Unicode
မနက်မိုးလင်းတော့မှိုင်းမျက်လုံးမဖွင့်သေးပဲသူ့အိပ်ရာဘေးကိုစမ်းကြည့်ရာ သူ့ဘေးမှာဖွဲ့ရှိမနေ၍သူပြုံးလိုက်ပြီး
''ဒီကောင်မလေးကတော့အိပ်ရာကအစောကြီးထသွားပြန်ပြီ''
သူလည်းမျက်လုံးကိုအားယူကာဖွင့်ရင်းအိပ်ရာမှထထိုင်လိုက်၏။
ထုံးစံအတိုင်းဖွဲ့ကသူရေချိုးဖို့ သွားတိုက်ဖို့ ဝတ်ဖို့အဝတ်အစားအကုန်အဆင့်သင့်ပြင်ဆင်ပေးပြီးသား။
သူရေမိုးချိုးပြင်ဆင်ပြီးအောက်ထပ်ကိုဆင်းလာချိန်ထမင်းစားခန်းရှေ့အရောက်တွင်...
''မမလေးတို့မနေ့ညကညစာလည်းမစားကြဘူး ဘာဖြစ်လို့လဲ''
''ဟို ဖွဲ့ ဗိုက်မဆာလို့ဆင်းမစားတော့တာ''
''အဲဒါဆိုအစ်ကိုလေးကရော''
''ကိုကြီးလည်းတူတူပဲ''
''အံမယ် မမလေးတို့ကဗိုက်မဆာတာတောင်အတူတူနော်''
''အင်း''
''မမလေးတို့ကညနေကတည်းကအခန်းထဲကထွက်မလာတော့ခွာညိုကဟိုကိစ္စထင်နေတာ''
''ဟမျ ဘာ ဘာကိစ်စလဲ''
ဖွဲ့မလုံမလဲနဲ့ပြန်မေးမိ၏။သူမမျက်နှာကလည်းရေနွေးပူနဲ့ပက်ခံလိုက်ရသလိုပူထူသွားရသည်။
''ဆွဲကြိုးကိစ္စလေမမလေးရဲ့ မမလေးကိုအစ်ကိုလေးကဆူနေပြီမှတ်တာ''
''ဪ''
ထိုအခိုက်...
''ငါကဘာကိစ္စငါ့မိန်းမကိုဆူရမှာလဲ''
အသံလာရာဆီသူမတို့ပြိုင်တူလှည့်ကြည့်လိုက်မိ၏။
''ကိုကြီး''
''အစ်ကိုလေး''
မှိုင်းကခုံမှာဝင်ထိုင်ပြီး
''ခွာညို နင်သွားတော့''
''ဟုတ်အစ်ကိုလေး''
ခွာညိုထွက်သွားတာနဲ့မှိုင်းသူမကိုကြည့်ကာ
''ဒီနားလာခဲ့''
ဖွဲ့ကခေါင်းရမ်းပြ၏။
''လာလို့ လာ''
ဖွဲ့တွန့်ဆုတ်တွန့်ဆုတ်နဲ့ကိုကြီးနားလျှောက်သွားပြီး
''ဘာပြောမလို့ အမေ့!''
ဖွဲ့စကားမဆုံးခင်ကိုကြီးကသူမလက်ကိုဆွဲကာသူ့ပေါင်ပေါ်ထိုင်စေလိုက်တာကြောင့်ရုတ်တရက်မို့ဖွဲ့အလန့်တကြားဖြစ်သွားရသည်။
ကိုကြီးကသူမအားခပ်တင်းတင်းသိုင်းဖက်ထားရင်းသူ့ကိုတစ်ချက်လေးမှမကြည့်သောဖွဲ့မျက်နှာကိုအတင်းလိုက်ကြည့်ပြီး
''ကိုကြီးကိုကြည့်ပါဦး''
ဖွဲ့ကမကြည့််။
''ကလေးငယ်''
သူမကမဖြုံ။
သူပါးကိုဖျက်ခနဲလှမ်းနမ်းမှသူမသူ့ကိုလှည့်ကြည့်ပြီး
''ဘာလုပ်တာလဲ ထမင်းစားခန်းကြီးထဲမှာ ဖေဖေတို့မြင်သွားလိမ့်မယ်''
''မြင်ပါစေပေါ့ ကလေးငယ်ကမှကိုကြီးကိုဂရုမစိုက်တာ''
''ဂရုမစိုက်တာမဟုတ်ပါဘူး''
''ဘာလဲ မနေ့ကကိစ္စကိုရှက်လို့လား''
သူပြောလိုက်မှဖွဲ့ကတစ်ခုခုကိုတွေးမိဟန်နဲ့နားဖျားလေးတွေနီရဲပြီးမျက်လွှာချသွားလေသည်။
အမှန်လည်းဖွဲ့ထိုကိစ္စအားပြန်တွေးရင်းတွေးရင်းနဲ့ပိုပိုပြီးရှက်လာတာပင်။
''ကလေးငယ်ကလည်း ဒါကလင်မယားသဘာဝပဲလေ ရှက်စရာမှမဟုတ်တာ''
ဖွဲ့ကတုံတိဘာဝေနဲ့ဘာမှပြန်မပြော။
''ကိုကြီးပြောတာကြားရဲ့လား''
''အင်း''
ကိုကြီးကသူမနားနားကပ်ကာ
''ခုနကခွာညိုမေးတုန်းက ညစာကိုထမင်းထက်ကောင်းတာစားနေတာလို့ဖြေလိုက်ရမှာ''
ဖွဲ့မျက်လုံးလေးစုံမှိတ်ကာ
''ကိုကြီး!''
ဟုဆောင့်ဆောင့်အောင့်အောင့်အော်တော့ကိုကြီးကရယ်သည်။
မှိုင်း အောက်နှုတ်ခမ်းလေးကိုက်တာသူ့အားမကျေမချမ်းကြည့်နေသောဖွဲ့ပါးလေးကိုဆွဲ၍
''ကလေးငယ်ကလည်းစိတ်ဆိုးတတ်သားပဲ''
''လူပဲ စိတ်ဆိုးတတ်တာပေါ့ ကိုကြီးကစိတ်ဆိုးအောင်လုပ်နေတာကို ဖယ် လွှတ်တော့ အသက်ရှူကြပ်လာပြီ''
''အာဘွားပေးရင်လွှတ်ပေးမယ်''
''မပေးဘူး''
''အဲဒါဆိုဒီတိုင်းပဲနေတော့''
''ကိုကြီးကလည်း ကလေးဆန်လိုက်တာ''
''မြန်မြန်နမ်း''
သူမနှုတ်ခမ်းကစူချင်ချင်နဲ့ ကိုကြီးပါးနားတိုးသွားလိုက်သည်။
ကိုကြီးပါးနဲ့သူမနှုတ်ခမ်းထိသွားချိန်တွင်..
