Unicode
အစားထိုးခံ အမျိုးသမီး အတွင်းရေးမှူး
အပိုင်း ၅
စူးထောင်သည် သွားရည်စာမုန့်တန်းကို သွားလိုက်ပြီး အသင့်စားမုန့် တော်တော်များများကို ဝယ်လာကာ ဒရမ်မာကားကြည့်ရင်းစားရန် ဟော်တယ်အခန်းသို့ပြန်လာခဲ့သည်။
အရှေ့ကောင်တာတွင် မော်လ်ဒိုက်ပုံစံအပြင်အဆင်အခန်းနှင့်လဲလှယ်ရန် တောင်းဆိုခဲ့သော်လည်း တခြားသူမှလက်ဦးသွားသောကြောင့် ကျန်အခန်းများထဲမှ ပင်လယ်ရေအောက်ပုံစံ အပြင်အဆင်အခန်းကိုသာ ရွေးချယ်လိုက်ရ၏။
သူမသည် မော်လ်ဒိုက်ပုံစံအခန်းအား တစ်လစာစရံတပ်ပြီး ကြိုတင်အငှားတင်လိုက်သည်။ ထို့နောက်တွင်မူ သွားရည်စာများကိုသယ်ရင်း သူမအခန်းဆီသို့ သွားလိုက်သည်။
ပင်လယ်ရေအောက်ပုံစံ အပြင်အဆင်အခန်းသည်
honeymoon အတွက် အခန်းဖြစ်နိုင်၏။
နံရံပေါ်တွင် အီလက်ထရောနစ် ဗားရှင်းပန်းရောင်ရေခူများ ရွေ့လျားနေရုံသာမက အခန်းအလယ်တွင် ကမာအခွံပုံစံ ရေချိုးကန်တစ်ခုလည်းရှိနေသည်။
ရေချိုးခန်းအား ကြည်လင်နေသောရေအပြည့်ဖြည့်ထားသည့် ငါးကန်မှန်ပြားနှင့် ပတ်ပတ်လည်ကာရံထားကာ အထဲတွင်ကူးခတ်နေသော အစစ်လား၊အတုအယောင်လားဆိုသည်ကိုပင် မခွဲခြားနိုင်သည့် ငါးသေးသေးလေးများရှိနေပြီး ရေချိုးခန်း၏ မြင်ကွင်းကို အပြည့်အဝ မဖုံးကွယ်ထားနိုင်ပေ။
အပြင်ဘက်အခန်း၌ ကျောက်တုံးပုံဏ္ဍာန် ဆိုဖာနှင့်ထမင်းစားစားပွဲရှိပြီး အတွင်းပိုင်းတွင် ပန်းနုရောင်ကမာခွံအိပ်ယာတစ်ခုရှိနေကာ ထိုပေါ်၌ အပြာရောင်လင်းပိုင် အရုပ်နှစ်ခုတင်ထား၏။
'စူးထောင်ဟာ တံခါးဝတွင်မတ်တပ်ရပ်နေရင်း သူမ မနက်တုန်းကနေခဲ့သော အန္တာတိကတိုက်ပုံစံအပြင်အဆင်အခန်းကိုပင် ပြန်ပြောင်းလိုက်ရင် ကောင်းမလားဟု ချီတုံချတုံဖြစ်နေသည်။'
'ခဏတာ စဉ်းစားလိုက်ပြီးနောက် ထားလိုက်ပါတော့၊ တစ်ညလောက်တော့ သူမနေလိုက်မည်ဟု ဆုံးဖြတ်ချက်ချလိုက်၏။'
စူးထောင်သည် ပေါ့ပေါ့ပါးပါးပင် တံခါးကိုဆွဲပိတ်လိုက်သော်လည်း တံခါးလော့ကျသွားသည့်အသံကို သူမ မကြားရလိုက်ချေ။
သူမလှည့်ကြည့်လိုက်သောအခါ လက်တစ်ဖက်က တံခါးပေါ်တွင်ရှိနေပြီး တွန်းဖွင့်လာသည်။ ရင်းနှီးနေသည့် ပလက်တီနမ် စိန်ကြယ်သီးတပ်ထားသော အင်္ကျီလက်ကြယ်သီးနှင့် ဖြောင့်စင်းနေသောအနက်ရောင် ဝတ်စုံပြည့်က သူမမျက်လုံးရှေ့တွင်ပေါ်လာ၏။
စူးထောင်၏ အမြဲတမ်းလိုလို တည်ငြိမ်နေသည့် မျက်နှာပေါ်တွင် အံ့အားသင့်သွားသော အမူအရာပေါ်လာပြီး သူမ၏သမင်မျက်လုံးများက ရုတ်တရက် ပြူးကျယ်သွားကာ မမျှော်လင့်ထားသည့်ဧည့်သည်ရှေ့ မျက်မှောင်ကြုတ်လိုက်သည်။
တံခါးက ရုတ်တရက် စောင့်ပိတ်သွားပြီး ရှဲ့ကျင်၏ အနက်ရောင် သိန်းငှက်မျက်လုံးများက နီရဲနေပြီး အသေးစိတ်ကြည့်လိုက်ပါက အနီရောင်သွေးကြောမျှင်များဖြင့်ပြည့်နေသည်ကိုပင် တွေ့နိုင်၏။
သူ၏အကြည့်က စူးထောင်လက်ထဲရှိ မုန့်များဆီသို့ရောက်သွားကာ အပြစ်တင်သည့်လေသံဖြင့် " ဒီအသင့်စားမုန့်တွေကို စားနေတာလား။"
စူးထောင်သည် မသိစိတ်ဖြင့် မုန့်များကိုနောက်ကျောတွင် အလိုလိုဝှက်ထားမိပြီး တစ်ခုခုကိုတွေးမိသွားသလို တည်တည်ငြိမ်ငြိမ်နှင့်ပင် ပြန် ထုတ်ယူလိုက်ကာ သူ့ကိုမေးလိုက်၏။ " ရှင်ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ။"
ရှဲ့ကျင်က အခန်းတစ်ဝိုက်ကိုလှမ်းကြည့်ကာ နောက်ဆုံးတွင် စူးထောင်ဆီသို့အကြည့်ရောက်သွားရင်း နက်မှောင်သောမျက်လုံးများက ပင်ပန်းနွမ်းနယ်နေသယောင် ဖော်ပြနေသည်။ "ကိုယ်မင်းကို အိမ်ပြန်မလာခိုင်းတော့တာနဲ့ မင်းအိမ်ကို ပြန်မလာတော့ဘူးလား။"
စူးထောင်၏မျက်နှာသည် အေးခဲသွားပြီး သူမက ရုတ်တရက် တအားရယ်စရာကောင်းသလို ခံစားလိုက်ရ၏။
'သူပဲ ပြန်မလာနဲ့ဆို၊ မဟုတ်မှလွဲရော ပြန်လာရဖို့အရေး သူမဒူးထောက်တောင်းပန်တာကို လိုချင်နေတာလား။'
'နောက်ပြီး သူ့ကိုလက်လွှတ်လိုက်ပြီးသား၊ သူမက ထွက်သွားဖို့တောင် အဆင်သင့်ဖြစ်နေပြီ။'
"ကျွန်မ ဘယ်တော့မှ ပြန်မသွားတော့ဘူး။ အဲဒီမှာကျန်နေတဲ့ ကျွန်မပစ္စည်းတွေ အားလုံးကို ရှင်လွှင့်ပစ်လိုက်လို့ရတယ်။ HRဌာနမှာ နှုတ်ထွက်စာတင်ထားပြီးပြီ။ ရှင်လူသစ်ရှာပဲရှာရှာ၊ မရှာရင်လည်းနေ ကျွန်မကတော့ ရက်၃၀ပြည့်တာနဲ့ အလိုလိုထွက်သွားမှာ။ “
စူးထောင်၏ နူးညံ့နေကျလေသံသည် ယခုအချိန်တွင် တော်တော်လေးပင် ကြမ်းတမ်းနေသည်။
ရှေ့သို့ခြေတစ်လှမ်းတိုးကာ သူမ၏သေးသွယ်သွယ်မျက်နှာလေးကို လက်ဖြင့်ဖမ်းကိုင်ပြီး ပါးနှစ်ဖက်ကို ခပ်တင်းတင်းညှစ်၊ မေးကို မြှောက်ကာ သူ့အားကြည့်ခိုင်းလိုက်၏။
