Summer Night

By AyeThu2

8.5K 1K 29

နွေရဲ့ည... ညရဲ့နွေ More

အမှာစာ- ဖတ်ဖြစ်အောင်ဖတ်ရန်
~၁~
~၂~
~၄~
~၅~
~၆~
~၇~
~၈~
~၉~
~၁၀~
~၁၁~
~၁၂~

~၃~

490 62 0
By AyeThu2

တစ်ခုခုကို အစပြုလိုက်ပြီဆိုသည်နှင့် အစပြီးသည့်နောက်မှာ အရာရာဟာ အလိုလိုအသားကျသွားတတ်၏။ စကိုင်လိုက်မိသည့် လက်တစ်စုံဟာ မကိုင်ခင်က သင့်တော်ပါ့မလားဟု အတွေးမျိုးစုံဝင်ခဲ့ပေမဲ့ လက်ချင်းယှက်နွယ်သွားပြီးသည့်နောက်မှာ အရာအားလုံးဟာမခက်ခဲတော့။

မြစ်ကမ်းဘေးကနေဝင်ချိန်ဟာသိပ်ကိုလှ၏။ ရေပြင်ပေါ်ကိုဖြာကျသည့်ဆည်းဆာဟာတဖြည်းဖြည်းချင်းပျောက်ကွယ်သွားတာဟာ ငြိမ်သက်ငေးမောချင်စရာပင်၊ ထို့ထက်ကိုပို၍ သင်္ကြန်သီချင်းသံများကိုနားထောင်ရင်း ဘေးနားတွင်တစ်စုံတစ်ဦးအဖော်ပြုပေးနေတာဟာ ပို၍စိတ်ကြည်လင်စရာ။

ညပိုင်းမှာတော့ သောက်လို့ကောင်းသည်ဆိုသောအကြောင်းပြချက်ဖြင့်ဝယ်လာသော ခေါင်ရည်တွေကို ထုတ်ကာ ဝရံတာမှာလေညင်းခံရင်းသောက်မိကြ၏။ ည၏ သောက်နိုင်စွမ်းကတော်တော်လေးမြင့်မားသည်ဟုဆိုရပေမည်၊ မကြာခဏသောက်လေ့သောက်ထမရှိသော်လည်း တော်ရုံမမူးတတ်ပေ၊ သို့သော် နွေကတော့ ဟုတ်ဟန်မတူ။ ည သောက်နေသော ဝါးကျည်ထောက်ဘူးတစ်ခုလုံးကုန်ခါနီးဖြစ်သော်လည်း နွေကတော့ ပိုက်နှင့်အနည်းငယ်စုပ်သောက်ရုံသာရှိသေး၏။

"နွေ မသောက်နိုင်ဘူးထင်တယ်"

ညလေပြည်ဟာတော့ နေ့ခင်းလေပူတွေနှင့်မတူ အေးမြလှ၏၊ ကမ်းနားမှာ ညမီးရောင်ကြောင့် စည်ကားသိုက်မြိုက်မှုတွေကိုမြင်ရသလို သီချင်းသံ၊ ဆိုင်ကယ်၊ စကားပြောသံ ရယ်မောသံများဖြင့် ဆိပ်ကမ်းတစ်ခုလုံးဟာ နေ့ခင်းအလား သက်ဝင်လှုပ်ရှားလို့နေပြန်၏။

"အင်း"

"ဧရာဝတီက သိပ်လှတာပဲ ည ရောက်ဖူးချင်ခဲ့တာကြာပြီ အခုမှပဲ ဆန္ဒပြည့်တော့တယ် နွေ့ကိုကျေးဇူးတင်တယ်"

ည၏စကားလမ်းကြောင်းလွှဲလိုက်မှုကို နွေကဘာမှမပြော၊ ခဏလေးကြာပြီးမှ

"တကယ်ကြတော့ အပြန်အလှန် benefit ကြောင့်ပဲမလား ကျေးဇူးတင်စရာမလိုပါဘူး"

ဒီစကားကိုကြားလိုက်ရတော့ ည ရယ်မောလိုက်မိ၏။

"ဒါပေါ့ ဒါပေါ့ အပြန်အလှန် benefits ဟုတ်တာပေါ့ ဒါဆို ညတစ်ခုမေးချင်တယ် နွေဖြေပေးမလား"

"ဘာလဲ"

"နွေပြောတယ်မလား ဒီခရီးကိုဘာကြောင့်လာခဲ့လဲဆိုတာ အဖြေရှာမရဘူးလို့ ဒါပေမဲ့ နွေစိတ်ထဲမှာအဖြေရှိနေပြီးသားမလား သူငယ်ချင်း၊ မိတ်ဆွေ၊ ချစ်သူ၊ မိသားစုတွေနဲ့အတူတူသွားလို့ရတဲ့ခရီးကိုသူစိမ်းမိန်းကလေးတစ်ယောက်ကို အဖော်ခေါ်တယ်ဆိုကတည်းက နွေက တစ်ခုခုကိုသိချင်နေလို့ပဲမလား"

နွေဟာ ငြိမ်သက်စွာပဲ အဝေးကမြစ်ရေပြင်ကိုငေးမောနေ၏။ ည အလိုက်သိစွာ ထပ်မပြောတော့ဘဲ တိတ်ဆိတ်စွာပဲ အတူတူလိုက်ငေးမောနေမိ၏။

"ကိုယ့်ကိုယ်ကိုယ်ရဲ့ ဖြစ်တည်မှုကိုသိချင်မိလို့"

မြစ်ရေပြင်ဆီရောက်နေသောအကြည့်တွေကို နွေ၏မျက်နှာလှလှလေးပေါ်ပို့လိုက်မိ၏။ အကြည့်ချင်းဆုံမိတော့ တည်တည်ငြိမ်ငြိမ် မျက်ဝန်းတွေက ပဟေဠိဆန်နေသလို၊ နွေဆိုလိုချင်သည့်သဘောကို ည နားလည်သလိုပင်။

