သိုင်းလောကတစ်ခုလုံးကဗရုတ်သုတ်...

By lanni_ways

48.9K 6.9K 493

စာရေးသူ - ယွီရှောက်လန်ရှန်း ဇာတ်ဆောင် - ရှန်ချန်းလင် x ချင်ရှောက်ယွီ - ယဲ့ကျင်... More

Hey~!
Intro
FYI
အခန်း (၁) ဝုန်းဝုန်းဒိုင်းဒိုင်းအချိန်နောက်ပြန်ခရီးသွားလိုက်ရပြီ
အခန်း(၂) ကိုယ်ဝန်ကိုမထိခိုက်စေနဲ့!
အခန်း(၃) ဘေးခြံထဲမှာလူတစ်ယောက်ကြိုးဆွဲချသေမလို့တဲ့
အခန်း (၄) ဘိုးဘေးလေးတစ်ယောက်ကိုမှပြန်ရွေးလာခဲ့တယ်
အခန်း (၅) ငါအလှပြင်ချင်တယ်!
အခန်း (၆) ကြွက်တက်တာက ကိစ္စကြီးတစ်ခုပဲဟ!
အခန်း (၇) နတ်မျိုးနွယ် သားရဲတိရစ္ဆာန်
အခန်း(၉) အရှုပ်ထုပ်ကောင်
အခန်း (၁၀) သတ္တိကောင်းလိုက်တဲ့မကောင်းဆိုးဝါး!
အခန်း(၁၁) အပေါ်ထပ်ကနေခုန်ချလိုက်မိတယ်!
အခန်း(၁၂) မကောင်းတဲ့ကောင်!
အခန်း (၁၃)သရုပ်ဆောင်မင်းသား၏မပြီးနိုင်မစီးနိုင်သောအခန်းကဏ္ဍများ!
အခန်း (၁၄) လူ့လောက၏သုခဘုံ
အခန်း (၁၅) နှင်းသလင်းပြာ!
အခန်း(၁၇) ထွက်ခွာခြင်း
အခန်း (၁၉) ဝဋ်ကြွေးတွေပါတဲ့!
အခန်း(၂၀) နှင်းသလင်းပြာကို အမြန်ပြန်ပို့လိုက်စမ်း
အခန်း (၂၁) ချန်းမုတောင်
အခန်း (၂၃) အားလုံးက လူလုဖို့လာကြတာလား!
အခန်း (၂၄) ခရီးစဉ်ခေတ္တရပ်နားမည်!
အခန်း (၂၅) ဆေးမှာပြဿနာရှိနေတယ်!
အခန်း (၂၆) ရင်းနှီးတဲ့လူနဲ့လာဆုံနေတာပဲ!
အခန်း (၂၇) လက်ဆောင်လေးတစ်ခုပေးမယ်!
အခန်း (၂၈) မင်းတမင်လုပ်တာ!
အခန်း (၂၉) ကူပိုးကောင်!
အခန်း (၃၀) တကယ်ပဲ သည်းသည်းလှုပ်ချစ်တာနော်!
အခန်း (၃၁) နည်းနည်းလေးမှ ရိုးသားမှုမရှိဘူး!
အခန်း (၃၂) ကြယ်စဉ်ကိုးနွယ် ပုလဲသွယ်နက္ခတ်!
အခန်း (၃၃) စုတ်ပြတ်သတ်နေတဲ့ရပ်နားစခန်း!
အခန်း (၃၄) တိတ်တဆိတ်အဆိပ်ခတ်ခြင်း!
အခန်း (၃၅) ချုံဟွားတောင်ကြား!
အခန်း (၃၆) သေရည်မူးနေတယ်!
အခန်း (၃၇) ဇနီးလေးက ကိုယ်နဲ့အတူ စမ်းကြည့်ပေးပါလား!
အခန်း (၃၈) တကယ်မျက်စိကျိန်းပြီးကန်းတော့မှာပဲ!
အခန်း (၃၉) ကြီးမားကျယ်ဝန်းကာနက်ရှိုင်းလွန်းသောခြံဝန်းကြီး
အခန်း (၄၀) လျှို့ဝှက်ဆန်းကြယ်စွာ မည်သူမျှ မသိလိုက်ပါဘဲနှင့်!
အခန်း (၄၂) တစ်ယောက်ထပ်ပျောက်သွားပြန်ပြီ!
အခန်း (၄၃) ကျုချင်းလန်!
အခန်း (၄၅) လီပေါ်ဟောက်!
အခန်း (၄၆) ဝတုတ်ကလေး!
အခန်း (၄၇) ဟွန်း!
အခန်း (၄၈) ပဟေဠိဆန်ဆန်ပွဲလေးတစ်ခု!
အခန်း (၁၁၁) ရှန်သခင်လေးကအင်မတန်ချစ်စရာကောင်းတယ်!
အခန်း (၁၁၂) မဟာတိုက်ပွဲ!
အခန်း (၁၁၃) အဆုံးသတ်!
အခန်း (၁၁၄) ပြဿနာအခက်အလက်များ!
အခန်း (၁၁၄) အဆက်
အခန်း (၁၁၅) ဂိုဏ်းချုပ်ချင်ဟာကုသိုလ်ကံကြီးပြီးအသက်ပြင်းသူပင်!
အခန်း (၁၁၆) သတိပြန်ရလာတော့ကောင်းလိုက်တာ!
အခန်း (၁၁၇) အမွေးလုံးလေးဟာဘာမျှကိုမသိနားမလည်ရှာ!
အခန်း (၁၁၈) ရှင်းလင်းသွားရပြီ!
အခန်း (၁၁၈) အဆက်
အခန်း (၅၁) ချစ်သူစုံတွဲအနေအထား
အခန်း (၅၃) လူပျောက်သွားပြီ!
အခန်း (၅၄) ကိုယ့်ကိုယ်ကိုယ်အားကိုးပြီး‌အားသွန်ခွန်စိုက်သရုပ်ဆောင်မယ်!
အခန်း (၅၅) အဆီအသားတွေအများကြီးရှိပေမဲ့ပွတ်သပ်နေမဲ့လူမရှိဘူး!
အခန်း (၅၆) မလွယ်လိုက်တာမှ!
အခန်း(၅၇) ကိုယ်မင်းကိုပြောပြပါ့မယ်!
အခန်း (၅၈) အဲသည့်ဘယ်သူနဲ့ တွေ့ တွေ့ တွေ့ တယ်!
အခန်း (၁၁၉) အမွေးလုံးက အိပ်ချင်ရုံလေးပါပဲဟာ!

အခန်း(၈) တက်ကြွကြိုးစားစွာသင်ယူရှာသည့်သခင်လေးရှန်

541 71 3
By lanni_ways

Unicode>>

【အရှုပ်တော်ပုံ】

ခေတ်မီဖွံ့ဖြိုးတိုးတက်သော သတင်းအချက်အလက်နှင့် ပြည်စုံသည့် ယနေ့ခေတ်ကနေ အချိန်နောက်ပြန် ခရီးသွားလိုက်ရသည်မှန်ပေမင့် ရုတ်ခြည်းဆန်စွာ မည်သို့သော ပြင်ဆင်မှုမျှမရှိဘဲ ဇာမဏီကို မြင်လိုက်ရသောကိစ္စက အတော်လေးတော့ အသည်းထိတ်စရာပင်။ ထို့ကြောင့် ရှန်ချန်းလင်တစ်ယောက်သည် အတော်ကြာအောင် သတိလစ်မေ့မြောနေပြီး တောက်လျှောက် အိပ်မက်တွေမက်နေ၏။ သူသည် ကိုယ်လုံးတီး ဘာအဝတ်မျှမဝတ်ဆင်ထားဘဲ မြေရိုင်းလွင်ပြင်တစ်ခွင် အကြောက်အလန့် အရူးအမူး ပတ်ပြေးနေရပြီး သူ့နောက်တွင် ဇာမဏီငှက်က မီးမှုတ်လျက် တောက်လျှောက် ပြေးလိုက်နေသည်။ သူ့ခမျာ မနည်းကြိုးစား၍ လူများရှိရာ စျေးတစ်ခုသို့ အပြေးရောက်လာပြီးသော် အသက်လေးမှ ဝအောင်ရှူမည်မကြံခင် တစ်စုံတစ်ယောက် ပစ်ပေါက်လိုက်သော အနီရောင် ပန်းချည်ထိုး ဘောလုံးကြီးက မိုးပေါ်ကပြုတ်ကျလာလေသည်။ ခေါင်းမော့အကြည့်တွင်မူ ချင်ရှောက်ယွီက အနီရောင် မင်္ဂလာဆောင်ဝတ်စုံကို ဝတ်ဆင်လျက် အရှက်သည်းနေသည်ကို မြင်ရလေ၏။ ထို့သို့မှသာ လန့်ဖျပ်လွန်းအားကြီးသွားပြီး အိပ်မက်ကနေ လန့်နိုးကာ ပြန်လည်သတိရလာတော့လေသည်။

ငိုး! ! ဒီအိပ်မက်ကြီးကလည်း မိုးကြိုးပစ်တာထက်တောင် ဆိုးသေး!

သေးတောင်ထွက်ကျတော့မယ်!

"အာ...သခင်လေး သတိရလာပြီ"

ပေါင်တို့က ကပျာကယာ သူ့ကို တွဲထူပေးလာသည်။

အခန်းထဲတွင် မီးရောင်ဖျော့ဖျော့ ထွန်းထားပြီဖြစ်ပြီး ရှန်ချန်းလင်၏ ခေါင်းတစ်ခေါင်းလုံးလည်း ချွေးများရွှဲရွှဲစိုနေသည်။

"ငါသတိမေ့သွားတာ ဘယ်လောက်ကြာသွားပြီလဲ?"

"အတော်လေး ကြာပြီရယ်.. ဆယ်နာရီကျော်လောက်ရှိပြီ"

ပေါင်တို့က သူ့ကို ချွေးကူသုတ်ပေးလိုက်သည်။

"မကြာသေးခင်က သခင်ကြီးနဲ့ သခင်မကြီးတို့ရယ်.. ပြီးတော့ နောင်တော်သခင်လေး နှစ်ယောက်ရယ် အကုန်လုံး သခင်လေးကို လာကြည့်သွားကြတယ်... ပြီးမှ သမားတော်က သခင်လေးမှာ ကြီးကြီးမားမား ဘာပြဿနာမှမရှိဘူးလို့ ပြောလို့ ရှေ့ဆင့်နောက်ဆင့် ပြန်သွားကြတာရယ်"

အဖေနဲ့ အမေရယ် ကိုကိုတွေပဲလား?

ရှန်ချန်းလင်က အင်မတန် အားနည်းနေသည်။

"အဲ့ဒီဟိုတစ်ယောက်ရော?"

"သခင်လေးမေးချင်တာက ဂိုဏ်းချုပ်ချင်မလား?"

ပေါင်တို့က အင်မတန်လည်ဝယ်လှ၏။

"ဂိုဏ်းချုပ်က အပြင်ခဏထွက်သွားလို့လေ... အခုထိ ပြန်မလာသေးဘူးမို့... သခင်လေးက သူ့ကို သတိရနေလို့လား?"

ငါက သူ့တစ်အိမ်လုံးကို သတိရနေဦးမယ်! ! ငါသူ့ကို ရှာတယ်ဆိုတာ ကိစ္စရှိလို့ကွ သဘောပေါက်ရဲ့လား!

ရှန်ချန်းလင်က အားမရှိစွာ လက်ကာပြလိုက်ပြီး ဆိုသည်။

"တော်ပြီ... အရင်ဆုံး သူ့အကြောင်းမပြောတော့ဘူး.. ငါ့ကို အဲ့နောက်ဘက်ခြံဝန်းထဲက ဇာမဏီငှက်အကြောင်းသာ ပြောပြစမ်းပါ"

"သခင်လေးက ဟာသတွေပြောနေပါပြီ... အဲ့ဟာက ဘယ်လိုလုပ်ပြီး ဇာမဏီဖြစ်နိုင်မှာလဲဗျ"

ပေါင်တို့၏ အမူအရာက လေးလေးနက်နက်ဖြင့်။

"ဇာမဏီဆိုတာ ဟိုးဒဏ္ဍာရီလာ ရှေးဟောင်းအထွတ်အမြတ် နတ်မျိုးနွယ်တစ်ပါးလေ... ဘယ်နှယ့် ဟိုဟိုသည်သည် အလွယ်တကူရှာတွေ့နိုင်မှာလဲ"

ငိုး! ! ! !

အဲ့ဟာကိုတောင် ဇာမဏီလို့မခေါ်သေးဘူးဆိုရင် ဘယ်ဟာကမှ ဇာမဏီလဲ ငါ့ကိုပြောစမ်း! ! ! ဘယ်သူ့အိမ်က ကြက်မည်းက အတောင်ပံတစ်ဖက် ဖြန့်လိုက်ရင် သုံးမီတာကျော်ရှည်လျားတာ မင်းမြင်ဖူးလို့လဲ?