"ရှောင်ထောင်လေး" ၊ သူသည် ဓားကိုကိုင်ချင်သော်လည်း ကိုင်ဖို့ရန်မတတ်နိုင်သော ဇရာထောင်းနေသည့်သူရဲကောင်းတစ်ဦးပမာ အနည်းငယ်မောပန်းနွမ်းနယ်နေသည်။ "ကိုယ်ဒေါသထွက်မှာကို မကြောက်ဘူးလား။"
သူမဟာအရင်တုန်းက သူဒေါသထွက်မှာကို အကြောက်ဆုံးဖြစ်ခဲ့ဖူးပြီး သူဒေါသထွက်သည့် အချိန်တိုင်း သူ့အားစိတ်တည်ငြိမ်သွားဖြစ်စေရန် သူမနည်းလမ်းရှာဖို့လုပ်သည်ပင်။
နောက်ပိုင်းတွင်တော့ သူ့ကိုနှစ်သိမ့်ရတာလည်းလွယ်ကူနေသယောင်ယောင်။ သူ့လက်ကို ကိုင်ထားလိုက်ရုံ၊ သူ့ကိုကြည့်ပြီးပြုံးပြလိုက်ရုံနှင့် သူစိတ်ကငြိမ်သက်သွားမည်ဖြစ်သည်။
အခြေအနေတွေဘယ်လောက်ပင် ဆိုးရွားနေပါစေ အနမ်းတစ်ချက်နှင့် မဖြေရှင်းနိုင်သည့်အရာ မရှိပေ။
သူမသည် မီးသတ်ဆေးဘူးနှင့်တူနေ၏။ သူကမီးတောက်ကလေးတစ်ခု ဖန်တီးလိုက်သည်နှင့် သူမကထိုအရာကို ချက်ချင်းငြိမ်းသတ်လိုက်မည်ပင်။
'ဒါပေမဲ့ မီးသတ်ဆေးဘူးလည်း မီးလောင်သွားတဲ့အချိန်ကျရင်ရော။'
'သူမဟာဘယ်တော့မှ စိတ်ဆိုးမှာမဟုတ်ဘူးလို့ တွေးပြီး လျစ်လျူရှုလိုက်ဖို့ကိုပဲ ရွေးချယ်မှာလေ။ ဒါမှမဟုတ် သူမရဲ့ခံစားချက်တွေကို ဘယ်တုန်းတော့မှဂရုမစိုက်ဘဲနဲ့ ရိုးရိုးရှင်းရှင်းဖိအားပေးပြီး သူပြောတာကိုပဲလိုက်နာခိုင်းမှာ။'
သူမတွင်လည်း ချော့လို့မရသည့် အချိန်မျိုးရှိခဲ့ဖူးပြီး ထိုအခြေအနေမျိုးတွင် သူကသူမကို မက်မွန်သီးသကြားလုံးတစ်လုံး ပေးလိုက်မည်ပင်။
ဘယ်အချိန်ကတည်းက ရှဲ့ကျင်အား မှားယွင်းသောအချက်အလက်ကို ပေးမိမှန်း သူမ မသိချေ။
'သူမ မပျော်တဲ့အချိန်မှာ မက်မွန်သီးသကြားလုံး ပေးလိုက်တာနဲ့ ပျော်ရွင်သွားမယ်လို့ သူကထင်နေတာ။'
'တကယ်တော့ အချိန်တိုင်း စိတ်ပျော့သွားတာက သကြားလုံးကြောင့်မဟုတ်ဘူး။ သူ့ရဲ့သကြားလုံးပေးတဲ့အပြုအမူက သူချော့ချင်နေတယ်ဆိုတာကို သူမသိသွားလို့။'
'သူဒုက္ခရောက်နေတာကို မမြင်ချင်ပေမယ့် သူမကို ဂရုမစိုက်တဲ့ အကြောင်းပြချက်တွေကြောင့်ပဲ ဒီလိုတွေဖြစ်နေတာ။'
အတိတ်ရှိအမှတ်တရထဲတွင် နစ်မြုပ်နေသည့်စူးထောင်တစ်ယောက် ပါးစပ်ထဲသို့မက်မွန်သီးအရသာသကြားလုံးတစ်လုံး ပစ်ထည့်ခံလိုက်ရ၏။
သူ၏ပုံမှန်လှည့်ကွက်များဖြင့် သူမအားသူ့စကားနားထောင်အောင်လုပ်နိုင်မည်ကို အသေအချာပင်သိနေသည်။
"ပြောစကားနားထောင်။"
စူးထောင်သည် ယဉ်ကျေးသိမ်မွေ့သည့်အပြုံးအတုကို ပြုံးပြလိုက်ပြီး သူ၏လုပ်ဆောင်မှုအတွက်အတွက် လက်ခုတ်တီးပေးလိုက်ချင်သလို ခံစားလိုက်ရ၏။
စူးထောင်က သူ့ကိုမောင်းထုတ်၍လည်း မရနိုင်သလို ရိုက်ပစ်၍လည်းမရနိုင်သောကြောင့် ဒီအတိုင်းသာ လျစ်လျူရှုလိုက်တော့သည်။
ကိုယ်ပိုင်သွားရည်စာမုန့်ကိုစားကာ ကိုယ်ပိုင်ဇာတ်လမ်းတွဲကိုကြည့်နေလိုက်၏။
အသားလုံးများက အငွေ့တထောင်းထောင်းထနေဆဲဖြစ်ကာ သူမသည် မစားခင်မှုတ်လိုက်ပြီး ရနံ့မွှေးမွှေးလေးကလေထဲတွင် ပြန့်နေသည်။
သူမသည် ပါးစပ်ကိုဖွင့်ကာ တစ်ကိုက်တည်းနဲ့ မျိုချလိုက်ပြီး လတ်ဆတ်ကြွပ်ပြီးနူးညံ့သည့်အသားက သူမ၏သွားများကြားတွင် အရည်ပျော်ဆင်းသွား၏။Coke အေးအေးလေးတစ်ငုံက သူမအား စိတ်ကျေနပ်ပျော်ရွင်သွားစေသည်။
ဗိုက်အော်မြည်သံကို TV ဇာတ်လမ်းတွဲကထွက်လာသောဆူညံသံများကြားထဲမှ သူမရှင်းရှင်းလင်းလင်းကြားနေရ၏။
သူမနှင့်လက်တစ်ကမ်းအကွာရှိ ဆိုဖာပေါ်တွင် ထိုင်နေသော ရှဲ့ကျင်ကို တုံ့ဆိုင်းတုံးဆိုင်းနှင့် လှမ်းကြည့်လိုက်၏။
သူ့နှုတ်ခမ်းဖြူဖျော့ဖျော့ကိုဆွဲထုတ်ကာ မည်းမှောင်သောမျက်နှာဖြင့် လျှို့ဝှက်စွာကြည့်ကာ ကြီးစိုးသောကိုယ်ဟန်အနေအထားကို ထိန်းသိမ်းကာ စူးထောင် အား ပြတ်ပြတ်သားသား အလျှော့မပေးသော သဘောထားဖြင့် ထပ်မံသရုပ်ပြခဲ့သည်။
မကြာသေးမီအချိန်တုန်းက သူသည်သူမအား အပြင်သို့ထမင်းထွက်စားကြရန် မရမကတောင်းဆိုနေသော်လည်း သူမကငြင်းဆန်လိုက်၏။ ယခုတွင် သူက ဗိုက်ဆာနေတာဖြစ်နိုင်သည်။
စူးထောင်က မစားရသေးသည့် အသားလုံးချောင်းကိုကိုင်ကာ သည်းမခံနိုင်တော့သည့်ပုံစံဖြင့် လက်ကိုဆန့်ကာ အသားလုံးကို သူ၏ပါးစပ်နားသို့ အရောက်ပို့ပေးလိုက်၏။
မိနစ်ဝက်ကြာကိုင်ထားပြီးနောက် လက်ညောင်းလာသလိုပင်။ သူ့နှုတ်ကိုမဖွင့်လိုက်သော်ငြား မျက်လုံးတွေက မကြာခဏဆိုသလို အသားလုံးဆီသို့ အကြည့်ရောက်နေသည်။
' သူမနဲ့ အပေးအယူလုပ်ဖို့ စောင့်နေတုန်းပဲလား။'
စူးထောင်သည် အချိန်အတော်ကြာ ပြောစရာစကားမဲ့သွားပြီး လက်ကိုပြန်ဆုတ်လိုက်ခါနီးတွင် သူက ခပ်သေးသေးအသားလုံးကို ကိုက်လိုက်ပြီး နှစ်ချက်သုံးချက်မျှဝါးကာ မျိုချလိုက်၏။
စားပြီးနောက် ပါးစပ်ကိုလက်မဖြင့် သုတ်လိုက်ကာ မာနကြီးသော ကိုယ်ဟန်အမူအရာဖြင့် ပြန်ထိုင်နေတော့သည်။