"ဒါဆို နွေ အခုရောခံစားလို့ရပြီလား"

ဆံညှပ်ထိန်းထားသည့်ကြားကနေ ကျဆင်းနေသော ဆံနွယ်တွေကိုအသာအယာတို့ထိလိုက်ပြီး နားရွက်နီနီလေးတွေကို အသာအယာကိုက်လိုက်မိ၏။ နွေ၏အနီရောင်သမ်းနေတတ်သော နားရွက်လေးတွေဟာ သိပ်ချစ်စရာကောင်းလှ၏။ အနည်းငယ်တုန်ရီသွားသော နွေရဲ့ခန္ဓာကိုယ်၏ လှုပ်ရှားမှုကို ည ခံစားလိုက်ရသည်။ ခပ်တိုးတိုးရယ်လိုက်မိရင်း ပခုံးစွန်းကို ခပ်ဖွဖွမှီလိုက်ကာ

"နွေ ကျွန်မတို့တွေမှာ ရက်အနည်းငယ်ပဲ အချိန်ရှိတာနော် နွေရှာနေတဲ့အဖြေကို တွေ့မယ်လို့ထင်လား"

ည၏အမေးကို နွေပြန်မဖြေခဲ့ပေ။ ညက ဆက်လက်၍ပြောလိုက်၏။ ဒီစကားက ညအတွက် တကယ်ကိုယခုလက်ရှိမှာဖြစ်ပေါ်နေသည့် အစစ်အမှန်ခံစားချက်ဖြစ်၏။