''အဟမ်း''
ချောင်းဟန့်သံကြား၍သူတို့နှစ်ယောက်လှည့်ကြည့်လိုက်တော့သူ့မိဘတွေကမျက်နှာပူနေပုံနဲ့ဟိုဟိုဒီဒီကြည့်ကာမျက်နှာလွှဲနေကြတာကြောင့်ဖွဲ့လည်းရှက်ကာကိုကြီးပေါ်မှထပြေးခဲ့တော့သည်။
အဲဒါကြောင့်ကိုကြီးကိုပြောပါတယ်။အခုတော့လူကြီးတွေမြင်ကုန်ပြီ။ရှက်စရာကောင်းလိုက်တာဆိုတာ။
မှိုင်းအဖေဦးနေမျိုးကခုံမှာဝင်ထိုင်ပြီး
''ငါ့သားကစောစောစီးစီးအချစ်ခန်းတွေဖွင့်နေပါလား''
ဒေါ်ခင်သက်ထားက
''ရှင်ကလည်း ဘာတွေလျှောက်ပြောနေမှန်းမသိဘူး ခွာညိုဘယ်ရောက်သွားလဲ''
သူ့မိဘတွေကမနက်စာဖို့သာအာရုံရောက်နေပေမယ့်သူကတော့ဖွဲ့မထိတထိနမ်းသွားသောအနမ်းကိုပြန်တွေးမိပြီးပြုံးလိုက်မိသည်။
ရှက်တတ်လိုက်တာလည်းလွန်ပါရော။
🍏🍏🍏
''သူဌေး ဖိတ်စာတစ်စောင်ရောက်ထားပါတယ်''
သူ့အတွင်းရေးမှူးပေးလာတဲ့ရွှေညိုရောင်ဖိတ်စာလေးအားသူယူကြည့်လိုက်သည်။
ဒါသူတို့ကုမ္ပဏီကဆောက်ပေးလိုက်တဲ့ဟိုတယ်ဖွင့်ပွဲဖိတ်စာပင်။
သူခါတိုင်းဒီလိုပွဲမျိုးတက်လေ့မရှိပေမယ့်သူ့ကလေးငယ်နဲ့လက်ထပ်ပြီးနောက်အတူပွဲတက်ဖို့အတွက်အခွင့်အရေးပဲမို့သူသွားဖို့ဆုံးဖြတ်လိုက်သည်။
''ဒီနေ့Scheduleအားလုံးဖျက်လိုက်တော့''
ပြောပြီးသူချက်ချင်းရုံးခန်းထဲကထွက်ခဲ့လိုက်သည်။
ပြီးတာနဲ့သူ့အင်္ကျီအတွင်းအိတ်ကပ်ထဲကဖုန်းကိုထုတ်၍ကလေးငယ်ဆိုသောနာမ်စားလေးအားနှိပ်လိုက်၏။
''ဟဲလို''
''ဟုတ်ကိုကြီး''
အသံလေးကအစချစ်စရာကောင်းလွန်းသောသူ့ဇနီးလေး။
''ကလေးငယ်အဝတ်အစားလဲပြီးကိုကြီးကိုစောင့်နေ ကလေးငယ်ကိုကိုကြီးအခုအိမ်ကိုလာခေါ်နေပြီ''
''ဘယ်သွားမလို့လဲဟင်''
''ရောက်ရင်သိမှာပေါ့ အဆင်သင့်လုပ်ထားလိုက်''
''ဟုတ်ကဲ့ကိုကြီး''
ပြောပြီးသူမကဖုန်းချသွားလေသည်။
ဖွဲ့လက်ထဲကဖုန်းကိုချပြီးကုတင်ပေါ်ကဆင်းလိုက်၏။
ဒီအိမ်ကိုရောက်မှသူမမှာကိုယ့်ကိုယ်ကိုမင်းသမီးတစ်ပါးလိုဖြစ်နေတာပင်။
အိမ်မှာတုန်းကအိမ်အလုပ်တွေအကုန်လုပ်ခဲ့ရပေမယ်ဒီမှာတော့ဘာမှမလုပ်ရ။
ခွာညိုဟင်းချက်ရင်ဘေးကနေကူပေးတာလောက်သာလုပ်ပေးရပြီးကျန်တဲ့အလုပ်ကတော့မျက်လုံးနဲ့တောင်စွေမကြည့်ရဘူးလို့သူမယောက္ခမကမှာထားသည်။
''မင်းကိုငါကသိပ်ပြီးသဘောမတွေ့လှပေမယ့်ဘယ်လိုပဲဖြစ်ဖြစ်မင်းကငါ့ချွေးမပဲ ဒီအိမ်ကချွေးမကိုအိမ်အလုပ်တွေခိုင်းတယ်ဆိုပြီးလူပြောစရာဖြစ်မှာမျိုးမခံနိုင်ဘူး ငါလည်းချွေးမဘဝရောက်ခဲ့ဖူးတာမို့ကိုယ့်ချွေးမကိုနိုင့်ထက်စီးနင်းမလုပ်ပါဘူး မင်းစိတ်ကိုပေါ့ပေါ့ပါးပါးပဲထား မင်းကဒီမိသားစုဝင်ပဲလေ ဘာမှရှိန်နေစရာမရှိဘူး အဓိကအိမ်အလုပ်တွေဝင်မလုပ်နဲ့ ခွာညိုလုပ်လိမ့်မယ်''
တဲ့လေ။ထို့ကြောင့်သူမမှာခြံထဲဆင်းလမ်းလျှောက်လိုက် Tvကြည့်လိုက်ဖုန်းကြည့်လိုက် အခန်းထဲခွေနေလိုက်နှင့်ပျင်းရိငြီးငွေ့ဖွယ်ဘဝကြီးကိုပိုင်ဆိုင်နေရသည်။
အခုတော့ကိုကြီးကသူမအားအပြင်ကိုခေါ်သွားပေးမလို့ထင်ပါရဲ့။
နည်းနည်းတော့ပျော်တာပေါ့။