စူးထောင်က နှုတ်ခမ်းကိုတွန့်ကွေးရင်းနှင့် သူ့ကို မျက်လုံး လှန်ကြည့်လိုက်၏။ ဤသည်မှာ ဗိုက်ဝသွားသည်နှင့် ကျွေးသည့်လက်ကိုပြန်ကိုက်နေသကဲ့သို့ပင်။
စူးထောင်က အချိန်ကိုသတိမထားမိဘဲ ဇာတ်လမ်းတွဲကို ပြီးသွားသည်အထိကြည့်နေမိ၏။ သူမသည် သွားရည်စာ အမြောက်အများကို စားထားရင်း သမ်းဝေလိုက်ကာ အချိန်ကိုကြည့်လိုက်တော့ ည၁၀နာရီပင်ထိုးနေနှင့်ပြီ။
သူမသည် ဇာတ်လမ်းတွဲကို စိတ်နှစ်ကိုယ်နှစ်ကြည့်နေသဖြင့် တစ်စုံတစ်ခုကို မေ့သွားနေပုံရ၏။
သူမအကြည့်တွေက လက်ထဲရှိဖုန်းမှ သူမရှေ့ရှိ ဆိုဖာပေါ်တွင်ထိုင်နေသော ရှဲ့ကျင်ဆီကို အကြည့်ရောက်သွားသည်။
စိုးမိုးခြယ်လှယ်သော ကိုယ်ဟန်အနေအထားကို ထိန်းထားသော်လည်း အိပ်ပျော်နေသလိုမျိုး ဆိုဖာ၏ နောက်ကျောဘက်သို့ သူ့ဦးခေါင်းက သဘာဝအတိုင်း လန်ကျနေ၏။
စူးထောင်သည် အခန်းထဲရှိ ရေချိုးကန်ကို ကြည့်လိုက်ကာ သူမ ရေလည်းမချိုးနိုင်တော့သလို၊သူနှင့်အတူလည်းမအိပ်နိုင်သဖြင့် အခန်းထဲမှ တိတ်တဆိတ်ထွက်လာကာ အရှေ့ကောင်တာတွင် နောက်ထပ်အခန်းတစ်ခန်း ငှားလိုက်ရသည်။
ဒုတိယရက်မြောက်မနက်တွင် စူးထောင်က ပင်လယ်ရေအောက်ပုံစံအခန်းကို ဖြတ်သွားရင်း တစ်ခဏမျှ တုံ့ဆိုင်းသွားကာ ပြန်ဆက်လျှောက်လိုက်၏။
သို့ရာတွင် သူမသည် ဟိုတယ်ဧည့်ခန်းထဲမှ ထွက်လာသည်နှင့်တပြိုင်နက် နေရောင်ခြည်ကို ကျောပေးထားသည့် အရပ်ရှည်ရှည်ပုံပန်းသဏ္ဍာန်က သူမကိုပိတ်ရပ်လိုက်သည်။
ရှဲ့ကျင်၏မျက်နှာအရောင်သည်ဖြူဖျော့နေပြီး မျက်ကွင်းများလည်းညိုနေကာ ညင်းသိုးသိုးဖြစ်နေ၏။'သူချောတာလည်းမပြောနဲ့လေ ဒီလိုညင်းသိုးသိုရုပ်မျိုးဖြစ်နေတာတောင် ချောမောခန့်ညားနေတုန်းပဲ။'
"မနေ့ညက ဘယ်တွေသွားနေတာလဲ" သူ့လေသံက ဒေါအပြည့်နှင့် ဟိုတယ်တစ်ခုလုံးကို မီးလောင်တိုက်သွင်းပစ်လိုက်ချင်သလိုမျိုး ဖြစ်နေသည်။
စူးထောင်ဟာ နနှစ်ဖက်နှစ်ခမ်းရှိ ဝန်ထမ်းတွေကို ကြည့်လိုက်ရင်း "ဒီနေရာမှာ ပြောမှဖြစ်မှာလား။"
"ကားပေါ်တက်"
'ကားပေါ်တက်'ဆိုတဲ့စကားက ကုမ္ပဏီသွားတဲ့လမ်းမှာ ရှဲ့ကျင်အိပ်သွားချင်လို့ စူးထောင်ကို ကားမောင်းစေချင်တဲ့သဘောပင်။'
စူးထောင်သည် အေးအေးဆေးဆေးပင် ကားစက်နှိုးလိုက်သည်။
' သူမက သူ့အတွင်းရေးမှုး ဖြစ်နေသေးပေမယ့် ဒီလိုမျိုးယုတ္တိမတန်တဲ့ သူ့ဒရိုင်ဘာအလုပ်မျိုးကိုတော့ လုပ်စရာမလိုဘူးလေ။'
လီဗာကို ညာခြေထောက်ဖြင့် သူမနင်းလိုက်ပြီး ကားသည် မြင်းရိုင်းတစ်ကောင်ပြေးနေသကဲ့သို့ လမ်းမပေါ် အရှိန်ပြင်းစွာထွက်သွား၏။
ကံကောင်းထောက်မစွာပင် ကားခုံသည် အရည်အသွေး အလွန်ကောင်းမွန်သောကြောင့် ရှဲ့ကျင်က ထိုင်ခုံပေါ်မှ ခုန်မတက်သွားပေ။
ရှဲ့ကျင်သည် အေးအေးသာသာ အမူအရာရှိသည့် စူးထောင်ကို တစ်ချက်ကြည့်လိုက်ပြီး မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်ကာ တိတ်တဆိတ်ပင် ထိုင်ခုံခါးပတ်ကိုခပ်တင်းတင်း ပတ်လိုက်သည်။
ကားသည် မကြာခဏလမ်းကြောပြောင်းနေကာ ယာဉ်တန်းများကြား ဖြတ်သွားရင်း တီတီ တီတီ ဟွန်းသံပေးပြီး ယာဉ်မောင်းသမားများကို မြန်မြန်မောင်းရန်နှင့်လမ်းဖယ်ပေးရန် တီးနေ၏။
အိပ်ပျော်နေသော ရှဲ့ကျင်သည် ရုတ်တရက် လန့်နိုးလာပြီး နီရဲနေသော မျက်လုံးများကို ဖွင့်ကာ စူးထောင်၏ တည်ငြိမ်နေသောမျက်နှာကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဒေါသမထွက်ဘဲ ပြန်မှိတ်လိုက်သည်။
နောက်ဆုံးတွင်မူ ကားသည် မြေအောက်ကားပါကင်တွင် လုံခြုံစွာဖြင့်ရပ်သွားကာ စူးထောင်က သူမ၏ထိုင်ခုံခါးပတ်ကိုဖြုတ်ကာ တည်ငြိမ်သောအမူအရာဖြင့် ကားထဲမှ ထွက်လာ၏။
ရှဲ့ကျင်ဟာ သေဘေးမှလွတ်မြောက်သွားသလို သက်တောင့်သက်သာခံစားလိုက်ရသည်။
ဓာတ်လှေကားက အပေါ်ဆုံးထပ်သို့ ရောက်သွားသောအခါတွင် သူတို့နှစ်ယောက်သည် လူတိုင်းရဲ့မြင်ကွင်းတွင် ပေါ်လာပြီး တစ်ယောက်က တတ်တတ်ကြွကြွနှင့်စွမ်းအားပြည့်နေပြီး ကျန်တစ်ယောက်က သုန်မှုန်နေကာ ဆန့်ကျင်ဘက်ပင်။
မနက်တိုင်း လက်ဖက်ရည်သောက်ခန်းတွင် လူများနှင့်ပြည့်နေပြီး ညဇီးကွက်များသည် အသက်ရှင်ရန်အတွက် ကော်ဖီကို အားကိုးနေကြ၏။
စူးထောင်သည် ရှဲ့ကျင်၏အနက်ရောင်ခွက်ကို ကိုင်ပြီးဝင်လာသည်နှင့် တပြိုက်နက် အားလုံးက လမ်းဖယ်ပေးလာကြသည်။
စူးထောင်ကို သဘောမကျဘူးဆိုရင်တောင် ဥက္ကဌ၏ ကော်ဖီကိုတော့ နှောင့်နှေးအောင် သူတို့မလုပ်ရဲပေ။
လက်ဖျော်ကော်ဖီဖျော်နည်းက သူမသင်ထားဖူးပြီး ကော်ဖီနှပ်လိုက်သည့်အခါတိုင်း ကော်ဖီရနံ့က အခန်းထဲပြန့်သွား၏။
