ғʀᴏᴍ ɴᴏᴡ ᴏɴ (Oɴɢᴏɪɴɢ)

By thea_wynona

13.6K 1.3K 189

"ဝမ်...ဝမ်သာ့ရန် " "ဟင့်အင်း...နီသဲ့ရန်" More

(1)Unicode
(1)Zawgyicode
(2)Unicode
(2)Zawgyicode
(3)Unicode
(3)Zawgyicode
(4)Unicode
(4)Zawgyicode
(5)Unicode
(5)Zawgyicode
(6)Unicode
(6)Zawgyicode
(7)Zawgyicode
(8)Unicode
(8)Zawgyicode
(9)Unicode
(9)Zawgyicode
Xiǎo Wáwá
(10)Unicode
(10)Zawgyicode
(11)Unicode
(11)Zawgyicode
(12)Unicode
(12)Zawgyicode
(13)Unicode
(13)Zawgyicode

(7)Unicode

825 96 21
By thea_wynona

ပြတင်းကနေဖြတ်ကျော်လာတဲ့ နေခြည်ဖျော့ဟာ မဟော်ဂနီရောင်စားပွဲပေါ် လွှားခနဲပြိုကျလာတယ်။အနီသွေးပေါ် ရွှေအိုရောင်အလွှာတစ်ထပ် သုတ်လိမ်းလိုက်သလိုမျိုး။ငှဲ့ထားတဲ့ လက်ဖက်ရည်တွေ အေးသွားခဲ့့ပြီ။ စကားဝိုင်းကတော့ အရှိန်ကောင်းနေဆဲ။

"လက်စသတ်တော့ ရှောင်ဝမ်ရယ်က အတိတ်မေ့နေတာပေါ့...ဒါကြောင့်မို့ ကျုပ်လည်း ထူးဆန်းတယ်ဆိုပြီး တွေးနေတာ..."

"ကျွန်တော်တို့ရှောင်ဝမ်ရယ်က အတိတ်မေ့ပြီးနောက်မှ ထူးထူးဆန်းဆန်းတွေ လုပ်နေတာမို့ လူကြီးမင်းကို အလုပ်ရှုပ်စေမိပါပြီ"

ရိပေါ်ပြောလိုက်တော့ ပေါင်လူကြီးမင်းက လက်ကာပြီး ဟန့်တားလာပါတယ်။နောက်တော့ ရေနွေးခွက်ကို တစ်ချက်မော့သောက်လိုက်ပြီး စကားဆက်လာလေရဲ့။

"ကျုပ်အတွက်အပန်းမကြီးပါဘူး...ဒါပေမဲ့ ရှောင်ဝမ်ရယ်အနေနဲ့ ရုံးတော်ကိုလာတိုင်ကြားတာက တခြားသူတွေအမြင်လွဲသွားစေနိုင်တယ်..."

"ကျွန်တော်နားလည်ပါတယ်...ရှောင်ဝမ်ရယ်ကို အမြဲထိန်းချုပ်ထားဖို့ကလည်း မဖြစ်နိုင်တာမို့ ခဏလောက်အလွတ်ပေးလိုက်မိတာနဲ့ အခုလိုတွေဖြစ်ကုန်ရတာပါပဲ..."

ရိပေါ်ရဲ့အားတုံ့အားနာစကားအဆုံးမှာ ပေါင်လူကြီးမင်းက ခေါင်းတဆတ်ဆတ်ညိတ်တယ်။ နောက်တော့ ခပ်ဖွဖွပြုံးလိုက်ပြီး...

"ဘာအကြောင်းကြောင့်ရယ်လို့ မသေချာပေမဲ့ ရှောင်ဝမ်ရယ်က ကွာရှင်းခွင့်တောင်းခဲ့တာနော် အိမ်တော်သခင်"

"........."

"အဲ့ဒါနဲ့ မယားပြိုင်စနစ်အကြောင်းပါရှင်းပြပေးလိုက်ရတာကတော့ ကျုပ်အတွက် နည်းနည်း........."

