တစ်ဦးတည်းသောသတို့သမီး[comple...
De Juno804
71.7K 1.2K 6
လူကြီးချင်းသဘောတူတာကအမြွှာညီအစ်မထဲကအကြီးမနဲ့ပေမယ့် အငယ်မလေးကိုမြင်မြင်ချင်းချစ်မိပြီးအရယူလိုက်တဲ့ကိုကြီး Mais
Part.1
Part.2
Part.4
Part.5
Part.6
Part.7
Part.8
Part.9
Part.10
Part.11
Part.12
Part.13
Part.14
Part.15
Part.16
Final Part
Part.3
4.4K 94 0
De Juno804
Unicode
မှိုင်းမှာအလုပ်မရှိအလုပ်ရှာကာဖွဲ့ဆီရောက်ရောက်လာပြီးသူမလေးကိုအပြင်ခေါ်ထုတ်သွားလိုက် လိုချင်တာတွေဝယ်ပေးလိုက်နှင့်ရင်းနှီးမှုယူနေရသည်။
သူရည်ရွယ်ထားသည်ကဖွဲ့အားရိုးရိုးသားသားချဥ်းကပ်ပြီးသူမဆီကအချစ်အားရအောင်ယူဖို့ပါ။
သူသာကြမ်းလိုက်ရင်ဖွဲ့ကသူ့အားမုန်းသွားနိုင်တာမို့သူမ မုန်းသွားမှာလည်းမလိုလား။
သူ့စိတ်အလိုသာဆိုကားတင်ပြေးပြီးတာကြာလှနေပြီ။
အခုသူနဲ့တေးရဲ့စေ့စပ်ပွဲကလည်းနီးနေပြီ။
ဒီနေ့တေးကစေ့စပ်ပွဲအတွက်ဆွေးနွေးစရာရှိတယ်ဆို၍သူမတို့အိမ်သို့ရောက်လာရပြန်သည်။
သူ့စိတ်အလိုဆိုဒီစေ့စပ်ပွဲကိုစိတ်မဝင်စားပေမယ့်ဖွဲ့ကိုတွေ့ချင်တာကြောင့်ရောက်လာရခြင်းပင်။
သူ့ကလေးငယ်ကသူ့အားအရမ်းစိုးမိုးထားနေပြီမဟုတ်ပါလား။
ဆံနွယ်လေးတွေကခြေဖျားလေးတွေအဆုံးသူ့မှာမြတ်နိုးစွာစွဲလမ်းရပါ၏။
သူထိုအိမ်ကိုရောက်တာနဲ့တေးဖွဲ့သီကသူ့အားအရန်သင့်ထိုင်စောင့်နေ၍မှိုင်းသူမနဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်ကာ
''ပြော ဘာပြောမှာလဲ''
''ရှင့်လေသံကလည်း မသိရင်ကျွန်မရှင့်ကိုမတရားသိမ်းပိုက်ထားသလိုပဲ''
''မဟုတ်လို့လား မင်းကငါအမြင်ကပ်တဲ့မိန်းမပုံစံလေ ငါ့အမေကြောင့်သာမင်းငါနဲ့စေ့စပ်ဖို့ဖြစ်လာတယ်မှတ်ပါ''
''ဘာပြောတယ်မင်းညိုမှိုင်း ရှင့်စကားကအရမ်းကိုစည်းလွတ်ဝါးလွတ်ဖြစ်နေပြီနော်''
မှိုင်းကသူမအားမထီတထီရုပ်နဲ့ကြည့်လာ၏။
''အပိုတွေပြောမနေပါနဲ့ ငါ့ကို​ခေါ်ရတဲ့ကိစ္စကိုပဲပြော''
တေးစိတ်ကိုတစ်ထစ်လျှော့ချကာ
''လက်စွပ်ကိစ္စတိုင်ပင်မလို့''
