Unicode
ထိုကိစ္စဖြစ်ပျက်ပြီးနောက်ပိုင်းဖွဲ့အခန်းထဲကအခန်းပြင်မထွက်တော့ပါ။
ဖုန်းကိုလည်းစက်ပိတ်ထားမိတာခုထိပင်။
''သမီး နေမကောင်းဘူးလား အခန်းထဲမှာပဲအောင်းနေတယ်''
မေမေကသူမနဖူးလေးကိုစမ်းကာလာမေး၏။
''ဖွဲ့နေကောင်းပါတယ်မေမေ ဒီအတိုင်း နည်းနည်းခေါင်းကိုက်နေလို့ပါ''
''ဆေးသောက်မလားသမီး''
''ဟင့်အင်း ရပါတယ်''
''သေချာရဲ့လား တော်ကြာမနက်ဖြန်တေးရဲ့စေ့စပ်ပွဲမှာသမီးရှိမနေနိုင်ပဲနေဦးမယ်''
''ဖွဲ့မနက်ဖြန်အခန်းထဲမှာပဲနေလို့ရလားမေမေ''
ဒေါ်ဝေဝေဦးပြာပြာသလဲနှင့်
''ဘာလို့လဲသမီးရဲ့ မရပါဘူး ရှိတာမှဒီမိသားစု'လေးယောက်ပဲရှိတာ ကိုယ့်တစ်ဦးတည်းသောအစ်မရဲ့စေ့စပ်ပွဲမှာသမီးရှိနေရမှာပေါ့''
ဖွဲ့ ကိုယ်ပေါ်ကစောင်လေးအားခပ်တင်းတင်းဆုပ်ထားမိသည်။
ဖွဲ့ ကိုကြီးမျက်နှာကိုမကြည့်ရဲသေးပါ။ခုထိထိုအဖြစ်အပျက်တွေကသူမအိပ်မက်ထဲထိရောက်ရောက်လာတုန်း။
ပြီးတော့သူမကိုကြီးပါးကိုရို.က်လိုက်မိသေးတာ။
''သမီးတစ်ခုခုဖြစ်နေတာလား မေမေ့ကိုပြော''
''မဟုတ်ပါဘူးမေမေ ဖွဲ့ဒီအတိုင်းမေမေ့ကိုနောက်လိုက်တာပါ ဖွဲ့သာအဲ့ပွဲမှာမရှိနေရင်ဖွဲ့ရဲ့ဝတ်စုံလေးကနှမြောစရာဖြစ်သွားမှာပေါ့ လှလှလေးချုပ်ထားတာကို''
သမီးဖြစ်သူပြုံးလာမှဒေါ်ဝေဝေဦးလည်းစိတ်အေးသွားရ၏။
''အဲလိုလေးပြုံးနေမှပေါ့သမီးရယ် မေမေ့သမီးလေးကပြုံးနေရင်အရမ်းချစ်ဖို့ကောင်းတာလေ သမီးထမင်းစားမလား မေမေခူးခဲ့ပေးမယ်''
''ဟုတ်ကဲ့''
သမီးနှစ်ယောက်တစ်ချိန်တည်းမွေးထားတာပေမယ့်ဖွဲ့နဲ့တေးကတစ်ကယ့်ဆန့်ကျင်ဘက်ဖြစ်ကာ တေးကစိတ်မာပြီးစိတ်ကြီးသလောက်ဖွဲ့ကအရာရာမှာအားငယ်ဝမ်းနည်းတတ်တာမို့ဒေါ်ဝေဝေဦးမှာသမီးငယ်ဖွဲ့အားပိုပြီးဂရုဏာသက်ရသည်။
တေးကကိုယ့်ခြေထောက်ပေါ်ကိုရပ်နိုင်နေပြီဆိုပေမယ့်ဖွဲ့ကခုထိအပြင်တောင်တစ်ယောက်တည်းမထွက်ရဲတဲ့သူဆိုတော့မိခင်ဖြစ်တဲ့သူမကဖွဲ့အတွက်တအားရင်လေးရ၏။
ပြီးတော့ဖွဲ့ကတစ်ခုခုဆိုစိတ်ထဲမှာကြိတ်ခံစားပြီးအပြင်မှာထုတ်မပြောတတ်။
