" ဝေါ့..''
"ရရဲ့လား ရာရာ အဆင်ပြေလား ဟင်''
မနက်မိုးလင်းအိပ်ရာ နိုးထဲက လေတွေအန်နေတဲ့ မိုရာ့ အနားမှာ ခါရူး က ကျောလေးပွတ်ပေးနေတာဖြစ်သည်။ အရင်နေ့တွေက ဘာမှ မဖြစ်ပဲခု ကျမှ အန်နေတော့ ခါရူးစိုးရိမ်နေရသည်။.မိုရာ က အန်ပြီးတော့ မောသွားတယ်ထင်ပါရဲ့ ခါရူးရဲ့ရင်ခွင်ထဲကို မှီပြီး မှိန်းနေသည်။
"ကလေးလေး..သက်သာလား ကိုယ်ချီခေါ်သွားမယ်နော်''
မိုရာက စကားတောင် ပြန်မပြောနိုင်ပဲခေါင်းလေးသာ.ငြိမ့်ပြသည်။ ခါရူးလဲအိပ်ရာ ပေါ်ကိုချပေးပြီး စောင်လေး ခြုံပေးလိုက်သည်။ မိုရာ့ရဲ့ မျက်နှာလေးက ဖြူဖျော့ပြီးနွမ်းလျနေသည်။
"ဆေးဆရာ ခေါ်ထားတယ် ခနပဲစောင့်နော် ''
ပြာယာခတ်နေတဲ့ခါရူးကိုကြည့်ပြီး မိုရာတစ်ယောက် ဘာပြောလို့ ပြောရမှန်းကို.မသိတော့ပေ။မိုရာ အန်တယ်ဆိုတာကလဲ ကိုယ်ဝန်ကြောင့်ဖြစ်သည်။.တခြားကိုယ်ဝန်ဆောင်တွေလဲ ဒီလိုပဲ အန်ကြတာကို ခါရူးက အရမ်းတွေစိုးရိမ်နေသည်။.ဒါပေမဲ့ မိုရာက တခြားသူနဲ့မတူတာကတော့ ကိုယ်ဝန် ၃လ ကျော်မှ အန်တာ ဖြစ်သည်။.မနက်ကလဲ အိပ်ရာ နိူးနိုးချင်း ရင်ထဲမှာလှိုက်တက်ပြီး အန်ချင်လာတာ ဖြစ်သည်။
"သခင်...အရမ်းကြီး မစိုးရိမ်ပါနဲ့''
"မစိုးရိမ်လို့ ရမလား မင်းက ကိုယ်ဝန်နဲ့လေ ပြီးတော့ ခုလဲ ရုတ်တရက်ကြီး ထအန်နေတာမလား တော်ကြာ တစ်ခုခုဖြစ်နေမှာ ဆိုးလို့....အဲ့ဆေးဆရာကလဲ ကြာလိုက်တာ ချန်ကလဲ မြန်မြန် ခေါ်ခဲ့ပါဆိုတာကို ခုထိ မလာသေးဘူး''
မိုရာ့ကို ပြောပြီး သူ့ဘာသာ ပြောနေလေသည်။ သခင်က ခုလို သူ့အပေါ်မှာ စိုးရိမ်ပေးတာ မြင်ရတော့ သိပ်ကို ဝမ်းသာရသလိုကြည်လဲ ကြည်နူးမိသည်။
"သခင်...မိုရာ့ အနားကို လာပါဦး''
အိပ်ရာဘေးမှာ မထိုင်ပဲနဲ့ ဟိုဖက် ဒီဖက်ကို ခေါက်တုံ့ခေါက်ပြန် လျှောက်နေတဲ့သခင့်ကို ကြည့်ပြီး မိုရာ့အနားမှာ လာထိုင်ဖို့ပြောလိုက်တော့ အနားကို ရောက်လာသည်။
"အင်း... ပြောဘာဖြစ်လို့လဲ ထပ်အန်ချင်လို့လား''
"မဟုတ်ပါဘူး သခင်အရမ်းမစိုးရိမ်ပါနဲ့ ခုလို အန်တာ က ကိုယ်ဝန်ကြောင့်အန်တာပါ''
"ကိုယ်ဝန်ကြောင့် အန်တာ..ဟုတ်လား''
