တစ်ဦးတည်းသောသတို့သမီး[comple...

By Juno804

128K 2K 15

လူကြီးချင်းသဘောတူတာကအမြွှာညီအစ်မထဲကအကြီးမနဲ့ပေမယ့် အငယ်မလေးကိုမြင်မြင်ချင်းချစ်မိပြီးအရယူလိုက်တဲ့ကိုကြီး More

Part.2
Part.3
Part.4
Part.5
Part.6
Part.7
Part.8
Part.9
Part.10
Part.11
Part.12
Part.13
Part.14
Part.15
Part.16
Final Part

Part.1

18.8K 237 2
By Juno804

Unicode

''မိဖွဲ့ ဟဲ့ လွမ်းဖွဲ့တေး''

အိမ်ရှေ့ဆီမှတေးရဲ့အသံကြောင့်ဖွဲ့ဖိနပ်လေးတစ်ရံကိုကိုင်ကာအပြေးအလွှားရောက်လာပြီးသူမရှေ့ချပေးကာ

''ရပြီ နည်းနည်းပါးပါးလေးတော့စောင့်မှပေါ့''

''နင်ကအမြဲလှုပ်စိလှုပ်စိမို့အော်ခေါ်ရတာဟေ့''

ပြောနေရင်းနဲ့တေးရဲ့လက်ထဲကဖုန်းလေးကမြည်လာ၍သူမကဖွဲ့ဘက်လှည့်၍

''ငါ့ကိုဖိနပ်စီးပေးစမ်း ငါဖုန်းပြောမလို့''

ဖွဲ့ စိတ်ကိုအတင်းဆွဲဆန့်ထားရတဲ့ရုပ်လေးနဲ့တေးရှေ့ဆောင့်ကြောင့်ထိုင်ချပြီးတေးရဲ့ခြေထောက်လှလှလေးအားဆွဲယူလိုက်၏။

ဖုန်းပြောနေတဲ့တေးကတော့သူ့ဘာသာအလုပ်တွေရှုပ်ပြီးဖိနပ်စီးပြီးတာနဲ့တစ်ပြိုင်တည်းကားပေါ်အမြန်ပြေးတက်သွားလေတော့သည်။

ကျော့ကျော့မော့မော့လေးနဲ့ဖေဖေ့အလုပ်တွေကိုဦးစီးနေနိုင်ပြီဖြစ်သောတေးအား ဖွဲ့အားကျရပါ၏။
တစ်နေ့တည်းတစ်ချိန်တည်းမွေးတာချင်းအတူတူကုသိုလ်ကံချင်းကွာတော့တေးကထက်ထက်မြတ်မြတ်နဲ့အရာရာကိုဦးဆောင်နိုင်နေပြီးသူမကတော့အိမ်ထဲမှာပဲသေးသိမ်နေရပါသည်။

ထိုစဥျ

''သမီး အိမ်ရှေ့ကြီးမှာဘာရပ်လုပ်နေတာလဲ''

သူမအမေဒေါ်ဝေဝေဦးကစျေးခြင်းကြီးဆွဲပြီးသူမနားရောက်လာကာမေး၏။

''ဘာမှမလုပ်ပါဘူးမေမေ''

''မေမေနဲ့စျေးသွားကြစို့ နေ့လည်ကျရင်အိမ်ကိုဧည့်သည်လာမှာဆိုတော့သူတို့အတွက်ချက်ပြုတ်ထားရအောင်''

''ဘယ်သူလာမှာလဲမေမေ''

''တေးရဲ့သတို့သားလောင်း''

''ဟင် ဒါပေမယ့်တေးကအပြင်ထွက်သွားပြီနော်''

''သူအမီပြန်လာခဲ့မယ်တဲ့ ကဲပါ တော်ကြာစျေးကွဲနေဦးမယ် သွားကြစို့''

''ဟုတ်''

တေးရဲ့သတို့သားလောင်းဆိုတော့တေးလိုထက်ထက်မြတ်မြတ်နဲ့ခပ်ချေချေထဲကပဲဖြစ်မည်။
ဟိုနေ့ကဖေဖေနဲ့မေမေ တေးကိုပြောနေတာကြားပေမယ့်အဲတုန်းကတေးကအင်းမလုပ်အဲမလုပ်နဲ့မို့ဒီကိစ္စကိုတေးကငြင်းလိုက်တယ်မှတ်တာ။
အခုကျအိမ်ကိုတောင်ရောက်ချလာတော့မည်။
တေးရဲ့သတို့သားလောင်းကိုတွေ့ချင်လိုက်တာအရမ်းပဲ။

🍏🍏🍏

အဖြူရောင်ရှပ်အင်္ကျီနဲ့အနက်ရောင်style pantကိုရိုးရှင်းစွာဝတ်ဆင်ပြီးအင်္ကျီလက်တွေကိုခေါက်တင်ရင်းအိမ်ပေါ်မှဆင်းလာတဲ့လူတစ်ဦး။

ခေါင်းအစခြေအဆုံးဘာမှအပြစ်ပြောစရာမရှိအောင်ချောမောပြေပြစ်လှတဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားတဲ့သူက ×××××Construction companyရဲ့CEO မင်းညိုမှိုင်းပင်။

ရုပ်လေးချောသလောက်​မောက်မာသူဟုသတင်းမွှေးတဲ့သူကမိန်းကလေးတိုင်းစိတ်ဝင်စားခြင်းခံရပေမယ့်သူကတော့မိန်းကလေးတိုင်းကိုစိတ်မဝင်စား။

