Unicode>>
အခန်း (၇) နတ်မျိုးနွယ် သားရဲတိရစ္ဆာန်
စိတ်ထဲတွင်တော့ အတော်လေး ကသိကအောက်ဖြစ်သွားပေမင့် ရှန်ချန်းလင်လည်း များများစားစား မမေးမိတော့ချေ။ လိမ်လိမ်မာမာဖြင့်သာ လခြမ်းကွေးလေးပမာ ခွေညွတ်လျက် ခုတင်ကို မှီထိုင်ရင်း ကြက်စွပ်ပြုတ်ကို စောင့်နေလိုက်တော့သည်။ သူ့နဖူးပေါ်၌ စိုစိစိ အနီရောင်တသက်တစ်ထည်ကို တင်ထားရသေးသည်။
"အမေ"
အခန်းထဲရှိ တခြားလူများ အားလုံးထွက်သွားပြီးနောက်တွင် ရှန်ချန်းလင်က ခါးသက်သက်အမူအရာဖြင့် မေးလာသည်။
"ကျွန်တော် ဒါကြီးကို နဖူးပေါ်တင်မထားလို့ မရဘူးလား?"
"မရဘူး"
ရှန်သခင်မကြီးက သူ့ပါးလေးများကို ညှစ်ကာဖြေသည်။
"ဒီဥစ္စာက မကောင်းဆိုးဝါး နှင်နိုင်တယ်ကွဲ့"
ရှန်ချန်းလင်၏ မျက်ဝန်းများ၌ ရေစင်လေးများ ရစ်ဖွဲ့လာချေသည်။
ဒီလိုမဟုတ်ကဟုတ်က အယူသည်းမှုတွေကို ယုံကြည်တာက လူသေစေနိုင်တယ်လို့...
ပြီးတော့ ဒီပုံစံကြီးက အရမ်းကြည့်ရဆိုးတယ်ဆိုတာ သိရဲ့လားဗျ!
"မင်းရဲ့ဒဏ်ရာတွေက ဘယ်အချိန်လောက်မှ အရှင်းပျောက်နိုင်မယ် မသိပါဘူးကွယ်"
ရှန်သခင်မကြီးက သက်ပြင်းချလျက်ဆိုသည်။ ခဏနေတော့ သူမက အံကြိတ်ကာ ရှန်ချန်းလင်၏ခေါင်းကို နာနာခေါက်လိုက်ပြီး ဆိုပြန်သည်။
"မင်းပြောစမ်း... ကိုယ့်ဘာသာ ကောင်းကောင်းမနေဘဲ ဘာကိစ္စ သစ်ပင်ပေါ်သွားတက်ရတာလဲ... မင်းငယ်ငယ်တုန်းက အမေ ဘယ်လိုသွန်သင်ဆုံးမခဲ့သလဲ?"
အမေ ဘယ်လိုသွန်သင်ဆုံးမခဲ့သလဲ ကျွန်တော်ဘယ်လိုလုပ်သိမှာလဲ? ကျွန်တော်က ငယ်ငယ်တုန်းက အသင်ခံရတဲ့ တစ်ယောက်မှမဟုတ်တာကြီး!
ရှန်ချန်းလင်သည် သူ့နဖူးသူပေါက်ထွက်သွားတော့မည်ဟု ခံစားရအောင် နာကျင်သွားမိသည်။
သူ့အမေလက်က သံမဏိလက်ချောင်းလားဟ!
"ဇနီးလေး"
ချင်ရှောက်ယွီက စွပ်ပြုတ်ပန်းကန် ကိုင်လျက် အခန်းထဲဝင်လာလေသည်။ ထို့နောက် သူ့၏လက်ရှိ ဖြစ်ပျက်နေသော ရုပ်အခြေအနေကိုကြည့်ကာ "ခွီး" ကနဲ တစ်ချက်ရယ်လိုက်သေး၏။
"မင်းဘိုးအေကြီးကို ရယ်နေလိုက်"
ရှန်ချန်းလင်သည် ဒေါသထွက်ထွက်ဖြင့် သူ့နဖူးက တဘက်ကိုယူကာ လုံးထွေးပြီး ထိုသူ့မျက်နှာထက် ပစ်ပေါက်လိုက်တော့သည်။
"လင်အာ!"
ရှန်သခင်မကြီးကား ထိတ်ပျာသွားရသည်။
"ဒါက ဗုဒ္ဓဘုရားရဲ့ ရွှေခန္ဓာတော်ကို သုတ်တဲ့နေရာမှာ သုံးထားတဲ့ အထွတ်အမြတ်ပစ္စည်း... လျှောက်မလွှင့်ပစ်ရဘူးလေ!"
ငိုး!
ရှန်ချန်းလင်မှာ မျက်လုံးပြူးသွားရ၏။
သန့်ရှင်းသုတ်သင်ပေးတဲ့ အဝတ်လား?
ချင်ရှောက်ယွီ၏ မျက်နှာအစိတ်ပိုင်းအားလုံးမှာ တောင့်ခဲလျက်သာ။
"အရမ်းရယ်ရလား!"
ရှန်ချန်းလင်က စိတ်ဆိုးစွာဖြင့် သူ့ကို စိုက်ကြည့်လိုက်သည်။
"လုံးဝ မရယ်ရဘူး"
ချင်ရှောက်ယွီက ခေါင်းခါသည်။
"မရယ်ရဘူးဆိုပြီး မင်းပခုံးတွေတောင် တုန်နေတယ်လေ!"
ရှန်ချန်းလင်က ပိုလို့တောင် ဒေါသတကြီးဖြစ်လာသည်။
"ဒါက ကိုယ်ရင်ဘတ်အောင့်နေတာပါ"
ချင်ရှောက်ယွီက စွပ်ပြုတ်ပန်းကန်ကို ခုံပေါ်လှမ်းတင်ကာ ပြေပြေပြစ်ပြစ်ဆိုလာသည်။
"ဇနီးလေး သည်လိုအားနည်းဖျော့တော့နေတာကို မြင်ရတော့ ကိုယ့်နှလုံးသားတွေက ဓားနဲ့အမွှန်းခံနေရသလို ခံစားနေရတယ်လေ"
အချစ်နတ်ဘုရားကြီးလား မင်းက!
ရှန်ချန်းလင်က သူ့ကို စိတ်ပျက်သော အမူအရာဖြင့် ကြည့်လိုက်သည်။ သူ့ကို အပီအပြင် ငြင်းပယ်ရန် ဟန်ပြင်လိုက်ချိန်မှာပဲ ရှန်သခင်မကြီးက ပီတီမျက်ရည်များ ဖြာကျလာတော့သည်။
"မင်းတို့နှစ်ယောက် သည်လို ချစ်ခင်ကြင်နာနေကြတာကို မြင်ရတော့ အမေစိတ်ချသွားပါပြီကွယ်"
ဘာတွေ စိတ်ချနေတာလဲ! အမေစိတ်ချလို့မဖြစ်ဘူးလေ! အမေစိတ်ချလိုက်ရင် ကျွန်တော်က သူ့ကိုလက်ထပ်ပြီး လိုက်သွားရတော့မှာပေါ့!
ရှန်ချန်းလင်၏ရင်ထဲတွင် တင်းကနဲဖြစ်သွားရသည်။ ချက်ချင်းလက်ငင်း မျက်ရည်စက်လေးများ လှိမ့်ဆင်းလာပြီး မျက်နှာတစ်ပြင်လုံး စိုရွှဲလို့။
ဒါကို သရုပ်ဆောင်မင်းသားရဲ့ အိုက်တင်လို့ခေါ်တယ်! !
"အိုင်းယား... အကောင်းကြီးကနေ ဘာလို့ ထငိုပြန်တာလဲကွယ်?"
ရှန်သခင်မကြီးက လွန်စွာမှ ရင်နာလျက် ချော့မော့တော့သည်။ ရင်ခွင်ထဲ ထွေးပွေ့ကာ ချော့မော့ချင်မိသည်အထိ။
"ကျွန်တော် အမေ့ကို မခွဲရက်ဘူး"
ရှန်ချန်းလင်၏ အသံက သြရှအက်ကွဲနေသည်။ အတတ်နိုင်ဆုံး သူ့ကိုသူ တီဗီဇာတ်လမ်းတွဲထဲရှိ မင်္ဂလာဆောင်ရတော့မည့် မင်းသမီးလေးပမာ တွေးပစ်လိုက်သည်။
ဘာလို့ဆို အဲ့လိုတွေးထားရင် သရုပ်ဆောင်ရတာ ပိုပြီးဖီလင်လာလို့!
ပြီးတော့လေ... အဲ့ဒီဇာတ်လမ်းတွဲထဲက နယ်စပ်ဘုရင်ကဖြင့် မှုတ်ဆိတ်မွေးတွေ ထူလဗျစ်နဲ့ ကြမ်းကြမ်းတမ်းတမ်း ဦးလေးကြီး! ဧရာမနားစွဲကြီးလည်း တပ်ထားသေးတယ်! ! ခြေသလုံးမွေးတွေကလည်း အများကြီးပဲ... အမွေးထူဂွမ်းဘောင်းဘီကျလို့! !
ထိုစဉ်က ရှန်ချန်းလင်ကတော့ အိမ်ရှေ့စံမင်းသားအဖြစ် သရုပ်ဆောင်ရခြင်းဖြစ်သည်။ သို့သော်လည်း ထိုဇာတ်လမ်းတွဲထဲက မမကို အတော်လေး ကိုယ်ချင်းစာမိပေသည်။
လျှာသုံးပြီးနမ်းရတဲ့ အခန်းတွေနဲ့ အိမ်ရာခန်းတွေသာ ရိုက်ရရင် သေချာပေါက် အိပ်မက်ဆိုးတွေ မက်လိုက်မယ်ဖြစ်ခြင်း! ! !
"အမေလည်း လင်အာလေးနဲ့ မခွဲရက်ပါဘူးကွယ်"
ရှန်သခင်မကြီးက နှလုံးအောက်ခြေရှိ အနူးညံ့ဆုံးသောနေရာလေးကို ထိရှသွားသည့်နှယ်။
"ကျွန်တော် အမေ့ကိုပဲ တောက်လျှောက် အဖော်လုပ်ပေးချင်တယ်လို့"
ရှန်ချန်းလင်ကား မျက်ရည်ပိုးပိုးပေါက်ပေါက်ကျနေရာ ချောင်းပါဆိုးလာချေသည်။ အကယ်၍ ဤမြင်ကွင်းကို ရှန်ချန်းချန်မြင်လျှင် "ဧကန်စင်စစ် အားနွဲ့နူးညံ့လှသော အလှပဂေးလေးပါတကား" ဟု ရေရွတ်ချီးမွမ်းပေလိမ့်ဦးမည်။
"ဘယ်လိုပဲဖြစ်ဖြစ် လက်ထပ်ရမှာလေ... အမေ့ကိုပဲ တစ်သက်လုံး အဖော်လုပ်ပေးလို့ ဘယ်လိုလုပ်ရမှာလဲ"
ရှန်သခင်မကြီးက သူ့နောက်ကျောကို ပုတ်ပေးကာဆိုသည်။
"အဲ့တာဆို နှစ်အနည်းငယ်နောက်ကျပြီးမှ လက်ထပ်မယ်"
ရှန်ချန်းလင်က မျက်သားများနီစွေးလျက်ဖြင့် သူ့အမေကို ကြည့်နေသည်။
"ထားပါတော့... မင်းတကယ်ကို လက်မထပ်ချင်ဘူးဆိုရင်လည်း အမေပဲ မင်းအဖေနဲ့ ပြောလိုက်တော့မယ်"
ရှန်သခင်မက သက်ပြင်းချသည်။
"အခုအရေးအကြီးဆုံးက မင်းကိုယ်မင်း မြန်မြန်နေကောင်းလာအောင်နေဖို့ပဲ"
ရှန်ချန်းလင်မှာ အင်မတိအင်မတန် ဝမ်းသာလုံးစို့သွားရရှာပြီ။ ထို့နောက် အပြင်ပန်းအမူအရာကတော့ ဝမ်းနည်းကြေကွဲနေသည့်အမူအရာ ၈၀ ရာခိုင်နှိုင်းနှင့် တလက်လက်တောက်ပ ကျေနပ်နေသောအမူအရာ ၂၀ ရာခိုင်နှုန်းဖြင့် ချင်ရှောက်ယွီကို လှမ်းကြည့်လိုက်သည်-----
ဒီကသူရဲကောင်းလေးကတော့ တခြားလူပဲ သွားလက်ထပ်ယူချေတော့ဗျာ!