"နွေရွေးချယ်လိုက်တဲ့သူက ညဖြစ်နေလို့ အရမ်းကောင်းတာပဲ"

~~~~~~~~

ညတို့စီးရမည့် သင်္ဘောသည် ဆိပ်ကမ်းတွင်ရေတိမ်ကာ သောင်ထွန်းနေတာကြောင့်ကြောင့် ဆိပ်ကမ်းတွင်ကပ်၍မရပေ၊ သင်္ကြန်ကာလတွေမှာရေတိုးသော်လည်း အနည်းငယ်မျှသာဖြစ်၍ နွေရာသီ၏ ရေခမ်းခြောက်မှုကပိုအားသာနေ၏။
သောင်ပြင်၏တစ်ဖက်မှာကပ်ထားသော သင်္ဘောဆီရောက်ဖို့ ဆိပ်ကမ်းကနေစက်လှေဖြင့်တစ်ဆင့်သွားရ၏။ ညတို့အပါအဝင် လူဆယ့်နှစ်ယောက်ရှိလေသည်။ ညတို့နှစ်ယောက်မှလွဲ၍ ကျန်သော သူများသည် အုပ်စုဖွဲ့လာခဲ့ပုံရသည်။ စက်လှေပေါ်တွင်အုပ်စုလိုက်စကားတွေပြောကြဓာတ်ပုံတွေရိုက်ကြဖြင့် ညတို့နှစ်ယောက်လိုတိတ်ဆိတ်မနေဘဲ ပျော်ရွှင်နေကြ၏။

ဖိနပ်အပါးလေးစီးလာတာကြောင့် သဲသောင်ပြင်က သဲအထိအတွေ့ကိုခံစားမိနေ၏။ မနက်ခင်း ၉ နာရီခွဲခန့်သာရှိသေး၍ ရာသီဥတုသိပ်မပူသေးတာကြောင့် သဲသောင်ပြင်ကလည်း ပူပြင်းမနေပေ၊ ဖြူလွှလွှ သဲသောင်ပြင်မှာ မရင့်ဘဲကျန်မြေပဲပင်တချို့ကိုသာတွေ့ရတော့၏။
စက်လှေပေါ်ကဆင်းလာသော နွေကိုလက်ကမ်းပေးလိုက်တော့ နွေက ည၏လက်ကို ဆုပ်ကိုင်ကာဆင်းလာသည်။

"ပဲခင်းတွေကနှုတ်ပြီးတော့တာလား"

အတော်လေးဝေးသည့်နေရာမှာ အုပ်သုလိုက်ပဲနှုတ်နေတာတွေ့ရတော့ ပြောင်နေသည့်အခင်းတွေကိုကြည့်ကာ ခပ်တိုးတိုးမေးလိုက်မိ၏။

"အင်း သင်္ကြန်မတိုင်ခင် ပဲကောက်ကြတာ ဒါတွေကနောက်ကျမှစိုက်လို့ ရေတက်ချိန်ဆိုသတိထားရတယ် ပဲတွေရေနစ်မှာစိုးလို့"

"နွေက တကယ်သိတာပဲ နွေကဘယ်လိုလူလဲ ဘာအလုပ်လုပ်လဲ တကယ်သိချင်လာပြီ"

ည၏စကားကြောင့် နှုတ်ခမ်းတွေကိုတင်းတင်းစေ့သွားသောနွေ၏ပခုံးစွန်းလေးကို မေးတင်ကာခပ်တိုးတိုးရယ်လိုက်တော့ နားရွက်ဖျားနီနီ၊ နားသယ်စပ်စိမ်းစိမ်း၊ ကြည်လင်ကာအနည်းငယ်နီနေသည့်ပါးပြင်နှင့် မျက်တောင်ရှည်တွေကိုတွေ့ရ၏။ နားရွက်ဖျားဆီကရေမွှေးရနံ့ကိုလည်းရပြန်သည်။

ညတို့စီးရမည့်သင်္ဘောက နှစ်ထပ်ဖြစ်ပြီးကျွန်းသစ်တွေနှင့်လုပ်ထားတာဖြစ်သလို ကျွန်းရောင်ဆေးသုတ်ထားတာဖြစ်လို့ ပို၍တောက်ပြောင်ကာကြည့်ကောင်းလှ၏။ ညတို့ရှေ့ကအုပ်စု အကုန်လုံးတက်ပြီးမှ ညတို့တက်လာခဲ့သည်။ သင်္ဘောပေါ်ကအခန်းတွေက နှစ်ယောက်ခန်းတွေဖြစ်ပြီး သင်္ဘော ကပ္ပတိန်နှင့်အတူ လက်ထောက်တစ်ယောက်ပါရှိ၏။ ညတို့နှင့်အတူလိုက်ပါမည့်အုပ်စုက လူလတ်ပိုင်းအရွယ်တွေဖြစ်သလို အုပ်စုလိုက်ပျော်ကြပါးကြမည့်ဖြစ်တာကြောင့် အောက်ထပ်ကိုယူပြီး ညတို့ကတော့ အပေါ်ထပ်ကိုပဲယူလိုက်၏။ အပေါ်ထပ်တွင်ကအခန်းနှစ်ခန်းရှိတာဖြစ်ပြီး ထိုအုပ်စုထဲက အမျိုးသမီးနှစ်ယောက်ကလည်း ညတို့နှင့်အတူအပေါ်မှာနေလေသည်။

အခန်းတွေစီစဉ်ထားတာကတော့ တကယ်ကို ဟိုတယ်တွေလိုပင်၊ double beds ရှိပြီးအလယ်မှာတော့ ကျွန်းစားပွဲတစ်လုံးရှိပြီး ရေပူရေအေး aircon အကုန်ပါသလို wifi ပါရသေးသည်။ အပြင်အဆင်အားလုံးက ကျွန်းသစ်တွေကိုသုံးထားတာကြောင့် ကြည့်ရတာ ခန့်ညား၏။

ညတို့နေရာချပြီး မကြာခင်မှာဘဲ သင်္ဘောစထွက်၏။ နာရီကိုကြည့်လိုက်တော့ ဆယ်နာရီထိုးလုလု။

"နွေ ညတို့အပြင်ထွက်ကြည့်ကြမလား"

"အင်း"

အိတ်ထဲကပါလာသော ကင်မရာကိုဆွဲထုတ်လိုက်ပြီး ကြည့်နေသောနွေ့ကို တစ်ချက်ရယ်ပြလိုက်ကာ

"သူငယ်ချင်းဆီကငှါးလာတာလေ သဘာဝအလှတရားတွေက နှလုံးသားနဲ့ခံစားပြီး ဦးနှောက်ကမှတ်သားရတယ်ဆိုပေမဲ့ အလှတရားဆိုတာကမျှဝေရမဲ့အရာမလား ဒါကြောင့် ဓာတ်ပုံရိုက်ပြီး သူငယ်ချင်းတွေကို ပြရအောင်လို့"

နွေက ခေါင်းညိမ့်ပြတော့ ည တိတ်တိတ်လေးသက်ပြင်းခိုးချမိ၏။ ဘာကြောင့်များ ကျောင်းစရိတ်လိုလို့ဆိုသည့်စကားကို လိမ်ပြောနိုင်ခဲ့လေလဲမသိ၊ ည နည်းနည်းတော့နောင်တရချင်လာသည်။