ဖွဲ့ဗီရိုတံခါးကိုဆွဲဖွင့်ပြီးကိုကြီးဝယ်ပေးထားသောဂါဝန်ရှည်လေးကိုယူကာဝတ်ဆင်လိုက်သည်။
ဆံနွယ်ရှည်တွေကိုတော့နှစ်ဖက်ခွဲကာရင်ဘတ်ရှေ့ကိုချပြီးလက်နှစ်ထွာစာကျစ်ဆံမြီးလေးကိုခပ်ပွပွလေးကျစ်ကာအဖြူရောင်ဖဲကြိုးလေးတွေနဲ့ချည်နှောင်လိုက်၏။
''ပြီးပြီ''
သူမမှန်ရှေ့မှာကိုယ်ကိုတစ်ပတ်လှည့်ကြည့်ပြီးတာနဲ့တိုင်မှာချိတ်ထားသောပိုက်ဆံအိတ်ကိုယူကာဖုန်းကိုလည်းပိုက်ဆံအိတ်ထဲထည့်၍အခန်းထဲမှထွက်ခဲ့လိုက်သည်။
သူမဧည့်ခန်းထဲမှာနာရီဝက်လောက်ထိုင်စောင့်အပြီးမှာကိုကြီးကားလေးကအိမ်ရှေ့ပေါ်တီကိုအောက်မှာထိုးရပ်သွားတာကြောင့်ဖွဲ့မျက်နှာလေးအိုကာမတ်တပ်ထရပ်လိုက်သည်။
မှိုင်းအိမ်ထဲရောက်ရောက်ချင်းဖွဲ့ကသူဝယ်ပေးထားသောဂါဝန်လေးကိုဝတ်ဆင်ပြီးမျက်နှာလေးစူပုပ်ကာသူ့ဆီတည့်တည့်လျှောက်လာနေတာကြောင့်သူပြုံးတုံးတုံးနဲ့သူမဆီလျှောက်သွားလိုက်၏။
နှစ်ယောက်သားတဖြည်းဖြည်းနီးကပ်ပြီးသူတို့ကြားလမ်းဆုံးသွားတာနဲ့မှိုင်းကသူမခေါင်းလေးကိုကိုင်ကာ
''အရမ်းလှနေပါလား ကြည့်လို့တောင်မဝတော့ဘူး''
ဖွဲ့ကသူပြောတာကိုစိတ်မဝင်စားပဲ
''ကြာလိုက်တာ ဒီမှာနာရီဝက်လောက်ထိုင်စောင့်နေရတာ ကိုကြီးပြောတော့လာပြီဆို''
''လမ်းမှာကားတွေပိတ်နေသေးတယ်လေကလေးငယ်ရဲ့ အဲဒါကြောင့်ခုလိုရုပ်ဖြစ်နေတာလား''
''......''
''စိတ်မကောက်ပါနဲ့ မုန့်ဝယ်ကျွေးမယ်''
''မုန့်နဲ့မြှားရအောင်ဖွဲ့ကကလေးမှမဟုတ်တာ''
''ကလေးငယ်ကကလေးထက်ကိုဆိုးတယ်ဗျား''
''ကိုကြီးနော်''
''ချစ်လို့စတာပါ လာ သွားကြမယ်''
မှိုင်းသူမလက်ကလေးကိုဆုပ်ကိုင်၍အိမ်ထဲမှထွက်လာခဲ့လိုက်ပြီးသူမထိုင်မယ့်ဘက်ကအခြမ်းအားကားတံခါးဖွင့်ကာဝင်ထိုင်စေလိုက်ပြီးသူလည်းကားမောင်းသူနေရာမှာဝင်ထိုင်ကာအိမ်မှထွက်ခဲ့လိုက်၏။
''ဘယ်သွားမှာလဲပြောဦးလေကိုကြီး''
''ရောက်ရင်သိမှာပေါ့''
ဖွဲ့ဘာမှစောဒကတက်မနေတော့ပေ။
🍏🍏🍏
ကိုကြီးကားလေးကအရောင်အသွေးစုံလှသောဝတ်စုံဆိုင်ရှေ့မှာရပ်သွား၍ဖွဲ့ကြောင်အမ်းအမ်းနှင့်ဆိုင်ကိုလှမ်းကြည့်နေတုန်းကိုကြီးကသူမအားကားတံခါးဖွင့်ပေးလာလေ၏။
''ဆင်းလေ''
ဖွဲ့ကားပေါ်ကဆင်းလိုက်ရင်း
''ဒီကိုဘာလာလုပ်တာလဲဟင်''
ကိုကြီးကပြုံးရုံသာပြုံးပြီးသူမလက်ကိုဆွဲကာထိုဆိုင်ထဲဝင်ခဲ့လိုက်သည်။
ဆိုင်ထဲရောက်တော့ဝန်ထမ်းကောင်မလေးတစ်ယောက်ကသူမတို့ထံရောက်လာပြီး
''မင်္ဂလာရှင့် ဘာများလိုအပ်ပါသလဲ''
''ကျွန်တော့်ဇနီးအတွက်ပွဲတက်ဝတ်စုံတစ်စုံလောက်လိုချင်လို့''
ဆိုင်ထဲမင်္ဂလာဝတ်စုံတွေကိုပါးစပ်အဟောင်းသားလေးနဲ့လိုက်ကြည့်နေတဲ့ဖွဲ့တစ်ယောက် မှိုင်းစကားကြားတာနဲ့မျက်လုံးလေးပြူးကာသူ့အားမော့ကြည့်ပြီး
''ကိုကြီး ဘာပွဲလဲ''
''မနက်ဖြန်ဟိုတယ်ဖွင့်ပွဲတစ်ခုတက်စရာရှိတယ် အဲဒါကလေးငယ်နဲ့အတူသွားမလို့လေ''
''ဟမ်''
ဖွဲ့ရင်ထဲဒိန်းခနဲပင်။ဖွဲ့ချက်ချင်းပဲကိုကြီးလက်ကိုဖြုတ်ချပြီးဆိုင်ထဲကပြန်ထွက်လာခဲ့လိုက်၏။
''ကလေးငယ်''
မှိုင်းသူမနောက်ကအမီလိုက်ပြီးလက်ကိုလှမ်းဆွဲကာ
