ကူးပြောင်းလာတိုင်း အမျိုးသားဇ...

Bởi Swae_Nyoe

124K 13.4K 137

ဘာသာပြန်သူ - Horroe, Romance အမျိုးအစားမို့ နည်းနည်းတော့ သည်းထိတ်ရင်ဖိုလေးတွေ ပါမယ်နော်။ Romance လည်း ပါတော့... Xem Thêm

Description
Part 1
Part 2
Part 3
Part 4
Part 5.1
Part 5.2
Part 6
Part 7
Part 8
Part 9.1
Part 9.2
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18.1
တယ်လီဂရုရရှိပါကြောင်း..
Part 18.2
Part 18.3
Part 19.1
Part 19.2
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26.1
Part 26.2
Part 27
Part 28
Part 29
Part 30
Part 31
Part 32
ပေးဂရု ပြီးဆုံးကြောင်း ကြေညာချက်..
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48.1
Part 48.2
Part 48.3
Part 49.1
Part 49.2
Part 49.3
Part 50.1
Part 50.2
Part 50.3
Part 51.1
Part 51.2
Part 52
Part 53.1
Part 53.2
Part 53.3
Part 54
Part 55.1
Part 55.2
Part 55.3
Part 56
Part 57.1
Part 57.2
Part 57.3
Part 58
Part 59.1
Part 59.2
Part 60.1
Part 60.2
Part 60.3
Part 61
Part 62
Part 63
Part 64
Part 65
Part 66.1
Part 66.2
Part 67
Part 68
Part 69.1
Part 69.2
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
Part 88
Part 89
Part 90
Part 91
Part 92
Part 93
Part 94
Part 95
Part 97
Part 98
Part 99
Part 100
Part 101
Part 102
Part 103
Part 104
Part 105
Part 106
Part 107
Part 108
Telegram ကို လာခဲ့နော်
Part 109
Part 110
Completed in Telegram
Part 111
Part 111.2

Part 96

399 37 0
Bởi Swae_Nyoe

အပိုင်း ၉၆ အုတ်ဂူပေါ်မှာ သူမရဲ့နာမည်ရှိတယ်။

အချိန်အတန် ကြာပြီးမှသာ ရှီချီ၏ သွယ်လျကာ လှပသည့် လက်က သူမ၏ မေးစေ့မှတစ်ဆင့် ခေါင်းအနောက်ဘက်သို့ ရောက်သွားပြီး နူးညံ့ကာ ချောမွေ့နေသော ဆံပင်ကြားထဲသို့ ဝင်ရောက်လာသည်။

ရှီချီက ခေါင်းကို ဆက်လက် ငုံ့ကိုင်းပြီး ပြင်းပြင်းထန်ထန် နမ်းရှိုက်နေသေးသည်။

နင်မုန့်က သူမ၏ တစ်ကိုယ်လုံးက စိတ်ဓာတ်ကျစွာ ပွေ့ချီခံလိုက်ရချိန်တွင် ကြိုဖြစ်လာမယ့် အခြေအနေများကို မသိသေးချေ။ သူ၏ နှုတ်ခမ်းပါးက သူမ၏ နှုတ်ခမ်းထောင့်နားထံ ပွတ်သပ် ကျီစယ်နေပြီး တစ်ကိုယ်လုံးက ပျော့ခွေသွားရသည်။

ရှီချီ၏ ခန္ဓာကိုယ်က အတန်အငယ် အေးစက်သည်။ သို့သော် ယခုလို နေရောင်အောက်တွင် သူ၏ထွေးပွေ့မှုအတွင်း ရှိနေသည့်အခါ ခံစားချက် အလွန် ကောင်းသွားစေလေသည်။

သို့သော် နင်မုန့်က ထိုတစ်ခဏတွင် အခြားသော အကြောင်းအရာများကို စဉ်းစား တွေးတောနိုင်စွမ်းရည် လုံးဝ ပျောက်ရှနေပြီ ဖြစ်သည်။ သူ၏ လက်မောင်းများက ရုတ်တရက် သူမ၏ လှုပ်ရှားမှုများကို ကန့်သတ်လိုက်ပြီး သူမကို တစ်စစီ ဆွဲဖြုတ်တော့ မလိုမျိုး အချစ်တွေ ပြင်းပြစွာဖြင့် ကြမ်းကြမ်းတမ်းတမ်း ရွေ့လျားလာသည်မှာ လျှာကိုပင် ကိုက်ဖြတ်လို့နီးပါး ဖြစ်သွားသည်။

နင်မုန့်အနေနှင့် ခြေထောက်ပေါ်တွင် တည်ငြိမ်အောင် မရပ်နိုင်တော့ဘဲ ရှေ့သို့ အနည်းငယ် တွန်းလိုက်မိသည်။

သို့သော် ရှီချီကမူ မရွေ့သွားချေ။ ဝါးမြိုခံလိုက်ရသလိုမျိုး သူမ၏ နှုတ်ခမ်းထောင့်မှပင် ညည်းညူသံသဲသဲက ထွက်သွားသေးသည်။ သို့သော် ထိုအသံက အပြင်သို့ မထွက်ခင် ဘေးဘက်မှ လေပြေက ပွတ်သပ်တိုက်ခတ်ကာ ဘေးဖယ်ပေးသွားသည်။

