Unicode
မှိုင်းနဲ့ဖွဲ့တို့ရှိနေတဲ့အိမ်ထဲသို့တေးအပါအဝင်နှစ်ဖက်မိဘတွေပါရောက်လာကြလေ၏။
အိမ်ထဲရောက်တာနဲ့သူ့သားရဲ့တပည့်ကျော်နှစ်ကောင်ကဧည့်ခန်းထဲမှာဝင်ထိုင်နေတာကြောင့်ဒေါ်ခင်သက်ထားသူတို့ဆီသွားကာနားရွက်ကိုဆွဲလိမ်၍
''မြှောက်ထိုးပင့်ကော်နှစ်ကောင် ကိုယ့်ဆရာကမဟုတ်တာလုပ်နေရင်တားမယ်မရှိဘူး''
''ဆရာကတားမရလို့ပါအန်တီရယ်''
''အခုသူဘယ်မလဲ''
''အပေါ်ထပ်မှာ ဒီမှာသော့''
ဒေါ်ခင်သက်ထား သော့ကိုယူ၍သူ့ယောကျ်ားနဲ့ဦးထွန်းမြင့်နိုင်ဘက်လှည့်ကာ
''ရှင်တို့နှစ်ယောက်နေခဲ့လိုက် မသင့်တော်ဘူး''
ပြောပြီးသူမတို့မိန်းမသားသုံးယောက်ပဲအိမ်ပေါ်ကိုတက်လာခဲ့လိုက်၏။
မှိုင်းတစ်ယောက်သူ့အားရှောင်တိမ်းနေသောဖွဲ့အားအတင်းလိုက်နမ်းနေစဥ်အခန်းရှေ့ကတံခါးဖွင့်သံကြောင့်ခေါင်းထောင်ကြည့်ကာ
''မင်းတို့ကိုဘယ်သူက''
သူ့စကားမဆုံးခင်အခန်းတံခါးပွင့်သွားပြီးသူ့အမေကအပါအဝင်တေးဖွဲ့သီနဲ့ဒေါ်ဝေဝေဦးပါအခန်းထဲဝင်ချလာလေ၏။
''မေမေ တေး''
ဖွဲ့ကိုကြီးကိုတွန်းဖယ်ပြီးကုတင်ပေါ်ကဆင်းကာ
''တေး ငါ ငါပြောတာအရင်နားထောင်ဦးနော် အခုကိစ္စကငါ့ဆန္ဒမပါဘူးနော်တေး''
တေး ဖွဲ့ရဲ့စကားတွေကိုဂရုမစိုက်ပဲမှိုင်းရဲ့အင်္ကျီအားကပိုကရိုဝတ်ထားသောဖွဲ့ကိုကြည့်ကာမျက်နှာတွေရောနားတွေပါနီရဲလာရ၏။
ပြီးတော့ဖွဲ့လည်တိုင်ပေါ်ကmarkingရာ။
''ကဲဟယ်''
''ဖြန်း''
''သမီး!''
တေးရဲ့လက်ဝါးကဖွဲ့ပါးပေါ်သို့အရှိန်အပြင်းဆုံးကျရောက်သွားတာကြောင့်ဖွဲ့ကုတင်ပေါ်ပြန်လဲကျသွားရသည်။
ဒါကိုမြင်လိုက်ရတဲ့မှိုင်းတစ်ယောက်ဒေါသငယ်ထိပ်ဆောင့်တက်သွားရကာတေးဖွဲ့သီအားလက်ပြန်ရို.က်ဖို့ရွယ်လိုက်စဥ်သူ့အမေကသူ့အားဆွဲထားသလိုဒေါ်ဝေဝေဦးကလည်းတေးရှေ့ကာလိုက်၍တေးကံကောင်းသွားရလေသည်။
''မလုပ်ပါနဲ့သားရယ်''
''ဒီမိန်းမလူပါးဝတာမေမေမမြင်ဘူးလား မင်းကဘာအခွင့်အရေးရှိလို့ငါ့ကလေးငယ်ကိုလက်ပါရတာလဲ!''
''ကျွန်မသ.တ်ပစ်လို့တောင်ရတယ်နားလည်လား ရှင်တို့ကြောင့်ကျွန်မအရှက်ကွဲရတာ''
''မင်းအပြစ်နဲ့မင်းပဲ မင်းကိုအစကတည်းကငြင်းခိုင်းပြီးသား မင်းဘာလို့လက်ခံလဲ ငါဆိုတဲ့ကောင်ကဘယ်သူထိန်းချုပ်တာမှမခံဘူးမှတ်ထား ငယ်ငယ်ကတည်းကငါလုပ်ချင်တာလုပ်ပြီးငါရချင်တာကိုရအောင်ယူတဲ့သူ ငါလိုချင်တာဖွဲ့မို့လို့ငါရအောင်ယူလိုက်တာ''
ဒေါ်ခင်သက်ထားကြားထဲကစိတ်ညစ်သွားရသည်။သူမသားအကြောင်းသိပေမယ့်ခုလောက်ထိလုပ်မယ်မထင်မိ။
တေးကလည်းဒေါသထွက်လွန်းလို့စကားတောင်မပြောနိုင်တော့။
မှိုင်း ဖွဲ့ပုခုံးလေးကိုဖက်ပြီးသူမပါးကလက်ဝါးရာကိုကြည့်ကာတေးကိုဒေါသတကြီးပြန်ကြည့်၍
''အခုတစ်ခါတည်းပြောလိုက်မယ် ဖွဲ့ကငါ့ဇနီးအရာမြောက်သွားပြီ သူကမင်းတို့နဲ့ဆိုင်ပဲဆိုင်တာ မပိုင်တော့ဘူး အခုသူ့ကိုပိုင်တဲ့သူကငါပဲ ငါ့အပိုင်ကိုလာထိဖို့မပြောနဲ့ မျက်စောင်းနဲ့တောင်မထိုးမိစေနဲ့ မဟုတ်လို့ကတော့မိန်းကလေးတွေဘာတွေနားမလည်ဘူး ခုနကတောင်မင်းကံကောင်းသွားလို့''
သူမအားရန်စွယ်ငေါငေါပြောဆိုပြီးဖွဲ့အားရင်ခွင်ထဲဆွဲဖက်လိုက်သောမှိုင်းကိုကြည့်ကာတေးတစ်ယောက်မျက်ရည်များကျလာရ၏။
ဝမ်းနည်းလွန်းလို့တော့မဟုတ်။ဒေါသထွက်လို့။
''တောက်!''
