ကံကောင်းသော ဇနီးသည်

By Ginnie_genevieve

6.4K 516 11

Status - 382 (completed) Gentre - Fantasy, Normal, Harem, Slice of life, Romance, Mature More

Summary
1.Tied
2.Save people
3. ComeBack Home
4. Leave
5. Bathing
6. a poor one
7.Write
8.Laundry
9.
10.
...
11.
12.
13.
14.
new one(apocalypse)
16.
17.

15.

254 24 0
By Ginnie_genevieve

[Unicode]

လီက အပ်ချည်ကြိုးအသစ်တစ်ခုကို ဆွဲလိုက်ပြီးနောက် တစ်ယောက်ယောက်က သူ့ကိုစိုက်ကြည့်နေတယ်ဆိုတာကို သတိထားမိသွားသည်။ သူမကသူ့ကိုကြည့်နေမယ်လို့တော့ မထင်ထားခဲ့ပေ။

သူ့မျက်လုံးတွေက လီမန်နှင့်အကြည့်ချင်းဆုံသွားပြီးနောက် သူ့လုပ်နေတာကိုရပ်လိုက်၏။ သူကချက်ချင်းပင် သူ့နှုတ်ခမ်းဖျားတွေကွေးတက်သွားသည်အထိ နူးညံ့စွာပြုံးပြလိုက်ပြီး

" တကယ်တော့ လက်အိတ်စွပ်ထားရင် အဲ့လောက်ကြီးလည်းမခက်ပါဘူး၊ အားစိုက်ရတာပိုလွယ်ပြီး အလွယ်တကူအနာတရမဖြစ်တော့ဘူးပေါ့ "

သူက ရှင်းပြပြီးတာနဲ့ အပ်ကိုင်ထားတဲ့ သူ့လက်တွေကိုလည်း မြှောက်ပြလိုက်ပြီး သူမကိုပြလိုက်၏။

လီမိသားစုမှာရှိတဲ့ အမျိုးသားတွေရဲ့ မျက်လုံးတွေက အတော်ကိုလှသည်။ အထူးသဖြင့် ဒီကောင်လေးအတွက်ဆိုပိုမှန်သည်။ သူ့မျက်လုံးတွေက ကြည်လင်သန့်ရှင်းကာ နွေးထွေးပုံပေါ်ပြီး ကောင်းကင်ကြီးနဲ့ပင်တူသေး၏။

ထိုကဲ့သို့မျက်လုံးတစ်စုံဖြင့် ကြည့်ခံလိုက်ရချိန်တွင် လီမန့်မျက်နှာပင်ပူလာပြီး အပြစ်ရှိစိတ်လေးပင်ဝင်လာသည်။

" အမ်း.. အဲ့တာ, နောက်တောင်ကျနေပြီ ကျွန်မညစာသွားချက်လိုက်အုံးမယ်! "
ထိုသို့ပြောပြီးတာနဲ့ သူမကလှည့်ကာထွက်ပြေးသွားတော့လေသည်။

လီက သူ့မျက်လုံးထဲတွင် သံသယအရိပ်အယောင်များ ဖြတ်ပြေးသွားပြီး ရှောင်းဝူကိုပြောလိုက်၏။

" သွား! သူမနဲ့သွားနေ "

သူမရဲ့ လေယူလေသိမ်းက ကျင်းချန်ကလူတွေနဲ့တူပြီး ခပ်ဝိုင်းဝိုင်းမျက်နှာ၊ မျက်လုံးကြီးကြီး(*မျက်ပေါက်ကျယ်တာ)၊ မျက်တောင်ရှည်များ၊ မျက်ဝန်းတောက်တောက်များနှင့် လှပတဲ့အသွင်အပြင်ရှိသည်။