ဟိုတယ်မှ နမ်းရှိုက်သည့် ဖြစ်စဉ်ပြီးသွားပြီး ရက်အနည်းငယ် ကြာသွားခဲ့ပြီ ဖြစ်သည်။ ယခုတစ်ကြိမ်တွင် ထိုနှစ်ယောက်က ထိုသို့ အနီးကပ် ထိတွေ့ဆက်ဆံမှု ရှိပြန်ကာ ကြားတွင် အဟကြားနေရာ မချန်ရစ်ထားပြန်ချေ။

ရှီချီက သူမ၏ နားတံသီးလေးများကို ညင်သာစွာဖြင့် ပွတ်သပ်လိုက်သည်။ သူမ၏ နားများက နူးညံ့ကာ ချောမွေ့နေသည်။ သူ၏ လက်ထဲတွင်လည်း နူးညံ့မှုကိုသာ ခံစားရပြီး သူ၏ နှလုံးသားကို ယားယံ လာစေကာ ကိုက်ဆွဲချင်စိတ်ပင် ဖြစ်လာသည်။

သူက ထိုသို့ တွေးလိုက်မိသည်နှင့် သူ၏ စိတ်ဆန္ဒက လိမ့်ထွက်လာတော့သည်။

သူက နင်မုန့်ကို လက်တစ်ဖက်ဖြင့် ထိန်းထားပြီး သူမ၏နှုတ်ခမ်းပါးမှ သူ၏ နှုတ်ခမ်းပါးကို ဖယ်ရှားလိုက်ကာ နားသယ်ထောက်လျှောက် ပွတ်ဆွဲသွားလိုက်သည်။ ထို့နောက် ပါးစပ်ကို ပွင့်ပြီး နားတံသီးများကို ငုံထားသည်။ လျှာထိပ်ကမူ ညင်သာစွာဖြင့် လျက်လိုက်သည်။

နင်မုန့် ခန္ဓာကိုယ်က တုန်သွားသည်။ သူမ၏ အတွေးကို မည်သူမှ မသိနိုင်ချေ။ သူမ၏ ခန္ဓာကိုယ်ကမူ ပျော့ခွေသွားရသည်။ ရှီချီက တစ်ဝက်ပွေ့ဖက်လုနီးပါးဖြင့် သယ်ထားရပြီး သူ၏ပခုံးပေါ် သူမက ဖိကပ် မှီထားရလေရာ မတော်တဆပင် တွန်းမထုတ်နိုင်ဘဲ တိတ်တဆိတ်သာ အမောတကော အသက်ရှူနေရသည်။

သူမက ပါးစပ်ကို အနည်းငယ် ဟလိုက်ပြီး ကုန်းပေါ်ရောက်နေသော ငါးတစ်ကောင်ကဲ့သို့ လေကို အငမ်းမရ ရှူနေရသည်။ သူမက ရေခြောက်နေမည့် ငါးတစ်ကောင်သာ ဖြစ်နေပြီး မျက်ဝန်းများကပင် ဝေဝါးနေတော့သည်။

ရှီချီက နောက်ဆုံးတွင် ကိုယ်ကို မထိန်းနိုင်တော့လေဘဲ သူ၏ခေါင်းက သူမ၏ ပခုံးနေရာသို့ မြှုပ်နှံလိုက်တော့သည်။ ထိုလည်တံမှ ထူးခြားသော ရနံက သူ၏ နှာခေါင်းထိပ်ဖျားတွင် တဖြည်းဖြည်းချင်း ဝင်ရောက်လာပြီး တောက်လျှောက် စီးဝင်သွားကာ သူမကိုယ်တိုင်ပင် တွေးတောနိုင်စွမ်းအား မဲ့သွားတော့ပြီး မလုံလောက်တော့ဟု ခံစားလိုက်ရသည်။

...

"ဆရာ ဒီမှာ ဘာမှ မရှိတဲ့ပုံပဲ"

တစ်ဖက်က လူတစ်ဖွဲ့က စစ်ဆေးရေး ပြီးသွားပြီး ဖြူဖျော့သော မျက်နှာဖြင့် ချန်းရှန်းဝေထံသို့ ပြန်ရောက်လာကာ ရှက်ရွံ့စွာ ပြောကြသည်။

"မင်းတို့ အခုအချိန်အထိ ဘာမှ ရှာမတွေ့ကြသေးဘူးလား"

ချန်းရှန်းဝေက ဒေါသထွက်လာသည်။

"ငါတို့ ဒီလောက်အဝေးကြီးအထိ လာခဲ့ပြီးပြီ ဒါတောင်မှ ဘာမှ ရှာမတွေ့ကြသေးဘူး။ မင်းတို့ကို စားသောက်ဖို့အတွက် ငါက အလကား ငှားထားတယ် ထင်လို့လား"

ဒေါသထွက်နေသော သူက ခပ်တိုးတိုး ပြန်ပြောလိုက်သည်။

"မေ့လိုက်တော့ ငါ သခင်လေးချီကိုပဲ..."