အပြင်ထွက်တော့ နေရောင်က အနည်းငယ်ပြင်းနေပြီဖြစ်၏၊ ကင်မရာကို ဗန်းမော်ဆိပ်ကမ်းဘက်ကိုချိန်လိုက်ပြီး အမှတ်တရရိုက်ယူထားလိုက်သည်။ အပေါ်ထပ်ရော အောက်ထပ်ရောမှာအခန်းများ၏ထိပ်ဦး ကုန်းပတ်ကအတော်လေးကျယ်ဝန်း၏။ အောက်ထပ်တွင်တော့ ဆက်တီစားပွဲကုလားထိုင်တွေချထားကာ ထမင်းစားဖို့ကိုလည်း အဲ့ဒီမှာပဲစီစဉ်ပေးမည်ဟုသိရသည်။ အပေါ်ထပ်ကတော့ အောက်ထပ်ထက်စာရင် အနည်းငယ်ကျဉ်းသော်လည်း ဆက်တီထိုင်ခုံသုံးလေးခုံချထားကာ အပန်းဖြေရှု့ခင်းကြည့်နိုင်၏။

တရွေ့ရွေ့ခွါနေသော သင်္ဘောဟာ ဖြည်းဖြည်းချင်းဝေးကွာလို့လာ၏။ ကျယ်ဝန်းလှသောမြစ်ပြင်မှာ သဗ္ဗာန်ငယ်လေးတွေ လှော်ခတ်နေကြသလို ခပ်လှမ်းလှမ်းမှာ ဆိုက်ထားသော ခရီးသွားသင်္ဘောငယ်တစ်စင်ကိုလည်းတွေ့ရသည်။ ပဲကောက်နေကြသည့်လူတွေဟာလည်း မှုန်ဝါးသွားသလို သင်္ဘောဟာလည်း မြစ်ပြင်ကျယ်ကြီးထဲမှာ ခုတ်မောင်းနေ၏။ ခပ်ဝါးဝါးမြင်တွေ့နေရသောကမ်းပါးတွေဟာ စိမ်းစိုနေသလို တစ်စထက်တစ်စဆိပ်ကမ်းကလည်းဝေးသွား၏။

ကင်မရာကို zoom ဆွဲလိုက်ရင် နွေ့ရဲ့ဘက်ကိုလှည့်လိုက်တော့ ကင်မရာ၏ focus ဆီကိုနွေ၏ပုံရိပ်ကဝင်ရောက်လာသည်။ မကောင်းမှန်းသိသော်လည်း ကင်မရာထဲကနွေဟာ ကြည့်ကောင်းလွန်း၏။ နွေ၏ပုံရိပ်ကို ကင်မရာမှာသိမ်းဆည်းလိုက်တော့ အပြင်ကနွေက ညကိုနှုတ်ခမ်းတွေတင်းတင်းစေ့လျက်ကြည့်လာ၏။

"ဆောရီး ည ပြန်ဖျက်ပေးမယ်လေ ဒါပေမဲ့ နွေတအားလှတယ် ဘယ်လိုလုပ်မလဲ ဘယ်သူ့ကိုမှမပြဘူးလေ ညတစ်ယောက်ပဲကြည့်မယ်လေ နော်လို့"

အင်္ကျီလက်စလေးကို ဆွဲကာခပ်တိုးတိုးပြောလိုက်တော့ နွေကစကားမဆိုဘဲ ပြန်လှည့်သွား၏။ မငြင်းပယ်ဘူးဆိုမှတော့ ခွင့်ပြုလို့မဟုတ်လား၊ ည တိတ်တိတ်လေးကြိတ်ကာခိုးပြုံးလိုက်မိပြန်သည်။

နွေက တကယ်ကိုပဲ ချစ်စရာကောင်းလှ၏။

ညတို့အခန်းထဲကိုပြန်မဝင်ဖြစ်ကြ၊ နွေရာသီကပူသော်လည်း သင်္ဘောပေါ်တွင်တော့ မြစ်ရေကြောင့်လားမသိ လေနုအေးအေးတိုက်ခတ်နေ၏။ ဆက်တီခုံပေါ်မှာထိုင်ရင်း မြစ်ကြောင်းတစ်လျှောက်ငေးကြည့်မိတော့ ပြာလွင်လွင်ကောင်းကင်၊ သဲသောင်ခုံတွေမှာ ထိုးထားသော သက်ကယ်တဲ၊ မိုးကာတဲလေးတွေ၊ ကိုင်းပင်ရှည်ရှည်တွေနှင့် လှေငယ်လေးတွေနှင့် ကိုယ်စီကွန်ပစ်နေကြသော လူတွေကို တွေ့ရှိရ၏။

"ရေကျနေတုန်းပဲ သဲသောင်ခုံမှာနေလို့ရတာမလား ရေတက်တော့သူတို့တွေ ဘယ်မှာများနေကြလဲမသိဘူးနော်"

"ဆိပ်ကမ်းတို့ ဘုန်းကြီးကျောင်းတို့ပေါ့"

ဒီတစ်ခါတော့ ည၏အမေးကို နွေကချက်ချင်းပြန်အဖြေပေး၏။

"အိုး အဆင်မပြေလိုက်တာနော် မိန်းကလေးတွေအတွက်ဆိုပိုဆိုးမယ်ထင်တယ်
အိမ်ဝယ်ဖို့ကြတော့လည်း အဆင်မပြေကြတာဆိုတော့ ဒုက္ခများလိုက်တာ ပိုက်ဆံမရှိတာကတော်တော်ဆိုးတာပဲ"

ညရဲ့စကားကြောင့် နွေကညကိုစိုက်ကြည့်လာ၏ ထို့နောက်

"ဖုန်းနံပါတ်က payment app တွေသုံးတဲ့နံပါတ်လား"

"အင်း ဟုတ်တယ်လေ"

"အင်း"

နွေကသူ့ဖုန်းကိုထုတ်ကာ ကိုင်နေတော့ ညတစ်ဖက်ကိုလှည့်ကာ ခပ်ဝေးဝေးကကျန်ခဲ့သည့်တံငါတဲလေးတွေကိုကြည့်နေမိသည်။ ခဏလေးကြာတော့ ည၏ဖုန်းထံသို့မက်ဆေ့ဝင်လာသံကိုကြားလိုက်ရ၏၊
စိတ်ထဲတွင်သင်္ကာမကင်းဖြစ်သွားတာကြောင့် ဖုန်းကိုကြည့်လိုက်တော့ cash payment ရောက်လာသောမက်ဆေ့ပင်၊ ငါးသောင်းတိတိပင်။ ညရဲ့မျက်ခုံးတွေကို ကြုံ့မိရင်း နှုတ်ခမ်းကိုကိုက်လိုက်မိ၏။
လိမ်ထားလို့စိတ်မသက်မသာဖြစ်နေသည်လားမပြောတတ်တော့။

"အရွက်တွေက အပြင်မှာသုံးရဦးမှာမို့လို့လေ တကယ်လို့အဆင်ပြေရင် သင်္ဘောကပ်တဲ့မြို့မှာထုတ်လိုက်ရင်ရမှာပါ"

ည၏အမူအယာကို နွေတစ်မျိုးထင်သွားလေလားမသိ၊ ည တစ်ချက်ရယ်ပြလိုက်ပြီး

"မလိုပါဘူး ဒါလည်းအဆင်ပြေပါတယ်"

