္ကာမခိုးမခန္္ျဖင့္

''အဲမွာ​ေ.သလိုက္''

ထိုစဥြ

''ဟဲ့ ငါ့ကိုငါ့အေမတို႔ဖုန္းမဆက္ပါဘူးတဲ့''

အသံနဲ႔အတူခြာညိဳအခန္းထဲဝင္လာမွေငြဇင္လည္းခ်က္ခ်င္းအမူအရာေျပာင္းကာေရခ်ိဳးခန္းတံခါးကိုဆြဲဖြင့္၍ဖြဲ႕အားဆြဲထူကာ

''မမေလး! မမေလးရရဲ႕လား''

ဖြဲ႕ၾကမ္းေပၚကိုဖင္ထိုင္လ်က္လဲက်တာမို႔သူမခါးထဲကအဆမတန္နာက်င္သြားရၿပီးသူမခႏၶာကိုယ္ေအာက္ပိုင္းကလည္းေသြးအနည္းငယ္ဆင္းလာတာမို႔ဖြဲ႕မ်က္ဝန္းမွမ်က္ရည္ေတြစီးက်လာရ၏။

''မဟုတ္ဘူး''

ခြာညိဳေရခ်ိဳးခန္းထဲဝင္လာခ်ိန္ျမင္လိုက္ကတဲ့ျမင္ကြင္းကရင္ဝကိုေဆာင့္ကန္လိုက္သလိုပင္။

''မမေလး!! အမေလးလုပ္ၾကပါဦး မမေလး''

ခြာညိဳမမေလးအားေငြဇင့္ဆီမွလက္လႊဲေခၚလိုက္ၿပီး

''ဘယ္လိုျဖစ္တာလဲမမေလးရယ္ ဟဲ့ေငြဇင္ နင္ဘာလုပ္​ေနတာလဲ ေမေမႀကီးကိုသြားေခၚ ၿပီးရင္ေဆး႐ုံကားေခၚ ျမန္ျမန္သြား!''

''ေအးေအး''

''မမေလးသတိထားေနာ္ ''

''ခြာညိဳ ဖြဲ႕ရဲ႕ကေလး''

''မမေလးရဲ႕ကေလးဘာမွမျဖစ္ပါဘူးမမေလးရယ္''

''မဟုတ္ဘူး ဖြဲ႕သိေနတယ္ ဖြဲ႕ရဲ႕ကေလး မရွိ''

ေျပာေနရင္းဖြဲ႕ ခြာညိဳ႕လက္ေပၚမွာပဲသတိလစ္သြားေတာ့သည္။

''မမ​ေလး''

''အမေလး ဖြဲ႕''

နားထဲမွာခြာညိဳရဲ႕စိုးရိမ္တႀကီးေအာ္ေခၚသံ အန္တီ့ရဲ႕ထိတ္လန္႔တၾကားေအာ္ေခၚသံေတြကိုသူမသဲ့သဲ့ၾကားလိုက္ရၿပီးေနာက္ဆုံးသူမေလဟာနယ္ထဲေရာက္သြားသလိုအားလုံးကဗလာက်င္းလင္းပင္...။

တစ္ေယာက္ေသာသူကေတာ့ထိုျမင္ကြင္းအားအားရေက်နပ္စြာရပ္ၾကည့္ေန​ခဲ့ေလသည္။

🍏🍏🍏

Continue Reading

You'll Also Like

176K 13.8K 35
Her marriage was fixed which was an arranged marriage but she moved to London to pursue her career and dreams and after that, she would marry. But in...
571K 46.9K 22
Indian Chronicles Book III My Husband, My Tyrant. When Peace Becomes Suffocation. Jahnvi Khanna has everything in her life, a supporting family, a hi...
460K 26.1K 44
The story continues to unfold, with secrets unraveling and new dangers lurking in the shadows. The Chauhan family must stay united and face the chall...
2.7M 155K 49
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...