ချန်းရှန်းဝေက နောက်လှည့်ကာ ရှီချီကို အကူအညီ သွားတောင်းတော့မည့် အချိန်တွင် ရုတ်တရက် ချက်ချင်းလိုလို ပြန်လှည့်လာသည်။ သူ၏ ပါးစပ်ကမူ ပိတ်နေပြီး စကားလုံးများကမူ ထွက်မလာတော့ချေ။

သိပ်မဝေးသောနေရာ စိမ်းလန်းနေသော နောက်ခံ အရှေ့ တစ်နေရာတွင် ရှီချီက ရပ်နေသည်။ သူ၏ လက်မောင်း ကြားထဲတွင် ပွေ့ဖက်ထားသော မိန်းကလေး တစ်ယောက်ကိုလည်း မြင်ရသည်။ ထိုနှစ်ယောက်လုံးက အလွန်ပဲ နီးကပ်နေပြီး တစ်ယောက်ကို တစ်ယောက် ပွတ်သပ်ပေးနေ သလိုမျိုးပင် ကပ်လွန်းနေခဲ့သည်။

ချန်းရှန်းဝေအနေဖြင့် ဒီလိုမြင်ကွင်းမျိုးကို မြင်ရမည်ဟု မထင်ထားမိချေ။ သူက မျက်လုံး ကျွတ်ထွက်မတတ် ကြောင်အစွာ စိုက်ကြည့်နေမိပြီး စိတ်ထဲတွင်လည်း သက်ပြင်း အထပ်ထပ် ချနေမိသည်။

သူက သခင်လေးချီက ဒီလိုအခြေအနေမျိုးတွင် အလွန်အမင်း တည်ငြိမ်လွန်းနေပြီး သူ၏ဇနီးဖြစ်သူဖြင့် ကလူကာပင် နမ်းရှိုက်နေနိုင်သေးသည်။ သူကမူ စိုးရိမ်လွန်းသဖြင့် သေရတော့မည် ထင်သည်။ သို့သော် တွေးတောကြည့်ပြီးနောက်တွင် ဒီလို အေးအေးဆေးဆေး နေနိုင်ခြင်းကပင် ကိစ္စက မခက်ခဲကြောင်း ပြသနေသည်ဟု ထင်လိုက်သည်။

သူက တွေးနေချိန်တွင်ပင် နင်မုန့်၏ ပခုံးကြားထဲ ခေါင်းမြှုပ်ထားသော ရှီချီက ရုတ်တရက် ခေါင်းမော့ကာ သူ့ကို ကြည့်လိုက်သည်။

ချန်းရှန်းဝေက အလွန်အံ့ဩသွားပြီး ထိတ်ထိတ်လန့်လန့်ဖြင့် တံတွေးမြိုချကာ ချက်ချင်း ခေါင်းကို လှည့်လိုက်သည်။

သူဘေးမှ လူများက ပဟေဠိဖြစ်သော မျက်နှာထားဖြင့် သူ့ကို ကြည့်နေကြောင်း မြင်သောအခါ သူက မျက်နှာသေဖြင့် ပြောလိုက်သည်။

"မင်းတို့ အားလုံး ကိုယ့်ကိစ္စကိုယ် လုပ်ကြ ဘာလို့ ငါ့ကို လာကြည့်နေတာလဲ"

နင်မုန့်ကမူ နောက်ဆုံးတွင် အသိပြန်ဝင်သွားပြီ ဖြစ်ပြီး ရှီချီကို တွန်းထုတ်လိုက်သည်။ ရှီချီကမူ ဒီတစ်ခါတွင် ငြင်းမနေတော့ဘဲ လွှတ်ပေးလိုက်သည်။

နှစ်ယောက်က ထိုနေရာတွင် ဒီအတိုင်း ရပ်လျက် အချိန်အတန်ကြာသည်အထိ စကားမပြော ဖြစ်ကြချေ။ လေထုအခြေအနေက ကိုးရိုကားရား နိုင်နေပြီး တိတ်ဆိတ်နေသည်မှာ ကြောက်စရာပင် ကောင်းလာသည်။ မြက်ခင်းပြင်များကို လေတိုက်သွားသံကိုသာ ကြားရသည်။

အချိန်အတန်ကြာမှသာ ရှီချီက သူမ၏ နားအနားသို့ ကပ်လာလျက် မယုံနိုင်စရာ ကောင်းလှအောင် တိုးလျသော လေသံဖြင့် မေးလာလေသည်။

"မင်း သဘောကျလား"

သူ၏ အသံက ရှေးခေတ်မှ ခေါ်ဆိုနေသံလိုမျိုး ထင်ရပြီး လူအများ၏ နှလုံးသားကို ပြုစားနိုင်စွမ်းအား ရှိသည်။ နင်မုန့်၏ စိတ်မှ တွေးတောနိုင်စွမ်းအားကပင် ရှုပ်ထွေးသွားရပြီး နှလုံးခုန်နှုန်းက မြန်လာသည်။ သူမက ဝင်ပူးခံနေရသလိုမျိုး ပြန်ဖြေလိုက်သည်။

"ငါ သဘောကျတယ်"

နင်မုန့်က ပြုစားခံရသလို ဖြစ်သွားသည်။ သူမ၏ အတွေးများက ထိန်းချုပ်မှု လွှတ်ကင်းသော အခြေအနေအထိ ရောက်ရှိနေလေပြီး စးကားများကပင် ခေါင်းထဲမှ ခေါင်းထဲမှ တန်း မထွက်လာတော့ဘဲ ပါးစပ်မှ အလိုလို ကျော်ဖြတ်သွားသည်။

ထိုစကားလုံးကို ပြောလိုက်ပြီးသည်နှင့် ရှီချီ၏ ရယ်အသံကို ကြားလိုက်ရပြီး သူမ၏ မူးဝေမယောင် ဖြစ်နေသော ခေါင်းကပင် စတင်ကာ ရှုပ်ထွေးလာပြန်သည်။ နားထိပ်မှ အပူချိန်က ချက်ချင်းလိုလို အပေါ်သို့ တက်သွားပြီး မျက်နှာ တစ်ခုလုံးကို ပြုတ်ထားသလို နီရဲသွားစေသည်။ သူမက ခေါင်းကို ခါပြီး ငြင်းသည်။