အသက်အစိတ်ပြည့်တော့မှာချင်းအတူတူတေးကလူကြီးဆန်ကာရင့်ကျက်ပြီးဖွဲ့ကခုထိကလေးဆန်နေတုန်း။
___________________
''လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာစက်ပိတ်ထားပါတယ်ရှင်''
ဘယ်နှစ်ခါခေါ်ခေါ်ဖွဲ့ရဲ့ဖုန်းကစက်ပိတ်ထားဆဲဖြစ်၍မှိုင်းတစ်ယောက်ဒေါကန်နေပါပြီ။
''မင်းကတော့ကိုယ့်စိတ်ကိုလာဆွနေပြီပဲ ကိုယ့်အကြောင်းမင်းမသိသေးဘူးကလေးငယ် ကိုယ်နောက်ဆုံးလက်နက်ကိုထုတ်သုံးရလိမ့်မယ် မင်းကိုယ့်ကိုအပြစ်မတင်နဲ့တော့''
မနက်ဖြန်သူနဲ့တေးဖွဲ့သီရဲ့စေ့စပ်ပွဲ။ဒါပေမယ့်ခုချိန်ထိသူ့ခေါင်းထဲပြည့်နေတာကသူ့ကလေးငယ်ရဲ့အကြောင်းတွေချည်းပဲ။
မနက်ဖြန်ကသူနဲ့တေးဖွဲ့သီရဲ့စေ့စပ်ပွဲမဟုတ်ပဲသူနဲ့သူ့ကလေးငယ်ပေါင်းဖက်ရမယ့်နေ့သာဖြစ်လာလိမ့်မည်။
🍏🍏🍏
ခရမ်းရောင်မြန်မာဝတ်စုံလေးနဲ့အလှကြီးလှနေသောတေး။
သူမခရမ်းရောင်မကြိုက်ပေမယ့်မှိုင်းကခရမ်းရောင်ကြိုက်တာဆို၍သူမလည်းသူ့သဘောကျပြင်ဆင်ရမည်လေ။
အမြဲတမ်းကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်နေခဲ့ပြီးသူများတွေသဘောကျလားမကျလားဂရုမစိုက်ခဲ့တဲ့သူမက အခုမှိုင်းသဘောကျနေပေးချင်နေသည်။
မှန်ထဲကကိုယ့်မျက်နှာကိုမှန်ထဲကြည့်ပြီးတေးတစ်ယောက်ကျေနပ်စွာအလှဆုံးပြုံးလိုက်၏။
တစ်ဖက်မှာလည်းဖွဲ့တစ်ယောက်မီးဖိုခန်းထဲမှာငူငူငိုင်ငိုင်ကြီးထိုင်နေမိသည်။
သူမအပြင်လည်းမထွက်ရဲ။
''ဒီနေ့ကြီးကိုကျော်လို့ရရင်ကောင်းမှာပဲ''
ထိုစဥျ
''ဖွဲ့''
''ဟင်''
အသံကြားတာနဲ့ကိုကြီးမှန်းသိလိုက်တာမို့ဖွဲ့ချက်ချင်းထိုင်ရာကထကာသူနဲ့ခပ်ဝေးဝေးမှာသွားရပ်လိုက်၏။
ဒီလိုနေ့မျိုးမှာတောင်ကိုကြီးတစ်ယောက်ရှပ်အင်္ကျီနဲ့ဘောင်းဘီကိုသာတွဲဖက်ဝတ်ဆင်ထားတုန်း။
စေ့စပ်ပွဲနေ့ကြီးမှာတောင်ဖြစ်ကတက်ဆန်းဝတ်စားဆင်ယင်ထားသောကိုကြီးကိုကြည့်ကာဖွဲ့အတော်လေးစိတ်ပျက်မိသည်။