အခန်းထဲကချာခနဲလှည့်ထွက်သွားသောတေးကိုကြည့်ပြီးဖွဲ့မျက်ရည်တွေအဆက်မပြတ်ကျလာရသည်။
ငယ်ငယ်ကတည်းကလိုချင်တာမှန်သမျှရခဲ့တဲ့သူ။
ဖွဲ့ထက်ပိုပြီးအခွင့်ထူးခံဘဝနဲ့နေခဲ့ရပြီးအရာရာမှာဦးစားပေးခံခဲ့ရသူ။
အရုပ်တွေမုန့်တွေဆိုရင်တောင်သူမကြိုက်တာကိုမှရခဲ့ရတဲ့ဖွဲ့က အခုသူသိပ်လိုချင်ပါတယ်ဆိုတဲ့မှိုင်းအားလုယူသလိုဖြစ်သွား၍ရူးမတက်ခံပြင်းနေတော့မှာ။
ဖွဲ့ကိုလည်းေ.သလောက်အောင်နာကျည်းနေတော့မှာ။
🍏🍏🍏
စေ့စပ်ပွဲကိစ္စကြောင့်သူတို့မင်္ဂလာပွဲကိုလည်းအကြီးအကျယ်တွေလုပ်မနေတော့ပဲရုံးတက်လက်မှတ်ထိုးကာမင်္ဂလာဆွမ်းပဲကပ်လိုက်၏။
မဟုတ်ရင်အစ်မနဲ့စေ့စပ်ပွဲပျက်သွားတာကိုညီမနဲ့တစ်ခမ်းတနားလက်ထပ်တယ်ဆိုပြီးလူတွေမေးငေါ့ကြဦးမှာ။
အခုတောင်မှအစ်မနဲ့စေ့စပ်ပွဲမှာညီမကိုကားတင်ပြေးတယ်ဆိုပြီးလူတကာအတင်းပြောတာခံနေရတာမဟုတ်လား။
သူတို့သားဇွတ်တရွတ်ဆန်တာသိပေမယ့်မိန်းကလေးတစ်ယောက်ကိုကားတင်ပြေးကာအတင်းအဓမ္မအနိုင်ကျင့်မယ်မထင်ထားမိတာသူတို့မိဘတွေရဲ့လိုအပ်ချက်။
သားကလက်မခံဘူးပြောနေတဲ့ကြားကဇွတ်တိုးမိတာသူတို့အမှား။
ပြောရရင်သူတို့မိဘတွေရဲ့အမှားချည်း။
အခုတော့တစ်ရှက်ကနှစ်ရှက်ဖြစ်ကာတေးလည်းအရှက်ကွဲရပြီ။
ဖွဲ့ကိုလည်းလူတွေမကောင်းပြောတာခံရပြီ။
မှိုင်းအင်္ကျီကြယ်သီးတွေဖြုတ်ရင်းမှသူနဲ့မလှမ်းမကမ်းမှာရပ်နေသောဖွဲ့ကိုလှမ်းကြည့်ပြီး
''အဝတ်အစားမလဲဘူးလား''
''ကိုကြီးသွားမှလဲမယ်''
မှိုင်းမချိုမချဥ်ရုပ်နဲ့သူမနားကပ်လာတော့ဖွဲ့ကနောက်ကိုတဖြည်းဖြည်းဆုတ်သွားရင်း
''ဘာ ဘာလုပ်မလို့လဲ''
''ကိုကြီးရှိတော့ဘာဖြစ်လို့လဲကလေးငယ်''
သူ့ကိုယ်သူ'ကိုကြီး'လို့သုံးနှုန်းလိုက်သောသူ့အားဖွဲ့ကငေးစိုက်ကြည့်နေတုန်းသူဖွဲ့အားခါးကနေဆွဲဖက်လိုက်ပြီးမေးဖျားကနေမော့စေကာ
''မဟုတ်လည်းကိုယ်မြင်ဖူးပြီးသားပဲလေ ဘာရှက်စရာရှိလို့လဲ''
သူ့စကားကြောင့်ဖွဲ့မျက်နှာလေးကနီရဲသွားပြီးသူ့အားတွန်းလွှတ်ကာ
''တော်တော်အရှက်မရှိဘူး''
''ဘာလို့ရှက်ရမှာလဲ ကိုကြီးတို့ကလင်မယားတွေဖြစ်နေပြီလေ''
''ဘယ်သူကကိုကြီးကိုဖွဲ့ယောကျ်ားလို့သတ်မှတ်နေလို့လဲ''
''ကိုယ့်ဘာသာရောပတ်ဝန်းကျင်ကရောသတ်မှတ်ထားတာလေကလေးငယ်ရဲ့''
ဖွဲ့သူ့အားမျက်စောင်းလေးထိုးကာ
''မတရားအနိုင်ကျင့်ထားပြီး''
ပြောလိုက်တာကခပ်တိုးတိုးပေမယ့်ကိုကြီးကကြားဖြစ်အောင်ကြားကာကုတင်ဆီလျှောက်သွားပြီးဝင်ထိုင်၍
''အဲ့ကိစ္စလည်းပြောရဦးမယ် ကိုကြီးနဲ့ကလေးငယ်ကဘာမှမဖြစ်ခဲ့ဘူးနော်''
''အမ်''
မှိုင်းကခြေထောက်တွေကိုချိတ်ကာလက်နှစ်ဖက်ကိုနောက်ပြန်ထောက်၍
''ဒီအတိုင်းအဝတ်အစားတွေလဲပေးလိုက်ရုံပဲ''
ဖွဲ့မျက်နှာလေးကနဂိုကထက်ပိုပြီးအရောင်တလက်လက်ဖြစ်သွားကာသူ့ဘေးအပြေးအလွှားလာထိုင်ပြီး
''ကိုကြီးတစ်ကယ်ပြောနေတာလား ဖွဲ့တို့ဘာမှမဖြစ်ခဲ့ဘူးလား''
''အင်း''
''ဒါကိုကိုကြီးဘာလို့လိမ်ပြောရတာလဲ''
''အဲလိုပြောလိုက်လို့အခုကိုယ်တို့လက်ထပ်လိုက်ရပြီလေ အဲတုန်းကဘာမှမဖြစ်ခဲ့ပေမယ့် ဒီညကတော့...''