ရှဲ့ကျင်းသည် မနက်တိုင်း ကော်ဖီသောက်ရသည်ကိုမကြိုက်ဘဲ နေ့လယ်ခင်းချိန်တွင်သာ သောက်ရသည်ကိုနှစ်သက်သည်။ စူးထောင်လည်း မနက်ခင်းတိုင်း သူတို့နှင့်အတူတန်းစီရတာမျိုးကိုမကြိုက်ပေ။
'ဒါကြောင့် လူတော်တော်များများရှေ့မှာ ကော်ဖီဖျော်ရတာက အကဲခတ်ခံနေရသလိုပဲ ခံစားရတယ်။'
သူမဖျော်ထားသည့်ကော်ဖီအိုးကြီးကိုကိုင်ရင်း ရှဲ့ကျင်၏ခွက်ထဲသို့ အနည်းငယ်လောင်းထည့်လိုက်ပြီး ကျန်ရှိနေသေးသော ကော်ဖီအိုးကြီးကိုချလိုက်ကာ ပြုံးရင်းနှင့်ပြောလိုက်၏။ " နည်းနည်းကျန်သေးတယ်၊ သောက်ချင်တဲ့သူ ယူလိုက်နော်။"
စူးထောင် အခန်းထဲမှ ထွက်သွားသည်နှင့် တပြိုင်နက် လူတိုင်းက အလျင်အမြန်ပင် သူ့တို့အတွက်ကော်ဖီတွေ လောင်းထည့်ကြတော့သည်။
ရှဲ့ကျင်းထံ စူးထောင် ကော်ဖီယူလာသောအချိန်တွင် သူကနဖူးပေါ်လက်တင်ထားပြီး စာရွက်စာတမ်းတစ်ရွက်ကို လှန်ကြည့်နေ၏။
နေအလင်းရောင်က သစ်သားဖြင့်ပြုလုပ်ထားသောလိုက်ကာများမှတဆင့် လင်းလက်နေပြီး အနည်းငယ် ပြိုးပြိုးပြက်ပြက်ဖြစ်နေကာ စာရွက်စာတမ်းများပေါ်တွင်ကျရောက်နေသောကြောင့် ဖတ်ရသည်မှာမျက်စိကျိန်းနေစေသည်။
စူးထောင်က ကော်ဖီခွက်ကိုချကာ ပြတင်းပေါက်ဆီသို့လှမ်းသွားကာ လိုက်ကာများကို ပိတ်လိုက်၏။ပြိုးပြိုးပြက်ပြက် နေအလင်းရောင် ပျောက်ကွယ်သွားသည်နှင့် ရုံးခန်းကအနည်းငယ်မှောင်သွားပြီး အေးချမ်းသွားသယောင်။
ရှဲ့ကျင်သည် ခေါင်းငုံ့ထားကာ စာရွက်စာတမ်းများကိုကြည့်နေ၏။ ရုံးခန်းထဲတွင် အနားယူခန်းတစ်ခန်းရှိနေပြီး သူ့အင်္ကျီအဝတ်အစားကို ပြောင်းထားပြီး မုတ်ဆိတ်မွေးများကိုလည်း ရိတ်ထားပြီးနှင့်ပုံရသည်။
သူ့ဆံပင်ဟာ ရေအနည်းငယ်စိုနေပြီး ဂျယ်လ်ပင်လိမ်းစရာမလိုဘဲ နဖူးပေါ်တွင်သဘာဝအတိုင်း ပုံကျနေကာ အသက်ငယ်ရွယ်သွားသယောင်။ ငယ်ရွယ်သည့်ပုံစံရှိသော်ငြား သေသပ်နေသောအသင့်ချုပ်ဝတ်စုံပြည့်ကိုဝတ်ဆင်ထားသဖြင့် ခပ်မိုက်မိုက်ဥက္ကဌတစ်ဦးကဲ့သို့ပင်။
သူမ၏နုတ်ထွက်စာအား စာရွက်စာတမ်းများထားရာ နေရာလွတ်ပေါ်တွင် ရှိနေသည်ကို စူးထောင်တွေ့လိုက်ရ၏။ သူမ၏နုတ်ထွက်စာမှာ အေးစက်စက်စွန့်ပစ်ခံထားရသည့် မွေးကင်းစကလေးငယ်လေးပမာ။
'ခဏတုန်းက ဟယ့်ရှောင်ရွေ့က သူမကို ဝန်ထမ်းအသစ်တွေခေါ်ဖို့ဆို ဥက္ကဌလက်မှတ်ထိုးထားတဲ့နုတ်ထွက်စာနဲ့ လုပ်ငန်းစဉ်ကို အတည်ပြုပေးမှ အကောင်အထည်ဖော်လို့ရမှာဆိုပြီး ပြောထားတယ်။'
စူးထောင်သည် ခဏတာမျှ တုံ့ဆိုင်းသွားပြီးနောက် မေးလိုက်၏။ "ဥက္ကဌရှဲ့ ကျွန်မရဲ့ နုတ်ထွက်စာကို ဘယ်အချိန်အတည်ပြုပေးမှာလဲ။"
ခေါင်းငုံ့ပြီးတိတ်ဆိတ်နေသော ရှဲ့ကျင်ဟာ မျက်ခုံးကို ပင့်လိုက်ရင်း ဖြည်းညှင်းစွာ စိုက်ကြည့်လာ၏။
အနက်ရောင်မျက်ဆံများတွင် သူမ၏ မျက်နှာအရိပ်ထင်နေကာ မျက်လုံးများက နီရဲနေသေးပြီး မျက်ကွင်းဟောက်ပက်နှင့်ပင်။
"စူးထောင် ခြိမ်းခြောက်ခံရတာကို ကိုယ်မကြိုက်ဘူး"
' သူမနာမည်အရင်းကို ခေါ်တဲ့အချိန်က သူတကယ်ပျော်မနေဘူးဆိုတာ ပြနေတာပဲ။'
'အရင်က ဒီလိုနာမည်အပြည့်အစုံ ခေါ်တာမျိုးကို ဒုတိယနှစ်မှာ ယောက်ျားလေး အတန်းဖော်နဲ့ စနောက်နေတာကို သူတွေ့သွားတုန်းက သတိပေးတဲ့အနေနဲ့ ခေါ်ဖူးတယ်။'
"ကျွန်မရှင့်ကို ခြိမ်းခြောက်နေတာ မဟုတ်ဘူး။" စူးထောင်က သူမ၏ကြည်လင်သောမျက်ဝန်းကို ခတ်လိုက်ရင်း "တကယ်ကို နှုတ်ထွက်ချင်နေတာ"
'ရှဲ့ကျင်ဟာ သူမကိုစေ့စေ့စိုက်ကြည့်နေရင်း သူ့ကိုယ်ကထုတ်လွှတ်နေတဲ့ အေးစက်စက်အငွေ့အသက်နဲ့ မလှုပ်မရှားဘဲ ပြန်ပြီးအေးခဲနေပုံရတယ်။'
' စူးထောင်က လိုက်ကာတွေကို ရုတ်တရက် ပိတ်လိုက်မိတဲ့အတွက် နောင်တရသွားတယ်။ မဟုတ်ရင် နေအလင်းရောင်နဲ့ဆို သူအေးခဲသွားတော့မှာမဟုတ်ဘူးလေ။'
အချိန်အတော်အတန်ကြာပြီးနောက် နောက်ဆုံးတွင် သူလှုပ်ရှားလာပြီး မျက်လွှာချလိုက်ကာ သူ့လက်ထဲက ဘောပင်နဲ့ စာရွက်စာတမ်းများပေါ်တွင် လက်မှတ်ထိုးလိုက်ပြီး သူ့လေသံက မနက်တုန်းကထက်ပင် ခက်အက်အက်လေးဖြစ်နေသည်။
"ရှောင်ထောင်လေး မင်းငါ့ကို ခဏခဏဒေါသထွက်အောင်လုပ်ရင် အပြစ်ပေးခံရမယ်ဆိုတာ သိထားရမယ်။ နောင်ကျရင် မင်းနဲ့အတူ နေ့လယ်စာစားဖို့အဖော်မပြုပေးတော့ဘူး။"
စူးထောင် - "!!!"
'ဒီလိုရုတ်တရက် ရောက်လာတဲ့ပျော်ရွင်မှုက တကယ်ပဲလား။'
'ကိုယ်ဘာသာကိုယ် နေ့လယ်စာရွေးပြီး ကြိုက်တာစားလို့ရပြီပေါ့လေ။'
"ကျေးဇူးပါ သူဌေး။"
'အမြဲတမ်းတည်ငြိမ်ပြီး အမူအရာမဲ့နေကျ စူးထောင်တစ်ယောက် နှလုံးသားထဲထိ ပျော်ရွင်နေပြီး ထွက်သွားတဲ့အချိန်မှာတောင် စိတိကောင်းဝင်တဲ့ပုံစံမျိုးဖြစ်နေတယ်။'
ရှဲ့ကျင် - "......?"