''ပြောပါဦး''
''ကျွန်မကစေ့စပ်လက်စွပ်ကိုစိန်လက်စွပ်ပဲဝတ်မှာနော် တန်ဖိုးကသိန်းသုံးရာနဲ့အထက်ဖြစ်နေမှရမှာ ကျွန်မကတန်ကြေးရှိတဲ့မိန်းမမို့ပေါပေါပဲပဲတွေလက်မခံနိုင်ဘူး ကျွန်မအဆင့်အတန်းနဲ့ဆိုတန်ဖိုးကြီးတာနဲ့မှအဆင်ပြေမှာ''
''ဒါပဲလား''
''ပြီးတော့ ရှင်ဘာအရောင်ကြိုက်တာလဲ ကျွန်မဝတ်စုံစီစဥ်ရမှာ''
သူ့အတွေးထဲဖွဲ့နဲ့စဆုံတုန်းကအချိန်ကိုပြန်မြင်ယောင်လာပြီးခပ်ရေးရေးပြုံးလိုက်ကာ
''ခရမ်း''
''ခရမ်း ကျွန်မအမုန်းဆုံးအရောင်ကခရမ်းရောင်ပဲ''
''အဲဒါမင်းအပိုင်းလေ''
ထိုစဥ်ဖွဲ့ကပိန်ကပ်နေသောကြောင်လေးတစ်ကောင်ပိုက်ပြီးအိမ်ထဲဝင်လာ၍ တေးက
''ဟဲ့ အဲ့ကြောင်ကဘယ်ကရတာလဲ''
မှိုင်းလှည့်ကြည့်လိုက်တော့သူ့က​လေးငယ်ကဆံပင်လေးနှစ်ဖက်ကိုခွဲစည်းပြီးသနပ်ခါးလေးကလိမ်းထားသေးတာ။
သူ့မျက်လုံးထဲသူမအပြုအမူလေးတိုင်းကိုကချစ်ဖို့ကောင်းလွန်းနေတာ။
''ခြံထဲဝင်လာလို့''
''သွားပြန်လွှင့်ပစ် ရှုပ်ရှုပ်ယှက်ယှက်တွေ''
''မလုပ်ပါနဲ့နင်ကလည်း သနားပါတယ် သူဗိုက်ဆာနေရှာမှာ''
''နင့်ကိုငါသွားပစ်လို့ပြောနေတယ်နော် လူကသုံးစားမရဘူးဆိုလည်းအေးအေးဆေးဆေးမနေဘူး တော်တော်အရှုပ်ကြိုက်တဲ့ဟာမ''
မှိုင်း တေးဖွဲ့သီအားမျက်ထောက်နီကြီးနဲ့လှမ်းကြည့်လိုက်သည်။
ပညာတတ်ပြီးပါးစပ်ကအဆင့်မရှိပါသောဒီမိန်းမအားသူ့မိဘတွေကဘာကြည့်ပြီးသဘောကျနေမှန်းမသိ။
''ကြောင်လေးတစ်ကောင်ခေါ်မွေးထားရုံနဲ့ဘာဖြစ်သွားမှာမို့လို့လဲ ကိုယ့်ညီမကိုအဲလိုပဲပြောရလား''
သူဝင်ပြောတော့တေးက
''ကျွန်မညီမကိုကျွန်မဆုံးမနေတာ ရှင်ဝင်မပါနဲ့မှိုင်း''
''အမြင်မတော်လို့ပြောနေရတာ မင်းပြောလိုက်သမျှစကားတိုင်းကအမြဲကန့်လန့်ချည်းပဲ မင်းတစ်ကိုယ်လုံးမှာငါ့ဇနီးဖြစ်ဖို့ထိုက်တန်တာငါဘာမှမတွေ့ဘူး ဒါလားပညာတတ် ဘာအသိတရားမှမရှိဘူး''
''ဘာ! ဘာပြောတယ်''
ဖွဲ့လည်းသူမကြောင့်တေးနဲ့ကိုကြီးစကားများနေရ၍