ရှန်ချန်းလင်သည် အော်ဟစ်ပေါက်ကွဲကာ စားပွဲခုံကိုတောင် ဆွဲမှောက်ပစ်လိုက်ချင်မိသည်။

"အဲ့သည်ကြက်မည်းက ရှန်အိမ်တော်မှာ မွေးထားတာ နှစ်ပေါင်းတစ်ရာကျော်ကြာပြီ... လူကြီးတွေ လက်ဆင့်ကမ်း ပြောကြားခဲ့တာတော့ ဘိုးဘေးဘီဘင်တွေရဲ့ အသက်သခင်ကျေးဇူးရှင်တဲ့"

ပေါင်တို့က ရှင်းပြလေသည်။

"သူက ငှက်ကြီး အမျိုးအစားမှန်ပေမဲ့လည်း ဇာမဏီက ရှေးဒဏ္ဍာရီတွေ အရဆို မီးပုံထဲကနေ တစ်ဖန်ပြန်မွေးဖွားလာတာမလား... ကြက်မည်းက မီးအရမ်းကြောက်တယ်ရော်.. မတူဘူးရယ်"

"အသက်သခင်ကျေးဇူးရှင်?"

ရှန်ချန်းလင်၏ ဘဝအသိအမြင်များက နောက်ထပ်တစ်ကြိမ် ခေါင်းဆေးခံလိုက်ရပေပြီ။

ငိုး... ဒီအိမ်ကလူတွေရဲ့ အတွေးအခေါ်အယူအဆတွေက တကယ်ကို ဘာတွေလဲဟ! အသက်သခင်ကျေးဇူးရှင်သာဆိုရင် ကောင်းကောင်းမွန်မွန် ကျွေးမွေးပြုစုထားရမှာ မဟုတ်ဘူးလား... ဘယ်လိုလုပ် သံခြေချင်းတွေနဲ့ အနောက်ဘက်ခြံထဲမှာ ချည်နှောင်ထားရတာလဲ! !

ပြီးတော့ သူများ သားသမီးကို စွပ်ပြုတ်လုပ်သောက်ဖို့ဆို ပြောမနေနဲ့တော့! ! !

ဒါကြီးက ဘယ်လိုတောင် ကြောက်စရာကောင်းတဲ့ ကျေးဇူးဆပ်ပုံကြီးလဲ????

"ဒီကိစ္စက ကျွန်တော်လည်း သိပ်နားမလည်ဘူး... ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် သခင်လေး သူ့ကို သွားမဆွနဲ့နော်"

ပေါင်တို့က မှာကြားနေသည်။

"အဲ့ကြက်မည်းက ဒေါသကြီးတယ်.. သံခြေချင်းတွေနဲ့ ချည်နှောင်ထားပေမဲ့လည်း အတောင်ပံနဲ့ လူရိုက်သတ်လို့ရတယ်နော့"

ငါက တမင်တကာ ရန်သွားစချင်နေတယ်လို့များ မင်းထင်နေတာလား! !

ပြဿနာက ငါက သူ့ကလေးကို စားထားတာလေ!

ဒီရန်ငြိုးက ဒီမှာတင်အစပြုသွားပြီဆိုတာ မင်းနားလည်ရဲ့လား! ! ! !

ရှန်ချန်းလင်မျက်နှာထက်၌ မျက်ရည်များ စီးကျလာပြန်သည်။

"သွား.. မြန်မြန်.. အဲ့ဒီသံခြေချင်းတွေက ခိုင်ရဲ့လားလို့ စစ်ဆေးကြည့်ချေ"

အသုံးမကျလိုက်တာနော်!

"သခင်လေး စိတ်ချပါ.. အဲ့ဒီသံချိန်းကြိုးတွေက သံနက်နဲ့ ပြုလုပ်ထားတာလေ.. မိုးသက်လေပြင်းဒဏ် ကြံ့ကြံ့ခံလာတာ နှစ်တစ်ရာကျော်နေပြီ.. နေ့တိုင်း အဲ့သည့် နတ်မျိုးနွယ်သားရဲတိရစ္ဆာန်ရဲ့ နှုတ်သီးနဲ့ အထိုးခံနေရတာတောင် ဘာမှမဖြစ်ဘူးလေ"

ပေါင်တို့က ဆက်ပြောသည်။

"သေချာပေါက် ပြတ်ထွက်မသွားနိုင်ပါဘူး"

သို့သော်ငြား သည်စကားတစ်ခွန်းကား နှစ်သိမ့်နိုင်စွမ်း လုံးလုံးလျားလျား မရှိခဲ့ချေ။ ထိုစကားကို ကြားလိုက်ရမှ မျက်ရည်တွေ ပိုစိုးပက်စက် ကျလာတော့သည်။

နှစ်တစ်ရာကျော်တောင် သုံးထားတဲ့ သံကြိုးက သံချေးမတက်မှာ သေချာရဲ့လားဟင်?

လူအရှင်လတ်လတ်ကနေ အချိန်နောက်ပြန်ခရီးသွားပြီးကာမှ ငှက်စာဖြစ်တော့မဲ့ ဘဝက လက်ဖက်ရည်ကြမ်းတစ်ခွက်သောက်စာတောင် မကြာညောင်းပါလား! !

"ငါက သူ့ကလေး သားပေါက်လေးကို စားလိုက်တာဆိုတော့... မိုးကောင်းကင်ကနေ အပြစ်ပေးတာကိုတော့ မခံရလောက်ပါဘူးနော်?"

ရှန်ချန်းလင်က သတိတထားမေးလာသည်။

သူတော့ နည်းနည်းလေးမှ မိုးကြိုးပစ်ခံရပြီး မသေချင်ပါ! ! !

"သေချာပေါက်မဖြစ်ပါဘူး.."

ပေါင်တို့က စိတ်ရှုပ်ထွေးနေသည့် အမူအရာဖြင့် ကြည့်လာသည်။

"သခင်လေးက ဘာလို့အဲ့လို တွေးရတာလဲ? သခင်ကြီး ၊ သခင်မကြီး ၊ အကြီးဆုံးသခင်လေး ၊ ဒုတိယသခင်လေး ၊ တတိယသခင်လေးတို့အထိ အားလုံးစားဖူးတယ်လေ"

"ဘာ?"

ရှန်ချန်းလင်က မျက်လုံးပြူးမျက်ဆန်ပျာဖြင့် ကြည့်လာသည်။ သူ့ဦးနှောက်ကို ဆွဲညှစ်ထားသလို ခံစားလိုက်ရသည်မို့။

"ကြက်မည်းက နှစ်စဉ်နှစ်တိုင်း နွေဦးရာသီဆိုရင် ဥပေါင်းရာချီပြီး ဥတယ်လေ... ဒါပေမဲ့ အကုန်လုံးက သူ့ဘာသာ တက်နင်းမိ၊ ဖိမိပြီး သေကုန်တာပါပဲ.. သုံးလေးငါးနှစ်နေမှ တစ်ကောင်လောက် အဖတ်တင်တာရယ်... ကိုယ်ခံအားဖြည့်ပေးတဲ့ အထွတ်အမြတ် အားဆေးလိုပဲ...။ အရင်ဆုံး အကြီးဆုံး သခင်လေးကို စွပ်ပြုတ် လုပ်ကျွေးလိုက်တယ်လေ... နောက်တော့ ဒုတိယ သခင်လေး... တတိယ သခင်လေး... နဂိုကတည်းက မဟုတ်‌တောင် သခင်လေးဆီ အလှည့်ကျသင့်နေပါပြီ"

ပေါင်တို့၏ စကားများထဲတွင် "ကျွန်တော်တို့ စားရတာနောက်တောင်ကျနေပြီမို့ နစ်နာနေပြီ" ဟူသကဲ့သို့သော လေယူလေသိမ်းများတောင် ပါဝင်နေသေးသည်။

ရှန်ချန်းလင်သည် မိမိကိုယ်ကို ထပ်မံငိုချမိတော့မည် ဟု ခံစားလာရသည်။

"အဲ့တာဆို ဘာလို့အမေက ငါ့အတွက် ကြက်မည်းစွပ်ပြုတ်လုပ်ခိုင်းတုန်းက အကုန်လုံးရဲ့မျက်နှာတွေက ....... ထူးဆန်းအံ့အားသင့်နေရတာလဲ?"

မင်းတို့တွေ အကုန်စားဖူးပြီးသားကို ဘာတွေများ သောက်ရမ်းအံ့အားသင့်စရာ ရှိနေလို့လဲလို့! မသိရင် ငါ့ကို ချက်ကျွေးလိုက်တာက မိုးလောက်ကြီးတဲ့ ကျေးဇူးတရားကြီးလိုလို! !

"ဘာကြောင့်လဲဆိုတော့ သခင်လေးက သူနဲ့ အရင်တုန်းက အရမ်းအဆင်ပြေတာမို့လေ.... ခဏခဏ ပဲစေ့ဝါလေးတွေ ယူပြီး သွားကျွေးတတ်တယ်"

ပေါင်တို့က ပြောပြနေသည်။

"တကယ်တော့ အကြီးဆုံး သခင်လေးနဲ့ ဒုတိယ သခင်လေးတို့ နှစ်ယောက်လုံးက စွပ်ပြုတ်ကို သခင်လေးကို အရင် ဦးစားပေးသောက်ခိုင်းချင်တာ... ဒါပေမဲ့ သခင်လေးက လုံးဝ ဥဿုံကို မသောက်နိုင်ဘူးဆိုပြီး ငြင်းတဲ့အပြင် အဲ့သည်ကိစ္စအတွက်နဲ့ အကြီးအကျယ် သောင်းကျန်းပစ်သေးတယ်... အသက်သေရမယ်ဆိုရင်တောင် မစားဘူးလို့လည်း သစ္စာဆိုထားသေးတယ်"

အဲ့တာဆို အားလုံးရဲ့ ထိတ်လန့်တကြားဖြစ်သွားတဲ့ မျက်နှာက ကြက်မည်းကြောင့် မဟုတ်ဘူးကိုး... အရင်နဂိုမူလလက်ဟောင်း ရှန်ချန်းလင်ရဲ့သစ္စာဆိုထားတဲ့ စကားကြောင့်ပေါ့?

သရုပ်ဆောင်မင်းသားရှန်၏ ခေါင်းထဲတွင် တဝှီးဝှီးမြည်နေချေပြီ။ ကြည့်ရတာ မိမိ အလိမ်ခံလိုက်ရပြန်ပြီထင်။

"သခင်လေးစိတ်ထဲ မထားပါနဲ့"

သူ့အမူအရာပျက်နေသည်ကို မြင်သော် ပေါင်တို့က နတ်မျိုးနွယ်ဝင်ငှက်အတွက် စိတ်မကောင်းဖြစ်နေသည် ဟုထင်သွားပြီး နှစ်သိမ့်ဖျောင်းဖျလာလေသည်။

"သခင်လေး မစားရင်တောင်မှ အဲ့ဒီအကောင်ပေါက်ကလေးတွေက ဘယ်လောက်မှကြာကြာ အသက်မရှင်နိုင်ပါဘူး.. သခင်ကြီးကဆို အမြဲတမ်း သုံးလေးငါးကောင်လောက် ချန်ထားပြီး ကြီးအောင် မွေးချင်နေတာ.. ဘယ်တုန်းကမှ ဆန္ဒမပြည့်ဝခဲ့ဘူးလေ"

ဤကိစ္စကို အရင်းစစ်သော် အမှန်တကယ်ကို ဘယ်လောက်မျှကြီးမားသော ပြဿနာမဟုတ်ပါချေ။ ရှန်ချန်းလင်သည် ခုတင်ပေါ်၌ ထိုင်ကာ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်နေမိသည်။ သူ့ရဲ့ အသွင်သဏ္ဌာန် အရောင်အသွေးက တမူထူးခြား တောက်ပနေလျှင်တောင် အသက်ရာချီရှိသော ငှက်ကြီးတစ်ကောင်သာလျှင် မဟုတ်လား။ နောက်ထပ် တစ်မျိုးစဉ်းစားဦးမည်ဆို.. တကယ့်ကို နတ်မျိုးနွယ် သတ္တဝါတစ်ကောင်ဖြစ်နေပါစေဦးတော့ သည်ရှန်အိမ်ကလူတွေ တစ်ယောက်မကျန်စားပြီးသားပဲလေ... မိုးကောင်ကင်က အပြစ်ပေးမယ်ဆိုရင်တောင် အတူတူခံရမှာပေါ့!

ထိုအချက်ကို နားလည်သဘောပေါက်သွားကာမှ ရှန်ချန်းလင်၏ ဝန်ထုပ်ဝန်ပိုးကြီးက သက်သာသွားပြီး ခုတင်ထက်၌ လူးလိမ့်လိုက်တော့သည်။

*****

"ဇနီးလေး သတိရပြီလား"

ရယ်မြူးရွှင်ပြနေသည့် အသံတစ်သံက နားအနားသို့ တိုးကပ် ပျံ့လွင့်လာသည်။

.........

ရှန်ချန်းလင်က ချည်ထည်စောင်ကို ဆွဲကာ ခေါင်းပေါ်ထိ အုပ်ပစ်လိုက်သည်။

မမြင်ရလေ မျက်လုံးသန့်ရှင်းလေပဲ!

"စိတ်ဆိုးနေတာလား?"

ချင်ရှောက်ယွီက ခုတင်ဘေးမှာ ထိုင်ရင်း ဆိုသည်။

"ပေါင်တို့ ကိုယ့်ကိုပြောတော့ မင်းကိုယ့်ကိုရှာနေတယ်ဆို?"

"မရှာပါဘူး"

ရှန်ချန်းလင်က စိတ်ရှုပ်နေသည့်ဟန်ဖြင့်ဆိုသည်။

"သခင်လေးက ခုနတုန်းက သေချာပေါက် ရှာနေပြီးတော့"

ပေါင်တို့က ဘေးကနေ ဝင်ကန့်ကွက်သည်။

"မင်းက ဘယ်အချိန်တုန်းက ပြန်ပြေးဝင်လာပြန်တာလဲ?!"