''ဘာဖြစ်တာလဲကလေးငယ်ရဲ့''
''အဲ့ပွဲကိုဖွဲ့မလိုက်ဘူးကိုကြီး ဖွဲ့နဲ့အဲလိုလူကုံထံပညာတတ်တွေရဲ့ပွဲနဲ့လုံးဝမသက်ဆိုင်ဘူး''
''ဘာလို့မသက်ဆိုင်ရမှာလဲ ကလေးငယ်ကကိုကြီးဇနီးလေ ကိုကြီးရဲ့ဇနီးအနေနဲ့ကလေးငယ်ဒီပွဲကိုကိုကြီးနဲ့အတူတက်သင့်တာပေါ့ ပြီးတော့ဖွဲ့ကရောလူကုံထံအသိုင်းအဝိုင်းကပဲမဟုတ်ဘူးလား''
''ဟင့်အင်း မတက်ဘူး ဖွဲ့တစ်ခါမှလည်းအဲလိုပွဲတွေမသွားဖူးဘူး သွားလည်းမသွားချင်ဘူး''
''ဘာလို့ခေါင်းမာနေတာလဲကလေးငယ် ကိုကြီးကကလေးငယ်ရဲ့လက်ကိုဆွဲပြီးဒါငါ့ဇနီးပဲဆိုပြီးမော်ကြွားချင်တာ ကြွေးကြော်ချင်တာ ကလေးငယ်ကကိုကြီးရဲ့တရားဝင်ဇနီးဆိုတာလူတွေကိုသိသွားစေချင်တာကလေးငယ်ရဲ့''
''ဖွဲ့ကအဲလိုပွဲထုတ်ခံဖို့ထိပြီးပြည့်စုံနေတဲ့သူမှမဟုတ်တာကိုကြီးရဲ့''
ပြောရင်းသူမအသံလေးကတိမ်ဝင်သွား၏။
သူသဘောပေါက်ပါပြီ။ဖွဲ့ကသူမရဲ့ပညာရေးကြောင့်သိမ်ငယ်စိတ်ဝင်နေတာ။
သူဖွဲ့ရဲ့ပါးလေးနှစ်ဖက်ကိုကိုင်ကာ
''ဘယ်သူ့ကမှသူများရဲ့ပညာရေးကိုစိတ်မဝင်စားပါဘူးကလေးငယ်ရဲ့''
ဖွဲ့ကမျက်ရည်တွေရစ်ဝဲနေတဲ့မျက်ဝန်းတွေနဲ့သူ့အားကြည့်လာလေသည်။
''ဘယ်သူကမှ မင်းဘယ်မှာကျောင်းပြီးတာလဲ ဘာနဲ့ဘွဲ့ရလဲလိုက်မမေးဘူး ခုခေတ်ကြီးမှာဘွဲ့ရပညာတတ်ဖြစ်နေရုံနဲ့ပြီးပြည့်စုံမနေဘူးကလေးငယ်ရဲ့ လူတစ်ယောက်ရဲ့အရည်အချင်းကအဲဒီဘွဲ့လက်မှတ်ပေါ်မှာမူတည်နေတာမဟုတ်ဘူး ကိုကြီးပြောတာနားလည်ရဲ့လား''
ဖွဲ့ကခေါင်းညိတ်ပြ၏။
''ကလေးငယ်ကိုဘယ်သူမှမနှိမ်စေရမစော်ကားစေရဘူး ကိုကြီးကကလေးငယ်ကိုအပြည့်အဝကာကွယ်ပေးမှာ အဲတော့အရေးမပါတာတွေနဲ့စိတ်ထိခိုက်မခံ ကိုကြီးကကလေးငယ်ခုလိုဖြစ်နေတာမျိုးလုံးဝမမြင်ချင်ဘူး ကလေးငယ်ကိုမျက်ရည်ကျအောင်လုပ်တဲ့သူမှန်သမျှကိုကြီးအကြောင်းသိသွားစေရမယ်''
ဖွဲ့မျက်နှာလေးကအနည်းငယ်ပြုံးယောင်သမ်းလာလေသည်။
''ကဲ လိုက်မယ်မလား''
''အင်း''
သူမခေါင်းညိတ်ပြလိုက်တာနဲ့ကိုကြီးကသူမအားဆိုင်ထဲပြန်ခေါ်လာလေသည်။
ဖွဲ့သူမလက်ကိုနွေးထွေးစွာဆုပ်ကိုင်ထားသောကိုကြီးလက်ကိုကြည့်ပြီး တစ်ဖန်ကိုကြီးမျက်နှာအားပြန်မော့ကြည့်လိုက်၏။
အဘယ်ကြောင့်များထိုလူသားကခုလောက်ထိသူမအပေါ်ကြင်နာနေရသလဲမသိ။
သူပြောတာချစ်လို့တဲ့။
ကိုကြီးဆီမှထိုအချစ်ဆိုတဲ့အရာလေးလျော့ပါးပျောက်ကွယ်သွားမှာကြောက်တဲ့စိတ်လေးသည်သူမစိတ်ထဲပထမဆုံးအကြိမ်အဖြစ်ချဥ်းနင်းဝင်ရောက်လာပါတော့သည်။
🍏🍏🍏
Zawgyi
မနက္မိုးလင္းေတာ့မႈိင္းမ်က္လုံးမဖြင့္ေသးပဲသူ႔အိပ္ရာေဘးကိုစမ္းၾကည့္ရာ သူ႔ေဘးမွာဖြဲ႕ရွိမေန၍သူၿပဳံးလိုက္ၿပီး
''ဒီေကာင္မေလးကေတာ့အိပ္ရာကအေစာႀကီးထသြားျပန္ၿပီ''
သူလည္းမ်က္လုံးကိုအားယူကာဖြင့္ရင္းအိပ္ရာမွထထိုင္လိုက္၏။
ထုံးစံအတိုင္းဖြဲ႕ကသူေရခ်ိဳးဖို႔ သြားတိုက္ဖို႔ ဝတ္ဖို႔အဝတ္အစားအကုန္အဆင့္သင့္ျပင္ဆင္ေပးၿပီးသား။
သူေရမိုးခ်ိဳးျပင္ဆင္ၿပီးေအာက္ထပ္ကိုဆင္းလာခ်ိန္ထမင္းစားခန္းေရွ႕အေရာက္တြင္...