မှိုင်းသူ့မျက်စိရှေ့ကအပြာနုရောင်မြန်မာဝတ်စုံလေးနဲ့ချစ်စရာကောင်းလှသောသူမအားစုန်ချည်ဆန်ချည်ကြည့်ကာ
''လှသားပဲ''
''ရှင်ဖွဲ့ကိုအဲလိုမပြောပါနဲ့ တေးကိုပြောဖို့ချန်ထားလိုက် ရှင်ကရော ရှင်ဘာလို့ခုလိုဝတ်စားထားတာလဲ ရှင့်မိဘတွေဘာမှမပြောဘူးလား''
''ရှင်တဲ့လား''
ပြောရင်းသူကဖွဲ့အနားဖြည်းဖြည်းချင်းလျှောက်လာတော့ဖွဲ့နောက်ကိုဆုတ်ကာ
''ရှေ့တိုးမလာနဲ့နော် ဒီနေ့က တေးနဲ့ကိုကြီးရဲ့စေ့စပ်ပွဲနေ့''
''အဲလိုမှပေါ့ ကိုယ်ဒီလိုဝတ်ထားတာဘာဖြစ်နေလို့လဲ ကိုယ်ဒီနေ့ဒီကိုရောက်လာတာပဲကျေးဇူးတင်လိုက်ဦး အခုလောလောဆယ်ဖွဲ့ကိုယ်နဲ့ခဏလိုက်ခဲ့ အိမ်မှာလက်စွပ်ကျန်ခဲ့လို့ပြန်သွားယူမလို့''
''ဘယ်မှမလိုက်နိုင်ဘူး''
''ရတယ်လေ အဲဒါဆိုဟိုနေ့ကကိုယ်တို့နမ်းခဲ့တဲ့ကိစ္စအားလုံးသိအောင်ပြောပစ်မယ်''
''ဟင်''
''ဘယ်လိုလဲ ပြောလိုက်ရမှာလား''
''ဟင့်အင်း မပြောပါနဲ့ ဖွဲ့လိုက်ခဲ့ပါမယ်''
မှိုင်းအဓိပ္ပါယ်တစ်မျိုးပါသောအပြုံးအားပြုံးလိုက်၏။
နောက်ဆုံးတော့သူ့ကလေးငယ်အားသူ့အနားအမြဲခေါ်ထားနိုင်တော့မှာပင်။
_________________
မှိုင်းရဲ့ကားလေးကနှစ်ထပ်တိုက်အိမ်ငယ်လေးရှေ့မှာထိုးရပ်သွားလေ၏။
ဖွဲ့ကြားထားတာကကိုကြီးတို့အိမ်ကအတော်လေးကြီးကျယ်ခမ်းနားတာတဲ့။
အခုသူမမျက်စိရှေ့မြင်နေရတဲ့အိမ်လေးကသူမတို့အိမ်ထက်အောင်သေးငယ်နေသေးတာမို့ဖွဲ့ဇဝေဇဝါပင်ဖြစ်သွားရသည်။
''ဆင်းလေ''
''တော်ပြီ ဖွဲ့အပြင်ကပဲစောင့်မယ်''
''လာပါ ကိုယ်ဖွဲ့ကိုကို.က်မစားပါဘူး''
(အကောင်လိုက်ပဲမြိုမှာ ဟီးဟီး😁)
ဖွဲ့တွန့်ဆုတ်တွန့်ဆုတ်နဲ့ကားပေါ်ကဆင်းလိုက်ပြီးကိုကြီးနောက်ကလိုက်လာခဲ့လိုက်၏။
အိမ်တံခါးကိုဖွင့်လိုက်တော့ပြတင်းပေါက်တွေလိုက်ကာတွေကအကုန်ပိတ်ထား၍အိမ်ကအနည်းငယ်မှောင်မဲနေတာကြောင့်ဖွဲ့စိတ်ထဲအနည်းငယ်ကြောက်သွားပြီးကိုကြီးနားကပ်လိုက်မိသည်။
ကိုကြီးကသူမလက်ကိုကိုင်၍
''ဘာဖြစ်လို့လဲ ကြောက်လို့လား''