ပြောရင်းကိုကြီးကသူမနားတိုးကပ်လာ၍ဖွဲ့ထပြေးဖို့လုပ်တော့ကိုကြီးကသူမလက်ကိုဆွဲထားပြီးလူကိုသိုင်းဖက်ကာ
''ဘယ်ပြေးမလို့လဲ''
''ရေသွားချိုးမလို့ လွှတ်''
''မလွှတ်ချင်ဘူး အကြာကြီးဖက်ထားချင်တာ''
ပြောပြီးကိုကြီးကသူမပါးအားအတင်းဖိကပ်နမ်းပြီး
''မွှေးလိုက်တာ အိစက်နေတာပဲ''
''ကိုကြီးနော် လွှတ်လို့ပြောနေတယ် ဖွဲ့စိတ်ဆိုးလာပြီ''
သူမထိုသို့ပြောတော့မှကိုကြီးကသူမကိုလွှတ်ပေး၏။
သူလွှတ်ပေးလိုက်တာနဲ့ဖွဲ့လည်းရေချိုးခန်းထဲပြေးဝင်ခဲ့လိုက်တော့သည်။
အခန်းထဲရောက်တာနဲ့ဖွဲ့ ကိုကြီးနမ်းလိုက်တဲ့သူမပါးအားလက်နဲ့အသာသုတ်ရင်း
''မုန်းစရာကြီး ကြည့်လို့ကိုမရဘူး''
သူမစိတ်ထဲမှာလည်းဒီညကိုဘာမှဖြစ်မလာဖို့အကြံဉာဏ်တွေထုတ်နေလျက်ပင်။
🍏🍏🍏
ညရောက်တော့မှိုင်းအခန်းထဲဝင်လာချိန်တွင်ဖွဲ့ကသူမတစ်ကိုယ်လုံးကိုဂွမ်းစောင်အထူကြီးနဲ့ထွေးပတ်ထားပြီးခေါင်းလေးပဲဖော်ထား၍သူမျက်မှောက်ကြုံ့ကြီးဖြင့်
''အဲဒါဘာလုပ်ထားတာလဲ နွေရာသီကြီးကိုစောင်ခြုံထားတာမပူဘူးလား''
''ဟင့်အင်း ဒါတောင်ချမ်းနေသေးတယ် ဗီရိုထဲမှာစောင်ကတစ်ထည်ပဲတွေ့လို့ မဟုတ်ရင်သုံးလေးထည်လောက်နဲ့တောင်ပတ်ထားချင်သေးတာ''
သူဖွဲ့ကိုကြည့်ပြီးရယ်ချင်စိတ်ကိုမနည်းထိန်းထားရ၏။
ဉာဏ်များလိုက်ပုံကတော့။
''တစ်ကယ်မပူဘူးလား''
''အင်း''
''ပြီးရောလေ''
ပြောပြီးသူကုတင်ပေါ်တက်လိုက်ပြီးကျောအောက်မှာခေါင်းအုံးကိုခုကာမှီထိုင်ပြီးစားပွဲပေါ်ကစာအုပ်အားဆွဲယူလိုက်၏။
စိတ်ထဲမှာတော့ဖွဲ့ကိုကြည့်ကာတအားရယ်ချင်နေပါသည်။
ဖွဲ့တစ်ယောက်ကတော့ဒီလိုလုပ်ထားရုံနဲ့လုံခြုံပြီထင်နေပုံပါပဲ။
သူကသူမအားသနားလို့ဘာမှမလုပ်ပဲအလျှော့ပေးထားတာ။
အချိန်နည်းနည်းကြာလာသည်နှင့်ကိုကြီးကမအိပ်သေးပဲစာပဲဆက်ဖတ်နေသလိုဖွဲ့လည်းမတရားသဖြင့်ပူအိုက်နေတာကြောင့်အိပ်လို့မပျော်။
ဒီလိုနွေခေါင်ခေါင်ကြီးမှာတစ်ကိုယ်လုံးစောင်နဲ့ပတ်ထားတဲ့သူမအဖြစ်ကတွေးကြည့်တာနဲ့ကိုေ.သချင်စော်နံမှာပင်။
''ဟို ကိုကြီး''
''အင်း''
''ဟိုဟာ အဲလ်ကွန်းလေးထပ်တင်ပေးပါလား''
မှိုင်းသူမမမြင်အောင်ခိုးပြုံးလိုက်ပြီး
''အဲလ်ကွန်းထပ်တင်လည်းကလေးငယ်မျက်နှာပဲကွက်အေးနေမှာပေါ့''
ဖွဲ့မျက်နှာလေးရှုံ့မဲ့ကာ
''ကိုကြီးကခုထိမအိပ်သေးဘူးလား''
''ခုပဲအိပ်တော့မလို့''
သူစာအုပ်ကိုစားပွဲပေါ်ပြန်တင်ပြီးခေါင်းအုံးကိုနေရာတကျပြန်ထားကာလှဲအိပ်လိုက်၏။
ဆယ်ငါးမိနစ်လောက်ကြာတော့
''ကိုကြီး အိပ်ပြီလား''