"ငါ ငါ သဘောမကျပါဘူး"

သူမက ထိုသို့ ပြောလိုက်ပြီး ချိန်တွင်ပင် ရှီချီ၏ လက်က နှုတ်ခမ်းနားသို့ ရောက်လာကာ ထပ်ခါတလဲလဲ ပွတ်သပ်လာသည်။ သူ၏ လက်မအောက်မှ ပါးလျသော အသားမာက အနည်းငယ် ကြမ်းသည်။ သို့သော် ပွတ်လိုက်သောအခါ ပြောရန် ခက်ခဲသည့် သာယာမှု တစ်မျိုးကို ဖက်ပါလာစေသည်။

နင်မုန့်က ထိုလက်ကို ရိုက်ချသည်။

"နင် ဘယ်ကို ထိနေတယ်လို့ ထင်နေတာလဲ။ နှာဗူး"

ရှီချီကမူ သူမကို အံ့ဩတကြီး ကြည့်လိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။

"ကိုယ်ကတော့ အခုလေးတင် ကိုယ့်ကို အသည်းအသန် နမ်းချင်နေတာ ဘယ်သူလဲလို့ တွေးနေမိတာပဲ မင်း မဟုတ်ဘူးလား"

နင်မုန့်ကမူ သူမ ယခုလေးတင် ပြုမူလိုက်သော အပြုအမူထံ နောင်တရသွားသည်။

သို့သော် လုပ်ပြီးသမျှက လုပ်ခဲ့ပြီးလေပြီ။ သူမ ယခု ရွေးချယ်မရ ဖြစ်နေသော ပုံစံကို သူက သေချာပေါက် မှတ်မိနေပေလိမ့်မည်။ သူမ၏ ရူးကြောင်ကြောင် ခိုးနမ်းသည် ဆိုသော ကိစ္စကမူ ထိုသို့ဖြင့် ဂုဏ်ယူဖွယ် ကောင်းသော အခြေအနေတစ်ခုအဖြစ် ပြောင်းလဲသွားသည်...

သူ၏အသံ ထွက်လာသည်နှင့် လည်ချောင်း၏ ဖိထားသောအားက အနည်းငယ် ပိုပြင်းသွားသည်။ နင်မုန့်ကိုပင် တောင့်မခံနိုင်တော့ဘဲ အော်လိုက်မိစေသည်။ သတိလက်လွှတ် သူမက ပါးစပ်ဖွင့်ကာ ကိုက်လိုက်သည်။

ရှီချီ၏ မျက်နှာပုံစံက မပြောင်းလဲချေ။ သူက လက်ကို ပြန်ရုတ်လိုက်ပြီး လက်ကိုင်ပဝါဖြင့် သုတ်သည်။

သူမ၏ နူးညံ့သော လျှာထိပ်က သူ၏ လက်ချောင်းပေါ်တွင် ဝဲနေသလို ခံစားချက်က ရှိနေသေးပြီး သူ့ကို ညှို့ငင်နိုင်စွမ်းအား ရှိသည်။

"အရမ်းကောင်းတယ်"

ရှီချီက ပြောသည်။

နင်မုန့်က ကြောင်သွားသည်။ အချိန်အတန်ကြာမှသာ သူက ပြောသော ဆိုလိုရင်းကို နားလည်လိုက်သည်။ သူမက တွေးတောမနေတော့ဘဲ သူ့ကို ချက်ချင်း တွန်းထုတ်လိုက်ကာ ဆန့်ကျင်ဘက် နေရာသို့ ပြန်သည်။

ရှီချီက သူ့ကို မတားလိုက်ဘဲ ကျောပြင်ကို လှမ်းကြည့်လိုက်ပြီး မျက်ဝန်းထိပ်နားက လေးနက်သွားသည်။ ထို့နောက် မည်သည့်ကိစ္စမှ မဖြစ်လာသလိုမျိုး သူက သူမ၏ နောက်သို့ လိုက်သွားသည်။

နင်မုန့်က ချန်းရှန်းဝေ၏ အရှေ့သို့ ရောက်သွားပြီးနောက် ရပ်တန့်သွားသည်။ သူမ၏ နှလုံးသားမှ ရူးသွပ်ကြမ်းတမ်းစွာ ခုန်လှုပ်နေခြင်းကိုပင် ကြားနေရသေးသည်။ သူမက ထိုဘလော့ဂါမှ ပြန်ပို့သော သီးသန့်စာ အကြောင်းကို တွေးမိပြီး နှုတ်ခမ်းကို ကိုက်လိုက်မိသည်။

သီးသန့်စာထဲတွင် အချက်အနည်းငယ်သာ ထုတ်ပြထားသော်လည်း အရာအားလုံးက သိသာနေခဲ့သည်။ သူမက စိတ်ရှုပ်ထွေးခဲ့သည်။ သူမ၏ နှလုံးခုန်နှုန်းကလည်း မြန်ဆန်နေခဲ့သည်။ ထို့အပြင် သေလုအောင် ထိတ်လန့်နေခဲ့သည်။

ဆိုလိုတာက ငါ ရှီချီကို ကြိုက်နေတာလား။

ထို့အပြင် အခြားသော အချက်တစ်ချက် ရှိနေသေးသည်။ ကြည့်ရသည်မှာ သူမ အနမ်းခိုး ယူခြင်းနဲ့ မတူတော့ဘဲ...