အထူးသဖြင့်ကလက်တက်တက်မိန်းမတွေနဲ့မာန်တက်နေတဲ့မိန်းမတွေ။

အခုသူ့အားကိုယ့်စွမ်းကိုယ့်စနဲ့မိန်းမမရနိုင်တော့ဘူးလို့ထင်နေတဲ့သူ့မိဘတွေကသူတို့သဘောကျနေတဲ့မိန်းကလေးနဲ့သူ့အားပေးတွေ့မလို့ပါတဲ့။

သူကအစွမ်းအစမရှိတာမဟုတ်ပဲတစ်ကယ်ချစ်ရမယ့်သူမတွေ့သေးလို့ငြိမ်နေတာပါ။ချစ်ရမယ့်သူတွေ့လို့ကတော့မဒိန်းကျင့်ပြီးပဲယူရယူရ ရအောင်ယူပစ်မှာလို့ကြွေးကြော်ထားပြီးသား။

အခုဒီမိန်းကလေးလည်းအချိုးမပြေလို့ကတော့.....။

_____________

သူတို့ထိုအိမ်ကိုရောက်တော့နေ့လည်11ခွဲနေပြီပင်။

''မမခင်တို့နောက်မကျပါဘူးနော်ဝေဝေ''

''မကျပါဘူးရှင် လာမမခင် ထိုင်''

''သားတို့အဖေကတော့နယ်ဘက်ခရီးလွန်နေလို့ပါမလာဘူး''

''ရပါတယ်မမခင်ရယ် နောက်တစ်ခေါက်ပေါ့''

ဖွဲ့မီးဖိုချောင်ကနေအရှင်းသားမြင်ရတဲ့ဧည့်ခန်းဆီလှမ်းကြည့်ပြီးတေးရဲ့သတို့သားလောင်းကအတော်လေးချောတာပဲဟုကောက်ချက်ချလိုက်၏။
ပြီးတော့တေးနဲ့လည်းလိုက်ဖက်ညီသည်။

မှိုင်းတစ်ယောက်သူ့အားတစ်ယောက်ယောက်ကခိုးကြည့်နေတယ်လို့ခံစားရ၍ဟိုဟိုဒီဒီလိုက်ကြည့်တော့အခန်းတစ်ခုရဲ့အကွယ်လေးမှာသူ့အားလှမ်းကြည့်နေသောမျက်နှာလေးအားမြင်လိုက်ရပြီးချက်ချင်းဆိုသလိုထိုမျက်နှာလေးကဖျက်ခနဲပြန်ပျောက်သွားလေသည်။

ဖွဲ့ရင်ဘတ်လေးကိုဖိကာ

''ငါကြည့်နေတာများမြင်သွားပြီလားမသိဘူး''

ထိုစဥျ

''သမီး''

''အမေ့''

လက်မောင်းကိုလာကိုင်ကာခေါ်၍ဖွဲ့ကိုယ်လေးတုန်သွားပြီးအမေဖြစ်သူအားလှည့်ကြည့်လိုက်လေသည်။

''ဘာတွေအဲလောက်လန့်နေတာလဲ''

''ဘာ ဘာမှမဟုတ်ပါဘူးမေမေ မေမေဘာခိုင်းမလို့လဲ''

''ထမင်းပွဲပြင်ထားလိုက်တော့သမီး ခဏနေဧည့်သည်တွေထမင်းစားတော့မှာ''

''ဟုတ်ကဲ့''

သူမအမေပြန်ထွက်သွားတာနဲ့ဖွဲ့တစ်ယောက်နွှေးသင့်တဲ့ဟင်းတွေကိုပြန်နွှေးပြီးပန်းကန်တွေထဲထည့်ကာစားပွဲပေါ်မှာအုပ်ဆောင်းနဲ့အုပ်ပေးခဲ့ပြီးနောက်ဖေးတံခါးပေါက်ကနေထွက်လာခဲ့လိုက်၏။

ထိုမိသားစုနှစ်ဖက်စကားဝိုင်းကသူမနဲ့ဆိုင်တဲ့အရာမှမဟုတ်ပဲ။

တစ်ဖက်မှာလည်းမှိုင်းတစ်ယောက် တေးအားအတော်လေးမျက်နှာကြောတည့်မနေတော့ပါ။
မျက်နှာထားကိုကမာန်တက်နေတဲ့မိန်းမမှန်းသိသာလိုက်တာ။
စကားပြောတဲ့လေသံကအစအမြင်ကပ်စရာကောင်းလှအောင်သူ့ကိုယ်သူအမွှန်းတင်တာကခပ်များများ။
သူကမှအဲလိုမိန်းမတွေကိုကြည့်မရပါဘူးဆို။

​ပြောရရင်သူကလည်းစိတ်မဝင်စားနေလို့ပါ။မဟုတ်ရင်ဘယ်လိုပုံစံပဲဖြစ်ဖြစ်ချစ်မှာပဲလေ။

''မမခင် နေ့လည်စာစားကြရအောင်''

''အင်း လာသား''

ထမင်းစားခန်းထဲရောက်တော့ဒေါ်ဝေဝေဦးက

''ခဏလေးနော် သမီးငယ်ကိုသွားခေါ်လိုက်ဦးမယ်''

ထိုအခါတေးက

''ခေါ်မနေပါနဲ့မေမေ မေမေ့သမီးကလူတောတိုးတာလည်းမဟုတ်ဘူး ငထူငအနဲ့ မျက်နှာပျက်စရာဖြစ်ကုန်မယ်''

သူမစကားကြောင့်သူမအဖေရောအမေပါမျက်နှာပျက်သွားကြမှန်းသိပေမယ့်တေးမသိချင်ယောင်ဆောင်ထားလိုက်သည်။
ဖွဲ့ဆိုတာလူရှေ့ထွက်သင့်တဲ့သူမှမဟုတ်တာ။