"ရှောက်ယွီလည်း လင်အာကို အခက်မတွေ့စေချင်ဘူးမို့လား?"
ရှန်သခင်မက မေးလေသည်။
ရှန်ချန်းလင်က ခါးကိုဆတ်ကနဲ မတ်လိုက်ပြီး စိုက်ကြည့်နေလိုက်သည်----- သတ္တိရှိရင် မရဘူးလို့ ငြင်းကြည့်စမ်း! !
ချင်ရှောက်ယွီက နာကျင်ကြေကွဲနေသော အမူအရာဖြင့် ဆိုသည်။
"အသေအချာပဲပေါ့ဗျာ"
"မင်းကို အခက်တွေ့စေရပြီကွယ်"
ရှန်သခင်မကြီးက ထပ်မံသက်ပြင်းချလျက်ဆိုသည်။
"အနာဂတ်မှာ လင်အာသာ နေပြန်ကောင်းလာမယ်ဆိုရင်------"
"အမေ! ! ! ! ! ! ! !"
ရှန်ချန်းလင်ကား နောက်ထပ်တစ်ကြိမ် မျက်ရည်လည်ရွဲဖြစ်ရတော့မည်။
အဲ့လိုတွေ အလွယ်တကူ အနာဂတ်ကို ကတိတွေ လျှောက်ပေးမနေနဲ့လေဗျာ! !
ကျွန်တော်နဲ့သူနဲ့လည်း မရင်းနှီးဘဲနဲ့! !
"ဟုတ်ပြီ ဟုတ်ပြီ ဟုတ်ပြီ... အမေ မပြောတော့ဘူးနော်"
ရှန်သခင်မက ကပျာကယာ ချော့မော့ပြောလာသည်။
"မကြောက်နဲ့"
ချင်ရှောက်ယွီက ကွဲအက်နေသော အသံ မသာမယာဖြင့်။
"ကိုယ်က ဘဝနေဝင်ချိန်အထိ တစ်ကိုယ်တည်း အထီးကျန်ပြီး နေသွားရမယ်ဆိုရင်တောင် လင်အာလေးကိုတော့ အနေရခက်အောင် မလုပ်ရက်ပါဘူး"
ရှန်ချန်းလင်က လှိုက်လှဲစွာမေတ္တာရပ်ခံချင်နေသည်။
"တကယ်တော့ ဘဝနေဝင်ချိန်အထိ တစ်ကိုယ်တည်းအထီးကျန်စွာနေတာနဲ့ ငါ့ကို အခက်မတွေ့စေချင်တာနဲ့ရဲ့ ကြားထဲမှာ တတိယရွေးချယ်မှုတစ်ခု လုပ်လို့ရသေးတယ်လေ"
တခြားသူကို လက်ထပ်လိုက်လေ အစ်ကိုကြီးရဲ့! ! !
မင်းလို ဒီလောက်ငယ်ရွယ်ချောမောခံ့ညားတဲ့ သူရဲကောင်းတစ်ယောက်ကို လက်ထပ်ပြုစုချင်နေတဲ့ မိန်းကလေးတွေ အများကြီးရှိမှာ အသေအချာပဲလေ!
ငါတို့နှစ်ယောက်ရဲ့ပတ်သတ်မှုကတော့လား... သိုင်းလောကမှာ ဘယ်သောအခါမှ ပြန်မဆုံတွေ့ကြစို့ပဲပေါ့! !
ချင်ရှောက်ယွီက ယတိပြတ်ဆို၏။
"ကိုယ့်အတွက်တော့ ဇနီးလေးကလွဲရင် တခြားဒုတိယလူကို နှလုံးသားထဲ အဝင်မခံနိုင်တော့ပါဘူး"
ရှန်ချင်းလင်သည် သူ့ကို မည်သို့သော အမူအရာမျိုးနှင့် ရင်ဆိုင်ရတော့မှန်းကို မသိတော့ချေ။ လူကောင်းလေးတစ်ယောက်ဖြစ်ပါလျက်နှင့် ဘာကြောင့်များ အချိုသတ်၍ မရသနည်း။ ဘာလို့များ တစ်ယောက်တည်းကိုပဲ စိတ်ဆွဲနေရသနည်း! အရူးအမူးစွဲလမ်းခြင်းက ဆေးကုမှရမှာနော်!
ထို့ကြောင့် သူက ဆက်လက်ပြီး သွေးအေးအေးဖြင့် ပြောလိုက်သည်။
"ဒါပေမဲ့ ငါကမင်းကို မေ့သွားပြီလေ"
ထိုအခါ ချင်ရှောက်ယွီကား မျက်ရည်များဝဲလက်လာပြီး မျက်သားများနီစွေးလျက် ငိုချလေတော့၏။
ငိုး!ငိုး! ငိုး! !
ရှန်ချန်းလင်သည် အနှီမြင်ကွင်းကြောင့် အရှင်လတ်လတ် မိုးကြိုးပစ်ခံလိုက်ရသဖွယ် ခံစားလိုက်ရသည်။
အစ်ကိုကြီး အခုကနေတာ ဘယ်ပြဇာတ်လဲဗျ!
သူများငိုတာ မြင်တာနဲ့ မင်းလည်း လိုက်မငိုနဲ့လေ! !
ဒီက ရှန်သခင်လေးက မျက်နှာကြက်ပြုတ်ကျလာလို့ ဒီလို အချိန်နောက်ပြန် ခရီးသွားလိုက်ရတဲ့ ဒုက္ခကို ဘယ်သူနားလည်ပေးနိုင်မှာလဲ... ကိုယ့်ကိုယ်ကိုယ် ကိုယ်ဝန်ရှိတယ်လို့ သံသယဝင်ရဖို့ဆို ပြောမနေနဲ့တော့! !
အနာဂတ်မှာ လိင်ပြောင်းချင်ပြောင်းသွားလိမ့်ဦးမယ်!
ဒီလိုလူမျိုးကမှ ငိုသင့်တာကွ သိလား!
မင်းမှာ ပိုက်ဆံလည်းရှိတယ်... အင်အားလည်းကြီးတယ်.. လူကလည်း ချောတယ်... ပြီးတော့ မင်းအတွက်နဲ့ နတ်မြေခွေးကိုတောင် သွားရှာပေးတဲ့ ယောကျ်ားမျိုးရှိသေးတယ်... ဒါလူ့ဘဝရဲ့အောင်မြင်မှုကြီးပဲလေ...
မင်းဘိုးအေမို့ ငိုနေတာလား! ! !
သိက္ခာသမာဓိရော ရှိသေးရဲ့လား! !
"ရှောက်ယွီရယ်"
ရှန်သခင်မလည်း လန့်ဖျပ်သွားရသည်။
"မပြောပါနဲ့တော့... စွပ်ပြုတ်ကို အရင်သောက်လိုက်ပါဦး"
ချင်ရှောက်ယွီက နွေးထွေးကြင်နာစွာ ပြောလာသည်။ သူက စွပ်ပြုတ်ပန်းကန်ကို ရှန်ချန်းလင်၏ လက်ထဲထည့်ပေးပြီး မျက်တောင်မခတ်စတမ်း ရှန်ချန်းလင်ကို ကြည့်နေရှာသည်။
ငါ့စိတ်ခိုင်လို့တော်သေးတာပေါ့! !
သရုပ်ဆောင်ဆုရ မင်းသားသည် စွပ်ပြုတ်ပန်းကန်အဖုံးကို ဖွင့်ရင်းတွေးနေမိ၏။ သူ့ကိုယ်သူ အလွန်ဂုဏ်ယူမိပါသည်လေ။ အရင်ဘဝက လူအကြည့်ခံရတဲ့အလုပ်အကိုင်မို့ ကျင့်သားရနေ၍ တော်သေးသည်။ နည်းနည်းလေးမှ ဖိအားမဖြစ်ပါချေ။
ကျောက်စိမ်းပန်းကန်အား ရွှေအနားသတ်ထားသည့် ပန်းကန်လုံးသည် အလွန်တရာကို ထည်ဝါခမ်းနားနေပေ၏။ သို့ရာ အထဲကဟာတွေက ဗရုတ်သုတ်ခတွေပါလား။
.........
ရှန်ချန်းလင်က ဇွန်းဖြင့် နှစ်ချက်သုံးချက် မွှေကြည့်လိုက်သည်။ သည်ကြက်မည်းက မကျက်သေးသလို မာဆတ်ဆတ်နှင့် အပြင် အရေပြားက မည်းပြီး အသားကဖြူနေသည်ကို လေးထောင့်အတုံးတွေ တုံးထားသေးသည်။ ကြည့်လိုက်သည်နှင့် စားချင်စဖွယ်မရှိ။
"မြန်မြန်စားလေ"
ရှန်သခင်မက အေးအောင်မှုတ်ပေးလာသည်။
ရှန်ချန်းလင်က ဇွန်းဖြင့် အသားတုံးတစ်တုံးခပ်ယူလိုက်ပြီး တစ်ကိုက်စမ်းကိုက်ကြည့်လိုက်သည်။
ငိုး! တကယ်ကြီး အရသာမရှိပါလား!
သည်လိုအစုတ်အပြတ်ဟာကြီးက ဘယ်နားက သွားပြီး တန်ဖိုးကြီးရှားပါနေရတာလဲ? ငါ့မှာ သေအောင် မျှော်လင့်နေလိုက်ရတာ!
နေပါဦး... ဒါကြီးက အားဖြည့်ပေးနိုင်တာမို့လား?
ရှန်သခင်လေးက တစ်ဇွန်းခပ်သောက်ကြည့်လိုက်သည်။ ထိုအခါတွင်တော့ တခါတည်း အကုန်ပြန်ပန်းထွက်လာတော့ပေသည်။
သွေးအရသာကြီးနဲ့! ! ! သွေးအရသာကြီးဟ! ! မကျက်သေးတဲ့ဟာကိုလည်း စားလို့ရတာပဲလား! !
ကြက်ငှက်တုတ်ကွေးဖြစ်ရင် ဘယ်လိုလုပ်မလဲ! !
"မြန်မြန်လေးသောက်"
ရှန်သခင်မက လက်ကိုင်ပုဝါလေးဖြင့် သူ့နှုတ်ခမ်းများကို သုတ်ပေးနေသည်။
"အစိမ်းကြီး"
ရှန်ချန်းလင်က မျက်မှောင်ကြုတ်လျက် တိုင်တန်းတော့သည်။
"သေချာတာပေါ့"
ချင်ရှောက်ယွီက သူ့ကျောကို ခပ်ဖွဖွ ပွတ်သပ်ပေးသည်။
သေချာ.. ဘာသေချာတာလဲ.. မင်းညီမကိုသေချာနေလိုက်! ! မင်းတို့တစ်အိမ်လုံးကို သွေးအရသာကြီးနဲ့ဟာ စားခိုင်းကြည့်လိုက်လေ!