စနစ်က တိတ်တဆိတ် အထွန့်တက်လာသည်။

"အနည်းဆုံး မင်း ကိုယ့်ကိုယ်ကို သိနားလည်စိတ်တော့ ရှိနေသေးတာပဲ။ အခုလုပ်လိုက်တာက သေချာပေါက်ကို ပေါ်တင် အခွင့်ကောင်း ယူခံလိုက်ရတာပဲ"

မင်တက်နေသော အခြေအနေမျိုးတွင်ပင် ချန်းရှန်းဝေက အရှေ့သို့ တက်လာပြီး သူမနှင့် စကားပြောရန် ကြိုးစားသည်။ သူက ပြုံးကာ ပြောလိုက်သည်။

"သခင်မရှီ သခင်မရှီနဲ့ သခင်လေးချီက ဆက်ဆံရေး တော်တော်ကောင်းတဲ့ ပုံပဲ"

"ဟင်.. သခင်မရှီ... ဟုတ်လား"

နင်မုန့်က မျက်လုံးပြူးသွားသည်။

ချန်းရှန်းဝေက နားမလည်နိုင်သလိုမျိုး ခေါင်းညိတ်ကာ ရှင်းပြလိုက်သည်။

"မိန်းကလေးနင်နဲ့ သခင်လေးရှီက သီးသန့် လက်ထပ်ထားကြတာ ဆိုတော့ ကျွန်တော်က သခင်မရှီလို့ ခေါ်သင့်တာ မဟုတ်လား"

ရိုးရှင်းစွာဖြင့်ပင် နင်မုန့်က ပြန်မဖြေနိုင်တော့ချေ။ သူမက တွင်းတစ်တွင်းသာ တူးပြီး ခုန်ဝင်ချင် နေတော့သည်။

ရှီချီက ခြေလှမ်းကြဲကြီးများဖြင့် ရောက်လာသည်။ သူမက အပြေးလာသည်နှင့် နှိုင်းယှဉ်သော် သူက အသာအယာ လျှောက်ရုံဖြင့် အနည်းငယ်သာ နှေးသော အချိန်နှုန်းဖြင့် သူမ၏ နားသို့ ရပ်လိုက်နိုင်သည်။

ချန်းရှန်းဝေက နင်မုန့်နှင့် စကားပြောခြင်းကို ရပ်တန့်လိုက်ပြီး အလျင်အမြန် လှည့်ကာ မေးလိုက်သည်။

"သခင်လေးရှီ ကျွန်တော့်ရဲ့ လူတွေက ဒီနေရာမှာ ဘာကိုမှ မရှာနိုင်ခဲ့ပါဘူး"

ထိုသို့ ပြောရသည့်အခါ သူက ရှက်မိသည်။

သခင်လေးရှီက သူတို့ကို ဦးတည်ရာဘက် တစ်ခုကို ခေါ်ပြခဲ့ပြီးလေပြီ။ သို့တိုင်အောင် သူက ဘာမှ မရှာနိုင်ခဲ့ချေ။ သူတို့က အသုံးမဝင်သော လူများသာ ဖြစ်ရသည်။ သူ၏ မျက်နှာက ပျက်ရလေသည်။

ရှီချီက မဖြေချေ။ သူက လက်ကို ခပ်ယောင်ယောင် မြှောက်လိုက်ပြီး အဆောင်လက်ဖွဲ့ တစ်ခုကို ထုတ်လိုက်သည်။

ချန်းရှန်းဝေက မနေနိုင်ဘဲ ကြည့်လိုက်သည်။ ထို့နောက် စိတ်ရှုပ်ထွေးသွားရသည်။ သူက ရုပ်ရှင်ထဲတွင်သာ ထိုကဲ့သို့ မဝါရောင် အဆောင်လက်ဖွဲ့ မျိုးကိုသာ မြင်ဖူးသည်။ ထို့ပြင် ထိုကဲ့သို့သော အဆောက်လက်ဖွဲ့မျိုးများက လူလိမ်များထံမှ လာသည်။ ထို့အပြင် သခင်လေးရှီကလည်း ထိုသို့ လုပ်ခဲ့ဖူးကြောင်းကို ကြားခဲ့ဖူးသော်လည်း ထူးထူးခြားခြား ယုံကြည်ခဲ့ခြင်း မရှိချေ။

ရှီချီက သူ့ကို လျစ်လျူရှု လိုက်သည်။ သူ၏ လက်ချောင်းထိပ်ကြားတွင် ညှပ်လိုက်ပြီးနောက် အသာအယာ ပစ်လိုက်သောအခါ ထိုအဆောင်လက်ဖွဲ့က ယမ်းခါသွားပြီး လက်ထဲမှ လွှတ်ထွက်ကာ အဝေးသို့ ပျံသန်းသွားသည်။

ချန်းရှန်းဝေနှင့် လူတိုင်းက စိတ်ကူးယှဉ်စွမ်းအင် ရုပ်ရှင်တစ်ခုကို ကြည့်နေရသလိုမျိုးပင် ဂရုတစိုက် လိုက်ကြည့်နေကြသည်။ မျက်လုံးက အပြူးသားဖြင့် ထိုအဆောင်လက်ဖွဲ့က သူ့အလိုလို ပျံသထက် ပျံကာ ရှေ့သို့ ဆက်တိုက် သွားနေခြင်းကို ကြည့်နေကြသည်။