ဖွဲ့သူမလက်ကိုဆွဲဖြုတ်ပြီး
''ဖွဲ့အပြင်ကပဲစောင့်တော့မယ်ကိုကြီး''
ပြောပြီးအိမ်ပေါက်ဝကနေလှည့်ပြန်မလိုလုပ်နေတဲ့သူကအားကိုကြီးကဒူးကနေပွေ့ပြီးပုခုံးပေါ်ထမ်းတင်ကာအိမ်ပေါ်တက်လာတာကြောင့်ဖွဲ့အထိတ်တလန့်နှင့်
''ကိုကြီးဘာလုပ်တာလဲ ခုချက်ချင်းဖွဲ့ကိုအောက်ပြန်ချပေး''
သူ့ကျောအားထုရို.က်နေတာက မသိရင်ပန်းနဲ့ပေါက်နေသလို။
ထိုစဥ်လူနှစ်ယောက်ကလည်းသူမတို့နောက်ကလိုက်လာ၍ဖွဲ့အတော်လေးကြောက်သွားရသည်။
''ဖွဲ့ကိုခုချက်ချင်းပြန်ပို့ပေး''
သူမစကားကကိုကြီးနားထဲဝင်ရောဝင်ရဲ့လားမသိ။
ခဏကြာတော့ကိုကြီးကသူမအားအခန်းတစ်ခုထဲခေါ်လာပြီးမွေ့ယာပေါ်ပစ်ချလိုက်တာကြောင့်ဖွဲ့ရင်ထဲအေးခနဲဖြစ်သွားရလေ၏။
ခုနကသူမတို့နောက်ကလိုက်လာတဲ့သူနှစ်ယောက်ကလည်းအခန်းတံခါးကိုအပြင်ကနေသော့ခတ်ပစ်လိုက်သည်ထင်သည်။
ဖွဲ့အိပ်ရာကနေကုန်းရုန်းထကာနောက်ကိုဖင်ထိုင်လျက်လေးရွှေ့ရင်း
''ရှင်ဖွဲ့ကိုဘာလုပ်မလို့လဲ လူယုတ်မာကြီး''
မှိုင်းသူ့လက်ကနာရီအားချွတ်ရင်း
''ထပ်ပြောပြန်ပြီလား''
ဖွဲ့မျက်ရည်လေးတွေဝဲကာ
''ဖွဲ့တောင်းပန်ပါတယ်ကိုကြီးရယ် ဖွဲ့ကိုပြန်ပို့ပေးပါ''
''မငိုပါနဲ့ကလေးငယ် ကိုယ်ကမင်းကိုမျက်ရည်ကျအောင်လုပ်တဲ့သူမဖြစ်ချင်ဘူး မင်းပဲပြောတယ်လေ ကိုယ်လက်ထပ်ရမယ့်သူကိုဂရုစိုက်ဆို ကိုယ်ကမင်းကိုပဲဂရုစိုက်ချင်တာလေ အဲတော့ကိုယ်မင်းကိုလက်ထပ်လိုက်မယ် ဒါဆိုကိုယ်မင်ကိုဂရုစိုက်လို့ရပြီလား''
ပြောရင်းကိုကြီးကဖွဲ့အနားကပ်လာ၍ဖွဲ့ကိုကြီးအားတွန်းလွှတ်ကာကုတင်ပေါ်ကပြေးဆင်းလိုက်၏။
အခန်းတံခါးကိုအတင်းဆွဲဖွင့်နေသောဖွဲ့အားသူအင်္ကျီကြယ်သီးတွေဖြုတ်ရင်းမခိုးမခန့်ကြည့်ကာ
''ကြိုးစားမနေနဲ့ ပင်ပန်းတာပဲအဖတ်တင်မယ်''
ဖွဲ့နောက်ကိုလှည့်ကြည့်လိုက်တော့သူကအပေါ်ပိုင်းဗလာနဲ့ဖြစ်နေ၍ဖွဲ့မျက်လုံးတွေကိုမှိတ်ချကာ
''ဒီနေ့ကကိုကြီးနဲ့တေးရဲ့စေ့စပ်ပွဲလေ ကိုကြီးဘာလို့ဖွဲ့ကိုခေါ်လာတာလဲ ဖွဲ့ကိုပြန်ပို့ပေးပါ''