မှိုင်းသူမကိုကျောပေးထားပြီးဘာမှပြန်မပြောပဲပြုံးလိုက်မိပြန်သည်။
''ကိုကြီး တစ်ကယ်အိပ်ပြီလား''
ဖွဲ့သေချာအောင်အသံထပ်ပြုပြီးမှကိုယ်ကိုတစ်ပတ်လှည့်လိုက်ရာကုတင်ပေါ်ကပြုတ်ကျသွားရတော့၏။
''ဒုတ်''
''အာ့ ေ.သပါပြီ''
နောက်စေ့နဲ့ကြမ်းနဲ့ရိုက်မိပြီးသူမမူးနောက်သွားရကာကိုကြီးသည်လည်းထိုအသံကြောင့်ထင်ပါရဲ့ ချက်ချင်းအိပ်ရာကနိုးလာပြီးကုတင်ပေါ်ကပြေးဆင်းလာ၍သူမကိုထူကာ
''ဘာဖြစ်သွားသေးလဲကလေးငယ် ဘယ်နားနာသွားသေးလဲ ကိုကြီးကိုပြောစမ်း''
''အဟင့် အီးဟီး ခေါင်းကွဲသွားပြီထင်တယ်''
မှိုင်းသူမကိုကြည့်ကာမရယ်ပဲမနေနိုင်ဖြစ်ပြီး ရယ်လိုက်မိတော့ဖွဲ့ကသူ့အားငိုနေရင်းမှမျက်စောင်းထိုးကာ
''သူများနာတာကိုရယ်နေတယ် အကျင့်ကိုမကောင်းဘူး''
''မဟုတ်ပါဘူး ကလေးငယ်ကအရမ်းချစ်ဖို့ကောင်းနေတော့ကိုယ်ရယ်မိသွားတာပါ''
မှိုင်းသူမခေါင်းလေးကိုကိုင်ပြီး
''ဥုံဖွ ပျောက်စေ''
ပြောပြီးသူဖွဲ့ကိုယ်ပေါ်ကစောင်အားဖယ်ပေးလိုက်ပြီးသူမကိုမတ်တပ်ထရပ်စေလိုက်၏။
''အရမ်းနာသွားလားကလေးငယ် ကိုကြီးကြည့်စမ်းဦးမယ် ပြ''
သူဖွဲ့နောက်စေ့ကိုသေချာပြူးပြဲကြည့်ပြီး
''ဘာမှမဖြစ်ပါဘူး ခေါင်းမူးနေသေးလား''
''ဟင့်အင်း မမူးပါဘူး သိပ်မနာတော့ဘူး''
''သေချာလား ဆရာဝန်နဲ့ပြသင့်ရင်ပြရအောင်''
''ဘာမှမဖြစ်ပါဘူးဆို အသေးအဖွဲလေးရယ်''
''ဟုတ်ပါပြီ ကဲလာ အိပ်တော့''
''ဟို ကိုကြီး ဟိုဟာလေ''
သူမ ပြောချင်တဲ့စကားကိုသူသိ၍ပြုံးရုံသာပြုံးပြီးသူမအားအိပ်ရာပေါ်လှဲအိပ်စေကာသူလည်းသူမဘေးဝင်လှဲလိုက်၏။
ပြီးတာနဲ့သူမခေါင်းအောက်မှာသူ့လက်မောင်းကိုခုပြီးသူမအားရင်ခွင်ထဲဆွဲဖက်ကာ
''ဒီလောက်တော့ရတယ်မလား''
သူ့အားမျက်လုံးဝိုင်းလေးနဲ့မော့ကြည့်နေသောဖွဲ့ရဲ့ပါးလေးကိုသူငုံ့နမ်းလိုက်ပြီး
''အိပ်တော့''
ခုလိုမင်္ဂလာဦးညမှာကိုယ့်ဇနီးကိုဘာမှမလုပ်တာသူပဲရှိမည်ထင်သည်။
🍏🍏🍏
Zawgyi
မႈိင္းနဲ႔ဖြဲ႕တို႔ရွိေနတဲ့အိမ္ထဲသို႔ေတးအပါအဝင္ႏွစ္ဖက္မိဘေတြပါေရာက္လာၾကေလ၏။
အိမ္ထဲေရာက္တာနဲ႔သူ႔သားရဲ႕တပည့္ေက်ာ္ႏွစ္ေကာင္ကဧည့္ခန္းထဲမွာဝင္ထိုင္ေနတာေၾကာင့္ေဒၚခင္သက္ထားသူတို႔ဆီသြားကာနား႐ြက္ကိုဆြဲလိမ္၍
''ေျမႇာက္ထိုးပင့္ေကာ္ႏွစ္ေကာင္ ကိုယ့္ဆရာကမဟုတ္တာလုပ္ေနရင္တားမယ္မရွိဘူး''
''ဆရာကတားမရလို႔ပါအန္တီရယ္''
''အခုသူဘယ္မလဲ''
''အေပၚထပ္မွာ ဒီမွာေသာ့''
ေဒၚခင္သက္ထား ေသာ့ကိုယူ၍သူ႔ေယာက်္ားနဲ႔ဦးထြန္းျမင့္ႏိုင္ဘက္လွည့္ကာ
''ရွင္တို႔ႏွစ္ေယာက္ေနခဲ့လိုက္ မသင့္ေတာ္ဘူး''