''မမေလးတို႔မေန႔ညကညစာလည္းမစားၾကဘူး ဘာျဖစ္လို႔လဲ''
''ဟို ဖြဲ႕ ဗိုက္မဆာလို႔ဆင္းမစားေတာ့တာ''
''အဲဒါဆိုအစ္ကိုေလးကေရာ''
''ကိုႀကီးလည္းတူတူပဲ''
''အံမယ္ မမေလးတို႔ကဗိုက္မဆာတာေတာင္အတူတူေနာ္''
''အင္း''
''မမေလးတို႔ကညေနကတည္းကအခန္းထဲကထြက္မလာေတာ့ခြာညိဳကဟိုကိစၥထင္ေနတာ''
''ဟမ် ဘာ ဘာကိစ္စလဲ''
ဖြဲ႕မလုံမလဲနဲ႔ျပန္ေမးမိ၏။သူမမ်က္ႏွာကလည္းေရေႏြးပူနဲ႔ပက္ခံလိုက္ရသလိုပူထူသြားရသည္။
''ဆြဲႀကိဳးကိစၥေလမမေလးရဲ႕ မမေလးကိုအစ္ကိုေလးကဆူေနၿပီမွတ္တာ''
''ဪ''
ထိုအခိုက္...
''ငါကဘာကိစၥငါ့မိန္းမကိုဆူရမွာလဲ''
အသံလာရာဆီသူမတို႔ၿပိဳင္တူလွည့္ၾကည့္လိုက္မိ၏။
''ကိုႀကီး''
''အစ္ကိုေလး''
မႈိင္းကခုံမွာဝင္ထိုင္ၿပီး
''ခြာညိဳ နင္သြားေတာ့''
''ဟုတ္အစ္ကိုေလး''
ခြာညိဳထြက္သြားတာနဲ႔မႈိင္းသူမကိုၾကည့္ကာ
''ဒီနားလာခဲ့''
ဖြဲ႕ကေခါင္းရမ္းျပ၏။
''လာလို႔ လာ''
ဖြဲ႕တြန္႔ဆုတ္တြန္႔ဆုတ္နဲ႔ကိုႀကီးနားေလွ်ာက္သြားၿပီး
''ဘာေျပာမလို႔ အေမ့!''
ဖြဲ႕စကားမဆုံးခင္ကိုႀကီးကသူမလက္ကိုဆြဲကာသူ႔ေပါင္ေပၚထိုင္ေစလိုက္တာေၾကာင့္႐ုတ္တရက္မို႔ဖြဲ႕အလန္႔တၾကားျဖစ္သြားရသည္။
ကိုႀကီးကသူမအားခပ္တင္းတင္းသိုင္းဖက္ထားရင္းသူ႔ကိုတစ္ခ်က္ေလးမွမၾကည့္ေသာဖြဲ႕မ်က္ႏွာကိုအတင္းလိုက္ၾကည့္ၿပီး
''ကိုႀကီးကိုၾကည့္ပါဦး''
ဖြဲ႕ကမၾကည့္္။
''ကေလးငယ္''
သူမကမၿဖဳံ။
သူပါးကိုဖ်က္ခနဲလွမ္းနမ္းမွသူမသူ႔ကိုလွည့္ၾကည့္ၿပီး
''ဘာလုပ္တာလဲ ထမင္းစားခန္းႀကီးထဲမွာ ေဖေဖတို႔ျမင္သြားလိမ့္မယ္''
''ျမင္ပါေစေပါ့ ကေလးငယ္ကမွကိုႀကီးကိုဂ႐ုမစိုက္တာ''
''ဂ႐ုမစိုက္တာမဟုတ္ပါဘူး''
''ဘာလဲ မေန႔ကကိစၥကိုရွက္လို႔လား''
သူေျပာလိုက္မွဖြဲ႕ကတစ္ခုခုကိုေတြးမိဟန္နဲ႔နားဖ်ားေလးေတြနီရဲၿပီးမ်က္လႊာခ်သြားေလသည္။
အမွန္လည္းဖြဲ႕ထိုကိစၥအားျပန္ေတြးရင္းေတြးရင္းနဲ႔ပိုပိုၿပီးရွက္လာတာပင္။
''ကေလးငယ္ကလည္း ဒါကလင္မယားသဘာဝပဲေလ ရွက္စရာမွမဟုတ္တာ''
ဖြဲ႕ကတုံတိဘာေဝနဲ႔ဘာမွျပန္မေျပာ။
''ကိုႀကီးေျပာတာၾကားရဲ႕လား''
''အင္း''
ကိုႀကီးကသူမနားနားကပ္ကာ
''ခုနကခြာညိဳေမးတုန္းက ညစာကိုထမင္းထက္ေကာင္းတာစားေနတာလို႔ေျဖလိုက္ရမွာ''
ဖြဲ႕မ်က္လုံးေလးစုံမွိတ္ကာ
''ကိုႀကီး!''
ဟုေဆာင့္ေဆာင့္ေအာင့္ေအာင့္ေအာ္ေတာ့ကိုႀကီးကရယ္သည္။
မႈိင္း ေအာက္ႏႈတ္ခမ္းေလးကိုက္တာသူ႔အားမေက်မခ်မ္းၾကည့္ေနေသာဖြဲ႕ပါးေလးကိုဆြဲ၍
''ကေလးငယ္ကလည္းစိတ္ဆိုးတတ္သားပဲ''
''လူပဲ စိတ္ဆိုးတတ္တာေပါ့ ကိုႀကီးကစိတ္ဆိုးေအာင္လုပ္ေနတာကို ဖယ္ လႊတ္ေတာ့ အသက္ရႉၾကပ္လာၿပီ''
''အာဘြားေပးရင္လႊတ္ေပးမယ္''
''မေပးဘူး''
''အဲဒါဆိုဒီတိုင္းပဲေနေတာ့''
''ကိုႀကီးကလည္း ကေလးဆန္လိုက္တာ''
''ျမန္ျမန္နမ္း''
သူမႏႈတ္ခမ္းကစူခ်င္ခ်င္နဲ႔ ကိုႀကီးပါးနားတိုးသြားလိုက္သည္။
ကိုႀကီးပါးနဲ႔သူမႏႈတ္ခမ္းထိသြားခ်ိန္တြင္..