ရှန်ချန်းလင်က နားရွက်လေးများ ရဲလာပြီး ထထိုင်လိုက်သည်။

"ပြီးတော့ မင်းက ငါ့လူလား.. သူ့လူလား?"

ဘယ့်နှယ့် အပြင်လူဘက်ကနေ ကူပြီးပြောပေးနေတာလဲ...

ဝန်ဆောင်မှုကို မကျေနပ်ဘူးနော် အမှတ်နှုတ်မယ်!

"ဘာများကွာလို့လဲလို့... ဘယ်လိုပဲဖြစ်ဖြစ် ခန်းဝင်ပစ္စည်းအနေနဲ့ အဖော်အဖြစ် ကျွေးယင်နန်းကို လိုက်သွားရမဲ့သူပဲကို"

ပေါင်တို့က နှုတ်ခမ်းစူကာ ဆိုသည်။ ရှန်ချန်းလင်မှာ နင်သွားရတော့သည်။

နည်းနည်းလောက် ဘဝရည်မှန်းချက်ကလေးတွေ ထားစမ်းပါဟ!

"ကိုယ့်ကို ရှာတာ ဘာလုပ်မလို့လဲ?"

ချင်ရှောက်ယွီက သူ့ပါးဖောင်းလေးများကို ညှစ်၍မေးသည်။

လျှောက်ကိုင်စရာလား မင်းဘိုးအေ! !

ထိမ်းမြားဖို့ မင်္ဂလာကတိကဝတ် ရှိထားတယ်ဆိုရင်တောင် လက်မထပ်ရသေးဘူးလေ! နောက်ထပ်တစ်ခါ ထပ်ညှစ်ရင် လက်ဖြတ်ပစ်မယ်!

ရှန်ချန်းလင်က စောင်ပုံထဲ ပြန်ကွေးဝင်သွားပြီးဆိုသည်။

"ဘာမှမလုပ်ဘူး... ကောင်းကောင်းသွား .. လိုက်မပို့တော့ဘူး"

အမှန်တကယ်တော့ သူနိုးနိုးချင်းတွင်မူ ဇာမဏီကြောင့် ထိတ်လန့်နေဆဲဖြစ်သည်။ ထို့ကြောင့် သည်ဗရုတ်သုတ်ခ လောကသစ်နှင့် ပတ်သတ်၍ အမြင်သစ်များရခဲ့ပေသည်။ ထို့ကြောင့်မို့လည်း ယောကျ်ားချင်းကြိုက်ပြီး ကလေးမွေးနိုင်လောက်သည်ဟုလည်း တွေးထင်မိလာ၏။ သို့ကြောင့်သာ ချင်ရှောက်ယွီကို ရှာပြီး အစီအစဉ်တကျလေး ကလေးမွေးရန် နည်းအဆင့်ဆင့် တိုင်ပင်လိုခြင်း။ သို့သော် ခုနက ပေါင်တို့နှင့် စကားပြောဆိုပြီးနောက် တော်တော်လေးစိတ်ငြိမ်သွားပြီဖြစ်ရာ လူကိုယ်တိုင်ကလည်း အင်မတန် မာနကြီးမော်ကြွားသော မူလအခြေအနေသို့ အလိုလို ပြန်ရောက်သွားတော့သည်။

"ဟုတ်ပါပြီ.. အဲ့တာဆို လင်အာပြောပြချင်တဲ့ အချိန်ရောက်မှ ကိုယ့်ကို ပြောပြတော့လေ"

ချင်ရှောက်ယွီက သူ့ကို အခက်တွေ့အောင် မလုပ်ချေ။

"ဇနီးလေး စောစောစီးစီး အနားယူနော်.. မနက်ဖြန်မနက်ကျမှ ကိုယ်ထပ်လာကြည့်မယ်"

အားတိုင်းယားတိုင်း ငါ့ဆီလာမနေနဲ့လေဟ!

ရှန်ချန်းလင်က အားတက်သရော အကြံပေးလိုက်သည်။

"ယောက်ျားကောင်းဟူသည် လုပ်ငန်းကြီး၊ ကိစ္စကြီးကိုသာ ဦးစားပေးရမည်တဲ့"

"အဲ့တာဆို ဇနီးလေးက အာမခံလုပ်ငန်းနဲ့ပတ်သတ်တဲ့ ပညာတွေကို သင်ယူလေ့လာဖို့ ဆန္ဒရှိသွားပြီပေါ့?"

ချင်ရှောက်ယွီက အံ့အားသင့်သွားဟန်ဖြင့် ပြောလာသည်။

"တကယ်လို့ ဂိုဏ်းချုပ်ရှန်သာ သိသွားခဲ့ရင် အရမ်းကို ကျေနပ်ပီတိဖြာပြီး ပျော်ရွှင်သွားတော့မှာပဲ"

ရှန်ချန်းလင်က အေးစက်စက်ဖြင့် မျက်လုံးများမှိတ်ချလိုက်ပြီး ပြောလိုက်သည်။

"ငါခုနက ဘာမှမပြောခဲ့ဘူးလို့ သဘောထားလိုက်တော့"

မင်းညီမရဲ့အာမခံလုပ်ငန်းကိုပဲ သွားလည်ပတ်နေလိုက်တော့!

ချင်ရှောက်ယွီက ရယ်ချင်ရက်ပက်ကျိဖြစ်လျက်သာ။

ရှန်ချန်းလင်၏ ရင်ထဲဝယ် လက်ခလယ်ပေါင်း မရေမတွက်နိုင်အောင် ထောင်ပြလျက်သာ။

*****

"သခင်လေး.. နောက်ဆိုရင် ဂိုဏ်းချုပ်ချင်အပေါ် ကောင်းကောင်း ဆက်ဆံသင့်တယ်ရယ်"

ချင်ရှောက်ယွီကို ပြန်ပို့ပေးပြီးနောက် ပေါင်တို့က နွမ်းလျပူပင်စွာ ပြောလာသည်။

"နောက်ပိုင်း လက်ထပ်ပြီး သူ့နောက်လိုက်သွားရတဲ့အချိန်ကျရင် နှိပ်စက်ခံနေရမှာစိုးလို့"

ဘယ်သူက ငါသူ့ကို လက်ထပ်မယ်လို့ပြောလို့လဲ!

ရှန်ချန်းလင်က လက်မခံပေ။

"ငါကဖြင့် သူ့ကို မေ့ပစ်လိုက်ပြီ"

"ဒါပေမဲ့ ဂိုဏ်းချုပ်ချင်က သခင်လေးအပေါ်ကို အရင်ကထက်တောင် ပိုပြီး ကောင်းကောင်း ဆက်ဆံပေးလာသေးတယ်ရော်"

ပေါင်တို့က ချင်ရှောက်ယွီကိုယ်စား မတရားခံစားနေရသည့်နှယ်။

"အရင်ကဆို သူဒီလိုမျိုး ဂရုစိုက်တာ တစ်ခါမှမတွေ့ဖူးဘူး... အခု အချိန်လေး နည်းနည်းခြားရင်ကို သခင်လေးကို လာကြည့်နေပြီ..."

အဲ့တော့ ငါက ကျေးဇူးတွေတင်ပြီး ပြန်ပေးဆပ်ရတော့မှလား?

ရှန်ချန်းလင်က နှုတ်ခမ်းကို စူထားလိုက်သည်။

ငါကတော့ မနှမြောပါဘူး! !

"ပြီးတော့ ဒီနေ့ဆို ဂိုဏ်းချုပ်ချင်က သခင်ကြီးနဲ့တောင် ပြောထားသေးတယ်... မနက်ဖြန်မနက်ကျရင် သခင်လေးကို အပြင်ခေါ်သွားပြီး လျှောက်လည်ချင်လို့တဲ့..."

ပေါင်တို့က ဆိုသည်။

"ဂိုဏ်းချုပ်ချင်က ဘယ်လောက်တောင် အလုပ်များတဲ့လူလည်းဆိုတာ သခင်လေးသိရဲ့လား?"

သူ့ဘာသာ ဘယ်လောက်အလုပ်များများ ငါအပူလား! ငါကလည်း သူ့ကို ဒီလိုလာလုပ်ပါလို့ တောင်းဆိုထားလို့လား! ! မင်းငါ့ကို "အကောင်းအဆိုး သိနားလည်မှုမရှိဘူး" ဆိုတဲ့လေသံနဲ့လာပြီး အာလူးဖုတ်မနေနဲ့လေ!

ရှန်ချန်းလင်က ပေါင်တို့၏ ဖောင်းအစ်နေသော ပါးများကို ဆွဲညှစ်လိုက်သည်။

"သူလျှိုလေး"

ပေါင်တို့က မျက်ရည်လေးများ ဝဲလျက်။

"နာတယ်ဗျ"

"မနက်ဖြန်မနက်ကျရင် သူက ငါ့ကို အပြင်ခေါ်သွားမလို့?"

ရှန်ချန်းလင်က လက်ကို ပြန်သိမ်းလိုက်သည်။

"တကယ်လို့ သခင်လေး မလိုက်ချင်ရင်......"

"ငါသေချာပေါက် မလိုက်ချင်ဘူးပေါ့ဟ"

ရှန်ချန်းလင်က လူတကာထက် အေးစက်ပြတ်သားစွာပင်။

"အဲ့တာဆိုရင်တော့ စာသင်ကျောင်းကို သွားတာပဲ ကောင်းလိမ့်မယ်"

နေဦး...

ရှန်ချန်းလင်က မျက်မှောင်ကြုတ်လိုက်သည်။

"ဘယ်သွားရမှာ?"

"စာသင်ကျောင်းလေ"

ပေါင်တို့က ဆိုသည်။

"သခင်လေးက တောက်လျှောက် သိုင်းပညာသင်ယူဖို့ ဆန္ဒမရှိတော့ ဂိုဏ်းချုပ်ရှန်က အနယ်နယ် အရပ်ရပ် ထူးဆန်းထက်မြက်တဲ့ ပုဂ္ဂိုလ်တွေကို ဖိတ်ခေါ်ပြီး သခင်လေးအတွက် သီးသန့် စာသင်ကျောင်းဖွင့်ထားပေးတယ်လေ... လောကကြီးမှာ ဖြစ်ပွားနေတဲ့ ကိစ္စရပ်တွေကို သင်ယူနားလည်နိုင်အောင်လို့ပေါ့"

ဝိုး!

အိမ်ခေါ်သင်တဲ့ဆရာတောင် ရှိသေးတယ် ဟုတ်လား?

ရှန်ချန်းလင်က အလိုလို အသက်ပြင်းပြင်း ရှိူက်သွင်းလိုက်မိသည်။ ရှူသွင်းပြီးနောက် ပြန်စဉ်စားကြည့်လိုက်တော့လည်း ဘယ်လောက်မှ ကြောက်စရာ မကောင်းဘူး မဟုတ်လား။

ဒီမှာ သင်္ချာရယ်.. ဓာတုဗေဒရယ်.. ဇီဝဗေဒရယ်မှ သင်စရာမလိုဘဲလေ။ လောကကြီးမှာ ဖြစ်ပွားနေတဲ့ ကိစ္စတွေကို သင်ယူလေ့လာရမယ်ဆိုတာကမှ စိတ်ဝင်စားဖို့ နည်းနည်းကောင်းဦးမယ်..ပြောလို့မရဘူးလေ.. တော်တော်လေးတောင် မျှော်လင့်မိလာသလိုပဲ...

ထို့ကြောင့် ရှန်ချန်းလင်က အားတက်သရော ဆိုလိုက်သည်။

"အဲ့တာဆို ငါ စာသင်ကျောင်းကို ပဲသွားတော့မယ်"

"အာ?"

ပေါင်တို့က ထိုစကားကို ကြားသော် အံ့အားသင့်ကာ ကြက်သေသေသွားရတော့သည်။

"သခင်လေးက စာသင်ကျောင်းသွားဖို့ကို ကိုယ့်ဘာသာကိုယ် ဆန္ဒရှိနေတယ် ဟုတ်လား?"

ရှန်ချန်းလင် - "......."

ဧကန္တ အရင်က တစ်ယောက်က စာသင်ရတာကို မကြိုက်ဘူးလား?

ဟုတ်ပါပြီ.. တကယ်တော့ သူလည်း အရင်ဘဝတုန်းကဆို စာသင်ရတာကို အရမ်းမုန်းတာပဲလေ... ဒါပေမဲ့ ဒီဘက်ခေတ်ကို ရောက်နေမှတော့ ဘယ်လိုပဲဖြစ်ဖြစ် သွားကြည့်ကြည့်သင့်တယ် မဟုတ်လား... ပြီးတော့ ဘယ်လိုဖြစ်ဖြစ် အဲ့တာကမှ ချင်ရှောက်ယွီနဲ့အတူ အပြင်သွားရထက်တော့ သာလိမ့်ဦးမယ်လေ!

ထို့ကြောင့် သူက ခိုင်ခိုင်မာမာ ခေါင်းညိတ်ပြီး ထောက်ခံလိုက်သည်။

"ငါ့မှာဆန္ဒရှိလွန်းလို့ ဟိုဘက်ကမ်းခပ်နေပြီ"

ပေါင်တို့က ရင်ထဲတွင်သာ သက်ပြင်းမောချလျက်ရှိသည်။ တကယ်တော့ သူလည်း မနက်ဖြန်မနက်ကို ထွက်လည်ချင်သည်လေ။

တကယ်ကို မျှော်လင့်ချက်တွေ ပျက်သုဉ်းသွားရပြီ..