အသားအရည်က နူးညံ့ပြီး ဆံပင်တွေကနှင်းလိုဖြူကာ*(white hair တဲ့ ငွေမှင်ရောင်လားမသိဘူး TvT အဖြူကြီးလို့မတွေးဘဲ ငွေမှင်ရောင်လို့ပဲတွေးလိုက်ပါနော် သူကတော့ နှင်းလိုဖြူတာတဲ့) လက်ဆယ်ချောင်းတို့သည် သိမ်မွေ့နူးညံ့ပြီး အလုပ်ကြမ်းများလုပ်ထားသည့်ပုံမပေါ်ပေ။

လီ၏ မျက်ခုံးများသည် အနည်းငယ် တွန့်ချိုးသွားကာ သူ့ခေါင်းက အပ်ချုပ်ဖို့ဆက်လုပ်နေပေမဲ့ လီမန်ရဲ့ ရှက်ရွံစွာ ထွက်ပြေးသွားတဲ့ ပုံရိပ်လေးက သူ့စိတ်ထဲမှာ ရုတ်တရက်ဝင်ရောက်လာပြန်သည်။ သူ့ရဲ့ ငယ်ရွယ်ကြည့်ကောင်းတဲ့ နှုတ်ခမ်းဖျားများက ပိုလို့ပင်အထက်သို့ကွေးတက်သွားလေသည်။

" စတုတ္ထအကို! ဘာတွေရယ်နေတာလဲ? " လီရှောင်းဝူက စောင်ပေါ်မှာထိုင်နေရင်းကနေ သူ့ကိုမော့ကြည့်လိုက်၏။

လီသည် သူ့လက်ချောင်းထိပ်လေးများကို ကွေးကောက်ကာဆွဲယူနေရင်း သူ့ညီလေးကိုကြည့်လိုက်သည်။

" မင်းဘာလို့မသွားသေးတာတုန်း? "

" ကျွန်တော်သွားတယ် ဒါပေမဲ့အမက သူအလုပ်ရှုပ်နေတယ်တဲ့ "
လီရှောင်းဝူကပြန်ဖြေသည်။

တကယ်တော့ သူက သူ့အမနဲ့လည်းအတူရှိနေချင်ပြီး သူ့စတုတ္ထအကိုနဲ့လည်း အတူရှိနေချင်ပြန်တာဖြစ်သည်။

လီက ဘာမှဆက်မပြောတော့ဘဲ အဝတ်တွေကိုဆက်ချုပ်နေခဲ့သည်။ သူ့လုပ်ပုံလုပ်နည်းက ရှင်းလင်းပြီး သပ်ရပ်သည်။ ခဏအကြာမှာတော့ စောင်တစ်ထည်လုံးချုပ်ပြီးသွားပြီဖြစ်၏။ သူက ထိုအခင်းကိုခေါက်လိုက်ပြီး နောက်အိပ်ရာတစ်ခုကို ထပ်ချုပ်တော့၏။

အိပ်ရာခင်းသုံးခုလုံးကို လီမန်ကအမှောင်ကြီးထဲမှာ မချုပ်နိုင်ပေ။ ဒါပေမဲ့ လီကတော့ နာရီဝက်အတွင်းမှာပဲ အကုန်လုံးကိုချုပ်ပြီးသွားပြီဖြစ်၏။

သူက အိပ်ရာခင်းတစ်ခုကို လီမန့်အိပ်ရာပေါ်မှာတင်ထားခဲ့လိုက်ပြီး ကျန်တဲ့နှစ်​ခုကိုတော့ အရှေ့ဘက်အိမ်မှာသွားထားဖို့ လီရှောင်းဝူကိုခိုင်းလိုက်သည်။

လီက လီမန့်ရဲ့ ခုံလေးပေါ်တွင်ထိုင်ကာ အဝတ်တွေကိုခေါက်ပြီးနောက် သူ့လက်ထဲကအပ်ကို တံတွေးဆွတ်လိုက်သည်။  သူက လီမော့အမဲလိုက်သွားတုန်းက ပြဲလာတဲ့အဝတ်တွေကို ပြန်ချုပ်ပေးဖို့်လုပ်နေတာဖြစ်၏။