"တကယ်ကို အံ့ဩစရာပဲ"

"ဒီလောကကြီးမှာ ဒီလိုအရာမျိုး တကယ်ကို ရှိနေတာပဲ။ ငါက အားလုံးကို အတုအယောင်လို့ ထင်နေတာ"

"သခင်လေးရှီနှင့် ယှဉ်ရင် အဲဒီကိုယ့်ကိုယ်ကိုယ် ဆရာသခင်လို့ ခေါ်ကြတဲ့ လူတွေ အားလုံးက ငတုံးတွေပဲ။ ကိုယ့်ကိုယ်ကို ပုဂ္ဂိုလ်ကြီးတွေလို ဟန်ဆောင်နေကြတာ။ လူတွေရဲ့ ပိုက်ဆံလိမ်ဖို့ပဲ သိတယ်"

ထိုလူများက မည်မျှပင် ကိုယ်ကိုယ်ကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်စေကာမူ ဒီလို အခြေအနေမျိုးတွင် မတည်ငြိမ်နိုင်ကြတော့ဘဲ စကားကို အော်ကျယ် အော်ကျယ်ဖြင့် ပြောလိုက်ကြသည်။ သူတို့က ထိုအဆောင်လက်ဖွဲ့က ပျံသန်းသွားသော ဘက်သို့သာ မျက်တောင်ပင် မခတ်ရဲပဲ လိုက်ကြည့် နေကြပြီး တစ်စုံတစ်ရာကို မမြင်တွေ့လိုက် ရမည်ကို စိုးရိမ်နေကြသည်။

အဆောင်လက်ဖွဲ့ ပျံသန်းသွားသောဘက်က အလွန်ရှုပ်ထွေးနေခြင်း မရှိသည့် အပြင် လူတိုင်း၏ မျက်လုံးအောက်တွင် ရှိနေသေးလေသည်။ ထို့နောက် သိပ်မကြာခင် လေထဲတင် အေးခဲသွားသလိုမျိုး ရုတ်တရက် ရပ်တန့်သွားသည်။

ချက်ချင်းလိုလို ထိုနေရာ လေဟာနယ်ထဲမှ ကျောက်ပြားတစ်ပြား ပေါ်ထွက်လာသည်။ ရှီချီက ပြောသည်။

"ဒါပဲ"

ချန်းရှန်းဝေက ပထမဦးဆုံး အသိဝင်လာသည် ဖြစ်ပြီး ချက်ချင်းလိုလို ခေါင်းလှည့်ကာ မေးသည်။

"ဒါက ကပ်ဘေးရဲ့ အဓိက ပြဿနာပါလား။ ဒီကျောက်ပြားက လူ သတ်နိုင်တာပါလား"

ထိုကျောက်ပြားက လူတစ်ယောက် ထိုနေရာတွင် ရပ်လိုက်သော အရပ်ထက်ပင် ပို၍ကြီးမားနေသေးသည်။ ထို့ကြောင့် ကြည့်လေလေ မည်မျှပင် ကိုးရိုးကားရား နိုင်သလို ခံစားနေစေကာမူ ဘယ်သူကမှ ရှေ့တက်သွားပြီး မထိတွေ့ရဲကြချေ။ ထို့ကြောင့် ရှီချီကိုသာ ကြည့်နေကြသည်။

ရှီချီက မျက်နှာသေဖြင့် နင်မုန့်ကို လက်တစ်ဖက်ဖြင့် ကိုင်လျက် ဦးဆောင်ကာ ခေါ်သွားလိုက်သည်။

နင်မုန့်က ရှီချီကို ဒေါသထွက်နေရသော်လည်း လက်မလွှတ်လိုက်ရဲချေ။ သူမက သူ၏ အနားတွင် နေရုံသာ တတ်နိုင်ပြီး သူဘယ်သွားသွား နောက်မှသာ လိုက်နိုင်တော့သည်။

သူတို့က သိပ်မကြာခင် ထိုကျောက်ပြား အရှေ့သို့ ရောက်သွားပြီး ရပ်လိုက်ကြသည်။

ရှီချီက အဆောက်လက်ဖွဲ့ကို လှမ်းကာ စုပ်ဖြဲလိုက်သောအခါ ကျောက်ပြားက လူတိုင်း၏ အရှေ့တွင် ထင်ထင်ရှားရှား ပေါ်လာတော့သည်။ ထိပ်က ဗလာဖြစ်နေပြီး အလယ်နေရာတွင်မူ စကားလုံး အနည်းငယ်ကို အသော့ရေးသားထားသည်။

နင်မုန့်က တခဏခန့် တွေးတောပြီးနောက် စနစ်က သူမကို ယခင်က ပြောပြခဲ့ဖူးသော ပြီးပြည့်စုံသော ဂူသင်္ချိုင်းအကြောင်းကို သတိရသွားကာ ခန့်မှန်းကြည့်လိုက်သည်။

"ဒါက ကျောက်တုံး အုတ်ဂူလား"

"ကျောက်တုံးအုတ်ဂူ ဟုတ်လား"

ချန်းရှန်းဝေက မနေနိုင်ဘဲ မေးလိုက်သည်။

ရှီချီက‌ ခေါင်းညိတ်သည်။

"ဟုတ်တယ် ကျောက်တုံးအုတ်ဂူ"

"ဒါဆိုရင် ဒီအပေါ်မှာ လူသတ်သမားရဲ့နာမည် ရေးထားတာလား။ လူသတ်သမားက သေသွားပြီး သရဲဖြစ်လာတာလား"