ရှန်ချန်းလင်က ပြတ်ပြတ်သားသားပင် မစားနိုင်ဟု ငြင်းပယ်လေပြီ။
"ပြောရတော့ခက်ပါတယ်.. မင်းကအရင်က ကိစ္စတွေကို မေ့သွားပြီဆိုတော့လည်း"
ရှန်သခင်မက သက်ပြင်းချကာ ဆိုသည်။
"ကြက်မည်းဆိုတာ နှစ်ပေါင်းတစ်ရာနေလို့ တစ်ကောင်တွေ့ရခဲတဲ့ အထွတ်အမြတ်ငှက်လေ.. လူတွေများ မြင်ဖူးချင်လို့တောင် မမြင်ဖူးကြဘူးကွဲ့... စားဖူးဖို့ဆို ပြောမနေနဲ့တော့"
ရှန်ချန်းလင်ကတော့ ဘာပဲပြောပြော ငိုချင်နေပြီလေ။
အမေ ဒါ ဘယ်သူ့ကို လာလိမ်နေတာလဲဗျ! ! ကြက်မည်းက အထွတ်အမြတ်ကြက် ဟုတ်လား! ဒါဆို စန်းဟွမ်ကြက်(တိုက်ကြက်)တွေဆို ကမ္ဘာအံ့ဖွယ်သရဲ စစ်သည်တော်တွေဖြစ်တော့မပေါ့!
"တကယ်လို့ ကျက်အောင် ပြုတ်ပြီး ဆားတွေခပ်လိုက်ရင် သူ့ရဲ့ ဆေးအာနိသင် ပျက်ပြယ်သွားလိမ့်မယ်"
ရှန်သခင်မက ဇွန်းကို သူ့ဘက် ပြန်ကမ်းပေးလိုက်ပြီး ဆိုသည်။
"စကားနားထောင်.. ကုန်အောင်စားလိုက်"
ခံတွင်းထဲတွင် ထူးထူးဆန်းဆန်း အရသာမပျောက်သေးချေ။ ရှန်ချန်းလင်တစ်ယောက်သည် ကြက်အမွေးအတောင်များ၏ အရသာဟု တွေးကြည့်လိုက်သည်နှင့် အောင်မြင်စွာ အန်ထွက်မတတ် ရွံရှာသွားတော့သည်။ ထို့ကြောင့်သူက တက်ကြွအားကိုးသော အကြည့်များနှင့် ချင်ရှောက်ယွီကို လှမ်းကြည့်လိုက်သည်----
ကိုယ်ဝန်သည်ဆိုတာ ဆေးတွေ လျှောက်မသောက်ရဘူးတဲ့လေ။ ဒီသဘောတရားကို မင်းနားလည်တယ်မလား? လုပ်.. မြန်မြန်လေး ငါ့အမေကို ဖျောင်းဖျပေးစမ်းပါ! !
"ပူတုန်းမြန်မြန်လေး စားလိုက်နော်"
ချင်ရှောက်ယွီက ခုတင်ဘေးကို ဝင်ထိုင်ကာပြောသည်။
"မစားဘူး!"
ရှန်ချန်းလင်ကား အင်မတန်ခေါင်းမာသူပင်။
"တကယ်မစားဘူးလား?"
ရှန်သခင်မကြီးက သူ့ကို မျက်မှောင်ကြုတ်ကာကြည့်နေသည်။ ရှန်ချန်းလင်က ယခင်အတိုင်း ခေါင်းသာခါဆဲ။
ကျွန်တော်က ငတုံးမှမဟုတ်တာ။ ကြက်အမွေးအတောင်တွေ မစားနိုင်ပါဘူး။
"အမလေး ငါ့ဘဝက အဖြစ်ဆိုးလိုက်တာနော်...."
ရှန်သခင်မသည် ရုတ်ခြည်း ငိုကြီးချက်မ ထငိုကြွေးအော်ဟစ်တော့သည်။ ခြုံစောင်ပေါ်တောင် မှောက်ချလိုက်သေး၏။
မြန်ဆန်လှသော ဖြစ်အင်ကြောင့် သရုပ်ဆောင်မင်းသားရှန်ချန်းလင်သည်လည်း ခြေမကိုင်မိ၊ လက်မကိုင်မိ။
ဘုရားရေ ဒါကြက်မည်းစွပ်ပြုတ်လေး တစ်ပွဲပဲ မဟုတ်လား!
ထို့ကြောင့်မို့ သူက စွပ်ပြုတ်ပန်းကန်ကို အမြန်လှမ်းယူပြီး အရည်ရော အသားတုံးတွေပါ အကုန်ပြောင်စင်အောင် စားပစ်လိုက်သည်။ ပြီးတာနှင့် ပန်းကန်ကို ပစ်ချပြီး သူ့အမေကို နှစ်သိမ့်ဖို့လုပ်လိုက်၏။ လတ်စသတ်တော့ ရှန်သခင်မသည် အကောင်းကြီးအတိုင်း ပြန်ဖြစ်နေကာ သူ့ခုတင်ဘေး၌ ထိုင်လျက် သူ့ကို ပြုံးချိုစွာကြည့်နေပေသည်။
..........
ရှန်ချန်းလင် ရုတ်ခြည်း ခေါင်းမူးကာ မျက်စိပြာလာမိသည်။
ဒီဘက်လောက,ကလူတွေက တကယ်ကို....... ဘယ်လိုဘာသာစကားနဲ့ ပုံဖော်ပြောပြရမှန်းတောင် မသိတော့ဘူးဟေ့!
ဘယ်သူကမှ သရုပ်ဆောင်အကယ်ဒမီဆုရထားတာလဲဟင်! ! ကျွတ်! !
"စားလို့ကုန်သွားပြီဆိုမှတော့ ကောင်းကောင်းလေးနားနေတော့နော်"
ရှန်သခင်မက သူ့ကို စောင်သေချာခြုံပေးလိုက်သည်။
"အမေပြန်သွားလိုက်ဦးမယ်"
"အင်း"
ရှန်ချန်းလင်မှာ သူ့ခံတွင်းထဲ၌ စွဲကျန်နေသော ကြက်အမွေးအတောင်များ၏ အရသာကို မနည်း လျစ်လျူရှုနိုင်ရန် ကြိုးစားနေရသည်။
တကယ်ပါ သေလိုက်တာမှ ကောင်းဦးမည်။
"ကျွန်တော် ယောက္ခမကြီးကို လိုက်ပို့ပေးပါမယ်ဗျ"
ချင်ရှောက်ယွီကား အလွန်ပင် ယဉ်ကျေးမှုရှိသူပင်။ သူက သခင်မကို ခြံဝန်းအပြင်ထိ လိုက်ပို့ပေးပြီးမှ အိပ်ခန်းထဲသို့ ပြန်ဝင်လာ၏။
ရှန်ချန်းလင်ကမူ ခြေဗလာဖြင့် စားပွဲခုံဘေး၌ ရပ်ကာ အသည်းအသန် အာလုတ်ကျင်းနေ၏။
ချင်ရှောက်ယွီ - "........"
"ဘာကြည့်တာလဲ!"
ရှန်ချန်းလင်က မက်မွန်သီးတစ်လုံးကိုယူကာ တစ်ကိုက်ကိုက်လိုက်သည်။
"ဇနီးလေးကို ကြည့်တာပေါ့ကွာ"
ချင်ရှောက်ယွီက ပါးနပ်စွာဖြေသည်။
"ဒီက ချင်တို့ရဲ့ မျက်လုံးထဲမှာ ဇနီး......အွတ်"
သူက မျက်မှောင်ကြုတ်လျက် ပါးစပ်ထဲက မက်မွန်းသီးကို ပြန်ဆွဲထုတ်လိုက်ရသည်။
"ငါ့အမေမရှိတော့ဘူးလေ.. မင်းဘာတွေ ဆက်ပြီး သရုပ်ဆောင်ပြနေတာလဲ"
ရှန်ချန်းလင်က ခုတင်ပေါ်သို့ သွားပြန်ထိုင်လိုက်သည်။
"ဇနီးလေးကလည်း အဲ့လိုတော့မပြောပါနဲ့ကွာ"
ချင်ရှောက်ယွီက ချစ်ရည်ရွှန်းလဲ့သော မျက်ဝန်းများဖြင့်သာ။ သူ့မျက်ဝန်းအိမ်ထဲတွင် ရယ်မြူးရိပ်လည်း ထင်ဟပ်နေသေးပေသည်။
"ဒီခင်ပွန်းသည်ရဲ့ စကားအခွန်းတိုင်းက ရင်ထဲကလာတာပါ"
မင်းကို အဖက်လုပ်ရမှာပျင်းလွန်းလို့!
ရှန်ချန်းလင်သည် သူ့ကိုယ်သူ စောင်နှင့်လုံးပတ်လိုက်ကာ ဆိုလိုက်သည်။
"ဒီကသူရဲကောင်းကြီး.. လိုက်မပို့တော့ဘူး ကောင်းကောင်းသွားပါ"
"ကိုယ် ပြန်မယ်လို့မပြောရသေး-----"
"ပေါင်တို့! ! ! !"
ရှန်ချန်းလင်က လည်ချောင်းကွဲမတတ်အော်ခေါ်လိုက်သည်။
ချင်ရှောက်ယွီ - "......."
"သခင်လေး ဘာကိစ္စရှိလို့လဲဗျ?"
ပေါင်တို့က အဝါရောင်ပဲစေ့များကို ပိုက်လျက် ပြေးဝင်လာသည်။
"ဧည့်သည်ကို ပြန်ပို့လိုက်!"
ရှန်ချန်းလင်ကမူ နံရံကိုသာ မျက်နှာမူလျက်ရှိပေ၏။
ပေါင်တို့သည် "ဂိုဏ်းချုပ်ရယ်... တကယ်တော့ ကျွန်တော်လည်း ဂိုဏ်းချုပ်ကို နှင်မထုတ်ချင်ပါဘူး.. ဒါပေမဲ့ ကျွန်တော့်သခင်လေးက ဂိုဏ်းချုပ်ကို ထွက်သွားစေချင်နေတာဆိုတော့ ဂိုဏ်ချုပ်သွားလိုက်ပါတော့" ဟူသော မျက်လုံးမျိုးဖြင့် ဂိုဏ်းချုပ်ချင်ကို ကြည့်လာသည်။
"အဲ့တာဆိုလည်း ကိုယ်ညဘက် နည်းနည်းနောက်ကျတော့မှ လင်အာကို ထပ်လာကြည့်လှည့်မယ်"
ချင်ရှောက်ယွီက သူ့အတွက် စောင်ကို သေသေချာချာ စေ့စေ့စပ်စပ်ဆွဲခြုံပေးလိုက်ပြီး အခန်းထဲက ပြန်ထွက်သွားတော့သည်။
"တကယ်တော့ ဂိုဏ်းချုပ်ချင်က အရမ်းကောင်းပါတယ်နော်"
ပေါင်တို့က စူပွစူပွလုပ်သည်။
"ပါးစပ်ပိတ်စမ်း!"
ရှန်ချန်းလင်က ခုတင်ပေါ်တွင် ထ,ထိုင်လိုက်သည်။
"နောက်ဆို သူ့နာမည်ကို လုံးဝမပြောရဘူး!"
"ဟုတ်"
ပေါင်တို့က လိမ္မာစွာဖြင့် ခေါင်းညိတ်ရှာသည်။
ရှန်ချန်းလင်က သူပိုက်ထားသော ခြင်းလေးထဲက အဝါရောင်ပဲစေ့လေးများကို တစ်ဆုပ်ယူစားလိုက်သည်။
"အာယားးးးးး!"
ပေါင်တို့က ထိတ်ထိတ်ပျာပျာဖြင့် ထအော်သည်။
"ဘာဖြစ်တာလဲ?"
ရှန်ချန်းလင်က ပဲစေ့ကို ငုံလျက် အပြစ်ကင်းသော မျက်နှာငယ်လေးဖြင့် ကြည့်နေရှာသည်။
ဒါက မင်းရဲ့ သရေစာမုန့်ဆိုပေမဲ့လည်းကွာ နည်းနည်းပါးပါး ယူစားလို့တော့ရမယ်မဟုတ်ဘူးလားဟင်?
"မြန်မြန် ပြန်ထွေးထုတ်လိုက်.....ဒါက ကြက်မည်းကို ကျွေးတဲ့ဥစ္စာတွေလေဗျာ"
ပေါင်တို့က လက်ကိုင်ပုဝါတစ်ခုပါ ကပျာကယာ ကမ်းပေးလိုက်သည်။
"အဟွတ်အဟွတ်!"