''တော်ကြပါတော့ ဖွဲ့ကြောင့်ရန်မဖြစ်ကြပါနဲ့နော် တေး ငါတောင်းပန်ပါတယ် ငါပြန်သွားလွှတ်လိုက်မယ်နော် စိတ်လျှော့ပါတော့''
ပြောပြီးမျက်ရည်လေးဝဲကာအိမ်ထဲမှထွက်သွားသောဖွဲ့ကိုကြည့်ပြီးမှိုင်းအတော်လေးစိတ်မကောင်းဖြစ်သွားရသည်။
သူကဖွဲ့ပြုံးနေတာလေးပဲမြင်ချင်တာ။
သူတေးကိုသာမကျေမနပ်ကြည့်ပြီးဖွဲ့နောက်ကိုလိုက်လာလိုက်သည်။
ဖွဲ့လည်းလက်ထဲကကြောင်လေးအားခုနကသူမ ခေါ်လာတဲ့နေရာလေးမှာပြန်ထားပြီး
''တေးကမခေါ်ရဘူးဆိုလို့ပါ ငါ့ကိုစိတ်မဆိုးနဲ့နော်''
သူမ ကြောင်လေးရဲ့ခေါင်းလေးအားအသာပွတ်ပြီးထိုင်ရာမှထကာနောက်ကိုလှည့်လိုက်စဥ်ကိုကြီးကသူမနောက်မှာရပ်နေ၍ဖွဲ့အလန့်တကြားနဲ့နောက်ကိုဆုတ်လိုက်ရာ ​အနောက်သို့ပက်လက်လန်လဲကျမလို့ဖြစ်သွားရလေသည်။သို့သော်ကိုကြီးကသူမခါးလေးအားလက်တစ်ဖက်တည်းနဲ့ဆွဲဖက်ကာလှမ်းထိန်းလိုက်၍သူမ သက်သာသွားရတာပါ။
ရင်ချင်းအပ်ကာလူချင်းနီးစပ်ပူးကပ်နေပြီးသူ့အားမျက်လုံးဝိုင်းလေးနဲ့မော့ကြည့်နေတဲ့သူမမျက်နှာလေးအားအစိတ်အပိုင်းတစ်ခုချင်းစီတိုင်းကိုသူစူးစိုက်ကြ​ည့်လိုက်မိသည်။
ပြုပြင်ထားခြင်းမရှိသောမျက်ခုံးတန်းလေးတွေ မျက်ရစ်ထင်းထင်းလေးတွေနဲ့မျက်လုံးဝိုင်းလေးတွေ နှာတံ​လုံးလုံးလေးနဲ့နှုတ်ခမ်းဖူးဖူးလေးတွေ။
ပြီးတော့ပါးမို့မို့ထက်ကမပြယ့်တပြယ်သနပ်ခါးပါးကွက်လေး။
တစ်ခုချင်းကြည့်လည်းလှတယ်။အကုန်ခြုံကြည့်ရင်လ​ည်းလှတယ်။သူမလေးကသူ့မျက်လုံးထဲမှာဘယ်လိုနေနေလှနေတာ။
ထိုမြင်ကွင်းကိုကြ​ည့်ပြီးမျက်မှောင်ကြီးကျုံ့ကာမကျေမချမ်းဖြစ်နေသူကတေး။
သူမကိုတော့လက်တောင်မကိုင်ဖူးတဲ့သူကဖွဲ့ရဲ့ခါးကိုကျဖက်ထားလိုက်တာကျစ်ကျစ်ပါလို့။
ပြီး​တော့အကြည့်တွေ။ဖွဲ့အားအရည်ပျော်ကျမတတ်ကြည့်နေလိုက်တာ။
''မင်းညိုမှိုင်း ရှင်ကဒီလိုလား''
ဖွဲ့လည်းသတိပြန်ဝင်လာတာနဲ့ကိုကြီးဆီမှအမြန်ခွာပြီး
''ကျေးဇူးပဲနော်''
ပြောပြီးသူမအိမ်ထဲအမြန်ပြေးဝင်လာလိုက်၏။အိမ်ထဲရောက်တာနဲ့တေးရဲ့အကြည့်စူးစူးတွေနဲ့ရင်ဆိုင်လိုက်ရပြီးသူမ မလုံမလဲနဲ့ပဲအိမ်ပေါ်ထိပြေးတက်လာခဲ့လိုက်တော့သည်။