••••••••••
Zawgyi
အစားထိုးခံ အမ်ိဳးသမီး အတြင္းေရးမႉး
အပိုင္း ၅
စူးေထာင္သည္ သြားရည္စာမုန္႔တန္းကို သြားလိုက္ၿပီး အသင့္စားမုန္႔ ေတာ္ေတာ္မ်ားမ်ားကို ဝယ္လာကာ ဒရမ္မာကားၾကည့္ရင္းစားရန္ ေဟာ္တယ္အခန္းသို႔ျပန္လာခဲ့သည္။
အေ႐ွ႕ေကာင္တာတြင္ ေမာ္လ္ဒိုက္ပုံစံအျပင္အဆင္အခန္းႏွင့္လဲလွယ္ရန္ ေတာင္းဆိုခဲ့ေသာ္လည္း တျခားသူမွလက္ဦးသြားေသာေၾကာင့္ က်န္အခန္းမ်ားထဲမွ ပင္လယ္ေရေအာက္ပုံစံ အျပင္အဆင္အခန္းကိုသာ ေ႐ြးခ်ယ္လိုက္ရ၏။
သူမသည္ ေမာ္လ္ဒိုက္ပုံစံအခန္းအား တစ္လစာစရံတပ္ၿပီး ႀကိဳတင္အငွားတင္လိုက္သည္။ ထို႔ေနာက္တြင္မူ သြားရည္စာမ်ားကိုသယ္ရင္း သူမအခန္းဆီသို႔ သြားလိုက္သည္။
ပင္လယ္ေရေအာက္ပုံစံ အျပင္အဆင္အခန္းသည္
honeymoon အတြက္ အခန္းျဖစ္ႏိုင္၏။
နံရံေပၚတြင္ အီလက္ထေရာနစ္ ဗား႐ွင္းပန္းေရာင္ေရခူမ်ား ေ႐ြ႕လ်ားေန႐ုံသာမက အခန္းအလယ္တြင္ ကမာအခြံပုံစံ ေရခ်ိဳးကန္တစ္ခုလည္း႐ွိေနသည္။
ေရခ်ိဳးခန္းအား ၾကည္လင္ေနေသာေရအျပည့္ျဖည့္ထားသည့္ ငါးကန္မွန္ျပားႏွင့္ ပတ္ပတ္လည္ကာရံထားကာ အထဲတြင္ကူးခတ္ေနေသာ အစစ္လား၊အတုအေယာင္လားဆိုသည္ကိုပင္ မခြဲျခားႏိုင္သည့္ ငါးေသးေသးေလးမ်ား႐ွိေနၿပီး ေရခ်ိဳးခန္း၏ ျမင္ကြင္းကို အျပည့္အဝ မဖုံးကြယ္ထားႏိုင္ေပ။
အျပင္ဘက္အခန္း၌ ေက်ာက္တုံးပုံ႑ာန္ ဆိုဖာႏွင့္ထမင္းစားစားပြဲ႐ွိၿပီး အတြင္းပိုင္းတြင္ ပန္းႏုေရာင္ကမာခြံအိပ္ယာတစ္ခု႐ွိေနကာ ထိုေပၚ၌ အျပာေရာင္လင္းပိုင္ အ႐ုပ္ႏွစ္ခုတင္ထား၏။
'စူးေထာင္ဟာ တံခါးဝတြင္မတ္တပ္ရပ္ေနရင္း သူမ မနက္တုန္းကေနခဲ့ေသာ အႏၲာတိကတိုက္ပုံစံအျပင္အဆင္အခန္းကိုပင္ ျပန္ေျပာင္းလိုက္ရင္ ေကာင္းမလားဟု ခ်ီတုံခ်တုံျဖစ္ေနသည္။'
'ခဏတာ စဥ္းစားလိုက္ၿပီးေနာက္ ထားလိုက္ပါေတာ့၊ တစ္ညေလာက္ေတာ့ သူမေနလိုက္မည္ဟု ဆုံးျဖတ္ခ်က္ခ်လိုက္၏။'
စူးေထာင္သည္ ေပါ့ေပါ့ပါးပါးပင္ တံခါးကိုဆြဲပိတ္လိုက္ေသာ္လည္း တံခါးေလာ့က်သြားသည့္အသံကို သူမ မၾကားရလိုက္ေခ်။
သူမလွည့္ၾကည့္လိုက္ေသာအခါ လက္တစ္ဖက္က တံခါးေပၚတြင္႐ွိေနၿပီး တြန္းဖြင့္လာသည္။ ရင္းႏွီးေနသည့္ ပလက္တီနမ္ စိန္ၾကယ္သီးတပ္ထားေသာ အက်ႌလက္ၾကယ္သီးႏွင့္ ေျဖာင့္စင္းေနေသာအနက္ေရာင္ ဝတ္စုံျပည့္က သူမမ်က္လုံးေ႐ွ႕တြင္ေပၚလာ၏။
စူးေထာင္၏ အၿမဲတမ္းလိုလို တည္ၿငိမ္ေနသည့္ မ်က္ႏွာေပၚတြင္ အံ့အားသင့္သြားေသာ အမူအရာေပၚလာၿပီး သူမ၏သမင္မ်က္လုံးမ်ားက ႐ုတ္တရက္ ျပဴးက်ယ္သြားကာ မေမွ်ာ္လင့္ထားသည့္ဧည့္သည္ေ႐ွ႕ မ်က္ေမွာင္ၾကဳတ္လိုက္သည္။
တံခါးက ႐ုတ္တရက္ ေစာင့္ပိတ္သြားၿပီး ႐ွဲ႕က်င္၏ အနက္ေရာင္ သိန္းငွက္မ်က္လုံးမ်ားက နီရဲေနၿပီး အေသးစိတ္ၾကည့္လိုက္ပါက အနီေရာင္ေသြးေၾကာမွ်င္မ်ားျဖင့္ျပည့္ေနသည္ကိုပင္ ေတြ႕ႏိုင္၏။
သူ၏အၾကည့္က စူးေထာင္လက္ထဲ႐ွိ မုန္႔မ်ားဆီသို႔ေရာက္သြားကာ အျပစ္တင္သည့္ေလသံျဖင့္ " ဒီအသင့္စားမုန္႔ေတြကို စားေနတာလား။"
စူးေထာင္သည္ မသိစိတ္ျဖင့္ မုန္႔မ်ားကိုေနာက္ေက်ာတြင္ အလိုလိုဝွက္ထားမိၿပီး တစ္ခုခုကိုေတြးမိသြားသလို တည္တည္ၿငိမ္ၿငိမ္ႏွင့္ပင္ ျပန္ ထုတ္ယူလိုက္ကာ သူ႕ကိုေမးလိုက္၏။ " ႐ွင္ဘယ္လိုလုပ္ၿပီး ေရာက္လာတာလဲ။"
႐ွဲ႕က်င္က အခန္းတစ္ဝိုက္ကိုလွမ္းၾကည့္ကာ ေနာက္ဆုံးတြင္ စူးေထာင္ဆီသို႔အၾကည့္ေရာက္သြားရင္း နက္ေမွာင္ေသာမ်က္လုံးမ်ားက ပင္ပန္းႏြမ္းနယ္ေနသေယာင္ ေဖာ္ျပေနသည္။ "ကိုယ္မင္းကို အိမ္ျပန္မလာခိုင္းေတာ့တာနဲ႔ မင္းအိမ္ကို ျပန္မလာေတာ့ဘူးလား။"
စူးေထာင္၏မ်က္ႏွာသည္ ေအးခဲသြားၿပီး သူမက ႐ုတ္တရက္ တအားရယ္စရာေကာင္းသလို ခံစားလိုက္ရ၏။
'သူပဲ ျပန္မလာနဲ႔ဆို၊ မဟုတ္မွလြဲေရာ ျပန္လာရဖို႔အေရး သူမဒူးေထာက္ေတာင္းပန္တာကို လိုခ်င္ေနတာလား။'
'ေနာက္ၿပီး သူ႕ကိုလက္လႊတ္လိုက္ၿပီးသား၊ သူမက ထြက္သြားဖို႔ေတာင္ အဆင္သင့္ျဖစ္ေနၿပီ။'
"ကြၽန္မ ဘယ္ေတာ့မွ ျပန္မသြားေတာ့ဘူး။ အဲဒီမွာက်န္ေနတဲ့ ကြၽန္မပစၥည္းေတြ အားလုံးကို ႐ွင္လႊင့္ပစ္လိုက္လို႔ရတယ္။ HRဌာနမွာ ႏႈတ္ထြက္စာတင္ထားၿပီးၿပီ။ ႐ွင္လူသစ္႐ွာပဲ႐ွာ႐ွာ၊ မ႐ွာရင္လည္းေန ကြၽန္မကေတာ့ ရက္၃၀ျပည့္တာနဲ႔ အလိုလိုထြက္သြားမွာ။ “
စူးေထာင္၏ ႏူးညံ့ေနက်ေလသံသည္ ယခုအခ်ိန္တြင္ ေတာ္ေတာ္ေလးပင္ ၾကမ္းတမ္းေနသည္။
ေ႐ွ႕သို႔ေျခတစ္လွမ္းတိုးကာ သူမ၏ေသးသြယ္သြယ္မ်က္ႏွာေလးကို လက္ျဖင့္ဖမ္းကိုင္ၿပီး ပါးႏွစ္ဖက္ကို ခပ္တင္းတင္းညႇစ္၊ ေမးကို ေျမႇာက္ကာ သူ႕အားၾကည့္ခိုင္းလိုက္၏။