''အဟမ္း''
ေခ်ာင္းဟန္႔သံၾကား၍သူတို႔ႏွစ္ေယာက္လွည့္ၾကည့္လိုက္ေတာ့သူ႔မိဘေတြကမ်က္ႏွာပူေနပုံနဲ႔ဟိုဟိုဒီဒီၾကည့္ကာမ်က္ႏွာလႊဲေနၾကတာေၾကာင့္ဖြဲ႕လည္းရွက္ကာကိုႀကီးေပၚမွထေျပးခဲ့ေတာ့သည္။
အဲဒါေၾကာင့္ကိုႀကီးကိုေျပာပါတယ္။အခုေတာ့လူႀကီးေတြျမင္ကုန္ၿပီ။ရွက္စရာေကာင္းလိုက္တာဆိုတာ။
မႈိင္းအေဖဦးေနမ်ိဳးကခုံမွာဝင္ထိုင္ၿပီး
''ငါ့သားကေစာေစာစီးစီးအခ်စ္ခန္းေတြဖြင့္ေနပါလား''
ေဒၚခင္သက္ထားက
''ရွင္ကလည္း ဘာေတြေလွ်ာက္ေျပာေနမွန္းမသိဘူး ခြာညိဳဘယ္ေရာက္သြားလဲ''
သူ႔မိဘေတြကမနက္စာဖို႔သာအာ႐ုံေရာက္ေနေပမယ့္သူကေတာ့ဖြဲ႕မထိတထိနမ္းသြားေသာအနမ္းကိုျပန္ေတြးမိၿပီးၿပဳံးလိုက္မိသည္။
ရွက္တတ္လိုက္တာလည္းလြန္ပါေရာ။
🍏🍏🍏
''သူေဌး ဖိတ္စာတစ္ေစာင္ေရာက္ထားပါတယ္''
သူ႔အတြင္းေရးမႉးေပးလာတဲ့ေ႐ႊညိဳေရာင္ဖိတ္စာေလးအားသူယူၾကည့္လိုက္သည္။
ဒါသူတို႔ကုမၸဏီကေဆာက္ေပးလိုက္တဲ့ဟိုတယ္ဖြင့္ပြဲဖိတ္စာပင္။
သူခါတိုင္းဒီလိုပြဲမ်ိဳးတက္ေလ့မရွိေပမယ့္သူ႔ကေလးငယ္နဲ႔လက္ထပ္ၿပီးေနာက္အတူပြဲတက္ဖို႔အတြက္အခြင့္အေရးပဲမို႔သူသြားဖို႔ဆုံးျဖတ္လိုက္သည္။
''ဒီေန႔Scheduleအားလုံးဖ်က္လိုက္ေတာ့''
ေျပာၿပီးသူခ်က္ခ်င္း႐ုံးခန္းထဲကထြက္ခဲ့လိုက္သည္။
ၿပီးတာနဲ႔သူ႔အက်ႌအတြင္းအိတ္ကပ္ထဲကဖုန္းကိုထုတ္၍ကေလးငယ္ဆိုေသာနာမ္စားေလးအားႏွိပ္လိုက္၏။
''ဟဲလို''
''ဟုတ္ကိုႀကီး''
အသံေလးကအစခ်စ္စရာေကာင္းလြန္းေသာသူ႔ဇနီးေလး။
''ကေလးငယ္အဝတ္အစားလဲၿပီးကိုႀကီးကိုေစာင့္ေန ကေလးငယ္ကိုကိုႀကီးအခုအိမ္ကိုလာေခၚေနၿပီ''
''ဘယ္သြားမလို႔လဲဟင္''
''ေရာက္ရင္သိမွာေပါ့ အဆင္သင့္လုပ္ထားလိုက္''
''ဟုတ္ကဲ့ကိုႀကီး''
ေျပာၿပီးသူမကဖုန္းခ်သြားေလသည္။
ဖြဲ႕လက္ထဲကဖုန္းကိုခ်ၿပီးကုတင္ေပၚကဆင္းလိုက္၏။
ဒီအိမ္ကိုေရာက္မွသူမမွာကိုယ့္ကိုယ္ကိုမင္းသမီးတစ္ပါးလိုျဖစ္ေနတာပင္။
အိမ္မွာတုန္းကအိမ္အလုပ္ေတြအကုန္လုပ္ခဲ့ရေပမယ္ဒီမွာေတာ့ဘာမွမလုပ္ရ။
ခြာညိဳဟင္းခ်က္ရင္ေဘးကေနကူေပးတာေလာက္သာလုပ္ေပးရၿပီးက်န္တဲ့အလုပ္ကေတာ့မ်က္လုံးနဲ႔ေတာင္ေစြမၾကည့္ရဘူးလို႔သူမေယာကၡမကမွာထားသည္။
''မင္းကိုငါကသိပ္ၿပီးသေဘာမေတြ႕လွေပမယ့္ဘယ္လိုပဲျဖစ္ျဖစ္မင္းကငါ့ေခြၽးမပဲ ဒီအိမ္ကေခြၽးမကိုအိမ္အလုပ္ေတြခိုင္းတယ္ဆိုၿပီးလူေျပာစရာျဖစ္မွာမ်ိဳးမခံႏိုင္ဘူး ငါလည္းေခြၽးမဘဝေရာက္ခဲ့ဖူးတာမို႔ကိုယ့္ေခြၽးမကိုႏိုင့္ထက္စီးနင္းမလုပ္ပါဘူး မင္းစိတ္ကိုေပါ့ေပါ့ပါးပါးပဲထား မင္းကဒီမိသားစုဝင္ပဲေလ ဘာမွရွိန္ေနစရာမရွိဘူး အဓိကအိမ္အလုပ္ေတြဝင္မလုပ္နဲ႔ ခြာညိဳလုပ္လိမ့္မယ္''
တဲ့ေလ။ထို႔ေၾကာင့္သူမမွာၿခံထဲဆင္းလမ္းေလွ်ာက္လိုက္ Tvၾကည့္လိုက္ဖုန္းၾကည့္လိုက္ အခန္းထဲေခြေနလိုက္ႏွင့္ပ်င္းရိၿငီးေငြ႕ဖြယ္ဘဝႀကီးကိုပိုင္ဆိုင္ေနရသည္။