ည တိတ်တိတ်လေးသက်ပြင်းချလိုက်မိ၏၊ ဒီလိုလွှဲပေးလိုက်တာဟာ အဆင်ပြေသည်လေ နွေ၏အကောင့်ထဲကို ပြန်ထည့်ပေးလိုက်လို့ရတာကို တွေးမိတော့ စိတ်သက်သာရာရသွား၏။

28.3.2024

Zawgyi >>

တစ္ခုခုကို အစျပဳလိုက္ၿပီဆိုသည္ႏွင့္ အစၿပီးသည့္ေနာက္မွာ အရာရာဟာ အလိုလိုအသားက်သြားတတ္၏။ စကိုင္လိုက္မိသည့္ လက္တစ္စုံဟာ မကိုင္ခင္က သင့္ေတာ္ပါ့မလားဟု အေတြးမ်ိဳးစုံဝင္ခဲ့ေပမဲ့ လက္ခ်င္းယွက္ႏြယ္သြားၿပီးသည့္ေနာက္မွာ အရာအားလုံးဟာမခက္ခဲေတာ့။

ျမစ္ကမ္းေဘးကေနဝင္ခ်ိန္ဟာသိပ္ကိုလွ၏။ ေရျပင္ေပၚကိုျဖာက်သည့္ဆည္းဆာဟာတျဖည္းျဖည္းခ်င္းေပ်ာက္ကြယ္သြားတာဟာ ၿငိမ္သက္ေငးေမာခ်င္စရာပင္၊ ထို႔ထက္ကိုပို၍ သၾကၤန္သီခ်င္းသံမ်ားကိုနားေထာင္ရင္း ေဘးနားတြင္တစ္စုံတစ္ဦးအေဖာ္ျပဳေပးေနတာဟာ ပို၍စိတ္ၾကည္လင္စရာ။

ညပိုင္းမွာေတာ့ ေသာက္လို႔ေကာင္းသည္ဆိုေသာအေၾကာင္းျပခ်က္ျဖင့္ဝယ္လာေသာ ေခါင္ရည္ေတြကို ထုတ္ကာ ဝရံတာမွာေလညင္းခံရင္းေသာက္မိၾက၏။ ည၏ ေသာက္နိုင္စြမ္းကေတာ္ေတာ္ေလးျမင့္မားသည္ဟုဆိုရေပမည္၊ မၾကာခဏေသာက္ေလ့ေသာက္ထမရွိေသာ္လည္း ေတာ္႐ုံမမူးတတ္ေပ၊ သို႔ေသာ္ ေႏြကေတာ့ ဟုတ္ဟန္မတူ။ ည ေသာက္ေနေသာ ဝါးက်ည္ေထာက္ဘူးတစ္ခုလုံးကုန္ခါနီးျဖစ္ေသာ္လည္း ေႏြကေတာ့ ပိုက္ႏွင့္အနည္းငယ္စုပ္ေသာက္႐ုံသာရွိေသး၏။

"ေႏြ မေသာက္နိုင္ဘူးထင္တယ္"

ညေလျပည္ဟာေတာ့ ေန႕ခင္းေလပူေတြႏွင့္မတူ ေအးျမလွ၏၊ ကမ္းနားမွာ ညမီးေရာင္ေၾကာင့္ စည္ကားသိုက္ၿမိဳက္မႈေတြကိုျမင္ရသလို သီခ်င္းသံ၊ ဆိုင္ကယ္၊ စကားေျပာသံ ရယ္ေမာသံမ်ားျဖင့္ ဆိပ္ကမ္းတစ္ခုလုံးဟာ ေန႕ခင္းအလား သက္ဝင္လႈပ္ရွားလို႔ေနျပန္၏။

"အင္း"

"ဧရာဝတီက သိပ္လွတာပဲ ည ေရာက္ဖူးခ်င္ခဲ့တာၾကာၿပီ အခုမွပဲ ဆႏၵျပည့္ေတာ့တယ္ ေႏြ႕ကိုေက်းဇူးတင္တယ္"

ည၏စကားလမ္းေၾကာင္းလႊဲလိုက္မႈကို ေႏြကဘာမွမေျပာ၊ ခဏေလးၾကာၿပီးမွ

"တကယ္ၾကေတာ့ အျပန္အလွန္ benefit ေၾကာင့္ပဲမလား ေက်းဇူးတင္စရာမလိုပါဘူး"

ဒီစကားကိုၾကားလိုက္ရေတာ့ ည ရယ္ေမာလိုက္မိ၏။

"ဒါေပါ့ ဒါေပါ့ အျပန္အလွန္ benefits ဟုတ္တာေပါ့ ဒါဆို ညတစ္ခုေမးခ်င္တယ္ ေႏြေျဖေပးမလား"

"ဘာလဲ"

"ေႏြေျပာတယ္မလား ဒီခရီးကိုဘာေၾကာင့္လာခဲ့လဲဆိုတာ အေျဖရွာမရဘူးလို႔ ဒါေပမဲ့ ေႏြစိတ္ထဲမွာအေျဖရွိေနၿပီးသားမလား သူငယ္ခ်င္း၊ မိတ္ေဆြ၊ ခ်စ္သူ၊ မိသားစုေတြနဲ႕အတူတူသြားလို႔ရတဲ့ခရီးကိုသူစိမ္းမိန္းကေလးတစ္ေယာက္ကို အေဖာ္ေခၚတယ္ဆိုကတည္းက ေႏြက တစ္ခုခုကိုသိခ်င္ေနလို႔ပဲမလား"

ေႏြဟာ ၿငိမ္သက္စြာပဲ အေဝးကျမစ္ေရျပင္ကိုေငးေမာေန၏။ ည အလိုက္သိစြာ ထပ္မေျပာေတာ့ဘဲ တိတ္ဆိတ္စြာပဲ အတူတူလိုက္ေငးေမာေနမိ၏။

"ကိုယ့္ကိုယ္ကိုယ္ရဲ႕ ျဖစ္တည္မႈကိုသိခ်င္မိလို႔"

ျမစ္ေရျပင္ဆီေရာက္ေနေသာအၾကည့္ေတြကို ေႏြ၏မ်က္ႏွာလွလွေလးေပၚပို႔လိုက္မိ၏။ အၾကည့္ခ်င္းဆုံမိေတာ့ တည္တည္ၿငိမ္ၿငိမ္ မ်က္ဝန္းေတြက ပေဟဠိဆန္ေနသလို၊ ေႏြဆိုလိုခ်င္သည့္သေဘာကို ည နားလည္သလိုပင္။

"ဒါဆို ေႏြ အခုေရာခံစားလို႔ရၿပီလား"

ဆံညွပ္ထိန္းထားသည့္ၾကားကေန က်ဆင္းေနေသာ ဆံႏြယ္ေတြကိုအသာအယာတို႔ထိလိုက္ၿပီး နား႐ြက္နီနီေလးေတြကို အသာအယာကိုက္လိုက္မိ၏။ ေႏြ၏အနီေရာင္သမ္းေနတတ္ေသာ နား႐ြက္ေလးေတြဟာ သိပ္ခ်စ္စရာေကာင္းလွ၏။ အနည္းငယ္တုန္ရီသြားေသာ ေႏြရဲ႕ခႏၶာကိုယ္၏ လႈပ္ရွားမႈကို ည ခံစားလိုက္ရသည္။ ခပ္တိုးတိုးရယ္လိုက္မိရင္း ပခုံးစြန္းကို ခပ္ဖြဖြမွီလိုက္ကာ

"ေႏြ ကြၽန္မတို႔ေတြမွာ ရက္အနည္းငယ္ပဲ အခ်ိန္ရွိတာေနာ္ ေႏြရွာေနတဲ့အေျဖကို ေတြ႕မယ္လို႔ထင္လား"

ည၏အေမးကို ေႏြျပန္မေျဖခဲ့ေပ။ ညက ဆက္လက္၍ေျပာလိုက္၏။ ဒီစကားက ညအတြက္ တကယ္ကိုယခုလက္ရွိမွာျဖစ္ေပၚေနသည့္ အစစ္အမွန္ခံစားခ်က္ျဖစ္၏။

"ေႏြေ႐ြးခ်ယ္လိုက္တဲ့သူက ညျဖစ္ေနလို႔ အရမ္းေကာင္းတာပဲ"