ရှန်ချန်းလင်လည်း ရုတ်ခြည်း အပြင်းအထန် ချောင်းဆိုးလာတော့သည်။
ကြက်စာကို နှိုက်စားတယ်ဆိုတာမျိုးကလည်း လူတွေ ပြန်သိသွားရင် ရှက်ဖို့ကောင်းလိုက်မယ့်ဖြစ်ခြင်းပါလား! ! !
"မင်းက ဘာကိစ္စ ကြက်မည်းကို အစာသွားကျွေးနေရတာလဲ!"
ရှန်ချန်းလင်ခဗျာ နောက်ထပ် တစ်ကြိမ် အာလုတ်ကျင်းနေရပြန်ပြီ။
"သခင်လေးက သူမွေးထားခါစ ကြက်မည်းပေါက်စလေးကို စားလိုက်တာလေ... ကျွန်တော်က သေချာပေါက် သူ့ကိုနှစ်သိမ့်ပေးဖို့ သွားမှာပေါ့"
ပေါင်တို့က ဆိုသည်။
"မဟုတ်ရင် သူစိတ်အခြေအနေမကောင်းဘဲ နေလိမ့်မယ်ဗျ"
ရှန်ချန်းလင် - "........"
ကြက်မည်းကလည်း နှစ်သိမ့်ဖို့လိုတာပဲလားဟမ်??!!
အင်းပေါ့... သတ္တဝါတိုင်းမှာ ခံစားချက်ကိုယ်စီရှိကြတယ်ဆိုပေမဲ့........ပြီးတော့ ငါကလည်း အရမ်းစားချင်နေလို့ စားတာမဟုတ်ဘူးလေ! ! အဲ့လို "မင်းကလည်း သူများကို အမြတ်ထုတ်လိုက်သေးတယ်" ဆိုတဲ့ အကြည့်မျိုးနဲ့ လာမကြည့်စမ်းပါနဲ့ဟ! !
"သခင်လေးရော ကျွန်တော်နဲ့အတူသွားမလား?"
ပေါင်တို့က ဖိတ်ခေါ်လေသည်။
"ဒီနေ့ရာသီဥတုလည်း မဆိုးဘူးဆိုတော့ နေပူဆာလည်း လှုံလို့ရသေးတယ်"
ကြက်စာကျွေးရမယ်?
ရှန်ချန်းလင်က ခေတ္တမျှ စဉ်းစားလိုက်သေးသည်။
"ကောင်းပြီလေ"
အခန်းထဲမှာပဲ ပိတ်လှောင်ထားပြီး မွန်းကြပ်နေသည်ထက်စာလျှင် တော်သေးသည်။
*****
"ခဏနေ နတ်မျိုးနွယ် သားရဲတိရစ္ဆာန်ကို တွေ့ရင် သခင်လေးလုံးဝ သူ့ကို အတိုက်အခံ မလုပ်မိစေနဲ့နော်"
အနောက်ဝန်းထဲရှိ ခြံထဲသို့ ရောက်ခါနီးတွင် ပေါင်တို့က ရုတ်တရက် ထသိပေးလာသည်။
"နတ်မျိုးနွယ်သားရဲတိရစ္ဆာန်?"
ရှန်ချန်းလင် အံ့အားသင့်သွားမိသည်။
"ဟုတ်တယ်"
ပေါင်တို့က ဆိုသည်။
"ကြက်မည်းက နှစ်ပေါင်းတစ်ရာမှာ တစ်ခါပေါ်ထွက်လာခဲတဲ့ တိရစ္ဆာန်လေ.. သေချာပေါက် နတ်မျိုးနွယ်လာ သားရဲတိရစ္ဆာန်ပေါ့"
...........
နေပါဦး...နေကြပါဦး....
တစ်ခုခုတော့ လွဲနေသလိုပဲရော်!
ရှန်ချန်းလင်၏ အတွေးများ ခဏတာရှုပ်ပွ ပျံ့ကြဲသွားသည်။ ထို့နောက် ....... ဖွီးဟားဟားဟားဟားဟား! ! ! ! !
ပေါင်တို့က အလန့်တကြားဖြင့် မေးသည်။
"သခင်လေး ဘာရယ်တာလဲ?"
ရှန်ချန်းလင်မှာမူ ရယ်ရလွန်းလို့ ဗိုက်တောင် အောင့်ချင်လာသည်။
ကြက်မည်းလေးတစ်ကောင်ကို နတ်မျိုးနွယ်တိရစ္ဆာန်တဲ့ ဟားဟားဟားဟားဟား!
နဂိုက ပြောတဲ့ အထွတ်အမြတ်ကြက်ဆိုတာကိုက အသေရယ်ရနေပြီကိုကွာ! ! !
ကြက်မည်းတစ်ကောင်ဖြစ်လျက်နဲ့ သည်လောက်အဆင့်မြင့်စိတ်လှုပ်ရှားဖွယ် နာမည်ပြောင်ရထားတာလဲ အတော်ကြောင်တာပဲ? ! !
စူးရှကျယ်လောင်လှသော မြည်တမ်းသံတစ်သံက ကောင်းကင်ယံကို ကြီးစိုးသွားသည်။ ရှန်ချန်းလင်က ခါးကိုလက်ထောက်လျက် မနည်းမတ်မတ်ပြန်ရပ်လိုက်သည်။ သူ့မျက်ဝန်းထောင့်များ၌ ရယ်လွန်း၍ သီဝေ့နေသော မျက်ရည်စလေးများလည်းရှိပေသည်။
"ဘာသံကြီးလဲ?"
"ကြက်မည်းလေ"
ပေါင်တို့က ရိုးရိုးသားသားပင် ပြန်ဖြေ၏။
"လံကြုပ်တွေ တော်စမ်းပါ.. ကြက်မည်းက သေချာပေါက် ကတော်ကတော်နဲ့ ဖြစ်ရမှာကို----- အာ! ! ! ! !"
ရှန်ချန်းလင် ပြောနေရင်း တစ်ဝက်ခန့်ရောက်သော် ပါးစပ်ဟောင်းလောင်းဖြင့် ကျောက်ရုပ်ဖြစ်သွားရသည်။
အဘယ့်ကြောင့်ဆိုသော် အနောက်ဘက်ခြံဝန်း၏ ခပ်မြင့်မြင့် တံတိုင်းထက်၌ အလွန်ကြီးမားသော ငှက်တစ်ကောင်က ဆင်းသက်နားခိုလိုက်သောကြောင့်ပင်။ သူ့တစ်ကိုယ်လုံး၌ တောက်တောက်ပပ ရွှေရောင်များ လက်လက်ထနေသည်။ အတောင်ပံကြီးမှာလည်း ဧရာမအရွယ်အစားရှိသည်။ ဖြန့်ကျက်လိုက်ပါက ကောင်းကင်တစ်ဝက်ကိုတောင် ဖုံးအုပ်သွားလေမထားထင်ရသည်။
"သခင်လေး မကြောက်နဲ့"
ပေါင်တို့က သူ့ကို အလျင်အမြန် တွဲကူပေးလာသည်။
"နတ်မျိုးနွယ်ငှက်ကိုက ချည်နှောင်ထားပါတယ်"
...........
ရှန်ချန်းလင်က သွားချင်းရိုက်ကာ တဆတ်ဆတ်တုန်ယင်လာသည်။
"မင်း မင်း မင်းပြောတဲ့ ကြက် ကြက် ကြက် ကြက်......"
"ကြက်မည်း... သူပဲလေ"
ပေါင်တို့က သူ့စကားတို့လို့တန်းလန်းကို စိတ်မရှည်သည့်နှယ် ကျန်ရှိသော တစ်ဝက်ကို ဖြည့်ပြောပေးလာသည်။
ရှန်ချန်းလင်ကား အခုမှတကယ်ကို မျက်ရည်ပိုးပိုးပေါက်ပေါက်ကျရလေပြီ! ! ! ! !
ဇာမဏီငှက်တစ်ကောင်မှန်း သည်လောက် အသိအသာကြီးကို ဘာကိစ္စ ကြက်မည်းလို့ခေါ်ကြရတာလဲ! !
ဒီလိုလျှောက်ခေါ်တာက လူတွေကို အထင်မှားအမြင်မှား ဖြစ်စေနိုင်တယ်ကွ! ! !
ပြီးတော့ ငါကလည်း အချိန်နောက်ပြန်ခရီးသွားပြီး ဘယ်ကမ္ဘာလောကကို ရောက်လာတာလဲကွာ! သည်လောက် သည်းထိတ်ရင်ဖိုစရာတွေနဲ့ ပြည့်နှက်နေရတယ်လို့! ! ဇာမဏီတောင် ရှိလိုက်သေးတယ်တဲ့! ! ! !
ဇာမဏီဆိုတဲ့အမျိုးကလည်း ပြီးစလွယ် တွေ့ကရာနေရာမျိုးမှာ တွေ့နိုင်တဲ့အရာလားဟယ်! ! ! ! ! ! ! ! ! အရမ်းစိတ်ကူးယဉ်ဆန်တာပဲဟေ့! ! ! ! ! ! ! ! !
ဤသို့ဖြင့်... ခုနလေးတင် မိမိစားလိုက်သည်မှာ ဇာမဏီငှက်ပေါက်စလေး တစ်ကောင်ဖြစ်မှန်း ပြန်တွေးလိုက်မိရာ ရှန်ချန်းလင်တစ်ယောက်၏ အမြင်အာရုံများ မှောင်မိုက်သွားကာ နောက်ထပ်တစ်ကြိမ်........... သတိလစ်သွားချေတော့သည်။
-
🍀💟
.
.
Zawgyi>>
အခန္း (၇) နတ္မ်ိဳးႏြယ္ သားရဲတိရစာၦန္
စိတ္ထဲတြင္ေတာ့ အေတာ္ေလး ကသိကေအာက္ျဖစ္သြားေပမင့္ ရွန္ခ်န္းလင္လည္း မ်ားမ်ားစားစား မေမးမိေတာ့ေခ်။ လိမ္လိမ္မာမာျဖင့္သာ လျခမ္းေကြးေလးပမာ ေခြၫြတ္လ်က္ ခုတင္ကို မွီထိုင္ရင္း ၾကက္စြပ္ျပဳတ္ကို ေစာင့္ေနလိုက္ေတာ့သည္။ သူ႕နဖူးေပၚ၌ စိုစိစိ အနီေရာင္တသက္တစ္ထည္ကို တင္ထားရေသးသည္။
"အေမ"
အခန္းထဲရွိ တျခားလူမ်ား အားလုံးထြက္သြားၿပီးေနာက္တြင္ ရွန္ခ်န္းလင္က ခါးသက္သက္အမူအရာျဖင့္ ေမးလာသည္။
"ကြၽန္ေတာ္ ဒါႀကီးကို နဖူးေပၚတင္မထားလို႔ မရဘူးလား?"
"မရဘူး"
ရွန္သခင္မႀကီးက သူ႕ပါးေလးမ်ားကို ညွစ္ကာေျဖသည္။
"ဒီဥစၥာက မေကာင္းဆိုးဝါး ႏွင္နိုင္တယ္ကြဲ႕"
ရွန္ခ်န္းလင္၏ မ်က္ဝန္းမ်ား၌ ေရစင္ေလးမ်ား ရစ္ဖြဲ႕လာေခ်သည္။
ဒီလိုမဟုတ္ကဟုတ္က အယူသည္းမႈေတြကို ယုံၾကည္တာက လူေသေစနိုင္တယ္လို႔...
ၿပီးေတာ့ ဒီပုံစံႀကီးက အရမ္းၾကည့္ရဆိုးတယ္ဆိုတာ သိရဲ႕လားဗ်!