အခုေတာ့ကိုႀကီးကသူမအားအျပင္ကိုေခၚသြားေပးမလို႔ထင္ပါရဲ႕။
နည္းနည္းေတာ့ေပ်ာ္တာေပါ့။
ဖြဲ႕ဗီ႐ိုတံခါးကိုဆြဲဖြင့္ၿပီးကိုႀကီးဝယ္ေပးထားေသာဂါဝန္ရွည္ေလးကိုယူကာဝတ္ဆင္လိုက္သည္။
ဆံႏြယ္ရွည္ေတြကိုေတာ့ႏွစ္ဖက္ခြဲကာရင္ဘတ္ေရွ႕ကိုခ်ၿပီးလက္ႏွစ္ထြာစာက်စ္ဆံၿမီးေလးကိုခပ္ပြပြေလးက်စ္ကာအျဖဴေရာင္ဖဲႀကိဳးေလးေတြနဲ႔ခ်ည္ေႏွာင္လိုက္၏။
''ၿပီးၿပီ''
သူမမွန္ေရွ႕မွာကိုယ္ကိုတစ္ပတ္လွည့္ၾကည့္ၿပီးတာနဲ႔တိုင္မွာခ်ိတ္ထားေသာပိုက္ဆံအိတ္ကိုယူကာဖုန္းကိုလည္းပိုက္ဆံအိတ္ထဲထည့္၍အခန္းထဲမွထြက္ခဲ့လိုက္သည္။
သူမဧည့္ခန္းထဲမွာနာရီဝက္ေလာက္ထိုင္ေစာင့္အၿပီးမွာကိုႀကီးကားေလးကအိမ္ေရွ႕ေပၚတီကိုေအာက္မွာထိုးရပ္သြားတာေၾကာင့္ဖြဲ႕မ်က္ႏွာေလးအိုကာမတ္တပ္ထရပ္လိုက္သည္။
မႈိင္းအိမ္ထဲေရာက္ေရာက္ခ်င္းဖြဲ႕ကသူဝယ္ေပးထားေသာဂါဝန္ေလးကိုဝတ္ဆင္ၿပီးမ်က္ႏွာေလးစူပုပ္ကာသူ႔ဆီတည့္တည့္ေလွ်ာက္လာေနတာေၾကာင့္သူၿပဳံးတုံးတုံးနဲ႔သူမဆီေလွ်ာက္သြားလိုက္၏။
ႏွစ္ေယာက္သားတျဖည္းျဖည္းနီးကပ္ၿပီးသူတို႔ၾကားလမ္းဆုံးသြားတာနဲ႔မႈိင္းကသူမေခါင္းေလးကိုကိုင္ကာ
''အရမ္းလွေနပါလား ၾကည့္လို႔ေတာင္မဝေတာ့ဘူး''
ဖြဲ႕ကသူေျပာတာကိုစိတ္မဝင္စားပဲ
''ၾကာလိုက္တာ ဒီမွာနာရီဝက္ေလာက္ထိုင္ေစာင့္ေနရတာ ကိုႀကီးေျပာေတာ့လာၿပီဆို''
''လမ္းမွာကားေတြပိတ္ေနေသးတယ္ေလကေလးငယ္ရဲ႕ အဲဒါေၾကာင့္ခုလို႐ုပ္ျဖစ္ေနတာလား''
''......''
''စိတ္မေကာက္ပါနဲ႔ မုန္႔ဝယ္ေကြၽးမယ္''
''မုန္႔နဲ႔ျမႇားရေအာင္ဖြဲ႕ကကေလးမွမဟုတ္တာ''
''ကေလးငယ္ကကေလးထက္ကိုဆိုးတယ္ဗ်ား''
''ကိုႀကီးေနာ္''
''ခ်စ္လို႔စတာပါ လာ သြားၾကမယ္''
မႈိင္းသူမလက္ကေလးကိုဆုပ္ကိုင္၍အိမ္ထဲမွထြက္လာခဲ့လိုက္ၿပီးသူမထိုင္မယ့္ဘက္ကအျခမ္းအားကားတံခါးဖြင့္ကာဝင္ထိုင္ေစလိုက္ၿပီးသူလည္းကားေမာင္းသူေနရာမွာဝင္ထိုင္ကာအိမ္မွထြက္ခဲ့လိုက္၏။
''ဘယ္သြားမွာလဲေျပာဦးေလကိုႀကီး''
''ေရာက္ရင္သိမွာေပါ့''
ဖြဲ႕ဘာမွေစာဒကတက္မေနေတာ့ေပ။
🍏🍏🍏
ကိုႀကီးကားေလးကအေရာင္အေသြးစုံလွေသာဝတ္စုံဆိုင္ေရွ႕မွာရပ္သြား၍ဖြဲ႕ေၾကာင္အမ္းအမ္းႏွင့္ဆိုင္ကိုလွမ္းၾကည့္ေနတုန္းကိုႀကီးကသူမအားကားတံခါးဖြင့္ေပးလာေလ၏။
''ဆင္းေလ''
ဖြဲ႕ကားေပၚကဆင္းလိုက္ရင္း
''ဒီကိုဘာလာလုပ္တာလဲဟင္''
ကိုႀကီးကၿပဳံး႐ုံသာၿပဳံးၿပီးသူမလက္ကိုဆြဲကာထိုဆိုင္ထဲဝင္ခဲ့လိုက္သည္။
ဆိုင္ထဲေရာက္ေတာ့ဝန္ထမ္းေကာင္မေလးတစ္ေယာက္ကသူမတို႔ထံေရာက္လာၿပီး
''မဂၤလာရွင့္ ဘာမ်ားလိုအပ္ပါသလဲ''
''ကြၽန္ေတာ့္ဇနီးအတြက္ပြဲတက္ဝတ္စုံတစ္စုံေလာက္လိုခ်င္လို႔''
ဆိုင္ထဲမဂၤလာဝတ္စုံေတြကိုပါးစပ္အေဟာင္းသားေလးနဲ႔လိုက္ၾကည့္ေနတဲ့ဖြဲ႕တစ္ေယာက္ မႈိင္းစကားၾကားတာနဲ႔မ်က္လုံးေလးျပဴးကာသူ႔အားေမာ့ၾကည့္ၿပီး