ေျပာၿပီးသူမတို႔မိန္းမသားသုံးေယာက္ပဲအိမ္ေပၚကိုတက္လာခဲ့လိုက္၏။
မႈိင္းတစ္ေယာက္သူ႔အားေရွာင္တိမ္းေနေသာဖြဲ႕အားအတင္းလိုက္နမ္းေနစဥ္အခန္းေရွ႕ကတံခါးဖြင့္သံေၾကာင့္ေခါင္းေထာင္ၾကည့္ကာ
''မင္းတို႔ကိုဘယ္သူက''
သူ႔စကားမဆုံးခင္အခန္းတံခါးပြင့္သြားၿပီးသူ႔အေမကအပါအဝင္ေတးဖြဲ႕သီနဲ႔ေဒၚေဝေဝဦးပါအခန္းထဲဝင္ခ်လာေလ၏။
''ေမေမ ေတး''
ဖြဲ႕ကိုႀကီးကိုတြန္းဖယ္ၿပီးကုတင္ေပၚကဆင္းကာ
''ေတး ငါ ငါေျပာတာအရင္နားေထာင္ဦးေနာ္ အခုကိစၥကငါ့ဆႏၵမပါဘူးေနာ္ေတး''
ေတး ဖြဲ႕ရဲ႕စကားေတြကိုဂ႐ုမစိုက္ပဲမႈိင္းရဲ႕အက်ႌအားကပိုက႐ိုဝတ္ထားေသာဖြဲ႕ကိုၾကည့္ကာမ်က္ႏွာေတြေရာနားေတြပါနီရဲလာရ၏။
ၿပီးေတာ့ဖြဲ႕လည္တိုင္ေပၚကmarkingရာ။
''ကဲဟယ္''
''ျဖန္း''
''သမီး!''
ေတးရဲ႕လက္ဝါးကဖြဲ႕ပါးေပၚသို႔အရွိန္အျပင္းဆုံးက်ေရာက္သြားတာေၾကာင့္ဖြဲ႕ကုတင္ေပၚျပန္လဲက်သြားရသည္။
ဒါကိုျမင္လိုက္ရတဲ့မႈိင္းတစ္ေယာက္ေဒါသငယ္ထိပ္ေဆာင့္တက္သြားရကာေတးဖြဲ႕သီအားလက္ျပန္႐ို.က္ဖို႔႐ြယ္လိုက္စဥ္သူ႔အေမကသူ႔အားဆြဲထားသလိုေဒၚေဝေဝဦးကလည္းေတးေရွ႕ကာလိုက္၍ေတးကံေကာင္းသြားရေလသည္။
''မလုပ္ပါနဲ႔သားရယ္''
''ဒီမိန္းမလူပါးဝတာေမေမမျမင္ဘူးလား မင္းကဘာအခြင့္အေရးရွိလို႔ငါ့ကေလးငယ္ကိုလက္ပါရတာလဲ!''
''ကြၽန္မသ.တ္ပစ္လို႔ေတာင္ရတယ္နားလည္လား ရွင္တို႔ေၾကာင့္ကြၽန္မအရွက္ကြဲရတာ''
''မင္းအျပစ္နဲ႔မင္းပဲ မင္းကိုအစကတည္းကျငင္းခိုင္းၿပီးသား မင္းဘာလို႔လက္ခံလဲ ငါဆိုတဲ့ေကာင္ကဘယ္သူထိန္းခ်ဳပ္တာမွမခံဘူးမွတ္ထား ငယ္ငယ္ကတည္းကငါလုပ္ခ်င္တာလုပ္ၿပီးငါရခ်င္တာကိုရေအာင္ယူတဲ့သူ ငါလိုခ်င္တာဖြဲ႕မို႔လို႔ငါရေအာင္ယူလိုက္တာ''
ေဒၚခင္သက္ထားၾကားထဲကစိတ္ညစ္သြားရသည္။သူမသားအေၾကာင္းသိေပမယ့္ခုေလာက္ထိလုပ္မယ္မထင္မိ။
ေတးကလည္းေဒါသထြက္လြန္းလို႔စကားေတာင္မေျပာႏိုင္ေတာ့။
မႈိင္း ဖြဲ႕ပုခုံးေလးကိုဖက္ၿပီးသူမပါးကလက္ဝါးရာကိုၾကည့္ကာေတးကိုေဒါသတႀကီးျပန္ၾကည့္၍
''အခုတစ္ခါတည္းေျပာလိုက္မယ္ ဖြဲ႕ကငါ့ဇနီးအရာေျမာက္သြားၿပီ သူကမင္းတို႔နဲ႔ဆိုင္ပဲဆိုင္တာ မပိုင္ေတာ့ဘူး အခုသူ႔ကိုပိုင္တဲ့သူကငါပဲ ငါ့အပိုင္ကိုလာထိဖို႔မေျပာနဲ႔ မ်က္ေစာင္းနဲ႔ေတာင္မထိုးမိေစနဲ႔ မဟုတ္လို႔ကေတာ့မိန္းကေလးေတြဘာေတြနားမလည္ဘူး ခုနကေတာင္မင္းကံေကာင္းသြားလို႔''
သူမအားရန္စြယ္ေငါေငါေျပာဆိုၿပီးဖြဲ႕အားရင္ခြင္ထဲဆြဲဖက္လိုက္ေသာမႈိင္းကိုၾကည့္ကာေတးတစ္ေယာက္မ်က္ရည္မ်ားက်လာရ၏။
ဝမ္းနည္းလြန္းလို႔ေတာ့မဟုတ္။ေဒါသထြက္လို႔။
''ေတာက္!''