"ဟုတ်တယ် ကိုယ်ဝန်ဆောင်နိုင်တဲ့လူတိုင်း အန်ကြတာပဲ ဒါက ဓမ္မတာ ပါအဲ့တာကြောင့် စိတ်မပူပါနဲ့ လို့ ပြောတာ''
"အင်းပါ....ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဆေးဆရာနဲ့ပြလိုက်တာ ပိုကောင်းတာပေါ့''
"အင်းပါ...သခင့်သဘောအတိုင်းပါပဲ''
သူ့စိတ်တိုင်းကျသာလုပ်ခွင့်ပေးလိုက်သည်။.မဟုတ်ရင် သူစိုးရိမ်ပြီး စိတ်ပူပန်နေရတာကို မြင်ရတာ မိုရာ့အတွက်လဲ မသက်သာလှပေ။အခုလဲ အဆောင်ဝကို တမျှော်မျှော်နဲ့ကြည့်နေတဲ့ခါရူးကိုကြည့်ပြီး မိုရာ့ နည်းနည်းလေး ဆူနေတဲ့ ဗိုက်ကလေးကို အသာအယာထိတွေ့ပြီး
"ကလေးလေး...မင်းရဲ့ဖခင်က မင်းနဲ့အမေ့ကို အရမ်းချစ်တာအဲ့တာကြောင့် ကလေးလေးမွေးလာရင်လဲ ကလေးလေးက ဖခင်ကို ချစ်ပေးရမယ်နော်''
ခနနေတော့ ဆေးဆရာ.ရောက်လာပြီး မိုရာ့ ကိုစမ်းသပ်ပေးသည်။.မိုရာ ထင်တဲ့အတိုင်းပါပဲ ကိုယ်ဝန် ကြောင့် အန်တာဖြစ်နေသည်။
" ဘယ်လိုလဲ ဆေးဆရာ သခင်မက ဘာလို့ အန်ရတာလဲ မနေ့ကအထိ အကောင်းကြီးကို''
"အရမ်းမစိုးရိမ်ပါနဲ့သခင်...သခင်မက ကိုယ်ဝန်ကြောင့် အန်တာပါ ဖြစ်လေ့ဖြစ်ထရှိနဲ့ ဓမ္မတာပါ''
"မအန်အောင်..လုပ်လို့မရဘူးလား ဆေးတွေဘာတွေမရှိဘူးလား''
"သခင်...''
"ဗျာ...''
ခါရူးပြောလိုက်တဲ့စကားကိူကြားပြီး မိုရာကလဲ ဝင်တားလိုက်သလို ဆေးဆရာကလဲ မျက်လုံးလေးပြူးကြောင်ပြီးကြည့်နေသည်။
"အဲ့လိုဆေးတော့ မရှိပါဘူး သခင်''
"မင်းက ဆေးဆရာ ပဲလေ မင်းမှာဆေးရှိရမှာပေါ့''
ဆေးဆရာလဲ ကြောင်ဆောင်တောင်ဖြစ်နေပြီ။.ဟုတ်တယ်လေ ကလေး မွေးနိုင်တဲ့လူတိုင်းဒီဝေဒနာကို ခံစားရကြတာကြီးပဲ ပြီးတော့ ဟိုးအရင်ကျော်ကြားတဲ့ဆေးဆရာတွေတောင် ကိုယ်ဝန်ကြောင့်အန်တာကို ပျောက်တဲ့ဆေး မဖော်စပ်နိုင်တာကို သခင်က ခုလိူကြီးမေးတော့ ဆေးဆရာ.သေချင်စိတ်တောင်ပေါက်သွားသည်။.သခင်ရေ သခင်သာဆေးဆရာလုပ်လိုက်ပါတော့လိူ့ ပြောချင်ပေမဲ့လဲ မျိုးနွယ်စုခေါင်းဆောင်ဆိုတော့ မပြောရဲ။.တော်ကြာပြောလိုက်မှ အပြစ်ပေးခံနေရဦးမည်။
"အခု သခင်မ ကိုယ်ဝန်က ၃လ ကျော်ပြီဆိုတော့ နောက်၂လ လောက်ပဲ ခံစားရမှာပါ.''