သူမအဖေဦးထွန်းမြင့်နိုင်က

''ကဲပါဝေရယ် ထားလိုက်ပါ သမီးကလည်းလာမှာမဟုတ်ပါဘူး''

ဒေါ်ဝေဝေဦးဘာမှပြန်မပြောပဲခုံမှာဝင်ထိုင်လိုက်၏။
ဟုတ်တော့လည်းဟုတ်ပါတယ်။ဖွဲ့ကအိမ်ကိုဧည့်သည်လာရင်ဘယ်တုန်းကမှလူလုံးထွက်ပြဖူးသူမဟုတ်။

မှိုင်းလည်းသိလိုက်ပါတယ်။ခုနကသူ့ကိုချောင်းကြည့်နေတာထိုကောင်မလေးမှန်း။ဘာလို့သူ့ကိုလူအမြင်မခံပဲပုန်းလျှိုးကွယ်လျှိုးနေနေလဲဆိုတာမှိုင်းသိချင်သည်။
ဘယ်လောက်များလှနေလို့ ဒါမှမဟုတ်ရုပ်ဆိုးနေလို့ခုလိုလူမြင်မခံရတာလဲ။
သူကလည်းအဲလိုမျိုးဆိုတစ်အားစိတ်ဝင်စားတဲ့သူ။
ဒီအိမ်ကမပြန်ခင်အဲဒီကောင်မလေးမျက်နှာကိုကြည့်သွားချင်သေးသည်။

သူ့အမေဒေါ်ခင်သက်ထားက

''သမီးငယ်ရှိသေးတာလား''

''ဟုတ်တယ်မမခင် တေးနဲ့အမြွှာတွေလေ''

တေးကဆက်၍

''အမြွှာပေမယ့်လည်းသူကထုံထုံအအနဲ့ပါ တေးနဲ့မတူဘူး ဆယ်တန်းတောင်သုံးနှစ်ဆက်တိုက်ဖြေတာကိုမအောင်ဘူး''

မှိုင်းစိတ်ပိန်သွားရသည်။အမြွှာဆိုတော့ရုပ်တူမှာပဲ။
ခုနကသူ့ရည်ရွယ်ချက်ကချက်ချင်းပျက်စီးသွားပြီပင်။
ပြီးတော့တေးဖွဲ့သီရဲ့ညီမအချင်းချင်းနှိမ်ချိုးနှိမ်ပေါက်ပြောတာကိုလည်းသူအတော်ချဥ်သွားရသည်။
ဘယ်လောက်သေးသိမ်ညံ့ဖျင်းတဲ့စိတ်ဓာတ်လဲ။

🍏🍏🍏

သူတို့ထမင်းစားသောက်ပြီးတော့လူကြီးတွေကအိမ်ထဲမှာစကားပြောနေခဲ့ပြီးမှိုင်းနဲ့တေးကခြံထဲဆင်းလာကာစကားပြောနေရင်းမှတေးက

''ရှင်ဘယ်လိုသဘောရလဲ''

''ဘာကိုလဲ''

''ကျွန်မတို့ကိစ္စလေ''

''ရှိလာမှာမဟုတ်ဘူး''

တေးနားကြားမှားတာမဟုတ်ပါ။သေချာရှင်းရှင်းလင်းလင်းကြားလိုက်တာ။

''ရှင်ဘာပြောတာလဲ''

''မင်းနဲ့ငါ့ကိစ္စရှိလာမှာမဟုတ်ဘူးလို့ ငါမင်းကိုနည်းနည်းလေးမှစိတ်မဝင်စားဘူး''

''ဘာ''

ယောကျ်ားတိုင်းအသည်းအသန်ဖြစ်ရတဲ့တေးလိုမိန်းကလေးအားထိုလူကငြင်းသည်တဲ့။

''ငါကတော့ငြင်းတယ် မင်းလည်းငြင်းလိုက်''

''ကျွန်မဘက်ကမငြင်းဘူးဆိုရင်ရော''

မှိုင်းကမထီတထီပြုံးရင်းသူ့ဘောင်းဘီအိတ်ကပ်ထဲကဆေးလိပ်နဲ့မီးခြစ်ကိုထုတ်ကာမီးညှိ၍

''ငါလည်းတစ်ခုခုလုပ်ရမှာပေါ့''

ပြောပြီးဆေးလိပ်ကိုဖွာကာမီးခိုးငွေ့တွေအားတေးမျက်နှာတည့်တည့်ဆီမှုတ်ထုတ်လိုက်လေ၏။

''ရှင်ဘာလုပ် အဟွတ် အဟွတ်''

ချောင်းဆိုးနေရတာနဲ့သူ့အားဘာမှပြန်မပြောနိုင်သေးသောတေးအားသူမခိုးမခန့်ကြည့်ပြီးအိမ်ထဲဲပြန်ဝင်ဖို့အလှည့်မှာအိမ်ရဲ့အကွယ်ကနေခရမ်းရောင်အရိပ်လေးဖျက်ခနဲပျောက်သွားတာမြင်ပြီးသူပြုံးလိုက်ကာ

''ထပ်လာခိုးကြည့်ပြန်ပြီ မင်းကတော့မဟုတ်တော့ဘူး''

ဖွဲ့လည်းဒုတိယအကြိမ်သူခိုးလူမိသလိုဖြစ်သွား၍ချက်ချင်းပဲလှည့်ပြေးလာလိုက်၏။

''ငါ့ကိုတွေ့သွားပြန်ပြီလားမသိဘူး''

ပြောရင်းသူမကုတ်ချောင်းချောင်းနဲ့နောက်ဖေးတံခါးပေါက်ဆီလျှောက်လာလိုက်သည်။

မှိုင်းသူ့မျက်စိရှေ့မှာမြင်နေရတဲ့ တင်ပါးဖုံးနေသောဆံနွယ်ရှည်တွေအားဖဲကြိုးလေးနဲ့စုချည်ထားပြီးဂါဝန်လေးကို'မ'ကာခြေဖွလျှောက်၍ခိုးကြောင်ခိုးဝှက်ပုံစံလုပ်နေသောကောင်မလေးရဲ့လက်အားအမိအရလှမ်းဆွဲလိုက်ရာ ရုတ်တရက်မို့သူမကခြေမခိုင်ပဲသူ့ရင်ခွင်ထဲပစ်ကျလာလေတော့၏။

''အမေ့!''