*****

ဒုတိယနေ့ မနက်ခင်းတွင် ရှန်ချန်းလင်က မနက်အစောကြီးကတည်းက အိပ်ရာ ထလာသည်။ သပ်သပ်ရပ်ရပ် ပြင်ဆင်ဝတ်စားပြီးနောက် တစ်ခါတည်း စာသင်ဆောင်သို့သာ ပြေးသွားတော့လေသည်။

"သခင်လေး ဖြည်းဖြည်းသွားပါဗျာ"

ပေါင်တို့က စာအုပ်သေတ္တာကို ပိုက်လျက် အနောက်ကနေ အော်၍ လိုက်နေရသည်။

ဘာလို့ သည်တစ်ခါကျ အဲ့လောက် တက်ကြွနေရတာလဲ.. အရင်ကဆို မျက်နှာကပုပ်သိုးနေပြီး မကျေမချမ်းဖြစ်နေကျလေ!

"အငယ်ဆုံး သခင်လေး"

စာသင်ဆောင်ရှိသည့် ခြံဝန်းထဲမှ လူများက သူ့အတွက် ကြေးနီသော့ခလောက်ကြီးကို ဖွင့်ပေးလိုက်ကြသည်။

"ဆရာချွန်းက မရောက်လာသေးဘူးမို့ သခင်လေး အရင်ဆုံး စာအုပ်လေးတွေ ဖတ်နေလိုက်ပါနော်"

ရှန်ချန်းလင်က ကျေးဇူးတင်စကားဆိုပြီးနောက် တံခါးကို ဖြတ်ကျော်လာခဲ့သည်။ ဝင်လာသည်နှင့် ခပ်ပြင်းပြင်း စာအုပ်အနံ့အသက်များက အလုံးအရင်းလိုက် ပျံ့လွင့်လျက်။

သြော်... အသိပညာဗဟုသုတတွေရဲ့ အငွေ့အသက်ဆိုတာမျိုးကိုး! !

သရုပ်ဆောင်ရှန်ကတော့ အင်မတန်ကို သဘောခွေ့မိသွား၏။

"သခင်လေး စာအုပ်အရင်ဖတ်နေဦးနော်... ကျွန်တော် မီးဖိုဆောင်ကိုသွားပြီး မုန့်နဲ့ လက်ဖက်ရည်ပြင်လာခဲ့မယ်"

ပေါင်တို့က စာအုပ်သေတ္တာကို စားပွဲပေါ်မှာ တင်ပေးခဲ့ပြီးဆိုသည်။

"သခင်လေး ဘာစားချင်လဲ?"

"ဘာပဲဖြစ်ဖြစ်"

ရှန်ချန်းလင်က တွေ့ကရာ စာအုပ်သုံးလေးအုပ်ကို ဆွဲထုတ်လိုက်သည်။

ပေါင်တို့က တစ်ခွန်းပြန်ဖြေပြီး လှည့်ထွက်သွားတော့သည်။ ရှန်ချန်းလင်က စာအုပ်ကို ပိုက်ပြီး စားပွဲခုံသို့ သွားပြန်ထိုင်လိုက်သည်။ တက်တက်ကြွကြွဖြင့် ပထမဆုံးသော စာမျက်နှာကို လှန်ကာ ဗဟုသုတများကြား ပျော်မွေ့ရန် ပြင်လိုက်၏။

ပြီးနောက်...... မျက်လုံးပြူးမျက်ဆန်ပျာလျက်....

ငိုး! ငိုး! ငိုး! ငါငိုး! ငါငိုး!

အဝတ်အစားမဝတ်ထားတဲ့ လူနှစ်ယောက်ပွေ့ဖက်ထားတဲ့ မြင်ကွင်းက လန့်စရာကြီး! ပြီးတော့ ငှက်လေးနဲ့ မက်မွန်သီးတွေကို ဆွဲထားတာကလည်း အသက်ဝင်လိုက်တာ အစစ်အတိုင်းပဲရော်! !

ဒါပေမဲ့ တစ်ခြားအစိတ်အပိုင်းတွေကျ အကြမ်းဖြင်းဆန်လိုက်တာကွာ!

မျက်နှာကို စက်ဝိုင်းပုံပဲ ဆွဲထားတာ ထားပါတော့! မျက်လုံးတွေကိုပါ အစက်ကလေးနှစ်စက်နဲ့တဲ့! ! ပုံဆွဲဆရာရေ.. ခင်ဗျားရဲ့ တစ်ခုကို အသားပေးသေချာဆွဲပြီး နောက်တစ်ခုကိုကျ ပြီးစလွယ်ဆွဲတာကြီးက မလွန်လွန်းဘူးလား! !

အစောကြီးက ဒီလိုဖြစ်မယ်မှန်းသိရင် ငါအစောကြီးကတည်းက လာပါတယ်ကွာ!

သရုပ်ဆောင်မင်းသားရှန်သည် တက်ကြွပျော်ရွှင်စွာဖြင့် လက်နှစ်ဖက်ကို ပွတ်လိုက်သည်။

အထက်တန်းကျောင်းသားဘဝကို ပြန်ရောက်သွားသလိုပဲကွာ! ! !

ထိုသို့ စိတ်အားထက်သန်စွာဖြင့် ဒုတိယစာမျက်နှာကို လှန်လိုက်သော် ရှန်ချန်းလင်၏ မျက်နှာတွင် "ယောကျ်ားလေး အချင်းချင်းတွေပဲ.. မင်းတို့နားလည်ပါတယ်" ဟူသကဲ့သို့သော အပြုံးမျိုး ထွက်ပေါ်လာခဲ့သည်။

ဒီအနေအထားလေးက မိုက်တယ်!

ဒါပေမဲ့ ဇာတ်လိုက် မင်းသမီးရဲ့ ရင်ဘတ်က နည်းနည်း ရေပြင်ညီဖြစ်နေသလိုပဲ... နေဦး နေဦး... ရင်ကို မရှိတာပဲ! !

အာ... နေဦး နေဦး.. သူ့မမှာ မရှိသင့်တဲ့ဟာလည်း ရှိနေသလိုပဲ! ! အိုင်းရား... အိုးယိုး...အာအာအာ မင်းဘိုးအေ! ! ! နှစ်ယောက်လုံးမှာ ငှက်ကလေးရှိနေတာက ဘာအခြေအနေကြီးလဲဟ! ! ! ! ! နေပါဦး ငါ့ကို လာနောက်နေတာလား! ! ! ! !

ရှန်ချန်းလင်ကား အသက်ဝ,ဝရှူလိုက်သည်။

မိုးမေလင်းလိုက်တော့ဟေ့... ရှေးခတ်မှာ ဘယ်လိုလုပ်ပြီး ဒီလိုကိစ္စမျိုးကို ဖြစ်သင့်ဖြစ်ထိုက်သလို လက်ခံနေကြရတာလဲ... အကြိုက်က ထူးဆန်းရင်တောင် အကန့်အသတ်လေးတော့ ရှိဦးမှပေါ့! ! !

လန့်လို့သေတော့မှာပဲလို့! ! !

သို့သော်ငြား ပို၍ ထူးခြားဆန်းပြားသော ဖြစ်အင်ကနောက်မှာကျန်သေးသည်။ အဘယ့်ကြောင့်ဆိုသော် ဆရာချွန်းဆိုသူမှာ ရင်ဘတ် မို့မို့မောက်မောက်နှင့် ရုပ်ရည်ချောမောလှပသည့် ခရမ်းရောင် ဝတ်ရုံဝတ်ဆင်ထားသော မမတစ်ယောက်ဖြစ်၏။ ဝိညာဉ်တောင် လွင့်ချင်လောက်အောင် လှသည်။

လတ်စသတ်‌တော့ စိတ်ကူးထဲကလို မုတ်ဆိတ်မွေးဖွေးဖွေးဖြင့် အဘိုးကြီးတွေ မဟုတ်ဘူးကိုး။ သရုပ်ဆောင်မင်းသားရှန်သည် မိမိကိုယ်ကို အမြတ်ကြီးမြတ်သွားသည်ဟု ထင်မိလာသည်။ ထို့ပြင် အံ့သြဖွယ်ရာ လက်ဆောင်တစ်ခုရလိုက်သလိုလို။ သို့ပေမင့် အံ့သြဖွယ်ရာ လက်ဆောင်သည်ကား သုံးစက္ကန့်ကြာသော် အံ့အားသင့် ထိတ်လန့်ဖွယ်ရာ အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

အဘယ့်ကြောင့်ဆိုသော် ခရမ်းရောင်မမက သူ့ကို မေးလာသည်။

"သခင်လေးရဲ့ အိပ်ခန်းတွင်းအနုပညာကို ဘယ်အဆင့်အထိ လေ့ကျင့်ပြီးသွားပြီလဲရှင့်?"

ငိုး.......

ရှန်ချန်းလင်ကား မျက်လုံးပြူးလျက် ကြက်သေသေနေမိသည်။ မိမိခေါင်းပေါ်သို့ မိုးကြိုးပစ်ချလိုက်သည့်နှယ်။

ရှန်ချန်းလင်က ပါးစပ်ဟောင်းလောင်းသာဖြစ်နေပြီး စကားမပြောသည်ကို မြင်တော့ ခရမ်းရောင်မမက သက်ပြင်းချလေသည်။

"ကြည့်ရတာ သခင်လေးက အဟုတ်ကို အတိတ်မေ့သွားပုံပဲ"

"အဲ့တာဆို အိပ်ခန်း...... အဲ့ဟာကြီးက မမက ကျွန်တော် အတိတ်မေ့သွားတာ ဟုတ်မဟုတ် စမ်းသပ်ကြည့်ဖို့ တွေ့ကရာပြောလိုက်တာ ဟုတ်တယ်မလားဟင်?"

ရှန်ချန်းလင်က ခန့်မှန်း၍ မေးလိုက်သည်။

"သေချာပေါက် မဟုတ်ဘူးပေါ့ရှင်"

ခရမ်းရောင်မမက မျက်မှောင်ကြုတ်လိုက်သည်။

"သခင်လေးက မေ့သွားပြီဆိုတော့လည်း ကျွန်မတို့အစကနေပြန်ပြီး လေ့ကျင့်ကြတာပေါ့ရှင်... ဘာပဲဖြစ်ဖြစ် ဂိုဏ်းချုပ်ချင်နဲ့ မင်္ဂလာပွဲမတိုင်ခင်မှာ ဒါတွေ အကုန်လေ့ကျင့် တတ်မြောက်ပြီးသား ဖြစ်နေရမယ်လေ... မဟုတ်ရင် မင်္ဂလာပွဲကြီးပြီးမှ အပြုအစုမကောင်းလို့ ကွာရှင်းခံလိုက်ရရင် ရှန်အိမ်တော်ရဲ့ မျက်နှာကို ဘယ်နားသွားထားရမလဲနော့"

ရှန်ချန်းလင်၏ မျက်နှာမှာ ဖြူရော်လျက်။

ဒါ ဒါ ဒါကြီးက ဘယ်လိုတောင် ဗရုတ်သုတ်ခစကားတွေလဲ! ! ဟမ်! ! !

"ဒါပေမဲ့ သခင်လေးက ဘယ်အဆင့်လောက်ထိ မေ့သွားတာလဲဆိုတာကို စစ်ဆေးကြည့်ဖို့ ကျွန်မတို့ အရင်ဆုံး စမ်းကြည့်တာပေါ့..."

ခရမ်းရောင်မမက ညောင်စောင်းထက်၌ ဝင်ထိုင်လိုက်သည်။

"အရင်ဆုံး-----"

"မမ..မမ.. ခဏလေး ခဏလေး နေပါဦး"

ရှန်ချန်းလင်မှာ လန့်ဖျပ်သွားရပြီး ဝိညာဉ်တောင် လွင့်သွားချေပြီ။

ကျွန်တော့်အမေရေ.. မမရဲ့.. အဲ့လောက်ကြီး ပေါ်ပေါ်ထင်ထင်တွေ ထိန်းမနိုင်သိမ်းမရတွေ မလုပ်စမ်းပါနဲ့ဦး....

ကျွန်တော်က လူပျိုစစ်စစ်လေးရယ်! ! !

"စောင့်ရဦးမှာလား?"

ခရမ်းရောင်မမက မျက်ခုံးလေးများ တွန့်ချိုးသွားလေသည်။

အင်းလေ.. သေချာပေါက် စောင့်ရမှာပေါ့! !

ရှန်ချန်းလင်ကား မျက်ရည်လည်ရွှဲ။

ဒီဟာကြီးက... အရင်ရှန်ချန်းလင် ငါ့အတွက် ချန်သွားပေးတာက ဘယ်လို အရှုပ်တော်ပုံတွေလဲဟာ ! ! ! ! ! ! ! ! ! ! ! ! ! ! ! !

_________________

12.5.2021

🍀💟

.

.

.