"ဘာ...နောက်၂လ ဟုတ်လား''
"ဟုတ်...ဟုတ်ပါတယ် သခင် ''
ခါရူးရဲ့အော်သံကြောင့် မိုရာ.လန့်သွားရသလို ဆေးဆရာမှာလဲ စကားတွေတောင်အထစ်ထစ်အငေါ့ငေါ့ဖြစ်သွားရသည်။
"အခုတောင် သခင်မက အားမရှိ တဲ့ပုံပေါက်နေပြီ ဒါတောင် ဒီနေ့ တစ်ရက်ပဲရှိသေးတာ အဲ့တာကို နောက်ထပ်၂လအထိဆိုတော့ သခင်မ ခံစားနေရမှာပေါ့''
"ဟို...သခင်မက ကံကောင်း တာပါ.တခြားသူတွေဆို ကိုယ်ဝန်စရှိထဲက ခုလို ဝေဒနာ ခံစားရတာပါ အခု သခင်မရဲ့ကိုယ်ဝန်က ၃လ ကျော်မှ ဒီဝေဒနာကို ခံစားရတာပါ''
"ဒါဆိူ မင်းပြောချင်တာက ၂လ လောက်ပဲ ဝေဒနာခံစားရတာ သက်သာတယ်ပြောချင်တာလား''
"ဟုတ်ပါတယ်... သခင်''
"နည်းနည်း သက်သာအောင်တောင်လုပ်လို့မရဘူးလား''
"အဲ့တာကတော့ သခင်မရဲ့ စိတ်ခံစားချက်နဲ့ပဲဆိုင်ပါတယ် ပျော်အောင်ထားပေးပါ.ပြီးတော့စားချင်တဲ့အရာလေးတွေလဲ ကျွေးပေးပါ.ပင်ပန်းတာတွေ မလုပ်ခိုင်းပါနဲ့ အရည်ရွှမ်းတဲ်အသီးလေးတွေစားပေးရင် အန်တာ နည်းနည်းသက်သာပါတယ်''
"ပြီးရော...ချန် ဆေးဆရာကို လိုက်ပို့ပေးလိုက်''
"ဟုတ်ကဲ့.... သခင်''
ဆေးဆရာပြန်သွားမှ ခါရူးက မိုရာ့အနားကိုလာထိုင်ပြီးမိုရာ့လက်လေးကို ဆုပ်ကိုင်ကာ
"ကိုယ်တောင်းပန်ပါတယ် နော်...''