~~~~~~~~

ညတို႔စီးရမည့္ သေဘၤာသည္ ဆိပ္ကမ္းတြင္ေရတိမ္ကာ ေသာင္ထြန္းေနတာေၾကာင့္ေၾကာင့္ ဆိပ္ကမ္းတြင္ကပ္၍မရေပ၊ သၾကၤန္ကာလေတြမွာေရတိုးေသာ္လည္း အနည္းငယ္မွ်သာျဖစ္၍ ေႏြရာသီ၏ ေရခမ္းေျခာက္မႈကပိုအားသာေန၏။
ေသာင္ျပင္၏တစ္ဖက္မွာကပ္ထားေသာ သေဘၤာဆီေရာက္ဖို႔ ဆိပ္ကမ္းကေနစက္ေလွျဖင့္တစ္ဆင့္သြားရ၏။ ညတို႔အပါအဝင္ လူဆယ့္ႏွစ္ေယာက္ရွိေလသည္။ ညတို႔ႏွစ္ေယာက္မွလြဲ၍ က်န္ေသာ သူမ်ားသည္ အုပ္စုဖြဲ႕လာခဲ့ပုံရသည္။ စက္ေလွေပၚတြင္အုပ္စုလိုက္စကားေတြေျပာၾကဓာတ္ပုံေတြရိုက္ၾကျဖင့္ ညတို႔ႏွစ္ေယာက္လိုတိတ္ဆိတ္မေနဘဲ ေပ်ာ္႐ႊင္ေနၾက၏။

ဖိနပ္အပါးေလးစီးလာတာေၾကာင့္ သဲေသာင္ျပင္က သဲအထိအေတြ႕ကိုခံစားမိေန၏။ မနက္ခင္း ၉ နာရီခြဲခန့္သာရွိေသး၍ ရာသီဥတုသိပ္မပူေသးတာေၾကာင့္ သဲေသာင္ျပင္ကလည္း ပူျပင္းမေနေပ၊ ျဖဴလႊလႊ သဲေသာင္ျပင္မွာ မရင့္ဘဲက်န္ေျမပဲပင္တခ်ိဳ႕ကိုသာေတြ႕ရေတာ့၏။
စက္ေလွေပၚကဆင္းလာေသာ ေႏြကိုလက္ကမ္းေပးလိုက္ေတာ့ ေႏြက ည၏လက္ကို ဆုပ္ကိုင္ကာဆင္းလာသည္။

"ပဲခင္းေတြကႏႈတ္ၿပီးေတာ့တာလား"

အေတာ္ေလးေဝးသည့္ေနရာမွာ အုပ္သုလိုက္ပဲႏႈတ္ေနတာေတြ႕ရေတာ့ ေျပာင္ေနသည့္အခင္းေတြကိုၾကည့္ကာ ခပ္တိုးတိုးေမးလိုက္မိ၏။

"အင္း သၾကၤန္မတိုင္ခင္ ပဲေကာက္ၾကတာ ဒါေတြကေနာက္က်မွစိုက္လို႔ ေရတက္ခ်ိန္ဆိုသတိထားရတယ္ ပဲေတြေရနစ္မွာစိုးလို႔"

"ေႏြက တကယ္သိတာပဲ ေႏြကဘယ္လိုလူလဲ ဘာအလုပ္လုပ္လဲ တကယ္သိခ်င္လာၿပီ"

ည၏စကားေၾကာင့္ ႏႈတ္ခမ္းေတြကိုတင္းတင္းေစ့သြားေသာေႏြ၏ပခုံးစြန္းေလးကို ေမးတင္ကာခပ္တိုးတိုးရယ္လိုက္ေတာ့ နား႐ြက္ဖ်ားနီနီ၊ နားသယ္စပ္စိမ္းစိမ္း၊ ၾကည္လင္ကာအနည္းငယ္နီေနသည့္ပါးျပင္ႏွင့္ မ်က္ေတာင္ရွည္ေတြကိုေတြ႕ရ၏။ နား႐ြက္ဖ်ားဆီကေရေမႊးရနံ႕ကိုလည္းရျပန္သည္။

ညတို႔စီးရမည့္သေဘၤာက ႏွစ္ထပ္ျဖစ္ၿပီးကြၽန္းသစ္ေတြႏွင့္လုပ္ထားတာျဖစ္သလို ကြၽန္းေရာင္ေဆးသုတ္ထားတာျဖစ္လို႔ ပို၍ေတာက္ေျပာင္ကာၾကည့္ေကာင္းလွ၏။ ညတို႔ေရွ႕ကအုပ္စု အကုန္လုံးတက္ၿပီးမွ ညတို႔တက္လာခဲ့သည္။ သေဘၤာေပၚကအခန္းေတြက ႏွစ္ေယာက္ခန္းေတြျဖစ္ၿပီး သေဘၤာ ကပၸတိန္ႏွင့္အတူ လက္ေထာက္တစ္ေယာက္ပါရွိ၏။ ညတို႔ႏွင့္အတူလိုက္ပါမည့္အုပ္စုက လူလတ္ပိုင္းအ႐ြယ္ေတြျဖစ္သလို အုပ္စုလိုက္ေပ်ာ္ၾကပါးၾကမည့္ျဖစ္တာေၾကာင့္ ေအာက္ထပ္ကိုယူၿပီး ညတို႔ကေတာ့ အေပၚထပ္ကိုပဲယူလိုက္၏။ အေပၚထပ္တြင္ကအခန္းႏွစ္ခန္းရွိတာျဖစ္ၿပီး ထိုအုပ္စုထဲက အမ်ိဳးသမီးႏွစ္ေယာက္ကလည္း ညတို႔ႏွင့္အတူအေပၚမွာေနေလသည္။