မှိုင်းကတော့ဖွဲ့မမွေးလိုက်ရတဲ့ပိန်တာရိုးကြောင်လေးအားသူ့အိမ်သို့ခေါ်သွားဖို့ဆုံးဖြတ်လိုက်၏။
တိရစ္ဆာန်မွေးရတာအလုပ်ရှုပ်၍ဘာတိရစ္ဆာန်မှမမွေးဘူးလို့ဆုံးဖြတ်ထားတဲ့သူကအခုသူ့ကလေးငယ်စိတ်ချမ်းသာစေဖို့ပထမဆုံးအကြိမ်အဖြစ်ဒီကြောင်လေးအားကျွေးမွေးပြုစုထားဖို့ဆုံးဖြတ်လိုက်တာပါ။
သူ့ကလေးငယ်စိတ်ချမ်းသာဖို့ဘာပဲလုပ်လုပ်ရ။
🍏🍏🍏
သူအိမ်ပြန်ရောက်တော့သူ့အမေကအိမ်ပေါ်ထပ်မှဆင်းလာပြီးကြောင်လေးပိုက်ကာအိမ်ထဲဝင်လာတဲ့သူ့အားအထူးအဆန်းသဖွယ်ကြည့်ပြီး
''သား အဲ့ကြောင်ကဘာလုပ်ဖို့လဲ''
''မွေးမလို့လေ''
''ဟမ်''
ဒေါ်ခင်သက်ထားသေချာကြည့်လိုက်တော့ကြောင်လေးကပိန်လှီကာညစ်ပေနေ၍သူမသားတစ်နေရာရာကကောက်လာတာပဲဖြစ်မည်ဟုတွေးလိုက်မိ၏။
''အထူးအဆန်းပါလားသား သားဘယ်တုန်းကတိရစ္ဆာန်မွေးဖူးလို့လဲ''
''အရင်ကမမွေးဖူးပေမယ့်အခုမွေးတော့မှာ''
''အဲဒါထက် သားကိုပြောစရာရှိတယ် ခဏလာထိုင်ဦး''
သူခေါင်းညိတ်ပြပြီးမှ
''ခွာညို ခွာညို''
''ရှင်! လာပြီအစ်ကိုလေး''
အသံနဲ့အတူသူတို့အိမ်ကအိမ်အကူကောင်မလေးကအပြေးတစ်ပိုင်းရောက်လာပြီး
''ဟုတ်အစ်ကိုလေး''
''ဒီကြောင်ကိုခေါ်သွား သူ့ကိုတစ်ခုခုကျွေးထားလိုက်ဦး သေချာဂရုစိုက်နော် မထိခိုက်စေနဲ့''
''ဟုတ်ကဲ့အစ်ကိုလေး''
သူခွာညို့လက်ထဲကြောင်လေးထည့်ပေးပြီးတာနဲ့ဧည့်ခန်းထဲသွားကာသူ့အမေနဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်၏။
''မေမေဘာပြောမလို့လဲ''
''တေးကခုနကမေမေ့ကိုဖုန်းဆက်တယ် သားနဲ့စေ့စပ်ပွဲကိုနောက်တစ်ပတ်စနေနေ့ကိုရွှေ့မယ်တဲ့''
''ဟင် ဒီနေ့ကိုစနေနေ့လေ ဒါဆိုနောက်ခုနှစ်ရက်နေရင်ကျွန်တော်ကသူနဲ့စေ့စပ်ရတော့မှာပေါ့''
သူတောင်အိမ်ပြန်မရောက်သေးဘူး။တေးဖွဲ့သီကသူ့ဘာသာအကုန်ခြယ်လှယ်ပစ်လိုက်၍သူ့မှာဒေါပွရ၏။
''အင်း''
''ဒီမိန်းမကိုယ့်ကိုယ်ကိုတော်တော်လေးအထင်ကြီးနေတာပဲ စေ့စပ်လိုက်တာနဲ့သူကျွန်တော့်ကိုပိုင်ပြီထင်နေတာနေမယ်''