ပေါင်လူကြီးမင်းဘက်က စကားဆက်မလာ​ေတာ့သလို ရိပေါ်ခမျာလည်း တကယ်ကို အားနာသွားရပြီပဲဖြစ်ပါတယ်။ မယားပြိုင်စနစ်။ဒီစနစ်က မင်းဆွေစိုးမျိုးနဲ့ အထက်တန်းလွှာသခင်ကြီးတွေ လက်ခံကျင့်သုံးနေတဲ့စနစ်ပါပဲ။ကိုယ်လုပ်တော်၊ တရားဝင်မယားနဲ့ တရားမဝင်မယားအစရှိသဖြင့် သူ့ထက်ငါအပြိုင်အဆိုင် လက်ထပ်ကြပြီး ယှဉ္ပြိုင်ကြွားဝါလေ့ရှိကြတာပဲဖြစ်တယ်။

ပေါင်လူကြီးမင်းကိုယ်တိုင်မှာလည်း ဇနီးနှစ်ယောက်နဲ့ ကိုယ်လုပ်တော်တစ်ယောက်ရှိတာမို့ အခုလိုမျိုးကျ မျက်နှာပူစရာဖြစ်နေတာပဲဖြစ်ပါတယ်။ပေါင်လူကြီးမင်းက တည်ကြည်လေးနက်သူမို့ မယားပြိုင်စနစ်ကိုကျင့်သုံးပေမဲ့ တခြားအရာရှိတွေလို လိုက်ပြီးကြွားဝါတတ်သူမျိုးတော့မဟုတ်ဘူး။ ဒါကြောင့်လည်း အခုလို လူကြီးမင်းကိုယ်တိုင် ရုံးတော်မှာတိုက်ရိုက်ဖြေရှင်းပြရတာမျိုးကျ မျက်နှာပူလိမ့်မှာတော့ အသေအချာပါပဲ။

ရိပေါ်လည်း ပေါင်လူကြီးမင်းရဲ့ ရေနွေးခွက်ကို ခပ်သွက်သွက်ထပ်ဖြည့်ပေးလိုက်ပြီး လက်နှစ်ဖက်ကို အုပ်ယှက်လို့ စကားတုံ့ပြန်လိုက်ပါတယ်။

"လူကြီးမင်းကို နှောင့်ယှက်စေမိပါပြီ..."

"မဟုတ်တာ...မဟုတ်တာ..ဒါနဲ့ အိမ်တော်သခင်က အိပ်ရာထဲအထိတောင် လက်နက်ဆောင်တာလား...ဓားသမားလည်းမဟုတ်ပါဘူး"

ပေါင်လူကြီးမင်းက လက်တခါခါနဲ့ငြင်းအပြီးမှာတော့ စကားလမ်းကြောင်းလွှဲလာပါတယ်။ပုံစံအရ သူ့အမျိုးသားလေးရဲ့ တိုင်တောမှု​ကြောင့် သူ့ဆီက စကားနှိုက်နေပုံပဲ။ဒါပေမဲ့ ရိပေါ် ဘယ်လိုရှင်းပြရမယ်မှန်း တကယ်မသိဘူး။ သူက လက်နက်ဆောင်တာလည်းမဟုတ်သလို ဓားနဲ့လည်းမထောက်ခဲ့တာအမှန်။သေချာတာကတော့ မနက်ခင်းရောက်တာနဲ့ တက်ကြွလှုပ်ရှားတတ်တဲ့ လျှို့ဝှက်ကြွက်သားကြောင့်ပါပဲ။

မနက်တုန်းက အဖြစ်အပျက်ကိုပြန်တွေးမိတာနဲ့ သူ့မျက်နှာတစ်ပြင်လုံး ရှိန်းတက်လာတယ်။မနက်တုန်းက သူနိုးလာတော့ သူ့ညီလေးက နိုးနှင့်ပြီ။ ရင်ခွင်ထဲရောက်နေတဲ့ အမျိုးသားလေးကို ငေးမိပြန်တော့ ညီလေးကလည်း ပိုလို့တောင်မြူးထူးလာရောပဲ။ ထိန်းချုပ္ရခက်တာမို့ အလိုက်သင့်လေးနေမယ်ကြံပြန်တော့ သူ့အမျိုးသားလေးကပါ နိုးလာရောလေ။

အမျိုးသားလေးရဲ့ ဒူးအကွေးမှာ ညီငယ်လေးနဲ့ တည့်တည့်တိုးတယ်။ သူ့မရီးကို အသိအမှတ်ပြုတဲ့အနေနဲ့ ညီငယ်လေးက ပိုလို့တောင် မြောက်ကြွမြောက်ကြွဖြစ်လာတာပါပဲ။ ကြားထဲက ရိပေါ်ခမျာ ရှက်ရှက်နဲ့ အိန္ဒြေဆည်ဖို့ကြိုးစားပေမဲ့ ရလဒ်ကတော့ အကြမ်းဖက်သူဖြစ်သွားရှာတယ်။