ထိုစဥ်သူမမျက်နှာလေးအားကိုကြီးကလက်တစ်ဖက်တည်းနဲ့ဆွဲယူလိုက်ပြီး
''အဲဒီ့စေ့စပ်ပွဲကကိုယ့်ဆန္ဒမှမပါတာ လူကြီးတွေကအတင်းစီစဥ်တာ ကိုယ်အစကတည်းကပြောပြီးသား ရုပ်ချင်းဘယ်လောက်ပဲတူတူ ကိုယ်ကတေးဖွဲ့သီထက် လွမ်းဖွဲ့တေးကိုပိုကြိုက်တာလို့ လူကြီးတွေကဂရုမှမစိုက်တာ အဲတော့ကိုယ်ဘာကောင်လဲဆိုတာပြလိုက်တာလေ''
ဖွဲ့မျက်လုံးတွေမှိတ်ထားလည်းကိုကြီးဆီကဝင်လေထွက်လေကသူမမျက်နှာကိုရိုက်ခတ်နေ၍လူချင်းအရမ်းနီးနေတယ်ဆိုတာခံစားမိသည်။
''ဒါပေမယ့်ဖွဲ့ကမှကိုကြီးကိုမကြိုက်တာ''
''ဘာ!''
သူ့အသံကြောင့်ဖွဲ့အလန့်တကြားမျက်လုံးဖွင့်ကြည့်လိုက်တော့ကိုကြီးကသူမအားနီရဲနေသောမျက်လုံးတွေနဲ့အံကိုတင်းတင်းကြိတ်ကာကြည့်နေပြီး
''အဟင်း ကလေးငယ်ကချိုချိုသာသာပြောလို့မရဘူးထင်တယ်''
ကိုကြီးကဖွဲ့အားတံခါးမှာတွန်းကပ်လိုက်ပြီးနှုတ်ခမ်းကိုအကြမ်းပတမ်းနမ်းကာလက်ကလည်းသူမရဲ့ရင်ဖုံးအင်္ကျီကကြယ်သီးလေးတွေကိုဆွဲဖြုတ်လာလေ၏။
ဖွဲ့ ကိုကြီးရင်ဘတ်အားထုရို.က်ရင်းရုန်းတော့ကိုကြီးကသူမအားလွှတ်ပေးလိုက်ပြီးအနားကကုတင်ပေါ်တွန်းလွှတ်ကာပုဖုံးနှစ်ဖက်ကိုအတင်းဖိထား၍
''ကိုယ်တို့ကိုသူများတွေမခွဲဖို့ဆိုရင် ကလေးငယ်ကကိုယ့်မိန်းမဖြစ်နေမှရမှာပေါ့ ဟုတ်တယ်မလား''
''ဟင်''
ဖွဲ့ကြားလိုက်ရတဲ့စကားကြောင့်လူကမိုက်ခနဲဖြစ်သွားပြီးမျက်လုံးတွေပါပြာဝေသွားရကာ
''ဟင့်အင်း မလုပ်နဲ့ ကယ်ကြ အွန့်''
သူ့ခန္ဓာကိုယ်ကြီးနဲ့ဖွဲ့ကိုယ်လေးအားအတင်းအုပ်မိုးကာဖိထားပြီးဇွတ်တရွတ်နမ်းလာသောကိုကြီးရဲ့အနမ်းကြမ်းတွေကြားဖွဲ့အသက်ရှူရခက်လာပြီးလူကပြာဝေလာရလေ၏။
ကိုယ့်ခဲအိုဖြစ်လာမယ်လို့ထင်ထားတဲ့သူကကိုယ့်ယောကျ်ားဖြစ်လာတဲ့အဖြစ်ကိုဖွဲ့ဘယ်တုန်းကမှစိတ်ကူးတောင်မယဥ်ခဲ့ဖူးပေ။
ဒါပေမယ့်အခုတစ်ကယ့်လက်တွေ့မှာဖြစ်သွားခဲ့ပြီပင်။