''သား မေမေတို့လူကြီးတွေမျက်နှာပျက်ရအောင်မလုပ်နဲ့နော်''
''မေမေ့ကိုကျွန်တော်အစကတည်းကပြောပြီးသားပါ ကျွန်တော်ကဖွဲ့ကိုကြိုက်တာလို့''
''ဖွဲ့နဲ့တေးကအမြွှာတွေပဲလေ ဘာလို့ဟိုလူဒီလူရွေးနေတာလဲ''
''ရုပ်ချင်းတူပေမယ့်စိတ်ချင်းမှမတူတာ ရုပ်ချင်းဘယ်လောက်တူတူလူချင်းမှမတူတာမေမေ''
''ဘာပဲဖြစ်ဖြစ်မိန်းကလေးဘက်ကတောင်လိုလိုလားလားရှိနေတာပဲသားရယ် ပြီးတော့ဒီကိစ္စကမေမေတို့ဘက်ကအရင်စကမ်းလှမ်းခဲ့တာ တေးကသဘောတူပြီးမှဖွဲ့ကိုရွေးလိုက်ရင်တေးအတွက်ဘယ်ကောင်းပါ့မလဲ''
သူညစ်ကျယ်ကျယ်ပြုံးရင်းသူ့အမေရှေ့မှထထွက်လာလိုက်၏။
သူအစကတည်းကငြင်းခိုင်းတာကို မငြင်းပဲလက်ခံလိုက်တာဘယ်သူ့အပြစ်လဲ။
လက်ခံတာလက်မခံတာကတေးဖွဲ့သီကိစ္စ။လိုချင်တာယူရမှာသူ့ကိစ္စ။
🍏🍏🍏
တေးတစ်ယောက်ဖွဲ့အခန်းထဲဝင်လာပြီး
''ဟဲ့မိဖွဲ့''
ဖွဲ့အဝတ်အစားတွေဗီရိုထဲသိမ်းနေရင်းမှတေးကိုလှည့်ကြည့်ကာ
''အင်း''
''နင်နဲ့မှိုင်းကဘာလဲ ဟမ်''
''ဘာကိုလဲဟ''
''အဟင်း ငါ့ကိုနင့်လိုငစနူများမှတ်နေလားဖွဲ့ သူကငါ့ထက်တောင်နင်နဲ့ပိုပြီးရင်းနှီးနေတာဘာအထာလဲ နင်ငါ့သတို့သားလောင်းကိုငါ့ဆီကလုချင်နေတာလား နင်ငါ့ကိုမနာလိုနေတာလား!''
''နင်ဘာတွေပြောနေတာလဲတေးရယ် ငါကဘာလို့နင့်ကိုမနာလိုရမှာလဲ နင်ကိုကြီးနဲ့လက်ထပ်လိုက်ရင်ငါကပိုတောင်ပျော်သေးတယ်''
''ဘာ! ကိုကြီး နင်တို့ကအဲလိုနာမ်စားခေါ်ရတဲ့ထိရင်းနှီးနေတယ်ပေါ့လေ''
''မဟုတ်''
တေးကဖွဲ့အားစကားပြောခွင့်မပေးပဲသူမနားရွက်ကိုဆွဲလိမ်ကာ
''ငါပြောတာသေချာနားထောင် မင်းညိုမှိုင်းကငါ့အပိုင် ငါ့သတို့သားလောင်း နောက်တစ်ခါနင်သူနဲ့နီးနီးကပ်ကပ်ရှိနေတာငါထပ်တွေ့ရရင်နင်ငါ့အကြောင်းသိမယ်နော်မိဖွဲ့ နောက်တစ်ခါနင်သူ့ရှေ့တောင်ဖြတ်မလျှောက်မိစေနဲ့ကြားလား''
''အေးပါ ငါသိပါပြီ ငါ့ကိုလွှတ်ပါတော့ ငါနာနေပြီ''
တေးကသူမအားဆောင့်တွန်းလွှတ်ပြီး
''နင်မှတ်ထားဖွဲ့ နင်ကငါ့ကိုဘယ်တော့မှယှဥ်နိုင်မှာမဟုတ်ဘူး ငါ့လူကိုလာထိဖို့မစဥ်းစားနဲ့ သူ့ကိုငါစတွေ့ကတည်းကစိတ်ဝင်စားတာ ငါ့သတို့သားလောင်းကိုနင်လာလုမယ်မကြံနဲ့''