အဝတ်တွေကိုချုပ်ပြီးတဲ့နောက်,

လီရှောင်းဝူဝတ်ထားတဲ့အဝတ်တွေက တိုကာ စုတ်ပြဲနေပြီဖြစ်တာကြောင့် သူ့အတွက်အဝတ်နှစ်စုံလောက်လဲပေးသင့်ပြီဟု သူတွေးလိုက်သည်။

သို့သော်လည်း ကောင်းကင်ကပိုမှောင်လာပြီဖြစ်တာကြောင့် သူမဘာတွေချက်နေလဲ သိချင်လာ၏။

လီမန့်ရဲ့ ကြီးမားဝိုင်းစက်ကာမဲနက်နေတဲ့ မျက်ဝန်းများကိုတွေးလိုက်မိသည်နှင့် လီသည် နူးညံ့စွာပြုံးလိုက်မိသည်။

သူက အဝတ်တွေနဲ့တခြားဟာတွေကို ထုတ်လိုက်ပြီး မီးဖိုချောင်ဆီသို့ ချက်ချင်းပင်ထွက်သွားတော့သည်။

မီးဖိုချောင်ထဲမှာရှိတဲ့ အလင်းရောင်က ပိုလင်းနေခဲ့သည်။ ပြတင်းပေါက်ကနေ ဝင်နေဆဲဖြစ်တဲ့နေရဲ့အလင်းရောင်က ဟင်းအိုးရှေ့မှာရပ်နေတဲ့ လီမန့်ကိုယ်ပေါ်တွင် ညင်သာစွာကျရောက်နေခဲ့သည်။

ထိုအခိုက်အတန့်လေးတွင် လီရဲ့နှလုံးသားက ပြစ်ဒဏ်ခတ်ခံထားရသည့်နှယ် သူ့ခြေလှမ်းများက တံခါးဝမှာတင်ကျောက်ချရပ်နေခဲ့ပြီး ရှေ့ဆက်လျှောက်ဖို့ကိုပင် မေ့လျော့နေခဲ့သည်။

'စတုတ္ထအကို!?'

လီရှောင်းဝူက မီးစာထည့်နေရင်းကနေ တံခါးဝမှာရပ်နေတဲ့ စတုတ္ထအစ်ကိုဖြစ်သူကိုမြင်လိုက်တာကြောင့် အသံကျယ်နဲ့အော်ခေါ်လိုက်သည်။

လီမန်က သူ့အသံကြောင့် လှည့်ကြည့်လာကာ ပြုံးပြလိုက်သည်။
သူမရဲ့ ရှက်ရွံ့မှုလေးက အခုလေးတင် ကျန်ခဲ့ပြီဖြစ်ပြီး အခုသူမက ဆယ်ကျော်သက်အရွယ် ကလေးမလေးတစ်ယောက်လိုဖြစ်လာဖို့ ကြိုးစားနေတာဖြစ်၏။

လီက သူမပြုံးပြတာလေးကိုမြင်လိုက်ရတာကြောင့် သူ့ကိုယ်သူပင် မကူနိုင်မကယ်နိုင်ဖြစ်လာရသည်။ သူက အပြင်ကို ပြန်ထွက်သွားပြီးနောက် တံစက်မြိတ်အောက်တွင် ရပ်နေခဲ့ကာ နေဝင်ချိန်ရဲ့ လှပတဲ့ တိမ်တိုက်တွေကို ငေးကြည့်နေခဲ့သည်။

လီမန်သည် ဤကဲ့သို့အလားတူပုံမျိုးကို ဒီကမ္ဘာမှာမြင်ရလိမ့်မယ်လို့ မထင်ထားခဲ့ပေ။

နေဝင်ရီတရောအချိန်၌

အ​ဆောက်အဦးရဲ့တံစက်မြိတ် ခေါင်မိုး၊ ဆယ်ကျော်သက်လူငယ်လေးက တစ်ယောက်တည်းမတ်တပ်ရပ်နေပြီး ကောင်းကင်ကြီးကိုမော့ကြည့်နေခဲ့သည်။