"မင္းရဲ႕ဒဏ္ရာေတြက ဘယ္အခ်ိန္ေလာက္မွ အရွင္းေပ်ာက္နိုင္မယ္ မသိပါဘူးကြယ္"
ရွန္သခင္မႀကီးက သက္ျပင္းခ်လ်က္ဆိုသည္။ ခဏေနေတာ့ သူမက အံႀကိတ္ကာ ရွန္ခ်န္းလင္၏ေခါင္းကို နာနာေခါက္လိုက္ၿပီး ဆိုျပန္သည္။
"မင္းေျပာစမ္း... ကိုယ့္ဘာသာ ေကာင္းေကာင္းမေနဘဲ ဘာကိစၥ သစ္ပင္ေပၚသြားတက္ရတာလဲ... မင္းငယ္ငယ္တုန္းက အေမ ဘယ္လိုသြန္သင္ဆုံးမခဲ့သလဲ?"
အေမ ဘယ္လိုသြန္သင္ဆုံးမခဲ့သလဲ ကြၽန္ေတာ္ဘယ္လိုလုပ္သိမွာလဲ? ကြၽန္ေတာ္က ငယ္ငယ္တုန္းက အသင္ခံရတဲ့ တစ္ေယာက္မွမဟုတ္တာႀကီး!
ရွန္ခ်န္းလင္သည္ သူ႕နဖူးသူေပါက္ထြက္သြားေတာ့မည္ဟု ခံစားရေအာင္ နာက်င္သြားမိသည္။
သူ႕အေမလက္က သံမဏိလက္ေခ်ာင္းလားဟ!
"ဇနီးေလး"
ခ်င္ေရွာက္ယြီက စြပ္ျပဳတ္ပန္းကန္ ကိုင္လ်က္ အခန္းထဲဝင္လာေလသည္။ ထို႔ေနာက္ သူ႕၏လက္ရွိ ျဖစ္ပ်က္ေနေသာ ႐ုပ္အေျခအေနကိုၾကည့္ကာ "ခြီး" ကနဲ တစ္ခ်က္ရယ္လိုက္ေသး၏။
"မင္းဘိုးေအႀကီးကို ရယ္ေနလိုက္"
ရွန္ခ်န္းလင္သည္ ေဒါသထြက္ထြက္ျဖင့္ သူ႕နဖူးက တဘက္ကိုယူကာ လုံးေထြးၿပီး ထိုသူ႕မ်က္ႏွာထက္ ပစ္ေပါက္လိုက္ေတာ့သည္။
"လင္အာ!"
ရွန္သခင္မႀကီးကား ထိတ္ပ်ာသြားရသည္။
"ဒါက ဗုဒၶဘုရားရဲ႕ ေ႐ႊခႏၶာေတာ္ကို သုတ္တဲ့ေနရာမွာ သုံးထားတဲ့ အထြတ္အျမတ္ပစၥည္း... ေလွ်ာက္မလႊင့္ပစ္ရဘူးေလ!"
ငိုး!
ရွန္ခ်န္းလင္မွာ မ်က္လုံးျပဴးသြားရ၏။
သန႔္ရွင္းသုတ္သင္ေပးတဲ့ အဝတ္လား?
ခ်င္ေရွာက္ယြီ၏ မ်က္ႏွာအစိတ္ပိုင္းအားလုံးမွာ ေတာင့္ခဲလ်က္သာ။
"အရမ္းရယ္ရလား!"
ရွန္ခ်န္းလင္က စိတ္ဆိုးစြာျဖင့္ သူ႕ကို စိုက္ၾကည့္လိုက္သည္။
"လုံးဝ မရယ္ရဘူး"
ခ်င္ေရွာက္ယြီက ေခါင္းခါသည္။
"မရယ္ရဘူးဆိုၿပီး မင္းပခုံးေတြေတာင္ တုန္ေနတယ္ေလ!"
ရွန္ခ်န္းလင္က ပိုလို႔ေတာင္ ေဒါသတႀကီးျဖစ္လာသည္။
"ဒါက ကိုယ္ရင္ဘတ္ေအာင့္ေနတာပါ"
ခ်င္ေရွာက္ယြီက စြပ္ျပဳတ္ပန္းကန္ကို ခုံေပၚလွမ္းတင္ကာ ေျပေျပျပစ္ျပစ္ဆိုလာသည္။
"ဇနီးေလး သည္လိုအားနည္းေဖ်ာ့ေတာ့ေနတာကို ျမင္ရေတာ့ ကိုယ့္ႏွလုံးသားေတြက ဓားနဲ႕အမႊန္းခံေနရသလို ခံစားေနရတယ္ေလ"
အခ်စ္နတ္ဘုရားႀကီးလား မင္းက!
ရွန္ခ်န္းလင္က သူ႕ကို စိတ္ပ်က္ေသာ အမူအရာျဖင့္ ၾကည့္လိုက္သည္။ သူ႕ကို အပီအျပင္ ျငင္းပယ္ရန္ ဟန္ျပင္လိုက္ခ်ိန္မွာပဲ ရွန္သခင္မႀကီးက ပီတီမ်က္ရည္မ်ား ျဖာက်လာေတာ့သည္။
"မင္းတို႔ႏွစ္ေယာက္ သည္လို ခ်စ္ခင္ၾကင္နာေနၾကတာကို ျမင္ရေတာ့ အေမစိတ္ခ်သြားပါၿပီကြယ္"
ဘာေတြ စိတ္ခ်ေနတာလဲ! အေမစိတ္ခ်လိဳ႕မျဖစ္ဘူးေလ! အေမစိတ္ခ်လိဳက္ရင္ ကြၽန္ေတာ္က သူ႕ကိုလက္ထပ္ၿပီး လိုက္သြားရေတာ့မွာေပါ့!
ရွန္ခ်န္းလင္၏ရင္ထဲတြင္ တင္းကနဲျဖစ္သြားရသည္။ ခ်က္ခ်င္းလက္ငင္း မ်က္ရည္စက္ေလးမ်ား လွိမ့္ဆင္းလာၿပီး မ်က္ႏွာတစ္ျပင္လုံး စို႐ႊဲလို႔။
ဒါကို သ႐ုပ္ေဆာင္မင္းသားရဲ႕ အိုက္တင္လို႔ေခၚတယ္! !
"အိုင္းယား... အေကာင္းႀကီးကေန ဘာလို႔ ထငိုျပန္တာလဲကြယ္?"
ရွန္သခင္မႀကီးက လြန္စြာမွ ရင္နာလ်က္ ေခ်ာ့ေမာ့ေတာ့သည္။ ရင္ခြင္ထဲ ေထြးေပြ႕ကာ ေခ်ာ့ေမာ့ခ်င္မိသည္အထိ။
"ကြၽန္ေတာ္ အေမ့ကို မခြဲရက္ဘူး"
ရွန္ခ်န္းလင္၏ အသံက ၾသရွအက္ကြဲေနသည္။ အတတ္နိုင္ဆုံး သူ႕ကိုသူ တီဗီဇာတ္လမ္းတြဲထဲရွိ မဂၤလာေဆာင္ရေတာ့မည့္ မင္းသမီးေလးပမာ ေတြးပစ္လိုက္သည္။
ဘာလို႔ဆို အဲ့လိုေတြးထားရင္ သ႐ုပ္ေဆာင္ရတာ ပိုၿပီးဖီလင္လာလို႔!
ၿပီးေတာ့ေလ... အဲ့ဒီဇာတ္လမ္းတြဲထဲက နယ္စပ္ဘုရင္ကျဖင့္ မႈတ္ဆိတ္ေမြးေတြ ထူလဗ်စ္နဲ႕ ၾကမ္းၾကမ္းတမ္းတမ္း ဦးေလးႀကီး! ဧရာမနားစြဲႀကီးလည္း တပ္ထားေသးတယ္! ! ေျခသလုံးေမြးေတြကလည္း အမ်ားႀကီးပဲ... အေမြးထူဂြမ္းေဘာင္းဘီက်လိဳ႕! !
ထိုစဥ္က ရွန္ခ်န္းလင္ကေတာ့ အိမ္ေရွ႕စံမင္းသားအျဖစ္ သ႐ုပ္ေဆာင္ရျခင္းျဖစ္သည္။ သို႔ေသာ္လည္း ထိုဇာတ္လမ္းတြဲထဲက မမကို အေတာ္ေလး ကိုယ္ခ်င္းစာမိေပသည္။
လွ်ာသုံးၿပီးနမ္းရတဲ့ အခန္းေတြနဲ႕ အိမ္ရာခန္းေတြသာ ရိုက္ရရင္ ေသခ်ာေပါက္ အိပ္မက္ဆိုးေတြ မက္လိုက္မယ္ျဖစ္ျခင္း! ! !
"အေမလည္း လင္အာေလးနဲ႕ မခြဲရက္ပါဘူးကြယ္"
ရွန္သခင္မႀကီးက ႏွလုံးေအာက္ေျခရွိ အႏူးညံ့ဆုံးေသာေနရာေလးကို ထိရွသြားသည့္ႏွယ္။
"ကြၽန္ေတာ္ အေမ့ကိုပဲ ေတာက္ေလွ်ာက္ အေဖာ္လုပ္ေပးခ်င္တယ္လို႔"
ရွန္ခ်န္းလင္ကား မ်က္ရည္ပိုးပိုးေပါက္ေပါက္က်ေနရာ ေခ်ာင္းပါဆိုးလာေခ်သည္။ အကယ္၍ ဤျမင္ကြင္းကို ရွန္ခ်န္းခ်န္ျမင္လွ်င္ "ဧကန္စင္စစ္ အားႏြဲ႕ႏူးညံ့လွေသာ အလွပေဂးေလးပါတကား" ဟု ေရ႐ြတ္ခ်ီးမြမ္းေပလိမ့္ဦးမည္။
"ဘယ္လိုပဲျဖစ္ျဖစ္ လက္ထပ္ရမွာေလ... အေမ့ကိုပဲ တစ္သက္လုံး အေဖာ္လုပ္ေပးလို႔ ဘယ္လိုလုပ္ရမွာလဲ"
ရွန္သခင္မႀကီးက သူ႕ေနာက္ေက်ာကို ပုတ္ေပးကာဆိုသည္။
"အဲ့တာဆို ႏွစ္အနည္းငယ္ေနာက္က်ၿပီးမွ လက္ထပ္မယ္"
ရွန္ခ်န္းလင္က မ်က္သားမ်ားနီေစြးလ်က္ျဖင့္ သူ႕အေမကို ၾကည့္ေနသည္။
"ထားပါေတာ့... မင္းတကယ္ကို လက္မထပ္ခ်င္ဘူးဆိုရင္လည္း အေမပဲ မင္းအေဖနဲ႕ ေျပာလိုက္ေတာ့မယ္"
ရွန္သခင္မက သက္ျပင္းခ်သည္။
"အခုအေရးအႀကီးဆုံးက မင္းကိုယ္မင္း ျမန္ျမန္ေနေကာင္းလာေအာင္ေနဖို႔ပဲ"
ရွန္ခ်န္းလင္မွာ အင္မတိအင္မတန္ ဝမ္းသာလုံးစို႔သြားရရွာၿပီ။ ထို႔ေနာက္ အျပင္ပန္းအမူအရာကေတာ့ ဝမ္းနည္းေၾကကြဲေနသည့္အမူအရာ ၈၀ ရာခိုင္ႏွိုင္းႏွင့္ တလက္လက္ေတာက္ပ ေက်နပ္ေနေသာအမူအရာ ၂၀ ရာခိုင္ႏႈန္းျဖင့္ ခ်င္ေရွာက္ယြီကို လွမ္းၾကည့္လိုက္သည္-----
ဒီကသူရဲေကာင္းေလးကေတာ့ တျခားလူပဲ သြားလက္ထပ္ယူေခ်ေတာ့ဗ်ာ!
"ေရွာက္ယြီလည္း လင္အာကို အခက္မေတြ႕ေစခ်င္ဘူးမို႔လား?"
ရွန္သခင္မက ေမးေလသည္။
ရွန္ခ်န္းလင္က ခါးကိုဆတ္ကနဲ မတ္လိုက္ၿပီး စိုက္ၾကည့္ေနလိုက္သည္----- သတၱိရွိရင္ မရဘူးလို႔ ျငင္းၾကည့္စမ္း! !