''နင်အဲလိုမပြောပါနဲ့ ငါကဘာလို့ကို''
သူမနှုတ်က'ကိုကြီး'လို့ထွက်မလိုလုပ်ပြီးမှတေးကအကြည့်စူးစူးကြီးနဲ့ကြည့်လာ၍
''ဘာလို့နင့်သတို့သားလောင်းကိုလုရမှာလဲ''
''အေး အပြောနဲ့အလုပ်ညီပါစေ နောက်မှငါဘာသံညာသံကြားကြည့် နင့်အသက်ကိုတစ်ခါတည်းဖက်နဲ့ထုပ်ထားလိုက် ကြားလား''
ပြောပြီးတေး ဖွဲ့ရှေ့မှချာခနဲလှည့်ထွက်လာလိုက်၏။
မှိုင်းရဲ့အကြည့်တွေဆီကစကားတွေကိုတေးသိတာပေါ့။
သူကတေးမဟုတ်ပဲဖွဲ့ကိုစိတ်ဝင်စားနေတာ။တေးကလည်းဘယ်တုန်းကမှဒုတိယဆိုတဲ့နာမည်ကိုကြိုက်သူမဟုတ်။အမြဲပထမပဲရခဲ့ပြီးလိုချင်တာကိုလည်းမရတာမရှိခဲ့ဖူးသူ။
အခုသူမမှိုင်းကိုလိုချင်တယ်။ရလည်းရရမယ်။
🍏🍏🍏
တေးမှာထားပြီးကတည်းကဖွဲ့လည်းကိုကြီးနဲ့အဆက်အသွယ်မလုပ်ဖြစ်တော့ပေ။
ကိုကြီးဖုန်းဆက်ရင်လည်းမကိုင်သလိုအိမ်ကိုလာလည်ရင်လည်းထွက်မတွေ့။
ကိုကြီးကသူ့သတို့သမီးလောင်းဖြစ်တဲ့တေးထက်ဖွဲ့ကိုဘာလို့အရေးတယူလုပ်နေမှန်းမသိ။အဲဒါကြောင့်တေးသဝန်တိုတာခံရတာပေါ့။
''သမီး မေမေနဲ့တေးတို့စေ့စပ်ပွဲအတွက်လိုအပ်တာတွေသွားဝယ်လိုက်ဦးမယ် သမီးရောလိုက်မလား''
ဟုတ်တာပဲ။သန်ဘက်ခါဆိုတေးနဲ့ကိုကြီးတို့စေ့စပ်ကြတော့မှာ။
''တော်ပါပြီမေမေ ဖွဲ့မလိုက်တော့ဘူး''
''အင်းပါ သေချာဂရုတစိုက်နေနော်''
''ဟုတ်ကဲ့မေမေ''
မေမေနဲ့ဖွဲ့တို့အိမ်ကထွက်သွားတာနဲဲ့ဖွဲ့လည်းဧည့်ခန်းထဲမှာမုန့်စားရင်းTVထိုင်ကြည့်နေလိုက်သည်။
ခဏကြာတော့အိမ်ရှေ့ကကားဟွန်းတီးသံကြောင့်သူမခြံရှေ့ကိုအပြေးလေးထွက်လာတော့ကိုကြီးကကားပေါ်ကဆင်းလာ၍ဖွဲ့ရှေ့ဆက်လျှောက်ရမလို နောက်ပြန်ဆုတ်ရမလိုဖြစ်သွားရ၏။
''တံခါးလာဖွင့်''
''အိမ်မှာဘယ်သူမှမရှိဘူး''
''မြန်မြန်ဖွင့်''
ဖွဲ့တွန့်ဆုတ်တွန့်ဆုတ်နဲ့တံခါးဖွင့်ပေးလိုက်တော့ကိုကြီးကခြံထဲဝင်လာပြီးသူမလက်ကိုဆွဲကာအိမ်ထဲဝင်လာလေ၏။
သူ့ကားကိုလည်းခြံရှေ့မှာပဲဖြစ်ကတက်ဆန်းရပ်ထားခဲ့လေသည်။