လေ​ပြေလေးများက လူငယ်လေးရဲ့ လျှော်ထားပြီးပုံရတဲ့ ဆံနွယ်များကို ဖြတ်ကာတိုက်ခတ်နေသည်။ လူငယ်လေး၏ ချောမောသည့် မျက်နှာဘေးတိုက်တစ်ဖက်ခြမ်းတွင် နေဝင်ချိန်၏ ပြိုးပြိုးပြက်ပြက်ရွှေရောင်အလင်းတန်းများက ဖြာကျနေခဲ့ပြီး အလှတရားသည်အလွန်စူးရှလွန်းလေသည်။

[Zawgyi]

လီက အပ္ခ်ည္ႀကိဳးအသစ္တစ္ခုကို ဆြဲလိုက္ၿပီးေနာက္ တစ္ေယာက္ေယာက္က သူ႕ကိုစိုက္ၾကည့္ေနတယ္ဆိုတာကို သတိထားမိသြားသည္။ သူမကသူ႕ကိုၾကည့္ေနမယ္လို႔ေတာ့ မထင္ထားခဲ့ေပ။

သူ႕မ်က္လုံးေတြက လီမန္ႏွင့္အၾကည့္ခ်င္းဆုံသြားၿပီးေနာက္ သူ႕လုပ္ေနတာကိုရပ္လိုက္၏။ သူကခ်က္ခ်င္းပင္ သူ႕ႏႈတ္ခမ္းဖ်ားေတြေကြးတက္သြားသည္အထိ ႏူးညံ့စြာၿပဳံးျပလိုက္ၿပီး

" တကယ္ေတာ့ လက္အိတ္စြပ္ထားရင္ အဲ့ေလာက္ႀကီးလည္းမခက္ပါဘူး၊ အားစိုက္ရတာပိုလြယ္ၿပီး အလြယ္တကူအနာတရမျဖစ္ေတာ့ဘူးေပါ့ "

သူက ရွင္းျပၿပီးတာနဲ႕ အပ္ကိုင္ထားတဲ့ သူ႕လက္ေတြကိုလည္း ျမႇောက္ျပလိုက္ၿပီး သူမကိုျပလိုက္၏။

လီမိသားစုမွာရွိတဲ့ အမ်ိဳးသားေတြရဲ႕ မ်က္လုံးေတြက အေတာ္ကိုလွသည္။ အထူးသျဖင့္ ဒီေကာင္ေလးအတြက္ဆိုပိုမွန္သည္။ သူ႕မ်က္လုံးေတြက ၾကည္လင္သန့္ရွင္းကာ ႏြေးေထြးပုံေပၚၿပီး ေကာင္းကင္ႀကီးနဲ႕ပင္တူေသး၏။

ထိုကဲ့သို႔မ်က္လုံးတစ္စုံျဖင့္ ၾကည့္ခံလိုက္ရခ်ိန္တြင္ လီမန့္မ်က္ႏွာပင္ပူလာၿပီး အျပစ္ရွိစိတ္ေလးပင္ဝင္လာသည္။

" အမ္း.. အဲ့တာ, ေနာက္ေတာင္က်ေနၿပီ ကြၽန္မညစာသြားခ်က္လိုက္အုံးမယ္! "
ထိုသို႔ေျပာၿပီးတာနဲ႕ သူမကလွည့္ကာထြက္ေျပးသြားေတာ့ေလသည္။

လီက သူ႕မ်က္လုံးထဲတြင္ သံသယအရိပ္အေယာင္မ်ား ျဖတ္ေျပးသြားၿပီး ေရွာင္းဝူကိုေျပာလိုက္၏။