ရုတ်တရက်မှိုင်းရင်ထဲဒိတ်ခနဲဖြစ်သွားရပြီးသူ့ခါးအားလက်အစုံနဲ့တင်းတင်းဖက်ကာသူ့ရင်ခွင်ထဲကနေသူ့အားမော့ကြည့်လာသောကောင်မလေးကိုအမြင်မှာသူ့ရင်ထဲတလှပ်လှပ်ဖြစ်သွားရလေသည်။

သူဘယ်တုန်းကမှဒါမျိုးမခံစားဖူးပါ။တေးဖွဲ့သီနဲ့တစ်ထေရာတည်းတူပေမယ့်တေးဖွဲ့သီကိုကျမြင်ပြင်းကပ်ပြီးဒီကောင်မလေးကိုမှရင်ခုန်သွားရတာဘာကြောင့်လဲ။

ဖွဲ့သတိဝင်လာတာနဲ့ထိုလူ့အားတွန်းလွှတ်ကာထွက်ပြေးဖို့လုပ်တော့သူမထက်လျှင်တဲ့ထိုလူကဖွဲ့အားခါးကနေလက်တစ်ဖက်တည်းနဲ့လှမ်းဆွဲကာနံရံမှာကပ်လိုက်ပြီးပုခုံးနှစ်ဖက်ကိုဖိကပ်ကာ

''ဘာလို့ငါ့ကိုလာလာခိုးကြည့်နေတာလဲ''

''ဟို ဟိုဟာလေ ဖွဲ့က တေးရဲ့သတို့သားလောင်းကိုမြင်ဖူးချင်လို့ပါ''

''အဲဒါဆိုပေါ်တင်လာမကြည့်ပဲဘာလို့သူခိုးချောင်းချောင်းနေတာလဲ''

''တေးက မထွက်ခဲ့ရဘူးဆိုလို့ပါ ဖွဲ့ ဖွဲ့တမင်လာချောင်းတာမဟုတ်ပါဘူး''

သူ့အားမကြည့်ပဲမျက်လုံးကိုဟိုဟိုဒီဒီကစားရင်းအထစ်ထစ်အငေါ့ငေါ့နဲ့ဖြေနေတဲ့သူမပါးနှစ်အားသူလက်တစ်ဖက်နဲ့အသာညှစ်ပြီးသူ့ကိုကြည့်စေလိုက်ကာ

''မင်းနာမည်ကဖွဲ့လား''

သူမကသူ့အားထိတ်လန့်နေတဲ့မျက်ဝန်းအစုံကြည့်လာပြီးနဲ့ခေါင်းညိတ်ပြကာ

''ဟုတ် လွမ်းဖွဲ့တေးပါ''

မတူဘူး။တူသလိုလိုနဲ့မတူဘူး။သူမလေးကတေးဖွဲ့သီထက်အများကြီးပိုလှပြီးပိုပြီးလည်းချစ်စရာကောင်းသည်။
ပြီးတော့ပုံစံလေးနဲ့စကားပြောတဲ့လေယူလေသိမ်းကအစဖြူစင်ပြီးအရိုးခံလေးမှန်းသိသာ၏။

''ဖွဲ့သွားလို့ရပြီလား''

သူလွှတ်ပေးလိုက်တာနဲ့သူမကသူ့ရှေ့ကနေခပ်သုတ်သုတ်ထွက်သွားပြီးအခန်းတစ်ခုထဲဝင်သွားလေ၏။

သူချက်ချင်းပဲဆုံးဖြတ်ချက်ချလိုက်သည်။သူ့မိဘတွေအားသတို့သမီး​လောင်းပြောင်းပေးပါဆိုပြီးပြောဖို့.....။

🍏🍏🍏

Zawgyi

''မိဖြဲ႕ ဟဲ့ လြမ္းဖြဲ႕ေတး''

အိမ္ေရွ႕ဆီမွေတးရဲ႕အသံေၾကာင့္ဖြဲ႕ဖိနပ္ေလးတစ္ရံကိုကိုင္ကာအေျပးအလႊားေရာက္လာၿပီးသူမေရွ႕ခ်ေပးကာ

''ရၿပီ နည္းနည္းပါးပါးေလးေတာ့ေစာင့္မွေပါ့''

''နင္ကအၿမဲလႈပ္စိလႈပ္စိမို႔ေအာ္ေခၚရတာေဟ့''

ေျပာေနရင္းနဲ႔ေတးရဲ႕လက္ထဲကဖုန္းေလးကျမည္လာ၍သူမကဖြဲ႕ဘက္လွည့္၍

''ငါ့ကိုဖိနပ္စီးေပးစမ္း ငါဖုန္းေျပာမလို႔''

ဖြဲ႕ စိတ္ကိုအတင္းဆြဲဆန္႔ထားရတဲ့႐ုပ္ေလးနဲ႔ေတးေရွ႕ေဆာင့္ေၾကာင့္ထိုင္ခ်ၿပီးေတးရဲ႕ေျခေထာက္လွလွေလးအားဆြဲယူလိုက္၏။