အိမ်ထဲရောက်တာနဲ့ဖွဲ့လက်ကိုလွှတ်လိုက်ပြီးပုခုံးနှစ်ဖက်ကိုခပ်​ကြမ်းကြမ်း​ဆုပ်ကိုင်၍လူချင်းနီးကပ်စေလိုက်ကာသူမမျက်နှာနားတိုးကပ်၍
''ကိုယ်ဖုန်းခေါ်တာဘာလို့မကိုင်တာလဲ''
''ဖွဲ့ကဘာလို့ကိုမင်းညိုမှိုင်းဖုန်းကိုမဖြစ်မနေကိုင်ရမှာလဲ''
''ဘာ! မင်းအခုကိုယ့်ကိုဘယ်လိုခေါ်လိုက်တယ်ဖွဲ့!''
သူ့အသံကဒေါသသံစွက်ပြီးအနည်းငယ်ကျယ်သွားတော့သူမကသူ့အားမျက်ရည်လေးတွေဝဲပြီးအလန့်တကြားကြည့်လာလေသည်။
သူစိတ်မကောင်းပေမယ့်သူ့ရဲ့ဦးဆုံးရည်ရွယ်ချက်ပျောက်သွားမည်စိုး၍သူမအားမချော့မိသေးပဲ
''မင်းကိုယ့်ကိုရှောင်နေတာကိုယ်သိတယ် အကြောင်းတစ်ခုခုရှိတယ်မလား ဘာဖြစ်လို့လဲဖွဲ့ အကြောင်းပြချက်ကဘာလဲ''
''မသင့်တော်လို့ပေါ့ ကိုမင်းညိုမှိုင်းကတေးနဲ့လက်ထပ်ရမယ့်သူ တေးကိုပဲဂရုတစိုက်ရှိရမှာပေါ့''
''တော်တော့ မင်းနောက်တစ်ခါကိုယ့်ကိုနာမည်တပ်ပြီးခေါ်ရင်ကိုယ်မင်းကိုမညှာတော့ဘူးနော်''
ဖွဲ့နှုတ်ခမ်းလေးကိုက်ပြီးသူ့လက်ကနေအတင်းရုန်းကာ
''ရှင်ကဘာမို့လို့ဖွဲ့ကိုခြိမ်းခြောက် အွန့်''
ရုတ်တရက်ကိုကြီးကဖွဲ့အားသိမ်းကြုံးဖက်ပြီးနှုတ်ခမ်းကိုနမ်းလိုက်တာကြောင့်ဖွဲ့ပူထူသွားပြီးလူကရုန်းဖို့တောင်မေ့သွားရသည်။
''ငါ့သတို့သားလောင်းကိုနင်လာလုမယ်မကြံနဲ့''
နားထဲပြန်ကြားယောင်လာတဲ့တေးရဲ့စကားတွေကြောင့်ဖွဲ့သတိပြန်ကပ်လာပြီးကိုကြီးရင်ဘတ်အားအတင်းထုကာ တွန်းလွှတ်ပစ်ပြီးသူမကိုယ်တိုင်ပင်မသိလိုက်ပဲကိုကြီးရဲ့ပါးအားရို.က်မိလိုက်တော့သည်။
''ဟင်''
ဖွဲ့ကိုယ့်လက်ကိုပြန်ကြည့်ကာမယုံနိုင်ဖြစ်သွားရပြီးကိုကြီးမျက်နှာအားထိတ်လန့်တကြားပြန်ကြည့်လိုက်မိ၏။
ကိုကြီးကသူ့ပါးသူကိုင်ပြီးမခိုးအခန့်ပြုံးကာ
''မဟာကံထူးရှင်ပဲ ကိုယ့်ပါးကိုပထမဆုံးရို.က်ဖူးတဲ့သူကမင်းဖြစ်သွားပြီကလေးငယ်''
သူ့အခေါ်အဝေါ်ကြောင့်ဖွဲ့ကြောင်သွားတုန်းဒုတိယအကြိမ်ကိုကြီးရဲ့အတင်းအကြပ်နမ်းခြင်းခံလိုက်ရပြန်သည်။ဒီတစ်ခါတော့ဖွဲ့ထပ်ပြီးရုန်းလို့မရအောင်ကိုကြီးကသူမကိုယ်လေးအားခပ်တင်းတင်ဖက်ထားတာအရိုးကျိုးမတတ်ပင်။