Zawgyi>>

အခန္း(၈) တက္ႂကြႀကိဳးစားစြာသင္ယူရွာသည့္သခင္ေလးရွန္

【အရႈပ္ေတာ္ပုံ】

ေခတ္မီဖြံ႕ၿဖိဳးတိုးတက္ေသာ သတင္းအခ်က္အလက္ႏွင့္ ျပည္စုံသည့္ ယေန႕ေခတ္ကေန အခ်ိန္ေနာက္ျပန္ ခရီးသြားလိုက္ရသည္မွန္ေပမင့္ ႐ုတ္ျခည္းဆန္စြာ မည္သို႔ေသာ ျပင္ဆင္မႈမွ်မရွိဘဲ ဇာမဏီကို ျမင္လိုက္ရေသာကိစၥက အေတာ္ေလးေတာ့ အသည္းထိတ္စရာပင္။ ထို႔ေၾကာင့္ ရွန္ခ်န္းလင္တစ္ေယာက္သည္ အေတာ္ၾကာေအာင္ သတိလစ္ေမ့ေျမာေနၿပီး ေတာက္ေလွ်ာက္ အိပ္မက္ေတြမက္ေန၏။ သူသည္ ကိုယ္လုံးတီး ဘာအဝတ္မွ်မဝတ္ဆင္ထားဘဲ ေျမရိုင္းလြင္ျပင္တစ္ခြင္ အေၾကာက္အလန႔္ အ႐ူးအမူး ပတ္ေျပးေနရၿပီး သူ႕ေနာက္တြင္ ဇာမဏီငွက္က မီးမႈတ္လ်က္ ေတာက္ေလွ်ာက္ ေျပးလိုက္ေနသည္။ သူ႕ခမ်ာ မနည္းႀကိဳးစား၍ လူမ်ားရွိရာ ေစ်းတစ္ခုသို႔ အေျပးေရာက္လာၿပီးေသာ္ အသက္ေလးမွ ဝေအာင္ရႉမည္မႀကံခင္ တစ္စုံတစ္ေယာက္ ပစ္ေပါက္လိုက္ေသာ အနီေရာင္ ပန္းခ်ည္ထိုး ေဘာလုံးႀကီးက မိုးေပၚကျပဳတ္က်လာေလသည္။ ေခါင္းေမာ့အၾကည့္တြင္မူ ခ်င္ေရွာက္ယြီက အနီေရာင္ မဂၤလာေဆာင္ဝတ္စုံကို ဝတ္ဆင္လ်က္ အရွက္သည္းေနသည္ကို ျမင္ရေလ၏။ ထို႔သို႔မွသာ လန႔္ဖ်ပ္လြန္းအားႀကီးသြားၿပီး အိပ္မက္ကေန လန႔္နိုးကာ ျပန္လည္သတိရလာေတာ့ေလသည္။

ငိုး! ! ဒီအိပ္မက္ႀကီးကလည္း မိုးႀကိဳးပစ္တာထက္ေတာင္ ဆိုးေသး!

ေသးေတာင္ထြက္က်ေတာ့မယ္!

"အာ...သခင္ေလး သတိရလာၿပီ"

ေပါင္တို႔က ကပ်ာကယာ သူ႕ကို တြဲထူေပးလာသည္။

အခန္းထဲတြင္ မီးေရာင္ေဖ်ာ့ေဖ်ာ့ ထြန္းထားၿပီျဖစ္ၿပီး ရွန္ခ်န္းလင္၏ ေခါင္းတစ္ေခါင္းလုံးလည္း ေခြၽးမ်ား႐ႊဲ႐ႊဲစိုေနသည္။

"ငါသတိေမ့သြားတာ ဘယ္ေလာက္ၾကာသြားၿပီလဲ?"

"အေတာ္ေလး ၾကာၿပီရယ္.. ဆယ္နာရီေက်ာ္ေလာက္ရွိၿပီ"

ေပါင္တို႔က သူ႕ကို ေခြၽးကူသုတ္ေပးလိုက္သည္။

"မၾကာေသးခင္က သခင္ႀကီးနဲ႕ သခင္မႀကီးတို႔ရယ္.. ၿပီးေတာ့ ေနာင္ေတာ္သခင္ေလး ႏွစ္ေယာက္ရယ္ အကုန္လုံး သခင္ေလးကို လာၾကည့္သြားၾကတယ္... ၿပီးမွ သမားေတာ္က သခင္ေလးမွာ ႀကီးႀကီးမားမား ဘာျပႆနာမွမရွိဘူးလို႔ ေျပာလို႔ ေရွ႕ဆင့္ေနာက္ဆင့္ ျပန္သြားၾကတာရယ္"

အေဖနဲ႕ အေမရယ္ ကိုကိုေတြပဲလား?

ရွန္ခ်န္းလင္က အင္မတန္ အားနည္းေနသည္။

"အဲ့ဒီဟိုတစ္ေယာက္ေရာ?"

"သခင္ေလးေမးခ်င္တာက ဂိုဏ္းခ်ဳပ္ခ်င္မလား?"

ေပါင္တို႔က အင္မတန္လည္ဝယ္လွ၏။

"ဂိုဏ္းခ်ဳပ္က အျပင္ခဏထြက္သြားလို႔ေလ... အခုထိ ျပန္မလာေသးဘူးမို႔... သခင္ေလးက သူ႕ကို သတိရေနလို႔လား?"

ငါက သူ႕တစ္အိမ္လုံးကို သတိရေနဦးမယ္! ! ငါသူ႕ကို ရွာတယ္ဆိုတာ ကိစၥရွိလို႔ကြ သေဘာေပါက္ရဲ႕လား!

ရွန္ခ်န္းလင္က အားမရွိစြာ လက္ကာျပလိုက္ၿပီး ဆိုသည္။

"ေတာ္ၿပီ... အရင္ဆုံး သူ႕အေၾကာင္းမေျပာေတာ့ဘူး.. ငါ့ကို အဲ့ေနာက္ဘက္ၿခံဝန္းထဲက ဇာမဏီငွက္အေၾကာင္းသာ ေျပာျပစမ္းပါ"

"သခင္ေလးက ဟာသေတြေျပာေနပါၿပီ... အဲ့ဟာက ဘယ္လိုလုပ္ၿပီး ဇာမဏီျဖစ္နိုင္မွာလဲဗ်"

ေပါင္တို႔၏ အမူအရာက ေလးေလးနက္နက္ျဖင့္။

"ဇာမဏီဆိုတာ ဟိုးဒ႑ာရီလာ ေရွးေဟာင္းအထြတ္အျမတ္ နတ္မ်ိဳးႏြယ္တစ္ပါးေလ... ဘယ္ႏွယ့္ ဟိုဟိုသည္သည္ အလြယ္တကူရွာေတြ႕နိုင္မွာလဲ"

ငိုး! ! ! !

အဲ့ဟာကိုေတာင္ ဇာမဏီလို႔မေခၚေသးဘူးဆိုရင္ ဘယ္ဟာကမွ ဇာမဏီလဲ ငါ့ကိုေျပာစမ္း! ! ! ဘယ္သူ႕အိမ္က ၾကက္မည္းက အေတာင္ပံတစ္ဖက္ ျဖန႔္လိုက္ရင္ သုံးမီတာေက်ာ္ရွည္လ်ားတာ မင္းျမင္ဖူးလို႔လဲ?

ရွန္ခ်န္းလင္သည္ ေအာ္ဟစ္ေပါက္ကြဲကာ စားပြဲခုံကိုေတာင္ ဆြဲေမွာက္ပစ္လိုက္ခ်င္မိသည္။

"အဲ့သည္ၾကက္မည္းက ရွန္အိမ္ေတာ္မွာ ေမြးထားတာ ႏွစ္ေပါင္းတစ္ရာေက်ာ္ၾကာၿပီ... လူႀကီးေတြ လက္ဆင့္ကမ္း ေျပာၾကားခဲ့တာေတာ့ ဘိုးေဘးဘီဘင္ေတြရဲ႕ အသက္သခင္ေက်းဇူးရွင္တဲ့"

ေပါင္တို႔က ရွင္းျပေလသည္။

"သူက ငွက္ႀကီး အမ်ိဳးအစားမွန္ေပမဲ့လည္း ဇာမဏီက ေရွးဒ႑ာရီေတြ အရဆို မီးပုံထဲကေန တစ္ဖန္ျပန္ေမြးဖြားလာတာမလား... ၾကက္မည္းက မီးအရမ္းေၾကာက္တယ္ေရာ္.. မတူဘူးရယ္"

"အသက္သခင္ေက်းဇူးရွင္?"

ရွန္ခ်န္းလင္၏ ဘဝအသိအျမင္မ်ားက ေနာက္ထပ္တစ္ႀကိမ္ ေခါင္းေဆးခံလိုက္ရေပၿပီ။

ငိုး... ဒီအိမ္ကလူေတြရဲ႕ အေတြးအေခၚအယူအဆေတြက တကယ္ကို ဘာေတြလဲဟ! အသက္သခင္ေက်းဇူးရွင္သာဆိုရင္ ေကာင္းေကာင္းမြန္မြန္ ေကြၽးေမြးျပဳစုထားရမွာ မဟုတ္ဘူးလား... ဘယ္လိုလုပ္ သံေျခခ်င္းေတြနဲ႕ အေနာက္ဘက္ၿခံထဲမွာ ခ်ည္ေႏွာင္ထားရတာလဲ! !

ၿပီးေတာ့ သူမ်ား သားသမီးကို စြပ္ျပဳတ္လုပ္ေသာက္ဖို႔ဆို ေျပာမေနနဲ႕ေတာ့! ! !

ဒါႀကီးက ဘယ္လိုေတာင္ ေၾကာက္စရာေကာင္းတဲ့ ေက်းဇူးဆပ္ပုံႀကီးလဲ????

"ဒီကိစၥက ကြၽန္ေတာ္လည္း သိပ္နားမလည္ဘူး... ဒါေပမဲ့ ဘာပဲျဖစ္ျဖစ္ သခင္ေလး သူ႕ကို သြားမဆြနဲ႕ေနာ္"

ေပါင္တို႔က မွာၾကားေနသည္။

"အဲ့ၾကက္မည္းက ေဒါသႀကီးတယ္.. သံေျခခ်င္းေတြနဲ႕ ခ်ည္ေႏွာင္ထားေပမဲ့လည္း အေတာင္ပံနဲ႕ လူရိုက္သတ္လို႔ရတယ္ေနာ့"

ငါက တမင္တကာ ရန္သြားစခ်င္ေနတယ္လို႔မ်ား မင္းထင္ေနတာလား! !

ျပႆနာက ငါက သူ႕ကေလးကို စားထားတာေလ!

ဒီရန္ၿငိဳးက ဒီမွာတင္အစျပဳသြားၿပီဆိုတာ မင္းနားလည္ရဲ႕လား! ! ! !

ရွန္ခ်န္းလင္မ်က္ႏွာထက္၌ မ်က္ရည္မ်ား စီးက်လာျပန္သည္။

"သြား.. ျမန္ျမန္.. အဲ့ဒီသံေျခခ်င္းေတြက ခိုင္ရဲ႕လားလို႔ စစ္ေဆးၾကည့္ေခ်"

အသုံးမက်လိဳက္တာေနာ္!

"သခင္ေလး စိတ္ခ်ပါ.. အဲ့ဒီသံခ်ိန္းႀကိဳးေတြက သံနက္နဲ႕ ျပဳလုပ္ထားတာေလ.. မိုးသက္ေလျပင္းဒဏ္ ႀကံ့ႀကံ့ခံလာတာ ႏွစ္တစ္ရာေက်ာ္ေနၿပီ.. ေန႕တိုင္း အဲ့သည့္ နတ္မ်ိဳးႏြယ္သားရဲတိရစာၦန္ရဲ႕ ႏႈတ္သီးနဲ႕ အထိုးခံေနရတာေတာင္ ဘာမွမျဖစ္ဘူးေလ"

ေပါင္တို႔က ဆက္ေျပာသည္။

"ေသခ်ာေပါက္ ျပတ္ထြက္မသြားနိုင္ပါဘူး"

သို႔ေသာ္ျငား သည္စကားတစ္ခြန္းကား ႏွစ္သိမ့္နိုင္စြမ္း လုံးလုံးလ်ားလ်ား မရွိခဲ့ေခ်။ ထိုစကားကို ၾကားလိုက္ရမွ မ်က္ရည္ေတြ ပိုစိုးပက္စက္ က်လာေတာ့သည္။

ႏွစ္တစ္ရာေက်ာ္ေတာင္ သုံးထားတဲ့ သံႀကိဳးက သံေခ်းမတက္မွာ ေသခ်ာရဲ႕လားဟင္?

လူအရွင္လတ္လတ္ကေန အခ်ိန္ေနာက္ျပန္ခရီးသြားၿပီးကာမွ ငွက္စာျဖစ္ေတာ့မဲ့ ဘဝက လက္ဖက္ရည္ၾကမ္းတစ္ခြက္ေသာက္စာေတာင္ မၾကာေညာင္းပါလား! !

"ငါက သူ႕ကေလး သားေပါက္ေလးကို စားလိုက္တာဆိုေတာ့... မိုးေကာင္းကင္ကေန အျပစ္ေပးတာကိုေတာ့ မခံရေလာက္ပါဘူးေနာ္?"

ရွန္ခ်န္းလင္က သတိတထားေမးလာသည္။

သူေတာ့ နည္းနည္းေလးမွ မိုးႀကိဳးပစ္ခံရၿပီး မေသခ်င္ပါ! ! !

"ေသခ်ာေပါက္မျဖစ္ပါဘူး.."