အခန္းထဲကခ်ာခနဲလွည့္ထြက္သြားေသာေတးကိုၾကည့္ၿပီးဖြဲ႕မ်က္ရည္ေတြအဆက္မျပတ္က်လာရသည္။
ငယ္ငယ္ကတည္းကလိုခ်င္တာမွန္သမွ်ရခဲ့တဲ့သူ။
ဖြဲ႕ထက္ပိုၿပီးအခြင့္ထူးခံဘဝနဲ႔ေနခဲ့ရၿပီးအရာရာမွာဦးစားေပးခံခဲ့ရသူ။
အ႐ုပ္ေတြမုန္႔ေတြဆိုရင္ေတာင္သူမႀကိဳက္တာကိုမွရခဲ့ရတဲ့ဖြဲ႕က အခုသူသိပ္လိုခ်င္ပါတယ္ဆိုတဲ့မႈိင္းအားလုယူသလိုျဖစ္သြား၍႐ူးမတက္ခံျပင္းေနေတာ့မွာ။
ဖြဲ႕ကိုလည္းေ.သေလာက္ေအာင္နာက်ည္းေနေတာ့မွာ။
🍏🍏🍏
ေစ့စပ္ပြဲကိစၥေၾကာင့္သူတို႔မဂၤလာပြဲကိုလည္းအႀကီးအက်ယ္ေတြလုပ္မေနေတာ့ပဲ႐ုံးတက္လက္မွတ္ထိုးကာမဂၤလာဆြမ္းပဲကပ္လိုက္၏။
မဟုတ္ရင္အစ္မနဲ႔ေစ့စပ္ပြဲပ်က္သြားတာကိုညီမနဲ႔တစ္ခမ္းတနားလက္ထပ္တယ္ဆိုၿပီးလူေတြေမးေငါ့ၾကဦးမွာ။
အခုေတာင္မွအစ္မနဲ႔ေစ့စပ္ပြဲမွာညီမကိုကားတင္ေျပးတယ္ဆိုၿပီးလူတကာအတင္းေျပာတာခံေနရတာမဟုတ္လား။
သူတို႔သားဇြတ္တ႐ြတ္ဆန္တာသိေပမယ့္မိန္းကေလးတစ္ေယာက္ကိုကားတင္ေျပးကာအတင္းအဓမၼအႏိုင္က်င့္မယ္မထင္ထားမိတာသူတို႔မိဘေတြရဲ႕လိုအပ္ခ်က္။
သားကလက္မခံဘူးေျပာေနတဲ့ၾကားကဇြတ္တိုးမိတာသူတို႔အမွား။
ေျပာရရင္သူတို႔မိဘေတြရဲ႕အမွားခ်ည္း။
အခုေတာ့တစ္ရွက္ကႏွစ္ရွက္ျဖစ္ကာေတးလည္းအရွက္ကြဲရၿပီ။
ဖြဲ႕ကိုလည္းလူေတြမေကာင္းေျပာတာခံရၿပီ။
မႈိင္းအက်ႌၾကယ္သီးေတြျဖဳတ္ရင္းမွသူနဲ႔မလွမ္းမကမ္းမွာရပ္ေနေသာဖြဲ႕ကိုလွမ္းၾကည့္ၿပီး
''အဝတ္အစားမလဲဘူးလား''
''ကိုႀကီးသြားမွလဲမယ္''
မႈိင္းမခ်ိဳမခ်ဥ္႐ုပ္နဲ႔သူမနားကပ္လာေတာ့ဖြဲ႕ကေနာက္ကိုတျဖည္းျဖည္းဆုတ္သြားရင္း
''ဘာ ဘာလုပ္မလို႔လဲ''
''ကိုႀကီးရွိေတာ့ဘာျဖစ္လို႔လဲကေလးငယ္''
သူ႔ကိုယ္သူ'ကိုႀကီး'လို႔သုံးႏႈန္းလိုက္ေသာသူ႔အားဖြဲ႕ကေငးစိုက္ၾကည့္ေနတုန္းသူဖြဲ႕အားခါးကေနဆြဲဖက္လိုက္ၿပီးေမးဖ်ားကေနေမာ့ေစကာ
''မဟုတ္လည္းကိုယ္ျမင္ဖူးၿပီးသားပဲေလ ဘာရွက္စရာရွိလို႔လဲ''
သူ႔စကားေၾကာင့္ဖြဲ႕မ်က္ႏွာေလးကနီရဲသြားၿပီးသူ႔အားတြန္းလႊတ္ကာ
''ေတာ္ေတာ္အရွက္မရွိဘူး''
''ဘာလို႔ရွက္ရမွာလဲ ကိုႀကီးတို႔ကလင္မယားေတြျဖစ္ေနၿပီေလ''
''ဘယ္သူကကိုႀကီးကိုဖြဲ႕ေယာက်္ားလို႔သတ္မွတ္ေနလို႔လဲ''
''ကိုယ့္ဘာသာေရာပတ္ဝန္းက်င္ကေရာသတ္မွတ္ထားတာေလကေလးငယ္ရဲ႕''
ဖြဲ႕သူ႔အားမ်က္ေစာင္းေလးထိုးကာ
''မတရားအႏိုင္က်င့္ထားၿပီး''
ေျပာလိုက္တာကခပ္တိုးတိုးေပမယ့္ကိုႀကီးကၾကားျဖစ္ေအာင္ၾကားကာကုတင္ဆီေလွ်ာက္သြားၿပီးဝင္ထိုင္၍
''အဲ့ကိစၥလည္းေျပာရဦးမယ္ ကိုႀကီးနဲ႔ကေလးငယ္ကဘာမွမျဖစ္ခဲ့ဘူးေနာ္''
''အမ္''
မႈိင္းကေျခေထာက္ေတြကိုခ်ိတ္ကာလက္ႏွစ္ဖက္ကိုေနာက္ျပန္ေထာက္၍
''ဒီအတိုင္းအဝတ္အစားေတြလဲေပးလိုက္႐ုံပဲ''
ဖြဲ႕မ်က္ႏွာေလးကနဂိုကထက္ပိုၿပီးအေရာင္တလက္လက္ျဖစ္သြားကာသူ႔ေဘးအေျပးအလႊားလာထိုင္ၿပီး
''ကိုႀကီးတစ္ကယ္ေျပာေနတာလား ဖြဲ႕တို႔ဘာမွမျဖစ္ခဲ့ဘူးလား''
''အင္း''
''ဒါကိုကိုႀကီးဘာလို႔လိမ္ေျပာရတာလဲ''
''အဲလိုေျပာလိုက္လို႔အခုကိုယ္တို႔လက္ထပ္လိုက္ရၿပီေလ အဲတုန္းကဘာမွမျဖစ္ခဲ့ေပမယ့္ ဒီညကေတာ့...''