ခ်င္ေရွာက္ယြီက နာက်င္ေၾကကြဲေနေသာ အမူအရာျဖင့္ ဆိုသည္။
"အေသအခ်ာပဲေပါ့ဗ်ာ"
"မင္းကို အခက္ေတြ႕ေစရၿပီကြယ္"
ရွန္သခင္မႀကီးက ထပ္မံသက္ျပင္းခ်လ်က္ဆိုသည္။
"အနာဂတ္မွာ လင္အာသာ ေနျပန္ေကာင္းလာမယ္ဆိုရင္------"
"အေမ! ! ! ! ! ! ! !"
ရွန္ခ်န္းလင္ကား ေနာက္ထပ္တစ္ႀကိမ္ မ်က္ရည္လည္႐ြဲျဖစ္ရေတာ့မည္။
အဲ့လိုေတြ အလြယ္တကူ အနာဂတ္ကို ကတိေတြ ေလွ်ာက္ေပးမေနနဲ႕ေလဗ်ာ! !
ကြၽန္ေတာ္နဲ႕သူနဲ႕လည္း မရင္းႏွီးဘဲနဲ႕! !
"ဟုတ္ၿပီ ဟုတ္ၿပီ ဟုတ္ၿပီ... အေမ မေျပာေတာ့ဘူးေနာ္"
ရွန္သခင္မက ကပ်ာကယာ ေခ်ာ့ေမာ့ေျပာလာသည္။
"မေၾကာက္နဲ႕"
ခ်င္ေရွာက္ယြီက ကြဲအက္ေနေသာ အသံ မသာမယာျဖင့္။
"ကိုယ္က ဘဝေနဝင္ခ်ိန္အထိ တစ္ကိုယ္တည္း အထီးက်န္ၿပီး ေနသြားရမယ္ဆိုရင္ေတာင္ လင္အာေလးကိုေတာ့ အေနရခက္ေအာင္ မလုပ္ရက္ပါဘူး"
ရွန္ခ်န္းလင္က လွိုက္လွဲစြာေမတၱာရပ္ခံခ်င္ေနသည္။
"တကယ္ေတာ့ ဘဝေနဝင္ခ်ိန္အထိ တစ္ကိုယ္တည္းအထီးက်န္စြာေနတာနဲ႕ ငါ့ကို အခက္မေတြ႕ေစခ်င္တာနဲ႕ရဲ႕ ၾကားထဲမွာ တတိယေ႐ြးခ်ယ္မႈတစ္ခု လုပ္လို႔ရေသးတယ္ေလ"
တျခားသူကို လက္ထပ္လိုက္ေလ အစ္ကိုႀကီးရဲ႕! ! !
မင္းလို ဒီေလာက္ငယ္႐ြယ္ေခ်ာေမာခံ့ညားတဲ့ သူရဲေကာင္းတစ္ေယာက္ကို လက္ထပ္ျပဳစုခ်င္ေနတဲ့ မိန္းကေလးေတြ အမ်ားႀကီးရွိမွာ အေသအခ်ာပဲေလ!
ငါတို႔ႏွစ္ေယာက္ရဲ႕ပတ္သတ္မႈကေတာ့လား... သိုင္းေလာကမွာ ဘယ္ေသာအခါမွ ျပန္မဆုံေတြ႕ၾကစို႔ပဲေပါ့! !
ခ်င္ေရွာက္ယြီက ယတိျပတ္ဆို၏။
"ကိုယ့္အတြက္ေတာ့ ဇနီးေလးကလြဲရင္ တျခားဒုတိယလူကို ႏွလုံးသားထဲ အဝင္မခံနိုင္ေတာ့ပါဘူး"
ရွန္ခ်င္းလင္သည္ သူ႕ကို မည္သို႔ေသာ အမူအရာမ်ိဳးႏွင့္ ရင္ဆိုင္ရေတာ့မွန္းကို မသိေတာ့ေခ်။ လူေကာင္းေလးတစ္ေယာက္ျဖစ္ပါလ်က္ႏွင့္ ဘာေၾကာင့္မ်ား အခ်ိဳသတ္၍ မရသနည္း။ ဘာလို႔မ်ား တစ္ေယာက္တည္းကိုပဲ စိတ္ဆြဲေနရသနည္း! အ႐ူးအမူးစြဲလမ္းျခင္းက ေဆးကုမွရမွာေနာ္!
ထို႔ေၾကာင့္ သူက ဆက္လက္ၿပီး ေသြးေအးေအးျဖင့္ ေျပာလိုက္သည္။
"ဒါေပမဲ့ ငါကမင္းကို ေမ့သြားၿပီေလ"
ထိုအခါ ခ်င္ေရွာက္ယြီကား မ်က္ရည္မ်ားဝဲလက္လာၿပီး မ်က္သားမ်ားနီေစြးလ်က္ ငိုခ်ေလေတာ့၏။
ငိုး!ငိုး! ငိုး! !
ရွန္ခ်န္းလင္သည္ အႏွီျမင္ကြင္းေၾကာင့္ အရွင္လတ္လတ္ မိုးႀကိဳးပစ္ခံလိုက္ရသဖြယ္ ခံစားလိုက္ရသည္။
အစ္ကိုႀကီး အခုကေနတာ ဘယ္ျပဇာတ္လဲဗ်!
သူမ်ားငိုတာ ျမင္တာနဲ႕ မင္းလည္း လိုက္မငိုနဲ႕ေလ! !
ဒီက ရွန္သခင္ေလးက မ်က္ႏွာၾကက္ျပဳတ္က်လာလို႔ ဒီလို အခ်ိန္ေနာက္ျပန္ ခရီးသြားလိုက္ရတဲ့ ဒုကၡကို ဘယ္သူနားလည္ေပးနိုင္မွာလဲ... ကိုယ့္ကိုယ္ကိုယ္ ကိုယ္ဝန္ရွိတယ္လို႔ သံသယဝင္ရဖို႔ဆို ေျပာမေနနဲ႕ေတာ့! !
အနာဂတ္မွာ လိင္ေျပာင္းခ်င္ေျပာင္းသြားလိမ့္ဦးမယ္!
ဒီလိုလူမ်ိဳးကမွ ငိုသင့္တာကြ သိလား!
မင္းမွာ ပိုက္ဆံလည္းရွိတယ္... အင္အားလည္းႀကီးတယ္.. လူကလည္း ေခ်ာတယ္... ၿပီးေတာ့ မင္းအတြက္နဲ႕ နတ္ေျမေခြးကိုေတာင္ သြားရွာေပးတဲ့ ေယာက်္ားမ်ိဳးရွိေသးတယ္... ဒါလူ႕ဘဝရဲ႕ေအာင္ျမင္မႈႀကီးပဲေလ...
မင္းဘိုးေအမို႔ ငိုေနတာလား! ! !
သိကၡာသမာဓိေရာ ရွိေသးရဲ႕လား! !
"ေရွာက္ယြီရယ္"
ရွန္သခင္မလည္း လန႔္ဖ်ပ္သြားရသည္။
"မေျပာပါနဲ႕ေတာ့... စြပ္ျပဳတ္ကို အရင္ေသာက္လိုက္ပါဦး"
ခ်င္ေရွာက္ယြီက ေႏြးေထြးၾကင္နာစြာ ေျပာလာသည္။ သူက စြပ္ျပဳတ္ပန္းကန္ကို ရွန္ခ်န္းလင္၏ လက္ထဲထည့္ေပးၿပီး မ်က္ေတာင္မခတ္စတမ္း ရွန္ခ်န္းလင္ကို ၾကည့္ေနရွာသည္။
ငါ့စိတ္ခိုင္လို႔ေတာ္ေသးတာေပါ့! !
သ႐ုပ္ေဆာင္ဆုရ မင္းသားသည္ စြပ္ျပဳတ္ပန္းကန္အဖုံးကို ဖြင့္ရင္းေတြးေနမိ၏။ သူ႕ကိုယ္သူ အလြန္ဂုဏ္ယူမိပါသည္ေလ။ အရင္ဘဝက လူအၾကည့္ခံရတဲ့အလုပ္အကိုင္မို႔ က်င့္သားရေန၍ ေတာ္ေသးသည္။ နည္းနည္းေလးမွ ဖိအားမျဖစ္ပါေခ်။
ေက်ာက္စိမ္းပန္းကန္အား ေ႐ႊအနားသတ္ထားသည့္ ပန္းကန္လုံးသည္ အလြန္တရာကို ထည္ဝါခမ္းနားေနေပ၏။ သို႔ရာ အထဲကဟာေတြက ဗ႐ုတ္သုတ္ခေတြပါလား။
.........
ရွန္ခ်န္းလင္က ဇြန္းျဖင့္ ႏွစ္ခ်က္သုံးခ်က္ ေမႊၾကည့္လိုက္သည္။ သည္ၾကက္မည္းက မက်က္ေသးသလို မာဆတ္ဆတ္ႏွင့္ အျပင္ အေရျပားက မည္းၿပီး အသားကျဖဴေနသည္ကို ေလးေထာင့္အတုံးေတြ တုံးထားေသးသည္။ ၾကည့္လိုက္သည္ႏွင့္ စားခ်င္စဖြယ္မရွိ။
"ျမန္ျမန္စားေလ"
ရွန္သခင္မက ေအးေအာင္မႈတ္ေပးလာသည္။
ရွန္ခ်န္းလင္က ဇြန္းျဖင့္ အသားတုံးတစ္တုံးခပ္ယူလိုက္ၿပီး တစ္ကိုက္စမ္းကိုက္ၾကည့္လိုက္သည္။
ငိုး! တကယ္ႀကီး အရသာမရွိပါလား!
သည္လိုအစုတ္အျပတ္ဟာႀကီးက ဘယ္နားက သြားၿပီး တန္ဖိုးႀကီးရွားပါေနရတာလဲ? ငါ့မွာ ေသေအာင္ ေမွ်ာ္လင့္ေနလိုက္ရတာ!
ေနပါဦး... ဒါႀကီးက အားျဖည့္ေပးနိုင္တာမို႔လား?
ရွန္သခင္ေလးက တစ္ဇြန္းခပ္ေသာက္ၾကည့္လိုက္သည္။ ထိုအခါတြင္ေတာ့ တခါတည္း အကုန္ျပန္ပန္းထြက္လာေတာ့ေပသည္။
ေသြးအရသာႀကီးနဲ႕! ! ! ေသြးအရသာႀကီးဟ! ! မက်က္ေသးတဲ့ဟာကိုလည္း စားလို႔ရတာပဲလား! !
ၾကက္ငွက္တုတ္ေကြးျဖစ္ရင္ ဘယ္လိုလုပ္မလဲ! !
"ျမန္ျမန္ေလးေသာက္"
ရွန္သခင္မက လက္ကိုင္ပုဝါေလးျဖင့္ သူ႕ႏႈတ္ခမ္းမ်ားကို သုတ္ေပးေနသည္။
"အစိမ္းႀကီး"
ရွန္ခ်န္းလင္က မ်က္ေမွာင္ၾကဳတ္လ်က္ တိုင္တန္းေတာ့သည္။
"ေသခ်ာတာေပါ့"
ခ်င္ေရွာက္ယြီက သူ႕ေက်ာကို ခပ္ဖြဖြ ပြတ္သပ္ေပးသည္။
ေသခ်ာ.. ဘာေသခ်ာတာလဲ.. မင္းညီမကိုေသခ်ာေနလိုက္! ! မင္းတို႔တစ္အိမ္လုံးကို ေသြးအရသာႀကီးနဲ႕ဟာ စားခိုင္းၾကည့္လိုက္ေလ!