ဒါပေမဲ့ ကိစ္စက ဒီလောက်ထိကြီးသွားလိမ့်မယ်လို့တော့ သူမထင်ခဲ့ဘူး။သူ့ခမျာ အမျိုးသားလေးနဲ့ မျက်နှာချင်းမဆိုင်ရဲလို့ တစ်နေကုန် သိုလှောင်ရုံမှာ သွားရှောင်နေရတာရယ်။ညနေအိမ်ပြန်လာတော့မှ အိမ်ပေါက်ဝမှာ ပေါင်လူကြီးမင်းနဲ့ဆုံပြီး အကြောင်းစုံလင်ကို သိရတဲ့အဖြစ်။

သူ မနက်တုန်းက အပြင်မထွက်ခင် အိမ်တော်ထိန်းနဲ့ အစေခံတွေကို အမျိုးသားလေးအပေါ် မတင်းကျပ်ဖို့ အသေအချာ မှာထားခဲ့တယ်။ဒါကြောင့်လည်း ရှောင်ဝါးဝါဆိုတဲ့နာမည်က ခိုင်ဖုန်းရုံးတော်အထိ ပေါက်ကြားသွားခဲ့တာပါပဲ။သူကတော့ ဓားတကိုင်ကိုင်နဲ့ အကြမ်းဖက်ခင်ပွန်းအဖြစ် နာမည်ကြီးလို့ပေါ့။

"အိမ်တော်သခင်..."

"အာ...ဟုတ်ကဲ့..."

သူဟိုဒီတွေးတောနေတုန်း ပေါင်လူကြီးမင်းခေါ်သံကြောင့် အတွေးစတို့ပြတ်တောက်သွားရတယ်။ အာရုံကို လက်ရှိအခြေအနေဆီ စုစည်းတယ်။ပူရှိန်းလာတဲ့မျက်နှာကြောင့် နေရခက်တာမို့ နှုတ်ခမ်းကိုလျှာနဲ့သပ်လိုက်ရပါတယ်။ အဲ့ဒီနောက်တော့ သက်ပြင်းကိုမျှင်းမျှင်းကျိတ်ချလိုက်ပြီး ပေါင်လူကြီးမင်းအနားထိရောက်အောင် ခေါင်းကို ယိမ်းပစ်လိုက်ပါတော့တယ်။

နှစ်ကိုယ်ကြားစကားဆိုမဲ့ဟန်ကို ရိပ်မိတဲ့ ပေါင်လူကြီးမင်းကလည်း အလိုက်တသိပြန်ယိမ်းပေးလာတယ်။ဒီတော့မှ ရိပေါ် လည်း လက်ဖဝါးတစ်ဖက်ကို ထောင်ကာလိုက်ပြီး ပေါင်လူကြီးမင်းကြားသာရုံ တီးတိုးပြောလိုက်ပါတော့တယ်။

"@%#&##%#&&"

"ဟေ..."

သူ့စကားအဆုံးမှာ ပေါင်လူကြီးမင်းက တအံ့တဩရေရွတ်လာတယ်။ လူကြီးမင်းရဲ့ မျက်နှာမည်းမည်းဟာလည်း ရုတ်ချည်းပြာသွားတော့တာပါပဲ။ရှေ့မျက်နှာနောက်ထားနေရတဲ့ ရိပေါ်ကလည်း ထိုနည်း၎င်းပဲ။ နားရွက်ဖျားတွေရဲစွေးပြီး ရှိန်းတိန်းနေရပြီပဲဖြစ်ပါတယ်။

"အိုင်း..ကျုပ်နားလည်ပြီ...ကျန်ကျောင်းလည်း မကြာခင် တရားခံတွေနဲ့အတူ ပြန်လာနိုင်တော့မှာဆိုတော့ အိမ်တော်သခင်က ရှောင်ဝမ်ရယ်ကိုသာ သေသေချာချာလေး အဖော်ပြုပေးလိုက်ပါ။ အခုတော့..ကျုပ်ကိုခွင့်ပြုပါဦး "

"ကောင်းပါပြီ လူကြီးမင်း"

ကသိကအောက်အခြေအနေကို ဖြိုခွဲဖို့ရာ ပေါင်လူကြီးမင်းက နှုတ်ဆက်စကားဆိုလာတယ်။ရိပေါ်လည်း နှုတ်ဆက်ဂါရဝပေးရင်း ဖွဖွပြုံးလိုက်တော့ ပေါင်လူကြီးမင်းက ခေါင်းညိတ်ပြရင်း ထွက်ခွါသွားပါတော့တယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ညလေညင်းက ခပ်သော့သော့ကလေးနှင်လို့ပဲ။လသာဆောင်က ဗျပ်စောင်းသံဟာတော့ ဒေါင်ဒေါင်ဒင်ဒင်မြည်သံပေးလို့နေပါတယ်။

ဒင် ဒေါင် တျင်!