ဖုန္းေျပာေနတဲ့ေတးကေတာ့သူ႔ဘာသာအလုပ္ေတြရႈပ္ၿပီးဖိနပ္စီးၿပီးတာနဲ႔တစ္ၿပိဳင္တည္းကားေပၚအျမန္ေျပးတက္သြားေလေတာ့သည္။

ေက်ာ့ေက်ာ့ေမာ့ေမာ့ေလးနဲ႔ေဖေဖ့အလုပ္ေတြကိုဦးစီးေနႏိုင္ၿပီျဖစ္ေသာေတးအား ဖြဲ႕အားက်ရပါ၏။
တစ္ေန႔တည္းတစ္ခ်ိန္တည္းေမြးတာခ်င္းအတူတူကုသိုလ္ကံခ်င္းကြာေတာ့ေတးကထက္ထက္ျမတ္ျမတ္နဲ႔အရာရာကိုဦးေဆာင္ႏိုင္ေနၿပီးသူမကေတာ့အိမ္ထဲမွာပဲေသးသိမ္ေနရပါသည္။

ထိုစဥ်

''သမီး အိမ္ေရွ႕ႀကီးမွာဘာရပ္လုပ္ေနတာလဲ''

သူမအေမေဒၚေဝေဝဦးကေစ်းျခင္းႀကီးဆြဲၿပီးသူမနားေရာက္လာကာေမး၏။

''ဘာမွမလုပ္ပါဘူးေမေမ''

''ေမေမနဲ႔ေစ်းသြားၾကစို႔ ေန႔လည္က်ရင္အိမ္ကိုဧည့္သည္လာမွာဆိုေတာ့သူတို႔အတြက္ခ်က္ျပဳတ္ထားရေအာင္''

''ဘယ္သူလာမွာလဲေမေမ''

''ေတးရဲ႕သတို႔သားေလာင္း''

''ဟင္ ဒါေပမယ့္ေတးကအျပင္ထြက္သြားၿပီေနာ္''

''သူအမီျပန္လာခဲ့မယ္တဲ့ ကဲပါ ေတာ္ၾကာေစ်းကြဲေနဦးမယ္ သြားၾကစို႔''

''ဟုတ္''

ေတးရဲ႕သတို႔သားေလာင္းဆိုေတာ့ေတးလိုထက္ထက္ျမတ္ျမတ္နဲ႔ခပ္ေခ်ေခ်ထဲကပဲျဖစ္မည္။
ဟိုေန႔ကေဖေဖနဲ႔ေမေမ ေတးကိုေျပာေနတာၾကားေပမယ့္အဲတုန္းကေတးကအင္းမလုပ္အဲမလုပ္နဲ႔မို႔ဒီကိစၥကိုေတးကျငင္းလိုက္တယ္မွတ္တာ။
အခုက်အိမ္ကိုေတာင္ေရာက္ခ်လာေတာ့မည္။
ေတးရဲ႕သတို႔သားေလာင္းကိုေတြ႕ခ်င္လိုက္တာအရမ္းပဲ။

🍏🍏🍏

အျဖဴေရာင္ရွပ္အက်ႌနဲ႔အနက္ေရာင္style pantကို႐ိုးရွင္းစြာဝတ္ဆင္ၿပီးအက်ႌလက္ေတြကိုေခါက္တင္ရင္းအိမ္ေပၚမွဆင္းလာတဲ့လူတစ္ဦး။

ေခါင္းအစေျခအဆုံးဘာမွအျပစ္ေျပာစရာမရွိေအာင္ေခ်ာေမာေျပျပစ္လွတဲ့႐ုပ္ရည္ကိုပိုင္ဆိုင္ထားတဲ့သူက ×××××Construction companyရဲ႕CEO မင္းညိဳမႈိင္းပင္။

႐ုပ္ေလးေခ်ာသေလာက္​ေမာက္မာသူဟုသတင္းေမႊးတဲ့သူကမိန္းကေလးတိုင္းစိတ္ဝင္စားျခင္းခံရေပမယ့္သူကေတာ့မိန္းကေလးတိုင္းကိုစိတ္မဝင္စား။

အထူးသျဖင့္ကလက္တက္တက္မိန္းမေတြနဲ႔မာန္တက္ေနတဲ့မိန္းမေတြ။

အခုသူ႔အားကိုယ့္စြမ္းကိုယ့္စနဲ႔မိန္းမမရႏိုင္ေတာ့ဘူးလို႔ထင္ေနတဲ့သူ႔မိဘေတြကသူတို႔သေဘာက်ေနတဲ့မိန္းကေလးနဲ႔သူ႔အားေပးေတြ႕မလို႔ပါတဲ့။

သူကအစြမ္းအစမရွိတာမဟုတ္ပဲတစ္ကယ္ခ်စ္ရမယ့္သူမေတြ႕ေသးလို႔ၿငိမ္ေနတာပါ။ခ်စ္ရမယ့္သူေတြ႕လို႔ကေတာ့မဒိန္းက်င့္ၿပီးပဲယူရယူရ ရေအာင္ယူပစ္မွာလို႔ေႂကြးေၾကာ္ထားၿပီးသား။

အခုဒီမိန္းကေလးလည္းအခ်ိဳးမေျပလို႔ကေတာ့.....။

_____________

သူတို႔ထိုအိမ္ကိုေရာက္ေတာ့ေန႔လည္11ခြဲေနၿပီပင္။

''မမခင္တို႔ေနာက္မက်ပါဘူးေနာ္ေဝေဝ''

''မက်ပါဘူးရွင္ လာမမခင္ ထိုင္''