ရွန္ခ်န္းလင္က ျပတ္ျပတ္သားသားပင္ မစားနိုင္ဟု ျငင္းပယ္ေလၿပီ။
"ေျပာရေတာ့ခက္ပါတယ္.. မင္းကအရင္က ကိစၥေတြကို ေမ့သြားၿပီဆိုေတာ့လည္း"
ရွန္သခင္မက သက္ျပင္းခ်ကာ ဆိုသည္။
"ၾကက္မည္းဆိုတာ ႏွစ္ေပါင္းတစ္ရာေနလို႔ တစ္ေကာင္ေတြ႕ရခဲတဲ့ အထြတ္အျမတ္ငွက္ေလ.. လူေတြမ်ား ျမင္ဖူးခ်င္လို႔ေတာင္ မျမင္ဖူးၾကဘူးကြဲ႕... စားဖူးဖို႔ဆို ေျပာမေနနဲ႕ေတာ့"
ရွန္ခ်န္းလင္ကေတာ့ ဘာပဲေျပာေျပာ ငိုခ်င္ေနၿပီေလ။
အေမ ဒါ ဘယ္သူ႕ကို လာလိမ္ေနတာလဲဗ်! ! ၾကက္မည္းက အထြတ္အျမတ္ၾကက္ ဟုတ္လား! ဒါဆို စန္းဟြမ္ၾကက္(တိုက္ၾကက္)ေတြဆို ကမာၻအံ့ဖြယ္သရဲ စစ္သည္ေတာ္ေတြျဖစ္ေတာ့မေပါ့!
"တကယ္လို႔ က်က္ေအာင္ ျပဳတ္ၿပီး ဆားေတြခပ္လိုက္ရင္ သူ႕ရဲ႕ ေဆးအာနိသင္ ပ်က္ျပယ္သြားလိမ့္မယ္"
ရွန္သခင္မက ဇြန္းကို သူ႕ဘက္ ျပန္ကမ္းေပးလိုက္ၿပီး ဆိုသည္။
"စကားနားေထာင္.. ကုန္ေအာင္စားလိုက္"
ခံတြင္းထဲတြင္ ထူးထူးဆန္းဆန္း အရသာမေပ်ာက္ေသးေခ်။ ရွန္ခ်န္းလင္တစ္ေယာက္သည္ ၾကက္အေမြးအေတာင္မ်ား၏ အရသာဟု ေတြးၾကည့္လိုက္သည္ႏွင့္ ေအာင္ျမင္စြာ အန္ထြက္မတတ္ ႐ြံရွာသြားေတာ့သည္။ ထို႔ေၾကာင့္သူက တက္ႂကြအားကိုးေသာ အၾကည့္မ်ားႏွင့္ ခ်င္ေရွာက္ယြီကို လွမ္းၾကည့္လိုက္သည္----
ကိုယ္ဝန္သည္ဆိုတာ ေဆးေတြ ေလွ်ာက္မေသာက္ရဘူးတဲ့ေလ။ ဒီသေဘာတရားကို မင္းနားလည္တယ္မလား? လုပ္.. ျမန္ျမန္ေလး ငါ့အေမကို ေဖ်ာင္းဖ်ေပးစမ္းပါ! !
"ပူတုန္းျမန္ျမန္ေလး စားလိုက္ေနာ္"
ခ်င္ေရွာက္ယြီက ခုတင္ေဘးကို ဝင္ထိုင္ကာေျပာသည္။
"မစားဘူး!"
ရွန္ခ်န္းလင္ကား အင္မတန္ေခါင္းမာသူပင္။
"တကယ္မစားဘူးလား?"
ရွန္သခင္မႀကီးက သူ႕ကို မ်က္ေမွာင္ၾကဳတ္ကာၾကည့္ေနသည္။ ရွန္ခ်န္းလင္က ယခင္အတိုင္း ေခါင္းသာခါဆဲ။
ကြၽန္ေတာ္က ငတုံးမွမဟုတ္တာ။ ၾကက္အေမြးအေတာင္ေတြ မစားနိုင္ပါဘူး။
"အမေလး ငါ့ဘဝက အျဖစ္ဆိုးလိုက္တာေနာ္...."
ရွန္သခင္မသည္ ႐ုတ္ျခည္း ငိုႀကီးခ်က္မ ထငိုေႂကြးေအာ္ဟစ္ေတာ့သည္။ ၿခဳံေစာင္ေပၚေတာင္ ေမွာက္ခ်လိဳက္ေသး၏။
ျမန္ဆန္လွေသာ ျဖစ္အင္ေၾကာင့္ သ႐ုပ္ေဆာင္မင္းသားရွန္ခ်န္းလင္သည္လည္း ေျခမကိုင္မိ၊ လက္မကိုင္မိ။
ဘုရားေရ ဒါၾကက္မည္းစြပ္ျပဳတ္ေလး တစ္ပြဲပဲ မဟုတ္လား!
ထို႔ေၾကာင့္မို႔ သူက စြပ္ျပဳတ္ပန္းကန္ကို အျမန္လွမ္းယူၿပီး အရည္ေရာ အသားတုံးေတြပါ အကုန္ေျပာင္စင္ေအာင္ စားပစ္လိုက္သည္။ ၿပီးတာႏွင့္ ပန္းကန္ကို ပစ္ခ်ၿပီး သူ႕အေမကို ႏွစ္သိမ့္ဖို႔လုပ္လိုက္၏။ လတ္စသတ္ေတာ့ ရွန္သခင္မသည္ အေကာင္းႀကီးအတိုင္း ျပန္ျဖစ္ေနကာ သူ႕ခုတင္ေဘး၌ ထိုင္လ်က္ သူ႕ကို ၿပဳံးခ်ိဳစြာၾကည့္ေနေပသည္။
..........
ရွန္ခ်န္းလင္ ႐ုတ္ျခည္း ေခါင္းမူးကာ မ်က္စိျပာလာမိသည္။
ဒီဘက္ေလာက,ကလူေတြက တကယ္ကို....... ဘယ္လိုဘာသာစကားနဲ႕ ပုံေဖာ္ေျပာျပရမွန္းေတာင္ မသိေတာ့ဘူးေဟ့!
ဘယ္သူကမွ သ႐ုပ္ေဆာင္အကယ္ဒမီဆုရထားတာလဲဟင္! ! ကြၽတ္! !
"စားလို႔ကုန္သြားၿပီဆိုမွေတာ့ ေကာင္းေကာင္းေလးနားေနေတာ့ေနာ္"
ရွန္သခင္မက သူ႕ကို ေစာင္ေသခ်ာၿခဳံေပးလိုက္သည္။
"အေမျပန္သြားလိုက္ဦးမယ္"
"အင္း"
ရွန္ခ်န္းလင္မွာ သူ႕ခံတြင္းထဲ၌ စြဲက်န္ေနေသာ ၾကက္အေမြးအေတာင္မ်ား၏ အရသာကို မနည္း လ်စ္လ်ဴရႈနိုင္ရန္ ႀကိဳးစားေနရသည္။
တကယ္ပါ ေသလိုက္တာမွ ေကာင္းဦးမည္။
"ကြၽန္ေတာ္ ေယာကၡမႀကီးကို လိုက္ပို႔ေပးပါမယ္ဗ်"
ခ်င္ေရွာက္ယြီကား အလြန္ပင္ ယဥ္ေက်းမႈရွိသူပင္။ သူက သခင္မကို ၿခံဝန္းအျပင္ထိ လိုက္ပို႔ေပးၿပီးမွ အိပ္ခန္းထဲသို႔ ျပန္ဝင္လာ၏။
ရွန္ခ်န္းလင္ကမူ ေျခဗလာျဖင့္ စားပြဲခုံေဘး၌ ရပ္ကာ အသည္းအသန္ အာလုတ္က်င္းေန၏။
ခ်င္ေရွာက္ယြီ - "........"
"ဘာၾကည့္တာလဲ!"
ရွန္ခ်န္းလင္က မက္မြန္သီးတစ္လုံးကိုယူကာ တစ္ကိုက္ကိုက္လိုက္သည္။
"ဇနီးေလးကို ၾကည့္တာေပါ့ကြာ"
ခ်င္ေရွာက္ယြီက ပါးနပ္စြာေျဖသည္။
"ဒီက ခ်င္တို႔ရဲ႕ မ်က္လုံးထဲမွာ ဇနီး......အြတ္"
သူက မ်က္ေမွာင္ၾကဳတ္လ်က္ ပါးစပ္ထဲက မက္မြန္းသီးကို ျပန္ဆြဲထုတ္လိုက္ရသည္။
"ငါ့အေမမရွိေတာ့ဘူးေလ.. မင္းဘာေတြ ဆက္ၿပီး သ႐ုပ္ေဆာင္ျပေနတာလဲ"
ရွန္ခ်န္းလင္က ခုတင္ေပၚသို႔ သြားျပန္ထိုင္လိုက္သည္။
"ဇနီးေလးကလည္း အဲ့လိုေတာ့မေျပာပါနဲ႕ကြာ"
ခ်င္ေရွာက္ယြီက ခ်စ္ရည္႐ႊန္းလဲ့ေသာ မ်က္ဝန္းမ်ားျဖင့္သာ။ သူ႕မ်က္ဝန္းအိမ္ထဲတြင္ ရယ္ျမဴးရိပ္လည္း ထင္ဟပ္ေနေသးေပသည္။
"ဒီခင္ပြန္းသည္ရဲ႕ စကားအခြန္းတိုင္းက ရင္ထဲကလာတာပါ"
မင္းကို အဖက္လုပ္ရမွာပ်င္းလြန္းလို႔!
ရွန္ခ်န္းလင္သည္ သူ႕ကိုယ္သူ ေစာင္ႏွင့္လုံးပတ္လိုက္ကာ ဆိုလိုက္သည္။
"ဒီကသူရဲေကာင္းႀကီး.. လိုက္မပို႔ေတာ့ဘူး ေကာင္းေကာင္းသြားပါ"
"ကိုယ္ ျပန္မယ္လို႔မေျပာရေသး-----"
"ေပါင္တို႔! ! ! !"
ရွန္ခ်န္းလင္က လည္ေခ်ာင္းကြဲမတတ္ေအာ္ေခၚလိုက္သည္။
ခ်င္ေရွာက္ယြီ - "......."
"သခင္ေလး ဘာကိစၥရွိလို႔လဲဗ်?"
ေပါင္တို႔က အဝါေရာင္ပဲေစ့မ်ားကို ပိုက္လ်က္ ေျပးဝင္လာသည္။
"ဧည့္သည္ကို ျပန္ပို႔လိုက္!"
ရွန္ခ်န္းလင္ကမူ နံရံကိုသာ မ်က္ႏွာမူလ်က္ရွိေပ၏။
ေပါင္တို႔သည္ "ဂိုဏ္းခ်ဳပ္ရယ္... တကယ္ေတာ့ ကြၽန္ေတာ္လည္း ဂိုဏ္းခ်ဳပ္ကို ႏွင္မထုတ္ခ်င္ပါဘူး.. ဒါေပမဲ့ ကြၽန္ေတာ့္သခင္ေလးက ဂိုဏ္းခ်ဳပ္ကို ထြက္သြားေစခ်င္ေနတာဆိုေတာ့ ဂိုဏ္ခ်ဳပ္သြားလိုက္ပါေတာ့" ဟူေသာ မ်က္လုံးမ်ိဳးျဖင့္ ဂိုဏ္းခ်ဳပ္ခ်င္ကို ၾကည့္လာသည္။
"အဲ့တာဆိုလည္း ကိုယ္ညဘက္ နည္းနည္းေနာက္က်ေတာ့မွ လင္အာကို ထပ္လာၾကည့္လွည့္မယ္"
ခ်င္ေရွာက္ယြီက သူ႕အတြက္ ေစာင္ကို ေသေသခ်ာခ်ာ ေစ့ေစ့စပ္စပ္ဆြဲၿခဳံေပးလိုက္ၿပီး အခန္းထဲက ျပန္ထြက္သြားေတာ့သည္။
"တကယ္ေတာ့ ဂိုဏ္းခ်ဳပ္ခ်င္က အရမ္းေကာင္းပါတယ္ေနာ္"
ေပါင္တို႔က စူပြစူပြလုပ္သည္။
"ပါးစပ္ပိတ္စမ္း!"
ရွန္ခ်န္းလင္က ခုတင္ေပၚတြင္ ထ,ထိုင္လိုက္သည္။
"ေနာက္ဆို သူ႕နာမည္ကို လုံးဝမေျပာရဘူး!"