အဖြူရိပ်ကလေးက စားပွဲပုမှာ ပုံ့ပုံ့လေးရယ်။ဗျပ်စောင်းကို ပျင်းရိပျင်းတွဲထိုင်တီးနေသူကလေးပါပဲ။ ခါတိုင်း သာယာငြိမ့်ညောင်းတဲ့ လက်သံဟာလည်း အခုကျ ဗျပ်စောင်းကြိုးတွေကို ဆွဲဖြတ်နေတဲ့အတိုင်း။တစ်ချိန်က တောင်ပိုင်း ရှောင်ဝမ်ရယ်ရဲ့ ထူးခြားပြောင်မြောက်တဲ့ တေးသွားတွေ ဘယ်ဆီဘယ်ဝယ် လွင့်ပါးကုန်ပါသလဲ။

စိတ်မကောင်းဖြစ်သွားရတဲ့ ရိပေါ်ကတော့ သက်ပြင်းဖွဖွကိုသာ ကျိတ်ချလိုက်ရပါတယ်။သူ့အမျိုးသားလေးရဲ့ဝေဒနာတွေ အမြန်ပျောက်ကင်းစေချင်မိတာ အမှန်ပါပဲ။အရင်လိုနူးညံ့အေးစက်တဲ့ ရှောင်ဝမ်ရယ်တစ်ပါး ပြန်ဖြစ်သွားမှာကိုတွေးမိတော့ ရိပေါ်ရင်ထဲ ဖျဉ္းခနဲ။

တကယ်ဆို ရှောင်ဝါးဝါက သူ့ရင်ခုန်သံတွေကို ကမောက်ကမဖြစ်အောင် နှိုးဆွခဲ့သူကလေးလေ။အတိတ်ကိုသာ ပြန်သတိရသွားရင် ဒီလို ချစ်စဖွယ်အပြုအမူလေးတွေကို သူ လက်လွှတ်ဆုံးရှုံးလိုက်ရတော့မှာ။ဒီ အသည်းယားဖွယ် ကလေးဆိုးလေးကို သူ သေချာပေါက် လွမ်းနေရတော့မှာ။

အတွေးနဲ့တင် နွမ်းလျလာတဲ့အခါ ပစ္စုပ္ပန်ဆီ စိတ်ကိုရွှေ့တယ်။အဲ့ဒီနောက်တော့ ခြေလှမ်းတွေကို အဖြူရိပ်ကလေးနားထိ တစ်လှမ်းချင်း တိုးလိုက်ပါတော့တယ်။

ဖြောင်း ဖြောင်း ဖြောင်း!

"နားထောင်ကောင်းလိုက်တာ"

ရိပေါ်လက်ခုပ်သံကြောင့် အမျိုးသားလေးရဲ့ လက်ဖျားလေးတွေ တုံ့ခနဲဖြစ်သွားတယ်။ငုံ့မိုးကြည့်ရင်း ချီးကျူးစကားကို လွန်လွန်ကဲကဲဆိုလိုက်ချိန်မှာတော့ အမျိုးသားလေးတစ်ယောက် မျက်မှောင်ကြုတ်သွားတော့တာပဲ။နှုတ်ခမ်းပါးရဲရဲလေးက အရှေ့ဘက်ဆီ စူထော်တယ်။နောက်တော့ လက်ညှိုးထိပ်ဖျားလေးနဲ့ ဗျပ်စောင်းကြိုးတွေကို တဆတ်ဆတ် လွှဲခါပစ်လိုက်တော့တာပဲ။ပြီးတဲ့အခါ အသံတိုးတိုးလေးနဲ့​လည်း ​ရေရွတ်လာပါသေးရဲ့။

"လူရမ်းကားကြီး...လူကိုလိုက်နှောင့်ယှက်နေပြန်ပြီ"

"ဘယ်လို...ရှောင်ဝါးဝါ...ကိုယ် ဘယ်တုန်းကများ ရမ်းကားမိပါလိမ့် ဟမ်"