အခန္းေတြစီစဥ္ထားတာကေတာ့ တကယ္ကို ဟိုတယ္ေတြလိုပင္၊ double beds ရွိၿပီးအလယ္မွာေတာ့ ကြၽန္းစားပြဲတစ္လုံးရွိၿပီး ေရပူေရေအး aircon အကုန္ပါသလို wifi ပါရေသးသည္။ အျပင္အဆင္အားလုံးက ကြၽန္းသစ္ေတြကိုသုံးထားတာေၾကာင့္ ၾကည့္ရတာ ခန့္ညား၏။

ညတို႔ေနရာခ်ၿပီး မၾကာခင္မွာဘဲ သေဘၤာစထြက္၏။ နာရီကိုၾကည့္လိုက္ေတာ့ ဆယ္နာရီထိုးလုလု။

"ေႏြ ညတို႔အျပင္ထြက္ၾကည့္ၾကမလား"

"အင္း"

အိတ္ထဲကပါလာေသာ ကင္မရာကိုဆြဲထုတ္လိုက္ၿပီး ၾကည့္ေနေသာေႏြ႕ကို တစ္ခ်က္ရယ္ျပလိုက္ကာ

"သူငယ္ခ်င္းဆီကငွါးလာတာေလ သဘာဝအလွတရားေတြက ႏွလုံးသားနဲ႕ခံစားၿပီး ဦးေႏွာက္ကမွတ္သားရတယ္ဆိုေပမဲ့ အလွတရားဆိုတာကမွ်ေဝရမဲ့အရာမလား ဒါေၾကာင့္ ဓာတ္ပုံရိုက္ၿပီး သူငယ္ခ်င္းေတြကို ျပရေအာင္လို႔"

ေႏြက ေခါင္းညိမ့္ျပေတာ့ ည တိတ္တိတ္ေလးသက္ျပင္းခိုးခ်မိ၏။ ဘာေၾကာင့္မ်ား ေက်ာင္းစရိတ္လိုလို႔ဆိုသည့္စကားကို လိမ္ေျပာနိုင္ခဲ့ေလလဲမသိ၊ ည နည္းနည္းေတာ့ေနာင္တရခ်င္လာသည္။

အျပင္ထြက္ေတာ့ ေနေရာင္က အနည္းငယ္ျပင္းေနၿပီျဖစ္၏၊ ကင္မရာကို ဗန္းေမာ္ဆိပ္ကမ္းဘက္ကိုခ်ိန္လိုက္ၿပီး အမွတ္တရရိုက္ယူထားလိုက္သည္။ အေပၚထပ္ေရာ ေအာက္ထပ္ေရာမွာအခန္းမ်ား၏ထိပ္ဦး ကုန္းပတ္ကအေတာ္ေလးက်ယ္ဝန္း၏။ ေအာက္ထပ္တြင္ေတာ့ ဆက္တီစားပြဲကုလားထိုင္ေတြခ်ထားကာ ထမင္းစားဖို႔ကိုလည္း အဲ့ဒီမွာပဲစီစဥ္ေပးမည္ဟုသိရသည္။ အေပၚထပ္ကေတာ့ ေအာက္ထပ္ထက္စာရင္ အနည္းငယ္က်ဥ္းေသာ္လည္း ဆက္တီထိုင္ခုံသုံးေလးခုံခ်ထားကာ အပန္းေျဖရႈ႕ခင္းၾကည့္နိုင္၏။

တေ႐ြ႕ေ႐ြ႕ခြါေနေသာ သေဘၤာဟာ ျဖည္းျဖည္းခ်င္းေဝးကြာလို႔လာ၏။ က်ယ္ဝန္းလွေသာျမစ္ျပင္မွာ သဗၺာန္ငယ္ေလးေတြ ေလွာ္ခတ္ေနၾကသလို ခပ္လွမ္းလွမ္းမွာ ဆိုက္ထားေသာ ခရီးသြားသေဘၤာငယ္တစ္စင္ကိုလည္းေတြ႕ရသည္။ ပဲေကာက္ေနၾကသည့္လူေတြဟာလည္း မႈန္ဝါးသြားသလို သေဘၤာဟာလည္း ျမစ္ျပင္က်ယ္ႀကီးထဲမွာ ခုတ္ေမာင္းေန၏။ ခပ္ဝါးဝါးျမင္ေတြ႕ေနရေသာကမ္းပါးေတြဟာ စိမ္းစိုေနသလို တစ္စထက္တစ္စဆိပ္ကမ္းကလည္းေဝးသြား၏။

ကင္မရာကို zoom ဆြဲလိုက္ရင္ ေႏြ႕ရဲ႕ဘက္ကိုလွည့္လိုက္ေတာ့ ကင္မရာ၏ focus ဆီကိုေႏြ၏ပုံရိပ္ကဝင္ေရာက္လာသည္။ မေကာင္းမွန္းသိေသာ္လည္း ကင္မရာထဲကေႏြဟာ ၾကည့္ေကာင္းလြန္း၏။ ေႏြ၏ပုံရိပ္ကို ကင္မရာမွာသိမ္းဆည္းလိုက္ေတာ့ အျပင္ကေႏြက ညကိုႏႈတ္ခမ္းေတြတင္းတင္းေစ့လ်က္ၾကည့္လာ၏။