"ေ႐ွာင္ေထာင္ေလး" ၊ သူသည္ ဓားကိုကိုင္ခ်င္ေသာ္လည္း ကိုင္ဖို႔ရန္မတတ္ႏိုင္ေသာ ဇရာေထာင္းေနသည့္သူရဲေကာင္းတစ္ဦးပမာ အနည္းငယ္ေမာပန္းႏြမ္းနယ္ေနသည္။ "ကိုယ္ေဒါသထြက္မွာကို မေၾကာက္ဘူးလား။"
သူမဟာအရင္တုန္းက သူေဒါသထြက္မွာကို အေၾကာက္ဆုံးျဖစ္ခဲ့ဖူးၿပီး သူေဒါသထြက္သည့္ အခ်ိန္တိုင္း သူ႕အားစိတ္တည္ၿငိမ္သြားျဖစ္ေစရန္ သူမနည္းလမ္း႐ွာဖို႔လုပ္သည္ပင္။
ေနာက္ပိုင္းတြင္ေတာ့ သူ႕ကိုႏွစ္သိမ့္ရတာလည္းလြယ္ကူေနသေယာင္ေယာင္။ သူ႕လက္ကို ကိုင္ထားလိုက္႐ုံ၊ သူ႕ကိုၾကည့္ၿပီးျပဳံးျပလိုက္႐ုံႏွင့္ သူစိတ္ကၿငိမ္သက္သြားမည္ျဖစ္သည္။
အေျခအေနေတြဘယ္ေလာက္ပင္ ဆိုး႐ြားေနပါေစ အနမ္းတစ္ခ်က္ႏွင့္ မေျဖ႐ွင္းႏိုင္သည့္အရာ မ႐ွိေပ။
သူမသည္ မီးသတ္ေဆးဘူးႏွင့္တူေန၏။ သူကမီးေတာက္ကေလးတစ္ခု ဖန္တီးလိုက္သည္ႏွင့္ သူမကထိုအရာကို ခ်က္ခ်င္းၿငိမ္းသတ္လိုက္မည္ပင္။
'ဒါေပမဲ့ မီးသတ္ေဆးဘူးလည္း မီးေလာင္သြားတဲ့အခ်ိန္က်ရင္ေရာ။'
'သူမဟာဘယ္ေတာ့မွ စိတ္ဆိုးမွာမဟုတ္ဘူးလို႔ ေတြးၿပီး လ်စ္လ်ဴ႐ႈလိုက္ဖို႔ကိုပဲ ေ႐ြးခ်ယ္မွာေလ။ ဒါမွမဟုတ္ သူမရဲ႕ခံစားခ်က္ေတြကို ဘယ္တုန္းေတာ့မွဂ႐ုမစိုက္ဘဲနဲ႔ ႐ိုး႐ိုး႐ွင္း႐ွင္းဖိအားေပးၿပီး သူေျပာတာကိုပဲလိုက္နာခိုင္းမွာ။'
သူမတြင္လည္း ေခ်ာ့လို႔မရသည့္ အခ်ိန္မ်ိဳး႐ွိခဲ့ဖူးၿပီး ထိုအေျခအေနမ်ိဳးတြင္ သူကသူမကို မက္မြန္သီးသၾကားလုံးတစ္လုံး ေပးလိုက္မည္ပင္။
ဘယ္အခ်ိန္ကတည္းက ႐ွဲ႕က်င္အား မွားယြင္းေသာအခ်က္အလက္ကို ေပးမိမွန္း သူမ မသိေခ်။
'သူမ မေပ်ာ္တဲ့အခ်ိန္မွာ မက္မြန္သီးသၾကားလုံး ေပးလိုက္တာနဲ႔ ေပ်ာ္႐ြင္သြားမယ္လို႔ သူကထင္ေနတာ။'
'တကယ္ေတာ့ အခ်ိန္တိုင္း စိတ္ေပ်ာ့သြားတာက သၾကားလုံးေၾကာင့္မဟုတ္ဘူး။ သူ႕ရဲ႕သၾကားလုံးေပးတဲ့အျပဳအမူက သူေခ်ာ့ခ်င္ေနတယ္ဆိုတာကို သူမသိသြားလို႔။'
'သူဒုကၡေရာက္ေနတာကို မျမင္ခ်င္ေပမယ့္ သူမကို ဂ႐ုမစိုက္တဲ့ အေၾကာင္းျပခ်က္ေတြေၾကာင့္ပဲ ဒီလိုေတြျဖစ္ေနတာ။'
အတိတ္႐ွိအမွတ္တရထဲတြင္ နစ္ျမဳပ္ေနသည့္စူးေထာင္တစ္ေယာက္ ပါးစပ္ထဲသို႔မက္မြန္သီးအရသာသၾကားလုံးတစ္လုံး ပစ္ထည့္ခံလိုက္ရ၏။
သူ၏ပုံမွန္လွည့္ကြက္မ်ားျဖင့္ သူမအားသူ႕စကားနားေထာင္ေအာင္လုပ္ႏိုင္မည္ကို အေသအခ်ာပင္သိေနသည္။
"ေျပာစကားနားေထာင္။"
စူးေထာင္သည္ ယဥ္ေက်းသိမ္ေမြ႕သည့္အျပဳံးအတုကို ျပဳံးျပလိုက္ၿပီး သူ၏လုပ္ေဆာင္မႈအတြက္အတြက္ လက္ခုတ္တီးေပးလိုက္ခ်င္သလို ခံစားလိုက္ရ၏။
စူးေထာင္က သူ႕ကိုေမာင္းထုတ္၍လည္း မရႏိုင္သလို ႐ိုက္ပစ္၍လည္းမရႏိုင္ေသာေၾကာင့္ ဒီအတိုင္းသာ လ်စ္လ်ဴ႐ႈလိုက္ေတာ့သည္။
ကိုယ္ပိုင္သြားရည္စာမုန္႔ကိုစားကာ ကိုယ္ပိုင္ဇာတ္လမ္းတြဲကိုၾကည့္ေနလိုက္၏။
အသားလုံးမ်ားက အေငြ႕တေထာင္းေထာင္းထေနဆဲျဖစ္ကာ သူမသည္ မစားခင္မႈတ္လိုက္ၿပီး ရနံ႔ေမႊးေမႊးေလးကေလထဲတြင္ ျပန္႔ေနသည္။
သူမသည္ ပါးစပ္ကိုဖြင့္ကာ တစ္ကိုက္တည္းနဲ႔ မ်ိဳခ်လိုက္ၿပီး လတ္ဆတ္ႂကြပ္ၿပီးႏူးညံ့သည့္အသားက သူမ၏သြားမ်ားၾကားတြင္ အရည္ေပ်ာ္ဆင္းသြား၏။Coke ေအးေအးေလးတစ္ငုံက သူမအား စိတ္ေက်နပ္ေပ်ာ္႐ြင္သြားေစသည္။
ဗိုက္ေအာ္ျမည္သံကို TV ဇာတ္လမ္းတြဲကထြက္လာေသာဆူညံသံမ်ားၾကားထဲမွ သူမ႐ွင္း႐ွင္းလင္းလင္းၾကားေနရ၏။
သူမႏွင့္လက္တစ္ကမ္းအကြာ႐ွိ ဆိုဖာေပၚတြင္ ထိုင္ေနေသာ ႐ွဲ႕က်င္ကို တုံ႔ဆိုင္းတုံးဆိုင္းႏွင့္ လွမ္းၾကည့္လိုက္၏။
သူ႕ႏႈတ္ခမ္းျဖဴေဖ်ာ့ေဖ်ာ့ကိုဆြဲထုတ္ကာ မည္းေမွာင္ေသာမ်က္ႏွာျဖင့္ လွ်ိဳ႕ဝွက္စြာၾကည့္ကာ ႀကီးစိုးေသာကိုယ္ဟန္အေနအထားကို ထိန္းသိမ္းကာ စူးေထာင္ အား ျပတ္ျပတ္သားသား အေလွ်ာ့မေပးေသာ သေဘာထားျဖင့္ ထပ္မံသ႐ုပ္ျပခဲ့သည္။
မၾကာေသးမီအခ်ိန္တုန္းက သူသည္သူမအား အျပင္သို႔ထမင္းထြက္စားၾကရန္ မရမကေတာင္းဆိုေနေသာ္လည္း သူမကျငင္းဆန္လိုက္၏။ ယခုတြင္ သူက ဗိုက္ဆာေနတာျဖစ္ႏိုင္သည္။
စူးေထာင္က မစားရေသးသည့္ အသားလုံးေခ်ာင္းကိုကိုင္ကာ သည္းမခံႏိုင္ေတာ့သည့္ပုံစံျဖင့္ လက္ကိုဆန္႔ကာ အသားလုံးကို သူ၏ပါးစပ္နားသို႔ အေရာက္ပို႔ေပးလိုက္၏။
မိနစ္ဝက္ၾကာကိုင္ထားၿပီးေနာက္ လက္ေညာင္းလာသလိုပင္။ သူ႕ႏႈတ္ကိုမဖြင့္လိုက္ေသာ္ျငား မ်က္လုံးေတြက မၾကာခဏဆိုသလို အသားလုံးဆီသို႔ အၾကည့္ေရာက္ေနသည္။
' သူမနဲ႔ အေပးအယူလုပ္ဖို႔ ေစာင့္ေနတုန္းပဲလား။'
စူးေထာင္သည္ အခ်ိန္အေတာ္ၾကာ ေျပာစရာစကားမဲ့သြားၿပီး လက္ကိုျပန္ဆုတ္လိုက္ခါနီးတြင္ သူက ခပ္ေသးေသးအသားလုံးကို ကိုက္လိုက္ၿပီး ႏွစ္ခ်က္သုံးခ်က္မွ်ဝါးကာ မ်ိဳခ်လိုက္၏။
စားၿပီးေနာက္ ပါးစပ္ကိုလက္မျဖင့္ သုတ္လိုက္ကာ မာနႀကီးေသာ ကိုယ္ဟန္အမူအရာျဖင့္ ျပန္ထိုင္ေနေတာ့သည္။