''သားတို႔အေဖကေတာ့နယ္ဘက္ခရီးလြန္ေနလို႔ပါမလာဘူး''

''ရပါတယ္မမခင္ရယ္ ေနာက္တစ္ေခါက္ေပါ့''

ဖြဲ႕မီးဖိုေခ်ာင္ကေနအရွင္းသားျမင္ရတဲ့ဧည့္ခန္းဆီလွမ္းၾကည့္ၿပီးေတးရဲ႕သတို႔သားေလာင္းကအေတာ္ေလးေခ်ာတာပဲဟုေကာက္ခ်က္ခ်လိုက္၏။
ၿပီးေတာ့ေတးနဲ႔လည္းလိုက္ဖက္ညီသည္။

မႈိင္းတစ္ေယာက္သူ႔အားတစ္ေယာက္ေယာက္ကခိုးၾကည့္ေနတယ္လို႔ခံစားရ၍ဟိုဟိုဒီဒီလိုက္ၾကည့္ေတာ့အခန္းတစ္ခုရဲ႕အကြယ္ေလးမွာသူ႔အားလွမ္းၾကည့္ေနေသာမ်က္ႏွာေလးအားျမင္လိုက္ရၿပီးခ်က္ခ်င္းဆိုသလိုထိုမ်က္ႏွာေလးကဖ်က္ခနဲျပန္ေပ်ာက္သြားေလသည္။

ဖြဲ႕ရင္ဘတ္ေလးကိုဖိကာ

''ငါၾကည့္ေနတာမ်ားျမင္သြားၿပီလားမသိဘူး''

ထိုစဥ်

''သမီး''

''အေမ့''

လက္ေမာင္းကိုလာကိုင္ကာေခၚ၍ဖြဲ႕ကိုယ္ေလးတုန္သြားၿပီးအေမျဖစ္သူအားလွည့္ၾကည့္လိုက္ေလသည္။

''ဘာေတြအဲေလာက္လန္႔ေနတာလဲ''

''ဘာ ဘာမွမဟုတ္ပါဘူးေမေမ ေမေမဘာခိုင္းမလို႔လဲ''

''ထမင္းပြဲျပင္ထားလိုက္ေတာ့သမီး ခဏေနဧည့္သည္ေတြထမင္းစားေတာ့မွာ''

''ဟုတ္ကဲ့''

သူမအေမျပန္ထြက္သြားတာနဲ႔ဖြဲ႕တစ္ေယာက္ေႏႊးသင့္တဲ့ဟင္းေတြကိုျပန္ေႏႊးၿပီးပန္းကန္ေတြထဲထည့္ကာစားပြဲေပၚမွာအုပ္ေဆာင္းနဲ႔အုပ္ေပးခဲ့ၿပီးေနာက္ေဖးတံခါးေပါက္ကေနထြက္လာခဲ့လိုက္၏။

ထိုမိသားစုႏွစ္ဖက္စကားဝိုင္းကသူမနဲ႔ဆိုင္တဲ့အရာမွမဟုတ္ပဲ။

တစ္ဖက္မွာလည္းမႈိင္းတစ္ေယာက္ ေတးအားအေတာ္ေလးမ်က္ႏွာေၾကာတည့္မေနေတာ့ပါ။
မ်က္ႏွာထားကိုကမာန္တက္ေနတဲ့မိန္းမမွန္းသိသာလိုက္တာ။
စကားေျပာတဲ့ေလသံကအစအျမင္ကပ္စရာေကာင္းလွေအာင္သူ႔ကိုယ္သူအမႊန္းတင္တာကခပ္မ်ားမ်ား။
သူကမွအဲလိုမိန္းမေတြကိုၾကည့္မရပါဘူးဆို။

​ေျပာရရင္သူကလည္းစိတ္မဝင္စားေနလို႔ပါ။မဟုတ္ရင္ဘယ္လိုပုံစံပဲျဖစ္ျဖစ္ခ်စ္မွာပဲေလ။

''မမခင္ ေန႔လည္စာစားၾကရေအာင္''

''အင္း လာသား''

ထမင္းစားခန္းထဲေရာက္ေတာ့ေဒၚေဝေဝဦးက

''ခဏေလးေနာ္ သမီးငယ္ကိုသြားေခၚလိုက္ဦးမယ္''

ထိုအခါေတးက

''ေခၚမေနပါနဲ႔ေမေမ ေမေမ့သမီးကလူေတာတိုးတာလည္းမဟုတ္ဘူး ငထူငအနဲ႔ မ်က္ႏွာပ်က္စရာျဖစ္ကုန္မယ္''

သူမစကားေၾကာင့္သူမအေဖေရာအေမပါမ်က္ႏွာပ်က္သြားၾကမွန္းသိေပမယ့္ေတးမသိခ်င္ေယာင္ေဆာင္ထားလိုက္သည္။
ဖြဲ႕ဆိုတာလူေရွ႕ထြက္သင့္တဲ့သူမွမဟုတ္တာ။

သူမအေဖဦးထြန္းျမင့္ႏိုင္က

''ကဲပါေဝရယ္ ထားလိုက္ပါ သမီးကလည္းလာမွာမဟုတ္ပါဘူး''

ေဒၚေဝေဝဦးဘာမွျပန္မေျပာပဲခုံမွာဝင္ထိုင္လိုက္၏။
ဟုတ္ေတာ့လည္းဟုတ္ပါတယ္။ဖြဲ႕ကအိမ္ကိုဧည့္သည္လာရင္ဘယ္တုန္းကမွလူလုံးထြက္ျပဖူးသူမဟုတ္။