ခဏကြာ​တော့သူမထံမှရှိုက်သံလေးထွက်လာ၍မှိုင်းသူမအားလွှတ်ပေးလိုက်တော့သူမကမျက်ရည်တွေစိုရွှဲနေသောမျက်ဝန်းတွေနဲ့သူ့ကိုကြည့်လာပြီးချက်ချင်းဆိုသလိုသူ့အားတွန်းထုတ်ကာအိမ်ပေါ်သို့ပြေးတက်သွားလေတော့သည်။
''ကလေးငယ်''
မှိုင်းစိတ်ရှုပ်ထွေးစွာနဲ့​ဆံပင်တွေကိုထိုးဖွလိုက်၏။
သူ့ကလေးငယ်အားသူမျက်ရည်ကျအောင်လုပ်မိပြီ။
''လွယ်လွယ်အလျှော့ပေးတာကိုယ့်အကျင့်မဟုတ်ဘူး ကိုယ်ကလေးငယ်ကိုရအောင်ယူပြမယ်''
သူစိတ်ထဲမှကြိမ်းဝါးထားလိုက်၏။
ဖွဲ့ကလည်းကိုယ့်နှုတ်ခမ်းကိုလက်ခုံနဲ့ဖိပွတ်ပြီးရှိုက်ကြီးတငင်ငိုကြွေးလို့...။
ဒီကိစ္စတေးသာသိသွားရင်တစ်ကယ်မလွယ်ဘူး။
🍏🍏🍏
Zawgyi
''ပြော ဘာပြောမှာလဲ''
''ပြောပါဦး''
''ဒါပဲလား''
''ခရမ်း''
''အဲဒါမင်းအပိုင်းလေ''
''ခြံထဲဝင်လာလို့''
သူဝင်ပြောတော့တေးက
''ဘာ! ဘာပြောတယ်''
''ကျေးဇူးပဲနော်''
🍏🍏🍏
''မွေးမလို့လေ''
''ဟမ်''
''ခွာညို ခွာညို''
''ရှင်! လာပြီအစ်ကိုလေး''
''ဟုတ်အစ်ကိုလေး''
''ဟုတ်ကဲ့အစ်ကိုလေး''
''မေမေဘာပြောမလို့လဲ''
''အင်း''
🍏🍏🍏
''ဟဲ့မိဖွဲ့''
''အင်း''
''ဘာကိုလဲဟ''
''မဟုတ်''
🍏🍏🍏
''ဟုတ်ကဲ့မေမေ''
မေမေနဲ့ဖွဲ့တို့အိမ်ကထွက်သွားတာနဲ့ဖွဲ့လည်းဧည့်ခန်းထဲမှာမုန့်စားရင်းTVထိုင်ကြည့်နေလိုက်သည်။
''တံခါးလာဖွင့်''
''မြန်မြန်ဖွင့်''
''ဟင်''
''ကလေးငယ်''
🍏🍏🍏
Continue lendo
Você também vai gostar
3M 91.4K 27
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
255K 14.9K 16
"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေက...
4.5M 284K 105
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
270K 31K 78
#Book-2 of Hidden Marriage Series. 🔥❤️ This book is the continuation/sequel of the first book "Hidden Marriage - Amazing Husband." If you guys have...