ေျပာရင္းကိုႀကီးကသူမနားတိုးကပ္လာ၍ဖြဲ႕ထေျပးဖို႔လုပ္ေတာ့ကိုႀကီးကသူမလက္ကိုဆြဲထားၿပီးလူကိုသိုင္းဖက္ကာ
''ဘယ္ေျပးမလို႔လဲ''
''ေရသြားခ်ိဳးမလို႔ လႊတ္''
''မလႊတ္ခ်င္ဘူး အၾကာႀကီးဖက္ထားခ်င္တာ''
ေျပာၿပီးကိုႀကီးကသူမပါးအားအတင္းဖိကပ္နမ္းၿပီး
''ေမႊးလိုက္တာ အိစက္ေနတာပဲ''
''ကိုႀကီးေနာ္ လႊတ္လို႔ေျပာေနတယ္ ဖြဲ႕စိတ္ဆိုးလာၿပီ''
သူမထိုသို႔ေျပာေတာ့မွကိုႀကီးကသူမကိုလႊတ္ေပး၏။
သူလႊတ္ေပးလိုက္တာနဲ႔ဖြဲ႕လည္းေရခ်ိဳးခန္းထဲေျပးဝင္ခဲ့လိုက္ေတာ့သည္။
အခန္းထဲေရာက္တာနဲ႔ဖြဲ႕ ကိုႀကီးနမ္းလိုက္တဲ့သူမပါးအားလက္နဲ႔အသာသုတ္ရင္း
''မုန္းစရာႀကီး ၾကည့္လို႔ကိုမရဘူး''
သူမစိတ္ထဲမွာလည္းဒီညကိုဘာမွျဖစ္မလာဖို႔အႀကံဉာဏ္ေတြထုတ္ေနလ်က္ပင္။
🍏🍏🍏
ညေရာက္ေတာ့မႈိင္းအခန္းထဲဝင္လာခ်ိန္တြင္ဖြဲ႕ကသူမတစ္ကိုယ္လုံးကိုဂြမ္းေစာင္အထူႀကီးနဲ႔ေထြးပတ္ထားၿပီးေခါင္းေလးပဲေဖာ္ထား၍သူမ်က္ေမွာက္ႀကဳံ႕ႀကီးျဖင့္
''အဲဒါဘာလုပ္ထားတာလဲ ေႏြရာသီႀကီးကိုေစာင္ၿခဳံထားတာမပူဘူးလား''
''ဟင့္အင္း ဒါေတာင္ခ်မ္းေနေသးတယ္ ဗီ႐ိုထဲမွာေစာင္ကတစ္ထည္ပဲေတြ႕လို႔ မဟုတ္ရင္သုံးေလးထည္ေလာက္နဲ႔ေတာင္ပတ္ထားခ်င္ေသးတာ''
သူဖြဲ႕ကိုၾကည့္ၿပီးရယ္ခ်င္စိတ္ကိုမနည္းထိန္းထားရ၏။
ဉာဏ္မ်ားလိုက္ပုံကေတာ့။
''တစ္ကယ္မပူဘူးလား''
''အင္း''
''ၿပီးေရာေလ''
ေျပာၿပီးသူကုတင္ေပၚတက္လိုက္ၿပီးေက်ာေအာက္မွာေခါင္းအုံးကိုခုကာမွီထိုင္ၿပီးစားပြဲေပၚကစာအုပ္အားဆြဲယူလိုက္၏။
စိတ္ထဲမွာေတာ့ဖြဲ႕ကိုၾကည့္ကာတအားရယ္ခ်င္ေနပါသည္။
ဖြဲ႕တစ္ေယာက္ကေတာ့ဒီလိုလုပ္ထား႐ုံနဲ႔လုံၿခဳံၿပီထင္ေနပုံပါပဲ။
သူကသူမအားသနားလို႔ဘာမွမလုပ္ပဲအေလွ်ာ့ေပးထားတာ။
အခ်ိန္နည္းနည္းၾကာလာသည္ႏွင့္ကိုႀကီးကမအိပ္ေသးပဲစာပဲဆက္ဖတ္ေနသလိုဖြဲ႕လည္းမတရားသျဖင့္ပူအိုက္ေနတာေၾကာင့္အိပ္လို႔မေပ်ာ္။
ဒီလိုေႏြေခါင္ေခါင္ႀကီးမွာတစ္ကိုယ္လုံးေစာင္နဲ႔ပတ္ထားတဲ့သူမအျဖစ္ကေတြးၾကည့္တာနဲ႔ကိုေ.သခ်င္ေစာ္နံမွာပင္။
''ဟို ကိုႀကီး''
''အင္း''
''ဟိုဟာ အဲလ္ကြန္းေလးထပ္တင္ေပးပါလား''
မႈိင္းသူမမျမင္ေအာင္ခိုးၿပဳံးလိုက္ၿပီး
''အဲလ္ကြန္းထပ္တင္လည္းကေလးငယ္မ်က္ႏွာပဲကြက္ေအးေနမွာေပါ့''