" သြား! သူမနဲ႕သြားေန "

သူမရဲ႕ ေလယူေလသိမ္းက က်င္းခ်န္ကလူေတြနဲ႕တူၿပီး ခပ္ဝိုင္းဝိုင္းမ်က္ႏွာ၊ မ်က္လုံးႀကီးႀကီး(*မ်က္ေပါက္က်ယ္တာ)၊ မ်က္ေတာင္ရွည္မ်ား၊ မ်က္ဝန္းေတာက္ေတာက္မ်ားႏွင့္ လွပတဲ့အသြင္အျပင္ရွိသည္။

အသားအရည္က ႏူးညံ့ၿပီး ဆံပင္ေတြကႏွင္းလိုျဖဴကာ*(white hair တဲ့ ေငြမွင္ေရာင္လားမသိဘူး TvT အျဖဴႀကီးလို႔မေတြးဘဲ ေငြမွင္ေရာင္လို႔ပဲေတြးလိုက္ပါေနာ္ သူကေတာ့ ႏွင္းလိုျဖဴတာတဲ့) လက္ဆယ္ေခ်ာင္းတို႔သည္ သိမ္ေမြ႕ႏူးညံ့ၿပီး အလုပ္ၾကမ္းမ်ားလုပ္ထားသည့္ပုံမေပၚေပ။

လီ၏ မ်က္ခုံးမ်ားသည္ အနည္းငယ္ တြန့္ခ်ိဳးသြားကာ သူ႕ေခါင္းက အပ္ခ်ဳပ္ဖို႔ဆက္လုပ္ေနေပမဲ့ လီမန္ရဲ႕ ရွက္႐ြံစြာ ထြက္ေျပးသြားတဲ့ ပုံရိပ္ေလးက သူ႕စိတ္ထဲမွာ ႐ုတ္တရက္ဝင္ေရာက္လာျပန္သည္။ သူ႕ရဲ႕ ငယ္႐ြယ္ၾကည့္ေကာင္းတဲ့ ႏႈတ္ခမ္းဖ်ားမ်ားက ပိုလို႔ပင္အထက္သို႔ေကြးတက္သြားေလသည္။

" စတုတၳအကို! ဘာေတြရယ္ေနတာလဲ? " လီေရွာင္းဝူက ေစာင္ေပၚမွာထိုင္ေနရင္းကေန သူ႕ကိုေမာ့ၾကည့္လိုက္၏။

လီသည္ သူ႕လက္ေခ်ာင္းထိပ္ေလးမ်ားကို ေကြးေကာက္ကာဆြဲယူေနရင္း သူ႕ညီေလးကိုၾကည့္လိုက္သည္။

" မင္းဘာလို႔မသြားေသးတာတုန္း? "

" ကြၽန္ေတာ္သြားတယ္ ဒါေပမဲ့အမက သူအလုပ္ရႈပ္ေနတယ္တဲ့ "
လီေရွာင္းဝူကျပန္ေျဖသည္။

တကယ္ေတာ့ သူက သူ႕အမနဲ႕လည္းအတူရွိေနခ်င္ၿပီး သူ႕စတုတၳအကိုနဲ႕လည္း အတူရွိေနခ်င္ျပန္တာျဖစ္သည္။

လီက ဘာမွဆက္မေျပာေတာ့ဘဲ အဝတ္ေတြကိုဆက္ခ်ဳပ္ေနခဲ့သည္။ သူ႕လုပ္ပုံလုပ္နည္းက ရွင္းလင္းၿပီး သပ္ရပ္သည္။ ခဏအၾကာမွာေတာ့ ေစာင္တစ္ထည္လုံးခ်ဳပ္ၿပီးသြားၿပီျဖစ္၏။ သူက ထိုအခင္းကိုေခါက္လိုက္ၿပီး ေနာက္အိပ္ရာတစ္ခုကို ထပ္ခ်ဳပ္ေတာ့၏။