ခဏကြာတော့သူ့အားအတင်းထုရိုက်ရုန်းကန်နေတဲ့သူမလက်ကလေးတွေကငြိမ်ကျသွား၍မှိုင်းသူမကိုနမ်းနေရာမှခွာကြည့်လိုက်စဥ် မျက်လုံးလေးတွေမှိတ်ကာတုပ်တုပ်မလှုပ်သောသူမကိုကြည့်ပြီးမှိုင်းအတော်လေးစိုးရိမ်သွားရလေ၏။
''ကလေးငယ် ကလေးငယ်''
သူဖွဲ့အားဆွဲထူပြီးသူမလေးအားရင်ခွင်ထဲထည့်၍ပါးလေးကိုလှုပ်နှိုးသော်လည်းသူမကသတိလည်မလာ။
''ကိုယ်တောင်းပန်ပါတယ် ကိုယ်ကလေးငယ်ကိုပိုင်ဆိုင်ချင်လို့ပါ''
ပြောပြီးသူဖွဲ့ရဲ့နှုတ်ခမ်းဖူးဖူးလေးအားဖိကပ်နမ်းလိုက်လေ၏။
🍏🍏🍏
တစ်ဖက်မှာလည်းမှိုင်းမရှိတဲ့စေ့စပ်ပွဲကဂယောက်ဂယက်တွေဖြစ်နေပါပြီ။
ပွဲလာဧည့်သည်တစ်ချို့လည်းပြန်သွားကြပြီဖြစ်သလိုနှစ်ဖက်မိဘတွေလည်းမျက်နှာတွေပျက်နေကြပြီ။
တေးကလည်းဒေါသကြောင့်မျက်နှာတစ်ခုလုံးနီရဲနေလေ၏။
ဒင်းကဘာအချိုးချိုးရတာလဲ။ဖုန်းကလည်းခေါ်လို့မရ။
ထိုစဥ်ဒေါ်ဝေဝေဦးက
''နေပါဦး ဖွဲ့ရော ဖွဲ့ဘယ်ရောက်နေတာလဲ ဖွဲ့ပျောက်နေတယ်နော် ရှာကြပါဦး''
တေးချက်ချင်းထိုင်ရာမှထရပ်လိုက်မိသည်။သူမခေါင်းထဲမှာလည်းအတွေးကလက်ခနဲ။
သူမနည်းတူဒေါ်ခင်သက်ထားလည်းအတွေးအတူတူပဲဖြစ်၏။
သားတော်မောင်ကပညာပြပြီထင်ပါရဲ့။
_________________
ဖွဲ့တစ်ယောက်သတိပြန်ရရလာခြင်းသူမခုနကအခန်းထဲမှာပဲရှိနေသေးတယ်ဆိုတာသိလိုက်၍ချက်ချင်းအိပ်နေရာမှထထိုင်လိုက်တော့သူမကိုယ်ပေါ်မှာကကိုကြီးရဲ့အင်္ကျီကနေရာယူထားလေ၏။
ဘေးဘီကိုကြည့်လိုက်တော့သူမအဝတ်အစားတွေကကုတင်ခြေရင်းမှာပြန့်ကျဲလို့။
''ကျွန်တော်ဖွဲ့ကိုခိုးပြေးသွားတာ ကျွန်တော်အစကတည်းကပြောသားပဲ ကျွန်တော်ပြောတာသာနားထောင်ခဲ့ရင်ခုလိုမျက်နှာပျက်စရာဖြစ်လာမှာမဟုတ်ဘူး''
နားထဲတိုးဝင်လာတဲ့အသံကြောင့်ဖွဲ့လှည့်ကြည့်လိုက်တော့ကိုကြီးကအပေါ်ပိုင်းဗလာနဲ့ပြတင်းပေါက်နားမှာရပ်ကာဖုန်းပြောနေလေ၏။
ဖွဲ့ချက်ချင်းကုတင်ပေါ်ကပြေးဆင်းကာတံခါးကိုသွားဖွင့်တော့တံခါးကခုထိဖွင့်လို့မရသေးပေ။
''ဒုန်း ဒုန်း''
''တံခါးလာဖွင့်ပေး ကျွန်မအိမ်ပြန်မယ် တံခါးလာဖွင့်ပေးကြ!''