ဖြဲ႕မ်က္ႏွာေလးရႈံ႕မဲ့ကာ
''ကိုႀကီးကခုထိမအိပ္ေသးဘူးလား''
''ခုပဲအိပ္ေတာ့မလို႔''
သူစာအုပ္ကိုစားပြဲေပၚျပန္တင္ၿပီးေခါင္းအုံးကိုေနရာတက်ျပန္ထားကာလွဲအိပ္လိုက္၏။
ဆယ္ငါးမိနစ္ေလာက္ၾကာေတာ့
''ကိုႀကီး အိပ္ၿပီလား''
မႈိင္းသူမကိုေက်ာေပးထားၿပီးဘာမွျပန္မေျပာပဲၿပဳံးလိုက္မိျပန္သည္။
''ကိုႀကီး တစ္ကယ္အိပ္ၿပီလား''
ဖြဲ႕ေသခ်ာေအာင္အသံထပ္ျပဳၿပီးမွကိုယ္ကိုတစ္ပတ္လွည့္လိုက္ရာကုတင္ေပၚကျပဳတ္က်သြားရေတာ့၏။
''ဒုတ္''
''အာ့ ေ.သပါၿပီ''
ေနာက္ေစ့နဲ႔ၾကမ္းနဲ႔႐ိုက္မိၿပီးသူမမူးေနာက္သြားရကာကိုႀကီးသည္လည္းထိုအသံေၾကာင့္ထင္ပါရဲ႕ ခ်က္ခ်င္းအိပ္ရာကႏိုးလာၿပီးကုတင္ေပၚကေျပးဆင္းလာ၍သူမကိုထူကာ
''ဘာျဖစ္သြားေသးလဲကေလးငယ္ ဘယ္နားနာသြားေသးလဲ ကိုႀကီးကိုေျပာစမ္း''
''အဟင့္ အီးဟီး ေခါင္းကြဲသြားၿပီထင္တယ္''
မႈိင္းသူမကိုၾကည့္ကာမရယ္ပဲမေနႏိုင္ျဖစ္ၿပီး ရယ္လိုက္မိေတာ့ဖြဲ႕ကသူ႔အားငိုေနရင္းမွမ်က္ေစာင္းထိုးကာ
''သူမ်ားနာတာကိုရယ္ေနတယ္ အက်င့္ကိုမေကာင္းဘူး''
''မဟုတ္ပါဘူး ကေလးငယ္ကအရမ္းခ်စ္ဖို႔ေကာင္းေနေတာ့ကိုယ္ရယ္မိသြားတာပါ''
မႈိင္းသူမေခါင္းေလးကိုကိုင္ၿပီး
''ဥဳံဖြ ေပ်ာက္ေစ''
ေျပာၿပီးသူဖြဲ႕ကိုယ္ေပၚကေစာင္အားဖယ္ေပးလိုက္ၿပီးသူမကိုမတ္တပ္ထရပ္ေစလိုက္၏။
''အရမ္းနာသြားလားကေလးငယ္ ကိုႀကီးၾကည့္စမ္းဦးမယ္ ျပ''
သူဖြဲ႕ေနာက္ေစ့ကိုေသခ်ာျပဴးၿပဲၾကည့္ၿပီး
''ဘာမွမျဖစ္ပါဘူး ေခါင္းမူးေနေသးလား''
''ဟင့္အင္း မမူးပါဘူး သိပ္မနာေတာ့ဘူး''
''ေသခ်ာလား ဆရာဝန္နဲ႔ျပသင့္ရင္ျပရေအာင္''
''ဘာမွမျဖစ္ပါဘူးဆို အေသးအဖြဲေလးရယ္''
''ဟုတ္ပါၿပီ ကဲလာ အိပ္ေတာ့''
''ဟို ကိုႀကီး ဟိုဟာေလ''
သူမ ေျပာခ်င္တဲ့စကားကိုသူသိ၍ၿပဳံး႐ုံသာၿပဳံးၿပီးသူမအားအိပ္ရာေပၚလွဲအိပ္ေစကာသူလည္းသူမေဘးဝင္လွဲလိုက္၏။
ၿပီးတာနဲ႔သူမေခါင္းေအာက္မွာသူ႔လက္ေမာင္းကိုခုၿပီးသူမအားရင္ခြင္ထဲဆြဲဖက္ကာ
''ဒီေလာက္ေတာ့ရတယ္မလား''
သူ႔အားမ်က္လုံးဝိုင္းေလးနဲ႔ေမာ့ၾကည့္ေနေသာဖြဲ႕ရဲ႕ပါးေလးကိုသူငုံ႔နမ္းလိုက္ၿပီး
''အိပ္ေတာ့''
ခုလိုမဂၤလာဦးညမွာကိုယ့္ဇနီးကိုဘာမွမလုပ္တာသူပဲရွိမည္ထင္သည္။
🍏🍏🍏