အိပ္ရာခင္းသုံးခုလုံးကို လီမန္ကအေမွာင္ႀကီးထဲမွာ မခ်ဳပ္နိုင္ေပ။ ဒါေပမဲ့ လီကေတာ့ နာရီဝက္အတြင္းမွာပဲ အကုန္လုံးကိုခ်ဳပ္ၿပီးသြားၿပီျဖစ္၏။

သူက အိပ္ရာခင္းတစ္ခုကို လီမန့္အိပ္ရာေပၚမွာတင္ထားခဲ့လိုက္ၿပီး က်န္တဲ့ႏွစ္ခုကိုေတာ့ အေရွ႕ဘက္အိမ္မွာသြားထားဖို႔ လီေရွာင္းဝူကိုခိုင္းလိုက္သည္။

လီက လီမန့္ရဲ႕ ခုံေလးေပၚတြင္ထိုင္ကာ အဝတ္ေတြကိုေခါက္ၿပီးေနာက္ သူ႕လက္ထဲကအပ္ကို တံေတြးဆြတ္လိုက္သည္။  သူက လီေမာ့အမဲလိုက္သြားတုန္းက ၿပဲလာတဲ့အဝတ္ေတြကို ျပန္ခ်ဳပ္ေပးဖို့္လုပ္ေနတာျဖစ္၏။

အဝတ္ေတြကိုခ်ဳပ္ၿပီးတဲ့ေနာက္,

လီေရွာင္းဝူဝတ္ထားတဲ့အဝတ္ေတြက တိုကာ စုတ္ၿပဲေနၿပီျဖစ္တာေၾကာင့္ သူ႕အတြက္အဝတ္ႏွစ္စုံေလာက္လဲေပးသင့္ၿပီဟု သူေတြးလိုက္သည္။

သို႔ေသာ္လည္း ေကာင္းကင္ကပိုေမွာင္လာၿပီျဖစ္တာေၾကာင့္ သူမဘာေတြခ်က္ေနလဲ သိခ်င္လာ၏။

လီမန့္ရဲ႕ ႀကီးမားဝိုင္းစက္ကာမဲနက္ေနတဲ့ မ်က္ဝန္းမ်ားကိုေတြးလိုက္မိသည္ႏွင့္ လီသည္ ႏူးညံ့စြာၿပဳံးလိုက္မိသည္။

သူက အဝတ္ေတြနဲ႕တျခားဟာေတြကို ထုတ္လိုက္ၿပီး မီးဖိုေခ်ာင္ဆီသို႔ ခ်က္ခ်င္းပင္ထြက္သြားေတာ့သည္။

မီးဖိုေခ်ာင္ထဲမွာရွိတဲ့ အလင္းေရာင္က ပိုလင္းေနခဲ့သည္။ ျပတင္းေပါက္ကေန ဝင္ေနဆဲျဖစ္တဲ့ေနရဲ႕အလင္းေရာင္က ဟင္းအိုးေရွ႕မွာရပ္ေနတဲ့ လီမန့္ကိုယ္ေပၚတြင္ ညင္သာစြာက်ေရာက္ေနခဲ့သည္။

ထိုအခိုက္အတန့္ေလးတြင္ လီရဲ႕ႏွလုံးသားက ျပစ္ဒဏ္ခတ္ခံထားရသည့္ႏွယ္ သူ႕ေျခလွမ္းမ်ားက တံခါးဝမွာတင္ေက်ာက္ခ်ရပ္ေနခဲ့ၿပီး ေရွ႕ဆက္ေလွ်ာက္ဖို႔ကိုပင္ ေမ့ေလ်ာ့ေနခဲ့သည္။

'စတုတၳအကို!?'