"ဟုတ္"
ေပါင္တို႔က လိမၼာစြာျဖင့္ ေခါင္းညိတ္ရွာသည္။
ရွန္ခ်န္းလင္က သူပိုက္ထားေသာ ျခင္းေလးထဲက အဝါေရာင္ပဲေစ့ေလးမ်ားကို တစ္ဆုပ္ယူစားလိုက္သည္။
"အာယားးးးးး!"
ေပါင္တို႔က ထိတ္ထိတ္ပ်ာပ်ာျဖင့္ ထေအာ္သည္။
"ဘာျဖစ္တာလဲ?"
ရွန္ခ်န္းလင္က ပဲေစ့ကို ငုံလ်က္ အျပစ္ကင္းေသာ မ်က္ႏွာငယ္ေလးျဖင့္ ၾကည့္ေနရွာသည္။
ဒါက မင္းရဲ႕ သေရစာမုန႔္ဆိုေပမဲ့လည္းကြာ နည္းနည္းပါးပါး ယူစားလို႔ေတာ့ရမယ္မဟုတ္ဘူးလားဟင္?
"ျမန္ျမန္ ျပန္ေထြးထုတ္လိုက္.....ဒါက ၾကက္မည္းကို ေကြၽးတဲ့ဥစၥာေတြေလဗ်ာ"
ေပါင္တို႔က လက္ကိုင္ပုဝါတစ္ခုပါ ကပ်ာကယာ ကမ္းေပးလိုက္သည္။
"အဟြတ္အဟြတ္!"
ရွန္ခ်န္းလင္လည္း ႐ုတ္ျခည္း အျပင္းအထန္ ေခ်ာင္းဆိုးလာေတာ့သည္။
ၾကက္စာကို ႏွိုက္စားတယ္ဆိုတာမ်ိဳးကလည္း လူေတြ ျပန္သိသြားရင္ ရွက္ဖို႔ေကာင္းလိုက္မယ့္ျဖစ္ျခင္းပါလား! ! !
"မင္းက ဘာကိစၥ ၾကက္မည္းကို အစာသြားေကြၽးေနရတာလဲ!"
ရွန္ခ်န္းလင္ခဗ်ာ ေနာက္ထပ္ တစ္ႀကိမ္ အာလုတ္က်င္းေနရျပန္ၿပီ။
"သခင္ေလးက သူေမြးထားခါစ ၾကက္မည္းေပါက္စေလးကို စားလိုက္တာေလ... ကြၽန္ေတာ္က ေသခ်ာေပါက္ သူ႕ကိုႏွစ္သိမ့္ေပးဖို႔ သြားမွာေပါ့"
ေပါင္တို႔က ဆိုသည္။
"မဟုတ္ရင္ သူစိတ္အေျခအေနမေကာင္းဘဲ ေနလိမ့္မယ္ဗ်"
ရွန္ခ်န္းလင္ - "........"
ၾကက္မည္းကလည္း ႏွစ္သိမ့္ဖို႔လိုတာပဲလားဟမ္??!!
အင္းေပါ့... သတၱဝါတိုင္းမွာ ခံစားခ်က္ကိုယ္စီရွိၾကတယ္ဆိုေပမဲ့........ၿပီးေတာ့ ငါကလည္း အရမ္းစားခ်င္ေနလို႔ စားတာမဟုတ္ဘူးေလ! ! အဲ့လို "မင္းကလည္း သူမ်ားကို အျမတ္ထုတ္လိုက္ေသးတယ္" ဆိုတဲ့ အၾကည့္မ်ိဳးနဲ႕ လာမၾကည့္စမ္းပါနဲ႕ဟ! !
"သခင္ေလးေရာ ကြၽန္ေတာ္နဲ႕အတူသြားမလား?"
ေပါင္တို႔က ဖိတ္ေခၚေလသည္။
"ဒီေန႕ရာသီဥတုလည္း မဆိုးဘူးဆိုေတာ့ ေနပူဆာလည္း လႈံလို႔ရေသးတယ္"
ၾကက္စာေကြၽးရမယ္?
ရွန္ခ်န္းလင္က ေခတၱမွ် စဥ္းစားလိုက္ေသးသည္။
"ေကာင္းၿပီေလ"
အခန္းထဲမွာပဲ ပိတ္ေလွာင္ထားၿပီး မြန္းၾကပ္ေနသည္ထက္စာလွ်င္ ေတာ္ေသးသည္။
*****
"ခဏေန နတ္မ်ိဳးႏြယ္ သားရဲတိရစာၦန္ကို ေတြ႕ရင္ သခင္ေလးလုံးဝ သူ႕ကို အတိုက္အခံ မလုပ္မိေစနဲ႕ေနာ္"
အေနာက္ဝန္းထဲရွိ ၿခံထဲသို႔ ေရာက္ခါနီးတြင္ ေပါင္တို႔က ႐ုတ္တရက္ ထသိေပးလာသည္။
"နတ္မ်ိဳးႏြယ္သားရဲတိရစာၦန္?"
ရွန္ခ်န္းလင္ အံ့အားသင့္သြားမိသည္။
"ဟုတ္တယ္"
ေပါင္တို႔က ဆိုသည္။
"ၾကက္မည္းက ႏွစ္ေပါင္းတစ္ရာမွာ တစ္ခါေပၚထြက္လာခဲတဲ့ တိရစာၦန္ေလ.. ေသခ်ာေပါက္ နတ္မ်ိဳးႏြယ္လာ သားရဲတိရစာၦန္ေပါ့"
...........
ေနပါဦး...ေနၾကပါဦး....
တစ္ခုခုေတာ့ လြဲေနသလိုပဲေရာ္!
ရွန္ခ်န္းလင္၏ အေတြးမ်ား ခဏတာရႈပ္ပြ ပ်ံ့ႀကဲသြားသည္။ ထို႔ေနာက္ ....... ဖြီးဟားဟားဟားဟားဟား! ! ! ! !
ေပါင္တို႔က အလန႔္တၾကားျဖင့္ ေမးသည္။
"သခင္ေလး ဘာရယ္တာလဲ?"
ရွန္ခ်န္းလင္မွာမူ ရယ္ရလြန္းလို႔ ဗိုက္ေတာင္ ေအာင့္ခ်င္လာသည္။
ၾကက္မည္းေလးတစ္ေကာင္ကို နတ္မ်ိဳးႏြယ္တိရစာၦန္တဲ့ ဟားဟားဟားဟားဟား!
နဂိုက ေျပာတဲ့ အထြတ္အျမတ္ၾကက္ဆိုတာကိုက အေသရယ္ရေနၿပီကိုကြာ! ! !
ၾကက္မည္းတစ္ေကာင္ျဖစ္လ်က္နဲ႕ သည္ေလာက္အဆင့္ျမင့္စိတ္လႈပ္ရွားဖြယ္ နာမည္ေျပာင္ရထားတာလဲ အေတာ္ေၾကာင္တာပဲ? ! !
စူးရွက်ယ္ေလာင္လွေသာ ျမည္တမ္းသံတစ္သံက ေကာင္းကင္ယံကို ႀကီးစိုးသြားသည္။ ရွန္ခ်န္းလင္က ခါးကိုလက္ေထာက္လ်က္ မနည္းမတ္မတ္ျပန္ရပ္လိုက္သည္။ သူ႕မ်က္ဝန္းေထာင့္မ်ား၌ ရယ္လြန္း၍ သီေဝ့ေနေသာ မ်က္ရည္စေလးမ်ားလည္းရွိေပသည္။
"ဘာသံႀကီးလဲ?"
"ၾကက္မည္းေလ"
ေပါင္တို႔က ရိုးရိုးသားသားပင္ ျပန္ေျဖ၏။
"လံၾကဳပ္ေတြ ေတာ္စမ္းပါ.. ၾကက္မည္းက ေသခ်ာေပါက္ ကေတာ္ကေတာ္နဲ႕ ျဖစ္ရမွာကို----- အာ! ! ! ! !"
ရွန္ခ်န္းလင္ ေျပာေနရင္း တစ္ဝက္ခန႔္ေရာက္ေသာ္ ပါးစပ္ေဟာင္းေလာင္းျဖင့္ ေက်ာက္႐ုပ္ျဖစ္သြားရသည္။
အဘယ့္ေၾကာင့္ဆိုေသာ္ အေနာက္ဘက္ၿခံဝန္း၏ ခပ္ျမင့္ျမင့္ တံတိုင္းထက္၌ အလြန္ႀကီးမားေသာ ငွက္တစ္ေကာင္က ဆင္းသက္နားခိုလိုက္ေသာေၾကာင့္ပင္။ သူ႕တစ္ကိုယ္လုံး၌ ေတာက္ေတာက္ပပ ေ႐ႊေရာင္မ်ား လက္လက္ထေနသည္။ အေတာင္ပံႀကီးမွာလည္း ဧရာမအ႐ြယ္အစားရွိသည္။ ျဖန႔္က်က္လိုက္ပါက ေကာင္းကင္တစ္ဝက္ကိုေတာင္ ဖုံးအုပ္သြားေလမထားထင္ရသည္။
"သခင္ေလး မေၾကာက္နဲ႕"
ေပါင္တို႔က သူ႕ကို အလ်င္အျမန္ တြဲကူေပးလာသည္။
"နတ္မ်ိဳးႏြယ္ငွက္ကိုက ခ်ည္ေႏွာင္ထားပါတယ္"
...........
ရွန္ခ်န္းလင္က သြားခ်င္းရိုက္ကာ တဆတ္ဆတ္တုန္ယင္လာသည္။
"မင္း မင္း မင္းေျပာတဲ့ ၾကက္ ၾကက္ ၾကက္ ၾကက္......"
"ၾကက္မည္း... သူပဲေလ"
ေပါင္တို႔က သူ႕စကားတို႔လို႔တန္းလန္းကို စိတ္မရွည္သည့္ႏွယ္ က်န္ရွိေသာ တစ္ဝက္ကို ျဖည့္ေျပာေပးလာသည္။
ရွန္ခ်န္းလင္ကား အခုမွတကယ္ကို မ်က္ရည္ပိုးပိုးေပါက္ေပါက္က်ရေလၿပီ! ! ! ! !
ဇာမဏီငွက္တစ္ေကာင္မွန္း သည္ေလာက္ အသိအသာႀကီးကို ဘာကိစၥ ၾကက္မည္းလို႔ေခၚၾကရတာလဲ! !
ဒီလိုေလွ်ာက္ေခၚတာက လူေတြကို အထင္မွားအျမင္မွား ျဖစ္ေစနိုင္တယ္ကြ! ! !
ၿပီးေတာ့ ငါကလည္း အခ်ိန္ေနာက္ျပန္ခရီးသြားၿပီး ဘယ္ကမာၻေလာကကို ေရာက္လာတာလဲကြာ! သည္ေလာက္ သည္းထိတ္ရင္ဖိုစရာေတြနဲ႕ ျပည့္ႏွက္ေနရတယ္လို႔! ! ဇာမဏီေတာင္ ရွိလိုက္ေသးတယ္တဲ့! ! ! !
ဇာမဏီဆိုတဲ့အမ်ိဳးကလည္း ၿပီးစလြယ္ ေတြ႕ကရာေနရာမ်ိဳးမွာ ေတြ႕နိုင္တဲ့အရာလားဟယ္! ! ! ! ! ! ! ! ! အရမ္းစိတ္ကူးယဥ္ဆန္တာပဲေဟ့! ! ! ! ! ! ! ! !
ဤသို႔ျဖင့္... ခုနေလးတင္ မိမိစားလိုက္သည္မွာ ဇာမဏီငွက္ေပါက္စေလး တစ္ေကာင္ျဖစ္မွန္း ျပန္ေတြးလိုက္မိရာ ရွန္ခ်န္းလင္တစ္ေယာက္၏ အျမင္အာ႐ုံမ်ား ေမွာင္မိုက္သြားကာ ေနာက္ထပ္တစ္ႀကိမ္........... သတိလစ္သြားေခ်ေတာ့သည္။
-
🍀💟