"ေဆာရီး ည ျပန္ဖ်က္ေပးမယ္ေလ ဒါေပမဲ့ ေႏြတအားလွတယ္ ဘယ္လိုလုပ္မလဲ ဘယ္သူ႕ကိုမွမျပဘူးေလ ညတစ္ေယာက္ပဲၾကည့္မယ္ေလ ေနာ္လို႔"

အကၤ်ီလက္စေလးကို ဆြဲကာခပ္တိုးတိုးေျပာလိုက္ေတာ့ ေႏြကစကားမဆိုဘဲ ျပန္လွည့္သြား၏။ မျငင္းပယ္ဘူးဆိုမွေတာ့ ခြင့္ျပဳလို႔မဟုတ္လား၊ ည တိတ္တိတ္ေလးႀကိတ္ကာခိုးၿပဳံးလိုက္မိျပန္သည္။

ေႏြက တကယ္ကိုပဲ ခ်စ္စရာေကာင္းလွ၏။

ညတို႔အခန္းထဲကိုျပန္မဝင္ျဖစ္ၾက၊ ေႏြရာသီကပူေသာ္လည္း သေဘၤာေပၚတြင္ေတာ့ ျမစ္ေရေၾကာင့္လားမသိ ေလႏုေအးေအးတိုက္ခတ္ေန၏။ ဆက္တီခုံေပၚမွာထိုင္ရင္း ျမစ္ေၾကာင္းတစ္ေလွ်ာက္ေငးၾကည့္မိေတာ့ ျပာလြင္လြင္ေကာင္းကင္၊ သဲေသာင္ခုံေတြမွာ ထိုးထားေသာ သက္ကယ္တဲ၊ မိုးကာတဲေလးေတြ၊ ကိုင္းပင္ရွည္ရွည္ေတြႏွင့္ ေလွငယ္ေလးေတြႏွင့္ ကိုယ္စီကြန္ပစ္ေနၾကေသာ လူေတြကို ေတြ႕ရွိရ၏။

"ေရက်ေနတုန္းပဲ သဲေသာင္ခုံမွာေနလို႔ရတာမလား ေရတက္ေတာ့သူတို႔ေတြ ဘယ္မွာမ်ားေနၾကလဲမသိဘူးေနာ္"

"ဆိပ္ကမ္းတို႔ ဘုန္းႀကီးေက်ာင္းတို႔ေပါ့"

ဒီတစ္ခါေတာ့ ည၏အေမးကို ေႏြကခ်က္ခ်င္းျပန္အေျဖေပး၏။

"အိုး အဆင္မေျပလိုက္တာေနာ္ မိန္းကေလးေတြအတြက္ဆိုပိုဆိုးမယ္ထင္တယ္
အိမ္ဝယ္ဖို႔ၾကေတာ့လည္း အဆင္မေျပၾကတာဆိုေတာ့ ဒုကၡမ်ားလိုက္တာ ပိုက္ဆံမရွိတာကေတာ္ေတာ္ဆိုးတာပဲ"

ညရဲ႕စကားေၾကာင့္ ေႏြကညကိုစိုက္ၾကည့္လာ၏ ထို႔ေနာက္

"ဖုန္းနံပါတ္က payment app ေတြသုံးတဲ့နံပါတ္လား"

"အင္း ဟုတ္တယ္ေလ"

"အင္း"

ေႏြကသူ႕ဖုန္းကိုထုတ္ကာ ကိုင္ေနေတာ့ ညတစ္ဖက္ကိုလွည့္ကာ ခပ္ေဝးေဝးကက်န္ခဲ့သည့္တံငါတဲေလးေတြကိုၾကည့္ေနမိသည္။ ခဏေလးၾကာေတာ့ ည၏ဖုန္းထံသို႔မက္ေဆ့ဝင္လာသံကိုၾကားလိုက္ရ၏၊
စိတ္ထဲတြင္သကၤာမကင္းျဖစ္သြားတာေၾကာင့္ ဖုန္းကိုၾကည့္လိုက္ေတာ့ cash payment ေရာက္လာေသာမက္ေဆ့ပင္၊ ငါးေသာင္းတိတိပင္။ ညရဲ႕မ်က္ခုံးေတြကို ႀကဳံ႕မိရင္း ႏႈတ္ခမ္းကိုကိုက္လိုက္မိ၏။
လိမ္ထားလို႔စိတ္မသက္မသာျဖစ္ေနသည္လားမေျပာတတ္ေတာ့။

"အ႐ြက္ေတြက အျပင္မွာသုံးရဦးမွာမို႔လို႔ေလ တကယ္လို႔အဆင္ေျပရင္ သေဘၤာကပ္တဲ့ၿမိဳ႕မွာထုတ္လိုက္ရင္ရမွာပါ"

ည၏အမူအယာကို ေႏြတစ္မ်ိဳးထင္သြားေလလားမသိ၊ ည တစ္ခ်က္ရယ္ျပလိုက္ၿပီး

"မလိုပါဘူး ဒါလည္းအဆင္ေျပပါတယ္"

ည တိတ္တိတ္ေလးသက္ျပင္းခ်လိဳက္မိ၏၊ ဒီလိုလႊဲေပးလိုက္တာဟာ အဆင္ေျပသည္ေလ ေႏြ၏အေကာင့္ထဲကို ျပန္ထည့္ေပးလိုက္လို႔ရတာကို ေတြးမိေတာ့ စိတ္သက္သာရာရသြား၏။

28.3.2024

Continue Reading

You'll Also Like

2M 121K 43
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
3.6M 153K 61
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
5.7K 743 7
" ကျွန်မ Jisoo shi နဲ့ တစ်သက်လုံး နေလိုက်ရမလား " " ကြၽန္မ Jisoo shi နဲ႔ တစ္သက္လုံး ေနလိုက္ရမလား "
1.2M 15.4K 52
NOT EDITED YET Gracie Owen's a headstrong journalist major rooms with her childhood best friend JJ Anderson for junior year, little does she know she...