လီေရွာင္းဝူက မီးစာထည့္ေနရင္းကေန တံခါးဝမွာရပ္ေနတဲ့ စတုတၳအစ္ကိုျဖစ္သူကိုျမင္လိုက္တာေၾကာင့္ အသံက်ယ္နဲ႕ေအာ္ေခၚလိုက္သည္။

လီမန္က သူ႕အသံေၾကာင့္ လွည့္ၾကည့္လာကာ ၿပဳံးျပလိုက္သည္။
သူမရဲ႕ ရွက္႐ြံ႕မႈေလးက အခုေလးတင္ က်န္ခဲ့ၿပီျဖစ္ၿပီး အခုသူမက ဆယ္ေက်ာ္သက္အ႐ြယ္ ကေလးမေလးတစ္ေယာက္လိုျဖစ္လာဖို႔ ႀကိဳးစားေနတာျဖစ္၏။

လီက သူမၿပဳံးျပတာေလးကိုျမင္လိုက္ရတာေၾကာင့္ သူ႕ကိုယ္သူပင္ မကူနိုင္မကယ္နိုင္ျဖစ္လာရသည္။ သူက အျပင္ကို ျပန္ထြက္သြားၿပီးေနာက္ တံစက္ၿမိတ္ေအာက္တြင္ ရပ္ေနခဲ့ကာ ေနဝင္ခ်ိန္ရဲ႕ လွပတဲ့ တိမ္တိုက္ေတြကို ေငးၾကည့္ေနခဲ့သည္။

လီမန္သည္ ဤကဲ့သို႔အလားတူပုံမ်ိဳးကို ဒီကမၻာမွာျမင္ရလိမ့္မယ္လို႔ မထင္ထားခဲ့ေပ။

ေနဝင္ရီတေရာအခ်ိန္၌

အေဆာက္အဦးရဲ႕တံစက္ၿမိတ္ ေခါင္မိုး၊ ဆယ္ေက်ာ္သက္လူငယ္ေလးက တစ္ေယာက္တည္းမတ္တပ္ရပ္ေနၿပီး ေကာင္းကင္ႀကီးကိုေမာ့ၾကည့္ေနခဲ့သည္။

ေလေျပေလးမ်ားက လူငယ္ေလးရဲ႕ ေလွ်ာ္ထားၿပီးပုံရတဲ့ ဆံႏြယ္မ်ားကို ျဖတ္ကာတိုက္ခတ္ေနသည္။ လူငယ္ေလး၏ ေခ်ာေမာသည့္ မ်က္ႏွာေဘးတိုက္တစ္ဖက္ျခမ္းတြင္ ေနဝင္ခ်ိန္၏ ၿပိဳးၿပိဳးျပက္ျပက္ေ႐ႊေရာင္အလင္းတန္းမ်ားက ျဖာက်ေနခဲ့ၿပီး အလွတရားသည္အလြန္စူးရွလြန္းေလသည္။

Continue Reading

You'll Also Like

38.1K 2.5K 61
𝐭𝐡𝐞 𝟐𝐧𝐝 𝐛𝐨𝐨𝐤 𝐨𝐟 𝐬𝐡𝐨𝐫𝐭 𝐬𝐭𝐨𝐫𝐢𝐞𝐬 𝐚𝐛𝐨𝐮𝐭 𝐨𝐥𝐢𝐯𝐢𝐚 𝐫𝐨𝐝𝐫𝐢𝐠𝐨 𝐚𝐧𝐝 𝐲/𝐧'𝐬 𝐦𝐞𝐞𝐭-𝐜𝐮𝐭𝐞𝐬/𝐥𝐨𝐯𝐞 𝐬𝐭𝐨𝐫𝐢�...
67.6K 3.7K 80
When shrivi goes home after a long time. Who doesn't have her parents' love and family's love for some reason. She had support from her grandmother...
656K 15.7K 100
Evelyn Claire Bennett never thought this would happen to her. Not in a million years. How could something that was meant to be temporary have a las...
36.3K 65 14
🤍 if u're not interested, don't report, just dont read!! 🤍