ရုတ်တရက်ကြီး လာတောင်း ပန်နေတဲ့ခါရူးကြောင့်မိုရာ ကြောင်အ သွားရသည်။
"ဘာလို့ တောင်းပန်နေရတာလဲ သခင်''
" ကိုယ်ကြောင့် မိုရာခုလိုခံစားနေရတာလေ အာ့တာကြောင့်ကိုယ်တောင်းပန်ပါတယ်''
" ဒါ သခင်အပြစ်မှမဟုတ်တာ ပြီးတော့ ခုလို ဖြစ်တယ်ဆိုတာ ကလေးလေးကြောင့်ဖြစ်ရတာလေမိူရာက ဝမ်းတောင်သာသေးတယ် တခြားသူတွေလိုမျိုး ဝေဒနာ မခံစားရရင် မိုရာ တရားမမျှတဘူးလို့ထင်မိလို့''
"အင်း ပါ ဘာပဲ ဖြစ်ဖြစ် မိုရာ့ကို အရင်ကထက်ပိုဂရုစိုက်ပေးပါ့မယ်''
တကယ်ပါ ပဲ သခင်ကတော့လေ ခုလိုကျတော့လဲ ကလေးလေးကျနေတာပဲ ခုတောင်ဂရုစိုက်လွန်းအားကြီးနေတာကို ဒီ့ထက်ပိုပြီးဂရုစိုက်ဦးမယ်ဆိုတော့ မိုရာပြောစရာစကားကိုမရှိတော့ပေ။ နောက်ဆုံး တော့လဲ သူ့သဘောအတိုင်း ခေါင်းသာငြိမ့်ပြလိုက်ရတော့သည်။
စာထဲမှာ ရေးထားတဲ့အကြောင်းအရာကိုဖတ်ပြီးထဲက နာရာရဲ့နှုတ်ခမ်းဖျားက တွန့်ကွေးသွားပြီး သဘောကျစွာပြုံးမိလိုက်သည်။.နောက်ဆုံးတော့ နာရာရဲ့မျှော်လင့်ချက်တွေ ပြည့်ဝတော့မည်။ အခုလို မျိုး့ဖစ်ဖို့ နာရာ ဘယ်လောက်အထိ ပေးဆပ်ထားရသလဲဆိုတာ.နာရာ ပင် သိသည်။
"အပြင်မှာ ဘယ်သူ ရှိလဲ ''
"ရှိပါတယ် သခင်မ''
"အင်း... ငါ.ဒီနေ့ စိတ်ပျော်နေတယ် အဲ့တာကြောင့်အစေခံတွေကို စားစရာ.တစ်ချို့ ဝေပေးလိုက် ငါ့ဝေစုကနေ ''
"ဟုတ်ကဲ့..သခင်မ ''
"ပြီးတော့ မကြာခင် ပွဲတော်ရက်ရောက်တော့မှာဆိုတော့ အဲ့နေ့အတွက်အဝတ်အစားတွေ အဆင်သင့် ဖြစ်အောင်ပြင်ထားလိုက်ပါ''
"ဟုတ်ကဲ့... သခင်မ''
အစေခံတွေထွက်သွားမှ ခုနကစာကို မီးရှို့ပြစ်လိုက်သည်။ ဒီနေ့ကတော့ နာရာ့ရဲ့အပျော်ဆုံးနေ့ပင်ဖြစ်သည်။
"ချန်.. မကြာခင်ကျင်းပမဲ့ပွဲတော်ရက်မှာ တပ်သားတွေကို အနားပေးလိုက်ပါဦး မင်းလဲအနားယူလိုက်လေ ''
"ရပါတယ်.. သခင် ကျွန်တော် သခင့်အနားမှာပဲနေပြီး ပွဲတော် အတွက် ပြင်ဆင်ပါ့မယ်''
"ကဲပါကွာ....အနားပေးတုန်း ယူစမ်းပါ မင်းကလဲ''
"အဲ့တာဆိုလဲ သခင့်ရဲ့သဘောအတိုင်းပါပဲ''