စူးေထာင္က ႏႈတ္ခမ္းကိုတြန္႔ေကြးရင္းႏွင့္ သူ႕ကို မ်က္လုံး လွန္ၾကည့္လိုက္၏။ ဤသည္မွာ ဗိုက္ဝသြားသည္ႏွင့္ ေကြၽးသည့္လက္ကိုျပန္ကိုက္ေနသကဲ့သို႔ပင္။
စူးေထာင္က အခ်ိန္ကိုသတိမထားမိဘဲ ဇာတ္လမ္းတြဲကို ၿပီးသြားသည္အထိၾကည့္ေနမိ၏။ သူမသည္ သြားရည္စာ အေျမာက္အမ်ားကို စားထားရင္း သမ္းေဝလိုက္ကာ အခ်ိန္ကိုၾကည့္လိုက္ေတာ့ ည၁၀နာရီပင္ထိုးေနႏွင့္ၿပီ။
သူမသည္ ဇာတ္လမ္းတြဲကို စိတ္ႏွစ္ကိုယ္ႏွစ္ၾကည့္ေနသျဖင့္ တစ္စုံတစ္ခုကို ေမ့သြားေနပုံရ၏။
သူမအၾကည့္ေတြက လက္ထဲ႐ွိဖုန္းမွ သူမေ႐ွ႕႐ွိ ဆိုဖာေပၚတြင္ထိုင္ေနေသာ ႐ွဲ႕က်င္ဆီကို အၾကည့္ေရာက္သြားသည္။
စိုးမိုးျခယ္လွယ္ေသာ ကိုယ္ဟန္အေနအထားကို ထိန္းထားေသာ္လည္း အိပ္ေပ်ာ္ေနသလိုမ်ိဳး ဆိုဖာ၏ ေနာက္ေက်ာဘက္သို႔ သူ႕ဦးေခါင္းက သဘာဝအတိုင္း လန္က်ေန၏။
စူးေထာင္သည္ အခန္းထဲ႐ွိ ေရခ်ိဳးကန္ကို ၾကည့္လိုက္ကာ သူမ ေရလည္းမခ်ိဳးႏိုင္ေတာ့သလို၊သူႏွင့္အတူလည္းမအိပ္ႏိုင္သျဖင့္ အခန္းထဲမွ တိတ္တဆိတ္ထြက္လာကာ အေ႐ွ႕ေကာင္တာတြင္ ေနာက္ထပ္အခန္းတစ္ခန္း ငွားလိုက္ရသည္။
ဒုတိယရက္ေျမာက္မနက္တြင္ စူးေထာင္က ပင္လယ္ေရေအာက္ပုံစံအခန္းကို ျဖတ္သြားရင္း တစ္ခဏမွ် တုံ႔ဆိုင္းသြားကာ ျပန္ဆက္ေလွ်ာက္လိုက္၏။
သို႔ရာတြင္ သူမသည္ ဟိုတယ္ဧည့္ခန္းထဲမွ ထြက္လာသည္ႏွင့္တၿပိဳင္နက္ ေနေရာင္ျခည္ကို ေက်ာေပးထားသည့္ အရပ္႐ွည္႐ွည္ပုံပန္းသ႑ာန္က သူမကိုပိတ္ရပ္လိုက္သည္။
႐ွဲ႕က်င္၏မ်က္ႏွာအေရာင္သည္ျဖဴေဖ်ာ့ေနၿပီး မ်က္ကြင္းမ်ားလည္းညိဳေနကာ ညင္းသိုးသိုးျဖစ္ေန၏။'သူေခ်ာတာလည္းမေျပာနဲ႔ေလ ဒီလိုညင္းသိုးသို႐ုပ္မ်ိဳးျဖစ္ေနတာေတာင္ ေခ်ာေမာခန္႔ညားေနတုန္းပဲ။'
"မေန႔ညက ဘယ္ေတြသြားေနတာလဲ" သူ႕ေလသံက ေဒါအျပည့္ႏွင့္ ဟိုတယ္တစ္ခုလုံးကို မီးေလာင္တိုက္သြင္းပစ္လိုက္ခ်င္သလိုမ်ိဳး ျဖစ္ေနသည္။
စူးေထာင္ဟာ နႏွစ္ဖက္ႏွစ္ခမ္း႐ွိ ဝန္ထမ္းေတြကို ၾကည့္လိုက္ရင္း "ဒီေနရာမွာ ေျပာမွျဖစ္မွာလား။"
"ကားေပၚတက္"
'ကားေပၚတက္'ဆိုတဲ့စကားက ကုမၸဏီသြားတဲ့လမ္းမွာ ႐ွဲ႕က်င္အိပ္သြားခ်င္လို႔ စူးေထာင္ကို ကားေမာင္းေစခ်င္တဲ့သေဘာပင္။'
စူးေထာင္သည္ ေအးေအးေဆးေဆးပင္ ကားစက္ႏိႈးလိုက္သည္။
' သူမက သူ႕အတြင္းေရးမႈး ျဖစ္ေနေသးေပမယ့္ ဒီလိုမ်ိဳးယုတၱိမတန္တဲ့ သူ႕ဒ႐ိုင္ဘာအလုပ္မ်ိဳးကိုေတာ့ လုပ္စရာမလိုဘူးေလ။'
လီဗာကို ညာေျခေထာက္ျဖင့္ သူမနင္းလိုက္ၿပီး ကားသည္ ျမင္း႐ိုင္းတစ္ေကာင္ေျပးေနသကဲ့သို႔ လမ္းမေပၚ အ႐ွိန္ျပင္းစြာထြက္သြား၏။
ကံေကာင္းေထာက္မစြာပင္ ကားခုံသည္ အရည္အေသြး အလြန္ေကာင္းမြန္ေသာေၾကာင့္ ႐ွဲ႕က်င္က ထိုင္ခုံေပၚမွ ခုန္မတက္သြားေပ။
႐ွဲ႕က်င္သည္ ေအးေအးသာသာ အမူအရာ႐ွိသည့္ စူးေထာင္ကို တစ္ခ်က္ၾကည့္လိုက္ၿပီး မ်က္လုံးမ်ားကို ျဖည္းညႇင္းစြာမွိတ္ကာ တိတ္တဆိတ္ပင္ ထိုင္ခုံခါးပတ္ကိုခပ္တင္းတင္း ပတ္လိုက္သည္။
ကားသည္ မၾကာခဏလမ္းေၾကာေျပာင္းေနကာ ယာဥ္တန္းမ်ားၾကား ျဖတ္သြားရင္း တီတီ တီတီ ဟြန္းသံေပးၿပီး ယာဥ္ေမာင္းသမားမ်ားကို ျမန္ျမန္ေမာင္းရန္ႏွင့္လမ္းဖယ္ေပးရန္ တီးေန၏။
အိပ္ေပ်ာ္ေနေသာ ႐ွဲ႕က်င္သည္ ႐ုတ္တရက္ လန္႔ႏိုးလာၿပီး နီရဲေနေသာ မ်က္လုံးမ်ားကို ဖြင့္ကာ စူးေထာင္၏ တည္ၿငိမ္ေနေသာမ်က္ႏွာကို တစ္ခ်က္ၾကည့္လိုက္ၿပီးေနာက္ ေဒါသမထြက္ဘဲ ျပန္မွိတ္လိုက္သည္။
ေနာက္ဆုံးတြင္မူ ကားသည္ ေျမေအာက္ကားပါကင္တြင္ လုံျခဳံစြာျဖင့္ရပ္သြားကာ စူးေထာင္က သူမ၏ထိုင္ခုံခါးပတ္ကိုျဖဳတ္ကာ တည္ၿငိမ္ေသာအမူအရာျဖင့္ ကားထဲမွ ထြက္လာ၏။
႐ွဲ႕က်င္ဟာ ေသေဘးမွလြတ္ေျမာက္သြားသလို သက္ေတာင့္သက္သာခံစားလိုက္ရသည္။
ဓာတ္ေလွကားက အေပၚဆုံးထပ္သို႔ ေရာက္သြားေသာအခါတြင္ သူတို႔ႏွစ္ေယာက္သည္ လူတိုင္းရဲ႕ျမင္ကြင္းတြင္ ေပၚလာၿပီး တစ္ေယာက္က တတ္တတ္ႂကြႂကြႏွင့္စြမ္းအားျပည့္ေနၿပီး က်န္တစ္ေယာက္က သုန္မႈန္ေနကာ ဆန္႔က်င္ဘက္ပင္။
မနက္တိုင္း လက္ဖက္ရည္ေသာက္ခန္းတြင္ လူမ်ားႏွင့္ျပည့္ေနၿပီး ညဇီးကြက္မ်ားသည္ အသက္႐ွင္ရန္အတြက္ ေကာ္ဖီကို အားကိုးေနၾက၏။
စူးေထာင္သည္ ႐ွဲ႕က်င္၏အနက္ေရာင္ခြက္ကို ကိုင္ၿပီးဝင္လာသည္ႏွင့္ တၿပိဳက္နက္ အားလုံးက လမ္းဖယ္ေပးလာၾကသည္။
စူးေထာင္ကို သေဘာမက်ဘူးဆိုရင္ေတာင္ ဥကၠဌ၏ ေကာ္ဖီကိုေတာ့ ေႏွာင့္ေႏွးေအာင္ သူတို႔မလုပ္ရဲေပ။
လက္ေဖ်ာ္ေကာ္ဖီေဖ်ာ္နည္းက သူမသင္ထားဖူးၿပီး ေကာ္ဖီႏွပ္လိုက္သည့္အခါတိုင္း ေကာ္ဖီရနံ႔က အခန္းထဲျပန္႔သြား၏။