မႈိင္းလည္းသိလိုက္ပါတယ္။ခုနကသူ႔ကိုေခ်ာင္းၾကည့္ေနတာထိုေကာင္မေလးမွန္း။ဘာလို႔သူ႔ကိုလူအျမင္မခံပဲပုန္းလွ်ိဳးကြယ္လွ်ိဳးေနေနလဲဆိုတာမႈိင္းသိခ်င္သည္။
ဘယ္ေလာက္မ်ားလွေနလို႔ ဒါမွမဟုတ္႐ုပ္ဆိုးေနလို႔ခုလိုလူျမင္မခံရတာလဲ။
သူကလည္းအဲလိုမ်ိဳးဆိုတစ္အားစိတ္ဝင္စားတဲ့သူ။
ဒီအိမ္ကမျပန္ခင္အဲဒီေကာင္မေလးမ်က္ႏွာကိုၾကည့္သြားခ်င္ေသးသည္။

သူ႔အေမေဒၚခင္သက္ထားက

''သမီးငယ္ရွိေသးတာလား''

''ဟုတ္တယ္မမခင္ ေတးနဲ႔အႁမႊာေတြေလ''

ေတးကဆက္၍

''အႁမႊာေပမယ့္လည္းသူကထုံထုံအအနဲ႔ပါ ေတးနဲ႔မတူဘူး ဆယ္တန္းေတာင္သုံးႏွစ္ဆက္တိုက္ေျဖတာကိုမေအာင္ဘူး''

မႈိင္းစိတ္ပိန္သြားရသည္။အႁမႊာဆိုေတာ့႐ုပ္တူမွာပဲ။
ခုနကသူ႔ရည္႐ြယ္ခ်က္ကခ်က္ခ်င္းပ်က္စီးသြားၿပီပင္။
ၿပီးေတာ့ေတးဖြဲ႕သီရဲ႕ညီမအခ်င္းခ်င္းႏွိမ္ခ်ိဳးႏွိမ္ေပါက္ေျပာတာကိုလည္းသူအေတာ္ခ်ဥ္သြားရသည္။
ဘယ္ေလာက္ေသးသိမ္ညံ့ဖ်င္းတဲ့စိတ္ဓာတ္လဲ။

🍏🍏🍏

သူတို႔ထမင္းစားေသာက္ၿပီးေတာ့လူႀကီးေတြကအိမ္ထဲမွာစကားေျပာေနခဲ့ၿပီးမႈိင္းနဲ႔ေတးကၿခံထဲဆင္းလာကာစကားေျပာေနရင္းမွေတးက

''ရွင္ဘယ္လိုသေဘာရလဲ''

''ဘာကိုလဲ''

''ကြၽန္မတို႔ကိစၥေလ''

''ရွိလာမွာမဟုတ္ဘူး''

ေတးနားၾကားမွားတာမဟုတ္ပါ။ေသခ်ာရွင္းရွင္းလင္းလင္းၾကားလိုက္တာ။

''ရွင္ဘာေျပာတာလဲ''

''မင္းနဲ႔ငါ့ကိစၥရွိလာမွာမဟုတ္ဘူးလို႔ ငါမင္းကိုနည္းနည္းေလးမွစိတ္မဝင္စားဘူး''

''ဘာ''

ေယာက်္ားတိုင္းအသည္းအသန္ျဖစ္ရတဲ့ေတးလိုမိန္းကေလးအားထိုလူကျငင္းသည္တဲ့။

''ငါကေတာ့ျငင္းတယ္ မင္းလည္းျငင္းလိုက္''

''ကြၽန္မဘက္ကမျငင္းဘူးဆိုရင္ေရာ''

မႈိင္းကမထီတထီၿပဳံးရင္းသူ႔ေဘာင္းဘီအိတ္ကပ္ထဲကေဆးလိပ္နဲ႔မီးျခစ္ကိုထုတ္ကာမီးညႇိ၍

''ငါလည္းတစ္ခုခုလုပ္ရမွာေပါ့''

ေျပာၿပီးေဆးလိပ္ကိုဖြာကာမီးခိုးေငြ႕ေတြအားေတးမ်က္ႏွာတည့္တည့္ဆီမႈတ္ထုတ္လိုက္ေလ၏။

''ရွင္ဘာလုပ္ အဟြတ္ အဟြတ္''

ေခ်ာင္းဆိုးေနရတာနဲ႔သူ႔အားဘာမွျပန္မေျပာႏိုင္ေသးေသာေတးအားသူမခိုးမခန္႔ၾကည့္ၿပီးအိမ္ထဲဲျပန္ဝင္ဖို႔အလွည့္မွာအိမ္ရဲ႕အကြယ္ကေနခရမ္းေရာင္အရိပ္ေလးဖ်က္ခနဲေပ်ာက္သြားတာျမင္ၿပီးသူၿပဳံးလိုက္ကာ

''ထပ္လာခိုးၾကည့္ျပန္ၿပီ မင္းကေတာ့မဟုတ္ေတာ့ဘူး''

ဖြဲ႕လည္းဒုတိယအႀကိမ္သူခိုးလူမိသလိုျဖစ္သြား၍ခ်က္ခ်င္းပဲလွည့္ေျပးလာလိုက္၏။

''ငါ့ကိုေတြ႕သြားျပန္ၿပီလားမသိဘူး''

ေျပာရင္းသူမကုတ္ေခ်ာင္းေခ်ာင္းနဲ႔ေနာက္ေဖးတံခါးေပါက္ဆီေလွ်ာက္လာလိုက္သည္။

မႈိင္းသူ႔မ်က္စိေရွ႕မွာျမင္ေနရတဲ့ တင္ပါးဖုံးေနေသာဆံႏြယ္ရွည္ေတြအားဖဲႀကိဳးေလးနဲ႔စုခ်ည္ထားၿပီးဂါဝန္ေလးကို'မ'ကာေျခဖြေလွ်ာက္၍ခိုးေၾကာင္ခိုးဝွက္ပုံစံလုပ္ေနေသာေကာင္မေလးရဲ႕လက္အားအမိအရလွမ္းဆြဲလိုက္ရာ ႐ုတ္တရက္မို႔သူမကေျခမခိုင္ပဲသူ႔ရင္ခြင္ထဲပစ္က်လာေလေတာ့၏။

''အေမ့!''