ချန်းရှန်းဝေက ထို့သို့ ခန့်မှန်းကြည့်လိုက်ပြီး အလွန်ထိတ်လန့်သွားကာ ရှေ့မတိုးရဲတော့ချေ။

နင်မုန့်ကမူ သူ၏ တွေးတောသော နည်းလမ်းက လွန်ကဲလွန်းသည်ဟု ထင်ထားသည်။

သရဲအများစုက ရူးကြောင်ကြောင် လုပ်ရခြင်းကို သဘောကျပြီး အခြားသူများကို သေအောင် ဦးဆောင်ပေးရခြင်းကို ကြည့်ရှုရခြင်းအား နှစ်သက်လေ့ရှိသည်။ လုယွီချီနှင့် လီယွဲ့ယွီတို့ကို ဂူပိုင်ရှင်က သတ်ခဲ့ခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ ထိုကြောင့် ထိုသရဲက ဒီနေရာမှ ထွက်သွားနိုင်မည် ဟိုဟိုဒီဒီ ချောင်းကြည့်နိုင်ပေလိမ့်မည်။

"ဒါက ဒီအတိုင်း အာရုံလွှဲပြောင်းထားတဲ့ ဗျူဟာတစ်ခုပါပဲ"

ရှီချီက ပေါ့ပါးစွာ ပြောသည်။

သူက ဂူ၏ ဘယ်ဘက်ခြမ်းနေရာသို့ လက်ညှိုးပြသည်။

"အဲဒီနေရာကို ဖောက်လိုက်"

ချန်းရှန်းဝေက ထိုသို့ အာရုံလွှဲထားသည် ဆိုသော ဗျူဟာအကြောင်းကို နားမလည်သော်လည်း နောက်ဆုံးစကားကိုမူ နားလည်သည်။ ထို့ကြောင့် အလျင်အမြန်ပင် အနောက်မှ လူများကို ရှေ့တက်ခိုင်းလိုက်သည်။

"အခု မင်းတို့ အလုပ်ကို ကောင်းကောင်း လုပ်ရမယ့် အချိန်ပဲ။ အဲဒီနေရာကို တူးလိုက် တစ်ချက် ကြည့်ရအောင်"

ပုံရိပ်ရောင်ကို ကျော်ဖြတ်လာပြီး ကတည်းက ထိုနေရာက သူတို့ ဖြတ်ခဲ့သော နေရာနှင့် မတူတော့ချေ။ မြက်ခင်းပြင်ရဲ့ အတိတ်အသည်းဆုံး အပိုင်းကပင် သူတို့၏ ဒူးနေရာသာ ရောက်လေသည်။ သူတို့အတွက် မြေပြင်တွင် တူးရခြင်းက လွယ်ကူလေသည်။

သူတို့ အဖွဲ့က ယခုလေးတင် ဘာမှမရှာနိုင်ခဲ့ကြလေရာ ယခု လူပြင်းပြင်းထန်ထန် အားသုံးကာ တူးထုတ်ရမည့် အရေးတွင်မူ အလွန်အဆင်ပြေ သွားကြပြီး မိနစ်အနည်းငယ် တည်းနှင့် အပေါက်လေး တစ်ပေါက်ကို တူးလိုက်နိုင်ကြသည်။

ချန်းရှန်းဝေတို့ အားလုံးက ဘေးဘက်သို့ အတင်းတိုးလိုက်ကြပြီး မျက်လုံးအပြူးထားဖြင့် ကြည့်လိုက်ကြသည်။

နင်မုန့်ကလည်း ထို့အဖွဲ့နောက်မှ လိုက်ပြီး ရှီချီကမူ သူမထွက်သွားခြင်းကို ကြည့်နေရသည်။ သူတို့ ကြားရှိ အကွာအဝက အနည်းငယ် လှမ်းလာသောအခါ သူမက သူနှင့်နီးကပ်ရန်အတွက် ခြေလှမ်းအနည်းငယ် တဖန် ပြန်ဆုတ်လိုက်သည်။ ရှီချီက ဒါကို မြင်သောအခါ မည်သည့် စကားမှ မဆိုဘဲ နောက်မှ လိုက်လာပေးသည်။

သိပ်မကြာခင် တူးတော့ အပေါက်က ကြီးသထပ်ကြီးလာသည်။ တစ်ခဏခန့် ကြာပြီးနောက် ထိုအဖွဲ့က မာကျောသော တစ်စုံတစ်ရာကို တူးလိုက်မိသလို ခံစားလိုက်ရသဖြင့် ချက်ချင်းလိုလို စိတ်ဓာတ် တက်ကြွ သွားကြသည်။ အကြိမ် အနည်းအငယ် ထပ်တူးနေပြီးနောက် အောက်ဘက်ရှိ အရာများကို အနည်းငယ် မြင်လိုက်ရသည်။

စစ်ဆေးသူများကလည်း မမေ့ကြဘဲ စိတ်လှုပ်ရှားစွာ အော်ကြသည်။

"ကျွန်တော်တို့ တစ်ခုခုကို ရှာတွေ့ပြီ ထင်တယ်"

ချန်းရှန်းဝေက ချက်ချင်းကြည့်လိုက်သည်။

"မြန်မြန် မြန်မြန် ဂရုစိုက် တစ်ခုခု မှားသွားနိုင်တယ် အဲဒါကို မကျိုးမပဲ့သွားစေနဲ့"