႐ွဲ႕က်င္းသည္ မနက္တိုင္း ေကာ္ဖီေသာက္ရသည္ကိုမႀကိဳက္ဘဲ ေန႔လယ္ခင္းခ်ိန္တြင္သာ ေသာက္ရသည္ကိုႏွစ္သက္သည္။ စူးေထာင္လည္း မနက္ခင္းတိုင္း သူတို႔ႏွင့္အတူတန္းစီရတာမ်ိဳးကိုမႀကိဳက္ေပ။
'ဒါေၾကာင့္ လူေတာ္ေတာ္မ်ားမ်ားေ႐ွ႕မွာ ေကာ္ဖီေဖ်ာ္ရတာက အကဲခတ္ခံေနရသလိုပဲ ခံစားရတယ္။'
သူမေဖ်ာ္ထားသည့္ေကာ္ဖီအိုးႀကီးကိုကိုင္ရင္း ႐ွဲ႕က်င္၏ခြက္ထဲသို႔ အနည္းငယ္ေလာင္းထည့္လိုက္ၿပီး က်န္႐ွိေနေသးေသာ ေကာ္ဖီအိုးႀကီးကိုခ်လိုက္ကာ ျပဳံးရင္းႏွင့္ေျပာလိုက္၏။ " နည္းနည္းက်န္ေသးတယ္၊ ေသာက္ခ်င္တဲ့သူ ယူလိုက္ေနာ္။"
စူးေထာင္ အခန္းထဲမွ ထြက္သြားသည္ႏွင့္ တၿပိဳင္နက္ လူတိုင္းက အလ်င္အျမန္ပင္ သူ႕တို႔အတြက္ေကာ္ဖီေတြ ေလာင္းထည့္ၾကေတာ့သည္။
႐ွဲ႕က်င္းထံ စူးေထာင္ ေကာ္ဖီယူလာေသာအခ်ိန္တြင္ သူကနဖူးေပၚလက္တင္ထားၿပီး စာ႐ြက္စာတမ္းတစ္႐ြက္ကို လွန္ၾကည့္ေန၏။
ေနအလင္းေရာင္က သစ္သားျဖင့္ျပဳလုပ္ထားေသာလိုက္ကာမ်ားမွတဆင့္ လင္းလက္ေနၿပီး အနည္းငယ္ ၿပိဳးၿပိဳးျပက္ျပက္ျဖစ္ေနကာ စာ႐ြက္စာတမ္းမ်ားေပၚတြင္က်ေရာက္ေနေသာေၾကာင့္ ဖတ္ရသည္မွာမ်က္စိက်ိန္းေနေစသည္။
စူးေထာင္က ေကာ္ဖီခြက္ကိုခ်ကာ ျပတင္းေပါက္ဆီသို႔လွမ္းသြားကာ လိုက္ကာမ်ားကို ပိတ္လိုက္၏။ၿပိဳးၿပိဳးျပက္ျပက္ ေနအလင္းေရာင္ ေပ်ာက္ကြယ္သြားသည္ႏွင့္ ႐ုံးခန္းကအနည္းငယ္ေမွာင္သြားၿပီး ေအးခ်မ္းသြားသေယာင္။
႐ွဲ႕က်င္သည္ ေခါင္းငုံ႔ထားကာ စာ႐ြက္စာတမ္းမ်ားကိုၾကည့္ေန၏။ ႐ုံးခန္းထဲတြင္ အနားယူခန္းတစ္ခန္း႐ွိေနၿပီး သူ႕အက်ႌအဝတ္အစားကို ေျပာင္းထားၿပီး မုတ္ဆိတ္ေမြးမ်ားကိုလည္း ရိတ္ထားၿပီးႏွင့္ပုံရသည္။
သူ႕ဆံပင္ဟာ ေရအနည္းငယ္စိုေနၿပီး ဂ်ယ္လ္ပင္လိမ္းစရာမလိုဘဲ နဖူးေပၚတြင္သဘာဝအတိုင္း ပုံက်ေနကာ အသက္ငယ္႐ြယ္သြားသေယာင္။ ငယ္႐ြယ္သည့္ပုံစံ႐ွိေသာ္ျငား ေသသပ္ေနေသာအသင့္ခ်ဳပ္ဝတ္စုံျပည့္ကိုဝတ္ဆင္ထားသျဖင့္ ခပ္မိုက္မိုက္ဥကၠဌတစ္ဦးကဲ့သို႔ပင္။
သူမ၏ႏုတ္ထြက္စာအား စာ႐ြက္စာတမ္းမ်ားထားရာ ေနရာလြတ္ေပၚတြင္ ႐ွိေနသည္ကို စူးေထာင္ေတြ႕လိုက္ရ၏။ သူမ၏ႏုတ္ထြက္စာမွာ ေအးစက္စက္စြန္႔ပစ္ခံထားရသည့္ ေမြးကင္းစကေလးငယ္ေလးပမာ။
'ခဏတုန္းက ဟယ့္ေ႐ွာင္ေ႐ြ႕က သူမကို ဝန္ထမ္းအသစ္ေတြေခၚဖို႔ဆို ဥကၠဌလက္မွတ္ထိုးထားတဲ့ႏုတ္ထြက္စာနဲ႔ လုပ္ငန္းစဥ္ကို အတည္ျပဳေပးမွ အေကာင္အထည္ေဖာ္လို႔ရမွာဆိုၿပီး ေျပာထားတယ္။'
စူးေထာင္သည္ ခဏတာမွ် တုံ႔ဆိုင္းသြားၿပီးေနာက္ ေမးလိုက္၏။ "ဥကၠဌ႐ွဲ႕ ကြၽန္မရဲ႕ ႏုတ္ထြက္စာကို ဘယ္အခ်ိန္အတည္ျပဳေပးမွာလဲ။"
ေခါင္းငုံ႔ၿပီးတိတ္ဆိတ္ေနေသာ ႐ွဲ႕က်င္ဟာ မ်က္ခုံးကို ပင့္လိုက္ရင္း ျဖည္းညႇင္းစြာ စိုက္ၾကည့္လာ၏။
အနက္ေရာင္မ်က္ဆံမ်ားတြင္ သူမ၏ မ်က္ႏွာအရိပ္ထင္ေနကာ မ်က္လုံးမ်ားက နီရဲေနေသးၿပီး မ်က္ကြင္းေဟာက္ပက္ႏွင့္ပင္။
"စူးေထာင္ ၿခိမ္းေျခာက္ခံရတာကို ကိုယ္မႀကိဳက္ဘူး"
' သူမနာမည္အရင္းကို ေခၚတဲ့အခ်ိန္က သူတကယ္ေပ်ာ္မေနဘူးဆိုတာ ျပေနတာပဲ။'
'အရင္က ဒီလိုနာမည္အျပည့္အစုံ ေခၚတာမ်ိဳးကို ဒုတိယႏွစ္မွာ ေယာက်္ားေလး အတန္းေဖာ္နဲ႔ စေနာက္ေနတာကို သူေတြ႕သြားတုန္းက သတိေပးတဲ့အေနနဲ႔ ေခၚဖူးတယ္။'
"ကြၽန္မ႐ွင့္ကို ၿခိမ္းေျခာက္ေနတာ မဟုတ္ဘူး။" စူးေထာင္က သူမ၏ၾကည္လင္ေသာမ်က္ဝန္းကို ခတ္လိုက္ရင္း "တကယ္ကို ႏႈတ္ထြက္ခ်င္ေနတာ"
'႐ွဲ႕က်င္ဟာ သူမကိုေစ့ေစ့စိုက္ၾကည့္ေနရင္း သူ႕ကိုယ္ကထုတ္လႊတ္ေနတဲ့ ေအးစက္စက္အေငြ႕အသက္နဲ႔ မလႈပ္မ႐ွားဘဲ ျပန္ၿပီးေအးခဲေနပုံရတယ္။'
' စူးေထာင္က လိုက္ကာေတြကို ႐ုတ္တရက္ ပိတ္လိုက္မိတဲ့အတြက္ ေနာင္တရသြားတယ္။ မဟုတ္ရင္ ေနအလင္းေရာင္နဲ႔ဆို သူေအးခဲသြားေတာ့မွာမဟုတ္ဘူးေလ။'
အခ်ိန္အေတာ္အတန္ၾကာၿပီးေနာက္ ေနာက္ဆုံးတြင္ သူလႈပ္႐ွားလာၿပီး မ်က္လႊာခ်လိုက္ကာ သူ႕လက္ထဲက ေဘာပင္နဲ႔ စာ႐ြက္စာတမ္းမ်ားေပၚတြင္ လက္မွတ္ထိုးလိုက္ၿပီး သူ႕ေလသံက မနက္တုန္းကထက္ပင္ ခက္အက္အက္ေလးျဖစ္ေနသည္။
"ေ႐ွာင္ေထာင္ေလး မင္းငါ့ကို ခဏခဏေဒါသထြက္ေအာင္လုပ္ရင္ အျပစ္ေပးခံရမယ္ဆိုတာ သိထားရမယ္။ ေနာင္က်ရင္ မင္းနဲ႔အတူ ေန႔လယ္စာစားဖို႔အေဖာ္မျပဳေပးေတာ့ဘူး။"
စူးေထာင္ - "!!!"
'ဒီလို႐ုတ္တရက္ ေရာက္လာတဲ့ေပ်ာ္႐ြင္မႈက တကယ္ပဲလား။'
'ကိုယ္ဘာသာကိုယ္ ေန႔လယ္စာေ႐ြးၿပီး ႀကိဳက္တာစားလို႔ရၿပီေပါ့ေလ။'
"ေက်းဇူးပါ သူေဌး။"
'အၿမဲတမ္းတည္ၿငိမ္ၿပီး အမူအရာမဲ့ေနက် စူးေထာင္တစ္ေယာက္ ႏွလုံးသားထဲထိ ေပ်ာ္႐ြင္ေနၿပီး ထြက္သြားတဲ့အခ်ိန္မွာေတာင္ စိတိေကာင္းဝင္တဲ့ပုံစံမ်ိဳးျဖစ္ေနတယ္။'
႐ွဲ႕က်င္ - "......?"