ေပါင္တို႔က စိတ္ရႈပ္ေထြးေနသည့္ အမူအရာျဖင့္ ၾကည့္လာသည္။

"သခင္ေလးက ဘာလို႔အဲ့လို ေတြးရတာလဲ? သခင္ႀကီး ၊ သခင္မႀကီး ၊ အႀကီးဆုံးသခင္ေလး ၊ ဒုတိယသခင္ေလး ၊ တတိယသခင္ေလးတို႔အထိ အားလုံးစားဖူးတယ္ေလ"

"ဘာ?"

ရွန္ခ်န္းလင္က မ်က္လုံးျပဴးမ်က္ဆန္ပ်ာျဖင့္ ၾကည့္လာသည္။ သူ႕ဦးေႏွာက္ကို ဆြဲညွစ္ထားသလို ခံစားလိုက္ရသည္မို႔။

"ၾကက္မည္းက ႏွစ္စဥ္ႏွစ္တိုင္း ေႏြဦးရာသီဆိုရင္ ဥေပါင္းရာခ်ီၿပီး ဥတယ္ေလ... ဒါေပမဲ့ အကုန္လုံးက သူ႕ဘာသာ တက္နင္းမိ၊ ဖိမိၿပီး ေသကုန္တာပါပဲ.. သုံးေလးငါးႏွစ္ေနမွ တစ္ေကာင္ေလာက္ အဖတ္တင္တာရယ္... ကိုယ္ခံအားျဖည့္ေပးတဲ့ အထြတ္အျမတ္ အားေဆးလိုပဲ...။ အရင္ဆုံး အႀကီးဆုံး သခင္ေလးကို စြပ္ျပဳတ္ လုပ္ေကြၽးလိုက္တယ္ေလ... ေနာက္ေတာ့ ဒုတိယ သခင္ေလး... တတိယ သခင္ေလး... နဂိုကတည္းက မဟုတ္‌ေတာင္ သခင္ေလးဆီ အလွည့္က်သင့္ေနပါၿပီ"

ေပါင္တို႔၏ စကားမ်ားထဲတြင္ "ကြၽန္ေတာ္တို႔ စားရတာေနာက္ေတာင္က်ေနၿပီမို႔ နစ္နာေနၿပီ" ဟူသကဲ့သို႔ေသာ ေလယူေလသိမ္းမ်ားေတာင္ ပါဝင္ေနေသးသည္။

ရွန္ခ်န္းလင္သည္ မိမိကိုယ္ကို ထပ္မံငိုခ်မိေတာ့မည္ ဟု ခံစားလာရသည္။

"အဲ့တာဆို ဘာလို႔အေမက ငါ့အတြက္ ၾကက္မည္းစြပ္ျပဳတ္လုပ္ခိုင္းတုန္းက အကုန္လုံးရဲ႕မ်က္ႏွာေတြက ....... ထူးဆန္းအံ့အားသင့္ေနရတာလဲ?"

မင္းတို႔ေတြ အကုန္စားဖူးၿပီးသားကို ဘာေတြမ်ား ေသာက္ရမ္းအံ့အားသင့္စရာ ရွိေနလို႔လဲလို႔! မသိရင္ ငါ့ကို ခ်က္ေကြၽးလိုက္တာက မိုးေလာက္ႀကီးတဲ့ ေက်းဇူးတရားႀကီးလိုလို! !

"ဘာေၾကာင့္လဲဆိုေတာ့ သခင္ေလးက သူနဲ႕ အရင္တုန္းက အရမ္းအဆင္ေျပတာမို႔ေလ.... ခဏခဏ ပဲေစ့ဝါေလးေတြ ယူၿပီး သြားေကြၽးတတ္တယ္"

ေပါင္တို႔က ေျပာျပေနသည္။

"တကယ္ေတာ့ အႀကီးဆုံး သခင္ေလးနဲ႕ ဒုတိယ သခင္ေလးတို႔ ႏွစ္ေယာက္လုံးက စြပ္ျပဳတ္ကို သခင္ေလးကို အရင္ ဦးစားေပးေသာက္ခိုင္းခ်င္တာ... ဒါေပမဲ့ သခင္ေလးက လုံးဝ ဥႆုံကို မေသာက္နိုင္ဘူးဆိုၿပီး ျငင္းတဲ့အျပင္ အဲ့သည္ကိစၥအတြက္နဲ႕ အႀကီးအက်ယ္ ေသာင္းက်န္းပစ္ေသးတယ္... အသက္ေသရမယ္ဆိုရင္ေတာင္ မစားဘူးလို႔လည္း သစၥာဆိုထားေသးတယ္"

အဲ့တာဆို အားလုံးရဲ႕ ထိတ္လန႔္တၾကားျဖစ္သြားတဲ့ မ်က္ႏွာက ၾကက္မည္းေၾကာင့္ မဟုတ္ဘူးကိုး... အရင္နဂိုမူလလက္ေဟာင္း ရွန္ခ်န္းလင္ရဲ႕သစၥာဆိုထားတဲ့ စကားေၾကာင့္ေပါ့?

သ႐ုပ္ေဆာင္မင္းသားရွန္၏ ေခါင္းထဲတြင္ တဝွီးဝွီးျမည္ေနေခ်ၿပီ။ ၾကည့္ရတာ မိမိ အလိမ္ခံလိုက္ရျပန္ၿပီထင္။

"သခင္ေလးစိတ္ထဲ မထားပါနဲ႕"

သူ႕အမူအရာပ်က္ေနသည္ကို ျမင္ေသာ္ ေပါင္တို႔က နတ္မ်ိဳးႏြယ္ဝင္ငွက္အတြက္ စိတ္မေကာင္းျဖစ္ေနသည္ ဟုထင္သြားၿပီး ႏွစ္သိမ့္ေဖ်ာင္းဖ်လာေလသည္။

"သခင္ေလး မစားရင္ေတာင္မွ အဲ့ဒီအေကာင္ေပါက္ကေလးေတြက ဘယ္ေလာက္မွၾကာၾကာ အသက္မရွင္နိုင္ပါဘူး.. သခင္ႀကီးကဆို အၿမဲတမ္း သုံးေလးငါးေကာင္ေလာက္ ခ်န္ထားၿပီး ႀကီးေအာင္ ေမြးခ်င္ေနတာ.. ဘယ္တုန္းကမွ ဆႏၵမျပည့္ဝခဲ့ဘူးေလ"

ဤကိစၥကို အရင္းစစ္ေသာ္ အမွန္တကယ္ကို ဘယ္ေလာက္မွ်ႀကီးမားေသာ ျပႆနာမဟုတ္ပါေခ်။ ရွန္ခ်န္းလင္သည္ ခုတင္ေပၚ၌ ထိုင္ကာ ကိုယ့္ကိုယ္ကိုယ္ ႏွစ္သိမ့္ေနမိသည္။ သူ႕ရဲ႕ အသြင္သဏၭာန္ အေရာင္အေသြးက တမူထူးျခား ေတာက္ပေနလွ်င္ေတာင္ အသက္ရာခ်ီရွိေသာ ငွက္ႀကီးတစ္ေကာင္သာလွ်င္ မဟုတ္လား။ ေနာက္ထပ္ တစ္မ်ိဳးစဥ္းစားဦးမည္ဆို.. တကယ့္ကို နတ္မ်ိဳးႏြယ္ သတၱဝါတစ္ေကာင္ျဖစ္ေနပါေစဦးေတာ့ သည္ရွန္အိမ္ကလူေတြ တစ္ေယာက္မက်န္စားၿပီးသားပဲေလ... မိုးေကာင္ကင္က အျပစ္ေပးမယ္ဆိုရင္ေတာင္ အတူတူခံရမွာေပါ့!

ထိုအခ်က္ကို နားလည္သေဘာေပါက္သြားကာမွ ရွန္ခ်န္းလင္၏ ဝန္ထုပ္ဝန္ပိုးႀကီးက သက္သာသြားၿပီး ခုတင္ထက္၌ လူးလိမ့္လိုက္ေတာ့သည္။

*****

"ဇနီးေလး သတိရၿပီလား"

ရယ္ျမဴး႐ႊင္ျပေနသည့္ အသံတစ္သံက နားအနားသို႔ တိုးကပ္ ပ်ံ့လြင့္လာသည္။

.........

ရွန္ခ်န္းလင္က ခ်ည္ထည္ေစာင္ကို ဆြဲကာ ေခါင္းေပၚထိ အုပ္ပစ္လိုက္သည္။

မျမင္ရေလ မ်က္လုံးသန႔္ရွင္းေလပဲ!

"စိတ္ဆိုးေနတာလား?"

ခ်င္ေရွာက္ယြီက ခုတင္ေဘးမွာ ထိုင္ရင္း ဆိုသည္။

"ေပါင္တို႔ ကိုယ့္ကိုေျပာေတာ့ မင္းကိုယ့္ကိုရွာေနတယ္ဆို?"

"မရွာပါဘူး"

ရွန္ခ်န္းလင္က စိတ္ရႈပ္ေနသည့္ဟန္ျဖင့္ဆိုသည္။

"သခင္ေလးက ခုနတုန္းက ေသခ်ာေပါက္ ရွာေနၿပီးေတာ့"

ေပါင္တို႔က ေဘးကေန ဝင္ကန႔္ကြက္သည္။

"မင္းက ဘယ္အခ်ိန္တုန္းက ျပန္ေျပးဝင္လာျပန္တာလဲ?!"

ရွန္ခ်န္းလင္က နား႐ြက္ေလးမ်ား ရဲလာၿပီး ထထိုင္လိုက္သည္။

"ၿပီးေတာ့ မင္းက ငါ့လူလား.. သူ႕လူလား?"

ဘယ့္ႏွယ့္ အျပင္လူဘက္ကေန ကူၿပီးေျပာေပးေနတာလဲ...

ဝန္ေဆာင္မႈကို မေက်နပ္ဘူးေနာ္ အမွတ္ႏႈတ္မယ္!

"ဘာမ်ားကြာလို႔လဲလို႔... ဘယ္လိုပဲျဖစ္ျဖစ္ ခန္းဝင္ပစၥည္းအေနနဲ႕ အေဖာ္အျဖစ္ ေကြၽးယင္နန္းကို လိုက္သြားရမဲ့သူပဲကို"

ေပါင္တို႔က ႏႈတ္ခမ္းစူကာ ဆိုသည္။ ရွန္ခ်န္းလင္မွာ နင္သြားရေတာ့သည္။

နည္းနည္းေလာက္ ဘဝရည္မွန္းခ်က္ကေလးေတြ ထားစမ္းပါဟ!

"ကိုယ့္ကို ရွာတာ ဘာလုပ္မလို႔လဲ?"

ခ်င္ေရွာက္ယြီက သူ႕ပါးေဖာင္းေလးမ်ားကို ညွစ္၍ေမးသည္။

ေလွ်ာက္ကိုင္စရာလား မင္းဘိုးေအ! !

ထိမ္းျမားဖို႔ မဂၤလာကတိကဝတ္ ရွိထားတယ္ဆိုရင္ေတာင္ လက္မထပ္ရေသးဘူးေလ! ေနာက္ထပ္တစ္ခါ ထပ္ညွစ္ရင္ လက္ျဖတ္ပစ္မယ္!

ရွန္ခ်န္းလင္က ေစာင္ပုံထဲ ျပန္ေကြးဝင္သြားၿပီးဆိုသည္။

"ဘာမွမလုပ္ဘူး... ေကာင္းေကာင္းသြား .. လိုက္မပို႔ေတာ့ဘူး"

အမွန္တကယ္ေတာ့ သူနိုးနိုးခ်င္းတြင္မူ ဇာမဏီေၾကာင့္ ထိတ္လန့္ေနဆဲျဖစ္သည္။ ထို႔ေၾကာင့္ သည္ဗ႐ုတ္သုတ္ခ ေလာကသစ္ႏွင့္ ပတ္သတ္၍ အျမင္သစ္မ်ားရခဲ့ေပသည္။ ထို႔ေၾကာင့္မို႔လည္း ေယာက်္ားခ်င္းႀကိဳက္ၿပီး ကေလးေမြးနိုင္ေလာက္သည္ဟုလည္း ေတြးထင္မိလာ၏။ သို႔ေၾကာင့္သာ ခ်င္ေရွာက္ယြီကို ရွာၿပီး အစီအစဥ္တက်ေလး ကေလးေမြးရန္ နည္းအဆင့္ဆင့္ တိုင္ပင္လိုျခင္း။ သို႔ေသာ္ ခုနက ေပါင္တို႔ႏွင့္ စကားေျပာဆိုၿပီးေနာက္ ေတာ္ေတာ္ေလးစိတ္ၿငိမ္သြားၿပီျဖစ္ရာ လူကိုယ္တိုင္ကလည္း အင္မတန္ မာနႀကီးေမာ္ႂကြားေသာ မူလအေျခအေနသို႔ အလိုလို ျပန္ေရာက္သြားေတာ့သည္။

"ဟုတ္ပါၿပီ.. အဲ့တာဆို လင္အာေျပာျပခ်င္တဲ့ အခ်ိန္ေရာက္မွ ကိုယ့္ကို ေျပာျပေတာ့ေလ"

ခ်င္ေရွာက္ယြီက သူ႕ကို အခက္ေတြ႕ေအာင္ မလုပ္ေခ်။

"ဇနီးေလး ေစာေစာစီးစီး အနားယူေနာ္.. မနက္ျဖန္မနက္က်မွ ကိုယ္ထပ္လာၾကည့္မယ္"

အားတိုင္းယားတိုင္း ငါ့ဆီလာမေနနဲ႕ေလဟ!