''ကိုႀကီး ဘာပြဲလဲ''
''မနက္ျဖန္ဟိုတယ္ဖြင့္ပြဲတစ္ခုတက္စရာရွိတယ္ အဲဒါကေလးငယ္နဲ႔အတူသြားမလို႔ေလ''
''ဟမ္''
ဖြဲ႕ရင္ထဲဒိန္းခနဲပင္။ဖြဲ႕ခ်က္ခ်င္းပဲကိုႀကီးလက္ကိုျဖဳတ္ခ်ၿပီးဆိုင္ထဲကျပန္ထြက္လာခဲ့လိုက္၏။
''ကေလးငယ္''
မႈိင္းသူမေနာက္ကအမီလိုက္ၿပီးလက္ကိုလွမ္းဆြဲကာ
''ဘာျဖစ္တာလဲကေလးငယ္ရဲ႕''
''အဲ့ပြဲကိုဖြဲ႕မလိုက္ဘူးကိုႀကီး ဖြဲ႕နဲ႔အဲလိုလူကုံထံပညာတတ္ေတြရဲ႕ပြဲနဲ႔လုံးဝမသက္ဆိုင္ဘူး''
''ဘာလို႔မသက္ဆိုင္ရမွာလဲ ကေလးငယ္ကကိုႀကီးဇနီးေလ ကိုႀကီးရဲ႕ဇနီးအေနနဲ႔ကေလးငယ္ဒီပြဲကိုကိုႀကီးနဲ႔အတူတက္သင့္တာေပါ့ ၿပီးေတာ့ဖြဲ႕ကေရာလူကုံထံအသိုင္းအဝိုင္းကပဲမဟုတ္ဘူးလား''
''ဟင့္အင္း မတက္ဘူး ဖြဲ႕တစ္ခါမွလည္းအဲလိုပြဲေတြမသြားဖူးဘူး သြားလည္းမသြားခ်င္ဘူး''
''ဘာလို႔ေခါင္းမာေနတာလဲကေလးငယ္ ကိုႀကီးကကေလးငယ္ရဲ႕လက္ကိုဆြဲၿပီးဒါငါ့ဇနီးပဲဆိုၿပီးေမာ္ႂကြားခ်င္တာ ေႂကြးေၾကာ္ခ်င္တာ ကေလးငယ္ကကိုႀကီးရဲ႕တရားဝင္ဇနီးဆိုတာလူေတြကိုသိသြားေစခ်င္တာကေလးငယ္ရဲ႕''
''ဖြဲ႕ကအဲလိုပြဲထုတ္ခံဖို႔ထိၿပီးျပည့္စုံေနတဲ့သူမွမဟုတ္တာကိုႀကီးရဲ႕''
ေျပာရင္းသူမအသံေလးကတိမ္ဝင္သြား၏။
သူသေဘာေပါက္ပါၿပီ။ဖြဲ႕ကသူမရဲ႕ပညာေရးေၾကာင့္သိမ္ငယ္စိတ္ဝင္ေနတာ။
သူဖြဲ႕ရဲ႕ပါးေလးႏွစ္ဖက္ကိုကိုင္ကာ
''ဘယ္သူ႔ကမွသူမ်ားရဲ႕ပညာေရးကိုစိတ္မဝင္စားပါဘူးကေလးငယ္ရဲ႕''
ဖြဲ႕ကမ်က္ရည္ေတြရစ္ဝဲေနတဲ့မ်က္ဝန္းေတြနဲ႔သူ႔အားၾကည့္လာေလသည္။
''ဘယ္သူကမွ မင္းဘယ္မွာေက်ာင္းၿပီးတာလဲ ဘာနဲ႔ဘြဲ႕ရလဲလိုက္မေမးဘူး ခုေခတ္ႀကီးမွာဘြဲ႕ရပညာတတ္ျဖစ္ေန႐ုံနဲ႔ၿပီးျပည့္စုံမေနဘူးကေလးငယ္ရဲ႕ လူတစ္ေယာက္ရဲ႕အရည္အခ်င္းကအဲဒီဘြဲ႕လက္မွတ္ေပၚမွာမူတည္ေနတာမဟုတ္ဘူး ကိုႀကီးေျပာတာနားလည္ရဲ႕လား''
ဖြဲ႕ကေခါင္းညိတ္ျပ၏။
''ကေလးငယ္ကိုဘယ္သူမွမႏွိမ္ေစရမေစာ္ကားေစရဘူး ကိုႀကီးကကေလးငယ္ကိုအျပည့္အဝကာကြယ္ေပးမွာ အဲေတာ့အေရးမပါတာေတြနဲ႔စိတ္ထိခိုက္မခံ ကိုႀကီးကကေလးငယ္ခုလိုျဖစ္ေနတာမ်ိဳးလုံးဝမျမင္ခ်င္ဘူး ကေလးငယ္ကိုမ်က္ရည္က်ေအာင္လုပ္တဲ့သူမွန္သမွ်ကိုႀကီးအေၾကာင္းသိသြားေစရမယ္''
ဖြဲ႕မ်က္ႏွာေလးကအနည္းငယ္ၿပဳံးေယာင္သမ္းလာေလသည္။
''ကဲ လိုက္မယ္မလား''
''အင္း''
သူမေခါင္းညိတ္ျပလိုက္တာနဲ႔ကိုႀကီးကသူမအားဆိုင္ထဲျပန္ေခၚလာေလသည္။
ဖြဲ႕သူမလက္ကိုေႏြးေထြးစြာဆုပ္ကိုင္ထားေသာကိုႀကီးလက္ကိုၾကည့္ၿပီး တစ္ဖန္ကိုႀကီးမ်က္ႏွာအားျပန္ေမာ့ၾကည့္လိုက္၏။
အဘယ္ေၾကာင့္မ်ားထိုလူသားကခုေလာက္ထိသူမအေပၚၾကင္နာေနရသလဲမသိ။
သူေျပာတာခ်စ္လို႔တဲ့။
ကိုႀကီးဆီမွထိုအခ်စ္ဆိုတဲ့အရာေလးေလ်ာ့ပါးေပ်ာက္ကြယ္သြားမွာေၾကာက္တဲ့စိတ္ေလးသည္သူမစိတ္ထဲပထမဆုံးအႀကိမ္အျဖစ္ခ်ဥ္းနင္းဝင္ေရာက္လာပါေတာ့သည္။
🍏🍏🍏