ဒီတစ်ခါပွဲတော်ကျရင်တပ်သားတစ်ချို့ကို သူတို့ရဲ့နေရပ်ပြန်ဖို့ ခွင့်ပေးလိုက်သည်။.တစ်ချို့တပ်သားတွေက ကျ ဒီမျိုးနွယ်ကဆိုပေမဲ်တခြားမျိုးနွယ်ကလူတွေနဲ့ လက်ဆက်ထားတဲ့သူရှိသလို တခြားမျိိုးနွယ်မှာနေတဲ့လူတွေလဲရှိကြသည်။.အမြဲ တမ်းဒီမှာပဲ နေရတာ မဟုတ်ပေမဲ့လဲ ပွဲတော်ရက်ဆိုတော့မိသားစုနဲ့အတူ.ဆင်နွှဲ ချင်မှာ သေချာသည်။.အဲတာကြောင့်ခါရူး အနေနဲ် နားရက်ပေးလိုက်တာ ဖြစ်သည်။
"သခင်မ...နောက်၃ရက်ကျရင် ပွဲတော်ရက်ကို ရောက်ပြီ တဲ့ ဘီဘီ တော့ တစ်ခါမှ မဆင်နွှဲဖူးဘူး''
"ဟင် တကယ်ကြီးလား ဒီလို ပွဲတော်ရက်ဆိုတာ လူတိုင်း ပါဝင်ခွင့်ရတယ်လေ နင်ကဘာလို့ မပါဝင်ဘူးတာလဲ''
ဘီဘီက မိုရာ့ကို ပြောနေတဲ့စကားကို မိုရာ့အတွက် အသီးပန်းကန်ယူလာပေးတဲ့ ကီကီက ကြားပြီးမေးနေတာဖြစ်သည်။.တကယ်တော့ မိုရာ.ကိုယ်တိုင်လဲ မဆင်နွှဲဘူးပေ။ အဲ့လိုရက်ဆိုရင် မီးဖိုချောင်ထဲ မှာပဲနေရဆာများသည်။.ပြီးတော့သခင်ကြီးနဲ့ အီရန်ကလဲ မိုရာ့ကို ပွဲမှာ ပါဝင်ခွင့်မပေးပေ။ မိုရာတောင် ပါဝင်ခွင့်မရှိတာ မိုရာ့ရဲ့အနားမှာ နေရတဲ့သူဆို ပိုတောင်ဆိုးဦးမည် ။ အဲ့တာကြောင့် ဘီဘီ ခုလိုထုတ်ပြောလာဆော် မိုရာ.စိတ်မကောင်း ဖြစ်မိသည်။
"အင်း ငါတင်မဟုဘူး သခင်မကိုယ်တိုင်လဲ ဒီလိုပွဲ မျိုး မဆင်နွှဲဖူးဘူး''
"ဟင် သခင်မက. မျိူးနွယ်ရဲ့အကြီးဆုံး သားမဟုဘူးလား ဘာလို့ ဆင်နွှဲခွင့်မရတာလဲ''
"သခင်မ..က အကြီးဆုံးသားဆိူပေမဲ့ သခင်ကြီး က ဆင်နွှဲခွင့်မပေးထားဘူး အဲ့အချိန်ဆို မီးဖိုထဲမှာပဲစားစရာတွေစီစဥ်ရင်းကုန်ဆူံးရတာ''
"ဟုတ်တယ်..ဒါပေမဲ့ ခုအာ့လိုမဟုတော့ဘူးလေ ကဲ ခုပွဲတော်ရက်ရောက်တော့မှာဆိုတော့ပွဲတော်ရက်ကျရင်ဝတ်ဖို့ အဝတ်အစားတွေဝယ်တော့ အဲ့အတွက်ငါ ငွေစထူတ်ပေးမယ်''
မိုရာသူတို့ပြောနေတဲ့ကြားကိုဝင်ပြီးပြောလိုက်သည်။ အရင်က ခံစားရတဲ့အကြောင်းတွေကို ထပ်ပြောပြီးစိတ်ညစ်စရာတွေမတွေးချင်တော့ဘူး။.တွေးမိရင်လဲ ဝမ်းနည်းစရာ ကလွဲရင် ဘာမှ အမှတ်ရစရာမှ မရှိတာ အဲ့တာကြောင့် တွေးမနေချင်တော့တဲ့အတွက်စကားလမ်းကြောင်းလွှဲတဲ့အနေနဲ့ သူတို့ကို ပွဲတော်မှာ ဝတ်ဖို့ အကျီဝယ်ပေးမယ်ဆိုတော့ အံသြပြီး ပျော်သွားတဲ့ရုပ်လေးတွေက မိုရာ့အတွက်တော့ ကြည်နူးစရာပါ။.