ရွန္ခ်န္းလင္က အားတက္သေရာ အႀကံေပးလိုက္သည္။

"ေယာက္်ားေကာင္းဟူသည္ လုပ္ငန္းႀကီး၊ ကိစၥႀကီးကိုသာ ဦးစားေပးရမည္တဲ့"

"အဲ့တာဆို ဇနီးေလးက အာမခံလုပ္ငန္းနဲ႕ပတ္သတ္တဲ့ ပညာေတြကို သင္ယူေလ့လာဖို႔ ဆႏၵရွိသြားၿပီေပါ့?"

ခ်င္ေရွာက္ယြီက အံ့အားသင့္သြားဟန္ျဖင့္ ေျပာလာသည္။

"တကယ္လို႔ ဂိုဏ္းခ်ဳပ္ရွန္သာ သိသြားခဲ့ရင္ အရမ္းကို ေက်နပ္ပီတိျဖာၿပီး ေပ်ာ္႐ႊင္သြားေတာ့မွာပဲ"

ရွန္ခ်န္းလင္က ေအးစက္စက္ျဖင့္ မ်က္လုံးမ်ားမွိတ္ခ်လိဳက္ၿပီး ေျပာလိုက္သည္။

"ငါခုနက ဘာမွမေျပာခဲ့ဘူးလို႔ သေဘာထားလိုက္ေတာ့"

မင္းညီမရဲ႕အာမခံလုပ္ငန္းကိုပဲ သြားလည္ပတ္ေနလိုက္ေတာ့!

ခ်င္ေရွာက္ယြီက ရယ္ခ်င္ရက္ပက္က်ိျဖစ္လ်က္သာ။

ရွန္ခ်န္းလင္၏ ရင္ထဲဝယ္ လက္ခလယ္ေပါင္း မေရမတြက္နိုင္ေအာင္ ေထာင္ျပလ်က္သာ။

*****

"သခင္ေလး.. ေနာက္ဆိုရင္ ဂိုဏ္းခ်ဳပ္ခ်င္အေပၚ ေကာင္းေကာင္း ဆက္ဆံသင့္တယ္ရယ္"

ခ်င္ေရွာက္ယြီကို ျပန္ပို႔ေပးၿပီးေနာက္ ေပါင္တို႔က ႏြမ္းလ်ပဴပင္စြာ ေျပာလာသည္။

"ေနာက္ပိုင္း လက္ထပ္ၿပီး သူ႕ေနာက္လိုက္သြားရတဲ့အခ်ိန္က်ရင္ ႏွိပ္စက္ခံေနရမွာစိုးလို႔"

ဘယ္သူက ငါသူ႕ကို လက္ထပ္မယ္လို႔ေျပာလို႔လဲ!

ရွန္ခ်န္းလင္က လက္မခံေပ။

"ငါကျဖင့္ သူ႕ကို ေမ့ပစ္လိုက္ၿပီ"

"ဒါေပမဲ့ ဂိုဏ္းခ်ဳပ္ခ်င္က သခင္ေလးအေပၚကို အရင္ကထက္ေတာင္ ပိုၿပီး ေကာင္းေကာင္း ဆက္ဆံေပးလာေသးတယ္ေရာ္"

ေပါင္တို႔က ခ်င္ေရွာက္ယြီကိုယ္စား မတရားခံစားေနရသည့္ႏွယ္။

"အရင္ကဆို သူဒီလိုမ်ိဳး ဂ႐ုစိုက္တာ တစ္ခါမွမေတြ႕ဖူးဘူး... အခု အခ်ိန္ေလး နည္းနည္းျခားရင္ကို သခင္ေလးကို လာၾကည့္ေနၿပီ..."

အဲ့ေတာ့ ငါက ေက်းဇူးေတြတင္ၿပီး ျပန္ေပးဆပ္ရေတာ့မွလား?

ရွန္ခ်န္းလင္က ႏႈတ္ခမ္းကို စူထားလိုက္သည္။

ငါကေတာ့ မႏွေျမာပါဘူး! !

"ၿပီးေတာ့ ဒီေန႕ဆို ဂိုဏ္းခ်ဳပ္ခ်င္က သခင္ႀကီးနဲ႕ေတာင္ ေျပာထားေသးတယ္... မနက္ျဖန္မနက္က်ရင္ သခင္ေလးကို အျပင္ေခၚသြားၿပီး ေလွ်ာက္လည္ခ်င္လို႔တဲ့..."

ေပါင္တို႔က ဆိုသည္။

"ဂိုဏ္းခ်ဳပ္ခ်င္က ဘယ္ေလာက္ေတာင္ အလုပ္မ်ားတဲ့လူလည္းဆိုတာ သခင္ေလးသိရဲ႕လား?"

သူ႕ဘာသာ ဘယ္ေလာက္အလုပ္မ်ားမ်ား ငါအပူလား! ငါကလည္း သူ႕ကို ဒီလိုလာလုပ္ပါလို႔ ေတာင္းဆိုထားလို႔လား! ! မင္းငါ့ကို "အေကာင္းအဆိုး သိနားလည္မႈမရွိဘူး" ဆိုတဲ့ေလသံနဲ႕လာၿပီး အာလူးဖုတ္မေနနဲ႕ေလ!

ရွန္ခ်န္းလင္က ေပါင္တို႔၏ ေဖာင္းအစ္ေနေသာ ပါးမ်ားကို ဆြဲညွစ္လိုက္သည္။

"သူလွ်ိုေလး"

ေပါင္တို႔က မ်က္ရည္ေလးမ်ား ဝဲလ်က္။

"နာတယ္ဗ်"

"မနက္ျဖန္မနက္က်ရင္ သူက ငါ့ကို အျပင္ေခၚသြားမလို႔?"

ရွန္ခ်န္းလင္က လက္ကို ျပန္သိမ္းလိုက္သည္။

"တကယ္လို႔ သခင္ေလး မလိုက္ခ်င္ရင္......"

"ငါေသခ်ာေပါက္ မလိုက္ခ်င္ဘူးေပါ့ဟ"

ရွန္ခ်န္းလင္က လူတကာထက္ ေအးစက္ျပတ္သားစြာပင္။

"အဲ့တာဆိုရင္ေတာ့ စာသင္ေက်ာင္းကို သြားတာပဲ ေကာင္းလိမ့္မယ္"

ေနဦး...

ရွန္ခ်န္းလင္က မ်က္ေမွာင္ၾကဳတ္လိုက္သည္။

"ဘယ္သြားရမွာ?"

"စာသင္ေက်ာင္းေလ"

ေပါင္တို႔က ဆိုသည္။

"သခင္ေလးက ေတာက္ေလွ်ာက္ သိုင္းပညာသင္ယူဖို႔ ဆႏၵမရွိေတာ့ ဂိုဏ္းခ်ဳပ္ရွန္က အနယ္နယ္ အရပ္ရပ္ ထူးဆန္းထက္ျမက္တဲ့ ပုဂၢိဳလ္ေတြကို ဖိတ္ေခၚၿပီး သခင္ေလးအတြက္ သီးသန့္ စာသင္ေက်ာင္းဖြင့္ထားေပးတယ္ေလ... ေလာကႀကီးမွာ ျဖစ္ပြားေနတဲ့ ကိစၥရပ္ေတြကို သင္ယူနားလည္နိုင္ေအာင္လို႔ေပါ့"

ဝိုး!

အိမ္ေခၚသင္တဲ့ဆရာေတာင္ ရွိေသးတယ္ ဟုတ္လား?

ရွန္ခ်န္းလင္က အလိုလို အသက္ျပင္းျပင္း ရွိူက္သြင္းလိုက္မိသည္။ ရႉသြင္းၿပီးေနာက္ ျပန္စဥ္စားၾကည့္လိုက္ေတာ့လည္း ဘယ္ေလာက္မွ ေၾကာက္စရာ မေကာင္းဘူး မဟုတ္လား။

ဒီမွာ သခၤ်ာရယ္.. ဓာတုေဗဒရယ္.. ဇီဝေဗဒရယ္မွ သင္စရာမလိုဘဲေလ။ ေလာကႀကီးမွာ ျဖစ္ပြားေနတဲ့ ကိစၥေတြကို သင္ယူေလ့လာရမယ္ဆိုတာကမွ စိတ္ဝင္စားဖို႔ နည္းနည္းေကာင္းဦးမယ္..ေျပာလို႔မရဘူးေလ.. ေတာ္ေတာ္ေလးေတာင္ ေမွ်ာ္လင့္မိလာသလိုပဲ...

ထို႔ေၾကာင့္ ရွန္ခ်န္းလင္က အားတက္သေရာ ဆိုလိုက္သည္။

"အဲ့တာဆို ငါ စာသင္ေက်ာင္းကို ပဲသြားေတာ့မယ္"

"အာ?"

ေပါင္တို႔က ထိုစကားကို ၾကားေသာ္ အံ့အားသင့္ကာ ၾကက္ေသေသသြားရေတာ့သည္။

"သခင္ေလးက စာသင္ေက်ာင္းသြားဖို႔ကို ကိုယ့္ဘာသာကိုယ္ ဆႏၵရွိေနတယ္ ဟုတ္လား?"

ရွန္ခ်န္းလင္ - "......."

ဧကႏၲ အရင္က တစ္ေယာက္က စာသင္ရတာကို မႀကိဳက္ဘူးလား?

ဟုတ္ပါၿပီ.. တကယ္ေတာ့ သူလည္း အရင္ဘဝတုန္းကဆို စာသင္ရတာကို အရမ္းမုန္းတာပဲေလ... ဒါေပမဲ့ ဒီဘက္ေခတ္ကို ေရာက္ေနမွေတာ့ ဘယ္လိုပဲျဖစ္ျဖစ္ သြားၾကည့္ၾကည့္သင့္တယ္ မဟုတ္လား... ၿပီးေတာ့ ဘယ္လိုျဖစ္ျဖစ္ အဲ့တာကမွ ခ်င္ေရွာက္ယြီနဲ႕အတူ အျပင္သြားရထက္ေတာ့ သာလိမ့္ဦးမယ္ေလ!

ထို႔ေၾကာင့္ သူက ခိုင္ခိုင္မာမာ ေခါင္းညိတ္ၿပီး ေထာက္ခံလိုက္သည္။

"ငါ့မွာဆႏၵရွိလြန္းလို႔ ဟိုဘက္ကမ္းခပ္ေနၿပီ"

ေပါင္တို႔က ရင္ထဲတြင္သာ သက္ျပင္းေမာခ်လ်က္ရွိသည္။ တကယ္ေတာ့ သူလည္း မနက္ျဖန္မနက္ကို ထြက္လည္ခ်င္သည္ေလ။

တကယ္ကို ေမွ်ာ္လင့္ခ်က္ေတြ ပ်က္သုဥ္းသြားရၿပီ..

*****

ဒုတိယေန႕ မနက္ခင္းတြင္ ရွန္ခ်န္းလင္က မနက္အေစာႀကီးကတည္းက အိပ္ရာ ထလာသည္။ သပ္သပ္ရပ္ရပ္ ျပင္ဆင္ဝတ္စားၿပီးေနာက္ တစ္ခါတည္း စာသင္ေဆာင္သို႔သာ ေျပးသြားေတာ့ေလသည္။

"သခင္ေလး ျဖည္းျဖည္းသြားပါဗ်ာ"

ေပါင္တို႔က စာအုပ္ေသတၱာကို ပိုက္လ်က္ အေနာက္ကေန ေအာ္၍ လိုက္ေနရသည္။

ဘာလို႔ သည္တစ္ခါက် အဲ့ေလာက္ တက္ႂကြေနရတာလဲ.. အရင္ကဆို မ်က္ႏွာကပုပ္သိုးေနၿပီး မေက်မခ်မ္းျဖစ္ေနက်ေလ!

"အငယ္ဆုံး သခင္ေလး"

စာသင္ေဆာင္ရွိသည့္ ၿခံဝန္းထဲမွ လူမ်ားက သူ႕အတြက္ ေၾကးနီေသာ့ခေလာက္ႀကီးကို ဖြင့္ေပးလိုက္ၾကသည္။

"ဆရာခြၽန္းက မေရာက္လာေသးဘူးမို႔ သခင္ေလး အရင္ဆုံး စာအုပ္ေလးေတြ ဖတ္ေနလိုက္ပါေနာ္"

ရွန္ခ်န္းလင္က ေက်းဇူးတင္စကားဆိုၿပီးေနာက္ တံခါးကို ျဖတ္ေက်ာ္လာခဲ့သည္။ ဝင္လာသည္ႏွင့္ ခပ္ျပင္းျပင္း စာအုပ္အနံ႕အသက္မ်ားက အလုံးအရင္းလိုက္ ပ်ံ့လြင့္လ်က္။

ေၾသာ္... အသိပညာဗဟုသုတေတြရဲ႕ အေငြ႕အသက္ဆိုတာမ်ိဳးကိုး! !

သ႐ုပ္ေဆာင္ရွန္ကေတာ့ အင္မတန္ကို သေဘာေခြ႕မိသြား၏။

"သခင္ေလး စာအုပ္အရင္ဖတ္ေနဦးေနာ္... ကြၽန္ေတာ္ မီးဖိုေဆာင္ကိုသြားၿပီး မုန့္နဲ႕ လက္ဖက္ရည္ျပင္လာခဲ့မယ္"

ေပါင္တို႔က စာအုပ္ေသတၱာကို စားပြဲေပၚမွာ တင္ေပးခဲ့ၿပီးဆိုသည္။

"သခင္ေလး ဘာစားခ်င္လဲ?"