ထိုပစ္စည်း၏ထိပ်က ပေါ်လာသည်နှင့် ထိုစစ်ဆေးသူများ အားလုံးက ဆက်လက်ပြီး မတူးရဲကြတော့ချေ။

သေးငယ်သော တွင်းထဲတွင် လေးထောင့် ကျောက်တုံးတစ်ခုကို မြှုပ်ထားသည်။ ဂူထဲ တစ်ခုလုံးက မြေဆီလွှာထဲတွင် ပုန်းနေသေးသည်။ ထို့သို့ဖြင့် စကားလုံး တစ်ဝက်ကိုသာ မြင်နိုင်နေသေးသည်။

လက်ရေးက မသပ်မရပ် ဖြစ်ပြီး မည်သည့် ဖောင့်ကို ထည့်သုံးထားသည်နှင့်မျှ မတူဘဲ ဖက်ရန်ပင် ခက်ခဲသေးသည်။

ချန်းရှန်းဝေက အချိန်အတန်ကြာ စိုက်ကြည့်နေပြန် ပြီးနောက် မေးပစ်လိုက်သည်။

"ဒီစကားလုံးတွေကို ငါ နားမလည်ဘူး။ ဘယ်လိုတောင် ရေးထားတာလဲ"

သူက တစ်စုံတစ်ရာကို သေချာဖတ်နိုင်ရန်အတွက် ကျန်သော ရွှံ့များကို ဘေးဘက်သို့ ဖယ်ရှားလိုက်ပြီး နောက်ဆုံးတွင် ထိုကျောက်တုံးကြီး၏ အကြမ်းမျဉ်းပုံစံကို မြင်လိုက်ရသည်။ ကြည့်ရသည်မှာ ဒါက ယခုလေးတင် မြင်လိုက်ရသော ကျောက်ပြားပုံစံနှင့် တစ်ထေရာတည်း တူညီသော အသေးစားတစ်ခု ဖြစ်သည်။

ကွာခြားချက်ကမူ နှစ်အိုးစလုံး မြင်လိုက်ရသော ကျောက်ပြားက သာမန်အရောင်ဖြစ်ပြီး ဒီတစ်ခုကမူ အပေါ်မှ အောက်အထိ ပိန်းပိန်အောင် မည်းမှောင်နေပြီး မျက်နှာမြင်များကလည်း မည်းမှောင်လွန်းနေကာ သဘာဝအလျောက် မည်းနေသည်နှင့် မတူတော့ချေ။

ထို့အပြင် ကျန်ရှိသော စကားလုံးများ အားလုံးက ပေါ်လာသည်။

ချန်းရှန်းဝေက အချိန်အတန်ကြာဖတ်ရန် ကြိုးစားပြီးနောက် တုံ့ဆိုင်းစွာ မေးသည်။

"ဒါက ဘယ်သူ့နာမည်လဲ"

ဘာလို့ သူတို့ အက္ခရာတစ်ခုကိုမှ နားမလည်ရတာလဲ။

နင်မုန့်ကလဲ နားမလည်နိုင်ချေ။ သို့သော် တစ်စုံတစ်ရာက မှားယွင်းနေသော ခံစားချက်မျိုးကို ရလိုက်သည်။ ထိုအခါမှ စနစ်က ထပြောလာသည်။

"ဒါက မင်းရဲ့ နာမည်ပဲ"

ငါ့ရဲ့နာမည် ဟုတ်လား။

နင်မုန့်ကမူ ချက်ချင်းလိုလို ခေါင်းလှည့်ကာ ကြည့်လိုက်သည်။

ရှီချီ၏ မျက်နှာက အလွန်မည်းမှောင်နေသည်။ သူကလည်း လက်ရှိအချိန်တွင် သူမကို စိုက်ကြည့်နေသည်။

...

ဟွန့်

ရှီချီရဲ့ လျှို့ဝှက်ဒိုင်ယာရီ 

Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။

Đọc tiếp

Bạn Cũng Sẽ Thích

158K 12.1K 50
အမှောင် အောက်က ‌ကျားရဲ တစ်ကောင်ရဲ့မျက်ဝန်းလို သွေးဆာ နေတဲ့ မျက်လုံး စိမ်းစိမ်း တောက်တောက်တွေ သွေးညှီနံ့ ဟောင်ထွက်နေတဲ့ အခန်းတွေ ထဲ က အလောင်းတွေ သတင်း...
74.7K 10.5K 200
အင်မော်တယ် ဇူအန် (မိတ်ဆက်) Keyboard Immortal ဘာသာပြန် Action Sharp မိုးကြိုးပစ်ခံရကာ ဘဝပြောင်းသွားသော ဇူအန်...။ လပြည့်မြို့တော်၏ လူ့အန္ဓ တစ်ယောက်အဖြစ...
34.1K 4.4K 44
ဘာသာပြန်သူ- စွဲညို့အသင်း ခေတ်ကာလ အပြောင်းအလဲ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ရုတ်တရက် စည်းပွင့်သွားလို့ နိုးထလာရတဲ့ သရဲဘုရင်ကြီးတစ်ယောက် လူသားလောကမ...
31.3K 2.8K 168
The Sovereign's Ascension. On Going. ကြီးမြတ်သော သခင်။ (လင်းယွန်) ဉာဏ်လင်းထက် ?#MC က ရှယ်ကြမ်းရင် ကြိုက်တယ် ဆိုတဲ့သူတွေ အတွက် ... ?#MC က အနိမ်ခံ ဘဝကိ...