သူတို့တွေကြောင့်မိုရာ လုပ်ချင်တဲ့ကိစ္စမှန်သမျှကိုလုပ်ခွင့်ရခဲ့တာဖြစ်သည်။ခုလို သူတို့လိုအပ်တာ မှန်သမျှက်ိုးဖြည့်ဆည်းပေးနိုင်တဲ့အတွက်လဲပျော်ရွှင်မိသည်။
ဘာလိုလိုနဲ့ပွဲတော်ရက်ကို ရောက်ပြီဖြစ်သည်။မျိုးနွယ်က တပ်သားတွေကလဲ တစ်ချို့က ပြန်ကြတာဆိူတော့ လူသိပ်မရှိပေ။.မျိုးနွယ်စုက လူတွေကလဲ သူ့မိသားစုနဲ့သူ အတူတူကျင်းပကြသည်။ခါရူးနဲ့အကြီးအကဲတွေကတော့ရင်ပြင်မှာပဲ စားပွဲသောက်ပွဲကျင်းပကြသည်။ ပွဲတော်ဆိုတာကလဲ မျိုးနွယ်စုတစ်ခုလုံး မီးပုံးတွေထွန်းပြီး နတ်ဘုရားကိုဆုတောင်းတဲ့ဓလေ့တစ်ခုဆိုတော့ မီးပုံးလေးတွေရဲ့အလင်းနဲ့ လှပနေသည်။အကုန်လုံးစားသောက်နေတဲ့အချိန်မှာ တပ်သားတစ်ယောက်က ရေးကြီးသုတ်ပြာနဲ့ ရောက်လာတာမို့ အကုန်လုံးရဲ့အကြည့်တွေက အဲ့တပ်သားဆီရောက်သွားကြသည်။တပ်သားက ခါရူးရှေ့ရောက်တော့အရိုအသေပေးပြီး ပြောလိုက်တဲ့စကားမှာ အကုန် လုံး ထိတ်ထိတ်ပြာပြာ ဖြစ်ကုန်ကြသည်။သူပြောလိုက်တဲ်စကားက
"သခင်...မျိူးနွယ်ထဲကို ပုန်ကန်သူတွေရောက်နေပါတယ်''
"ဘာ....''
"ဘယ်လို.....''
"ဟင်..'' ခါရူးရောအကြီးအကဲတွေကပါ အကုန်မတ်တပ်ထရပ်လိုက်သည်။.မိုရာရဲ့ကိုယ်ဝန်က ၄လပြည့်တော့မှာဆိုတော့ ပူလုံးလုံးလေးထွက်နေပြီမို့ ရုတ်တရက်ဆိုမတ်တပ်မရပ်နိုင်ပေ။အဲ့တာကြောင့်ထိုင်နေရင်းနဲ့ပဲ တပ်သားပြောတဲ့စကားကိုနားထောင်မေရသည်။.ပွဲထဲမှာရှိတဲ့တစ်ချို့ မျိုးနွယ်စုက လူတွေကလဲ အထိတ်တလန့်တွေ ဖြစ်ကုန်ကြသည်။ တပ်သားတွေ အင်အားနည်းနေတဲ့အချိန်ကျမှ ဖြစ်တာဆိုတော့ အကုန်လုံး ထိတ်လန့်နေကြတာ.ဖြစ်သင့်သည်။
ထိုအချိန် ရင်ပြင်ထဲကို ပုန်ကန်တဲ့သူတွေကိုဦးဆောင်ပြီး ဝင်လာတဲ့သူကိုမြင်လိုက်ရတဲ့တခန ခါရူးရော အကြီးအကဲတွေပါ.မျက်လုံးပြူးကုန်ကြသလို မိုရာ.ကိုယ်တိုင် လဲ အံ့သြနေရတော့သည်။
.......................................................
Yoon