မှိုင်းလက်ထဲကဖုန်းကိုချပြီးသူမအားနောက်ကနေသိမ်းကြုံးဖက်ကာ
''ခုမှဘာမှမထူးတော့ဘူး ကလေးငယ်ကအခုကိုယ့်မိန်းမဖြစ်သွားပြီ''
''ဟင့်အင်း မဟုတ်ဘူး ဒါရှင်သက်သက်ယုတ်မာလို့ ကျွန်မအလိုတူလို့မဟုတ်ဘူး ရှင့်ကိုတရားစွဲပြီးထောင်ချပစ်မယ်မဒိန်းကောင်ကြီး''
မှိုင်းသူမကိုယ်လေးကိုဆွဲလှည့်ပြီး
''ဒါယုတ်မာတာမဟုတ်ဘူး ယုတ်မာတယ်ဆိုတာမိန်းကလေးတစ်ယောက်ကိုအခွင့်အရေးယူဖျက်စီးပြီးကျောရရုံကြံတာမျိုးကိုခေါ်တာ ကိုယ်ကကလေးငယ်ကိုပိုင်ဆိုင်ချင်လို့ လက်ထပ်ချင်လို့ ကိုယ့်ဇနီးအဖြစ်အနားမှာတစ်သက်လုံးခေါ်ထားချင်လို့ခုလိုလုပ်လိုက်တာ ကိုယ်မြတ်နိုးတဲ့အရာကိုရအောင်ယူတာယုတ်မာတာမှမဟုတ်တာ''
ဖွဲ့သူ့အားဒုတိယအကြိမ်အဖြစ်ပါးကိုထပ်ရို.က်ပစ်လိုက်၏။
ဒီတစ်ခါတော့တမင်ရည်ရွယ်ချက်ရှိရှိရို.က်ပစ်လိုက်တာ။
''ကျေနပ်ပြီလား ထပ်ရို.က်ဦး ကျေနပ်တဲ့ထိရို.က်''
သူဖွဲ့လက်ကလေးကိုယူကာသူ့အားရို.က်စေတော့သူမကလက်ကိုဆတ်ခနဲပြန်ဆွဲယူပြီးကုတင်ပေါ်မှာဝင်ထိုင်လိုက်ကာငိုချရင်း
''အဟင့် တေးကိုဘယ်လိုမျက်နှာပြရတော့မှာလဲ တေးကရှင့်ကိုကြိုက်နေတာ အခုတေးအရမ်းစိတ်ဆိုးနေတော့မှာ ဖွဲ့ကိုေ.သခန်းပါဖြတ်ချင်ဖြတ်နေမှာ အီးဟီး အဲဒါရှင့်ကြောင့် တေးသာဖွဲ့ကိုမုန်းသွားရင်ရှင်တရားခံပဲ ဖွဲ့လည်းရှင့်ကိုမုန်းပစ်မှာ''
မှိုင်းသူမဘေးဝင်ထိုင်ပြီးသူမအလိုမတူတဲ့ကြားကအတင်းဖက်ကာ
''ကိုယ့်ကိုမုန်းတယ်မပြောပါနဲ့ ကိုယ်မခံစားနိုင်ဘူးကလေးငယ်ရဲ့''
''ပြောမယ် ရှင်နားမထောင်နိုင်လို့ကိုပိုပြောဦးမှာ မုန်းတယ် အရမ်းမုန်းတယ် ရှင့်မျက်နှာရှင့်အသံကိုမမြင်ချင်မကြားချင်လောက်အောင်မုန်းတယ် အွန့်''