သူကြားသွားမှန်းရိပ်စားမိချိန်မှာတော့ အမျိုးသားလေးခမျာ တိခနဲငြိမ်ကျသွားတယ်။ နောက်တော့ နှာသီးဖျားလေးကိုတွန့်ရှုံ့ပစ်လိုက်ပြီး အသံစာစာလေးနဲ့ပြောလာတော့တာပါပဲ။

"ခင်ဗျား မနက်တုန်းက ကျွန်တော့်ကို ဓားနဲ့ထောက်ဖို့ကြိုးစားတာ ကျွန်တော်မသိဘူးများမှတ်နေလား ဟမ့်"

"ရှောင်ဝါးဝါက ကိုယ်ဓားနဲ့ထောက်ဖို့ကြိုးစားမှန်း ဘယ်လိုသိတုန်း"

အမျိုးသားလေးစကားကြောင့် ရိပေါ် ရယ်ချင်စိတ်ကို မနည်းမျိုသိပ်လိုက်ရတယ်။နှုတ်ခမ်းစွန်းတွေ ကော့မတက်အောင် တင်းတင်းစေ့လို့ အတည်ပေါက်နဲ့ မေးခွန်းထုတ်ပြန်တော့ အမျိုးသားလေးက ဒူးခေါင်းလေးကို လက်ဖဝါးလေးနဲ့ ဖွဖွပုတ်ပြလာပြီး...

"ကျွန်တော့် ဒူး...ဒူးခေါင်းနဲ့ထိမိတာ"

နှုတ်ခမ်းပါးလေးတထော်ထော်နဲ့ ပြောနေပုံကလေးကိုက အသည်းအူယားလာစေတာမို့ ရိပေါ် စ,နောက်ချင်သွားရတယ်။လက်ကို ဟန်အပြည့်နဲ့ပိုက်တယ်။မျက်ခုံးတန်းတွေ ပင့်အပြီးမှာတော့ ခပ်တည်တည်နဲ့ တစ်လုံးချင်းပြောလိုက်ပါတော့တယ်။

"ဟုတ်လား..ထိမိရုံနဲ့က ဘယ်သေချာပါ့မလဲ ရှောင်ဝါးဝါရ...နောက်တစ်ခါဆို ဘာဓားအမျိုးအစားမှန်းသိရအောင် လက်နဲ့သေချာကိုင်ကြည့်လေ...ဟုတ်ပြီလား"

"ပြီးရော...အဲ့ဓားကို ဓားအိမ်ကနေကျွတ်တဲ့အထိ ဆွဲထုတ်ပြီး ပေါင်ကုန်းဆီ သက်သေသွားပို့ပြမယ်...ဟွန့်"

သူ့စကားအဆုံးမှာ အမျိုးသားလေးက ထီမထင်ဟန်နဲ့ နှာမှုတ်ပြောဆိုလာပါတယ်။ထိန်းချုပ်နိုင်စွမ်းမရှိတော့တဲ့ ရိပေါ်ကတော့ ပခုံးဖျားတွေလှုပ်ခါတဲ့အထိ ရယ်မောနေမိပြီရယ်။

ကြည်မွေ့ရွှင်ပျော်စရာ အခိုက်အတံ့ကလေးပါပဲ။အဲ့ဒီညက မျက်စောင်းလှလှ အကြီးကြီးရပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

TBC

(ဇာတ်ကားထဲမှာမပါပေမဲ့ ပေါင်ချိန်မှာ ဇနီးနှစ်ယောက်နဲ့ ကိုယ်လုပ်တော်တစ်ယောက်ရှိတာ အမှန်ပါပဲ။)

Continue Reading

You'll Also Like

615K 31.8K 15
#wangxiao #wangyibo #xiaozhan Start-5.11.2019 End-15.12.2019
727K 41.1K 21
Wang Yi Bo Xiao Zhan Fanfiction
8.2M 346K 52
"I hope you realize you made the worst f**king decision of your life." She could feel his cold icy blue eyes piercing through her soul. "I didn't as...
369K 23.2K 32
အမရဲ့တိုက်တွန်းမှုကြောင့် မင်းသားတစ်ယောက်ဆီမှာ မန်နေဂျာသွားလုပ်မှလင်ပါရသွားတဲ့ရှောင်ကျန့် အရင် fic လိုပဲ အမှောင်လည်းပါမှာပါ ဘာလို့ဆိုကြယ်စင့်အတွက်က အ...