"ဘာပဲျဖစ္ျဖစ္"

ရွန္ခ်န္းလင္က ေတြ႕ကရာ စာအုပ္သုံးေလးအုပ္ကို ဆြဲထုတ္လိုက္သည္။

ေပါင္တို႔က တစ္ခြန္းျပန္ေျဖၿပီး လွည့္ထြက္သြားေတာ့သည္။ ရွန္ခ်န္းလင္က စာအုပ္ကို ပိုက္ၿပီး စားပြဲခုံသို႔ သြားျပန္ထိုင္လိုက္သည္။ တက္တက္ႂကြႂကြျဖင့္ ပထမဆုံးေသာ စာမ်က္ႏွာကို လွန္ကာ ဗဟုသုတမ်ားၾကား ေပ်ာ္ေမြ႕ရန္ ျပင္လိုက္၏။

ၿပီးေနာက္...... မ်က္လုံးျပဴးမ်က္ဆန္ပ်ာလ်က္....

ငိုး! ငိုး! ငိုး! ငါငိုး! ငါငိုး!

အဝတ္အစားမဝတ္ထားတဲ့ လူႏွစ္ေယာက္ေပြ႕ဖက္ထားတဲ့ ျမင္ကြင္းက လန႔္စရာႀကီး! ၿပီးေတာ့ ငွက္ေလးနဲ႕ မက္မြန္သီးေတြကို ဆြဲထားတာကလည္း အသက္ဝင္လိုက္တာ အစစ္အတိုင္းပဲေရာ္! !

ဒါေပမဲ့ တစ္ျခားအစိတ္အပိုင္းေတြက် အၾကမ္းျဖင္းဆန္လိုက္တာကြာ!

မ်က္ႏွာကို စက္ဝိုင္းပုံပဲ ဆြဲထားတာ ထားပါေတာ့! မ်က္လုံးေတြကိုပါ အစက္ကေလးႏွစ္စက္နဲ႕တဲ့! ! ပုံဆြဲဆရာေရ.. ခင္ဗ်ားရဲ႕ တစ္ခုကို အသားေပးေသခ်ာဆြဲၿပီး ေနာက္တစ္ခုကိုက် ၿပီးစလြယ္ဆြဲတာႀကီးက မလြန္လြန္းဘူးလား! !

အေစာႀကီးက ဒီလိုျဖစ္မယ္မွန္းသိရင္ ငါအေစာႀကီးကတည္းက လာပါတယ္ကြာ!

သ႐ုပ္ေဆာင္မင္းသားရွန္သည္ တက္ႂကြေပ်ာ္႐ႊင္စြာျဖင့္ လက္ႏွစ္ဖက္ကို ပြတ္လိုက္သည္။

အထက္တန္းေက်ာင္းသားဘဝကို ျပန္ေရာက္သြားသလိုပဲကြာ! ! !

ထိုသို႔ စိတ္အားထက္သန္စြာျဖင့္ ဒုတိယစာမ်က္ႏွာကို လွန္လိုက္ေသာ္ ရွန္ခ်န္းလင္၏ မ်က္ႏွာတြင္ "ေယာက်္ားေလး အခ်င္းခ်င္းေတြပဲ.. မင္းတို႔နားလည္ပါတယ္" ဟူသကဲ့သို႔ေသာ အၿပဳံးမ်ိဳး ထြက္ေပၚလာခဲ့သည္။

ဒီအေနအထားေလးက မိုက္တယ္!

ဒါေပမဲ့ ဇာတ္လိုက္ မင္းသမီးရဲ႕ ရင္ဘတ္က နည္းနည္း ေရျပင္ညီျဖစ္ေနသလိုပဲ... ေနဦး ေနဦး... ရင္ကို မရွိတာပဲ! !

အာ... ေနဦး ေနဦး.. သူ႕မမွာ မရွိသင့္တဲ့ဟာလည္း ရွိေနသလိုပဲ! ! အိုင္းရား... အိုးယိုး...အာအာအာ မင္းဘိုးေအ! ! ! ႏွစ္ေယာက္လုံးမွာ ငွက္ကေလးရွိေနတာက ဘာအေျခအေနႀကီးလဲဟ! ! ! ! ! ေနပါဦး ငါ့ကို လာေနာက္ေနတာလား! ! ! ! !

ရွန္ခ်န္းလင္ကား အသက္ဝ,ဝရႉလိုက္သည္။

မိုးေမလင္းလိုက္ေတာ့ေဟ့... ေရွးခတ္မွာ ဘယ္လိုလုပ္ၿပီး ဒီလိုကိစၥမ်ိဳးကို ျဖစ္သင့္ျဖစ္ထိုက္သလို လက္ခံေနၾကရတာလဲ... အႀကိဳက္က ထူးဆန္းရင္ေတာင္ အကန႔္အသတ္ေလးေတာ့ ရွိဦးမွေပါ့! ! !

လန႔္လို႔ေသေတာ့မွာပဲလို႔! ! !

သို႔ေသာ္ျငား ပို၍ ထူးျခားဆန္းျပားေသာ ျဖစ္အင္ကေနာက္မွာက်န္ေသးသည္။ အဘယ့္ေၾကာင့္ဆိုေသာ္ ဆရာခြၽန္းဆိုသူမွာ ရင္ဘတ္ မို႔မို႔ေမာက္ေမာက္ႏွင့္ ႐ုပ္ရည္ေခ်ာေမာလွပသည့္ ခရမ္းေရာင္ ဝတ္႐ုံဝတ္ဆင္ထားေသာ မမတစ္ေယာက္ျဖစ္၏။ ဝိညာဥ္ေတာင္ လြင့္ခ်င္ေလာက္ေအာင္ လွသည္။

လတ္စသတ္‌ေတာ့ စိတ္ကူးထဲကလို မုတ္ဆိတ္ေမြးေဖြးေဖြးျဖင့္ အဘိုးႀကီးေတြ မဟုတ္ဘူးကိုး။ သ႐ုပ္ေဆာင္မင္းသားရွန္သည္ မိမိကိုယ္ကို အျမတ္ႀကီးျမတ္သြားသည္ဟု ထင္မိလာသည္။ ထို႔ျပင္ အံ့ၾသဖြယ္ရာ လက္ေဆာင္တစ္ခုရလိုက္သလိုလို။ သို႔ေပမင့္ အံ့ၾသဖြယ္ရာ လက္ေဆာင္သည္ကား သုံးစကၠန႔္ၾကာေသာ္ အံ့အားသင့္ ထိတ္လန႔္ဖြယ္ရာ အျဖစ္သို႔ ေျပာင္းလဲသြားေတာ့သည္။

အဘယ့္ေၾကာင့္ဆိုေသာ္ ခရမ္းေရာင္မမက သူ႕ကို ေမးလာသည္။

"သခင္ေလးရဲ႕ အိပ္ခန္းတြင္းအႏုပညာကို ဘယ္အဆင့္အထိ ေလ့က်င့္ၿပီးသြားၿပီလဲရွင့္?"

ငိုး.......

ရွန္ခ်န္းလင္ကား မ်က္လုံးျပဴးလ်က္ ၾကက္ေသေသေနမိသည္။ မိမိေခါင္းေပၚသို႔ မိုးႀကိဳးပစ္ခ်လိဳက္သည့္ႏွယ္။

ရွန္ခ်န္းလင္က ပါးစပ္ေဟာင္းေလာင္းသာျဖစ္ေနၿပီး စကားမေျပာသည္ကို ျမင္ေတာ့ ခရမ္းေရာင္မမက သက္ျပင္းခ်ေလသည္။

"ၾကည့္ရတာ သခင္ေလးက အဟုတ္ကို အတိတ္ေမ့သြားပုံပဲ"

"အဲ့တာဆို အိပ္ခန္း...... အဲ့ဟာႀကီးက မမက ကြၽန္ေတာ္ အတိတ္ေမ့သြားတာ ဟုတ္မဟုတ္ စမ္းသပ္ၾကည့္ဖို႔ ေတြ႕ကရာေျပာလိုက္တာ ဟုတ္တယ္မလားဟင္?"

ရွန္ခ်န္းလင္က ခန႔္မွန္း၍ ေမးလိုက္သည္။

"ေသခ်ာေပါက္ မဟုတ္ဘူးေပါ့ရွင္"

ခရမ္းေရာင္မမက မ်က္ေမွာင္ၾကဳတ္လိုက္သည္။

"သခင္ေလးက ေမ့သြားၿပီဆိုေတာ့လည္း ကြၽန္မတို႔အစကေနျပန္ၿပီး ေလ့က်င့္ၾကတာေပါ့ရွင္... ဘာပဲျဖစ္ျဖစ္ ဂိုဏ္းခ်ဳပ္ခ်င္နဲ႕ မဂၤလာပြဲမတိုင္ခင္မွာ ဒါေတြ အကုန္ေလ့က်င့္ တတ္ေျမာက္ၿပီးသား ျဖစ္ေနရမယ္ေလ... မဟုတ္ရင္ မဂၤလာပြဲႀကီးၿပီးမွ အျပဳအစုမေကာင္းလို႔ ကြာရွင္းခံလိုက္ရရင္ ရွန္အိမ္ေတာ္ရဲ႕ မ်က္ႏွာကို ဘယ္နားသြားထားရမလဲေနာ့"

ရွန္ခ်န္းလင္၏ မ်က္ႏွာမွာ ျဖဴေရာ္လ်က္။

ဒါ ဒါ ဒါႀကီးက ဘယ္လိုေတာင္ ဗ႐ုတ္သုတ္ခစကားေတြလဲ! ! ဟမ္! ! !

"ဒါေပမဲ့ သခင္ေလးက ဘယ္အဆင့္ေလာက္ထိ ေမ့သြားတာလဲဆိုတာကို စစ္ေဆးၾကည့္ဖို႔ ကြၽန္မတို႔ အရင္ဆုံး စမ္းၾကည့္တာေပါ့..."

ခရမ္းေရာင္မမက ေညာင္ေစာင္းထက္၌ ဝင္ထိုင္လိုက္သည္။

"အရင္ဆုံး-----"

"မမ..မမ.. ခဏေလး ခဏေလး ေနပါဦး"

ရွန္ခ်န္းလင္မွာ လန႔္ဖ်ပ္သြားရၿပီး ဝိညာဥ္ေတာင္ လြင့္သြားေခ်ၿပီ။

ကြၽန္ေတာ့္အေမေရ.. မမရဲ႕.. အဲ့ေလာက္ႀကီး ေပၚေပၚထင္ထင္ေတြ ထိန္းမနိုင္သိမ္းမရေတြ မလုပ္စမ္းပါနဲ႕ဦး....

ကြၽန္ေတာ္က လူပ်ိဳစစ္စစ္ေလးရယ္! ! !

"ေစာင့္ရဦးမွာလား?"

ခရမ္းေရာင္မမက မ်က္ခုံးေလးမ်ား တြန႔္ခ်ိဳးသြားေလသည္။

အင္းေလ.. ေသခ်ာေပါက္ ေစာင့္ရမွာေပါ့! !

ရွန္ခ်န္းလင္ကား မ်က္ရည္လည္႐ႊဲ။

ဒီဟာႀကီးက... အရင္ရွန္ခ်န္းလင္ ငါ့အတြက္ ခ်န္သြားေပးတာက ဘယ္လို အရႈပ္ေတာ္ပုံေတြလဲဟာ ! ! ! ! ! ! ! ! ! ! ! ! ! ! ! !

_________________

12.5.2021

🍀💟

Continue Reading

You'll Also Like

163K 2.6K 19
မြို့အုပ်မင်းရဲ့ဇနီးလောင်းက သူမကြောင့် သေသွားတာကြောင့် သူမကိုလက်ထပ်ပြီး ပြန်ပေးဆပ်ခိုင်းမဲ့ ဇေယျမင်းမောင်
48.9K 6.9K 64
စာရေးသူ - ယွီရှောက်လန်ရှန်း ဇာတ်ဆောင် - ရှန်ချန်းလင် x ချင်ရှောက်ယွီ - ယဲ့ကျင် x ရှန်ချန်းဖုန်း
440K 3.1K 9
"ɪ ʜᴀᴠᴇ ᴛᴏ ʙᴇᴄᴏᴍᴇ ᴛʜᴇ ᴠɪʟʟᴀɪɴ ꜱᴏ ᴇᴠᴇʀʏʙᴏᴅʏ ᴄᴀɴ ʟɪᴠᴇ ᴀ ᴘᴇᴀᴄᴇꜰᴜʟ ʟɪꜰᴇ." "ᴅᴏɴ'ᴛ ʟᴇᴀᴠᴇ ᴍᴇ ᴀɢᴀɪɴ, ᴘʟᴇᴀꜱᴇ..." "ᴡʜᴇɴ ʏᴏᴜ ᴛᴏᴏᴋ ʏᴏᴜʀ ʟᴀꜱᴛ ʙʀᴇᴀᴛʜ, ɪ ꜰᴏʀɢᴏᴛ ʜᴏᴡ...
4.9K 92 7
"When you guys are done making out, let's take a look at this huh?" ⚠️ I DO NOT OWN FEAR STREET, I ONLY OWN MY OC , HEATHER ⚠️ -I wrote this a year...