မှိုင်းသူမအားအိပ်ရာထက်ဆွဲလှဲပြီးနှုတ်ခမ်းကိုအတင်းအကြမ်းနမ်းပစ်လိုက်သည်။
ဖွဲ့သူ့ရင်ဘတ်ကိုတွန်းပြီးသူ့အားခြေထောက်တွေနဲ့ကန်နေလည်းသူကမဖြုံ။
နောက်ဆုံးရုန်းရင်းနဲ့ဖွဲ့သူ့ဆီကလွတ်သွားပြီးမျက်နှာကိုလှည့်လိုက်ရာသူကသူမလည်တိုင်ထက်ပြင်းရှရှအနမ်းတွေထပ်ခြွေပြန်သည်။
''ဟင့်အင်း လွှတ် ဖယ်နော်''
ရုတ်တရက်သူမလည်ပင်းဆီမှစူးခနဲဖြစ်သွားပြီးအနည်းငယ်နာကျင်သွားရလေ၏။
မှိုင်းသူမလည်တိုင်ဆီကအနီရောင်အမှတ်အသားလေးကိုကြည့်ကာလက်မလေးနဲ့အသာတို့ထိရင်း
''ဒါကကလေးငယ်ကကိုယ့်အပိုင်ဆိုတဲ့အမှတ်အသားပဲ''
ဖွဲ့နှုတ်ခမ်းလေးကိုက်ကာသူ့ကိုကြည့်လိုက်၏။
တစ်ကယ်တော့သူဖွဲ့အားဘာမှမလုပ်ခဲ့ပါ။သူမအားအခုလိုသူတို့တစ်ခုခုဖြစ်သွားပြီလို့ထင်လိုက်စေတာကသူ့အတွက်ပိုကောင်းတယ်မလား။
အခုသူ့ကလေးငယ်ကသူ့အပိုင်ဖြစ်သွားပြီ။
သူ့သတို့သမီး သူ့ဇနီး...။
🍏🍏🍏
Zawgyi
''ဆေးသောက်မလားသမီး''
''ဟင့်အင်း ရပါတယ်''
''ဟုတ်ကဲ့''
___________________
🍏🍏🍏
သူမအပြင်လည်းမထွက်ရဲ။
ထိုစဥျ
''ဖွဲ့''
''ဟင်''
''လှသားပဲ''
''ရှင်တဲ့လား''
''ဘယ်မှမလိုက်နိုင်ဘူး''
''ဟင်''
_________________
''ဆင်းလေ''
''ထပ်ပြောပြန်ပြီလား''
''ဘာ!''
''ဟင်''
ကိုယ့်ခဲအိုဖြစ်လာမယ်လို့ထင်ထားတဲ့သူကကိုယ့်ယောက်ျားဖြစ်လာတဲ့အဖြစ်ကိုဖွဲ့ဘယ်တုန်းကမှစိတ်ကူးတောင်မယဉ်ခဲ့ဖူးပေ။
''ကလေးငယ် ကလေးငယ်''
🍏🍏🍏
ထိုစဉ်ဒေါ်ဝေဝေဦးက
_________________
''ဒုန်း ဒုန်း''
သူ့သတို့သမီး သူ့ဇနီး...။
🍏🍏🍏