႐ုတ္တရက္မႈိင္းရင္ထဲဒိတ္ခနဲျဖစ္သြားရၿပီးသူ႔ခါးအားလက္အစုံနဲ႔တင္းတင္းဖက္ကာသူ႔ရင္ခြင္ထဲကေနသူ႔အားေမာ့ၾကည့္လာေသာေကာင္မေလးကိုအျမင္မွာသူ႔ရင္ထဲတလွပ္လွပ္ျဖစ္သြားရေလသည္။

သူဘယ္တုန္းကမွဒါမ်ိဳးမခံစားဖူးပါ။ေတးဖြဲ႕သီနဲ႔တစ္ေထရာတည္းတူေပမယ့္ေတးဖြဲ႕သီကိုက်ျမင္ျပင္းကပ္ၿပီးဒီေကာင္မေလးကိုမွရင္ခုန္သြားရတာဘာေၾကာင့္လဲ။

ဖြဲ႕သတိဝင္လာတာနဲ႔ထိုလူ႔အားတြန္းလႊတ္ကာထြက္ေျပးဖို႔လုပ္ေတာ့သူမထက္လွ်င္တဲ့ထိုလူကဖြဲ႕အားခါးကေနလက္တစ္ဖက္တည္းနဲ႔လွမ္းဆြဲကာနံရံမွာကပ္လိုက္ၿပီးပုခုံးႏွစ္ဖက္ကိုဖိကပ္ကာ

''ဘာလို႔ငါ့ကိုလာလာခိုးၾကည့္ေနတာလဲ''

''ဟို ဟိုဟာေလ ဖြဲ႕က ေတးရဲ႕သတို႔သားေလာင္းကိုျမင္ဖူးခ်င္လို႔ပါ''

''အဲဒါဆိုေပၚတင္လာမၾကည့္ပဲဘာလို႔သူခိုးေခ်ာင္းေခ်ာင္းေနတာလဲ''

''ေတးက မထြက္ခဲ့ရဘူးဆိုလို႔ပါ ဖြဲ႕ ဖြဲ႕တမင္လာေခ်ာင္းတာမဟုတ္ပါဘူး''

သူ႔အားမၾကည့္ပဲမ်က္လုံးကိုဟိုဟိုဒီဒီကစားရင္းအထစ္ထစ္အေငါ့ေငါ့နဲ႔ေျဖေနတဲ့သူမပါးႏွစ္အားသူလက္တစ္ဖက္နဲ႔အသာညႇစ္ၿပီးသူ႔ကိုၾကည့္ေစလိုက္ကာ

''မင္းနာမည္ကဖြဲ႕လား''

သူမကသူ႔အားထိတ္လန္႔ေနတဲ့မ်က္ဝန္းအစုံၾကည့္လာၿပီးနဲ႔ေခါင္းညိတ္ျပကာ

''ဟုတ္ လြမ္းဖြဲ႕ေတးပါ''

မတူဘူး။တူသလိုလိုနဲ႔မတူဘူး။သူမေလးကေတးဖြဲ႕သီထက္အမ်ားႀကီးပိုလွၿပီးပိုၿပီးလည္းခ်စ္စရာေကာင္းသည္။
ၿပီးေတာ့ပုံစံေလးနဲ႔စကားေျပာတဲ့ေလယူေလသိမ္းကအစျဖဴစင္ၿပီးအ႐ိုးခံေလးမွန္းသိသာ၏။

''ဖြဲ႕သြားလို႔ရၿပီလား''

သူလႊတ္ေပးလိုက္တာနဲ႔သူမကသူ႔ေရွ႕ကေနခပ္သုတ္သုတ္ထြက္သြားၿပီးအခန္းတစ္ခုထဲဝင္သြားေလ၏။

သူခ်က္ခ်င္းပဲဆုံးျဖတ္ခ်က္ခ်လိုက္သည္။သူ႔မိဘေတြအားသတို႔သမီး​ေလာင္းေျပာင္းေပးပါဆိုၿပီးေျပာဖို႔.....။

🍏🍏🍏

Continue Reading

You'll Also Like

1.2M 35.3K 61
Silent, unforgiving and strikingly gorgeous, Rylan Parker is a cold-hearted businessman. An intimidating CEO, perfectly fitted in tailored suits and...
981K 30.4K 61
Dans un monde où le chaos et la violence étaient maitre, ne laissant place à ne serrait ce qu'un soupçon d'humanité. Plume était l'exception. Elle...
820K 8.2K 67
𝐢𝐧𝐜𝐥𝐮𝐝𝐞𝐬 𝐚𝐥𝐥 𝐨𝐟 𝐭𝐡𝐞 𝐛𝐨𝐲𝐬 ✦ .  ⁺   . ✦ .  ⁺   . ✦ don't forget to vote, share and comment. 🤍
199K 15.5K 35
𝐕𝐈𝐇𝐀𝐀𝐍 ♡ 𝐑𝐔𝐇𝐀𝐍𝐈𝐊𝐀 Ruhanika, a quiet introvert with a passion for books and study. She thrives in the world of words, finding solace in...